← Chapters

အခန်း (၅၄၂-၅၄၆)

Vol. 40 Ch. 542-546

အခန်း (၅၄၂-၅၄၆)

Vol. 40 Ch. 542-546

အပိုင်း(၅၄၂): ထျန်းချီနိုင်ငံတော်၏ လာရောက်လည်ပတ်မှု

ဧကရီနှစ်ပါးကြား ပြိုင်ဆိုင်မှုသည် ပြင်းထန်ခဲ့သည်။

ကံကောင်းထောက်မစွာဖြင့်၊ ပတ်ဝန်းကျင်ရှိ ဘိုးဘေးများနှင့် သိက္ခာရှိသော မဟာဧကရာဇ်တို့သည် စပ်စုရန် ဤနေရာသို့ မလာရောက်ခဲ့ကြပေ။

သို့မဟုတ်ပါက ၊ သူမတို့ သတိပြန်ရလာချိန်တွင် ဤအပြုအမှုကြောင့် သေလောက်အောင် ရှက်နေကြပေလိမ့်မည်။

ထိုကဲ့သို့သော အကြီးစား အရက်သောက်ပြိုင်ပွဲတွင် သူမတို့၏ရောင်စုံဝတ်စုံများသည် လုံးဝ စိုစွတ်နေသဖြင့် ခန္ဓာကိုယ်၏ အနေအထားအားလုံးကို ပေါ်လွင်စွာ မြင်တွေ့နေရပြီး သေလောက်စေသည့် အကွေ့အကောက်များကို ထင်ရှားစွာပြသနေခဲ့သည်။

သို့သော် စူးချန်ကဲ မသိခဲ့သည်မှာ ဤမဟာဧကရာဇ်မင်းများနှင့် ဘိုးဘေးများသည် ဤအရာကိုမြင်ခဲ့သော်လည်း ထောက်ပြပြောဆိုရန် အလွန်ရှက်ရွံ့ခဲ့ကြသည်။

ထို့အပြင် ၊ ဤကဲ့သို့ မိန်းမပျိုလေးနှစ်ဦး၏ လှပသောရှုခင်းကို မြင်တွေ့ခဲ့ရသည့် အကြောင်းမှာ စူးချန်ကဲကြောင့် ဖြစ်သည်။

ကွေးယွမ် မှ မဟာဧကရာဇ်မင်းတစ်ပါးက ရုတ်တရက် သက်ပြင်းချကာ ညည်းညူခဲ့လေသည်။

“ဒီမှာ ဘာတွေဖြစ်ခဲ့ကြလဲဆိုတာသာ သတင်းထွက်သွားရင် တိုက်မြေ သုံးထောင်မှာရှိတဲ့ သက်ရှိတိုင်း မနာလိုဖြစ်မှာကို စိုးမိတယ်...”

ထိုစကားများကို မဟာဧကရာဇ်မင်းများစွာတို့သည် တညီတညွတ်တည်း အသိအမှတ်ပြုခဲ့ကြသည်။

သူမတို့နှစ်ယောက်စလုံးသည် သြဇာအရှိဆုံး ဧကရီနှစ်ပါးဖြစ်သည်နှင့်အလျောက် ၊ နှစ်ယောက်စလုံးက လှပပြီး ဆွဲဆောင်မှုရှိကြသည်။

သူမတို့နှစ်ယောက်ထဲက တစ်ယောက်ရဲ့ မျက်နှာသာပေးခြင်းကိုခံရမည်ဆိုပါက ၊ သူတို့သည် နောင်တမရှိ သေနိုင်ပေလိမ့်မည်။

ယခု သူတို့အားလုံးသည် စူးချန်ကဲကို မနာလိုဖြစ်နေကြသည်။

မနာလိုစိတ်ကြောင့် ၊ သူတို့စိတ်နှလုံးသားထဲတွင် စူးချန်ကဲအပေါ် အနည်းငယ် ငြူစူမှုများရှိနေမည်လော။

လုံးဝမဖြစ်နိုင်ဘူး!

စူးချန်ကဲသည် မည်မျှ သန်မာသည်ကို လူတိုင်းတွေ့မြင်ထားပြီး ဖြစ်သည်။

ရှေးကတည်းက သူရဲကောင်းဟူသည် အလှတရားနှင့် တွဲစပ်လေ့ရှိသည်။ ဤသည်မှာ ပြောင်းလဲမသွားမည့် ဥပဒေသာဖြစ်သည်။

……..

သို့သော် မနာလိုသော အကြည့်များကြားတွင် ၊

ထူးဆန်းနေသော အကြည့်တချို့ရှိသည်။

ထောင့်စွန်းတွင် ပုန်းအောင်းနေသော ဘိုးဘေး အတော်များများက ဤမြင်ကွင်းကို တိတ်တဆိတ် ကြည့်နေကြသည်။

သူတို့၏အကြည့်များသည် အမျိုးသမီးနှစ်ယောက်ပေါ်တွင် မဟုတ်ဘဲ စူးချန်ကဲ၏ အမူအရာကို ကြည့်ရှူရင်း သုံးသပ်နေကြသည်။

“ဒီကလေးက တာအိုဝါဒီတစ်ယောက်လေ ၊ ဒါပေမဲ့ ဒီလောက် အလှလေးတွေ ရှေ့မှာရှ်ိနေတာတောင် မျက်ခုံးတချက်မပင့်ဘူး”

စူးချန်ကဲ၏ ခံစားချက်ကင်းမဲ့သော အမူအရာကြောင့်၊ ဖော့ကျွင်းဘိုးဘေးကမျက်မှောင်ကြုတ်လိုက်သည်။

“ဒီကလေးက တာအိုဝါဒီမှန်း သိကြလို့သာပေါ့ ၊ မသိတဲ့လူများသာဆိုရင် သူ့ကို ဗုဒ္ဓဘာသာဝင်လို့ ထင်ကြလိမ့်မယ်!”

“ မဟုတ်မှလွဲရော သူ လောကီအလိုဆန္ဒတွေ ကုန်‌ဆုံးသွားတာလား “

ကျန့်ရှင်းဘိုးဘေးက အနည်းငယ် မျက်မှောင်ကြုတ်သွားရင်း ဆိုလေသည်။

“ချန်ကဲ ရဲ့ သဘောထားကိုကြည့်ရတာ ၊ သူ ဒဏ္ဍာရီထဲက အကြင်နာမဲ့ဓားလက်စွဲကို လေ့ကျင့်ခဲ့တာ ဖြစ်နေမလား”

“ အကြင်နာမဲ့ဓားလက်စွဲ? မင်းပြောတာက ဟို..နှလုံးသားထဲမှာ မိန်းမမရှိ၊ ဓားဆွဲကိုင်ဖို့ကိုပဲ သိတဲ့ အဲ့တာလား “

“……..”

ဘိုးဘေးတော်တော်များများ အကြိတ်အနယ် ဆွေးနွေးခဲ့ကြသည်။

သူတို့အားလုံး ပဟေဋ္ဌိဖြစ်နေကြသည်။ သူတို့သည် တာအိုဝါဒီများဖြစ်သည့်နှင့်အလျောက် တာအိုလက်တွဲဖော်နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာသော သဘောထားများရှိသည်။

အမှန်အတိုင်းဆိုရလျှင်ဖြင့် ၊ တိုက်မြေ သုံးထောင် ၊ အမတနယ်မြေရှိ အမတသခင်များ ၊ အမတဧကရာဇ်မင်းများပင်လျှင် ရည်းစားဟောင်းများ ရှိကြသည်။

စူးချန်ကဲသည် တာအိုလက်တွဲဖော်ကို မြန်မြန် ရှာဖွေပြီး မြန်မြန် ကလေးယူရန် သူတို့အားလုံးမျှော်လင့်ထားကြသည်။

အနာဂတ်တွင် အမတနယ်မြေသို့ ရောက်ရှိသည့်အခါ ၊ တားမြစ်စူးမိသားစုမှ အဓိကရုဏ်းဖြစ်လာခဲ့ရင်တောင် သူတို့အတွက် စူးချန်ကဲ၏ကလေးကို အရန်အဖြစ် ချန်ထားခဲ့လို့ရသေးသည်။

မည်သို့ပင်ဖြစ်စေ ၊ သူသည် စူးချန်ကဲ၏သွေးကို အမွေဆက်ခံထားသော သွေးသားရင်းဖြစ်သည်။

သူ့အဖေထက်တောင် ပိုပြီး သန်မာနေနိုင်တယ် မဟုတ်လား!?

သို့သော်လည်း ၊ ဤကိစ္စနှင့် ပတ်သက်၍ အလျင်လိုခြင်း မရှိခဲ့ပေ။

အမတနယ်မြေသို့ ရောက်ရှိလာသည့်အခါ ၊ အဆင်မပြေပါက တားမြစ်စူးမိသားစုနှင့် ဆွေးနွေးရပေလိမ့်မည်။

“ပြီးတော့... ဒီကလေးမလေး ရန်ယွီရဲ့ နောက်ကွယ်က ယောင်ချီ သူတော်စင်နယ်မြေကလည်း အဲ့လောက်ထိမရိုးရှင်းဘူး...”

ထျန်းဝိန့်ဘိုးဘေးက ဆိုလေသည်။

“ရှေးဘိုးဘေးတွေဆီက ကြားတာတော့... အမတနယ်မြေမှာရှိတဲ့ ယောင်ကွမ်အမတဂိုဏ်း နဲ့ ဆက်စပ်နေပုံရတယ် “

“ဒါ​ပေမဲ့​ ဒါကလည်း ချန်ကဲဘယ်လိုတွေးလဲ မူတည်တယ်...”

ယောင်ကွမ်အမတဂိုဏ်းသည် တစ်ချိန်က အမတစိုးစံရာခေတ်တွင် အမတဂိုဏ်း ၃၆ ဂိုဏ်း၏ ခေါင်း‌ဆောင်ဖြစ်ခဲ့ပြီး ၊ အုပ်စိုးရှင် အဓိကအင်အားစု ၁၂ ဖွဲ့ပြီးရင် ဒုတိယဖြစ်သည်။

သို့သော်၊ ဤသည်မှာ သူတို့ ကွေးယွမ်အမတဂိုဏ်းအတွက် ကြီးကြီးမားမားကိစ္စမဟုတ်ပေ။

စူးချန်ကဲ၏အတွေးပေါ်တွင် မူတည်သည်။

………

နောက်နေ့မနက်။

တောက်ပသော နေရောင်ခြည်များက လောကတစ်ခုလုံးကို အလင်းပေးနေခဲ့သည်။

ရွှေငွေရောင်ခြည်များ ဖြာကျနေသည်မှာ ရွှေဝါရောင်နန်းတော်ကြီးကို ပို၍ခမ်းနားတင့်တယ်သွားစေသည်။

မနေ့ညက ဧကရီနှစ်ပါး၏ ပြိုင်ဆိုင်မှုသည် သရေရလဒ်ဖြင့် ပြီးဆုံးသွားခဲ့သည်။

အဘယ့်ကြောင့် သရေရလဒ်ဖြစ်ခဲ့သနည်း။

အကြောင်းပြချက်မှာ အလွန်ရိုးရှင်းသည်။

သူမတို့နှစ်ဦး၏ ပြိုင်ပွဲသည် အရှိန်ကောင်းနေတုန်း ၊ ယခင်က အရက်မူးကာမှောက်နေခဲ့သော တိ့ကျန့် မဟာဧကရာဇ်မင်းမှာ နိုးလာခဲ့သည်။

ထိုအချိန်က ၊ ရွှမ်ယွီဧကရီသည် မူးမူးရူးရူးဖြင့် တိ့ကျန့် မဟာဧကရာဇ်မင်း၏ မျက်နှာပေါ်သို့ ခြေနင်းမိသွားသည်။

ယင်းက တိ့ကျန့် မဟာဧကရာဇ်မင်းကို ဒေါသတကြီး ဖြစ်သွားစေခဲ့သည်။

ဤသို့ဖြင့် ရွမ်ယွီဧကရီသည် သဘာဝအတိုင်း “အပြစ်သား”တစ်ယောက် ဖြစ်လာကာ ၊ သေချာပေါက် ထွက်ပြေးလေတော့သည်။

ဒေါသကြီးသော တိ့ကျန့် မဟာဧကရာဇ်မင်းသည် သူမကို ဒီတိုင်းအလွှတ်ပေးမတဲ့လား !?

နှစ်ယောက်သား ဘယ်ကို ပြေးသွားမှန်း မည်သူမှမသိလိုက်ချေ။

လော့ရန်ယွီသည်လည်း အလားနည်းတူ အမူးလွန်ကာ မှောက်သွားလေတော့သည်။

ယောင်ချီ သူတော်စင်နယ်မြေမှ ဧကရီများစွာသည် သူမအား ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။

ဤသို့ဖြင့်အမျိုးသမီး နှစ်ယောက်ကြားက ပြိုင်ဆိုင်မှုသည် အောင်နိုင်သူမရှိ ပြီး‌ဆုံးသွားခဲ့သည်။

……….

မျက်စိတစ်မှိတ်အတွင်း ဆယ်ရက်ကုန်လွန်ခဲ့ပြီးနောက် ၊

ကွေးယွမ်ဘိုးဘွားပိုင်နယ်မြေ ၊

စူးချန်ကဲသည် ပုလ္လင်ပေါ်တွင် တင်ပျဉ်ခွေလျက် ၊ သူ၏မျက်လုံးများကို စုံမှိတ်ထားသည်။ သူသည် လျို့ဝှက်ဆန်းကြယ်သော အခြေအနေတစ်ရပ်ထဲ ရောက်ရှိသွားပုံရသည်။

ဝီ!!

သူ၏ ဘေးပတ်ပတ်လည်တွင်။

နိယာမတရားလှိုင်းတံပိုးများ အုံကြွလာကာ ရှေးဟောင်းအက္ခရာများသဖွယ် ဖွဲ့စည်းသွားသည်။

အဆိုပါ ရှေးဟောင်းအက္ခရာများသည် ပြိုးပျက်စွာ တောက်ပနေပြီး ၊ အဆုံးတွင် မဟာလမ်းစဉ်၏အမှတ်အသားတစ်ခုအဖြစ် စုဝေးသွားကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖြည်းညှင်းစွာ ဖုံးလွှမ်းသွားသည်။

တစ်ချိန်တည်းမှာပင် ၊ စူးချန်ကဲသည် သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။

ဝုန်း !!

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများသည် အရပ်ရပ်သို့ ပျံ့နှံ့ ရိုက်ခတ်သွားပြီး ၊ ဟင်းလင်းပြင်ကိုတောင် ဖြည်းညှင်းစွာ ရွဲ့စောင်းသွားစေသည်။

“ အောင်မြင်ပြီ... နောက်ဆုံးတော့ လွတ်မြောက်နယ်ပယ်ရဲ့ ဉာဏ်အလင်းကို အနည်းငယ် နားလည်နိုင်ခဲ့ပြီ.. “

လွန်ခဲ့သောရက်အနည်းငယ်အတွင်း၊ သူသည် ကွေးယွမ်ဘိုးဘွားပိုင်မြေတွင် တံခါးပိတ် ကျင့်ကြံနေခဲ့သည်။

ကွေးယွမ်ဘုရားကျောင်း၏ နိယာမစည်းမျဉ်းများသည် ယခုအချိန်မှာတော့ သူ့ကို ကျေနပ်အောင်လုပ်နိုင်စွမ်း မရှိတော့ချေ။

ထို့ပြင် ၊ လွတ်မြောက်နယ်ပယ်အဆင့်ကို လျင်မြန်စွာ အောင်မြင်လိုပါက ၊ သူသည် ဘိုးဘေးများ၏ ညွှန်ကြားပြသမှုကို လိုအပ်သည်။

“ မဆိုးဘူး ချန်ကဲ ၊ မင်းရဲ့အရည်အချင်းတွေက ငါထင်ထားတာထက် ပိုအားကောင်းလာသေးတယ် “

မျဲ့ရှန်း ရှေးဘိုးဘေး၏ အသံသည် အာကာသတစ်လျှောက် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

“ လွတ်မြောက်နယ်ပယ်ရဲ့ ဉာဏ်အလင်းကို ဒီလောက်မြန်မြန် နားလည်နိုင်ခဲ့တယ် “

“ရှေးဘိုးဘေး ချီးကျူးလွန်းတာပါ၊ ချန်ကဲက ရှေးဘိုးဘေးတွေ မျှော်လင့်ထားသလို လွတ်မြောက်နယ်ပယ်အဆင့်ကိုတော့ ဖြတ်ကျော်နိုင်မယ့် အခြေအနေအထိ မရောက်သေးပါဘူး”

ထိုစကားကိုကြားတော့ ၊

မျဲ့ရှန်း ရှေးဘိုးဘေးသည် ကြင်နာစွာပြုံးရယ်ကာ ဆိုလေသည်။

“ လွတ်မြောက်သူတစ်ယောက်ဖြစ်ဖို့၊ ကျင့်ကြံအားထုတ်ရုံတင်မကဘူး ၊ မဟာလမ်းစဉ်ပေါ်မှာ အတွေ့အကြုံတွေ စုဆောင်းဖို့လည်း လိုအပ်တယ် “

“အခု မင်းရဲ့ ကျင့်ကြံမှုက ရှေးဧကရာဇ်နယ်ပယ်ရဲ့ နှောင်းပိုင်းအဆင့်ကို ရောက်နေပြီ “

“အချိန်တိုလေးအတွင်းမှာ၊ အမတ လျှောက်လှမ်း ကျရောက်လာတော့မယ် ၊ ဒီကာလမှာ ရှေးဧကရာဇ် နယ်ပယ် ပြီးပြည့်စုံအဆင့်ကို ဖြတ်ကျော်နိုင်ဖို့ကြိုးစားသင့်တယ် ၊ အချိန်ကြရင် အမတလျှောက်လှမ်းရဲ့ တာအိုစည်းချက်ကို မင်းခံစားရလိမ့်မယ်”

“သူ့ရဲ့အကူအညီနဲ့၊ မင်းဟာ လွတ်မြောက်နယ်ပယ်အဆင့်ကို တရှိန်ထိုး ဖြတ်ကျော်နိုင်လိမ့်မယ် ၊ ဒါ့အပြင် မင်းရဲ့ ပင်ကိုယ်စွမ်းရည်အရ မင်းဟာ လွတ်မြောက်နယ်ပယ်အဆင့်ကို သေချာပေါက် ဖြတ်ကျော်နိုင်မယ်လို့ ငါ ယုံကြည်တယ် “

“ လွတ်မြောက်သူဖြစ်လာပြီးရင် ၊ အမတလျှောက်လှမ်းပေါ်က အမတအလိုဆန္ဒရဲ့ အကူအညီနဲ့ မင်းဟာ စစ်မှန်အမတ နယ်ပယ်အဆင့်ကို ဖြတ်ကျော်ဖို့ အခက်အခဲမရှိနိုင်ဘူး “

ထိုစကားကိုကြားတော့ စူးချန်ကဲသည် အနည်းငယ် အံ့သြသွားသည်။

“စစ်မှန် အမတ နယ်ပယ်အဆင့်...”

