← Chapters

မဟာတိုက်ပွဲ ပေါ်ပေါက်ခြင်း

Vol. 47 Ch. 642

မဟာတိုက်ပွဲ ပေါ်ပေါက်ခြင်း

Vol. 47 Ch. 642

ဝှစ်

သွေးညအကြောက်တရား ပင်လယ်၏ မြောက်ဘက်ခြမ်းရှိ လေဟာနယ်ကို လူရိပ်တစ်ရိပ်က ဖြတ်ကျော်သွားပြီး ယင်းက အရှေ့ပိုင်း တော်ဝင်နယ်မြေ၏ ရေစက်နားတွင်ဖြစ်သည်။ အရိပ်က လှပသည့် အမျိုးသမီးတစ်ဦးဖြစ်ကာ သူမနှင့်အတူ အနီရောင်ဆံနွယ် အမျိုးသားကို တစ်ပါထဲခေါ်လာသည်။ ထိုအမျိုးသမီးက အမြန်ဆုံးအရှိန်ဖြင့် ခရီးနှင်နေပြီး မျက်တောင်တစ်ခတ်အတွင်း ပင်လယ်ဧရိယာ မိုင်ရာချီကို ဖြတ်ကျော်သွားသောကြောင့် လေနှယ်ဖြစ်နေတော့သည်။

“ဟုတ်ပြီ အရှေ့ပိုင်း တော်ဝင်နယ်မြေက ဒီနဲ့သိပ်မဝေးလောက်ဘူး”

ရောင်စုံဖီးနစ် သရဖူကို ဆောင်းထားပြီး အထက်တန်းလွှာ အရှိန်အဝါတို့ ရစ်ဝဲနေသည့် အမျိုးသမီးက ကျွန်းလေးတစ်ကျွန်းပေါ်၌ ရပ်တန့်လိုက်ကာ သူမသည် မြန်ဆန်စွာ ကျင့်ကြံနေသည့် ပုံစံဖြင့် မြန်မြန်ဆန်ဆန်ပင် သူ၏ခန္ဓာကိုယ်က အေးမြသောလေတို့ ပေါ်ထွက်လာသည်။ လက်ထဲ၌ ဧကရီနန်းတော် ဖျတ်ခနဲပေါ်လာပြီး သူကမိုင်တစ်သန်းကို စစ်ဆေးကြည့်ပြီးနောက် အန္တရာယ် မရှိကြောင်း အတည်ပြုလိုက်ပြီး လက်ထဲတွင် အလင်းတန်း ဖျတ်ခနဲပေါ်လာလျက် ဧကရီနန်းတော် ပေါ်ထွက်လာသည်။ သူ၏လက်ဖဝါးထဲ၌ ရွှေရောင်ချိတ်လေးသုံးခုက ပေါ်လာပြီး လူသုံးဦး၏ နဖူးဆီသို့ အသီးသီးဝင်သွားသည်။

“ဝိညာဉ်ချိပ်လား”

ချီလောင်၊ ကျူးဆွေ့နှင့် ကူလောင်တို့ကလည်း စိတ်လှုပ်ရှားစွာ အော်လိုက်ကြသည်။ အလိုလိုပင် သူတို့က ကြောက်လန့်တကြား တလေးတစား အရိုအသေ ပေးလိုက်၏။

“ကျေးဇူးပါအရှင်”

“အဓိပ္ပာယ်မရှိတာတွေ လျှော့ပြော။ အမြန်ဆုံးအရှိန်နဲ့ အရှေ့ပိုင်း တော်ဝင်နယ်မြေဆီ ချက်ချင်းပြန်ကြ။ ပြီးရင် ပန်းရဉ်နယ်မြေကိုပြန်ဖို့ တွေးကြ။ မှတ်ထားအုံး ငါတို့ကိစ္စကို ဖော်ရဲမယ်ဆိုရင် နောက်ဆက်တွဲကို သိထား။ မြန်မြန်ပြေး... လိုက်နေတဲ့သူတွေ ရောက်လာတော့မယ်။ နှောင့်နှေးနေမယ်ဆိုရင် ထွက်သွားနိုင်လောက်မှာ မဟုတ်ဘူး။ အရှေ့ပိုင်း တော်ဝင်နယ်မြေမှာ ရှီးမျိုးနွယ်စုဝင်တစ်ယောက်ကို ပစ်ချထားခဲ့။ သူ့ထိုက်နဲ့သူ့ကံပဲ”

