အခန်း (၅၄၇-၅၄၉)
Vol. 40 Ch. 547-549
အပိုင်း(၅၄၇): ထျန်းတိ့အတတ် ၊ အနန္တဗလာအဖြစ် ပြောင်းလဲခြင်း
အမှောင်ထု အမတခန်းမဆောင်သည် အမတစိုးစံရာခေတ် အဆုံးမဲ့ကပ်ဘေးအပြီးတွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ၊ အမတစိုးစံရာခေတ်၏ တန်ခိုးကြီးမားသော ပုဂ္ဂိုလ်များအကြောင်း ကြားသိခဲ့ရသည်။
ထို့ကြောင့် သူတို့သည် ထိပ်တန်းအဆင့်ရှိသော ပုဂ္ဂိုလ်များ၏သတင်းကို တမင်တကာ စူးစမ်းလေ့လာခဲ့ဖူးသည်။
ဥပမာအားဖြင့် တားမြစ် စူး မိသားစု၏ ကံကြမ္မာ အမတဧကရာဇ်မင်း
ကွေးယွမ်အမတဂိုဏ်း၏ ချီရှန်းအမတဧကရာဇ်မင်း ။
ဒါတင်မက ၊ ထျန်းချီနိုင်ငံတော်၏ ထျန်းရှီဘုရင်မကြီးလည်း အပါအဝင်ဖြစ်သည်။
ထို့အပြင်၊ လူတစ်ယောက်သည် ပို၍ အားကောင်းလာသည်နှင့်အမျှ ထျန်းရှီဘုရင်မ၏ ခန္ဓာကိုယ်မှ မရည်ရွယ်ဘဲ ထွက်ပေါ်လာသော တာအိုစည်းချက်ကို ခံစားသိရှိနိုင်သည်။
ဤကမ္ဘာတစ်ခုလုံး၏ မဟာလမ်းစဉ် နိယာမစည်းမျဉ်းများသည်ပင် သူမ၏ရောက်ရှိလာမှုကို စိတ်လှုပ်ရှားနေသကဲ့သို့ တသိမ့်သိမ့် ရိုက်ခတ်နေသည်။
“သေစမ်း! ဒီတစ်ယောက်က ဒီမှာ ဘာလုပ်နေတာလဲ!”
“ ရူးသွားပြီလား ၊ ကိုယ့်ရဲ့ စိတ်ဝိညာဉ်ကိုယ်ပွားနဲ့ ဒီနေရာကို ဆင်းလာတာလား !”
ရှစ်တိ့ထျန်းသည် တီးတိုးရေရွတ်လိုက်သည်။
“ မဟာလမ်းစဉ်ရဲ့ ဒဏ်ခတ်ခံရမှာကို မကြောက်ဘူးလား?”
သူသည်လည်း သူ၏စိတ်ဝိညာဉ်ဖြင့် ဤနေရာသို့ စေလွှတ်နိုင်သော်လည်း ၊ သို့သော် ကိုယ်ပွားတစ်ခုကို ဖန်တီးနိုင်သည့်အထိ လုံလောက်သော စွမ်းအားမျိုးမရှိပေရာ ၊ အများဆုံးအနေဖြင့် သူသည် ၎င်းကို အသိဉာဏ်တစ်စွန်းတစ သို့မဟုတ် အသံတစ်ခုအဖြစ်သာ ဖန်တီးနိုင်သည်။
သူသည် သက်ရှိတစ်ယောက်၏ခန္ဓာကိုယ်ကို တိုက်ရိုက်မသိမ်းပိုက်နိုင်ပေ။ ယင်းအစား စစ်မြေပြင်တွင် သေဆုံးသွားပြီဖြစ်သော လူသေအလောင်းကိုသာ သိမ်းပိုက်နိုင်သည်။
သို့သော် ထျန်းရှီဘုရင်မသည် သူမ၏ စိတ်ဝိညာဉ်ကို ကိုယ်ပွားအဖြစ် စေလွှတ်နိုင်သည်။
သူ့ကိုရှာတွေ့သွားခဲ့လျှင်ဖြင့် ၊ သူသည် ဆက်ကစားခွင့်ရနိုင်တော့မည် မဟုတ်ပေ။
အကယ်၍ ရှစ်တိ့ထျန်း၏ ခန္ဓာအစစ်သည် ဤနေရာ၌ ရှိနေခဲ့ပါက၊ သူသည် တိုက်ခိုက်ဝံ့သည်။ ထို့အပြင် သူ့တွင် အမတဧကရာဇ်မင်းအဆင့်ရှိ ရုပ်သေးလေးကောင်လည်း ရှိသေးသည်။
ယခုမူကား ၊ ဤခန္ဓာကိုယ်သည် သူ၏ ရုပ်သေးရုပ်မျှသာ ဖြစ်သည်။ အကယ်၍ သူသည် တစ်စုံတစ်ခုလှုပ်ရှားခဲ့ပါက ၊ ထျန်းရှီဘုရင်မမှ တွေ့ရှိသွားနိုင်သည်။
သူမ၏အတွေးတစ်ခုတည်းဖြင့် ၊ သူ၏ရုပ်သေးရုပ် နှင့် သူပုန်းအောင်းနေသော ကမ္ဘာကိုပင် ဖျက်ဆီးပစ်မည်ကို စိုးရိမ်မိသည်။
“သေစမ်း...”
“ငါ ဒီကောင်တွေနဲ့ ဝေးဝေးနေရမယ်... တကယ်လို့ ရှာတွေ့သွားခဲ့ရင်.. အပြောင်းအလဲကြီး ဖြစ်လာမှာကို စိုးရိမ်ရတယ်!”
ထျန်းရှီဘုရင်မသည် စူးချန်ကဲနှင့် အဘယ်ကြောင့် ဤနေရာတွင် အတူတူရှိနေသည်ကို သူဆက်ပြီး မတွေးဝံ့တော့ပေ။ သူ၏မှော်စွမ်းအားကို တိတ်တဆိတ် အသက်သွင်းကာ နေရာကနေထွက်ခွာရန်ကြံစည်လိုကိသည်။
သို့သော် ၊ မည်မျှပင် သတိထားဆောင်ရွက်ပါစေ ၊ ကြယ်တာရာများစွာကို ကျော်ဖြတ်ကာ ဝေးကွာလှသော အကွာအဝေးကနေတောင် ထျန်းရှီဘုရင်မသည် လှုပ်ခတ်သွားသော အာကာသလှိုင်းတံပိုး အနည်းငယ်ကို ချက်ချင်း ဖမ်းယူနိုင်ခဲ့သည်။
သူမ၏လှပသော မျက်ဝန်းတစ်စုံသည် နတ်အလင်းရောင်များဖြင့် တောက်ပလင်းလက်သွားပြီး ၊ ရှစ်တိ့ထျန်း ပုန်းအောင်းနေသည့် နေရာဆီသို့ ရုတ်တရက် လှမ်းကြည့်လိုက်သည်။
ဤလုပ်ရပ်သည် ရှစ်တိ့ထျန်း၏ မျက်နှာကို ရုတ်တရက် ဖြူဖျော့သွားစေသည်။
ဤမျှ သတိထားလုပ်ဆောင်ခဲ့သော်လည်း ၊ ထျန်းရှီဘုရင်မသည် သူ့ကို သတိထားမိခဲ့သည်။
ထျန်းရှီဘုရင်မသည် ဤတိုက်မြေသုံးထောင်တွင် သူမကိုယ်တိုင်မလုပ်ဆောင်နိုင်သောကြောင့် စူးချန်ကဲအား လှမ်းသတိပေးလိုက်သည်။
“ကိုကို ၊ အဲ့နယ်မြေတစ်ခုလုံးကို ချေမှုန်းလိုက် ၊ ပုန်းအောင်းနေတဲ့သူ ရှိနေတယ် “
စူးချန်ကဲသည် မေးခွန်းပြန်မထုတ်ဘဲ မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်သည်။
ကြောက်ခမန်းလိလိ နတ်အလင်းများဖြင့် ဝန်းရံထားသော သူ၏လက်သီးကို မြှောက်ကာ ထိုနေရာဆီသို့ တိုက်ရိုက် ထိုးနှက်လိုက်သည်။
ဘုန်း ! !