မထင်မှတ်ဘဲ၊ ဤသုံးနှစ်အတွင်း သူသည် ဒဏ္ဍာရီထဲကအဆင့်ထိ ရောက်ရှိလာနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ထို့အပြင် သူ့ကို အချိန်အတော်ကြာ စိတ်အနှောင့်အယှက်ဖြစ်စေသော ပြသနာတစ်ခုလည်း ရှိနေခဲ့သည်။

အမတနယ်မြေ ၊ တားမြစ် စူး မိသားစု!

ဤမိသားစုအကြောင်းကို အကြိမ်ပေါင်းများစွာ သူ ကြားဖူးသည်။

ဘယ်‌ရှုထောင့်ကနေကြည့်ကြည့် ၊ သူ့မိသားစုသည် အလွန်အစွမ်းထက်ပြီး မရေမတွက်နိုင်သော စွမ်းအားကြီးမားသော အင်အားစုများသည်ပင် ကြောက်ရွံ့ရသော အင်အားစုဖြစ်သည်။

အမတနယ်မြေသို့ ရောက်ရှိလာသောအခါ ၊ သူသည် ထိုမိသားစုကို မည်သို့ရင်ဆိုင်သင့်သနည်း ။

စူးချန်ကဲ၏ စိုးရိမ်ပူပန်မှုများကို ဖောက်ထွင်းမြင်တွေ့နေသကဲ့သို့ ၊

ရှေးဘိုးဘေးက ဆိုလေသည်။

“ဘာမှစိတ်မပူနဲ့ ကွေးယွမ် သူတော်စင်နယ်မြေတစ်ခုလုံးရှိတယ် “

“မင်းမိသားစုက မင်းကို အသိမှတ်ပြုသည်ဖြစ်စေ အသိမှတ်မပြုသည်ဖြစ်စေ ၊ မင်းဟာ ငါတို့ ကွေးယွမ် သူတော်စင်နယ်မြေရဲ့ ဆက်ခံသူပဲ”

စူးမိသားစုသည် စူးချန်ကဲကြောင့် တားမြစ်ကုန်းပြင်မြင့်အား ချေမှုန်းခဲ့သည့်အချက်ကို သူသည် စူးချန်ကဲအား ပြောပြလိမ့်မည်မဟုတ်ချေ။

တားမြစ်စူးမိသားစုကို မျက်နှာသာပေးစရာလား ၊ လုံးဝမှ ခွင့်မပြုန်ိုင်ဘူး !

စူးချန်ကဲသည် သူတို့ ကွေးယွမ်အမတဂိုဏ်းမှ ဖြစ်ပြီး ၊ တားမြစ် စူး မိသားစုဆိုတောင် သူ့ကို လုယူခွင့်ပေးမည်မဟုတ်။

ထိုစဉ် ၊

ဘိုးဘွားပိုင်မြေအပြင်ဘက်မှ ဖော့ကျွင်းဘိုးဘေး၏အသံသည် ရုတ်တရက် ထွက်ပေါ်လာသည်။

“ မျဲ့ရှန်းရှေးဘိုးဘေး ၊ ခုနက သတင်းလာပို့တယ် “

“ လူတစ်ချို့က ကွေးယွမ်သူတော်စင်နယ်မြေရဲ့ တောင်တံခါးရှေ့မှာ ချန်ကဲကို တွေ့ချင်တယ်လို့ ပြောပါတယ် “

မျဲ့ရှန်း ရှေးဘိုးဘေးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

“ ဘယ်ကောင်ကများ ငါ့ကွေးယွမ်ရဲ့ ဆက်ခံသူကို တွေ့ဖို့တောင်းဆိုရဲတာလဲ “

သို့သော် ဖော့ကျွင်းဘိုးဘေးကိုယ်တိုင် လာရောက်သတင်းပို့သောကြောင့် ဤလူများသည် ကြီးမြတ်သောဇာစ်မြစ်မှ ဖြစ်နိုင်သည်။

“ဒါ... အမတနယ်မြေကလား”

“ဒါမှမဟုတ် စူးမိသားစုက ကောင်တွေများလား”

“ဒါ​ပေမဲ့လည်း ငါသူတို့ကို သတိထားပြီး စောင့်ကြည့်နေတာပါ... သူတို့ရဲ့ အငွေ့အသက်ကို ငါ မခံစားမိပါဘူး “

“ ဒါမှမဟုတ်... စူးယွမ်ကများ တားမြစ် စူးမိသားစုဆီ မျှော်လင့်ထားတဲ့အချိန်ထက် စောပြီး ပြန်ရောက်လာလို့လား”

မျဲ့ရှန်း ရှေးဘိုးဘေးမှာ အနည်းငယ် စိတ်ရှုပ်သွားသည်။

“ မဟုတ်မှလွဲရော တခြားတစ်ယောက်ယောက်ကို စေလွှတ်လိုက်တာလား”

အပိုင်း(၅၄၃): ဘိုးဘေးများပင် ဆွံ့အနေသည် ၊ ထျန်းရှီဘုရင်မကြီး ရောက်ရှိလာခြင်း(Part -1)

ထိုအချိန် ၊ ဖော့ကျွင်းဘိုးဘေးသည် အသက်ပြင်းပြင်းရှူကာ ထပ်မံပြောကြားလာသည်။

“သူတို့က ထျန်းချီနိုင်ငံတော်က လူတွေပါ”

ထိုစကားများ ထွက်လာသည်နှင့် ၊

လေထုသည် ခေတ္တမျှ ငြိမ်သက်သွားသည်။

မျဲ့ရှန်း ရှေးဘိုးဘေးသည် မျက်မှောင်ကြုတ်သွားသည်။

ထျန်းချီနိုင်ငံတော် ။

အရင်က သူသည် ထျန်းချီနိုင်ငံတော်၏ အမှတ်အသားကို အာရုံခံမိခဲ့သည်။

၎င်းတို့သည် တိုက်မြေသုံးထောင်ကို စူးစမ်းလေ့လာရန် လာရောက်ခြင်းဖြစ်မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် ၊ သူတို့သည် စူးချန်ကဲအတွက်ဖြင့် အဘယ့်ကြောင့် ဤနေရာသို့ ရောက်ရှိလာလေသနည်း။

ဤလူများသည် လောကီရေးရာကိစ္စများကို လျစ်လျူရှုထားသောကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည်။ ယခုတွင်မူ၊ ထိုကဲ့သို့သော လူများပင်လျှင် စူးချန်ကဲကို တွေ့ရန် တိုက်မြေသုံးထောင်သို့ ရောက်ရှိလာလေသလော။

ဤအရာသည် မျဲ့ရှန်း ရှေးဘိုးဘေးကိုပင် ပဟေဋ္ဌိဖြစ်သွားစေသည်။

စူးချန်ကဲသည် တားမြစ် စူးမိသားစု နှင့်သာမက ထျန်းချီနိုင်ငံတော်နှင့်လည်း သက်ဆိုင်လေသလော။

“သူတို့ကို ခေါ်လာခဲ့”

မျဲ့ရှန်း ရှေးဘိုးဘေးသည် အမိန့်ပေးလိုက်သည်။

ထျန်းချီနိုင်ငံတော်သည် အမတနယ်မြေတွင် အလွန်အရေးကြီးသော အခန်းကဏ္ဍမှာ ပါဝင်သည်။ တဖက်လူသည် မည်သည့် ရည်ရွယ်ချက်ရှိကြောင်းကို စောင့်ကြည့်ရပေမည်။

“ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာပြီး ချန်ကဲကို ထိခိုက်အောင် ကြံစည်နေတယ်ဆိုရင်တော့....”

“ဟမ်၊ ထျန်းချီနိုင်ငံတော်ဆိုတောင် ငါ ကွေးယွမ်အမတဂိုဏ်းက ကြောက်နေမှာမဟုတ်ဘူး”

မျဲ့ရှန်း ရှေးဘိုးဘေး၏ ခံစားချက်ကို ခံစားမိလိုက်သော စူးချန်ကဲသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

“ ထျန်းချီနိုင်ငံတော်၊ သူတို့က ဘယ်လိုအင်အားစုမျိုးလဲ “

“ရှေးဘိုးဘေးကတောင် ဘာလို့ဒီလိုပုံစံ ဖြစ်သွားရတာလဲ”

ရှေးဘိုးဘေး မည်မျှ တန်ခိုးကြီးမားသည်ကို သူသိသည်။

ရှေးဘိုးဘေးသည်ပင် လေးနက်သော အမူအရာဖြင့် ရှိနေသည်။

ဤထျန်းချီနိုင်ငံတော်သည် သေချာပေါက် ထူးကဲရပေမည်။

……..

ခဏအကြာတွင်။

ဖော့ကျွင်းဘိုးဘေးသည် ကွေးယွမ်ဘိုးဘွားပိုင်နက်ထဲသို့ လူအနည်းငယ်ကို ခေါ်ဆောင်လာကာ အမြန်ဝင်ရောက်လာခဲ့သည်။

ထိုသူတို့အားလုံးသည် ရောက်ရှိလာသည်နှင့် မျဲ့ရှန်း ရှေးဘိုးဘေး နှင့် စူးချန်ကဲကို ဦးညွှတ်ကာ အရိုအသေပြုခဲ့သည်။

“မင်္ဂလာပါ အကြီးအကဲ!”

“မင်္ဂလာပါ ချန်ကဲထျန်းတိ့!”

“ အကြီးအကဲနဲ့ ချန်ကဲထျန်းတိ့တို့ကို ခုလိုလာပြီး အနှောင့်အယှက်ပေးရတဲ့အတွက် တောင်းပန်ပါတယ် !”

အထူးသဖြင့် မုယောင်သည် သူမ၏ အိုင်ဒေါလ်ကို မျက်မြင်ကြုံတွေ့လိုက်ရသကဲ့သို့ ၊သူမ၏ လှပသော မျက်ဝန်းများသည် ဝင်းလက်တောက်ပနေသည်။

ဤသည်မှာ စူးချန်ကဲနှင့် ဒုတိယအကြိမ်တွေ့ဆုံခြင်း ဖြစ်သည်။

သို့သော် စူးထျန်ကဲထံမှ ဖြာထွက်နေသော ရောင်ဝါသည် သူမအား အမျိုးသမီးတစ်ယောက်အဖြစ် သွေးဆောင်နေခဲ့ပြီး၊ ဇာတ်ဆောင်မင်းသား၏ရောင်ခြည်စက်ဝန်း လွှမ်းမိုးမှုကို သူမ တွန်းလှန်နိုင်စွမ်းမရှိခဲ့ပေ။

ထ်ိုမြင်ကွင်းကြောင့် မျဲ့ရှန်း ရှေးဘိုးဘေး၏ မျက်လုံးများသည် နူးညံ့ပျော့ပျောင်းသွားသည်။

တဖက်လူသည် မကောင်းကြံစည်လိုသော ရည်ရွယ်ချက်မရှိကြောင်း နားလည်ပြီးနောက်၊ မျဲ့ရှန်း ရှေးဘိုးဘေးက ဆိုလိုက်သည်။

“ အရိုအသေပြုစရာမလိုပါဘူး ၊ ထျန်းချီနိုင်ငံတော်က မိတ်ဆွေလေးတွေက ဘာအတွက်ကြောင့် ဒီကိုရောက်လာတာလဲ “

မင်ကျုံကဲ့က မနှောင့်နှေးဝံ့ဘဲ ချက်ချင်းဖြေကြားလိုက်သည်။

“ဒီလိုပါ၊ ကျွန်တော်တို့ ဒီကိုလာရတာ ချန်ကဲထျန်းတိ့ကို ဂါရဝပြုဖို့ပါ “

“ ကျွန်တော်တို့ ထျန်းချီနိုင်ငံတော်ရဲ့ ထျန်းရှီဘုရင်မကြီး ကိုယ်တိုင် မိန့်တော်မူခဲ့တာပါ “

ထိုစကားများ ထွက်လာသည်နှင့်။

မျဲ့ရှန်း ရှေးဘိုးဘေးသာမက၊ ဤနေရာတွင် ရှိနေကြသော ဘိုးဘေးများ ၊ အိပ်မောကျနေသော မျဲ့ရှိန် ရှေးဘိုးဘေးပင်လျှင် ရုတ်တရက် မျက်လုံးပွင့်လာသည်။

ထျန်းရှီဘုရင်မကြီး!?

