← Chapters

အခန်း (၅၀၁-၅၀၅)

Vol. 37 Ch. 501-505

အခန်း (၅၀၁-၅၀၅)

Vol. 37 Ch. 501-505

အပိုင်း(၅၀၁): စတုတ္ထမြောက် တားမြစ်အင်အားစု

ဝုန်း !!

ကျရောက်လာသော ဓားချက်နှင့်အတူ၊

ဓားစွမ်းအင်၏ဟောက်သံကို အဆုံးမရှိ ကြားနေရကာ ၊ အဆုံးတွင် ကောင်းကင်နှင့် ချိတ်ဆက်ထားပုံရသော ဓားကန့်လန့်ကာတစ်ခု ဖြစ်ပေါ်လာသည်။

၎င်းတွင်၊ အရာအားလုံးကို နစ်မြုပ်သွားစေနိုင်သည့် ဓားအမြောက်အမြား ပါဝင်နေသည်။

ယုတ္တိကျကျဆိုရလျှင်ဖြင့် ၊ ဤမျှကြမ်းတမ်းသောဓားစွမ်းအင်သည် မရေမတွက်နိုင်သော အမတတပ်ဖွဲ့ဝင်များကို ထိခိုက်သွားစေနိုင်သည်။

သို့သော်လည်း ၊ ကျင်းရှန်ဓားအမတရှင်၏ ထိန်းချုပ်မှုအောက်တွင် ဤဓားစွမ်းအင်လှိုင်းတံပိုးများသည် အသက်ရှိနေသကဲ့သို့ ပြုမှုလှုပ်ရှားနေသည်။

တားမြစ်ကုန်းပြင်မြင့်၏ အမတတပ်ဖွဲ့ဝင်များကို ချေမှုန်းတာကလွဲလို့ ၊ ၎င်းတို့သည် တားမြစ်အင်အားစုသုံးဖွဲ့၏ တပ်ဖွဲ့ဝင်များအပေါ် သက်ရောက်မှုတစ်စုံတစ်ရာမှ မဖြစ်စေခဲ့ချေ။

အမတလမ်းစဉ် ဟူသည် လူသားလမ်းစဉ်ကဲ့သို့ နိမ့်ကျသော အတတ်ပညာများနှင့် လုံးဝမတူဘဲ ထူးကဲမြင့်မြတ်သော စွမ်းအားများဖြင့် အရာရာကို ခြယ်လှယ်နိုင်သည့် အထွတ်အထိပ်နယ်ပယ်တစ်ခု ဖြစ်သည်။

အမတ ဧကရာဇ်မင်းကဲ့သို့သော တုနှိုင်းမဲ့စွမ်းအားရှင်များသာဆိုရင်ဖြင့် စကားနှင့်ပင် ဖော်ပြ၍မဖြစ်နိုင်ချေ။

ဝုန်း !!

“ စူးချင် ၊ မင်းသေချင်နေတာလား!”

ဓားသည် ထူဟုန်အမတဧကရာဇ်မင်းရှိရာ မြေပြင်ပေါ်သို့ ထိုးကျသွားသည်နှင့် ၊ မြေကြီးများသည် အက်ကွဲပြိုကျသွားလေ၏။

ဤအခိုက်အတန့်တွင် ၊ ထူဟုန် အမတဧကရာဇ်မင်း၏ ဒေါသများသည် ပို၍ပြင်းထန်လာခဲ့ပြီး ၊သူ၏ကိုယ်အတွင်းမှ အမတစွမ်းအားများကို ပေါက်ကွဲကာ အနက်ရောင် ကိုးထပ်စေတီမျှော်စင်တစ်ခုကို ထုတ်ယူအသုံးချလာခဲ့သည်။

လောကကြီးတစ်ခုလုံး အရောင်အဆင်း ပြောင်းလဲလာခဲ့ပြီး ၊ ထိုအခိုက်အတန့်တွင် ပရမ်းပတာ ကြယ်စုနယ်မြေတစ်ခုလုံးသည် အချိန်မရွေး ပြိုကွဲသွားနိုင်သကဲ့သို့ ပြင်းထန်စွာ တုန်ခါနေသည်။

“ ယန်ရှန်း စေတီမျှော်စင်?”

ကျင်းရှန်ဓားအမတရှင်သည် မျက်ခုံးပင့်လိုက်ပြီး ဘာသိဘာသာ ဆိုလိုက်သည်။

လူသားလမ်းစဉ်ရှိ မဟာဧကရာဇ်မင်းများကဲ့သို့ပင် ၊ အမတဧကရာဇ်မင်းတစ်ပါး ဖြစ်လာပြီးနောက်တွင် အမတလမ်းစဉ် ဧကရာဇ်လက်နက်ကို ရရှိမည်ဖြစ်သည်။

ယန်ရှန်း စေတီမျှော်စင်သည် ထူဟုန် အမတဧကရာဇ်မင်းမှ ဧကရာဇ်အဖြစ် အဆင့်တတ်ခဲ့စဉ်က ဖန်တီးထားခဲ့သော အမတလမ်းစဉ် ဧကရာဇ်လက်နက်ဖြစ်သည်။

သို့သော်၊ ထိတ်လန့်စရာကောင်းသည်မှာ ကျင်းရှန်ဓားအမတရှင်၏ အမူအရာသည် များစွာ ပြောင်းလဲမသွားခဲ့သလို ၊ ဓားအရေအတွက် တိုးသွားခြင်းလည်း မရှိခဲ့ချေ။

သူ၏ မျက်ဝန်းအစုံတွင် ကြောက်ခမန်းလိလိ ဓားဆန္ဒများက တဟုန်းဟုန်း တောက်လောက်နေပြီး ၊ အမတဓား၏ အနန္တစွမ်းအားတို့သည် ကောင်းကင်ယံတွင် လှိုင်းထန်လျက် ၊ မရေမတွက်နိုင်သော အာကာသလောကများကို ပြိုကွဲပျက်စီးစေခဲ့ကာ ကောင်းကင်နှင့်မြေကြီးတို့သည် တုန်ခါနေလေ၏။

ထိုစဉ် ၊ ကျင်းရှန်ဓားအမတရှင်သည် သူ့လက်ကို မြှောက်ကာ ထပ်မံ ခုတ်ပိုင်းလိုက်သည်။

“ ကောင်းကင်ပြောင်းလဲခြင်း!”

ရွှမ်း!!

ချက်ခြင်းပင်၊ ပြိုးပြိုးပျက်ပျက် တောက်ပနေသော မှော်သင်္ကေတများကြား ဓားအလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ရာ ၊ ယင်း၏ ပြင်းထန်သောစွမ်းအားသည် ကောင်းကင်ကို ခံနိုင်ရည်ရှိရန် ခက်ခဲစေသည်။

ဓားအလင်း ဖြတ်သန်းသွားသည့် လမ်းတစ်လျှောက် အာကာသဟင်းလင်းပြင်များ အလွှာလိုက် ပြိုကျပျက်စီးခဲ့ရပြီး ၊ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော မရေမတွက်နိုင်သော ဓားအလင်းတန်းများကို ထုတ်လွှတ်လေသည်။

“မင်း ငါ့ကို နှိမ်​နင်းနိုင်​မယ်​လို့ ​ထင်နေလား!?”

တလိပ်လိပ် ရိုက်ခတ်နေသော ဓားစွမ်းအင်တန်းကြီးကို ကြည့်ရင်း၊ ထူဟုန် အမတဧကရာဇ်မင်း၏ မျက်လုံးများသည် နတ်အလင်းများဖြင့် ဝင်းလက်သွားပြီး သူ၏ ယန်ရှန်းစေတီမျှော်စင်ကို အသက်သွင်းလိုက်သည်။

ဝီ——!!

အနက်ရောင်အလင်းတန်းများ တဖျပ်ဖျပ်ဖြင့် ရိုက်ခတ်လာခဲ့ပြီး ၊ သိပ်သည်းသော မှော်နက်သင်္ကေတများသည် မိုးခြိမ်းသံအလား ဟောက်သံပြုကာ ထွက်ပေါ်လာသည်။

တခဏအတွင်းမှာပင် ။

လျှို့ဝှက်ဆန်းကြယ်ပြီး မည်းနက်နေသော မှော်စွမ်းအင်ပါအက္ခရာစာလုံးများသည် ဖျက်ဆီးခြင်းလှိုင်းတံပိုးများအဖြစ် စုဝေးသွားပြီး စကြာဝဠာကြီး တစ်ခုလုံးကို လှုပ်ခတ်စေခဲ့ကာ အာကာသဟင်းလင်းပြင်၏ အလွှာများကို ကွဲအက်ပျက်စီးသွားစေသည်။

ဝုန်း ——!!

ကြီးမားသောဟောက်သံသည် အရပ်ရပ်သို့ ပဲ့တင်ထပ်လျက် ၊ ကြမ်းတမ်းစွာရိုက်ခတ်နေသော ဓားစွမ်းအင်များနှင့်အတူ ၊ အာကာသတစ်ခုလုံးသည် အမတလမ်းစဉ်ဆိုင်ရာ စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

ဤစစ်ပွဲ၏ သက်ရောက်မှုသည် အလွန်ကြောက်စရာကောင်းပြီး ၊ ရိုက်ခတ်လာသော စွမ်းအင်အတတ်အကျသည် မိုင်ပေါင်း ဘီလီယံနှင့်ချီ ကွာဝေးသော ကြယ်စင်စကြာဝဠာကိုပင် ထိမှန်စေခဲ့သည်။

မရေမတွက်နိုင်သော စွမ်းအားရှင်များသည် ဤမြင်ကွင်းကြောင့် တစ်ခေါင်းလုံးပူထူသွားပြီး ၊ ၎င်းတို့၏ အမူအရာများမှာ ထိတ်လန့်တုန်လှုပ်နေကြသည်။

“ လူမဆန်တဲ့ ဒီအင်အားစုသုံးဖွဲ့ကကောင်တွေ! အမတနယ်မြေကို ထပ်ပြီး ဖျက်ဆီးဖို့ကြံစည်နေကြတာလား “

“အိုင်းယား... ဒီစစ်ပွဲရဲ့ သက်ရောက်မှုက ကြီးမားလွန်းတော့ စကြဝဠာထဲက မရေမတွက်နိုင်တဲ့ သက်ရှိသတ္တဝါတွေ သေချာပေါက် ဒုက္ခရောက်လိမ့်မယ် “

“ငါတို့က ဘာများလုပ်နိုင်မှာလဲ?”

အမတ ဧကရာဇ်တစ်ပိုင်း အဆင့်ရှိသော စွမ်းအားရှင်တစ်ဦးက ကဲ့ရဲ့ရှုံ့ချလိုက်သည်။

“မင်း လုပ်နိုင်မယ်ထင်ရင် ၊ သူတို့ကို မတိုက်ခိုက်ဖို့ သွားပြီး ဆွဲဆောင်ကြည့်ပေါ့!”

ထိုစကားများထွက်လာသည်နှင့် တပြိုင်နက် ၊ လူတိုင်း ပါးစပ်ပိတ်သွားကြသည်။

လာနောက်နေတာလား! သွားရပ်ခိုင်းမယ်!?

တားမြစ် အင်အားစုသုံးဖွဲ့ ရောက်ရှိလာပြီး တိုက်ပွဲစတင်သည့်အချိန်အထိ ၊ အမတသခင်တရားစီရင်ရေးရုံးတော် နှင့် အန္တိမတာအိုတရားစီရင်ရေးအဖွဲ့ နှစ်ဘက်စလုံးသည် ဆွံ့အနေသကဲ့သို့ တိတ်ဆိတ်နေကြသည်။

အကယ်၍ သူတို့သည် တိုက်ပွဲကိုရပ်တန့်ရန် ကြားဝင်စွက်ဖက်ခဲ့မည်ဆိုပါက ၊ ကိုယ့်လည်ကို ဓားနဲ့ တောက်တောက်စင်းဖို့ ထိုးပေးလိုက်တာနဲ့ မတူပေဘူးလား!?

သို့သော်၊ အချို့သောလူများက သံသယမေးခွန်းများရှိနေကြသည်။

“တားမြစ် အင်အားစုကိုးဖွဲ့အနက်မှ တစ်ခုအနေနဲ့ ၊ တားမြစ် ကုန်းပြင်မြင့်မှာလည်း နက်နဲတဲ့ အခြေခံအုတ်မြစ်ရှိရုံသာမက အမတဧကရာဇ်အထက်အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်လို့ ကောလာဟာလရှိဖူးတယ် “

“တကယ်လို့ သူတို့ဘက်က အတင်းကြီး ဖိအားပေးလာခဲ့ရင် ၊ တားမြစ်အင်အားစု သုံးဖွဲ့လည်း အခြေအနေမကောင်းမှာကို စိုးရတယ်... “

ဝုန်း !!

ရုတ်တရက်၊ ပရမ်းပတာ ကြယ်စုနယ်မြေသည် အမတလမ်းစဉ်ဆိုင်ရာ အဆုံးမရှိသော မှော်သင်္ကေတများနှင့် ပြည့်နှက်နေပြီး ၊ ပြိုးပြိုးပျက်ပျက် တောက်ပနေသော အလင်းရောင်အောက်တွင် ဒေဝလောကတစ်ခုလုံး လင်းထိန်နေခဲ့သည်။

သို့သော် ၊ ကျိုးပဲ့ပျက်စီးနေသော အပျက်အစီးများကြား လျှို့ဝှက်ဆန်းကြယ်သော အချိန်မြစ်များသည် ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့သည်။

ဘုန်း --! !

အာကာသ-အချိန်လှိုင်းတံပိုးများ၏ ရိုက်ခတ်မှုနှင့်အတူ ၊

ကြီးကျယ်ခမ်းနားသော ပုဂ္ဂိုလ်အယောက်နှစ်ဆယ်သည် ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။

သူတို့ရောက်ရှိလာသည်နဲ့အမျှ ၊ ကမ္ဘာကြီးသည် ကြီးမားကျယ်ပြန့်သော ပရမ်းပတာ အလင်းရောင်များနှင့် ပြည့်နှက်နေပြီး ၊ အမတဧကရာဇ်မင်း အယောက်နှစ်ဆယ်သည် တလိပ်လိပ် ရိုက်ခတ်နေသော ပရမ်းပတာအလင်းများကြားတွင် တွဲလောင်းရှိနေကာ လောကကြီးကို အပေါ်စီးကနေ ကြည့်ရှုနေသည် ။

ဤကြောက်စရာကောင်းသော မြင်ကွင်းသည် စောင့်ကြည့်နေကြသော အင်အားစုဝင်များ၏ အမူအရာများကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။

“ အမတဧကရာဇ်မင်း အယောက်နှစ်ဆယ်....!?”

“တားမြစ် ကုန်းပြင်မြင့် ရူးသွားပြီလား၊ သူတို့ မိသားစုရဲ့ လျှို့ဝှက်ချက်တွေကို လုံးလုံးလျားလျား ဖော်ထုတ်လိုက်ပြီပဲ!”