အဆုံးမရှိ ခမ်းနားထည်ဝါသော ဧကရာဇ်အလိုဆန္ဒသည် စူးချန်ကဲ၏ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသော သွေးချီစွမ်းအားများနှင့်အတူ ပူးတွဲညီညာစွာ တုန်ဟီးလျက် ၊
တဟုန်းဟုန်း တောက်လောက်နေသော နတ်အလင်းဆူနာမီသည် လက်သီးနှင့်အတူ ၊ အလွန်လျင်မြန်သော အရှိန်ဖြင့် ရှစ်တိ့ထျန်း ပုန်းရှောင်နေသော နေရာဆီသို့ ကြမ်းတမ်းစွာ ဝင်ရောက်ဖြိုခွဲပစ်ခဲ့သည်။
“သေနာကောင်!!”
ရှစ်ထျန်းတိ့သည် ကျိန်ဆဲလိုက်သော်လည်း ၊ သို့သော် သူသည် ပြန်လည်မတိုက်ခိုက်ဝံ့ပေ။
ထျန်းရှီဘုရင်မ!
တကယ်ကို ထျန်းရှီဘုရင်မပဲ!
အကယ်၍သူသည် ပြန်လည်တိုက်ခိုက်ဝံ့ပါက၊ အနိုင်ရရန် အခွင့်အလမ်းရှိမည်မဟုတ်ပေ။
ထို့ကြောင့် သူသည် ကြွက်တစ်ကောင်ကဲ့သို့ ထွက်ပြေးရန်သာတတ်နိုင်ခဲ့သည်။
ထွက်ပြေးခဲ့သော သူ၏လုပ်ရပ်ကြောင့်ပင် သူ ပုန်းအောင်းခဲ့သည့် နေရာကို ထုတ်ဖော်သလိုဖြစ်စေခဲ့သည်။
စူးချန်ကဲ၏ မျက်လုံးထဲတွင် နတ်အလင်းများ လျှပ်တပြက်တောက်ပသွားပြီး ၊ သူ၏ လက်နှစ်ချောင်းကို ဓားအဖြစ် ပေါင်းစည်းလိုက်သည်။ ဓားစွမ်းအင်များက သူ၏လက်ဖျားထိပ်တွင် ရစ်ဝဲနေကာ ဟောက်သံပြုနေကြသည် ။
“ထျန်းယွမ် ဓားကွန်ရက် ၊ ခုတ်!”
စူးချန်ကဲသည် သူ၏လှုပ်ရှားမှုကို မရပ်တန့်ခဲ့ပေ။ မရေမတွက်နိုင်သော ဓားအလင်းများသည် ရှစ်တိ့ထျန်းရှိရာ ဦးတည်ရာဘက်ဆီသို့ ပြေးဝင်လာပြီး ခုတ်ပိုင်းလေသည်။
ဓားလှိုင်းတံပိုးများသည် တစ်ခုနှင့်တစ်ခု ထပ်ကာယှက်နေပြီး ၊ ဓားသွားများသည် နေရာအနှံ့ ပြန့်ကျဲကာ တစ်ခုနှင့်တစ်ခု ကန့်လန့်ပိုင်းဖြတ်နေကြသည်။
ကောင်းကင်ကို လွှမ်းခြုံထားသော ဓားပိုက်ကွန်ကဲ့သို့ပင် ၊ ၎င်းသည် ရှစ်ထျန်းတိ့ရှိရာ ဦးတည်ရာဘက်သို့ ကျရောက်ကာ ပေါက်ကွဲလေတော့သည်။
ဝုန်း ! ဝုန်း ! ဝုန်း !
စကြဝဠာအတွင်း မျောလွင့်နေသော မရေမတွက်နိုင်သော ကြယ်အပျက်အစီးများသည် ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်လှိုင်းဒဏ်ကို ခံရကာ ပေါက်ကွဲပျက်စီးကုန်ပြီး ကြယ်အမှုန်အမွှားများအဖြစ်သို့ ကြဲလွင့်သွားတော့သည်။
သို့သော် စူးချန်ကဲသည် သူ၏တိုက်ခိုက်မှုကို မရပ်တန့်ခဲ့ပေ။
ရွှမ်း ရွှမ်း ရွှမ်း !!
ဓားစွမ်းအင်လှိုင်းများသည် ပို၍ ကြမ်းတမ်းလာသည်နှင့်အမျှ ဓားသွားများသည် တစ်ခုပြီးတစ်ခု ရောက်ရှိလာသည်။
အာကာသအလွှာသည် အလွှာလိုက် ပြိုကျပျက်စီးသွားပြီး၊ ကွက်လပ်အထက်တွင် ပင့်ကူမျှင်များကဲ့သို့ နက်မှောင်သော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။
ရှစ်ထျန်းတိ့သည်လည်း အခြေအနေမကောင်းပေ။ သိပ်သည်းပြင်းထန်သော ဓားစွမ်းအင်၏ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်မှုအောက်တွင် ၊ သူသည် ဓားအချက်ပေါင်းများစွာ ခုတ်ထစ်ခံခဲ့ရပြီး သူ၏ရုပ်သေးကိုယ်ထည်၌ မရေမတွက်နိုင်သော ဒဏ်ရာဒဏ်ချက်များစွာ ရရှိခဲ့သည်။
ဤသည်မှာ သူ၏ရုပ်သေး တစ်ရုပ်မျှသာဖြစ်သော်လည်း နာကျင်မှုအသိစိတ်သည် သူ၏မူလခန္ဓာကိုယ်၌ပင် ခံစားချက်များ ဖြစ်ပေါ်စေခဲ့သည်။
ဤကဲ့သို့ လိုက်ဖမ်းကာ ရိုက်နှက်ခံရခြင်းသည် အတော်လေး ရှက်စရာကောင်းပေသည်။ ဤအရှက်တရားကို သူသည် သူ၏နှလုံးသားထဲတွင် တံဆိပ်တစ်ခုလို ရေးထွင်းထားခဲ့သည်။
“ သေသင့်တဲ့ကောင်၊ မင်းကများ ငါ့ရုပ်သေးရုပ်ကို နာကျင်အောင် လုပ်ရဲတယ်ပေါ့!”
“တစ်နေ့ကြရင် ငါ မင်းကို အစိတ်စိတ်အမြွှာမြွှာ ချေမှုန်းပစ်မယ် “
သူ့နှလုံးသားတစ်ခုလုံး သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသော်လည်း ၊ သူသည် မလှုပ်ရှားဝံ့ပေ။
သူ လှုပ်ရှားလိုက်သည်နှင့် ၊ ထျန်းရှီဘုရင်မသည် သူ့ခန္ဓာကိုယ်ကို ချက်ချင်းလက်ငင်း ချေမွပစ်မည်ကို စိုးရိမ်မိသည်။
သူ့အစီအစဉ်ကို မစတင်ရသေးခင် ၊ အရှုံးကြီး ရှုံးရပေတော့မည်။
ထို့ကြောင့် သူသည် အံကြိတ်ကာ ၊ နီမြန်းနေသော မျက်လုံးများဖြင့် အသားကုန်ထွက်ပြေးရန်သာ တတ်နိုင်ခဲ့သည်။
“ဒီကောင် ဒီလောက်ထိ ပြေးနိုင်သေးတာလား”
စူးချန်ကဲသည် မျက်ခုံးပင့်ကာ အနည်းငယ် ပြုံးလိုက်သည်။
ထို့နောက် သူ့ညာလက်ကို ဆန့်ထုတ်ကာ အာကာသဟင်းလင်းပြင်ကို ချုပ်ကိုင်လိုက်သည်။
ဝုန်း ! !
