← Chapters

အခန်း (၅၂၅-၅၂၉)

Vol. 39 Ch. 525-529

အခန်း (၅၂၅-၅၂၉)

Vol. 39 Ch. 525-529

အပိုင်း(၅၂၅): လက်ဆွဲနှုတ်ဆက်ပြီး ငြိမ်းချမ်းရေးလုပ်ရအောင် တန်လို့လား? ( အပိုင်း-၁)

ထိုစကားများထွက်လာသည်နှင့် ၊

ဇီဝတားမြစ်နယ်မြေ၏ ခေါင်းဆောင်ခြောက်ဦးစလုံး တုန်လှုပ်သွားသည်။

အမတနယ်မြေ၏ တားမြစ်အင်အားစု ကိုးဖွဲ့အနက်မှ တစ်ဖွဲ့ဖြစ်သည့် တားမြစ်ကုန်းပြင်မြင့်သည် အမှန်တကယ်ပင် ပြာကျသွားခဲ့ပြီလော။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?!

တားမြစ်အင်အားစုလို့တောင် သတ်မှတ်ခံထားရတဲ့ တစ်လောကလုံးရဲ့အထက်မှာ ရှိတဲ့ အင်အားစုလေ !

ထိုစဉ် ၊ ထူးဆန်းသော အသံသည် စကားလုံးတစ်လုံးကို ရေရွတ်လိုက်သည်။

“ ဖွဲ့!”

တခဏအတွင်း ၊ တားမြစ်ကုန်းပြင်မြင့်ရှိ ခေါင်းဆောင်ခြောက်ဦးတို့၏ စိတ်နှလုံးထဲ၌ ထူးခြားဆန်းကြယ်သော မရေမတွက်နိုင်သော မှော်နက်သင်္ကေတတို့သည် တလိပ်လိပ် တတ်လာခဲ့ပြီး ၊ အဆုံးတွင် ၎င်းတို့၏ စိတ်အာရုံရှေ့မှောက်တွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။

ထိုပုံရိပ်ထဲတွင် ၊ အမတနယ်မြေ၏ အဓိကအင်အားစုလေးစုမှ တားမြစ်ကုန်းပြင်မြင့်ကို အပြီးတိုင် ဖျက်ဆီးပစ်ခဲ့သည့် မြင်ကွင်းများကို မြင်တွေ့ နေရသည်။

အမတဧကရာဇ်မင်းများစွာ ကျဆုံးခဲ့ရပြီး ၊

ကြီးကျယ်ခမ်းနားသော လူတစ်စုသည် ၎င်းတို့၏ မှော်စွမ်းအားများဖြင့် အပြင်းအထန် တိုက်ခိုက်လေရာ ၊ တားမြစ်ကုန်းပြင်မြင့်၏ ဘိုးဘွားပိုင်နယ်မြေပင်လျှင် အစိတ်စိတ်အမြွှာမြွှာ ကြွေမွသွားခဲ့ပြီ ဖြစ်သည်။

……

ဤကြောက်မက်ဖွယ်ရာ မြင်ကွင်းကို မြင်တွေ့ပြီးနောက် ၊

တား‌မြစ်နယ်မြေရှိ ခေါင်း‌ဆောင်ခြောက်ဦး၏ စိတ်နှလုံးများသည် တုန်လှုပ်ချောက်ချားကာ ပြိုလဲလုနီးပါး ဖြစ်ခဲ့ရသည်။

သူတို့၏ အရှင်သခင်၊ တားမြစ်ကုန်းပြင်မြင့်သည် ဤကဲ့သို့မရှင်းမလင်းဖြင့် ဖျက်ဆီးခံခဲ့ရလေသလော။

ဒါဘာတွေ ဖြစ်သွားတာလဲ?

ပြီးတော့ တားမြစ်ကုန်းပြင်မြင့်ဆိုတာ ဘယ်လိုအင်အားစုလဲ?

အမတနယ်မြေရဲ့ ခေါင်းဆောင်အစစ်လို့တောင် ဆိုလို့ရတယ် !

သို့သော် ၊ ဤကဲ့သို့အင်အားကြီးမားသော အင်အားစုသည် အစမှအဆုံး သတင်းလုံးဝမထွက်ဘဲ တိတ်တဆိတ် ဖျက်ဆီးခံလိုက်ရသည်။

သူတို့ ထပ်ပြီး မစဉ်းစားဝံ့ပေ။ မည်သို့သော ကြောက်ခမန်းလိလိ အင်အားစုများက အရေးယူခဲ့လေသနည်း။

“ မဟုတ်မှလွဲရော...?”

ဇီဝတားမြစ်နယ်မြေမှ ခေါင်းဆောင်ခြောက်ဦးသည် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိကာ ၎င်းတို့၏ မျက်နှာများသည် ချက်ချင်းလက်ငင်း ဖြူဖျော့သွားသည်။

သူတို့အားလုံးသည် စူးချန်ကဲကို ကြည့်လိုက်ကြသည်။ ယခင်က မထီမဲ့မြင်ပြုမှုခဲ့သော အမူအရာတို့သည် ဤအခိုက်အတန့်တွင် လုံးဝပျောက်ကွယ်သွားပြီး အဆုံးမရှိသော အကြောက်တရားက အစားထိုးဝင်ရောက်လာခဲ့သည်။

ပြောစရာမလိုအောင်ပင် တားမြစ်ကုန်းပြင်မြင့်၏ ပျက်သုန်းခြင်းသည် သူတို့ရှေ့က စူးချန်ကဲနှင့် သေချာပေါက် ဆက်စပ်နေရမည်။

သူတို့၏ မသိစိတ်က ပါးစပ်ဖွင့်ကာ အရှုံးကို ဝန်ခံချင်ခဲ့သည်။ မိမိတို့၏ အရှင်သခင်မှာ လောကတွင် မရှိတော့သလို ၊ မိမိတို့၏ ကျောထောက်နောက်ခံသည်လည်း နင်းချေခံလိုက်ရပြီပင်။

သူတို့က ဘာအားကိုးနဲ့ သူများကိုသွားပြီး တိုက်နိုင်တော့မှာလဲ!?

သို့သော် ၊ သူတို့ ပါးစပ်ထပ်မဖွင့်ခင် အဆိုပါ ထူးဆန်းသော အသံက ထပ်မံ ပြောဆိုလာခဲ့သည်။

“ဟား... တားမြစ်နယ်မြေက အင်အားစုတစ်ခုသာသာပဲ ၊ ဘာကြောက်စရာရှိတုန်း “

“တကယ်လို့ မင်းတို့သာ ငါတို့အတွက် အလုပ်လုပ်ပေးဖို့ ဆန္ဒရှိတယ်ဆိုရင်.... မင်းတို့ကို ကာကွယ်ပြီး ထာဝရအစွမ်းတွေပေးမယ် “

“မင်းတို့လုပ်တာကောင်းရင် မင်းတို့ကို အမတဘုရင်ဖြစ်အောင် အထိ ကူညီပေးနိုင်တယ်!”

ထိုစကားများ ထွက်လာသည်နှင့် ၊

ဇီဝတားမြစ်နယ်မြေရှိ ခေါင်းဆောင်ခြောက်ဦး၏ နှလုံးသားထဲက ကြောက်ရွံ့မှုတို့သည် တစ်ဖန် ပျောက်ကွယ်သွားခဲ့ပြီး တုနှိုင်းမရသော ပျော်ရွှင်မှုများ ဝင်ရောက်လာခဲ့သည်။

အမတဘုရင်!

၎င်းသည် အမတနယ်မြေတစ်ခုလုံးတွင် ထိပ်တန်းတည်ရှိမှုဟု ဆိုနိုင်သည်။ အမတ ဧကရာဇ်မင်းများသာ မရှိခဲ့ပါက ၊ ၎င်းသည် ဒေဝလောကတစ်ခွင်‌တွင် ပြိုင်ဘက်ကင်းသော တည်ရှိမှုဖြစ်ပေလိမ့်မည်။

အတွေးတစ်ချက်တည်းဖြင့် ကမ္ဘာကြီးကို ပြောင်းလဲနိုင်သည်။

လက်ရှိတွင် ၊၎င်းတို့သည် သွေးချီစွမ်းအင်များ အားနည်းနေပြီ ဖြစ်သည့်အပြင် မွေးရာပါ မှော်စွမ်းအင်သည် အကန့်အသတ် ရောက်ရှိနေသောကြောင့် ဆီမီးခွက်ကုန်ခမ်းသည့် အခြေအနေသို့ ဆိုက်ရောက်နေသည်ကို သင်သိထားရမည်။

ဤထူးဆန်းသော တည်ရှိမှုသည် ၎င်းတို့အား ထာဝရစွမ်းအားကို ပေးစွမ်းမည့်အပြင် အမတဘုရင်၏မဟာလမ်းစဉ်ကို အောင်မြင်မည့်အထိ ကူညီပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းလာခဲ့သည်။

ထိုပုဂ္ဂိုလ်၏ ခွန်အားသည် မည်မျှကြောက်စရာကောင်းလိုက်မည်နည်း။

ဇီဝတားမြစ်နယ်မြေရှိ ခေါင်းဆောင်ခြောက်ဦးသည် လျင်မြန်စွာ ဆုံးဖြတ်ချက်ချခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ တားမြစ်ကုန်းပြင်မြင့်သည် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

ယခုအချိန်တွင် ၊ ဤနောက်ဆုံးကြိုးမျှင်ကို ဖက်တွယ်မထားပါက သူတို့၏ ဇီဝတားမြစ်နယ်မြေသည်လည်း ပျက်စီးသွားပေတော့မည်။

“ ကျွန်တော်တို့ ဇီဝတားမြစ်နယ်မြေက လူကြီးမင်းရဲ့ ဦးဆောင်မှုကို လိုက်နာဖို့ ဆန္ဒရှိပါတယ်!”

ဇီဝတားမြစ်နယ်မြေရှိ ခေါင်းဆောင်ခြောက်ဦးသည် တစ်ချိန်တည်းမှာပင် သူတို့၏ စိတ်ထဲ၌ တရိုတသေ ကြွေးကြော်ခဲ့ကြသည်။

“ပညာရှိတဲ့ ရွေးချယ်မှုပဲ”

“မင်းတို့ သတ္တိရှိရှိနဲ့သာ ဆက်လုပ် ၊ စိတ်မပူနဲ့ ၊ တကယ်လို့ မင်းတို့ မယှဉ်နိုင်တဲ့ ပြိုင်ဘက်ဆိုရင် “

ထိုထူးဆန်းသော အသံသည် အလွန်ကျေနပ်နေပုံရသည်။

“ငါတို့ မင်းတို့ကို တိတ်တဆိတ် ကာကွယ်ပေးသွားမယ်”

ထိုစကားကိုကြားသည်နှင့်။

ဇီဝတားမြစ်နယ်မြေမှ ခေါင်းဆောင်ခြောက်ဦးသည် ယခင်ကအတိုင်း ဥပေက္ခာနှင့် မောက်မာမှုများ ပြန်လည်ရရှိခဲ့သည်။

သခင်ဟောင်း ကွယ်လွန်သွားတောင်၊ သူတို့တွင် ပို၍သန်မာသော သခင်သစ်တစ်ဦး ရှိသေး၏။

ကွေးယွမ် သူတော်စင် နယ်မြေလောက်တော့ ဘာကြောက်စရာရှိတုန်း !?

တစ်ချိန်တည်းမှာပင် ၊ ၎င်းတို့၏စကားဝိုင်းသည် ပြင်ပကမ္ဘာတွင် အချိန်အနည်းငယ်သာ ကြာမြင့်ခဲ့သည်။

ထို့ကြောင့် တိုက်မြေ သုံးထောင်ရှိ လူတော်တော်များများသည် ဤဖြစ်စဉ်ကို မသိခဲ့ကြပေ။

“လက်ဆွဲနှုတ်ဆက်ပြီး ငြိမ်းချမ်းရေးလုပ်မယ်?”

စူးချန်ကဲက ရယ်သည်။ အရင်က နိုးထလာသော အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော်နှင့် လျို့ဝှက် ခန္ဓာကိုယ်ဖွဲ့စည်းပုံတို့ အပါအဝင် သူ့တွင် ပြိုင်ဘက်ကင်းသော နတ်ကိုယ်ထည် ခြောက်ခုရှိထားသည်။

သူ၏အသွေးအသားတို့သည် ပို၍အဆင့်မြင့်သော အသွင်ကူးပြောင်းမှုအဖြစ်သို့ ပြီးမြောက်ခဲ့ပြီး ၊ သူ၏ နတ်အသိစိတ်သည် မယုံနိုင်လောက်အောင် ပြင်းထန်လာခဲ့သည်။

မကြာသေးမီကပင် ၊ သူသည် ထူးဆန်းသော ရောင်ဝါတစ်ခု ‌ရောက်ရှိလာသည်ကို ခံစားလိုက်ရသည်။

၎င်းသည် ဤကမ္ဘာပေါ်တွင် မရှိသော ထူးဆန်းသော စွမ်းအားတစ်ခုလိုပင်။

သို့သော် ၊ တစ်ဖက်က မည်သို့ပင် ကြံစည်နေပါစေ ၊

သူ၏ အကြွင်းမဲ့ခွန်အားဖြင့် အနိုင်ယူပေမည်။

ထိုအခိုက်အတန့်တွင် ၊

မရေမတွက်နိုင်သော တပ်ဖွဲ့ဝင်များနှင့် တိုက်မြေ သုံးထောင်ရှိ မဟာဧကရာဇ်မင်းတို့သည် ကောင်းကင်ယံထက်က စူးချန်ကဲအား စိုက်ကြည့်နေကြသည်။

ထျန်းတိ့၏အမိန့်သည် သူတို့ ဦးတည်ချက်ဖြစ်သည်။

(T/N - ထျန်းတိ့ - စူးချန်ကဲ၏ဘွဲ့အမည်)

ဤတိုက်ပွဲတွင် လူများစွာ သေဆုံးနိုင်လိမ့်မည်။ သို့သော် ထျန်းတိ့ပင် မကြောက် ၊ သူတို့သည်လည်း ကြောက်ရွံ့နေမည် မဟုတ်ပေ။

တိုက်မြေသုံးထောင်ရှိ သက်ရှိအပေါင်းတို့၏ ယုံကြည်ကိုးကွယ်မှုနှင့်အတူ ၊ စူးချန်ကဲသည် သူ့လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။

အဆုံးမရှိသော စူးရှသော ဓားစွမ်းအင်တို့သည် သူ့လက်ထဲတွင် အသွင်သဏ္ဌာန်တစ်ခုအဖြစ် တဖြည်းဖြည်း စုစည်းလာသည်။

“ တန်လို့လား?!”

ထိုသို့ပြောပြီးသည်နှင့် ၊သူ့ဓားကို မြှောက်ကာ ခုတ်ချလိုက်သည်။

ရွှမ်း!!