ကျန်းရီက လက်ဝှေ့ယမ်းလိုက်၏။ ချီလောင်နှင့် ကူလောင်တို့ကလည်း လက်နှစ်ဖက်ဖြင့် အရိုအသေ ပေးပြီးနောက် ကျူးဆွေ့နှင့် ဒုက္ခိတဖြစ်သွားသော ရှီးမျိုးနွယ်စု၏ သိုင်းပညာရှင်ကိုခေါ်ပြီး ကောင်းကင်ထဲ ပျံသန်းသွားတော့သည်။ မြန်မြန်ဆန်ဆန်ပင် မိုးကုပ်စက်ဝိုင်းကနေ သူတို့ ပျောက်ကွယ်သွားတော့၏။ ဖုန်းလန်က မျက်မှောင်ကြုတ်လိုက်သည်။

“သခင်လေး သခင်လေးက ကောင်းလွန်းတယ်။ သူတို့ကို မလွှတ်ပေးသင့်ဘူး”

“ဟား ဟား ယောကျာ်းတစ်ယောက်ဆိုတာ သူ့စကားကို အမှန်အတိုင်းလုပ်ပြီး ကတိတည်ရမယ်”

ကျန်းရီက ပြုံးလိုက်သည်။

“ဒါ့အပြင် ရှီးဖေးနှင့် တစ်ခြားသူတွေကလည်း ဘာပဲဖြစ်ဖြစ် သိမှာပဲလေ။ ဒါကြောင့် သူတို့ အဖမ်းခံရရင်တောင် ငါတို့အတွက် မထိခိုက်စေဘူး”

“အင်း”

ဖုန်းလန်သည် ခေါင်းအနည်းငယ် ညိတ်လိုက်ပြီးနောက်  အနောက်အရပ်ဆီသို့ ကြည့်လိုက်သည်။

“တစ်နာရီတောင် ရှိသွားပြီ သူတို့ရဲ့ ကျန်းရှင်းကျားတွေက ငါတို့တည်နေရာကို ရှာတွေ့နိုင်လောက်ပြီမလား။ ရှန်းဝမ်တာ့ရှီးက အခုလောက်ဆို လေဟာနယ် ရှေးလမ်းကြောင်းတစ်ခုကို ဖွင့်နေလောက်ပြီဆိုတာ ယုံတယ်”

“သွားကြမယ်”

ကျန်းရီက လက်ဝှေ့ယမ်းလိုက်ပြီး ဖုန်းလန်သည် သူ့ကိုသယ်လျက် ပျံသန်းသွားတော့သည်။ သူသည်လည်း ပျံသန်းနိုင်သော်ငြား ဖုန်းလန်၏ အရှိန်နှင့်ယှဉ်လျှင် သူ၏အရှိန်က နှေးလွန်းသည်။ ထို့အပြင် လူတစ်ယောက် ပိုပါနေခြင်းက သိုင်းပညာရှင်တစ်ဦး၏ အရှိန်ကို မထိခိုက်စေပေ။ ထို့ကြောင့်သူက ဖုန်းလန်ကိုသူ့အား သယ်ခွင့်ပေးထားတာပဲဖြစ်သည်။