“ အော်မနေနဲ့ ပြေးကြတော့! ငါတို့ ဆက်ကြည့်နေရင် ငါတို့လည်း အမှုပတ်ပြီး သေနိုင်တယ် “

လူအချို့က နေရာအရပ်ရပ်သို့ အရူးအမူး ထွက်ပြေးလေတော့သည်။

အနည်းငယ် အားကောင်းသော ပထမတန်းစား အင်အားစုဝင်များသည် မိမိတို့၏ အမတဧကရာဇ်မင်းများကို နိုးထစေ၍ ၎င်းတို့၏ ခွန်အားအားလုံးကို အသုံးပြုလျက် ရှေးဟောင်းမှော်အစီအရင်ကြီး တစ်ခုကို ဖန်တီးကာ အကာအကွယ်ချထားသည်။

အမှန်တရားကိုမသိသော အမတဧကရာဇ်မင်း အချို့သည် ဤဆိုးရွားသောမြင်ကွင်းကိုမြင်ပြီး နောက် ၊ ကမ္ဘာ့ကပ်ဘေးစစ်ပွဲကြီး နောက်တစ်ဖန် လာတော့မည်ဟု တွေးထင်ခဲ့ကြသည်။

တားမြစ် အင်အားစုသုံးဖွဲ့သည် တားမြစ်ကုန်းပြင်မြင့်ကို ဖျက်ဆီးရန် လက်တွဲထားသည်ကို သိရှိပြီး‌နောက် ၊ ၎င်းတို့၏ အမူအရာများမှာ ကြည့်ရဆိုးနေသည်။

အချို့က တားမြစ်ကုန်းပြင်မြင့်ရှိရာ ဦးတည်ရာဘက်ဆီသို့ သနားသောအကြည့်ဖြင့် ကြည့်ကြသည်။

“ ဘယ်လောက်တောင် တုံးအလိုက်လဲ! တားမြစ် အင်အားစုသုံးဖွဲ့ကို သွားပြီးရန်စရဲတယ် “

“ဒါကိုကြည့်ပြီး သေမှာမကြောက်တဲ့ ထိုက်ယီ နတ်ဘုရားဂိုဏ်းကို အမှတ်ရမိတယ် ၊တားမြစ် အင်အားစုတစ်ခုနဲ့တင် မကဘူး၊ နောက်‌‌ဆုံး တားမြစ် စူးမိသားစုရဲ့ နယ်မြေကိုပါ တိုက်ခိုက်ခဲ့တာ အဆုံးမှာတော့ လုံးလုံးလျားလျား ကျရှုံးခဲ့ရုံတင်မကဘူး နယ်မြေတစ်ခုလုံး ပြိုကျပျက်စီးခဲ့ရတယ်”

“အိုင်း... ဒီကမ္ဘာမှာ တားမြစ်အင်အားစု ကိုးဖွဲ့ရှိတယ်လို့ လူတွေကပြောကြားတယ်၊ ဒါပေမယ့် ‘ တားမြစ်’ ဆိုတဲ့စကားလုံးကို တားမြစ် စူးမိသားစုကသာလျှင် ထိုက်တန်တယ်....”

“ ကွေးယွမ်အမတဂိုဏ်း‌ကလည်း တားမြစ် စူး မိသားစုနဲ့ သိပ်မကွာဘူး...၊ ဘယ်လိုလုပ်ပြီးများ သူတို့ရဲ့ဒေါသကို သွားဆွမိတာလဲ”

သို့သော် ယခုအချိန်တွင်၊ တားမြစ် ကုန်းပြင်မြင့်သည် မည်မျှကံမကောင်းလေသနည်း။

အိမ်ထဲ ငုတ်တုတ်ထိုင်နေရင်း ၊ ဒယ်အိုးက မိုးပေါ်ကနေ ကျလာရတယ်လို့!!

ဤအခိုက်အတန့်တွင် ၊ သူတို့သည် အရင်းအမြစ်အားလုံးကို သုံးစွဲရရုံသာမက တားမြစ် အင်အားစုသုံးဖွဲ့နှင့် သေသည်အထိ တိုက်ခိုက်ရပေတော့မည်။

အကယ်၍ သူတို့ထဲက တစ်ယောက်နှစ်ယောက် အသက်ရှင်နိုင်ခဲ့မည်ဆိုပါက ၊ ဇီဝတားမြစ်နယ်မြေတစ်ခုလုံးကို တိရစ္ဆာန်ဘုံသို့ ပို့ဆောင်ပေးမည်မှာ အသေချာပင်။

…….

အခြားတစ်ဖက်တွင် ။

ကျန်ရှိသော တားမြစ်အင်အားစုသုံးဖွဲ့မှာ လောင်မြိုက်ကောင်းကင် မင်းဆက်နှင့် သုံဟွမ်မိစ္ဆာမဟာမိတ် တို့အပြင်၊

ဤတစ်ခေါက်စစ်ပွဲကို အာရုံစိုက်နေသော တားမြစ်အင်အားစု တစ်ဖွဲ့ရှိသေးသည်။

အဆုံးမရှိ ကျယ်ပြောလှသော ကြယ်ရောင်ကောင်းကင်တွင် ။

မီးပုံးများနှင့်အတူ လင်းထိန်နေသည်။

ပန်းများပွင့်လန်းနေသကဲ့သို့ ခမ်းနားထည်ဝါသော ရွှေများဖြင့် ခြယ်သထားသော နန်းတော်သည် တိတ်ဆိတ်နေသော ကြယ်ရောင်ကောင်းကင်တွင် တုန်လှုပ်ချောက်ချားစရာကောင်းလောက်အောင် ရှ်ိနေသည်။

ယောင်ကွမ်အမတဂိုဏ်း။

ကွေးယွမ်အမတနယ်မြေတွင် တည်ရှိသော နောက်ထပ် တားမြစ်အင်အားစုဖြစ်သည်။

၎င်းသည် တိုက်မြေ သုံးထောင်ရှိ ယောင်ချီ သူတော်စင်နယ်မြေ၏ မူလရင်းမြစ်လည်း ဖြစ်သည်။

ကွေ့ကောက်နေသော ကြယ်ရောင်ကောင်းကင်လမ်း၏ အဆုံးကို ကြည့်မည်ဆိုပါက ၊ အနက်ရှိုင်းဆုံးနေရာတွင် ခမ်းနားထည်ဝါသော နန်းဆောင်တစ်ခု တည်ရှ်ိနေသည်ကို မြင်ရပေမည်။

လှပသော အသွင်ပုံရိပ်များစွာသည် ဤနေရာတွင် စုဝေးနေကြသည်။ ၎င်းတို့၏ ရောင်ဝါများသည် ကြောက်မက်ဖွယ်ကောင်းပြီး ရင်သပ်ရှုမောဖွယ်ကောင်းသော နိယာမတရားများ ပျံ့လွင့်လျက်ရှိသည်။

ဤနေရာတွင် အမတဘုရင် နယ်ပယ်အဆင့်ရှိသော ပုဂ္ဂိုလ်များစွာရှိသည်။

ဖန်ပလ္လင်ပေါ်၌ အလွန်တင့်တယ်သော ရုပ်သွင်တစ်ခုသည် ဂုဏ်သိက္ခာရှိစွာ ထိုင်နေသည်။

မရေမတွက်နိုင်သော ကာလများကုန်‌ဆုံးပြီးသည့်တိုင်၊ သူမ၏ အသားအရေသည် မိန်းကလေးငယ် တစ်ယောက်ကဲ့သို့ ချောမွေ့နေသေးပြီး ၊ သူမ၏ အလှသည် ရင်သပ်ရှုမောဖွယ်ရာ ကောင်းလှသည်။

သို့သော် သူမ၏ အသွင်အပြင်ကြောင့် လှည့်စားမခံလိုက်ရစေနှင့် ။ ဤအမျိုးသမီးမှာ ယောင်ကွမ်အမတဂိုဏ်း၏ အကြီးအကဲခေါင်းဆောင် ၊ လုယောင် အမတဧကရီပင် ဖြစ်သည်။

သူမသည် အမတဧကရာဇ်မင်း တော်တော်များများထက်ပင် အသက်ပိုကြီးသည်။

အကယ်၍ သင်သည် သူမအား စုန်းမကြီးဟု ခေါ်ဆိုဝံ့ပါက ၊ ယောင်ကွမ်အမတဂိုဏ်း၏ အင်အားဖြင့် သင့်နောက်ကွယ်က အင်အားစုများကို လုံးလုံးလျားလျား ချေမှုန်းပစ်ပေလိမ့်မည်။

“အို... ဒီအင်အားစုကြီး သုံးဖွဲ့က သူတို့ရဲ့ ကလေးကို အမှန်တကယ် ကာကွယ်ပေးနေတာပဲ...”

“ အဲ့ကလေးအတွက် ၊ တားမြစ်ကုန်းပြင်မြင့်ကို တပ်တွေစေလွှတ်ပြီး စစ်ပွဲကြီးစတင်ရလောက်တဲ့အထိပဲ....”

လုယောင် အမတဧကရီက ဆိုလိုက်သည်။

“ငါတို့ ယောင်ကွမ်အမတဂိုဏ်းရဲ့ ယောင်ချီ သူတော်စင်နယ်မြေက နတ်ဘုရားမက အဲ့ကောင်လေးနဲ့ ဆက်ဆံရေးကောင်းတယ်လို့ ကြားတယ်”

“ ငါတို့လည်း ဒီတစ်ခေါက်အခွင့်အရေးကို ယူပြီး ၊ ပျော်ပွဲကြီး ဆင်နွဲကြရင် သူတို့နဲ့ နွေးထွေးတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်လိမ့်မလား?”

အပိုင်း(၅၀၂): ပထမမျိုးဆက် အဓိက တားမြစ်အင်အားစု ၊ ကံကြမ္မာနတ္ထိ ၊ အတွေးတစ်ချက်တည်းဖြင့် ထောင်ပေါင်များစွာသော လမ်းစဉ်များ မွေးဖွားရချေပြီ (၁)

စူးချန်ကဲ၏အထောက်အထားကို သူတို့သိထားသည့်အကြောင်းရင်းမှာ ယောင်ချီ သူတော်စင်နယ်မြေမှ ပေးပို့လာသော အချက်အလက်များကြောင့် ဖြစ်သည်။

ယခုတွင် ၊ တိုက်မြေ သုံးထောင်မှာလည်း လှိုင်းလေထန်နေပြီဖြစ်သည်။

ကွေးယွမ် သူတော်စင် နယ်မြေသည် ဇီဝတားမြစ်နယ်မြေ နှင့် တိုက်မြေပြင်ပ နယ်မြေကို သိမ်းပိုက်ရန် ကြီးမားသော တပ်ဖွဲ့ကြီးကို စေလွှတ်ခဲ့သည်။

စစ်ပွဲများက တဟုန်းဟုန်း တောက်လောင်နေပြီး ၊ သတ်ဖြတ်ခြင်းများက နေရာတိုင်းလိုလို ရှိနေသည်။

ယခုအချိန်တွင် ၊ တိုက်မြေ သုံးထောင်တစ်ခုလုံးသည် ဤကြောက်မက်ဖွယ်ရာ စစ်ပွဲကြီးနှစ်ခုကို အာရုံစိုက်နေကြသည်။

ထို့အပြင် ၊ တစ်ချိန်တည်းမှာပင် အမတနယ်မြေတွင် ဖြစ်ပွားနေသော စစ်ပွဲကြီးနှင့် ပေါင်းစပ်လိုက်ပါက ၊ စူးချန်ကဲတွင် တစ်စုံတစ်ရာ ဖြစ်နေကြောင်းကို မှန်းဆနိုင်သည်။ ထို့ကြောင့်သာလျှင် ၊ တားမြစ်အင်အားစု သုံးဖွဲ့၏ အမျက်ဒေါသကို ဖြစ်ပေါ်စေခဲ့သည်။

“ စူးချန်ကဲ နဲ့ လော့ရန်ယွီ ရဲ့ ခင်မင်ရင်းနှီးမှုက ယောင်ကွမ်အမတဂိုဏ်း နဲ့ ကွေးယွမ်အမတဂိုဏ်းတို့ကြား ပိုပြီးနီးစပ်စေနိုင်မယ်လို့ ငါထင်တယ်”

လုယောင် အမတဧကရီက ခပ်ဖျော့ဖျော့ပြုံးလိုက်ရင်း။

“ ဒီရဲ့ အပြောင်းအလဲက တစ်ခုဝယ် အပိုတစ်ခုထပ်ရတာပဲ ၊ ဒီကောင်လေးရဲ့ နောက်ခံက ဒီလောက်ထိ ရှုပ်ထွေးလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး “

“ဒါဟာ တကယ်ကို အံ့သြစရာကောင်းတာပဲ”

ထို့နောက် ၊ လုယောင် အမတဧကရီ၏ လှပသော မျက်ဝန်းတစ်စုံသည် အောက်ကလူများကို စိုက်ကြည့်ရင်း ၊နီရဲတောက်ပသော နှုတ်ခမ်းသားတစ်စုံက ပွင့်ဟလာသည်။

“ ယောင်ကွမ်အမတဂိုဏ်းက ဒီကိစ္စမှာ ပါဝင်သင့်တယ်လို့ မင်းတို့ထင်လား?”

ထိုစကားသံအဆုံးတွင် ၊

ယောင်ကွမ်အမတဂိုဏ်းမှ အကြီးအကဲတို့သည် ခဏမျှ စဉ်းစားပြီးနောက် ၊ ထောက်ခံ သဘောတူခဲ့ကြသည်။

“တားမြစ် စူး မိသားစုရဲ့ သခင်ငယ်က တိုက်မြေ သုံးထောင်မှာ တုနှိုင်းမယှဉ်နိုင်တဲ့ အရည်အချင်းတွေ ပိုင်ဆိုင်ထားကြောင်း ကြားဖူးတယ် “

အကြီးအကဲတစ်ဦးက ရိုသေစွာ ဦးညွှတ်ရင်း ဆိုလိုက်သည်။

“ တကယ်လို့ သူသာ အမတနယ်‌မြေကို ရောက်လာပြီး သူ့ရဲ့မူလသွေးကြောကို နှိုး‌ဆော်နိုင်မယ်ဆိုရင် ၊ သူက ဒီထက်ပိုပြီး အောင်မြင်မှုတွေ ရလာမယ်ဆိုတာ သေချာတယ်”

“ဟုတ်တယ်၊ ငါတို့ ယောင်ကွမ်အမတဂိုဏ်းရဲ့ လော့ရန်ယွီကလည်း အရည်အချင်းရှိတယ် ၊ သူမမှာ အန္တိမတာအိုအရိုးနဲ့ ဟွိုင့်တွိုင့်ကိုယ်ထည် ရှိတယ် ၊ တကယ်လို့ သူမသာ ငါတို့ ယောင်ကွမ်အမတဂိုဏ်းရဲ့ အမတရင်းမြစ်ရေကန်ကို ရောက်ရှိလာပြီး ၊ သွေးရင်းစွဲကို နိုးထစေနိုင်ခဲ့မယ်ဆိုရင် “

အခြား အကြီးအကဲတစ်ဦးက ဝင်ထောက်ခံလာခဲ့သည်။

“ တတိယမြောက် ခန္ဓာဖွဲ့စည်းပုံ ဒါမှမဟုတ် စတုတ္ထမြောက် ခန္ဓာဖွဲ့စည်းပုံ နိုးထလာလိမ့်မယ်၊ စူးချန်ကဲနဲ့ မိတ်ဖွဲ့တာက ငါတို့အတွက် သေချာပေါက် အကျိုးရှိလိမ့်မယ်”

အောက်က အကြီးအကဲများစွာသည် တညီတညွတ်တည်း သဘောတူကြသည်ကို မြင်တွေ့ပြီးနောက်၊

လုယောင် အမတဧကရီက အနည်းငယ်ခေါင်းညိတ်လိုက်ပြီး ဖြည်းညှင်းစွာ ထရပ်ကာ အမိန့်ထုတ်လိုက်သည်။

“အဲ့လိုဆိုမှတော့ အမတတံခါးကိုဖွင့်မယ်!”

“တားမြစ်ကုန်းပြင်မြင့်ဆီကို တပ်‌တွေစေလွှတ်စေ!”

“ ဂိုဏ်းချုပ်ရဲ့ အမိန့်ကို နာခံပါ့မယ်!”

