← Chapters

အမတ ၊ နတ်ဘုရား ၊ နတ်ဆိုး လမ်းစဉ်သုံးရပ်၏ စွမ်းအားများ ကျရောက်လာခြင်း (Part -1)

Vol. 43 Ch. 585

အမတ ၊ နတ်ဘုရား ၊ နတ်ဆိုး လမ်းစဉ်သုံးရပ်၏ စွမ်းအားများ ကျရောက်လာခြင်း (Part -1)

Vol. 43 Ch. 585

သူလှုပ်ရှားမည့် အချိန်ကာလကို ရွေးချယ်စောင့်စားကာ ၊ အပြင်းထန်‌ဆုံးသော ဝှက်ဖဲကို အသုံးချခြင်းအားဖြင့် သူ၏ ရုပ်သေးခန္ဓာကို အပြီးတိုင်ဖျက်ဆီးပစ်ခဲ့သည်။

မိမိသည် ကြိုတင်စီမံကိန်း ချထားပါသော်လည်း ၊ စူးချန်ကဲဆိုသော ဤငနွားလေးသည် သူ့ထက်တောင် တစ်ကွက်ပိုသာနေပြီး မိမိသာလျှင် လှည့်စားခံလိုက်ရသည်။

ယင်းက သူကို ဒေါသဖြစ်စေခဲ့ရုံသာမက ၊ ကြီးကြီးမားမား အရှက်ခွဲခံလိုက်ရခြင်းပင်။

သို့သော် စူးချန်ကဲသည် တဖက်လူ၏ အမျက်ဒေါသကို လုံးဝဂရုမစိုက်ဘဲ သူ၏လက်နှစ်ဖက်ဖြင့် စည်းတံဆိပ်တစ်ခုကို ဖော်ဆောင်လိုက်ပြီး ရွတ်‌ဆိုလိုက်သည်။

“အရာအားလုံးကို မူလအရင်းအမြစ်အဖြစ်သို့ ပြောင်းလဲခြင်း...”

ခရက်ခ်!!

တစ်ချိန်တည်းမှာပင် ၊ ဤနေရာတစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့သော ကောင်းကင်မျက်လုံးကြီးသည် ဖြည်းညှင်းစွာ ပွင့်လာသည်။

တာအိုစည်းချက်များက အဆုံးမရှိ ရိုက်ခတ်နေပြီး ၊ ထောင်ပေါင်းများစွာသော မဟာလမ်းစဉ်၏ အမှတ်အသားများဖြင့် ဖွဲ့စည်းထားသော မှော်အခင်းအကျင်းတစ်ခုသည် လောကရှိ အရာအားလုံးကို ခွဲခြမ်းစိတ်ဖြာပြီး မူလအရင်းအမြစ်အဖြစ် ပြောင်းလဲပစ်နိုင်စွမ်း ရှိပုံရသည်။

“ မိုးနှင့်မြေကို ချုပ်ငြိမ်းခြင်းအဖြစ် ဖန်တီးခြင်း ! “

ဝုန်း !!

နောက်အခိုက်အတန့်တွင် ၊

ကောင်းကင်မျက်လုံးကြီးထံမှ လွန်စွာတောက်ပသော အလင်းတန်းများဖြာကျလာခဲ့သည်။

ကောင်းကင်မျက်လုံးကြီး၏ အမြင်အာရုံမြင်ကွင်းသည် တဖြည်းဖြည်း ပြန့်ကားလာပြီး ၊ နောက်ဆုံးတွင် အနန္တ စကြဝဠာတစ်ခွင်လုံးထိ ကျယ်ပြန့်သွားသည်။

