← Chapters

အခန်း (၆၂၉-၆၃၂)

Vol. 47 Ch. 629-632

အခန်း (၆၂၉-၆၃၂)

Vol. 47 Ch. 629-632

အပိုင်း(၆၂၉): ဆက်ခံသူကို အမတနယ်မြေတစ်ခုလုံးကို ကြေညာမယ်

တားမြစ်စူးမိသားစု၏ အကြီးအကဲများ တိုင်ပင်ဆွေးနွေးပြီးနောက်တွင် ၊ ထိုကိစ္စကို အတည်ပြုလိုက်ကြသည်။

“အချိန်ဆွဲနေလို့ မဖြစ်ဘူး ၊ ငါ အခုပဲ ကွေးယွမ်အမတဂိုဏ်းကို အသိပေးလိုက်မယ်....”

“ အဟမ်း..”

ရွှမ်ယွမ် အမတဧကရာဇ်မင်းက ဆက်ပြောလိုက်သည် ။

“အမတနယ်မြေတစ်ခုလုံးကို တရားဝင်ကြေညာမှ ဖြစ်တော့မယ် “

ကွေးယွမ်အမတဂိုဏ်းကို စူးချန်ကဲရောက်မှ ကြေညာချက်ကို ထုတ်ပြန်မည်ဆိုပါက ၊ ဤကြားထဲတွင် တချို့လူများက သိသိသာသာ တုံ့ပြန်လာနိုင်သည်။

ထို့အပြင် အချို့ကိစ္စရပ်များကို ချိတ်ဆက်စဉ်းစားမိကာ သိရှိသွားနိုင်သည်။

လူတိုင်း ဖုတ်ပူမီးတိုက်ဖြစ်နေတုန်း၊ ဤကြေညာချက်ကို ထုတ်ပြန်ခြင်းဖြင့် အင်အားစုများကို ထပ်မံ အံ့အားသင့်စေခြင်းသည် အကောင်းဆုံးနည်းလမ်းတစ်ခုပင် မဟုတ်လော။

ရှုပ်ထွေးနေကြပြီမလား ?

အံ့အားသင့်နေပြီမလား ?

ဒါဆိုလည်း သူတို့ကို နှစ်ဆပွားပေးလိုက်တာပေါ့ !

………

တစ်ဖက်တွင်။

ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲတွင် ၊

ကြီးမားကျယ်ပြန့်သော ကမ္ဘာကြီးတစ်ခုရှိနေခဲ့သည်။

အတွင်းပိုင်းတွင် မိုးကောင်းကင်ထိ ထိုးတက်နေသော နတ်မိုးမခပင်များ ပေါက်ရောက်နေပြီး ၊ ကွေးယွမ်အမတဂိုဏ်း တည်ရှိရာ ကမ္ဘာကြီးသည် ဆန်းကျယ်သော စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

မိုင်ပေါင်းကုဋေသန်းချီဝေးကွာသော နေရာကပင် ၊ ဟင်းလင်းပြင်ကျယ်ကြီးထဲတွင် စိုက်ထူထားသော ကျောက်တံခါးကြီးကို တချက်ကြည့်ရုံဖြင့် မြင်တွေ့နေရသည်။

၎င်းသည် ပေပေါင်းထောင်ချီ မြင့်မားပြီး၊ အပေါ်ပိုင်းကို အလွန်ရှားပါးသော ရွှေသတ္တုများဖြင့် ပြုလုပ်ထားသည်။ ယင်းအပေါ်၌ ရေးထိုးထားသော စာလုံးများသည် ကြော့ရှင်းလှပပြီး နှစ်ကာလပေါင်း ကြာသည့်တိုင်အောင် မှေးမှိန်မသွားချေ။

တစ်ချက်ကြည့်ရုံဖြင့် ၊ ဤသည်မှာ ထိပ်တန်းစွမ်းအားရှင် ပုဂ္ဂိုလ်တစ်ဦး၏ လက်ရာဖြစ်မှန်း ထင်ရှားသည်။ “ကွေးယွမ်အမတဂိုဏ်း” ဆိုသော စာလုံးလေးလုံးသည် ခမ်းနားထည်ဝါလွန်းပြီး လွှမ်းမိုးနိုင်စွမ်းရှိသည်။

ဤကြီးမားသော ကျောက်တံခါးမကြီး၏ ဘေးတွင် ဇာမဏီဌက်များနှင့် နတ်နဂါးများ၏ ရုပ်ပုံများကို ထွင်းထုထားသော ကျောက်တိုင်ကြီးနှစ်တိုင် စိုက်ထူထားသည်။

ညာဘက်ကျောက်တိုင်တွင် ‘ကောင်းကင်၏အစွန်ဆုံး ‘ ဟု ရေးထိုးထားပြီး ၊

ဘယ်ဘက်ကျောက်တိုင်တွင် “လမ်းစဉ်၏မူလအစ” ဟု ရေးထိုးထားသည်။

ဝီ!!!

ထိုအခိုက်၊ စူးရှတောက်ပလွန်းသော စိတ်ဝိညာဉ်ရောင်ခြည်တစ်ခုသည် ကောင်းကင်နှင့်မြေကြီးကြား ထိုးဖောက်ဝင်ရောက်လာပြီး ၊ ကောင်းကင်ပြင်ကို စက္ကန့်ပိုင်းအတွင်း ဖြတ်ကျော်သွားလေသည်။

ထိုအရာသည် ကွေးယွမ်အမတဂိုဏ်း၏ အနက်ရှိုင်းဆုံး အပိုင်းဆီသို့ ဦးတည်သွားနေပြီး၊ ယင်းအပေါ်၌ တားမြစ်စူးမိသားစု၏ အငွေ့အသက်အချို့ ရှိနေခြင်းကြောင့် ကွေးယွမ်အမတဂိုဏ်း၏ စွမ်းအားရှင်များသည် ထိုအရာကို တားဆီးခြင်းမပြုကြပေ။

အကြောင်းမှာ ကွေးယွမ်အမတဂိုဏ်းသည် ယခုအချိန်ထိ တရားဝင်ကြေညာခြင်း မရှိသေးသော်လည်း ၊ ဂိုဏ်းသားတိုင်းက စူးချန်ကဲသည် သူတို့ဂိုဏ်း၏ အသိအမှတ်ပြုထားသော ဆက်ခံသူဖြစ်ကြောင်း သိရှိထားကြသည်။

