← Chapters

ထျန်းဖူနန်းတော် သို့ ထွက်ခွာခြင်း

Vol. 18 Ch. 205

ထျန်းဖူနန်းတော် သို့ ထွက်ခွာခြင်း

Vol. 18 Ch. 205

အဆုံးမဲ့သော နိယာမ ကမ္ဘာ အတွင်း၌

ထန်ထျန်းက နိယာမများ၏အထက်တွင် ရပ်နေရင်း စိတ်ကို တုန်လှုပ်စေသော ထိုတွင်းနက်ကြီးကို တစ်ဖန် ပြန်လည်မြင်တွေ့လိုက်ရပြန်သည်။

တွင်းနက်ကြီးက မည်သည့်အော်ရာ ၊ မည်သည့်လှုပ်ခတ်မှုမျှမရှိဘဲ တိတ်ဆိတ်စွာ တည်ရှိနေပြီး ပတ်ဝန်းကျင်ရှိ နိယာမများကို အဆက်မပြတ် ဝါးမြိုနေ၏။

ယင်း၏အစွမ်းမှာ ထန်ထျန်း၏ နားလည်နိုင်စွမ်း နယ်ပယ်ကိုပင် ကျော်လွန်နေပြီ ဖြစ်သည်။

မည်ကဲ့သို့သော နိယာမမျိုးမဆို ၎င်း၏အနီးအနားသို့ ရောက်ရှိသွားပါက လွတ်မြောက်နိုင်ခြင်းမရှိဘဲ တိုက်ရိုက်ဝါးမြိုခြင်းကို ခံကြရသည်။

၎င်း၏ပတ်ဝန်းကျင် ဧရိယာအကျယ်အဝန်းတွင် ပြင်းထန်သော နိယာမလှိုင်းထန်မှုများ ဖြစ်ပေါ်နေပြီး ဗဟိုချက်နှင့် နီးကပ်လေလေ ပိုမိုရှုပ်ထွေးကာ ပို၍ အန္တရာယ်များလေလေ ဖြစ်သည်။

ယခုအချိန်တွင် ထန်ထျန်းပင်လျှင် အဝေးမှသာ အကဲခတ်နိုင်ပြီး အနီးသို့ စွန့်စား၍ မသွားဝံ့ပေ။

"ဒါက တကယ်တမ်း ဘာကြီးလဲ"

ထန်ထျန်း မျက်မှောင်ကြုတ်လိုက်မိသည်။

ဤနေရာက နိယာမ ကမ္ဘာ ဖြစ်သည်။

ကမ္ဘာတစ်ခု၏ အနက်ရှိုင်းဆုံးနှင့် အခြေခံအကျဆုံးသော နေရာဖြစ်သည်။

အကယ်၍ ဤနေရာတွင် ပြဿနာတစ်ခုခု ဖြစ်ပေါ်နေပါက တစ်ကမ္ဘာလုံးအပေါ် အလွန်ပြင်းထန်သော သက်ရောက်မှုများ ရှိလာပေလိမ့်မည်။

ပို၍ဖြစ်နိုင်သည်မှာ ထိုသက်ရောက်မှုများက စတင်နေပြီဖြစ်သော်လည်း ထန်ထျန်းရှိနေသည့် ဒေသမှာ ပကတိအတိုင်း ရှိနေသေးသဖြင့် မည်သည့်အရာကိုမျှ မခံစားရခြင်းသာ ဖြစ်နိုင်သည်။

သို့သော် တွင်းနက်ကြီး၏ နိယာမဝါးမြိုနှုန်းမှာ အလွန်မြန်ဆန်လှရာ တစ်နေ့တွင် တစ်ကမ္ဘာလုံး ၎င်း၏အတွင်းသို့ ကျရောက်သွားပေလိမ့်မည်။

ထန်ထျန်းက အဝေးတွင် ရပ်နေသော်လည်း တွင်းနက်ကြီး၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို အပြည့်အဝ ခံစားနေရသည်။

မည်သို့မျှ တားဆီး၍မရနိုင်ပေ။

သူ၏အနီးရှိ နိယာမများမှာလည်း သိသိသာသာပင် မျှော်လင့်ချက်မဲ့နေသည့် ခံစားချက်များကို ပြနေကြသည်။

