နှုတ်ဆက်ခြင်း
Vol. 18 Ch. 200
"ဘာလို့ အဲ့ဒီလို ပြောရတာလဲ"
နောက်ပြောင်နေပုံမရသော လုချန်းကျီကို ကြည့်ပြီး ထန်ထျန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ဒါပေမဲ့ လုချန်းကျီက ထိုမေးခွန်းကို ပြန်မဖြေဘဲ သက်ပြင်းခပ်ဖွဖွချရင်း ပြောသည်။ "ထန်ထျန်း..."
"မင်း ကံ ဆိုတာကို ယုံလား"
ထန်ထျန်းက လက်ဖက်ရည်ကို တစ်ငုံ ဖြည်းဖြည်းချင်း သောက်လိုက်သည်။
ကံကြမ္မာ ဆိုသည့်အရာမှာ တကယ်တော့ ပြောရခက်လှသည်။
သေမျိုး လောကထဲက သာမန်သေမျိုး တချို့ကတော့ ဒါကို အဓိပ္ပာယ်မရှိသော စကားဟု ထင်ကြပါလိမ့်မည်။
ဒါပေမဲ့ ကျင့်ကြံခြင်းလောကမှာတော့ ဤသို့သော အယူအဆမျိုး အမှန်တကယ် ရှိနေသည်။
သို့သော် ကံ ဟု မခေါ်ဘဲ အကြောင်းအကျိုး ဟု ခေါ်သည်။
၎င်းမှာ ကောင်းကင်ဘုံ၏ နိယာမတစ်ခု ဖြစ်သည်။
အကြောင်းရှိလျှင် အကျိုး ရှိစမြဲပင်။
သို့သော် အကြောင်းအကျိုးဆိုသည်မှာ ကံ နှင့် ကွာခြားချက်တချို့ ရှိနေသေးသည်။
ကံ ဆိုသည်မှာ မကောင်းမှုတချို့ကြောင့် ပြန်လည်တုံ့ပြန်မှု ခံရသည့် အခြေအနေကိုသာ သီးသန့်ရည်ညွှန်းခြင်း ဖြစ်သည်။
အကြောင်းအကျိုးကမူ အကောင်းအဆိုး ခွဲခြားထားခြင်း မရှိပေ။
"ရာစုနှစ်ပေါင်းများစွာအတွင်းမှာ ထျန်းဖူနန်းတော်က အဆမတန် နယ်မြေချဲ့ထွင်ခဲ့တယ်၊ ကျူးလွန်ခဲ့တဲ့ အပြစ်တွေက တကယ်ကို များလွန်းလို့ ရေးလို့တောင် ကုန်မှာမဟုတ်ဘူး။"
လုချန်းကျီက ဆက်ပြောသည်။ "လူဘယ်လောက်များများက အမှောင်ထဲမှာ ထျန်းဖူနန်းတော်ကြီး ပြိုလဲသွားဖို့၊ ငရဲထဲ ကျသွားဖို့ ကျိန်ဆဲနေကြတယ်ဆိုတာ မင်း လုံးဝ စိတ်ကူးမိမှာ မဟုတ်ဘူး။"
"ဒါပေမဲ့ ထျန်းဖူ နန်းတော်ကတော့ ဘာမှမသိသလို၊ ဘာမှမခံစားရသလို ပုံစံမျိုးနဲ့ ရှိနေတုန်းပဲ။"
"ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ပြန် ခံရမှာကတော့ လုံးဝ ရှောင်လွှဲလို့မရတဲ့ ကိစ္စပဲ။"
လုချန်းကျီ၏ ဤပြောစကား အပေါ်တွင် ထန်ထျန်းက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။
