← Chapters

ရှုံးနိမ့်ခြင်း

Vol. 47 Ch. 646

ရှုံးနိမ့်ခြင်း

Vol. 47 Ch. 646

ဟူး

ပိန်ချုံးသော အကြီးအကဲသည် ရှီးဖေးတွေးနေတာကို မည်ကဲ့သို့ မသိဘဲ နေမည်နည်း။ သို့သော် ကျန်းရီ၌ ကောင်းကင်ရှောင်တိမ်းခြင်း နတ်ဘုရားသိုင်း မီးတိမ်သံချပ်ကာနှင့် သူတို့ရောက်လာတာကို အာရုံခံနိုင်စွမ်းရှိသည့် စွမ်းရည်ရှိသည်။ သူတို့ဤအတိုင်း ဆက်လိုက်နေပါက သူတို့အကုန်လုံး သုတ်သင်ရှင်းလင်း ခံရနိုင်သည်။

“သူတို့ဒီမှာ”

ပိန်ချုံးသော ဖုန်းရှန်ကျဲသည် အကြပ်တွေ့နေစဉ် မလှမ်းမကမ်းကနေ အစွမ်းထက်သော အရှိန်အဝါ တည်ရှိမှု ထွက်လာလေ၏။ သူ၏မျက်နှာထားက ချက်ချင်းပြောင်းလဲသွားပြီး သူကအော်ပြောလိုက်တော့သည်။

“ငါတို့အခု သွားမှရမယ်။ အရှေ့ပိုင်း တော်ဝင်နယ်မြေနားကပ်ပြီး လိုက်လာတဲ့ နတ်ဆိုးဧကရာဇ်တွေကို အရင်ဆုံး ဖယ်ရှားရမယ်”

ဝှစ်

ကျန့်မျိုးနွယ်စုသည် ကျန့်ဝူယင်ကိုခေါ်ပြီး ထွက်သွားနေပြီဖြစ်သည်။ သူတို့နောက်တွင် နေရစ်ခဲ့ပါက နတ်ဆိုးဧကရာဇ်များ၏ ကြမ်းတမ်းသော တိုက်ခိုက်မှုများကို ပိတ်ဆို့ရပေအုံးမည်။ ပိန်ချုံးသော ဖုန်းရှန်ကျဲက တိတ်တဆိတ် ကျိန်ဆဲလိုက်ပြီး ရှီးဖေးကိုသယ်ကာ ကျန်သည့်သူများကို ကျန်းရှင်းကျားနှင့် ရှန်းဝမ်တာ့ရှီးတို့အား သယ်ခဲ့ရန် ညွှန်ကြားပြီးနောက် မြောက်အရပ်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။

ဖုန်း ဖုန်း ဖုန်း

ပင်လယ်ရေတို့က မလှမ်းမကမ်းကနေ ပန်းထွက်လာပြီးနောက် မရေမတွက်နိုင်သည့် လှိုင်းလုံးကြီးများက မိုင်ချီတလိမ့်လိမ့် တက်လာတော့သည်။ ဧရာမ ပင်လယ်နတ်ဆိုး တစ်ကောင်က မျက်နှာပြင်ပေါ်၌ မျောလွင့်နေသည်။ ကျွန်းစုလေးတစ်စု အရွယ်အစားခန့်ရှိသော ဧရာမ ခေါင်းတစ်လုံးရှိပြီး ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတို့က ဖြာထွက်နေကာ ပတ်ဝန်းကျင်ရှိလေကို စီးဆင်းတာ ရပ်တန့်သွားစေ၏။

“သေပေတော့ မင်းကငါ့ရဲ့ အဌမညီလေးကို သတ်ခဲ့တာ။ အားလုံးသေရမယ်”

ဤနတ်ဆိုးဧကရာဇ်၏ ဟိန်းသံက အသံလှိုင်း အလွှာများအဖြစ် ပြောင်းလဲသွားရာ နောက်ဆုံး ကောင်းကင်ဧကရာဇ်နှစ်ယောက်ကို တုန်ယင်သွားစေပြီး ပင်လယ်ထဲ ပြုတ်ကျသွားစေတော့သည်။ မျိုးနွယ်စုနှစ်စုမှ ရှန်းဝမ်တာ့ရှီးနှင့် ကျန်းရှင်းကျားတို့က သွေးများအန်ကုန်တော့၏။ သူတို့၏ခန္ဓာကိုယ်က နုနယ်လွန်းလှရာ အသံလှိုင်းကြောင့် အမှန်တကယ် အသတ်ခံခဲ့ရသည်။