နှစ်ယောက်သားက ကောင်းကင်ကို ဖြတ်ကျော်လျက် ဖြောင့်မှန်သည့် လမ်းအတိုင်း တောင်ဘက် အရပ်မျက်နှာဆီသို့ ပျံသန်းလာသည်။ ကျန်းရီက ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လျက် သူ့ကိုယ်ပေါ်ရှိ မီးဝိညာဉ်သံချပ်ကာကလည်း ခန္ဓာကိုယ် အပေါ်ယံတွင် ပေါ်ထွက်လာသည်။ သူ၏လက်က အဖြူရောင် ရောင်ခြည်များ တလက်လက် ပေါ်လာလျက် အချိန်မရွေး ထွက်ပြေးရန် ပြင်ဆင်ထားလေ၏။

အချိန်က တတိတိ ကုန်ဆုံးသွားသည်။ တစ်နာရီမပြည့်မီ၌ နှစ်ယောက်သားသည် ပင်လယ်ကို မိုင်နှစ်သိန်းကျော် ဖြတ်ကျော်ပြီးပြီဖြစ်သည်။ ဧကရီနန်းတော် ဖျတ်ခနဲပေါ်လာပြီး ရွှေရောင်မျောလွင့်နဂါး ဧကရာဇ် ပေါ်လာချိန်တွင် ကျန်းရီက ရပ်တန့်လိုက်၏။ သူက သုန်မှုန်စွာ အော်ပြောလိုက်တော့သည်။

“ရွှေရောင်မျောလွင့်နဂါး ပတ်ဝန်းကျင်ကို သွားစစ်ဆေးကြည့်။ ငါတို့တွေက မဟူရာကင်းမွန် နတ်ဆိုးဧကရာဇ်ရဲ့ နယ်မြေနားမှာလား။ ဟုတ်တယ်ဆိုရင် ငါတို့အစီအစဉ်အတိုင်း ချက်ချင်း လှုပ်ရှားကြမယ်”

ရွှေရောင်မျောလွင့်နဂါး နတ်ဆိုးဧကရာဇ်သည် ပင်လယ်ထဲသို့ ခုန်ဝင်သွားပြီး ကျန်းရီက ဖုန်းလန်ကို လေထဲပျံဝဲရန် အမိန့်ပေးလိုက်၏။ သူကလေထဲ စစ်ဆေးရန်အတွက် ကောင်းကင်သိမြင် နားလည်ခြင်းကို ထုတ်ဖော်လိုက်သည်။

၁၅မိနစ်ခန့် ကြာပြီးနောက် သူကမျက်လုံး ဖွင့်လိုက်တော့သည်။

“သူတို့ဒီမှာ အယောက်လေးဆယ်လောက် ရှိမယ်။ ဒီနဲ့မိုင်ထောင်ချီ ဝေးတယ်။ သူတို့ထဲမှာ အလွန်ကြောက်ဖို့ကောင်းတဲ့ သိုင်းပညာရှင် တစ်ယောက်လည်းပါတယ်။ အဲ့ဒီလူက ကောင်းကင်ဧကရာဇ်နယ်ပယ် အမြင့်ဆုံးအဆင့်မှာ ရှိလောက်တယ်။ သူကငါ့ရဲ့ ကောင်းကင်သိမြင် နားလည်ခြင်းကို အာရုံခံနိုင်တယ်ဆိုတော့လေ”

ဖုန်း ဖုန်း ဖုန်း

ထိုစဉ် ရွှေရောင်အရိပ်သည် ပင်လယ်ထဲမှ ပေါ်ထွက်လာ၏။ ရွှေရောင်မျောလွင့်နဂါးက အသံပို့လိုက်တော့၏။

“အရှင် မြန်မြန်ပြေး မဟူရာကင်းမွန်က လိုက်လာနေပြီ။ သူတို့မျိုးနွယ်စုရဲ့ အဖွဲ့ဝင် (၁၂)ယောက်လောက်ကို သတ်ခဲ့တာ”

