အခန်း (၅၅၀-၅၅၄)
Vol. 41 Ch. 550-554
အပိုင်း(၅၅၀): ကံကြမ္မာ၏အလိုတော်အတိုင်း မွေးဖွားလာသူများသည် အတုမရှိပေ။
အမတနယ်မြေ၏ ကံကြမ္မာကား အဘယ်နည်း။
အမှန်စစ်စင် ၊ ၎င်းသည် အမတနယ်မြေရှိ အတုမရှိသော ပါရမီရှင်များအတွက် ဂုဏ်ပုဒ်တစ်ခုဖြစ်သည်။
၎င်းတို့သည် ကံကြမ္မာ၏အလိုတော်အတိုင်း မွေးဖွားလာသူများဖြစ်သည်။
၎င်းတို့သည် မွေးကတည်းက အတုမရှိသော ပါရမီရှင် ၊ ခေတ်ကာလအဆက် အနှိုင်းမဲ့ အောင်မြင်မှုများကို ခူးဆွတ်ကာ လောကကြီးတွင် ပြိုင်ဘက်ကင်းသူများ ဖြစ်သည်။
၎င်းတို့သည် ခေတ်ကာလပေါင်းများစွာ ထွန်းတောက်ခဲ့သမျှ ပါရမီရှင်များ၏အထက်၊ ပိရမတ်ထိပ်၌ စိုးစံ၍ အတုမရှိသူ၊ များပြားလှသော ပါရမီရှင်များကိုပင် မျက်နှာလွှဲရဲသည့် ပုဂ္ဂိုလ်များဖြစ်ကြသည်။
ယခင်က အမတနယ်မြေတွင် ကံကြမ္မာနှစ်ခုသာ ထွက်ပေါ်ဖူးသည်။
ပထမဆုံးသော ကံကြမ္မာသည် ထျန်းရှီဘုရင်မ ဖြစ်သည်။
တိမ်မြုပ်ရာမှ နိုးထလာသော သူမသည် သူမ၏ ဘဝတစ်လျှောက်လုံး မရေမတွက်နိုင်သော တိုက်ပွဲများကို ရှုံးပွဲမရှိဆင်နွှဲခဲ့သည်။ သူမ၏ ကြီးမားလွန်းသော အရည်အချင်းကြောင့် ထိုခေတ်ရှိ သူရဲကောင်းအားလုံး၏ ထွန်းတောက်မှုမှာ မှေးမှိန်ပျောက်ကွယ်ရသည့်အထိပင်။
အဆင့်တူများထဲတွင် အတုမရှိ ၊ သူတစ်ဦးတည်းဖြင့် အမတနယ်မြေရှိ မည်သူ့ကိုမဆို ရင်ဆိုင်နိုင်သော အကြွင်းမဲ့အာဏာကို ပြသခဲ့သူ ဖြစ်သည်။
တစ်ခုပြောနိုင်သည်မှာ အဆင့်တူ အမတဧကရာဇ်များကြားတွင် ကံကြမ္မာ၏ရွေးကောက်ခံရသူသည်သာ အတုမရှိ ၊ အမတဧကရာဇ်မင်းများထက် သာလွန်သော ပြိုင်ဘက်ဖြစ်လျှင်တောင် အသက်နှင့်ရင်း၍ အပြီးအပိုင် အနိုင်ယူနိုင်ပေလိမ့်မည်။
ဤသည်မှာ အမတနယ်မြေကိုပင် ကျော်လွန်ကာ ‘ အတုမရှိ ကံကြမ္မာ၏ရွေးချယ်ခံ’ဟူသော ဂုဏ်ပုဒ်သာတည်း။
လက်ရှိတတိယမျိုးဆက်’ အတုမရှိ ကံကြမ္မာ၏ရွေးချယ်ခံ’ နှင့် ပတ်သတ်၍ အမတနယ်မြေတွင် မှန်းဆချက်များစွာ ရှိထားသည်။
သို့သော်လည်း ၊ အကျော်ကြားဆုံးဖြစ်ခဲ့သူမှာ ယခင်ခေတ် အမတနယ်မြေ၏ အထွတ်အထိပ်ပါရမီရှင် ၊ တားမြစ်စူးမိသားစု၏အကြီးဆုံးသမီး စူးယွင်ယွဲ့ ဖြစ်သည်။
“ဟား…ဒါပေမဲ့ ငါထင်တာတော့…”
“ ငါတို့ ကွေးယွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူက ဒီခေတ်ရဲ့ ကံကြမ္မာဖြစ်နိုင်လောက်တယ်”
ထျန်းမင်အမတဧကရာဇ်မင်းသည် မဟာလမ်းစဉ်၏ နိယာမထဲတွင် ဖြည်းညှင်းစွာ လျှောက်လှမ်းရင်း ပြုံးလိုက်သည်။
(T/N - ထျန်းမင် - ကံကြမ္မာ)
“ အဲ့ဒီအချိန်ကြရင် ငါတို့သုံးယောက် ဒီမှာစုပြီး ကောင်းကောင်းကြီး လက်ရည်ပြိုင်ရမယ်”
“ ဘယ်ကံကြမ္မာက ပိုပြီးအားကောင်းလဲဆိုတာ ကြည့်ရမယ် “
တစ်ချိန်က အတုမရှိပါရမီရှင်တစ်ဦး ဖြစ်ခဲ့သော ထျန်းမင်အမတဧကရာဇ်မင်းသည် တိုက်ပွဲဆင်နွှဲရသည်ကို နှစ်သက်သည်။
ဤသည်မှာ နှစ်ပေါင်းများစွာ ဆိတ်ဆိတ်နေခဲ့ရသည့် သူ၏အသွေးအသားတို့ကို ပြန်လည်ရှင်သန်စေမည့် တစ်ခုတည်းသော အရာပင်ဖြစ်သည်။
……..
တစ်ချိန်တည်းမှာပင်။
အမတနယ်မြေတစ်ခုလုံးလည်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။
စကြဝဠာအတွင်း ပုန်းကွယ်နေခဲ့သော ထျန်းချီနိုင်ငံတော်ပင်လျှင် ၎င်းတို့၏ ဖြစ်တည်မှုကို ဖုံးကွယ်ရန် ဖန်တီးထားသော အစီအရင်ကြီးကို အစွမ်းကုန်အသက်သွင်းထားသော်လည်း ထိုကြောက်ခမမ်းလိလိ တန်ခိုးစွမ်းအားများကို မတားဆီးနိုင်ခဲ့ပေ။
ရလဒ်အနေဖြင့် မဟာလမ်းစဉ်၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်သည် အရပ်ရပ်သို့ ပျံ့နှံ့ရိုက်ခတ်သွားသည်။
ဝုန်း !!
ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ၊
အမတနယ်မြေတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားသည်။
မရေမတွက်နိုင်သော ခေတ်ဟောင်းစွမ်းအားရှင်များ ၊ အမတဧကရာဇ်များပင်လျှင် ထိတ်လန့်တုန်လှုပ်သွားကြသည်။
“ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ရောင်ဝါ … ဧကရာဇ်အသစ် ဖွားမြင်တော့မှာလား”
“ အမတဧကရာဇ် နယ်ပယ်အဆင့်ကို ဖြတ်ကျော်နိုင်တဲ့ တန်ခိုးစွမ်းအားက ကြီးမားပေမယ့် အမတနယ်မြေတစ်ခုလုံးကိုတော့ မထိခိုက်နိုင်ဘူး “
“ အမှတ်မထင် ပေါက်ကွဲထွက်လာတဲ့ ဒီရဲ့ရောင်ဝါနဲ့တင် အမတနယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေတယ် ၊ ဒါဟာ အမတဧကရာဇ်မင်းထက် သာလွန်တယ်ဆိုတာကို ပြသနေတာပဲ!”
“…….”
တန်ခိုးကြီးမားသော ပုဂ္ဂိုလ်အများအပြားက အဆက်မပြတ် ထင်ကြေးပေးနေကြသည်။သို့သော် ထျန်းချီနိုင်ငံတော်အတွင်းတွင် ဖွဲ့စည်းထားသော မှော်အစီအရင်၏ ဖုံးကွယ်ထားမှုကြောင့် သူတို့သည် အရင်းအမြစ်ကို မဆုံးဖြတ်နိုင်ခဲ့ကြပေ။
သို့သော်၊ ကွေးရွှီနယ်မြေရှိ နတ်ဘုရားတရားစီရင်ရေးအဖွဲ့၏ အရှင်သခင်သည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
“ဒီရောင်ဝါက …”
“ ထျန်းချီနိုင်ငံတော်ရဲ့ ထျန်းရှီဘုရင်မကြီးလား …?”
“ ထျန်းချီနိုင်ငံတော်ကလူတွေ ဒီလောက်မြန်မြန် ခုလို ထုတ်ဖော်လာခဲ့လိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး…”
နတ်ဘုရားတရားစီရင်ရေးအဖွဲ့၏ အရှင်သခင်သည် သူ့တစ်ကိုယ်တည်းရေရွတ်နေခဲ့သည်။
“ နှစ်ကာလပေါင်းများစွာ တိတ်ဆိတ်နေခဲ့တဲ့ ထျန်းရှီဘုရင်မက အမတနယ်မြေရဲ့အထက်ဘုံကို ဖြတ်ကျော်ဖို့ရွေးချယ်ခဲ့ပြီပဲ…..”
“ဒီခေတ်မှာတော့ အပြောင်းအလဲကြီးတစ်ခု ဖြစ် ပေါ်လာတော့မယ်”
အမတစိုးစံရာခေတ်မှ လွတ်မြောက်ခဲ့ကြသော ရှေးခေတ်အင်အားစုအချို့သည်လည်း ထိုနေရာရှိ အပြောင်းအလဲများကို ခံစားသိရှိခဲ့သည်။
တခဏအတွင်းမှာပင် ရုတ်ရုတ်သဲသဲဖြစ်နေခဲ့သော အမတနယ်မြေသည် ပို၍ပင် လှိုင်းထန်လာခဲ့သည်။
သို့သော် နှစ်ကာလပေါင်းများစွာ ရှင်သန်လာကြသော မြေခွေးအိုကြီးများသည် အတွေ့အကြုံရင့်သူပီပီ မည်သည့်အကြောင်းရင်းကြောင့်ဖြစ်စေ ၎င်းတို့၏ သရုပ်ကို ထုတ်ဖော်မပြသခဲ့ပေ။
အုပ်စိုးရှင်အင်အားစု ဆယ့်နှစ်ဖွဲ့ပင် ဖြစ်စေ ၊ အမတဂိုဏ်း ၃၆ဂိုဏ်းနှင့် ကောင်းကင်ဂူ ၇၂ ဂူပင်ဖြစ်စေ ၊
သူတို့ထဲက အများစုသည် အမွေဆက်ခံခဲ့ကြပြီး စကြဝဠာအတွင်း၌ အိပ်စက်နေကြသည်။
ထျန်းချီနိုင်ငံတော်သည် ၎င်းတို့၏တုံ့ပြန်မှုများကို စောင့်ကြည့်ရန် ဤမငြိမ်မသက်မှုကို တမင်တကာ ဖန်တီးနေသလားဆိုတာ မည်သူကများ သိနိုင်မည်နည်း။
ထို့ကြောင့်၊ သူတို့အားလုံးသည် သင့်လျှော်သောအချိန်ကို စောင့်ဆိုင်းနေကြပြီး ၊ထိုအချိန်မှသာလျှင် အင်အားအပြည့်ဖြင့် ပေါ်ထွက်ကာ စကြဝဠာတစ်ခွင်လုံးကို လှုပ်ခတ်သွားစေမည် ဖြစ်သည်။
……….
အမတနယ်မြေတစ်ခုလုံး ကမောက်ကမဖြစ်နေသည်။
သို့သော် တိုက်မြေ သုံးထောင်သည် ဤရက်ပိုင်းအတွင်း သိသိသာသာ အေးချမ်းနေသည်။
တစ်ခဏအတွင်း အချိန်ရှစ်ရက် ကုန်ဆုံးသွားခဲ့ချေပြီ။
ယနေ့သည် ကြိုတင်မှန်းဆထားသည့်အတိုင်း အမတလျှောက်လှမ်း ဖွင့်လှစ်မည့်နေ့ဖြစ်သည်။
ဤနေ့တွင်၊ တိုက်မြေ သုံးထောင်ရှိ ရှေးဧကရာဇ်မင်းများနှင့် ၎င်းတို့၏အထက် စွမ်းအားရှင်များသည် ကမ္ဘာကြီး၏ အပြောင်းအလဲများကို စိတ်လှုပ်ရှားစွာဖြင့် စောင့်မျှော်နေကြသည်။
လူတိုင်း၏ အကြည့်အောက်တွင်၊
ဝုန်း !
ရုတ်တရက် မိုးကုပ်စက်ဝိုင်းမှ ရောင်ခြည်အလင်းများ ထွန်းလင်းတောက်ပကာ ဖြာကျလာသည်။
ကြယ်ရောင်စုံသော ညကောင်းကင်ကြီးတစ်ခုလုံးကို လုံးဝ ဖုံးအုပ်လိုက်သကဲ့သို့ လောကကြီးတစ်ခုလုံးသည် တစ်မူထူးခြားသော ကမ္ဘာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။
ဝုန်း !ဝုန်း !ဝုန်း !