၎င်းတို့က ထန်ထျန်းထံမှ အကူအညီ တောင်းခံနေသကဲ့သို့ ရှိနေသလို ဤနေရာမှ အမြန်ဆုံးထွက်ခွာရန်နှင့် ထိုကြောက်မက်ဖွယ်အရာအနီးသို့ ဆက်လက်မတိုးရန် သတိပေးနေကြသကဲ့သို့လည်း ရှိနေသည်။

ထန်ထျန်းမှာ ဆိတ်ဆိတ်သာ နေလိုက်၏။

သူ၏ ပါရမီနှင့် ခန္ဓာမှာ အတောင့်တင်းဆုံး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူက အစစ်အမှန် အင်မော်တယ်တစ်ဦးသာ ရှိသေးသည်။

ရှေ့မှ နားမလည်နိုင်၊ အနီးမကပ်နိုင်၊ စူးစမ်း၍မရနိုင်သော နိယာမတွင်းနက်ကြီးအား ရင်ဆိုင်ရန် မည်သည့်နည်းလမ်းမျှ မရှိသေးပေ။

ဖြစ်နိုင်သည်မှာ နိယာမများ၏အထက် တည်ရှိမှုတစ်ခု အမှန်တကယ် ဖြစ်လာမှသာ ယခုကဲ့သို့ လက်မှိုင်ချနေရသည့် အခြေအနေမှ လွတ်မြောက်နိုင်ပေလိမ့်မည်။

အချိန်အတော်ကြာပြီးနောက် သူက ခပ်တိုးတိုး သက်ပြင်းချကာ လှည့်ထွက်လာခဲ့သည်။

ဤနိယာမတွင်းနက်ကြီးမှာ လက်ရှိ သူ အလွယ်တကူ ဖြေရှင်းနိုင်မည့် အရာမဟုတ်သေးပေ။

သို့သော် သတင်းကောင်းမှာ သူက ဟင်းလင်းပြင် သားတော် ဖြစ်လာပြီး ဟင်းလင်းပြင် ခန္ဓာကို ပိုင်ဆိုင်လိုက်သည့်နောက်တွင် ဤနိယာမ ကမ္ဘာ ထဲသို့ စိတ်ကြိုက် လာနိုင်ပြီ ဖြစ်သည်။

နောင်တွင် နည်းလမ်းတစ်ခုခု ရလာပါက သို့မဟုတ် သဲလွန်စများ တွေ့ရှိပါက ၎င်းကို ဖြေရှင်းနိုင်မလားဆိုသည်ကို ပြန်လာကြည့်ရပေမည်။

အဆုံးတွင် ဤသည်မှာ တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်သည်။

ကမ္ဘာပေါ်ရှိ ထိပ်သီး တည်ရှိမှုကြီးများကကော ဤအခြေအနေကို သိရှိကြပါ့မလားဟု သူ တွေးတောနေမိသည်။

နိယာမ ကမ္ဘာ မှ ထွက်လာပြီးနောက် ထန်ထျန်းက သူ၏ ကျင့်ကြံခန်းသို့ ပြန်ရောက်လာခဲ့သည်။

ခဏမျှ စဉ်းစားပြီးနောက် ဤကိစ္စကို စိတ်ထဲတွင် ခဏ သိမ်းထားလိုက်သည်။

ထိုတွင်းနက်ကြီးက ဘာကိုပဲ ကိုယ်စားပြုနေပါစေ၊ ဆက်လက် ကျင့်ကြံပြီး တိုးတက် လာရန်မှာသာ အရေးကြီးဆုံး ဖြစ်သည်။

ကမ္ဘာကြီး ပျက်စီးသွားလျှင်ပင် အနည်းဆုံး သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း ရှိရပေမည်။

ထို့ပြင် ဤကဲ့သို့သော အခြေအနေမျိုးတွင် ဘေးကင်းစွာ ခိုလှုံနိုင်မည့် နေရာတစ်ခု ရှိရန်မှာလည်း အလွန် အရေးကြီးလာသည်။

"ကြည့်ရတာ ဥကြီးထဲက ကမ္ဘာငယ် တည်ဆောက်ရေးကိုလည်း အလေးထားရတော့မယ်"

ထန်ထျန်းက မေးစေ့ကို ပွတ်ရင်း စဉ်းစားနေမိသည်။

.....