“မကောင်းတော့ဘူး ဒီနတ်ဆိုးဧကရာဇ်က သိပ်အစွမ်းထက်လွန်းတယ်။ သူကနတ်ဆိုး သက်ဦးဆံပိုင် နယ်ပယ်ထဲကို ခြေတစ်ဝက် ချပြီးနေပြီ။ မင်းတို့ငါးယောက် အရင်သွားပြီးထိန်းထား အချိန်ဆွဲထားနှင့်”

“မင်းတို့ဆယ်ယောက်က နောက်မှာနေပြီး နတ်ဆိုးဧကရာဇ်ကို အချိန်ဆွဲထား”

ပိန်ချုံးသော ဖုန်းရှန်ကျဲနှင့် ကျန့်မျိုးနွယ်စု၏ ဖုန်းရှန်ကျဲတို့က အမူအရာပြောင်းလဲသွား၏။ အစောပိုင်းက ဟိန်းသံသည် သူတို့နှစ်ယောက်လုံးကို ကြောက်လန့်သွားစေသည်။ အစက ဤနတ်ဆိုးဧကရာဇ်ကို သူတို့ရင်ဆိုင် တိုက်ခိုက်နိုင်မည်ဟု ထင်ခဲ့သည်။ သို့သော် သူတို့သတ္တိ အဆတစ်ရာ ရှိနေခဲ့လျှင်တောင် ရင်မဆိုင်ရဲချေ။ သူတို့က အရှေ့ပိုင်း တော်ဝင်နယ်မြေသို့ အသက်ရှင်လျက် ပြန်ရန်ကိုသာ တွေးနေကြသည်။

“သွား သွား မြန်မြန်သွားကြ”

ရှီးဖေးနှင့် ကျန့်ဝူယင် နှစ်ယောက်လုံးကလည်း ကြောက်လန့်ကုန်၏။ မူလက အံ့တကြိတ်ကြိတ်ဖြင့် ကျန်းရီနောက်သို့ ဆက်လိုက်ချင်ခဲ့သည်။ သို့သော် သွေးညအကြောက်တရား ပင်လယ်ထဲ၌ ခဏတစ်ဖြုတ်တောင် ထပ်မနေချင်တော့ပေ။ ထို့အပြင် ဖုန်းရှန်ကျဲနှင့် ရှန်းဝမ်တာ့ရှီးတို့က သေနှင့်ပြီဖြစ်ရာ ကျန်းရီကိုသူတို့ မည်ကဲ့သို့ ခြေရာခံရမည်နည်း။

“သတ်”

မျိုးနွယ်စုနှစ်စု၏ ကောင်းကင်ဧကရာဇ်များက ကြောက်လန့်ကုန်ပြီး ပင့်သက်ရှိုက်သည့် အမူအရာ ပေါ်လာတော့သည်။ သူတို့မျက်ဝန်းများက ဖျတ်ခနဲ လှုပ်ရှားသွားလျက် အားလုံးက နတ်ဆိုးဧကရာဇ်ဆီသို့ တစ်ဟုန်ထိုး ဝင်သွားကြသည်။ ရှီးဖေးနှင့် ကျန့်ဝူယင်သာ ဤနေရာ၌ ပျောက်ကွယ်သွားလျှင် သူတို့သေမှာပဲဖြစ်သည်။ ဤနေရာ၌ တိုက်ခိုက်ပြီး ဂုဏ်သိက္ခာရှိရှိ ပျောက်ကွယ်သွားလျှင် သူတို့နောက် အနာဂတ် မျိုးဆက်အတွက် ဂုဏ်ကျက်သရေအချို့နှင့် ကြွယ်ဝမှု အာမခံပေးနိုင်သေး၏။

