ကြောင်ကလေး နိုးလာခြင်း
Vol. 18 Ch. 203
အနန္တတာအိုနိယာမမှာ အသေးစား အောင်မြင်မှုအဆင့်သို့ ရောက်ရှိသွားပြီးနောက် အနန္တတာအိုနိယာမ နယ်ပယ်မှာလည်း အခြေခံအားဖြင့် စတင်ပုံပေါ်လာခဲ့ပြီ ဖြစ်သည်။
ထန်ထျန်း၏ ဝှက်ဖဲမှာ တစ်ဖန် အဆင့်သစ်တစ်ခုသို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ ဤအချိန်တွင် ဆန်းကြယ်အင်မော်တယ် သို့မဟုတ် ရွှေအင်မော်တယ် တစ်ယောက်ယောက်က သူ့ကို ပြဿနာလာရှာမည်ဆိုပါက သူတို့ကို နှိမ်နင်းရန်မှာ လက်ဖျောက်တစ်ချက်တီးရသလောက်ပင် လွယ်ကူပေလိမ့်မည်။
အနန္တတာအိုနိယာမ နယ်ပယ်၏ စွမ်းရည်များကို ခဏမျှ ဆက်လက် ခံစားကြည့်ပြီးနောက် ထန်ထျန်းက ၎င်းကို သူ့ကိုယ်တွင်းသို့ ပြန်လည် ရုပ်သိမ်းလိုက်သည်။
ယခုအခါ သူ၏ လက်ထဲတွင် အစွမ်းထက်သော ဝှက်ဖဲ သုံးခု ရှိနေပြီ ဖြစ်သည်။
၎င်းတို့မှာ ကြီးမားသော တိုက်ခိုက်ရေးစွမ်းအား ရှိသည့် "အနန္တတာအိုနိယာမ ကောင်းကင်ကုလားကာ" ၊ သူ့ကိုယ်ကို သေခြင်းတရားအား မကြောက်ရွံ့စေသော "နတ်ဖီးနစ် လျှို့ဝှက်ကျင့်စဉ်" နှင့် နယ်ပယ်အတွင်းရှိ နိယာမများအောက်တွင် မည်သူ့ကိုမဆို ပုရွက်ဆိတ်ကဲ့သို့ သတ်မှတ်နိုင်သည့် "အနန္တတာအိုနိယာမ နယ်ပယ်" တို့ပင် ဖြစ်သည်။
ဤသတ်ဖြတ်ရေး ဝှက်ဖဲ သုံးခုရှိနေပြီ ဖြစ်ရာ ယခုအချိန်တွင် ထန်ထျန်းမှာ ကျင့်ကြံခြင်းလောက၏ နေရာအနှံ့အပြား၌ မည်သည့်အရာကိုမျှ ဂရုစိုက်နေစရာ မလိုဘဲ စိတ်အေးချမ်းစွာ သွားလာနိုင်ပြီ ဖြစ်သည်။
တောင်ပေါ်မှ တရားဝင် ဆင်းရန်အတွက်လည်း မည်သည့် စိုးရိမ်ပူပန်မှုမျှ မရှိတော့ပေ။
စိတ်ကို ခဏမျှ ပြန်လည် စုစည်းပြီးနောက် ထန်ထျန်းက စနစ်ကို ကြည့်လိုက်သည်။
လက်ကျန် ၁၅၀ ထရီလီယံကျော်သော သုံးစွဲမှုအမှတ် များမှာ "ဟင်းလင်းပြင် သားတော်" ပါရမီ သို့မဟုတ် "ဟင်းလင်းပြင် ခန္ဓာ" ကို လဲလှယ်ရန် လုံလောက်နေပြီ ဖြစ်သည်။
ထန်ထျန်းက မည်သည့်အရာကို အရင် လဲလှယ်ရမည့်အကြောင်း စဉ်းစားနေစဉ်မှာပင် သူ၏ နှလုံး ထဲ၌ ထူးဆန်းသော လှုပ်ခတ်မှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။