နောက်တစ်နေ့ နံနက်စောစော၊ ခရမ်းရောင်ဝါးခြံဝင်းအတွင်း

ထန်ထျန်းနှင့် ယွင်ခုံးတို့နှစ်ဦး မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

ယနေ့က ချင်းယွဲ့ဂိုဏ်းမှ ထွက်ခွာပြီး ထျန်းဖူနန်းတော် သို့ သွားရမည့်နေ့ ဖြစ်သည်။

တစ်ပြိုင်တည်းမှာပင် ထန်ထျန်းက ဂိုဏ်းချုပ်ရာထူးကို ချီယွမ်ထံ တရားဝင် လွှဲပြောင်းပေးရမည့် အချိန်လည်း ဖြစ်သည်။

"မင်း တကယ်ပဲ ဒီခဲရာခဲဆစ် ရထားတဲ့ ရာထူးကို စွန့်လွှတ်တော့မှာလား"

" ထျန်းဖူနန်းတော် မှာ သွားပြီး တိုးတက် အောင် လုပ်မယ်ဆိုရင်တောင် ဒီအဆင့်အတန်း ရှိနေတာက အကျိုးကျေးဇူးတွေ ရှိမှာ"

ယွင်ခုံးက ပြောသည်။

ထန်ထျန်းက ခပ်အေးအေးပင် ပြုံးလိုက်ပြီး "တောင်ထိပ်သခင် ချီက ဒီရာထူးနဲ့ မသင့်တော်ဘူးလို့ ထင်နေတာလား"

ယွင်ခုံးက တစ်ချက် မှင်တက်သွားပြီးနောက် လက်ကာပြကာ ပြုံး လိုက်ရင်း "အဲ့လိုတော့ မဟုတ်ပါဘူး"

" ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် မင်းက ဒီရာထူးမှာ ရှိနေတာက ပိုပြီးတော့ ကောင်းမယ်လို့ ငါ ယူဆလို့ပါ"

ထန်ထျန်းက ချီယွမ်နှင့် ယှဉ်လျှင် ပထမအချက်မှာ သူတို့နှစ်ဦး၏ ကြွယ်ဝ မှုမှာ အဆင့်တစ်ခုတည်း မဟုတ်ပေ။

ဂိုဏ်းတစ်ခုအတွက် ငွေကြေးအာမခံချက် ရှိနေခြင်းက ပို၍ ကောင်းမွန်သည်မှာ သေချာသည်။

ထန်ထျန်းက ခေါင်းခါလိုက်ပြီး "ကျွန်တော် က ဂိုဏ်းတစ်ခုကို စီမံခန့်ခွဲဖို့ မသင့်တော်ဘူး"

"အာဏာရှိသူ တစ်ယောက် ဖြစ်လာဖို့ထက် ကျွန်နော့် ရဲ့ ကိုယ်ပိုင်ခွန်အားကိုပဲ ပိုပြီး အာရုံစိုက်ချင်တယ်"

" အတွင်းနတ်ဆိုးကို ဖယ်ရှားပြီးသွားတဲ့ ချီယွမ်က ပိုပြီး သင့်တော်တဲ့ ရွေးချယ်မှုပဲ၊ ကျွန်တော့် ကို ယုံလိုက်ပါ"

သူနှင့် ချီယွမ်နှစ်ဦးမှလွဲ၍ ဝါးတော တာအိုဆရာ က ချီယွမ်ထံ မည်သို့သော မှာကြားချက်များ ချန်ထားခဲ့သည်ကို အခြားသူများ မသိကြပေ။

ထန်ထျန်းက ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားသည်ကို တွေ့ရသောကြောင့် ယွင်ခုံးလည်း ဆက်လက် မတိုက်တွန်းတော့ဘဲ နောက်ဆုံး လွှဲပြောင်းမှု လုပ်ငန်းစဉ်များကို အပြီးသတ်လိုက်ကြသည်။

အလုပ်ကိစ္စများ ပြီးသွားသောအခါ ယွင်ခုံးက သက်ပြင်းတစ်ချက်ချ၍ အဝေးသို့ ကြည့်ကာ "ဒီနေ့ နေ့လယ်ဆိုရင် မင်းတို့ ထျန်းဖူနန်းတော် ကို သွားရတော့မယ်"

" တစ်ချိန်က အဲ့ဒီနေရာက ငါ့ရဲ့ အိမ်မက်တွေ ရှိရာနေရာပဲ"

" ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ငါ ဒီမှာပဲ ကျန်ရစ်ခဲ့ရတယ်"

ယွင်ခုံးက သက်ပြင်းချလိုက်သည်။

ထန်ထျန်းက "ဂိုဏ်းက မင်းကို ပိုပြီး လိုအပ်တယ်"