ဤအမည်သည် အမတနယ်မြေတစ်ဝှမ်းလုံးတွင် လူသိများသော အမည်နာမဖြစ်သည်။

ထျန်းချီနိုင်ငံတော်၏ ဒုတိယမျိုးဆက်ဖြစ်ပြီး ၊ သူမ၏ဘဝတစ်လျှောက်လုံးသည် ဒဏ္ဍာရီများနှင့် မရေမတွက်နိုင်သော ကြီးကျယ်ခမ်းနားသည့် အောင်မြင်မှုများနှင့် ပြည့်နှက်နေသည်။

အမတစိုးစံရာခေတ်တွင် ၊ သူမသည် တုနှိုင်းမယှဉ်နိုင်သော ပါရမီရှင်တစ်ဦးဖြစ်ပြီး ၊ သူမ၏ကျင့်ကြံမှုတစ်ခုတည်းနဲ့တင် လောကကြီးတစ်ခုလုံးကို စိုးမိုးနိုင်သည်။

အမတနယ်မြေတွင် ကံကြမ္မာအမည် ခံယူထား‌သူမှာ နှစ်ဦးတည်းသာ ရှိသည်။ တားမြစ် စူးမိသားစုမှ ကံကြမ္မာအမတဧကရာဇ်မင်းမှ လွဲ၍ ၊ ကျန်တစ်ဦးမှာ ထျန်းရှီဘုရင်မကြီး ဖြစ်သည်။

ထျန်းရှီဘုရင်မကြီးသည် သူမ၏နှလုံးသားထဲက အထုံးအဖွဲ့ကြောင့် အမတနယ်မြေ၏ အထက်လောကသို့ တတ်လှမ်းရန်ဆန္ဒမရှိဘဲ မိမိ၏ကျင့်ကြံမှုကိုပင် အပိုင်းပိုင်းဖြတ်တောက်ပစ်ခဲ့သည်ဟု ကောလဟာလသတင်းများ ရှိခဲ့သည်။

သူမသည် သူမ၏ တာအိုသဘောတရားကို အကြွင်းမဲ့ သဘောပေါက်နားလည်မှုဖြင့် အချိန်ကာလကို ပြောင်းပြန်လှန်ကာ တစ်စုံတစ်ယောက်ကို ရှာဖွေနေသကဲ့သို့ အချိန်မြစ်ထဲတွင် လှည့်လည်သွားလာနေခဲ့သည်။

သို့သော်၊ ထျန်းရှီဘုရင်မကြီး၏ဂုဏ်သတင်းသည် ယခင်ကလိုမဟုတ်တော့ကြောင်း လောကသားများက ယုံကြည်ထားသည်။

သို့သော် ကွေးယွမ်အမတဂိုဏ်း၏ ရှေးဘိုးဘေးများသည် ထျန်းရှီဘုရင်မကြီးသည် မည်မျှကြောက်ဖို့ကောင်းသည်ကို သိထားကြသည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ယောက်၏ အချက်အလက်များကို ကွေးယွမ်အမတဂိုဏ်းအနေဖြင့် သဘာဝအတိုင်း သိရှိထားသည်။ များများစားစား မသိထားသော်လည်း ၊ ယေဘုယျအချက်အလက်များကိုတော့ သိရှိထားသည်။

ထျန်းရှီဘုရင်မကြီးကျင့်ကြံသည့် မှော်စွမ်းအားကို ဝမ်ကူနတ်ကြာကျင့်စဉ် ဟုခေါ်သည်။ဤကျင့်စဉ်သည် ထျန်းချီနိုင်ငံတော်တွင် လေ့ကျင့်ရန် အခက်ခဲဆုံး မူလရင်းမြစ်အမတ အတတ်ဖြစ်သည်။

မိမိကိုယ်ကို ကြာပန်းအဖြစ်သို့ ပြောင်းလဲကာ၊ ကြာပွင့်ချပ်များသည် အချိန်မြစ်အတွင်း ကျင်လည်နေသော ကိုယ်ပွားများသည်ပင်။

ထိုကြာပွင့်ချပ်များသည် ဒေဝလောကတစ်ခွင်တွင် မိမိနှင့်သင့်လျော်သော အထောက်အထားများကို ရှာဖွေကာ ဝိညာဉ်လွဲပြောင်းနိုင်သည်။ ကိုယ်တိုင် ကျင့်ကြံအားထုတ်နိုင်ရုံသာမက ၊ ကျင့်ကြံမှု ပြီးပြည့်စုံလာသောအခါ ၊

ထျန်းရှီဘုရင်မသည် ထိုကိုယ်ပွားများ၏ စွမ်းအားအားလုံးကို ပြန်လည်ရယူနိုင်သည်။ ယခုလို နှစ်ပေါင်းများစွာကြာပြီးနောက်၊ ထျန်းရှီဘုရင်မ၏ ကိုယ်ပွားများသည် မည်မျှရှိသည်ကိုပင် မသိနိုင်တော့ပေ။

ကိုယ်ခွဲများကို ပြန်သိမ်းကာ ၊ စွမ်းအားများကို ပြန်လည်စုဆောင်းလိုက်လျှင်ဖြင့် .....နောက်ဆက်တွဲဖြစ်လာမည့်အရာကို မျဲ့ရှိန် ရှေးဘိုးဘေး နှင့် မျဲ့ရှန်း ရှေးဘိုးဘေးများသည်ပင် ထပ်မံ မတွေးဆဝံ့ပေ။

မျဲ့ရှန်း ရှေးဘိုးဘေးသည် သူ့နှလုံးသားထဲက တုန်လှုပ်မှုကို ဖိနှိပ်ကာ ဆက်လက်မေးမြန်းခဲ့သည်။

“ ထျန်းရှီဘုရင်မကြီးက ဘာအတွက်ကြောင့် ငါတို့ကွေးယွမ်ရဲ့ ချန်ကဲကို ရှာနေရတာလဲ “

သူတို့သည် ထျန်းချီနိုင်ငံတော်ကို မကြောက်သော်လည်း ၊ အကယ်၍ စူးချန်ကဲကို ဒုက္ခပေးလိုသည်မှာ ထျန်းရှီဘုရင်မကြီးသာဆိုလျှင်ဖြင့် ဤပါဝင်ပတ်သတ်မှုနယ်ပယ်သည် ကြီးမားပေတော့မည်။

ထိုစကားကိုကြားတော့ မုကျုံကဲ့ သည် သူ၏ခံစားချက်များကို ထုတ်ဖော်ပြသခဲ့သည်။

အသက်ခပ်ပြင်းပြင်းရှူပြီးနောက်၊ လေးနက်စွာဆိုလိုက်သည်။

“ အမှန်အတိုင်းပြောရရင် ချန်ကဲထျန်းတိနဲ့ ထျန်းရှီဘုရင်မကြီးနဲ့ အတော်လေး ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့ဖူးပါတယ်”

“သူက ကျွန်တော်တို့ ... ထျန်းရှီဘုရင်မကြီးရဲ့ အစ်ကိုတော် ပြန်လည်ဝင်စားတာပါ!”

…….

ထိုစကားများထွက်လာသည်နှင့် ၊

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

အချိန်နှင့်နေရာတို့သည် ရပ်တန့်သွားပုံရပြီး ၊ ရိုက်ခတ်လှုပ်ရှားနေသော နိယာမစည်းမျဉ်းများသည်ပင် ရပ်တန့်သွားသည်။

ရှေးဘိုးဘေးများနှင့် စူးချန်ကဲ ကိုယ်တိုင်ပင် မျက်လုံးပြူးကျယ်ကာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

“ဘယ်လို!?”

“ ချန်ကဲက ထျန်းရှီဘုရင်မကြီးရဲ့ အစ်ကိုတော် ပြန်လည်ဝင်စားတာ!?”

ဖော့ကျွင်းဘိုးဘေးက ထဆိုလေသည်။

လူတိုင်း စိတ်လှုပ်ရှားနေပြီး ၊ အာမေဠိတ်သံများ ထွက်ပေါ်လာသည်။

ဘိုးဘေးများသည်ပင် စိတ်လွတ်သွားပုံရသည်။ စူးချန်ကဲသည် တားမြစ် စူးမိသားစုဝင်ဖြစ်ကြောင်း သိလိုက်ရချိန်တွင် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။

အခု ထျန်းချီနိုင်ငံတော်တဲ့လား!?

သူတို့သည် တစ်ချိန်က အဓိကအုပ်စိုးရှင် အင်အားစုဝင်များ ဖြစ်ခဲ့ကြသော်လည်း၊ တစ်ယောက်နှင့် တစ်ယောက် ဆက်သွယ်ရမည့်ကိစ္စမျိုး မရှိခဲ့ပေ။

ယခုတွင်မူ ၊ အဓိက အုပ်စိုးရှင်အင်အားစု သုံးဖွဲ့သည် စူးချန်ကဲကြောင့် အလွန်ထူးဆန်းသော ဆက်ဆံရေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

စူးချန်ကဲသည် ၎င်းတို့ ကွေးယွမ်အမတဂိုဏ်း၏ ဆက်ခံသူဖြစ်သည်။

တဖန် ၊ သူသည် တားမြစ် စူးမိသားစု၏ သခင်ငယ်လည်း ဖြစ်သည်။

ဒါတင်မက ၊ သူသည် သံသရာစက်ဝန်းအမတမင်းဆက် မင်းသမီးကြီး၏ သားတော်လည်း ဖြစ်နေပြန်သည်။

ယခု ထျန်းချီ နိုင်ငံတော်လည်း ပါဝင်လာခဲ့ပြီး၊ သူသည် ထျန်းရှီဘုရင်မကြီး၏အစ်ကိုတော် ဖြစ်နေသည်။

ဤအခိုက်အတန့်တွင်၊ ရှေးဘိုးဘေးနှစ်ယောက်စလုံး အံ့အားသင့်နေပြီး အတော်ကြာအောင် စကားမပြောနိုင်ခဲ့ပေ။

လူတိုင်း၏ အာရုံစူးစိုက်မှုခံနေရသော စူးချန်ကဲသည်လည်း အလားတူ စိတ်ရှုပ်ထွေးနေသည်။

သူ့ကိုယ်သူ လက်ညိုးထိုးပြရင်း ။

“ငါက... ထျန်းရှီဘုရင်မကြီးရဲ့ အစ်ကိုတော်!?”

“ ထျန်းရှီဘုရင်မကြီးက ဘယ်သူလဲ...?”

စူးချန်ကဲ ပဟေဠိဖြစ်နေစဉ် ၊ သူ့စိတ်ထဲတွင် ကိစ္စတစ်ခုကို သတိရသွားသည်။

အပိုင်း(၅၄၃):ဘိုးဘေးများပင် ဆွံ့အနေသည် ၊ ထျန်းရှီဘုရင်မကြီး ရောက်ရှိလာခြင်း(Part -2)

ယခင်က သူ့ကို မုပိုင်ကိုကို ဟု အမြဲခေါ်ဆိုတတ်သော မိန်းကလေးတစ်ယောက်ရှိခဲ့သည် မဟုတ်လော။

“ မော့ရန်ရှီး.....!?”

စူးချန်ကဲ၏ဦးနှောက်သည် လျင်မြန်စွာအလုပ်လုပ်နေပြီး မော့ရန်ရှီးနှင့်ပတ်သက်သော အမှတ်တရအားလုံးကို မှတ်မိရန် ကြိုးစားနေခဲ့သည်။

သူမ၏အကြောင်းကို တွေးမိလေလေ၊ မသိစိတ်က ပိုပြီး ခံစားရလေလေ ဖြစ်ခဲ့ရသည်။

မော့ရန်ရှီးသည် ရက်စက်ကြမ်းကြုတ်သော အမျိုးသမီးဧကရီတစ်ပါး၏ ပုံစံခွက်အတိုင်း ဖြစ်မည်ဟု ထင်ထားခဲ့သော်လည်း ယခုအခါတွင် သူမ၏ နက်ရှိုင်းသော နောက်ခံဇာတ်လမ်းသည် ရက်စက်ကြမ်းကြုတ်‌သော ဧကရီများထက်ပင် အဆ‌ပေါင်းများစွာ ရက်စက်ပုံရသည်။

ထျန်းချီနိုင်ငံတော်၏ ဒုတိယမျိုးဆက်အဖြစ် ၊ ရှေးဘိုးဘေးများ၏ လေးနက်သော အမူအရာကိုကြည့်လျှင်ဖြင့် သူမ၏အလေးချိန် မည်မျှလေးလံသည်ကို သိရှိရန်မခက်ခဲပေ။

ထိုအချိန် မုကျုံကဲ့ က ဆိုလိုက်သည် ။

“ ထျန်းရှီဘုရင်မကြီးက သိပ်မကြာခင်အတွင်း အမတနယ်မြေရဲ့ အထက်ကမ္ဘာကို တတ်လှမ်းဖို့ဆုံးဖြတ်ထားတယ် “

“အဲဒီမတိုင်ခင် ထျန်းရှီဘုရင်မကြီးရဲ့ တစ်ခုတည်းသော ဆန္ဒက သူမအစ်ကိုတော်နဲ့ ပြန်ဆုံတွေ့ဖို့ပါပဲ “

ထျန်းချီနိုင်ငံတော် မှ လူများသည် စူးချန်ကဲကို ဦးညွှတ်ကာ ဆိုလိုက်ကြသည်။

“ ချန်ကဲ ထျန်းတိ့ ၊ ထျန်းရှီဘုရင်မကြီးရဲ့ နှလုံးသားထဲမှာ အထုံးတစ်ခုရှိနေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ “

“ဒါကို ကျွန်တော်တို့သိပေမယ့် ၊ လက်ခံဖို့ မလွယ်ဘူးဆိုတာ နားလည်ပါတယ် “

“ဒါပေမဲ့ ချန်ကဲ ထျန်းတိ့အနေနဲ့ ကျွန်တော်တို့ရဲ့ ထျန်းရှီဘုရင်မကြီးရဲ့ တစ်သက်တာဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကျေးဇူးပြုပြီး ကူညီပေးပါ “

ထိုစကားများကို နားထောင်ပြီးနောက် ၊ စူးချန်ကဲအနေဖြင့် ဘာ‌ပြန်ပြောရမှန်းမသိ ဖြစ်နေခဲ့သည်။

သူသည် မော့ရန်ရှီးနှင့် အမှန်တကယ်ပင် ရင်းနှီးသည်ဟု ခံစားမိသည်။

ဤခံစားချက်သည် အတော်ပင် ထူးဆန်းသည်။ သူတို့သည် သူစိမ်း‌များ ဖြစ်ကြောင်း ထင်ရှားပါလျက်ဖြင့် သို့သော် ကံတရား၏ချည်နှောင်ထုံးဖွဲ့မှုတွင် တစ်နည်းနည်းဖြင့် တွေ့ဆုံခဲ့ဖူးသလိုပင်။

အချိန်အတော်ကြာသည့်တိုင်အောင် ၊ သူ့ဘက်မှ ငြင်းဆိုမည့်စကားလုံးများကို ထုတ်မပြောနိုင်ခဲ့ပေ။

“သူမ ဘယ်မှာလဲ...”

စူးချန်ကဲ၏မေးခွန်းအပြီးတွင် ၊

ထျန်းချီနိုင်ငံတော်၏ လူလေးယောက်ထံမှ ကျောက်စိမ်းလေးပိုင်းသည် ရုတ်တရက် ပျံလွင့်ထွက်ပေါ်လာသည်။

နယ်မြေချိုးဖျက် နတ်ကျောက်တုံး ဟုခေါ်သော ဤကျောက်စိမ်းတုံးသည် အာကာသ၏ အတားအဆီးများကို ခေတ္တလျစ်လျူရှုနိုင်ပြီး ၊ မဟာလမ်းစဉ်၏ သက်ရောက်မှုကို မခံရဘဲ အောက်ကမ္ဘာရှိလူများနှင့် ဆက်သွယ်နိုင်သည်။

သို့သော် ဆက်သွယ်အသုံးပြုလိုပါက ၊ သူတို့ ထျန်းချီနိုင်ငံတော်က လူများသည် ဤကျောက်စိမ်းကို အောက်ကမ္ဘာဆီသို့ ယူဆောင်ရန်လိုအပ်ပေသည်။

ထို့ကြောင့် ထျန်းချီနိုင်ငံတော်သည် စူးချန်ကဲကို ရှာရန် သူတို့ကို ကွေးယွမ်သူတော်စင်နယ်မြေသို့ စေလွှတ်ခဲ့ခြင်းဖြစ်သည်။

ဝီ! !

နယ်မြေချိုးဖျက် နတ်ကျောက်တုံး လေးခုသည် မထင်မရှားသော တာအိုစည်းချက်များကို ထုတ်လွှတ်ပေးနေပြီး ၊ အဆုံးတွင် ရှေးကျသော ပုံစံတစ်ခုအဖြစ် ဖွဲ့စည်းသွားသကဲ့သို့ တစ်ခုနှင့်တစ်ခု ဖြည်းညှင်းစွာ ချိတ်ဆက်သွားသည်။

၎င်းသည် အကန့်အသတ်မရှိသော စကြာဝဠာအတွင်း၌ ခမ်းနားထည်ဝါစွာ ရှိနေသော အင်ပါယာမြို့တစ်မြို့ နှင့် တူသည်။

ဤသည်မှာ ထျန်းချီနိုင်ငံတော်၏ ပုံသဏ္ဍာန် အတိအကျဖြစ်သည်။

ဝုန်း !!

ပြိုးပျက်စွာ တောက်ပသော နတ်အလင်းတန်းများသည် တဖြည်းဖြည်း စုဝေးသွားသည်။

အနန္တနဂါးငွေ့တန်း၏ လှိုင်းတံပိုးများ ပျံ့နှံ့ရိုက်ခတ်နေသကဲ့သို့ မဟာလမ်းစဉ်၏ ကြီးကျယ်ခမ်းနားသော အခိုးအငွေ့များသည် ခမ်းနားထည်ဝါသော ပုံသဏ္ဍာန်အဖြစ်သို့ ပေါင်းစပ်သွားသည်။

အလွန်မှုန်ဝါးနေသော်လည်း ၎င်းသည် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ခပ်ဝါးဝါးမြင်တွေ့နိုင်သည်။

သူမကိုမြင်သည်နှင့် မုကျုံကဲ့ တို့အဖွဲ့သားများသည် အမူအရာများပြောင်းလဲသွားကြပြီး ၊ ချက်ချင်းလက်ငင်း ဒူးထောက်ကာ ဦီးညွှတ်ခဲ့ကြသည်။

“ ထျန်းရှီဘုရင်မကြီးကို နှုတ်ခွန်းဆက်သပါတယ်!”

…..

ဝုန်း !!

