အခန်း (၅၁၈-၅၂၂)
Vol. 38 Ch. 518-522
အပိုင်း(၅၁၈): ဇီဝတားမြစ်နယ်မြေကို စစ်ချီတော့မည်
ကိစ္စများကိုရှင်းပြပြီးနောက် ၊
ပိုင်ယင်အမတဧကရာဇ်မင်းသည် ချက်ချင်းလက်ငင်း အကြီးအကဲများကို စုဝေးကာ တိုက်မြေ သုံးထောင်ဆီသို့ ကိုယ်စားလှယ်များ စေလွှတ်ရန် အကြံဉာဏ်များရယူခဲ့သည်။
ဘုရင်မကြီး၏အလိုဆန္ဒသည် နိုင်ငံတော်၏ ဦးတည်ချက်ပင် ဖြစ်သည်။
ထျန်းရှီဘုရင်မသည် ထျန်းချီနိုင်ငံတော်၏ ဒုတိယမြောက် ဘုရင်တစ်ပါးဖြစ်သည့်နှင့် အလျောက် သူတို့အနေဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်မည်မှာ မလွဲဧကန်ပင်။
ပလ္လင်တော်ပေါ်တွင်။
တလိပ်လိပ် ရိုက်ခတ်နေသော နိယာမလှိုင်းတံပိုးသမုဒ္ဒရာကို ကြည့်ရင်း ၊ ထျန်းရှီဘုရင်မက ရေရွတ်လိုက်သည်။
“ နောက်ထပ် ခေတ်သစ်တစ်ခု ပြန်လည်ပေါ်ထွက်လာပြီလား ..”
ထျန်းရှီဘုရင်မ၏ မျက်လုံးများသည် တဖြေးဖြေး ပိတ်သွားသည်နှင့်အမျှ ၊ ပတ်ဝန်းကျင်တစ်လျှောက်တွင် လှိုင်းထနေသော နိယာမလှိုင်းတံပိုးများသည် ဖြည်းဖြည်းချင်း ငြိမ်သက်သွားခဲ့သည်။
သူမ၏အတွေးများမှာ ဆက်လက် တည်ရှိနေဆဲပင် ဖြစ်သည်။
ဤအချိန်တိုင်းတွင် သူမသည် မိမိကိုယ်ကို အတိတ်က အမှတ်တရများထဲသို့ နှစ်မြှုပ်လေ့ရှိသည်။
အတိတ်ကို ပြန်လည်သတိရခြင်းသည် နာကျင်ဖွယ်ကောင်းသော အရာတစ်ခုဖြစ်သည်။ အထူးသဖြင့် ခွဲခွာရသော အတိတ်များကို ပြန်လည်သတိရခြင်းသည် ပို၍ပင် နာကျင်ရသည် ။
သို့သော် ၊ သူမသည် ဤကဲ့သို့ မဖြစ်မနေ လုပ်ကိုလုပ်ရလိမ့်မည်။
လူတစ်ဦးသည် မသေနိုင်ဘဲ အဆုံးမရှိသော နှစ်ကာလတစ်လျှောက် နေထိုင်လာရချိန်တွင် ၊ မိမိစိတ်ထဲက အရေးကြီးဆုံးလူအား မေ့လျော့သွားမည်ကို ကြောက်ရွံ့မိသည်။
[ ပုံရိပ်ထဲတွင်၊ ထိုအချိန်က အလွန်အေးသော ဆောင်းရာသီတစ်ခု ဖြစ်ခဲ့ပြီး၊ သွေးချောင်းများ စီးခဲ့ရသော ဆောင်းရာသီလည်း ဖြစ်ခဲ့သည်]
[သူမတို့၏မိသားစုအားလုံးသည် သားရဲကောင်များ၏ အစာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်]
[ ပါးလွှာသော အဖြုရောင်ဂါဝန်ထည်ကို ဝတ်ဆင်ထားသော ကလေးမလေး တစ်ဦးသည် သွေးစွန်းနေသော အထည်စတစ်ခုကို လက်ထဲတွင် ဆုပ်ကိုင်ထားရင်း၊ နှင်းခဲများပေါ်တွင် ဒူးထောက်ထိုင်ကာ အော်ဟစ်ငိုကြွေးနေခဲ့သည်]
[ထျန်းချီနိုင်ငံတော်၏ ဘုရင်မှ ခေါ်ဆောင်သွားခြင်းမခံရမီ၊ ထိုကလေးမလေးသည် ရေခဲများဖြင့် ခဲနေသည့်ကျောက်ပုံတစ်ခုဆီသို့ သုံးကြိမ်တိုင်တိုင် ဦးတိုက်ကာ အက်ကွဲသံဖြင့် ဆိုလိုက်သည်။
“အစ်ကို ဘယ်နေရာပဲရောက်ရောက်... ရှီအာ... အစ်ကို့ကို ရအောင်လိုက်ရှာမယ်...” ]
[နောက်ဆုံးတွင်၊ ကလေးမလေးသည် နောက်သို့ ပြန်လှည့်မကြည့်ဘဲ ထွက်ခွာသွားခဲ့သည်။ သွေးစွန်းနေသော အထည်စသည် လေအေးတို့နှင့်အတူ လွင့်မျောကာ၊ နောက်ဆုံးတွင် နှင်းများအောက်၌ မြုပ်နှံသွားခဲ့လေတော့သည် ]
ထျန်းရှီဘုရင်မသည် စိုစွတ်နေသော မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး၊ တီးတိုးရွတ်ဆိုလိုက်သည် ။
“ နှင်းများက ထိုအနှီသူကို ဖုံးလွှမ်းသွားကာ ၊ အရိုးနှင့်အသားများသည် ဖုန်မှုန့်အဖြစ် ဆွေးမြေ့ကောင်း ဆွေးမြေ့သွားပေမည် “
“ငါ မေ့မသွားသရွေ့၊ သူသည် ဆက်လက် အသက်ရှင်နေပေဦးမည် “
ဤဘဝတွင် ထျန်းရှီဘုရင်မသည် မိမိ၏အစ်ကိုဖြစ်သူမှာ အရင်ကအမှတ်တရများကို ပြန်လည်မှတ်မိလိမ့်မည်ဟု မျှော်လင့်မထားချေ။
အတိတ်ကို မေ့သွားပါစေ ၊
သူမကိုတောင် မေ့သွားပါစေ ၊
ဤဘဝတွင် အစ်ကိုဖြစ်သူကို ဘေးရန်ကင်းကွာပျော်ရွှင်စေချင်သည်မှာ သူမ၏ တစ်ခုတည်းသော ဆန္ဒပေတည်း။
“ဒီဇာတ်လမ်းကြီးက ခေတ်ကာလ မရေတွက်နိုင်အောင် ရှည်လျားခဲ့ပြီးပြီ ၊အခုတော့ အဆုံးသတ်သင့်ပြီ.....”
...….
တစ်ချိန်တည်းမှာပင်။
တိုက်မြေ သုံးထောင်၌ ၊
နယ်မြေပြင်ပ စစ်ပွဲကြီးသည် ဤမျှနှင့် အဆုံးသတ်သွားသော်လည်း၊ သို့သော် တိုက်ပွဲသည် အဆုံးမသတ်သေးပေ။
ယခုအချိန်တွင် တိုက်မြေသုံးထောင် တစ်ခုလုံးသည် နောက်ထပ်စစ်ချီတတ်ရန် လက်နက်များ၊ မြင်းများနှင့် မီးကျည်များကို အသင့်ပြင်ဆင်နေကြသည်။
ယနေ့သည် သူတို့တိုက်မြေသုံးထောင်မှ ဇီဝတားမြစ်နယ်မြေသို့ စစ်ချီတတ်မည့် နေ့ရက်ကြီး ဖြစ်သည်။
ဤကာလသည် ခေတ်သစ်တစ်ခုကို ဖော်ဆောင်ပေတော့မည်။
ကောင်းကင်အထက်တွင် ၊
မရေမတွက်နိုင်သော စစ်သင်္ဘောကြီးများ မျောလွင့်နေသည်။
မှော်သင်္ကေတတို့၏ ဟိန်းဟောက်သံများသည် လူ၏စိတ်ကို လှုပ်ခတ်သွားစေသည်။
၎င်းတို့အထက်တွင်၊ လက်နက်မျိုးစုံကို ကိုင်ဆွဲထားသော စစ်သည်တော်တို့သည် စစ်ချီရန် အသင့်စောင့်နေကြသည်။
“ဒီခေတ်မှာ ကွေးယွမ် သူတော်စင်နယ်မြေက တိုက်မြေသုံးထောင်ကို ဦးဆောင်ပြီး ဇီဝတားမြစ်နယ်မြေကို ချေမှုန်းလိမ့်မယ်လို့ ထင်မထားဘူး ၊ ဒီလိုစွမ်းဆောင်မှုမျိုးက တကယ်ကို မကြုံစဖူးပဲ!”
ခေတ်ဟောင်း စွမ်းအားရှင်တစ်ဦးက မျက်ရည်များဖြင့် တုန်တုန်ရီရီ ပြောဆိုလိုက်သည်။
“ငါတို့ တိုက်မြေသုံးထောင်မှာ ချန်ကဲ မဟာဧကရာဇ်မင်း ရှိနေမှတော့ ဇီဝတားမြစ်နယ်မြေကို မချေမှုန်းနိုင်စရာလား “
“ဟားဟားဟား! ချန်ကဲ မဟာဧကရာဇ်မင်းသာ ဇီဝတားမြစ်နယ်မြေကို ချေမှုန်းနိုင်ခဲ့ရင်၊ ဒီအောင်မြင်မှုကြီးက ခေတ်ကာလအဆက်ဆက် မှတ်ကျောက်တင်ခံရလိမ့်မယ်”
“ချန်ကဲ မဟာဧကရာဇ်မင်းရဲ့ ပါရမီက အနှိုင်းမဲ့ပဲ ၊ ငါတို့ တိုက်မြေ သုံးထောင်ရဲ့ သမိုင်းတစ်လျှောက်မှာ ပထမဆုံးသော ဧကရာဇ်မင်းတစ်ပါးပဲ ၊ အခုလည်း ဇီဝတားမြစ်နယ်မြေကို ချေမှုန်းမယ်ဆိုတော့ ဒါဟာလည်း ကောင်းကင်ဘုံရဲ့ အလိုတော်အတိုင်းပဲ”
တိုက်မြေပြင်ပရှိ မရေမတွက်နိုင်သော စွမ်းအားရှင်များသည် စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုနေကြသည်။
ဤခေတ်ကာလ၏ ကြီးကျယ်လှသော လုပ်ရပ်ကြီးကို နောက်ဆုံးတော့ သူတို့ကိုယ်တိုင်ပင် မျက်ဝါးထင်ထင် မြင်တွေ့ရပေတော့မည်။
တစ်ချိန်တည်းမှာပင်။
ကွေးယွမ် သူတော်စင်နယ်မြေ၏ ဘိုးဘွားပိုင်နယ်မြေတွင် ၊
ရှေးဘိုးဘေးများသည် တိုက်မြေပြင်ပက လူများ၏ ဆွေးနွေးသံများကို နားထောင်နေပြီး ၊ မုတ်ဆိတ်များကို သပ်ချရင်း ပြုံးရွှင်နေကြသည်။
“မှန်တယ်၊ ဒီခေတ်မှာ ချန်ကဲက ဦးဆောင်ပြီး ဇီဝတားမြစ်နယ်မြေကို ချေမှုန်းနိုင်ခဲ့ရင်၊ တိုက်မြေသုံးထောင် တစ်ခုလုံးက သူ့ကို ချီးကျူးဂုဏ်ယူကြလိမ့်မယ်”
“တိုက်မြေပြင်ပ တစ်ခုလုံးကို ပူးပေါင်းသိမ်းသွင်းနိုင်ခဲ့ပြီး ၊ ဇီဝတားမြစ်နယ်မြေကို ချေမှုန်းမယ် ၊ ဒီလိုလုပ်ရပ်မျိုးက ‘ကောင်းကင်ဘုံ’ ဆိုတဲ့ စကားလုံးနဲ့ လိုက်ဖက်ညီတယ် “
မျဲ့ရှန်း ရှေးဘိုးဘေးကလည်း အားရပါးရ ရယ်မောလိုက်ရင်း ဆိုလိုက်သည်။
“ကောင်းကင်ဘုံရဲ့ အလိုတော်အတိုင်း ဆောင်ရွက်ကာ ခေတ်ကာလနဲ့အညီ ပြောင်းလဲမှုကို လက်ခံမယ် ၊ ဒီခေတ်ရဲ့ ကောင်းကင်ဘုံဘုရင် မွေးဖွားလာခဲ့ပြီ”
ကောင်းကင်ဘုံ ကိုးဆင့်ထက်က တစ်ခုတည်းသော အင်အားစုဖြစ်သည့် ဇီဝတားမြစ်နယ်မြေသည် အမတလျှောက်လှမ်းမကျရောက်မီ တိုက်မြေသုံးထောင်ရှိ မရေမတွက်နိုင်သော သက်ရှိများ၏အသက်ကို ရိတ်သိမ်းခဲ့သည်။
အကျိုးဆက်အနေဖြင့် ဝမ်းနည်းကြေကွဲဖွယ်ရာ အခြေအနေများကို ဖြစ်ပေါ်စေခဲ့သည်။
သို့သော် ကမ္ဘာက မသိသေးသည့်အချက်မှာ-
ကွေးယွမ်အမတဂိုဏ်းသည် တိုက်မြေသုံးထောင်သို့ ဆင်းသက်လာစဉ်က ဇီဝတားမြစ်နယ်မြေ လေးခုအနက်မှ နှစ်ခုကိုသာ မဖျက်စီးခဲ့ပါက ၊
တိုက်မြေသုံးထောင်အတွက် ပို၍ကြီးမားသော စိတ်ဒဏ်ရာ ဖြစ်လာမည်ကို စိုးရိမ်ရသည်။
သို့သော် ၊မေးစရာရှိသည်မှာ ထိုစဉ်က ဇီဝတားမြစ်နယ်မြေအားလုံးကို အဘယ်ကြောင့် မဖျက်ဆီးခဲ့သနည်း။အဘယ့်ကြောင့်ဆိုသော် ကမ္ဘာ့ကပ်ဘေးစစ်ပွဲကြီး၏ ပြီးဆုံးကာလထဲသို့ ရောက်ရှိနေသောကြောင့်ဖြစ်သည်။
လူသားချင်းစာနာမှုအရ၊ ၎င်းတို့သည် ဇီဝတားမြစ်နယ်မြေ၏ နောက်ကွယ်ရှိ တားမြစ်ကုန်းပြင်မြင့်နှင့် အချေအတင်ငြင်းခုန်ရန် ပျင်းလွန်းလှသည့်အပြင် ပိုမိုကြီးမားသော စစ်ပွဲများ မဖြစ်ပွားစေရန် ရှောင်ရှားခဲ့ကြသည်။
သို့သော် ၊ ယခုအချိန်တွင် အခြေအနေများသည် လုံးဝပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
တားမြစ်ကုန်းပြင်မြင့်၏ မွေးထားသော ခွေးများသည် မျက်စိကန်းကာ မစော်ကားဝံ့သူကို စော်ကားလာခဲ့သည်။သို့ဖြစ်ရာ သခင်နှင့် ခွေး ကို တစ်ပြိုင်နက် အပြီးသတ်ရပေတော့မည်။
ထို့ကြောင့် ဇီဝတားမြစ်နယ်မြေဆိုသည့် ဤခွေးများကို အလဟဿမဖြစ်စေဘဲ၊ စူးချန်ကဲအား ကနဦးဂုဏ်အသရေကို ရရှိရန် အသုံးချပေမည်။
ထို့အပြင်၊ တိုက်မြေသုံးထောင်သည် ဗဟိုအမတနယ်မြေ၏ အရိပ်ကမ္ဘာတစ်ခု ဖြစ်သည်။
အခြေခံအားဖြင့် တိုက်မြေ သုံးထောင်သည် ဗဟိုအမတနယ်မြေနှင့် ခွဲ၍မရသော ဖြစ်တည်မှုဟု ဆိုရမည်။
အကယ်၍ စူးချန်ကဲသည် တိုက်မြေသုံးထောင်ရှိ သက်ရှိအားလုံး၏ ကောင်းကင်ဘုံဘုရင် တစ်ပါးအဖြစ် ချီးမြှောက်ခံရပါက၊ ဗဟိုအမတနယ်မြေ၏ ကြီးမားသော ကံစွမ်းအားများကိုပါ အလိုလိုရရှိမည် ဖြစ်သည်။
ဗဟိုအမတနယ်မြေ ပေါ်ထွန်းလာသည့်အခါတွင်၊ စူးချန်ကဲအတွက် ပိုမိုကြီးမားသော အကျိုးကျေးဇူးများ ရရှိဦးမည်မှာ မလွဲဧကန်ပင်။
“မပြောမဖြစ် ပြောရဦးမယ် ၊ ချန်ကဲ ရဲ့ အောင်မြင်မှုအရှိန်က တကယ်ကို မြန်တယ်”
မျဲ့ရှန်း ရှေးဘိုးဘေးသည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ရင်း ဆိုလိုက်သည်။
“ဘွဲ့အမည်တစ်ခုတောင် မခံယူရသေးဘဲ၊ ရှေးဟောင်းဧကရာဇ် အဆင့်သို့ ရောက်ရှိသွားပြီ “
“သုံးလအတွင်း ရှေးဟောင်းဧကရာဇ်အဆင့်ကို ကျော်ဖြတ်ပြီး ၊ တားမြစ်ကိုယ်ထည်ကိုပါ ထပ်မံ ရရှိခဲ့တယ် ၊ ဒီလိုအောင်မြင်မှုမျိုးကို အရင်က ဘယ်တုန်းကမှ မရှိခဲ့ဖူးသလို နောင်လည်း ဘယ်တော့မှဖြစ်လာမှာ မဟုတ်ဘူး”
မျဲ့ရှိန် ရှေးဘိုးဘေးက ဝင်ထောက်လိုက်သည်။
“ကောင်းကင်ဘုရင်’ ဆိုတဲ့ ဘွဲ့အမည်တစ်ခုတည်းနဲ့ ချန်ကဲရဲ့ပါရမီကို မဖော်ပြနိုင်ဘူး ၊ ‘ခေတ်ကာလအဆက်ဆက် တုနှိုင်းမယှဉ်နိုင်သော’ ၊ ‘ခေတ်အဆက်ဆက်ရဲ့ ပြိုင်ဘက်ကင်း’ ဧကရာဇ်တစ်ပါးဆိုမှ သူနဲ့ထိုက်တန်တယ်”
ထိုစကားကို ကြားပြီးနောက် ၊ မျဲ့ရှန်း ရှေးဘိုးဘေးသည် ပြုံးရွှင်စွာ ရယ်မောကာ ဆိုလိုက်သည်။
“ဟားဟားဟာ! ကောင်းတယ်၊ ကောင်းကင် နဲ့ သမိုင်းတစ်လျှောက် ထာဝရ တည်ရှိနေမှာ ငါ့သူတော်စင်နယ်မြေက ချန်ကဲတစ်ယောက်ပဲ ရှိတယ် “
သို့သော် ရှေးဘိုးဘေးနှစ်ဦးသည် ဤကိစ္စကို အကောင်အထည်ဖော်ရန် အလျင်မလိုပေ။
ဇီဝတားမြစ်နယ်မြေကို အပြီးသတ် ချေမှုန်းနိုင်သည့်နေ့တွင် ၊ သမိုင်းတစ်လျှောက် တစ်ဦးတည်းသော ကောင်းကင်ဘုံဘုရင် တစ်ပါး ပေါ်ထွန်းလာပေတော့မည်။
ထို့အပြင်၊ စူးချန်ကဲ၏ စွမ်းဆောင်မှုသည် အလွန် ထင်ရှားခမ်းနားရမည်။ သူ၏ ခွန်အားသည် အရာအားလုံးထက် သာလွန်နေရမည်။
လူတိုင်း၏ စိတ်နှလုံးသားကို ဆွဲဆောင်လိုပါက၊ သူသည် အပြည့်အဝ လွှမ်းမိုးနိုင်သော အနေအထားဖြင့် ပေါ်ထွက်လာရန်လိုအပ်ပေသည်။
……..