ယင်း၏ အရင်းအမြစ်မှာ သူ၏ ထူးဆန်းသော ဥကြီးဆီမှ ဖြစ်၏။
လှိုင်းလုံးများသဖွယ် ပြင်းထန်သော သဘာဝ အငွေ့အသက်များမှာ ထိုဥကြီးထဲမှ အပြင်သို့ လျှံထွက်လာနေသည်။
ထန်ထျန်း၏ စိတ်ထဲ၌ တစ်စုံတစ်ခုကို သတိပြုမိသွားပြီး သူ၏ စိတ်ဝိညာဉ်ကို ထိုဥထဲသို့ စေလွှတ်၍ စူးစမ်းလိုက်သည်။
ဥကြီး၏ အတွင်းပိုင်းမှာ အဆုံးမဲ့သော ဗလာ ဟင်းလင်းပြင် ကြီး ဖြစ်သည်။
ဤနေရာမှာ အစစ်အမှန် ဟင်းလင်းပြင် ဖြစ်ပြီး မည်သည့်အရာမျှ တည်ရှိခြင်း မရှိပေ။
သို့သော် ထိုဟင်းလင်းပြင်ထဲ၌ တောက်ပသော အလင်းတန်းများ ဖြာထွက်နေသည့် ကြည်လင် သော အလင်းအကာအကွယ်တစ်ခု ရှိနေသည်။
ဤသည်မှာ ထန်ထျန်းက သက်ရှိများကိုပင် ထည့်သွင်းနိုင်သော ကိုယ်ပိုင်နေရာတစ်ခုအဖြစ် အထူး ဖန်တီးထားခြင်း ဖြစ်သည်။
ယခင်က ချီယွမ်ကိုလည်း ဤအလင်းအကာအကွယ်ထဲ၌ပင် ထားရှိခဲ့ခြင်း ဖြစ်သည်။
အိပ်မောကျနေသော ကြောင်ကလေးမှာလည်း ထိုအထဲ၌ပင် ရှိနေ၏။
ယခုအခါ လအနည်းငယ်ကြာ အိပ်ပျော်နေခဲ့သော ကြောင်ကလေးမှာ အသက်ရှူသံများ ပြင်းထန်နေပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်နှင့်အမျှ သဘာဝ အငွေ့အသက်များမှာ ပတ်ဝန်းကျင်သို့ ပြန့်လွင့်လာနေသည်။
"နောက်ဆုံးတော့ နိုးလာတော့မှာလား"
ထန်ထျန်းက မျက်ခုံးအသာ ပင့်လိုက်သည်။
ယခင်က နိယာမလက်ကျန် လက်နက်များကို အမြောက်အမြား ဝါးမြိုပြီးကတည်းက ကြောင်ကလေးမှာ တိုက်ရိုက် အိပ်မောကျသွားခဲ့ခြင်း ဖြစ်သည်။
လအနည်းငယ်ကြာသည့်တိုင်အောင် မည်သည့် လှုပ်ရှားမှုမျှ မရှိခဲ့ဘဲ ယနေ့မှသာ ထူးခြားသော ပြောင်းလဲမှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ထန်ထျန်းမှာ ဘေးမှနေ၍ ငြိမ်သက်စွာ စောင့်ကြည့်နေ၏။
အချိန်ကြာလာသည်နှင့်အမျှ ကြောင်ကလေး၏ အသက်ရှူသံမှာ ပိုမို မြန်ဆန်လာပြီး သဘာဝ အငွေ့အသက်များ၏ တုန်ခါမှု အကြိမ်ရေမှာလည်း ပို၍ စိပ်လာသည်။
နောက်ဆုံးတွင် ၎င်းတို့မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီးနောက် ပြောင်းလဲမှုမှာ စတင်ခဲ့သည်။