မိုးခြိမ်းသံများနှင့်အတူ ၊ ကြယ်တာယာ ကောင်းကင်ကြီးထက်တွင် လျှပ်စီးကြောင်းများက လျှပ်တပြတ် ဝင်းလက်သွားတတ်သည်။
၎င်းအတွင်း၌ ပြိုးပျက်စွာ တောက်ပနေသော နတ်အလင်းတံခါးပေါက်တစ်ခု ရှိပုံရသည်။
ရှေးဆန်သော မုခ်တံခါးပွင့်သံသည် စကြဝဠာတစ်ခွင်လုံး ပဲ့တင်ထပ်သွားသည်။
မုခ်ဦးအတွင်း၌ ၊ နတ်အလင်းများက စုဝေးလျက် မြူခိုးများက လွင့်မျောပျံလွင့်နေသည်မှာ အမည်မသိကမ္ဘာတစ်ခု ရှိနေပုံရပြီး လူတိုင်းကို မှင်သက်သွားစေသည်။
ပြောစရာပင် မလိုချေ။ ဤမျှ ဆန်းကြယ်သော မြင်ကွင်းသည် ဒဏ္ဍာရီထဲက အမတလျှောက်လှမ်းသာ ဖြစ်ရပေမည်။
အမတလျှောက်လှမ်း—ဤသည်မှာ မရေမတွက်နိုင်သော ကျင့်ကြံသူများအားလုံး မျှော်လင့်တောင့်တနေခဲ့သော အရာသာပင်။
ဝင်ရောက်လာသူ မည်သူမဆို အမတဖြစ်နိုင်မည့် အခွင့်အလမ်းကို ရရှိမည် ဖြစ်သည်။
ဒဏ္ဍာရီထဲက စစ်မှန်အမတသည် စစ်မှန်သော မသေမျိုးဖြစ်လာပေတော့မည်။
ဤသည်မှာ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ နောက်ဆုံးပန်းတိုင်ဖြစ်သည်။
ကျင့်ကြံသူများအနေဖြင့် အများကြီးတောင်းဆိုစရာမရှိပေ။ ဒဏ္ဍာရီထဲက မသေမျိုးဟူသည် သူတို့၏ တစ်ခုတည်းသော ဆန္ဒပင်တည်း ။
ဤမြင်ကွင်းကို မျက်မြင်တွေ့ကြုံလိုက်ရချိန်တွင် လူအချို့မှာ ဝမ်းသာမျက်ရည်ကျခဲ့ရသည်။
ဤသို့ဖြင့် တယောက်ပြီး တယောက် ဝင်ရောက်လာကြသည်။
“ဟားဟား… အမတလျှောက်လှမ်း တကယ်ပွင့်သွားပြီ!”
“ နောက်ဆုံးတော့ ဒီခေတ်မှာ မသေမျိုးဖြစ်လာပြီး ထာဝရအသက်ကို ရနိုင်တော့မယ်!”
“ဒီခေတ်မှာ ခုလိုဝမ်းမြောက်စရာတွေ ဖြစ်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး ၊ ဦးစွာ ချန်ကဲထျန်းတိ့က တိုက်မြေပြင်ပနယ်မြေနဲ့ တိုက်မြေ သုံးထောင်ကို ပေါင်းစပ်ခဲ့ပြီး ဇီဝတားမြစ်နယ်မြေကို ချေမှုန်းပစ်ခဲ့တယ် ခုလည်း အမတလျှောက်လှမ်းကို ဖွင့်လှစ်ပေးခဲ့ပြန်ပြီ”
“ငါတို့ခေတ်သစ်ကို လျှောက်လှမ်းကြရတော့မယ်!”
“……..”
တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် သတ္တဝါအပေါင်းတို့သည် မျှော်လင့်စောင့်စားနေကြသည်။
သူတို့လေးစားရသော ချန်ကဲထျန်းတိ့သည် အမတလျှောက်လှမ်းတွင် မည်သို့သော ဒဏ္ဍာရီကို ဖန်တီးလိမ့်မည်နည်း။
ဒဏ္ဍာရီထဲက အမတနယ်မြေသို့ ရောက်ရှိခဲ့လျှင်ပင်၊ သူဖန်တီးမည့် ဇာတ်လမ်းများသည် ဒဏ္ဍာရီတွင်ကျန်ရစ်ပေလိမ့်မည်။
သူဖြတ်သန်းသွားသည့်နေရာတိုင်း ၊ သူသည် ဒဏ္ဍာရီတစ်ပုဒ်ကို အမြဲဖန်တီးနိုင်ပေလိမ့်မည်။
တစ်ချိန်တည်းမှာပင်၊ ကွေးယွမ် သူတော်စင် နယ်မြေ၏ ကံကြမ္မာရှေးဧကရာဇ်များသည်လည်း ခရီးစဉ်စတင်ခဲ့ချေပြီ။
ယခုတစ်ကြိမ်တွင် ၎င်းတို့သည် ရိုးရှင်းသော နှုတ်ဆက်ပွဲတစ်ခုသာ ပြုလုပ်ခဲ့ပြီး ၊ အတိတ်ကလို အဖွဲ့နှင့် မလှုပ်ရှားခဲ့ပေ။
အမတလျှောက်လမ်းကို စတင်လျှောက်လှမ်းခြင်း၏ အဓိကရည်ရွယ်ချက် နှစ်ရပ်မှာ အမတလမ်းစဉ်၏ အလိုဆန္ဒကို အသုံးချ၍ လွတ်မြောက်နယ်ပယ်အဆင့်သို့ မြန်ဆန်စွာ ရောက်ရှိရန် ၊
ဒုတိယအချက်မှာ အမတလျှောက်လှမ်းအတွင်း အတွေ့အကြုံကိုရှာဖွေရင်း မိမိ၏ တာအိုစိတ်နှလုံးသားကို ရင့်သန်အောင် နှိုးဆော်ကာ အမတနယ်ပယ်သို့ ရောက်ရှိရန် အားထုတ်ခြင်းပင် ဖြစ်သည်။
အမတလျှောက်လှမ်းသည် ဧကရာဇ်လျှောက်လှမ်းထက် ပိုအရေးကြီးသည်။ ယင်းသည် ၎င်းတို့ကို ပိုမိုတိုးတက်အောင်မြင်နိုင်စေမည့် အခွင့်အလမ်းဖြစ်သလို အမတနယ်မြေ၌ လေပြင်းမုန်တိုင်းကဲ့သို့ ကြီးစွာသော အပြောင်းအလဲကို ဖန်တီးနိုင်မည့် မူလအစလည်း ဖြစ်သည်။
စူးချန်ကဲ၏ နောက်လိုက်များနှင့် ချစ်ရသူအကြောင်း ပြောရမည်ဆိုလျှင် ၊
သူတို့သည် မဟာဧကရာဇ် နယ်ပယ်အဆင့်သို့ ဖြတ်ကျော်ပြီးကာစပင် ရှိသေးသည်။ အမတလျှောက်လှမ်းထဲသို့ ဝင်ရောက်လိုပါက အမတလမ်းစဉ်ဆိုင်ရာ အလိုဆန္ဒကို နားလည်ရန်လိုအပ်ပြီး အနည်းဆုံး ရှေးဧကရာဇ်နယ်ပယ် ပြီးပြည့်စုံအဆင့်ကို ရောက်ရှိရန် လိုအပ်သည်။
၎င်းတို့၏ ကျင့်ကြံမှုနယ်ပယ်အဆင့်သည် အဆင့်အတန်းမမီသေးသဖြင့် အမတနယ်မြေနှင့် တိုက်မြေသုံးထောင်တို့ ချိတ်ဆက်သည့်အချိန်ကာလကို ရောက်ပြီးမှသာလျှင် သူတို့သည် အခြားသောအခွင့်အလမ်းသစ်များကို ထပ်မံရှာဖွေရမည်ဖြစ်သည်။
“ ချန်ကဲထျန်းတိ့ သွားတော့မှာလား “
လော့ရန်ယွီ အပါအဝင် အားလုံးက စူးချန်ကဲအား တုံ့ဆိုင်းစွာဖြင့် ကြည့်နေကြသည်။
သူတို့၏ မျက်လုံးများသည် နီမြန်းနေပြီး ၊ မျက်နှာပေါ်တွင် ပြင်းထန်သော ဝမ်းနည်းမှုအရိပ်အယောင်များကို မြင်တွေ့နေရသည်။
သူတို့အားလုံးသည် တစ်ချိန်လုံး စူးချန်ကဲနောက်သို့ လိုက်လာခဲ့သည်။
ယခုတွင်မူ စူးချန်ကဲသည် ဟ်ိုးအဝေးထိ ပျံသန်းပေတော့မည်။ သူတို့အနေဖြင့် မည်မျှပင် ကြိုးစားလိုက်ပါသော်ငြားလည်း ၊ သူ၏ ဝေးကွာလှသော နောက်ကျောကိုသာ မြင်နိုင်တော့သည်။
………..
အပိုင်း(၅၅၁): ထာဝရအသက်ရှင်ခြင်း ဟူသည် တည်မြဲမှုမရှိ
စူးချန်ကဲသည် ဖြည်းညှင်းစွာ လှည့်ကြည့်လာခဲ့သည်။
ထို့နောက် အပြုံးမပျက် ဖြေလိုက်သည်။
“ လုပ်စရာရှိတာ လုပ်ရတော့မယ် “
“ ပြီးတော့ မင်းတို့ ဝမ်းနည်းနေစရာ မလိုဘူး ၊ ငါ မကြာခင် ပြန်လာခဲ့မယ်”
“ အမတနယ်မြေ ရောက်လာတဲ့တစ်နေ့ ၊ ငါ အားလုံးကို ခေါ်ဆောင်ပြီး အမတနယ်မြေမှာ ငါတို့ရဲ့နာမည်ကမ္မည်းရေးထိုးကြမယ်”
စူးချန်ကဲသည် တောက်ပစွာ ပြုံးလိုက်ရင်း ဆက်ဆိုလိုက်သည်။
“ ငါတို့ ခုလိုကြီးကျယ်ခမ်းနားတဲ့ ခေတ်ကြီးမှာ မွေးဖွားလာခဲ့တာ မိုးကောင်းကင်မြင့်မှာ ပျံသန်းနိုင်တဲ့ ဂဠုန်ဌက်ကြီးအဖြစ် ပျံသန်းနိုင်ရမယ် မဟုတ်လား “
“ အဲ့တော့ မင်းတို့ ကိုယ့်ကိုယ်ကို လျှော့မတွက်ကြနဲ့ ၊ ကြိုးစားလေ့ကျင့်ပြီး ငါ့ပြန်လာတာကို စောင့်နေ “
ထို့နောက် စူးချန်ကဲသည် လော့ရန်ယွီအား နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သည်။
“စိတ်မပူပါနဲ့ ငါတို့ကတိကို အမြဲသတိရနေမှာပါ”
စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးပြီးနောက်၊ သူ၏ ဝတ်ရုံလက်စကို ဝှေ့ယမ်းလိုက်သည်။
ဝီ!
မှော်သင်္ကေတများဖြင့် ဖန်တီးထားသည့် တောက်ပသော လမ်းတစ်ခုသည် သူ၏ခြေဖဝါးအောက်တွင် ရောက်ရှိလာပြီး၊ မိုးကုပ်စက်ဝိုင်းတစ်နေရာဆီသို့ ဦးတည်နေသည်။
စူးချန်ကဲသည် ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလိုက်သည်နှင့် သူ၏အသွင်ပုံရိပ်သည် ပြိုးပျက်စွာတောက်ပနေသော လမ်းတစ်လျှောက် ပျံ့လွင့်သွားသည်။
ကွေးယွမ်သူတော်စင်နယ်မြေရှိ လူတိုင်း ဤမြင်ကွင်းကို ရပ်ကြည့်နေကြသည်။
သူတို့ ကွေးယွမ်သူတော်စင်နယ်မြေ၏ ဆက်ခံသူသည် ဒဏ္ဍာရီအသစ်တစ်ခုကို ဖန်တီးပေတော့မည်။
လူတိုင်း ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြသည်။
“ ချန်ကဲထျန်းတိ့ကို နှုတ်ခွန်းဆက်သပါတယ် အောင်မြင်မှုအသစ်တွေကို ဖန်တီးယူဆောင်လာမယ်လို့ မျှော်လင့်ပါတယ်!”
“ ချန်ကဲ…”
လော့ရန်ယွီ၏ လှပသော မျက်ဝန်းများထဲတွင် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သကဲ့သို့ ပြတ်သားမှုများ ရှိနေသည်။
ယခင်က ယောင်ချီ သူတော်စင်နယ်မြေ၏ ဘိုးဘေးဖြစ်သူက သူမအား ဤအရာကို ပြောပြခဲ့ဖူးသည်။
အမတနယ်မြေတွင် ယောင်ချီ သူတော်စင်နယ်မြေ၏ ဇာတ်မြစ်ဖြစ်သော ယောင်ကွမ်အမတဂိုဏ်းဟူ၍ ရှိသည်။
လော့ရန်ယွီသည် ယခု ယောင်ချီ သူတော်စင်နယ်မြေ၏ နတ်ဘုရားမဖြစ်သည်။ ယောင်ကွမ်အမတဂိုဏ်း၏ အရှင်သခင်သည် သူမအား ယောင်ကွမ်အမတဂိုဏ်း၏ ဆက်ခံသူအဖြစ် လေ့ကျင့်သင်ကြားပေးရန် ရည်ရွယ်ထားသည်။
ယင်းမတိုင်မီတွင်၊ သူမသည် ယောင်ချီစမ်းသပ်ကွင်းထဲသို့ ဝင်ရောက်ကာ လေ့ကျင့်ရန်လိုအပ်ပေသည်။ အထဲ၌ ကျင့်ကြံလေ့ကျင့်ခြင်းသည် သူမ၏ ခန္ဓာကိုယ်ကို သန့်စင်စေကာ အသွေးအသားများကို ပြောင်းလဲတိုးတတ်စေမည် ဖြစ်သည်။
သို့သော် ဤလုပ်ငန်းစဉ်သည် နာကျင်ရသလို အသက်အန္တရာယ်ရှိသည်။
သူမသည် သက်ပြင်းချပြီးနောက် ၊ တီးတိုးရေရွတ်လိုက်သည်။
“ မိုးမြေတစ်ဆုံး သွားရပါစေ ..သက်ရှိအပေါင်းတို့ကိုလည်း မစွန့် သလို သင်၏ချစ်ခြင်းကိုလည်း မေ့မည်မဟုတ်….”