တောက်ပနေသော ဓားအလင်းသည် ဆောင်းရာသီ၏ အေးစက်သော လသော်တာရောင်ခြည် ဖြာကျလာသကဲ့သို့ အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စင်သွားသည်။

တုန်လှုပ်ချောက်ချားစရာကောင်းသော တိုက်ခိုက်မှုကို တောင်းဆိုလိုက်သော ခရာသံကဲ့သို့ ဓားသွားသံသည် စကြဝဠာတစ်ခွင်တွင် ပဲ့တင်ထပ်သွားသည်။

ထိုအခိုက်အတန့်မှာပင် ၊

တိုက်ပွဲဝင်ရန် အသင့်ပြင်ထားသော တပ်ဖွဲ့ဝင်များသည် မိမိတို့၏လက်ထဲက လက်နက်များကို ကိုင်မြှောက်ကာ ကြွေးကြော်လေသည်။

ကြယ်ရောင်စုံ ကောင်းကင်တွင် မရေမတွက်နိုင်သော ရွှေဝါရောင် စစ်ရထားများသည် ကွက်လပ်ကို ဖြိုခွင်းကာ ဇီဝတားမြစ်နယ်မြေ၏ တပ်ဖွဲ့ဆီသို့ တိုက်ရိုက်ပြေးဝင်လာကြသည် ။

စစ်သင်္ဘောထောင်ပေါင်းများစွာပေါ်တွင် စီးဆင်းနေသော မှော်အစီအရင်များသည် တညီတညွတ်တည်း လည်ပတ်နေပြီး ၊ အဖျက်စွမ်းအားရှိသော အလင်းတန်းများကို ပစ်လွှတ်ချနေသည်။

မဟာဧကရာဇ်မင်း အယောက် သုံးရာ၊ ရှေးဟောင်း ဧကရာဇ်မင်းများစွာနှင့် လွတ်မြောက်သူတို့သည် တိုက်ပွဲတွင် ပါဝင်ဆင်နွှဲနေကြသည်။

၎င်းတို့၏ မှော်စွမ်းအားများသည် ကောင်းကင်နှင့် နေကိုပင် ဖုံးလွှမ်းထားနိုင်ပြီး ၊ ဧကရာဇ်တန်ခိုးစွမ်းအားများသည် အကန့်အသတ်မရှိသော စကြဝဠာတစ်ခုလုံးတွင် တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းအောင် ပျံ့နှံ့ရိုက်ခတ်သွားသည်။ ဤအခိုက်အတန့်တွင်၊ မိုးမြေတစ်ခုလုံး မှောင်မိုက်နေသည်။

“ ဧည့်ခံတဲ့အရက်ကို မသောက်ဘဲ ၊ ပြစ်ဒဏ်အရက်ကို ‌သောက်ချင်နေတာပဲ!”

ဇီဝတားမြစ်နယ်မြေရှိ ခေါင်းဆောင်ခြောက်ဦးသည် ဒေါသတကြီး ပြုမူလာကြသည် ။ ၎င်းတို့သည် လွတ်မြောက်နယ်ပယ် ပြီးပြည့်စုံအဆင့်သို့ ဝင်ရောက်လာခဲ့ကြပြီးဖြစ်၍ စစ်မှန်အမတ နယ်ပယ်အဆင့်သို့ ဖြတ်ကျော်ရန် အနည်းငယ်မျှသာ ကျန်တော့သည်။

“ရှေးဟောင်းဧကရာဇ် နယ်ပယ်အဆင့်ပဲ ရှိသေးတဲ့ လူငယ်တစ်ယောက်ကများ ခုလိုမောက်မာရဲတယ်!”

“ တကယ်ကို အရှက်မရှိဘူး ! တိုက်မြေ သုံးထောင်က မဟာဧကရာဇ်မင်းတွေကို အသေခံဖို့ လွှတ်လိုက်တာပဲ!”

“သတ်!!”

ဇီဝတားမြစ်နယ်မြေမှ မရေမတွက်နိုင်သော စစ်သည်တော်များသည် ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများဖြင့် ပေါက်ကွဲထွက်ကာ ၊ အနက်ရောင် အခိုးအငွေ့များက တဟုန်းဟုန်း တောက်လောင်လို့နေသည်။

မရေမတွက်နိုင်သော ထူးဆန်းသော သတ္တဝါကောင်များ၏ ဟိန်းဟောက်သံနှင့်အတူ ၊ ဇီဝတားမြစ်နယ်မြေမှ စစ်သည်များသည် တိုက်မြေသုံးထောင်၏ တပ်ဖွဲ့ဝင်များဆီသို့ အပြေးအလွှား ချီတတ်တိုက်ခိုက်လာသည်။

“ လက်ရွေးစင် လေးသမားတွေ ၊ အဆင်သင့်ပြင်ထား!”

မဟာဧကရာဇ်မင်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဧကရာဇ်လက်နက်များကိုပင် ထုတ်သုံးလာကြပြီး ၊ ၎င်းတို့ပေါ်တွင် ကြောက်မက်ဖွယ် ကောင်းသော ဧကရာဇ်တန်ခိုးစွမ်းအားများက ပြင်းထန်စွာ လွှမ်းခြုံထားသည်။

၎င်းတို့၏ ဘေးပတ်ပတ်လည်တွင် ဧကရာဇ်တစ်ပိုင်းအဆင့်ရှိ စစ်သည်တော် ရာပေါင်းများစွာအပြင် ထောင်ပေါင်းများစွာသော လက်‌ရွေးစင် မြှားစစ်သည်တို့သည် လေးမြှားဆွဲကာ အသင့်ချိန်ရွယ်ထားသည် ။

“ပစ်!”

အမိန့်သံ ထွက်ပေါ်လာသည်နှင့် ၊

ဝှစ်!

များစွာသော ရောင်စုံမြှားတို့သည် လေကိုခွင်းလျက် ထိုးဖောက်လာကြသည်မှာ ကြယ်ကြွေသည့်အလား တောက်ပနေသည်။

ကြောက်မက်ဖွယ်ကောင်းသော နတ်အလင်းရောင်များ သက်ဝင်စီးဆင်းနေသော မြှားတံများသည် အမှောင်ထုအားလုံးကို ဖြတ်ကျော်ကာ ဝင်ရောက်လာပုံရသည်။

“မကောင်းတော့ဘူး၊ မြန်မြန်၊ ခံစစ်ပုံစံကို အသုံးပြု !”

ဇီဝတားမြစ်နယ်မြေမှ တပ်ခေါင်းဆောင်များသည် အော်ဟစ်လိုက်ကြသည်။

သို့သော်၊ ၎င်းတို့ မလှုပ်မရှားရသေးခင် မရေတွက်နိုင်သော မြှားများသည် တောက်ပနေသော ဥက္ကာခဲများကဲ့သို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

ဇီဝတားမြစ်နယ်မြေရှိ မရေမတွက်နိုင်သော တပ်ဖွဲ့ဝင်များသည် တဖက်အဖွဲ့နှင့် အနီးကပ် မတိုက်ခိုက်ရသေးခင်မှာပဲ ၊ မြှားသည် ၎င်းတို့၏ ရင်ဘတ်ကို ထုတ်ချင်း ထိုးဖောက်သွားသည်။

ကြောက်မက်ဖွယ်ကောင်းသော နတ်အလင်း ပေါက်ကွဲသံနှင့်အတူ ၊ ၎င်းတို့၏ခန္ဓာကိုယ်များသည် ချက်ချင်းပင် ပျက်သုန်းကာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။

အပိုင်း(၅၂၅) : လက်ဆွဲနှုတ်ဆက်ပြီး ငြိမ်းချမ်းရေးလုပ်ရအောင် တန်လို့လား? ( အပိုင်း-၂)

ဝုန်း !ဝုန်း !ဝုန်း !

ကောင်းကင်ယံရှိ စစ်သင်္ဘောများ၏ တာဝေးပစ်ခတ်မှုအောက်တွင် ၊ ပထမအချီမှာပင် ဇီဝတားမြစ်နယ်မြေ၏ တပ်ဖွဲ့ဝင်တော်တော်များများကို ဖယ်ရှားပစ်နိုင်ခဲ့သည်။

မူလက အင်အားကြီးမားသော တပ်ဖွဲ့ကြီးတစ်ခုလုံးသည် ‌ဗြောင်းဆန်သွားသည်။

တိုက်မြေ သုံးထောင်၏ ရှေ့ပြေးအမြောက်စာအဖြစ် တာဝန်ထမ်းဆောင်နေသော တိုက်မြေပြင်ပရှိ မူလဘိုးဘေးရှစ်ဦးတို့သည် တိုက်ခိုက်ရန် တွန့်ဆုတ်နေသည်။

သို့သော် ကျွန်တံဆိပ်ရိုက်နှက်ခံထားရသော‌ကြောင့် ၊ ၎င်းတို့သည် ဇီဝတားမြစ်နယ်မြေ၏ အင်အားကြီးမားသော တပ်မတော်နဲ့ ပထမဆုံး ထိပ်တိုက်ဆုံတွေ့ခဲ့ရသည်။

“ တိုက်မြေပြင်ပက ဒီသစ္စာဖောက်ကောင်တွေကို သတ်ပစ်!!”

“ အသင့်! မြှားပစ်! ပစ်!”

ဇီဝတားမြစ်နယ်မြေမှ အားကောင်းသော စွမ်းအားရှင်များသည် လျင်မြန်စွာ တုံ့ပြန်လာကြသည်။ ၎င်းတို့သည် မြှားစစ်သည်တော်များကို လေးတင်ပစ်လွှတ်ရန် အမိန့်ပေးခဲ့သည်။

ဝှစ်!!

လေကိုပစ်ခွင်းလျက် ထိုးဖောက်လာသံနှင့်အတူ ၊ အနက်ရောင် မြှားတံများသည် တိုက်မြေပြင်ပ၏ တပ်ဖွဲ့ဝင်များဆီသို့ ကျရောက်သွားသည်။

တိုက်မြေပြင်ပမှ လူများသည် အချိန်မီ မတုံ့ပြန်နိုင်ဘဲ ၊ ၎င်းတို့၏ရင်ဘက်သည် မြှား၏ ထုတ်ချင်း ထိုးဖောက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရကာ ချက်ချင်းပင် သေဆုံးခဲ့ရသည်။

“ ဆက်လက်ချီတတ် ၊ သူတို့ကို သတ်ပစ်!!”

တစ်ချိန်တည်းမှာပင်။

နောက်ကနေ အနီးကပ်လိုက်ပါလာသော တိုက်မြေသုံးထောင်မှ တပ်ဖွဲ့ကြီးသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

ဒုတိယအချီအဖြစ် ၊ သွေးထွက်သံယို တိုက်ပွဲကြီးတစ်ခု ဆက်လက်ဖြစ်ပွားခဲ့ပြန်သည်။

လှံများ၏ပစ်ခွင်းမှုနှင့်အတူ ၊ အသွေးအသားတို့မှာ တစ်စစီ ဖြစ်ကြရသည် ။

…..

ဤစစ်မြေပြင်တွင် ဓားသမား ခြောက်ဦး ရှိသည်။

ဤဓားသမားအုပ်စုသည် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်သူများဖြစ်သည်။

တိုက်မြေ သုံးထောင်၏ တပ်ဖွဲ့ကြီးသည် တဟုန်ထိုး ချီတတ်လာပြီးနောက်တွင် ၊ ထိုဓားသမားအုပ်စုသည် ခိုးဝင်တိုက်ခိုက်သည့်နည်းလမ်းကိုသာ အသုံးပြုကြသည်။

မူလက ရှေ့တန်းချီတတ်လာသော ဇီဝတားမြစ်နယ်မြေမှ အင်အားကြီးမားသော စွမ်းအားရှင်များသည် တုံ့ပြန်ရန်အချိန်မရှိလိုက်ဘဲ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ထိုဓားသမားများ၏ ဝိုင်းရံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

ယင်းက ဇီဝတားမြစ်နယ်မြေ၏ တပ်မှူးများစွာကို ဒေါသထွက်ခဲ့စေပြီး ၊ ၎င်းတို့သည် ဒေါသတကြီးဖြင့် အမိန့်ပေးလိုက်သည်။

“ အခြားသူ‌တွေကို ဂရုမစိုက်နဲ့၊ ဒီဓားပြတစ်စုကို အရင်သတ် !!”

သို့ရာတွင်၊ ၎င်းတို့သည် ကုံလမ်းစဉ်ကို ကျွမ်းကျင်သော ဓားသမားဖြစ်သောကြောင့် ရန်သူများကို အခွင့်အရေး ပေးလိမ့်မည်မဟုတ်ပေ။

မင်းရိုက်ရင် ငါထွက်ပြေးမယ် ၊ မင်းထွက်ပြေးရင် ၊ အာ့ဆို မင်းကို ငါခိုးဝင်တိုက်မယ်...

ငါဆိုတဲ့လူက သိုင်းလောက ကျင့်ဝတ်တွေကို လိုက်နာနေမယ့်သူ မဟုတ်ဘူး!

ထိုအချိန်တွင်၊ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်စုသည် စစ်မီးတောက်များဖြင့် တောက်လောင်နေသော မြေကြီးပေါ်တွင် ဒူးထောက်လျက် လက်ပန်းကျနေသည့် ဒဏ်ရာအပြင်းအထန်ရထားသော အဓိပတိမင်းတစ်ပါးကို ကြည့်နေကြသည်။

“ ဆရာတူအစ်ကို အောက်ထျန်း ၊ ကြည့်လိုက်!”

“ဟိုမှာ တစ်ယောက်ကျန်နေသေးတယ် “

“ ဟုတ်ပြီကွ ၊ အရင်ဆုံး မိစ္ဆာထုံထိုင်းဆေးကို ဖြန်းမယ် ၊ ပြိုင်ဘက်ရဲ့ တိုက်ခိုက်ရေးစွမ်းအား အားနည်းပြီဆိုမှ သူ့ကိုသေလမ်းပို့တာပေါ့”

အဘယ့်ကြောင့် ဤသို့ပြောရသနည်း။

ဤသည်မှာ ရှေးဟောင်းစာအုပ်များမှ သူ သင်ယူခဲ့သော စကားလုံး ဖြစ်သည်။

(မိစ္ဆာထုံထိုင်းဆေး)

မည်သို့ပင်ဆိုစေကာမူ၊ စစ်မြေပြင်တွင် မတော်တဆ သူတို့၏စကားများကို သူစိမ်းများကြားသိသွားပါက မည်သည့် အချက်အလက်မှ မရရှိစေရန် ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် ၊ ဤကဲ့သို့စကားလုံး အသုံးအနှုန်းသည် ရန်သူများ နားလည်နိုင်လိမ့်မည် မဟုတ်။

သူတို့၏ အစီအစဉ်သည်လည်း ပို၍ လုံခြုံပေလိမ့်မည်။

ဝူကျီအောက်ထျန်းက တည်ငြိမ်သောအပြုံးဖြင့်။

“အချိန်တန်ရင် ငါတို့ အတူတူ တတ်ပြီး သတ်တာပေါ့ !”

‘ မိစ္ဆာထုံထိုင်းဆေး ‘ ၊ ဤသည်မှာ ရှေးဟောင်းလျှို့ဝှက်စာအုပ်များထဲမှ ဝူကျီအောက်ထျန်းကိုယ်တိုင် သန့်စင်ထားသော ထုံဆေးဖြစ်သည်။

ဤအရာအတွက် ဝူကျီအောက်ထျန်းသည် မရေမတွက်နိုင်အောင် ကြိုးစားအားထုတ်ခဲ့ရပြီး ၊ ဤမိစ္ဆာထုံထိုင်းဆေးကို အောင်မြင်စွာ သုတေသနပြုလုပ်နိုင်ရန် သူသည် ဧကရာဇ်လျှောက်လှမ်းကို‌ပင် လက်လျှော့ခဲ့သည်။

ဤတိုက်ပွဲတွင် မိစ္ဆာထုံထိုင်းဆေးကို ပထမဆုံးအသုံးပြုခဲ့ခြင်း ဖြစ်သည်။

ဒဏ်ရာအပြင်းအထန်ရနေသော ဇီဝတားမြစ်နယ်မြေမှ အဓိပတိမင်းသည် သူ၏ ဦးရေပြားတစ်ခုလုံး ထုံကျင်သွားသည်ကို ခံစားခဲ့ရသည်။

“ သတ်ဖြတ်ခြင်းအငွေ့အသက်တွေ ရှိနေတယ်!”

ထို့ကြောင့် သူသည် သူ၏မှော်စွမ်းအားများကို စတင်အသက်သွင်းလိုက်သည်။ သို့သော် လေဖြတ်သွားသကဲ့သို့ မည်သည့်ခွန်အားကိုမျှ အသုံးမပြုနိုင်တော့သည်ကို ခံစားလိုက်ရသည်။

“ ဒုက္ခပဲ... ဒါကဘယ်လိုလုပ်..”