မည်သို့ပင်ဖြစ်စေ ၊ ဤကိစ္စကို မဆုံးဖြတ်ခင်ကတည်းက သူမသည် ယောင်ကွမ်အမတဂိုဏ်းရှိ ဘိုးဘေးများ၏ ခွင့်ပြုချက်ကို ရရှိထားခဲ့သည်။

တားမြစ် အင်အားစုသုံးဖွဲ့နှင့် မိတ်ဖွဲ့ကာ စည်းလုံးညီညွတ်ရေးတပ်ကို ဖွဲ့စည်းမည်။ ထိုအတိုင်းသာဆိုရင်ဖြင့် ၊ အနာဂတ်တွင် အနန္တကပ်ဘေးများကို အပြည့်အဝ တွန်းလှန်နိုင်ပေတော့မည်။

အမှန်တွင် ၊ ရင်းမြစ်ချိုးဖျက် တိုက်ပွဲကြီး ပြီးဆုံးသွားကတည်းက အမတနယ်မြေသည် တည်ငြိမ်လာခဲ့သည်။

သို့သော် အမှန်တကယ်တွင်၊ အမတနယ်မြေအထက် ဖြစ်သော မူလရင်းမြစ်ကမ္ဘာသည် ကမောက်ကမဖြစ်နေဆဲပင် ဖြစ်သည်။

ယခုမူ ၊ အမှောင်ထု မူလရင်းမြစ်ကမ္ဘာကြီးသည်လည်း မငြိမ်မသက် ဖြစ်နေသည်။

ဒေဝလောကတစ်ခုလုံး ပြန်လည်စတင်ကာ ၊ ဒုတိယမြစ်ဖျားခံစစ်ပွဲကြီး ပေါ်ပေါက်လာပါက၊

မိမိတို့၏ ယောင်ကွမ်အမတဂိုဏ်းပင်လျှင် ရှင်သန်ကျန်ရစ်နိုင်မလားဆိုတာ မသေချာပေ။

ကမ္ဘာ့ကပ်ဘေးစစ်ပွဲကြီသည် အတော်လေး ကြောက်စရာကောင်းခဲ့သော်လည်း ၊

သို့သော် ၊ သူတို့ကဲ့သို့သော တားမြစ်အင်အားစုတစ်ခုအဖြစ် စစ်ပွဲ၏သက်ရောက်မှုသည် မဆိုးရွားခဲ့ပေ။

သို့သော် ၊ ရင်းမြစ်ချိုးဖျက်တိုက်ပွဲကြီးသည် ကမ္ဘာနှင့် အမတနယ်မြေကို လုံးလုံးလျားလျားထိခိုက်စေနိုင်သည်။

“သမိုင်းအရ အမတနယ်မြေမှာ တားမြစ်အင်အားစုတွေ အများကြီးရှိခဲ့တယ်...”

“ဒါပေမဲ့ တားမြစ် စူး မိသားစုနဲ့ ကွေးယွမ်အမတဂိုဏ်းကလွဲရင် ငါ့တို့ ယောင်ကွမ်အမတဂိုဏ်းအပါအဝင် အခြားအင်အားစုခုနှစ်ဖွဲ့က နှောင်းပိုင်းမှ ဖြစ်ပေါ်လာခဲ့တာပဲ”

“သမိုင်းထဲက တားမြစ်အင်အားစုတွေ အားလုံးဟာ အမတကျဆုံးခေတ်မှာ ခြွင်းချက်မရှိ ဖျက်ဆီးခံခဲ့ရတယ်”

လုယောင် အမတဧကရီသည် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူမ၏ လှပသောမျက်ဝန်းအစုံတွင် လေးနက်မှုအပြည့် ရှိနေခဲ့သည်။

“ အမတနယ်မြေအထက် ... ရင်းမြစ်ချိုးဖျက်တိုက်ပွဲကြီး...”

“အမတနယ်မြေရဲ့ အထက်ကမ္ဘာပေါ်မှာ ဘာများရှိနေမလဲ...?”

………

ဘုန်း ဘုန်း ! !

ထို့နောက် ၊ ယောင်ကွမ်အမတဂိုဏ်းကို ဗဟိုပြုလျက် နိယာမတရားများ လှုပ်ရှားထကြွလာပြီး ၊ အလင်းတန်းများစွာ လှိုင်းထသွားသည် ။

စကြဝဠာတစ်ခွင် ထိုးဖောက်ဝင်ရောက်လာပုံရသော အဆုံးမရှိသော ရွှေရောင်အလင်းတန်းများသည် အထက်ကောင်းကင်ယံမှ ရုတ်ချည်းဆိုသလို ကျဆင်းလာခဲ့သည်။

ဝီ~~~

ခရာမှုတ်သံသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို နှိမ်နှင်းလိုက်သလိုပင်။

ဖြည်းညှင်းစွာ ပွင့်လာသော အမတဂိတ်နှင့်အတူ၊

ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသော သံချပ်ကာ၏ ရောင်ဝါသည် လေထုထဲသို့ ပျံ့နှံ့သွားခဲ့သည်။

ထို့နောက် ၊ ပြိုးပြိုးပျက်ပျက် တောက်ပနေသော နတ်အလင်းများကြား လေထဲတွင် ဝှေ့ယမ်းနေသော မရေမတွက်နိုင်သော အလံများကို မြင်တွေ့လိုက်ရသည်။

တောက်ပသော သံချပ်ကာများကို ဝတ်ဆင်ထားသည့် ကြီးမားသော အမတတပ်ဖွဲ့ကြီးသည် တဟုန်ထိုး ပြေးထွက်လာကြသည်။

မူလက ထွက်ပြေးရန် ပြင်ဆင်နေသော အင်အားစုဝင် အများအပြားသည်လည်း ထိုအရာကို သတိပြုမိခဲ့ကြသည်။

သို့သော် ၊ ပြတ်ပြတ်သားသား မြင်တွေ့လိုက်ရချိန်မှာတော့ နွေခေါင်ခေါင် မိုးကြိုးပစ်ခံရသကဲ့သို့ သူတို့၏ အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားကြသည်။

“ဒါ ၊ ဒါ .. ယောင်ကွမ်အမတဂိုဏ်းကရော ဘာလို့ တပ်ဖွဲ့ကြီးကို စေလွှတ်ဖို့ ပြင်ဆင်နေတာလဲ!”

“ -ီး ! ၊ ဒီတားမြစ်အင်အားစုတွေ လက်တွဲပြီးတိုက်ခိုက်ကြတော့မှာလား?”

“အို ဘုရားရေ၊ တားမြစ်ကုန်းပြင်မြင့်က ဘယ်လို ကြောက်စရာကောင်းတဲ့ လုပ်ရပ်မျိုး လုပ်ခဲ့လို့လဲ၊ တားမြစ်အင်အားစု သုံးဖွဲ့ အရေးယူတာက ထားပါဦး ဒါပေမဲ့ ဘယ်လိုလုပ်ပြီး နောက်တစ်ဖွဲ့တိုးလာပြန်တာတုန်း?”

“ မင်းတို့ပြောကြည့် ၊ ဒါက တားမြစ်ကုန်းပြင်မြင့်ကို အကူအညီပေးဖို့များလား”

တချို့လူများက မေးခွန်းထုတ်နေကြသည်။

ဤသည်မှာ ပုံမှန်ကိစ္စသာ ဖြစ်သည်။ တားမြစ် အင်အားစုသုံးဖွဲ့နဲ့တင် တားမြစ်ကုန်းပြင်မြင့်ကို ဖျက်ဆီးရန် လုံလောက်သည်။

ယောင်ကွမ်အမတဂိုဏ်းနှင့် ပူးပေါင်းလိုက်ပါက ၊ လေးယောက်တစ်ယောက် ဖြစ်ပေတော့မည်။

ဒါကို ဘယ်သူကတားစီးနိုင်မှာလဲ!

တစ်ချိန်တည်းမှာပင်။

ဤနေရာ၌ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အပြောင်းအလဲများသည် အမတသခင်တရားစီရင်ရေးရုံးတော် နှင့် အန္တိမတာအိုတရားစီရင်ရေးအဖွဲ့၏ အာရုံစိုက်မှုကို တစ်ဖန်ဆွဲဆောင်ခဲ့သည်။

“ ယောင်ကွမ်အမတဂိုဏ်းက ဘယ်လိုလုပ်ပြီး ပါလာပြန်တာလဲ”

အမတသခင် တရားစီရင်ရေးရုံးတော်ရှိ အရှင်သခင်၏ မျက်နှာမှာ နီရဲတွတ်နေသည်။

“ဒီကောင်တွေ ကြိုပြီးများ ဆွေးနွေးထားသလား?”

“တားမြစ်ကုန်းပြင်မြင့်က ကောင်တွေ ဘာများလုပ်လိုက်လို့ ၊ တစ်ယောက်ပြီးတစ်ယောက် ရောက်ချလာတာတုန်း!”

အန္တိမတာအိုတရားစီရင်ရေးအဖွဲ့၏ သခင်သည်လည်း အကျည်းတန်သော အမူအရာဖြင့် ရှိနေသည်။

“ ယောင်ကွမ်အမတဂိုဏ်းသာ ပါလာပြီဆိုရင် ၊ ဒီစစ်ပွဲမှာ တားမြစ်အင်အားစု တပ်ဖွဲ့ငါးဖွဲ့တောင် ရှိလာခဲ့ပြီ “

“ဒီကောင်တွေ အမတနယ်မြေကို ဖြိုခွဲချင်နေတာလား?”

အင်အားစုကြီး နှစ်ဖွဲ့၏ အရှင်သခင်တို့သည် စိတ်အနှောင့်အယှက် ဖြစ်နေကြသော်လည်း ၊ အင်အားစုလေးဖွဲ့က လူများကို မေးခွန်းထုတ်ရန် သတ္တိမရှိပေ။

အထူးသဖြင့် တားမြစ် စူး မိသားစု၊ ကွေးယွမ်အမတဂိုဏ်း နှင့် သံသရာစက်ဝန်း အမတမင်းဆက်တို့၏ ဒေါသများသည် ငယ်ထိပ်အထိ ရောက်ရှိနေသည်။

စကားတစ်ခွန်းထပ်ပြောဝံ့ပါက ၊

သူတို့လည်း အသေရိုက်ခံရနိုင်သည်။

“ တောက်! ဒီကောင်တွေ ဥပဒေမဲ့တွေ ဖြစ်နေတာပဲ ၊ ​​ငါတို့ ကွေးရွှီကိုသွားပြီး နတ်ဘုရားတရားစီရင်ရေးအဖွဲ့ကို အကူအညီတောင်းရမယ်”

အန္တိမတာအိုတရားစီရင်ရေးအဖွဲ့၏ အရှင်သခင်က ငြင်းဆိုလိုက်သည်။

“မဟုတ်ဘူး၊ ဒေဝလောကတစ်ခုလုံးကို မထိခိုက်သရွေ့ သူတို့က ဝင်စွက်ဖက်မှာမဟုတ်ဘူး”

“ဒီကောင်တွေ ဘယ်လိုလှည့်ကွက်တွေ ကစားမလဲဆိုတာ ဆက်စောင့်ကြည့်ရအောင်”

တားမြစ် စူးမိသားစုကဲ့သို့ နတ်ဘုရားတရားစီရင်ရေးအဖွဲ့သည် ပထမမျိုးဆက် အဓိကအင်အားစု ကိုးဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သည်။

အန္တိမတာအိုတရားစီရင်ရေးအဖွဲ့ နှင့် အမတသခင်တရားစီရင်ရေးရုံးတော်သည် အမတနယ်မြေတွင် သူတို့ကိုယ်သူတို့ အုပ်စိုးသူဟု ယုံကြည်ပြီး သတ္တိရှိရှိ ခေါ်ဆိုရခြင်းအကြောင်းရင်းမှာ ၎င်းတို့နောက်ကွယ်က နတ်ဘုရားတရားစီရင်ရေးအဖွဲ့၏ ပံ့ပိုးကူညီမှုကြောင့်သာ ဖြစ်သည်။

ဤစကြဝဠာကို စတင်ဖန်တီးခဲ့စဉ်က ရှေးဦးနတ်ဘုရားနတ်ဆိုး သုံးထောင်ဖြင့် ဖွဲ့စည်းထားသော နတ်ဘုရားတရားစီရင်ရေးအဖွဲ့ ဆိုသည့် ဒဏ္ဍာရီ အစဉ်အလာ ရှိခဲ့ဖူးသည်။

မရေမတွက်နိုင်သော ခေတ်များ ကုန်လွန်သွားပြီးနောက်ပိုင်းတွင် ၊ ရှေးဦး နတ်ဘုရားနှင့် နတ်ဆိုးများ အများအပြား သေဆုံးခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ ၊ ၎င်းတို့၏ အခြေခံအုတ်မြစ်သည် တားမြစ် အင်အားစုနှစ်ဖွဲ့၏ အထက်တွင် ရှိသည်မှာသေချာသည်။

သို့သော် တားမြစ် စူးမိသားစုနှင့် ကွေးယွမ်အမတဂိုဏ်းနှင့် နှိုင်းယှဥ်ကြည့်မည်‌ဆိုပါက...

နတ်ဘုရားတရားစီရင်ရေးအဖွဲ့သည် အဓိက အင်အားစုနှစ်ဖွဲ့ကို နှိမ်နင်းနိုင်ခြင်းရှိမရှိ သူတို့လည်း မသေချာပေ။

ထို့အပြင် ၊ ဤအဓိက တားမြစ်အင်အားစု နှစ်ဖွဲ့သည်လည်း အလားတူ ပထမမျိုးဆက် တားမြစ်အင်အားစုများ ဖြစ်ကြသည်။

တကယ်တန်း​ တိုက်ခိုက်ကြမည်ဆိုပါက ၊ သူတို့နှစ်ဦးနှင့် နတ်ဘုရားတရားစီရင်ရေးအဖွဲ့ လက်တွဲခဲ့ကြမည်ဆိုတောင် ၊ တဖက်လူ၏ ပြိုင်ဘက်မဖြစ်မှာကို စိုးမိသည်။

“အိုင်း... ဒီကောင်လေးက တကယ်ပဲ ဘယ်သူများလဲ...”

အင်အားစုကြီး နှစ်ဖွဲ့၏ ခေါင်းဆောင်များသည် အနည်းငယ် အားကိုးရာမဲ့ ဖြစ်နေကြသည်။

“ဒီအင်အားစုကြီးတွေကတောင် သူ့အတွက် ဒေဝလောကကြီးတစ်ခုလုံးကိုတောင် ချိုးဖျက်ဖို့ ဆန္ဒရှိနေကြတာ....”

အပိုင်း(၅၀၂): ကံကြမ္မာနတ္ထိ ၊ အတွေးတစ်ချက်တည်းဖြင့် ထောင်ပေါင်များစွာသော လမ်းစဉ်များ မွေးဖွားရချေပြီ (၂)

တစ်ချိန်တည်းမှာပင်။

နယ်မြေပြင်ပ စစ်မြေပြင်တွင် ။

ဤအရာအားလုံး၏ မူလဇစ်မြစ်ဖြစ်သော စူးချန်ကဲသည် အနန္တဗလာထဲတွင် ရှိနေသည်။

သူသည် အဆုံးမရှိသော အမှောင်ထဲသို့ ကျရောက်သွားပုံရသည်။

နောက်ဆုံးတွင် သူသည် အနည်းငယ် သတိပြန်လည်လာခဲ့သော်လည်း၊ မရေမရာဖြစ်နေဆဲပင် ဖြစ်သည်။

“ငါ...သေတော့မှာလား...?”

စူးချန်ကဲသည် စိတ်ထဲတွင် ရှိုက်ကြီးတငင် ပြုံးလိုက်သည်။ သူသည် မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်လာခဲ့သည်။

သို့သော် ၊ အမတနယ်မြေကိုပင် မရောက်လိုက်ဘဲ ဤနေရာတွင် သေရတော့မည်လော။

ချက်ခြင်းပင်၊ စနစ်သံသည် သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည်။

[ဒင်! နယ်မြေပြင်ပစစ်မြေပြင်ရဲ့ အနက်ရှိုင်းဆုံး အပိုင်းထိ အောင်မြင်စွာဝင်ရောက်နိုင်ခဲ့သောကြောင့် မျိုးဆက်သုံးဆက် ကြေးခေါင်းတလား ပဉ္စမအပိုင်းအစကို ရရှိခဲ့တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုလိုက်ပါတယ် ]

[သင့်အနေဖြင့် မျိုးဆက်သုံးဆက် ကြေးခေါင်းတလား၏ အပိုင်းအစများကို ပေါင်းစပ်လိုပါသလား ]

“စနစ်...?”

“ပေါင်းစပ်မယ်..” စူးချန်ကဲ၏ မသိစိတ်က ပြောလိုက်သည်။

ဝီ! ! !