“ဘာပဲဖြစ်ဖြစ် ၊ ငါ သေချာပေါက် သန်မာလာရမယ်…”
……..
တစ်ချိန်တည်းမှာပင်။
ကွေးယွမ်ဘိုးဘွားပိုင် နယ်မြေအတွင်းမှ အကြီးအကဲများသည် စူးချန်ကဲထွက်ခွာသွားသည်ကို ကြည့်ရှုနေခဲ့ကြသည်။
“ ချန်ကဲ ငါတို့ ကွေးယွမ်ကို ပထမဆုံး ရောက်လာတဲ့နေ့ကို မှတ်မိသေးတယ်၊ အဲ့တုန်းကတော့ သာမန်လူငယ်လေးတစ်ယောက်ပဲ၊ ခုတော့ သူ့ဘာသာသူရပ်တည်နိုင်ပြီ”
“ အရင်က အမတလျှောက်လှမ်းဆိုတာ စာရွက်ပေါ်မှာပဲ ရှိခဲ့တာ ဒါပေမဲ့ ဒီခေတ်မှာ တကယ်ဖြစ်လာလိမ့်မယ်လို့ မထင်ထားဘူး…”
“ ချန်ကဲရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ ခွန်အားအရ သူဟာ ဒီထက်ပိုပြီး အောင်မြင်နိုင်လိမ့်မယ် “
ဖော့ကျွင်းဘိုးဘေးက အေးစက်စွာ နှာမှုတ်ရင်း ဆိုလိုက်သည်။
“ အဲ့တုန်းက ဘယ်သူလဲတော့ မသိဘူး၊ ချန်ကဲကို ဆက်ခံသူအဖြစ် ရွေးတုန်းက တချို့တချို့တွေ ကန့်ကွက်ခဲ့တာလေ!”
ထိုစကားကိုကြားတော့ ဘိုးဘေးတချို့က နည်းနည်းရှက်သွားကြသည်။
သို့သော် သူတို့သည် ပြန်လည်မတုံ့ပြန်ဘဲ တိတ်တဆိတ်နေဖို့ကိုသာ ရွေးချယ်ခဲ့သည်။
သို့သော် သူတို့စိတ်ထဲတွင် စိုးရိမ်မှုများရှ်ိနေဆဲပင် ဖြစ်သည်။ ဤသည်က ရှေးဘိုးဘေး၏ မှာကြားချက်ကြောင့် ဖြစ်သည်။
“ဒီတစ်ခါတော့ ချန်ကဲက အမတလျှောက်လှမ်းပေါ် ခြေချခဲ့ပြီ ၊ ပြဿနာမှန်သမျှ၊ အကျပ်အတည်းမှန်သမျှ သူကိုယ်တိုင် ဖြေရှင်းဖို့ ငါ မှာကြားပြီးပြီ”
“ အရာတိုင်းကို သူကိုယ်တိုင် ဆုံးဖြတ်စီရင်ပြီး ၊ သူ့ကိုယ်ပိုင်လမ်းစဉ်ကို ရှာဖွေရမယ် အဲ့တာဟာ ငါတို့အတွက်မဟုတ်ဘူး”
“ ဟိုလူအိုကြီးတွေ ဝင်မစွက်ဖက်သရွေ့ ကိစ္စတိုင်းကို ချန်ကဲ သူ့ဟာသူကိုင်တွယ်လိမ့်မယ်”
ရှေးဘိုးဘေး၏ ညွှန်ကြားချက်များကို တွေးတောရင်း ဘိုးဘေးများစွာသည် ခေါင်းတယမ်းယမ်းဖြင့် ရှိုက်ကြီးတငင် ပြုံးလိုက်ကြသည်။
ရှေးဘိုးဘေးရဲ့ ဒီလုပ်ရပ်က စူးချန်ကဲကို လွတ်လွတ်လပ်လပ် ကြီးပြင်းခွင့်ပေးဖို့ ကြိုးစားနေတာပဲ မဟုတ်လား !
သို့သော် သူတို့အနေဖြင့် ကန့်ကွက်စရာမရှိပေ။
အမှန်စစ်စင် ၊ အမှန်တကယ် သန်မာသူသည် မိမိဘာသာ အမြဲရပ်တည်တတ်ရမည်ဖြစ်သည်။
သူတို့ ကွေးယွမ်သည် အင်အားကြီးမားသော်လည်း သို့သော် စူးချန်ကဲအား ဖန်လုံအိမ်ထဲက ပန်းပွင့်ကဲ့သို့ အမြဲတမ်းထိန်းသိမ်းပေးနိုင်မည် မဟုတ်ပေ။
သွေးထွက်သံယိုတိုက်ပွဲများ၊ မဟာလမ်းစဉ်၏ စမ်းသပ်မှုများ၊ တုနှိုင်းမဲ့သော စွမ်းအားရှင်များ စသည့်အရာအားလုံးသည် စူးချန်ကဲအတွက် ပြီးပြည့်စုံသော ဓားသွေးကျောက်များပင် ဖြစ်သည်။
“ ချန်ကဲ မင်းဟာ တကယ့်စစ်မှန်တဲ့ ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ကို ဖန်တီးနိုင်မယ်လို့ ငါတို့ ယုံကြည်တယ်”
…….
ထိုအချိန်တွင် စူးချန်ကဲသည် အမတလျှောက်လှမ်းဆီသို့ ဦးတည်ကာဝင်ရောက်လာသည်။
ရှေးဧကရာဇ် နယ်ပယ်အဆင့်ရှိ စွမ်းအားရှင်များနှင့် လွတ်မြောက်နယ်ပယ်အဆင့်ရှိ စွမ်းအားရှင်များသည်လည်း အမတလျှောက်လှမ်းဆီသို့ ဦိးတည်ကာသွားရောက်နေသည်ကို တွေ့နိုင်သည်။
အချို့သော သူတော်စင်ဘုရင် နယ်ပယ်အဆင့်ရှိ ကျင့်ကြံသူများနှင့် သက်ရှိသတ္တဝါများစွာသည်လည်း အမတလျှောက်လှမ်းဆီသို့ ပြေးလာကြသည်။
ဤသည်မှာ ဒဏ္ဍာရီလာ အမတလျှောက်လှမ်းဖြစ်ပြီး ၎င်းကို ဝင်ရောက်နိုင်သည်နှင့် စစ်မှန်အမတသခင် ဖြစ်လာနိုင်မည့် အခွင့်အရေးကို ရှာတွေ့နိုင်ပေတော့မည်။
မယုံနိုင်လောက်အောင် အန္တရာယ်များပြီး သေသည်အထိ ဖြစ်နိုင်မှန်းကို သိထားသော်လည်း သို့သော် သူတို့၏ သိချင်စိတ်ကို မဖိနှိပ်နိုင်ဘဲ စူးစမ်းလိုကြသည်။
တစ်ချိန်က စည်ကားခဲ့သော တိုက်မြေ သုံးထောင်သည် အမတလျှောက်လှမ်းထွက်ပေါ်လာခြင်းနှင့်အတူ လုံးဝ တိတ်ဆိတ်သွားသည်။
“ ဒါချန်ကဲထျန်းတိ့ပဲ!”
“ ကျွန်တော်တို့ ချန်ကဲထျန်းတိ့ကို နှုတ်ခွန်းဆက်သပါတယ်”
စူးချန်ကဲကို မြင်လိုက်ရသော လူတစ်ချို့က ကမန်းကတန်း ဦးညွှတ်ကာ လေးစားမှုအပြည့်ဖြင့် နှုတ်ခွန်းဆက်သကြသည်။
စူးချန်ကဲ၏ လုပ်ရပ်များကို ဟိုးအရင်ကတည်းက ကြားသိထားပြီးဖြစ်ရာ ဤသက်ရှိဒဏ္ဍာရီကို မည်သို့မလေးစားဘဲနေနိုင်မည်နည်း။
စူးချန်ကဲက ပြုံးကာ ခေါင်းညိတ်ပြသည်။
ထို့နောက် သူသည် အာကာသအလွှာများကို ဖြတ်ကျော်ကာ အနက်ရှိုင်းဆုံးအပိုင်းဆီသို့ ဦးတည်ကာ ပျံသန်းသွားလေတော့သည်။
…….
နာရီအနည်းငယ်ကြာပြီးနောက်၊
အမတလျှောက်လှမ်း ဆင်းသက်ရာဧရိယာ။
ဤသည်မှာ တိုက်မြေသုံးထောင်တွင် ရှေးအကျဆုံး ကြယ်စုနယ်မြေဖြစ်သည်။ တိုက်မြေ သုံးထောင်မပေါ်ပေါက်မီကတည်းက ဤနေရာတွင် နှစ်မရေမတွက်နိုင်အောင် ရှိခဲ့ကြောင်း ကောလဟာလများရှိခဲ့ဖူးသည်။
၎င်းကို တိုက်မြေသုံးထောင်၏ အစွန်းဟု ခေါ်ကြပြီး ၊ အမည်မသိကြယ်စုနယ်မြေများနှင့် ချိတ်ဆက်ထားသည်။
သို့သော်လည်း တစ်ချိန်က စွန့်ပစ်ထားသော ကြယ်တာရာအပျက်အစီးများသည် ယခုအခါတွင် သိသိသာသာ စည်ကားနေပုံရသည်။
မရေမတွက်နိုင်သော နတ်အလင်းတန်းများ၊ သက်တံ့ တံတားများစသည်တို့သည် တောက်ပနေသော ကြယ်မိုးများကဲ့သို့ပင် ဤအရပ်တွင် လာရောက် ဆုံစည်းကြသည်။
အပျက်အစီးများ၏ အနက်ရှိုင်းဆုံးနေရာတွင် ရောင်ခြည်အလင်းတန်းများ ဖြာထွက်လျက် တာအိုစည်းချက်များ ပျံ့လွင့်နေသည်။
နီးကပ်လာသည်နှင့်အမျှ၊ ထိုကြီးမားလှသော အလင်းတံခါးကြီးသည် လောကလူသားများရှေ့မှောက်တွင် အသေအချာ ပေါ်လွင်လာခဲ့ပြီဖြစ်သည်။
ထိုစကြဝဠာနယ်ပယ်ရှိ ကောင်းကင်သည် ရုတ်တရက် အက်ကြောင်းဖြစ်ပေါ်လာပြီး ၊ ၎င်းမှ အလွန်တောက်ပသော နတ်အလင်းတန်းများ ဖြာထွက်လာသည်။
ပတ်ပတ်လည်တစ်လျှောက် အံ့ဖွယ်ကောင်းသော အလင်းများဖြင့် ဖုံးလွှမ်းနေသည်မှာ ကြည့်ရှုသူတိုင်း၏နှလုံးသားကို လှုပ်ခတ်သွားစေသည်။
သို့သော် ပို၍ရင်သပ်ရှုမောဖွယ်ဖြစ်စေသည်မှာ ၊
ဤကျယ်ပြောလှသော အာကာသအက်ကွဲမှုရှေ့တွင် ၊ အဆုံးမရှိသော မဟာလမ်းစဉ်များဖြင့် ပေါင်းစပ်ထားသော နတ်ကျောက်စာတိုင်ကြီးသည် ကြီးကျယ်ခမ်းနားစွာ တည်ရှိနေသည်။
ထိုကျောက်စာတိုင်ပေါ်တွင် အမတလမ်းစဉ်ဆိုင်ရာအလိုဆန္ဒများ သက်ဝင်စီးဆင်းနေပြီး၊ ရွှေဝါရောင်အက္ခရာများသည် ဖီးနစ်နှင့်နဂါးများသဖွယ် ဝဲပျံနေသည်။
အနီးကပ်ကြည့်မည်ဆိုပါက ၊ ၎င်းအပေါ်တွင် ရေးသားထားသော စာများကို တွေ့မြင်ရပေမည်။
“ မသေလမ်းကို လျှောက်လှမ်းရင်း”
“ အိမ်မက်အတွက် ဆင်းရဲဒုက္ခကိုခံစားသည်”
“နံနက်ခင်းတွင် နတ်ဆေးကဲ့သို့ အဖိုးတန်သော အရာကို တွေ့မြင်ရသော်လည်း”
“ ညချမ်းတွင် ထိုအရာကို ရယူနိုင်မည့် လူစွမ်းကောင်းသည် အဘယ်သူများနည်း”
“ မိုးကောင်းကင်ရဲ့ အနန္တကျယ်ပြောမှုကို ငေးမျှော်ရင်း “
“ ထာဝရအသက်ရှင်ခြင်း ဟူသည် တည်မြဲမှုမရှိကြောင်း နားလည်လာတော့သည်”
စူးချန်ကဲသည်ပင် ဤကဗျာကို မြင်လိုက်ရချိန်တွင် အနည်းငယ် ထိတ်လန့်သွားရင်း စာသားကို ဖတ်ဆိုလိုက်သည်။
မသေမျိုးလမ်းစဉ်ကို လူမည်မျှလျှောက်လှမ်းကြလေသနည်း။
ဤမသေမျိုးလမ်းစဉ်ကို ရှာဖွေရန် လူပေါင်းမည်မျှ နှလုံးသွေးကျရလေသနည်း။
တစ်နေ့တွင် ၊
မသေမျိူးတစ်ယောက်အနေဖြင့် နောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် ၊
သူတို့၏အမှတ်တရထဲက ချစ်ရသူ၊ ဆွေမျိုး သူငယ်ချင်းများသည် အတိတ်၏ အငွေ့အသက်အဖြစ် ပျောက်ကွယ်သွားခဲ့သည်မှာ ကြာခဲ့ပြီပင်။
စူးချန်ကဲ၏ အမြင်တွင်…
ဤကမ္ဘာတွင် မသေခြင်းတရား ဟူ၍မရှိ။
ထာဝရအသက်ကို ရရှိရန် အထီးကျန်မှု အဆင့် ကိုးဆင့်ကို တွေ့ကြုံရမည်ဖြစ်ပြီး၊ အရာအားလုံးနှင့်လွဲချော်ကာ လက်လွှတ်ဆုံးရှုံးရပေလိမ့်မည်။
အပိုင်း(၅၅၂): ငါကိုယ်တိုင် ငါ့ကိုယ်ပိုင်လမ်းကြောင်းသစ်ကို ဖောက်လုပ်မယ်
သို့သော်ငြားလည်း၊ လူတို့သည် ထာဝရအသက်ဟူသော သွေးဆောင်မှုကြီးကို မခုခံနိုင်ကြသေးပေ။
မည်သို့ပင်ဖြစ်စေ ၊ဤသည်မှာ ဒဏ္ဍာရီထဲက မသေမျိုးဖြစ်သည်။
မိမိ၏ ထာဝရအသက်နှင့် နှိုင်းယှဥ်ရလျှင်ဖြင့်၊ ချစ်ရသူများသည် အဘယ်အရေးပါဦးမည်နည်း။
စူးချန်ကဲ၏ ကိုယ်ပိုင်ထင်မြင်ယူဆချက်အရ ၊သူသည် ဤကဲ့သို့ အတုမရှိ စွမ်းရည်များနှင့် ခွန်အားများကို မပိုင်ဆိုင်ခဲ့ပါက၊
သူသည်လည်း မသေမျိုးဖြစ်ရန် လိုက်စားနေကြသော သူများကဲ့သို့ပင် အချိန်၏နွံထဲတွင် ရုန်းကန်နေရသူတစ်ဦး ဖြစ်ကောင်းဖြစ်သွားနိုင်သည်။
“ မဟာလမ်းစဉ် သုံးထောင်အနက် အခြားသူ၏လမ်းစဉ်ကို ကိုယ်တိုင်မလျှောက်လှမ်းဘဲ အခြားသူ၏နည်းလမ်းကို အဘယ်နည်းဖြင့်ဝေဖန်နိုင်မည်နည်း “
ဤကမ္ဘာပေါ်ရှိ ကျင့်ကြံသူများသည် မတူညီသော လမ်းစဉ်များကိုရှာဖွေကာ လျှောက်လှမ်းကြသည်။
သူတို့သည် ထာဝရအသက်ကို ရှာဖွေကြသည်။
စူးချန်ကဲသည် အတုမရှိ ၊ အတားအဆီးမရှိသော လွတ်လပ်မှုကိုသာ ရှာဖွေသည်။
သို့သော်ငြားလည်း ၊ သူသည် အခြားသူများ ကိုင်စွဲထားသော မဟာလမ်းစဉ်ကို ဝေဖန်ရန် အရည်အချင်းမပြည့်မီပေ။
နက်ရှိုင်းသော စိတ်ခံစားချက်များနှင့်အတူ ၊ စူးချန်ကဲ၏စိတ်ထဲတွင် ရုတ်ချည်း ဉာဏ်အလင်းပွင့်သွားခဲ့ပုံရသည်။
ဝီ!!
