← Chapters

သစ်စိမ်းဒယ်ဇောက်

Vol. 47 Ch. 643

သစ်စိမ်းဒယ်ဇောက်

Vol. 47 Ch. 643

ကောင်းကင်ထဲ၌ မြူများပြည့်နေပြီး ပင်လယ်ရေတို့ ပန်းထွက်လာ၏။ ကောင်းကင်က လှုပ်ခါသွားပြီး မိုးကြိုးများက ဝေဟင်ထဲတွင် ပြည့်နေလေသည်။ ပင်လယ်နတ်ဆိုးများနှင့် သိုင်းပညာရှင်များ၏ အော်သံများက ဆက်တိုက် ပေါ်ထွက်လာနေသည်။

သွေးညအကြောက်တရား ပင်လယ်၏ မြောက်ဘက်ပိုင်းတွင် လူသားများနှင့် နတ်ဆိုးများကြား တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ပေါ်နေလေ၏။ အပြာရောင်မြူများက အဆိပ်ဓာတ် ပြင်းလွန်းသောကြောင့် ဖုန်းရှန်ကျဲသည် အဆင်အခြင်မဲ့စွာ မလှုပ်ရှားရဲချေ။ မဟုတ်လျှင် ရှန်းဝမ်တာ့ရှီးနှင့် ကျန်းရှင်းကျား နှစ်ဦးလုံးသည် သေမှာ သံသယဖြစ်ဖွယ် မရှိချေ။ ရှီးဖေးက အတော်သန်မာသော်ငြား ရှီးမျိုးနွယ်စု၏ ပထမဆုံး သခင်လေး ဖြစ်သောကြောင့် ပိန်ချုံးသည့် ဖုန်းရှန်ကျဲက သတိလက်လွတ် မပြုမူရဲချေ။ ရွေးချယ်စရာမရှိဘဲ သူက ခုခံနေရလေ၏။

အတူပါလာသော ကောင်းကင်ဧကရာဇ် အယောက်လေးဆယ်တွင် သုံးဆယ်က ဧရာမ နတ်ဆိုးဧကရာဇ်များကို ဝိုင်းထားသည်။ လက်နက်မျိုးစုံ စွမ်းအင်မျိုးစုံ ထုတ်ဖော်သည်နှင့် ကျန်သည့် ကောင်းကင်ဧကရာဇ်ကများက အောက်ရှိ ပင်လယ်နတ်ဆိုးများကို စတင်သတ်ဖြတ်တော့သည်။

ပင်လယ်နတ်ဆိုး အရေအတွက်က အမှန်တကယ် များပြားလွန်းသည်။ နတ်ဆိုးဧကရာဇ်၏ အမျက်ဒေါသကြောင့် သူတို့သည် ကောင်းကင်ဧကရာဇ် တစ်ဦးကို ရင်ဆိုင်နေရချိန်တွင် သေမည်မှန်း သိနေသော်ငြား ထွက်မပြေးရဲချေ။

အဆုံးတွင်မူ ပင်လယ်နတ်ဆိုးများကို မည်သူကမှ လျစ်လျူမရှု့နိုင်ပေ။ ဆိုရလျှင် သူတို့၌ ထူးဆန်းသော အရည်အချင်းများ ရှိနေလေရာ ကောင်းကင်ဧကရာဇ်များက အနည်းငယ် သတိမမူမိသည်နှင့် ပင်လယ်နတ်ဆိုးများသည် တိုက်ခိုက်တာ အောင်မြင်သွားပေလိမ့်မည်။ ဥပမာအနေဖြင့် ကျန့်ပင်လယ်နတ်ဆိုးများသည် နားစည်ကို ထိခိုက်စေနိုင်သည့် ဖိအားများ ထုတ်လွှင့်နိုင်၏။ သူတို့က ထိုအကောင်များကို မသတ်လျှင် သူတို့ထုတ်လွှင့်သည့် အသံသည် စိတ်ဝိညာဉ်ကို ဆက်တိုက် ထိခိုက်စေနေမည်ဖြစ်ကာ နတ်ဆိုးဧကရာဇ်နှင့် တိုက်ပွဲတွင် စိတ်ဝိညာဉ်က ထိခိုက်ပြီး သေစေနိုင်လောက်ပေ၏။

