ဟင်းလင်းပြင်ဆူးထစ်သားရဲ
Vol. 47 Ch. 644
သွေးညအကြောက်တရား ပင်လယ်၏ အရှေ့ပိုင်းအောက်ခြေ တစ်ဆယ် ကီလိုမီတာတွင် ဖြစ်သည်။
ရွှေရောင် အသားအရေဖြင့် မိစ္ဆာဆန်သည့် လူတစ်ဦးက နက်ရှိုင်းသော ပင်လယ်ကြမ်းပြင်၌ ရပ်နေလေသည်။ သူ့နား၌ ဧရာမ ပင်လယ်နတ်ဆိုး တစ်ဒါဇင်ကျော် ဝိုင်းရံနေပြီး အချို့က ကြောက်လန့်သည့် အရိပ်အယောင် အချို့က အထင်သေးသည့် အကြည့်များ ရှိနေလေ၏။ သူတို့က မတိုက်ခိုက်ရဲ စကားမပြောရဲဘဲ သူ့နားတွင်သာ တိတ်တဆိတ် ရပ်နေကြသည်။
ရက်စက်ကြမ်းကြုတ်သည့် အမူအရာဖြင့် ရွှေရောင်အသားအရေ ရှိသည့်သူက ရွှေရောင်မျောလွင့်နဂါး နတ်ဆိုးဧကရာဇ်ပင်ဖြစ်သည်။ သူက ပင်လယ်အောက်ခြေ၌ အမူအရာကင်းမဲ့စွာ ရပ်နေပြီး သူ့နောက်တွင်မူ ဧရာမအဖြူရောင် ကျောက်စိမ်းနန်းတော် ရှိနေသည်။ သူက ထိုနေရာတွင် တိတ်တဆိတ် ရပ်နေပြီး နန်းတော်ကို စောင့်ကြပ်နေရ၏။
မိနစ်သုံးဆယ် တစ်နာရီကြာပြီးနောက် မလှမ်းမကမ်းမှ အုပ်အော်သောင်းနင်း အသံတစ်သံ ပေါ်ထွက်လာသည်။ ပင်လယ်နတ်ဆိုး တစ်ရာနီးပါးက လမ်းကြောင်းတစ်ခုကို ရန်လိုစွာ ဖွင့်လိုက်ကြသည်။ သူတို့အရှိန်အဝါ တည်ရှိမှုနှင့် အရွယ်အစားအပြင် ပင်လယ်နတ်ဆိုးများ အားလုံးက နတ်ဆိုးဘုရင်များဆိုတာ သိသာ၏။
ပင်လယ်နတ်ဆိုး အများစုက အနက်ရောင် ကြေးခွံများ ဖုံးနေသည်။ ထူးခြားသော သတ္တဝါတစ်မျိုးဖြစ်သည်။ သူတို့၏ ခန္ဓာသည် ခြေထောက်မရှိသည့် သမင်တစ်ကောင်နှင့်တူပြီး ခါးလယ်တွင်မူ တောင်ပံကဲ့သို့ အသားစနှစ်ခုရှိကာ ခေါင်းကမူ ဦးချိုပါသော ပုဇွန်နှင့် တူနေသည်။ မီတာသုံးဆယ်ကျော် ရှည်လျားသည့် သေးသွယ်ပြီး ရှည်လျားသော အမြီးရှိသည်။ အမြီးပေါ်၌ ဆူးချွန်များ ရှိနေကာ အမြီးထိပ်ဖျားက သံမဏိကြာပွတ်ကဲ့သို့ ဆူးထစ်လေး ရှိနေသည်။ ရိုက်ခံရရန် မဆိုထားနှင့် ၎င်းကိုကြည့်တာကပင် ကြက်သီးထဖွယ် ကောင်းနေပြီဖြစ်သည်။