ကျယ်လောင်သောအသံနှင့်အတူ ၊

ကွေးယွမ် ဘိုးဘွားပိုင်မြေသည် တုနှိုင်းမယှဉ်နိုင်သော ရောင်ဝါမျာဖြင့် ဖုံးလွှမ်းသွားပြီး၊ မိုးမြေတစ်ခွင်လုံးကို တုန်လှုပ်သွားစေ‌သည့်အထိ ပြင်းထန်သော ဖိအားများသည် ဤအခိုက်အတန့်တွင် တဟုန်ထိုး ကျဆင်းလာခဲ့သည်။

လျှို့ဝှက်ဆန်းကြယ်သော မဟာလမ်းစဉ်၏ အလင်းတန်းများဖြင့် လှည့်ပတ်ဖွဲ့စည်းထားသော အမှတ်အသားများစွာသည် ဤကမ္ဘာလောကတွင် ဖြစ်ပေါ်လာခဲ့သည်။

မဟာလမ်းစဉ်၏ ကြာပန်းများ ဖူးပွင့်လာပြီး၊ ၎င်းတို့အလယ်တွင် နဂါးငွေ့တန်းကဲ့သို့ ရောင်ခြည်များ ထွန်းလင်းတောက်ပလို့နေသည်။

အတောက်ပဆုံးသော ကြာတစ်ပွင့်၏အလယ်၌ လှပသောအသွင်သဏ္ဍာန်တစ်ခု ဖြည်းဖြည်းချင်း စုဝေးဖြစ်တည်လာသည်။

ပတ်ဝန်းကျင်ရှိ မြူမှုန်များ တဖြည်းဖြည်း ပျောက်ကွယ်သွားချိန်တွင် ၊ ပြီးပြည့်စုံသော ကောက်ကြောင်းတစ်ခုသည် အဆုံးတွင် ဤကမ္ဘာကြီး၏ မျက်စိရှေ့တွင် ပေါ်ထွက်လာခဲ့သည်။

သူမသည် ရွှေမျှင်နှင့် ရက်လုပ်ထားသာ ဝတ်ရုံကို ဆင်မြန်းထားပြီး၊ ထိုဝတ်ရုံပေါ်တွင် ချည်ထိုးထားသော ကြာပွင့်များသည် ကြယ်စင်များ ပြန့်ကျဲနေသကဲ့သို့ လှပဆန်းကြယ်ပေသည်။

အထူးသဖြင့် ထိုဝတ်ရုံပေါ်တွင် ရိုက်နှိပ်ထားသော ရွှေဌက်ဖီးနစ်၏ ထက်မြက်သောပုံစံသည် အဝတ်ပိုင်ရှင်နှင့် မွေးရာပါလိုက်ဖက်သကဲ့သို့ ခန့်ညားတင့်တယ်လွန်းလှသည်။

ဤအမျိုးသမီး၏ နတ်သမီးဆန်သော အလှတရားမှာ အိပ်မက်ဆန်လွန်းသည့်အပြင်၊ မျက်နှာတည်ဆောက်ပုံမှာ သဘာဝတရား၏ အလှပဆုံးလက်ရာကဲ့သို့ အတုမရှိပေ။

အထူးသဖြင့် ထိုအမျိုးသမီး၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသော မဟာလမ်းစဉ်၏ အမတဆိုင်ရာ နတ်အလင်းတန်းများသည် ဤနေရာတစ်ခုလုံးကို လှပစွာ ဖုံးလွှမ်းသွားခဲ့သည်။

လောကနိယာမများပင် သူမ၏ဂုဏ်ကို တင်စားသီဆိုနေသကဲ့သို့ ၊ မန္တာန်စာလုံးများသည် ဝမ်းမြောက်စွာ ကခုန်နေပုံရသည် ။

အဆုံးမရှိသော နတ်ရောင်ခြည်များသည် ဤနေရာတွင် အသွင်သဏ္ဌာန်မျိုးစုံဖြင့် ပေါ်ထွန်းလျက်ရှိသည်။ ကမ္ဘာမဖြစ်မီ ပရမ်းပတာပင်လယ်တွင် အမြစ်တွယ်နေသော မိုးပြာရောင် ကြာပန်းများမှအစ၊ အကန့်အသတ်မရှိ ကျယ်ပြန့်သော အာကာသထဲတွင် ရှိနေသော ကြယ်စုကြယ်ခဲများအဆုံး မျိုးစုံဖြစ်တည်နေသည်။

အပိုင်း(၅၄၄): နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့ရသော ပွေ့ဖက်မှု

သူမထံမှ ဖြာထွက်နေသော ရောင်ဝါများသည် ကွေးယွမ်၏ ဘိုးဘေးများစွာကိုပင် ထိတ်လန့်အောင်ပြုစားနိုင်သည်။

“ ဒီလောက်ထိ ပြင်းထန်တဲ့ ရောင်ဝါ...”

“ ထျန်းရှီဘုရင်မကြီးရဲ့ မဟာလမ်းစဉ်အပေါ် နားလည်သဘောပေါက်မှုက ဟိုးခေတ်တွေကတည်းက ဖြစ်နေလောက်တယ်...!”

“ပြင်ပကမ္ဘာမှာ ထွက်ပေါ်နေတဲ့သတင်းတွေက ထျန်းရှီဘုရင်မကြီးကို လျှော့တွက်ထားကြတာပဲ !”

“…….”

ကွေးယွမ် သူတော်စင် နယ်မြေ၏ဘိုးဘေးများစွာသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ဤမျှအစွမ်းကြီးမားမှုသည် လူကို တကယ်ပင် မှင်သက်စေသည်။

မတော်တဆ ထုတ်လွှတ်လိုက်သော ရောင်ဝါတစ်မျှင်တည်းဖြင့် ဤကမ္ဘာကြီးကို ထိခိုက်သွားစေနိုင်သည်။

ထို့အပြင်၊ ဤအရာသည် သူမ၏စိတ်ဝိညာဉ်ဖြင့် လူ့အသွင်ခံယူထားခြင်း ဖြစ်သည်။ သူမကိုယ်တိုင် ဤလောကထဲကို ဆင်းသက်လာခဲ့မည်ဆိုပါက ၊ မည်မျှ ကြောက်စရာကောင်းလိုက်မည်နည်း။

ယခုလိုအဆင့်သို့ ရောက်ရှိရန် လမ်းစဉ်အပေါ် သဘောပေါက်နားလည်နိုင်စွမ်းသည် မည်မျှတောင် နက်နဲရမည်နည်း။

ထျန်းရှီဘုရင်မသည် သုမ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး ပတ်ဝန်းကျင်ရှိ အံ့အားသင့်နေသော မျက်လုံးများကို လျစ်လျူရှုကာ စူးချန်ကဲကိုသာ တိုက်ရိုက် ကြည့်လိုက်သည်။

ဤအကျွမ်းတဝင်ရှိသောပုံစံကို ထပ်မံမြင်တွေ့ခဲ့ရပြီး ၊ ရင်းနှီးသော အငွေ့အသက်ကို ပြန်လည်ခံစားလိုက်ရချိန်တွင် သူမသည် တောက်ပစွာ ပြုံးရယ်လေသည်။

သူမ၏ သာယာလှပသောအသံသည် ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

“ကိုကို... ကျွန်မ သိပါတယ်... ဒါတွေအားလုံးက ကိုကို့အတွက် ရုတ်တရက်ဆန်လွန်းတယ်ဆိုတာ...”

“ပြီး​တော့ ကိုကိုလည်း အတိတ်​ကအမှတ်​တရ​တွေကို ​မေ့​နေတာကြာရောပေါ့၊ ရှီးအာ ကိုကိုပြန်အမှတ်ရဖို့ကို မ​တောင်းဆိုပါဘူး...”

“ အထက်ကမ္ဘာမတက်ခင် ကိုကိုနဲ့ ပြန်တွေ့ချင်ရုံပါ...”

ဤစကားများသည် နူးညံ့သိမ်မွေ့ပြီး ၊ လူ၏နှလုံးသားကို ဖြတ်သန်းတိုက်ခတ်သွားသော နွေဦးလေပြေကဲ့သို့ပင်။

သို့ရာတွင်၊ ယင်း၌ ပြောမပြနိုင်သော ဝမ်းနည်းမှုတစ်ခု ရှိနေရုံသာမက နှစ်ကာလများစွာအတွင်း အဖော်မဲ့အထီးကျန်ခဲ့ရသော ခံစားချက်များကိုလည်း ခံစားမိနိုင်သည်။

နှစ်ကာလပေါင်းများစွာ အသက်ရှင်လာသော မသေမျိူးလူသားတစ်ဦး၏ အဖော်မဲ့အထီးကျန်ရသော ခံစားချက်တစ်ခုလိုပင်။

မိမိ၏ဆွေမျိုးများသည် လွန်ခဲ့သော နှစ်ကာလပေါင်းများစွာကတည်းကပင် ကွယ်လွန်ခဲ့ကြသော်လည်း ၊ နောက်ရက်တွင် မိမိနှင့် အလွန်ရင်းနှီးသော ဆွေမျိုးတစ်ဦးကို တွေ့ဆုံလိုက်ရသကဲ့သို့။

မည်သည့်နေရာကပင် စကားအစချီရမည်ကို မသိတော့ပေ။

ထို့အပြင် ၊ မိမိသည် တစ်ဖက်လူကို မှတ်မိနေသေးသော်လည်း ၊ တစ်ဖက်လူသည် မိမိကို မမှတ်မိတော့ချေ။

တဖက်လူကို အလွန်အကျွံ နှောင့်ယှက်မိပါက ၊စိတ်အနှောင့်အယှက် ဖြစ်သွားမည်ကို စိုးရိမ်မိပြန်သည်။ လက်လျှော့ပါက ၊ မဖြေရှင်းနိုင်သော ကြိုးထုံးတစ်ခု ဖြစ်လာပေဦးမည်။

ဤခံစားချက်သည် ဝမ်းနည်းရကာ ဘာမှမတတ်နိုင်သော ခံစားချက်သာပင်။

“ဒီဘဝမှာ ..ကိုကို ၊ ရှင့်ရဲ့ ကံကြမ္မာကို ကိုယ်တိုင်ထိန်းချုပ်နိုင်လိမ့်မယ်.. “

သူမ၏ မသိစိတ်မှ စူးချန်ကဲ၏ ပါးကိုထိကိုင်ရန် သူမ၏လက်ကို ဆန့်ထုတ်ခဲ့သည်။

သို့သော် ၊ စူးချန်ကဲ၏မျက်လုံးထဲက ရှုပ်ယှက်ခတ်နေသော အကြည့်ကို မြင်တွေ့လိုက်ရချိန်တွင် ၊ ရှေ့ဆက်မတိုးနိုင်တော့ဘဲ သူမ၏ လက်သည် လေထဲတွင် ရပ်တန့်သွားသည်။

သူမသည် ခဏတာ ရှုပ်ထွေးသွားပုံရသည်။

ထို့နောက် ၊ သူမသည် ကူကယ်ရာမဲ့ ပြုံးလိုက်သည်။ မှန်၏ ၊ တွေးကြည့်ပြန်ရင်လည်း သဘောဝကျပေသည်။

ယခင်က စူးချန်ကဲနှင့် အဆက်အသွယ် ပြုလုပ်ခဲ့သူများသည် လူ့ဇာတိခံယူထားသော သူမ၏ကိုယ်ပွားများဖြစ်ပြီး ၊ ယခုအခိုက်အတန့်တွင် သူမ၏ ခန္ဓာကိုယ်အစစ်အမှန်ဖြင့် ရောက်ရှိလာခဲ့သည်။

စူးချန်ကဲပင်မဆိုနှင့် ၊ သူမ‌ဆိုတောင် ဤအရာများကို လက်ခံဖို့ခက်ခဲပေလိမ့်မည်။

စူးချန်ကဲသည် ထျန်းရှီဘုရင်မ၏ မျက်ဝန်းထဲတွင် စိတ်ပျက်အားငယ်မှုများ လှစ်ခနဲ့ ဖြတ်လျှောက်သွားသည်ကို သတိပြုမိပြီး စကားစရန် ဟန်ပြင်လိုက်ချိန် ၊

သူ့စိတ်ထဲတွင် ဘိုးဘေးဖြစ်သူ၏ ကြိမ်းမောင်းသံကို ကြားလိုက်ရသည်။

“ ချန်ကဲ ကောင်စုတ်လေး မင်းဘာလို့ မထုံတတ်တေးလုပ်နေတာတုန်း !?”

“သူများက မင်းတို့တွေ့ဖို့ အဝေးကြီးကနေ ခက်ခက်ခဲခဲ ရောက်လာပြီး ၊ စကားပြောနေတာလေ!”

“ မင်းကိုယ်မင်း တစ်ကိုယ်တော်ရှိုးပွဲ ကြည့်နေတယ်လို့ထင်နေတာလား ၊ သူမကို စကားလေးဘာလေး ပြောဦးလေ ၊ လေထုကို နည်းနည်းလောက် အဆင်ပြေအောင် လုပ်စမ်း “

“သူမက အရင်ဘဝက မင်းညီမရင်းလေ၊ မင်းက သူမရဲ့ အစ်ကိုတော်ပဲ၊ အစ်ကိုရင်းတစ်ယောက် ဖြစ်နေပြီး မင်းညီမကို ဝမ်းနည်းအောင်လုပ်မလို့လား!?”

“……..”

ဘိုးဘေးများစွာ၏ ဆူပူကြိမ်းမောင်းသံကို နားထောင်ရင်း ၊ စူးချန်ကဲခမျာ ခေါင်းရှုပ်သွားသည်။

သူလည်း စောနက စကားပြောမလို့လုပ်နေတာလေ!

ဘေးကနေ ရှိုးပွဲထိုင်ကြည့်နေတဲ့ ဘိုးဘေးတွေက သူ့ကို အရင်လာနှောင့်ယှက်တာကိုး !

ချက်ခြင်းပင်၊ စူးချန်ကဲသည် နောက်ဆုတ်သွားသော သူမ၏လက်ကို လှမ်း‌‌ဆုပ်ကိုင်လိုက်သည်။

အားအနည်းငယ်ပါသွားသဖြင့် ၊ သူမကို သူ့ရင်ခွင်ထဲသို့ ရောက်လုနီးပါးဖြစ်စေခဲ့သည်။

ဤမြင်ကွင်းသည် မုကျုံကဲ့နှင့် သူ၏အဖွဲ့သားများကို သိသိသာသာ မျက်နှာပျက်စေခဲ့သည်။

ဒီသကောင့်သား ! ဒီလုပ်ရပ်က မယဉ်ကျေးရာမရောက်ဘူးလား !

ထျန်းရှီဘုရင်မကြီးသည် ၎င်းတို့ထျန်းချီနိုင်ငံတော်၏ အမြင့်မြတ်ဆုံးသော ဖြစ်တည်မှု ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည်။

ယခု ၊ သူတို့နှင့် သက်တူရွယ်တူ သို့မဟုတ် ငယ်ရွယ်သူထံမှ ဤကဲ့သို့ ဆက်ဆံခံရသည်။

ဒါ တကယ်ကို မတွေးဝံ့စရာ‌ပဲ!