ထိုသို့ပြောပြီးသည်နှင့် ။

စူးချန်ကဲကို ဗဟိုပြုလျက် ၊ အလွန်တောက်ပသော နတ်အလင်းတန်းတစ်ခုသည် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

မှောင်မိုက်ပြီး အဆုံးမရှိသော စကြဝဠာကြီးထဲက ပထမဆုံးသော ရောင်ခြည်တစ်စင်းကဲ့သို့ပင်။

အဆုံးတွင် ထိုအလင်းသည် ဆက်လက် ကျယ်ပြန့်လာပြီး ရွှေပင်လယ်တစ်စင်းလို ဖြစ်လာသည်။ ၎င်းတွင် ရှေးဦး ပရမ်းပတာအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

၎င်းတို့သည် ဖြည်းညှင်းစွာ ပြန့်ကျဲသွားသည်နှင့်အမျှ ၊ အရာအားလုံးသည် ရွှေဝါရောင်ခြည်၏ လွှမ်းခြုံခြင်းကိုခံလိုက်ရသည်။

[ဒင်! ပိုင်ရှင်၏ အသက်ရှုနှုန်းသည် အားနည်းပြီး နတ်ရင်းမြစ် ပျက်စီးသွားခဲ့ပါပြီ ]

[စနစ်သည် မျိုးဆက်သုံးဆက် ကြေးခေါင်းတလား၏ လုပ်ဆောင်ချက်ဖြစ်သော ပြန်လည်မွေးဖွားခြင်း စွမ်းရည်ကို အသက်သွင်း၍ သင့်အား ကူညီပါမည် ]

ဝီ—! !

ချက်ချင်းပင်၊ အဆုံးမရှိသော တာအိုစည်းချက်များသည် နေရာအနှံ့ ပျံ့လွင့်သွားသည်။

စူးချန်ကဲ၏အသိစိတ်သည် လျှို့ဝှက်ဆန်းကြယ်သော နယ်ပယ်ထဲသို့ ဆွဲငင်ခံခဲ့ရပုံပေါ်သည်။

ဤလောကရှိ မဟာလမ်းစဉ်တို့သည် တဟုန်ထိုးရိုက်ခတ်နေပြီး၊ ဝိညာဉ်စွမ်းအင်များ အလျှံအပယ် ရှိနေသည်။

ကြယ်အလင်းတန်းများဖြင့် ဖန်ဆင်းထားသော ကွေးညွှတ်နေသော လမ်းတစ်ခုသည် ဖြေးဖြေးချင်း ဆင်းသက်လာသည်။

“ဒါကဘာလဲ...?”

မူလက သူ၏အသက်ရှုနှုန်းသည် အတော်လေး အားနည်းနေမှန်း ခံစားမိခဲ့သော်လည်း ၊ သို့သော် ၎င်းသည် အနည်းငယ် မူမမှန်သည်ကို ခံစားလိုက်ရပြန်သည်။

ဤလောက၏ မူမမှန်မှုများကို စူးစမ်းမလေ့လာခင်မှာပင် ။

ဝီ--!!!

အလွန်တောက်ပသော အလင်းရောင်သည် အနက်ရှိုင်း နေရာမှ ပေါက်ကွဲထွက်လာပုံရသည်။

ထိုအချိန်တွင်၊ ဤလျှို့ဝှက်ဆန်းကြယ်သောကမ္ဘာကြီးတစ်ခုလုံးသည် ဇောက်ထိုးလှည့်ပတ်နေသည်။

လျှပ်တပြက်ဆိုသလို ၊ စူးချန်ကဲသည် မဟာလမ်းစဉ်၏ အနန္တသမုဒ္ဒရာအလယ်တွင် ကြီးကျယ်ခမ်းနားသော ရုပ်သွင်တစ်ခု ဖြည်းညှင်းစွာ ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။

ဤမျှ အင်အားကြီးမားသောပုဂ္ဂိုလ်မျိုးကို သူ တစ်ခါမှပင် မတွေ့ဖူးချေ။

ကမ္ဘာပေါ်ရှိ မဟာလမ်းစဉ်နှင့် အရာအားလုံးသည် သူ့ကြောင့် မွေးဖွားလာသည်ဟု ထင်ရသည်။

သူသည် လမ်းစဉ်၏ လက်တွေ့ပြယုဂ်ပင် ဖြစ်သည်။

သူသည် အရာအားလုံး၏ သင်္ကေတလည်း ဖြစ်သည်။

ထိုပုဂ္ဂိုလ်မှ ဖြည်းဖြည်းချင်း ဖွင့်ဟလိုက်သော စကားသံသည် မဟာလမ်းစဉ်၏ နတ်သံစဉ်ကဲ့သို့ လောကခပ်သိမ်းကို လှုပ်ခတ်သွားစေခဲ့သည်။

“ကံကြမ္မာဟူသည် နတ္ထိ ၊ လမ်းစဉ်အားလုံးသည် နှလုံးသားတစ်ခုတည်းသို့ ပြန်လည်စုဝေးလေသည် “

“အတွေးတစ်ချက်ဖြင့် ၊ ထောင်ပေါင်များစွာသော လမ်းစဉ်များ မွေးဖွားရချေပြီ “

…….

ထိုစကားသံ ထွက်ပေါ်လာသည်နှင့်။

ဝီ--!!

မူလက တောက်ပစွာဖြင့် ရှိနေသော ဤအနန္တကျယ်ဝန်းသော လောကကြီးထဲတွင် ရုတ်ချည်းဆိုသလိုပင် မရေမတွက်နိုင်သော ကြယ်စင်မှုန်များ ပေါ်ထွန်းလာကာ ၊ အာကာသ ဗလာနယ်ကြီးအတွင်း၌ လှည့်ပတ်တောက်ပလျက်ရှိသည်။”

တစ်ခဏအတွင်းမှာပင် ၊ အရာအားလုံးသည် ကြယ်များကဲ့သို့ တောက်ပနေပြီး တောတောင် ပန်းချီကားတစ်ချပ်ကဲ့သို့ လှပနေသည်။

တစ်ခဏအတွင်းမှာပင် ၊ သက်ရှိသတ္တဝါအားလုံး၏ စုံလင်လှပသော အရောင်အသွေးများသည် ကမ္ဘာဦးအမှောင်ထုအတွင်းမှ ထွက်ပေါ်လာခဲ့သည်။

တစ်ခဏအတွင်းမှာပင်၊ ဒေဝလောကရှိ အရာခပ်သိမ်းတို့သည် သက်ဝင်လှုပ်ရှားနေသကဲ့သို့၊ မဟာလမ်းစဉ်၏ အမှတ်အသားကို ဖော်ပြနေသည်။

တောင်တန်းနှင့် မြစ်များသည် ရှေးဟောင်းသစ်ပင်များဖြင့် စိမ်းလန်းစိုပြေနေပြီး ၊ နေ၊ လနှင့် ကြယ်များသည် ထွန်းလင်းတောက်ပလို့နေသည်။

မီးခိုးမြူများဖြင့် အုံ့ဆိုင်းနေပြီး လျှို့ဝှက်ဆန်းကြယ်မှုတို့သည် အဆုံးမရှိဖြစ်တည်နေသည်။

ဤအခိုက်အတန့်တွင်၊

စူးချန်ကဲသည် ကမ္ဘာပေါ်ရှိ အရာခပ်သိမ်း၏ မူလအစ၊ စကြဝဠာ၏ လူဝင်စားခြင်းနှင့် မျိုးသုဉ်းခြင်းစသည့် သံသရာစက်ဝန်းတို့ကို မြင်တွေ့နေရပုံရသည်။

ရှေးဦးအစ ၊ ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းတို့သည် အဆိုပါ ကြီးကျယ်ခမ်းနားသော ပုဂ္ဂိုလ်၏ အတွေးတစ်ချက်တည်းဖြင့် ပြောင်းလဲဖြစ်တည်နေသည်။

ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းတို့သည် အနန္တဗလာဗလာနက်ကြီးထဲမှ ပေါက်ဖွားလာခဲ့ပြီး ၊ သဘာဝအလုံးစုံ၏ အသံများသည် ဆိတ်ငြိမ်‌နေကာ မိုးမြေတို့၏ အနှစ်သာရသည် တစ်ခုတည်းသော အရင်းခံသို့ ပြန်လည်ရောက်ရှိလာပေသည်။

“အတွေးတစ်ချက်ဖြင့် အရာခပ်သိမ်းကို မွေးဖွားပေးပြီး ၊ အရာအားလုံးသည် ရင်းမြစ်သို့ ပြန်လည်ရောက်ရှိပေ‌သည်....”

ဤမှော်ဆန်သောမြင်ကွင်းသည် ဤကမ္ဘာနှင့်ပတ်သတ်၍ သူ နားလည်ထားသော အသိဥာဏ်ထက် ကျော်လွန်နေခဲ့သည်။

ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရည်အချင်းအတွက် မည်မျှ ကြောက်စရာကောင်းသော ကျင့်ကြံမှုအဆင့် လိုအပ်လေသနည်း။

အရာခပ်သိမ်းကို မွေးဖွာနိုင်သည်။ ဤအသွင်ပုံရိပ်သည် လမ်းစဉ်ကို ကျင့်သုံးထားခြင်းမဟုတ်ဘဲ သူကိုယ်တိုင်ကပင် လမ်းစဉ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ၊ ထိုအနှီပုဂ္ဂိုလ်၏ တောက်ပနေသော မျက်လုံးတစ်စုံသည် စူးချန်ကဲထံသို့ ကျရောက်သွားသည်။

ဟူးးး! ! !

မူလက ကောင်းကင်တွင် တောက်ပနေသော ကြယ်များသည်ပင် ထိုပုဂ္ဂိုလ်ကြောင့် ထိခိုက်သွားပုံရသည်။

တောက်ပလှသော ကြယ်များဖြင့် ဖွဲ့တည်ထားသည့် နဂါးငွေ့တန်းကြီးသည် စူးချန်ကဲရှိရာဘက်သို့ ပျံ့နှံ့လာသည်။

ဤအကြွင်းမဲ့အင်အား၏ ရှေ့တွင်၊ စူးချန်ကဲပင်လျှင် ၎င်းကိုခုခံနိုင်သည့်အရည်အချင်းမျိုး မရှိချေ။

တခဏအတွင်းမှာပင် ၊ ထိုအရာသည် သူ့ကို လုံးလုံးလျားလျား ဖုံးလွှမ်းသွားခဲ့သည်။

၎င်းသည် အသိစိတ်ရှိနေပုံရပြီး ၊ လမ်းကြောင်းပေါင်းစုံမှ စူးချန်ကဲ၏ သွေးကြောများအတွင်း‌ ဝင်ရောက်သွားခဲ့သည်။

ထို့နောက် စူးချန်ကဲ၏ ခြေလက်နှင့် အရိုးများဆီသို့ သွေးကြောများတစ်လျှောက် စီးဆင်းသွားသည်။

တစ်ချိန်တည်းမှာပင် ၊ စူးချန်ကဲ၏ နှလုံးသားထဲတွင် လျှို့ဝှက်ဆန်းကြယ်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ငါတို့ရဲ့ မူလအစ အတူတူပဲ၊ တူညီတဲ့ နှလုံးသားရှိတယ်”

“ကိုယ့်ကိုယ်ကို သန်မာအောင် အားထုတ်ပြီး ၊ လောကတစ်ခုလုံးကို ထွန်းလင်းတောက်ပပါစေ “

သူ့စိတ်ထဲတွင် နားမလည်နိုင်သော လျှို့ဝှက်ဆန်းကြယ်သော စကားလုံးများကို ကြားလိုက်ရပြီးနောက် ၊ စူးချန်ကဲသည် အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။

“မူလအစ တူတယ်...? “

သို့သော်၊ ထိုအနှီပုဂ္ဂိုလ်ကို သူလုံးဝမှ မသိချေ။ သူတို့နှစ်ဦး၏ မူလဇာတ်မြစ်သည် အဘယ့်ကြောင့် တူညီနေသနည်း။

သို့မဟုတ်၊ဤပုဂ္ဂိုလ်သည် ကံကြမ္မာနတ္ထိ ကိုယ်ထည်၏ ပထမမျိုးဆက်ပိုင်ရှင်ပေလော။

စူးချန်ကဲမှ နောက်တဆင့်မစဉ်းစားရသေးခင်။

ဝီ——!!

သူ့ကို လွှမ်းခြုံထားသော နတ်အလင်းများသည် ပိုမို တောက်ပြောင်ဝင်းလက်လာပြီး၊ သိပ်သည်းသော နိယာမဆိုင်ရာ မှော်သင်္ကေတို့သည် အစစ်အမှန် ဖြစ်ပေါ်လာသည်။

နိယာမတရား၏ ရောင်ဝါသည် ဤလောကရှိ အရာအားလုံးကို လွှမ်းခြုံထားသည်။

တစ်ချိန်တည်းမှာပင်၊ မဟာလမ်းစဉ်၏ အမှတ်အသားတို့သည် ရောယှက်လျက်၊ ကြီးကျယ်ခမ်းနားသော အနန္တဗလာ၏ စွမ်းအားသည် စူးချန်ကဲ၏ မျက်ဝန်းထဲသို့ တည့်တည့်တိုးဝင်လာခဲ့သည်။

အပိုင်း(၅၀၃): အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော်ပေတည်း။

ဤအခိုက်အတန့်တွင်၊ စူးချန်ကဲ၏မျက်ဝန်းထဲ၌ ကြီးမားသောအပြောင်းအလဲများ ဖြစ်နေပုံရသည်။

သူသည် ကမ္ဘာပေါ်ရှိ အရာခပ်သိမ်း၏ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်၊ နေ၊ လနှင့် ကြယ်တို့၏ သံသရာစက်ဝန်းများ ၊ စကြဝဠာအတွင်းရှိ နဂါးငွေ့တန်းတို့၏ စဉ်ဆက်မပြတ် မွေးဖွားခြင်းဖြစ်စဉ်များကို နောက်တစ်ကြိမ် မျက်မြင်ကြုံတွေ့ခဲ့ရသည်။

သက်ရှိတို့၏ မရေမတွက်နိုင်သော ပြန်လည်ဝင်စားခြင်းတို့ကို မြင်ခဲ့ရသည်။

သူသည် မိုးတိမ်ထိပ်ဝယ် ရပ်တည်နေကာ

ကျယ်ပြောလှသော ကမ္ဘာကြီးရှိ အရာအားလုံးကို အပေါ်စီးမှ မော့ကြည့်နေသည်ဟု ခံစားရသည်။

“ခေတ်ကာလ၏ အထီးကျန်မှုသည် ခြေရာလက်ရာ မကျန်ရစ်ဘဲ ၊ မူလအစသို့ ပြန်သွားချေပြီ”

ထိုအချိန်တွင် စူးချန်ကဲ၏ စိတ်ထဲတွင် လျှို့ဝှက်ဆန်းကြယ်သော အသံသည် တစ်ဖန် ထွက်ပေါ်လာပြန်သည်။

“မူလအစကို ဗလာအဖြစ် ပြောင်းလဲကာ ၊ မိုးမြေစကြာဝဠာကို နိဗ္ဗာန်နအဖြစ် ဖော်ကျူးလေသည် “

“မိုးမြေတို့၏ စိတ်နှလုံးသည် ငြိမ်းချမ်းရာသို့ ပြန်လည်ရောက်ရှိလျက် ၊ နေ နှင့်လတို့သည် တိတ်ဆိတ်ငြိမ်သက်ခြင်းသို့ ရောက်ရှိ၏ ၊ အရာတိုင်းကို ခွဲခြမ်းစိတ်ဖြာ၍ အလုံးစုံသောအရာတို့သည် အနန္တဗလာအဖြစ် ရောက်ရှိကာ ....ဤသည်မှာ အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော် ပေတည်း!”