မူလက သူ၏ ခန္ဓာကိုယ်၌ စုစည်းနေသော စွမ်းအားများသည် တစ်ဖန် ပြန်လည်အားကောင်းလာပြီး ၊ မဟာလမ်းစဉ်၏ အမှတ်လက္ခဏာများသည် သူ၏ဘေးပတ်ပတ်လည်တွင် တရွေ့ရွေ့ ရွေ့လျားကာ ဟောက်သံပြုနေကြသည်။
“ငါ့အဆင့်… ဖြတ်ကျော်တော့မှာလား !”
သူ၏စိတ်ထဲ၌ ဖြစ်ပေါ်လာသော အတွေးအမျှင်များသည် သူ့အား ဉာဏ်အလင်းဖြစ်စေခဲ့ရုံသာမက သူ၏ ကျင့်ကြံမှုကို နောက်တဆင့် တတ်လှမ်းနိုင်စေခဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
စူးချန်ကဲသည် ချက်ချင်းဆိုသလို ၊ ဓားသေတ္တာကိုးလက် ၊ ကောင်းကင်နှင့်မြေကြီးစစ်တုရင်ဘုတ် ၊ ကောင်းကင်လမ်းစဉ် အာဏာစက်ဓား နှင့် အခြားအကာအကွယ်ရတနာများစွာကို ဆင့်ခေါ်ခဲ့သည်။
သူ့ကို ကာကွယ်ရန် အားလုံးကို အသက်သွင်းနိုးထစေခဲ့သည်။
စူးချန်ကဲသည် ဖွဲ့စည်းပုံ၏အလယ်တွင် တင်ပျဉ်ခွေထိုင်နေပြီး ၊ အသက်ရှုသံကို အာရုံစူးစိုက်ခြင်းဖြင့် သူ့ခန္ဓာအတွင်း၌ နိယာမစွမ်းအားများ၏ လှိုင်းတံပိုးအတတ်အကျကို အာရုံပြုနေသည်။
ရှေးဧကရာဇ်နယ်ပယ် ပြီးပြည့်စုံအဆင့်ကို ရောက်ရှိပြီးနောက်တွင် ၊ ကောင်းကင်လမ်းစဉ် လွတ်မြောက်သူတစ်ဦး ဖြစ်လာရန်မှာ စူးချန်ကဲအတွက် ခက်ခဲလိမ့်မည်မဟုတ်ပေ။
🍁< T/N - အပိုင်း(၅၃၁) မှာ လွတ်မြောက်နယ်ပယ်ကိုမှ လူသားလမ်းစဉ် ၊ ဧကရာဇ်လမ်းစဉ် ၊ ကောင်းကင်လမ်းစဉ် နဲ့ အန္တိမလမ်းစဉ်ရှိကြောင်း ရှင်းပြခဲ့ပြီးပြီနော် >
ကောင်းကင်လမ်းစဉ်ကို ကျော်လွန်ပြီး အန္တိမလမ်းစဉ်အထိ အောင်မြင်ရန် သူလျှောက်လှမ်းရမည့် ခရီးစဉ်မှာ အဝေးကြီးကျန်သေးသည်။
ယခု သူသည် လျို့ဝှက်ဆန်းကြယ်သော ဉာဏ်အလင်းနယ်ပယ်ထဲသို့ ကျရောက်သွားပြီး ၊ စူးချန်ကဲသည် ဤအခွင့်အရေးမှတဆင့် အန္တိမလမ်းစဉ်၏တံခါးပေါက်ကို ထိခေါက်နိုင်ခဲ့ပြီဟု ဆိုရမည်။
ဝူး!
ရုတ်တရက်ဆိုသလို၊ စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲက အသွေးအသားတို့သည် တဟုန်းဟုန်းတောက်လောင်ကာ ဟောက်သံပြုနေကြသည်။
မဟာလမ်းစဉ်၏ အမှတ်လက္ခဏာများသည် စူးချန်ကဲ၏ ခန္ဓာကိုယ်တွင်းရှိ ဆဲလ်တိုင်း၌ ဖြစ်တည်နေပုံရသည် ။
ထိုအမှတ်လက္ခဏာများတွင် ရှေးအစဉ်ကာလကပင် မပျောက်မပျက်ရှိခဲ့သော စွမ်းအားများပါဝင်နေပြီး မိုးမြေဖြစ်တည်စဉ်ကတည်းက တည်ရှိခဲ့သော အဆုံးမဲ့ လျှို့ဝှက်ဆန်းကြယ်မှုများ ပါဝင်နေသည်။
ထိုအချိန်တွင်၊ စူးချန်ကဲကို ဗဟိုပြုထားသော ဗလာပြင်ကြီးသည် သူ၏တန်ခိုးစွမ်းအားကြောင့် အနည်းငယ် ရွဲ့စောင်းသွားပြီး မဟာလမ်းစဉ်၏ သဘာဝသံစဉ်များ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင်၊
ဤနေရာ၌ ဖြစ်ပေါ်နေသော အပြောင်းအလဲများသည် ဤနေရာကို လာရောက်နေကြသော ပုဂ္ဂိုလ်တိုင်း၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
“ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ မဟာလမ်းစဉ်ရဲ့ရောင်ဝါ....ဘယ်သူကများ အဆင့်တတ်သွားတာလဲ”
“ဟိုမှာကြည့်... အဲ့နေရာက အရင်းအမြစ်ဖြစ်ပုံရတယ်!”
တစ်စုံတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။
လူတိုင်း အသံလားရာကို ကြည့်လိုက်ရာ နတ်အလင်းများဖြင့် တဖိတ်ဖိတ် ဝင်းလက်တောက်ပနေသော စူးချန်ကဲကို မြင်လိုက်ရသည်။
လူတိုင်း အံ့အားသင့်ကုန်ကြသည်။
“ ဒါက ... ချန်ကဲထျန်းတိ့!?”
“ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ မဟာလမ်းစဉ်ရဲ့ တန်ခိုး စွမ်းအား! ချန်ကဲထျန်းတိ့က လွတ်မြောက်နယ်ပယ်အဆင့်ကို ဖြတ်ကျော်ဖို့လုပ်နေတာလား “
“ မဟုတ်သလိုပဲ ၊ ချန်ကဲထျန်းတိ့ကို ကြည့်ရတာ အဆင့်တတ်ပုံမရဘဲ ဉာဏ်အလင်းဝင်စားနေပုံရတယ် “
“အို ဘုရားရေ.. ဒါအမှန်ပဲလား?!”
“ ဉာဏ်အလင်းဝင်စားရုံနဲ့ ဒီလိုရောင်ဝါမျိုးကို ထုတ်လွှတ်နိုင်တယ်...ချန်ကဲထျန်းတိ့က လွတ်မြောက်နယ်ပယ်အဆင့်ကို ရောက်တဲ့အခါ ဒဏ္ဍာရီလာအန္တိမလမ်းစဉ် လွတ်မြောက်သူအဖြစ် အောင်မြင်နိုင်တော့မှာလား...”
အန္တိမလမ်းစဉ် လွတ်မြောက်သူ?
အကယ်၍ ထိုလူသာ ဤစကားကို ထုတ်ဖော်မပြောမိခဲ့ပါက ၊ သူတို့သည် ‘အန္တိမလမ်းစဉ် လွတ်မြောက်သူ ‘ ဟူသော စကားလုံးများကို မေ့ပျောက်နေပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်လမ်းစဉ် လွတ်မြောက်သူသည် အလွန်အစွမ်းထက်သော ဖြစ်တည်မှုဖြစ်ပြီး ၊ မယုံနိုင်စရာကောင်းသော ဖြစ်တည်မှုဟု ဆိုနိုင်သည်။
အမှန်တွင်၊ ယခင်က ဇီဝတားမြစ်နယ်မြေ၏ ခေါင်းဆောင်ခြောက်ဦးသည် ဧကရာဇ်လမ်းစဉ် လွတ်မြောက်သူများသာဖြစ်ပြီး အများစုမှာ လူသားလမ်းစဉ် လွတ်မြောက်သူများ ဖြစ်သည်။
အန္တိမလမ်းစဉ်နှင့်ပတ်သတ်၍ ၊
စကားနှင့်သာ ကြားဖူးသည်။ ဤနှစ်ကာလတစ်လျှောက် မည်သူမှ မအောင်မြင်နိုင်ခဲ့ပေ။
“ ချန်ကဲထျန်းတိ့က နောက်ထပ် ဒဏ္ဍာရီတစ်ခုကို ဖန်တီးတော့မယ်နဲ့တူတယ်”
လူများစွာသည် ဤမြင်ကွင်းကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရှုနေကြပြီး ၊ အံ့သြထိတ်လန့်နေကြသည်။
အထင်အမြင်သေးစွာဖြင့် ကြည့်နေကြသော မကြာသေးခင်ကမှ နိုးထလာကြသည့် ကောင်းကင်လမ်းစဉ် လွတ်မြောက်သူများလည်း ရှိသည်။
“ဟမ်... ဒါက တိုက်မြေ သုံးထောင်ရဲ့ အတုမရှိတဲ့ ချန်ကဲထျန်းတိ့ဆိုတာလား”
“လေကတော့ ကြီးလိုက်တာ..လူအများရှေ့မှာ ရုတ်တရက် ဉာဏ်အလင်းဝင်စားပြနေတာ ပြီးမှ ဘူပိတ်သွားမှာ မကြောက်ဖူးလား”
“ဟာဟားဟား၊ ငါတို့ ချန်ကဲထျန်းတိ့က “လူ့နှလုံးသားများသည် သစ္စာမဲ့သည်” ဆိုတဲ့ စကားလုံးလေးလုံးကို ဘယ်လိုရေးရမယ်ဆိုတာ မသိတာများလား “
“ဒဏ္ဍာရီထဲက ထာဝရထျန်းတိ့ဆိုတဲ့အတိုင်း တန်ခိုးစွမ်းအားကြီးမားတယ်ဆိုပေမဲ့ ဒါပေမဲ့ အန္တိမလမ်းစဉ် လွတ်မြောက်သူအဖြစ် အောင်မြင်ဖို့က ငယ်လွန်းနေတယ်”
“…….”