ထျန်းရှီဘုရင်မကြီးပင်လျှင် မတုံ့ပြန်နိုင်ခဲ့ပေ။ စူးချန်ကဲအပေါ်တွင် ယုံကြည်မှုအပြည့်ရှိခြင်းကြောင့် သူမ၏ မသိစိတ်သည် အကာအကွယ်မရှိဘဲ စူးချန်ကဲ၏ရင်ခွင်ထဲသို့ မတော်တဆ ဝင်ရောက်သွားခဲ့သည်။

ထိုအချိန်တွင် စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း ဆိုလိုက်သည်။

“တကယ်တော့ မင်း အဲ့လောက်ထိ အားနာနေဖို့မလိုပါဘူး “

“ဒါတွေကို မင်းအရင်က ပြောဖူးတာပဲ ၊ ငါ့အတွက် မင်းလုပ်ခဲ့သမျှအရာအားလုံးကို ငါမှတ်မိတယ်”

မကောင်းဆိုးဝါးဧကရာဇ်မင်း၏ အုတ်ဂူတွင် ဖြစ်စေ၊

ကျုံယုံ(ငရဲကိုးထပ်)လျို့ဝှက်နယ်မြေတွင် ဖြစ်စေ ၊

လူဝင်စားမြစ်တွင် ဖြစ်စေ ၊

မော့ရန်ရှီးသည် သူ့အတွက် မည်မျှကောင်းခဲ့သည်ကို သူ သိထားသည်။

သူ့ကို အစားထိုးပစ္စည်းတစ်ခုအနေနဲ့ မြင်သည်ဖြစ်စေ ၊ မဟာလမ်းစဉ်ပေါ်က တူညီသောပန်းတစ်ပွင့်အဖြစ် သဘောထားသည်ဖြစ်စေ ၊

သူမသည် သူ့ကိုကာကွယ်ပေးနိုင်ရန် အမှောင်ထဲကနေ များစွာလုပ်ဆောင်ပေးခဲ့သည်။

နှစ်ပေါင်းများစွာ ထုံးဖွဲ့လာခဲ့သော သူမ၏ စိတ်နှလုံးအထုံးကို ဖြေရှင်းပေးနိုင်မည်‌ဆိုပါက၊ သူသည် သေချာပေါက် လက်ခံပေမည်။

ထျန်းရှီဘုရင်မ ၊ တစ်နည်းအားဖြင့် မော့ရန်ရှီးသည် သူ့အပေါ်တွင် စစ်မှန်သောရိုးသားစိတ် ရှိသည်။

ထို့ကြောင့် တစ်ဖက်လူသည် သာမန်မိန်းကလေး သို့မဟုတ် မျက်စိတချက်မှ မမှိတ်ဘဲ သတ်ဖြတ်တတ်သည့် နတ်ဆိုးတစ်ကောင်ဖြစ်နေပါစေ ၊

သူမတို့အားလုံးကို သူ၏ ညီမလေးတစ်ယောက်အဖြစ် အသိအမှတ်ပြုနိုင်သည်။

တစ်ချိန်တည်းမှာပင်၊ စူးချန်ကဲသည် ထျန်းရှီဘုရင်မကို ဖြည်းညှင်းစွာ ပွေ့ဖက်လိုက်ပြီး ၊ သူမ၏လှပသော မျက်နှာတစ်ခုလုံးကို သူ့ရင်ခွင်ထဲတွင် မြှုပ်နှံထားသည်။

စူးချန်ကဲသည် နွေဦးလေပြေကဲ့သို့ နူးညံ့သိမ်မွေ့သော လေသံဖြင့် ဆိုလိုက်သည်။

“ငါ့ကို ပွေ့ဖက်ဖို့ နှစ်ပေါင်းများစွာ စောင့်စရာ မလိုဘူး၊ ငါ အမြဲတမ်း ဒီမှာရှိနေတယ်”

ထိုစကားများ ထွက်လာသည်နှင့် ၊

အာကာသတစ်ခုလုံး တိတ်ဆိတ်သွားပုံရသည်။

ထျန်းရှီဘုရင်မကြီးပင်လျှင် တုန်လှုပ်သွားသည်။

နှစ်ပေါင်းများစွာ ဖျောက်ဖျက်၍မရသော သူမ၏ နှလုံးသားထဲက တောင်တန်းကြီးသည် ဤစကားလုံးများနှင့် ပွေ့ဖက်မှုအောက်တွင် လုံးဝ ပြိုကျသွားပုံရသည်။

ကျိုးပဲ့သွားသော တောင်တန်းကြီး၏နောက်ကွယ်မှ ‌တောက်ပသော အလင်းများ ထွက်ပေါ်လာပြီး ၊ ထိုတောက်ပသော အလင်းရောင်များသည် သူမ၏နှလုံးသားထဲက မှောင်မိုက်နေသော အတွေးများကို လုံးလုံးလျားလျား ဖယ်ရှားပစ်လိုက်သည်။

ဟူး—

ရုတ်တရက် လေနှင့် နှင်းများက ကြယ်စင်များကဲ့သို့ အလင်းမှုန်များကို သယ်ဆောင်ကာ ကောင်းကင်ပြင်တစ်လျှောက် ဖြန့်ကြဲနေသည်။

မြင်ကွင်းတို့သည် လှိုင်းထန်ကာ အသစ်အသစ်သော မြင်ကွင်းများအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားသည်။

နှင်းထုကြီးထဲတွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းကလေးငယ်တစ်ဦးသည် ဒူးထောက်လျက် ရှိနေသည်။

အေးခဲနေသော သူမ၏လက်ကလေးများဖြင့် သွေးစွန်းနေသော အဝတ်စုတ်တစ်ထည်ကို ဆုပ်ကိုင်ထားသည်။

သို့သော် ၊ ဤအခိုက်အတန့်တွင် သူမ၏ရှေ့၌ နှင်းများဖြင့်ဖုံးလွှမ်းနေသော ထိုအမည်မဲ့ အုတ်ဂူ ရှိမနေခဲ့ပေ။

ဟူးး——

ရုတ်​တရက်​ ၊ ခြေသံတစ်ခု ထွက်ပေါ်လာသည်။

ပုံရိပ်တစ်ခုသည် သူမဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်။

တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ ၊ မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ပိန်လှီသော လူငယ်လေးကို မြင်ရပေလိမ့်မည်။ ကောင်လေးသည် ပင်ပန်းနွမ်းနယ်နေပုံရသော်လည်း ၊ သူ၏ ပြတ်သားပြီး တောက်ပသော မျက်ဝန်းတစ်စုံသည် စူးချန်ကဲနှင့်နီးပါး တူသည်။

“ရှီးအာ”

ကောင်လေးသည် မိန်းကလေးငယ်ဆီသို့ လက်လှမ်းပေးကာ နွေးထွေးသော အပြုံးဖြင့်ဆိုလိုက်သည်။

“သွားမယ်၊ ငါတို့ အိမ်ပြန်ကြရအောင်”

…….

စာရေးသူရဲ့ အမှာစကား - [ ငါ့ကို ပွေ့ဖက်ဖို့ နှစ်ပေါင်းများစွာ စောင့်စရာ မလိုဘူး၊ ငါ အမြဲတမ်း ဒီမှာရှိနေတယ်] ဆိုတဲ့စကားအဆက်ဟာ ----

[[ အပိုင်း (၁၈၇): နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့ရသော ပွေ့ဖက်မှု ]] ရဲ့ စကားအဆက်ဖြစ်ပါတယ်

အပိုင်း(၅၄၅): ထျန်းရှီဘုရင်မကြီးက ငိုနေတယ်!?

ထိုစကားကို ကြားတော့ ၊ မိန်းကလေးငယ်လေးသည် အံ့အားသင့်နေသည်။

ငိုထားသောကြောင့် နီရဲနေသော မျက်လုံးများသည် တဖန် မျက်ရည်ဝဲတက်လာသည်။

နောက်ဆုံးတွင် ကြည်လင်သော မျက်ရည်စက်များသည် ထိန်းချုပ်လို့ မရတော့ဘဲ လုံးလုံးလျားလျား စီးကျလာသည်။

သို့သော်ဤတစ်ခေါက်တွင် ၊ သူမသည် အရင်ကလို ဝမ်းနည်းမနေခဲ့ပေ။ သူမ၏ နှုတ်ခမ်းထောင့်က အပြုံးကို ကြည့်လျှင်ဖြင့် သူမသည် ပျော်ရွှင်နေခဲ့သည်။

“အွန်း!”

မိန်းကလေးငယ်လေးသည် ခေါင်းညိတ်ကာ ကောင်လေး၏လက်ကို ဆုပ်ကိုင်ရင်း နှင်းမုန်တိုင်းထဲသို့ ခုန်ပေါက်ပျော်ရွှင်စွာ ဝင်ရောက်သွားခဲ့လေသည်။

နှင်းမုန်တိုင်းသည် ပို၍အားကောင်းလာပြီး ၊ နောက်ဆုံးမှာတော့ သူမတို့၏ရုပ်သွင်များကို မမြင်ရတော့သည့်အထိ လုံးလုံးလျားလျား ဖုံးလွှမ်းသွားခဲ့သည်။

မြင်ကွင်းသည် ကွဲအက်စပြုလာသည်။

တစ်ချိန်တည်းမှာပင်၊ ထျန်းရှီဘုရင်မ၏ နှလုံးသားထဲတွင် နှစ်ကာလပေါင်းများစွာ စုဆောင်းထားခဲ့သော အထုံးများသည်လည်း ကျိုးပဲ့သွားခဲ့သည်။

သူမ၏မှတ်ဉာဏ်ထဲက အစ်ကိုဖြစ်သူကို ရှာတွေ့နိုင်ရန် သူမသည် အထက်လောကသို့ တက်လှမ်းရန် ဆန္ဒမရှိခဲ့ပေ။

မဟာလမ်းစဉ်၏ သံသရာထဲတွင် အချိန်ကာလကို ပြောင်းပြန်လှန်ကာ လျှောက်သွားရင်း ၊ သဏ္ဌာန်တူသည့် ပန်းတစ်ပွင့်ဖြစ်စေ၊ ဆက်စပ်မှု အနည်းငယ်မျှသာ ရှိသည်ဖြစ်စေ၊ သူမသည် လက်လွတ်မခံခဲ့ပေ။

အချိန်တိုင်း အကြောင်းအမျိုးမျိုးကြောင့် သူမသည် အကြောင်းအကျိုးတရား မြစ်ထဲတွင် အစ်ကိုဖြစ်သူနှင့် ဆင်တူသောလူကို အကြိမ်ကြိမ် လွဲချော်ခဲ့ရသည်။

မည်မျှပင် ကြိုးစားကာ အမီလိုက်ပါစေ ၊ သူမ၏ မှတ်ဥာဏ်ထဲက အစ်ကိုဖြစ်သူ၏ နောက်ကျောကို ဘယ်တော့မှ မထိနိုင်ခဲ့ပေ။

ထိုနှစ်၏ နှင်းမုန်တိုင်းသည် ထျန်းရှီဘုရင်မအတွက် မမေ့နိုင်စရာအကောင်းဆုံး အမှတ်တရဖြစ်ခဲ့သည်။

ယခု နှစ်ပေါင်းများစွာကြာပြီးနောက် ၊ သူမနောက်သို့ လိုက်လာခဲ့သည့် နောင်တနှင့် ထုံးဖွဲ့မှုတို့သည် ဤအခိုက်အတန့်တွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သူမ၏ လှပသော မျက်ဝန်းများထဲမှ မျက်ရည်များ ထိန်းမနိုင်သိမ်းမရ စီးကျလာခဲ့သည်။

နှစ်ပေါင်းများစွာ အဖော်မဲ့အထီးကျန်ရခြင်း နှင့် နှစ်ပေါင်းများစွာ လွဲချော်ခဲ့ရသော နောင်တများကို လွှတ်မချနိုင်ခဲ့သော်လည်း ယခုအချိန်မှာတော့ ထိုအရာများမှ လုံး၀ လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။

အမတနယ်မြေရှိ လူတိုင်း၏အမြင်တွင် အထင်ကြီးလေးစားရသည့် ထျန်းရှီဘုရင်မသည် ဤအခိုက်အတန့်တွင် စူးချန်ကဲ၏ ရင်ခွင်ထဲ၌ ရှိုက်ကြီးတငင်ငိုနေသော ကလေးမလေးနှင့် တူသည်။

ဤအခိုက်အတန့်တွင် သူမသည် မရေမတွက်နိုင်သော အမတ ဧကရာဇ်မင်းများကို ထိတ်လန့်ကြောက်ရွံ့အောင်လုပ်နိုင်သည့် ပုဂ္ဂိုလ်တစ်ယောက် မဟုတ်တော့ဘဲ ၊

သူမသည် မရေမတွက်နိုင်သော နှစ်ကာလပေါင်းများစွာ လမ်းပျောက်နေခဲ့သည့် ကလေးမလေးတစ်ဦး ဖြစ်သည်။

“ ကိစ္စမရှိဘူး ၊ ငိုပြီးရင် ကောင်းသွားလိမ့်မယ်”

စူးချန်ကဲသည် သူမ၏နောက်ကျောကို ညင်သာစွာ ပုတ်ကာ နွေးထွေးသောအသံဖြင့် နှစ်သိမ့်ပေးခဲ့သည်။

“ အတိတ်ကအရာတွေက ပြီးသွားပြီ၊ ငါတို့ ပိုကောင်းတဲ့ အနာဂတ်ကို ဆုပ်ကိုင်ထားသင့်တယ်”

ဤမြင်ကွင်းတစ်ခုလုံးကို ကြည့်ရှုနေခဲ့သော မုကျုံကဲ့ နှင့် အခြားသူများမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။

သူတို့အားလုံးသည် အံ့အားသင့်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။ သူတို့၏မှတ်ဉာဏ်ထဲက အေးစက်မောက်မာသော ထျန်းရှီဘုရင်မသည် စူးချန်ကဲ၏ရင်ခွင်ထဲတွင် ကလေးမလေး တစ်ယောက်လို ငိုယိုနေလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားပေ။

ဒါကို ပြောပြရင် ၊ ဘယ်သူက ယုံမှာလဲ?

ကိုယ့်တွေကို အရူးလို့တောင် စွပ်စွဲသွားဦးမယ်!

ထျန်းရှီဘုရင်မကြီးသည် သမိုင်းတွင် မကြုံစဖူး ငိုကြွေးခဲ့သည်။

………

အချိန်မည်မျှကုန်သွားလဲ မသိချေ။

ထျန်းရှီဘုရင်မကြီးသည် စိတ်ပိုင်းဆိုင်ရာ ပေါက်ကွဲခြင်းမှ ပြန်လည်သက်သာလာခဲ့သည်။

ဤသည်မှာ သူမ၏ စိတ်ဝိညာဉ် တစ်စွန်းတစမျှသာ ဖြစ်သောကြောင့် သူမသည် တိုက်မြေ သုံးထောင်တွင် အနည်းဆုံး နှစ်ရက်သာ နေနိုင်သည်။

မုကျုံကဲ့ နှင့် အခြားသူများသည် ၎င်းတို့၏ တာဝန်ပြီးမြောက်သွားသဖြင့် အမတနယ်မြေသို့ ပြန်လည်ခေါ်ယူခြင်း ခံလိုက်ရသည်။

၎င်းတို့သည် အမတနယ်မြေမှ လူများဖြစ်ပြီး ၊ ခန္ဓာကိုယ်သည် အမတလမ်းစဉ်ဆိုင်ရာ အလိုဆန္ဒများ ရှိနေခြင်းကြောင့် ၊ ထျန်းချီနိုင်ငံတော်၏ လျှို့ဝှက်နည်းလမ်းဖြင့် ပြန်လည်ပို့လွှတ်ခြင်းသည် အမတနယ်မြေရှိ စည်းမျဉ်းများ၏ တုံ့ပြန်မှုကိုခံစားရမည် မဟုတ်ပေ။

သင်သည် တိုက်မြေ သုံးထောင်၏ ကျင့်ကြံသူ ဖြစ်ပြီး ဤနည်းဖြင့် အမတနယ်မြေကို ဝင်ရောက်ရန်ကြိုးစားလိုပါက ၊ သင်ကြုံတွေ့ရမည်မှာ သေခြင်းတရားပင်။

“ မှတ်ထား ၊ အရင်ကကိစ္စတွေကို အပြင်ကို ဖြန့်ဝံ့ရင် “

မုကျုံကဲ့ နှင့် အခြားလူများ ထွက်ခွာသွားခြင်းမပြုမီတွင် ထျန်းရှီဘုရင်မက ဆိုလိုက်သည်။

“မင်းတို့တစ်သက်လုံး နောင်တရလိမ့်မယ်လို့ ငါကတိပေးတယ်”

မုကျုံကဲ့ နှင့် တခြားသူများမှာ ကြောက်ရွံ့ထိတ်လန့်သွားပြီး အမြန်ကျိန်ဆိုလိုက်သည်။

“ကျွန်တော်တို့အားလုံး ဒီနေရာမှာ ကတိသစ္စာပြုပါတယ် ၊ ဒီကိစ္စနဲ့ပတ်သတ်ပြီး စကားလုံးတစ်လုံးမှ ထုတ်မပြောဝံ့ပါဘူး!”

“ ထုတ်ပြောဝံ့ရင် ၊ မိုးကြိုးပစ်ခံရပြီး သေရပါစေ ၊ မဟာလမ်းစဉ်ရဲ့ သံသရာစက်ဝန်းထဲ ဘယ်တော့မှ မဝင်ရပါစေနဲ့!”

ဤသည်မှာ ၊ စူးချန်ကဲရင်ခွင်ထဲ ငိုကြွေးခဲ့သော ထျန်းရှီဘုရင်မကြီး၏ကိစ္စဖြစ်သည်။

ထို့အပြင်၊ သူမသည် ထျန်းချီနိုင်ငံတော်၏ ဒုတိယမြောက်ဘုရင်လည်း ဖြစ်သည်။ ဤကိစ္စသည် အပြင်သို့ပေါက်ကြားသွားခဲ့မယ်ဆိုပါက ၊ သူမ၏ ကြောက်ဖို့ကောင်းသောပင်ကိုယ်စရိုက်သည် ပျက်ပြားရပေတော့မည်။

ဘုရင်မကြီးတစ်ယောက်အနေနဲ့ ကိုယ့်ဂုဏ်သိက္ခာကို ကာကွယ်ရဦးမယ် မဟုတ်လား?