ထို့အပြင် စူးချန်ကဲသည် တားမြစ် စူးမိသားစု၏ သခင်ငယ်လည်းဖြစ်သည်။ ထို့ကြောင့် တားမြစ် စူးမိသားစုနှင့် သူတို့သည် တစ်မိသားစုတည်း ဖြစ်သည်ဟု ဆိုနိုင်သည်။

ထိုအလင်းတန်းသည် တဖက်လူ၏နယ်နိမိတ်ထဲသို့ ဝင်ရောက်သွားသည်။

ထိုနေရာတွင် ၊ ဝေဟင်၌ မျောလွင့်လျက်ရှိသော မြို့တော်များ ၊ နတ်ကျွန်းများ ၊ ရှေးမျှော်စင်များနှင့် ကောင်းကင်တောင်တန်း...အစရှိသည်တို့သည် မြူမှုန်များကြားတွင် တောက်ပစွာဖြင့် ရှိနေသည်။

ခရီးတစ်လျှောက် မြင်တွေ့ရသော မြင်ကွင်းများသည် အလွန်ပင် အံ့ဩဖွယ်ရာကောင်းလှသည်။ ဤနေရာတစ်ခုလုံးသည် မဟာလမ်းစဉ်၏ လျို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေပြီး တားမြစ် စူးမိသားစုနှင့် ယှဉ်လျှင် အားမနည်းချေ။

……….

ထိုအလင်းတန်းသည် မည်မျှကြာအောင် ခရီးနှင်ခဲ့သည်ကို မသိနိုင်ပေ။

နောက်ဆုံးတွင် ၎င်းသည် အနက်ရှိုင်းဆုံးနေရာရှိ လျှို့ဝှက်လောကတစ်ခုသို့ ဆိုက်ရောက်လာခဲ့သည်။

မှုန်ဝါးဝါးအသွင်ပုံရိပ်ဖြင့် ပုဂ္ဂိုလ်တစ်ဦးသည် ကြီးမားကျယ်ပြန့်သော နိယာမလှိုင်းတံပိုးများကြား တင်ပြင်ခွေလျက် ရှိနေသည်။ ထိုအနှီပုဂ္ဂိုလ်သည် စကြဝဠာတစ်ခွင်လုံးနှင့် ဆက်သွယ်နိုင်ပြီး အဆုံးမဲ့ကမ္ဘာလောကများရှိ အသံများကို ခံစားနိုင်ပုံရသည်။

အနီးကပ်ကြည့်လိုက်လျှင်ဖြင့် ၊ ထိုအသွင်ပုံရိပ်မှာ မျဲ့ရှန်း ရှေးဘိုးဘေးဖြစ်နေသည်ကို တွေ့ရပေလိမ့်မည်။

ကွေးယွမ်သူတော်စင်နယ်မြေတွင် ရှိခဲ့စဉ်နှင့် နှိုင်းယှဉ်ရမည်ဆိုပါက ၊ ဤကွေးယွမ်အမတဂိုဏ်းတွင် ရှိနေသော မျဲ့ရှန်း ရှေးဘိုးဘေး၏ ရောင်ဝါသည် အလွန်ကို ပြင်းထန်သည်။

ဤသည်မှာ ဖန်တီးထားသော ပုံရိပ်တစ်ခုမျှသာဖြစ်သော်လည်း ၊ သို့သော်လည်း သူ၏ကျင့်ကြံမှုသည် ခန့်မှန်းမရနိုင်လောက်ပင် နက်ရှိုင်းသည်။

တစ်ချိန်တည်းမှာပင်။

စူးမိသားစု၏ စိတ်ဝိညာဉ်ရောင်ခြည်ကို လက်ခံရရှိသည်နှင့် တစ်ပြိုင်နက် ၊

မျဲ့ရှန်း ရှေးဘိုးဘေး၏ စူးရှတောက်ပသော မျက်လုံးများသည် ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။

သူ၏လက်ချောင်းထိပ်တွင် တောက်ပနေသော စိတ်ဝိညာဉ်မီးပွားလေးကို စူးစမ်းကြည့်ရှုပြီးနောက်တွင် ၊ မျဲ့ရှန်း ရှေးဘိုးဘေးမှာ အံ့အားသင့်သွားသည်။

“ ဒါက တားမြစ် စူးမိသားစုက ရွှမ်ယွမ် အမတဧကရာဇ်မင်းရဲ့ စိတ်ဝိညာဉ်လား”

အမှန်တကယ်အားဖြင့် ၊ သူတို့လို စွမ်းအားရှင်ကြီးများသည် ဆန္ဒရှိရုံမျှဖြင့် တစ်ဦးနှင့်တစ်ဦး တိုက်ရိုက် ဆက်သွယ်နိုင်ကြသည်။

သို့သော်လည်း ထိုသို့ပြုလုပ်ရန် ဆက်သွယ်ရေးလမ်းကြောင်းကို အရင်ဖွင့်ထားရန် လိုသည်။

သူတို့အားလုံးသည် အမတစိုးစံရာခေတ်၏ အုပ်စိုးရှင်အင်အားစုများ ဖြစ်ကြသော်လည်း၊

နှစ်ကာလပေါင်းများစွာ ကြာသည့်တိုင်အောင် တစ်ယောက်နှင့် တစ်ယောက် ဆက်ဆံရေးမရှိခဲ့ကြပေ။ စူးချန်ကဲ ထွက်ပေါ်လာပြီးနောက်မှသာလျှင် ၊ သူတို့ကြားတွင် ဆက်သွယ်ရေးတံတားတစ်စင်း တည်ဆောက်ဖြစ်ခဲ့သည်။

ခဏတာစဉ်းစားပြီးနောက် ၊ မျဲ့ရှန်း ရှေးဘိုးဘေးသည် လက်ချောင်းထိပ်ဖျားကို ညင်သာစွာ တို့ထိလိုက်သည်။

ဝီ.....!!!

သူ၏လက်ချောင်းထိပ်တွင် ကခုန်နေသော မီးပွားလေးသည် ရောင်စုံအလင်းတန်းကြီးတစ်ခုအဖြစ် ရုတ်တရက်ပေါက်ကွဲထွက်လာသည်။

ထို့နောက်တွင် ၊ မျဲ့ရှန်း ရှေးဘိုးဘေး၏ စိတ်ထဲ၌ အတွေးများ အဆက်မပြတ် ဝင်ရောက်လာလေသည်။

…….

စက္ကန့်ပိုင်းအနည်းငယ် ကြာပြီးနောက် ၊

မျဲ့ရှန်း ရှေးဘိုးဘေး၏ မျက်လုံးထဲတွင် နားလည်သဘောပေါက်သွားသော အရိပ်အမြွက်များ ရှိနေခဲ့သည်။

“ အဲ့လိုလား... သံသရာစက်ဝန်း အမတမင်းဆက်ကလည်း အမတနယ်မြေကို ကြေညာလိုက်တော့...”