တစ်ချိန်တည်းမှာပင်။
တိုက်မြေသုံးထောင် အထက်၊
အကန့်အသတ်မဲ့ သမုဒ္ဒရာတွင် ။
စူးချန်ကဲသည် ကောင်းကင်ဘုံကိုးဆင့်၏ အထက်တွင် ရောက်ရှိနေပြီး၊ လေညှင်း၏ တိုက်ခတ်မှုအောက်တွင် သူ၏ အဖြူရောင် အဝတ် နှင့် နက်မှောင်သော ဆံနွယ်များက လေနှင့်အတူ လွင့်မျောနေသည်။
အောက်ဘက်တွင် ၊
လက်နက်များကို ဆွဲကိုင်လျက် ၊ စစ်သွေးကြွနေသော စစ်သည်တော်များသည် ထိုဝတ်ရုံဖြူ အသွင်ပုံရိပ်ကို ရိုသေစွာ ငေးမျှော်ကြည့်နေကြသည်။
သူ့ကို ဗဟိုပြုလျက် ၊ တိ့ကျန့် မဟာဧကရာဇ်မင်း ၊ ဟွမ်ထျန်း မဟာဧကရာဇ်မင်း၊ ပိုင်ကျန့် မဟာဧကရာဇ်မင်း ၊ ရွှမ်ယွီဧကရီ၊ နှင့် ထျန်းတု မဟာဧကရာဇ်မင်း၊ ယွီ့ထျန်း မဟာဧကရာဇ်မင်း တို့ပါဝင်သော ကွေးယွမ်သူတော်စင်နယ်မြေ၏ ထိပ်တန်း မဟာဧကရာဇ်မင်းခြောက်ပါးသည် ဤနေရာတွင် စုဝေးနေကြသည်။
ဒါတင်မက၊ တိုက်မြေသုံးထောင်ရှိ မဟာဧကရာဇ်များစွာတို့သည် ၎င်းတို့၏နောက်တွင် ရပ်တည်နေကြသည်။
ကောင်းကင်ပြင်တွင် ရပ်နေရုံမျှဖြင့် ၊ မဟာဧကရာဇ်မင်းတို့၏ ဧကရာဇ်တန်ခိုးစွမ်းအားများသည် လှိုင်လှိုင်ထနေသကဲ့သို့ ခံစားရသည်။
ထိတ်လန့်ဖွယ်ကောင်းသော ရောင်ဝါများကြောင့် လေနှင့် တိမ်တိုက်များ ကြမ်းတမ်းစွာ ရိုက်ခတ်နေသည်။
စူးချန်ကဲ၏ မျက်လုံးများသည် အေးဆေးတည်ငြိမ်စွာရှိနေပြီး၊ မဟာဧကရာဇ်မင်းများ၏အလယ်တွင် ရှိနေသည်မှာ ကြယ်များ၏ ဝန်းရံခြင်းကိုခံထားရသော လမင်းပမာ ထင်ရှားနေသည်။
ထိုအချိန်တွင်၊ သူသည် အောက်ဘက်ရှိ တပ်ဖွဲ့ကြီးဆီသို့ နောက်တစ်ကြိမ် ငုံ့ကြည့်လိုက်သည်။
သူနှင့် ရင်းနှီးသောမျက်နှာများစွာ ရှိနေပြီး၊ ကုံလမ်းစဉ်ဂိုဏ်းဟု လူသိများသော လော့ဟယ် ဓားဂိုဏ်းသည်ပင် တပ်ဖွဲ့ကြီးတစ်ခုကို စေလွှတ်ကာ ပါဝင်အားဖြည့်လာခဲ့သည်။
ထိုတပ်ဖွဲ့ကြီးကို ဝူကျီအောက်ထျန်း ကိုယ်တိုင် ဦးဆောင်ထားသည်။
“ ဆရာတူအစ်ကို ဒီလောက်ထိ သူရဲကောင်းဆန်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး ၊ သူက ငါတို့အတွက် တကယ်ကို စံပြတစ်ယောက်ပဲ!”
“မှန်တယ်၊ စီနီယာအစ်ကိုမှာ တရားမျှတမှုရှိသေးတာပဲ!”
“ ဆရာတူအစ်ကိုက တခါက ပြောဖူးတယ် ၊ ကုံ က ကုံ ပဲ ၊ သူရဲဘောကြောင်တာက သူရဲဘောကြောင်တာပဲ ၊ ငါတို့က ကုံလမ်းစဉ်ကို ကျင့်သုံးပေမယ့် ဒါပေမဲ့ တိုက်မြေသုံးထောင်နဲ့ အတူ ရပ်တည်ရမယ်!”
လော့ဟယ်ဓားဂိုဏ်း၏ တပည့်များအားလုံးသည် ဝူကျီအောက်ထျန်းကို အထင်ကြီးလေးစားနေကြသည်။
သူတို့၏ ဆရာတူအစ်ကိုသည် သူရဲဘောကြောင်သူ မဟုတ်ခဲ့ပေ။
ထို့အပြင် တရားမျှတမှုကို လက်ကိုင်ထားသေးသည်။
သို့သော် သူတို့မသိခဲ့သည်မှာ ၊
ဝူကျီအောက်ထျန်း၏ စိတ်ထဲမှာ နောက်ထပ် အစီအစဉ်တစ်ခု ရှိနေခဲ့ခြင်းပင် ဖြစ်သည်။
“ဟိုးအပေါ်က ဝတ်ရုံဖြူကို မြင်တယ်မလား !”
“အဲ့တာ ငါတို့စစ်ပွဲရဲ့ခေါင်းဆောင်ပဲ”
“ လူသတ်နတ်ဘုရား တစ်ယောက်လုံးရှိနေတာ ၊ ငါ ဝူကျီအောက်ထျန်းက ဘာမူစရာရှိတုန်း”
“နည်းနည်းလေး အားစိုက်ထုတ်ပြလိုက်တာနဲ့ စစ်မြေပြင်မှာ ရေညစ်ထဲငါးဖမ်းနိုင်ရုံတင် မကဘူး ၊ နာမည်ကောင်းလည်း အချောင်ရဦးမှာ ၊ ဒါတင်မကဘူး စစ်ပွဲအတွင်း ရတနာအချို့ကိုလည်း စုဆောင်းနိုင်သေးတယ် ၊ ဒါ တချက်ခုတ် နှစ်ချက်ပြတ်ပဲ မဟုတ်လား ?”
ကုံကျင့်စဉ်၏ အနှစ်သာရများထဲမှ တစ်ခုမှာ - အားမစိုက်ဘဲ လှဲနေလို့ရရင် ဘာကြောင့် ကြိုးစားနေဦးမှာလဲ?
အကောင်ကြီးကြီးနောက်လိုက်ပြီး ၊ အခွင့်အလမ်းစုဆောင်းတာက ပိုမကောင်းပေဘူးလား?
အပိုင်း(၅၁၉): ထာဝရ တိ့ထျန်း !
ဇီဝတားမြစ်နယ်မြေက ကောင်တွေ လူသတ်နတ်ဘုရား စူးချန်ကဲကိုကျော်ပြီး သူ့ကို လာသတ်နိုင်မတဲ့လား !
သူသည် ထိုနေရာတွင် လက်ခမောင်းခတ်ကာ စိန်ခေါ်လိုက်ချင်သေးသည်။
ဘယ်သူကများ သူ့ကို လာရိုက်နိုင်မှာလဲ?
ဘယ်သူကများ သူ့ကို ရိုက်ရဲမှာလဲ?
ငါ ဝူကျီအောက်ထျန်းရဲ့ ကျောထောက်နောက်ခံက ဘယ်သူလဲ?
တိုက်မြေ သုံးထောင်ရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးသောဧကရာဇ်မင်း စူးချန်ကဲလေ!!
တစ်ချိန်တည်းမှာပင် ။
ဝေဟင်ထက်ဝယ် လက်ကိုနောက်ပစ်လျက် အေးဆေးတည်ငြိမ်စွာ ရှိနေသော စူးချန်ကဲ၏ မျက်ဝန်းများသည် တောက်ပပြီး အောက်ခြေရှိ စစ်သည်တော်များကို ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ ဒီနေ့ တားမြစ်နယ်မြေကို ချေမှုန်းမယ်”
“ မင်းတို့အားလုံး မဟာဧကရာဇ်မင်းတွေနဲ့အတူ တားမြစ်နယ်မြေကို ချေမှုန်းပြီး ခေတ်သစ်ကို ဖွင့်လှစ်လိုသလား !?”
ဤစကားထဲတွင် ဖြောင့်မတ်ခြင်းများဖြင့် ပြည့်နှက်နေပြီး မိုးခြိမ်းသံအလား အရပ်ရှစ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်သွားသည်။
ထိုစကားသံအဆုံးတွင် ၊
အောက်ခြေရှိ မရေမတွက်နိုင်သော စစ်သည်တော်တို့နှင့် စစ်သင်္ဘောပေါ်ရှိ စစ်သည်တော်တို့သည် လက်နက်များကို ကိုင်မြှောက်ကာ ကြွေးကြော်လေသည်။
“ ဒီဘဝ၊ ဒီခန္ဓာကိုယ်ကို ရင်းပြီး ချန်ကဲ မဟာဧကရာဇ်မင်းနှင့်အတူ တားမြစ်နယ်မြေကို ချေမှုန်းကာ ခေတ်သစ်ကို ဖွင့်လှစ်လိုပါတယ်!”
“ ဒီဘဝ၊ ဒီခန္ဓာကိုယ်ကို ရင်းပြီး ချန်ကဲ မဟာဧကရာဇ်မင်းနှင့်အတူ တားမြစ်နယ်မြေကို ချေမှုန်းကာ ခေတ်သစ်ကို ဖွင့်လှစ်လိုပါတယ်!”
“…….”
တိုက်ပွဲဝင်စိတ်ဓာတ်များ အပြည့်ရှိသော ကြွေးကြော်သံသည် နေရာအနှံ့ ပျံ့နှံ့သွားသည်။
စစ်သည်တော်တို့၏ မကုန်ခမ်းနိုင်သော စစ်အားထက်သန်မှုကို ခံစားလိုက်ရသောကြောင့် စူးချန်ကဲတစ်ယောက် စိတ်လှုပ်ရှားခဲ့ရသည်။
“ကောင်းပြီ၊ ဒီလိုဆိုမှတော့ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားရှင်တွေ၊ အသင့်ပဲလား !?”
ဝုန်း !!
ခဏအတွင်းမှာပင် ၊ ကြောက်မက်ဖွယ်ရာ ဧကရာဇ်တန်ခိုးစွမ်းအားများသည် ကြီးမားကျယ်ပြန့်သော နိယာမစွမ်းအားများနှင့်အတူ ထွက်ပေါ်လာသည်။
ထိုဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားရှင်များ၏ မျက်လုံးများသည် တောက်ပနေပြီး ၊ ၎င်းတို့သည် တညီတညွတ်တည်း ရှေ့သို့ထွက်လာကြသည်။
“ကျွန်တော်တို့ အသင့်ပါပဲ!”
ပဲ့တင်ထပ်နေသော အသံလှိုင်းများသည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေသည်။
ဤဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားရှင်များထဲတွင် မျိုးဆက်သစ် ဒဏ္ဍာရီလာ ပါရမီရှင်များလည်း အမြောက်အမြား ပါဝင်နေသည်။
စူးချန်ကဲသည် မဟာဧကရာဇ်မင်းအဆင့်သို့ ရောက်ရှိပြီးနောက်တွင် ၊ ထုံးစံအတိုင်း ၊ သူသည် တိုက်မြေသုံးထောင်ရှိ ပါရမီရှင်များ၏စာရင်းထဲတွင် မပါဝင်တော့ချေ။
သို့သော် အတောက်ပဆုံးသော ဒဏ္ဍာရီတစ်ခုအဖြစ် သူ၏အောင်မြင်မှုများနှင့် သူ၏ မဟာလမ်းစဉ်သည် နောင်လာနောက်သားများအနေဖြင့် လျှောက်လှမ်းရမည့် ခြေရာတစ်ခုဖြစ်ခဲ့သည်မှာ သံသယမရှိပေ။
ဤအခိုက်အတန့်တွင်၊ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားရှင်များသည် ဝေဟင်ထက်က ဝတ်ရုံဖြူအသွင်ပုံရိပ်ကို စိတ်အားထက်သန်စွာ ကြည့်နေကြပြီး ၊ ကြည်ညိုလေးစားမှုမှာ ပြောမပြတတ်လောက်အောင်ပင်။
ဤဒဏ္ဍာရီလာ ပုဂ္ဂိုလ်နှင့်အတူ၊ ခေတ်ကိုပြောင်းလဲနိုင်မည့် အရေးကိစ္စတွင် ပါဝင်ခွင့်ရခြင်းသည် သူတို့အတွက် သုံးဘဝတိုင်တိုင် ကံကောင်းခြင်းဟု ဆိုရပေမည်။
တစ်ချိန်တည်းမှာပင်၊ စူးချန်ကဲသည် အောက်သို့ လှမ်းကြည့်လိုက်သည်။ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားရှင်များသည် လူနည်းစုသာဖြစ်ပြီး ၊ သောင်းဂဏန်းမျှသာ ရှိသည်။
ဤဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားရှင်တို့သည် ထာဝရကျောင်းတော်များမှ ဒဏ္ဍာရီလာ ပါရမီရှင်များပင် ဖြစ်ကြသည်။
သို့သော် ဤကဲ့သို့ကြီးမားသော စစ်ပွဲကြီးတွင် ရှေးဟောင်းဧကရာဇ် နယ်ပယ်အဆင့်ရှိသူများသာလျှင် အဓိကဖြစ်သည်။
စူးချန်ကဲသည် ထပ်မံ ကြွေးကြော်လိုက်သည်။
“ငါကိုယ်တော် စူးချန်ကဲက သင်တို့ကို ဒီစစ်ပွဲမှာ တပ်မှူးအဖြစ် ခန့်အပ်တယ်! ရန်သူတွေကို သုတ်သင်ရှင်းလင်းပစ်ကြ!”