အလွန်တရာမျှ စူးရှတောက်ပသော ဓားအလင်းတန်းတစ်ခုသည် ကောင်းကင်သို့ပျံတတ်သွားကာ ၊ ကြယ်တာရာကောင်းကင်ယံမှ ဆင်းသက်လာသော ပြင်းထန်သော ဓားအလင်းများသည် တဖြည်းဖြည်း စုဝေးသွားပြီး ပုံသဏ္ဍာန်တစ်ခု ဖြစ်ပေါ်လာသည်။
စူးချန်ကဲသည် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို ဆုပ်ကိုင်ထားသည်။
ဓားအမတရှင်တစ်ပါး ဆင်းသက်လာသကဲ့သို့ သူ၏မျက်လုံးထဲက ဓားဆန္ဒသည် အလွန်တရာမျှ ပြင်းထန်လွန်းပေသည်။
ထျန်းရှီဘုရင်မသည် မြင်ကွင်းတစ်ခုလုံးကို ဘေးကနေသာ စောင့်ကြည့်နေသည်။
မည်သို့ပင်ဆိုစေကာမူ ၊ တစ်ဖက်လူသည် အပြင်းအထန် ပြန်လည်တိုက်ခိုက်လာမည်ကို သူမ မစိုးရိမ်ချေ။
အကယ်၍ တဖက်လူသည် စူးထျန်ကဲကို ခြိမ်းခြောက်လိုပါက ၊
မဟာလမ်းစဉ်၏ ပြစ်ဒဏ်ကိုခံရမည်ဆိုတောင် သူမသည် ထိုအနှီလူ၏ ခန္ဓာကိုယ်ကို ဖျက်စီးကာ စိတ်ဝိညာဉ်တစ်ခုလုံးကို အစိတ်စိတ်အမြွှာမြွှာ စုတ်ဖြဲပစ်ပေမည်။
တစ်ချိန်တည်းမှာပင်၊ ပိုမိုပြင်းထန်သော ဓားစွမ်းအင်များသည် စူးချန်ကဲ၏ဓားဆီသို့ စုဝေးရောက်ရှိလာသည်။
ချွင်--!!
စူးရှသော ဓားသွားသံသည် ကောင်းကင်တစ်ခွင်တွင် ပဲ့တင်ထပ်နေပြီး ၊ မှောင်မိုက်နေသော ကြယ်တာရာကောင်းကင်ကြီးသည် ဓားအလင်းများကြောင့် ဝင်းလက်တောက်ပသွားသည်။
“ ထျန်းတိ့အတတ် ၊ အနန္တဗလာအဖြစ် ပြောင်းလဲခြင်း!”
၎င်းအရာသည် ဤအချိန်ကာလအတွင်း စူးချန်ကဲ နားလည်သဘောပေါက်ခဲ့သော မွေးရာပါဧကရာဇ်အတတ်ပင် ဖြစ်သည်။
မဟာဧကရာဇ်နယ်ပယ်အဆင့်သို့ ဖြတ်ကျော်ခဲ့စဉ်က ၊ သူဖန်တီးခဲ့သော မှော်အတတ်လည်းဖြစ်သည်။
ကျင့်ကြံသူတစ်ဦးသည် ဧကရာဇ်နယ်ပယ်အဆင့်သို့ ဖြတ်ကျော်ဝင်ရောက်လာချိန်တွင် ၊ လမ်းစဉ်၏ နားလည်မှုအပေါ်အခြေခံ၍ သူ့ကိုယ်ပိုင် ဧကရာဇ်အတတ်ကို ဖန်တီးနိုင်သည်။
ထို့အပြင် ၊ ဤထျန်းတိ့အတတ်သည် သူနားလည်ထားသော လမ်းစဉ်ကို အခြေခံကာ စူးချန်ကဲကိုယ်တိုင် ဖန်တီးထားခြင်း ဖြစ်သည်။
တာအိုစည်းချက်များ ပျံ့နှံ့လာသည်နှင့်အမျှ ၊ စူးချန်ကဲ၏ လှုပ်ရှားမှုများလည်း စတင်လာခဲ့သည်။
ရွှမ်း!!!
အေးစိမ့်သော အလင်းတန်းများသည် ပို၍ ပြန့်ကားလာပြီး ၊ အလွန်တောက်ပသော ဓားများသည် နဂါးငွေ့တန်းကဲ့သို့ လောကအလယ် ပေါက်ကွဲထွက်လာသည်။
ဘုန်း ! ဘုန်း ! ဘုန်း !
အဆုံးမရှိသော ဓားအလင်းမြစ်ရှည်ကြီး တစ်စင်းထွက်ပေါ်လာသည်။ ဓားအလင်းတန်းတိုင်းသည် တစ်မူထူးခြားသော ဓားလမ်းစဉ်ကို ကိုယ်စားပြုပုံရသည်။
သန်းပေါင်းများစွာသော ဓားစွမ်းအင်လှိုင်းများ ဖြတ်သန်းသွားသည့်နေရာတိုင်း ၊ ကြယ်တာရာများ အလွှာလိုက်ပြိုကျကာ လောကနိယာမများ ချုပ်ငြိမ်းလျက် လောကကြီးတစ်ခုလုံးသည် အနန္တဗလာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
ဤမျှအလွန်တန်ခိုးကြီးမားသော ဓား၏ရှေ့မှောက်တွင် ၊ ရှစ်တိ့ထျန်းသည် ခုခံနိုင်စွမ်းမရှိခဲ့ပေ။
ဓားစွမ်းအင်လှိုင်းတံပိုး၏ ရိုက်ခတ်မှုဒဏ်ကိုခံခဲ့ရပြီး ထိုနယ်မြေတစ်ခုလုံးနှင့်အတူ ချေမှုန်းခံလိုက်ရကာ အာကာသမုန်တိုင်းထဲတွင် အစအနမကျန် ပျောက်ကွယ်သွားလေတော့သည်။
အပိုင်း(၅၄၈): ရှက်စရာကောင်းလေခြင်း! ထွက်ပြေးနေရသော ရှစ်တိ့ထျန်း
ဝုန်း ——!!
ဓားစွမ်းအင်၏ဟောက်သံသည် အဆက်မပြတ် တုန်ဟီးနေသည်။
စူးရှတောက်ပသော အလင်းတန်းများသည် မိုင်ပေါင်းများစွာအထိ ပျံ့နှံ့သွားသည်။
ဆယ်စက္ကန့်အတွင်း အဆိုပါ ကြောက်ခမမ်းလိလိ စွမ်းအားများသည် ဖြည်းဖြည်းချင်း လျော့ကျသွားခဲ့သည် ။
ထပ်မံအာရုံခံကြည့်မည်ဆိုပါက ၊
ရှစ်တိ့ထျန်း၏အငွေ့အသက်သည် လေထဲက သွေးနံ့များနှင့်အတူ ပျောက်ကွယ်သွားပုံရသည်။
စူးချန်ကဲသည် ကောင်းကင်လမ်းစဉ်အာဏာစက်ဓားကို ပြန်လည်ရုတ်သိမ်းလိုက်သည်။
“ကြည့်ရတာ လူကိုဖျက်ဆီးနိုင်လိုက်ပုံပဲ”
ထိုအချိန်တွင်၊ ထျန်းရှီဘုရင်မက ပြန်ပြောလိုက်သည်။
“မဟုတ်ဘူး၊ စောစောက ကျွန်မ ခံစားမိသလောက် အဲ့လူက မူလရင်းမြစ်မှော်စွမ်းအားကို ထုတ်သုံးခဲ့တယ်”
ထျန်းရှီဘုရင်မ၏ အမူအရာသည် လေးနက်နေခဲ့သည်။
“ ပြီးတော့ ၊ ဒီအငွေ့အသက်က အလွန်ထူးဆန်းတယ်၊ အာကာသရဲ့ နိယာမတွေကို လျစ်လျူရှုနိုင်သလို၊ အရာအားလုံးကို ဆွေးမြေ့ပျက်စီးစေပြီး မိမိရဲ့အလိုအတိုင်း အသုံးချနိုင်ဟန်ရှိတယ်
“ဒီရောင်ဝါက ဒဏ္ဍာရီထဲက အမှောင်ထုနဲ့ အတော်လေး ဆင်တူတယ်...”