“အမတနယ်မြေက အင်အားစုတွေရဲ့ စိတ်ထဲမှာ စူးချန်ကဲရဲ့ သရုပ်မှန်ကို စတင်ခန့်မှန်းနေကြပြီ..”

ပြောရင်းဖြင့် ၊ မျဲ့ရှန်း ရှေးဘိုးဘေး၏ အေးဆေးတည်ငြိမ်နေသော အသံထဲတွင် အံ့အားသင့်နေသော အရိပ်အမြွက်များ ရှိနေခဲ့သည်။

“ဒါပေမဲ့ စူးချန်ကဲက အဲ့ခေတ်က အတုမရှိ ပြိုင်ဘက်ကင်းခဲ့တဲ့ ပါရမီရှင်တစ်ဦးဖြစ်နေလိမ့်မယ်လို့ လုံးဝမှ မထင်ထားဘူး...”

“စူးချန်ချင်တဲ့လား....”

စူးချန်ချင်အကြောင်း ဆိုရလျှင်ဖြင့် ၊ အမတနယ်မြေ၏ ဘယ်တော့မှပျောက်ကွယ်မသွားမည့် ဒဏ္ဍာရီတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။

“ ကြွေလွင့်သွားပြီ”မှာ ကြာပြီဖြစ်သော်လည်း ၊ ဤနာမည်သုံးလုံးကို ထုတ်ပြောလိုက်တိုင်း ထိုနှစ်က ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်ကြီးကို ပြန်လည်တွေးမိကြသည်။

သူမွေးဖွားလာချိန်တွင် ၊ အမတနယ်မြေ၏ အထက်လောကမှ ဖြစ်တည်မှုသည် ကိုယ်တိုင် ကြွရောက်လာပြီး ကောင်းချီးမင်္ဂလာများ ပေးအပ်ခဲ့သည်။

သူ မွေးဖွားပြီးနောက်တွင် ရှေးဦိး‌ခရမ်းရောင်စဉ်တန်းများသည် အမတနယ်မြေကြီးတစ်ခွင်လုံးကို တစ်နှစ်ပတ်လုံး လွှမ်းခြုံထားခဲ့သည်။

ထို့ကြောင့် အမတနယ်မြေတစ်ခွင်လုံး ပြန်လည်ကောင်းမွန်လာခဲ့ပြီး ၊ မဟာလမ်းစဉ်၏ ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုခဲ့သည်။

…….

မျဲ့ရှန်း ရှေးဘိုးဘေးကဲ့သို့ စွမ်းအားကြီးမားသူတစ်ယောက်ပင်လျှင် ဤအမှန်တရားကို သိလိုက်ရသည့်အခါတွင် သက်ပြင်းချရလေသည်။

အမှန်အားဖြင့် ၊ သူကိုယ်တိုင်သည်လည်း စူးချန်ကဲသည် စူးရွှမ်နှင့် ယွင်ရွှမ်းရုံတို့၏ နောက်ထပ် သားတစ်ဦးဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။

စူးချန်ချင်မှာမူ ၊ ထိုခေတ်ကတည်းက သေဆုံးသွားခဲ့ပြီး ဖြစ်သည်။

ထိုစိတ်ဝိညာဉ်မှတဆင့် ၊ သူသည် အရာအားလုံးကို နားလည်သွားခဲ့သည်။ဤမျှ ကြီးမားသော လျို့ဝှက်ချက်ကို ထုတ်ဖော်ပြောကြားလိုက်ခြင်းသည် တစ်နည်းအားဖြင့် ကွေးယွမ်အမတဂိုဏ်းအပေါ် ယုံကြည်မှုအပြည့်ရှိသည်ဟု ဆိုလိုခြင်းပင် ။

အကြောင်းမှာ စကြဝဠာတစ်ခွင်လုံးကို ဖုံးကွယ်ကာ ကောင်းကင်ဘုံ၏အလိုဆန္ဒကို ဆန့်ကျင်သော လုပ်ရပ်သည် လူသိများလာသည်နှင့်အမျှ အကြောင်းအကျိုးဆက်နွယ်မှုများမှာလည်း ပို၍ကျယ်ပြန့်လာလေလေ ဖြစ်သည်။

သက်ပြင်းချပြီးနောက်၊ မျဲ့ရှန်း ရှေးဘိုးဘေးသည် အဓိကတာဝန်ကို လုပ်ဆောင်ရန် သတိရသွားသည်။

“ အစကတော့ ချန်ကဲ ငါတို့ကွေးယွမ်အမတဂိုဏ်းကို ရောက်လာမှ အမတနယ်မြေ တစ်ခွင်လုံးကို ကြေညာပြီး ခမ်းခမ်းနားနားနဲ့ ငါတို့ဂိုဏ်းရဲ့ ဆက်ခံသူအဖြစ် တင်မြှောက်ဖို့ စဉ်းစားထားတာ “

မျဲ့ရှန်း ရှေးဘိုးဘေးသည် ကူကယ်ရာမဲ့စွာ ပြုံးရယ်လိုက်ရင်း ဆက်ပြောသည် ။

“ဒါပေမယ့် အခုအခြေအနေအတိုင်းဆို ၊ အမတနယ်မြေတစ်ခွင်လုံးကို အခုချက်ချင်း ကြေညာလိုက်တာက အကောင်းဆုံးရွေးချယ်မှု ဖြစ်ပုံရတယ်”

တားမြစ် စူးမိသားစု၏ “လက်နက်” အဖြစ် အသုံးချခံလိုက်ရသည့်အပေါ် သူ့စိတ်ထဲတွင် မသက်မသာ ဖြစ်သော်လည်း ၊

သို့သော် စူးချန်ကဲအတွက် အကျိုးရှိစေမည်ဆိုပါက ၊ ကွေးယွမ်အမတဂိုဏ်းအနေဖြင့် အနည်းငယ် သည်းခံလိုက်ရသည်မှာ ပြဿနာမရှိပေ။

သို့သော်လည်း ၊

စူးချန်ကဲမှ ဤနေရာသို့ ‌မရောက်ရှိသေးသော်လည်း ၊ သူတို့သည် အမတနယ်မြေတစ်ခွင်လုံးကို အခမ်းနားဆုံးနည်းလမ်းဖြင့် ကြေညာမည်ဖြစ်သည်။

ထို့နောက် မျဲ့ရှန်း ရှေးဘိုးဘေးသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

မျက်စိတမှိတ်အတွင်းမှာပင် ၊ ခမ်းနားထည်ဝါသော စွမ်းအားများသည် တဟုန်ထိုးထွက်ပေါ်လာပြီး အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားသည်။

တစ်ချိန်တည်းမှာပင်၊ မျဲ့ရှန်းရှေးဘိုးဘေး၏ အသံသည် ကွေးယွမ်အမတဂိုဏ်းတစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။

“ကွေးယွမ်အမတဂိုဏ်းရဲ့ တပည့်အားလုံး၊ အကြီးအကဲတွေနဲ့ ဘိုးဘေးတွေအားလုံး၊ ငါ့အမိန့်ကို နားထောင်စေ !”