"လျင်မြန်စွာ နယ်မြေချဲ့ထွင်နေတဲ့အချိန်မှာ ဘယ်သူမှ အပြစ်မကျူးလွန်ဘဲ မနေနိုင်ပါဘူး။"
"ရှေ့မှာ တစ်စုံတစ်ယောက်က လာပိတ်နေမယ်၊ မင်းရဲ့ ရှေ့ဆက်မယ့်လမ်းမှာ အတားအဆီး ဖြစ်နေမယ်ဆိုရင် အဲ့ဒီအတားအဆီးရှိနေလို့ဆိုပြီး မင်းက ရှေ့မဆက်ဘဲ ရပ်တန့်နေမှာလား"
"ခြုံငုံကြည့်ရင် ပြဿနာမရှိရင် ရပါပြီ။"
ထန်ထျန်းက ပြောလိုက်သည်။
လုချန်းကျီ ပြောနေသော စကားများမှာ အနည်းငယ် ကလေးဆန်နေသည်ဟု သူ ခံစားရသည်။
ထျန်းဖူနန်းတော်ကို ထားပါဦး၊ သူကိုယ်တိုင်တောင်မှ ချင်းယွဲ့ဂိုဏ်း၏ ဒုတိယအာဏာအရှိဆုံးနေရာကို ရရှိရန် သွေးချောင်းစီးအောင် လုပ်ခဲ့ပြီး လူသန်းပေါင်းများစွာကို သေစေခဲ့သည် မဟုတ်လား။
ယခုကဲ့သို့ အချိန်မျိုးတွင် ဤစကားများ ပြောနေခြင်းမှာ အကျင့်ပျက်နေပြီးမှ ကိုယ့်ကိုယ်ကိုယ် သိက္ခာရှိသလို ဟန်ဆောင်နေသလို ဖြစ်နေပေလိမ့်မည်။
လုချန်းကျီက ထန်ထျန်း၏ သဘောထားကို ရိပ်မိသွားပြီး သူ့ကို လှည့်ကြည့်ကာ မေးလိုက်သည်။ "ဒါဆို မင်းက ထျန်းဖူနန်းတော်ရဲ့ နယ်မြေချဲ့ထွင်မှုကို ခြုံငုံကြည့်ရင် ကောင်းတယ်လို့ ထင်တာလား"
လုချန်းကျီ ဤစကားများ ပြောရသည့် အကြောင်းရင်းကို ထန်ထျန်း အကြမ်းဖျင်း ခန့်မှန်းမိသည်။
တစ်ဖက်က ကြည့်လျှင် ဝါးတောတာအိုဆရာ သေဆုံးခဲ့ရသည့် နောက်ဆုံးအကြောင်းရင်းမှာ ထျန်းဖူနန်းတော်၏ နယ်မြေချဲ့ထွင်မှုမှ မြစ်ဖျားခံခဲ့ခြင်း ဖြစ်သည်။
သူက ဤအချက်ကြောင့်ပင် ဤကဲ့သို့သော အတွေးမျိုး ဝင်နေခြင်း ဖြစ်ပေလိမ့်မည်။
၎င်းကို အမှားအမှန်ဟု မသတ်မှတ်နိုင်ပေမဲ့ အမြင်ကျဉ်းလွန်းသည်ဟုသာ ဆိုရမည်။
"ငါ အချက်အလက်တချို့ကို မြင်ဖူးတယ်။"
ထန်ထျန်းက ပြောသည်။ "ချင်းယွဲ့ဂိုဏ်းက ဒီဒေသကို မအုပ်ချုပ်ခင်တုန်းက ဒီနေရာဟာ မိသားစုကြီးတွေနဲ့ အင်အားကြီးအဖွဲ့အစည်းတွေရဲ့ လက်ထဲမှာပဲ အမြဲ ရှိနေခဲ့တာ။"
"မတူညီတဲ့ အင်အားစုတွေကြား တိုက်ခိုက်မှုတွေကြောင့် နှစ်စဉ် ကျင့်ကြံသူပေါင်း ဆယ်သန်းကျော် သေဆုံးခဲ့ရတယ်။"