ထို့နောက်တွင် ၊မှောင်မိုက်နေသော စကြဝဠာကြီးအတွင်း၌ ရှိနေသော ဧရာမ ကြယ်စုကြီးတစ်လုံးသည် ပြင်းထန်စွာ ပေါက်ကွဲသွားသည်ကို မြင်လိုက်ရသည်။ ပေါက်ကွဲမှု၏ တုန်ခါမှုကြောင့် ထွက်ပေါ်လာသော ကြယ်အလင်းသည် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေရာမှ တဖြည်းဖြည်း ပြန့်ကားလာပြီး ကြီးမားသော အလင်းရောင်စက်ဝန်းကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။

အဆုံး၌ ထိုတောက်ပသောအလင်းစက်ဝန်းကြီးသည် မှောင်မိုက်နေသော စကြဝဠာတစ်ခုလုံးကို ထိန်လင်းတောက်ပသွားစေသည်။

ယင်းက နတ်ဆိုးစွမ်းအင်များကို အရည်ပျော်ကျပျက်စီးစေပြီး ၊

အမှောင်ထုကို ဆုတ်ခွာသွားစေကာ ၊

မှော်ပုလင်းသည်လည်း ကွဲကြေသွားခဲ့ရသည်။

နောက်ဆုံးတွင် ရှစ်ထျန်းတိ့၏ ရုပ်သေးခန္ဓာသည် ထိန်လင်းတောက်ပနေသော အလင်းထုကြီး၏ လွှမ်းခြုံမှုကိုခံလိုက်ရပြီး တစ်စစီ ပျောက်ကွယ်သွားလေတော့သည်။

အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော်မှ ဖြစ်ပေါ်လာသော မဟာလမ်းစဉ်၏ ဖိနှိပ်စွမ်းအားသည် တဖြည်းဖြည်း လျော့နည်းပျောက်ကွယ်သွားသည်နှင့်အမျှ။

ရှစ်ထျန်းတိ့သည်လည်း သူ၏လှုပ်ရှားနိုင်စွမ်းကို ဖြည်းဖြည်းချင်း ပြန်လည်ရရှိလာခဲ့သည်။ သို့သော်လည်း ၊ ဤအခြေအနေတွင် သူသည် သူ၏ကံကြမ္မာကို ပြန်လည်ပြင်ဆင်နိုင်စွမ်း မရှိတော့ပေ။

အကြောင်းမှာ ရှစ်ထျန်းတိ့၏ ရုပ်သေးခန္ဓာ အများစုသည် ဗလာနိတ္ထိမျက်လုံးတော်၏ စွမ်းအားကြောင့် အပြီးတိုင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သူသည် စူးချန်ကဲနှင့် ထပ်မံတိုက်ခိုက်နိုင်စွမ်း လုံးဝမရှိတော့ပေ။

စူးချန်ကဲ၏ အခြေအနေမှာလည်း သိပ်မကောင်းလှပေ။ ဗလာနိတ္ထိမျက်လုံးတော်၏ ကြောက်ခမန်းလိလိ စွမ်းအားများကို ထပ်မံသုံးစွဲခဲ့ခြင်းကြောင့် ၊

သူ၏မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ၊ အသက်ရှုနှုန်းသည် အတော်လေး အားနည်းနေကာ ဒူးထောက်လျက်သားအနေအထားဖြင့် ရှိနေသည်။

သို့သော် တစ်စတစ်စ ပျောက်ကွယ်နေသော ရှစ်ထျန်းတိ့ကို မြင်ပြီးနောက် ၊ သူ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သရော်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။

“ ဒီလောက်ပဲလား ?”

ဤစကားလုံးနှစ်လုံးကို ကြားလိုက်ရချိန်တွင် ၊ တဖြည်းဖြည်း ပျောက်ကွယ်နေပြီ ဖြစ်သော ရှစ်ထျန်းတိ့သည် ပို၍ အမျက်ထွက်သွားပြီး ဟောက်လိုက်သည်။

“ဟေ့ကောင် မင်း...”