ယင်းက သွေးညအကြောက်တရား ပင်လယ်ထဲရှိ သန်မာသော မျိုးနွယ်စုများထဲမှ တစ်စုအဖြစ် သတ်မှတ်နိုင်သော ပင်လယ်နတ်ဆိုး မျိုးနွယ်စုဖြစ်ပြီး သူတို့က ပင်လယ်ဒေသ၏ အရှေ့ဘက်ခြမ်း တစ်ခုလုံးကို သိမ်းပိုက်ထားသော ဟင်းလင်းပြင်ဆူးထစ် သားရဲများဟုခေါ်သည်။ ထိုအကြောင်းအရင်းကြောင့် နတ်ဆိုးဘုရင်များသည် ရွှေရောင်မျောလွင့်နဂါး နတ်ဆိုးဧကရာဇ်ကို ဝိုင်းနေစဉ် အကြောက်တရားနှင့် အထင်သေးမှုတို့ ပေါ်နေတာဖြစ်၏။ သူ၏ခွန်အားကို ကြောက်သော်ငြား သူ့အဆင့်အတန်းကို အထင်သေးကြသည်။
“ဟမ့်”
မလှမ်းမကမ်းကနေ နှာမှုတ်သံသဲ့သဲ့ ပေါ်လာပြီး နတ်ဆိုးဘုရင် တစ်ရာနီးပါးက လမ်းကြောင်းတစ်ခုကို ဖွင့်ပေးလိုက်၏။ ဝတ်ရုံဖြူဖြင့် လူငယ်တစ်ယောက်က လျှောက်ဝင်လာသည်။ ထိုလူက ကျောက်စိမ်းကဲ့သို့ ပြစ်မျိုးမှည့်မထင်ပေ။ သူ့ခေါင်းပေါ်၌ ချိုသေးလေးများ ရှိနေခြင်းကြောင့်သာ မဟုတ်လျှင် သူ့ကို မျိုးနွယ်စုတစ်ခုမှ သခင်လေးဟူ၍ အချို့က ယူဆလောက်သည်။ သူက လျင်မြန်စွာ လမ်းလျှောက်နေပြီး ပင်လယ်ရေများကြောင့် သက်ရောက်မှု မခံရပေ။ သူ၏အကြည့်က ရွှေရောင်မျောလွင့်နဂါး နတ်ဆိုးဧကရာဇ်ကို မကြည့်ဘဲ နောက်ဘက်ရှိ ဧကရီနန်းတော်ဆီသို့သာ ရောက်သွားသည်။ သူ့၌ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တောက်ပသည့် မျက်ဝန်းများရှိပြီး အတော်ကြာ စိုက်ကြည့်နေပြီးနောက် ရွှေရောင်မျောလွင့်နဂါး နတ်ဆိုးဧကရာဇ်ဘက် ကြည့်ကာ ပြောလိုက်တော့သည်။
“ရွှေရောင်မျောလွင့်နဂါး ဒီကိုဘာလာလုပ်နေတာလဲ။ ဒါမင်းရဲ့ပိုင်နက် မဟုတ်ဘူးမလား။ ဒီနန်းတော်က ငါတို့ညီအစ်ကိုတွေဆီ ပေးဖို့ ကြိုးစားနေတာလား”
ဟင်းလင်းပြင်ဆူးထစ် သားရဲ နတ်ဆိုးဧကရာဇ်က မောက်မာထောင်လွှားသည့် သဘောထားဖြင့် ပြောလိုက်လေ၏။ ရွှေရောင်မျောလွင့်နဂါး၏ ခွန်အားက သူ့ထက်အနည်းငယ် သာကောင်းသာနိုင်သော်ငြား သူလျစ်လျူရှု့ထားသည်။ အမှန်တကယ်တွင် သူက မောက်မာထောင်လွှားပိုင်ခွင့်ရှိ၏။ အကြောင်းမှာ ဟင်းလင်းပြင်ဆူးထစ် သားရဲများသည် သွေးညအကြောက်တရား ပင်လယ်၏ အာဏာရှင်များထဲမှ တစ်ယောက်ဖြစ်ပြီး သူတို့၏မျိုးနွယ်စု၌ စုစုပေါင်း နတ်ဆိုးဧကရာဇ် ရှစ်ယောက်ရှိသည်။ သွေးပင်လယ်၏ အလယ်သို့ ရောက်နေသည့် နတ်ဆိုးဧကရာဇ်များမှအပ သူတို့မျိုးနွယ်စုဆီသို့ ရန်စရဲသည့် ကျန်သည့် နတ်ဆိုးဧကရာဇ်များ မရှိပေ။ ပိုအရေးကြီးသည်က သူတို့မျိုးနွယ်စုက နတ်ဆိုးသက်ဦးဆံပိုင် ဘုရင်တစ်ပါးတောင် ရှိနေတာပဲ ဖြစ်သည်။ သူတို့ကို ရင်ဆိုင်ရဲသည့် ပင်လယ်နတ်ဆိုး မျိုးနွယ်စု ရှိအုံးမည်လော။