"တင်းကျပ်လွန်းတဲ့ ကျင့်ကြံခြင်း ပတ်ဝန်းကျင်ကြောင့်လည်း သာမန်ကျင့်ကြံသူတွေက ထင်ပေါ်လာဖို့ အခွင့်အရေး လုံးဝမရှိခဲ့ဘူး၊ ကောင်းမွန်တဲ့ အရည်အချင်းရှိနေရင်တောင် အဲ့ဒါကို ဖော်ထုတ်နိုင်ဖို့ ခက်ခဲခဲ့တယ်။"
"ဒါပေမဲ့ အခုကရော"
"ချင်းယွဲ့ဂိုဏ်းရဲ့ စုစည်းအုပ်ချုပ်မှုအောက်မှာ ကျင့်ကြံခြင်း ပတ်ဝန်းကျင်က အရင်နဲ့ယှဉ်ရင် ကောင်းကင်နဲ့ မြေကြီးလို ကွာခြားသွားပြီ။"
"အောက်ခြေနဲ့ အလယ်အလတ်အဆင့် ကျင့်ကြံသူ အရေအတွက်က အရင်ကထက် အဆပေါင်း ဆယ်ဂဏန်းလောက် တိုးလာတယ်။"
"နှစ်တိုင်း အသစ်တိုးလာတဲ့ လူငယ်ကျင့်ကြံသူတွေဆိုရင် အရင်ကထက် အဆပေါင်း ရာနဲ့ချီပြီး များပြားလာတယ်"
"အခြေခံအုတ်မြစ်က ခိုင်မာသွားတဲ့အခါ အထက်ပိုင်းကဏ္ဍတွေကလည်း ဖွံ့ဖြိုးလာတယ်၊ အရည်အချင်းရှိသူတွေက လုံလောက်တဲ့ ပျိုးထောင်မှုတွေ ရလာတယ်၊ ရှင်သန်ဖို့ နေရာတွေ ရလာတယ်၊ သန်မာတဲ့သူတွေလည်း ပိုပိုပြီး များလာတယ်။"
"တစ်ခုလုံးကို ကြည့်ရင် ကျင့်ကြံခြင်းလောက က စည်ပင်ဝပြောနေတဲ့ ပုံစံမျိုးပဲ။"
ထန်ထျန်းက လုချန်းကျီကို ကြည့်ပြီး ဆက်ပြောသည်။ "ငါ အပြင်ကို ထွက်ကြည့်တုန်းက ထျန်းဖူနန်းတော်ရဲ့ လက်အောက်ကို မရောက်သေးတဲ့ နေရာတွေကိုလည်း တွေ့ခဲ့ဖူးတယ်။"
"ပျက်စီးနေတယ်၊ ရက်စက်တယ်၊ မှောင်မိုက်တယ်၊ မရှုမလှဖြစ်နေတယ်... ဒါတွေက အဲ့ဒီနေရာတွေအပေါ် ငါပေးတဲ့ ဖော်ပြချက်တွေပဲ။"
"တချို့သော လူနည်းစု အမြင်မှာတော့ အဲ့ဒီလို ပတ်ဝန်းကျင်မျိုးက ပိုကောင်းတယ်၊ သွေးစွန်းနေတဲ့ တောရိုင်းဥပဒေသ ကမှ အသန်မာဆုံးလူကို စစ်ထုတ်ပေးနိုင်မယ်လို့ မြင်ကြလိမ့်မယ်။"
"ဒါပေမဲ့ လူအများစုကတော့ တည်ငြိမ်ပြီး သာယာ တဲ့ ပတ်ဝန်းကျင်မှာပဲ နေချင်ကြတာ။"
"ငါလည်း အတူတူပဲ။"
ထန်ထျန်း၏ အဖြေကြောင့် လုချန်းကျီ တိတ်ဆိတ်သွားသည်။
သူက ဤမျှအထိ သေသေချာချာ အရှည်ကြီး ပြန်ဖြေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပုံပင်။
ခဏအကြာတွင် လုချန်းကျီက ပြုံးပြီး ပြောသည်။ "မင်းပြောတာလည်း အကြောင်းပြချက် ရှိပါတယ်။"