သို့သော် သူ စကားပြောလို့မပြီးခင် ၊

သူ၏ရုပ်သေးခန္ဓာသည် အပြီးတိုင် ချေမှုန်းခံလိုက်ရပြီး ၊ အမည်းရောင် မီးခိုးငွေ့များအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားလေတော့သည်။

ထိုအချိန် ၊ စနစ်၏ အသံ ထွက်ပေါ်လာခဲ့သည်။

【ဒင်! တာဝန်ကို အောင်မြင်စွာ ပြီးမြောက်အောင် လုပ်နိုင်ခဲ့တဲ့အတွက် သင့်ကို ဂုဏ်ပြုလိုက်ပါတယ် ၊ ဆုလာဘ်အဖြစ် ကောင်းကင်လမ်းစဉ် ရှန်းမော်နှလုံးသားကို ရရှိခဲ့ပါသည် ၊ ယခု အသုံးပြုလိုပါသလား?】

စူးချန်ကဲသည် ပြန်မတုံ့ပြန်ခဲ့ပေ။

လက်ရှိအချိန်တွင် သူသည် အလွန်အားနည်းနေပြီး ၊ မိမိကိုယ်ကို လဲပြိုကျမသွားစေရန် အတော်လေး အားစိုက်ထားရသည်။

ခဏကြာပြီးနောက် ၊ စူးချန်ကဲသည် ဒယိမ်းဒယိုင် ထရပ်လိုက်သည်။

“ဒီကိစ္စ... နောက်ဆုံးတော့ အပြီးသတ်ဖြေရှင်းပြီးခဲ့ပြီပဲ...”

သူသည် အမတလျှောက်လှမ်းတံခါးထဲသို့ ဝင်ရောက်ရန် ဟန်ပြင်လိုက်သည်။

ဝှစ်!!

ရုတ်တရက် ၊ ကောင်းကင်တွင် အနက်ရောင် အလင်းတန်းတစ်ခု လျှပ်တစ်ပြက် ထွက်ပေါ်လာသည်။

၎င်းသည် စကြဝဠာရှိ အရာအားလုံးကို ထိုးဖောက်နိုင်စွမ်းရှိသော စွမ်းအားဖြင့် စူးချန်ကဲဆီသို့ တည့်တည့်မတ်မတ် ကျရောက်လာခဲ့သည်။

အသံထွက်လာသည်နှင့် တပြိုင်နက် ၊ စူးချန်ကဲသည် ချက်ချင်းသတိထားမိသည်။

သို့သော် လက်ရှိအချိန်တွင် သူသည် အလွန်အားနည်းနေပြီး ၊ အချိန်မီမတုံ့ပြန်နိုင်ခဲ့ပေ။

ရွှမ်း!!!

စူးချန်ကဲ၏ အမတခန္ဓာကိုယ်နီးပါး ခိုင်မာတောင့်တင်းသော ခန္ဓာကိုယ်သည် ဤကြောက်မက်ဖွယ်ရာ အေးစက်သောအလင်းတန်း၏ရှေ့မှောက်တွင် ချက်ချင်းလက်ငင်း စုတ်ပြဲသပ်သွားသည်။

အနီရောင်တောက်တောက်နှင့် သွေးပန်းတစ်ပွင့်သည် သနားဖွယ်ကောင်းအောင် ရုတ်တရက် ကြွေကျသွားလေတော့သည်။

…….

သွေးပူများသည် တတောက်တောက် စီးကျလျက် ၊ သူ၏ လဖြူရောင်ဧကရာဇ်ဝတ်ရုံကို အနီရောင်အဖြစ် ဆေးခြယ်ခဲ့သည်။

တောက် ... တောက်...