သူပြောနေသည့် အချိန်တွင် အလွန်ထူးထူးဆန်းဆန်းပင်။ ပင်လယ်သည် အသံအတွက် လေဟာနယ် ကူးပြောင်းရန် အလိုအလျောက် ဖန်တီးလိုက်ပြီး ရွှေရောင်မျောလွင့်နဂါးက သူ့နားထဲ ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။
“ဟီး ဟီး”
ရွှေရောင်မျောလွင့်နဂါး နတ်ဆိုးဧကရာဇ်၏ မျက်နှာ၌ မျက်နှာချိုသွေးသည့် အမူအရာ ပေါ်လာသည်။ သူ့ပါးစပ် လှုပ်ရှားလိုက်သည်နှင့် ပင်လယ်ရေများက အလိုအလျောက် အန်ထွက်လာကာ ပြုံးပြီးပြောလိုက်တော့သည်။
“အရှင်ကို့ဟုန် ကျွန်တော်လည်း ဖိအားပေးခံရတာပါ။ ကျွန်တော် သွားစရာနေရာ မရှိဘူး။ ကျွန်တော့်ရဲ့ အရှင်တွေဆီ အကူအညီတောင်းဖို့ ရောက်လာတာပါ။ အရှင်တို့က ကျွန်တော်အတွက် လက်စားချေဖို့ ကူညီပေးဖို့ ဆန္ဒရှိတယ်ဆိုရင် ဒီနတ်ဘုရားနန်းတော်ကို ပေးနိုင်ပါတယ်”
“လက်စားချေဖို့လား”
သူက ရွှေရောင်မျောလွင့်နဂါးကို သံသယဖြင့်ကြည့်လျက် မေးလိုက်တော့သည်။
“အခြေအနေက ဘာလဲ။ အသေးစိတ်ပြောပြ”
ရွှေရောင်မျောလွင့်နဂါးက အမြန်ခေါင်းညိတ်ပြီး ရှင်းပြလိုက်သည်။
“အရှင်ကို့ဟုန် လက်တလောမှာ အကြောက်တရား ပင်လယ်ဆီကို ရောက်လာတဲ့ လူသားတစ်စု ရှိပါတယ်။ ရောက်လာပြီးတော့ ကျွန်တော်တို့ရဲ့ အကြောက်တရား ပင်လယ်မှာ ရတနာတချို့ရှိတယ်။ သူတို့ရှာဖွေပြီး ကျုပ်နယ်မြေက နတ်ဆိုးမျိုးနွယ်စု သားရဲတွေကို မမေးမမြန်းဘဲ သတ်ခဲ့တာပါ။ သူတို့ကို ထွက်သွားဖို့ သတိပေးခဲ့ပေမဲ့ သူတို့က အဆင်အခြင်မဲ့ ဆက်သတ်ဖြတ်နေပြီး ကျွန်တော်ရဲ့ သားတွေကိုတောင် သတ်ခဲ့တယ်။ ကျွန်တော် ထွက်ပြေးတာသာ မမြန်ရင် အရှင်နဲ့အခုလိုမျိုး တွေ့နိုင်မှာတောင် မဟုတ်ပါဘူး။ သူတို့က ဒီနေရာတစ်ဝိုက်တောင် ရောက်နေလောက်ပြီ။ ပြီးတော့သူတို့က အရှင်မဟူရာကင်းမွန်ကိုတောင် သတ်ဖို့ကြိုးစားတယ်လို့ ကြားမိတယ်”