ခေတ်ဟောင်း ကောင်းကင်လမ်းစဉ်လွတ်မြောက်သူများသည် စိတ်ချင်းဆက်သွယ်ကာ ပြောဆိုနေကြသည်။
ကောင်းကင်လမ်းစဉ် လွတ်မြောက်သူ တစ်ယောက်အနေဖြင့် ၊ သူတို့သည် အခြားသောလွတ်မြောက်သူများကြားတွင် တုနှိုင်းမဲ့သော ဖြစ်တည်မှုဟု ယုံကြည်ထားသည်။
ထို့အပြင် စူးချန်ကဲသည် သူတို့၏မျက်လုံးထဲတွင် ငယ်ရွယ်သော ကောင်လေးတစ်ဦးသာ ဖြစ်သည်။
အရည်အချင်းရှိနိုင်သော်လည်း ၊ ထိုမျှထူးကဲလိမ့်မည်ဟု မထင်။
ထို့အပြင် ၊ အမတလျှောက်လှမ်းပေါ် ခြေချပြီဆိုကတည်းက မည်သူကများ စူးချန်ကဲ၏ နောက်ခံသမိုင်းကြောင်းကို ဂရုစိုက်နေလိမ့်မည်နည်း။
အမတလျှောက်လှမ်း၏ မဟာလမ်းစဉ်သည် ရက်စက်ကြမ်းကြုတ်ပြီး သေရေးရှင်ရေးကို ကံတရားဖြင့်သာ ဆုံးဖြတ်သည်။ လုံလောက်သော အင်အားမရှိပါက စူးချန်ကဲဆိုတောင် သေရပေလိမ့်မည်။
ထောင့်တစ်နေရာတွင်၊
ကြယ်တစ်စိတ်တစ်ပိုင်း၏ နောက်ကွယ်တွင် ပုန်းကွယ်နေသော ရှစ်ထျန်းတိ့သည် ဉာဏ်အလင်းထဲသို့ နစ်မြုပ်နေသော စူးချန်ကဲကို မြင်ပြီး ရွှင်မြူးသွားသည်။
“ဒီလောက်ကောင်းတဲ့ အခွင့်အရေး ၊ ငါ့အတွက် လက်စားချေဖို့ အကောင်းဆုံးအချိန်ပဲ”
ရှစ်တိ့ထျန်းသည် သူ့မေးစေ့ကို ပွတ်သပ်ရင်း ပြုံးနေလေ၏။
“ဒီကောင့်ကို အမှောင်ထုထဲ တွန်းပို့ဖို့ ဒီအခွင့်အရေးကို ဆုပ်ကိုင်သင့်တယ်မဟုတ်လား”
သို့သော် လူအုပ်ကြီးထဲကနေ ထူးဆန်းသော အကြည့်အချို့ကို သူ ခံစားခဲ့ရသည်။
၎င်းတို့မှာ တိ့ကျန့် မဟာဧကရာဇ်မင်း နှင့် ကွေးယွမ် သူတော်စင် နယ်မြေမှ အခြားသော ထိပ်တန်းမဟာဧကရာဇ်မင်းများပင် ဖြစ်သည်။
သူတို့သည် စူးချန်ကဲအား အနှောင့်အယှက်မဖြစ်စေရန် ပတ်ဝန်းကျင်ရှိ မည်သည့်လှုပ်ရှားမှုကိုမဆို အနီးကပ် စောင့်ကြည့်နေကြသည်။
စူးချန်ကဲ ဉာဏ်အလင်းဝင်စားနေစဉ် သေမှာမကြောက်ဘဲ တိုက်ခိုက်ဝံ့ပါက ၊သူတို့သည် တိုက်ပွဲအသစ်တစ်ခု စတင်ကာ အစွမ်းကုန် ချေမှုန်းတိုက်ခိုက်ပေမည်။
“ ထားပါလေ၊ ဒီမှာ လူအရမ်းများနေတယ်”
ရှစ်တိ့ထျန်းသည် ခေါင်းယမ်းလိုက်သည်။
“ အမတလျှောက်လှမ်းကြမှ ကိုင်တွယ်မယ်ဆိုလည်း အချိန်မနှောင်းသေးဘူး “
……
စူးချန်ကဲသည် ဉာဏ်အလင်းပွင့်လာသည်နှင့်အမျှ၊
ထိုဧရိယာတစ်ခုလုံးသည် ထိန်းမနိုင်သိမ်းမရ တုန်ဟည်းနေပြီး ၊ အမတလျှောက်လှမ်းတွင် ရှိနေကြသောသူများပင်လျှင် စူးချန်ကဲရှိရာဘက်သို့ လှည့်ကြည့်လာကြသည်။
လူအုပ်ကြီးသည် အမျိုးမျိုး ဆွေးနွေးနေကြစဉ်၊
ဘုန်း !
ရုတ်တရက်။
အမတလျှောက်လမ်း တည်ရှိရာ နေရာ၌ ကြောက်ခမန်းလိလိ ရောင်ဝါအတတ်အကျများ ဖြစ်ပေါ်လာသည်။
မဟာလမ်းစဉ်၏ စွမ်းအားလှိုင်းများသည် ဆူနာမီသဖွယ် ပေါ်ထွက်လာသည်။ ကောင်းကင်သည် တမူထူးဆန်းစွာ ပြောင်းလဲသွားပြီး ၊ မဟာလမ်းစဉ်၏ နတ်သံကြိုးများသည် အောက်သို့ ကျဆင်းလာကာ ဖွဲ့စည်းပုံအလယ်တွင် ထိုင်နေသော စူးချန်ကဲအား ရစ်ပတ်ခဲ့လေသည်။
မရေမတွက်နိုင်သော မဟာလမ်းစဉ်၏ ပန်းများပွင့်လန်းလာပြီး ၊ စူးချန်ကဲသည် ၎င်းတို့၏အလယ်၌ တည်ငြိမ်စွာ ထိုင်နေပုံရသည်။ သူ၏ကိုယ်တွင်းမှ စွမ်းအင်လှိုင်းများ၏ တုန်ခါမှုသည် အဆင့်မြင့်တတ်လာသည်နှင့်အမျှ သူ့အား ချုပ်လှောင်ထားသော သံကြိုးများ၏ ကျိုးပဲ့သံများသည် ဆက်တိုက်ဆိုသလိုပင် ထွက်ပေါ်လာသည်။
စူးချန်ကဲ၏ စိတ်ထဲ၌ ဉာဏ်အလင်းများ ဆက်လက်ဖြစ်ထွန်းနေသည်။
သူသည် မိုးမြေ၏ လည်ပတ်မှု၊ ယင်နှင့်ယန်တို့၏ ဆင့်ကဲဖြစ်စဉ်နှင့် စကြဝဠာကြီး၏ မွေးဖွားမှုဖြစ်စဉ်များကို မြင်တွေ့နေပုံရသည်။
သူ၏စိတ်ထဲ၌ အမည်မသိ နတ်အက္ခရာစာလုံးများဖြင့် ဖွဲ့စည်းထားသော စာကြောင်းနှစ်ကြောင်း ထွက်ပေါ်လာသည်။
လမ်းစဉ်ဟူသည် အဘယ့်နည်း ။
လမ်းကြောင်းဟူသည် အဘယ့်နည်း ။
……
စက္ကန့်အနည်းငယ်ကြာသည်နှင့်၊
စူးချန်ကဲသည် သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။
သူ၏ ဘေးပတ်ပတ်လည်တွင် ဝန်းရံလျက်ရှိသော မဟာလမ်းစဉ်၏စွမ်းအားများသည် အင်အားအလုံးအရင်းဖြင့် ပေါက်ကွဲထွက်သွားသည်။
“ဤလောကတွင် လမ်းစဉ်ဟူ၍လည်း မရှိ၊ လမ်းကြောင်းဟူ၍လည်း မရှိ “
“ငါ ခြေချဖူးသော နေရာတိုင်းသည်သာလျှင် ငါ၏လမ်းစဉ် ၊ ငါ၏လမ်းကြောင်းပင်တည်း!”
စူးချန်ကဲ၏ မျက်ဝန်းအစုံ၌ မဟာလမ်းစဉ်၏ အမှတ်လက္ခဏာများ ဖြစ်တည်နေကာ တောက်ပနေသည်။
“ငါကိုယ်တိုင် ငါ့ကိုယ်ပိုင်လမ်းကြောင်းသစ်ကို ဖောက်လုပ်မယ် !”
ထိုစကားသံအဆုံးတွင် ၊
စူးချန်ကဲသည် အမတလျှောက်လှမ်းနှင့် အချင်းချင်း ပဲ့တင်ထပ်လျက်ရှိကာ ၊
ကြယ်အပျက်အစီးများကြား သက်ဝင်လှုပ်ရှားနေသော အမတလမ်းစဉ်ဆိုင်ရာ နတ်အလင်းတန်းများသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲသို့ အရူးအမူး စီးဝင်လာကြသည်။
လက်ရှိ စကြဝဠာ၏မဟာလမ်းစဉ်စွမ်းအားထက်ပင် ကျော်လွန်သော တန်ခိုးစွမ်းအားတစ်ခု နိုးထလာသကဲ့သို့ ၊ ၎င်းသည် ချုပ်နှောင်မှုများကို ချိုးဖျက်ကာ အကန့်အသတ်မဲ့အဆင့်ထိပင် ရောက်ရှိသွားသည်။
ဤသည်မှာ အန္တိမလမ်းစဉ်ပင်တည်း။
အပိုင်း(၅၅၃): အန္တိမလမ်းစဉ် လွတ်မြောက်သူ ၊အမတလျှောက်လှမ်း ပွင့်ပြီ
ရောင်ခြည်များသည် လွန်စွာ စူးရှတောက်ပလွန်းသဖြင့် မျက်စိပင်မှိတ်ထားရသည်။
တစ်ချိန်တည်းမှာပင် ၊ သူတို့အတွင်းစိတ်၌ တုန်လှုပ်ချောက်ချားခဲ့ရသည်။
စူးချန်ကဲသည် နောက်ထပ်ဒဏ္ဍာရီတစ်ခုကို ဖန်တီးခဲ့ပုံရသည်။
ကြီးကျယ်ခမ်းနားသော မဟာလမ်းစဉ်၏ နတ်သံစဉ်များသည် မိုးကောင်းကင်တစ်ဆုံး ပျံ့လွင့်နေသည်။
မဟာလမ်းစဉ်၏ တေးသံ ၊ ကောင်းကင်နှင့် မြေကြီး၏ ပူဇော်သံ ၊ နတ်ဘုရားတို့၏ ဂါထာမန္တန်သံများကဲ့သို့ အချင်းချင်း ရောယှက်ကာ ဆုံစည်းနေကြသည်။
အလွန်အမင်း တောက်ပလွန်းသောကြောင့် လူအုပ်ကြီးသည် လျို့ဝှက်ဆန်းကြယ်သော အမတလမ်းစဉ်၏ မှော်သင်္ကေတများက စူးချန်ကဲဆီသို့ တဖြည်းဖြည်း စုဝေးလာသည်ကို သတိမထားမိလိုက်ကြပေ။
၎င်းတို့သည် နယ်ပယ်အဆင့် ဖြတ်ကျော်တော့မည်ကို ခံစားသိရှိကာ စိတ်လှုပ်ရှားနေပုံရသည်။
ထိုစဉ် ပျံ့လွင့်နေသော နတ်သံစဉ်များကြား ၊ လုံးဝခြားနားသော မဟာလမ်းစဉ်၏အလိုဆန္ဒများ ဆင်းသက်လာသည်။
ထိုအရာသည် စူးချန်ကဲအတွက်သာ သီးသန့်ဖန်တီးထားသော လမ်းစဉ်ဖြစ်ပုံရပြီး ၊ ဤကမ္ဘာထက်၊ အရာအားလုံးထက်ပင် သာလွန်ပုံရသည်။
“ဖွင့်!!”
စူးချန်ကဲ၏ရေရွတ်သံနှင့်အတူ ၊
ဝုန်း !!
နောက်အခိုက်အတန့်တွင်၊
လောကနိယာမ စွမ်းအားများသည် စကြာဝဠာ၏ နေရာပေါင်းစုံမှ ဆင်းသက်လာပြီး စူးချန်ကဲ၏ ခန္ဓာကိုယ်အတွင်း၌ မုန်တိုင်းတစ်ခုသဖွယ် အရူးအမူး စုဝေးလေတော့သည်။
ဤအံ့သြဖွယ်ရာ ဉာဏ်အလင်းထဲ၌ ဝင်စားနေစဉ်အတောအတွင်း စူးချန်ကဲသည် ချုပ်လှောင်မှုများကို အဆက်မပြတ် ချိုးဖျက်နေခဲ့ပြီး၊ တစ်ချိန်တည်းမှာပင် သူ၏ အသွေးအသားများသည် ဆင့်ကဲပြောင်းလဲမှုများ ဖြစ်ပေါ်နေခဲ့သည်။
သူ၏ ကနဦးဝိညာဉ်သည် ကြည်လင်တောက်ပလျက် အလင်းတန်းများ ဖြာထွက်နေသည်မှာ အလွန်မြင့်မားသော နယ်ပယ်အဆင့်တစ်ခုကို ရောက်ရှိသွားပုံရသည်။
သူ၏ ချီ နှင့် သွေးစွမ်းအားများသည် ပိုပို၍ ကြောက်စရာကောင်းလာပြီး ၊ ယခင်က ဇီဝတားမြစ်နယ်မြေရှိ တားမြစ်ခေါင်းဆောင်တို့၏ လွတ်မြောက်နယ်ပယ် ဧကရာဇ်လမ်းစဉ် ရောင်ဝါထက်ပင် သာလွန်သည်။
ဒဏ္ဍာရီထဲက လွတ်မြောက်နယ်ပယ် ကောင်းကင်လမ်းစဉ်၏ရောင်ဝါသည်ပင် ၎င်းကို နှိပ်ကွပ်ဖို့ခဲယဉ်းပေလိမ့်မည်။
ဤအခိုက်အတန့်တွင်မူ ၊
စူးချန်ကဲသည် အနှောင်အဖွဲ့များမှ လွတ်မြောက်ကာ အန္တိမလမ်းစဉ် လွတ်မြောက်နယ်ပယ်အဆင့်ကို အမှန်တကယ်ပင် ဖြတ်ကျော်နိုင်ခဲ့သည်။
……..