မိုးရေစက်များ ကျလာသည့်အသံနှင့် ဆင်တူသည်။

နတ်ဆိုးစွမ်းအင်များဖြင့် ပြည့်နှက်နေသော အနက်ရောင် လှံတစ်ချောင်းသည် သူ၏နှလုံးသား တည့်တည့်ကို ဖောက်ထွင်းဝင်ရောက်နေသည်။

သွေးစက်များသည် အဝတ်တစ်လျှောက် စီးကျလာပြီး သူ၏ ခြေရင်းတွင် ကြောက်မက်ဖွယ်ရာ သွေးအိုင်ကြီးအဖြစ် စုပုံနေလေ၏။

နာကျင်မှုက သူ့ခန္ဓာကိုယ်တစ်လျှောက် ဖြတ်သန်းစီးဆင်းနေတုန်း ၊

အေးစက်ပြီး သရော်သံပါသော ရင်းနှီးကျွမ်းဝင်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဟားးး... စူးချန်ကဲ၊ ငါ ဒီလိုနည်းလမ်းကို သုံးလိုက်ပြီဆိုကတည်းက....သေချာပေါက် ငါ့ရဲ့ ရုပ်သေးခန္ဓာက မင်းရဲ့လက်ချက်နဲ့ သေသွားပြီမလား “

ရှစ်ထျန်းတိ့ ချန်ထားခဲ့သော အသံသည် အနက်ရောင် လှံတံပေါ်ကနေ ထွက်ပေါ်လာခဲ့သည်။

“မင်းကို ငါ မရမှတော့ ဒါဆို ဖျက်ဆီးပစ်တာက ပိုမကောင်းဘူးလား ၊ ငါ ချန်ထားခဲ့တဲ့ မူလရင်းမြစ် စွမ်းအားပါတဲ့ ဒီလှံတံကို မင်းသဘောကျမယ်လို့ ငါ မျှော်လင့်ပါတယ်!”

အပိုင်း(၅၈၅): အမတ ၊ နတ်ဘုရား ၊ နတ်ဆိုး လမ်းစဉ်သုံးရပ်၏ စွမ်းအားများ ကျရောက်လာခြင်း (Part -2)

ထိုစကားကို ကြားလိုက်ရချိန်တွင်၊ စူးချန်ကဲသည် မျက်မှောင်ကြုတ်သွားသည်။

ဤကိစ္စသည် အတော်လေး အဆင်ချောနေခဲ့မှန်း ၊ အကြောင်းရင်းမှန်ကို သူ နားလည်သွားခဲ့သည်။

ရှစ်ထျန်းတိ့သည် သူ၏မူလရင်းမြစ် စွမ်းအားအနည်းငယ်ကို အရန်အဖြစ် ဝှက်ထားခဲ့ခြင်း ဖြစ်သည်။

“ခင်ဗျား...”

သို့သော် စူးချန်ကဲ စကားပြောလို့မပြီးသေးခင် ၊

ဘုန်း !!

အနက်ရောင် လှံတံသည် နတ်ဆိုးစွမ်းအင်များကို အရူးအမူးထုတ်လွှတ်လိုက်ပြီး ၊ စူးချန်ကဲ၏ နှလုံးသားကို ပြင်းထန်စွာ တိုက်ခတ်လာခဲ့သည်။

စူးချန်ကဲ၏နှလုံးသားမှာ ကြေမွပျက်စီးသွားပြီး ၊ သူ့ ခန္ဓာကိုယ်အတွင်းရှိ အသက်စွမ်းအင်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ကွယ်ပျောက်လွင့်စင်နေသည်။

“ အဟွတ်...!”