ရွှေရောင်မျောလွင့်နဂါးသည် ကြည်လင်းပြီး ရိုကျိုးသော အပြုအမူဖြင့် ပြောနေပြီး သူ၏မျက်နှာထား၌ မကျေမချမ်းဖြစ်မှု ရင်ကျိုးမရဖြစ်မှု မျက်ရည်တို့ ပြည့်နေလေသည်။ ဟင်းလင်းပြင်ဆူးထစ် သားရဲမျိုးနွယ်စု၏ နတ်ဆိုးဘုရင်များကတောင် သူတို့မျက်လုံးထဲ၌ မကျေမချမ်း ဖြစ်သည့် အမူအရာများ သတ်ဖြတ်လိုသည့် အရှိန်အဝါများ ပေါ်လာတော့သည်။
ငယ်ရွယ်သော နတ်ဆိုးဧကရာဇ်၌ တည်ငြိမ်သည့် အမူအရာရှိပြီး ဇာတ်ကြောင်းကို နားထောင်ပြီးသည့်နောက် တုံ့ပြန်မှုမရှိပေ။ သူကအတော်ကြာ တွေးဆပြီးနောက် ရွှေရောင်မျောလွင့်နဂါးကို သံသယဖြစ်သည့် မျက်ဝန်းများဖြင့် မေးလိုက်တော့သည်။
“အဲဒီနတ်ဆိုး သက်ဦးဆံပိုင်တွေကိုရှာဖို့ သွေးပင်လယ်ကို ဘာကြောင့် မသွားတာလဲ။ ပြီးတော့ အဲဒီလူသားတွေက ဧကရာဇ်ကိုးပါးရဲ့ မျိုးနွယ်စုကလား။ သိုင်းပညာရှင် ဘယ်လောက်ရှိလဲ”
ရွှေရောင်မျောလွင့်နဂါးက နှလုံးတစ်ချက် ခုန်သွားသည်။ ဟင်းလင်းပြင်ဆူးထစ် သားရဲ၏ ဂုဏ်သတင်းက သွေးညအကြောက်တရား ပင်လယ်၏ အာဏာရှင်များ ဖြစ်လာခြင်းမှာ ပြရုပ်သပ်သပ် တစ်ခုမဟုတ်ကြောင်း နားလည်သွားပြီဖြစ်သည်။ သူကအမြန် ရှင်းပြလိုက်၏။
“ကျွန်တော်က အသေးအမွှားလေးပဲကို သွေးပင်လယ်ကို ဘယ်လိုလုပ် သွားရဲပါ့မလဲ။ အဲ့ဒီနတ်ဆိုး သက်ဦးဆံပိုင် ဘုရင်တွေကို ဒေါသထွက်စေမိရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော် ဘယ်လို သေသွားမှန်းတောင် သိလိုက်မှာမဟုတ်ဘူး။ အဲ့ဒီလူသားတွေက ဧကရာဇ်ကိုးပါး မျိုးနွယ်စုက မဖြစ်လောက်ဘူး။ ရှေးမျိုးနွယ်စု နှစ်စုကပဲ ဖြစ်လောက်တယ်။ သူတို့ပြောနေတာ သူတို့က လုံမျိုးနွယ်စုက ဖြစ်ပုံပဲ”
ကို့ဟုန်က အသံထပ်တိတ်သွားပြီးနောက် ခဏအကြာတွင် မေးလိုက်သည်။
“မင်းရတနာရဲ့ လုပ်ဆောင်ချက်က ဘာလဲ။ လူသားမျိုးနွယ်စုရဲ့ သာလွန်သူတော်စင် အသုံးအဆောင်များလား။ ဒါမှမဟုတ် အတုအယောင် နတ်ဘုရား အသုံးအဆောင်လား။ ငါကိုယ်တိုင် ဆုံးဖြတ်ချက် မချနိုင်တာကြောင့် မင်းကိစ္စကို ငါ့အစ်ကိုကြီးတွေဆီ မေးရမယ်။ အရင်ဆုံး မင်းရဲ့ရတနာကို ပေးလိုက်”