"ခရက်"ဆိုသော အသံနှင့်အတူ ကြောင်ကလေး၏ ခန္ဓာကိုယ်မှာ ကြွေထည်တစ်ခုကဲ့သို့ အက်ကြောင်းများစွာ ပေါ်လာခဲ့သည်။
ထို့နောက် အက်ကြောင်းများကြားမှ အစစ်အမှန် သဘာဝ အငွေ့အသက်များ တိုးထွက်လာကာ ကြောင်ကလေး၏ ခန္ဓာကိုယ်အထက်၌ စုစည်းလာတော့သည်။
သဘာဝ အငွေ့အသက်များ ပိုမို ထွက်ပေါ်လာသည်နှင့်အမျှ ကြောင်ကလေး၏ မူလခန္ဓာကိုယ်မှာ ဖောက်ထွင်းမြင်နိုင်လောက်သည်အထိ ကြည်လင် သွားပြီး အပေါ်ဘက်၌ စုစည်းနေသော အရာမှာ ပုံသဏ္ဌာန် ပေါ်လာခဲ့သည်။
၎င်းမှာလည်း ကြောင်ကလေးပုံစံပင် ဖြစ်သည်။
"ခန္ဓာကိုယ် အသစ်လဲတာလား "
ထန်ထျန်းမှာ စိတ်ထဲ၌ အံ့သြသွားသည်။
ဤကဲ့သို့သော ဆင့်ကဲပြောင်းလဲ မှု ပုံစံမျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
အချို့သော မိစ္ဆာသားရဲများမှာ ဤနည်းလမ်းဖြင့် အဆင့်တက်တတ်သည်ဟု ကြားဖူးသော်လည်း ကမ္ဘာငယ်တစ်ခု၏ ကမ္ဘာဉီးဝိညာဉ် တစ်ခုက ဤနည်းလမ်းကို ရွေးချယ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
၎င်းမှာ သူက ပုံသဏ္ဌာန် ပြောင်းလဲပြီးနောက် ဝိညာဉ်သားရဲတစ်ကောင်နှင့် တူသွားသောကြောင့် ဖြစ်မည်လားဆိုသည်ကို ထန်ထျန်း မသိနိုင်ပေ။
ကြောင်ကလေး၏ ခန္ဓာကိုယ်လဲလှယ်မှုမှာ အလွန် မြန်ဆန်လှပြီး ခဏအကြာမှာပင် မူလခန္ဓာကိုယ်မှာ အခွံဟောင်းအဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ပုံသဏ္ဌာန်အသစ်မှာလည်း အပြည့်အဝ ဖြစ်တည်သွားခဲ့ပြီ ဖြစ်သည်။
ခဏအကြာတွင် ကြောင်ကလေးမှာ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
သူတို့နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေမိကြ၏။
"ဝါးး..."
ကြောင်ကလေးက ရုတ်တရက် ငို လိုက်ပြီး နောက်သို့ ခုန်ဆုတ်ကာ သူ၏ အမွေးပွပွ အမြီးဖြင့် ခန္ဓာကိုယ်အောက်ပိုင်းကို ဖုံးကွယ်လိုက်သည်။
"မင်း ဘာလို့ ဒီမှာ ရှိနေတာလဲ၊ ငါ အဝတ်မဝတ်ရသေးဘူး"
သူက လန့်သံဖြင့် အော်ပြောလိုက်သည်။
ထန်ထျန်း: .......