ဒေါင်——!!
ခေါင်းလောင်းသံတစ်ချက် ထွက်ပေါ်လာပြီး စကြာဝဠာတစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားသည်။
မဟာလမ်းစဉ်၏ မှော်သင်္ကေတများ ကျရောက်လာပြီး၊ ယင်းတို့ထဲတွင် ဧရာမ ကြေးခေါင်းလောင်းကြီးတစ်လုံးသည် နတ်အလင်းများဖြင့် ထိန်လင်းတောက်ပနေသည်။
ဤသည်မှာ ကွေးယွမ် သူတော်စင် နယ်မြေ၏ အမြင့်မြတ်ဆုံးသော နတ်ပစ္စည်း ကွေးယွမ် ပရမ်းပတာခေါင်းလောင်းပင် ဖြစ်သည်။
စူးချန်ကဲ၏ စကားသံအဆုံးတွင် ၊ ကွေးယွမ် ပရမ်းပတာခေါင်းလောင်းသည် ကောင်းကင်ယံမှ မကုန်ခမ်းနိုင်သော နတ်တန်ခိုးစွမ်းအား အလင်းများကို ဖြန်းချလေသည်။
တာအိုစည်းချက်များသည် နိယာမတရားများ၏ ဆူနာမီလှိုင်းလုံးကြီးနှင့်အတူ အောက်သို့ ကျဆင်းလာကာ ဧကရာဇ်တစ်ပိုင်းအဆင့်ရှိ စွမ်းအားရှင် အားလုံးပေါ်သို့ လွှမ်းခြုံသွားသည်။
ထိုအင်အား၏ ကောင်းချီးပေးမှုအောက်တွင်၊ သူတို့၏ စွမ်းအားများသည် ပို၍ ကြောက်မက်ဖွယ်ကောင်းလာပြီး၊ အချို့မှာ ကျင့်ကြံမှု နောက်တဆင့်သို့ တတ်လှမ်းနိုင်ခဲ့သည်။
ရုတ်တရက်ဆန်လွန်းသော ကောင်းချီးပေးမှုကြောင့် ၊ ဧကရာဇ်တစ်ပိုင်းအဆင့်ရှိ စွမ်းအားရှင်တို့၏ မျက်နှာပေါ်ရှိ စိတ်အားထက်သန်မှုများသည် ပို၍ပင် ပြင်းထန်လာသည်။
သူတို့ထဲမှ အချို့သည် ကျင့်ကြံမှု နောက်တဆင့်သို့ မတတ်လှမ်းနိုင်ဘဲ နှစ်ပေါင်းများစွာ ကြန့်ကြာနေခဲ့သော်လည်း ယခုအခါတွင် တိုက်ရိုက်ကျော်လွှားနိုင်ခဲ့ခြင်းကြောင့် သူတို့အဖို့ ၊ မည်မျှ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေလိမ့်မည်နည်း။
“ချန်ကဲ မဟာဧကရာဇ်မင်းကို ကျေးဇူးတင်ပါတယ်!”
ထိုအရာကို မြင့်တော့ စူးချန်ကဲသည် အနည်းငယ်ခေါင်းညိတ်လိုက်သည်။ ပြီးနောက်တွင် ၊ သူသည် ပတ်ဝန်းကျင်ကိုကြည့်ကာ ကျယ်လောင်စွာ မေးမြန်းလိုက်သည်။
“ ငါ့တိုက်မြေ သုံးထောင်ရဲ့ မဟာဧကရာဇ်မင်းတို့ အသင့်ပဲလား !?”
“ကျွန်တော် အသင့်ပါပဲ!!”
မရေမတွက်နိုင်သော အင်အားစုများမှ မဟာဧကရာဇ်မင်းတို့သည် ရှေ့သို့ထွက်လာကြသည်။
သူတို့အားလုံးသည် တစ်နေရာတည်းတွင် စုဝေးမနေသော်လည်း၊ အရေအတွက်အားဖြင့် ထောင်နှင့်ချီရှိသည်။
ဧကရာဇ်တန်ခိုးစွမ်းအားများသည် နေရာအနှံ့ အပြည့်အဝ လွှမ်းခြုံထားသည်။
“ ဒီနေ့ ၊ သင်တို့ကို ဒီစစ်ပွဲရဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်တယ်၊ တားမြစ်နယ်မြေက ရန်သူအားလုံးကို နင်းချေပစ်ကြ!”
ဒေါင်—!!
ကွေးယွမ် ပရမ်းပတာခေါင်းလောင်းသည် နောက်ထပ် ခေါင်းလောင်းသံတစ်ချက်ကို ထုတ်လွှတ်လိုက်သည်။
ဖြောက်——!!
အလုံးစုံသော တာအိုစည်းချက်နှင့် နိယာမတရားများသည် မြစ်ရေသဖွယ် ကောင်းကင်ယံမှ သွန်းလောင်းကျလာသည်။
ဤမဟာဧကရာဇ်မင်းတို့၏ စွမ်းအားသည်လည်း ပို၍အားကောင်းလာပြီး၊ ကွေးယွမ် ပရမ်းပတာခေါင်းလောင်း၏ ကောင်းချီးပေးမှုကို လက်ခံရရှိခဲ့သည်။
ဤအချိန်တွင် လူတိုင်း၏ စစ်သွေးများသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
ဧကရာဇ်တစ်ပိုင်းအဆင့်ရှိ စွမ်းအားရှင်များကို တပ်မှူးအဖြစ် ၊ မဟာဧကရာဇ်မင်းများကို ခေါင်းဆောင်အဖြစ် ၊ ရှေးဟောင်းဧကရာဇ်မင်းများကို အဓိကဦးဆောင်သူအဖြစ် စီစဉ်ထားသည်။
ဤကဲ့သို့သော တုနှိုင်းမယှဉ်နိုင်သည့် တပ်ဖွဲ့ကြီးရှိနေသ၍ ဇီဝတားမြစ်နယ်မြေကို မပျက်စီးအောင် မည်သို့တားနိုင်မည်နည်း။
ဤခေတ်တွင် ဇီဝတားမြစ်နယ်မြေသည် အတိတ်မှတ်တမ်းသက်သက်သာ ဖြစ်သွားမည် ဖြစ်ပြီး ၊ခေတ်သစ်တစ်ခု စတင်ပေတော့မည်။
တစ်ချိန်တည်းတွင် ၊
တိ့ကျန့် မဟာဧကရာဇ်မင်းသည် အခြားမဟာဧကရာဇ်များနှင့် အကြည့်ချင်းဖလှယ်ကာ ခေါင်းညိတ်လိုက်သည်။ သူတို့သည် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ပုံရသည်။
တိ့ကျန့် မဟာဧကရာဇ်မင်းသည် ရှေ့သို့ထွက်လာကာ ကျယ်လောင်စွာ ဆိုလိုက်သည်။
“ ချန်ကဲ မဟာဧကရာဇ်မင်းဟာ တိုက်မြေပြင်ပကို အောင်မြင်စွာသိမ်းသွင်းနိုင်ခဲ့တယ်”
“ အခုတစ်ခါမှာလည်း ချန်ကဲ မဟာဧကရာဇ်မင်း ကိုယ်တိုင် ငါတို့ကို ဦးဆောင်ပြီး ဇီဝတားမြစ်နယ်မြေကို တိုက်ခိုက်တော့မယ် ၊ ဒါဟာ ထာဝရတွင်ကျန်ရစ်မယ့် ကျေးဇူးတရားပဲ”
“ချန်ကဲ မဟာဧကရာဇ်မင်းရဲ့ ပါရမီဟာဆိုလည်း ပြောစရာမလိုဘူး ၊ သမိုင်းတစ်လျှောက်မှာ တုနှိုင်းမဲ့ဖြစ်ပြီး ၊ အတိတ်မှာရော အနာဂတ်မှာရော ဘယ်သူမှလိုက်တုနိုင်မှာ မဟုတ်ဘူး”
“ ငါ တိ့ကျန့်ဟာ ချန်ကဲ မဟာဧကရာဇ်မင်းကို ထာဝရ ထျန်းတိ့ (ကောင်းကင်ဘုံဘုရင် )အဖြစ် ဂုဏ်ပြုလိုပါတယ်!”
ဤစကားများ ထွက်လာသည်နှင့်တပြိုင်နက် ၊
ပတ်ဝန်းကျင်တစ်ခွင်လုံး ဆိတ်ငြိမ်သွားပြီး လူတိုင်း ကြောင်အမ်းသွားသည်။
စူးချန်ကဲသည်ပင် ဤရုတ်တရက် လုပ်ရပ်ကြောင့် အနည်းငယ် မှင်တက်သွားကြသည်။
“ ဆရာတူအစ်ကို၊ ခင်ဗျား...”
သို့သော် သူ့စကားမဆုံးသေးခင် ၊
ဟွမ်ထျန်း မဟာဧကရာဇ်မင်းသည်လည်း ရှေ့သို့တစ်လှမ်းထွက်လာကာ ဆိုလိုက်သည်။
“ ငါ ဟွမ်ထျန်းဟာ ချန်ကဲ မဟာဧကရာဇ်မင်းကို ထာဝရ ထျန်းတိ့ (ကောင်းကင်ဘုံဘုရင် )အဖြစ် ဂုဏ်ပြုလိုပါတယ်!”
ထို့နောက် ပိုင်ကျန့် မဟာဧကရာဇ်မင်းလည်း ရှေ့ထွက်လာကာ ဆိုပြန်သည်။
“ ငါ ပိုင်ကျန့်ဟာ ချန်ကဲ မဟာဧကရာဇ်မင်းကို ထာဝရ ထျန်းတိ့ (ကောင်းကင်ဘုံဘုရင် )အဖြစ် ဂုဏ်ပြုလိုပါတယ်!”
“ ငါ ထျန်းတုဟာ ချန်ကဲ မဟာဧကရာဇ်မင်းကို ထာဝရ ထျန်းတိ့ (ကောင်းကင်ဘုံဘုရင် )အဖြစ် ဂုဏ်ပြုလိုပါတယ်!”
“ကျွန်မ ရွှမ်ယွီ...”
ဤအချိန်တွင် ကွေးယွမ် သူတော်စင်နယ်မြေမှ မဟာဧကရာဇ်မင်းများစွာက ဦးဆောင်ပြီး စူးချန်ကဲအား ဦိးညွှတ်ကာ တညီတညွတ်တည်း ကြွေးကြော်ကြသည်။
“ ချန်ကဲ မဟာဧကရာဇ်မင်းကို ထာဝရ ထျန်းတိ့ (ကောင်းကင်ဘုံဘုရင် )အဖြစ် ဂုဏ်ပြုလိုပါတယ်!”
ကွေးယွမ် သူတော်စင်နယ်မြေမှ မဟာဧကရာဇ်မင်းတို့၏ ဩဇာလွှမ်းမိုးမှုအောက်တွင် ၊
အခြားအင်အားစုများမှ မဟာဧကရာဇ်မင်းများသည်လည်း အစပိုင်းတွင် ချီတုံချတုံဖြစ်ခဲ့ကြသော်လည်း အဆုံးတွင် ခိုင်မာစွာဆုံးဖြတ်နိုင်ခဲ့သည်။
စူးချန်ကဲသည် ကျင့်ကြံလောကထဲသို့ ဝင်ရောက်လာချိန်မှစ၍ လျင်မြန်စွာ တိုးတတ်လာခဲ့ပြီး ၊
လောကတစ်ခွင် လှည့်လည်ကာ ရန်သူများကို နှိပ်ကွပ်နိုင်ခဲ့သည်။
မရေမတွက်နိုင်သော တိုက်ပွဲများကို ရင်ဆိုင်ဖြတ်သန်းခဲ့သော်လည်း ၊ တစ်ကြိမ်တစ်ခါမျှ ရှုံးနိမ့်ခြင်း မရှိခဲ့ပေ။
နောက်ဆုံးတွင် ဓားတစ်လက် ကိုယ်တစ်ခုဖြင့် ဧကရာဇ်လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းခဲ့ပြီး ၊ မည်သူ့ကိုမျှ မကြောက်မရွံ့ ရင်ဆိုင်ခဲ့သည်။
ဒဏ္ဍာရီလာ ပါရမီရှင်များစွာကို အနိုင်ယူကာ ဤခေတ်၏ ကံကြမ္မာဧကရာဇ်မင်း အဖြစ် ရပ်တည်နိုင်ခဲ့သည်။
နောက်ဆုံးတွင် သူ့ကိုယ်ပိုင်လမ်းစဉ်ကို ဖော်ထုတ်နိုင်ခဲ့သည်။
ယခင်က နယ်မြေပြင်ပစစ်မြေပြင်တွင် သူသည် သက်ရှိသတ္တဝါအားလုံးအတွက် သူ့ကိုယ်ပိုင်တပ်ဖွဲ့ကို ဦးဆောင်ကာ ရန်သူကို တိုက်ခိုက်ချေမှုန်းခဲ့သည်။
ယခုတွင်လည်း ၊ သူသည် ဇီဝတားမြစ်နယ်မြေကို ချေမှုန်းရန် တပ်ဖွဲ့ကြီးကို ဦးဆောင်လျက်ရှိသည်။
ဤကဲ့သို့သော ကိုယ်ရည်ကိုယ်သွေး၊ ဤကဲ့သို့သော ဒဏ္ဍာရီ၊ ဤကဲ့သို့သော အောင်မြင်မှု၊ ဤကဲ့သို့သော မဟာဧကရာဇ်မင်းသည် ထာဝရ ထျန်းတိ့( ကောင်းကင်ဘုံဘုရင်) ဟူသော ဘွဲ့အမည်နှင့် ထိုက်တန်သည်မဟုတ်လော။
မဟာဧကရာဇ်မင်းအားလုံးတို့သည် စူးချန်ကဲဘက်သို့ ဦးညွှတ်လျက် တညီတညွတ်တည်း ကြွေးကြော်ကြသည်။
“ ကျွန်တော်တို့အားလုံး ချန်ကဲ မဟာဧကရာဇ်မင်းကို ထာဝရ ထျန်းတိ့ (ကောင်းကင်ဘုံဘုရင် )အဖြစ် ဂုဏ်ပြုလိုပါတယ်!”
ဤအသံများသည် အရပ်ရှစ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်ကာ ကောင်းကင်ပြင်နှင့် မြေကြီးကို တုန်လှုပ်စေခဲ့သည်။
ဤအခိုက်အတန့်တွင် ၊
တိုက်မြေသုံးထောင်မှ မရေမတွက်နိုင်သော သက်ရှိသတ္တဝါတို့သည် စူးချန်ကဲရှိရာဘက်သို့ ဒူးထောက်လျက် ဦးချခဲ့ကြသည်။
“ ကျွန်တော်တို့ ထျန်းတိ့ကို ဂါရဝပြုပါတယ်”
ဤအသံများသည် အရပ်ရပ်သို့ ပျံ့နှံ့ကာ တိုက်မြေသုံးထောင်တစ်ခွင်လုံးသို့ ပဲ့တင်ထပ်သွားခဲ့သည်။
ဤခေတ်တွင် တိုက်မြေသုံးထောင်ရှိ ယုံကြည်ကိုးကွယ်မှုအားလုံးသည် တစ်ခုတည်းသာ ရှိသည်။
ထာဝရ ကောင်းကင်ဘုံဘုရင် - စူးချန်ကဲ!