“ဝူး ဝူး”

မဟူရာ ကင်းမွန်နတ်ဆိုးဧကရာဇ်က ထူးဆန်းသည့် ဒေါသဟိန်းသံကို ထုတ်ဖော်လိုက်လေရာ လက်တံ(၁၂)ခုကျော်က အပြာရောင်ဖျော့ဖျော့ အလင်းများ ဖြာထွက်လာပြီး ကောင်းကင်ဧကရာဇ်များကို လွင့်ထွက်သွားစေ၏။ သို့သော် ထိုကောင်းကင်ဧကရာဇ်များ၌ သူတို့ခန္ဓာကိုယ်ကို ကာကွယ်ပေးနေသော နတ်ဘုရားဒိုင်း ရှိလေသည်။ မဟူရာကင်းမွန် နတ်ဆိုးဧကရာဇ်၏ လက်တံများက နတ်ဘုရားဒိုင်းကို မဖြိုခွင်းနိုင်လေရာ ကောင်းကင်ဧကရာဇ်များကို ထိခိုက်အောင် မလုပ်နိုင်ချေ။

ဖုန်း ဖုန်း ဖုန်း

ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်များဘက်တွင်မူ သူတို့က တိုက်ပွဲထဲတွင် မှတ်သားလောက်ဖွယ် ရလဒ်ကို ရရှိနေ၏။ မဟူရာကင်းမွန်နတ်ဆိုး ဧကရာဇ်၏ ခုခံမှုက ကြောက်မက်ဖွယ်ကောင်းသည့်တိုင် ကံဆိုးသည်မှာ ရှီးဖေးသည် အရှေ့ပိုင်း တော်ဝင်နယ်မြေမှ နာမည်ကျော်ကြားသည့် မိစ္ဆာဧကရာဇ် စစ်သည်တော်များကို တစ်ပါတည်း ခေါ်လာခဲ့တာဖြစ်သည်။ မည်သည့် နတ်ဆိုးဧကရာဇ်ကမှ အားနည်းခြင်း မရှိသောကြောင့် သူတို့ထဲက အများစုသည် အဆင့်နိမ့် ကောင်းကင်ဧကရာဇ်များ ဖြစ်သည့်တိုင် အားလုံးက တစ်မူထူးခြားပြီး အစွမ်းထက်သော အရည်အချင်များ ရှိကြသည်။

သူတို့၏ တာအိုပုံစံများ စွမ်းရည်များ လက်နက်များကို မဟူရာကင်းမွန် နတ်ဆိုးဧကရာဇ်ဆီ တစ်ညီတည်း တိုက်ခိုက်ကြရာ ၎င်း၏ခန္ဓာကိုယ်ကို ဒဏ်ရာများ ဖြစ်သွားစေ၏။ ဒဏ်ရာကနေ ညှီစို့စို့ အနက်ရောင်သွေးများ စီးထွက်လာပြီး ပတ်ဝန်းကျင် မိုင်တစ်ရာရှိလူများကို အော့အန်စေတော့၏။

“ဘာကြောင့်များ အဆင့်မြင့် နတ်ဆိုးဧကရာဇ်က ဒီလောက် အားနည်းရတာလဲ။ အဆိပ်မြူတွေက ထိခိုက်စေတဲ့ပုံပဲ။ ဟုတ်တယ်မလား”

ရှီးဖေးသည် တိုက်ပွဲထဲ ဝင်ပါရန် စိတ်အားထက်သန်ပုံ ပေါ်နေ၏။ သို့သော် သူ့ဘေးရှိ ပိန်ချုံးနေသော ဖုန်းရှန်ကျဲက အမြန်ပြောလိုက်၏။