ဘီး

ကျန်းရီ၏လက်ထဲ ဧကရီနန်းတော် ဖျတ်ခနဲ ပေါ်လာပြီး သူကဖုန်းလန်နှင့် ရွှေရောင်မျောလွင့်နဂါးကို ထည့်လိုက်၏။ ပြီးနောက် တက်စွမ်းသလောက် ကောင်းကင်စိတ်အာရုံကို အသုံးပြုပြီး လေထဲတွင် မလှုပ်မယှက် ရပ်နေတော့သည်။ သူ၏နှုတ်ခမ်းထက်၌ အပြုံးတစ်ပွင့် ပေါ်လာတော့၏။

ဝှစ် ဝှစ် ဝှစ်

ကျန်းရီက မီးနဂါးဓားကို ဆွဲထုတ်လိုက်ပြီး သူ့ရှေ့သို့ အကြိမ်ရေအနည်းငယ် လွှဲခုတ်လိုက်သည်။ မီးနဂါးထောင်ချီက ကောင်းကင်ကိုချက်ချင်း ပိုင်းဖြတ်သွားပြီး ဧကရာဇ်ကိုးပါး၏ နဂါးမီးလျံများသည် တစ်ဝီဝီ ပေါ်ထွက်လာ၏။ ၎င်းကသူတို့နားရှိ ပင်လယ်ရေများကို ငွေ့ရေပျံသွားစေပြီး ကောင်းကင်ကို မြူများဖြင့် လွှမ်းသွားစေသည်။ ၎င်းသည် ပတ်ဝန်းကျင်ကို ကာပေးပြီး သူတို့ရှေ့ရှိ မြင်ကွင်းကို ပျောက်ကွယ်သွားစေ၏။

“ဝူး”

“ခူး ခူး”

ပင်လယ်နတ်ဆိုးများ၏ နာကျင်စွာ အော်သံများသည် သမုဒ္ဒရာအောက်၌ ပဲ့တင်သံ ထပ်နေတာကို ကြားနေရ၏။ ချက်ချင်းပင် ပင်လယ်ဒေသ တစ်ခုလုံးက အလွှာထောင်ချီ လှိုင်းများဖြင့် ပြည့်လာပြီး မရေမတွက်နိုင်သည့် ပင်လယ်နတ်ဆိုးများက ကျန်းရီဆီသို့ ဦးတည်ဝင်ရောက်လာသည်။ တစ်ချက်ထဲဖြင့် အနည်းဆုံး အကောင်ရေထောင်ချီ ရှိသည်။

“လူသား သေပေတော့”

ဟိန်းသံတစ်သံသည် လူတစ်ယောက်၏ ဝိညာဉ်ကို ပေါက်ကွဲသွားစေနိုင်၏။ ပင်လယ်ရေ၏ မိုင်ချီ၌ လှိုင်းလုံးများသည် တစ်လိမ့်လိမ့်တက်လာပြီး ကြီးမားသည့် အနက်ရောင် ခေါင်းကြီးသည် ၎င်း၏ ဆိုးရွားသော သွင်ပြင်နဲ့အတူ တစ်စိတ်တစ်ပိုင်း ပေါ်လာ၏။ ဒေါသက သူ၏ကြီးမားသည့် အပြာရောင် မျက်လုံးအတွင်း မြင်နေရပြီး ခေါင်းထက်၌ လက်တံများက သေမင်း၏ ဝိညာဉ်နှောင်ကြိုး ကြာပွတ်ကဲ့သို့ ဝှေ့ယမ်းနေကာ သူတို့အားလုံးက အပြာရောင် အလင်းတန်းများ ဖြာထွက်နေလေ၏။

“ပြေး”

ကျန်းရီက တစ်ချက် ကြည့်လိုက်ပြီး သူ၏ခန္ဓာကိုယ် တောင့်တင်းသွားလေသည်။ သူ့ကိုယ်က အဖြူရောင်အလင်းတန်းဖြင့် ဖျတ်ခနဲ လှုပ်ရှားသွားပြီး လမ်းကြောင်းတစ်ခုဆီသို့ အမြန်ဆုတ်လိုက်သည်။ သူထွက်ပြေးနေစဉ် အော်လိုက်၏။