သို့သော် ဤအရာသည် အလွန်အရေးကြီးသည်။ သို့ဆိုတောင် ၊ ဤလျှို့ဝှက်ချက်ကို မြှုပ်နှံရန် ကိုယ့်လူကို သတ်ဖို့မဖြစ်နိုင်ပေ။

ထို့ကြောင့် သူမသည် ၎င်းတို့၏ မှတ်ဉာဏ်များကို လုံးဝဖျောက်ဖျက်ပစ်ခဲ့သည်။

………

မုကျုံကဲ့ နှင့် အခြားသူများ ထွက်ခွာသွားပြီးနောက်၊

စူးချန်ကဲသည် သူမ၏အနားကိုရောက်လာပြီး ပြုံးကာဆိုလိုက်သည်။

“ ရှီးအာ၊ မင်းရဲ့အချိန်က ကန့်သတ်ချက်ရှိတယ် ၊ အတော်ပဲ ငါလည်း ဒီနှစ်ရက်အားတယ် ငါတို့အပြင်လျှောက်လည်ကြစို့”

ထိုစကားကိုကြားတော့ သူမသည် ပြုံးရွှင်သွားပြီး စူးချန်ကဲ၏လက်မောင်းကို ဆုပ်ကိုင်ကာ ဆိုလိုက်သည်။

“ကောင်းပြီ... ဒါဆို ကိုကို့ ကို အနှောင့်ယှက်ပေးရတော့မှာပဲ”

သူမသည် စိတ်ဝိညာဉ်အတွေးအမျှင်တစ်ခုသာ ဖြစ်ပြီး ၊ သူမ၏ ကိုယ်ပိုင်စွမ်းအားကို အသုံးမပြုနိုင်ပေ။

သို့မဟုတ်ပါက တိုက်မြေ သုံးထောင်တစ်ခုလုံးကို အလွယ်တကူ ပြိုကျသွားနိုင်ရုံသာမက သူမကိုယ်တိုင်လည်း မဟာလမ်းစဉ် နိယာမစည်းမျဉ်းများ၏ တုံ့ပြန်မှုဒဏ်ကို ခံရမည်ဖြစ်သည်။

မဟာလမ်းစဉ် နိယာစည်းမျဉ်း၏ ဟာကွက်ကို အသုံးချကာ အတားအဆီးကို တိုက်ရိုက်ဖြတ်ကျော်ပြီး ၊ သူမ၏ စိတ်ဝိညာဉ်ကို ဤနေရာသို့ ဆင်းသက်စေခဲ့သည်။

ထို့ကြောင့် စူးချန်ကဲသည် အရာတိုင်းအတွက် သူကိုယ်တိုင် ဦးဆောင်ခဲ့သည်။

သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ၊

ဟူး--

သူတို့၏ ခြေဖဝါးအောက်တွင် အလင်းတန်းများ ထွက်ပေါ်လာပြီး အဆုံးတွင် ရွှေရောင်လမ်းကြောင်းတစ်ခုကို ဖန်ဆင်းခဲ့သည်။ ၎င်းသည် စကြဝဠာ၏ အနက်ရှိုင်းဆုံး အပိုင်းသို့ ဦးတည်ထားပုံရသည်။

ဤစွမ်းအားကို ခံစားမိသော စွမ်းအားရှင်များသည် အနည်းငယ် ထိတ်လန့်သွားကြသည်။

“ဒီရောင်ဝါ... ချန်ကဲ ထျန်းတိ့! သူ ဘယ်သွားမလို့လဲ”

“ ချန်ကဲထျန်းတိ့က အမတလျှောက်လှမ်းကို သွားတော့မှာလား”

“မဖြစ်နိုင်ဘူး၊ ဟောကိန်းထုတ်ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ၊ အမတလျှောက်လှမ်း ပွင့်လာမယ့်အချိန်က ဆယ်ရက်လောက်ကျန်သေးတယ်”

“ အမတလျှောက်လှမ်းက ခန့်မှန်းရခက်တယ် ၊ ထွက်ပေါ်လာမယ့်အချိန်ကို ခန့်မှန်းခြေ သိနိုင်ပေမယ့် တည်နေရာအတိအကျကိုတော့ မသိနိုင်သေးဘူး ၊ ချန်ကဲထျန်းတိ့က အလွန်အစွမ်းထက်ပေမယ့် ဒါပေမဲ့ လုပ်ဖို့ ခက်ခဲလောက်မယ်”

“မထင်နဲ့ ၊ ဟိုမယ် ကြည့်လိုက်စမ်း၊ ချန်ကဲထျန်းတိ့ရဲ့ ဘေးမှာ အမျိုးသမီးတစ်ယောက်ရှိနေပါ့လား...?!”

ရုတ်​တရက်​ အံ့အားသင့်နေသော အသံများ ထွက်ပေါ်လာသည်။​

လူတိုင်းသည် ၎င်းတို့၏ မှော်စွမ်းအားများကို အသုံးပြုကာ စူးစမ်းလိုသော်လည်း စူးချန်ကဲအား စော်ကားမိမည်ကို စိုးရိမ်မိပြန်သည်။

ထို့ကြောင့် အဝေးကနေ လှမ်းကြည့်ရုံသာ တတ်နိုင်ခဲ့သည်။

လူတိုင်း မယုံနိုင်သောအကြည့်များဖြင့် ။

“သေရော...!?”

“ ချန်ကဲထျန်းတိ့က မဟုတ်မှလွဲရော သူ့ရဲ့ တာအိုလက်တွဲဖော်ကို ရှာတွေ့သွားပြီလား”

“မဖြစ်နိုင်ဘူး? ဒါ မဖြစ်နိုင်ဘူး! ချန်ကဲထျန်းတိ့က အဲ့လောက်ထိ မြန်မြန်ရှာတွေ့စရာ အကြောင်းမရှိဘူး!”

ကျင့်ကြံသူအမျိုးသမီးများမှာ မယုံကြည်နိုင် ဖြစ်နေကြသည်။

စူးချန်ကဲသည် သူမတို့၏ နှလုံးသားထဲတွင် အဖြူရောင်လရောင်နှင့် တူသည်။

တုနှိုင်းမယှဉ်နိုင်သော ပါရမီ၊ ကျင့်ကြံမှု ၊ ကိုယ်ရည်ကိုယ်သွေး ၊ အမတသခင်ကဲ့သို့ သွင်ပြင်လက္ခဏာ ။

ထိုကဲ့သို့သော အမျိုးသားကို မည်သူကများလက်ဝါးကြီးအုပ်နိုင်မည်နည်း။

မဖြစ်သင့်ဘူး ၊ စူးချန်ကဲကို အတူတူမျှဝေသင့်တယ် !

ကွေးယွမ်သူတော်စင်နယ်မြေတွင် ကျန်ရစ်နေခဲ့သော လော့ရန်ယွီ ၊ ရွှမ်ယွီဧကရီ အပါအဝင် စူးချန်ကဲ၏ နောက်လိုက်များအားလုံးသည် စူးချန်ကဲ ထွက်ခွာသွားသည့် ဦးတည်ရာဘက်ကို ကြည့်လိုက်ကြသည်။

“အိုင်း... ဒီနေ့ ပွဲဆက်လုပ်ဖို့ သဘောတူထားတယ်လေ...”

“ဒင်းက စာချုပ်ကို ဖျက်ပြီး တခြားသူနဲ့ ထွက်ပြေးသွားတယ်ပေါ့...”

ရွှမ်ယွီဧကရီသည် မသိမသာ ဝမ်းနည်လာခဲ့ပြီး ၊ လျစ်လျူရှုခံထားရသော အမူအရာဖြင့် ညည်းညူရှာသည်။

“ ငါလည်း သူ့ရဲ့ မမပဲလေ ၊ ငါ့ကြ ဘာလို့ကွဲပြားစွာ ဆက်ဆံနေတာတုန်း “

လော့ရန်ယွီက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

“ချန်ကဲ ဒီနေ့လုပ်စရာရှိတယ်၊ ဘယ်တတ်နိုင်ပါ့မလဲ “

“ ဒါမှမဟုတ်လည်း မပြီးဆုံးသေးတဲ့ ပြိုင်ပွဲကို ဆက်ပြိုင်ကြတာပေါ့”

ထိုစကားများ ထွက်လာသည်နှင့်။

မူလက စိတ်ထဲတွင် ဝမ်းနည်းနေခဲ့သော ရွမ်ယွီ ဧကရီသည် တတ်ကြွသွားသော အမူအရာအဖြစ်သို့ သိသိသာသာ ပြောင်းလဲသွားသည်။

သူမ၏ ပြည့်ဖြိုးမို့မောက်သော နှင်းတောင်ကြီးများသည် လော့ရန်ယွီ၏ပစ္စည်းနှင့် ထိမိကာ လှုပ်ခတ်သွားသည်။

“ရန်ယွီ...?”

သူမသည် လော့ရန်ယွီ၏ မေးစေ့ကို ဖြည်းညှင်းစွာ ဆွဲကိုင်လိုက်ရင်း ပြုံးရယ်ကာ ဆိုလိုက်သည်။

“ အဲ့လိုပြောလာတယ်ဆိုတော့ မင်းက အတော်လေး သတ္တိရှိနေတယ်ပေါ့”

ဤတုန်လှုပ်ချောက်ချားစရာ မြင်ကွင်းကို ကြည့်ရှုနေသော ကူလင်အာသည် ကိုယ့်ကိုယ်ကို ငုံ့ကြည့်လေသည်။

အိုင်း!

ထန်ဝူအာကတော့ တိတ်တိတ်လေး ရေရွတ်ရှာသည်။

“ စားတာချင်းအတူတူ...”

“ဘာကြောင့် ဒီလောက်ကြီး ကွာခြားနေရတာလဲ”

“ နောက်ရက်ကြမှ ဒီမမနှစ်ယောက်ကို သင်ကြားပြသပေးဖို့ တောင်းဆိုရမယ်”

အပိုင်း(၅၄၅): ထျန်းရှီဘုရင်မကြီးက ငိုနေတယ်!?

ထိုစကားကို ကြားတော့ ၊ မိန်းကလေးငယ်လေးသည် အံ့အားသင့်နေသည်။

ငိုထားသောကြောင့် နီရဲနေသော မျက်လုံးများသည် တဖန် မျက်ရည်ဝဲတက်လာသည်။

နောက်ဆုံးတွင် ကြည်လင်သော မျက်ရည်စက်များသည် ထိန်းချုပ်လို့ မရတော့ဘဲ လုံးလုံးလျားလျား စီးကျလာသည်။

သို့သော်ဤတစ်ခေါက်တွင် ၊ သူမသည် အရင်ကလို ဝမ်းနည်းမနေခဲ့ပေ။ သူမ၏ နှုတ်ခမ်းထောင့်က အပြုံးကို ကြည့်လျှင်ဖြင့် သူမသည် ပျော်ရွှင်နေခဲ့သည်။

“အွန်း!”

မိန်းကလေးငယ်လေးသည် ခေါင်းညိတ်ကာ ကောင်လေး၏လက်ကို ဆုပ်ကိုင်ရင်း နှင်းမုန်တိုင်းထဲသို့ ခုန်ပေါက်ပျော်ရွှင်စွာ ဝင်ရောက်သွားခဲ့လေသည်။

နှင်းမုန်တိုင်းသည် ပို၍အားကောင်းလာပြီး ၊ နောက်ဆုံးမှာတော့ သူမတို့၏ရုပ်သွင်များကို မမြင်ရတော့သည့်အထိ လုံးလုံးလျားလျား ဖုံးလွှမ်းသွားခဲ့သည်။

မြင်ကွင်းသည် ကွဲအက်စပြုလာသည်။

တစ်ချိန်တည်းမှာပင်၊ ထျန်းရှီဘုရင်မ၏ နှလုံးသားထဲတွင် နှစ်ကာလပေါင်းများစွာ စုဆောင်းထားခဲ့သော အထုံးများသည်လည်း ကျိုးပဲ့သွားခဲ့သည်။

သူမ၏မှတ်ဉာဏ်ထဲက အစ်ကိုဖြစ်သူကို ရှာတွေ့နိုင်ရန် သူမသည် အထက်လောကသို့ တက်လှမ်းရန် ဆန္ဒမရှိခဲ့ပေ။

မဟာလမ်းစဉ်၏ သံသရာထဲတွင် အချိန်ကာလကို ပြောင်းပြန်လှန်ကာ လျှောက်သွားရင်း ၊ သဏ္ဌာန်တူသည့် ပန်းတစ်ပွင့်ဖြစ်စေ၊ ဆက်စပ်မှု အနည်းငယ်မျှသာ ရှိသည်ဖြစ်စေ၊ သူမသည် လက်လွတ်မခံခဲ့ပေ။

အချိန်တိုင်း အကြောင်းအမျိုးမျိုးကြောင့် သူမသည် အကြောင်းအကျိုးတရား မြစ်ထဲတွင် အစ်ကိုဖြစ်သူနှင့် ဆင်တူသောလူကို အကြိမ်ကြိမ် လွဲချော်ခဲ့ရသည်။

မည်မျှပင် ကြိုးစားကာ အမီလိုက်ပါစေ ၊ သူမ၏ မှတ်ဥာဏ်ထဲက အစ်ကိုဖြစ်သူ၏ နောက်ကျောကို ဘယ်တော့မှ မထိနိုင်ခဲ့ပေ။

ထိုနှစ်၏ နှင်းမုန်တိုင်းသည် ထျန်းရှီဘုရင်မအတွက် မမေ့နိုင်စရာအကောင်းဆုံး အမှတ်တရဖြစ်ခဲ့သည်။

ယခု နှစ်ပေါင်းများစွာကြာပြီးနောက် ၊ သူမနောက်သို့ လိုက်လာခဲ့သည့် နောင်တနှင့် ထုံးဖွဲ့မှုတို့သည် ဤအခိုက်အတန့်တွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သူမ၏ လှပသော မျက်ဝန်းများထဲမှ မျက်ရည်များ ထိန်းမနိုင်သိမ်းမရ စီးကျလာခဲ့သည်။

နှစ်ပေါင်းများစွာ အဖော်မဲ့အထီးကျန်ရခြင်း နှင့် နှစ်ပေါင်းများစွာ လွဲချော်ခဲ့ရသော နောင်တများကို လွှတ်မချနိုင်ခဲ့သော်လည်း ယခုအချိန်မှာတော့ ထိုအရာများမှ လုံး၀ လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။

အမတနယ်မြေရှိ လူတိုင်း၏အမြင်တွင် အထင်ကြီးလေးစားရသည့် ထျန်းရှီဘုရင်မသည် ဤအခိုက်အတန့်တွင် စူးချန်ကဲ၏ ရင်ခွင်ထဲ၌ ရှိုက်ကြီးတငင်ငိုနေသော ကလေးမလေးနှင့် တူသည်။

ဤအခိုက်အတန့်တွင် သူမသည် မရေမတွက်နိုင်သော အမတ ဧကရာဇ်မင်းများကို ထိတ်လန့်ကြောက်ရွံ့အောင်လုပ်နိုင်သည့် ပုဂ္ဂိုလ်တစ်ယောက် မဟုတ်တော့ဘဲ ၊

သူမသည် မရေမတွက်နိုင်သော နှစ်ကာလပေါင်းများစွာ လမ်းပျောက်နေခဲ့သည့် ကလေးမလေးတစ်ဦး ဖြစ်သည်။

“ ကိစ္စမရှိဘူး ၊ ငိုပြီးရင် ကောင်းသွားလိမ့်မယ်”

စူးချန်ကဲသည် သူမ၏နောက်ကျောကို ညင်သာစွာ ပုတ်ကာ နွေးထွေးသောအသံဖြင့် နှစ်သိမ့်ပေးခဲ့သည်။

“ အတိတ်ကအရာတွေက ပြီးသွားပြီ၊ ငါတို့ ပိုကောင်းတဲ့ အနာဂတ်ကို ဆုပ်ကိုင်ထားသင့်တယ်”

ဤမြင်ကွင်းတစ်ခုလုံးကို ကြည့်ရှုနေခဲ့သော မုကျုံကဲ့ နှင့် အခြားသူများမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။

သူတို့အားလုံးသည် အံ့အားသင့်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။ သူတို့၏မှတ်ဉာဏ်ထဲက အေးစက်မောက်မာသော ထျန်းရှီဘုရင်မသည် စူးချန်ကဲ၏ရင်ခွင်ထဲတွင် ကလေးမလေး တစ်ယောက်လို ငိုယိုနေလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားပေ။

ဒါကို ပြောပြရင် ၊ ဘယ်သူက ယုံမှာလဲ?

ကိုယ့်တွေကို အရူးလို့တောင် စွပ်စွဲသွားဦးမယ်!