အချိန်အနည်းငယ် ကုန်လွန်သွားပြီးနောက်၊
တဟုန်းဟုန်း တောက်လောက်နေသော ရောင်ဝါတို့သည် တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။
လူတိုင်း သူ့အလိုလို မျက်လုံးများဖွင့်လိုက်သော်လည်း ၊ သို့သော် စူးရှလွန်းသော တောက်ပမှုကြောင့် ၎င်းတို့၏ အမြင်အာရုံသည် ယခုထိတိုင် မှုန်ဝါးနေဆဲပင် ဖြစ်သည်။
ကြယ်တာရာကောင်းကင်ယံတစ်လျှောက်တွင် အချိန်အတော်ကြာအောင် တည်ရှိနေသော မဟာလမ်းစဉ်၏ တောက်ပနေသော သဘာဝတရားကို သူတို့အားလုံး မြင်တွေ့ခဲ့ရသည်။
အဆုံးမရှိ ပြိုးပျက်စွာတောက်ပနေသော အလင်းတန်းများကြားတွင် ရှိနေသော ဝတ်ရုံဖြူ အသွင်ပုံရိပ်သည် လူတိုင်း၏အာရုံကို စွဲဆောင်နေခဲ့သည်။
မဟာလမ်းစဉ်၏ လေပြေသည် စူးချန်ကဲ၏ ဝတ်ရုံကို ညင်သာစွာ ဝှေ့ယမ်းတိုက်ခတ်သွားသည်။
ထိုနေရာတွင် ရပ်နေရုံမျှဖြင့် ၊ လောကနိယာမများသည် သူ့အား ဗဟိုပြု၍ လှည့်ပတ်နေပုံရသည်။
အမှတ်မထင် ပျံ့လွှင့်လာသော ရောင်ဝါသည် လူကို ကိုးကွယ်ချင်စိတ်ဖြစ်အောင် ညို့ယူနေသလိုပင်။
အထူးသဖြင့် ၊ ယခင်က စူးချန်ကဲကို မထီမဲ့မြင်ပြုခဲ့ဖူးသော ကောင်းကင်လမ်းစဉ် လွတ်မြောက်သူများသည် ယခုအခါတွင် ပါးစပ်အဟောင်းသားဖြင့် ကြောင်တတ်တတ် ရပ်ကြည့်နေကြသည်။
စူးချန်ကဲထံမှ အလွန်ကြောက်စရာကောင်းသော ဖိနှိပ်စွမ်းအားများကို သူတို့သည်လည်း အလားတူ ခံစားခဲ့ရသည်။ထိုအရာသည် သူတို့ထက် သာလွန်သော အင်အားတစ်ရပ် ဖြစ်သည်။
“ ကောင်းကင်လမ်းစဉ်စွမ်းအားကိုတောင် ကျော်လွန်တဲ့ ဒီရောင်ဝါ...”
ကောင်းကင်လမ်းစဉ် လွတ်မြောက်သူတစ်ဦးက ဆိုလိုက်သည်။
“ဒါ... ဒဏ္ဍာရီထဲက အန္တိမလမ်းစဉ်များလား?”
ထိုစကားများထွက်လာသည်နှင့် ၊
နဂိုကတည်းက ထိတ်လန့်တုန်လှုပ်နေခဲ့သော လူအုပ်ကြီးသည် ပို၍ တုန်လှုပ်ခြောက်ခြားသွားသည်။
သူတို့သည် ယခုလေးတင်မှ ဤကမ္ဘာတွင် အန္တိမလမ်းစဉ်သည် ဘယ်သောအခါမှ ပေါ်ထွက်လာခြင်း မရှိကြောင်း ပြောဆိုခဲ့ကြသည်။ သို့သော် စူးချန်ကဲသည် အန္တိမလမ်းစဉ်ကို ဖြတ်ကျော်ပြခဲ့သည်။
ထို့အပြင် ၊ ကောင်းကင်လမ်းစဉ် လွတ်မြောက်သူများသည် စူးချန်ကဲသည် အရည်အချင်းမပြည့်ဝသဖြင့် အန္တိမလမ်းစဉ် လွတ်မြောက်သူ ဖြစ်လာနိုင်မည်မဟုတ်ကြောင်း ထင်ကြေးပေးခဲ့ကြသည်။ သို့သော် သူတို့သာလျှင် ပါးရိုက်ခံလိုက်ရသည် ။
ဤလုပ်ရပ်သည် သူတို့ကို မျက်နှာမဖော်နိုင်အောင်ပင် ဖြစ်ခဲ့ရသည်။
ကောင်းကင်လမ်းစဉ် လွတ်မြောက်သူများသည် ရှက်ကိုးရှက်ကန်းဖြင့် အေးစက်စွာ နှာမှုတ်ရုံမျှသာ ဘာမှဆက်မပြောကြတော့ပေ။
မည်သို့ပင်ဖြစ်စေ ၊ အမတလျှောက်လှမ်းသို့ ဝင်ရောက်သည်နှင့် စူးချန်ကဲ၏ အစွမ်းထက်သောနောက်ခံသည် နည်းနည်းမှအသုံးဝင်လိမ့်မည် မဟုတ်။
အလွန်တောက်ပလွန်းသော အရာသည် အချိန်မတိုင်မီ ညိုးနွမ်းတတ်သည်။ အမတလျှောက်လှမ်းသည် ထာဝရအသက်ကို ရရှိနိုင်ရုံတင်မက အခွင့်အလမ်းတစ်ခုလည်းဖြစ်သည်။
ဤကဲ့သို့ ထူးချွန်လွန်းသော လူစွမ်းကောင်းတစ်ယောက်ကို မြင်ရခြင်းသည် အခြားသူများ၏ မနာလိုမှုကို လှုံ့ဆော်ပေးနိုင်မည်မှာ သေချာသည်။
“ ချန်ကဲထျန်းတိ့ရဲ့ အတုမရှိတဲ့ အောင်မြင်မှုတွေအတွက် ဂုဏ်ယူပါတယ်!”
အချို့သောသူများက စူးချန်ကဲအား စိတ်ရင်းဖြင့် ဂုဏ်ပြုခဲ့ကြသည်။
၎င်းတို့၏ ဦးဆောင်မှုအောက်တွင် ၊ ကျောက်ခဲတစ်လုံးသည် လှိုင်းပေါင်းများစွာကို နှိုးဆော်နိုင်သည် ဆိုသောစကားအတိုင်း ဂုဏ်ပြုသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။
“ချန်ကဲထျန်းတိ့ရဲ့ အတုမရှိတဲ့ အောင်မြင်မှုတွေအတွက် ဂုဏ်ယူပါတယ်!”
ဂုဏ်ပြုခဲ့ကြသော မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အသံလှိုင်းများသည် အရပ်ရှစ်မျက်နှာတစ်ခွင် ရိုက်ခတ်သွားပြီး ကောင်းကင်ကြီးတစ်ခုလုံးကို တုန်ခါသွားစေသည်။
ဤမြင်ကွင်းကို ပုန်းကွယ်စွာဖြင့် စောင့်ကြည့်နေသော ရှစ်တိ့ထျန်းပင်လျှင် ထူးဆန်းသောခံစားချက်ကို ခံစားခဲ့ရသည်။
ဤခံစားချက်သည် အားကျစိတ်ထက် မနာလိုစိတ်နှင့် ပိုတူသည်။
အမှောင်ထု အမတခန်းမဆောင်၏ အရှင်သခင်အဖြစ်၊ သူသည် သူ၏ဘဝတစ်လျှောက်လုံး အမှောင်ထု၏ သင်္ကေတဖြစ်ခဲ့သည်။
လူတိုင်း၏ အကြောက်တရား ဖြစ်သလို၊ သက်ရှိသတ္တဝါအားလုံး၏ ရွံရှာမုန်းတီးခြင်းကိုလည်း ခံခဲ့ရသည်။
သို့သော် စူးချန်ကဲသည် သူနှင့် လုံးဝခြားနားသည်။ သူသည် အလင်းရောင်ထဲ၌ မွေးဖွားလာသူ ၊ ခေတ်၏အလိုတော်ကို ဆောင်ကျဉ်းလာသူတစ်ဦး ဖြစ်သည်။
ဤမျှ ထူးကဲသော ပါရမီရှင်သည်သာ အချိန်မတိုင်မီ မသေဆုံးခဲ့လျှင် ၊ လောကတစ်ခွင်လုံး၏ ကိုးကွယ်ခြင်းကိုခံယူရမည့်အပြင် သူ၏အမည်ကို သမိုင်းစာမျက်နှာတွင် ရေးထိုးထားနိုင်လိမ့်မည်။
ထိုအရာကိုတွေးမိပြီး ရှစ်တိ့ထျန်း၏ အမူအရာသည် ပို၍ကြည့်ရဆိုးလာပြီး ၊ သူသည် စူးချန်ကဲအား အေးစက်စွာ စိုက်ကြည့်လိုက်သည်။
“ဟား... ပိုပြီး တောက်ပလေလေ၊ ပိုကောင်းလေပဲ”
“တစ်နေ့ကြရင် မင်းကို အမှောင်ထဲကို ဆွဲချပြီး အမှောင်ထုရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပြောင်းလဲပစ်မယ်...”
“ အဲ့တာကို တွေးကြည့်လိုက်တိုင်း ၊ အတော်လေး စိတ်လှုပ်ရှားစရာကောင်းတာပဲ!”
ဝုန်း !
ထိုစဉ် ၊
စူးချန်ကဲ၏ အဆင့်ဖြတ်ကျော်နိုင်ခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။
အမတလျှောက်လှမ်း၏ ဗဟိုအဖြစ်တည်ရှိရာ နေရာ၌ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
နဂိုက ကြမ်းတမ်းစွာ ရိုက်ခတ်နေခဲ့သော နိယာမများသည် တဖြည်းဖြည်း ရပ်တန့်သွားကာ လုံးဝ တိတ်ဆိတ်သွားပုံရသည်။
ယခင်က စိတ်စွမ်းအားဖြင့် စူးစမ်း၍မရသော မြူငွေ့များသည် တဖြည်းဖြည်း ကွယ်ပျောက်သွားကာ ၊ နဂိုကဝှက်ထားသော ကြယ်တာရာများ၏ ရှုခင်းကို ထုတ်ဖော်ပြသခဲ့လေသည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည်နှင့်၊ လူတိုင်း ပျော်မြူးသွားကြသည်။
ထိုစဉ် ၊တစ်စုံတစ်ယောက်က ထအော်လိုက်သည်။
“ အမတလျှောက်လှမ်း ၊ ပွင့်ပြီ!”
ဝူး!!
ရုတ်တရက်ဆိုသလိုပင် ၊ ကြယ်တာရာ ကောင်းကင်တွင် ပုန်းကွယ်နေခဲ့သော စွမ်းအားရှင်များစွာ ပေါ်ထွက်လာခဲ့သည်။
မြစ်ကိုကူးဖြတ်နေသော ငါးများသဖွယ် အလင်းတန်းများသည် နေရာပေါင်းစုံမှ လာရောက်၍ အာကာသအက်ကွဲကြောင်းဆီသို့ အပြေးအလွှား ဦးတည်နေကြသည်။
“ အမတလျှောက်လှမ်း၊ ထာဝရ အသက်..”
လောကလူသားတို့သည် စစ်မှန်အမတဟူသည် ထာဝရ ဖြစ်တည်မှုဟု ဆိုကြသည်။ သို့သော် တကယ့်စစ်မှန်သော အတုမရှိအောင်မြင်မှုကို ရယူလိုပါက အမတဟူသည် အစပင် ရှိသေး၏။
တစ်ချိန်တည်းမှာပင်၊ အန္တိမလမ်းစဉ် လွတ်မြောက်သူအဖြစ် အောင်မြင်သွားသော စူးချန်ကဲသည်လည်း တုံ့ဆိုင်းမနေခဲ့ပေ။
သူသည် ပေါ့ပေါ့ပါးပါး ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် မယုံနိုင်လောက်သော အကွာအဝေးထိ ရောက်ရှိသွားသည်။
ဟူး!