“သခင်လေးဖေး မင်းရဲ့ရန်သူကို ဘယ်တော့မှ လျှော့မတွက်နဲ့။ ဒီနတ်ဆိုးဧကရာဇ်က အဆင့်မြင့် နတ်ဆိုးဧကရာဇ်နယ်ပယ်ကို ရောက်နိုင်တယ်ဆိုမှတော့ သူ့ဆီမှာ ဘယ်လိုလုပ် အကွက်လေး နည်းနည်းပဲရှိမှာလဲ”

“ဝူး ဝူး”

သူတို့ပြောနေစဉ် မဟူရာကင်းမွန် နတ်ဆိုးဧကရာဇ်သည် ဒေါသဟိန်းသံများစွာကို ထုတ်ဖော်လိုက်လေ၏။ တောင်တစ်တောင်ကဲ့သို့ ကြီးမားသည့် ဝမ်းဗိုက်အောက်ပိုင်းက စတင်ကျုံ့လာတော့၏။ ပြီးနောက် အနက်ရောင် အငွေ့များက ထွက်လာပြီး ချက်ချင်းပင် ကောင်းကင်ဧကရာဇ် (၁၂)ယောက်ကို လွှမ်းသွားတော့သည်။

“မြန်မြန်နောက်ဆုတ်ကြ ဒီအဆိပ်ငွေ့တွေက မင်းတို့ခုခံနိုင်တဲ့ အရာမဟုတ်ဘူး”

ပိန်ချုံးနေသော ဖုန်းရှန်ကျဲသည် ထိတ်လန့်သွားပြီး သူ၏မျက်နှာက သွေးစုပ်သွားတော့သည်။ လက်တစ်ဖက်က အနက်ရောင်အလံကို ကိုင်ထားပြီး အတွင်းအားကို အလံထဲ ဆက်တိုက် ထည့်လိုက်လေ၏။ ၎င်းသည် အဆိပ်မြူများ ဝင်ရောက်ခြင်းမှ ဟန့်တားနိုင်၏။ တစ်ဖက်တွင်မူ ရိုးရှင်းပြီး သေးငယ်သော ကြေးနီဒယ်ဇောက် တစ်ခုပေါ်လာတော့၏။ သူက၎င်းကို ပစ်ထုတ်လိုက်သည်။

ဒယ်ဇောက်က ကောင်းကင်ထဲ မြောက်တက်သွားသည်နှင့် စတင်ပြန့်ကားလာပြီး အချင်းမီတာ သုံးရာကျော် ရှိလာတော့သည်။ ဒယ်ဇောက်၏ မျက်နှာပြင်ပေါ်၌ အစိမ်းရောင် အလင်းကို တွေ့နေရပြီး အစိမ်းရောင် အရှိန်အဝါ၏ မှိန်ဖျော့ဖျော့ အမျှင်များက ၎င်း၏အပြင်ဘက် မျက်နှာပြင်၌ ရစ်ဝဲနေသည်။ ဒယ်ဇောက်ကိုယ်ထည်ပေါ်၌ တလက်လက်တောက်ပနေသော ဆန်းကြယ်သည့် သစ်ထွင်းပုံသဏ္ဍန်များ ရှိနေပြီး ၎င်းပေါ်လာချိန်တွင် ပတ်ဝန်းကျင်ရှိ လေတို့က စတင်လှုပ်ခါလာပုံရသည်။ တိမ်တိုက်များ အရောင်ပြောင်းလဲသွားပြီး ယင်းက ရှေးဆန်သည့် ရှေးဟောင်းအရှိန်အဝါ တည်ရှိမှုတစ်ခု ပေါ်ထွက်လာတော့သည်။ အဆင့်နိမ့် နတ်ဆိုးဧကရာဇ်များက မလှုပ်နိုင်မယှက်နိုင် ဖြစ်သွားတော့၏။

“သစ်စိမ်းဒယ်ဇောက် တိုက်ခိုက်ခြင်း နတ်ဘုရား အတုအယောင် လက်နက်ပဲ။ ပိုင်ရှင်ရဲ့ ဝိညာဉ်နဲ့တောင် ဆက်နွယ်ထားတာ”