ထျန်းရှီဘုရင်မကြီးသည် သမိုင်းတွင် မကြုံစဖူး ငိုကြွေးခဲ့သည်။

………

အချိန်မည်မျှကုန်သွားလဲ မသိချေ။

ထျန်းရှီဘုရင်မကြီးသည် စိတ်ပိုင်းဆိုင်ရာ ပေါက်ကွဲခြင်းမှ ပြန်လည်သက်သာလာခဲ့သည်။

ဤသည်မှာ သူမ၏ စိတ်ဝိညာဉ် တစ်စွန်းတစမျှသာ ဖြစ်သောကြောင့် သူမသည် တိုက်မြေ သုံးထောင်တွင် အနည်းဆုံး နှစ်ရက်သာ နေနိုင်သည်။

မုကျုံကဲ့ နှင့် အခြားသူများသည် ၎င်းတို့၏ တာဝန်ပြီးမြောက်သွားသဖြင့် အမတနယ်မြေသို့ ပြန်လည်ခေါ်ယူခြင်း ခံလိုက်ရသည်။

၎င်းတို့သည် အမတနယ်မြေမှ လူများဖြစ်ပြီး ၊ ခန္ဓာကိုယ်သည် အမတလမ်းစဉ်ဆိုင်ရာ အလိုဆန္ဒများ ရှိနေခြင်းကြောင့် ၊ ထျန်းချီနိုင်ငံတော်၏ လျှို့ဝှက်နည်းလမ်းဖြင့် ပြန်လည်ပို့လွှတ်ခြင်းသည် အမတနယ်မြေရှိ စည်းမျဉ်းများ၏ တုံ့ပြန်မှုကိုခံစားရမည် မဟုတ်ပေ။

သင်သည် တိုက်မြေ သုံးထောင်၏ ကျင့်ကြံသူ ဖြစ်ပြီး ဤနည်းဖြင့် အမတနယ်မြေကို ဝင်ရောက်ရန်ကြိုးစားလိုပါက ၊ သင်ကြုံတွေ့ရမည်မှာ သေခြင်းတရားပင်။

“ မှတ်ထား ၊ အရင်ကကိစ္စတွေကို အပြင်ကို ဖြန့်ဝံ့ရင် “

မုကျုံကဲ့ နှင့် အခြားလူများ ထွက်ခွာသွားခြင်းမပြုမီတွင် ထျန်းရှီဘုရင်မက ဆိုလိုက်သည်။

“မင်းတို့တစ်သက်လုံး နောင်တရလိမ့်မယ်လို့ ငါကတိပေးတယ်”

မုကျုံကဲ့ နှင့် တခြားသူများမှာ ကြောက်ရွံ့ထိတ်လန့်သွားပြီး အမြန်ကျိန်ဆိုလိုက်သည်။

“ကျွန်တော်တို့အားလုံး ဒီနေရာမှာ ကတိသစ္စာပြုပါတယ် ၊ ဒီကိစ္စနဲ့ပတ်သတ်ပြီး စကားလုံးတစ်လုံးမှ ထုတ်မပြောဝံ့ပါဘူး!”

“ ထုတ်ပြောဝံ့ရင် ၊ မိုးကြိုးပစ်ခံရပြီး သေရပါစေ ၊ မဟာလမ်းစဉ်ရဲ့ သံသရာစက်ဝန်းထဲ ဘယ်တော့မှ မဝင်ရပါစေနဲ့!”

ဤသည်မှာ ၊ စူးချန်ကဲရင်ခွင်ထဲ ငိုကြွေးခဲ့သော ထျန်းရှီဘုရင်မကြီး၏ကိစ္စဖြစ်သည်။

ထို့အပြင်၊ သူမသည် ထျန်းချီနိုင်ငံတော်၏ ဒုတိယမြောက်ဘုရင်လည်း ဖြစ်သည်။ ဤကိစ္စသည် အပြင်သို့ပေါက်ကြားသွားခဲ့မယ်ဆိုပါက ၊ သူမ၏ ကြောက်ဖို့ကောင်းသောပင်ကိုယ်စရိုက်သည် ပျက်ပြားရပေတော့မည်။

ဘုရင်မကြီးတစ်ယောက်အနေနဲ့ ကိုယ့်ဂုဏ်သိက္ခာကို ကာကွယ်ရဦးမယ် မဟုတ်လား?

သို့သော် ဤအရာသည် အလွန်အရေးကြီးသည်။ သို့ဆိုတောင် ၊ ဤလျှို့ဝှက်ချက်ကို မြှုပ်နှံရန် ကိုယ့်လူကို သတ်ဖို့မဖြစ်နိုင်ပေ။

ထို့ကြောင့် သူမသည် ၎င်းတို့၏ မှတ်ဉာဏ်များကို လုံးဝဖျောက်ဖျက်ပစ်ခဲ့သည်။

………

မုကျုံကဲ့ နှင့် အခြားသူများ ထွက်ခွာသွားပြီးနောက်၊

စူးချန်ကဲသည် သူမ၏အနားကိုရောက်လာပြီး ပြုံးကာဆိုလိုက်သည်။

“ ရှီးအာ၊ မင်းရဲ့အချိန်က ကန့်သတ်ချက်ရှိတယ် ၊ အတော်ပဲ ငါလည်း ဒီနှစ်ရက်အားတယ် ငါတို့အပြင်လျှောက်လည်ကြစို့”

ထိုစကားကိုကြားတော့ သူမသည် ပြုံးရွှင်သွားပြီး စူးချန်ကဲ၏လက်မောင်းကို ဆုပ်ကိုင်ကာ ဆိုလိုက်သည်။

“ကောင်းပြီ... ဒါဆို ကိုကို့ ကို အနှောင့်ယှက်ပေးရတော့မှာပဲ”

သူမသည် စိတ်ဝိညာဉ်အတွေးအမျှင်တစ်ခုသာ ဖြစ်ပြီး ၊ သူမ၏ ကိုယ်ပိုင်စွမ်းအားကို အသုံးမပြုနိုင်ပေ။

သို့မဟုတ်ပါက တိုက်မြေ သုံးထောင်တစ်ခုလုံးကို အလွယ်တကူ ပြိုကျသွားနိုင်ရုံသာမက သူမကိုယ်တိုင်လည်း မဟာလမ်းစဉ် နိယာမစည်းမျဉ်းများ၏ တုံ့ပြန်မှုဒဏ်ကို ခံရမည်ဖြစ်သည်။

မဟာလမ်းစဉ် နိယာစည်းမျဉ်း၏ ဟာကွက်ကို အသုံးချကာ အတားအဆီးကို တိုက်ရိုက်ဖြတ်ကျော်ပြီး ၊ သူမ၏ စိတ်ဝိညာဉ်ကို ဤနေရာသို့ ဆင်းသက်စေခဲ့သည်။

ထို့ကြောင့် စူးချန်ကဲသည် အရာတိုင်းအတွက် သူကိုယ်တိုင် ဦးဆောင်ခဲ့သည်။

သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ၊

ဟူး--

သူတို့၏ ခြေဖဝါးအောက်တွင် အလင်းတန်းများ ထွက်ပေါ်လာပြီး အဆုံးတွင် ရွှေရောင်လမ်းကြောင်းတစ်ခုကို ဖန်ဆင်းခဲ့သည်။ ၎င်းသည် စကြဝဠာ၏ အနက်ရှိုင်းဆုံး အပိုင်းသို့ ဦးတည်ထားပုံရသည်။

ဤစွမ်းအားကို ခံစားမိသော စွမ်းအားရှင်များသည် အနည်းငယ် ထိတ်လန့်သွားကြသည်။

“ဒီရောင်ဝါ... ချန်ကဲ ထျန်းတိ့! သူ ဘယ်သွားမလို့လဲ”

“ ချန်ကဲထျန်းတိ့က အမတလျှောက်လှမ်းကို သွားတော့မှာလား”

“မဖြစ်နိုင်ဘူး၊ ဟောကိန်းထုတ်ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ၊ အမတလျှောက်လှမ်း ပွင့်လာမယ့်အချိန်က ဆယ်ရက်လောက်ကျန်သေးတယ်”

“ အမတလျှောက်လှမ်းက ခန့်မှန်းရခက်တယ် ၊ ထွက်ပေါ်လာမယ့်အချိန်ကို ခန့်မှန်းခြေ သိနိုင်ပေမယ့် တည်နေရာအတိအကျကိုတော့ မသိနိုင်သေးဘူး ၊ ချန်ကဲထျန်းတိ့က အလွန်အစွမ်းထက်ပေမယ့် ဒါပေမဲ့ လုပ်ဖို့ ခက်ခဲလောက်မယ်”

“မထင်နဲ့ ၊ ဟိုမယ် ကြည့်လိုက်စမ်း၊ ချန်ကဲထျန်းတိ့ရဲ့ ဘေးမှာ အမျိုးသမီးတစ်ယောက်ရှိနေပါ့လား...?!”

ရုတ်​တရက်​ အံ့အားသင့်နေသော အသံများ ထွက်ပေါ်လာသည်။​

လူတိုင်းသည် ၎င်းတို့၏ မှော်စွမ်းအားများကို အသုံးပြုကာ စူးစမ်းလိုသော်လည်း စူးချန်ကဲအား စော်ကားမိမည်ကို စိုးရိမ်မိပြန်သည်။

ထို့ကြောင့် အဝေးကနေ လှမ်းကြည့်ရုံသာ တတ်နိုင်ခဲ့သည်။

လူတိုင်း မယုံနိုင်သောအကြည့်များဖြင့် ။

“သေရော...!?”

“ ချန်ကဲထျန်းတိ့က မဟုတ်မှလွဲရော သူ့ရဲ့ တာအိုလက်တွဲဖော်ကို ရှာတွေ့သွားပြီလား”

“မဖြစ်နိုင်ဘူး? ဒါ မဖြစ်နိုင်ဘူး! ချန်ကဲထျန်းတိ့က အဲ့လောက်ထိ မြန်မြန်ရှာတွေ့စရာ အကြောင်းမရှိဘူး!”

ကျင့်ကြံသူအမျိုးသမီးများမှာ မယုံကြည်နိုင် ဖြစ်နေကြသည်။

စူးချန်ကဲသည် သူမတို့၏ နှလုံးသားထဲတွင် အဖြူရောင်လရောင်နှင့် တူသည်။

တုနှိုင်းမယှဉ်နိုင်သော ပါရမီ၊ ကျင့်ကြံမှု ၊ ကိုယ်ရည်ကိုယ်သွေး ၊ အမတသခင်ကဲ့သို့ သွင်ပြင်လက္ခဏာ ။

ထိုကဲ့သို့သော အမျိုးသားကို မည်သူကများလက်ဝါးကြီးအုပ်နိုင်မည်နည်း။

မဖြစ်သင့်ဘူး ၊ စူးချန်ကဲကို အတူတူမျှဝေသင့်တယ် !

ကွေးယွမ်သူတော်စင်နယ်မြေတွင် ကျန်ရစ်နေခဲ့သော လော့ရန်ယွီ ၊ ရွှမ်ယွီဧကရီ အပါအဝင် စူးချန်ကဲ၏ နောက်လိုက်များအားလုံးသည် စူးချန်ကဲ ထွက်ခွာသွားသည့် ဦးတည်ရာဘက်ကို ကြည့်လိုက်ကြသည်။

“အိုင်း... ဒီနေ့ ပွဲဆက်လုပ်ဖို့ သဘောတူထားတယ်လေ...”

“ဒင်းက စာချုပ်ကို ဖျက်ပြီး တခြားသူနဲ့ ထွက်ပြေးသွားတယ်ပေါ့...”

ရွှမ်ယွီဧကရီသည် မသိမသာ ဝမ်းနည်လာခဲ့ပြီး ၊ လျစ်လျူရှုခံထားရသော အမူအရာဖြင့် ညည်းညူရှာသည်။

“ ငါလည်း သူ့ရဲ့ မမပဲလေ ၊ ငါ့ကြ ဘာလို့ကွဲပြားစွာ ဆက်ဆံနေတာတုန်း “

လော့ရန်ယွီက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

“ချန်ကဲ ဒီနေ့လုပ်စရာရှိတယ်၊ ဘယ်တတ်နိုင်ပါ့မလဲ “

“ ဒါမှမဟုတ်လည်း မပြီးဆုံးသေးတဲ့ ပြိုင်ပွဲကို ဆက်ပြိုင်ကြတာပေါ့”

ထိုစကားများ ထွက်လာသည်နှင့်။

မူလက စိတ်ထဲတွင် ဝမ်းနည်းနေခဲ့သော ရွမ်ယွီ ဧကရီသည် တတ်ကြွသွားသော အမူအရာအဖြစ်သို့ သိသိသာသာ ပြောင်းလဲသွားသည်။

သူမ၏ ပြည့်ဖြိုးမို့မောက်သော နှင်းတောင်ကြီးများသည် လော့ရန်ယွီ၏ပစ္စည်းနှင့် ထိမိကာ လှုပ်ခတ်သွားသည်။

“ရန်ယွီ...?”

သူမသည် လော့ရန်ယွီ၏ မေးစေ့ကို ဖြည်းညှင်းစွာ ဆွဲကိုင်လိုက်ရင်း ပြုံးရယ်ကာ ဆိုလိုက်သည်။

“ အဲ့လိုပြောလာတယ်ဆိုတော့ မင်းက အတော်လေး သတ္တိရှိနေတယ်ပေါ့”

ဤတုန်လှုပ်ချောက်ချားစရာ မြင်ကွင်းကို ကြည့်ရှုနေသော ကူလင်အာသည် ကိုယ့်ကိုယ်ကို ငုံ့ကြည့်လေသည်။

အိုင်း!

ထန်ဝူအာကတော့ တိတ်တိတ်လေး ရေရွတ်ရှာသည်။

“ စားတာချင်းအတူတူ...”

“ဘာကြောင့် ဒီလောက်ကြီး ကွာခြားနေရတာလဲ”

“ နောက်ရက်ကြမှ ဒီမမနှစ်ယောက်ကို သင်ကြားပြသပေးဖို့ တောင်းဆိုရမယ်”

အပိုင်း(၅၄၆): အစုလိုက်အပုံလိုက်သတ်ဖြတ်မှု ၊ ထိတ်လန့်နေသော ရှစ်တိ့ထျန်း

တစ်ချိန်တည်းမှာပင်။

ဝေးလံခေါင်သီသော နေရာတွင် ၊

ယခု စည်ကားနေသော ပေမင်တိုက်မြေ နှင့် နှိုင်းယှဉ်ပါက ၊ ဤနေရာသည် ငရဲအလား သွေးချောင်းများစီးဆင်းနေသည်။

ပြိုကျပျက်စီးနေသော အိမ်များနှင့် ကျိုးပဲ့နေသော ခန္ဓာကိုယ်အပိုင်းအစများသည် မြေပြင်တွင် ပြန့်ကျဲနေသည်။

အထူးသဖြင့်၊ သွေးများ ပန်းထွက်နေသည်မှာ ပိုလို့တောင် တုန်လှုပ်စရာကောင်းပေသည်။

လေထုထဲတွင် သွေးညှိနံ့များ ဖုံးလွှမ်းနေပြီး၊ ထူးဆန်းသော အမှောင်ထုမြူထုကြီးသည် တသိမ့်သိမ် ရိုက်ခတ်နေသည်။

သားရဲအော်သံများနှင့်အတူ ၊ ပုံသဏ္ဍာန်အမျိုးမျိုးရှိသော ရက်စက်ကြမ်းကြုတ်သော သားရဲကောင်များ ထွက်လာနေသည်။

“သတ် ၊ သူတို့အားလုံးကို သတ် ၊ သူတို့ကို အမှောင်ထုရဲ့ အာဟာရအဖြစ်သို့ ပြောင်းလဲပစ်ကြ!”

ဝတ်ရုံနက်လူတစ်ယောက်သည် လျစ်လျုရှုသော အပြုံးဖြင့် အေးစက်စွာဆိုလိုက်သည်။

သူ၏လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့်၊ သူ၏နောက်မှ ရက်စက်ကြမ်းကြုတ်သော သားရဲကောင်များစွာ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများကို ကိုက်စားလေသည်။

“ဒီကောင် တကယ်ပဲ ဘာကောင်လဲ!?”

“ ဒီကောင် ဘာအတတ်ကို သုံးတာလဲ၊ သူက ဘာကြောင့် ငါတို့ရဲ့ ဝိညာဉ်စွမ်းအားတွေကို ဝါးမျိုနိုင်ရတာလဲ!”

“ပြေး! ဒီကောင်က လူမဟုတ်ဘူး!!”

“…….”

ရှစ်တိ့ထျန်း၏ ခွန်အားသည် အမှန်တကယ်ကို ပြင်းထန်လွန်းပေသည်။ ဤခန္ဓာကိုယ်သည် ရှေးဧကရာဇ်နယ်ပယ် ကနဦးအဆင့်တွင်သာ ရှိသော်လည်း ၊ သူ၏ထိန်းချုပ်မှုအောက်တွင် ရှေးဧကရာဇ်နယ်ပယ် ပြီးပြည့်စုံအဆင့်ရှိ စွမ်းအားရှင်နှစ်ဦးကို နှိမ်နင်းနိုင်သည်။

အဆုံးမရှိသော ထူးဆန်းသော သားရဲကောင်များနှင့် ပေါင်းစပ်လိုက်ပါက ၊ ကျင့်ကြံသူများအနေဖြင့် ခုခံနိုင်လိမ့်မည်မဟုတ်ပေ။

လူတိုင်း ကြောက်လန့်တကြားဖြင့် အရပ်ရပ်သို့ ထွက်ပြေးနေကြသည် ။

“ထွက်ပြေးချင်တာလား!?”