ဝှစ်

ပိန်ချုံးသော ဖုန်းရှန်ကျဲသည် ရှီးဖေးကိုသယ်လျက် ကျန်သည့်သူများနှင့်အတူ ကောင်းကင်ပေါ်၌ ပျံသန်းနေလေသည်။ သူတို့က မလှမ်းမကမ်း၌ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ကောင်းကင်ဧကရာဇ်များ၏ အော်ဟစ်သံများနှင့် နတ်ဆိုးဧကရာဇ်၏ ဟိန်းသံများသာ ကျန်ရစ်တော့သည်။ စူးစူးရှရှ အော်သံများကိုလည်း ကြားနေရပြီး အသံများက တစ်သံပြီးတစ်သံ ပေါ်ထွက်လာသည်။ ကောင်းကင်ဧကရာဇ်များကို နတ်ဆိုးဧကရာဇ်က တစ်ယောက်ပြီးတစ်ယောက် ဆွဲချသွားတာ ပြောရန်မလိုပေ။

“ရှုံးတယ် ရှုံးနိမ့်တယ်”

ရှီးဖေးက ခေါင်းငိုက်စိုက်ကျနေပြီး မျက်နှာက သုန်မှုန်နေလေ၏။ ဧကရာဇ်ကိုးပါး မျိုးနွယ်စု၏ မျိုးဆက်များ ရှိသင့်သည့် ဂုဏ်ယူဝင့်ကြွားမှု ထူးချွန်ထက်မြက်သော အရှိန်အဝါတို့ ရှိမနေတော့ချေ။ ယခုအခေါက် နောက်ကလိုက်သည့် လုပ်ရပ်သည် ရှုံးပြီမှန်း သိလိုက်ရ၏။ ထို့အပြင် သူကအမြီးကုပ်လျက် မျိုးနွယ်စု၏ အပြစ်ပေးမှုကို လက်ခံရန် မိစ္ဆာဧကရာဇ်မြို့သို့ ပြန်သွားရမည်။ ရှီးဖေး၏ ဂုဏ်သတင်းက ဖျက်ဆီးခံလိုက်ရချေပြီ။

ရှီးဖေးက နက်ရှိုင်းသော ပင်လယ်ဘက်သို့ကြည့်လျက် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

“ကောင်စုတ်လေး မင်းကိုနည်းနည်းလောက် အသက်ရှင်ခွင့် ထပ်ပေးလိုက်မယ်။ ငါ့ရဲ့ရှီးမျိုးနွယ်စု တပ်ဖွဲ့က မကြာခင်မှာ ချီတက်လာပြီး မင်းနောက်ကို လိုက်လိမ့်မယ်။ အချိန်ကျလာတဲ့အခါ မင်းမြေလျိုးမိုးပျံရင်တောင်မှ သေရမယ်”

ကျန့်ဝူယင်ကလည်း မလှမ်းမကမ်းကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်၏။

“မျိုးမစစ်ကျန်း ဒီသခင်လေးက သုံးနှစ်ကနေငါးနှစ် ကျင့်ကြံမယ်။ ပြီးရင်ငါကိုယ်တိုင် မင်းကိုသတ်မယ်”

“ဟူး”

ကျန်းရီကလည်း အခြေအနေ မကောင်းပေ။ မိုင်တစ်သန်းကျော်ခန့် လေဟာနယ် အက်ကွဲကြောင်းထဲ ရှောင်တိမ်းရုံမျှဖြင့် သူသည် လေဟာနယ် အက်ကွဲကြောင်းမှ ပစ်ထုတ်ခံလိုက်ရပြီး အပြင်သို့ ရောက်လာသည်နှင့် ချက်ချင်းပင် သွေးအန်ကာ ခန္ဓာကိုယ်၌ အင်အားများ မကျန်တော့ပေ။

ဘန်း

သူကပင်လယ်ရေနှင့် ရိုက်မိပြီး သူ၏ပါးစပ်က သွေးများထွက်လာကာ ရေကိုနီရဲသွားစေတော့သည်။ အားနည်ချက်ကို တင်းခံလျက် ကောင်းကင်စိတ်အာရုံဖြင့် ဧရိယာကို စစ်ဆေးလိုက်တော့သည်။ ပြီးနောက်သူသည် ဧကရီနန်းတော်ကို ထုတ်ပြီးနောက် ဖုန်းလန်ကို အပြင်ပို့လိုက်၏။

“သခင်လေး”

ဖုန်းလန်က ကြောက်လန့်မှုကြောင့် ဖြူရော်သွားပြီးနောက် ကျန်းရီကို အမြန်သယ်လိုက်သည်။ ကျန်းရီက ဧကရီနန်းတော်ကို ထိန်းထားလျက် လက်ခါပြကာ ပြောလိုက်၏။