ရှီးဖေးက မျက်လုံးလက်သွားပြီး စိတ်ထဲအော်လိုက်လေ၏။ သူ့တွင်လည်း အတုအယောင် နတ်ဘုရား အသုံးအဆောင်ရှိပြီး သူ၏လည်ပင်း၌ ဆွဲထားသော ရှေးဟောင်းနတ်ဆိုး သွေးအရိုးပင်ဖြစ်သည်။ သို့သော် ထိုအတုအယောင် နတ်ဘုရား အသုံးအဆောင်ကို သူ့အား ပိုင်ရှင်အဖြစ် အသိအမှတ် ပြုရန်အတွက် ခွန်အားက မလုံလောက်သေးပေ။ သူက လက်နက်၏ ခွန်အားအပြည့်အဝကို ထုတ်ဖော်နိုင်ခြင်း မရှိပေ။

“အား အား”

မြူနက်အတွင်းမှ အသည်းခိုက်ဖွယ် အော်သံများသည် ရှီးဖေး၏ အာရုံစိုက်မှုကို ရသွားပြီး သူ့ရင်ထဲ လေးလံသွားသည်။ အနက်ရောင် မြူထဲ၌ လူ(၁၂)ယောက်ခန့် ပိတ်မိနေပြီး သူတို့ထွက်လာနိုင်ရန် အခွင့်အရေးက နည်းပါးလွန်းမှန်း သိနေသည်။ သူသည် အဆင့်မြင့် နတ်ဆိုးဧကရာဇ်ကို လျှော့မတွက်ခဲ့သင့်ပေ။

ဖုန်း ဖုန်း ဖုန်း

ဒယ်ဇောက်သည် ဖိနှိပ်နိုင်သော အရှိန်အဝါကို သယ်ဆောင်လျက် မဟူရာကင်းမွန် နတ်ဆိုးဧကရာဇ်၏ ခန္ဓာကို ရက်ရက်စက်စက် ရိုက်ချလိုက်သည်။ တောင်တစ်တောင်နှင့် တူနေသည့် နတ်ဆိုးဧကရာဇ်၏ ခန္ဓာက ရှေ့သို့လဲပြိုသွားကာ ပင်လယ်ထဲ ကျသွား၏။ နတ်ဆိုးဧကရာဇ်၏ လဲပြိုကျသွားသော ခန္ဓာကိုယ်များရှိ ရေများသည် ဧရာမ လှိုင်းလုံးကြီးများအဖြစ် အသွင်ပြောင်းလဲကာ အထက်သို့ တက်လာပြီး ကောင်းကင်ထဲသို့ အဆင့်နိမ့် ပင်လယ်နတ်ဆိုးများ၏ အလောင်းများကို ပစ်ထုတ်လိုက်တော့သည်။

ရွှီ ရွှီ

ဒယ်ဇောက်က အဆိပ်မြူများကို လွင့်ပြယ်စေပြီး ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်များ နောက်ဆုံးတော့ ပေါ်လာပြီဖြစ်သည်။ ရှီးဖေးက တစ်ချက်ကြည့်လိုက်မိပြီး ချက်ချင်းပင် ပင့်သက်ရှိုက်မိသွား၏။ အဆိပ်မြူက သိုင်းပညာရှင်များ၏ ခန္ဓာကိုယ်များကို တိုက်စားသွားပြီး အများစုက ဒဏ်ရာပြင်းပြင်းထန်ထန် ရကုန်၏။ သူတို့၏ခန္ဓာကိုယ် တစ်ဝက်ကျော်က မရှိတော့ဘဲ အရိုးများတောင် မြင်နေရပြီဖြစ်သည်။ အရိုးများကလည်း နက်မှောင်ကုန်၏။ ကောင်းကင်ကနေ စွမ်းအင်ကင်းမဲ့လျက် ပြုတ်ကျလာသည့်သူ (၇)ယောက် (၈)ယောက်ခန့် ရှိနေပြီး သူတို့အလောင်းများက မရှိတော့ပေ။ အရိုးစုသာကျန်ပြီး အသားများက အဆိပ်ကြောင့် တိုက်စားခံလိုက်ရသည်။