“ နတ်မိုးမခပင်ကို ပူဇော်ပြီး နတ်ဘုရားကို ဆင်းသက်ဖို့ ဖိတ်ခေါ်စေ ၊ ပြီးတာနဲ့ ငါ ကွေးယွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူကို အမတနယ်မြေတစ်ခွင်လုံးကို ကြေညာမယ်!”

အပိုင်း(၆၃၀): မိုးမခပင်ရဲ့ ဝိညာဉ်က တုံထျန်းအဝေးဘိုးဘေးနဲ့တောင် ယှဉ်နိုင်သတဲ့လား

ကွေးယွမ်အမတဂိုဏ်း၏ အနက်ရှိုင်းဆုံး အပိုင်းမှ ထွက်ပေါ်လာသော အမိန့်သံနှင့်အတူ ၊

ကွေးယွမ်အမတဂိုဏ်းရှိ တပည့်များနှင့် အကြီးအကဲတို့သည် ပြေးထွက်လာကြသည်။ အမတဧကရာဇ်အဆင့်ရှိ ဘိုးဘေးများပင်လျှင် သီးသန့်ကျင့်ကြံမှုကနေ ထွက်လာကြသည်။

၎င်းတို့သည် မျဲ့ရှန်း ရှေးဘိုးဘေးရှိရာဘက်သို့ အံ့အားသင့်နေသော အကြည့်များဖြင့် တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။

“ချန်ကဲ ဆက်ခံသူ သခင်က ငါတို့ ကွေးယွမ်အမတဂိုဏ်းကို မရောက်သေးပဲနဲ့....”

“ဘာကြောင့်များ မျဲ့ရှန်း ရှေးဘိုးဘေးက မိုးမခပင်ပူဇော်ပြီး အမတနယ်မြေတစ်ခွင်လုံးကို ကြေညာချင်ရတာလဲ....”

“……..”

မိုးမခပင်သည် ကွေးယွမ်အမတဂိုဏ်းတွင် အမြစ်တွယ်နေသော နတ်ဘုရားသစ်ပင်ဖြစ်သည်။

ဤမိုးမခပင်သည် ကမ္ဘာဦးအစခေတ်ကာလကတည်းက ရှိခဲ့သည်ဟု ဆိုကြသည်။

အမတနယ်မြေ၊ ဤစကြဝဠာတစ်ခွင်လုံးတွင် ပထမဆုံးသော မိုးမခပင်လည်း ဖြစ်သည်။

ထို့အပြင် ယင်း၌အိပ်ပျော်နေသော သစ်ပင်ဝိညာဉ်သည် စွမ်းအားအပြည့်ရှိနေချိန်တွင် ၎င်း၏ အစွမ်းသတ္တိသည် ကွေးယွမ်အမတဂိုဏ်း၏ တုံထျန်း အဝေးဘိုးဘေးနှင့်ပင် ယှဉ်ပြိုင်နိုင်သည်ဟု ဆိုကြသည်။

ပြောစရာမလိုပေ ။ သူသည် အလွန်တရာမှ အစွမ်းထက်သော ရှေးဟောင်းစွမ်းအားရှင်တစ်ဦး ဖြစ်နိုင်သည်။

မိုးမခပင်ကို ပူဇော်ခြင်းဆိုသည်မှာ မဟာလမ်းစဉ် နတ်ပစ္စည်းများ ဆက်သခြင်းဖြင့် မိုးမခပင်၏ သစ်ပင်ဝိညာဉ်ကို ယာယီနိုးကြားစေကာ မဟာလမ်းစဉ် စွမ်းအားဖြင့် ကောင်းချီးမင်္ဂလာများကို ချီးမြှင့်ပြီး ကံကောင်းခြင်းများကို ပေးအပ်စေခြင်း ဖြစ်သည်။

သို့သော် ဤသို့ပြုလုပ်ရန်အတွက် မဟာလမ်းစဉ် နတ်ပစ္စည်းများသည် သမုဒ္ဒရာကဲ့သို့ပင် အလွန်ကိုများပြားပြီး ၊ ကွေးယွမ်အမတဂိုဏ်းအနေဖြင့် ရှေးဟောင်းအမွေအနှစ် အမြောက်အမြားကို သုံးစွဲရန် လိုအပ်သည်။

သို့သော် ရှေးဘိုးဘေးကိုယ်တိုင် မိန့်ကြားထားသောကြောင့် သူတို့သည် မေးခွန်းထုတ်လိမ့်မည် မဟုတ်။

ကွေးယွမ်အမတဂိုဏ်းတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

ကူယွမ်အမတလမ်းသို့ ခရီးနှင်ပြီး ကွေးယွမ်အမတဂိုဏ်းသို့ ခက်ခက်ခဲခဲရောက်ရှိလာသော တိ့ကျန့် မဟာဧကရာဇ်မင်း ၊ ရွှမ်ယွီဧကရီ အစရှိသော ၎င်းတို့အုပ်စုသည် အနားယူချိန်တောင်မရှိဘဲ အလုပ်များနေသော လူအုပ်ကြီးထဲသို့ ခေါ်ယူခံလိုက်ရပြန်သည်။

လူကို ရင်နာစေသည့်အချက်မှာ စူးချန်ကဲသည် အမတနယ်မြေသို့ စောစောရောက်ရှိလာခဲ့ရုံသာမက ၊ တားမြစ်အုပ်စုကြီးသုံးဖွဲ့စလုံးကပင် သူ့အတွက် အမတနယ်မြေတစ်ခုလုံးကို တစ်ခုပြီးတစ်ခု ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

“ငါတို့ကလည်း ကွေးယွမ်အမတဂိုဏ်းကပဲ၊ ဘာလို့ ဒီလောက်တောင် ကွာခြားရတာလဲ”

တိ့ကျန့် မဟာဧကရာဇ်မင်းက ခါးသီးသောအပြုံးဖြင့် ဆိုလိုက်သည်။

“ ကြည့်ရတာ ဒီအမတနယ်မြေမှာ ငါတို့တွေ ချန်ကဲရဲ့ ပေါင်ကို ဖတ်ထားမှရတော့မယ်..”