ပါးစပ်ထဲမှ အမည်းရောင်သွေးခဲကြီး တစ်လုံးကို အန်ထုတ်လိုက်ပြီးနောက် ၊ စူးချန်ကဲသည် အမတလျှောက်လှမ်း တံခါး‌ဆီသို့ အထိန်းအကွပ်မဲ့စွာ လဲကျသွားတော့သည်။

နောက်ဆုံးတွင် သူ၏ အသွင်ပုံရိပ်သည် ရိုက်ခတ်လှုပ်ရှားနေသော အမတဆိုင်ရာ နတ်အလင်းလှိုင်းတံပိုးများကြား အပြီးတိုင် ပျောက်ကွယ်သွားလေတော့သည်။

………

တစ်ချိန်တည်းမှာပင်။

အမှောင်ထု မူလရင်းမြစ်လောက၊ အမှောင်ထု အမတခန်းမဆောင်

နဂါးကိုးကောင်ဖြင့် ခြယ်သထားသော အမည်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ရှစ်ထျန်းတိ၏ မူလကိုယ်ထည်သည် မျက်စိမှိတ်ထားရာမှ ဖြည်းညှင်းစွာ ပွင့်လာသည်။

သူ၏မျက်လုံးများသည် ဤအခိုက်အတန့်တွင်၊ အလွန်အမင်း သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

“စူးချန်ကဲ... မင်းကများ အတင့်ရဲလိုက်တာ!!”

ဘုန်း !!

ထိုစကားများပြောပြီးသည်နှင့် ၊ ကြီးမားကျယ်ပြန့်သော စွမ်းအားများသည် သူ့ကိုဗဟိုပြုလျက် အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စင်ရိုက်ခတ်သွားသည်။

အမှောင်ထု အမတခန်းမဆောင် တစ်ခုလုံးကိုပင် အနည်းငယ်တုန်ယင်သွားစေပြီး၊ ထောင်ပေါင်းများစွာသော အမှောင်သတ္တဝါတို့သည် ဤကြောက်မက်ဖွယ်ရာ စွမ်းအား၏ ဖိနှိပ်မှုကြောင့် ကြောက်ရွံ့တုန်လှုပ်သော အမူအရာများဖြင့် မြေပြင်ပေါ်တွင် ပြားပြားဝပ်နေကြသည်။

သို့သော် ရှစ်ထျန်းတိ့သည် သူချန်ထားခဲ့သော အရန်ဗျူဟာကို သတိရမိသွားပြီး ၊

သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဟား... တော်သေးတယ် ငါ အရန်ဗျူဟာ ထားခဲ့လို့သာပေါ့ “

ရှစ်ထျန်းတိ့သည် သူ၏ ဖြူစင်သေးသွယ်ပြီး ရှည်လျားသော လက်ချောင်းများကို ဆန့်ထုတ်လိုက်သည်။ ယင်းအပေါ်၌ ထူးဆန်းသော အမှောင်ရောင်ဝါမျှင်တစ်ခုသည် လူးလိမ့်ရိုက်ခတ်နေပြီး အသံပြုနေသည်။

၎င်းသည် သူချန်ထားခဲ့သော မူလရင်းမြစ် နတ်အသိစိတ်နှင့် ဆက်သွယ်မှုရှိသည်။

ထိုအနက်ရောင်လှံတံရှည်သည်လည်း သူ၏မူလရင်းမြစ် နတ်အသိစိတ်က ဖန်တီးထားခြင်းဖြစ်သည်။

စူးချန်ကဲ၏ အသက်စွမ်းအင် လုံးဝပျောက်ကွယ်သွားကြောင်း အတည်ပြုပြီးနောက်၊ သူ ချန်ထားခဲ့သော ထိုနတ်အသိစိတ်သည် စူးချန်ကဲ ကျဆုံးသွားသည့် သတင်းကို ယူဆောင်လာခဲ့သည်။

“ဟမ်... မင်းရဲ့ပါရမီက ကောင်းကင်ဘုံကို အာခံနိုင်တယ်ဆိုတောင် ဘာအသုံးကျလို့လဲ”

“မင်းမှာ အခု ရွေးချယ်စရာနှစ်ခုပဲရှိတယ်၊ ပထမတစ်ခုက သေခြင်းကို ရွေးချယ်မယ်... ဒုတိယတစ်ခုက ငါ ချန်ထားခဲ့တဲ့ မူလရင်းမြစ် နတ်အသိစိတ်ထဲ ဝင်ရောက်ပြီး ငါ့ရဲ့ ရုပ်သေးခန္ဓာ ဖြစ်လာမယ်!”