“မျိုးမစစ်ကောင် မင်းကိုငါသတ်မယ်”

ရှီးဖေးက ဒေါသထွက်သွား၏။ ကျန်းရီကြောင့်သာ မဟုတ်လျှင် သူတို့အဖွဲ့သည် နတ်ဆိုးဧကရာဇ် တိုက်ခိုက်တာ အဘယ့်ကြောင့် ခံရမည်နည်း။ သူတို့က ရှီးမျိုးနွယ်စု၏ လက်ရွေးစင်များ ဖြစ်သည်။ တစ်ယောက်နှစ်ယောက်သေလျှင် ပြဿနာတစ်ရပ် မဟုတ်ပေ။ သို့သော် ယခုအချိန်၌ (၇)ယောက် (၈)ယောက် သေဆုံးသွားပြီး (၈)ယောက် (၉)ယောက်က ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသည်။ ယင်းက ရှီးဖေးကို ရင်နာစေပြီး သူပြန်ရောက်သည့်အချိန်၌ သူ၏ဖခင်ကို မည်ကဲ့သို့ ရှင်းပြရမည်မှန်း မသိတော့ပေ။

ဘီး

ထိုစဉ် လေထဲမှ ကြိမ်နှုန်းအတက်အကျတစ်ခု ပေါ်လာလေ၏။ ကောင်းကင်ထဲ၌ တောက်ပသည့် အလင်း ပေါ်ထွက်လာပြီး ပိန်းပိတ်အောင် နက်မှောင်သည့် ရှေးဟောင်းလမ်းကြောင်းတစ်ခု ပေါ်လာလေ၏။ လူအယောက် ခြောက်ဆယ် ခုနှစ်ဆယ် ထွက်လာပြီး ဦးဆောင်လာသည့်သူ ကျန့်ဝူယင်က အံ့သြသွားလေသည်။

“ဘုရားရေ ဒီမှာဘာတွေ ဖြစ်ကုန်တာလဲ”

ကျန့်ဝူယင်က မျက်နှာထက်တွင် စိုးရိမ်ပူပန်ပုံ ပေါ်သော်ငြား သူ၏အပြစ်ကင်းသော အသံထဲ၌ လှောင်ပြောင်ထစ်ငေါ့သည့် အရိပ်အယောင် တစ်စရှိနေသည်။

“ဖေးသခင်လေး ဘာကြောင့်များ နတ်ဆိုးသားရဲတွေနဲ့ တိုက်ခိုက်နေရတာလဲ။ ကြည့်ရတာဒီမှာ ထိခိုက်ပြန်ပြီနဲ့တူတယ်။ မင်းအတွက် ဒါတွေကို သုတ်သင်ရှင်းလင်းပေးဖို့ လူတချို့ ခေါ်ပေးစေချင်လား။ နောက်ကျ လိပ်ပြာနတ်မိမယ် တစ်ယောက်နှစ်ယောက် ပေးရင်ရပြီ”

“ထွက်သွား”

ရှီးဖေးသည် အံ့ကြိတ်ပြီးနောက် ထိုစကားနှစ်ခွန်းကို ပြောလိုက်၏။ ကျန့်ဝူယင်က ငယ်ရွယ်၏ ကလေးများ၏ စကားများက အထိအခိုက် မရှိစေဟု ဆိုကြသည်။ သို့သော် ထပ်ခါတလဲလဲ ထစ်ငေါ့မှုကို ကြားရပြီးနောက် ရှီးဖေးသည် မည်မျှ စိတ်ထိန်းနိုင်စေကာမူ ကျန့်ဝူယင်၏ ပြောဆိုမှုများကို သည်းမခံနိုင်တော့ပေ။ သူက ကျန့်ဝူယင်က မီးဝင်းဝင်းတောက်သော မျက်လုံးများဖြင့် ကြည့်ပြီးပြောလိုက်သည်။