သို့သော် သူ့စကားမဆုံးခင် ၊

မျက်နှာဖုံးစွပ်ထားသော လူများ ခုန်ထွက်လာကြပြီး ခေါင်းဆောင်ဖြစ်သူ ဝူကျီအောက်ထျန်းက ဆိုလိုက်သည်။

“ညီအစ်ကိုတို့၊ သူ့ကိုသတ်!!”

ရွှမ်း ရွှမ်း!!

ဓားအလင်းများစွာ လျှပ်တပြက် ဝင်းလက်သွားသည်။

ဇီဝတားမြစ်နယ်မြေ၏ နောက်ဆုံးလက်ကျန် အဓိပတိမင်းမှာ သေဆုံးသွားခဲ့ချေပြီ။

………

ကောင်းကင်ယံထက်တွင် ၊

မဟာဧကရာဇ်မင်းများ တိုက်ခိုက်နေကြသည်။

ဘုန်း ! !

သူတို့ရိုက်ထုတ်လိုက်သော လက်ဝါးတစ်ချက်စာသည် ထိတ်လန့်ဖွယ်ကောင်းသော မိုးခြိမ်းသံများကို ထွက်ပေါ်လာစေသည်။

ကြောက်မက်ဖွယ်ကောင်းသော နိယာမစွမ်းအားများ၏ ပျက်စီးယိုယွင်းမှုအောက်တွင်၊ ဟင်းလင်းပြင်အလွှာများသည် တစ်ခုပြီးတစ်ခု ကွာကျလာသည်။

မဟာဧကရာဇ်မင်းတို့၏ ပွက်ပွက်ဆူနေသော အသွေးများသည် ကောင်းကင်ကို ရောင်ပြန်ဟပ်ကာ မိုင်ပေါင်း သန်းသုံးဆယ် အကွာအဝေးအတွင်း အရာအားလုံးကို နီတောက်တောက် အရောင်အဖြစ်သို့ ပြောင်းလဲသွားစေသည်။

ရှေးဟောင်း ဧကရာဇ်နယ်ပယ်အဆင့်ရှိ စွမ်းအားရှင်တို့သည် ဇီဝတားမြစ်နယ်မြေ၏ မသေမျိုးဘုရင်များနှင့် တိုက်ပွဲဝင်နေကြသည်။

ဤမသေမျိုးဘုရင်ဟု ခေါ်ဆိုသော စွမ်းအားရှင်များထဲတွင် လွတ်မြောက်နယ်ပယ်အဆင့်ရှိသော စွမ်းအားရှင်များလည်း ပါဝင်သည်။

ကြောက်ခမမ်းလိလိ စွမ်းအားများ အချင်းချင်း တိုက်မိကြရာ၊ ကမ္ဘာပျက်သည့် မြင်ကွင်းတစ်ခုကဲ့သို့ပင် တစ်လောကလုံး ဖရိုဖရဲဖြစ်နေသည်။

“သတ်!”

“သတ်!”

“သတ်!”

လူသတ်ရန် ကြွေးကြော်သံများသံများနှင့်အတူ ၊ ဤတိုက်ပွဲသည် နယ်မြေပြင်ပတိုက်ပွဲထက် ပိုမိုပြင်းထန်ခဲ့သည်။

တိုက်မြေသုံးထောင်တွင် မဟာဧကရာဇ်မင်းဟူ၍ အယောက်သုံးရာကျော်မျှသာ ရှိကြပြီး ၊ ၎င်းတို့အားလုံးသည် မဟာ ဧကရာဇ်မင်းများကြားတွင် အကောင်းဆုံးဖြစ်သည်။

ဇီဝတားမြစ်နယ်မြေတွင် မဟာဧကရာဇ်မင်းများနှင့် ယှဉ်နိုင်သော အဓိပတိမင်း တစ်ထောင်ကျော် ရှိသည်။

သို့သော်၊ ကံကြမ္မာ မဟာဧကရာဇ်မင်းအချို့၏ လက်ထဲ၌ ၊

မဟာဧကရာဇ်များနှင့် ယှဉ်နိုင်သော ဇီဝတားမြစ်နယ်မြေမှ ဤအဓိပတိမင်းများသည် အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။

“ နတ်ဓားမြစ်ကို ဖြတ်ကျော်ခြင်း ၊ မိုးမြေဖျက်စီးခြင်း!”

ဝုန်း !!

စူးရှတောက်ပစွာ ထွက်ပေါ်လာသည် နတ်အလင်းတို့သည် လောကတစ်ခွင်လုံးကို ထိန်လင်းသွားစေသည်။

ထို့နောက် ချက်ချင်းပင် ၊ ဓားစွမ်းအင် မှိုတိမ်တိုက်များ ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင်၊ စူးချန်ကဲ ဦးဆောင်သည့် ကံကြမ္မာ ရှေးဟောင်းဧကရာဇ်မင်းတို့အဖွဲ့သည် တပ်အင်အားကို ဖြိုခွင်းသော လှံများကဲ့သို့ ဇီဝတားမြစ်နယ်မြေ၏ ပထမကာကွယ်ရေးလိုင်းကို ဖြိုဖျက်ပစ်ခဲ့သည်။

…….

ဓားပြအုပ်စုကို ဖမ်းလိုပါက ၊ ဦးစွာခေါင်းဆောင်ကို ဖမ်းရပေမည် ဆိုသည့်စကားအတိုင်း ၊

စူးချန်ကဲသည် ဇီဝတားမြစ်နယ်မြေ ခြောက်ခုရှိ ဘိုးဘေးများ၏ ဦးခေါင်းကို ဖြတ်ခုတ်ရန် ထိပ်တန်းစွမ်းအားရှင်များ ပါဝင်သည့် လူတစ်စုကို ဦးဆောင်ခဲ့သည်။

စစ်ပွဲသည် အချိန် ကြာမြင့်လာသည်နှင့်အမျှ အသေအပျောက်များစွာ ရှိလာခဲ့သည် ။ သို့ဖြစ်ရာ ၊ ရန်သူ၏ အဓိကခေါင်းဆောင်၏ ဦးခေါင်းကို ရယူခြင်းသည် ပိုကောင်းပေလိမ့်မည်။

“ တိုက်မြေ သုံးထောင်က ဒီကောင်တွေကို တားစီးကြ!”

ရုတ်တရက်။

ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခုသည် ကောင်းကင်ထက်မှ ထွက်ပေါ်လာပြီး ၊ အဆုံးမရှိသော အာကာသမုန်တိုင်းတစ်ခု တိုက်ခတ်လာခဲ့သည်။

ဝုန်း ! !

အနက်ရောင်လှိုင်းတံပိုးများ ရိုက်ခတ်လှုပ်ရှားထကြွလာခဲ့သည်။

ထို့နောက် ဟင်းလင်းပြင်အလွှာသည် ဖြည်းညှင်းစွာ ရွဲ့စောင်းလာသည်။

အထဲ၌၊ ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်ဆယ့်ခုနှစ်ဦး ထွက်လာခဲ့သည်။ ၎င်းတို့သည် ဇီဝတားမြစ်နယ်မြေ၏ မသေမျိုးဘုရင် ဆယ့်ခုနှစ်ဦးမှလွဲ၍ အခြားမဟုတ်ပေ။

“မသေမျိုးဘုရင်...?”

၎င်းတို့ကို မြင်ပြီးနောက် ၊ စူးချန်ကဲသည် လှောင်ရယ်လိုက်သည်။

မသေမျိုးဟူသည် အဘယ်နည်း။

စစ်မှန်အမတများသာ ဖြစ်နိုင်သည်။

ဤသကောင့်သားများသည် လွတ်မြောက်နယ်ပယ်အဆင့်သာ ရှိသေးသည်။ သို့သော် သူတို့ကိုယ်သူတို့ မသေမျိုးဘုရင်ဟု ခေါ်‌ဝေါ်နေကြသည်။

ထာဝရ အသက်ရှင်ရန် ရူးသွပ်နေသောကြောင့် အဆုံးတွင် ၎င်းတို့သည် ဤကဲ့သို့ အသွင်အပြင်ကို တမင်တကာ ဖန်တီးခဲ့ကြသည်။ မည်မျှရယ်စရာကောင်းလိုက်သနည်း။

အဘိုးကြီး ထျန်းကျန့်သည် စူးချန်ကဲအား အထင်မြင်သေးစွာ စိုက်ကြည့်နေသည်။

သူ၏မျက်နှာသည် ဒေါသအပြည့်ဖြင့် ။

“ အငယ်တန်းလေး ၊ ကိုယ့်ထက်လူကြီးတွေအပေါ် ဘယ်လိုလေးစားရမလဲဆိုတာ ဒီနေ့ မင်းကို ငါသင်ပြပေးမယ်!”

အဘိုးကြီး ထျန်းကျန့်သည် သူ၏လက်ကို ‌ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး အက်ရှရှအသံဖြင့် အော်ဟစ်လိုက်သည်။

“ ဟေးဖူ နယ်ပယ်!”

အပိုင်း(၅၂၆): ကံကြမ္မာ ရှေးဟောင်းဧကရာဇ်မင်း ဆယ့်ခုနှစ်ဦး နှင့် မသေမျိုးဘုရင် ဆယ့်ခုနှစ်ဦးတို့၏ တိုက်ပွဲ

ဝူး!!

ထိုစဉ် ၊

သူ၏ လက်ဖဝါးထဲမှ ဆွေးမြေ့သော ရောင်ဝါများ ပါဝင်သော အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာခဲ့သည်။

၎င်းအရာဖြတ်သန်းသွားသည့် နေရာတိုင်း ၊ ဟင်းလင်းပြင်တွင် မူလကရှိနေခဲ့သော ဝိညာဉ်စွမ်းအားဆိုင်ရာ နိယာမတရားတို့သည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား၏ တိုက်စားမှုကိုခံလိုက်ရပြီး ၊ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အငွေ့အသက်များ အစားထိုးဝင်ရောက်လာခဲ့သည်။

ထိုနေရာရှိ ပတ်ဝန်းကျင်သည် တဖြည်းဖြည်း ပြောင်းလဲသွားသကဲ့သို့ စူးချန်ကဲနှင့် တခြားသူများသည် ထူးဆန်းသော ကမ္ဘာတစ်ခုထဲသို့ ဆွဲသွင်းခံလိုက်ရပုံပေါ်သည်။

“ဒါက လွတ်မြောက်သူရဲ့ စိတ်စွမ်းအား ၊ အတွေးဘုံနယ်ပယ်ပဲ “

တိ့ကျန့် မဟာဧကရာဇ်မင်းက လျစ်လျူရှုသော လေသံဖြင့် ရှင်းပြခဲ့သည်။

“ဧကရာဇ်နယ်ပယ် စက်ကွင်းလိုပဲ ၊ ကိုယ့်ရဲ့ အပြင်းထန်ဆုံး စိတ်ဆန္ဒနဲ့ ဖွဲ့စည်းထားတာပဲ “

“ ကိုယ့်ရဲ့စိတ်ဆန္ဒကို အခြေခံပြီး ၊ လက်တွေ့ကမ္ဘာကနေ ယာယီခွဲထုတ်ထားတဲ့ အာကာသလောကကို ကိုယ့်ရဲ့စိတ်အလိုအတိုင်း ထိန်းချုပ်ထားတာပဲ “

“ဒီနယ်ပယ်အတွင်းမှာ ဖန်တီးသူဟာ ဒီလောကရဲ့ ကောင်းချီးတွေကို ရရှိနိုင်ပြီး ၊ ဒီလောကကြီး မပျက်စီးသရွေ့ သူ့ရဲ့အင်အားကလည်း အဆုံးမရှိဘူး”

ထိုသို့ပြောပြီးနောက်၊

တိ့ကျန့် မဟာဧကရာဇ်မင်းသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိ ဧကရာဇ်တန်ခိုးစွမ်းအားများသည် တဟုန်းဟုန်း ထလျက် ၊ မဟာလမ်းစဉ်၏ အမှတ်အသားများသည် သူ့လက်ဖဝါးထဲတွင် ပေါ်ထွက်လာသည်။

“ဖွဲ့!”

တိ့ကျန့် မဟာဧကရာဇ်မင်းသည် ဖြန့်ထားသော သူ၏လက်ငါးချောင်းကို ဖြည်းဖြည်းချင်း ပိတ်ချလိုက်သည်နှင့် ။

ဝုန်း ! !

အလားတူစွမ်းအားရှိသော စိတ်ဆန္ဒဖြင့် ဖွဲ့စည်းထားသော သဏ္ဍာန်မဲ့ လက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဖြည်းညှင်းစွာ ပြောင်းလဲဖြစ်ပေါ်နေသော အဆိုပါထူးဆန်းသော ကမ္ဘာလောကကို ရပ်တန့်စေခဲ့သည်။

“ဒါက...”

ထိုမြင်ကွင်းကြောင့် အဘိုးကြီးထျန်းကျန့်မှာ မယုံနိုင်လောက်အောင် ဖြစ်နေခဲ့သည်။

​​ “ဧကရာဇ်နယ်ပယ် စက်ကွင်း...!?”

ဧကရာဇ် နယ်ပယ်စက်ကွင်းဟူသည် လမ်းစဉ်နယ်ပယ်ဆိုင်ရာ အခြေခံအုတ်မြစ်ဟု ဆိုနိုင်သည်။

ဧကရာဇ် နယ်ပယ်စက်ကွင်းကို ကျွမ်းကျင်ပိုင်နိုင်သူများသာ လွတ်မြောက်သူဖြစ်နိုင်ပြီး၊ ထိုမှသာလျှင် ပိုမိုအစွမ်းထက်သော လမ်းစဉ်နယ်ပယ်ဆိုင်ရာ မှော်စွမ်းအားများကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။

သို့သော်၊ တိ့ကျန့် မဟာဧကရာဇ်မင်းသည် ရှေးဟောင်းဧကရာဇ်နယ်ပယ် ပြီးပြည့်စုံအဆင့်သာ ရှိသေးသည်။

သို့သော် သူ၏ စိတ်စွမ်းအား ဧကရာဇ်နယ်ပယ် စက်ကွင်းသည် အဘိုးကြီး ထျန်းကျန့်၏ စိတ်စွမ်းအားဖြင့် ဖြစ်တည်လာနေသော အတွေးဘုံနယ်ပယ်ကို အတင်းအဓမ္မ ဖြတ်တောက်နိုင်ခဲ့သည်။

ဤအရာက တိ့ကျန့် မဟာဧကရာဇ်မင်း၏ အလားအလာနှင့် ပါရမီသည် အဘိုးကြီး ထျန်းကျန့်ထက် အဆမတန် သာလွန်ကြောင်း သက်သေပြနေသည်။

“ ချန်ကဲ ၊ မင်း ရှေ့ကိုသာ ဆက်သွား “

“ ဒီနေရာကို ငါတို့နဲ့ လွှဲထားလိုက်!”

တိ့ကျန့် မဟာဧကရာဇ်မင်း၏ စကားသံအဆုံးတွင် ၊

ပိုင်ကျန့် မဟာဧကရာဇ်မင်း ၊ ဟွမ်ထျန်း မဟာဧကရာဇ်မင်း ၊ထျန်းတု မဟာဧကရာဇ်မင်း ၊ ယွီ့ထျန်း မဟာဧကရာဇ်မင်း ၊ ရွှမ်ယွီဧကရီ အပါအဝင် အခြားအင်အားစုကြီးများမှ ကံကြမ္မာမဟာဧကရာဇ်မင်း အားလုံးတို့သည် တပြိုင်နက်တည်း ရှေ့သို့တစ်လှမ်း တိုးလာကြသည်။

အရေအတွက်အားဖြင့် မနည်းချေ။ စုစုပေါင်း ဆယ့်ခုနှစ်ယောက်ရှိသည် ။

“ ကောင်းပြီ”

စူးချန်ကဲသည် ဟန်ဆောင်မှုမရှိဘဲ သဘောတူလိုက်သည်။

ထို့နောက် ၊ သူသည် တိ့ကျန့် မဟာဧကရာဇ်မင်း နှင့် အခြားအင်အားစု တပ်ဖွဲ့များမှ ရှေးဟောင်းဧကရာဇ်မင်းတို့ကို ဦးညွှတ်ကာ ဆိုလိုက်သည်။

“ ဆရာတူအစ်ကိုနဲ့အစ်မတို့ ၊ လူကြီးမင်းတို့ သတိထားကြနော် “

ထို့နောက်တွင် ၊ စူးချန်ကဲသည် နောက်ထပ် ကံကြမ္မာ ရှေးဟောင်းဧကရာဇ်မင်းတို့ကို ဦးဆောင်ကာ ဇီဝတားမြစ်နယ်မြေ၏ အတွင်းပိုင်းထဲသို့ ဆက်လက်ဝင်ရောက်ခဲ့သည်။

“ အတင့်ရဲလိုက်တာ ၊ ငါတို့ကို ကျော်ဖို့ မစဉ်းစားနဲ့!”