စူးချန်ကဲသည် မျက်မှောင်ကြုတ်သွားသည်။
“အမှောင်ထု...!?”
ဤစကားလုံးနှစ်လုံးကို သူရင်းနှီးသည်။
သူဖြတ်သန်းရာလမ်းတစ်လျှောက် အမှောင်ထုနှင့်ပတ်သတ်၍ အများကြီးကြားသိခဲ့ရသည်။
ဥပမာအားဖြင့်၊ ကမ္ဘာ့ကပ်ဘေး စစ်ပွဲကြီး၊ ဓားစွမ်းအင်မဟာတံတိုင်း နှင့် ဧကရာဇ်လျှောက်လှမ်း သုညဂိတ် ။
ထို့အပြင်၊ အမှောင်ထုသည် ဒေဝလောကတစ်ခုလုံးကို ပျက်စီးစေခဲ့သည့် အဓိကတရားခံဖြစ်သည်။
သူ ဆက်စကားမပြောနိုင်သေးခင်၊
ထျန်းရှီဘုရင်မက ဆက်ပြောသည်။
“ဒီရောင်ဝါမှာ ကျွန်မနဲ့ရင်းနှီးတဲ့ ထူးဆန်းတဲ့ စွမ်းအားတစ်ခုလည်း ရှိနေတယ်...”
“ ကျွန်မ ထင်တာသာမမှားရင် ၊ ဒီရောင်ဝါရဲ့ပိုင်ရှင်က အမှောင်ထုရဲ့ အန္တိမစွမ်းအားရှင် ရှစ်တိ့ထျန်းပဲ “
ထိုစကားများထွက်လာသည်နှင့် တစ်ပြိုင်နက် စူးချန်ကဲ၏မျက်လုံးများသည် ပို၍လေးနက်သွားသည်။
ရှစ်တိ့ထျန်း!?
ဒီလူက စနစ်ရဲ့တာဝန်ထဲကလူ မဟုတ်ဘူးလား!?
အန္တိမစွမ်းအားရှင် ?
အမှောင်ထုသည် နှစ်အတော်ကြာသည့်အထိ အရိပ်အယောင်မရှိခဲ့ပေ။ သို့သော် ထွက်ပေါ်လာသည်နှင့်တပြိုင်နက် အဘယ့်ကြောင့် ဤမျှအစွမ်းထက်ဆုံးလူတစ်ယောက်ကို မွေးထုတ်ပေးခဲ့သနည်း။
ထို့အပြင်၊ ထျန်းရှီဘုရင်မသည်ပင် အန္တိမစွမ်းအားရှင်ဟု ခေါ်ဆိုရသည့် ဤလူသည် အနည်းဆုံး အမတဧကရာဇ်အဆင့်တွင် ရှိနိုင်သည်။
“နေစမ်းပါဦး.... စနစ်က ငါ့ကို အမှောင်ထုရဲ့ အမတဧကရာဇ်မင်းနဲ့ ထိပ်တိုက်တွေ့ခိုင်းနေတာလား!?”
သူသည် ကိုယ့်အစွမ်းအစကို ယုံကြည်မှုရှိသော်လည်း ၊ သို့သော် အမတဧကရာဇ်မင်းတစ်ပါးနှင့် နှိုင်းယှဉ်ရမည်ဆိုပါက ၊
ဒါ လည်စင်းပေးနေတာနဲ့ မတူပေဘူးလား!
“ မဟုတ်သေးပါဘူး....”
စူးချန်ကဲသည် တစ်ခုခုကို တွေးမိသွားပုံရသည်။
ထျန်းရှီဘုရင်မသည် အမတနယ်မြေတွင် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ယခု သူမ၏စိတ်ဝိညာဉ် ကိုယ်ခွဲဖြင့် တိုက်မြေ သုံးထောင်သို့ ဆင်းသက်လာသော်လည်း သူမ၏စွမ်းအားများကို အသုံးမပြုနိုင်ပေ။
ရှစ်တိ့ထျန်းသည်လည်း ထိုအတိုင်းပင် ဖြစ်လိမ့်မည်လော။
သို့သော်၊ ယခုလေးတင် တဖက်လူသည် သူ၏မှော်စွမ်းအားများကို အစွမ်းကုန်အသက်သွင်းကာ ထွက်ပြေးသွားသည်။ တစ်နည်းအားဖြင့်ဆိုရသော် ၊ ထိုလူသည် မဟာလမ်းစဉ်၏ တုံ့ပြန်မှုကို ခံရမည် မဟုတ်လော။
စူးချန်ကဲ၏ သံသယများကို သူမသည် မြင်တွေ့နေပုံရပြီး ဆက်ပြောလာခဲ့သည်။
“ကိုကို ဘာတွေတွေးနေတာလဲဆိုတာ ကျွန်မသိတယ်”
“ ဒီလောက်အစွမ်းထက်တဲ့သူက ဘယ်လိုလုပ်ပြီး တိုက်မြေသုံးထောင်မှာ သူ့ရဲ့မှော်စွမ်းအားကို အသုံးချရဲတာလဲ ဆိုတာကိုတွေးနေတာမလား”
“တကယ်တော့ ဒါက ရိုးရှင်းပါတယ် ၊ ကျွန်မလို လျို့ဝှက်အတတ်ကို သုံးပြီး သူ့ရဲ့စိတ်ဝိညာဉ်နဲ့ အောက်ကို ဆင်းသက်လာတာပဲ”
“ဒါပေမဲ့ သူ့ရဲ့စိတ်ဝိညာဉ်က အလွန်အားနည်းတယ်၊ လူ့ဇာတိခံယူဖို့ မဖြစ်နိုင်ဘူး ၊ ဒါ့ကြောင့် လူသေရဲ့အလောင်းကို ထိန်းချုပ်ထားတာပဲ”
“ ဒါပေမဲ့ သူ့ရဲ့ခွန်အားက နည်းနည်းသန်မာရုံနဲ့တင် မဖြစ်နိုင်ဘူး”
“ သူ ရှင့်လက်ကနေ လွတ်မြောက်နိုင်တဲ့ အကြောင်းရင်းက မှော်ပညာကို အထူးလေ့ကျင့်ထားတာကြောင့် ဖြစ်နိုင်တယ် “
ထျန်းရှီဘုရင်မသည် စကားကိုခေတ္တရပ်လိုက်ပြီး သူမ၏ မျက်လုံးများကိုမှိတ်လိုက်သည်။ ထို့နောက် သူမ၏ နတ်အသိစိတ်ကို ဖြန့်ကျတ်လိုက်သည်။
“ကျွန်မထင်တာမမှားရင်၊ ဒီကောင်သုံးသွားတဲ့ မှော်အတတ်က အမတနယ်မြေရဲ့ တားမြစ်အတတ်တွေထဲက တစ်ခုဖြစ်တဲ့ ကောင်းကင်ဝါးမျိုခြင်းနတ်ဆိုးအတတ်ပဲ!”