ဝတ်ရုံနက်လူသည် ဆိုးသွမ်းသောအပြုံးတစ်ခုကို ဆင်မြန်းရင်း ရေရွတ်လိုက်သည်။

“ကောင်းကင်ဝါးမျိုခြင်း နတ်ဆိုးအတတ်၊ ဖွင့်!”

သူ၏လက်နှစ်ဖက်စလုံးဖြင့် မှော်အစီအရင်တစ်ခုကို အမြန်ရေးဆွဲလိုက်ပြီး ၊သူ၏ညာလက်ကို ဆန့်ထုတ်လိုက်သည်။

ဝုန်း ! !

ချက်ချင်းပင်၊ အဆုံးမရှိသော မှော်နက်သင်္ကေတများသည် တဟူးဟူး အုံကြွလာသည်။

နောက်ဆုံးတွင်၊ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးစွမ်းအင်မုန်တိုင်းတစ်ခုကို ဖန်တီးခဲ့ပြီး၊ ၎င်းသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် အရပ်ရပ်သို့ ပျံ့နှံ့ရိုက်ခတ်သွားသည်။

အဆိုပါထူးဆန်းသော စွမ်းအားကြောင့် ဤကြယ်စုနယ်မြေတစ်ခုလုံးသည် လုံးလုံးလျားလျား ချုပ်နှောင်ခံလိုက်ရသည်။

မိုးကောင်းကင်ထက်တွင် စုဝေးထားသော နတ်ဆိုးစွမ်းအင်မုန်တိုင်းသည် မြစ်တစ်စင်းသဖွယ် မရေမတွက်နိုင်သော ကျင့်ကြံသူများဆီသို့ ဒီရေလှိုင်းအလား တိုက်ခတ်လေတော့သည်။

ကျင့်ကြံသူများအနေဖြင့် ၎င်းအရာကို ခုခံနိုင်စွမ်းမရှ်ိခဲ့လေရာ ၊ ယင်း၌ ပါဝင်သော ကြောက်ခမန်းလိလိ ဝါးမျိုခြင်းဆိုင်ရာ နတ်ဆိုးစွမ်းအင်များသည် ၎င်းတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များကို ချေမှုန်းပစ်လိုက်သည်။

“ဟားဟား ၊ အကောင်ပေါက်သေးသေးလေးတွေကများ ...ငါ့ရဲ့အစာဖြစ်ခွင့်ရတာ ဂုဏ်ယူသင့်တယ် “

ဝတ်ရုံနက်လူသည် လှောင်ပြောင်ရယ်မောလိုက်ပြီး ၊ သူ၏လက်ကို လှုပ်ရှားလိုက်သည်နှင့်။

သွေးအန်သံ! !

အက်ကွဲသံ! !

တခဏချင်းမှာပင် ၊ စူးရှသော ငိုကြွေးသံများ ၊ အသွေးအသားများ စုတ်ပြဲကာ အရိုးများကျိုးပဲ့သံတို့သည် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်။

သွေးပွဲတော်ကြီး တစ်ခုလိုပင်။

ဤအကြွင်းမဲ့ခွန်အား၏ရှေ့မှောက်တွင် ၊

လူတိုင်း ခုခံနိုင်စွမ်းကင်းမဲ့လျက် ၊ သွေးများအန်ကာ ချက်ချင်းလက်ငင်း သေဆုံးခဲ့ရသည်။

“မင်း နတ်ဆိုးကောင်...!”

ခေတ်ဟောင်းစွမ်းအားရှင်တစ်ဦးသည် သူ၏ ပြတ်တောက်သွားသော လက်တစ်ဖက်ကို ဆုပ်ကိုင်ရင်း နာကျင်မှုကို ကြံ့ကြံ့ခံကာ သူ့ရှေ့ကလူကို ကြိမ်းမောင်းလိုက်သည်။

“မင်းဒီလိုလုပ်ခဲ့တာကို ချန်ကဲထျန်းတိ့သိခဲ့ရင်၊ သူ မင်းကို လုံးဝ အလွှတ်ပေးမှာမဟုတ်ဘူး!”

ထိုစကားများ ထွက်လာပြီးနောက် ၊ ဝတ်ရုံနက်လူသည် သူ၏လှုပ်ရှားမှုကို ခေတ္တရပ်နားလိုက်သည်။

ထို့နောက် ၊ သူ၏ နှုတ်ခမ်းထောင့်တွင် ထူးဆန်းသောအပြုံးတစ်ခု လှစ်ဟသွားပြီး ၊ သူ့ခန္ဓာကိုယ်ထဲမှ နတ်ဆိုးစွမ်းအင်များသည် တစ်ဖန် ထွက်ပေါ်လာခဲ့သည်။ သူသည် အမှောင်ည၏ ဘုရင်တစ်ပါးကဲ့သို့ ကြောက်ဖို့ကောင်းနေခဲ့သည်။

အနက်ရောင်ဝတ်ရုံဖြင့် ဤလူသည် ဇီဝတားမြစ်နယ်မြေရှိ အဓိပတိမင်းတစ်ပါး၏ ရုပ်အလောင်းကို သိမ်းပိုက်ခဲ့သော ရှစ်ထျန်းတိ့ပင် ဖြစ်သည်။

သူသည် တစ်ချိန်လုံး ဤရုပ်သေး၏ စွမ်းအားကို မြှင့်တင်ပေးနေခဲ့သည်။

ဤတိုက်မြေသုံးထောင်တွင် သူကိုယ်တိုင် လှုပ်ရှားလို့မဖြစ်ပေ။

အကယ်၍ သူသည် အမှောင်စွမ်းအားကို သုံးစွဲမိပါက ၊ ကွေးယွမ် သူတော်စင် နယ်မြေ၏ ဘိုးဘေးများက သူ့ကို ဖမ်းမိသွားနိုင်သည်။

ထို့ကြောင့်၊ သူသည် ဤခန္ဓာကိုယ်၏ နတ်ဆိုးစွမ်းအားကို အသုံးချကာ ကျန့်ထျန်းနတ်ဆိုးနှလုံးကို လေ့ကျင့်ခဲ့သည်။

ထို့အပြင် သူသည် ဤခန္ဓာကိုယ်ဖြင့် ဝါးမျိုနတ်ဆိုးအတတ်ကို လေ့ကျင့်ခဲ့နေပြီး ၊ ၎င်းသည် လူကို တိုက်ရိုက်ဝါးမျိုနိုင်သည်။

အခြားသူများ၏ မူလရင်းမြစ် စွမ်းအားနှင့် ဝိညာဉ်စွမ်းအားကို တိုက်ရိုက်စုပ်ယူကာ သန့်စင်ခြင်းဖြင့် သူ၏ကိုယ်ပိုင် စွမ်းအားတစ်ခုအဖြစ် သုံးစွဲနိုင်သည်။

သူ့ရှေ့က လူအိုကြီး၏ ကြိမ်းမောင်းသံကို နားထောင်ရင်း ရှစ်ထျန်းတိ့က ရယ်သည်။

“ ထာဝရထျန်းတိ့၊ စူးချန်ကဲ?”

“ဟား... မင်းတို့ကောင်တွေက အတော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ ၊ စစ်မှန်အမတတောင် မဟုတ်ဘူး “

“ ဒါကို သူ့ကိုယ်သူ ထာဝရထျန်းတိ့လို့ ခေါ်ဝံ့သေးတယ်ပေါ့”

ရှစ်ထျန်းတိ့၏ မျက်လုံးများသည် အေးစက်နေပြီး သူ၏ရုပ်သွင်သည် လူအိုကြီး၏ရှေ့တွင် ချက်ချင်းဆိုသလို ရောက်ရှိလာသည်။

လူအိုကြီး၏ တုံ့ပြန်လာမှုကိုပင် မစောင့်တော့ဘဲ ၊ သူ၏လက်ဖြင့် လူအိုကြီး၏ ဦးခေါင်းထိပ်ကို ဆုပ်ကိုင်လိုက်သည် ။

ဝုန်း ! !

သူ့လက်ဖဝါးထဲမှ ကြောက်စရာကောင်းသော ရောင်ဝါများ ထွက်ပေါ်လာသည်။ ဝါးမျိုခြင်းဆိုင်ရာ နတ်ဆိုးစွမ်းအားများသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ထိုလူအိုကြီးအား ဖျက်စီးသုတ်သင်ပစ်ခဲ့သည်။

အဆုံးတွင်၊ သူ၏ဝိညာဉ်နှင့် ခန္ဓာသည် ရှစ်ထျန်းတိ့၏ အာဟာရတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ၊ ဤသွေးသံရဲရဲ ပွဲတော်ကြီးသည်လည်း တဖြည်းဖြည်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

သွေးနှင့် အလောင်းများ က နေရာအနှံ့ရှိနေပြီး ၊ ဤအဖော်ကင်းမဲ့သော အကန့်အသတ်မဲ့ ကမ္ဘာလောကကြီးကို အနီရောင်အဖြစ် ‌ဆေးခြယ်ထားလေသည်။

ရှစ်တိ့ထျန်းသည် လေထဲတွင် တင်ပျဉ်ခွေထိုင်နေသည်။

သူ၏ဘေးပတ်ပတ်လည်တွင် နတ်ဆိုးစွမ်းအင်များ တဟုန်ထိုး စုဝေးနေပြီး ၊ တစ်ကမ္ဘာလုံးကို အနက်ရောင်မြူခိုးများက ဖုံးလွှမ်းထားသည်။

မည်းနက်သော ဝဲဂယက်တစ်ခုကဲ့သို့ပင် ၊၎င်းသည် မြေပြင်ပေါ်တွင် ပြန့်ကျဲစွာဖြင့် ရှိနေသော အလောင်းများအားလုံးကို စုပ်ယူသွားခဲ့သည်။

ခဏအကြာတွင်၊ ရှစ်ထျန်းတိ့ မှလွဲ၍ ဤသွေးစွန်းနေသောနေရာ၌ သက်ရှိလူသားဟူ၍ တစ်ယောက်မျှပင် အသက်မရှင်ခဲ့ပေ။

ရှစ်ထျန်းတိ့က မကျေနပ်သောလေသံဖြင့်ဆိုလိုက်သည်။

“ဟွန်း... ဉာဏ်အလင်းရသူ နှစ်‌ယောက်နဲ့ ဒီလောက် လူတွေအများကြီးကို စုပ်ယူပြီးတာတောင် အကျိုးသက်ရောက်မှုက ဒီလောက်ပဲလား “

ရှစ်ထျန်းတိ့၏စကားထဲက ဉာဏ်အလင်းရသူဆိုသည်မှာ ရှေးဧကရာဇ်နယ်ပယ်အဆင့်ရှိ စွမ်းအားရှင်ကို ဆိုလိုသည်။

အမတနယ်မြေတွင် ဧကရာဇ်နယ်ပယ်အဆင့်ဟူ၍ မရှိပေ။

ဤသည်မှာ တိုက်မြေသုံးထောင်တွင် ခေါ်ဆိုသောနာမည်သာ ဖြစ်သည်။

ဉာဏ်အလင်းရသူသည် ကိုယ်ပိုင်မဟာလမ်းစဉ်၏ နိယာမစည်းမျဉ်းများကို ကနဦးပေါင်းစည်းနိုင်သူများ ဖြစ်သည်။ ဤသည်မှာ တိုက်မြေ သုံးထောင်ရှိ ဧကရာဇ်နယ်ပယ်အဆင့်နှင့် ထပ်တူကျသည်။

“ဒီထက် ပိုသန်မာတဲ့ ပိုးကောင်တချို့ကို ရှာမှဖြစ်မယ် “

ရှစ်ထျန်းတိ့သည် ကျင့်ကြံသူစွမ်းအားရှင်များကို ဆက်လက်ဝါးမျိုခြင်းဖြင့် လွတ်မြောက်နယ်ပယ်အဆင့်ကို ဖြတ်ကျော်ဝင်ရောက်ရန် ကြိုးစားနေခဲ့သည်။

ရုတ်​တရက်​ ၊ သူ့မျက်​နှာသည် သိသိသာသာ ​ပပြောင်းလဲသွားသည်​။

ဤနေရာသို့ ရောက်ရှိလာသော ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုကို သူ ခံစားမိလိုက်သည်။

“ဒီရောင်ဝါ...”

ရှစ်ထျန်းတိ့သည် ထိုအရာကိုခံစားမိလေလေ၊ သူ့မျက်နှာသည် ဖြူဖျော့လာလေလေ ဖြစ်သည်။

သို့သော် ၊ ထိုအင်အားနှစ်ရပ်သည် သူ့အနားသို့ ဖြည်းဖြည်းချင်း ရောက်လာနေသည်။

ဤအရာသည် ယခင်က သူစုပ်ယူခဲ့သော အရာများနှင့် လုံးဝကွာခြားပြီး ၊ အလွန်အစွမ်းထက်ပုံပေါက်သည်။

သို့သော် ၊ သူ့ကို ခေါင်းနားပန်းကြီးစေခဲ့သည့်အရာမှာ နယ်ပယ်အဆင့်ဖြင့် တိုင်းတာ၍မရသော ဤကမ္ဘာထက် ကျော်လွန်သော ဖြစ်တည်မှုတစ်ခု ရှိနေခဲ့ခြင်းပင် ။

“ သေစမ်း! ဒီရောင်ဝါက ဒီဘက်ကိုလာနေတာပဲ”

“ငါ့ကိုယ်ပိုင်စွမ်းအားကို အသုံးမပြုခဲ့တာတောင် ဘယ်လိုလုပ်ပြီး သူတို့ကို ဆွဲဆောင်နိုင်ခဲ့တာလဲ!”

ရှစ်တိ့ထျန်းသည် သတိလက်လွတ်မဖြစ်ဝံ့ဘဲ မှော်စွမ်းအားများကို အလျင်အမြန် အသက်သွင်းလိုက်ရာ ၊ သူ၏ရုပ်သွင်သည် အမည်းရောင်မီးခိုးများအဖြစ်သို့ ပြောင်းလဲသွားသည်။

အုံ့မှိုင်းသောလေနှင့်အတူ ၊ အလွန်မြန်သောအရှိန်ဖြင့် ပျောက်ကွယ်သွားသည် ။

သူ ပျောက်ကွယ်သွားသည့် တစ်ချိန်တည်းမှာပင်။

ဝီ! !

တောက်ပသော လမ်းနှစ်သွယ်သည် အလွန်လျင်မြန်သော အရှိန်ဖြင့် ဤနေရာဆီသို့ သွယ်တန်းရောက်ရှိလာသည်။

တောက်ပသော ပြေးလမ်းတစ်လျှောက်တွင် လူနှစ်ဦးရှိနေခဲ့သည်။

၎င်းတို့မှာ စူးချန်ကဲ နှင့် ထျန်းရှီဘုရင်မတို့ပင် ဖြစ်သည်။

မူလက စူးချန်ကဲသည် သူမကို ခေါ်ဆောင်ကာ စကြဝဠာအနှံ့ လည်ပတ်သွားလာနေခဲ့သည်။

သို့သော် ပြင်းထန်သော သတ်ဖြတ်မှုလှိုင်းဒဏ်ကို မမျှော်လင့်ဘဲ ခံစားလိုက်ရသောကြောင့် ဤနေရာသို့ အမြန်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ရောက်ရှိလာသည်နှင့် ၊ စူးချန်ကဲသည် ပြင်းထန်သော သွေးနံ့ကို စတင်ခံစားလိုက်ရပြီး သူသည် မျက်မှောင်ကြုတ်သွားသည်။

“ခုနက... ဒီမှာ ရက်စက်ကြမ်းကြုတ်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ဖြစ်သွားပုံပဲ...”

စူးချန်ကဲသည် သူ၏နတ်အသိစိတ်ကို ဖြန့်ကျတ်လိုက်သည်။

ဝီ! !

သို့သော်၊ လေထဲတွင် သွေးနံ့များမှလွဲ၍ မည်သည့် အလောင်းကိုမျှ ရှာမတွေ့ခဲ့ပေ။

အမှောင်ထဲတွင် ပုန်းနေပြီး ဤမြင်ကွင်းကို တိတ်တဆိတ် စောင့်ကြည့်နေသော ရှစ်တိ့ထျန်း၏ မျက်နှာသည် ရုတ်တရက် အရောင်ဖျော့သွားသည်။

သူသည် စူးချန်ကဲကြောင့် ထိတ်လန့် နေခြင်းမဟုတ်ဘဲ သူ့ဘေးတွင်ရပ်နေသော ထျန်းရှီဘုရင်မကြောင့် ဖြစ်သည်။

“ ဘုရားရေ!”

အလွန်အမင်းကြောက်ရွံ့မှုကြောင့် ရှစ်ထျန်းတိ့မှာ မနေနိုင်ဘဲ ရေရွတ်မိသည့်အထိပင် ။

“ဒီမိန်းမက ဘယ်သူလဲ!”

“ဘာလို့ သူမက ထျန်းချီနိုင်ငံတော်ရဲ့ ထျန်းရှီဘုရင်မနဲ့ တူနေရတာလဲ!?”

All Chapters