"ဒီနှစ်တွေအတွင်း အပြင်လောကမှာ ပြောင်းလဲသွားတာတွေကို ငါလည်း မြင်နေရတာပဲ။"
"လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာကျော်ကထက်စာရင် တကယ်ကို အများကြီး ပိုကောင်းလာခဲ့တာပဲ။"
"ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်၊ ထျန်းဖူနန်းတော်အပေါ် အာဃာတရှိတဲ့သူတွေက ရှိနေတုန်းပဲ၊ အဲ့ဒီအရေအတွက်ကလည်း မနည်းဘူးဆိုတာ သေချာတယ်။"
"လက်တုံ့ပြန်မှု ဆိုတာကတော့ သေချာပေါက် ဖြစ်လာမှာပဲ။"
ထန်ထျန်းက ဤအချက်ကိုတော့ မငြင်းပေ။
ထျန်းဖူနန်းတော်၏ လုပ်ရပ်များမှာ တချို့လူများ၏ အကျိုးစီးပွားကို ထိခိုက်စေမည်မှာ ရှောင်လွှဲလို့မရသည့် ကိစ္စပင်။
သို့သော် ဖွံ့ဖြိုးတိုးတက်လိုလျှင်တော့ ဤအရာများကို မည်သို့ ကြောက်ရွံ့နေမည်နည်း။
"ငါ ယုံကြည်တယ်၊ ထျန်းဖူနန်းတော်က ကောင်းကင်မှာ ထင်ပေါ်လာပြီး ကမ္ဘာ့အထွတ်အထိပ်မှာ ရပ်တည်နိုင်တယ်ဆိုရင် အရာအားလုံးကို ဖိနှိပ် နိုင်တဲ့ စွမ်းအား သေချာပေါက် ရှိလိမ့်မယ်။"
"ပြီးတော့ ဒီလိုကိစ္စမျိုးက ငါ့လို ဂိုဏ်းထဲတောင် မဝင်ရသေးတဲ့ တပည့်တစ်ယောက်က လျှောက်ပြီး ခန့်မှန်းနေရမယ့် ကိစ္စမဟုတ်ဘူး။"
ထန်ထျန်းက ပြောလိုက်သည်။
လုချန်းကျီက ပြုံးလိုက်သည်။ "ဒါဆို မင်းက ထျန်းဖူနန်းတော်ကို သွားဖို့ ဆုံးဖြတ်ထားတုန်းပဲပေါ့"
ထန်ထျန်းက ပုခုံးတွန့်ပြသည်။ "ငါက မူလကတည်းက ထျန်းဖူနန်းတော်ရဲ့ လက်အောက်ခံ တပည့်ပဲလေ၊ မသွားဖို့ ဘာအကြောင်းပြချက် ရှိမှာလဲ"
"ပြီးတော့ ထျန်းဖူနန်းတော်က အနာဂတ်မှာ ဘေးဒုက္ခနဲ့ ကြုံရမယ်ဆိုရင်တောင် ငါကတော့ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးလို့ ထင်တယ်။"
"ကြိုပြီးတော့ ထွက်ပြေးဖို့ဆိုတာကတော့ ဝေးသေးတာပေါ့။"
သူ ဝိညာဉ်ကူးပြောင်း လာကတည်းက ချင်းယွဲ့ဂိုဏ်းတွင် နေထိုင်လာခဲ့သည်မှာ တစ်နှစ်ကျော် ရှိခဲ့ပြီ ဖြစ်သည်။