“ဘာမှမပြောနဲ့ အရှေ့အရပ်ဆီကို အရင်ဆုံးပြန်။ ငါဝေးဝေးလံလံကို ပြေးလာတာ မဟုတ်ဘူး။ ဒီနေရာက ဟင်းလင်းပြင်ဆူးထစ်သားရဲ ပိုင်နက်ထဲမှာ ရှိနေသေးတာ ဖြစ်နိုင်တယ်။ နတ်ဆိုးဧကရာဇ်တွေ လိုက်လာမှာကို သတိထား”

ဖုန်းလန်က ဘာမှမပြောရဲတော့ဘဲ ကျန်းရီကိုသယ်လျက် အရှေ့အရပ်ဆီသို့ ပျံသန်းသွားတော့သည်။ အတော်ကြာ ပျံသန်းပြီးနောက် မလှမ်းမကမ်းရှိ ရေများဆူပွက်လာပြီး ပင်လယ်နတ်ဆိုး များစွာပေါ်ထွက်လာ၏။ ကျန်းရီအန်လိုက်သော လတ်လတ်ဆတ်ဆတ် သွေးများသည် အကြော်အိုးထဲသို့ ကျသွားသည့် ရေစက်တစ်စက်ပမာ အနားဒေသရှိ ပင်လယ်နတ်ဆိုးများ အားလုံးကို သတိဝင်သွားစေ၏။ ဤနေရာက ဟင်းလင်းပြင်ဆူးထစ်သားရဲ၏ ပိုင်နက်ထဲတွင် ရှိနေပြီး သွေးညအကြောက်တရား ပင်လယ်၏ အရှေ့အရပ်ဆီသို့ရောက်ရန် မိုင်တစ်သန်းခန့် လိုသေးသည်။ နတ်ဆိုးသားရဲများက လတ်လတ်ဆတ်ဆတ်သွေး၏ တည်ရှိမှုကို အာရုံခံနိုင်ဆုံးဖြစ်၏။ ပင်လယ်နတ်ဆိုး မဆိုထားနှင့် သာမာန် ငါးမန်းများကတောင် သွေးနံ့ရှိသည့်နေရာကို ရှာနိုင်သည်။

“ဟမ့်”

ဖုန်းလန်က အေးစက်စက် နှာခေါင်းရှုံ့ပြီး ကျန်းရီက ခေါင်းခါပြီးနောက် ပြောလိုက်တော့သည်။

“ပင်လယ်နတ်ဆိုးတွေကို မသတ်နဲ့။ မြင့်မြင့်ပျံပြီး ထွက်ပြေး”

ဖုန်းလန်က တွေဝေစွာ ကြည့်နေလျက် မြန်မြန်ဆန်ဆန် သဘောပေါက်သွားသည်။ ကျန်းရီနှင့် ရွှေရောင်မျောလွင့်နဂါးတို့ ဆွေးနွေးနေသည့် အစီအစဉ်ကို သူမကို ရှင်းပြခဲ့ပြီးဖြစ်ရာ ဟင်းလင်းပြင်ဆူးထစ် သားရဲမျိုးနွယ်စု၏ ဖြုံလောက်သည့် ခွန်အားအကြောင်း သူမ ရှင်းရှင်းလင်းလင်းသိသည်။ တစ်ပါးသူကိုသုံးကာ ညစ်ပတ်သည့် ကိစ္စများ ပြုလုပ်ခြင်း။

ယင်းက ကျန်းရီ၏ အစီအစဉ်ဖြစ်သည်။ သူကရှီးနှင့် ကျန့်မျိုးနွယ်စုကို သူကိုယ်တိုင် ရင်ဆိုင်ရလျှင် သူ့နားတစ်ဝိုက်ရှိလူတိုင်း သေပေလိမ့်မည်။ သွေးညအကြောက်တရား ပင်လယ်ထဲ၌ မရေမတွက်နိုင်သည့် အစွမ်းထက်သော ပင်လယ်နတ်ဆိုးများစွာ ရှိနေလေရာ ကျန်းရီက အရာရာကနေ ထွက်ပြေးလွတ်မြောက်အောင် ကောင်းကင်ရှောင်တိမ်းခြင်းကို အသုံးပြုနိုင်၏။ ရွှေရောင်မျောလွင့်နဂါးက သွေးညအကြောက်တရား ပင်လယ်အတွင်းရှိ ပင်လယ်နတ်ဆိုးတို့၏ သတင်းအချက်အလက်ကို အပြည့်အဝ ဖမ်းဆုပ်မိထားသည်။ မျိုးနွယ်စုနှစ်စုမှ သိုင်းပညာရှင်များကို သတ်ဖြတ်ရန်အတွက် ပင်လယ်နတ်ဆိုးများကို သူတို့အဘယ့်ကြောင့် အသုံးမချရမည်နည်း။