ထန်ထျန်းမှာ ပြောစရာ စကားမဲ့သွားရ၏။
မင်းက ကမ္ဘာဉီး ဝိညာဉ်ကနေ ပုံပြောင်းထားတာလေ၊ တကယ့် မူလကိုယ်ထည်ကလည်း အမည်မသိ ရှေးဟောင်းကျောက်စိမ်းတုံးကြီးကို၊ ဘာတွေ ရှက်နေရတာလဲ။
"မင်းရဲ့ လှုပ်ရှားမှုတွေက ငါ့ရဲ့ ဒီဟင်းလင်းပြင်နေရာကို ဖျက်ဆီးပစ်မှာ စိုးလို့ လာကြည့်တာ"
ထန်ထျန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
ကြောင်ကလေးက "ဪ" ဟု အသံပြုကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ ထို့နောက် သူ၏ ခြေသည်းကလေးများဖြင့် တစ်စုံတစ်ခုကို တွက်ချက်နေသယောင် ဟန်ဆောင်ကာ မျက်မှောင်ကြုတ်လိုက်၏။
"ဟမ် မဟုတ်သေးပါဘူး။ အချိန်က ခြောက်လတောင် မပြည့်သေးဘူးပဲ။ ငါ့ရဲ့ အဆင့်တက်ချိန်က တစ်နှစ်လောက် ကြာရမှာလေ"
ထိုသို့ပြောပြီးနောက် သူက ဘေးပတ်ဝန်းကျင်ရှိ လေထုကို နမ်းကြည့်ကာ ထန်ထျန်း၏ နံဘေးသို့ လျင်မြန်စွာ ပြေးလာပြီး ထန်ထျန်း၏ ကိုယ်ပေါ်၌ အနံ့ခံကြည့်နေပြန်သည်။
"ဘာလုပ်နေတာလဲ"
ထန်ထျန်းက ရွံရှာဟန်ဖြင့် သူ၏ မျက်နှာကို တွန်းထုတ်လိုက်သည်။
ကြောင်ကလေးက သူ၏ ဝိုင်းစက်သော မျက်လုံးကြီးနှစ်လုံးဖြင့် ထန်ထျန်းကို ကြည့်ကာ မှင်တက်နေ၏။
"မင်း... တစ်ခုခုတော့ ထူးထူးခြားခြား လုပ်လိုက်ပြီ ထင်တယ်"
ထန်ထျန်းမှာ တစ်ချက် မှင်တက်သွားသည်။
ထူးခြားတဲ့ အရာလား
သူက စဉ်းစားကြည့်ကာ ယခုလေးတင် သူ ရရှိခဲ့သော "အနန္တတာအိုနိယာမ နယ်ပယ်" ကြောင့် ဖြစ်နိုင်မလားဟု တွေးတောမိသည်။
အမှန်ပင်၊ အနန္တတာအိုနိယာမ အသေးစား အောင်မြင်မှု မရခင်အထိ ကြောင်ကလေးမှာ နိုးထလာမည့် အရိပ်အယောင် လုံးဝ မရှိခဲ့ပေ။
သို့သော် အနန္တတာအိုနိယာမ နယ်ပယ် ဖြစ်တည်ပြီးနောက် မကြာမီမှာပင် သူ၏ ဆင့်ကဲပြောင်းလဲမှု မှာ ပြီးဆုံးသွားခဲ့သည်။
ကြည့်ရသည်မှာ အချိန်စော၍ ပြီးဆုံးသွားခြင်း ဖြစ်ပေလိမ့်မည်။
အနန္တတာအိုနိယာမ နယ်ပယ်၏ စွမ်းရည်နှင့် ဆက်စပ်ကြည့်လျှင် ၎င်းကြောင့် ဖြစ်နိုင်ခြေ အမှန်တကယ် ရှိနေသည်။
ထန်ထျန်းက မေးစေ့ကို ပွတ်လိုက်၏။
"ငါ ဒီနေ့ မွန်းလွဲပိုင်းက ကြာဇံကြော် တစ်ပွဲနဲ့ ကြက်သားထမင်း တစ်ပွဲ စားခဲ့တယ်"
သူက ကြောင်ကလေးကို အမှန်တရားအား ပြောပြရန် မရည်ရွယ်ပေ။
ထိုစကားကို ကြားသောအခါ ကြောင်ကလေးမှာ အူကြောင်ကြောင်ဖြင့် ခေါင်းကို ကုတ်နေ၏။
ကြာဇံကြော်၊ ကြက်သားထမင်းနှင့် သူ၏ အဆင့်တက်မှုကြားတွင် မည်သည့် ဆက်စပ်မှု ရှိနိုင်သလဲဆိုသည်ကို အမှန်တကယ် စဉ်းစားနေပုံရသည်။
"အဟမ်း..."