သူ၏ ကျင့်ကြံမှုနှင့် တိုးတက်မှုများမှာ သူ၏ စနစ်နှစ်ခုကြောင့် ဆိုသော်လည်း ဂိုဏ်းမှ တိုက်ရိုက်ကူညီခြင်းမျိုး သိပ်မရှိဘူးဆိုလျှင်ပင်၊ ချင်းယွဲ့ဂိုဏ်းက ဖန်တီးပေးထားသည့် ဤကဲ့သို့သော ပတ်ဝန်းကျင်နှင့် ပံ့ပိုးမှုများသာ မရှိပါက သူ၏ တိုးတက်မှုမှာ ဤမျှ မြန်ဆန်ပြီး ချောမွေ့လိမ့်မည် မဟုတ်ပေ။
အစောပိုင်းမှာပင် မှားယွင်းသည့် ဆုံးဖြတ်ချက်တစ်ခုခုကြောင့် အသက်ဆုံးရှုံးသွားနိုင်ပါသည်။
တစ်နှစ်ကျော် ကာလအတွင်း သူက သူ့ကိုယ်သူ ချင်းယွဲ့ဂိုဏ်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် တဖြည်းဖြည်း ခံယူလာခဲ့ပြီ ဖြစ်သည်။
ချင်းယွဲ့ဂိုဏ်း၏ အစိတ်အပိုင်းဆိုသည်မှာ ထျန်းဖူနန်းတော်၏ အစိတ်အပိုင်းဖြစ်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
ဤအဖြေက လုချန်းကျီကို နောက်တစ်ကြိမ် တိတ်ဆိတ်သွားစေသည်။
အတော်ကြာမှ သူက ဖြည်းဖြည်းချင်း ပြောသည်။ "ငါ့ကို ဒီလိုမျိုး စကားပြောခဲ့တဲ့သူ မရှိတာ အတော်ကြာလှပြီ။"
"ဒါကိုပဲ သစ်ရွက်တစ်ရွက်က မျက်စိကို ကွယ် ထားတယ်လို့ ခေါ်တာနေမှာပေါ့။"
"မင်းရဲ့ စကားတွေကို ငါ စိတ်ထဲမှာ မှတ်ထားပါ့မယ်။"
"ဒါပေမဲ့ ငါ မင်းကို တစ်ခုတော့ ထပ်ပြီး သတိပေးချင်သေးတယ်။ အကယ်၍ တခြား ရွေးချယ်စရာ ရှိမယ်ဆိုရင် ထျန်းဖူနန်းတော်ကို မသွားတာ အကောင်းဆုံးပဲ။"
"အဲ့ဒီက လှိုင်း တွေက ချင်းယွဲ့ဂိုဏ်းထက်စာရင် အဆပေါင်း များစွာ ပိုပြီး ကြောက်စရာကောင်းတယ်။"
ထန်ထျန်း ဘာမှပြန်မပြောပေ။
သူ၏ ဆုံးဖြတ်ချက်မှာ လုချန်းကျီ၏ စကားအနည်းငယ်နှင့် ပြောင်းလဲသွားမည် မဟုတ်။
တကယ့် ကမ္ဘာ့အထွတ်အထိပ်တွင် ရပ်တည်လိုလျှင် ထျန်းဖူနန်းတော်ဆိုသည့် ဤတောင်မြင့်ကြီးကို သေချာပေါက် တက်ရမည်သာ ဖြစ်သည်။
သူတို့နှစ်ယောက် ခဏမျှ တိတ်ဆိတ်သွားကြရာ လေအေးလေး တိုက်ခတ်လာသည့်အခါ ရှေးဟောင်း သစ် ပင်ကြီး၏ သစ်ရွက်လှုပ်ခတ်သံများကိုသာ ကြားနေရတော့သည်။
ရုတ်တရက်ဆိုသလို နျန့်ချွမ် ရှေးဟောင်းရေတွင်းထဲမှ အားနည်းသော လှိုင်းတစ်ခု ထွက်ပေါ်လာသည်။
ချီယွမ် နိုးလာခဲ့ပြီ ဖြစ်သည်။