ရှစ်ထျန်းတိ့၏ အေးစက်သောမျက်လုံးများသည် ဝင်းလက်တောက်ပသွားပြီး၊သူသည် အားပါးတရ ရယ်မောလိုက်သည်။

“ခုကစပြီး ငါအတွက် သတင်းကောင်းကို ထိုင်စောင့်နေရုံပဲ !”

………

အခြားတစ်ဖက်တွင် ၊

စူးချန်ကဲ၏ အသိစိတ်သည် အနည်းငယ် မကြည်မလင်ဖြစ်နေသည်။

ကျင့်ကြံသူများအတွက် တန်ထျန်းအမှတ်နေရာများသည် အရေးအကြီးဆုံးဖြစ်သော်လည်း၊ သို့သော် နှလုံးသားသည်လည်း အလားတူ သေလောက်သော အားနည်းချက်တစ်ခု ဖြစ်သည်။

စူးချန်ကဲ၏နှလုံးသားသည် နတ်ဆိုးစွမ်းအင်၏ လွှမ်းမိုးဝါးမျိုခြင်းကို ခံနေရသောကြောင့် သူ၏မျက်ဆန်များသည် တဖြည်းဖြည်း မည်းနက်လာရုံသာမက ၊

သူ၏ခန္ဓာကိုယ်အတွင်း၌ ထူးဆန်းသော နတ်ဆိုးစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။သူ၏ ဝိညာဉ်စွမ်းအင် သွေးကြောမျှင်များသည် နတ်ဆိုးစွမ်းအင်များ၏ လွှမ်းမိုးခြင်းကိုခံနေရပြီး မိစ္ဆာစိတ်ဝင်တော့မည့် လက္ခဏာတစ်ခုအဖြစ် ပြသနေမှန်း သူ သတိထားမိသည်။

“ သေစမ်း...”

“ကောင်းလိုက်တဲ့ ရှစ်ထျန်းတိ... ဒီကိစ္စကို... ငါ သေချာပေါက် မှတ်ထားလိုက်ပြီ....!”

ပါးစပ်ကနေ ကျိန်‌ဆဲလိုက်သည်။ စူးချန်ကဲသည် သူ၏ နောက်ဆုံးလက်ကျန် နတ်အသိစိတ်ကို ထိန်းချုပ်ကာ စနစ်ကို ခေါ်ထုတ်လိုက်သည်။

“သုံးမယ်.... ကောင်းကင်လမ်းစဉ် ရှန်းမော်နှလုံးသား ....!”

【ဒင် ! လက်ရှိ သင့်ရဲ့အသက်စွမ်းအင်ဟာ အလျင်အမြန် ကုန်ခန်းနေပြီး ၊ နှလုံးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတာကို ထောက်လှမ်းမိပါတယ် ၊ ကောင်းကင်လမ်းစဉ် ရှန်းမော်နှလုံးသားကို အတင်းအကျပ် အသုံးပြုခဲ့မယ်ဆိုရင် ကြီးမားတဲ့ တန်ပြန်သက်ရောက်မှုကို ဖြစ်စေပြီး သေဆုံးတဲ့အထိ ဖြစ်သွားနိုင်ပါတယ် 】

【မေးခွန်း: သင့်အနေနဲ့ ဆက်လက်လုပ်ဆောင်လိုပါသလား?】

ဤကဲ့သို့အခြေအနေမျိုးတွင် ကောင်းကင်လမ်းစဉ် ရှန်းမော်နှလုံးသားကို အတင်းအကျပ် အသုံးပြုခြင်းသည် ကိုးယောက်မှာ တစ်ယောက်သာ ရှင်နိုင်သည်။

သို့သော် ဤအရာကို အသုံးမပြုပါက ၊ ဒါဆို သူသည် ဧကန်မုချ သေဆုံးရပေလိမ့်မည်။

“ဆက်သွား....”