ထန်ထျန်းက အလျင်အမြန် စကားလမ်းကြောင်း လွှဲလိုက်သည်။ "မင်း အခု ဘယ်လို ခံစားရလဲ"
ကြောင်ကလေးမှာ ဖြူစင်သူဖြစ်သဖြင့် ထန်ထျန်း၏ မေးခွန်းကို ကြားသောအခါ ယခင်သံသယကို မေ့ပျောက်သွားပြီး စိတ်လှုပ်ရှားစွာ ပြောတော့သည်။ "ခံစားချက်က အရမ်းကောင်းတယ်"
" ငါ ပိုပြီး သန်မာလာတယ်၊ ပြီးတော့ အမှတ်ရစရာတွေ အများကြီးကိုလည်း နိုးထလာခဲ့တယ်"
" ငါ့ရဲ့ ကမ္ဘာကလည်း အများကြီး ကျယ်လာသလို အထဲက နိယာမတွေကိုလည်း ငါ ထိန်းချုပ်နိုင်လာပြီ။"
" အခုဆိုရင် ငါ့ရဲ့ ကမ္ဘာထဲမှာ ဘယ်သူပဲလာပြီး သောင်းကျန်း သောင်းကျန်း၊ သူတို့ အမေတောင် မှတ်မိမှာ မဟုတ်တဲ့အထိ ငါ ရိုက်နှက် ပေးလိုက်မယ်။ သူတို့ ဘောင်းဘီတွေကိုပါ ချွတ်ပြီး အပြင်ကို လွှင့်ပစ်လိုက်မှာ၊ ဟမ့်..."
"ဪ... မင်းကို ပြောတာ မဟုတ်ပါဘူးနော်။"
" နောက်ပြီး အခုဆိုရင် ငါက ဟင်းလင်းပြင် စွမ်းအား ကို အင်မော်တယ် စွမ်းအား အဖြစ် တိုက်ရိုက် ပြောင်းလဲပေးနိုင်ပြီ။"
" ငါ မင်းကို ပေးထားတဲ့ ကျောက်စိမ်း ကို ကြည့်ကြည့်လိုက်"
ကြောင်ကလေးက ပြောသည်။
ထန်ထျန်းက ခေါင်းညိတ်၍ လက်ကောက်ဝတ်ရှိ ကျောက်စိမ်းကို အာရုံခံကြည့်လိုက်သည်။
အမှန်ပင်၊ ထိုအရာမှ ထွက်ပေါ်လာနေသည်မှာ မူလဝိညာဉ်စွမ်းအား မဟုတ်တော့ဘဲ ပိုမိုမြင့်မားသော အင်မော်တယ် စွမ်းအားများ ဖြစ်နေသည်။
ထိုစွမ်းအားများ၏ အရည်အသွေးမှာ သာမန်မျှသာ ရှိသေးသော်လည်း ဤသည်မှာ ကြီးမားသော တိုးတက်မှုပင် ဖြစ်သည်။
အင်မော်တယ် နယ်ပယ်သို့ ရောက်ရှိလာခဲ့သည်မှာ နှစ်လကျော် ရှိပြီဖြစ်သော်လည်း ထန်ထျန်းမှာ အင်မော်တယ် နယ်ပယ် အလယ်အလတ်အဆင့်သို့သာ ရောက်ရှိသေးသည်။
အဓိက အကြောင်းရင်းမှာ လုံလောက်သော အင်မော်တယ် စွမ်းအားကို မရရှိသောကြောင့် ဖြစ်ပြီး ဝိညာဉ်စွမ်းအားကိုသာ အားကိုးခြင်းက တိုးတက်မှုကို အလွန် နှေးကွေးစေသည်။