တစ်ချိန်တည်းမှာပင်၊ မရေမတွက်နိုင်သော စစ်သည်တော်တို့၏ အားပေးကြွေးကြော်သံများကို ကြားနေရသည်။
စူးချန်ကဲ၏ အဖြူရောင်ဝတ်စုံသည် လေနှင့်အတူ တဖျပ်ဖျပ် ခတ်လျက် ၊ သူ၏ မျက်လုံးထဲတွင် ခိုင်မာသော စိတ်ဓာတ်များကို မြင်တွေ့ရသည်။ သရဖူကို ဆောင်းချင်လျှင် လေးလံသောဝန်ကို ထမ်းဆောင်ရမည်သာ ဖြစ်သည်။
“ ရာနှင့်ချီ တိုက်ပွဲကို ရှုံးနိမ့်ခြင်းမရှိ ဆင်နွှဲကာ ၊ မိုးနှင့်မြေကို စိုးမိုး၍ လောကကို ကာကွယ်မည်”
“ ဒီနေ့ ဇီဝတားမြစ်နယ်မြေကို အပြီးတိုင် သုတ်သင်ရှင်းလင်းပစ်မယ် !”
အပိုင်း(၅၂၀): တားမြစ်ကုန်းပြင်မြင့် ဖျက်ဆီးခံရလေပြီ
စူးချန်ကဲ၏ မျက်လုံးများသည် တောက်ပနေသည်။
“ ချီတက်ကြမယ်!”
ဝုန်း !
စူးချန်ကဲနှင့် မဟာဧကရာဇ်မင်း အယောက်သုံးရာတို့သည် ဧကရာဇ်တန်ခိုးစွမ်းအားများနှင့်အတူ ပေါက်ကွဲထွက်လာခဲ့ပြီး ၊ စကြဝဠာတစ်ခွင်လုံး ဖြန့်ကျက်သွားသည်။
ကြယ်ရောင်စုံများဖြင့် ပြည့်နှက်နေသော ကောင်းကင်ကြီးကို ဖောက်ထွက်လာကြသော အဖျက်လှံတံများကဲ့သို့ ဇီဝတားမြစ်နယ်မြေ၏ အတွင်းပိုင်းဆီသို့ ထိုးဖောက်ကာ ဝင်ရောက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ၊ တဖိတ်ဖိတ် တောက်ပနေသော မရေမတွက်နိုင်သော စစ်သင်္ဘောကြီးများသည် ကျယ်လောင်သော ဟိန်းဟောက်သံများနှင့်အတူ နောက်ကနေ လိုက်ပါလာကြသည်။
သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားပြီး နတ်လက်နက်များကို ကိုင်ဆောင်ထားသော စစ်သည်တော်များသည်လည်း ပျံသန်းနိုင်သော နတ်သားရဲအမျိုးမျိုးကို စီးနင်းကာ လိုက်ပါလာကြသည်။
သန်းပေါင်းများစွာသော မြင်းစီးတပ်ဖွဲ့ဝင်များကလည်း ကျယ်ပြောလှသော ကောင်းကင်ကြီးကို ဖြတ်ကျော်ကာ ချီတတ်လာကြသည်။
မျက်စိတစ်မှိတ်အတွင်းပင် ၊ တိုက်မြေသုံးထောင်၏ ကြီးမားသော တပ်ဖွဲ့ကြီးသည် အကန့်အသတ်မဲ့ ပင်လယ်ဆီသို့ ချီတတ်သွားလေကာ မည်သည့်အရိပ်အယောင်မှ မကျန်ရှိတော့ပေ။
စစ်သည်တော်တို့၏ ချီတတ်သံနှင့် မိုးမြေတုန်ဟီးသည့် အသံတို့သည် အချင်းချင်း ရောစပ်၍ပဲ့တင်ထပ်နေသည်မှာ စစ်ချီတေးသံ ဆိုညည်းနေသကဲ့သို့ပင်။
တစ်ချိန်တည်းမှာပင် ။
ဆည်းဆာဝင်ချိန်တန်သော မဟာဧကရာဇ်မင်းအချို့သည် တပ်ဖွဲ့ကြီးပျောက်ကွယ်ရာ အရပ်ကို ဝမ်းနည်းစွာဖြင့် ငေးကြည့်နေကြသည် ။
သူတို့သည်လည်း ထိုတိုက်ပွဲတွင် ပါဝင်ဆင်နွဲလိုသည် ။
သို့သော်၊ စိတ်၏အလိုကို ကိုယ်ကမလိုက်နိုင်ပေ။
အတင်းအကျပ်လိုက်မည်ဆိုပါက ၊ တပ်မတော်အတွက် ဝန်ထုပ်ဝန်ပိုး တိုးလာစေရုံသာမက ၊ စစ်ပွဲ၏အခြေအနေကို မြှင့်တင်ရာတွင် အကျိုးရှိမည့် အခန်းကဏ္ဍမှ ပါဝင်နိုင်လိမ့်မည် မဟုတ်။
“တောင်ကုန်းမြစ်ချောင်း ကွဲပြားသော်လည်း...
တူညီသော လေနှင့် လမင်းအောက်ဝယ်..
ထာဝရ အတူရှိလိုပေတယ်...”
“ ရှေ့ဆက်ရမည့် ခရီးလမ်းသည် ရှည်လျားပေဦးမည်... အောင်မြင်မှုအတွက် အတူတူ တတ်ကြွစွာ ကြိုးစားပေဦးမည်..”
သက်ကြီးရွယ်အို မဟာဧကရာဇ်မင်းတို့သည်
အကန့်အသတ်မဲ့ပင်လယ်ရှိရာဘက်သို့ ဦးညွှတ်လိုက်ကြရင်း ရေရွတ်လိုက်ကြသည်။
“ကျွန်တော်တို့ရဲ့ ဆန္ဒများကို...သင်တို့ရဲ့လက်ထဲမှာ အပ်နှံလိုက်ပါတယ်..”
……..
တစ်ချိန်တည်းမှာပင်။
ဇီဝတားမြစ်နယ်မြေ ။
စူးချန်ကဲသည် တပ်ဖွဲ့ကြီးကို ဦးဆောင်၍ ချီတတ်လာချိန်တွင် ၊ ဇီဝတားမြစ်နယ်မြေသည်လည်း ထိုသတင်းကို ချက်ချင်းလက်ငင်း လက်ခံရရှိခဲ့သည်။
ဤအခိုက်အတန့်တွင်၊ ၊ ဇီဝတားမြစ်နယ်မြေထဲတွင် နှစ်ကာလပေါင်းများစွာ အိပ်မောကျနေခဲ့သော ရှေးဖြစ်တည်မှုများသည်လည်း တပြိုင်နက် နိုးထလာကြသည်။
ထိုအထဲတွင် ၊မဟာဧကရာဇ်မင်းအဆင့်ရှိသူ ရာနှင့်ချီရှိသည်။
ရှေးဟောင်းဧကရာဇ်နယ်ပယ်အဆင့်ရှိသူ အယောက် ၁၂၀ကျော် ရှိပြီး ၊ လွတ်မြောက်အဆင့်ရှိသူမှာ ဆယ်ယောက်ရှိသည်။ ဤသည်မှာ မရေမတွက်နိုင်သော နှစ်ကာလများအတွင်း ဇီဝတားမြစ်နယ်မြေမှ စုဆောင်းထားခြင်း ဖြစ်သည်။
သို့သော် ၊ ၎င်းတို့ကို “မဟာဧကရာဇ်မင်း” ဟူ၍ ခေါ်ဆိုမရနိုင်ပေ။
မဟာဧကရာဇ်မင်းဟူသည် အဘယ်နည်း။
မဟာဧကရာဇ်မင်း အဆင့်အတန်းကို ရောက်ရှိရုံဖြင့် ဧကရာဇ်အဖြစ် ခံယူဖို့မဖြစ်နိုင်ချေ။ တိုက်မြေ သုံးထောင်ရှိ မဟာဧကရာဇ်မင်းတိုင်းသည် တုနှိုင်းမယှဉ်နိုင်သော အရည်အချင်းမျိုး မရှိလျှင်တောင်မှ သူတို့၏ခေတ်ကာလတွင် သက်ရှိသတ္တဝါအားလုံးကို ကာကွယ်ပေးခဲ့ဖူးသူများ ဖြစ်သည်။
မကောင်းဆိုးဝါးမျိုးနွယ်စုမှ မဟာဧကရာဇ်မင်းများမှာလည်း အလားနည်းတူဖြစ်သည်။
သို့သော်၊ ဤအဆုံးမရှိသော ကာလအတွင်း ထာဝရ စစ်မှန်အမတရှင်အဖြစ်သို့ ရောက်ရှိရန်
မိမိ၏တာဝန်ကို စွန့်လွှတ်ခဲ့သူများသည် “ဧကရာဇ်”ဟူသော ဂုဏ်ပုဒ်နှင့် မထိုက်တန်ပေ။
သူတို့သည် သက်ရှိလောကနှင့် ရင်ဆိုင်ကာ ဆူပူမှုကို အစပြုခဲ့သူများ ဖြစ်သည်။
ကမ္ဘာဖျက်သစ်ပင်၏ အောက်တွင်၊
ကြောက်မက်ဖွယ် အဖျက်စွမ်းအားများ သက်ဝင်လှုပ်ရှားနေပြီး ၊ ရှေးကျပြီး မပျောက်ကွယ်နိုင်သော စွမ်းအားတစ်ခု ထုတ်လွှတ်နေခဲ့သည်။
ပို၍ထိတ်လန့်စရာကောင်းသည့် အရာမှာ အဘိုးကြီး ထျန်းကျန့်ထက် ပိုမိုအားကောင်းသော
ပုဂ္ဂိုလ်ခြောက်ဦး ရှ်ိနေခြင်းပင်။
ဤခြောက်ဦးတို့မှာ တစ်ချိန်က ဇီဝတားမြစ်နယ်မြေ ခြောက်ခု၏ ခေါင်းဆောင်များပင် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ၊ ၎င်းတို့သည် ကွေးယွမ်အမတဂိုဏ်း၏ သုတ်သင်ရှင်းလင်းခြင်းမှ
လွတ်မြောက်နိုင်ခဲ့ကြသည်။
“ဟားဟား... ဒီခေတ်သစ်ကြီးက ဒီလောက်ထိ
စိတ်ဝင်စားဖို့ကောင်းလိမ့်မယ်လို့ မထင်မိဘူး...”
ဇီဝတားမြစ်နယ်မြေ၏ ခေါင်းဆောင်တွေထဲက တစ်ယောက်က အေးစက်စွာ ရယ်မောလိုက်သည်။
“ကြည့်ရတာ ၊ ငါတို့ရဲ့ ထင်မြင်ချက်တွေက မှန်ကန်ခဲ့ပြီ”
“ဟုတ်တယ်..ထင်ထားတဲ့အတိုင်း ကွေးယွမ် သူတော်စင် နယ်မြေက အဲ့ဒီအင်အားစုကနေ ဆင်းသက်လာတာပဲ”
လွန်ခဲ့သော နှစ်ကာလများက မိမိတို့၏ တားမြစ်နယ်မြေ ခြောက်ခုစလုံး ကြုံတွေ့ခဲ့ရသည့် ကပ်ဘေးကြီးကို ပြန်လည်အမှတ်ရမိသည်။
ထိုအချိန်က ၊ အမည်မသိ ကြောက်စရာကောင်းသော အင်အားတစ်စုသည်
တိုက်မြေသုံးထောင်သို့ ဆင်းသက်လာခဲ့သည်။
ထိုအချိန်က၊ ၎င်းအင်အားစုသည် လက်တချက် ဝှေ့ယမ်းကာ ဆင့်ခေါ်လိုက်ရုံဖြင့် မရေမတွက်နိုင်သော စစ်သည်တော်များစွာ ဆင်းသက်လာစေသည်။
နှစ်ပေါင်းမရေမတွက်ကြာအောင် စုံစမ်းရှာဖွေပြီးနောက်တွင် ၊ သူတို့သည် ထိုအင်အားစု၏ ဇစ်မြစ်ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
အမတနယ်မြေတွင် အဓိက တားမြစ်အင်အားစု ကိုးဖွဲ့အနက်မှ တစ်ဖွဲ့ဖြစ်သည့် ကွေးယွမ်အမတဂိုဏ်းပင် ဖြစ်သည်။
ထို့အပြင် တိုက်မြေသုံးထောင်ရှိ ကွေးယွမ် သူတော်စင်နယ်မြေ၏ မူလရင်းမြစ်လည်း ဖြစ်သည်။
ဤရလဒ်က သူတို့ကို အတော်လေး ထိတ်လန်သွားစေခဲ့သည်။ တိုက်မြေသုံးထောင်ကဲ့သို့သော နေရာတွင် အမတနယ်မြေ၏ တားမြစ်အင်အားစုတစ်ဖွဲ့က အမြစ်တွယ်ထားလိမ့်မည်ဟု မည်သူကများ ထင်မိမည်နည်း”
သို့သော်၊ ဤဇီဝတားမြစ်နယ်မြေ၏ ခေါင်းဆောင်များမှာ တုန်လှုပ်ခြင်းမရှိကြပေ။အကြောင်းမှာ သူတို့သည် တားမြစ်ကုန်းပြင်မြင့်”အတွက် အလုပ်အကျွေးပြုစုသူများ ဖြစ်သည်။
“ဟွန်း! ငါတို့ဘိုးဘေးတွေကလည်း အမတနယ်မြေရဲ့ တားမြစ်အင်အားစု ကိုးဖွဲ့ထဲက တစ်ဖွဲ့ပဲ”
နောက်ထပ် ခေါင်းဆောင်တစ်ဦးက လှောင်ပြောင်သော အပြုံးဖြင့် ဆိုလိုက်သည်။
“ကွေးယွမ်အမတဂိုဏ်းက အားကောင်းပေမဲ့ ဒါပေမဲ့ တားမြစ်အင်အားစုချင်းအတူတူ သူတို့အနေနဲ့ တားမြစ်ကုန်းပြင်မြင့်ကို အပြည့်အဝ ရင်ဆိုင်ဝံ့မှာ မဟုတ်ဘူး”
“ မှန်တယ် ! တားမြစ်ကုန်းပြင်မြင့်ရဲ့ အင်အားကလည်း မနည်းလှဘူး ၊ငါတို့ ကြောက်စရာ မလိုဘူး!”
ချက်ချင်းပင် အခြားဇီဝတားမြစ် ခေါင်းဆောင်တစ်ဦးက ထောက်ခံပြောဆိုလိုက်သည်။
“ငါက တိုက်မြေသုံးထောင်က စုပေါင်းတပ်ဖွဲ့တွေကို ရှင်းပစ်ခဲ့ရင်တောင်မှ အဲ့တာ အပေါ်ကလူတွေအချင်းချင်း ရှင်းကြလိမ့်မယ် ၊ ကွေးယွမ်အမတဂိုဏ်းက ဒီထိလာပြီးဗိုလ်ကျနိုင်မတဲ့လား!?”
“ဟား ... သူတို့ဘက်က တကယ်ကြီး ဝင်ရောက်စွက်ဖက်လာမယ်ဆိုရင်လည်း အဲ့တာကို အခွင့်ကောင်းယူပြီး အထက်ကိုတိုင်ကြားရုံပေါ့၊ အမတသခင်တရားစီရင်ရေးရုံးတော် နဲ့ အန္တိမတာအိုတရားစီရင်ရေးအဖွဲ့က သူတို့ရဲ့အပြစ်တွေကို ဖော်ထုတ်ပြလိမ့်မယ်!”