ဇီဝတားမြစ်နယ်မြေ၏ မသေမျိုးဘုရင်တို့သည် တားစီးရန်ကြံရွယ်ခဲ့သည်။

ဝုန်း ! !

သို့သော် ကြီးကျယ်ခမ်းနားသော ဧကရာဇ်တန်ခိုးစွမ်းအားများသည် ၎င်းတို့၏လှုပ်ရှားမှုများကို ရပ်တန့်စေခဲ့သည်။

ဝေဟင်ထက်တွင် ပျံဝဲနေသော ကံကြမ္မာ ရှေးဟောင်းဧကရာဇ်မင်း ဆယ့်ခုနှစ်ဦးတို့သည် အသွေးများ ပွက်ပွက်လောင်ကျွမ်းလာသည်နှင့်အမျှ စွမ်းအားများ အဆမတန် တိုးမြှင့်လာပြီး ၊ အရာအားလုံးသည် ပြန်လည် ရှင်သန်လာသကဲ့သို့ စွမ်းအားများ အလိုအလျောက် ပြည့်တင်းလာကြသည်။

ဒုန်း!ဒုန်း!ဒုန်း!

စစ်ဗုံ၏ စည်းချက်နှင့်တူသော မိုးခြိမ်းသံသည် ကောင်းကင်တစ်ခုလုံးကို တုန်ဟီးစေခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ်တန်ခိုးစွမ်းအားများ ဆင်းသက်လာပြီး၊ ဤလောကကြီးတစ်ခုလုံးကို အတုမရှိသော အင်အားများဖြင့် နှိပ်ကွပ်ထားသည်။

သူတို့သည် ရှေးဟောင်းဧကရာဇ်နယ်ပယ် ပြီးပြည့်စုံအဆင့်သို့ ဖြတ်ကျော်ထားသော်လည်း ၊ သို့သော် ကျင့်ကြံဆင့်အရ ၎င်းတို့၏ ကျင့်ကြံမှုသည် ဤမသေမျိုးဘုရင်များထက် အဆင့်တစ်ဆင့်နိမ့်သည်။

သို့သော် သူတို့၏ကိုယ်ခန္ဓာထဲမှ ပေါက်ဖွားလာသော ဧကရာဇ်တန်ခိုးစွမ်းအားသည် ဇီဝတားမြစ်နယ်မြေ၏ မသေမျိူးဘုရင်ဆယ့်ခုနှစ်ဦးထက် အားမနည်းပေ။

တိုက်မြေ သုံးထောင်၏ ကံကြမ္မာ မဟာဧကရာဇ်မင်းများအဖြစ် ၊

သူတို့အားလုံးသည် ဧကရာဇ်လျှောက်လှမ်းပေါ်တွင် မရေမတွက်နိုင်သော ပါရမီရှင်များကို နှိမ်နင်းခဲ့သည်။

‌ ခေတ်၏ ကံကြမ္မာကိုရယူကာ တုနှိုင်းမယှဉ်နိုင်သော မဟာဧကရာဇ်မင်းအဖြစ် အောင်မြင်နိုင်ခဲ့သည်။

သူတို့ထက် အဆင့်တစ်ဆင့်မြင့်သော လွတ်မြောက်သူများကို ရင်ဆိုင်ရ‌တောင် တိ့ကျန့် မဟာဧကရာဇ်မင်းနှင့် သူ၏အဖွဲ့သားများသည် ယုံကြည်မှုအပြည့်ရှိသည်။

“မင်းတို့ကများ အတော်သတ္တိရှိနေတယ်ပေါ့!”

အဘိုးကြီး ထျန်းကျန့် ဦးဆောင်သော မသေမျိုးဘုရင် ဆယ့်ခုနှစ်ဦး၏ မျက်နှာများသည် လွန်စွာ ခက်ထန်နေသည်။

သူတို့သည် မရေမတွက်နိုင်သော ခေတ်များကို ဖြတ်ကျော်ကာ ရှင်သန်လာကြသူများ ဖြစ်သည်။

အငယ်တန်းတွေရဲ့ အထင်သေးတာကို လက်ခံစရာလား?

ရှက်စရာကောင်းလိုက်တာ!

“သူတို့ကို သတ်!”

အဘိုးကြီး ထျန်းကျန့်၏ အမိန့်ပေးသံနှင့်အတူ၊

တခဏချင်းမှာပင် ၊ သူ့ဘေးတွင် ရပ်နေသော မသေမျိုးဘုရင် ဆယ့်ခြောက်ဦးသည် ကြောက်ခမန်းလိလိ စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာသည်။

သူတို့၏ ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင် အနက်ရောင် မီးတောက်များ တောက်လောင်နေသည်မှာ ငရဲနတ်ဆိုးများနှင့်တူသည်။

မသေမျိုးဘုရင် ဆယ့်ခုနစ်ဦးသည် တစ်ချိန်တည်းမှာပင် တိုက်ခိုက်လာခဲ့သည်။ အဖျက်စွမ်းအားများ ပါဝင်သည့် အနက်ရောင်အလင်းတန်းများစွာ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ကြီးကို ဖုံးအုပ်ထားသည့် အနက်ရောင် လက်ဝါးများသည် တိ့ကျန့် မဟာဧကရာဇ်မင်းနှင့် အခြားသူများကို တိုက်ရိုက် ဖြိုခွင်းလိုက်သည် ။

“ လာတာ ကောင်းတယ်!”

တိ့ကျန့် မဟာဧကရာဇ်မင်း၏ မျက်လုံးများသည် တိုက်ပွဲဝင် စိတ်ဓာတ်များဖြင့် ပြည့်နှက်နေပြီး သူသည် ဟိန်းဟောက်လိုက်သည်။ သူ၏ လက်ဖဝါးတို့သည် အကန့်အသတ်မရှိသော နတ်အလင်းရောင်များဖြင့် ပြည့်နှက်နေပြီး ဧကရာဇ်လမ်းစဉ်ဆိုင်ရာ အမှတ်တံဆိပ်များ ထွက်ပေါ်လာကာ တလိပ်လိပ်ရိုက်ခတ်နေသော အနက်ရောင်လှိုင်းတံပိုးများနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။

တစ်ချိန်တည်းမှာပင် ၊ ပိုင်ကျန့် မဟာဧကရာဇ်မင်းသည် ကြီးကျယ်ခမ်းနားသော ဧကရာဇ်တန်ခိုးစွမ်းအားများဖြင့် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

ဒုန်း ဒုန်း !!

ဧရာမ လက်သီးကြီးတစ်ခုနှင့် ထိုးနှက်တိုက်ခိုက်လာသည့်အခိုက်တွင် ၊ ကြောက်မက်ဖွယ်ကောင်းသော အလင်းလှိုင်းတံပိုးများသည် နေရာအနှံ့ လွင့်စင်ရိုက်ခတ်သွားသည်။

ရိုက်ထုတ်လိုက်သော လက်ဝါးချက်တိုင်းသည် အဖျက်စွမ်းအားများကို ဆောင်ကျဉ်းလာသော နေမင်းကြီးကဲ့သို့ တောက်ပနေပြီး ၊ လက်ဝါးကြီး မကျရောက်လာမီကတည်းက ဤနေရာရှိ ဟင်းလင်းပြင်တို့သည် ကွဲလုမတတ် ဖြစ်ခဲ့ရသည်။

ဟွမ်ထျန်း မဟာဧကရာဇ်မင်းသည် သူ၏လက်ချောင်းဖြင့် ဓားကို စေညွန်ကာ ‌သူ့ရှေ့က လေဟာနယ်ကို တချက် ဖြတ်‌တောက်လိုက်သည်။

စကြာဝဠာကြီးသည် မှန်တစ်ချပ်ကဲ့သို့ ကွဲအက်ပြိုကျသွားသည် ။

မရေမတွက်နိုင်သော ဓားအလင်းများသည် စကြဝဠာအလယ်မှ ထိုးဖောက်ထွက်လာသော အလင်းတန်းများကဲ့သို့ပင် လောကရှိအရာအားလုံးသည် ထိုအရာ၌ ဦးညွှတ်ရမည့်အလား တင့်တယ်လှပနေသည်။

ထိပ်တန်းစွမ်းအားရှင်များသည် အချင်းချင်း တိုက်ခိုက်နေကြပြီး၊ ၎င်းတို့မှ လှုပ်ရှားလိုက်သော စွမ်းအားတစ်ခုတည်းဖြင့် ဤကမ္ဘာကြီးကို ဖျက်ဆီးပစ်ရန် လုံလောက်သည်။

ဘုန်း ! ဘုန်း !ဘုန်း !

နှစ်ဖက်အဖွဲ့သည် ကောင်းကင်တွင် အချင်းချင်း တိုက်ခိုက်နေကြသည်။

ပေါက်ကွဲသံများနှင့်အတူ ၊

တိုက်ပွဲ၏အရှိန်သည် ပို၍ ပြင်းထန်လာသည်။

ဇီဝတားမြစ်နယ်မြေ၏ ဧရိယာတစ်ခုလုံးသည် ပင့်ကူမျှင်များကဲ့သို့ ကွဲအက်ပျက်စီးလျက် ရှိသည်။

ကျယ်လောင်သော အသံများနှင့်အတူ ၊ အနက်ရောင် အာကာသအပေါက်ကြီးများသည် ထောင်ပေါင်းများစွာ ပေါ်ထွက်လျက်ရှိသည်။

ကံကြမ္မာ ရှေးဟောင်းဧကရာဇ်မင်းများနှင့် မသေမျိူးဘုရင်တို့ကြားက တိုက်ပွဲသည် အရာအားလုံးကို တစ်စစီ ကွဲအက်သွားစေသည်။

“ကောင်းတယ်! သိပ် ကောင်းတယ် !”

တစ်ချိန်တည်းမှာပင် ၊ တိ့ကျန့် မဟာဧကရာဇ်မင်း၏ အားရပါးရ ရယ်မောသံများ ထွက်ပေါ်လာသည်။

အထူးသဖြင့် ၊ တိ့ကျန့် မဟာဧကရာဇ်မင်း ဦးဆောင်သော ကွေးယွမ် သူတော်စင် နယ်မြေမှ ကံကြမ္မာ မဟာဧကရာဇ်မင်းခြောက်ဦးသည် အတော်လေး ကြောက်စရာကောင်းပေသည်။

လက်တချက် မြှောက်ရုံဖြင့် ၊ ကောင်းကင်နှင့်မြေကြီးကို အုပ်စိုးသော မဟာဧကရာဇ်မင်း၏ ဓမ္မကာယကိုယ်ထည်ကြီးကို ဖွဲ့စည်းနိုင်သည်။

တခဏအတွင်း။

၎င်းတို့နှင့် တိုက်ခိုက်နေသော ဇီဝတားမြစ်နယ်မြေ၏ မသေမျိုးဘုရင်တို့တွင် အားနည်းချက်များ ရှိလာခဲ့သည်။

ဝုန်း !!

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ၊

ကောင်းကင်ပေါ်မှ အမည်းရောင်ရုပ်သွင်တစ်ခုသည် အောက်သို့ပြုတ်ကျလာသည်။

အဘိုးကြီး ထျန်းကျန့်သည် တိ့ကျန့် မဟာဧကရာဇ်မင်း၏ လက်သီးချက်ဖြင့် အပျက်အစီးများထဲသို့ ဝင်ရောက်သွားသည်။

“ အဟွတ် အဟွတ်...”

အပျက်အစီးများထဲမှ တွားသွားထွက်လာသော အဘိုးကြီး ထျန်းကျန့်သည် သွေးများကို ထွေးထုတ်လိုက်သည်။

သူ့မျက်နှာပေါ်တွင် သံသယမေးခွန်းများဖြင့် ပြည့်နှက်နေသည်။

“ဟင့်အင်း...ဘာလို့ ဒီလိုဖြစ်ရတာလဲ!”

“ငါက လွတ်မြောက်သူလေ !”

(T/N - လွတ်မြောက်နယ်ပယ်အဆင့်ရှိသော )

အပိုင်း(၅၂၇): အစကနေအဆုံးထိ ဓားသွေးကျောက်သာ ဖြစ်နေခဲ့သည်

သူသည် တိ့ကျန့် မဟာဧကရာဇ်မင်းထက် တစ်ဆင့်မြင့်ပါလျက်နဲ့ ၊ အဘယ့်ကြောင့် ဤသို့ဖြစ်ခဲ့ရသနည်း။

ထို့အပြင်၊ အဘိုးကြီး ထျန်းကျန့်သည် သူ၏စိတ်ထဲ၌ အလွန်ထူးဆန်းသောခံစားချက်တစ်ခု ရှိနေခဲ့သည်။

ဤတစ်ကြိမ်တွင် ၊ တိုက်မြေသုံးထောင်မှ ပေးပို့လာသော လွတ်မြောက်သူသည် ၎င်းတို့ ဇီဝတားမြစ်နယ်မြေ၏ လွတ်မြောက်သူများထက် အဆပေါင်းများစွာ နည်းပါးသည်။ အများစုမှာ ရှေးဟောင်း ဧကရာဇ်နယ်ပယ်အဆင့်ရှိ စွမ်းအားရှင်များသာ ဖြစ်သည်။

ယခင်ကလည်း ၊ ၎င်းတို့ ဇီဝတားမြစ်နယ်မြေ၏ တွဲဖက်အင်အားစုတွင်လည်း လွတ်မြောက်သူ များစွာရှိခဲ့သည်။

သို့သော် ၊ ကွေးယွမ်သူတော်စင်နယ်မြေရှိ စစ်သည်တော်များ၏ ချေမှုန်းမှုအောက်တွင် တစ်ရက်တောင် တောင့်မခံနိုင်ခဲ့ပေ။

“ မဟုတ်မှလွဲရော... ကွေးယွမ်က ကောင်တွေ သူတို့ရဲ့ အရည်အချင်း အစစ်အမှန်တွေကို တစ်ချိန်လုံး ဖုံးကွယ်ထားခဲ့တာလား...!”

ထိုအချိန်တွင် တိ့ကျန့် မဟာဧကရာဇ်မင်း၏ လှောင်ပြောင်ရယ်မောသံ ထွက်ပေါ်လာသည်။

“ဟား... လွတ်မြောက်သူတဲ့လား?”

“ ခင်ဗျားက အတော်လေး သတ္တိကောင်းတယ်မဟုတ်လား”

ထိုစကားသံအဆုံးတွင်၊

တိ့ကျန့် မဟာဧကရာဇ်မင်း၏ ဘေးတဝိုက်တွင် ရှိနေသော ဧကရာဇ်တန်ခိုးစွမ်းအားများသည် ပို၍ပင် ကြောက်စရာကောင်းလာပြီး ၊ တောက်လောင်နေသော ပရမ်းပတာအလင်းတန်းများကြောင့် သူ၏ပတ်ဝန်းကျင်သည် လင်းထိန်လျက်ရှိသည်။

သူ၏မျက်လုံးများသည် နက်နဲသော စကြဝဠာကဲ့သို့ လေးနက်ကာ လျို့ဝှက်ဆန်းကြယ်‌နေသည်။

“ငါ့လက်သီးကို ကြည့်လိုက်!”