ထိုစကားကိုကြားပြီးနောက် ၊စူးချန်ကဲသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး တစ်ဖန် ထိတ်လန့်သွားကာ ပြန်မေးလိုက်သည်။
“ကောင်းကင်ကို ဝါးမျိုခြင်း နတ်ဆိုးအတတ်? ဒါက လောကနိယာမတွေကို ဝါးမျိုနိုင်တဲ့ အတတ်မလား”
သူမသည် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်၊ ကောင်းကင်ကို ဝါးမျိုခြင်းနတ်ဆိုးအတတ်ကို ကျွန်မလည်း သိပ်မသိဘူး၊ အဲဒါက တခြား ထိပ်တန်းအင်အားစုတစ်ခုရဲ့ အမွေဆက်ခံပညာရပ်ပဲ “
“ကျွန်မသိသလောက်၊ အဲဒါက နတ်ဘုရားတရားစီရင်ရေးအဖွဲ့ရဲ့ မူလအစနတ်ဆိုး ဖြစ်လောက်တယ် “
“ပြီးတော့ သူက လောကနိယာမတွေကို ဝါးမျိုနိုင်ရုံတင်မကဘူး အခြားသူရဲ့ ကျင့်ကြံမှုကိုလည်း ဝါးမျိုနိုင်တယ် ၊ ပြီးတော့ ကိုယ်ပိုင်အဖြစ် ပြန်အသုံးချနိုင်တဲ့ သန့်စင်ခြင်းနတ်ဆိုးလမ်းစဉ် အတတ်ပဲ”
“ကြည့်ရတာ... ရှစ်ထျန်းတိ့က တိုက်မြေ သုံးထောင်မှာ ဒီနတ်ဆိုးအတတ်ကို ကောင်းကောင်းလေ့ကျင့်နိုင်တဲ့ ရုပ်သေးခန္ဓာကို တွေ့ခဲ့ပုံရတယ် “
ထျန်းရှီဘုရင်မသည် မရေမတွက်နိုင်သော နှစ်ကာလပေါင်းများစွာ နေထိုင်ခဲ့သူ ဖြစ်သည်နှင့်အလျောက် ၊ သူမသိထားသော အချက်အလက်များကို အခြေခံ၍ ရှစ်ထျန်းတိ့၏ လုပ်ရပ်များကို လျင်မြန်စွာ ခန့်မှန်းခဲ့နိုင်သည်။
စူးချန်ကဲသည် စိတ်ရှုပ်သွားသည်။
“မူလအစ နတ်ဆိုး?”
“ နတ်ဘုရားတရားစီရင်ရေးအဖွဲ့?”
“အဲ့တာက ဘာလဲ?”
မိမိလျှောက်လှမ်းရမည့် အနာဂတ်လမ်းခရီးသည် ဝေးသေးပုံရသည်။
တိုက်မြေ သုံးထောင်သည် ဆုံးခန်းတိုင်ပြီဟု ဆိုနိုင်သော်လည်း ၊ အမတနယ်မြေသည် ယခုမှ အစပင် ရှိသေးသည်။
စူးချန်ကဲသည် ကူကယ်ရာမဲ့ ပြုံးလိုက်ရင်း။
“ ကြည့်ရတာ ၊ ငါ့ရဲ့ကျင့်ကြံမှုကို ဆက်ပြီး တိုးတက်အောင်လုပ်ရမယ်”
စူးချန်ကဲ၏ ခံစားချက်များကို ခံစားသိရှိနေပုံရသော ထျန်းရှီဘုရင်မသည် စူးချန်ကဲ၏လက်ကို ညင်သာစွာ ဆုပ်ကိုင်ကာ နူးညံ့သောအပြုံးဖြင့် ဆိုလိုက်သည်။
“စိတ်မပူနဲ့ ကိုကို ၊ ရှီအာ ရှိနေသ၍ ဘယ်သူမှ ရှင့်ကို မထိခိုက်စေရဘူး “
ယခု သူမသည် စူးချန်ကဲနှင့် အပြန်အလှန် အသိအမှတ်ပြုမှုကို ရရှိထားပြီးဖြစ်သဖြင့် သူမ၏ နှလုံးသားထဲတွင် နောင်တများ မရှိတော့ချေ။
ထို့နောက်တွင်၊ သူမသည် သူမ၏ကျင့်ကြံမှုကို မြှင့်တင်ကာ အမတနယ်ပယ်၏ အထက်အဆင့်သို့ တိုက်ရိုက်ဖြတ်ကျော်ရန် ကြိုးစားသွားမည်ဖြစ်သည်။
နောက်ဆုံးတွင်၊ သူမသည် အမတနယ်မြေ၏အထက်လောကတွင် အသန်မာဆုံးသော တည်ရှိမှုဖြစ်လာရန် ကြိုးစားမည်ဖြစ်သည်။
စူးချန်ကဲကို ခြိမ်းခြောက်ချင်တဲ့သူတိုင်း ၊သူမ၏လက်ချက်ဖြင့် သုတ်သင်ခံရပေလိမ့်မည်။
ထိုအရာကိုမြင်တော့ စူးချန်ကဲ၏နှလုံးသားသည် နွေးထွေးမှုများဖြင့် ပြည့်နှက်သွားသည်။
ယခုလို ညီမမျိုး ရှိနေမှတော့၊ သူသည် တခြားဘာကို တောင်းဆိုရဦးမည်နည်း။
“ဒါပေမဲ့ ရှစ်တိ့ထျန်း မသေဘူးဆိုရင်...”
“ဒါဆို ဒီကောင်ကို တတ်နိုင်သမျှ ငါ ရှာရမယ် မဟုတ်ရင် ကောင်းကင်ဝါးမျိုခြင်း နတ်ဆိုးအတတ်နဲ့ သူ့ရဲ့ခွန်အားက ပိုပိုပြီး ကြီးထွားလာလိမ့်မယ်...”
……..
တစ်ချိန်တည်းမှာပင် ဝေးလံခေါင်သီသော အရပ်တွင် ၊
မှောင်မိုက်နေသော အာကာသထဲတွင် ရုတ်တရက် လှိုင်းတံပိုးများ ရိုက်ခတ်သွားသည်။
မှော်နက်သင်္ကေတများသည် ပုံသဏ္ဍာန်တစ်ခုအဖြစ် စုဝေးသွားပြီး အဆုံးတွင် ရှစ်တိ့ထျန်း၏ ရုပ်သဏ္ဍာန်အဖြစ်သို့ ဖြည်းညှင်းစွာ ဖွဲ့စည်းသွားခဲ့သည်။
သို့သော် ယခုအချိန်တွင် ၊ သူ၏အရေပြားပေါ်၌ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသည်။ သူ၏အမူအရာမှာ ပြင်းထန်သောဒဏ်ရာကို ခံစားနေရသကဲ့သို့ အလွန်ဖြူဖျော့နေသည်။
သူ့မျက်နှာမှာ အတော်လေးကို ကြည့်ရဆိုးနေခဲ့သည်။
“သေနာကောင်!!”
ဝုန်း ! !
သူ့နှလုံးသားထဲက ဒေါသကို မထိန်းနိုင်တော့ဘဲ ရှစ်တိ့ထျန်းသည် လက်သီးဖြင့် ထိုးနှက်လိုက်သည်။
သူ့ဘေးနားက ကြယ်အပိုင်းအစများသည် တစ်စစီကွဲကြေကာ ကြယ်အမှုန်အမွှားများအဖြစ်သို့ လွင့်စင်သွားခဲ့သည်။
သူသည် အမှောင်ထု အမတခန်းမဆောင်၏ အရှင်သခင်၊ ရှစ်တိ့ထျန်း ဖြစ်သည်။
ယခု သူသည် အမှောင်ထုမဟာမိတ်အဖွဲ့၏ ခေတ်သစ်ဦးဆောင်သူတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။
သူ့လိုလူက တိုက်မြေသုံးထောင်က အငယ်တစ်ယောက်ရဲ့ ရိုက်နှက်တာကိုခံလိုက်ရသတဲ့လား!
ဒါလည်း ခံသာသေးသည်။
သူ့ကို ရင်နာစေခဲ့သည့်အရာမှာ သူသည် ၎င်းအား နည်းနည်းမှ ပြန်လည် မတိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
အဆုံးတွင်၊ သူသည် စိတ်ဝိညာဉ်တွင် ဝှက်ထားသော ထူးဆန်းသောစွမ်းအားကို အသုံးမပြုခဲ့ပါက၊ ဤခန္ဓာကိုယ်သည် ထိုဓား၏လက်အောက်တွင် ကျရောက်သွားမည်ကို စိုးရိမ်မိသည်။
“ဒီကောင်လေးက ဘယ်လိုတောင် သန်မာနိုင်တာလဲ!”