ဆွေးနွေးညှိနှိုင်းပြီးနောက် ၊ ဇီဝတားမြစ်နယ်မြေ၏ ခေါင်းဆောင် ခြောက်ဦးတို့သည် စိတ်အေးလက်အေး ဖြစ်သွားခဲ့သည်။
မည်သို့ပင်ဖြစ်စေ ၊ သူတို့ ဇီဝတားမြစ်နယ်မြေသည် တားမြစ်ကုန်းပြင်မြင့်၏ နောက်ခံအင်အားကို ရရှိထားသည်။ အကယ်၍ အမှန်တကယ် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားခဲ့မည်ဆိုပါက အထက်ကနေ သူတို့ကို အကာအကွယ်ပေးလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် စိုးရိမ်စရာမလိုပေ။
“ထွက်ဖို့အချိန်တန်ပြီ... ဒီကောင်တွေ အကန့်အသတ်မဲ့ ပင်လယ်ထဲကို ဝင်ရောက်လာပြီ”
“ငါတို့ရဲ့ ရှေ့တန်းတပ်ဖွဲ့တွေကို စေလွှတ်ဖို့ အချိန်တန်ပြီ!”
တားမြစ်ကုန်းပြင်မြင့်၏ ခေါင်းဆောင်ခြောက်ဦးတို့သည် သူသူကိုယ်ကိုယ် ပြောဆိုပြီးနောက် လက်တချက်ဝှေ့ယမ်းလိုက်ရာ ၊
ကြောက်မက်ဖွယ်ရာ အမှောင်စွမ်းအားများသည် အရပ်ရှစ်မျက်နှာတစ်ခွင် လှိုင်းထသွားသည်။
ဇီဝတားမြစ်နယ်မြေအတွင်း နှစ်ပေါင်းကြာရှည်စွာ အိပ်မောကြနေခဲ့သော နတ်ရင်းမြစ်တို့သည် တစ်ခုပြီးတစ်ခု ကွဲထွက်သွားသည်။
အိပ်မောကျနေခဲ့ကြသော ဝါရင့်စွမ်းအားရှင်များသည် တယောက်ပြီးတယောက် နိုးထလာကာ နေရာပေါင်းစုံကနေ စုရုံးလာကြသည်။
……….
တစ်ချိန်တည်းမှာပင်။
ဇီဝတားမြစ်နယ်မြေ၏ နောက်ဆုံးမျှော်လင့်ချက်ဖြစ်သော တားမြစ်ကုန်းပြင်မြင့်သည် တားမြစ်အင်အားစုကြီး လေးဖွဲ့၏ တရှိန်ထိုး ချီတတ်တိုက်ခိုက်မှုအောက်တွင် ၊ စစ်မီးတောက်များဖြင့် လောင်ကျွမ်းနေသော မြေပြန့်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရသည်။
လေထုထဲတွင် သွေးနံ့နှင့်မီးခိုးနံ့များ ရောထွေးနေသည်။
အပျက်အစီများ ၊ စီးဆင်းနေသော သွေးမြစ်တစ်စင်းအပြင် သေခြင်းတရား၏ အငွေ့အသက်များ တထောင်းထောင်း ထလျက် အရာအားလုံးကို ဖုံးအုပ်ထားလေတော့သည်။
စစ်မြေပြင်၏ ဗဟိုဧရိယာသည် ငရဲကြီးပမာ ဖြစ်နေသည်။
တားမြစ်ကုန်းပြင်မြင့်၏ အမတဘုရင်တို့သည် ကြီးမားသော မှော်စွမ်းအားဖြင့် ခင်းကျင်းထားသော ဖွဲ့စည်းပုံဖြင့် သတ်ဖြတ်ခံထားရသည်။
မျက်လုံးများပင် မမှိတ်နိုင်ဘဲ သေဆုံးနေကြသည်။
အမတစစ်သည်တော်များ၏ အလောင်းများသည် မြေပြင်အနှံ့ ပြန့်ကျဲနေသည်။
တားမြစ်ကုန်းပြင်မြင့်၏ ဘိုးဘွားပိုင်နယ်မြေကို တားမြစ်အင်အားစုကြီးလေးဖွဲ့၏ သံချပ်ကာတပ်ဖွဲ့များက အကြွင်းမဲ့ ချေမှုန်းပစ်ခဲ့သည်။
တားမြစ်ကုန်းပြင်မြင့်ရှိ လူတိုင်း သေဆုံးပြီးသည့်တိုင်အောင် မည်သည့်အကြောင်းရင်းကြောင့် ဤတားမြစ်အင်အားစုကြီးများ၏
ဒေါသမီးလျှံကို ခံရသည်ကို နားမလည်ခဲ့ကြပေ။
“စူးမိသားစု... ကွေးယွမ်အမတဂိုဏ်း... သံသရာစက်ဝန်းအမတမင်းဆက်... ယောင်ကွမ်အမတဂိုဏ်း....”
သွေးအလိပ်လိပ် ပေလူးနေသော ထူဟုန်အမတဧကရာဇ်မင်းသည် ငရဲထဲက မိစ္ဆာနတ်ဆိုးတစ်ကောင်နှင့် တူနေသည်။
“ဟားဟား.....”
ရုတ်တရက် ၊ ရက်စက်ကြမ်းကြုတ်သော အပြုံးဖြင့် ရယ်မောလိုက်သည်။
“နှစ်ပေါင်းမရေမတွက်နိုင်အောင် စုဆောင်းခဲ့တာတွေက ...တစ်ရက်တည်းနဲ့ ပျက်စီးသွားပြီ”
“ရယ်စရာကောင်းတယ် ၊ ရယ်စရာကောင်းလွန်းတယ် !”
ထူဟုန်အမတဧကရာဇ်မင်းသည် အမှန်တကယ် နားမလည်နိုင်အောင် ဖြစ်ခဲ့ရသည်။
သူ၏လက်အောက်ခံ ဇီဝတားမြစ်နယ်မြေသည် စူးမိသားစု၏ သခင်ငယ်ကို ထိခိုက်မိသည်။
ထိုအကြောင်းပြချက်ဖြင့် စူးမိသားစုသည် သူတို့ကို အပြီးသတ်ချေမှုန်းတိုက်ခိုက်ခြင်းသည် အတော်လေး ဗိုလ်ကျလွန်းသည်ဟု ထင်မြင်မိသည်။
သူ့အနေဖြင့် ဤရလဒ်ကို လက်မခံနိုင်ပေ။ စူးမိသားစုတွင် အခြားရည်ရွယ်ချက်ရှိရပေမည်။
“ငါ...မသေခင် နောက်ဆုံးမေးခွန်း တစ်ခုမေးချင်တယ်!”
ထူဟုန်အမတဧကရာဇ်မင်းသည် ကျင်းရှန်ဓားအမတရှင်ကို မေးလိုက်သည်။
“ မင်းတို့ စူးမိသားစုက အင်အားအလုံးအရင်းနဲ့ တားမြစ်ကုန်းပြင်မြင့်ကို ချေမှုန်းဖျက်စီးခဲ့တာ တကယ်ပဲ အခြားရည်ရွယ်ချက်မရှိဘူးလား”
“ ငါ မသိဘူး “
ကျင်းရှန်ဓားအမတရှင်သည် ဓားကိုဆုပ်ကိုင်ထားရင်း ၊ အေးစက်စက် လေသံဖြင့် ဖြေလိုက်သည်။
“ငါသိတာဆိုလို့ စူးမိသားစုက သခင်ငယ်ကို ထိပါးသူတိုင်း ... အပြီးတိုင်ချေမှုန်းခံရမယ်”
ထိုစကားကို ကြားလိုက်ရသည်နှင့် ထူဟုန်အမတဧကရာဇ်မင်း ခဏတာ ကြောင်အမ်းသွားသည်။
ဤအဖြေသည် သူ့အပေါ်သို့ ကြီးမားသော သက်ရောက်မှုတစ်ခု ဖြစ်စေခဲ့ပြီး ၊ သွေးများ ဆူပွက်ကာ မျက်နှာတစ်ခုလုံး နီမြန်းလာခဲ့သည်။
“ သွေးအန်သံ..”
နောက်ဆုံးတွင် ပါးစပ်ထဲမှ သွေးများအန်ထွက်လာသည်။
သူစဉ်းစားထားသည်မှာ စူးမိသားစုသည် မိမိတို့၏ တားမြစ်ကုန်းပြင်မြင့်ကို အသုံးချကာ ၎င်းတို့၏ အခွင့်အာဏာကို တည်ထောင်လိုသည်ဟု ထင်ထားခဲ့သည်။ တကယ်တမ်းတွင် သခင်ငယ်တစ်ဦးအတွက်ဖြင့် သူတို့ တားမြစ်ကုန်းပြင်မြင့်တစ်ခုလုံးကို အပြီးတိုင် ချေမှုန်းခဲ့ခြင်းဖြစ်သည်။
“ ဟား.. ကောင်းလိုက်တဲ့ စူးမိသားစု...”
ထူဟုန်အမတဧကရာဇ်မင်းသည် ဖြူဖပ်ဖြူရော်မျက်နှာဖြင့် တုန်တုန်ယင်ယင်လေသံဖြင့် အော်ဟစ်လိုက်သည်။
ထို့နောက်တွင် ၊သူ၏ နောက်ဆုံးလက်ကျန် အင်အားများကို အပြည့်အဝ ထုတ်သုံးလာခဲ့ပြီး၊ သူ့ကိုယ်ပိုင်အသက်ဖြစ်သော ယန်ရှန်းမျှော်စင် နတ်လက်နက်ဖြင့် သူ့ရင်ဘက်သူ အပြင်းအထန် ရိုက်ချလိုက်သည်။
ဘုန်း !
နတ်အလင်းတန်းများ ဝုန်းခနဲ့ ပေါက်ကွဲသွားသည်။
သူ့ကိုယ်ပိုင်အင်အားဖြင့် သူ့ကိုယ်သူ ပြန်လည်တိုက်ခိုက်ခဲ့သောကြောင့် ထူဟုန်အမတဧကရာဇ်မင်း၏ အသက်ဝိညာဉ်သည် မှေးမှိန်ပျောက်ကွယ်လာခဲ့သည်။
“ဟား... အဆုံးမဲ့ ကပ်ဘေးကြီး ရောက်လာတော့မယ်၊ မင်းတို့တားမြစ် စူး မိသားစုက ပြည်တွင်းစစ်ကို ဦးဆောင်ခဲ့တာဆိုတော့...”
သူ၏အသိစိတ်သည် နွမ်းလျလာသည်နှင့်အမျှ၊ ထူဟုန် အမတ ဧကရာဇ်မင်းသည် နောက်ဆုံးလက်ကျန် ခွန်အားအပြည့်နဲ့ အားတင်းကာ ရယ်မောလိုက်သည်။
“ ကပ်ဘေးကြီးကို မကျော်လွှားနိုင်ခဲ့ရင် မင်းတို့ကောင်တွေက...”
“ ဒေဝလောကရဲ့ သေထိုက်တဲ့အပြစ်သားတွေပဲ! !”
အပိုင်း(၅၂၁): အနိစ္စ ဗလာနိတ္ထိ လက်ချောင်း(၁)
ထိုစကားသံအဆုံးတွင် ၊
ထူဟုန် အမတဧကရာဇ်မင်း၏ တောက်ပသော ကိုယ်ခန္ဓာသည် တဖြည်းဖြည်း ကွဲအက်လာကာ ၊ အမတစွမ်းအင် ရောင်ခြည်အလင်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ယံသို့ ပြန်လည် ရောက်ရှိသွားလေတော့သည် ။
ကပ်ဘေးကိုးပါး အမတရှင်ဧကရာဇ် နယ်ပယ်အဆင့်ရှိသော ထူဟုန် အမတဧကရာဇ်မင်းသည် အလွန်တရာမျှ အားကောင်းသူဖြစ်ကြောင်း သင်သိထားရမည်။
ကျင်းရှန်ဓားအမတရှင်သည် မရေမတွက်နိုင်သော ဓားချက်များဖြင့် ထိုးနှက်တိုက်ခိုက်ခဲ့သော်လည်း သူ့ကို သတ်နိုင်ခြင်းမရှိခဲ့ချေ။ နောက်ဆုံးတွင် သူသည် သူ့ကိုယ်ပိုင် မူလရင်းမြစ်စွမ်းအင်ကို ဖောက်ခွဲပစ်ခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ တားမြစ်ကုန်းပြင်မြင့်၏ ခုထိတိုင် အသက်ရှင်ကျန်ရစ်ဆဲဖြစ်သော စစ်သည်တော်တို့သည် ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် လုံးဝအားလျော့သွားခဲ့ပြီး မျှော်လင့်ချက်ကင်းမဲ့သော အကြည့်များဖြင့် ငိုကြွေးလေတော့သည်။
“အရှင်သခင်... ကျဆုံးသွားပြီ!”
တားမြစ်ကုန်းပြင်မြင့်ရှိ စစ်သည်တော်တို့သည် ကိုင်ဆွဲထားသော လက်နက်များကို မြေပြင်ပေါ် သို့ လွှင့်ပစ်ခဲ့ကြသည်။
ယခုအခိုက်အတန့်တွင် ၊၎င်းတို့ တားမြစ်ကုန်းပြင်မြင့်ရှိ အမတဧကရာဇ်များအားလုံးသည် အဓိကတားမြစ်အင်အားစု လေးဖွဲ့၏ သတ်ဖြတ်မှုကိုခံခဲ့ရသည်။
ယနေ့မှစ၍ အမတနယ်မြေ၏ အဓိက တားမြစ်အင်အားစု ကိုးဖွဲ့အနက်မှ တစ်ဖွဲ့ဖြစ်သည့် တားမြစ်ကုန်းပြင်မြင့်သည် အချိန်မြစ်ထဲကနေ ပျောက်ကွယ်ကာ အတိတ်၏ အရာတစ်ခုအဖြစ်သာ ကျန်ရစ်ပေတော့မည်။
“အမ်.....တားမြစ်ကုန်းပြင်မြင့်..ပျောက်ကွယ်သွားပြီ!”
“ဒီလိုကြီးမားတဲ့ တားမြစ်ကုန်းပြင်မြင့်တောင် အချိန်မြစ်ရေစီးကြောင်းထဲမှာ ခုလို မြှုပ်နှံခံရလိမ့်မယ်လို့ မထင်ထားမိဘူး...”
“ဟမ်! တားမြစ်ကုန်းပြင်မြင့်က အမတနယ်မြေရဲ့ တားမြစ်အုပ်စု ကိုးဖွဲ့တွေထဲက တစ်ခုဆိုပေမယ့်၊ ဟိုးအရင်က တားမြစ်အုပ်စုတွေနဲ့ယှဉ်ရင် အလှမ်းဝေးသေးတယ်!”
“အိုင်း... ဒါပေမဲ့ သူတို့ကလည်း ငါတို့ အမတနယ်မြေက လူတွေပဲလေ.. အမှောင်မူလကမ္ဘာက ထပ်ပြီး ရောက်လာခဲ့ရင် ငါတို့ အမတနယ်မြေမှာ ရန်သူကို တွန်းလှန်ဖို့ တစ်ဖွဲ့နည်းသွားပြီလေ....”
“တားမြစ် စူးမိသားစုရဲ့ ဒီလုပ်ရပ်က တကယ်ကို မိုက်ရူးရဲဆန်လွန်းတယ်...”
“……..”