“ဒါပေမဲ့ ချန်ကဲ ဒီကောင်လေးရဲ့ နောက်ခံက ဒီလောက်ထိ နက်ရှိုင်းမယ်လို့ လုံးဝမထင်ခဲ့ဘူး....”

ဟွမ်ထျန်း မဟာဧကရာဇ်မင်းကလည်း သူ့နှုတ်ခမ်းများကို ဖိကိုက်ရင်း ထပြောလိုက်သည်။

“တားမြစ် စူးမိသားစုနဲ့ သံသရာစက်ဝန်း အမတမင်းဆက်တို့ကပါ သူ့အတွက် အမတနယ်မြေတစ်ခုလုံးကို ကြေညာချက်ထုတ်ပြန်ခဲ့တယ်......”

“အခု ငါတို့ ကွေးယွမ်အမတဂိုဏ်းနဲ့ဆို စုစုပေါင်း သုံးခုတောင်ရှိသွားပြီ”

“ ဟမ် ! မောင်လေးချန်ကဲသာ ကွေးယွမ်အမတဂိုဏ်းကို ရောက်လာတာနဲ့ ငါ အရင်ဆုံး သူ့ပေါက်ကို ပြေးဖက်ရမယ်!”

ရွှမ်ယွီဧကရီက ဆက်ပြောသည်။

“တိုက်မြေ သုံးထောင်မှာ ဒီမမကြီးက သူ့ကို ဒီလောက်တောင် ဂရုစိုက်ပေးခဲ့တာ၊ အခု သူ ငါ့ကျေးဇူးကို ဆပ်ဖို့ အချိန်ရောက်ပြီ!”

အမှန်အတိုင်းဆိုရလျှင်ဖြင့် ၊ သူမနှင့် စူးချန်ကဲ၏ အသက်အပိုင်းအခြား ကွာဟမှုသည် သိပ်မများပေ။

ရွှမ်ယွီဧကရီသည် စူးချန်ကဲကို ရယူရန် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ရန် အမှန်တကယ်ပင် စဉ်းစားခဲ့ဖူးသည်။

ဤကဲ့သို့ ချောမောလှပပြီး ပါရမီစွမ်းရည် မြင့်မားသော အမတမင်းသားတစ်ပါးကို မည်သူကများ ပစ်မကြွေဘဲ နေနိုင်မည်နည်း။

ထိုသို့တွေးမိပြီး ၊ ရွှမ်ယွီဧကရီ၏စိတ်ထဲတွင် အကြံတစ်ခု ဝင်ရောက်လာခဲ့သည်။

“ ဒီတိုင်းသာဆို.... အသက်အရွယ်ဆိုတာကလည်း သိပ်အရေးမကြီးတော့သလိုပဲ....”

“ငါ သူ့ကို....”

ရွှမ်ယွီဧကရီသည် ခေါင်းခါလိုက်သည်။ ထိုကိစ္စမျိုးသည် နှုတ်ဖြင့်ထုတ်ပြောရန်ပင် အတော်လေး ခဲယဉ်းနေသေးသည်။

………

ကွေးယွမ် အမတနယ်မြေ၊ အခြားသော ကြယ်စကြဝဠာလောကတွင် ၊

အမတနယ်မြေသည် အတော်လေး ကျယ်ပြန့်ပြီး ၊ တိုက်မြေ သုံးထောင်ထက် များစွာ ကြီးမားသည်။

ဤကြယ်စကြဝဠာ လောကသည် ကွေးယွမ်အမတဂိုဏ်းရှိရာ ကြယ်စကြဝဠာလောကနှင့် အတော်လေး ဝေးကွာသည်။

မိုးကောင်းကင်နှင့်မြေကြီးကြားတွင် လျို့ဝှက်ဆန်းကြယ်သော အမတစွမ်းအင်များဖြင့် ပြည့်နှက်နေသည်။

သိပ်သည်းဆအားဖြင့် ၊ တားမြစ် စူးမိသားစုနှင့် သံသရာစက်ဝန်း အမတမင်းဆက်တို့ရှိရာကြယ်စကြဝဠာလောကထက် အနည်းငယ်လျော့နည်းသော်လည်း ၊ အမတနယ်မြေတစ်ခွင်လုံးနှင့် ယှဉ်လျှင် ထိပ်တန်းအဆင့်ရှိသည်ဟု သတ်မှတ်နိုင်သည်။

ပို၍ အံ့ဩစရာကောင်းသည့်အရာမှာ ဤကြယ်စကြဝဠာလောကတွင် ဘယ်တော့မှ ပျောက်ကွယ်သွားခြင်းမရှိသည့် မွှေးရနံ့များ ပျံ့နှံ့နေခြင်းပင် ဖြစ်သည်။

ရိုက်ခတ်လှုပ်ရှားနေသော အမတအလိုဆန္ဒများသည် ‌တစ်ခုနှင့်တစ်ခုစုဝေးကာ ပွင့်ဖတ်များအဖြစ်သို့ ပြောင်းလဲသွားပြီး ဟင်းလင်းပြင်တွင် မျောလွင့်လို့နေသည်။

ဤနေရာသည် ယောင်ကွမ် အမတဂိုဏ်းတည်ရှိရာ ကြယ်စကြဝဠာလောကပင်ဖြစ်သည်။

မြင်ကွင်းကို ချဲ့ကြည့်လိုက်မည်ဆိုပါက ၊ ခမ်းနားထည်ဝါသော ရွှေရောင်နန်းတော်များကို မြင်ရပေလိမ့်မည်။

နွေလယ်ညအိပ်မက်ဆန်သော ဥယျာဉ်တစ်ခုအတွင်း၊ ပန်းမျိုးစုံ ‌ပွင့်လန်းလျက် မွှေးရနံ့များဖြင့် ပျံ့နှံ့နေသည်။ ဤနေရာတွင် နတ်ဆေးဖက်ဝင် အပင်များနှင့် အမတအလင်းများဖြင့် တောက်ပနေသော အဖိုးတန်ဆေးပင်များ ပေါက်ရောက်နေသည်။

ဤလှပဆန်းပြားသော မြင်ကွင်းထဲတွင် ကိုယ်ခန္ဓာသွယ်လျပြီး ရောင်စုံဂါဝန်ကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးသည် ဓားသိုင်းအကကို လှပစွာ ကခုန်နေသည်။