သူ့ကို ကြောက်ရွံ့စေခဲ့သည်မှာ စူးချန်ကဲ၏ အပြင်းထန်ဆုံးသော ဓားရေးစွမ်းရည်ပင် ဖြစ်သည်။
ဒါ လူမှဟုတ်ရဲ့လား!?
သူ့ထိန်းချုပ်မှုအောက်တွင် ဤခန္ဓာကိုယ်သည် ကောင်းကင်ဝါးမျိုခြင်း နတ်ဆိုးအတတ်ကို ကျင့်ကြံနိုင်ခဲ့ရုံသာမက ကာယစွမ်းရည်မှာလည်း ယခင်ကထက် အဆများစွာ ပိုမိုအားကောင်းလာခဲ့သည်။
သို့သော် ၊စူးချန်ကဲ၏ဓားကို နည်းနည်းမှ မတွန်းလှန်နိုင်ခဲ့ပေ။
တူညီသော အဆင့်ဖြင့် စူးချန်ကဲနှင့်လက်ရေးယှဉ်ပြိုင်ခဲ့မည်ဆိုပါက ၊ သူသည် စူးချန်ကဲ၏ ပြိုင်ဘက်ဖြစ်ဖို့ ခဲယဉ်းမည်ကိုစိုးရသည်။
“ဒီခေတ်မှာ ဒီလိုနတ်ဆိုးတစ်ကောင် ပေါ်လာမယ်လို့ မမျှော်လင့်ထားဘူး...”
ရှစ်တိ့ထျန်း၏ မျက်လုံးများသည် အေးစက်နေသည်။
“ဒီကလေး အမတနယ်မြေကို ရောက်တာနဲ့ သူ့ကိုသတ်ဖို့ နည်းလမ်းရှာရမယ်!”
သို့ဆိုတောင်၊ သူသည် ကွေးယွမ်အမတဂိုဏ်း၏ အမျက်ဒေါသကို ဂရုစိုက်နေမည်မဟုတ်။
သူတို့၏အမှောင်မူလကမ္ဘာ မွေးဖွားလာရသည့် အကြောင်းရင်းမှာ အမတနယ်မြေ၏အထက်လောက ထိခိုက်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ယင်းက သူတို့၏ အမှောင်ကမ္ဘာကို မွေးဖွားလာစေသည့် အခြေခံအကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။
အမတနယ်မြေအထက်၊ ထူးဆန်းသောအရင်းအမြစ်!
အပိုင်း(၅၄၉): ထျန်းရှီဘုရင်မ အထက်လောကသို့ တတ်လှမ်းခြင်း
ထိုနှစ်က ၊
အဆုံးမဲ့ကပ်ဘေးကြီး ဖြစ်ပွားခဲ့စဉ်က ၊
မရေမတွက်နိုင်သော နိယာမများ၊ ဒဏ္ဍာရီထဲက မဟာလမ်းစဉ်၏သံသရာစက်ဝန်းတို့သည်ပင် ထိုစစ်ပွဲကြောင့် ပျက်စီးသွားခဲ့သည်။
ရလဒ်အနေဖြင့် ၊ အမတနယ်မြေတွင် သေဆုံးခဲ့ရသော သန်းပေါင်းများစွာသော ဝိညာဉ်တို့သည် ပြန်လည်မဝင်စားနိုင်ခဲ့ပေ။
သူတို့သည် အမတနယ်မြေထဲတွင်သာ ပိတ်မိနေပြီး ၊ အချိန်၏ညှဉ်းပန်းနှိပ်စက်မှုကို ခံခဲ့ရသည်။
နှစ်သန်းပေါင်းများစွာကြာသည့်တိုင်အောင် ၊ မဟာလမ်းစဉ်၏ သံသရာစက်ဝန်းသည် ပြန်လည်ကောင်းမွန်လာခြင်း မရှိခဲ့သောကြောင့် သူတို့အားလုံးသည် ပြန်လည်ဝင်စားခွင့်မရခဲ့ပေ။
ထိုအချိန်တွင်၊ သူတို့၏စိတ်ထဲက မကျေနပ်မှု နှင့် နာကြည်းမှုများသည် ကြီးမားသောပေါက်ကွဲမှုနှင့် တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့သည်။
အဆုံးစွန်သော နာကျည်းမှုစွမ်းအားများသည် နောက်ဆုံးတွင် ကံအကျိုးဆက်၏စွမ်းအားအဖြစ်သို့ ပြောင်းလဲသွားသည်။
သူတို့သည် အဆုံးမဲ့ကပ်ဘေးတွင် ပါဝင်ခဲ့သူတိုင်းကို ကျိန်စာတိုက်ခဲ့ပြီး ၊ ဤကမ္ဘာကြီးနှင့် ဒေဝလောကတစ်ခုလို ကျိန်စာသင့်စေခဲ့သည်။
အထက်လောက၏ ထူးဆန်းသောရင်းမြစ်သည်လည်း ကျိန်စာ၏သက်ရောက်မှုကိုခံခဲ့ရပုံပေါ်ကာ အဆုံးတွင် အမှောင်ထုသည် အမတနယ်မြေကို ကျူးကျော်နိုင်မည့် အခွင့်ကောင်းတစ်ခု ဖြစ်ခဲ့သည်။
မရေမတွက်နိုင်သော နာကျည်းမှုများစုဝေးလာပြီး အဆုံးတွင် အူတိုင်အဖြစ် ဖြစ်တည်လာကာ ကနဦးအမှောင်ထုကြီးကို မွေးထုတ်ပေးခဲ့ပြီး လက်ရှိ မူလရင်းမြစ်အမှောင်ထုကမ္ဘာဟူ၍ ဖြစ်လာခဲ့သည် ။
“ဟား... ငတုံးတွေ ၊ ငါ့ရဲ့ မူလရင်းမြစ် အမှောင်ထုကမ္ဘာကြီးကို ဖျက်ဆီးပစ်လိုက်ရင် ကမ္ဘာကြီးက မူလအခြေအနေဆီ ပြန်ရောက်သွားနိုင်မယ်လို့ ထင်နေကြတာလား “
ရှစ်တိ့ထျန်းသည် လှောင်ပြောင်ရယ်မောလိုက်သည်။
“အလင်းရှိတဲ့နေရာ အရိပ်ရှိစမြဲပဲ ၊ ဒါဟာ ရှောင်လွှဲလို့ မရဘူး”
“မင်းတို့... အားလုံးကို အမှောင်ထုထဲကျရောက်စေရမယ်!”
ရှစ်တိ့ထျန်း၏ မည်းနက်နေသော မျက်လုံးထဲ၌ မှော်နက်သင်္ကေတများ သက်ဝင်လှုပ်ရှားနေသည်။
“အခုတော့ ငါ အကြပ်ရိုက်နေပြီ... သင့်တော်တဲ့ အာဟာရတွေ ရှာရတော့မယ်...”
ကြောက်ခမန်းလိလိ ဓားစွမ်းအင်မှ လွတ်မြောက်နိုင်ရန်အတွက် ရှစ်တိ့ထျန်းသည် ဤခန္ဓာ၏ ခွန်အားအလုံးစုံကို သုံးစွဲခဲ့ရသည်။
သူ၏ ကျင့်ကြံမှုအဆင့်သည်ပင် ကျဆင်းသွားခဲ့ပြီး ၊ ရှေးဧကရာဇ်နယ်ပယ် ကနဦးအဆင့်ထိ လျော့ကျသွားခဲ့သည်။
သို့သော် သူ ဂရုမစိုက်ပေ။
မည်သို့ပင်ဖြစ်စေ ၊ ကောင်းကင်ဝါးမျိုခြင်း နတ်ဆိုးအတတ်ဖြင့် သူ၏ ကျင့်ကြံမှုကို ပြန်လည်ရယူရန် မခက်ပေ။
ရုတ်တရက် ၊ သူ၏အကြည့်များက ကြယ်နယ်မြေတစ်ခုဆီသို့ ရောက်ရှိသွားသည်။
သူ၏အမူအရာသည် အလိုလောဘများ ထွက်ပေါ်လာသကဲ့သို့ပင် ၊ နှုတ်ခမ်းထောင့်သည် အနည်းငယ် ရွဲ့စောင်းသွားသည်။ ထို့နောက် သူသည် အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ထိုဦးတည်ရာဘက်ဆီသို့ ပြေးဝင်သွားခဲ့လေသည် ။
ဝုန်း --! !