အစီအစဉ်က ချောမွေ့သည်။ တိုက်ပွဲအခြေအနေကို ရှင်းရှင်းလင်းလင်း မသိသော်ငြား ရှီးမျိုးနွယ်စုမှ သိုင်းပညာရှင်ကြီး၏ ဖြုံလောက်သောခွန်အားကို ခံစားမိသည်။ ထိုဒယ်ဇောက်လေးက ဝေးကွာနေသေးသော်ငြား ကျန်းရီ၏ မီးတိမ်သံချပ်ကာကို ဝတ်ဆင်ထားသည့်အချိန်၌ အတွင်းစိတ်က တုန်လှုပ်နေသေးသည်။ ထိုအတွက်ကြောင့်သာ မဟုတ်လျှင် မိုင်တစ်သန်းကျော် ခရီးနှင်ပြီးနောက် လေဟာနယ် အက်ကွဲကြောင်းကနေ ပစ်ထုတ်ခံရမှာမဟုတ်။

ရွှေရောင်မျောလွင့်နဂါး ပြောပုံအရ ဟင်းလင်းပြင်ဆူးထစ်သားရဲ မျိုးနွယ်စု၌ နတ်ဆိုးသက်ဦးဆံပိုင် ဘုရင်အောက် အနည်းငယ် နိမ့်သည့် အစွမ်းထက်သော နတ်ဆိုးဧကရာဇ် နှစ်ပါးရှိသည်။ ကျန်းရီက စွန့်စားပြီး ဤနေရာသို့ လာရောက်ရခြင်း၏ ရည်ရွယ်ချက်မှာ ရှီးမျိုးနွယ်စု၏ အဖွဲ့ဝင်များနှင့် ဟင်းလင်းပြင်ဆူးထစ်သားရဲ မျိုးနွယ်စုကြားရှိ တိုက်ပွဲက နတ်ဆိုးဧကရာဇ်များကို သေချာပေါက် ဒေါသထွက်စေမည်မှန်း သိနေသောကြောင့်ဖြစ်သည်။ ဖုန်းလန်က ဤပိုင်နက်အတွင်းရှိ နတ်ဆိုးများကို သတ်ဖြတ်ခဲ့လျှင် နတ်ဆိုးဧကရာဇ်များ၏ အာရုံစိုက်မှုကို သေချာပေါက် ရသွားနိုင်သည်။ ထို့ကြောင့် ကျန်းရီကသူမကို မလှုပ်ရှားခိုင်းတာပဲဖြစ်၏။

မရေမတွက်နိုင်သည့် ပင်လယ်နတ်ဆိုးများက သူတို့ဆီ ဦးတည်လာပြီး ပျံနိုင်သည့်သူများလည်း များသည်။ သို့သော် ဖုန်းလန်၏ အရှိန်က သူတို့အားလုံးကို ဖယ်ရှားလောက်အောင် လုံလောက်အောင် မြန်ဆန်နေပြီး အရှေ့အရပ်ဆီသို့ ဦးတည်သွားလိုက်တော့သည်။

တစ်နာရီခန့် ကြာပြီးနောက် ကျန်းရီသည် အနည်းငယ် ပြန်ကောင်းလာသည်။ သူက ကင်းထောက်ရန်အတွက် ကောင်းကင်သိမြင် နားလည်ခြင်းကို ထုတ်ဖော်ဖို့ရာ ကျွန်းတစ်ကျွန်းကို ရှာဖွေလိုက်ပြီး ဘေးကင်းလုံခြုံကြောင်း အတည်ပြုလိုက်၏။ ပြီးနောက် ရွှေရောင်မျောလွင့်နဂါး ဧကရာဇ်ကိုထုတ်ကာ အမိန့်ပေးလိုက်တော့သည်။

“အခြေအနေကို စစ်ဆေးဖို့အတွက် ပင်လယ်နတ်ဆိုးအချို့ကို သွားရှာကြည့်”