“ကျုပ်ရဲ့အရှင်... မဟူရာ ကင်းမွန်နတ်ဆိုးဧကရာဇ် ဒီရောက်နေပါပြီ။ လာပြီးသူ့ရဲ့ ကင်းမွန်အူတွေကို ဖျက်ဆီးပြီး ကင်းမွန်အမြုတေကို ဆွဲထုတ်”

ဝှစ်

မရေမတွက်နိုင်သည့် အရိပ်များစွာက ပေါ်ထွက်လာ၏။ သူတို့သည် မိုင်ရာချီ ကွာဝေးနေသည့်တိုင် လက်ကြီးတစ်ဖက်က ပေါ်ထွက်လာပြီး မိုင်ရာချီ အကွာကနေ လေဟာနယ် ကြိမ်နှုန်းများစွာကို တကွဲတပြား ဖြစ်သွားစေ၏။ မိုင်တစ်ထောင် ပတ်လည်အတွင်း၌ လေဟာနယ် နယ်မြေတစ်ခုသည် မြင့်မားသော ပင်လယ်လှိုင်းများသဖွယ် ပေါ်ထွက်လာတော့၏။

“သေစမ်း”

မူလက ကျန်းရီသည် ပိုနီးအောင် သွားချင်ခဲ့သည်။ သို့သော် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းဆောင်ရည်ကို မြင်သည့်အချိန်၌ သူ၏နေရာတွင် မည်ကဲ့သို့ နေရဲတော့မည်နည်း။ လေဟာနယ် နယ်မြေက ကန့်သတ်ခံလိုက်ရလျှင် သူကလှောင်အိမ်အတွင်းရှိ ငှက်တစ်ကောင်ပမာ သေဖို့သာ စောင့်နေရမှာပဲဖြစ်သည်။

“ကောင်းကင်ရှောင်တိမ်းခြင်း”

သူက နက်ရှိုင်းစွာ အော်လိုက်ရာ သူ၏လက်နှစ်ဖက်မှာ အဖြူရောင်အလင်းတန်းများ သိမ်မွေ့စွာ ပေါ်ထွက်လာ၏။ လေဟာနယ်ကို အက်ကွဲကြောင်းတစ်ခု ပေါ်စေလျက် ခန္ဓာကိုယ်သည် လျှပ်စီးသဖွယ် ပြောင်းလဲပြီး အထဲသို့ ဝင်သွားတော့သည်။ လေဟာနယ် ကြိမ်နှုန်းက ၎င်း၏လမ်းအတိုင်း ပြန့်ကားသွားပြီး အက်ကွဲကြောင်းက ပျောက်ကွယ်သွားနှင့်ပြီဖြစ်သည်။

ဝှစ် ဝှစ်

ပင်လယ်ဒေသထဲမှ ပင်လယ်နတ်ဆိုးများသည် ပေါ်ထွက်လာလေ၏။ သူတို့က အတော်မသတ်နိုင်ပေ။ ပင်လယ်နတ်ဆိုး မည်မျှများမှန်း မသိရပေ။ ထို့အပြင် သူတို့ထဲ၌ နတ်ဆိုးဘုရင် တစ်ရာကျော်ရှိ၏။ မူလက ဤပင်လယ်နတ်ဆိုးသည် ကျန်းရီကို ရှာတွေ့ပြီဖြစ်သည်။ ယခုကျန်းရီက ပျောက်ကွယ်သွားပြီး လူရိပ်(၁၂)ရိပ်ခန့်က ပျံသန်းလာလေရာ ထိုနတ်ဆိုးများက ရောက်လာသည့် လူသားများဆီသာ အာရုံစိုက်ကြတော့သည်။ သူတို့က မတူညီသည့် ကြောက်မက်ဖွယ်ကောင်းသော အော်သံများကို ထုတ်လျက် တစ်ပြိုင်နက်ထဲ တိုက်ခိုက်ကြတော့သည်။