ဝုန်း !!

ချက်ခြင်းပင်၊ တိ့ကျန့် မဟာဧကရာဇ်မင်းမှ ဆန့်ထုတ်လိုက်သော လက်သီးမှတဆင့် ထောင်နှင့်ချီသော လက်သီးချက်များစွာ ဖြစ်ပေါ်လာခဲ့သည်။

မရေတွက်နိုင်သော လက်သီးချက်များသည် ကောင်းကင်ပြင်ကြီး တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး ပြင်းထန်သော မုန်တိုင်းကြီးတစ်ခုသဖွယ် ကျရောက်လာသည်။

“ ဖာရှုံ အမိန့်တော် ! လာစမ်း !”

ထိုကြောက်စရာကောင်းသော မြင်ကွင်းကို မြင်လိုက်ရသည်နှင့် ၊ အဘိုးကြီး ထျန်းကျန့်၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ဝီ! !

ဆွေးမြေ့ဖျက်စီးနိုင်သော စွမ်းအားများဖြင့် တည်ရှိနေသော ရွှေပေလွှာအမိန့်တော်သည် ချက်ချင်းဆိုသလို ထင်ရှားလာခဲ့သည်။

၎င်းမှာ အဘိုးကြီး ထျန်းကျန့်၏ သက်စောင့်ဧကရာဇ်လက်နက် ဖြစ်သည်။

အဘိုးကြီး ထျန်းကျန့်သည် လွတ်မြောက်နယ်ပယ်အဆင့်ကို ဖြတ်ကျော်ခဲ့စဉ်က ၊ သူသည် ဤလက်နက်ကို အသုံးပြုခဲ့သည်။

ထို့ကြောင့် ဤလက်နက်သည် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရပြီး ၊ ဇီဝတားမြစ်နယ်မြေ၏ ကမ္ဘာလောကနှင့် ပဲ့တင်ထပ်နေပြီး ၊ ၎င်း၏ မူလရင်းမြစ်စွမ်းအားကို ဆင့်ခေါ်နိုင်သည်။

မှော်နက်သင်္ကေတများစွာ အဆုံးမရှိ လူးလိမ့်ရိုက်ခတ်လာပြီး ၊ ယင်း၌ ကြောက်စရာကောင်းပြီး ထူးဆန်းသော သတ္တဝါများစွာ ရှိနေခဲ့သည်။

၎င်းတို့သည် ရှိုးလော်ကဲ့သို့ အဝီစိငရဲမှ အဆိုးရွား‌ဆုံးသော သေဘေးအန္တရာယ်များကို ယူဆောင်လာပုံရသည်။

သို့သော်၊ ကောင်းကင်ပြင်ကြီးတစ်ခုလုံးကို လွှမ်းခြုံထားလေသော လက်သီးချက်များ၏ တိုက်ခိုက်မှုအောက်တွင် ၊

အက်ကွဲသံ ၊ အက်ကွဲ—! !

လွတ်မြောက်နယ်ပယ် အဆင့်ကို ကျော်လွန်ပြီးဖြစ်သော ရွှေပေလွှာအမိန့်တော်သည် မရေမတွက်နိုင်သော အက်ကွဲကြောင်းများဖြင့် ဖြိုခွင်းခံလိုက်ရသည်။

“ မိုးကောင်းကင် လက်သီး!”

ပို၍ကြောက်စရာကောင်းအောင် လျှပ်တပြက် ဝင်းလက်သွားသော လက်သီးအလင်းနှင့်အတူ၊ တိ့ကျန့် မဟာဧကရာဇ်မင်းတည်ရှိရာ ဧရိယာ၌ ကြီးမားသော လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာသည်။

အဆိုပါ ကြောက်မက်ဖွယ်ရာကောင်းသော လက်သီး၏ တိုက်ရိုက် ထိုးနှက်မှုကြောင့် ရွှေပေလွှာအမိန့်တော်သည် တစ်စစီ အက်ကွဲသွားသည်။

“ သွေးအန်သံ......”

အဘိုး‌ကြီး ထျန်းကျန့်သည် သက်စောင့်လက်နက်၏ ကျိုးပဲ့အက်ကွဲမှုကြောင့် တန်ပြန်သက်ရောက်မှုကို ခံလိုက်ရပြီး ၊ သူ၏ပါးစပ်ထဲမှ သွေးများစွာ အန်ထွက်လာသည်။

သူ့တစ်ကိုယ်လုံးက အပျက်အစီးများကြားထဲ လဲလျောင်းနေသည်။

ယခင်က ကောင်းကင်ထက်တွင် ဂုဏ်ယူဝံ့ကြွားစွာ ရပ်နေသော ဤမသေမျိုးဘုရင်သည် ယခုအခိုက်အတန့်တွင်၊ အဘိုးကြီးတစ်ယောက်ကဲ့သို့ ပျော့ညံ့နေခဲ့သည်။

တိ့ကျန့် မဟာဧကရာဇ်မင်းသည် အပျက်အစီးများကြား လဲလျောင်းနေသော အဘိုးကြီး ထျန်းကျန့်အား အေးစက်စွာ ငုံ့ကြည့်နေသည်။

“ မင်းလည်း မြင်မှာပါ ၊ ငါ့ရဲ့ ကွေးယွမ်က စေလွှတ်လိုက်တဲ့ လွတ်မြောက်သူဆိုလို့ ဆယ်ယောက်ပဲ ရှိတယ် “

တိ့ကျန့် မဟာဧကရာဇ်မင်းသည် အပြုံးမပျက် ဆက်ပြောသည်။

“ အမှန်အတိုင်းပြောရရင် ၊ ငါ့ရဲ့ ကွေးယွမ်မှာ လွတ်မြောက်သူက အများကြီးမရှိဘူး “

ယခင်က အကြီးစားတိုက်ပွဲကြီး ပြီးသည့်တိုင်အောင် ၊ တိ့ကျန့် မဟာဧကရာဇ်မင်း၏ စွမ်းအားများသည် အနည်းငယ်မှ လျော့ပါးမသွားဘဲ သူ၏ မျက်နှာပေါ်တွင် တည်ငြိမ်သော အပြုံးတစ်ခုသာ ရှိနေခဲ့သည်။

“ ပြောရမယ်ဆိုရင် ၊ ဒီတိုင်း မင်းက ငါတို့ကွေးယွမ်က အင်အားအပြည့်နဲ့ တိုက်ခိုက်ရလောက်တဲ့အထိ မထိုက်တန်လို့ပဲ “

“မင်းရဲ့တစ်ခုတည်းသော တန်ဖိုးက ငါ့ကွေးယွမ်သူတော်စင် နယ်မြေရဲ့ ချန်ကဲထျန်းတိ့အတွက် ခြေနင်းကျောက်ဖြစ်လာဖို့ပဲ!”

ဒဏ်ရာအပြင်းထန် ရနေခဲ့သော အဘိုးကြီး ထျန်းကျန့်သည် ထိုစကားများကို ကြားပြီးနောက် ထပ်ပြီး သွေးအန်ပြန်သည်။

သူ့အမူအရာသည် အတော်လေး ကြည့်ရဆိုးနေသည်။

“ ခွေး--! ကွေးယွမ်သူတော်စင်နယ်မြေ မင်းတို့ကများ လုပ်ရဲလား!?....”

မူလက ၊ မိမိတို့၏ ဇီဝတားမြစ်နယ်မြေသည် အားသာသည်ဟု ထင်မြင်ခဲ့သည်။

သို့သော် အစကနေ အဆုံးထိ ၊ ကွေးယွမ်သည်မိမိတို့ကို ဓားသွေးကျောက်အဖြစ်သာ ဆက်ဆံခဲ့သည်။

လတ်စသတ်တော့ ၊ မိမိတို့သည် ကွေးယွမ် သူတော်စင်နယ်မြေ၏ လက်ခုပ်ထဲက ရေဖြစ်‌နေခဲ့သည်။

ဝီ! !

ထိုအခိုက်အတန့်တွင် ၊ လွန်စွာ တောက်ပသော နတ်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

အဘိုးကြီး ထျန်းကျန့်၏ ဝန်းကျင်တွင် ရွှေဝါရောင် အက္ခရာအမှတ်အသားများ ဝန်းရံ ထွက်ပေါ်လာပြီး ၊ အဆုံးတွင် ရှေးဟောင်း မှော်အစီအရင်တစ်ခုအဖြစ် ပေါင်းစပ်သွားသည်။

ထိုအရာသည် လုံးဝ အသက်မဝင်သေးသော်လည်း ၊ ၎င်းမှ ထုတ်လွှတ်သော အဖျက်စွမ်းအားသည် လွတ်မြောက်နယ်ပယ်အဆင့်ရှိသော အဘိုးကြီး ထျန်းကျန့်ကိုပင် ကြောက်ရွံ့တုန်လှုပ်သွားစေခဲ့သည်။

“ပေါက်ကွဲ”

ကောင်းကင်ယံမှ အေးစက်စက် ရွတ်ဆိုသံနှင့်အတူ ၊

အဘိုးကြီး ထျန်းကျန့်၏ အနီးတစ်ဝိုက်တွင် ရပ်တန့်နေသော ရှေးဟောင်းအက္ခရာများသည် တောက်ပစွာဖြင့် သက်ဝင်လှုပ်ရှားလာပြီး ရုတ်ချည်း ပေါက်ကွဲသွားသည်။

ဘုန်း ! !

စကြဝဠာတစ်ခုလုံးကို တုန်လှုပ်စေသော ပေါက်ကွဲသံနှင့်အတူ ၊ နိယာမလှိုင်းတံပိုးများသည် အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စင်ရိုက်ခတ်သွားသည်။

ရိုက်ခတ်ခံလိုက်ရသည့် နေရာတိုင်း ၊ ဤကြောက်စရာကောင်းသော စွမ်းအားကြောင့် ကွက်လပ်သည် အလွှာတစ်ခုပြီးတစ်ခု ကွဲအက်ပြိုကျလာသည်။

မူလကတည်းက ၊ ဒဏ်ရာအပြင်းအထန် ရထားသည့်အပြင် အဆိုပါ ကြောက်ခမန်းလိလိတိုက်ခိုက်မှုအောက်တွင် ၊

အဘိုးကြီး ထျန်းကျန့်သည် ကြောက်စရာကောင်းသော ဆူနာမီလှိုင်းလုံးကြီး၏ ဝါးမျိုမှုကို ခံလိုက်ရပြီးနောက် သူ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်သည် တခဏချင်း ပျက်သုန်းသွားခဲ့လေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသော တိ့ကျန့် မဟာဧကရာဇ်မင်း၏ အပြုံးသည် အေးခဲသွားပြီး ကြောင်အမ်းသွားသည်။

“အိုင်ယား... ငါပြောမယ် ယွီ့ထျန်း ၊ မင်း ဘာလို့ဒီလိုဖြစ်နေတာတုန်း “

တိ့ကျန့် မဟာဧကရာဇ်မင်းသည် အနည်းငယ် စိတ်မချမ်းသာသောအသံဖြင့် ညည်းညူလိုက်သည်။

“ ငါ့ကိုတိုက်နိုင်တဲ့ ပြိုင်ဘက်ကို ရှာတွေ့ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး၊ မင်းက သူတို့ကို ဒီလိုမျိုး မြန်မြန် သတ်ပစ်လိုက်တယ်”

“ပြီးတော့ မင်းရဲ့ကိုင်တွယ်နည်းက မမြန်လွန်းဘူးလား “

“ဒီလိုရှေးဟောင်းအစီအရင်ကို ဆင့်ခေါ်စရာထိ မလိုဘူးမဟုတ်လား “

ယွီ့ထျန်း မဟာဧကရာဇ်မင်းသည် မဟာဧကရာဇ်မင်းမြတ်များကြားတွင် မှော်အစီအရင် ပညာရပ်နှင့်ပတ်သတ်၍ အထူးချွန်‌‌ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

သူကျွမ်းကျင်သော မှော်အတတ်မှာ နတ်ဘုရားဆင့်ခေါ်ခြင်း ဟုခေါ်သော ဧကရာဇ်အတတ်ပညာ ဖြစ်သည်။

ယခုအခါ ယွီ့ထျန်း မဟာဧကရာဇ်မင်းသည် ရှေးဟောင်းဧကရာဇ်နယ်ပယ် ပြီးပြည့်စုံအဆင့်သို့ ရောက်ရှိထားပြီး ဖြစ်သည်။

သူသည် ဤမှော်အတတ်ကို အသုံးပြုပါက ၊ လွတ်မြောက်နယ်ပယ်အဆင့်ရှိသော ဖြစ်တည်မှုတစ်ခုကို တိုက်ရိုက် ဆင့်ခေါ်နိုင်သည်။

အကယ်၍ စွမ်းအား အပြည့်အဝ သုံးစွဲခဲ့မည်ဆိုပါက ၊ လွတ်မြောက်နယ်ပယ်အဆင့်ရှိသော ဖြစ်တည်မှု နှစ်ခု ၊ သုံးခုထိ ဆင့်ခေါ်နိုင်သည်။

အဲ့လိုဆိုမှတော့ ဘယ်ပျော်စရာကောင်းတော့မလဲ!

တစ်ချိန်တည်းမှာပင် ၊ ယွီ့ထျန်း မဟာဧကရာဇ်မင်းသည် ဘာမှမထူးခြားသော အမူအရာဖြင့် ကောင်းကင်ယံမှ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။

“ဘာလို့ တုံ့ဆိုင်းနေမှာတုန်း “

“ ဘိုးဘေးမှာထားတာတယ် ၊ဒါတွေအားလုံးက ချန်ကဲအတွက်ပဲ “

ယွီ့ထျန်း မဟာဧကရာဇ်မင်း က ဆိုသည်။

“ဒီကဟာတွေကို အမြန်ဖြေရှင်းမှ ချန်ကဲရဲ့ လုံခြုံရေးကို ပိုပြီးဘေးကင်းအောင် ‌ဆောင်ရွက်နိုင်မှာ “

တိ့ကျန့် မဟာဧကရာဇ်မင်းလည်း ထိုစကားများကို လက်ခံသည်။

ဇီဝတားမြစ်နယ်မြေကို ချေမှုန်းဖို့ဆိုတာ ကွေးယွမ်အတွက် မခက်ခဲပေ။

အဓိကအကြောင်းအရင်းမှာ ၎င်းတို့၏ ရှေးဘိုးဘေးများသည် ဤအခွင့်အရေးတွင် ဇီဝတားမြစ်နယ်မြေကို နင်းချေကာ တစ်ချိန်တည်းမှာပင် စူးချန်ကဲအား ထာဝရထျန်းတိ့ ဆိုသော ဘွဲ့အမည်ကို ပေးအပ်လိုသောကြောင့် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ၊ တိုက်မြေ သုံးထောင်သည် ဗဟိုအမတနယ်မြေ၏ ချိတ်စည်းတစ်ခု ဖြစ်သည်။

ထာဝရ ထျန်းတိ့အဖြစ် တိုက်မြေ သုံးထောင်ရှိ လူတိုင်း၏ အသိအမှတ်ပြုမှုကို ရရှိပြီးနောက်တွင် ၊

နောင်အနာဂတ်၌ ဗဟိုအမတနယ်မြေ ထွက်ပေါ်လာသောအခါတွင် စူးချန်ကဲသည် ဗဟိုအမတနယ်မြေ၏ ကံကြမ္မာ တစ်စိတ်တစ်ပိုင်းကို ရရှိနိုင်မည် ဖြစ်သည်။

ဤသည်မှာ စူးချန်ကဲအတွက် ကြီးမားသော အကျိုးကျေးဇူးတစ်ခု ဖြစ်သည်မှာ သံသယမရှိပေ။

ဒုတိယအချက်အနေဖြင့် ၊ ရှေးဘိုးဘေးများသည် ထွေထွေထူးထူး မပြောခဲ့ပေ။

ငါးကြီးတစ်ကောင်ဖမ်းရန် ကြိုးရှည်ရှည်လှမ်းထားရမည် ဆိုသည့်စကားအတိုင်း ၊

ယခုတွင်မူ ၊ ထိုငါးကြီးများသည် ချိတ်တွယ်ခံလိုက်ရပြီ ဖြစ်သည်။

ထို့ကြောင့် နောက်ထပ် အချိန်အလဟဿ မဖြုန်းတီးလိုပေ။

စူးချန်ကဲအား ဇီဝတားမြစ်နယ်မြေ၏ ခေါင်းဆောင်ခြောက်ဦးကို သတ်ဖြတ်စေပြီး ၊ ဤတားမြစ်နယ်မြေ တိုက်ပွဲတွင် အဆုံးအဖြတ်ပေးမည့် အခန်းကဏ္ဍမှ ပါဝင်စေမည်။

ထို့နောက်တွင် ၊ ဇီဝတားမြစ်နယ်မြေတစ်ခုလုံးကို အပြီးတိုင် နင်းချေပေတော့မည်။

စူးချန်ကဲ၏ ထာဝရ ထျန်းတိ့ ဟူသော ဘွဲ့အမည်ကို တိုက်မြေ သုံးထောင်ရှိ လူတိုင်း အသိအမှတ်ပြုကြသည်။

ယခုအချိန်မှစ၍၊ တိုက်မြေပြင်ပ နယ်မြေ နှင့် ဇီဝတားမြစ်နယ်မြေ ဆိုသည့် အရာနှစ်ခုကို လောကမှ အပြီးတိုင် ဖယ်ရှားကြောင်း ကြေညာနိုင်ပေတော့မည်။

“ကဲပါ ဆက်ပြီး မနှောင့်နှေးစေနဲ့!”