“ဒါက”
ရွှေရောင်မျောလွင့်နဂါးသည် တွေဝေနေသည့် အမူအရာ ပေါ်နေ၏။ ထိုစဉ် သူ၏စိတ်ထဲ အသံကူးပြောင်းမှုက ရုတ်တရက် ပေါ်လာလေရာ သူ့အမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး ထုတ်ဖော်ပြောလိုက်တော့၏။
“မကောင်းတော့ဘူး လူသားတွေက ဒီနေရာကို ရောက်လာလေပြီ။ အရှင်ကို့ဟုန် မြန်မြန်ပြေး”
ဘီး
အနောက်အရပ်ဆီသို့ ပင်လယ်ဒေသ မိုင်တစ်ရာအကွာ၌ ကြိမ်နှုန်းအတက်အကျတစ်ခု ဖြစ်ပေါ်လာသည်။ အလင်းစက်က လျင်မြန်စွာ ပြန့်ကားလာပြီး လေဟာနယ် ရှေးလမ်းကြောင်းတစ်ခုကို ဖွဲ့တည်လိုက်တော့သည်။ လူ(၁၂)ယောက်ခန့်က အထဲမှ ထွက်လာပြီးနောက် ဧကရီနန်းတော်ကို ကြည့်လိုက်ကြ၏။
အဘိုးကြီး၏ လက်ထဲ၌ သေးငယ်သော ဒယ်ဇောက်လေးတစ်ခု ရုတ်တရက် ပေါ်လာသည်။ တစ်ချိန်ထဲတွင် သူကလက်ခုပ်တီးလိုက်ရာ ပင်လယ်ဒေသ တစ်ခုလုံး၏ ကြိမ်နှုန်း အတက်အကျကို ဖြစ်စေပြီး ပင်လယ်ရေများကို ဗရမ်းဗတာ ဖြစ်သွားစေ၏။ ထိုနတ်ဆိုး ဘုရင်များအားလုံး လွင့်ထွက်သွားပြီး မြဲမြံစွာ ရပ်နေနိုင်သည့် တစ်ဦးတည်းသောသူက ကို့ဟုန် နတ်ဆိုးဧကရာဇ်ပင်ဖြစ်သည်။
ဘီး
ဧကရီနန်းတော်က အဖြူရောင်အလင်းဖြင့် ဖျတ်ခနဲ လှုပ်ရှားသွားပြီး ရွှေရောင်မျောလွင့်နဂါးက ရုတ်တရက် ပျောက်ကွယ်သွား၏။ သွေးနီရောင် တိုက်ပွဲဝင် သံချပ်ကာကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးက ပေါ်လာပြီး ဧကရီနန်းတော်က ပျောက်ကွယ်သွားသည်။ လူငယ်၏လက်က ရေအောက်ကိုထိလျက် အနက်ရောင် လေဟာနယ် အက်ကွဲကြောင်းတစ်ခုကို ဆုတ်ဖြဲကာ အထဲသို့ ဝင်ပြီး ပျောက်ကွယ်သွားတော့သည်။
ဖုန်း ဖုန်း
ဒယ်ဇောက်လေးက နိုင်လိုမင်းထက် သေစေနိုင်သော အရှိန်အဝါဖြင့် ထွက်ပေါ်လာသည်။ လျင်မြန်စွာ ပြန့်ကားသွားပြီးနောက် လမ်းတစ်လျှောက် အရာအားလုံးကို တိုက်သွား၏။ ဟင်းလင်းပြင်ဆူးထစ် သားရဲမျိုးနွယ်စု၏ နတ်ဆိုးဘုရင်များ အားလုံးက နုတ်နုတ်စင်း ခံလိုက်ရသည်။ ဒယ်ဇောက်လေးက အစိမ်းရောင် အရှိန်အဝါများ စီးဆင်းနေပြီး ဆန်းကြယ်သော သစ်ထွင်းအက္ခရာများ ပြည့်နေသည်။ အဖျက်စွမ်းအားက ကို့ဟုန်၏ ခန္ဓာကိုယ်ကိုတောင် အနည်းငယ် တုန်ယင်သွားစေသည်။