ထိုစကားများ ထွက်လာပြီးသည်နှင့်။

ပေါက်ကွဲထွက်လာသော အတိုင်းအဆမရှိသော နတ်အလင်းရောင်တို့သည် အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စင်သွားခဲ့သည်။

စူးချန်ကဲမှ စောနက မြင်လိုက်ရသောမြင်ကွင်းများအားလုံးသည် မထင်မရှားသော ရွှေဝါရောင် ရှေးအက္ခရာစာလုံးများအဖြစ် ပြောင်းလဲသွားသည်။

၎င်းတို့သည် စူးချန်ကဲ၏မျက်လုံးထဲသို့ အရူးအမူး ပြေးဝင်လာခဲ့ရာ၊ အလွန်ကြောက်စရာကောင်းသော စွမ်းအားတစ်ခု နိုးထလာမှန်း သူ ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင်။

စူးချန်ကဲ၏ သူတော်စင်ကိုယ်ထည်လေးခုသည်လည်း ဆင့်ကဲပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။

၎င်းသည် သမိုင်းတစ်လျှောက် တားမြစ်ခံထားရသော အရာတစ်ခုဖြစ်သောကြောင့်၊ ၎င်းသည် တားမြစ် ခန္ဓာကိုယ်ပင် ဖြစ်ရမည်။

ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်၏ လမ်းညွှန်မှုအောက်တွင် ၊ သူတော်စင်ကိုယ်ထည် လေးမျိုး၏ ရောင်ခြည်လေးဖြာသည် မိမိတို့၏ အတိုင်းအဆမရှိသော အစွမ်းများကို အပြည့်အဝ ထုတ်လွှတ်ခဲ့သည်။

စူးချန်ကဲ၏ ခန္ဓာကိုယ်သည် ဆင့်ကဲပြောင်းလဲမှုများ အဆက်မပြတ်ဖြစ်ပေါ်နေသည်။

အဆိုပါစွမ်းအား၏ သန့်စင်မှုအောက်တွင် စူးချန်ကဲ၏ခန္ဓာကိုယ်သည် စစ်မှန်အမတအဆင့်သို့ မရောက်သေးသော်လည်း ၎င်းသည် စစ်မှန်အမတသခင်နှင့်ပင် ယှဉ်နိုင်သည်။

သူ၏ ကျင့်ကြံမှုနယ်ပယ်သည် အဆက်မပြတ် ချိုးဖျက်နေသည်။

မဟာဧကရာဇ်မင်းဟူသည် လူသားမျိုးနွယ်၏ နယ်ပယ်မျှသာဖြစ်သည်။

အမတလမ်းစဉ်နယ်ပယ်ကို ကျော်လွန်သော အဆိုပါစွမ်းအား၏လွှမ်းမိုးမှုအောက်တွင် ၊ အရာအားလုံးသည် အံ့ဖွယ်မှုအဖြစ် ပြောင်းလဲနေသည်။

မဟာဧကရာဇ်မင်း စတုတ္ထအဆင့်။

မဟာဧကရာဇ်မင်း တတိယအဆင့်။

…..

မဟာဧကရာဇ်မင်း ပထမအဆင့်။

ဝုန်း ! !

အဆုံးမရှိသော ရောင်ခြည်များ ထွက်ပေါ်လာသည်။

ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် စူးချန်ကဲအား ချုပ်လှောင်မှုခြေချင်းများကို ချိုးဖျက်ရန် ကူညီပေးခဲ့သည်။

ရှေးဟောင်း ဧကရာဇ်နယ်ပယ်အဆင့်။

ဤနယ်ပယ်တွင် ကနဦး၊ အလယ်တန်း၊ နှောင်းပိုင်းနှင့် ပြီးပြည့်စုံသော အဆင့်ဟူ၍ ရှိသည်။

ဤလျှို့ဝှက်ဆန်းကြယ်သောစွမ်းအားအောက်တွင် ၊ စူးချန်ကဲသည် သူ၏ တာအိုအခြေခံအုတ်မြစ် မတည်မငြိမ်ဖြစ်မှာကို စိုးရိမ်စရာမလိုခဲ့ပေ။

ဤမဟာလမ်းစဉ်၏ သဘောတရားသည် တိုက်မြေ သုံးထောင်ထက်၊ အမတလမ်းစဉ်ကိုပင် ကျော်လွန်နေခဲ့သည်။

…….

တစ်ချိန်တည်းမှာပင်။

တိုက်မြေပြင်ပနယ်မြေ။

ပင်လယ်နက် တစ်ဖက်ကမ်းတွင်။

ဝုန်း ! ! !

ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံများကို အဆက်မပြတ်ကြားနေရသည်။

တိုက်မြေပြင်ပနယ်မြေကို ပင်လယ်တစ်ဖက်ကမ်းဟုလည်း ခေါ်သည်။

တစ်ချိန်က ဤနေရာသည် မရေမတွက်နိုင်သော ကောင်းကင်အမတများ မြှုပ်နှံရာနေရာဖြစ်ခဲ့သည်။

သို့သော် ၊ ၎င်းသည် တားမြစ်ကုန်းပြင်မြင့်၏ လက်ချက်ကြောင့်သာ ဖြစ်သည်။

ယခုအခါ အဓိကတားမြစ် အင်အားစုလေးဖွဲ့၏ ဝင်ရောက်စွက်ဖက်မှုကြောင့် တားမြစ် ကုန်းပြင်မြင့်သည် အန္တရာယ်ရှိသော အခြေအနေတွင် ရှိနေသည်ဖြစ်ရာ ၊ ၎င်းတို့အနေဖြင့် ဇီဝတားမြစ်နယ်မြေနှင့် တိုက်မြေပြင်ပ နယ်မြေကို ဂရုစိုက်ရန် အချိန်မရှိသေးပေ။

မည်သည့်နေရာမဆို အကြွင်းမဲ့ သတ်ဖြတ်နေသော ကွေးယွမ်တပ်ဖွဲ့ကြီးကိုသာ သင်မြင်ရပေမည်။

ကြီးမားကျယ်ပြောလှသော ကြယ်ရောင်စုံကောင်းကင်ကြီးတွင် သွေးနီရောင်အလင်းတန်းများက အရပ်ရှစ်မျက်နှာတစ်ခွင် လွှမ်းခြုံထားလေ၏။

အထူးသဖြင့် ၊ လေထုထဲတွင် စိမ့်ဝင်ပျံ့နှံ့နေသော သွေးချီစွမ်းအားများသည် ရှည်လျားစွာ စီးဆင်းနေသော သွေးမြစ်သဖွယ် မြင်ရသူတိုင်းကို အသက်ရှုကြပ်စေသည်။

တိုက်မြေပြင်ပ နယ်မြေသည် တိုက်မြေ သုံးထောင်၏ နိယာမစည်းမျဉ်းကို ဖိနှိပ်ထားပြီး ပြင်ပသန်မာသူများ၏ စွမ်းရည်များကို မြှင့်တင်ပေးထားသော်လည်း ၊

သို့သော်၊ အဖျက်စွမ်းအားမြစ်သဖွယ် ဖြစ်တည်သော ကွေးယွမ်တပ်ဖွဲ့ကြီး၏ ရှေ့မှောက်တွင်မူ အရာအားလုံးသည် အချည်းနှီးသာဖြစ်ရသည်။

နိယာမတရား၏ ရောင်ခြည်တော်များ ၊ ကြီးကျယ်ခမ်းနားသော အလင်းတန်းများသည် မိုးမုန်တိုင်းကဲ့သို့ တစ်လောကလုံးကို ဖုံးလွှမ်းနေလေ၏။

ဝုန်း ! ဝုန်း ! ဝုန်း !

ကမ္ဘာမြေကြီးသည် အဆက်မပြတ် အလွှာလိုက် အလွှာလိုက် ကွဲအက်သွားသည်။

ဥပမာအားဖြင့်၊ တိုက်မြေသုံးထောင်နှင့် တိုက်မြေပြင်ပနယ်မြေကို ပိုင်းခြားထားသည့် ပင်လယ်နက်သည် ပြင်းထန်သော ဝိညာဉ်စွမ်းအားဥပဒေများကြောင့် လုံးဝအငွေ့ပျံသွားခဲ့သည်။

တိတ်ဆိတ်စွာဖြင့် စီးဆင်းနေသောပင်လယ်ရေ မဟုတ်တော့ဘဲ ရွံရှာဖွယ်ကောင်းသော စေးကပ်သော သွေးများဖြင့် စီးဆင်းနေလေ၏။

တိုက်မြေပြင်ပနယ်မြေ၏ မရေမတွက်နိုင်သော တပ်ဖွဲ့များသည် ကွေးယွမ်တပ်များ၏ နင်းချေမှုအောက်တွင် ပြာအဖြစ်သို့ ပြောင်းလဲခဲ့ရချေပြီ။

တိုက်ပွဲစစချင်း တခဏအတွင်းမှာပင် ၊တိုက်မြေပြင်ပနယ်မြေမှ ဖွဲ့စည်းထားသော ခံစစ်သည် တခဏအတွင်း ပြိုကျပျက်စီးသွားသည်။

“သတ်!”

“ဒီလူယုတ်မာတွေကို သတ်ပစ်!”

“ သူတို့ရဲ့ အသွေးကို သုံးပြီး ငါ့သူတော်စင်နယ်မြေရဲ့ ဆက်ခံသူကို ဖြေရှင်းချက်ပေးမယ်!”

မိုးကောင်းကင်အထက်တွင် ရွှေစစ်မြင်းများကို စီးနင်းထားသော စစ်သည်တော်အပေါင်းတို့သည် ၎င်းတို့၏လှံများကို မြှောက်ကိုင်ကာ ညွှန်ကြားနေသည်။

နောက်ဘက်မှ နတ်အလင်းမြင်းစီး စစ်သည်တော်တို့သည် လျှပ်တစ်ပြက် အောက်သို့ ထိုးဆင်းတိုက်ခိုက်လာလေသည်။

“သူတို့ကို တား!”

“မသေချင်ရင် သူတို့ အသက်သွင်းနေတဲ့ ဖွဲ့စည်းပုံကို တားစီးကြဟေ့!!”

ပြင်ပတပ်ဖွဲ့၏ ခေါင်းဆောင်သည် ထိတ်လန့်တုန်လှုပ်နေသော်လည်း ၊ သို့သော် ရှုံးနိမ့်မှုသည် တောင်ပြိုသည့်အလား မတားဆီးနိုင်ခဲ့ချေ။

တိုက်မြေ သုံးထောင်၏ အခြားအင်အားစုတပ်ဖွဲ့ဝင်များကို မဆိုသေးခင် ၊ ကွေးယွမ်တပ် တစ်ခုတည်းနဲ့တင် တွန်းလှန်ဖို့ရာ ခက်ခဲနေသည်။

မိုးကောင်းကင်တွင် ရှိနေသော စစ်သင်္ဘောများ၏ ပူးပေါင်းမှုနှင့်အတူ ထိုးနှက်တိုက်ခိုက်လေရာ ၊

ပြင်ပတပ်ဖွဲ့မှ ဖွဲ့စည်းထားသော တိုက်ပွဲပုံစံသည် စာရွက်အပိုင်းအစများကဲ့သို့ တစ်စစီ ပြိုကွဲသွားသည်။

မိုးကောင်းကင်တစ်ခွင် ကြယ်စင်မှုန်များက လည်ပတ်လျက် ၊ သွေးတို့သည် ကောင်းကင်ထိအောင် ပန်းတတ်နေလေ၏။

“ဒါယုံနိုင်စရာ မရှိဘူး.... ဒါမဟုတ်ဘူး..”

ဤမြင်ကွင်းများကို ကြည့်ရင်း ၊ ပြင်ပတပ်ဖွဲ့ဝင် စစ်သည်တော်တစ်ယောက်သည် စိတ်ဓာတ်များကျဆင်းကာ ညည်းညူလေသည်။

သူ့လက်ထဲက လှံကို ပစ်ချလျက် တိုက်မြေပြင်ပနယ်မြေထဲသို့ ပြန်ပြေးလေ၏။

သူတင်မဟုတ် ၊ မရေမတွက်နိုင်သော ပြင်ပစစ်သည်တော်တို့သည်လည်း ၎င်းတို့၏ လက်နက်များကို ပစ်ချကာ တိုက်မြေပြင်ပနယ်မြေထဲသို့ အရူးတစ်ပိုင်း ထွက်ပြေးလေသည်။

ဤအရာအားလုံးသည် အဓိပ္ပါယ်မဲ့လွန်းသည်။

သူတို့သည် တိုက်မြေ သုံးထောင်၏ပြိုင်ဘက် မဖြစ်နိုင်ပေ။

သူတို့၏ ပိုင်နက်နယ်မြေသည်ပင် ယခုအခါတွင် အဆုံးသတ်ပေတော့မည်။

“လူယုတ်မာတွေ သေစမ်း!”

ကောင်းကင်ယံတွင် ရှိနေသော တိ့ကျန့် မဟာဧကရာဇ်မင်းသည် ထွက်ပြေးနေကြသော ပြင်ပတပ်ဖွဲ့ဝင်များကို အေးစက်စွာကြည့်နေသည်။

ဝုန်း !

ထို့နောက် လက်ဝါးတချက် ရိုက်ချလိုက်လေရာ ၊

မျက်စိတမှိတ်အတွင်းမှာပင် ၊ ပြင်ပတပ်ဖွဲ့ဝင်များသည် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည်။

မရေမတွက်နိုင်သော မဟာဧကရာဇ်မင်းတို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ၊

ကမ္ဘာမြေကြီးသည် အလွှာလိုက် ပြိုကျနေသည်။

ကောင်းကင်ထက်တွင် ။

လှပသော အသွင်ပုံရိပ်သည် ကွက်လပ်ကို ဖြိုခွဲကာ ဝင်ရောက်လာသည်။

သူမ၏ ဘေးတဝိုက်တွင် မရေမတွက်နိုင်သော မဟာဧကရာဇ်မင်းများစွာ ရှိနေပြီး ၊ သူမသည် တစ်စုံတစ်ရာကို စိတ်အားထက်သန်စွာ ရှာဖွေနေသကဲ့သို့ ဘယ်ပြန်ညာပြန်ကြည့်နေသည်။

ရုတ်ချည်းဆိုသလိုပင် ၊ ရွှမ်ယွီဧကရီသည် အာကာသဟင်းလင်းပြင်မှ လျှပ်တစ်ပြက်ပေါ်ထွက်လာပြီး၊ မီးလောင်ပြာကျသော မြေပြင်ပေါ်သို့ ဒူးတုတ်ထိုင် လဲကျသွားလေသည်။

မီးဟုန်းဟုန်းတောက်နေသော စစ်မြေပြင်၊ နတ်လက်နက်များ၏ ပေါက်ကွဲမှုများကို မျက်ဝါးထင်ထင်ကြည့်ရှုနေရသော ရွှမ်ယွီဧကရီ၏ လှပသောမျက်ဝန်းထဲ၌ ရေငွေ့များ ဝဲတတ်လာသည်။

“မတွေ့ဘူး... ဘာလို့ ရှာမတွေ့ရတာလဲ...?”

“ချန်ကဲ...”

“မင်းဘယ်မှာလဲ...?”