“မင်းက လိပ်ပြာနတ်မိမယ်ကို ရဖို့တွေးနေတယ်ပေါ့။ အိပ်မက် ဆက်မက်နေလိုက်”

“ကျွတ် ကျွတ်”

ကျန့်ဝူယင်က ဒေါသမထွက်သွားပေ။ ထိုအစား နှုတ်ခမ်းထောင့်က ကွေးတက်သွား၏။ သူက သက်ပြင်းချကာ ခေါင်းခါလိုက်တော့သည်။

“အော် ရှီးဖေး မင်းကလည်း ဂုဏ်သတင်းကြီး မျိုးနွယ်စုက သခင်လေး တစ်ယောက်ပဲလေ။ ဘာကြောင့်များ ငါ့လိုကလေးနဲ့ စကားများနေတာလဲ။ ငါတို့ဒီတိုင်း နောက်နေရုံပဲမလား။ ဟူး မင်းတို့ရှီးမျိုးနွယ်စုရဲ့ အနာဂတ်အတွက် စိုးရိမ်ပူပန်မိပါတယ်လေ။ ကောင်းပြီ ထွက်သွားဖို့ အချိန်ရောက်ပြီ။ ဖေးသခင်လေးက နတ်ဆိုးဧကရာဇ်နဲ့ တိုက်ခိုက်နေတာကို ငါတို့အမြတ်ထုတ်ပြီး နဂါးညှိုးရော်မြက်ကို သွားယူရတော့မှာပဲ”

ကျန့်ဝူယင်က ခေါင်းခါပြီးနောက် သက်ပြင်းချကာ သူ့လူများကိုခေါ်ပြီး ထွက်သွားတော့၏။ လူကြီးယောင်ဆောင်သော သွင်ပြင်က ရှီးဖေးကို သွေးအန်လုနီးပါး ဖြစ်စေ၏။ ကျန့်ဝူယင်နှင့် သူ့လူများသည် လေဟာနယ်ကို စုတ်ဖြဲပြီး ထွက်သွားတာကို မြင်ပြီးနောက် ရှီးဖေးသည် ဒေါသမထိန်းနိုင်တော့ဘဲ အော်ဟစ်လိုက်တော့၏။

“ကျန့်ဝူယင် ယီးပဲ။ မင်းရဲ့ဘိုးဘေး (၁၈)ဆက်အားလုံး”

အကြီးအကဲ ကျန်းရှင်းကျားနှင့် ရှန်းဝမ်တာ့ရှီးတို့ကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ရှီးဖေးသည် ရှီးမျိုးနွယ်စု တတိယမျိုးဆက်၏ အထူးချွန်ဆုံး မျိုးဆက်ဖြစ်သည်။ ဧကရာဇ်ကိုးပါး၏ မျိုးနွယ်စုအားလုံး၏ သင်ကြားပြသမှုက ကောင်းမွန်သည်။ ယနေ့ရှီးဖေးက လူတိုင်းရှေ့၌ ကျိန်ဆဲခဲ့ပြီး သူမည်မျှ ဒေါသထွက်နေကြောင်း သိသာနေ၏။ သူက ရက်ရက်စက်စက် ဆဲသည့်အချက်ကို မဆိုထားနှင့် ဘိုးဘေး(၁၈)ဆက်ကိုတောင် ကျိန်ဆဲခဲ့သည်။ သူသည် အမျိုးသားများကိုပါ။

ဖုန်း

ဒယ်ဇောက်က နတ်ဆိုးဧကရာဇ်ကို ထပ်မံတိုက်ခိုက်ပြီး ဖိနှိပ်လိုက်၏။ ၎င်းတိုက်ခိုက်မှုသည် သနားညှာတာမှု ကင်းမဲ့စွာ ကျရောက်သွားလျက် မဟူရာကင်းမွန် နတ်ဆိုးဧကရာဇ်သည် နောက်ဆုံးတော့ ထိန်းမထားနိုင်တော့ဘဲ ထွက်ပြေးသွား၏။ နတ်ဆိုးဧကရာဇ် ပြေးသွားသည်နှင့် ပင်လယ်နတ်ဆိုးများအားလုံး တကွဲတပြားစီ ဖြစ်ကုန်၏။ ခဏအတွင်း အားလုံး ပျောက်ကွယ်သွားပြီး အရိပ်အယောင် မမြင်ရတော့ပေ။