သူမ၏လှုပ်ရှားမှုတိုင်းသည် နူးညံ့ပြေပြစ်ပြီး၊ တစ်ခါတစ်ရံ လှစ်ဟသွားသော လှပသော ကောက်ကြောင်းများက လူကို ရှုးသွပ်သွားစေသည်အထိ ဆွဲဆောင်မှုရှိလှသည်။

သူမ၏ နောက်ကျောကိုသာ မြင်ရသည့် ပုံရိပ်တစ်ခုတည်းဖြင့်ပင် နန်းတော်ရှိ အလှတရားများကို မှိန်ဖျော့သွားစေနိုင်ပြီး ၊ ဥယျာဉ်အတွင်းရှိ မရေမတွက်နိုင်သော ပန်းများသည်ပင် သူမ၏အလှတရားရှေ့မှောက်တွင် မျက်နှာငယ်ရသည်။

“ နတ်ဘုရားမ လူကြီးမင်း... ကျွန်မကို စောင့်ကြည့်ခိုင်းထားတဲ့ ချန်ကဲသခင်ငယ်နဲ့ပတ်သတ်ပြီး သတင်းအသစ် ရထားတယ်”

ထိုအချိန်တွင် အစေခံမိန်းကလေး တစ်ဦးသည် ဥယျာဉ်ပြင်ပမှ ဝင်ရောက်လာပြီး ၊ ထိုအနှီအမျိုးသမီးအား ရိုကျိုးစွာ လျှောက်ထားလိုက် သည်။

သို့သော် အစေခံမိန်းကလေးသည် ခေါင်းငုံ့ထားသည်။ သူမသည် ရှေ့က ထိုအနှီပုဂ္ဂိုလ်၏ နောက်ကျောကိုပင် မကြည့်ဝံ့ပေ။

ဤ “နတ်ဘုရားမ လူကြီးမင်း” နှင့် ပတ်သက်၍ သူမသည် များများစားစား မသိထားပေ။

တိုက်မြေ သုံးထောင်မှ ရောက်ရှိလာသူဖြစ်ပြီး၊ နတ်ဘုရားမဟု ခေါ်ဆိုရခြင်းမှာ တိုက်မြေ သုံးထောင်တွင် ရှိစဉ်ကတည်းက လူအများက သူမကို နတ်ဘုရားမတစ်ပါးဟု ခေါ်ဝေါ်ခဲ့ကြသောကြောင့် ဖြစ်သည်။

ထူးချွန်သော ပါရမီနှင့် အလွန်အစွမ်းထက်သော မဟာလမ်းစဉ်၏ နတ်ကိုယ်ထည်ကို ရရှိခဲ့သည့်အတွက် ယောင်ကွမ် အမတဂိုဏ်းမှ အကြီးအကဲများစွာသည် သူမအား နတ်ဘုရားမ(ဆက်ခံသူ) ရာထူးကို ချီးမြှင့်ခဲ့ပြီး မကြာမီကာလအတွင်း အမတနယ်မြေတစ်ခွင်လုံးသို့ ကြေညာမည်ဖြစ်သည်။

“ဘာသတင်းလဲ”

သူမသည် နောက်လှည့်မကြည့်ဘဲ ၊ သူမ၏ နောက်ကျောကဲ့သို့ပင် အေးစက်စွာ ပြန်မေးလိုက်သည်။

သို့သော် ၊ သူမအကြောင်းကို နားလည်ထားသူများအနေဖြင့် ဤ‌အသံတွင် အနည်းငယ် စိုးရိမ်ပူပန်နေပြီး မျှော်လင့်ချက်များ ပါဝင်နေသည်ကို သတိထားမိကြလိမ့်မည်။

“နတ်ဘုရားမ... မကြာသေးမီက သံသရာစက်ဝန်း အမတမင်းဆက်က အမတနယ်မြေတစ်ဝှမ်းလုံးကို ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ် ..အင်အားစုများစွာကတော့ ချန်ကဲသခင်ငယ်ဟာ ဟိုးနှစ်တွေတုန်းက အမတနယ်မြေရဲ့ အတောက်ပဆုံး လူငယ်ပါရမီရှင် စူးချန်ချင် ဖြစ်နိုင်တယ်လို့ မှန်းဆနေကြပါတယ်”

“စူးချန်ချင်?”

သူမသည် အံ့အားသင့်သွားပြီး အနည်းငယ် ရှုပ်ထွေးသွားသည်။ သူမသည် မကြာသေးမီကမှ အမတနယ်မြေသို့ ရောက်ရှိလာခဲ့သောကြောင့် အမတနယ်မြေ၏ သမိုင်းနှင့်ပတ်သတ်၍ များများစားစား မသိထားပေ။

“နတ်ဘုရားမ... စူးချန်ချင်ဆိုတာ နှစ်ပေါင်းများစွာက ကျွန်မတို့ အမတနယ်မြေရဲ့.....”

……..

အစေခံမိန်းကလေးသည် သူမသိရှိသမျှ အရာအားလုံးကို ရှင်းပြခဲ့သည်။

ထိုအနှီအမျိုးသမီးသည် နောက်ဆုံးတွင် သဘောပေါက်သွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

“စူးချန်ချင်... တားမြစ်စူးမိသားစုရဲ့ အတောက်ပဆုံးသော လူငယ်ပါရမီရှင်...သူ မွေးတုန်းက တစ်နှစ်ပတ်လုံး ထူးဆန်းတဲ့ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့ပြီး အမတနယ်မြေများစွာကို ကောင်းချီးပေးခဲ့တယ် ...”

“နောက်ပိုင်းမှာ ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ခုနဲ့ ကြုံတွေ့ပြီး သေဆုံးသွားခဲ့တယ်တဲ့လား....”

“ချန်ကဲ... ချန်ချင်...”