ဤသည်မှာလည်း သူ ထျန်းဖူနန်းတော် သို့ သွားလိုသည့် အဓိက အကြောင်းရင်း တစ်ခုပင် ဖြစ်သည်။
ထိုနေရာတွင် လုံလောက်သော အင်မော်တယ် စွမ်းအားများ ရှိနေပေလိမ့်မည်။
သို့သော် ယခုအခါ သူ့တွင် နောက်ထပ် အင်မော်တယ် စွမ်းအား ရရှိနိုင်မည့် အရင်းအမြစ်တစ်ခု ရှိလာခဲ့ပြီ ဖြစ်သည်။
"ကောင်းတာပေါ့"
ထန်ထျန်းက ပြုံး၍ ပြော သည်။
ကြောင်ကလေးက ရယ်လိုက်ပြီး "ငါ ပြောသားပဲ၊ ငါ့ရဲ့ အဆင့်တက်မှုက မင်းအတွက်လည်း အကျိုးရှိပါတယ်လို့"
" ဒါတင် မကသေးဘူးနော်၊"
" ဟိုမှာ ကြည့်လိုက်၊ သေချာကြည့်~"
သူက သူ၏ ခန္ဓာကိုယ်မှ လဲလှယ်ထားသော အခွံဟောင်းကို ညွှန်ပြလိုက်သည်။
ထန်ထျန်းက ကြည့်လိုက်၏။
ကြောင်ကလေး ထွက်ခွာသွားပြီးနောက် အက်ကြောင်းများဖြင့် ပြည့်နေသော အခွံဟောင်းမှာ မည်သည့်အချိန်က ပြန်လည် ကောင်းမွန်သွားခဲ့မှန်း မသိဘဲ မှန်ချပ်တစ်ခုကဲ့သို့ ချောမွေ့နေကာ ထူးခြားသော အနုပညာပစ္စည်းတစ်ခုအသဏ္ဌာန် ရှိနေသည်။
ကမ္ဘာဉီးဝိညာဉ်၏ နက်နဲသော စွမ်းအားများနှင့် သဘာဝ အငွေ့အသက်များမှာ ယင်း၏ ပတ်ဝန်းကျင်တွင် ရစ်ဝိုင်းနေ၏။
ရုတ်တရက် ထန်ထျန်း၏ အကြည့်များမှာ ရပ်တန့်သွားသည်။
ကြောင်ကလေး၏ အခွံဟောင်းမှာ လေထဲတွင် လွင့်မျောနေပြီး ထိုအခွံ၏ အောက်ခြေတွင်မူ "အမှုန်အမွှား" အချို့ ရှိနေသည်ကို တွေ့လိုက်ရသည်။
သေသေချာချာ ကြည့်လိုက်သောအခါ ၎င်းမှာ သေးငယ်လှသော ဖုန်မှုန့်လေး တစ်မှုန့် ဖြစ်နေသည်။
စစ်မှန်ပြီး အသစ်စက်စက် ဖုန်မှုန့်လေးပင် ဖြစ်သည်။
ဤကဲ့သို့သော ဗလာ ဟင်းလင်းပြင် ကြီးထဲတွင် ဖုန်မှုန့်တစ်မှုန့် ရှိနေခြင်းက ဘာကို ဆိုလိုသည်ကို ထန်ထျန်း အလွန် ကောင်းစွာ နားလည်သည်။
"ငါ ပြောခဲ့သလိုပဲ၊ ဒီနေရာကို ကမ္ဘာငယ်တစ်ခုအဖြစ် ပြောင်းလဲပေးမယ်ဆိုတဲ့ ငါ့စကား ငါ တည်ပါတယ်~"
ကြောင်ကလေးက ဂုဏ်ယူစွာဖြင့် ပြောလိုက်လေသည်။