“သူများတွေကို ကူညီပြီး ဒီကတိုက်ပွဲကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းရမယ်”

ယွီ့ထျန်း မဟာဧကရာဇ်မင်းသည် ထိုစကားများကို ချန်ခဲ့ပြီးနောက် ၊ အခြားစစ်မြေပြင်သို့ ဝင်ရောက်သွားခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်း၊ ယွီ့ထျန်း မဟာဧကရာဇ်မင်းသည် သူ၏ ဧကရာဇ်အတတ်ပညာဖြစ်သော နတ်ဘုရားဆင့်ခေါ်ခြင်း မှော်အစီအရင်ကို အသုံးပြုကာ တိုက်ခိုက်ခဲ့သည်။

လွတ်မြောက်သူများနှင့် နှိုင်းယှဉ်နိုင်သော အစွမ်းထက်သော ဖြစ်တည်မှုနှစ်ခုသည် စစ်မြေပြင်သို့ ချက်ချင်းဝင်ရောက်ခဲ့သည်။

တခဏအတွင်း ၊ဇီဝတားမြစ်နယ်မြေ၏ မသေမျိုးဘုရင်များပင်လျှင် ကွေးယွမ်သည် စည်းမျဉ်းများကို မလိုက်နာကြောင်း ညည်းညူပြောဆိုလာခဲ့သည်။

…….

တစ်ချိန်တည်းမှာပင်။

ကွေးယွမ် သူတော်စင်နယ်မြေ၏ ဘိုးဘွားပိုင်နယ်မြေ ၊

တုံထျန်း အဝေးဘိုးဘေး၏ မျက်လုံးများသည် ဖြည်းညှင်းစွာ ပွင့်လာသည်။

နဂါးငွေ့တန်းပမာ တောက်ပနေသော မျက်ဝန်းအစုံ၌ အဆုံးမရှိသော တာအိုစည်းချက်များ စီးဆင်းနေသည်။

သူ၏ စိတ်အာရုံလွှမ်းမိုးမှုနှင့်အတူ ၊ ထိုအရပ်ဒေသ၏ လေထုသည်ပင် ခဏတာရပ်တန့်သွားပုံပေါ်သည်။

ရုတ်တရက်၊ တုံထျန်း အအဝေးဘိုးဘေး၏ မျက်လုံးများသည် လျှပ်ခနဲ့ တောက်ပသွားသည်။

သူသည် ထိုအမည်မသိနေရာ၌ ထူးဆန်းသော ရောင်ဝါတစ်ခုကို ဖမ်းဆုပ်နိုင်ခဲ့သည်။

“ဒီလောက်နှစ်တွေအများကြီး ကြိုးစားရကျိုးနပ်ပါပေတယ် ၊ နောက်ဆုံးတော့ မင်းတို့ရဲ့ သရုပ်ကို ထုတ်ဖော်ပြသလိုက်ပြီပဲ “

“အမှောင်ထု အမတခန်းမဆောင်...”

အပိုင်း(၅၂၈): အမှောင်မူလရင်းမြစ် ကမ္ဘာ ၊ အမှောင်ထု အမတခန်းမဆောင်

တုံထျန်း အဝေးဘိုးဘေး၏ မူလကိုယ်ထည်သည် မူလရင်းမြစ် လောက၏ အနက်ရှိုင်းဆုံး အပိုင်းတွင် ရှိနေသည်။

ဤတစ်ခေါက် ၊ သူ နိုးထလာရသည့် အကြောင်းရင်းမှာ ဖော်မပြနိုင်သော ထူးဆန်းသော စွမ်းအားတစ်ခုကို ဖမ်းဆုပ်မိခဲ့သောကြောင့် ဖြစ်သည်။

အဆိုပါ စွမ်းအားသည် ကမ္ဘာတစ်ခုလုံးအပေါ် သက်ရောက်နိုင်ပုံရပြီး ၊ ဒေဝလောကရှိ အလုံးစုံသော လမ်းစဉ်တို့ကို တိုက်စားကာ တစ်လောကလုံး၏ အသိဉာဏ်ကို ဖျက်စီးပစ်နိုင်စွမ်း ရှိပုံရသည်။

မည်သည့် တန်ခိုးစွမ်းအားမဆို ၊ အလုံးစုံသော မဟာလမ်းစဉ်များသည်ပင် ၎င်း၏ ဝါးမျိုမှုကိုခံရပြီး အမှောင်ထု၏ တစ်စိတ်တစ်ပိုင်းအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

အမှောင် စွမ်းအား!

“ဒီကောင်တွေ နိုးလာပြီး ၊ ငါ့ရဲ့ ကွေးယွမ်အမတဂိုဏ်းက ဆက်ခံသူက သူတို့ရဲ့ပစ်မှတ် ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး “

“ဒီကြွက်တွေ အတော်လေး အပုန်းကောင်းတာပဲ ၊ အခုမှပဲ သူတို့ရဲ့ သရုပ်တွေကို ဖော်ထုတ်တော့တယ် “

“ဒါပေမဲ့ မင်းတို့ ပုန်းတဲ့နေရာကို ငါ ရှာတွေ့ရင်..”

တုံထျန်း အအဝေးဘိုးဘေး၏ မျက်ဝန်းတစ်စုံ၌ အဆုံးမဲ့အေးစက်သော အလင်းများ လှစ်ခနဲ့ဝင်းလက်သွားပြီး ၊ ယင်း၌ပါရှိသော လူသတ်လိုစိတ်များသည် အချိန်နှင့်နေရာအားလုံးကို အေးခဲသွားစေခဲ့ပုံရသည်။

တစ်ချိန်တည်းမှာပင်၊ တုံထျန်း အဝေးဘိုးဘေးသည် သူ့လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်ပြန်သည်။

ဖြောက်! !

အဆုံးမရှိသော နတ်အလင်းရောင်များသည် အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စင်သွားသည်။

ကွက်လပ်တွင် မဟာလမ်းစဉ်၏ ဝဲဂယက်တစ်ခု ဖြစ်ပေါ်နေသကဲ့သို့ ဖြည်းညှင်းစွာ လှိုင်းထလာခဲ့သည်။

ထာဝရ စွမ်းအားများ ရောက်ရှိလာသည်နှင့် တပြိုင်နက် ၊ နတ်ဘုရားများနှင့် ဆင်တူသော ရုပ်သွင်များ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည့်ပုံပေါ်သည်။

“ အဝေးဘိုးဘေးကို နှုတ်ခွန်းဆက်သပါတယ်!”

ဒါဇင်ချီရှိသော အသွင်ပုံရိပ်များသည် ဒူးထောက်နေကြကြီး ၊ ၎င်းတို့၏ အသံသည် သာမာန်ဖြစ်သော်လည်း လေးစားမှုအပြည့်ရှိသည်။

“ အမတလျှောက်လှမ်း ရောက်လာတော့မယ် ၊ ငါတို့ နောက်ထပ်အစီအစဉ်အတွက် ပြင်ဆင်ချိန်ရောက်ပြီ “

“သွား၊ တိုက်မြေ သုံးထောင်မှာ အံ့ဖွယ်အမှုတွေနဲ့ ပတ်သတ်တဲ့ သဲလွန်စအားလုံးကို စုဆောင်းလာခဲ့!”

“ဟုတ်”

‌ဖြေကြားပြီးသည်နှင့် ၊ ထိုသူတို့သည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လမ်းကြောင်းအသီးသီး ဝင်ရောက်ကာ မိုးကုပ်စက်ဝိုင်းအတွင်း၌ ကွယ်ပျောက်သွားလေတော့သည်။

“ ဆက်လက်ပြီး ၊ အမတနယ်မြေကို ကြည့်ရတော့မှာပဲ”

တုံထျန်း အဝေးဘိုးဘေးက ညည်းညူလိုက်သည်။

“အရင်ဆုံး၊ အဲ့လူယုတ်မာတွေဆီကနေ အကာအကွယ်ပေးရမယ် ၊ အကယ်၍ ချန်ကဲသာ အမတနယ်မြေမှာ အနိုင်ကျင့်ခံရရင် “

“ငါ သေချာပေါက် သူတို့ရဲ့ အရေခွံကို ခွာပစ်မယ်!”

……….

တစ်ချိန်တည်းမှာပင်။

မှောင်ရိပ်သန်းနေသော နေရာ ။

မှောင်မိုက်သော ညကောင်းကင်တွင် ၊

ယိုယွင်းပျက်စီးမှုများနှင့် ပြည့်နှက်နေသော အမှောင်ထု အငွေ့အသက်များသည် ကောင်းကင်ယံ၌ လွင့်ပျံနေသည်။

ဤထူးဆန်းသောကမ္ဘာတွင် အေးစက်သော လေထုများ အပြည့်ရှိနေပြီး ၊ ရှုခင်းများက အုံ့မှိုင်းကာ လေးလံနေသည်။

သေခြင်းတရား၏ အငွေ့အသက်များကို ထုတ်လွှတ်နေသော မှောင်မိုက်သော ရှေးဟောင်းမြို့တော်ကြီးသည် အာကာသရှိအပျက်အစီးများကြားတွင် လွင့်မျောနေသည်။

မှောင်မိုက်သော မြူစိုင်များကြား ၊ သွေးနီရောင်မျက်လုံးများကဲ့သို့ လပြည့်ဝန်းတစ်ခုကို အလယ်တွင် ချိတ်ဆွဲထားသည်။

သွေးလမင်း၏ ဘေးတဝိုက်တွင် အနက်ရောင် လျှပ်စီးမိုးကြိုးများ ပစ်ခွင်းနေသည်မှာ တိတ်ဆိတ်ခြင်း နှင့် ပျက်စီးယိုယွင်းခြင်းဆိုင်ရာ သဘောတရာများကို ဖော်ပြနေသည်။

ဝေါင်း ဝေါင်း !!

သွေးလရောင်အောက်တွင်၊ မရေမတွက်နိုင်သော ထူးဆန်းသော သားရဲတွင်းများ ရှိနေပြီး အထဲ၌ ကြောက်မက်ဖွယ်ကောင်းသော သားရဲဟောက်သံများကို ကြားနေရသည်။

အစဉ်အဆက် ရှိလာခဲ့သော နိမိတ်ဆိုး၏ အငွေ့အသက်ကဲ့သို့ပင် လောက၏နိယာမစည်းမျဉ်းများကို ဝါးမျိုဖျက်ဆီးနိုင်သည်။

ဤနေရာသည် ၊

အမှောင်ထု မူလရင်းမြစ်ကမ္ဘာပင်တည်း။

သက်ရှိသတ္တဝါအားလုံး နှင့် ဒေဝလောကတစ်ခုလုံးကို ဖျက်စီးကာ အရာအားလုံးကို အနက်ရှိုင်းဆုံး အမှောင်ထဲသို့ ပို့ဆောင်သည်။

ဝေါင်း! !

ရုတ်​တရက်​ပင်​ ​ ၊ နဂါးတစ်ကောင်၏​ ဝမ်းနည်းဖွယ်​ရာ ဟိန်းဟောက်​သံသည်​ ​လောကတစ်ခုလုံး ပဲ့ထင်ထပ်သွားသည်။

ကောင်းကင်နှင့်နေကိုပင် ဖုံးအုပ်ထားနိုင်သော အရွယ်အစားကြီးမားသော အနက်ရောင်နဂါးကြီးသည် သေမင်းတံစဉ်ကဲ့သို့ ချွန်ထက်သော သူ၏နဂါးအတောင်ပံ တစ်စုံဖြင့် ကွက်လပ်ကို နှစ်ခြမ်း ပိုင်းဖြတ်လိုက်သည်။

သူ၏ ဧရာမ နဂါးအတောင်ပံများကို တချက် ခတ်လိုက်သည်နှင့်၊ ကြောက်မက်ဖွယ်ကောင်းသော အမှောင်မုန်တိုင်းများကို လှိုင်းထန်အောင် ပြုစားနိုင်သည်။

သို့သော်။

သူ၏ ခန္ဓာကိုယ်အများစုသည် ပုပ်ပွနေပြီး ၊ ယိုယွင်းပျက်စီးနေသော မျက်လုံးများသည် ဆိုးညစ်သော အနီရောင်အလင်းတန်းများကို ထုတ်လွှတ်ပေးနေသည်။

နဂါးကြီးသည် သူ၏မျက်လုံးသေကြီးဖြင့် အောက်ကို ငုံ့ကြည့်နေသည်။

မျက်စိတစ်ဆုံးကြည့်မည်ဆိုပါက ၊ အဆုံးမရှိသော အမှောင်ကမ္ဘာကြီးကို မြင်ရပေလိမ့်မည်။

မရေမတွက်နိုင်သော အမှောင်သတ္တဝါများနှင့် အလောင်းများသည် မည်းနက်နေသော မြေကြီးပေါ်တွင် ပြန့်ကျဲနေသည်။

ရှေ့ကိုဆက်ကြည့်မည်‌ဆိုပါက ၊ အနံ့ဆိုးသော အသားများကို စားသောက်နေသော မရေမတွက်နိုင်သော ကျီးကန်းများကို မြင်ရပေမည်။

အမှောင်မိုးကုပ်စက်ဝိုင်းအဆုံးတွင် ၊

မှောင်မိုက်နေသော မြို့ကြီးတစ်မြို့သည် ခမ်းညားထည်ဝါစွာဖြင့် ရှ်ိနေသည်။

တစ်ချိန်တည်းမှာပင်၊ မည်းနက်နေသော မြစ်ချောင်းများသည် ဒလဟော စီးဆင်းနေသည်။ ဤအမှောင်ကမ္ဘာတစ်ခုလုံး၏ အမှောင်နိယာမများသည် ထိုနယ်မြေဆီသို့ တရွေ့ရွေ့ စီးဝင်နေသကဲ့သို့ ထင်ရသည်။

ရှေ့မြင်ကွင်းကို ဆက်ကြည့်ဦးမည်‌ဆိုပါက၊

လက်ရာမြောက်စွာ ခြယ်သထားသော နန်းတော်ကြီးတစ်ခု ရှိနေပြီး ၊ နံရံပေါ်တွင် ထူးဆန်းသော မန္တန်များကို ရေးဆွဲထားသည်။

အမတနန်းတော်များကဲ့သို့ လှပသော်လည်း ၊ ရှေးကျပြီး ထူးဆန်းသောလေထုများဖြင့် ပြည့်နှက်နေသောကြောင့် လူကို စိတ်မသက်မသာဖြစ်စေသည်။

မုခ်ပေါက်ပေါ်တွင် ရွှေနဂါး ၊ ရွှေဖီးနစ်များ မဟုတ်ဘဲ အမှောင်ရုပ်ထုများ ရှိနေသည်။

နန်းတော်ပေါ်တွင် ထွင်းထုထားသည့် ပုံစံများမှာ ပို၍ပင် ထူးဆန်းလှသည်။ ရွှယ်ဟိုင်ရှိုးလော့ ၊ အမှောင်ထု နတ်ဆိုးများ စသည်တို့ဖြစ်သည်။

အထူးသဖြင့် ခန်းမဆောင်ကြီး၏ ကမ္ဗည်းပြားပေါ်တွင် သွေးရောင်တောက်တောက် စကားလုံးလေးလုံးကို ရေးထွင်းထားသည်။

စစ်မှန်အမတသည်ပင် ဤအရာကို တချက်ကြည့်ရုံမျှဖြင့် ၊ သူ၏ တာအိုစိတ်နှလုံးသားပင်လျှင် ပြိုလဲသွားမည်ကို စိုးရိမ်ရသည်။

ဤအရာများသည် နတ်ဆိုးများ၏သွေးဖြင့် ရေးထွင်းထားခြင်း ဖြစ်သည်- အမှောင်ထု အမတခန်းမဆောင် ။

သက်တမ်းမည်မျှ ကြာမြင့်မှန်းမသိအောင်ပင် ၊ သွေးများမှ ထွက်လာသော အငွေ့အသက်များသည် ပတ်ဝန်းကျင်ရှိ နိယာမစည်းမျဉ်းများကို တုန်လှုပ်စေသည်။

…….