ဖုန်းရှန်ကျဲက သူတို့နောက်မလိုက်ပေ။ နတ်ဆိုးသားရဲများကို သတ်ဖြတ်ရန်အတွက် ဤနေရာသို့ ရောက်လာတာ မဟုတ်ချေ။ မဟူရာကင်းမွန် နတ်ဆိုးဧကရာဇ်က ဒဏ်ရာရရုံမျှသာရှိ၏။ သူတို့အမှန်တကယ် သတ်ချင်လျှင် သေခြင်းတရား၏ အစွန်းကို ဖြတ်ကျော်ရမည်ဖြစ်ကာ လူများ ပိုတောင်သေကြေနိုင်၏။

သူက ကြွေလွင့်သွားသော သိုင်းပညာရှင်များ၏ အရိုးစုကိုကောက်ရန် လူတချို့ကို ခိုင်းလိုက်ပြီးနောက် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားသည့် သိုင်းပညာရှင်များကိုမူ သူ၏လေဟာနယ် အသုံးအဆောင်ထဲ ထည့်လိုက်သည်။ ပြီးနောက် အားလုံးအနားယူပြီး ပြန်လည်ဖွဲ့စည်းရန်အတွက် ကျွန်းတစ်ကျွန်းကို ရှာလိုက်တော့သည်။

ကျန်းရှင်းကျားသည် ရှီးဖေးညွှန်ကြားတာ စောင့်မနေတော့ဘဲ ကျန်းရီ၏ ခြေရာလက်ရာကို ဆက်လက် ရှာဖွေနေသည်။ ထိုကာလအတွင်း ကျန်းရီ၏ အရိပ်အယောင်ကို ရှာနေကြဖြစ်လေရာ သူ၏အကျင့်တစ်ခု ဖြစ်နေပြီပင်။

အစက ခြေရာခံဂါထာနှင့် သီးခြားဖြစ်နိုင်သော လေဟာနယ် နတ်ဘုရား အသုံးအဆောင်ထဲတွင် ကျန်းရီရှိနေသောကြောင့် သူသည်မျှော်လင့်ချက် သိပ်မရှိခဲ့ပေ။ သို့သော် တစ်နာရီခန့် ကြာပြီးနောက် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ရွှင်မြူးအားရစွာ ပြောလိုက်တော့သည်။

“ဖေးသခင်လေး နတ်ဆိုးဧကရာဇ်ရဲ့ အရှိန်အဝါကို ရှာတွေ့ပါတယ်။ အဲဒီကောင်စုတ်လေးက နတ်ဆိုးဧကရာဇ်ကို ကျုပ်ရှာနိုင်တယ်ဆိုတာ မသိတာ ဖြစ်မယ်။ သူက အဲဒါကို လေဟာနယ် အသုံးအဆောင်ထဲ မထည့်ထားဘူး။ ကျုပ်တို့တွေ သူ့နောက်လိုက်ပြီး သတ်သင့်လား”

“သတ်”

ရှီးဖေး၏ ခန္ဓာကိုယ်က ရှေ့သို့တက်သွားလျက် အော်ပြောလိုက်၏။

“ရှန်းဝမ်တာ့ရှီး ချက်ချင်းပဲ လေဟာနယ် ရှေးလမ်းကြောင်းကို ဖွင့်ပေးပါ။ ဒီတစ်ခေါက် သူ့ရဲ့ကပ်ဘေးကနေ လွတ်မှာမဟုတ်တော့ဘူးဆိုတာ သေချာတယ်”

***

All Chapters