ထိုလူနှစ်ဦးကြားတွင် ဆက်နွယ်မှုရှိမည်ဟု သူမ ခံစားမိသည်။

သို့သော် သူမသည် အမှန်တရားကို ရှာဖွေရန် မစီစဉ်ထားပေ။

စူးချန်ကဲသည် မည်သူပင် ဖြစ်ပါစေ၊ မည်သည့်အခွင့်ထူးမျိုးရှိပါစေ ။

သူမနှလုံးသားထဲက သူသည် သူမ၏မှတ်ဉာဏ်ထဲက စူးချန်ကဲပင် ဖြစ်သည်။

“ငါ သိပြီ၊ သွားတော့”

“ဟုတ်ကဲ့”

အစေခံမိန်းကလေးသည် အရိုအသေတန်မဲ့ မပြုမှုဝံ့ဘဲ ဦးညွှတ်ကာ ပြန်လည် ဆုတ်ခွာသွားသည်။

ထိုအနှီအမျိုးသမီးသည် သူမ၏နှလုံးသားထဲက တမ်းတသူရှိရာ ဦိးတည်ဘက်ဆီသို့ လှမ်းကြည့်လိုက်သည်။

သူမ၏ကိုယ်ခန္ဓာတစ်ဝိုက်တွင် လှိုင်းထနေသော မြူမှုန်များသည် တဖြည်းဖြည်း ကွယ်ပျောက်သွားပြီး ၊ အဆုံးတွင် သူမ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ထိုအနှီအမျိုးသမီးမှာ ယောင်ချီ သူတော်စင်နယ်မြေ၏ နတ်ဘုရားမ လော့ရန်ယွီပင် ဖြစ်သည်။

အပိုင်း(၆၃၁): ယောင်ကွမ် စိတ်ကူးယဉ်အမတမျက်ဝန်း ၊ ချီ့ရှန်း အမတ ဧကရာဇ်မင်း

ယခုအချိန်တွင် လော့ရန်ယွီသည် လောကီကို ကျော်လွန်၍ သာလွန်သောအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သော ကောင်းကင်ဘုံ၏ နတ်သမီးတစ်ပါးနှင့် တူပေသည်။

နေရာတွင် ရပ်နေရုံမျှဖြင့် ၊ ဤလောကရှိ နတ်ပန်းများ၊ အမတရောင်ခြည်အလင်းများနှင့် နေ ၊ လ ၊ ကြယ်တာရာတို့သည် သူမ၏အလှတရားနှင့်ယှဉ်လျှင် မှေးမှိန်သွားသည်ဟုပင် ဆိုရမည်။

ယခင်က တိုက်မြေ သုံးထောင်တွင် စူးချန်ကဲသည် သူ့ကိုယ်ပိုင်လမ်းစဉ်၏ မူလအနှစ်သာရမှ ရရှိထားသော ဉာဏ်အလင်းကို အနည်းငယ်ကို အသုံးပြုကာ သူမအား ပရမ်းပတာအန္တိမနတ်ကိုယ်ထည်ကို ရရှိနိုင်အောင် ကူညီပေးခဲ့သည်။

ထို့ကြောင့် သူမသည် ကိုယ်ပိုင်ချုပ်လှောင်မှုများကို ချိုးဖျက်နိုင်ခဲ့ပြီး ၊ ထိပ်တန်းစွမ်းအားရှင်တစ်ဦးဖြစ်လာခဲ့သည်။

စူးချန်ကဲနှင့် အထူးဆက်ဆံရေးရှိခြင်း၊ ယောင်ချီ သူတော်စင်နယ်မြေ၏ နတ်ဘုရားမဖြစ်ခြင်းတို့ကြောင့် ယောင်ကွမ် အမတဂိုဏ်းသည် သူမကို အထောက်အပံ့ပေးရန် ဆုံးဖြတ်ခဲ့ပြီး ၊ ဤသို့ဖြင့် သူမသည် စစ်မှန်အမတနယ်ပယ်အဆင့်သို့ ဖြတ်ကျော်နိုင်ခဲ့သည်။

ထို့အပြင်၊ လော့ရန်ယွီအား ယောင်ကွမ် အမတဂိုဏ်း၏ အမွေအနှစ်နှင့် မဟာလမ်းစဉ်၏ မူလရင်းမြစ်ကိုယ်ထည် ဖြစ်သော ယောင်ကွမ် စိတ်ကူးယဉ်အမတမျက်ဝန်းကိုပါ အမွေဆက်ခံခွင့်ပေးခဲ့သည်။

ထိုကဲ့သို့သော ကိုယ်ထည်မျိုးကို နိုးကြားစေရန် မြင့်မားသော ပါရမီစွမ်းရည်အပြင် ၊ အလွန်အစွမ်းထက်သော ကိုယ်ထည်တစ်မျိုး၏ အပြန်အလှန် ထောက်ပံ့မှုကို လိုအပ်သည်။

ပရမ်းပတာအန္တိမ နတ်ကိုယ်ထည်ကို ရရှိထားခဲ့သော လော့ရန်ယွီသည် အသင့်တော်ဆုံး ကိုယ်စားလှယ်လောင်းဖြစ်မည်မှာ သံသယဖြစ်စရာပင် မလိုပေ။

သို့သော်၊ ယောင်ကွမ်စိတ်ကူးယဉ် အမတမျက်ဝန်း မနိုးထမီ ၊ လော့ရန်ယွီအနေဖြင့် မျက်လုံးများကို မှိတ်ထားရန်လိုအပ်သည်။

ရက်ပေါင်း ၄၉ ရက်ကြာ မျက်လုံးမှိတ်ပြီး အာရုံပြုနေမှသာလျှင် ၊ ယောင်ကွမ် စိတ်ကူးယဉ် အမတမျက်ဝန်းကို အပြည့်အဝ နိုးကြားစေနိုင်မည် ဖြစ်သည်။

ထို့ကြောင့် လော့ရန်ယွီသည် ရွှေချည်မျှင်ဖြင့် ရက်လုပ်ထားတဲ့ မျက်လုံးအကာကို စည်းထားသည်။

ဤမျက်လုံးအကာသည် သူမ၏ အထက်ပိုင်း မျက်နှာအလှကို ကွယ်ဝှက်ထားသောကြောင့် သူမ၏ အလှတရား အစစ်အမှန်ကို မြင်နိုင်ရန် ခက်ခဲသည်။

သို့သော်လည်း ၊ နူးညံ့သော နှာတံ ၊ ပန်းနုရောင်သန်းနေသော နှုတ်ခမ်းသားများ၊ လည်တံဖြူဖြူ နှင့် ကြီးမားလှပသော တောင်တန်းများသည် သူမ၏ တမူထူးခြားသော အလှကို ဖော်ပြနေသည်။

စကြဝဠာထဲတွင် ဤမျှ လှပသော အံ့မခန်းအလှတရားရှိနေသည်မှာ တကယ်ကို မယုံနိုင်စရာကောင်းပေသည်။

ထို့ကြောင့်လည်း စောနက အစေခံမိန်းကလေးသည် မော်မကြည့်ဝံ့ဘဲ ခေါင်းငုံ့ထားခြင်း ဖြစ်သည်။