အခြားအင်အားစုများမှ ပုဂ္ဂိုလ်များသည် တစ်ဦးနှင့်တစ်ဦး စိတ်ဝိညာဉ်များဖြင့် ဆက်သွယ်ကာ အမျိုးမျိုး ပြောဆိုနေကြသည်။
တစ်ချိန်က ကမ္ဘာ့ကပ်ဘေးစစ်ပွဲကြီး ကျရောက်လာခဲ့စဉ်က၊ သူတို့သည် အမှောင်မူလ ကမ္ဘာ၏ ကြောက်လန့်ဖွယ်ကောင်းပုံကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။
အမတနယ်မြေ၏ တားမြစ်အုပ်စုများစွာသည် အမှောင်ထု၏ ကျူးကျော်ဝင်ရောက်လာမှုကြောင့် ဖျက်ဆီးခံခဲ့ရပြီး၊ နောက်ဆုံးတွင် အမှောင်မူလကမ္ဘာထဲသို့ စုဝေးသွားခဲဲ့သည်။
ကောလဟာလအရ ၊ အမတစိုးစံရာခေတ်က အဓိကအင်အားစုများသည်ပင် အမှောင်ထု၏ ဖျက်ဆီးခြင်းကိုခံရပြီး အမှောင်ဘက်သို့ ရောက်ရှိသွားခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
အမှောင်မူလကမ္ဘာသည် လက်ရှိအမတနယ်မြေထက် များစွာသာလွန်နေရုံသာမက၊ အမတနယ်မြေရှိ အင်အားစုများကိုတောင် ဖျက်ဆီးပစ်နိုင်သည့် နည်းလမ်းများစွာကို ပိုင်ဆိုင်ထားသည်။
ယခုတွင် တားမြစ်အုပ်စုကြီးတစ်ခု ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သောကြောင့် ၊ သူတို့အတွက် အင်အား တစ်စိတ်တစ်ပိုင်း ဆုတ်ယုတ်သွားခဲ့ပြီဟု ဆိုရပေတော့မည်။
ဗဟိုအမတနယ်မြေသည် လက်ရှိတွင် ပျောက်ဆုံးနေရုံသာမက ၊ တားမြစ်စူးမိသားစု၏ လုပ်ရပ်ကြောင့် အမတနယ်မြေတွင် ဤမျှကြီးမားသော အတွင်းရေးပဋိပက္ခ စစ်ပွဲကြီး ဖြစ်ပွားကာ အင်အားများ အလဟဿဆုံးရှုံးခဲ့ရသည်။
အင်အားစုတော်တော်များများမှ စွမ်းအားရှင်များသည် တားမြစ်အင်အားစု လေးဖွဲ့အပေါ်တွင် မကျေမနပ်ဖြစ်နေကြပြီး အထူးသဖြင့် တားမြစ်စူးမိသားစုကို အပြစ်တင်လျက် ရှိကြသည်။
သို့သော် ထိုသို့သော စကားမျိုးကို မည်သူကမှ ရဲရဲဝံ့ဝံ့ မပြောဆိုရဲပေ။
အကြောင်းမှာ သူတို့တွင် တားမြစ်စူးမိသားစုကို တွန်းလှန်နိုင်ရဲသည့် သတ္တိမရှိကြသောကြောင့်ပင်ဖြစ်သည်။
“ အမတသခင်တရားစီရင်ရေးရုံးတော်နဲ့ အန္တိမတာအိုတရားစီရင်ရေးအဖွဲ့က ကောင်တွေ တကယ်ကို အသုံးမကျပါ့လား ၊ သူတို့ကိုယ်သူတို့ အမတနယ်မြေရဲ့အုပ်စိုးသူ ဆိုပြီးသာ ကြွားဝါနေတာ ၊ တကယ့်အရေးကြ ဘာအကူအညီမှ မရဘူး “
“ ဟမ်! အဲ့ကောင်တွေက အားနည်းသူတွေကိုကြ ဖိနှိပ်ပြီး အားကြီးသူတွေကြရင် ဖင်ပိတ်နေတဲ့အကောင်တွေလေ !”
တစ်ချိန်တည်းမှာပင်၊ လူတိုင်းက ထိုအင်အားစုကြီးနှစ်ခုကိုလည်း ဆဲရေးတိုင်းထွာလျက်ရှိကြသည်။
အကယ်၍ ၎င်းတို့သည် အစကတည်းက ဝင်ရောက်စွက်ဖက်ခဲ့မည်ဆိုပါက ၊ ကိစ္စများသည် ဤမျှဆိုးရွားသွားလိမ့်မည် မဟုတ်ဟု ထင်ကြေးပေးနေကြသည်။
သို့သော် သူတို့မသိခဲ့သည်မှာ ၊
ဤဖြစ်ရပ်များ၏ ဇစ်မြစ်မှာ တားမြစ်ကုန်းပြင်မြင့်၏ အမှားကြောင့် ဖြစ်သည်။
အကယ်၍ အမတသခင်တရားစီရင်ရေးရုံးတော်နှင့် အန္တိမတာအိုတရားစီရင်ရေးအဖွဲ့တို့သည် ဤကိစ္စတွင် ဝင်ရောက်စွက်ဖက်လာမည်ဆိုပါက ၊ ကျန်ရှိနေသေးသော အမတနယ်မြေကြီးလေးခုသည်ပင် လုံးလုံးလျားလျား ပျက်စီးသွားမည်ကို စိုးရသည်။
…….
တစ်ချိန်တည်းမှာပင်။
အမတသခင် တရားစီရင်ရေးရုံးတော်နှင့် အန္တိမတာအို တရားစီရင်ရေးအဖွဲ့တို့၏ ခေါင်းဆောင်နှစ်ဦးသည်လည်း စစ်ပွဲပြီးဆုံးသည်နှင့် သူတို့၏ အကြည့်များကို ပြန်လည် ရုပ်သိမ်းလိုက်ကြသည်။
“ဒီတားမြစ် အင်အားစုလေးဖွဲ့ က ကောင်တွေ တကယ်ကို ရူးနေကြပြီပဲ”
အမတသခင် တရားစီရင်ရေးရုံးတော်၏ ခေါင်းဆောင်က အေးစက်စွာ ပြောဆိုလိုက်သည်။
“ အခု တားမြစ်ကုန်းပြင်မြင့်က ပျက်စီးသွားပြီ၊ တားမြစ်အင်အားစု ကိုးအုပ်စုထဲမှာ တစ်နေရာလွတ်သွားပြီ ၊ ဒီအခြေအနေကို ဘယ်လိုတောင် ဖြည့်ဆည်းရတော့မလဲ”
“ ဟား... ဒါဟာ ငါတို့အတွက်တော့ အခွင့်ကောင်းတစ်ခုပဲ မဟုတ်လား?”
အန္တိမတာအိုတရားစီရင်ရေးအဖွဲ့၏ ခေါင်းဆောင်က အေးစက်စက်အပြုံးဖြင့် အကြံပြုလိုက်သည်။
“ထျန်းယွီ အမတမင်းဆက်က ဒီခေတ်ကာလအတွင်း ကောင်းမွန်စွာ တိုးတက်လာခဲ့တာ ၊ အရင်ကလည်း အမတ ဧကရာဇ်မင်းရဲ့ အထက်အဆင့်ရှိတဲ့ စွမ်းအားရှင်တွေ ပေါ်ထွန်းခဲ့ဖူးတယ် ၊ သူတို့ကို တားမြစ်အင်အားစု အုပ်စုအသစ်အဖြစ် မြှင့်တင်ပေးလိုက်ရင် မကောင်းဘူးလား “
“ထျန်းယွီ အမတမင်းဆက်လား? ကောင်းတဲ့အကြံပဲ၊ ဒါပေမဲ့ သူတို့ရဲ့ အသက်သွေးကြောကို ငါတို့လက်ထဲမှာတင် အပြည့်အဝထိန်းချုပ်ထားရမယ် “
“ သဘောတူတယ် ၊ နောင်မှာ တားမြစ်စူးမိသားစုက ဒီလို ရူးသွပ်စွာ ထပ်မံပြုမူလာခဲ့ရင် ၊ အနည်းဆုံးတော့ ငါတို့မှာ တန်ပြန်အစီအမံတွေ ရှိတာပေါ့ “
အန္တိမတာအိုတရားစီရင်ရေးအဖွဲ့၏ ခေါင်းဆောင်က ဆက်လက် ပြောဆိုလိုက်သည်။
“ဒါပေမဲ့ နောင်လာမယ့်ကာလမှာ အပြည့်အဝအာမခံနိုင်ဖို့ဆိုရင် မကောင်းဆိုးဝါး မျိုးနွယ်စုက တားမြစ်အင်အားစု နှစ်ဖွဲ့နဲ့ ပူးပေါင်းလက်တွဲဖို့ အချိန်တန်ပြီ “
“အင်း ၊ ဟုတ်တယ်”
အမတသခင် တရားစီရင်ရေးရုံးတော်၏ ခေါင်းဆောင်သည် ချက်ချင်းပင် သဘောတူခဲ့သည်။
ထိုအတိုင်းသာဆိုလျှင်ဖြင့် ၊ သူတို့သည်လည်း အလားတူ ပြုလုပ်နိုင်မည် ဖြစ်သည်။
ထိုအချိန်တွင် သူတို့သည် ထျန်းယွီအမတမင်းဆက်ကို ဦးစွာ ချုပ်ကိုင်ပြီး ၊ အဆုံးတွင် မကောင်းဆိုးဝါး မျိုးနွယ်စုမှ တားမြစ်အင်အားစု နှစ်ဖွဲ့နှင့် ပူးပေါင်းလက်တွဲမည်။
သူတို့နှစ်ဦးနှင့် ပေါင်းစပ်လိုက်မည်ဆိုပါက ၊ တားမြစ်အင်အားစု ငါးဖွဲ့အထိ ရှိလာမည်ဖြစ်သည်။
အချိန်အနည်းငယ် ဆွဲဆန့်ပြီး ၊ အဓိက အင်အားစု အုပ်ချုပ်ရေးစနစ် ပြန်လည်ပေါ်ထွန်းလာသည့်အခါတွင် တားမြစ် စူးမိသားစုကို အပြည့်အဝ ဖိနှိပ်ခြင်းဖြင့် ဟန်ချက်ညီစေမည်ဖြစ်သည်။
………..
တခြားတစ်ဖက်တွင် ၊
အမတနယ်မြေ၏ အထက်လောကကမ္ဘာတွင်
ဝုန်း !!
ကြောက်မက်ဖွယ်ကောင်းသော အချိန်မြစ်ကြီး တစ်ခုလုံး တိမ်းမှောက်သွားကာ ၊ အချိန်မုန်တိုင်း၏ ရိုက်ခတ်မှုအောက်တွင် ထိုနယ်မြေတစ်ခုလုံး ဖုံးလွှမ်းခံလိုက်ရသည်။
အချိန်နှင့်အာကာသ၏ လွှမ်းမိုးမှုအောက်တွင် နိယာမတရားများစွာသည် အနန္တဗလာအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဘုန်း !!!
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ၊
တားမြစ်ကုန်းပြင်မြင့်ရှိ ရှေးဘိုးဘေး ခြောက်ဦး၏ ခန္ဓာကိုယ်ပေါ်တွင် သွေးစိမ်းများ စီးကျနေကာ ၊ ၎င်းတို့အကုန်လုံး ဒဏ်ရာအပြင်းအထန် ရရှိထားသည်။
အချိန်နှင့် အာကာသစွမ်းအား၏ တိုက်စားမှုအောက်တွင် ၊သူတို့သည် ကိုယ့်ကိုယ်ကို ပြန်လည်ကုစားရန် ခန္ဓာကိုယ်ဖွဲ့စည်းပုံ၏ သဘောတရားများကိုပင် မတည်ဆောက်နိုင်တော့ချေ။
“စူးထျန်းမင်! မင်း နောက်ထပ် ဘာတွေ ထပ်လုပ်ချင်သေးလဲ!?”
ခေါင်းဆောင်ဖြစ်သူ ဝာားမြစ်ကုန်းပြင်မြင့်၏ ရှေးဘိုးဘေးတစ်ဦးသည် မျက်လုံးများ နီမြန်းနေကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“မင်းတို့ စူးမိသားစုက ငါတို့ တားမြစ်ကုန်းပြင်မြင့်ကို ဖျက်ဆီးပစ်ခဲ့တဲ့အပြင် ငါတို့ကို အလွှတ်မပေးနိုင်သေးဘူးလား “
ထိုစကားများကို နားထောင်နေသော စူးထျန်းမင်နှင့် အခြား တားမြစ်စူးမိသားစုမှ စွမ်းအားရှင်သုံးဦးသည် ဘာမှမထူးခြားသော အမူအရာဖြင့် ရှိနေသည်။
“ မင်းတို့ကို လွှတ်ပေးရမယ်...?”
“ ဝင်စွက်ဖက်ပြီဆိုကတည်းက သေရမယ် “
စူးထျန်းမင်က အေးစက်သော အသံဖြင့် ဆိုလိုက်သည်။
“ ပြီးတော့ ၊ ငါသာ မင်းတို့ကို လွှတ်ပေးခဲ့မယ်ဆိုရင်...”
“မင်းတို့က ငါ့စူးမိသားစုကို ဆက်ပြီး ဒုက္ခပေးလာဦးမှာ အသေအချာပဲ “
“အဲ့တော့ တောင်းပန်တယ်၊ မင်းတို့ သေချာပေါက် သေရမယ်”
စူးထျန်းမင်သည် ဘယ်လက်ကို ကျောနောက်တွင် အေးအေးလူလူ ပစ်ထားပြီး ၊ သူ၏ ညာလက်ညိုးတစ်ချောင်းတည်းဖြင့် မိုးကောင်းကင်ဆီသို့ ဆန့်တန်းလိုက်သည်။
ထိုအချိန်တွင်၊ စူးထျန်းမင်၏ နောက်မှလိုက်ပါလာသော တားမြစ်စူးမိသားစုမှ စွမ်းအားရှင်သုံးဦးတို့သည်လည်း တိတ်တဆိတ် နားလည်မှုယူကာ ခေါင်းညိတ်လိုက်ကြသည်။
ချက်ချင်းဆိုသလို ၊ ဝေးသမျှဝေးနိုင်အောင် ထွက်ပြေးလေတော့သည်။
သူတို့ သိလိုက်သည်။ စူးထျန်းမင်သည် အမှန်တကယ်ပင် သတ်ဖြတ်ပေတော့မည်။
“ ကောင်းကင်လမ်းစဉ်သည် အတိုင်းအဆမရှိ၊ အချိန်နှင့်အာကာသသည် ပုံသဏ္ဍာန်မဲ့သည် “
“ငါ၏ မွေးရာပါ မှော်စွမ်းအားဖြင့် သင်တို့ကို ပို့ဆောင်မည် “
“ အနိစ္စ ဗလာနိတ္ထိ လက်ချောင်း!”
ဝုန်း !!
တခဏအတွင်း။
အဆုံးမရှိသော အချိန်နှင့် အာကာသအပိုင်းအစများသည် နေရာပေါင်းစုံမှ တရွေ့ရွေ့ ရွေ့လျားလာပြီး စူးထျန်းမင်၏ လက်ညှိုးထိပ်တွင် ရူးသွပ်စွာ စုရုံးလာကြသည်။
ထို့နောက်၊ သူ၏လက်ညိုးကို ဗဟိုပြုလျက် ကြောက်မက်ဖွယ်ကောင်းသော နိယာမမုန်တိုင်းကြီး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အဆုံးမဲ့ မှော်သင်္ကေတများသည် တဟုန်ထိုး တတ်လာပြီး ၊ အာကာသအတွင်း၌ မရေမတွက်နိုင်သော ကမ္ဘာပျက်စေနိုင်သည့်လျှပ်စီးကြောင်းများစွာ အက်ကွဲထွက်ပေါ်လာသည်။ ၎င်းတို့ထဲရှိ အလင်းတစ်စင်း၏ ထိတွေ့မှုတစ်ခုတည်းဖြင့် ကြယ်စုတစ်ခုလုံးကို ဖျက်စီးပစ်နိုင်သည်။
စူးထျန်းမင်ကို ဗဟိုပြု၍ ၊ ဤနေရာတစ်ခုလုံးသည် အချိန်နှင့်အာကာသ၏ အနန္တဗလာထဲသို့ ဆွဲငင်ခံလိုက်ရသည်။
အချိန်နှင့် အာကာသ၏ အဖျက်စွမ်းအားများသည် ဖြည်းညှင်းစွာ စုဝေးဝန်းရံလာသည်။
အဝေးမှ ကြည့်ရှုနေကြသော ထိပ်တန်း စွမ်းအားရှင်များပင်လျှင် အဆိုပါစွမ်းအားကို အနည်းငယ်ခံစားမိရုံမျှဖြင့် ကြီးစွာသော ထိတ်လန့်မှုကို ကြုံတွေ့ရသကဲ့သို့ ချမ်းစိမ့်ကုန်ကြသည်။
အပိုင်း(၅၂၁): အနိစ္စ ဗလာနိတ္ထိ လက်ချောင်း(၂)
“ဒါက... စူးထျန်းမင် ကိုယ်တိုင် ဖန်တီးထားသော လမ်းစဉ်ရဲ့မူလအစပဲ!”
“ ဒီရဲ့ ရောင်ဝါက အရင်ကထက် ပိုပြီး ကြောက်စရာကောင်းလာတာပဲ”
“မသေချင်ရင် ဒီကနေ ချက်ချင်းထွက်ပြေးတော့!”