ရွှီး ရွှီး

ခြေတံတိုတိုလေးများရှိသည့် ဧရာမ ငမန်းတစ်စုက ပစ်မှတ်ထားသည့် ဧရိယာကို ရေများ လှိုင်းများဖြင့် ပစ်ထုတ်လိုက်ကြသည်။ မျှားထောင်ချီက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို သယ်ဆောင်ထားလျက် လူသားများဆီသို့ ဝင်ရောက်သွားတော့သည်။

ချီ ချီ

ပင်လယ်ငါးကဲ့သို့ စာလုံးမှ အဝါရောင် မီးခိုးများက ပေါ်ထွက်လာပြီး ၎င်းက ပတ်ဝန်းကျင် နေရာလပ်ကို လွှမ်းခြုံသွားသည်။ အဝါရောင် အငွေ့များက အဆိပ်ဖြစ်ကြောင်းပြောရန် လုံလောက်ပေသည်။ ထို့အပြင် ၎င်းက လျင်မြန်စွာ ပြန့်ကားသွား၏။ မျက်တောင်တစ်ခတ်စာ အနည်းငယ်အတွင်း မိုင်တစ်ရာပတ်လည်ကို လွှမ်းခြုံသွားပြီဖြစ်သည်။

လွန်း လွန်း...

ကြံ့များနှင့် ဆင်တူသည့် ပင်လယ်နတ်ဆိုးများလည်းရှိပြီး သူတို့က အော်သံများ ဆက်တိုက် ထုတ်ဖော်တော့၏။ ထိုအော်သံက လူ့ဦးနှောက်အတွင်း ရိုက်ခတ်စေကာ လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို အပ်များဖြင့် ထိုးနေသည့်ပမာ နာကျင်စေသည်။ အံ့သြဖွယ် ကောင်းလောက်အောင်ပင် ယင်းက စိတ်ဝိညာဉ် တိုက်ခိုက်မှုဖြစ်သည်။

“ထွက်သွား”

မလှမ်းမကမ်းကနေ လူရိပ်တစ်ဒါဇင် ပေါ်ထွက်နေပြီး အံ့သြနေလျက် သူတို့ကို ဦးဆောင်လာသည့်လူက ရှီးမျိုးနွယ်စု၏ ဖုန်းရှန်ကျဲဖြစ်သည်။ သူသည် လေဟာနယ် နယ်မြေကို ကန့်သတ်ချင်ခဲ့သော်ငြား ကျန်းရီက သူစောင့်ကြည့်အောက်တွင် လွတ်မြောက်သွားသည်လော။ အစကတည်းက ဒေါသထွက်နေပြီဖြစ်သည်။ သူ့ကို အဆင့်နိမ့် ပင်လယ်နတ်ဆိုး တစ်စု တိုက်ခိုက်နေတာကိုမြင်ပြီး ဒေါသချက်ချင်း ထွက်သွား၏။ လက်ဝါးရိုက်ချက် အချို့ဖြင့် သူ့အောက်ရှိ ပင်လယ်နတ်ဆိုးများ အားလုံးကို နုပ်နုပ်စဉ်းပစ်လိုက်တော့သည်။

“ဝူလောင်နဲ့ ရှန်းဝမ်တာ့ရှီးတို့ကို ကာကွယ်”

ရှီးဖေးသည် မလှမ်းမကမ်းမှ ဧရာမသတ္တဝါကို မြင်တွေ့လိုက်ရ၏။ ၎င်း၏အရှိန်အဝါအရ နတ်ဆိုးဧကရာဇ် တစ်ပါးဆိုတာ သိလိုက်သည်။ ချက်ချင်းပင် ရှန်းဝမ်တာ့ရှီးနှင့် ကျန်းရှင်းကျားတို့ကို ကာကွယ်ရန် သူ့လူများကို ခိုင်းလိုက်၏။ ပိန်ချုံးသော ဖုန်းရှန်ကျဲကလည်း အော်လိုက်သည်။