စူးချန်ကဲ၏ စကားသံအဆုံးတွင် ၊

ဝီ!

ရုတ်တရက်၊ အလွန်တောက်ပသော အဖြူအမည်း အလင်းတန်းနှစ်မျိုး ဆင်းသက်လာခဲ့သည်။

အဖြူရောင်အလင်းတန်းသည် နတ်ဘုရားများ ကြွမြန်းလာသကဲ့သို့ပင် ။ နေ့အလင်းသဖွယ် တောက်ပနေသော အလင်းလှိုင်းတံပိုးများကြား ကြီးကျယ်ခမ်းနားသော နတ်ဘုရားများ၏ အသွင်ပုံရိပ်များ ထွက်ပေါ်လာပြီး ၊

သက္ကတသံစဉ်များ ပဲ့တင်ထပ်နေသည်မှာ ကမ္ဘာပေါ်ရှိ အညစ်အကြေးအားလုံး သန့်စင်သွားသည်ဟုပင် ထင်မှတ်ရသည်။

အနက်ရောင် အလင်းတန်းသည် နတ်ဆိုးနတ်ဘုရားများ ကြွမြန်းလာသကဲ့သို့ပင် ။ တသိမ့်သိမ့် ရိုက်ခတ်နေသော အမှောင်လှိုင်းတံပိုးများကြား ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးနတ်ဘုရားများ၏ အသွင်ပုံရိပ်များ ထွက်ပေါ်လာပြီး ၊

နတ်ဆိုးတို့၏ စူးရှသောအော်ဟစ်သံများသည် ဤကမ္ဘာပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်ပြီး၊ အဆုံးမဲ့ချောက်ထဲသို့ ဆွဲချသွားမည့်အလား ထင်မှတ်ရသည်။

အဆိုပါ စွမ်းအားနှစ်မျိုး ဆင်းလာသည်နှင့် တပြိုင်နက်၊

ဝီ!!

ထင်မှတ်မထားသော အပြောင်းအလဲတစ်ခု ဖြစ်ပျက်ခဲ့သည်။ မူလက ဤနေရာ၌ လွင့်မျောနေသော အမတဆိုင်ရာ နတ်အလင်းများသည် ညွှန်ကြားချက်တစ်ခုကို လက်ခံရရှိခဲ့ပုံပေါ်သည်။

၎င်းတို့သည် အသက်ဝိညာဉ် သွင်းခံလိုက်ရသကဲ့သို့ ရူးသွပ်စွာ ရိုက်ခတ်လှုပ်ရှားလာကြပြီး ၊ အဆုံးတွင် ကြီးမြတ်သော ရုပ်သွင်တစ်ခုအဖြစ် စုစည်းသွားသည်။ အရာအားလုံး၏ အထက် ၊ လူတိုင်း မော်ကြည့်ရသော အဆင့် ၊ အမတများ၏ထိပ်ဆုံးနေရာ၌ ဂုဏ်ယူဝံ့ကြွားစွာ ရပ်တည်နေဟန်ရသည်။

ထွက်ပေါ်လာသော ဤကြောက်မက်ဖွယ်ရာ ရုပ်သွင်များကို အမတများသာ မြင်တွေ့ခဲ့လျှင်ဖြင့် ၊ ဤကြီးမြတ်သော ရုပ်သွင်များကို သူတို့ သေချာပေါက် မှတ်မိကြပေလိမ့်မည်။

ဤသည်မှာ အမတလမ်းစဉ်၏ အဆုံးစွန်၊ အမတ ဧကရာဇ်မင်းတို့၏အသွင်ပုံရိပ်များပင် ဖြစ်ပေသည်။

All Chapters