“ရာရာစစ”
သူ၏မျိုးနွယ်စုဝင်များ အစွမ်းထက်သည့် ဖိအားကြောင့် အပိုင်းပိုင်းအစစ ဖြစ်သွားတာကို မြင်သောအခါ ကို့ဟုန်က ဒေါသထွက်သွားသည်။ သူ၏ချောမောခန့်ညားသော မျက်နှာထားက ပြောင်းလဲသွားပြီး ခေါင်းပေါ်ရှိ ဦးချိုက လင်းထိန်လာတော့သည်။ မမြင်ရသည့် အရှိန်အဝါ တည်ရှိမှုက သူ၏ဦးချိုထဲမှ ပေါ်ထွက်လာပြီး ချက်ချင်းကို တစ်ကွဲတစ်ပြားစီ ဖြစ်သွားတော့၏။
ထိုစဉ် သူ၏စိတ်ထဲ သံသယဝင်နေလေသည်။ ရွှေရောင်မျောလွင့်နဂါး အဘယ့်ကြောင့် ရုတ်တရက် ပျောက်ကွယ်သွားသနည်း။ လူသားလူငယ်သည် အဘယ့်ကြောင့် ပေါ်လာရသနည်း။ ပြီးနောက် လူငယ်သည် ခြေရာလက်ရာမကျန်ဘဲ လေဟာနယ် အက်ကွဲကြောင်းထဲ ပျောက်ကွယ်သွား၏။ ခဏအတွင်း ဧကရီနန်းတော် ရွှေရောင်မျောလွင့်နဂါးနှင့် လူသားလူငယ်တို့ ပျောက်ကုန်သည်။ ထိုသို့ဆိုလျှင်
ဒယ်ဇောက်လေးက လျင်မြန်စွာ တစ်ဟုန်ထိုး ပေါ်ထွက်လာပြီးဖြစ်ကာ သူ၏ခန္ဓာကိုယ်ရှေ့သို့ ရောက်နေပြီးဖြစ်သည်။ သူ့နောက်၌ ဟင်းလင်းပြင်ဆူးထစ်သားရဲ တစ်ဒါဇင်ခန့်ရှိပြီး တွေးရန်အချိန် သိပ်မရခဲ့ပေ။ ကို့ဟုန်၏ ခန္ဓာကိုယ်က အစိမ်းရောင်အလင်းဖြင့် ဖျတ်ခနဲ ပေါ်သွားလျက် ဧရာမဟင်းလင်းပြင် ဆူးထစ်သားရဲအဖြစ် ပြောင်းလဲသွားသည်။ သူ၏ပိန်သွယ်သော သံမဏိအမြီးက သတ္ထုဖြင့် ပုံသွင်းထားသည့်ပမာ ထင်မှတ်ရပြီး ဒယ်ဇောက်လေးကို ရိုက်ချလိုက်တော့သည်။
ဖုန်း
ထိုဒယ်ဇောက်က အနည်းငယ် လှုပ်ခါသွားပြီး ကို့ဟုန်၏ သံမဏိအမြီးက ထိခိုက်သွားတော့သည်။ သူက ထိုဒယ်ဇောက်၏ စွမ်းအားကို လျော့တွက်ခဲ့မိ၏။ ယင်းက သခင်ကို အသိအမှတ်ပြုထားပြီးသော အတုအယောင် နတ်ဘုရားလက်နက်ဖြစ်ပြီး အပေါ်ယံတွင် သစ်ထွင်းစာများ ပါရှိသည်။ ထို့အပြင် အမြင့်ဆုံးအဆင့် ကောင်းကင်ဧကရာဇ် တစ်ဦးက သုံးနေတာပဲဖြစ်သည်။ ကို့ဟုန်၏ အမြီးခွန်အားက ၎င်းကိုမည်ကဲ့သို့ ပိတ်ဆို့နိုင်မည်နည်း။
ဖုန်း ဖုန်း