တစ်ချိန်တည်းမှာပင်။

မှောင်မိုက်သော ခန်းမကြီးအတွင်း၌ ပုပ်သိုးနေသော အနံ့အသက်များ ထွက်ပေါ်လာပြီး ၊ အမှောင်ထုများက အဆုံးမရှိ ရိုက်ခတ်လှုပ်ရှားနေသည်။

ဤနေရာတွင် ကြောက်စရာကောင်းသော အသွင်ပုံရိပ်များ ထိုင်နေပုံရသည်။

“ ရှစ်ထျန်းတိ့ ၊ ငါတို့က အခုမှ နိုးထလာတာ မင်းက ဒီလိုခမ်းနားစွာ ဖိတ်ခေါ်နေပြီလား”

အက်ရှရှအသံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာပြီး၊ ယင်းအသံ၏လွှမ်းမိုးမှုသည် ပတ်ဝန်းကျင်ရှိ အမှောင်စည်းမျဉ်းများကိုပင် တုန်လှုပ်ချောက်ချားသွားစေသည်။

အမှောင်ထု အမတခန်းမဆောင်၏ သခင်၊ ရှစ်ထျန်းတိ့ ။

သူသည် သာမန်ကပ်ဘေးကိုးပါး အမတရှင်ဧကရာဇ်မင်း မဟုတ်။ အမှောင်စည်းမျဉ်းများ၏ အထူးကောင်းချီးပေးမှုကြောင့် ရှစ်ထျန်းတိ့သည် အခြား အမတဧကရာဇ်မင်းများ၏ အနှစ်သာရကို ဝါးမြိုနိုင်ပြီး ၎င်းကို မိမိကိုယ်ပိုင်အဖြစ် အသုံးပြုနိုင်သည်။

ရှစ်ထျန်းတိ့တွင် အခြားသော အမတဧကရာဇ်မင်းများထံမှ စားသုံးခဲ့သော အနှစ်သာရကို အသုံးပြု၍ ဖန်တီးထားသော အမှောင်ထုအမတဧကရာဇ်မင်း ရုပ်သေးလေးခုရှိထားသည်။

“ဟားဟား....”

ရုတ်​တရက်​ ၊​ ရယ်​သံ​တစ်ခု ထွက်ပေါ်လာပြန်​သည်​။

ဝုန်း !!

ထို့နောက် အဆုံးမရှိသော အမှောင်လှိုင်းတံပိုးများသည် အဖျက်စွမ်းအားများနှင့်အတူ တဖြည်းဖြည်း စုဝေးလာသည်။

ထိုအမှောင်ထုအတွင်းမှ နဂါးပန်းထိုးဝတ်ရုံ အမည်းကို ဝတ်ဆင်ထားသည့် လူတစ်ဦးသည် ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။ သူ၏ နက်မှောင်သော ဆံနွယ်များသည် ရေတံခွန်အလား ကျဆင်းနေပြီး ၊ ထိုသူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုကို ဆင်မြန်းထားသည်။

အထူးသဖြင့် သူ၏မျက်လုံးများမှာ အ‌ဆုံးမရှိသော အမှောင်ထုတို့ဖြင့် ပြည့်နှက်‌နေကာ ၊ တစ်စက္ကန့်မျှ စိုက်ကြည့်မိသည်နှင့် လူ၏ စိတ်ဝိညာဉ်ကိုပါ စုပ်ယူသွားနိုင်သည်။

အမှောင်ထု၏ ဧကရာဇ်ဖြစ်ရန် မွေးဖွားလာသကဲ့သို့ အမှောင်ထုအားလုံးကို ကြောက်လန့်တုန်လှုပ်စေနိုင်သည့် ဖိအားများသည် သူ့ခန္ဓာကိုယ်ထဲကနေ ဖြာထွက်နေသည်။

ထိုသူမှာ အမှောင်ထု အမတခန်းမဆောင်၏ သခင် ၊ ရှစ်ထျန်းတိ့ပင်တည်း။

ရှစ်ထျန်းတိ့သည် တားမြစ် အမှောင်အင်အားစု၏ ခေါင်းဆောင်ခြောက်ဦးကို ကြည့်လိုက်သည်။

“မဆိုးဘူး၊ အဲ့သုံးကောင်ကလွဲရင် ဒီမှာရှိသင့်တဲ့သူတွေ အားလုံးရောက်လာပြီပဲ “

ရှစ်ထျန်းတိ့သည် အပိုမပြောဘဲ လိုရင်းကိုသာ ဆိုလိုက်သည်။

“မင်းတို့အားလုံး အမတနယ်မြေမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ သိပြီးကြမယ်လို့ ငါထင်တယ်”

“ဟားဟား၊ ဒါပေါ့!”

“မကြာသေးမီက တားမြစ်စူးမိသားစုက ဦးဆောင်ပြီး တားမြစ်ကုန်းပြင်မြင့်ကို ဖျက်စီးခဲ့တယ်”

“ဟား... ဒါပေမဲ့ မပြောမဖြစ် ပြောရမယ် ၊ အမတနယ်မြေက‌ ကောင်တွေ အရင်အတိုင်းပဲ ၊ သူတို့ကို အနိုင်ယူဖို့ခက်လိမ့်မယ်”

“ဟာဟားဟား ၊ သူတို့က တကယ်ကို အရူးကောင်တွေပဲ ၊ ငါတို့တွေ အနိုင်ရဖို့ အခွင့်အလမ်းတွေပေးနေသလား အောက်မေ့ရတယ် “

“ဒါက သူတို့ရဲ့ မပြောင်းလဲနိုင်တဲ့ အကျင့်တွေလေ ၊ သူတို့ အချင်းချင်း ရန်ဖြစ်ရတာ ကြိုက်မှတော့ ပျော်ပါစေ “

“အချိန်တန်တာနဲ့ လက်ကျန် အမတနယ်မြေ လေးခုစလုံးကို အမှောင်ထုထဲကို ဆွဲခေါ်သွားမယ်”

တားမြစ်စူးမိသားစုသည် နောက်ထပ်အင်အားစု တချို့ကိုပါ ဖျက်စီးပစ်ရန် ဆန္ဒရှိနေကြသည်။ ထိုမှသာလျှင် ၎င်းတို့၏ အမှောင်မူလရင်းမြစ် ကမ္ဘာသည် အမတနယ်မြေကို ကျူးကျော်ဝင်ရောက်လာချိန်တွင် အထောက်အကူ ဖြစ်ပေမည်။

သို့သော် ၊ သူတို့ကို အံ့အားသင့်စေပြီး ရယ်မောစရာဖြစ်ခဲ့သည်မှာ အမတနယ်မြေ၏ ‌တားမြစ် စူးမိသားစုနှင့် ကွေးယွမ်အမတဂိုဏ်းသည် ကိုယ့်မဟာမိတ်တွေ ဖြစ်နေသတဲ့လား ?

သို့သော်၊ တုနှိုင်းမယှဉ်နိုင်သော အမှောင်စွမ်းအားရှင်တစ်ဦး၏ မျက်ဝန်းတစ်စုံတွင် နက်ရှိုင်းသော အတွေးများရှိနေခဲ့သည်။

“ဒါပေမဲ့ ဒီစစ်ပွဲကြောင့် တားမြစ် စူး မိသားစု၊ ကွေးယွမ်အမတဂိုဏ်း ၊ သံသရာစက်ဝန်း အမတမင်းဆက် နဲ့ ယောင်ကွမ်အမတဂိုဏ်းက သူတို့ရဲ့စည်းလုံးမှုကို ပြသခဲ့တယ်”

“ သူတို့သာ တကယ်ပဲ စည်းလုံးကြမယ်ဆိုရင်...”

“ငါတို့အနိုင်ရဖို့ ခက်လိမ့်မယ်”

ထိုစကားများထွက်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ကွေးယွမ်အမတဂိုဏ်း နှင့် တားမြစ်စူးမိသားစုသည် မည်မျှ အားကောင်းသည်ကို သူတို့ သိကြသည်။

ယခင်က ကမ္ဘာ့ကပ်ဘေးတိုက်ပွဲတွင် သူတို့၏ အမှောင်မူလရင်းမြစ်ကမ္ဘာ ကျရှုံးရသည့်အကြောင်းရင်းမှာ တားမြစ် စူး မိသားစုနှင့် ကွေးယွမ်အမတဂိုဏ်းတို့၏ ပတ်သတ်မှုမှ ရှောင်လွဲ၍မရနိုင်ချေ။

အပိုင်း(၅၂၉): ပို၍ကြောက်စရာကောင်းလာသော အမှောင်ထု

အထူးသဖြင့် တားမြစ်စူးမိသားစု၏ ကျန့်ထျန်း အမတဧကရာဇ်မင်း -- စူးရွှမ်။

ထိုနာမည်ကိုကြားလိုက်တိုင်း ၎င်းတို့ကို အတော်လေး စိတ်အနှောင့်အယှက်ဖြစ်စေသည်။

ထိုအချိန်က သူတို့သည် အင်အားအလုံးအရင်းဖြင့် ချီတတ်လာခဲ့ပြီး သုညဂိတ် ဧကရာဇ်လျှောက်လှမ်းကို အပြီးတိုင် ဖျက်စီးလိုခဲ့သည်။

သို့သော်၊ ကျန့်ထျန်း အမတဧကရာဇ်မင်းသည် စည်းကမ်းကိုဖောက်ဖျက်ကာ တိုက်ခိုက်ခဲ့သည်။

သူသည် ကပ်ဘေးကိုးပါး အမတဧကရာဇ်မင်း ဆယ့်ကိုးဦးနှင့်အတူ အမတတပ်ဖွဲ့ကြီးကို ဦးဆောင်ကာ ၎င်းတို့၏ အမှောင်ထုမူလရင်းမြစ် ကမ္ဘာကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

၎င်းသည် သူတို့၏ အကာအကွယ်စည်းကိုပင် ဖြတ်ကျော်၍ ၎င်းတို့၏ မူလရင်းမြစ်နေရာဆီသို့ တည့်တည့်မတ်မတ် ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

အမှောင်မူလရင်းမြစ်ကမ္ဘာကို ကာကွယ်စောင့်ကြပ်ရန် ကျန်ရစ်ခဲ့သည့် အမှောင် တားမြစ်အင်အားစုဖြစ်သည့် ကျုံရုံချောက်နက်သည် ၎င်းတို့၏ ပြင်းထန်သော ထိုးစစ်ကို ခုခံနိုင်စွမ်း မရှိခဲ့ပေ။

ဤသို့ဖြင့် ၊ ကပ်ဘေးကိုးပါး အမတဧကရာဇ် မင်း ဆယ့်ကိုးဦး၏ ပူးပေါင်းကြိုးပမ်းမှုကြောင့် အမှောင်ထုလောကသည် တိုက်ရိုက်ပြိုကွဲသွားခဲ့သည်။

တားမြစ်အင်အားစု ဆယ်ဖွဲ့အနက် ကိုးဖွဲ့သာ ကျန်တော့ပြီး ၊ ကျန်တစ်ဖွဲ့မှာ အပြီးတိုင် ပျောက်ကွယ်သွားခဲ့ရသည်။

နောက်ဆုံးတွင်၊ တားမြစ် စူးမိသားစု၏ ဦးဆောင်မှုအောက်တွင် အမတနယ်မြေသည် တန်ပြန်တိုက်ခိုက်ခဲ့သည်။

အမှောင်ထု၏ ပထမအချီ ထိုးစစ်သည် လုံးဝရှုံးနိမ့်ခဲ့သည်။

ကမ္ဘာ့ကပ်ဘေး စစ်ပွဲကြီးအတွင်း ၊ သူတို့သည် မရေမတွက်နိုင်သော စစ်ပွဲကြီးငယ် နှစ်ခုစလုံးကို တွေ့ကြုံခဲ့ရပြီး ၊ မရေမတွက်နိုင်သော အမတ အင်အားစုများကို ပျက်စီးစေခဲ့သည်။

ကျန့်ထျန်း အမတဧကရာဇ်မင်းကိုယ်တိုင် ဦးဆောင်သော ထိုးစစ်မှသာလျှင် ၊ သူတို့၏ အမှောင်မူလရင်းမြစ် ကမ္ဘာကြီးသည် နောက်ပြန်လှည့်၍မရသော ထိုးနှက်မှုကို ခံစားခဲ့ရသည်။

အချိန်အတော်တန် ကြာပြီးသည့်တိုင်အောင် ၊ သူတို့သည် အားနည်းနေဆဲပင် ဖြစ်သည်။

“ သေသင့်တဲ့ကောင် ၊ အစက အဲ့ကောင်စူးရွှမ် နောက်ဆုံးအခြေအနေကို ရောက်နေပြီ..”

“ ငါ့ရဲ့ အမှောင်မူလစွမ်းအားကို အသုံးပြုပြီး အဲ့ကောင်ကို အမှောင်ထုနဲ့တိုက်စားဖို့ ကြံစည်ထားတာ...”