“နတ်ဆိုးဧကရာဇ် ထွက်သွား မဟုတ်ရင် မင်းဒီမှာ သေရမယ်”

“ဟမ့် မင်းတို့က ငါ့နယ်မြေထဲ ဝင်လာပြီး ငါ့မျိုးနွယ်စုကို သတ်ရဲတယ်ပေါ့။ အခုမင်းတို့က အဓိပ္ပာယ်မရှိတာကို ပြောချင်နေသေးတယ်။ သေချင်နေတာပဲ”

ဧရာမ အနက်ရောင် နတ်ဆိုးဧကရာဇ်သည် လူသားအသွင်သဏ္ဍန်အဖြစ် ပြန်မပြောင်းဘဲ ၎င်း၏ခန္ဓာကိုယ် အစစ်အမှန်ကို တိုက်ရိုက်ထုတ်ဖော်လိုက်သည်။ ၎င်း၏ခန္ဓာကိုယ်သည် ပင်လယ်ထဲမှ ဘွားကနဲ ပေါ်ထွက်လာစဉ် လူတိုင်းက မွန်းကြပ်မှုကို ခံစားလိုက်ရတော့၏။ မထင်ထားဘဲ ၎င်းသည် ၁၅၀မီတာအမြင့်ကို ရောက်နိုင်သည်။ သံသယဖြစ်ဖွယ်မလို။ ယင်းကအဆင့်မြင့် နတ်ဆိုးဧကရာဇ် တစ်ပါးဖြစ်သည်။

ဧရာမ ကင်းမွန်ကဲ့သို့ နတ်ဆိုးဧကရာဇ်၌ လုံးဝန်းသည့် အစာအိမ်ရှိသည်။ ၎င်း၏ခေါင်း၌ အပြာရောင် လက်တံများဖြင့် ပြည့်နေပြီး ၎င်းက မှုန်မှိုင်းနေကာ အေးစက်စက် ရောင်ခြည်တန်း ဖြာထွက်နေသည်။ သူက ရှေ့ကိုမျက်နှာမူလျက် အပြာရောင်အငွေ့များကို မှုတ်ထုတ်လိုက်သည်က ကောင်းကင်တစ်ခုလုံးကို အပြာရောင်မြူများ ချက်ချင်းပြည့်သွားစေသည်။

ချက်ချင်းပင် ဖုန်းရှန်ကျဲ၏ အမူအရာက အရောင်အသွေးက ပြောင်းလဲသွားတော့သည်။ ကြီးမားသည့် အနက်ရောင်အလံက သူ၏လက်ထဲတွင် ပေါ်လာပြီး သူရှီးဖေး ဖုန်းရှန်ကျဲနှင့် ရှန်းဝမ်တာ့ရှီးတို့ကို လွှမ်းခြုံထားသည်။ သူကအော်လိုက်၏။

“ဒီအပြာရောင်မြူက အင်မတန် အဆိပ်ပြင်းတယ်။ မင်းတို့နတ်ဘုရားဒိုင်းကို ထုတ်ဖော်ပြီး သူ့ကိုအတူသတ်ကြ”

ဝှစ်

ဖုန်းရှန်ကျဲ အမိန့်မပေးလျှင်တောင် ထိုကောင်းကင်ဧကရာဇ် သိုင်းပညာရှင်များ၏ ခန္ဓာကိုယ်က ရွှေရောင်ရောင်ခြည်များ ဖြာထွက်နေပြီးသားဖြစ်သည်။ သူတို့သည် အသုံးအဆောင်မျိုးစုံ လက်နက်မျိုးစုံကိုထုတ်လျက် မဟူရာ ကင်းမွန်နတ်ဆိုးဧကရာဇ်ဆီသို့ တစ်ဟုန်ထိုး တိုက်ခိုက်ကြတော့သည်။

တိမ်နှင့်လေတို့ ရွေ့လျားနေပြီး မဟာတိုက်ပွဲကြီးက စတင်လာပြီဖြစ်သည်။

***

All Chapters