ခဏအကြာတွင် ၊ ထိုနေရာ၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။
ဟူး! !
ကောင်းကင်၌ နက်မှောင်သော ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာကာ ၊ ၎င်းသည် ဤနယ်မြေရှိ သက်ရှိသတ္တဝါများကို ဝါးမျိုလေသည်။
“ဟင့်အင်း... ငါ မသေချင်ဘူး... မဟုတ်ဘူး!!!”
တခဏအတွင်းမှာပင် ၊ မရေမတွက်နိုင်သော သက်ရှိတို့၏ စိတ်ပျက်အားငယ်သံများက နေရာအနှံ့ ထွက်ပေါ်လာခဲ့သည်။
သို့သော် မကြာခင်မှာပင် ၊ ၎င်းတို့အားလုံးသည် ဝါးမျိုခံလိုက်ရကာ ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့သည် အစအနမကျန် ပျောက်ကွယ်သွားလေတော့သည်။
ဤကြယ်စုနယ်မြေကြီးတစ်ခုလုံး ပျက်စီးသွားပြီးနောက်၊ ရှစ်တိ့ထျန်းသည် အခြားတန်ခိုးကြီးမားသော စွမ်းအားရှင်အချို့၏ အာရုံစူးစိုက်မှုခံရမည်ကို ကြောက်ရွံ့သောကြောင့် အလွန်အကျူး မလှုပ်ရှားခဲ့ပေ။
ထို့နောက်တွင် အနက်ရောင်အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲလွင့်စင်သွားပြီး ၊ တစ်ဖန် ပြန်ပျောက်ကွယ်သွားခဲ့သည်။
အမှောင်ထုကြီးသည် ပုန်းအောင်းနေသကဲ့သို့ သူသည် တစ်နေရာတွင် ခေတ္တမျှ ပုန်းခိုရပေဦးမည်။
…….
အချိန်များသည် တရွေ့ရွေ့ဖြင့် ကုန်ဆုံးသွားသည်။
နှစ်ရက်တာ အချိန်ကုန်ဆုံးပြီးနောက်၊
“ကောင်းပြီ၊ ဒီကိုယ်ပွားအတွက် အချိန်ရောက်လာပြီ”
ထျန်းရှီဘုရင်မသည် ညင်သာစွာ ရယ်မောလိုက်ရင်း။
“ ကျွန်မလည်း အထက်လောကကို တတ်ဖို့ ပြင်ဆင်သင့်ပြီ”
“သွားတော့မှာလား “
စူးချန်ကဲ၏မျက်လုံးထဲတွင် တွန့်ဆုတ်မှုအချို့ ရှိနေသည်။ ဤနှစ်ရက်အတွင်း အတူတကွ ဖြတ်သန်းပြီးနောက်၊ မိမိအပေါ်တွင်ထားရှိသည့် သူမ၏ စိုးရိမ်ပူပန်မှုကို သူ အမှန်တကယ် ခံစားခဲ့ရသည်။
နှစ်ကာလပေါင်းများစွာ အဆုံးမရှိသော အထီးကျန်ဆန်ခြင်းများကို ခံစားခဲ့ရပြီးနောက် သူမသည် ဤကမ္ဘာပေါ်တွင် တစ်ဦးတည်းသော အထောက်အပံ့ကို ရှာတွေ့ခဲ့သည်။
“ ဒီတစ်ခေါက် ကိုကိုနဲ့ ပြန်တွေ့ရတာ ကျွန်မ အရမ်းကျေနပ်တယ်”
မထွက်ခွာမီတွင် သူမသည် စူးချန်ကဲကို ထပ်မံပွေ့ဖက်လိုက်သည်။
အချိန်အနည်းငယ်ကြာပြီးနောက်၊ ထျန်းရှီဘုရင်မ၏ စိတ်ဝိညာဉ်ကိုယ်ပွားသည် တဖြည်းဖြည်း မှိန်ဖျော့လာခဲ့သည်။
သူမသည် သူမ၏ရင်ဘက်ထဲက ကျောက်စိမ်းဆွဲပြားကို ထုတ်ယူကာ စူးချန်ကဲအား ပေးလိုက်သည်။
“ဒါက ထျန်းချီနိုင်ငံတော်ရဲ့ ဘုရင်အမိန့်တံဆိပ်ပဲ ၊ ဒီတံဆိပ်ရှိသူက ဩဇာအာဏာကို အပြည့်အဝ ကိုယ်စားပြုတယ်”
“ ထျန်းချီနိုင်ငံတော်ရဲ့ လူအားလုံးက ဘုရင်ကို မျက်မှောက်တွေ့ကြုံလိုက်ရသလိုပဲ ဘယ်အခြေအနေမျိုးမဆို ရှင်ရဲ့ တောင်းဆိုချက်တိုင်းကို သူတို့က အစွမ်းကုန်ဖြည့်ဆည်းပေးလိမ့်မယ်”
ထိုစကားကိုကြားတော့ ၊ စူးချန်ကဲသည် ဂရုတစိုက်ကြည့်ရှုလိုက်သည်။
ဤကျောက်စိမ်းဆွဲပြားသည် ဘုရင်တစ်ပါး၏ ကိုယ်ပိုင်လက္ခဏာနှင့် တန်ခိုးအာဏာကို ကိုယ်စားပြုသော အမှတ်အသားတစ်ခုပင် မဟုတ်လော။
“ဒီလောက်ထိ အဖိုးတန်တာ ၊ မဖြစ်ဘူး...”
သို့သော် စူးချန်ကဲမှ မငြင်းဆိုမီ ၊ စူးချန်ကဲ၏နှုတ်ခမ်းသားများကို သူမ၏လက်ဖြင့် နှုတ်ပိတ်လိုက်ပြီး ခေါင်းကို ညင်သာစွာ ခါယမ်းကာ ဆိုလိုက်သည်။
“ဒါက ကျွန်မရဲ့ သီးသန့်ပိုင်ဆိုင်မှုပဲ ၊ ကျွန်မဘယ်သူ့ကိုပေးပေး သူတို့နဲ့မဆိုင်ဘူး “
“အခု ကျွန်မ အထက်ကမ္ဘာကိုတက်တော့မယ်၊ အမတနယ်မြေမှာ တစ်ခုခုဖြစ်ခဲ့ရင် ၊ ကျွန်မရဲ့ထျန်းချီနိုင်ငံတော်က ရှင့်ကို ကူညီပေးနိုင်လိမ့်မယ်”
ထျန်းရှီဘုရင်မ၏ ငြင်းဆန်လို့မရသည့်ပုံစံကြောင့် စူးချန်ကဲသည် ဘာမှထပ်မပြောဘဲ အမိန့်တံဆိပ်ကို လက်ခံလိုက်သည်။
ထိုအရာကိုမြင်တော့ ထျန်းရှီဘုရင်မ၏ တင်းမာသောမျက်နှာထားသည် ပြေလျော့သွားပြီး နူးညံ့စွာပြုံးပြလေသည်။
“အရင်က ကျွန်မတို့ သဘောတူထားသလိုပဲ”
“ အထက်လောကကို တတ်လာပြီး ကျွန်မကို လာရှာရမယ်နော် “
“ကောင်းပြီ ငါ မင်းကို ကတိပေးတယ်”
ဝီ! !