တဒင်္ဂအတွင်းမှာပင်၊ ကြည့်ရှုသူများသည် အဝေးဆုံးနေရာသို့ အသားကုန် ထွက်ပြေးလေတော့သည်။
သူတို့အားလုံး အပြင်းအထန် ထွက်ပြေးနေကြစဉ် ၊
စူးထျန်းမင်၏လက်ဖျားတွင် စုစည်းထားသော အဖျက်စွမ်းအားသည် အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။
နောက်အခိုက်အတန့်တွင် ၊ တားမြစ်ကုန်းပြင်မြင့်မှ ရှေးဘိုးဘေးများရှိရာဘက်သို့ ဦိးတည်ကာ သူ့လက်ချောင်းကို ခပ်ဖွဖွ နှိမ့်ချလိုက်သည်။
“ ဖျက်! “
“စူးထျန်းမင်!!!”
တစ်ချိန်တည်းမှာပင် ၊ တားမြစ်ကုန်းပြင်ရှိ ရှေးဘိုးဘေးခြောက်ဦးသည် သေခြင်းတရားကို ထိုင်စောင့်ရန် ဆန္ဒမရှိကြပေ။
ထို့ကြောင့် ၎င်းတို့၏ အကြီးမားဆုံးသော ခွန်အားများဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။ ၎င်းတို့၏ ထောင်ပေါင်းများစွာသော စွမ်းအင်များ စုစည်းမိပြီး အလွန်ပြင်းထန်သော ပျက်သုန်းခြင်း အလင်းတန်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကျရောက်လာသော စူးထျန်းမင်၏ လက်ညိုးနှင့် ယှဉ်ပြိုင်ရန် ကြိုးစားကြလေသည်။
ဘုန်း ——!!!
ထိုအခိုက်တန့်တွင်၊ ထောင်ပေါင်းများစွာသော တောက်ပသည့် အလင်းရောင်များသည် အလင်းခုံးအဖြစ်သို့ စုဝေးသွားသည်။
ရှည်လျားသောညတွင် တစ်ခုတည်းသော ထွန်းလင်းတောက်ပနေသည့် ကြယ်တစ်ပွင့်ကဲ့သို့ပင် ဖြစ်ပေါ်နေကာ ဤကမ္ဘာကြီး၏ မိုင်ပေါင်းများစွာအထိ ဝင်းထိန်းသွားသည်။
သို့သော်၊ မူလရင်းမြစ် လောကသည် အလွန်ကျယ်ပြန့်ပြီး အကန့်အသတ်မဲ့ဖြစ်ကာ အမတနယ်မြေနှင့် နှိုင်းယှဉ်လျှင် လက်လှမ်းမမီသောနေရာဖြစ်သည်။
ထိုတောက်ပသော အလင်းရောင်သည် သုံးစက္ကန့်သာ တည်တံ့ခဲ့ပြီးနောက် လုံးဝမှေးမှိန်သွားခဲ့သည်။
ခဏအကြာတွင် ၊
လောကကြီးသည် တစ်ဖန်ငြိမ်သက်သွားခဲ့ပြီး ၊ လေပြင်းများက စူးထျန်းမင်၏ ငွေရောင်ဆံပင်များကို ညင်သာစွာ ဖြတ်တိုက်သွားသည်။
သူ၏ရှေ့မှောက်တွင် အရာအားလုံးသည် ဗလာပြင်အဖြစ်သို့ ရောက်ရှိနေပြီး ၊ အချိန်နှင့်အာကာသ၏ အပိုင်းအစများသာ ကျန်ရစ်ခဲ့သည်။
“ ထင်ထားတဲ့အတိုင်းပဲ... ငါ့ရဲ့ အချိန်နဲ့အာကာသကို ထိန်းချုပ်မှုက အားနည်းနေသေးတယ်”
တားမြစ်ကုန်းပြင်မြင့်မှ ရှေးဘိုးဘေးခြောက်ဦးစလုံးကို သတ်ပစ်ခဲ့သော်လည်း၊ စူးထျန်းမသ်၏ မျက်နှာတွင် မည်သည့်ခံစားချက်မှမရှိဘဲ အေးစက်နေခဲ့သည်။
သူသည် ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း လှည့်လိုက်ပြီး မူလရင်းမြစ်လောက၏ အနက်ရှိုင်းဆီသို့ ဦးတည်လိုက်သည်။
“ ဒီလိုခွန်အားမျိုးနဲ့သာဆို ၊ မူလရင်းမြစ် အနက်ဆုံးပိုင်းက ကောင်တွေနဲ့ နည်းနည်းမှ မယှဉ်နိုင်သေးဘူး “
“ ဝေးသေးတယ်... ငါ ဆက်ပြီး အားထုတ်မှဖြစ်မယ်”
အမှန်အတိုင်း ဆိုရလျှင်ဖြင့် ၊
ဤမျှနှစ်ပေါင်းများစွာ ကုန်လွန်ခဲ့သော်လည်း၊ စူးထျန်းမင် လျှောက်လှမ်းခဲ့သော မဟာလမ်းစဉ်တွင် သူသည် တခါမှ အရှုံးမရှိခဲ့ဖူးပေ။
အမတနယ်မြေရှိ မရေမတွက်နိုင်သော အမတဧကရာဇ်မင်းများပင်လျှင် သူ့ကို အရှုံးမရှိသော ကံကြမ္မာ ၊ တစ်သက်တာ အောင်နိုင်သူ ၊ တစ်လောကလုံး၏ ပြိုင်ဘက်ကင်းသူ ဟု ချီးကျူးခေါ်ဝေါ်ကြသည်။
ထိုသို့သော ဘဝသည် စူးထျန်းမင်အား အနည်းငယ် ပျင်းရိငြီးငွေ့စေခဲ့သည်။
ယခုအခါတွင် ၊ မူလရင်းမြစ်လောက၏ အနက်ပိုင်းရှိ ထိုသူတို့အပြင်၊ သူသည် အမတနယ်မြေအပေါ် အနည်းငယ်မျှော်လင့်ချက် ရှိလာခဲ့သည်။
“အဲ့ကလေးကရော... ငါ့ကိုကျော်ဖြတ်နိုင်မလား မသိဘူး “
သို့သော်၊ သူသည် ဤကိစ္စကို စိတ်ထဲမထားချေ။
စူးချန်ကဲသည် အမတနယ်မြေသို့ ရောက်ရှိရန် အချိန်မတန်သေးသဖြင့်၊ ဤအရာအားလုံးသည် သူ့အတွက် အချိန်စောလွန်းနေသေးသည်။
“အလုံးစုံသော နိယာမတရားတို့ကို ဗလာနိတ္ထိဖြစ်စေသော...တားမြစ်ခန္ဓာ...”
“ငါ့ရဲ့ အချိန်-အာကာသ နိယာမနဲ့ ယှဉ်ရင်... ဘယ်သူက သာလိမ့်မလဲ”
သူသည် စူးချန်ကဲကို တစ်ခါမှ မမြင်ဖူးသော်လည်း ၊ စူးချန်ကဲ၏ ကိုယ်ထည်အကြောင်းကို သိရှိထားသည်။
ထိုပုဂ္ဂိုလ်မှတပါး အခြားမည်သူသည် ဒေဝလောက၏ တားမြစ်ကိုယ်ထည်ကို ပိုင်ဆိုင်ထားလိမ့်မည်နည်း။
……..
တစ်ချိန်တည်းမှာပင်။
တိုက်မြေသုံးထောင် ၊
တပ်ဖွဲ့ကြီးသည် အကန့်အသတ်မဲ့ ပင်လယ်ပြင်ကို ဖြတ်ကျော်ကာ ဇီဝတားမြစ်နယ်မြေသို့ ချီတတ် ရောက်ရှိလာခဲ့သည်။
ဘယ်နေရာကိုပင် ကြည့်ကြည့် ၊ လောင်ကျွမ်းပျက်စီးနေသော မြေပြင်ကြီးကိုသာ တွေ့ရပေမည်။
လေထဲတွင် သေခြင်းတရား ၊ ပျက်သုန်းခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်မှာ သုသုသာန်နိုင်ငံတော်ကဲ့သို့ပင် ခံစားရသည်။
တပ်ဖွဲ့ကြီး ရှေ့ဆက်ချီတက်သည်နှင့်အမျှ ၊
ရုတ်တရက် ထူးဆန်းသောမြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။
အဝေးက အမှောင်မိုးကုပ်စက်ဝိုင်းထက်တွင်၊
သွေးနီရောင် ကျောက်တိုင်ကြီး (၆၇)တိုင်အား မြင့်မားစွာ စိုက်ထူထားသည်ကို တွေ့လိုက်ရသည်။
သွေးချောင်းစီးနေသော လူဆိတ်ညံရာ သင်္ချိုင်းကဲ့သို့ပင် မျက်စိထဲဝင်လောက်သည့်အထိ ထင်ပေါ်နေသည်။
စူးချန်ကဲ နှင့် အခြားသော မဟာဧကရာဇ်မင်းများသည် အမြင်အာရုံထက်မြက်သူများဖြစ်သည့်အတွက် ချက်ချင်းပင် ထိုကျောက်တိုင်များပေါ်ရှိ အရာများကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ခဲ့သည်။
“ဒါက....”
မြင်ကွင်းတဆုံးကို ကြည့်လိုက်မည်ဆိုပါက၊
ထိုသွေးနီရောင် ကျောက်တိုင် ၆၇တိုင်ပေါ်တွင် မျက်လုံးဖွင့်လျက်သား ဦးခေါင်းခွံ ၆၇လုံး ချိတ်ဆွဲထားသည်ကို တွေ့ရပေလိမ့်မည်။
နှစ်ကာလများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး၊
အရေပြားများမှာ ခြောက်ကပ်ညိုးနွမ်းနေပြီ ဖြစ်သော်လည်း မျက်လုံးများမှာ ပြူးကျယ်နေဆဲပင် ဖြစ်ပြီး အဆုံးမရှိသော အမျက်ဒေါသနှင့် မကျေနပ်ချက်များကို ဖော်ပြနေသည်။
ချက်ချင်းပင်...
ဤမြင်ကွင်းကို မြင်လိုက်ရသော မဟာဧကရာဇ်မင်းများ၏ ရင်ထဲတွင် ပြင်းထန်သော ဝမ်းနည်းခြင်းနှင့် အမျက်ဒေါသများ ပေါ်ပေါက်လာခဲ့သည်။
“ငါ့ညီ !!”
စိမ်းပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသော မဟာဧကရာဇ်မင်းတစ်ပါးက ဤကြီးမားသော ထိုးနှက်ချက်ကို ပထမဦးစွာ တုံ့ပြန်လာခဲ့ပြီး ၊ မျက်လုံးများနီမြန်းကာ ဟစ်ကြွေးလိုက်သည်။
ချက်ချင်းဆိုသလိုပင် ၊ သူ၏ မသိစိတ်ကနေ အမတအလိုဆန္ဒကို နှိုးဆွမိပြီး ၊ ထိုနေရာဆီသို့ ပစ်လွှတ်ရန် ပြင်ဆင်မိသည်။ သို့သော် သူ့ဘေးနားက အခြားမဟာဧကရာဇ်မင်းများသည် သူ့ကို ဆွဲထိန်းခဲ့သည်။
“လွမ်လင်! စိတ်အေးအေးထား!”
“လွမ်ရွှမ်က သေပြီ!!”
“မင်းဒီလိုမျိုး မဆင်မခြင် ပြေးဝင်သွားရင်... ဇီဝတားမြစ်နယ်မြေရဲ့ ထောင်ချောက်ထဲ ကျသွားလိမ့်မယ်!”
“……”
အဆိုပါမဟာဧကရာဇ်မင်းသည် အဘယ့်ကြောင့် ဤမျှတုန်လှုပ်နေရခြင်းမှာ ဦးခေါင်း ၆၇လုံးထဲတွင် သူ၏ညီအစ်ကိုဖြစ်သူ၏ ဦးခေါင်းကို မြင်တွေ့လိုက်ရခြင်းကြောင့် ဖြစ်သည်။
အပိုင်း(၅၂၂): မဟာဧကရာဇ်မင်းများ၏ ဦးခေါင်း ၆၇လုံး
လွမ်လင် မဟာဧကရာဇ်မင်း၏ ညီအစ်ကိုဖြစ်သူ၏အမည်မှာ လွမ်ရွှမ် မဟာဧကရာဇ်မင်း ဖြစ်သည်။
မရေမတွက်နိုင်သော လွန်ခဲ့သောနှစ်ကာများက သူသည် အခြားမဟာဧကရာဇ်မင်း ဆယ့်ငါးဦးနှင့်အတူ အကန့်အသတ်မဲ့ ပင်လယ်ကို ဖြတ်ကျော်ကာ ဇီဝတားမြစ်နယ်မြေကို အမြစ်ဖြတ်သုတ်သင်ရန် ချီတက်ခဲ့သည်။
သူတို့သည် ဇီဝတားမြစ်နယ်မြေအတွင်းရှိ အကြီးအကဲများနှင့် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော စစ်ပွဲကြီးကို ဆင်နွှဲခဲ့သည်။
သို့သော် ၊ သူတို့သည် ဇီဝတားမြစ်နယ်မြေ၏ အင်အားကို လျှော့တွက်မိခဲ့သည်။
မဟာဧကရာဇ်မင်း ဆယ့်ခြောက်ဦးနှင့် တပ်ဖွဲ့ဝင်များသည် အဆုံးတွင် တိုက်ပွဲကျဆုံးကာ လူ့လောကမှ အငွေ့ပျံသွားသကဲ့သို့ သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့သည်။
ဤကဲ့သို့သော အဖြစ်အပျက်မျိုးတွင် ၊ သူတို့သည် ဆိုးရွားသော ရလဒ်ဖြင့် ကြုံတွေ့ခဲ့ရသည်မှာ ပြောစရာတောင် မလိုတော့ချေ။
နောက်ပိုင်းတွင် ၊ လွမ်လင် မဟာဧကရာဇ်မင်းသည် ညီအစ်ကိုဖြစ်သူ၏ မပြီးဆုံးသေးသော ဆန္ဒကို အမွေဆက်ခံခဲ့ပြီး ၊ ဤတိုက်ပွဲတွင် ပါဝင်လာခဲ့သည်။ သူသည် လက်ရှိတွင် တတိယအဆင့် မဟာဧကရာဇ်မင်း တစ်ပါးသာဖြစ်သော်လည်း၊ ထူးချွန်သူအဖြစ် သတ်မှတ်ခံထားရသည်။
ဤတစ်ကြိမ်တွင် ဇီဝတားမြစ်နယ်မြေကို တိုက်ခိုက်ရန် တပ်ဖွဲ့ဝင်များနှင့်အတူ လိုက်ပါခြင်းဖြင့် ညီအစ်ကို၏ သတင်းကို ရှာဖွေနိုင်မည်ဟု မျှော်လင့်ထားခဲ့သည်။ သို့သော် ၊ သူ တွေ့လိုက်ရသည်မှာ မျက်လုံးတောင်မှိတ်မသွားနိုင်သော ညီအစ်ကိုဖြစ်သူ၏ ဦးခေါင်းတစ်လုံးတည်းသာ။
“ဇီဝတားမြစ်နယ်မြေ....ဒါ ငါတို့ကို အရှက်ခွဲလိုက်တာပဲ မဟုတ်လား!!”