"မင်းမရှိရင် အခုလို တိုးတက် လာမှာ မဟုတ်ဘူး"

ယွင်ခုံးမှာ အလွန် အရည်အချင်းရှိသူ ဖြစ်ပြီး မွေးရာပါ စီမံခန့်ခွဲသူတစ်ဦးဟု ဆိုနိုင်သည်။

သို့သော် ထို့ကြောင့်ပင် သူက ကျင့်ကြံသူတစ်ဦး၏ အခြားလမ်းစဉ်တစ်ခုကို လက်လွတ်ခဲ့ရသည်။

မည်သည့်လမ်းက ပိုကောင်းသည်ဟု မပြောနိုင်သော်လည်း ဤသည်မှာ ကံကြမ္မာ၏ စီမံမှုသာ ဖြစ်သည်။

ယွင်ခုံးက ခကမျှ ငြိမ်သက်စွာ ကြည့်နေပြီးနောက် ခေါင်းခါကာ ပြုံးလျက် "ငါလည်း အမှတ်တရအနေနဲ့ ပြောကြည့်တာပါ"

"ထျန်းဖူနန်းတော် က ပါရမီရှင်တွေ စုဝေးရာနေရာဆိုတော့ ငါ တကယ်သွားခဲ့ရင်တောင် သာမန်လူတစ်ယောက် ဖြစ်သွားမှာ"

"ဒါပေမဲ့ သခင်လေးထန်ရဲ့ ပါရမီနဲ့ ခွန်အားနဲ့ဆိုရင် မင်းက ဘယ်နေရာမှာပဲဖြစ်ဖြစ် တောက်ပနေမှာပဲ"

" ထျန်းဖူနန်းတော် လို နေရာမျိုးတောင် မင်းကို ဖုံးထားနိုင်မှာ မဟုတ်ဘူး"

ထန်ထျန်းက ပခုံးတွန့်လိုက်ပြီး ဘာမှ ပြန်မပြောပေ။

ယခု သူက အစစ်အမှန် အင်မော်တယ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

၎င်းအပြင် ဟင်းလင်းပြင် သားတော်၊ ဟင်းလင်းပြင် ခန္ဓာနှင့် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော နည်းလမ်းများစွာ ရှိနေပြီဖြစ်ရာ ဤကမ္ဘာ တွင် သူ့ကို ယှဉ်နိုင်သော တည်ရှိမှုမှာ များများစားစား မရှိတော့ပေ။

ဤသည်မှာ ထောင်လွှားခြင်း မဟုတ်ဘဲ အမှန်တရားသာ ဖြစ်သည်။

"ရောက်ရင် သိရမှာပေါ့"

"ကျွန်တော် လည်း တကယ့် ပါရမီရှင်တွေနဲ့ စောစောစီးစီး တွေ့ချင်နေပြီ"

ထန်ထျန်းက ပြောသည်။

ယွင်ခုံးက ပြုံး၍ "မကြာပါဘူး"

" ဒီတစ်ခေါက် ထျန်းဖူနန်းတော် ကို သွားတဲ့အခါ တည်နေရာကူးပြောင်း အစီအရင်ကို မသုံးပေမဲ့ ချင်းယွဲ့သင်္ဘောပျံ ရဲ့ အရှိန်ကလည်း အရမ်းမြန်ပါတယ်"

"တစ်လလောက်ဆိုရင် ထျန်းဖူနန်းတော် ရဲ့ အဝင်ဝကို ရောက်မှာပါ"

"အဲ့ဒီကျရင် မင်းတို့ စမ်းသပ်မှုအချို့ကို ဖြတ်ကျော်ရလိမ့်မယ်၊ ဒါက ထျန်းဖူက မင်းတို့ရဲ့ ခွန်အားကို စစ်ဆေးတာပဲ"

" တကယ်တမ်း ထျန်းဖူနန်းတော် ထဲ ရောက်သွားရင်လည်း နဂါးတံခါး မှာ ဒုတိယအကြိမ် ထပ်ပြီး စစ်ဆေးခံရဦးမယ်"

"အဲ့ဒါက ကျင့်ကြံသူတစ်ယောက်ရဲ့ အလားအလာကို စစ်ဆေးတဲ့ အရာပဲ၊ အသက်၊ ကျင့်ကြံမှုအဆင့်၊ ပါရမီ၊ ခန္ဓာ စတာတွေ အားလုံးကို စစ်ဆေး တာ"