ထျန်းရှီဘုရင်မ၏ ခန္ဓာကိုယ်သည် အလင်းမှုန်များအဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားသည်။
မဟာလမ်းစဉ်၏လေပြင်းများ တိုက်ခတ်လာသည်နှင့် ၊ တောက်ပသောအလင်းမှုန်များသည်လည်း မိုးကောင်းကင်ထက်သို့ လွင့်စင်သွားလေတော့သည်။
ကောင်းကင်ယံတွင် ပျံဝဲနေသော အလင်းမှုန်များကို ကြည့်ရင်း၊ စူးချန်ကဲ၏မျက်လုံးများသည် ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်နေသည်။
“အမတနယ်မြေရဲ့ အထက်လောက?”
ဤကမ္ဘာကြီး၏ တကယ့်လျှို့ဝှက်ချက်သည် ထိုနေရာတွင် ဝှက်ထားသည်ဟု သူ ခံစားမိသည်။
ထိုနေရာကသာလျှင် တကယ့်ကမ္ဘာဖြစ်ပြီး ၊ အမတနယ်မြေသည် ကြီးမားသော ဇာတ်စင်တစ်ခုသာ ဖြစ်နိုင်သည် ။
“ အမတလျှောက်လှမ်း ဖွင့်လှစ်မယ့်အချိန်ရောက်ပြီ ငါလည်း ပြင်ဆင်သင့်ပြီ”
………
တစ်ချိန်တည်းမှာပင်။
စိတ်ဝိညာဉ်သည် အမတနယ်မြေသို့ ဖြည်းညှင်းစွာ ပြန်လည်ရောက်ရှိလာသည်နှင့်အမျှ ၊ ထျန်းရှီဘုရင်မ၏ မူလကိုယ်ထည်သည် မျက်လုံးများပွင့်လာသည်။
“ ထျန်းရှီဘုရင်မကြီး... မင်းပြန်လာပြီ”
အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သော ပိုင်ယင်အမတဧကရာဇ်မင်းသည် သူ၏နဖူးမှ ချွေးစက်များကို သုတ်ကာ ဂါရဝပြုလိုက်သည်။
“အင်း၊ ထျန်းချီနိုင်ငံတော်မှာ အကူအညီလိုတာရှိရင် ငါ့ကို ပြော “
“နောက်နှစ်ရက်နေရင် ငါ အမတနယ်မြေရဲ့အထက်လောက တက်တော့မယ်”
ထိုစကားကိုကြားတော့ ပိုင်ယင်အမတဧကရာဇ်မင်းသည် သူမကို တချက်ကြည့်လိုက်သည်။
အနှစ်တစ်သောင်းကြာသော ရေခဲကဲ့သို့ အေးစက်နေခဲ့သော သူမ၏ မျက်ဝန်းများသည် ယခုအခါတွင် အအေးဓာတ်များလျော့နည်းလာပြီး နူးညံ့သိမ်မွေ့မှုများ အစားထိုးဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
ထို့အပြင်၊ အထူးသဖြင့် အမတနယ်မြေ၏ အထက်လောကဟူသော စကားလုံးသည် ပိုင်ယင်အမတဧကရာဇ်မင်းကို အလွန်ပျော်ရွှင်စေသည်။
သူမ၏ ခွန်အားနှင့်ပါရမီသည် မည်မျှပြင်းထန်သည်ကို ထျန်းချီနိုင်ငံတော်တစ်ခုလုံး ရှင်းရှင်းလင်းလင်း သိပေသည်။ သူမသည် အမတနယ်မြေ၏ သမိုင်းကြောင်းတွင် ဖျောက်ဖျက်၍မရသော ဒဏ္ဍာရီတစ်ခုဖြစ်ခဲ့သည်။
ယခု သူမသည် အထက်လောကသို့ တတ်လှမ်းပြီး ၊ ပို၍ကြီးမြတ်သော ဂုဏ်ကျက်သရေကို ဖန်တီးပေတော့မည် မဟုတ်လော။
“ ထျန်းချီနိုင်ငံတော်မှာ အရေးကြီးတာ ဘာမှမရှိပါဘူး”
ပိုင်ယင်အမတဧကရာဇ်မင်းသည် ဦးညွှတ်ကာ ပြန်ဖြေကြားခဲ့သည်။
“အရာအားလုံးက ထျန်းရှီဘုရင်မကြီးရဲ့ အလိုတော်အတိုင်းပါပဲ”
ထိုစကားကိုကြားတော့ သူမသည် ဘာမှ ဆက်မပြောခဲ့ပေ။
ယခုတွင်မူ ၊ သူမ၏ သူ့နှလုံးသားထဲက ကြိုးထုံးကို ဖြေရှင်းပြီးခဲ့ပြီ ဖြစ်သည်။
ထို့နောက် သူမသည် လက်သင်္ကေတတစ်ခုကို ဖော်ဆောင်လိုက်ရာ အဆုံးမရှိသော နိယာမတရား အလင်းတန်းများသည် သူမ၏ ဘေးတဝိုက်တွင် ဝန်းရံလာခဲ့သည်။
နေ ၊ လ နှင့် နက္ခတ်တာရာများသည် သဲပွင့်များကဲ့သို့ ပေါ်ထွက်လာပြီး၊ ၎င်းတို့၌ပါဝင်သော မဟာလမ်းစဉ်၏စွမ်းအားသည် ပွက်ပွက်ဆူနေသည်။
ဤအခိုက်အတန့်တွင် လောကကြီးတစ်ခုလုံးသည် အဆိုပါတန်ခိုးစွမ်းအား၏ သက်ရောက်မှုကို ခံစားခဲ့ရပုံရသည်။
မရေမတွက်နိုင်သော တောက်ပသည့်အလင်းတန်းများစွာ ထွက်ပေါ်လာသည်။
မဟာလမ်းစဉ်၏ ကြာပွင့်ချပ်များကဲ့သို့ပင် ထျန်းရှီဘုရင်မ၏ ညွှန်ကြားမှုအောက်တွင် ၎င်းတို့သည် သူမ၏ ခန္ဓာကိုယ်ထဲသို့ ဖြည်းညှင်းစွာ စုဝေးလာခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ ထျန်းရှီဘုရင်မ၏ ကျင့်ကြံမှုအဆင့်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် မြင့်တတ်လာခဲ့သည်။
မူလက သူမ၏ ခန္ဓာကိုယ်ကို ချုပ်နှောင်ထားခဲ့သော ကွင်းဆက်များသည် ယခုအချိန်တွင် လုံး၀ ကျိုးပဲ့သွားခဲ့ပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အမတနယ်မြေ၏ အထက်လောက ၊
မဟာလမ်းစဉ်၏ နိယာမထဲတွင် လျှောက်လှမ်းနေခဲ့သော ကံကြမ္မာ အမတဧကရာဇ်မင်းသည် တစ်စုံတစ်ခုကို ခံစားမိခဲ့ပုံရသည်။
သူ၏ခြေလှမ်းများသည် ခေတ္တရပ်ဆိုင်းသွားပြီး ၊ သူသည် အနောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။ သူ၏ အမူအရာသည် တုန်လှုပ်နေခဲ့သည်။
“ ဒိီရောင်ဝါ...”
သေချာစစ်ဆေးပြီးနောက်၊ ကံကြမ္မာ ကနဦးဧကရာဇ်မင်း၏ အမူအရာသည် တစ်ဖန်ပြောင်းလဲသွားသည်။
“ လတ်စသတ်တော့ သူမပဲ....”
“ ထျန်းချီနိုင်ငံတော်ရဲ့ နှစ်ယောက်မရှိတဲ့ကံကြမ္မာ...အမတနယ်မြေရဲ့ ပထမမျိုးဆက် ကံကြမ္မာပိုင်ရှင်... ထျန်းရှီဘုရင်မ?”