တစ်ချိန်တည်းမှာပင် ၊ မဟာဧကရာဇ်မင်းများစွာ၏ မျက်လုံးများသည် သွေးကြောများ ပေါက်ထွက်လာသည့်အတိုင်း နီမြန်းကာ ၊ အမူအရာတို့သည် ဒေါသအရှိန်ကြောင့် ခက်ထန်ကြမ်းတမ်းလာသည်။
သူတို့သည် မိမိတို့နှင့် ရင်းနှီးသော မျက်နှာများကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြရသည်။
ကွေးယွမ် သူတော်စင် နယ်မြေ၏ မဟာဧကရာဇ်မင်းများပင်လျှင် ကြည့်ရဆိုးနေပြီး ၊ လူသတ်လိုစိတ်များ ထောင်းခနဲ့ ပေါက်ကွဲထွက်လာခဲ့သည်။
ဤမဟာဧကရာဇ်မင်းများသည် လူအများ၏ လေးစားမှုကို ခံရမည့် ပြိုင်ဘက်မရှိသော ဧကရာဇ်မင်းများ ဖြစ်ပြီး ၊ ယခုအခါတွင် တစ်ကိုယ်လုံး အပိုင်းပိုင်း ဖြတ်တောက်ခံထားရကာ ဦးခေါင်းများကို လူအများမြင်အောင် ပြသခံထားရသည်။
မဟာဧကရာဇ်မင်း ၆၇ ဦးစလုံးသည် အရက်စက်ဆုံး ၊ အရှက်ရဆုံးနည်းလမ်းဖြင့် သတ်ခံထားရသည်။
ဤသည်မှာ - တိုက်မြေ သုံးထောင်အတွက် အကြီးမားဆုံးသော အရှက်ရမှုကြီးပင် ဖြစ်သည်။
……
တစ်ချိန်တည်းမှာပင် ၊ တားမြစ်ကုန်းပြင်မြင့်သည် လျို့ဝှက်နည်းလမ်းကို အသုံးပြုကာ ဤမြင်ကွင်းအား တိုက်မြေ သုံးထောင်တစ်ခုလုံးကို မြင်သာအောင် ပြသထားသည်။
ထို့ကြောင့် ၊ တိုက်မြေ သုံးထောင်ရှိ မရေမတွက်နိုင်သော သက်ရှိသတ္တဝါများသည် ဤကြောက်မက်ဖွယ်ရာ မြင်ကွင်းကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြရသည်။
တဒင်္ဂအတွင်းမှာပင် ၊
တိုက်မြေသုံးထောင် တစ်ဝှမ်းလုံး ထူးဆန်းစွာ တိတ်ဆိတ်သွားသည် ။
သိပ်မကြာမီ ၊ တိုက်မြေသုံးထောင်ရှိ သန်းထောင်ပေါင်းများစွာသော သက်ရှိအပေါင်းတို့သည် နှလုံးသားကို ဓားနှင့်မွမ်းခံလိုက်ရသကဲ့သို့ ဝမ်းနည်းကြွေကွဲဖွယ်ရာခံစားချက်သည် တဟုန်ထိုး ထတောက်လာခဲ့သည်။
“ အဲ့တုန်းက ဇီဝတားမြစ်နယ်မြေကို တိုက်ခိုက်ခဲ့ကြတဲ့ မဟာဧကရာဇ်မင်းတွေပဲ!!!” “
တိုက်မြေ သုံးထောင်ရှိ စစ်သည်တော်တို့သည် ဇီဝတားမြစ်နယ်မြေကို စစ်ချီတက်တော့မည့် စိတ်အားထက်သန်မှုသည် ယခုအခါတွင် လုံးဝပျောက်ကွယ်ကာ ၊ ယင်းအစား အဆုံးမရှိသော ဝမ်းနည်းမှုကြီးက အစားထိုးဝင်ရောက်လာခဲ့သည်။
မရေမတွက်နိုင်သော သက်ရှိသတ္တဝါတို့၏ ငိုကြွေးသံ ၊ အော်ဟစ်သံ ၊ ဒေါသသံများက နေရာပေါင်းစုံကနေ ထွက်ပေါ်လာကြသည်။
“ဒါက ငါတို့ ချန်ရှန်းလီမိသားစုက ဘိုးဘေးပဲ!!!”
“ဘာကြောင့်လဲ!? ဘာကြောင့် ဒီလို ကြေကွဲဖွယ်ရာ အဆုံးသတ်မျိုးနဲ့ ကြုံတွေ့ခဲ့ရတာလဲ!?”
“ထျန်းလင် မဟာဧကရာဇ်မင်း.... ပိုင်နျန် မဟာဧကရာဇ်မင်း.... သေဆုံးသွားပြီ.... သူတို့အားလုံး သေဆုံးသွားပြီ!!”
“ဒီတိရစ္ဆာန်ကောင်တွေ!! သေပြီးတာတောင် လူကို အလွှတ်မပေးနိုင်ဘူးလား!?”
“……”
မရေမတွက်နိုင်သော ခေတ်ဟောင်းစွမ်းအားရှင်များ ၊ နောက်ဆုံးအချိန်ကာလ ရောက်နေပြီဖြစ်သော မဟာဧကရာဇ်မင်းများပင်လျှင် ဆို့နင့်စွာ ငိုကြွေးနေကြသည်။
မဟာဧကရာဇ်မင်း စုစုပေါင်း ၆၇ပါးရှိပြီး ၊ ၎င်းတို့အားလုံးသည် တစ်ချိန်က သက်ရှိတိုင်းကို ကာကွယ်စောင့်ရှောက်ပေးခဲ့ကြသော သမိုင်းဝင် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
ယခုအခါတွင် ဦးခေါင်းနှင့်ကိုယ် ကွဲပြားကာ ကြေကွဲဖွယ်ရာ နည်းလမ်းဖြင့် အဆုံးသတ်ခံခဲ့ရသည်။
မျက်လုံးတောင် မှိတ်မသွားနိုင်သော ဦးခေါင်း ၆၇လုံးကို မြင်တွေ့လိုက်ရချိန်တွင် ဇီဝတားမြစ်နယ်မြေသို့ ချီတက်လာသည့် တပ်ဖွဲ့ဝင်များသာမက တိုက်မြေသုံးထောင် တစ်ခုလုံး ဝမ်းနည်းမှုများဖြင့် ဖုံးလွှမ်းနေခဲ့သည်။
တစ်ခဏအတွင်းမှာပင် ၊ တစ်ကမ္ဘာလုံး ဝမ်းနည်းကြေကွဲစွာ ညည်းညူခဲ့ကြသည်။
မရေမတွက်နိုင်သော စစ်သည်တော်တို့သည်
စစ်မီးများ တောက်လောင်နေသော မြေပြင်ပေါ်တွင် ဒူးထောက်လျက်သားဖြင့် နှလုံးသားများ ကွဲအက်လုနီးပါး ငိုကြွေးနေကြသည်။
ဇီဝတားမြစ်နယ်မြေ၏ ဤလှုပ်ရှားမှုသည်
အလွန်ပင် ကလိမ်ကကျစ် နည်းလမ်းတစ်ခု ဖြစ်သည်ဟု ဆိုရပေမည်။
စစ်ပွဲမစတင်မီအချိန်တွင် ၊ တိုက်မြေသုံးထောင်ရှိ တပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်ကို အကြီးအကျယ် ထိခိုက်စေခဲ့ပြီး ၊ ၎င်းတို့၏ စိတ်ဓာတ်ကို လုံးလုံးလျားလျား ဖျက်ဆီးခဲ့သည်။
“ဟားဟား!”
ထိုအချိန်တွင် ၊
ပြက်ရယ်သံများစွာ ပဲ့တင်ထပ်လာသည် ။
“ဘယ်လိုလဲ... ငါတို့ရဲ့ ကြိုဆိုလက်ဆောင်ကို မင်းတို့ ကျေနပ်ကြလား?”
ဂျိန်း!!
မိုးကုတ်စက်ဝိုင်းအထိ ဖုံးလွှမ်းနေသော မြူခိုးနက်များ လွင့်ပျံလာခဲ့ပြီး ၊ အဆုံးမရှိသော မှော်နက်သင်္ကေတများသည် တရွေ့ရွေ့ဖြင့် ကျဆင်းလာသည်။
မရေမတွက်နိုင်သော အာကာသလမ်းကြောင်းများသည် အမှောင်မိုးကုပ်စက်ဝိုင်းပေါ်ကနေ ပေါ်ထွက်လာကြသည်။
ကျယ်လောင်သော ဟောက်သံများနှင့်အတူ ၊ သွေးများစွန်းထင်းနေသည့် စစ်ရထားများစွာ ပြေးထွက်လာသည်။
ထို့အပြင် ၊ လွှင့်ထူထားသော မရေမတွက်နိုင်သော အနက်ရောင်စစ်တံခွန်များသည် လေထဲတွင် လွင့်ပျံနေသည်။
ထောင်သောင်းချီသော ဇီဝတားမြစ်နယ်မြေ၏ တပ်ဖွဲ့ဝင်များသည် ရှေ့သို့တရွေ့ရွေ့ ချီတက်လာခဲ့ချေပြီ။
ထိုတပ်ဖွဲ့များကို ဦးဆောင်နေသူများမှာ ဇီဝတားမြစ်နယ်မြေ၏ အဓိပတိမင်းများ ဖြစ်သည်။
ထို့ထဲတွင် ၊ ရှေးဟောင်းဧကရာဇ် နယ်ပယ်အဆင့်ရှိ ဇီဝတားမြစ်နယ်မြေ၏ စွမ်းအားရှင်များ ပါဝင်သည့်အပြင် ၊၎င်းတို့ထံမှ ဖြာထွက်လာသော ရောင်ဝါသည် ကမ္ဘာမြေကို တုန်လှုပ်စေသည့်အထိ ပြုစားနိုင်သည်။
၎င်းတို့၏ မျက်လုံးများတွင် ပြက်ရယ်ပြုခြင်းများ ရှ်ိနေပြီး ၊ အထင်သေးသော အပြုံးများဖြင့် ဆိုလာခဲ့သည်။
“ အစကတော့ ဒီအရိုးခွံတွေကို ငါတို့ ဝိုင်ခွက်အဖြစ် အသုံးပြုမလို့ပဲ ၊ ဒါပေမဲ့ ငါ ဆက်တွေးကြည့်မိတယ် “
“မင်းတို့အားလုံးက ငါ့ရဲ့ ဇီဝတားမြစ်နယ်မြေကို လာလည်ကြတာဆိုတော့ သေချာပေါက် မင်းတို့ကို ကျေနပ်လောက်စေမယ့် လက်ဆောင်လေးတွေကို ပြင်ဆင်ပေးထားတာလေ!”
“ဟားဟား ၊ မင်းတို့အားလုံး ပျော်နေတာကို တွေ့ရတော့ ငါတို့လည်း စိတ်ချမ်းသာတယ်!”
“……”
အက်ကွဲ၊ အက်ကွဲ၊ !
ထိုစကားများကိုကြားသည်နှင့် ၊
တိုက်မြေ သုံးထောင်မှ မဟာဧကရာဇ်မင်းများစွာသည် ၎င်းတို့၏ လက်သီးများကို တကျွတ်ကျွတ် မြည်သည့်အထိ တင်းတင်းကျပ်ကျပ် ဆုပ်ထားကြသည်။
သူတို့ ဘေးပတ်ပတ်လည်တွင် ဝန်းရံလျက်ရှိသော ဧကရာဇ်တန်ခိုးစွမ်းအားများသည် ပို၍ ပြင်းထန်လာသောကြောင့် ကောင်းကင်ကြီးသည် အချိန်မရွေးပြိုကျနိုင်သကဲ့သို့ အနည်းငယ် ကွဲအက်သွားသည်။
သို့သော် သူတို့အားလုံး အရေးမယူခင် ၊
ဝတ်ရုံဖြူ ပုဂ္ဂိုလ်က ဦးဆောင်၍ ရှေ့ထွက်လာခဲ့သည်။
“ချန်ကဲ...”
အလားတူ နာကျင်ဝမ်းနည်းနေသော လော့ရန်ယွီသည် စူးချန်ကဲကိုတားရန် လှမ်းလိုက်သော်လည်း မသိစိတ်ကနေ သူမလက်ကို ပြန်ရုတ်သိမ်းလိုက်သည်။
စူးချန်ကဲ ဘာလုပ်ချင်နေမှန်း သူမကောင်းကောင်းကြီး သိသည်။
စစ်ပွဲ မစတင်မီ ၊ တပ်မတော်၏ စိတ်ဓာတ်သည် ဤမျှကြီးမားစွာ ထိုးနှက်ခံလိုက်ရသည်။
တစ်စုံတစ်ယောက်သည် ဆုံးရှုံးသွားသော စိတ်ဓာတ်ကို ပြန်လည်ရရှိရန် အကြွင်းမဲ့ခွန်အားဖြင့် ပြန်လည်ထူထောင်ရမည်။
ထို့အပြင် ၊ စူးချန်ကဲ၏ အမျက်ဒေါသကိုလည်း နှိုးဆွမိခဲ့ပုံပေါ်သည်။
စူးချန်ကဲ၏ မျက်နှာသည် မကြုံစဖူး အမျက်ဒေါသများ ထွက်ပေါ်နေသည်ကို ပထမဆုံးအကြိမ်အဖြစ် သူမ မြင်လိုက်ရသည်။
ဘုန်း ! !
အချိန်နှင့်နေရာကို လုံးဝအေးခဲသွားစေသည့် သတ်ဖြတ်လိုစိတ်များသည် စူးချန်ကဲ၏ ဘေးတဝိုက်တွင် ဝန်းရံလျက်ရှိသည်။
သူ ခြေတစ်လှမ်း လှမ်းတိုင်း ၊ ဤနေရာ၏ အပူချိန်သည် သိသိသာသာ ကျဆင်းသွားပြီး အေးစက်သော သတ်ဖြတ်ခြင်းအငွေ့အသက်များ ဝင်ရောက်လာသည်။
မိုးကောင်းကင်အထက်တွင် မည်းနက်နေသော တိမ်တိုက်များသည် အလုံးအရင်းဖြင့် ဝင်ရောက်လာကာ မိုးထစ်ချုန်းသံများ အဆက်မပြတ် ပြင်းပြင်းထန်ထန် ထွက်ပေါ်လာခဲ့သည်။
“ မင်းတို့က သေချင်နေမှတော့”
“ငါ မင်းတို့အားလုံးကို အဆုံးသတ်ပေးလိုက်မယ်!!”
ထိုသို့ပြောဆိုပြီးသည်နှင့်၊
စူးချန်ကဲသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလာခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ်တန်ခိုးစွမ်းအားများဖြင့် ပေါက်ကွဲထွက်လာသည်။
သူ၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒသည် နေရာအားလုံးကို အေးခဲသွားစေကာ၊ အရာအားလုံးကို တစ်ခဏချင်းအတွင်း ငြိမ်သက်သွားစေခဲ့သည်။
စူးချန်ကဲ၏ ခန္ဓာကိုယ်တွင်းရှိ ဧကရာဇ်အသွေးတို့သည် ပွက်ပွက်ဆူလာခဲ့ပြီး ၊ နဂါးကြီးတစ်ကောင် ဟိန်းဟောက်လိုက်သကဲ့သို့ မိုးမြေတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
ယခင်က မဟာဧကရာဇ်မင်း ၆၇ ဦး၏ ဦးခေါင်းများကို ဝိုင်အိုးပြုလုပ်မည်ဟု ကြွေးကြော်ခဲ့သော ဇီဝတားမြစ်နယ်မြေ၏ အဓိပတိမင်းသည် စူးချန်ကဲ၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒ၏ ပထမဆုံး ပစ်မှတ်ဖြစ်လာခဲ့သည်။
(T/N - အဓိပတိမင်း က မဟာဧကရာဇ်မင်း နဲ့ အဆင့်တူပါတယ် ၊ ဒါပေမဲ့ ခေါ်ဆိုထိုက်သူများ မဟုတ်လို့ မဟာဧကရာဇ်မင်းလို့ မသုံးနှုန်းပါဘူး)
“မင်း... မင်းက...”
သူ၏ခြေလှမ်းများက အလိုအလျောက် နောက်ဆုတ်သွားသည်။
သူသည် ဇီဝတားမြစ်နယ်မြေ၏ တပ်ဖွဲ့ကြီးအလယ်တွင် ရှိနေခဲ့သည်။
ဒီကောင်လေး တပ်အင်အားသုံးဖွဲ့ကြားမှာ သူ့ခေါင်းကို တိုက်ရိုက်ယူဝံ့မတဲ့လား!?
သူ၏အတွေးများ မဆုံးသတ်ခင် ၊
ဝုန်း !!!
ချက်ချင်းဆိုသလို ၊ ကောင်းကင်ပြင်တွင် အလင်းတန်းတစ်စင်းသည် လျှပ်တစ်ပြက် ဖြတ်သန်းသွားပြီး အာကာသပြင်သည် အလွှာလိုက် ကွဲအက်ပျက်စီးသွားသည်။
လှုပ်ခတ်သွားသော လေပြင်းများသည် ဇီဝတားမြစ်နယ်မြေ၏ တပ်ဖွဲ့ဝင်များစွာကို အဝေးသို့ လွင့်စင်သွားစေသည်။
နောက်အခိုက်အတန့်တွင် ၊ စူးချန်ကဲသည် ထိုအနှီလူ၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။
အဆုံးမရှိသော သတ်ဖြတ်လိုစိတ်များသည် ထ်ိုအနှီလူ၏ ဦးခေါင်းထက်တွင် နတ်တောင်တန်းကြီးတစ်ခု ကျရောက်လာသည့်အတိုင်း ပြင်းထန်သော ဖိနှိပ်စွမ်းအားများသည် ၎င်းအား ချုပ်နှောင်ပစ်ခဲ့လေသည်။