ဒယ်ဇောက်က ဆက်လက် တိုးဝင်လာစဉ် ချက်ချင်းပင် ကို့ဟုန်ကို ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားစေပြီးနောက် နတ်ဆိုးဧကရာဇ် (၁၂)ယောက်ကျော်ကို တိုက်ခိုက်ပြီးမှ ရပ်သွားတော့သည်။
“သူထွက်ပြေးသွားပြန်ပြီလား။ အဲဒီကလေးက တုံ့ပြန်တာ ဘယ်လိုလုပ် မြန်ရတာလဲ။ သူက လေဟာနယ်ကြိမ်နှုန်း အတက်အကျကို အာရုံခံနိုင်တာများလား။ ဒါမဟုတ်နိုင်လောက်ဘူး။ လေဟာနယ် ကြိမ်နှုန်း အတက်အကျကို အာရုံခံနိုင်တယ်ဆိုရင် ဘယ်လိုလုပ် ဒီလောက် မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်မှာလဲ။ သူက ငါတို့ပေါ်မလာခင်ကတောင် ပေါ်လာသေးတာပဲ။ ဒါ့အပြင် ကောင်းကင်ရှောင်တိမ်းခြင်းကို ဘယ်လိုလုပ် ဆက်တိုက် သုံးနိုင်မှာလဲ။ သူက သစ်စိမ်းဒယ်ဇောက်ရဲ့ အရှိန်အဝါ တည်ရှိမှုနဲ့ တိုက်ခိုက်ခံရပြီဆိုရင် အခြေအနေ ဆိုးနေမှာပဲမလား။ သူက လေဟာနယ် နယ်မြေရဲ့ စွမ်းအားကြောင့်တောင် စုတ်ပြဲသွားနိုင်တယ်”
ပိန်ချုံးနေသော ဖုန်းရှန်ကျဲက လက်ဆန့်ထုတ်ပြီး ဒယ်ဇောက်လေးကို ပြန်ဆွဲယူလိုက်သည်။ နောင်တရသည့် အမူအရာ ပေါ်လာသည်။ ကျန်းရီသာ တုံ့ပြန်တာ အနည်းငယ် နှေးသွားရင် သေနေလောက်ပြီဖြစ်ကာ လေဟာနယ်နယ်မြေက ပိတ်ခံထားရပြီး သူထွက်ပြေးနိုင်မှာ မဟုတ်ပေ။
“အဋ္ဌမညီလေး အား အား”
မလှမ်းမကမ်းကနေ ဒေါသတကြီး ဟိန်းသံက ပေါ်ထွက်လာ၏။ ချက်ချင်းပင် အစွမ်းထက်သော အရှိန်အဝါ တည်ရှိမှု ခုနှစ်မျိုးက ပေါ်လာ၏။ သူတို့ပုံရိပ်များကို မမြင်ရသေးခင် ရှန်းဝမ့်တာ့ရှီးနှင့် ဖုန်းရှန်ကျဲ နှစ်ယောက်လုံးသည် အစွမ်းထက်သော အရှိန်အဝါ ဖိအားကြောင့် သွေးအန်ကုန်၏။
ဖုန်းရှန်ကျဲ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားကာ အထက်သို့တက်ပြီး တစ်ချိန်ထဲ အော်လိုက်တော့၏။
“သခင်လေးဖေး ကျွန်တော်တို့ မြန်မြန် ထွက်ပြေးရမယ်။ အစွမ်းထက်တဲ့ နတ်ဆိုးဧကရာဇ် ခုနှစ်ပါး လာနေပြီ။ သူတို့ထဲက နှစ်ယောက်က အမြင့်ဆုံးအဆင့် နတ်ဆိုးဧကရာဇ်ပဲ။ ကျွန်တော်တို့တွေ လှည့်စားခံလိုက်ရတာ။ အဲ့ဒီကောင်က ကျွန်တော်တို့ကိုသတ်ဖို့ တစ်ခြားလူကို အသုံးချနေတာ”
***