"အဲ့ဒီအခါကျရင် လူတစ်ယောက်ချင်းစီရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး မင်းတို့ရဲ့ စတင်ရမယ့် အခြေအနေကို ထျန်းဖူနန်းတော် က သတ်မှတ်ပေးလိမ့်မယ်၊ ထူးချွန်တဲ့ ပါရမီရှင် အများစုက နဂါးတံခါးကနေစပြီး ကောင်းကင်ကို ပျံတက်သွားကြတာပဲ"

ထန်ထျန်းက ခေါင်းညိတ်လိုက်သည်။

သူသည် ယခင်က ဝမ်ကျိယွီထံမှ ဤအကြောင်းကို ကြားဖူးပြီး ဖြစ်သည်။

သူကိုယ်တိုင်လည်း ထိုအချိန်တွင် မည်သို့သော စွမ်းဆောင်ရည်မျိုး ပြသနိုင်မည်ကို မျှော်လင့်နေမိသည်။

ခဏမျှ ဆက်လက် စကားပြောပြီးနောက် ယွင်ခုံးမှာ နှုတ်ဆက်ကာ ထွက်သွားသည်။

ထန်ထျန်းက ခဏမျှ ငြိမ်သက်စွာ ထိုင်နေပြီးနောက် ဝမ်ကန်း၏ သတင်းပို့ ကျောက်စိမ်းပြားကို ဖွင့်လိုက်သည်။

သူက ထွက်သွားတော့မည်ဖြစ်ပြီး နောက်ဆုံးအဆင့် ပါရမီနှင့် ခန္ဓာတို့ကိုလည်း ရရှိပြီးပြီဖြစ်ရာ ကုန်သွယ်ရေးအသင်း၏ ရူးသွပ်စွာ ချဲ့ထွင်နေမှုကို အရှိန်လျှော့ရန် အချိန်တန်ပြီ ဖြစ်သည်။

သို့သော် လုံးဝ တည်ငြိမ်သွားသည့်အခါမှ ပုံမှန်အတိုင်း ပြန်လည် ချဲ့ထွင်သွားရန်နှင့် အမာခံ လူအချို့ကို ထျန်းဖူနန်းတော် ဘက်သို့ ခေါ်လာရန် မှာကြားလိုက်သည်။

ထန်ထျန်းက သုံးစွဲမှုအမှတ် ရရှိနိုင်မည့် အရင်းအမြစ်ကို လက်လွှတ်မည် မဟုတ်ပေ။

ပါရမီနှင့် ခန္ဓာအပြင် သူက ဉာဏ်အလင်းပွင့်ခြင်း များအတွက်လည်း သုံးစွဲမှုအမှတ်များစွာ လိုအပ်သေးသလို စနစ်ထဲတွင်လည်း ပို၍ ကြောက်မက်ဖွယ်ကောင်းသော ရတနာများ ရှိနေသေးသည်။

အရာအားလုံး ပြီးစီးသောအခါ ထန်ထျန်းက လီဟုန်နှင့် ရှောင်းရွှယ်တို့ကို ခေါ်ကာ ပစ္စည်းများ သိမ်းဆည်းပြီး ခရမ်းရောင်ဝါးခြံဝင်းမှ ထွက်လာခဲ့သည်။

ဤနေရာကို ထန်ထျန်းက ဝယ်ယူထားပြီး ဖြစ်သဖြင့် သူမှလွဲ၍ မည်သူမျှ ခွင့်ပြုချက်မရှိဘဲ ဝင်၍မရပေ။

တစ်နေ့နေ့တွင် သူက ဤနေရာသို့ ပြန်လာပြီး အေးအေးလူလူ နေထိုင်သွားကောင်း နေထိုင်ပေလိမ့်မည်။

မွန်းတည့်အချိန်

ချီယွမ်ကို နှုတ်ဆက်ပြီးနောက် ထန်ထျန်းက ချင်းယွဲ့ဂိုဏ်း၏ သီးသန့်သင်္ဘောပျံပေါ်သို့ တက်လိုက်သည်။

မကြာမီမှာပင် သင်္ဘောပျံကြီးက ဖြည်းညှင်းစွာ မြင့်တက်လာပြီး ထျန်းဖူနန်းတော် တည်ရှိရာ အရပ်ဆီသို့ အမြန်နှုန်း ဖြင့် ပျံသန်း ထွက်သွားလေတော့သည်။

All Chapters