ရှစ်ထျန်းတိ့၏ မျက်နှာသည် မှုန်ကုပ်ကုပ်ဖြစ်နေသည်။

“ဒါပေမဲ့ အဲ့အဘိုးကြီးက အချိန်မီပြန်လာပြီး စူးရွှမ်ကို ကယ်တင်သွားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး “

အမှန်အတိုင်းဆိုရလျှင်ဖြင့်၊ ဤသည်မှာ ရှစ်ထျန်းတိ့အနေဖြင့် လွှတ်မချနိုင်သော နောက်ထပ် အာဃာတတစ်ခုဖြစ်သည်။

ထိုစဉ်က ၊သူတို့သည် အလျင်စလို ပြန်ပြေးလာပြီး ကျန့်ထျန်း အမတဧကရာဇ်မင်းအပါအဝင် ကပ်ဘေးကိုးပါး အမတရှင်ဧကရာဇ်မင်း ဆယ့်ကိုးဦးနှင့် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။

နောက်ဆုံးတွင်၊ ၎င်းတို့သည် ကျန့်ထျန်း အမတဧကရာဇ်မင်းနှင့် ကပ်ဘေးကိုးပါး အမတရှင်ဧကရာဇ်မင်း ဆယ့်ရှစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သည်။

ထိုအချိန်က ကျန့်ထျန်း အမတဧကရာဇ်မင်းသည် အလွန်ကျော်ကြားပြီး၊ အမတနယ်မြေတွင် တုနှိုင်းမရသောတည်ရှိမှုဟုပင် ခေါ်တွင်ခဲ့သည်။

သူ့ဘဝတစ်လျှောက်လုံး တောက်လျှောက် တိုက်ပွဲဝင်ခဲ့ပြီး ၊ ရှုံးပွဲမရှိ အောင်မြင်ခဲ့သူ ဖြစ်သည်။

ထိုသို့သောလူကို အမှောင်ထုထဲသို့ ကျရောက်စေလိုသည်မှာ သဘောဝကျပေသည်။

သို့သော် တားမြစ် စူးမိသားစု၏ အဝေးဘိုးဘေးသည် မဟာလမ်းစဉ်၏ တုံ့ပြန်မှုကို ခံနိုင်ရည်ရှိပြီး ၎င်းကို ကယ်တင်ရန် မှော်အစွမ်းများကို အတင်းအကျပ် အသုံးပြုခဲ့သောကြောင့် အဆုံးတွင် ကိစ္စများသည် ပြေလည်သွားခဲ့သည်။

“ဟမ်၊ ဒီအဘိုးကြီးက မဟာလမ်းစဉ်ရဲ့ တုံ့ပြန်မှုကိုတောင် တွန်းလှန်ဖို့ သတ္တိရှိတာ ၊ ပျက်စီး‌ဆုံးရှုံးမှုတွေ အများကြီး ကြုံတွေ့ရမှာ အသေချာပဲ”

ရှစ်ထျန်းတိ့က အေးစက်သောလေသံဖြင့် ဆိုလိုက်သည်။

“ စူးရွှမ်ကို ငါတို့ရဲ့အမှောင်ထုထဲကို ဆွဲမခေါ်နိုင်ခဲ့ဘူးဆိုပေမယ့် ၊ ဒါပေမဲ့ သူ့သားက တိုက်မြေ သုံးထောင်ကို သွားတယ်လို့ ငါကြားတယ် “

“အရင်က စုံစမ်းစစ်ဆေးချက်တွေအရ ၊ စူးရွှမ်ရဲ့ တစ်ဦးတည်းသောသားက တိုက်မြေ သုံးထောင်မှာ ရှိတာဖြစ်နိုင်ချေရှိတယ် “

ထိုစကားကိုကြားပြီးနောက် ၊

အမှောင်အင်အားစုများစွာ၏ ခေါင်း‌ဆောင်တို့သည် မျက်လုံးများ အရောင်တောက်လာသည်။

“ စူးရွှမ် ရဲ့သား!? တိုက်မြေ သုံးထောင်!?”

“ တကယ်ကြီးလား!?”

“ဒီကောင့်မှာ တကယ်ကြီး သားတစ်ယောက်ရှိသေးတာလား !?”

“ကောင်းတယ်! အရမ်းကောင်းတယ်! အတိတ်ကဖြစ်ရပ်အတွက် လက်စားမချေရမှာကို စိုးရိမ်နေတာ ခုတော့ သူ့သားနဲ့ အရင်စလိုက်တာပေါ့”

“ဟားဟား ၊ သူ့ရဲ့သားက ငါတို့ အမှောင်ထုထဲကျရောက်သွားပြီး ငါတို့ရဲ့အစိတ်အပိုင်းဖြစ်လာရင် ၊ စူးရွှမ် အဲ့ကောင် ဘယ်လိုအမူအရာမျိုး ဖြစ်နေမလဲ “

“…….”

အမှောင်တားမြစ်အင်အားစုများ၏ ခေါင်းဆောင်များသည် ရက်စက်ကြမ်းကြုတ်သော အမူအရာများဖြင့် ရှိနေပြီး ၊ ၎င်းတို့၏ မျက်လုံးများသည် သတ်ဖြတ်လိုစိတ်များနှင့် တဟုန်းဟုန်း တောက်လောင်နေသည်။

သူတို့သည် စူးရွှမ်ကို အတော်လေး မုန်းတီးကြသည်။

ဤမရေမတွက်နိုင်သော အချိန်ကာလများအတွင်း ၊ သူတို့သည် စူးရွှမ်၏ အရိုးအသားများကို တစ်စစီ ‌ဆွဲထုတ်ကာ စားသောက်ပစ်ချင်သည်။

“ဒီကိစ္စကို အလျင်စလိုလုပ်လို့ မရဘူး ၊ အရင်ဆုံး ငါရဲ့ အတွေးကို အောက်ကိုလွှတ်ချပြီး တိုက်မြေ သုံးထောင်မှာရှိတဲ့ ဇီဝတားမြစ်နယ်မြေက ကောင်တွေနဲ့ ဆက်သွယ်ထားတယ်”

ရှစ်ထျန်းတိ့က အေးစက်စွာ ပြောဆိုလိုက်သည်။

“ဒီကောင်တွေက ငါတို့အတွက် အချက်အလက်တွေ စုဆောင်းပေးလိမ့်မယ် “

“ဒီကလေးရဲ့ အထောက်အထားနဲ့ နောက်ခံက မရိုးရှင်းဘူး ၊ ကွေးယွမ်အမတဂိုဏ်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပုံရတယ်၊ ဒါပေမဲ့ အဲ့ကောင်ဟုတ်မဟုတ်၊ ငါတို့နောက်ထပ် စောင့်ကြည့်ဖို့ လိုသေးတယ် “

ထိုစကားများ ထွက်လာသည်နှင့် ၊

မူလက အဆုံးမရှိသော သတ်ဖြတ်လိုစိတ်များဖြင့် တောက်လောင်နေသော အမှောင်တားမြစ်အင်အားစုဝင် ခေါင်းဆောင်တို့၏ ခေါင်းပေါ်သို့ ရေအေးများ လောင်းချခံလိုက်ရသကဲ့သို့ အေးခဲသွားသည်။

“ ကွေးယွမ်အမတဂိုဏ်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်...!?”

ဤအဓိက အင်အားစုနှစ်ဖွဲ့အကြောင်းကို တခြားသူများ မသိတောင် ၊ သူတို့အားလုံးသည် ၎င်းတို့အကြောင်းကို ကောင်းကောင်းကြီး သိထားသည်။ဤသည်မှာ အဓိက အုပ်စိုးရှင် အင်အားစု နှစ်ဖွဲ့ဖြစ်သည်။

ထို့အပြင် ၎င်းတို့သည် ထိပ်တန်း အုပ်စိုးရှင်အင်အားစုများ ဖြစ်သည်။

ဒီကောင်လေးက ကွေးယွမ်အမတဂိုဏ်းနဲ့တောင် ဆက်ဆံရေးရှိနေတာလား!?

အဓိက အုပ်စိုးရှင်အင်အားစုဖြစ်တဲ့ ထျန်းချီနိုင်ငံတော်နဲ့လည်း ဆက်ဆံရေးရှိတယ်လို့ ပြောလိုက်ပါတော့လား ! !

ထို့အပြင် ၊

တားမြစ် စူးမိသားစုသည် တားမြစ်ကုန်းပြင်မြင့်ကို ဖျက်စီးသည့်ကိစ္စသည် ဤမျှ မရိုးရှင်းကြောင်း သူတို့အားလုံး မှန်းဆထားကြသည် ။

တားမြစ်စူး မိသားစုသည် အမတလောကကို ပြုပြင်နေသကဲ့သို့ ဤအခွင့်အရေးကို အသုံးပြုကာ အသုံးမဝင်သော အညစ်အကြေးများကို ရှင်းပစ်နေပုံရပြီး ၊ အင်အားစုစည်းကာ တိုးတတ်ဖို့ ရည်ရွယ်ထားပုံရသည်။

“ဒီကောင်တွေ ဘာလုပ်ချင်နေတာလဲ...?”

အခြားသော အမှောင်တားမြစ်အင်အားစုဝင် ခေါင်းဆောင်များသည် အမျိုးမျိုး မှန်း‌ဆနေတုန်း ၊

ရှစ်ထျန်းတိ့က ပြုံးရွှင်စွာဖြင့် ဆိုလေသည်။

“ အုပ်စိုးရှင် အင်အားစုဆိုလည်း ဘာဖြစ်လဲ”

“အရာအားလုံးကို ဖျက်စီးပြီး ငါတို့ကိုယ်ပိုင်အဖြစ် ပြောင်းလဲမယ်”

“ မင်းတို့ မမေ့ကြနဲ့ ၊ အဆုံးမဲ့ကပ်ဘေးကြီးရဲ့ အဆုံးမှာ ကောင်းကင်ဂူ ၇၂ဂူ ၊ အမတဂိုဏ်း ၃၆ ဂိုဏ်းတို့ရဲ့ အကြွင်းအကျန် တစ်ဝက်က ကံအကျိုးဆက်ကို ခံစားနေရတုန်းပဲ “

“အဲဒီအချိန်ကြရင် ငါတို့ရဲ့ အမှောင်စွမ်းအား အရင်းအမြစ်ကို အသုံးချပြီး သူတို့ကို အမှောင်ဓာတ်နဲ့ ဖျက်ဆီးလိုက်ရင်၊ သူတို့ဟာ သူ့အလိုလို အမှောင်လောကထဲ အပြီးအပိုင် ကျရောက်သွားကြလိမ့်မယ် “

ရှစ်ထျန်းတိ့၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု လှစ်ဟသွားသည် ။

“ အဲ့ဒီအချိန်ကြရင်၊ ငါတို့ အမှောင်ရင်းမြစ်ကမ္ဘာကြီးဟာ မရေမတွက်နိုင်တဲ့ အင်အားစုတွေ ရောက်လာလိမ့်မယ် “

“ အဲ့ကောင်တွေနဲ့ ယှဉ်ပြိုင်ဖို့ ဘာတွေစိတ်ပူနေတာတုန်း “

“ အဲ့လိုအင်အားမျိုးနဲ့သာဆို အမတနယ်မြေတင်မကဘူး ၊ သူ့အထက်က မူလရင်းမြစ်လောကတစ်ခုလုံးကိုတောင် အမှောင်ထုထဲကို ကျဆင်းသွားအောင်လုပ်နိုင်တယ် “

ထိုစကားများ ထွက်လာသည်နှင့်။

အမှောင်တားမြစ်အင်အားစုဝင် ခေါင်းဆောင်များ၏ စိုးရိမ်ပူပန်မှုများသည် လုံးဝပျောက်ကွယ်သွားခဲ့သည်။

“ ဟားဟား ! ငါတို့ ဒီအကြောင်းကို မေ့သွားတယ်”

“မှန်တယ်၊ အမတနယ်မြေရဲ့ အဆုံးမဲ့ကပ်ဘေးကြောင့် ဖြစ်ပေါ်လာတဲ့ ကံအကျိုးဆက်က သူတို့ကြောင့် ဖြစ်လာတာပဲ ၊ လုပ်ရပ်တိုင်းမှာ အကျိုးဆက်တွေ ရှိမယ်၊ ဒါက သူတို့ရဲ့ အပြစ်ပဲ”

“ ပြောရရင် ၊ အမတစိုးစံရာခေတ်တုန်းက သူတို့လူအချင်းချင်း သတ်ဖြတ်လိုက်ကြတာ ငါတို့အမှောင်ထုကြီး မထလို့မဖြစ်လောက်တဲ့အထိပဲ “

“………”

ထိုအချိန်တွင် ၊ ရှစ်ထျန်းတိ့က ဆက်ပြောသည်။

“ငါတို့နောက်ထပ်လုပ်ရမယ့်အရာက အမှောင်မဟာမိတ်ဖွဲ့ဖို့ပဲ “

“တစ်ချိန်က၊ ငါတို့ရဲ့ အမှောင်တားမြစ်အင်အားစု ဆယ်ဖွဲ့က မတူညီတဲ့ အကျိုးစီးပွားတွေကြောင့် အချင်းချင်း တိုက်ခိုက်ခဲ့တယ်၊ ဒါက ငါတို့ ကျရှုံးမှုရတဲ့ အခြေခံအကြောင်းရင်းတစ်ခုပဲ “

“အခု ငါတို့ ပြန်လည်ရှင်သန်လာတဲ့အချိန်မှာ တူညီတဲ့အမှားတွေကို ထပ်ခါလုပ်ခွင့်မပြုဘူး”

“ အဲ့တော့ အားလုံးကို ဖိတ်ခေါ်ချင်တယ်၊ လူတိုင်း အမှောင်ထု အမတခန်းမဆောင်နဲ့ လက်တွဲမယ်လို့ မျှော်လင့်တယ် “

“ပြီးတာနဲ့ အင်အားသစ်တစ်ခု ထူထောင်မယ်!”

သို့သော် ဤစကားများသည် အမှောင်တားမြစ်အင်အားစုများ၏ ခေါင်းဆောင်များကို မျက်မှောင်ကြုတ်သွားစေသည်။

ယင်းက ၎င်းတို့အား အနည်းငယ် မကျေမနပ်ဖြစ်စေသည်။ လူသားဘက်တွင် အင်အားသစ်တစ်ခု ပေါ်ထွက်ခဲ့ပြီး ခေါင်းဆောင်တစ်ဦးရှိထားသည်။

သို့သော် ၊ သူတို့အားလုံး၏ နောက်ကွယ်အင်အားစုများသည် အလွန်အစွမ်းထက်ပြီး မရေမတွက်နိုင်သော အမှောင်ထု အမတဧကရာဇ်မင်းများစွာ ရှိသည်။

အဘယ့်ကြောင့် တခြားသူ၏လက်အောက်တွင် နေရန်ဆန္ဒရှိမည်နည်း။

အောက်ကလူများ၏ အမူအရာကို မြင်လိုက်ရသဖြင့် ရှစ်ထျန်းတိ့သည် ဤအတွက် ပြင်ဆင်ထားသကဲ့သို့ အလျင်စလိုမဖြစ်ဘဲ ဆက်ပြောခဲ့သည်။

“ငါတို့မှာ ပန်းတိုင်တစ်ခုပဲ ရှိတယ်”

ရှစ်ထျန်းတိ့သည် သူ၏လက်များကို ဖွင့်လိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော အမှောင်စွမ်းအားတို့သည် သူ၏ခန္ဓာကိုယ်ထဲကနေ ထွက်လာခဲ့သည်။

သူ၏ အနက်ရောင် နဂါးဝတ်ရုံသည် တဖျပ်ဖျပ်ခတ်နေပြီး ၊ အနက်ရောင်အလင်းတန်းများ၏ ရောင်ပြန်ဟပ်မှု‌ကြောင့် သူ၏ မျက်လုံးများသည် တောက်ပနေသည်။ ယင်းက သူ့အား အမှောင်ည၏ဘုရင်တစ်ပါးကဲ့သို့ ခမ်းနားထည်ဝါစေသည်။

“ အရာအားလုံးကို ပကတိအမှောင်အဖြစ် ပြန်ပို့မယ် !”

“ အဲ့တော့၊ ငါတို့မှာ ခေါင်းဆောင် မလိုအပ်ဘူး ၊ မင်းတို့အားလုံးက အမှောင်ထုရဲ့ ဖန်တီးသူတွေပဲ “

ရှစ်ထျန်းတိ့၏ အသံသည် မိုင်ထောင်ပေါင်းများစွာ ပျံ့နှံ့သွားပြီး ၊ အမှောင်ထု အမတခန်းမဆောင်၏ ဘေးတဝိုက်တွင် ရှိနေသော အမှောင်စည်းမျဉ်းများကို လှိုင်းထန်သွားစေသည်။

“မင်းတို့အားလုံးက ဒီအမှောင်ထု ကမ္ဘာကြီးရဲ့ ဘုရင်တွေပဲ ဖြစ်လိမ့်မယ်!”

All Chapters