ရွှေရောင်မျောလွင့်နဂါးသည် နတ်ဆိုးမျိုးနွယ်စုမှဖြစ်ပြီး နတ်ဆိုးဧကရာဇ်လည်း ဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲ၏ အခြေအနေအကြောင်း စစ်ဆေးရန် ပင်လယ်နတ်ဆိုးများကို အလွယ်တကူ ထိန်းချုပ်နိုင်၏။ ကျန်းရီက သူ့အသက်ကို စွန့်စားပြီး ပေါ့ပါးသည်က လွတ်မြောက်လာလေရာ သူ့အကြံအစည်၏ ရလဒ်ကို တက်နိုင်သမျှမြန်မြန် သိချင်နေသည်။

ရွှေရောင်မျောလွင့်နဂါးက ပင်လယ်ထဲ ခုန်ဆင်းသွားစဉ် ကျန်းရီက ကောင်းကင်သိမြင် နားလည်ခြင်းဖြင့် ပတ်ဝန်းကျင်ကို ဆက်တိုက် စစ်ဆေးနေလိုက်၏။ အနီးအနား ပတ်ဝန်းကျင်တွင် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ပါက သူဦးစွာသိပေမည်။ ရှီးဖေးက သူတို့နောက် အတင်းအဓမ္မ လိုက်ခဲ့လျှင် သူကဒဏ်ရာကို တောင့်ခံပြီး ကောင်းကင်ရှောင်တိမ်းခြင်းကို ဆက်တိုက်သုံးရပေမည်။

ဘန်း

မိနစ်သုံးဆယ်ခန့် ကြာပြီးနောက် ရွှေရောင်မျောလွင့်နဂါး ဧကရာဇ်က ပြန်ရောက်လာပြီး မလှမ်းမကမ်းကနေ သတင်းပို့လိုက်၏။

“အရှင် သတင်းကောင်းနဲ့ သတင်းဆိုးရှိတယ်။ သတင်းကောင်းက ကို့ဟုန် အသတ်ခံလိုက်ရပြီး နတ်ဆိုးဧကရာဇ်တွေဖြစ်တဲ့ ကို့ဟောနဲ့ ကို့ရူက ဒေါသထွက်သွားတယ်။ သူတို့က နတ်ဆိုးဧကရာဇ်တွေကို ဦးဆောင်ပြီး မျိုးနွယ်စုနှစ်စုက အဖွဲ့ဝင်တစ်ဝက်ကျော်ကို သတ်လိုက်တယ်။ လိုက်နေသေးတုန်းဆိုပေမဲ့ သူတို့အဖွဲ့က အရှေ့ပိုင်း တော်ဝင်နယ်မြေကို ရောက်သွားလောက်ပြီ။ အပြည့်အဝ မဖယ်ရှားနိုင်ခဲ့တာ ဖြစ်နိုင်တယ်။ သတင်းဆိုးကတော့ ကို့ဟုန် သေသွားတာကြောင့် ကို့ဟောက သွေးပင်လယ်ထဲ သူတို့မျိုးနွယ်စုရဲ့ နတ်ဆိုးသက်ဦးဆံပိုင်ဆီ စာပို့ခဲ့တယ်။ သွေးညအကြောက်တရား ပင်လယ်ထဲက ပင်လယ်နတ်ဆိုးအားလုံး ပုန်ကန်သောင်းကြမ်းရလိမ့်မယ်။ အကြောက်တရားပင်လယ်က လုံခြုံတဲ့နေရာ မဟုတ်တော့ဘူး။ အထဲက လူသားအားလုံး သက်ညှာမှုမရှိ အသက်ခံရမယ်”

“အမ်”

ကျန်းရီနှင့် ဖုန်းလန်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။ ကျန်းရီက တစ်ပါးသူကို အသုံးချပြီး ခိုင်းစေချင်ခဲ့ရုံသာ ဖြစ်သော်ငြား ဤကဲ့သို့ ကြီးမားသွားလိမ့်မည်ဟု မထင်ထားပေ။ နတ်ဆိုးသက်ဦးဆံပိုင်ကို သတိဝင်သွားစေတယ်တဲ့လား။ ရှီးမျိုးနွယ်စုက သွေးညအကြောက်တရား ပင်လယ်ရဲ့မိုးကို ထိုးဖောက်လိုက်တာပဲ။

***

All Chapters