အခြားတစ်နေရာ စစ်မြေပြင်တွင် ၊

ကံကြမ္မာပင်လယ်တွင် မဟာဧကရာဇ်မင်းအဖြစ် အဆင့်တတ်ခဲ့သော လော့ရန်ယွီသည် အနားယူခြင်းမရှိဘဲ စစ်မြေပြင်သို့ အလျင်အမြန်ရောက်လာခဲ့သည်။

ယခုအချိန်တွင် သူမ၏ အဖြူဂါဝန်ထည်သည် သွေးများဖြင့် စွန်းထင်းနေသည်။

သူမသည် ဓားတစ်လက်ကို ကိုင်ဆောင်ထားပြီး၊ သွေးများက ဓားတစ်လျှောက် ဖြည်းညှင်းစွာ စီးကျနေသည်။

သူမ၏လှပသော မျက်ဝန်းတစ်စုံသည် အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံရကာ ၊ မျက်လုံးထောင့်များတွင် မျက်ရည်စက်များဖြင့် ဖုံးလွှမ်းနေပြီး အနည်းငယ်နီရဲနေသည်။

ထင်ရှားသည်မှာ၊ လော့ရန်ယွီသည်လည်း တိုက်ပွဲများစွာ ဆင်နွှဲထားပုံရသည်။

သူမ၏ စိတ်ဝိညာဉ်ကို ထုတ်လွှတ်ကာ ရှာဖွေခဲ့သော်လည်း ၊ အဖြေမရှိခဲ့ပေ။

သူမသည် ပူပြင်းတောက်လောင်နေသော မြေကြီးပေါ်တွင် ဖြည်းညှင်းစွာ လဲကျသွားသည်။

သူမ၏ ဝမ်းနည်းမှုကို မည်သူမှ သတိမထားမိစေချင်ပုံရသည်။

ဒူးနှစ်လုံးကြားတွင် မျက်နှာမြုပ်လျက် ၊ တစ်ကိုယ်လုံး အနည်းငယ် တုန်ယင်နေကာ ငိုရှိုက်သံများကို ကြားနေရသည်။

အဆုံးတွင် ၊ သူမ၏ ကြည်လင်သော မျက်ရည်များက မြေပြင်ပေါ်သို့ တဒီးဒီး စီးကျလေတော့သည်။

သူမ၏ ဝမ်းနည်းမှုကို ခံစားမိသကဲ့သို့ ပတ်ဝန်းကျင်ရှိ မဟာလမ်းစဉ်သည်ပင် နက်ရှိုင်းသော သောကများဖြင့် တုန်လှုပ်နေသည်ဟု ထင်ရသည်။

မီးခိုးမြူများက သူမ၏မျက်နှာကို မှုန်ဝါးစေသော်လည်း၊ ၎င်းက ပို၍ပင် သူမ၏ ကြေကွဲဖွယ်ရာ အလှတရားကို ပေါ်လွင်စေသည်။

အပိုင်း(၅၀၄): အမတရင်းမြစ်အူတိုင် ၊ ဗဟိုအမတနယ်မြေ ? အိမ်တော်သခင်နှင့် တွေ့‌ဆုံခြင်း

စက္ကန့်အနည်းငယ်ကြာပြီးနောက်၊ သူမ၏ ဝမ်းနည်းမှုတို့သည် ပြေလျော့သွားပုံရသည်။

မျက်ရည်များကို သုတ်ပစ်ပြီးနောက် ၊ သူမသည် ဖြည်းညှင်းစွာ မတ်တတ်ထကာ စစ်မြေပြင်အလယ်သို့ ပြေးဝင်သွားသည်။

ထို့နောက် ဤစကားများကို ရေရွတ်ခဲ့လေသည်။

“ သက်ရှိလူသားတို့ကိုလည်း မစွန့် ၊ မင်းကိုလည်း မမေ့...”

“တကယ်ပဲ သေသွားရင်တောင် ၊ မရဏကမ္ဘာထိ သွားပြီး မင်းရဲ့ကျန်ရှိနေသေးတဲ့ဝိညာဉ်ကို လိုက်ရှာမယ် “

တစ်ချိန်တည်းမှာပင်၊ လော့ရန်ယွီ၏ ကိုယ်တွင်း၌ တည်ရှိ‌သည့် အန္တိမတာအိုအရိုးနှင့် ဟွိုင့်တွိုင့်ခန္ဓာကိုယ်တို့သည် ပြင်းထန်စွာ ပေါက်ကွဲလာခဲ့သည်။

ထောင်ပေါင်းများစွာသော နိယာမဆိုင်ရာ မှော်သင်္ကေတတို့သည် သူမ၏အရေပြားတစ်ဝိုက်တွင် ဝန်းရံနေကာ အဆုံးတွင် သူမကို လုံးဝဖုံးအုပ်သွားသည်။

သူမရှေ့တွင် တိုက်မြေပြင်ပမှ မဟာဧကရာဇ်မင်းများစွာ ရှ်ိနေသည်ကို သတိထားမိချိန်တွင် သူမ၏ မျက်လုံးများသည် အေးစက်စွာဖြင့် ဝင်းလက်သွားသည်။

ဝုန်း !!

အဆုံးမရှိသော ဓားစွမ်းအင်နှင့် ပရမ်းပတာ အလင်းတန်းများသည် အဆုံးမရှိသော ကြယ်ပင်လယ်တစ်ခုကဲ့သို့ ပေါက်ကွဲထွက်လာသည်။

ကွဲအက်သံ! !

ချက်ခြင်းပင်၊ ရန်သူ မဟာဧကရာဇ်မင်းတို့၏ အလောင်းကိုယ်ထည်များသည် တစ်စစီ ကွဲအက်သွားပြီး အသွေးအသားများက နေရာအနှံ့ ပြန့်ကျဲသွားသည်။ တစ်ကြိမ်တွေ့ဆုံရုံဖြင့် အပြီးတိုင်ပျက်သုဉ်းသွားရခဲ့သည်။

……..

တိုက်မြေပြင်ပ အတွင်းပိုင်း ၊

လျို့ဝှက်နေရာ၌ ၊

မှောင်မိုက်နေသော အာကာသထဲတွင် စုံလင်လှပသည့် အလင်းရောင်များ လွင့်ပျံနေပြီး ၊ တောက်ပနေသော ကျောက်မျက်ရတနာများကဲ့သို့ တစုတစည်းတည်း စုပြုံနေကာ တသိမ့်သိမ့် ရိုက်ခတ်နေသော နဂါးငွေ့တန်းများအဖြစ် ဖြစ်ပေါ်နေသည်။

လူကို ပို၍ ထူးဆန်းစေသည့်အရာမှာ ဤကမ္ဘာရှိ နေ နှင့် လသည် တစ်ပြိုင်နက်တည်း တည်ရှိနေသောမြင်ကွင်းပင် ဖြစ်သည်။

လှပသော်လည်း ထူးဆန်းနေသည်။

ဝုန်း ဝုန်း ဝုန်း !

ဤအခိုက်အတန့်တွင်၊ ကြောက်မက်ဖွယ်ကောင်းသော မဟာဧကရာဇ်မင်းနှစ်ပါးသည် ဤလောကထဲသို့ ဝင်ရောက်လာခဲ့သည်။

သူတို့နှစ်ဦးသည် ကွေးယွမ် သူတော်စင် နယ်မြေ၏ ယွီ့ထျန်း မဟာဧကရာဇ်မင်းနှင့် ထျန်းတု မဟာဧကရာဇ်မင်းတို့ပင် ဖြစ်သည်။

ဤကမ္ဘာသည် တိုက်မြေပြင်ပ နယ်မြေ၏ အမတရင်းမြစ် အူတိုင်မှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ထို့အပြင် ၊ သူတို့ ဤနေရာသို့ ရောက်ရှိနေရခြင်းမှာ တိုက်မြေပြင်ပနယ်မြေ၏ အမတရင်းမြစ် အူတိုင်ကို သိမ်းပိုက်ရန်ဖြစ်သည်။

အမတရင်းမြစ်အူတိုင် ဆိုသည်မှာ အဘယ့်နည်း။

အမှန်စစ်စင် ၊ ၎င်းသည် အမတနယ်မြေ၏ မူလရင်းမြစ်စွမ်းအားမှ ဖြစ်ပေါ်ပြောင်းလဲလာသော ၊ ဤကမ္ဘာကြီး၏ မူလစိတ်ဝိညာဉ်နှင့် အလားတူသည်။

အမတနယ်မြေသည် တစ်ချိန်က ပြိုကွဲသွားခဲ့သော်လည်း ၊ မရေမတွက်နိုင်သော အမတနယ်မြေ၏ မူလရင်းမြစ်အူတိုင်များသည် ကွဲအက်သွားခဲ့သည်။

ထိုအပိုင်းအစများသည် ဆန်းကြယ်သော ကမ္ဘာငယ်လေးများအဖြစ်သို့ ပြောင်းလဲသွားသည်။ ဤတိုက်မြေပြင်ပနယ်မြေသည်လည်း အစွန်းအူတိုင်အပိုင်းအစများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ဒါဆို တိုက်မြေသုံးထောင်ကရော?

ဤသည်မှာ မယုံနိုင်စရာကောင်းပေသည်။ အမတရင်းမြစ် အူတိုင်တစ်ခုလုံးနှင့် ဖန်တီးထားခြင်း ဖြစ်သည်။

ဤအမတရင်းမြစ် အူတိုင်တွင် ကြီးမားသောလျှို့ဝှက်ချက်ပါရှိသည်။

တိုက်မြေ သုံးထောင်သည် တစ်ချိန်က အခမ်းနားဆုံးသော ဗဟိုအမတနယ်မြေ၏ အမတရင်းမြစ် အူတိုင်မှ အသွင်ပြောင်းလဲလာခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ၊ ယွီ့ထျန်း မဟာဧကရာဇ်မင်းသည် ရှေးဘိုးဘေး၏ ပြောသံကို အမှတ်ရနေမိသည် ---

“ တိုက်မြေ သုံးထောင်ရဲ့ မူလရင်းမြစ်က ပျောက်ကွယ်သွားတဲ့ ဗဟိုအမတနယ်မြေကို တံဆိပ်ခတ်ထားတာပဲ”

“ဗဟိုအမတနယ်မြေဟာဆိုရင် အမတဧကရာဇ်မင်းအထက် အဆင့်ရှိတဲ့ စွမ်းအားရှင်တွေကို မရေမတွက်နိုင်အောင် မွေးထုတ်ပေးနိုင်ခဲ့တဲ့နေရာပဲ ၊ အဆုံးမှာ အမည်မသိအကြောင်းရင်းကြောင့် ပြိုကွဲသွားတာကြောင့် သူတို့လည်း မဖြစ်သာတော့တဲ့ အခြေအနေဖြစ်လို့ မူလရင်းမြစ်ကို တံဆိပ်ခတ်ထားခဲ့ရတယ်”

“ဒီထဲမှာပါရှိတဲ့ လျှို့ဝှက်ချက်က အရမ်းကြီးမားတယ်၊ ဒါကြောင့် ကွေးယွမ်အမတဂိုဏ်းနဲ့ အမတ တားမြစ်အင်အားစုတွေရဲ့ လက်အောက်ခံတပ်တွေကို တိုက်မြေ သုံးထောင်မှာ နေရာချပေးခဲ့တာပဲ”

ယွီ့ထျန်း မဟာဧကရာဇ်မင်းသည် ထိုအကြောင်းအရာများကို စိတ်ထဲ စွဲလမ်းနေပြီး ပြန်လည် တွေးနေမိသည်။

“ တိုက်မြေပြင်ပ နယ်မြေက အမတရင်းမြစ် အူတိုင်အပိုင်းအစကို သိမ်းယူနိုင်ရင်...”

“ဒါဆို တိုက်မြေပြင်ပနယ်မြေတစ်ခုလုံး လုံးဝ အသုံးမဝင်တော့ဘူးပဲ “

တစ်ချိန်တည်းမှာပင်၊ ယွီ့ထျန်း မဟာဧကရာဇ်မင်း နှင့် ထျန်းတု မဟာဧကရာဇ်မင်းတို့၏ မျက်လုံးထဲက လူသတ်လိုစိတ်များသည် ပြင်းထန်နေခဲ့သည်။

အကယ်၍ သူတို့သည် ဤတာဝန်ကို မလုပ်ဆောင်ရပါက ၊ ယခုလောက်ဆို တိုက်မြေ ပြင်ပက သကောင့်သားများကို သတ်ပစ်နေပေလိမ့်မည်။

မိမိတို့၏ အငယ်တန်းညီလေးကို တခါမှတောင် မမြင်ဖူးသော်လည်း ၊ ထိခိုက်သွားခဲ့သည်ဟူသောသတင်းသည် သူတို့ကို အလွန်အမင်းဒေါသထွက်စေခဲ့သည်။

“ တိုက်မြေပြင်ကကောင်တွေ ၊ သေသင့်တယ်!”

……..

တစ်ချိန်တည်းမှာပင်။

ပြင်ပတိုက်မြေ ထျန်းယွမ်တောင်။

ဤနေရာ၌ ဝပ်တွားနေသော ရှေးသားရဲတစ်ကောင်နှင့်တူသည့် တိမ်ပင်လယ်ထိ တိုးဝင်နေသော အဆုံးမသတ်နိုင်သည့် ကြီးမားသော တောင်တန်းတစ်ခုရှိသည်။

မျက်စိစူးရှစေသော မှော်သင်္ကေတများသည် ဖုန်မှုန့်ကဲ့သို့ လှိုင်းထလျက်၊ တလိပ်လိပ်ရိုက်ခတ်နေသော မီးခိုးရောင်မြူထုကြီးရှိနေကာ မြင်ကွင်းသည် ထူးဆန်းနေသည်။

အတွင်းပိုင်း၌ ၊

ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများရှိသည့် အသွင်ပုံရိပ်များသည် ဤနေရာတွင် စုဝေးနေကြသည်။ ၎င်းတို့အနက် ၊ အားအနည်း‌ဆုံးသူမှာ မဟာဧကရာဇ်မင်းအဆင့် ဖြစ်သည်။

တိုက်မြေပြင်ပ၏ အဆင့်မြင့် စွမ်းအားရှင်အားလုံးသည် ဤနေရာတွင် စုရုံးနေကြသည်။

ဦးဆောင်သူ မူလဘိုးဘေးဆယ်ဦး၏ မျက်နှာများမှာ အတော်လေး ကြည့်ရဆိုးနေသည်။

“ပထမ ခံစစ်လိုင်း ပြိုကျသွားပြီ...”

ဆူးနတ်ဆိုး မူလဘိုးဘေး၏ အသံသည် အေးစက်တုန်လှုပ်နေသည်။

“ငါ့ရဲ့ ဆူးနတ်ဆိုးပင်လယ်က မဟာဧကရာဇ်မင်းတွေ တစ်ယောက်မှ အသက်မရှင်တော့ဘူး....”

“ငါ့ရဲ့ ခုနစ်စင်ကြယ် နတ်ဆိုးဘုရင်နန်းတော်က မဟာဧကရာဇ်မင်းတွေလည်းပဲ တူတူပဲ ....”

“ငါ့ရဲ့ ဆိုးညစ်နဂါးနန်းတော်ရောပဲ...”

တစ်ယောက်ပြီးတစ်ယောက် တင်ပြနေကာ ပတ်ဝန်းကျင်သည် အနည်းငယ် ငြိမ်သက်နေလေ၏။

ဤနေရာသည် ယခုအချိန်အထိ စစ်မီးများမလောင်းကျွမ်းသေးပေ။

သို့သော် မကြာမီ ဤနေရာသည် သက်ရှိငရဲအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု အာမခံသည်။

သူတို့ကို စိတ်အနှောက်အယှက်ဖြစ်စေဆုံးအရာမှာ ဇီဝတားမြစ်နယ်မြေမှ ဦးဆောင်ကာ သူတို့ကို တားမြစ်ကုန်းမြေပြင်နှင့် ချိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။

ဤတစ်ကြိမ်တွင် ၊ သူတို့သည် တိုက်မြေသုံးထောင်တစ်ခုလုံးကို လုံး၀ သိမ်းပိုက်နိုင်မည်ဟု ထင်ထားခဲ့ကြသော်လည်း ကွေးယွမ် သူတော်စင်နယ်မြေသည် ဤမျှထိတ်လန့်စရာကောင်းသော အင်အားမျိုးဖြင့် ပေါက်ကွဲထွက်လာလိမ့်မည်ဟု သူတို့အားလုံး မမျှော်လင့်ထားခဲ့ပေ။

လူကို ပို၍ ဒေါသဖြစ်စေခဲ့သည်မှာ သူတို့သည် ဇီဝတားမြစ်နယ်မြေ နှင့် တားမြစ်ကုန်းပြင်မြင့်ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့သည်။

သို့သော် ၊ စိတ်ဝိညာဉ်ဖြင့် သတင်းစကားပေးပို့မှုသည် နားမကြားသူများထံ ကျရောက်သွားသည့်အတိုင်းပင် ။ ယင်းက သူတို့ကို ပို၍ ခေါင်းနားပန်းကြီးသွားစေသည်။

“-ီးပဲ ! ဒီကောင်တွေ အားကိုးလို့မရဘူးဆိုတာ ငါ သိနေတယ်၊ အစကတည်းက ငါမယုံလိုက်သင့်ဘူး!”