ချက်ခြင်းပင်၊ သူသည် အမတလျှောက်လှမ်း တည်ရှိရာ အာကာသအက်ကွဲကြောင်းထဲသို့ ဝင်ရောက်ခဲ့သည်။
အထဲသို့ ဝင်ရောက်လာသည်နှင့် ၊ စူးချန်ကဲသည် လျင်မြန်စွာ ပြောင်းလဲသွားသောအပူချိန်ကို ခံစားလိုက်ရပြီး ၊ နဂိုက ရှိနေခဲ့သောအအေးဓာတ်သည် လုံးဝပျောက်ကွယ်သွားသည် ။
ယင်းအစား၊ ရေပူစမ်းကဲ့သို့ နွေးထွေးမှုတစ်ခုက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ၊ လျှို့ဝှက်ဆန်းကြယ်သော မှော်စွမ်းအားတစ်ခုက သူ၏အရေပြားတစ်လျှောက် ပွတ်တိုက်သွားပုံရသည်။
ယင်းက သူ၏အသွေးအသားများကို ပို၍သန့်စင်စေခဲ့သလိုပင်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် ၊
စူးချန်ကဲသည် အက်ကွဲကြောင်းထဲသို့ လုံးလုံးလျားလျား ၀င်ရောက်သွားခဲ့သည်။
ရှေ့က မြင်ကွင်းများကို ရှင်းရှင်းလင်းလင်း မြင်တွေ့လာရသည်နှင့်အမျှ ၊
တောက်ပသော မှော်သင်္ကေတများဖြင့် စုစည်းဖွဲ့စည်းထားသော လျှောက်လှမ်းတစ်စင်းသည် သူ၏ခြေထောက်အောက်တွင် သွယ်တန်းစီးဆင်းနေသည်။
ဤရှေးကျသော ကြယ်တာရာလျှောက်လှမ်းသည် အကန့်အသတ်မဲ့စကြာဝဠာ၏ အနက်ရှိုင်းဆုံး အပိုင်းသို့ ဦးတည်နေသည်။ လက်ရှိတွင် စူးချန်ကဲသည် လွတ်မြောက်နယ်ပာ်အဆင့်ထိ ရောက်ရှိထားပြီးဖြစ်သည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် သူသည် ကမ္ဘာ၏မိုင်ထောင်ပေါင်းများစွာကို မြင်နိုင်သည်။ သို့သော် ဤကမ္ဘာသည် အဆုံးမရှိသကဲ့သို့ ၎င်း၏အဆုံးကို မမြင်တွေ့န်ိုင်ပေ။
“ဒါက အမတလျှောက်လှမ်းဆိုတာလား...?”
ထိုစကားများကို ရေရွတ်ရင်း ၊ စူးချန်ကဲသည် ပတ်ဝန်းကျင်တစ်လျှောက် စူးစမ်းလေ့လာခဲ့သည်။
ပျံ့လွင့်နေသော အမတလမ်းစဉ်ဆိုင်ရာ မှော်သင်္ကေတများသည် ထွန်းလင်းတောက်ပနေပြီး ၊ မဟာလမ်းစဉ်၏ အမှတ်အသားများအဖြစ် ရစ်ဖွဲ့နေသည်မှာ လွန်စွာဆန်းကြယ်ပေသည်။
အမတလမ်းစဉ်ဆိုင်ရာ မှော်သင်္ကေတ !
၎င်းတို့သည် စူးချန်ကဲနားလည်ထားသည့် သဘာဝနိယာမတရားများ၊ ဝိညာဉ်စွမ်းအားများနှင့် လုံးဝကွဲပြားခြားနားပြီး ၊ ယင်း၌ ပါဝင်သော စွမ်းအားများသည် လုံးဝအဆင့်မြင့်သည်။
ဤသည်မှာ စစ်မှန်သော မသေမျိုးစွမ်းအား ဖြစ်သည်။
အမတလျှောက်လှမ်းသည် ယခုလေးတင်မှ စတင်ဖွင့်လှစ်ခဲ့သောကြောင့် ဤအမတလမ်းစဉ်ဆိုင်ရာ မှော်သင်္ကေတများ၏ စွမ်းအားများသည် ပါးလွှားသေးသည်။
စူးချန်ကဲသည် ဤနေရာရှိ အမတလမ်းစဉ် မှော်သင်္ကေတများကို ပိုမိုနယ်ရှိုင်းစွာခံစားသိမြင်ရန် ပြင်ဆင်နေစဉ် ၊
ဝုန်း ——!!
ရုတ်တရက်၊ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးစွမ်းအား အလင်းတန်းများက ထ်ိုးဖောက်ဝင်ရောက်လာသည်။
ကြောက်ခမန်းလိလိ စွမ်းအားများကို ဆောင်ကျဉ်းလျက် ၊မမျှော်လင့်ထားသောနေရာမှ စူးချန်ကဲ၏ခေါင်းတည့်တည့်သို့ ပြေးဝင်လာခဲ့သည်။
အပိုင်း(၅၅၄): အမှောင်ထု စုဆောင်းသူ ၊ ရုပ်သေး
စူးချန်ကဲ၏တုံ့ပြန်မှုသည်လည်း မယုံနိုင်လောက်အောင် မြန်ဆန်သည်။
တစ်ဖက်လူ၏တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည့် တစ်ချိန်တည်းမှာပင် သူ၏ လက်သီးဖြင့် အပြင်းအထန် ထိုးနှက်လိုက်သည် ။
ဘုန်း !
တောက်လောင်နေသော လက်သီးအလင်းသည် တဖက်လူ၏ ကြောက်ခမန်းလိလိ အဖျက်စွမ်းအား အလင်းတန်းကို ချက်ချင်း ဖြိုခွဲပစ်လိုက်သည်။
သူ၏တိုက်ခိုက်မှုအရှိန်သည် ရပ်တန့်မသွားဘဲ တဖက်လူဆီသို့ ပြေးဝင်သွားသည်။
သို့သော် တဖက်လူသည် အားနည်းသူမဟုတ်မှန်း ထင်ရှားသည်။ ၎င်းသည် သူ၏လက်ဝါးဖြင့် ပြန်လည်ရိုက်ထုတ်ခဲ့ရာ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးစွမ်းအားများ ထွက်ပေါ်လာပြီး လက်သီးနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။
အဖြူနှင့်အမည်း အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ၊ ကြောက်မက်ဖွယ်ရာ မုန်တိုင်းတစ်ခုအဖြစ် နေရာအနှံ့ ရိုက်ခတ်သွားသည်။
ဤနေရာရှိ ဟင်းလင်းပြင်အလွှာတို့သည် တစ်ခုပြီးတစ်ခု ကွဲအက်ခဲ့ရသည်။
“ဘယ်သူလဲ?”
စူးချန်ကဲသည် အေးစက်သောလေသံဖြင့် မေးလိုက်သည်။
သူ၏မေးခွန်းအဆုံးတွင် ၊
အာကာသထဲ၌ အမဲရောင်လှိုင်းတံပိုးများ ရုတ်ချည်း ပေါ်ထွက်လာသည်။
အထဲမှ အနက်ရောင် နဂါးဝတ်လုံကို ၀တ်ဆင်ထားသည့် အမျိုးသားတစ်ဦး ထွက်ပေါ်လာပြီး၊ ၎င်း၏အသွင်အပြင်မှာ ချောမောကာ ဆိုးညစ်ပုံပေါက်သည်။
အထူးသဖြင့် ထိုအနှီလူ၏မျက်လုံးများသည် နတ်ဆိုးရေတွင်းနှစ်ခုကဲ့သို့ မှောင်မိုက်လွန်းသည်။
သူသည် စကြဝဠာရှိ အရာအားလုံးကို ဝါးမြိုကာ အရာအားလုံးကို အမှောင်ထုထဲသို့ ဆွဲချနိုင်စွမ်းရှိပုံရသည်။
ထိုအနှီလူ၏ အမူအရာသည် ဘာမှမထူးခြားဟန်ဖြင့် ရှိနေပြီး ၊ သူ၏နှုတ်ခမ်းထောင့်တွေ အေးစက်သောအပြုံးတစ်ခုသာ ရှိသည်။ အဆုံးမရှိသော နတ်ဆိုးစွမ်းအင်တို့သည် ပတ်ဝန်းကျင်တွင် လှိုင်းထနေသဖြင့်၊ ထိုဒေသရှိ ကောင်းကင်ပြင်ကြီးသည်ပင် တဟုန်ထိုး လှုပ်ခါနေသည်။
ဤလူသည် အစားထိုးရုပ်သေးခန္ဓာကိုယ်ဖြင့် တိုက်မြေသုံးထောင်တစ်ခွင်လုံးကို လှည့်ပတ်ကြည့်ရှုနေသော ရှစ်ထျနိးတိ့မှတပါး အခြားမဟုတ်ပေ။
သူ၏ ရောင်ဝါသည် စူးချန်ကဲထက် အနည်းငယ် အားနည်းသော်လည်း ၊ သို့သော် သူသည် ကောင်းကင်လမ်းစဉ် လွတ်မြောက်သူတစ်ဦး ဖြစ်သည်။
“ဟား... မဆိုးဘူး၊ တိုက်မြေသုံးထောင်ရဲ့ ထာဝရထျန်းတိ့ ဖြစ်ထိုက်ပေတယ် “
ရှစ်ထျန်းတိ့က ဆိုသည်။
“ဒီလို လွယ်လွယ်နဲ့ သေသွားရင် စိတ်ဝင်စားဖို့မကောင်းတော့ဘူး “
စူးချန်ကဲသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည် ။
သူသည် တစ်ဖက်လူထံမှ ထွက်ပေါ်လာသော နတ်ဆိုးအငွေ့အသက်ကို ခံစားလိုက်ရပြီး ၊ ထို့အပြင် တဖက်လူသည် မိမိအကြောင်း သိနေပုံရကာ စူးချန်ကဲသည် ထိုလူ၏ အထောက်အထားကို ချက်ခြင်းမှန်းဆနိုင်ခဲ့သည်။
“ ရှစ်ထျန်းတိ့ဆိုတာ မင်းလား...”
ထိုစကားများထွက်လာသော်လည်း ၊
ရှစ်တိ့ထျန်းသည် မအံ့ဩခဲ့ပေ။ နောက်ဆုံးအကြိမ်တုန်းက ထျန်းရှီဘုရင်မသည် သူ၏အငွေ့အသက်ကို တွေ့ရှိခဲ့သည်။
ထို့ကြောင့် သူ၏ အထောက်အထားကို မှန်းဆနိုင်သည့်အပေါ် အံ့သြစရာမရှိချေ။
ကံကောင်းသည်မှာ ထျန်းရှီဘုရင်မသည် သူ၏ရုပ်သေးကို မဖျက်စီးခဲ့ပေ။ ထို့ကြောင့် သူ၏အစီအစဉ်အတိုင်း ဆက်လက် လုပ်ဆောင်နိုင်ခဲ့သည်။
“ ထျန်းရှီဘုရင်မနဲ့ မင်းရဲ့ဆက်ဆံရေးအမှန်ကို ငါမသိပေမယ့်”
ရှစ်ထျန်းတိ့သည် ပျင်းရိစွာဖြင့် ဆက်ပြောသည်။
“ ဒါပေမဲ့ အဲဒီနေ့က အရှက်ရမှုအတွက် ဒီနေ့ မင်းကို အဆတစ်ရာ ပြန်ဆပ်ခိုင်းမယ်!”
ရှစ်ထျန်းတိ့သည် ထိုကိစ္စအတွက် အမြဲတမ်း အငြိုးထားခဲ့သည်။
ထိုနေ့က သူသည် ထျန်းရှီဘုရင်မကို ကြောက်ရွံ့သောကြောင့် စူးချန်ကဲ၏ တိုက်ခိုက်မှုများကို ကြွက်တစ်ကောင်ကဲ့သို့ ရှောင်တိမ်းခဲ့ရုံမျှသာမက ဓားဖြင့် ပြင်းပြင်းထန်ထန် ထိုးနှက်ခံလိုက်ရသေးသည်။
ဒီလိုစော်ကားမှုမျိုးကို သူ ဘယ်လိုလုပ် ဖြေဖျောက်နိုင်မှာလဲ!
ဝုန်း ——!!
တခဏချင်းမှာပင် နတ်ဆိုးစွမ်းအားများသည် အဆုံးစွန်ထိ ရောက်ရှိလာခဲ့သည်။
ရှစ်တိ့ထျန်း၏ဧရာမလက်ကြီးသည် စူးချန်ကဲထံသို့ ကျရောက်သွားသည်။
ရုတ်တရက် ၊ နက်မှောင်သော စွမ်းအားများသည် ကြယ်တာရာကောင်းကင်ကို ဖြတ်၍ ထွက်ပေါ်လာသည်။
ဝေါင်း!!
ယင်း၌ ပါဝင်သော ရက်စက်ကြမ်းကြုတ်သော သရဲတစ္ဆေများ၏ ဟောက်သံများနှင့်အတူ ဧရာမလက်ကြီးသည် စူးချန်ကဲပေါ်သို့ ကျရောက်လာခဲ့သည်။
စူးချန်ကဲ၏ မျက်လုံးများသည် တုန်လှုပ်ခြင်းမရှိဘဲ အေးစက်သွားသည်။
ဝုန်း !
တစ်စက္ကန့်အတွင်း ၊ ပတ်ဝန်းကျင်တွင် မြူခိုးငွေ့များ ထူထပ်လာကာ ကြီးကျယ်ခမ်းနားသော ဖိနှိပ်စွမ်းအားများသည် သူ့ခန္ဓာထဲကနေ တဟုန်ထိုး ထွက်ပေါ်လာသည်။
သူ၏ဘယ်လက်ကို ကျောနောက်တွင် ပစ်ထားပြီး ၊ လက်ညိုးတစ်ချက် ညွှန်ကာအမိန့်ပေးလိုက်ရုံဖြင့် ။
ဟူ——!!