ထန်ထျန်း မြင်တွေ့နိုင်သည်မှာ ယခုအချိန်တွင် ချီယွမ်မှာ အားနည်းနေသည်မှလွဲ၍ အရင်က အတွင်းနတ်ဆိုးများ အားလုံး လုံးဝ ပျောက်ကွယ်သွားပြီး အသိစိတ် ပြန်လည် နိုးထလာခဲ့ခြင်းပင် ဖြစ်သည်။
"ကောင်းပြီ၊ ငါ့ရဲ့ တာဝန် ပြီးသွားပြီ။"
လုချန်းကျီက မတ်တတ်ရပ်လိုက်ပြီး အပျင်းကြော တစ်ချက် ဆန့်လိုက်သည်။
ထို့နောက် သူက ခရမ်းရောင်ဝါးခြံဝင်း၏ ပတ်ဝန်းကျင်ကို နှမြောတသဟန်ဖြင့် ကြည့်ပြီး နောက်ဆုံးတွင် သစ်ပင်ကြီးအောက်မှ နေရာလေးတွင် အကြည့် ရပ်တန့်သွားသည်။
"ဒီနေရာက ပိုပြီး နေလို့ကောင်းပါသေးတယ်။"
လုချန်းကျီက ပြုံးပြီး ပြောသည်။ "အကယ်၍ နောက်ပိုင်းမှာ ငါ သေတော့မယ်ဆိုရင် ဒီအပင်အောက်မှာပဲ ငါ့ဘဝရဲ့ နောက်ဆုံးအချိန်တွေကို ကုန်ဆုံးချင်မိတယ်။"
ထန်ထျန်း တိတ်ဆိတ်နေမိသည်။ သူ ဤနေရာကို အမှန်တကယ် သဘောကျနေသည်မှာ သိသာ လှသည်။
"ကိစ္စတွေအားလုံးလည်း ပြီးသွားပြီဆိုတော့ အတိတ်ကို လုံးဝ နှုတ်ဆက်ရမယ့် အချိန်ရောက်ပြီ။"
လုချန်းကျီက ထန်ထျန်းကို နှုတ်ဆက်လိုက်သည်။ "နှုတ်ဆက်ပါတယ် ထန်ထျန်း၊ ချင်းယွဲ့ဂိုဏ်းမှာ မင်းလိုလူမျိုးနဲ့ သိကျွမ်းခဲ့ရတာ ငါ တကယ် ဝမ်းသာတယ်။"
"ဒါပေမဲ့ ငါတို့ နှစ်ယောက် နောက်နောင် ဘယ်တော့မှ ပြန်မဆုံကြဖို့ပဲ ငါ မျှော်လင့်တယ်။"
ထန်ထျန်းကလည်း ပြန် နှုတ်ဆက်လိုက်သည်။ "နှုတ်ဆက်ပါတယ်"
လုချန်းကျီက ပြုံးပြီး လှည့်ထွက်သွားသည်။
သူ၏ ကျောပြင်ကို ကြည့်ရင်း ထန်ထျန်း ခံစားနေရသည်မှာ သူ ခြေလှမ်းတိုင်းတွင် သူ၏ကိုယ်ပေါ်မှ အော်ရာ များက သိသိသာသာ ပြောင်းလဲနေခြင်းပင် ဖြစ်သည်။
ပို၍ နက်နဲ လာသလိုပင်။
နောက်ဆုံးတွင်မူ လုံးဝ မြင်တွေ့ရန် မဖြစ်နိုင်တော့သည့်အထိ ဖြစ်သွားသည်။
သတိပြန်ဝင်လာသည့်အချိန်တွင် လုချန်းကျီ၏ ပုံရိပ်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
"စိတ်ဝင်စားဖို့လည်း ကောင်းသလို၊ အန္တရာယ်လည်း များတဲ့ လူပဲ။"
ထန်ထျန်းက ခေါင်းခါရင်း နျန့်ချွမ် ရှေးဟောင်းရေတွင်းဆီသို့ လျှောက်သွားလိုက်တော့သည်။