“ အိုင်း... ကိစ္စတွေက ဒီအထိဖြစ်လာမှတော့ ...ငါတို့အနေနဲ့ အသဲအသန်တိုက်ကြရုံပဲ”

ထိုစဉ်၊ မူလဘိုးဘေးတစ်ဦး၏ မျက်လုံးများသည် တောက်ပလာပြီး ဖြတ်ဆိုလိုက်သည်။

“ ဒါဆို ငါတို့ ထာဝရညအင်ပါယာမြို့တော်က ယွမ်ဧကရာဇ်မင်းကို ဘာလို့အကူအညီ မတောင်းနိုင်ရမှာလဲ”

“သူသာ ဝင်စွက်ဖက်ရင် ၊ ငါတို့ အသက်ရှင်ဖို့ အခွင့်အလမ်းရှိနိုင်သေးတယ်!”

ထိုစကားများ ထွက်လာသည်နှင့်။

အတန်ငယ်စိတ်အားငယ်နေခဲ့သော မူလဘိုးဘေးအများအပြားသည် မျှော်လင့်ချက်များ ပြန်လည်နိုးထလာခဲ့ပုံရသည်။

မှန်၏။

ထာဝရည အင်ပါယာမြို့တော်၏ လာရာဇာစ်မြစ်သည် အလွန်လျှို့ဝှက်ဆန်းကြယ်သည်။

၎င်းသည် လွန်ခဲ့သောနှစ်ပေါင်း ထောင်ပေါင်းများစွာကတည်းက တိုက်မြေပြင်ပ နယ်မြေတွင် နားမလည်နိုင်စွာ ပေါ်ထွက်လာခဲ့ပြီး၊ အဆုံးတွင် လျင်မြန်သောအရှိန်အဟုန်ဖြင့် တိုးတတ်ထွန်းကားလာခဲ့သည်။

၎င်းသည် တိုက်မြေပြင်ပနယ်မြေရှိ အင်အားကြီး အဖွဲ့ဝင်အများအပြားကို ဖျက်ဆီးပစ်ခဲ့ရုံသာမက၊ သူ၏ကိုယ်ပိုင် ခွန်အားဖြင့် တိုက်မြေပြင်ပနယ်မြေ အနန္တအာကာသကို ပြုပြင်ဖွင့်လှစ်ပေးခဲ့သည်။

ဤသို့ဖြင့် ၊ ၎င်းသည် သူတို့၏ တိုက်မြေပြင်ပနယ်မြေတွင် အင်အားအကြီးမားဆုံး ဖြစ်လာခဲ့သည်။

“ ထာဝရည အင်ပါယာမြို့တော်က ကွေးယွမ်ထက် မပျော့ညံ့ဘူး”

“ ငါ​တို့ သူ့ဆီသွားပြီး အကူအညီ​တောင်းရင်​ ဒီအကြပ်​အတည်းကို ​သေချာ​ပေါက်​ ​ဖြေရှင်းနိုင်​လိမ့်မယ်”

မူလဘိုးဘေးဆယ်ဦးစလုံး ခေါင်းညိတ် သဘောတူလိုက်ကြသည်။

ချက်ချင်းပင်၊ မူလဘိုးဘေး လေးဦးသည် ထာဝရည အင်ပါယာမြို့တော်ကို သွားရောက်ကာ ဧကရာဇ်ယွမ်ကို အရေးယူပေးရန် တောင်းဆိုခဲ့သည်။

၎င်းတို့မူလဘိုးဘေးဆယ်ဦးလုံးသည် လွတ်မြောက်သူအဆင့် ဖြစ်ရုံသာမက လူအားလုံး၏အထက်တွင် ရှိသည်။

သို့ဆို‌တောင် ၊ ဤလူတစ်​​ယောက်​ကို ဖိတ်​​ခေါ်ရန်​အတွက်​ လုံလောက်သော မျက်နှာသာပေးရန်အလို့ဌာ သူတို့သည်​ မူလဘိုးဘေး လေးဦးကို စေလွှတ်ခဲ့သည်။

…….

ယခုအချိန်တွင် ၊

ထာဝရည အင်ပါယာမြို့တော် ၊

မှောင်မိုက်နေသော အာကာသထဲတွင်၊ ကြယ်များ ထွန်းလင်းနေသကဲ့သို့ပင် တောက်ပသော နတ်အလင်းရောင်သည် ရှေးဟောင်းနန်းတော်အတွင်းသို့ ထိုးဖောက်ဝင်ရောက်နေသည်။

ကြီးကျယ်ခမ်းနားသော ပုဂ္ဂိုလ်တစ်ဦးရှိနေပြီး၊ ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော တန်ခိုးစွမ်းအားသည် စကြာဝဠာကြီးကဲ့သို့ ကြီးမားသည်။

ထိုအနှီပုဂ္ဂိုလ်သည် တည်ငြိမ်သောခြေလှမ်းများနှင့်အတူ တုနှိုင်းမဲ့သော တန်ခိုးစွမ်းအားများဖြင့် ရှည်လျားသောအချိန်မြစ်မှ ထွက်ခွာလာခဲ့ပုံရသည်။

အမတဧကရာဇ်မင်းတစ်ပါး၏ တန်ခိုးစွမ်းအားများသည် အာကာသထဲတွင် ပြန့်ကျဲနေသည်။ တမင်တကာ မနှိပ်ကွပ်ထားပါက ၊ ဤတန်ခိုးစွမ်းအား၏ လက်အောက်တွင် ကမ္ဘာကြီးတစ်ခုလုံးကို ပြိုကွဲသွားမည်ကိုစိုးရိမ်ရသည်။

တိုက်မြေပြင်ပ နယ်မြေရှိ မူလဘိုးဘေးဆယ်ဦး၏ မျှော်လင့်ချက်ဖြစ်‌သည့် ၊ တစ်ဖန် ဤမြေတွင် အပြင်းထန်ဆုံးသော ပုဂ္ဂိုလ်ဖြစ်သော ယွမ်ဧကရာဇ်မင်းလည်း ရှိနေသည်။

ဤအခိုက်အတန့်တွင် သူသည် သစ္စာရှိသော ကျေးကျွန်တစ်ဦးကဲ့သို့ အမှန်တကယ်ပင် ဦးညွှတ်ကာ ဒူးထောက်နေသည်။

သူ့လေသံသည် ရိုသေမှု လေးစားမှုအပြည့်ဖြင့်။

“စူးယွမ်၊ အိမ်တော်သခင်ကို ဂါရဝပြုပါတယ်!”

အပိုင်း(၅၀၅): ရွှမ်ယွမ်အမတဧကရာဇ်မင်း! ဒဏ္ဍာရီလာပြန်လာပြီ

မူလဘိုးဘေးဆယ်ဦးသာ ဤမြင်ကွင်းကို မြင်တွေ့မိပါက ၊

လန့်ဖျပ်ကာ သေသွားနိုင်သည်။

မိမိတို့၏ တိုက်မြေပြင်ပနယ်မြေတွင် အသန်မာဆုံးဟု ယူဆရသောပုဂ္ဂိုလ်သည် အဆိုပါ ကြီးကျယ်ခမ်းနားသော အသွင်ပုံရိပ်၏ရှေ့မှောက်တွင် ဒူးတစ်ဖက်ထောက်ကာ လေးစားမှုအပြည့်ရှိသော အမူအရာမျိုးဖြင့် တကယ်ကြီး ရှိနေလေသလော။

ဝီ!

မှုန်ဝါးဝါးအသွင်ပုံရိပ်ဖြင့် ထိုပုဂ္ဂိုလ်သည် လုံးလုံးလျားလျား ထွက်ပေါ်လာချိန်မှာတော့ ၊

အာကာသတစ်ခုလုံးသည် ယခုအချိန်တွင် အလွန်ငြိမ်သက်နေပုံရပြီး ၊ လေထုထဲ၌ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများဖြင့် ပြည့်နှက်သွားသည်။

လွန်စွာ‌အားကောင်းသော အဆိုပါစွမ်းအား၏ သက်ဝင်စီးဆင်းမှုအောက်တွင် ၊ ဤနေရာတစ်ခုလုံးသည် အမတနယ်မြေစက်ကွင်းအဖြစ် ပြောင်းလဲသွားခဲ့ပုံရသည်။

“ စူးယွမ်၊ မင်း ကောင်းကောင်းလုပ်ခဲ့တယ်”

ကြီးကျယ်ခမ်းနားသော အသွင်ပုံရိပ်သည် ခေါင်းတညိတ်ညိတ်ဖြင့် ။

“ဒီနှစ်တွေထဲမှာ ၊ မင်းလည်း ပင်ပန်းခဲ့ရောပေါ့”

“မခံယူဝံ့ပါဘူး!”

စူးယွမ်သည် ကြောက်ရွံ့ရိုသေသော အမူအရာဖြင့် ရှိနေသည်။

“မိသားစုရဲ့ စိုးရိမ်ပူပန်မှုတွေကို မျှဝေခံစားရတာ ၊ တကယ်ကို ဂုဏ်ယူမိပါတယ်”

တစ်ချိန်တည်းမှာပင်။

စူးယွမ်၏ နှလုံးသားသည် ပြင်းထန်စွာ တုန်လှုပ်သွားသည်။ သူ၏ အိမ်တော်သခင်မှာ ကပ်ဘေးကိုးပါး အမတရှင်ဧကရာဇ်မင်းတစ်ပါး ဖြစ်သည်။

“သက်ရှိသတ္တဝါအပေါင်းသည် တူညီသော မူလရင်းမြစ်မှ ပေါက်ဖွားကာ ၊ လူအားလုံး၏ စိတ်နှလုံးများသည် တစ်သားတည်း ဖြစ်ကုန်၏”

“ မိုးမြေတို့သည် တူညီသော မူလရင်းမြစ်မှ ပေါက်ဖွားကာ ၊ လမ်းစဉ်သည် သဘာဝအတိုင်းဖြစ်တည်၏ “

“ မဟာလမ်းစဉ်တို့သည် တူညီသော မူလရင်းမြစ်မှ ပေါက်ဖွားကာ ၊စည်းမျဉ်းများသည် တစ်နေရာတည်းသို့ ရောက်ရှိကုန်၏”

ဤပုဂ္ဂိုလ်သည် အမတနယ်မြေရှိလူတိုင်း၏ လေးစားမှုကို ခံယူရသည့် ရွှမ်ယွမ်အမတဧကရာဇ်မင်း ဖြစ်သည်။

ထို့အပြင် စူးယွမ်၏ အရည်အချင်းသည် စူး တစ်မိသားစုလုံးတွင် မဆိုစလောက်သော အရည်အချင်းရှိသည်ဟု ဆိုရပေမည်။ သူသည် ရွှေအမတနယ်ပယ်အဆင့်ထိသာ ကျင့်ကြံနိုင်သေးသည်။

သူသည် ဤတိုက်မြေပြင်ပနယ်မြေတွင် ပေါ်ထွက်လာနိုင်သည့် အကြောင်းရင်းမှာ သူ၏ ကျင့်ကြံမှုအများစုကို ထိပ်တန်းလျှို့ဝှက်နည်းလမ်းဖြင့် ချိတ်ပိတ်ထားသောကြောင့် ဖြစ်သည်။

သူသည် အမည်မသိ လျို့ဝှက်ချက်များကို ရှာဖွေရန် တိုက်မြေပြင်ပနယ်မြေသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

တစ်ချိန်က၊ ဗဟိုအမတနယ်မြေသည် အလွန်ကျယ်ပြောပြီး အကန့်အသတ်မရှိသော နယ်မြေတစ်ခုဖြစ်သည်။

၎င်း၏နယ်နိမိတ်တွင်၊ ဟုန်မုန် နယ်မြေ ဟု ခေါ်သော အမည်မသိနယ်မြေတစ်ခုရှိသည်။

သို့သော် ထိုအကြီးစားစစ်ပွဲအပြီးတွင် ၊ ဗဟိုအမတနယ်မြေသည် စည်းတံဆိပ်ခတ်ခံလိုက်ရပြီး ဟုန်မုန်နယ်မြေသည်လည်း ကြေမွပျက်စီးကာ နေရာအနှံ့ကြွေကျသွားခဲ့သည်။

အကြီးမား‌ဆုံးအပိုင်းအစများသည် တိုက်မြေ သုံးထောင်ထဲသို့ ကျဆင်းသွားကာ နောက်ဆုံးတွင် တိုက်မြေပြင်ပ အာကာသပင်လယ်နှင့် ပေါင်းစပ်သွားခဲ့သည်။

ကွေးယွမ်အမတဂိုဏ်း၏ ရည်မှန်းချက်မှာ တိုက်မြေပြင်ပ၏ မူလရင်းမြစ် ၊ တစ်နည်းအားဖြင့် အမတရင်းမြစ်အူတိုင်ကို ရယူရန်ဖြစ်သည်။

သို့သော်၊ သူတို့မိသားစု အလိုရှိသည်မှာ ဟုန်မုန်နယ်မြေ၏ အပိုင်းအစတစ်ခုလုံးကို ရရှိရန်ဖြစ်သည်။

ဟုန်မုန်နယ်မြေ၏အပိုင်းအစများနှင့် ပတ်သတ်၍၊ စူးယွမ်သည် သဲလွန်စအနည်းငယ်သာ ရရှိထားခဲ့သည်။

အမတနယ်မြေသည် ယခုထိတိုင် မဆင်းသက်သေးပေ။ သို့ဖြစ်ရာ နိယာမစည်းမျဉ်းများသည် မတည်ငြိမ်သောကြောင့် သူသည် ဟုန်မုန်နယ်မြေ၏ အပိုင်းအစများကို ရှာမတွေ့ခဲ့ပေ။

သို့သော် ၊ အိမ်တော်သခင်အား ဤနေရာသို့ကြွရောက်လာစေသည့်အထိ မည်သည့်အရာကများ သူ့ကိုဆွဲဆောင်ခဲ့လေသနည်း။

ရုတ်တရက်၊ စူးယွမ်သည် တစ်ခုခုကို တွေးလိုက်မိပုံရသည်။

သူတို့မိသားစု၏ သခင်ငယ်လေးသည် တိုက်မြေ သုံးထောင်၌ ရှိနေသည်ကို သူ သိထားပုံရသည်။

“ မဟုတ်မှလွဲရော..”

ဤအခိုက်အတန့်တွင်၊ ရွှမ်ယွမ်အမတဧကရာဇ်မင်းသည် ဖြည်းညှင်းစွာ ဆိုလိုက်သည်။

“ ဟုန်မုန်နယ်မြေကိစ္စကို ခုချိန် ဘေးခဏဖယ်ထားလိုက်ကြရအောင်”

“ တိုက်မြေပြင်ပက ကောင်တွေက ငါ့ စူးမိသားစုရဲ့သခင်ငယ်ကို အနိုင်ကျင့်ခဲ့တယ်၊ ဒီကိစ္စနဲ့ပတ်သတ်ပြီး မင်း ဘာလုပ်ရမယ်ဆိုတာ သိမှာပါ”

ထိုစကားများ ထွက်လာသည်နှင့် ။

မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ စူးယွင်၏ မျက်နှာသည် ထိတ်လန့်ကာ ဖြူဖျော့သွားခဲ့သည်။

သူသည် အမတနယ်မြေ၏ အရေးကိစ္စများကို မသိသလို စုံစမ်းခြင်းလည်းမရှိခဲ့ပေ။

စူး မိသားစုမှ အဖွဲ့ဝင်တစ်ဦးအနေဖြင့် ၊ သူသည် စကားအများကြီး ပြောစရာမလိုသလို ၊ မေးခွန်းထုတ်စရာလည်း မလိုချေ။ ခိုင်းသည့်အတိုင်း လုပ်ဆောင်ရမည်မှာ သူ၏တာဝန်သာဖြစ်သည်။

သို့သော် သူ့တွင် ‌မေးခွန်းတချို့ရှိနေသည်။

ကွေးယွမ် သူတော်စင် နယ်မြေသည် အဘယ့်ကြောင့် ဤမျှဒေါသထွက်နေရသနည်း။

အဘယ်ကြောင့် တပ်ဖွဲ့ဝင်များစွာ စေလွှတ်၍ တိုက်မြေပြင်ပ နယ်မြေကို ဝိုင်းရံထားသနည်း။

ရွှမ်ယွမ်အမတဧကရာဇ်မင်းသည် စူးယွမ်ကို ပို၍နားလည်သဘောပေါက်သွားစေရန် ကူညီပေးခဲ့သည်။

ဝီ! !