ချက်ခြင်းပင်၊
သူ၏လက်ချောင်းထိပ်မှ နတ်အလင်းလှိုင်းတံပိုးများ ထွက်ပေါ်လာပြီး အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားသည်။
၎င်းတို့ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ၊ တောက်ပသော မှော်သင်္ကေတများသည် နတ်ဓားများ၏ အသွင်သဏ္ဍာန်အဖြစ် ပေါင်းစပ်သွားသည်။
“သွား!”
စူးချန်ကဲ၏ ရွတ်ဆိုသံနှင့်အတူ ၊
မရေမတွက်နိုင်သော နတ်ဓားများသည် သက်ရှိသဖွယ် ပြုမှုလာကြပြီး ကြယ်မိုးများ ရွာချလာသကဲ့သို့ ရှစ်တိ့ထျန်းရှိရာ ဦီးတည်ရာဘက်ဆီသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
ဘုန်း !
ကြောက်မက်ဖွယ်ကောင်းသော အင်အားနှစ်ခုသည် ချက်ခြင်းတိုက်မိကြပြီး ၊ ဖြစ်ပေါ်လာသော လှိုင်းတံပိုးများသည် အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စင်ရိုက်ခတ်သွားသည်။
လွင့်မျောနေသော ဥက္ခာခဲများသည် ထုတ်လွှတ်လိုက်သော စွမ်းအင်လှိုင်းများကြောင့် ဖုန်မှုန့်များအဖြစ် ကြေမွသွားသည်။
ရှစ်တိ့ထျန်းသည်လည်း ရှေ့ဆက်တိုးလာသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ နတ်ဆိုးစွမ်းအားများသည် တဟုန်ထိုး ထွက်ပေါ်လာပြီး ဧရာမနတ်ဆိုးရုပ်အသွင်တစ်ခုကို ဖန်တီးခဲ့သည်။
ခေါင်းသုံးလုံးနှင့် လက်ခြောက်ချောင်းပါရှိပြီး ထူးဆန်းသောလက်နက်မျိုးစုံကို ကိုင်ဆောင်ထားသည်။
“သွား!”
ရှစ်တိ့ထျန်း၏ အမိန့်ပေးမှုအောက်တွင် ၊ ခေါင်းသုံးလုံး လက်ခြောက်ချောင်း နတ်ဆိုးရုပ်သွင်ကြီး၏ မျက်လုံးထဲမှ မည်းနက်သော အလင်းတန်းများ ထွက်ပေါ်လာသည်။
ဝုန်း ——!!
ခဏအတွင်း၊ သူ၏ လက်များသည် တပြိုင်နက်တည်း လှုပ်ရှားလာသဖြင့် အာကာသပင်လျှင် သူ၏ လှုပ်ရှားမှုကြောင့် တုန်လှုပ်မြည်ဟည်းနေသည်။
လက်တစ်ဖက်က ဆုပ်ကိုင်ထားသော အနက်ရောင်ဓားသည် အာကာသအလွှာများကို ပြိုကျသွားစေသည်။
နောက်လက်တဖက်က ဆုပ်ကိုင်ထားသော အနက်ရောင်လှံတံသည် လျင်မြန်သော အရှိန်ဖြင့် စူးချန်ကဲ၏ ဦးခေါင်းပေါ်သို့ ကျဆင်းလာသည်။
လက်ခြောက်ချောင်းလုံး၌ ကိုင်ဆောင်ထားသော လက်နက်အမျိုးမျိုးတို့သည် တဒင်္ဂအတွင်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများနှင့်အတူ ထွက်ပေါ်လာကာ စူးချန်ကဲအား အပြီးတိုင် ချေမှုန်းရန် ရည်ရွယ်ထားသည်။
“ လာတာကောင်းတယ်!”
စူးချန်ကဲသည် ပြုံးလိုက်သည်။ ဤအခိုက်အတန့်တွင်၊ သူ၏သွေးများသည် ပွက်ပွက်ဆူနေသည်။
အန္တိမလမ်းစဉ် လွတ်မြောက်နယ်ပယ်အဆင့်သို့ ရောက်ရှိပြီးနောက်တွင် ၊ သူ၏ကျင့်ကြံမှုကို ခိုင်မာစေရန် သူသည် တိုက်ပွဲဝင်ခြင်းဖြင့် အားဖြည့်ရန် လိုအပ်ပေသည်။ စိတ်လှုပ်ရှားစရာကောင်းသော တိုက်ပွဲမျိုးသည် သူ လိုအပ်နေသောအရာပင် ဖြစ်သည်။
ဝုန်း !!!
သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသော မှော်စွမ်းအားများသည် သူ့ဆီသို့ ဦးတည်လာသော တိုက်ခိုက်မှုများကို ချေဖျက်ပစ်ခဲ့သည်။
စူးချန်ကဲ၏ လှုပ်ရှားမှုသည် ဒါနဲ့တင် ရပ်တန့်မသွားပေ။ သူ၏ လက်သီးဖြင့် အဆက်မပြတ် ထိုးနှက်လိုက်သည်။
ဘုန်း ! ဘုန်း !
တဒင်္ဂအတွင်းမှာပင် ၊ စူးချန်ကဲ၏ လက်သီးချက်များသည် လက်ခြောက်ချောင်း နတ်ဆိုးရုပ်သွင်ကြီးနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော ရန်ပွဲကြီးကို ဗဟိုပြုလျက် ဖြစ်ပေါ်လာသော စွမ်းအင်လှိုင်းတံပိုးများသည် မိုင်ပေါင်းများစွာအထိ ပျံ့နှံ့ရိုက်ခတ်သွားသည်။
စူးချန်ကဲ၏ လက်သီးချက်တိုင်းသည် အလွန်အားကောင်းလှသည်။ နတ်ဆိုးရုပ်သွင်ကြီးသည် စူးချန်ကဲ၏ ထိုးနှက်မှုကို ခံလိုက်ရတိုင်း နတ်ဆိုးရုပ်သွင်၏ ကိုယ်ထည်သည် တစ်ခါတစ်ရံ မှေးမှိန်သွားပြီး အချိန်မရွေး ပြိုကွဲမည့်အရိပ်အယောင် ဖြစ်ပေါ်နေသည်။
“ဟား... ထင်ထားတဲ့အတိုင်းပဲ ၊ ဒီလူကို ထိခိုက်စေဖို့ဆိုရင် ဒီရုပ်သွင်ကြီးကို စတေးမှဖြစ်မယ်ဆိုတာ သေချာသွားပြီ”
ထိုစဉ်၊ ရှစ်တိ့ထျန်းသည် လက်သင်္ကေတတစ်ခုကို ဖန်တီးခဲ့လေရာ ၊ ပတ်ဝန်းကျင်ရှိ နတ်ဆိုးစွမ်းအားများသည် ပို၍ကြမ်းတမ်းလာခဲ့ပြီး၊ သူ့ကိုယ်ခန္ဓာပေါ်မှ နတ်ဆိုးအငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။
“ ပေါက်ကွဲမှု တားမြစ်ကျိန်စာ!”
ဝုန်း!!
သူ၏ လက်ဝါးထဲ၌ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးစွမ်းအားများ စုဝေးလှုပ်ရှားလာပြီး၊ နောက်ဆုံးတွင် အနီရင့်ရောင် မန္တာန်ကျိန်စာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
“ပေါက်ကွဲမှု တားမြစ်မန္တာန်” ဆိုသည်မှာ နတ်ဆိုးလမ်းစဉ်တွင် မိမိကိုယ်ကို ပေါက်ကွဲခြင်းဖြင့် အလွန်ပြင်းထန်သော သတ်ဖြတ်ခြင်းစွမ်းအားများကို ထုတ်လွှတ်ပေးနိုင်သည့် အတတ်ပညာဖြစ်သည်။
မိမိ၏ ဘဝသက်တမ်း၊ မူလရင်းမြစ်စွမ်းအား စသည့် အရာအားလုံးကို စတေးပူဇော်ကာ တိုက်ခိုက်ရေးနည်းလမ်းတစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်သည်။
တစ်နည်းအားဖြင့် ၎င်းကို အရန်စွမ်းအားကို အသက်သွင်းခြင်း ဟူ၍လည်း ခေါ်ဆိုနိုင်သည်။
“ဒါက.... စတေးပူဇော်တဲ့ မန္တာန်လား....?”
စူးချန်ကဲသည် မျက်မှောင်ကြုတ်သွားသည်။
သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်ကြသည်မှာ အချိန်အနည်းငယ်မျှသာ ရှိသေးသည်။
သို့သော် ရှစ်တိ့ထျန်းသည် အဘယ်ကြောင့် သူ၏ ရုပ်ခန္ဓာကို စတေးပူဇော်ရသနည်း?
“မဟုတ်သေးဘူး.... ကြည့်ရတာ .... ဒါက အစားထိုးရုပ်သေးများလား?”
စူးချန်ကဲသည် စစ်ဆေးကြည့်ရှုခဲ့ရာ ၊ သူ့ရှေ့တွင် ရှိနေသည့် ရှစ်ထျန်းတိသည် စွမ်းအားကြီးမားသော်လည်း၊ သူ့ခန္ဓာကိုယ်အတွင်း၌ စိတ်ဝိညာဉ်လှိုင်းများ ရှိမနေသည်ကို တွေ့လိုက်ရသည်။
ထို့ကြောင့် ဤအရာသည် ရှစ်တိ့ထျန်း၏ အခြားသော အစားထိုးရုပ်သေးတစ်ခုသာဖြစ်ကြောင်း ဖော်ပြနေသည်။
“အိုး?”
“ဒီလောက်မြန်မြန် ရိပ်မိသွားပြီလား?”
အမည်းရောင်အငွေ့များအဖြစ် ပြောင်းလဲသွားသော ရှစ်တိ့ထျန်းသည်လည်း စူးချန်ကဲသည် ဤမျှမြန်မြန် ရိပ်မိသွားသည့်အပေါ် အံ့အားသင့်နေသည်။
အမှန်တကယ်ပင် ၊ ဤကောင်းကင်လမ်းစဉ် လွတ်မြောက်သူသည် သူ၏ အစားထိုးရုပ်သေးတစ်ခုသာ ဖြစ်သည်။
ရှစ်ထျန်းတိ့နှင့် ရင်းနှီးသောသူများအားလုံးက သူ့ကို အမတနယ်မြေတွင် အမည်တစ်ခုဖြင့် သိကြသည်။
အမှောင်ထု စုဆောင်းသူ!
အဘယ့်ကြောင့်ဆိုသော် သူ၏ ကိုယ်ပိုင်စွမ်းအားသည် ကပ်ဘေးကိုးပါး အမတရှင်ဧကရာဇ်အဆင့်ထိ ရောက်ရှိထားရုံသာမက သူသည် ကပ်ဘေးကိုးပါး အမတရှင်ဧကရာဇ်အဆင့်ရှိ ရုပ်သေးလေးခုကိုပါ ပိုင်ဆိုင်ထားသည်။
သို့ဖြစ်ရာ ၊ သူသည် အခြားသူများနှင့် တိုက်ခိုက်မည်ဆိုပါက၊ သူ တစ်ဦးတည်းဖြင့် ပြိုင်ဖက်ငါးဦးစလုံးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်နိုင်သည်။
ဤကာလအတွင်း ရှစ်တိ့ထျန်းသည် အစွမ်းထက်သော အစားထိုး ရုပ်သေးများကို အဆက်မပြတ် စုဆောင်းနေခဲ့သည်။
ဤကောင်းကင်လမ်းစဉ် လွတ်မြောက်သူကိုလည်း သူကိုယ်တိုင်ပင် သတ်ဖြတ်ခဲ့ပြီး၊ သူ့တွင် ဤကဲ့သို့သော ကောင်းကင်လမ်းစဉ် လွတ်မြောက်နယ်ပယ်အဆင့်ရှိ အစာထိုးရုပ်သေး လေးခု ရှိထားပြီးဖြစ်သည်။
အနည်းဆုံးတော့ ၊ သူသည် အမှောင်ထု၏ အမတဧကရာဇ်တစ်ပါး ဖြစ်သည်။ ဤကဲ့သို့ ကောင်းကင်လမ်းစဉ် လွတ်မြောက်သူ ငါးဦးကို သတ်ဖြတ်ရန်မှာ ရှစ်တိ့ထျန်းအတွက် ခက်ခဲသည့်အလုပ်မဟုတ်ပေ။
ထို့အပြင်၊ သူ၏ အစားထိုးရုပ်သေးများကို စေလွှတ်ပြီး တိုက်ခိုက်စေသည့် အကြောင်းအရင်းများမှာ -
ပထမအချက်အနေဖြင့် သူသည် စူးချန်ကဲ၏ စွမ်းအားကို စမ်းသပ်ကာ၊ သူ၏ အားနည်းချက်များကို ရှာဖွေလိုသည်။
ဒုတိယအနေဖြင့် ၊ ထျန်းရှီဘုရင်မ နှင့် စူးချန်ကဲတို့၏ ဆက်ဆံရေးသည် အလွန်အရေးကြီးပြီး သူ့အတွက် ဝှက်ဖဲတချို့ ဖြစ်လာနိုင်သည်။
အစားထိုးရုပ်သေးများကို စတေးခြင်းဖြင့် ကျင့်ကြံမှုကို မိမိဘာသာ ဖျက်ဆီးပစ်ခဲ့သည်။
ဤလုပ်ရပ်ကြောင့် စူးချန်ကဲသည် သူ၏ ဝှက်ဖဲကို ထုတ်ပြလာပါက ၊ ရှစ်တိ့ထျန်းအတွက် ကြီးမားသော အမြတ်ဟု ဆိုရပေတော့မည်။