သူ့လက်ချောင်းထိပ်များမှ တောက်လောင်နေသော နတ်အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး စူးယွမ်၏ အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်သွားခဲ့သည် ။

အမှန်တရားကို သိရှိပြီးနောက်။

ရွှေအမတအဆင့်အထိ ကျင့်ကြံနိုင်ခဲ့သော စူးယွမ်သည် အလွန်ထိတ်လန့်သွားပြီး ယိုင်လဲလုနီးပါး ဖြစ်ခဲ့ရသည်။

“ ချန်ကဲ သခင်ငယ်..”

“ ကွေးယွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူ..”

“ သံသရာစက်ဝန်း အမတမင်းဆက်....”

“အဲဒီလူကြီးမင်းနှစ်ယောက်ရဲ့သား..”

ဤစကားများကိုရေရွတ်လိုက်တိုင်း ၊ သူ့စိတ်တစ်ခုလုံး တုန်လှုပ်ချောက်ခြားသွားသည်။

“ ယောင်ကွမ်အမတဂိုဏ်းကတောင် သူ့အတွက် အရေးယူလာခဲ့တယ်...”

ဤအရာအားလုံးသည် တားမြစ် အင်အားစုများ ဖြစ်ကြသည်။

ဤမျှကြီးကျယ်သော နောက်ခံအာဏာရှိပါက၊ လောကအနှံ့ အထိန်းအကွပ်မရှိ လွတ်လပ်စွာ သွားလာနိုင်ပေတော့မည် မဟုတ်လော။

အမတသခင်တရားစီရင်ရေးရုံးတော် ၊ အန္တိမတာအိုတရားစီရင်ရေးအဖွဲ့ ၊ ကွေးရွှီတွင် သိုဝှက်စွာဖြင့် နှစ်ပေါင်းမရေတွက်နိုင်အောင် တည်ရှိလာခဲ့သည့် နတ်ဘုရားတရားစီရင်ရေးအဖွဲ့ပင်လျှင် ဝေးဝေးကနေ လျှောက်ရပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် ၊ စူးယွမ်သည် ပို၍ပင် စိတ်လှုပ်ရှားနေခဲ့သည်။

သူတို့တားမြစ် စူး မိသားစုတွင် ထိုကဲ့သို့သော သခင်ငယ်တစ်ဦးရှိနေသည်။တစ်နည်းအားဖြင့်၊ တားမြစ် အင်အားစုနှစ်ဖွဲ့သည် သူတို့နှင့် အတူတူ ရပ်တည်ပေတော့မည် မဟုတ်လော။

နောက်ဆို ဘဝကြီးသည် ပို၍အဆင်ပြေလာပေတော့မည် မဟုတ်လော။

မယုံနိုင်စရာကောင်းသော နောက်ခံကို ပိုင်ဆိုင်ထားသည့် သခင်ငယ်တစ်ဦး ရှိနေခြင်းကြောင့် သူတို့ စူးမိသားစုတစ်ခုလုံး အကျိုးကျေးဇူး ခံစားရပေတော့မည်။

“ကောင်းပြီ၊ ဒီကိစ္စက လျှို့ဝှက်ချက်ပဲ”

“ အခု ချန်ကဲက လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခုမှာ ရှိနေတယ်လို့ ငါတို့ ခန့်မှန်းထားတယ်”

“သူဟာ တိုက်မြေပြင်ပက အနန္တဗလာ စကြဝဠာထဲမှာ ရှိနေလောက်တယ် ၊ သိပ်မကြာခင်မှာဘဲ သူ ထွက်ပေါ်လာလိမ့်မယ်”

ထို့နောက် ၊

ရွှမ်ယွမ်အမတဧကရာဇ်မင်းသည် သူ့လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်သည်။

မဟာလမ်းစဉ်၏ အမှတ်အသားများဖြင့် ထွင်းထုထားသော ၊ လမ်းစဉ်၏ နက်နဲဖွယ်ရာအနုပညာများ ဖြာထွက်နေသည့် အဖြူရောင်ကျောက်စိမ်းပြားသည် စူးယွမ်၏လက်ထဲသို့ ဖြည်းညှင်းစွာ ကျရောက်လာသည်။

အထူးသဖြင့် “စူး” ဟူသော ရှေးအက္ခရာကို ကြီးမားစွာ ရေးထိုးထားသည်။

အလွန်ကြောက်စရာကောင်းသော စွမ်းအားများ ကို ဖြန့်ကျတ်ထားပြီး ၊ ထိုစကားလုံးတစ်လုံးတည်းဖြင့် ဒေဝလောကတစ်ခွင်နှင့် စကြဝဠာကြီးတစ်ခုလုံးကို လှုပ်ခတ်‌သွားစေနိုင်သည်။

ဤသည်မှာ တားမြစ်စူးမိသားစု၏ လက္ခဏာအမှတ်အသား ဖြစ်သည်။ ဤကျောက်စိမ်းတိုကင်ပြားကို စူးမိသားစုမှ စူးချန်ကဲ အတွက် အထူးပြုလုပ်ထားခြင်းဖြစ်သည်။

“ချန်ကဲ ထွက်ပေါ်လာတဲ့အခါ ၊ ဒီကျောက်စိမ်းတံဆိပ်ကို သူ့ဆီ လွှဲပေးလိုက်ပါ “

“ငါတို့ စူးမိသားစုအကြောင်းကို မပြောနဲ့ ၊ အမတနယ်မြေ ဖွင့်လှစ်တဲ့တစ်နေ့ ၊ သူ အားလုံးကို သိလာလိမ့်မယ် “

ရွှမ်ယွမ်အမတဧကရာဇ်မင်းက ဆက်ပြောသည် ။

“ ဇီဝတားမြစ်နယ်မြေနဲ့ တိုက်မြေပြင်ပကိစ္စကို ငါတို့ ကွေးယွမ်အမတဂိုဏ်းနဲ့ ဆွေးနွေးပြီးပြီ”

“ဒီအညစ်အကြေးကောင်တွေကို သတ်လိုက်လည်း အသုံးမဝင်ဘူး ၊ အရေးကြီးတဲ့ အခိုက်အတန့်ကို စောင့်ပြီးမှ ချန်ကဲကို ဦးဆောင်‌ခိုင်းပြီး သူတို့ကို ချေမှုန်းမယ်”

“ မင်းတို့ ထာဝရည အင်ပါယာမြို့ကလည်း ချန်ကဲကို ကူညီလိုက်ပါဦး “

ထိုစကားကိုကြားတော့ ၊ စူးယွမ်က ဆောလျင်စွာ ဦးညွှတ်လိုက်ပြီး ။

“စိတ်မပူပါနဲ့ အိမ်တော်သခင်!”

“ ကျွန်တော်တို့ ချန်ကဲသခင်ငယ်အတွက် ဘာမဆို လုပ်ဖို့အသင့်ပါပဲ!”

ထိုမြင်ကွင်းကို မြင်ပြီးနောက် ၊ သူသည် အနည်းငယ် ခေါင်းညိတ်ပြပြီး ညွှန်ကြားချက်အချို့ပေးပြီးနောက် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။

ရွှမ်ယွမ်အမတဧကရာဇ်မင်း၏ ရောင်ဝါသည် အပြီးတိုင် ပျောက်ကွယ်သွားပြီးနောက်မှသာလျှင်၊ စူးယွင်သည် ဒူးထောက်ရာမှထလာခဲ့သည်။

သူသည် စိတ်အာရုံဝေဝါးနေဆဲပင်ဖြစ်သည်။

“ ချန်ကဲသခင်ငယ်..”

ထိုစဉ်။

ထာဝရည အင်ပါယာမြို့တော်၏ အပြင်ဘက်မှ ထူးဆန်းသော လှိုင်းတံပိုးများ ရိုက်ခတ်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် အသံလှိုင်းတစ်ခု ထွက်ပေါ်လာသည်။

“နယ်မြေပြင်ပမှာ ပရမ်းပတာဖြစ်နေပြီ၊ ​​စစ်ပွဲမီးတောက်တွေနဲ့ ပြည့်နှက်နေပြီ ၊ ကျူးကျော်တဲ့ရန်သူတွေကို ချေမှုန်းဖို့ ဧကရာဇ်ယွမ်ကို ကျွန်တော်တို့ တောင်းဆိုပါတယ် “

ထိုစကားကိုကြားလိုက်ရသည်နှင့် ၊ စူးယွမ်၏ မျက်လုံးများသည် အေးစက်စွာ တောက်ပလာသည်။

“မင်းတို့က ငါ့ စူး မိသားစုရဲ့ သခင်ငယ်ကိုလည်း အနိုင်ကျင့်သေးတယ် ၊ ငါ့ကိုလည်း ဝင်စွက်ဖက်ခိုင်းနေတယ်ပေါ့”

“ဟွန်း... အတော်လေးကို နှလုံးသားကြီးမားပေတယ်!”

……

ဤအခိုက်အတန့်တွင် ၊ မူလဘိုးဘေးလေးဦးတို့သည် လေးနက်မှုအပြည့်ဖြင့် ဤနေရာတွင် စိုးရိမ်တကြီးစောင့်ဆိုင်းနေကြသည်။

သူတို့သည် ထာဝရည အင်ပါယာမြို့တော်ရှေ့တွင် ရှိနေကြသော်လည်း ၊ အဝေးကနေပင် နတ်အလင်း၏ ဟောက်သံသည် ကြားနေရသည်။

တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအင်လှိုင်းတံပိုးများသည် သူတို့အား ရင်တုန်စေသည့်ခံစားချက်ကို ဖြစ်ပေါ်စေသည်။

စူးယွမ်သည် အရေးယူခြင်းမပြုပါက၊ သူတို့သည် သင်္ချိုင်းမြေမရှိဘဲ သေချာပေါက်သေရပေတော့မည်။

ထို့ကြောင့်မည်မျှပင် ကုန်ကျပါစေ ၊ ဧကရာဇ် ယွမ်ကို အရေးယူပေးရန် တောင်းဆိုရပေတော့မည်။

“ဧကရာဇ် ယွမ် ရောက်လာပြီ!”

ထိုအချိန်တွင် အင်ပါယာမြို့တော်မှ ကြွေးကြော်သံ ထွက်ပေါ်လာသည်။

ထာဝရည အင်ပါယာမြို့တော်၌ ကြီးကျယ်ခမ်းနားသော နိယာမလှိုင်းတံပိုးများ ရိုက်ခတ်နေသည်။

ဝုန်း !!

မရေမတွက်နိုင်သော ကြောက်မက်ဖွယ်ကောင်းသော နတ်အလင်းတန်းများသည် ကောင်းကင်သို့ ပျံတတ်သွားပြီး အဆုံးတွင် လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းလမ်းတစ်ခုကို ဖန်တီးခဲ့ပြီး မူလဘိုးဘေးလေးဦး၏ ရှေ့မှောက်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။

အပေါ်၌ မဟာဧကရာဇ်မင်းအဆင့်ရှိ မိုးနဂါးကြီးလေးကောင်သည် စီးတော်ယာဉ်ကို ထမ်းပိုး၍ ကွက်လပ်ကို ဖြိုခွင်းကာ ဆင်းသက်လာသည်။

မူလဘိုးဘေးလေးဦးတို့သည် လျစ်လျူမရှုဝံ့ဘဲ ဆောလျင်စွာ ဦးညွှတ်လိုက်ကြသည်။

“ ဧကရာဇ် ယွမ် ဘုရင်မင်းမြတ်ကို နှုတ်ခွန်းဆက်သပါတယ်”

ယခုတစ်ကြိမ်တွင် ၎င်းတို့သည်

“ ဘုရင်မင်းမြတ်” ဟူသော စကားလုံးကို ရိုသေစွာ ထည့်သွင်းခဲ့သည်။

တိုက်မြေပြင်ပ၏ မူလဘိုးဘေးများအနေဖြင့်၊ ဤတစ်ကြိမ်တွင် မိမိ၏အဆင့်အတန်းကိုနှိမ့်ချ၍ ဧကရာဇ်ယွမ်ကို အကူအညီတောင်းရမည် ဖြစ်သည်။

ဧကရာဇ်ယွမ်ကို မြင်လိုက်သည့်အခိုက်တွင်၊ ၎င်းတို့လေးဦးသည် ရိုသေစွာ ဦးညွှတ်ကာ လျှောက်ထားလေသည်။

“ ဧကရာဇ်ယွမ် ဘုရင်မင်းမြတ် ၊ လက်ရှိမှာ ကွေးယွမ်သူတော်စင်နယ်မြေက တပ်ဖွဲ့တွေကို စေလွှတ်လာခဲ့တယ် ၊ အခြေအနေတွေက အရေးပေါ်ဖြစ်လို့ တိုက်မြေပြင်ပနယ်မြေအတွက် ဆိုးရွားတဲ့ အခြေအနေကို ရောက်နေပါပြီ”

“ ဧကရာဇ်ယွမ် ဘုရင်မင်းမြတ် ၊ ဒီအခြေအနေဆိုးကြီးကို ကျော်လွှားနိုင်စေဖို့ ကျေးဇူးပြုပြီးကူညီပေးပါ”

“ ဧကရာဇ်ယွမ် ဘုရင်မင်းမြတ် ၊ ဒီအခြေအနေဆိုးကြီးကို ကျော်လွှားနိုင်စေဖို့ ကျေးဇူးပြုပြီးကူညီပေးပါ”

“……..”

ထိုမြင်ကွင်းကိုမြင်တော့။

စူးယွမ်သည် ရှုံ့ချသော အကြည့်များဖြင့် ရယ်မောလိုက်သည်။

တားမြစ် စူးမိသားစုမှ သခင်ငယ်ကို အနိုင်ကျင့်ပြီး ၊ တားမြစ် စူး မိသားစုကို သူတို့အား အကူအညီပေးရန် တောင်းဆိုနေသည်။

ဤလုပ်ရပ်သည် တကယ်ကို ရယ်စရာကောင်းပေသည်။

ဘိုးဘေး၏ ညွှန်ကြားမှုကြောင့်သာ မဟုတ်ပါက ၊

သူသည် ဤအမှိုက်များကို သေသည်အထိ ရိုက်နှက်ပြီးပြီ ဖြစ်သည်။

သို့သော် စူးယွမ်မှ ဘာမှမပြောရသေးခင်။

ဝုန်း !!

ထာဝရည အင်ပါယာမြို့တော်၏ မိုင်သုံးထောင်ဝေးသော နေရာတွင် ၊

အဆုံးမရှိသော နိယာမလှိုင်းတံပိုးများ တဟုန်ထိုး တတ်လာပြီး ၊ထောင်ပေါင်းများစွာသော နတ်အလင်းတန်းများ ပစ်ခွင်းဝင်ရောက်လာသည်။

တုနှိုင်းမယှဉ်အောင် တောက်ပသော နေရောင်သည် အပျက်အစီးများထဲကနေ တဖြည်းဖြည်း ထွက်ပေါ်လာပုံရသည်။

ထိုနေရာမှ လှုပ်ရှားမှုသည် လူတိုင်း၏အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။

ပြင်ပမဟာဧကရာဇ်မင်း တစ်ဦးကို လက်သီးတစ်ချက်တည်းဖြင့် ထိုးသတ်လိုက်သော တိ့ကျန့် မဟာဧကရာဇ်မင်းသည် ထိုနေရာကို ထိတ်လန့်တကြားကြည့်နေရင်းမှ ရုတ်ချည်းဆိုသလို ရွှင်မြူးသွားသော လေသံဖြင့် ။

“ဒီရောင်ဝါ....”

“ချန်ကဲ!?”

All Chapters