အလွန်တရာမျှ လှပလွန်းသဖြင့် ၊ အမတနယ်မြေရှိ အမျိုးသမီးများ၏ အလှများပင် မှေးမှိန်သွားနိုင်သည်။

သူမ၏ အလှတရားသည် သက်ရှိအပေါင်းတို့ကို ရူးသွပ်သွားစေနိုင်သည်။

အနာဂတ်တွင် ဤအလှတရားသည် လော့ရန်ယွီအား ဒုက္ခအများကြီးပေးမည်ကို စိုးရိမ်မိသည်။

သို့သော် လော့ရန်ယွီအနေဖြင့် စိုးရိမ်စရာမရှိ။

သူမ၏နောက်တွင် ယောင်ကွမ် အမတဂိုဏ်း၏ ထောက်ခံမှုရှိသည်ကို ထည့်ပြောစရာမလိုခင်၊

စူးချန်ကဲ ရှိနေသရွေ့ မည်သူကမှ သူမကို အနိုင်ကျင့်ရဲလိမ့်မည် မဟုတ်။

“မကြာခင် လူငယ်ပါရမီရှင်တွေ အမတနယ်မြေတစ်ခွင်ကို လှည့်လည်ပြီး အတွေ့အကြုံယူကြတော့မယ် “

“ငါ အမြန်ဆုံး အားကောင်းလာဖို့ လိုတယ်....”

“ဒီတစ်ခါတော့ ချန်ကဲကို ငါနဲ့ ဝေးဝေးမထားတော့ဘူး...”

ထိုသို့ရေရွတ်ပြီးနောက် ၊ လော့ရန်ယွီသည် ဓားသိုင်းအကကို ဆက်လက် ကနေခဲ့သည်။

လော့ရန်ယွီသည် သူမ၏ခန္ဓာကိုယ်ထဲက အမတစွမ်းအင်များကို လှုံ့ဆော်ကာ ယောင်ကွမ်စိတ်ကူးယဉ် အမတမျက်ဝန်း နှင့် သဟဇာတဖြစ်အောင် ကြိုးစားနေခဲ့သည်။

သူမသည် ကြွေပန်းအိုးတစ်လုံးအဖြစ် မနေလိုပေ။ မဟာလမ်းစဉ်၏ အထွတ်အထိပ်သို့ တတ်လှမ်းကာ ချစ်ရသူနှင့်အတူ ‌စကြဝဠာအထက်က ရှုခင်းများကို အတူတူကြည့်ရန် ရည်ရွယ်ထားခဲ့သည်။

………

တစ်ဖက်တွင် ၊

ကွေးယွမ်အမတဂိုဏ်း။

မိုးမခပင်ပူဇော်ပသပွဲအတွက် အသင့်ပြင်ဆင်ထားပြီးဖြစ်ကာ ၊ ကွေးယွမ်အမတဂိုဏ်းမှ စွမ်းအားရှင်များစွာသည် မိုးမခပင်ကြီးကို ဝေဟင်ကနေ ဝန်းရံထားကြသည်။

သူတို့၏လက်ထဲတွင် ရှားပါးအမတပစ္စည်းများ ၊ အဖိုးတန်ရတနာအများအပြားကို အသင့်ကိုင်ဆောင်ထားသည်။

ထိုပစ္စည်းများထဲမှ တစ်ခုကို အပြင်လောကသို့ ပစ်ချလိုက်ရုံဖြင့် ၊ အမတနယ်မြေရှိ စွမ်းအားရှင်များစွာ လုယက်ကြပေလိမ့်မည်။

အရောင်အသွေး စုံလင်သော သားရဲတိရစ္ဆာန်များ၏ သွေးအနှစ်သာရသည် ကောင်းကင်ကြီး တစ်ခုလုံးကို အနည်းငယ် တုန်ခါသွားစေသည်။

အဖိုးတန်ရတနာများက ရောင်စုံတောက်ပနေပြီး၊ ယင်းအပေါ်၌ သက်ဝင်စီးဆင်းနေသော လျို့ဝှက်ဆန်းကြယ်သော အမတစွမ်းအားများသည် သေမျိုးတစ်ယောက်ကိုပင် အမတဖြစ်သွားစေနိုင်သည်။ ထိုပစ္စည်းများအနက် အနိမ့်ဆုံးအဆင့်ရှိသည့် ပစ္စည်းများပင်လျှင် ကောင်းကင်အမတနှင့် ယှဉ်ပြိုင်နိုင်သည်။

အမျိုးမျိုးသော နတ်သားရဲငှက်များ၏ ဥများမှာ မရေမတွက်နိုင်အောင်များပြားပြီး ၊ ပြိုးပျက်စွာ တောက်ပလျက် ဥတောင်ပုံကလေးအဖြစ် စုပုံနေသည်။

ဤရတနာပေါင်းစုံ၏ အလယ်ဗဟိုတွင် ရှိနေသော မိုးမခပင်ကြီး၏ အကိုင်းအခက်တို့သည် အောက်သို့ဖြာကျနေပြီး နိယာမတရားတို့၏ ရောင်ခြည်ဖြာထွက်လျက် ရှိသည်။

ထိုမိုးမခပင်ကြီးသည် ငြိမ်သက်စွာဖြင့် ရှိနေသော်လည်း ၊ ၎င်းထံမှ ဖြာထွက်လာသော နိယာမစွမ်းအားများသည် ကောင်းကင်တစ်ခွင်လုံးကို လှိုင်းထသွားစေသည်။

“ မိုးမခပင်ကိုပူဇော်ပသခဲ့တာ နှစ်ပေါင်းဘယ်လောက်ကြာခဲ့ပြီလဲတောင် မသိနိုင်တော့ဘူး ..”

ကွေးယွမ်အမတဂိုဏ်းမှ ဘိုးဘေးတစ်ဦးက ဝမ်းနည်းစွာဖြင့် ဆိုလိုက်သည်။

“ ငါ အမှတ်မမှားရင် နောက်ဆုံးအကြိမ် မိုးမခပင်ကြီးပူဇော်ခဲ့သူက ချီ့ရှန်း အဲ့ကောင်လေးမလား “

“ဟုတ်တယ်! ချီ့ရှန်းလည်း မူလရင်းမြစ် ကမ္ဘာမှာ ဘယ်လိုနေလဲမသိဘူး”

သူတို့ပြောနေကြသည့် ချီ့ရှန်းဆိုသည်မှာ ကွေးယွမ်အမတဂိုဏ်း၏ ဒဏ္ဍာရီလာ ချီ့ရှန်းအမတဧကရာဇ်မင်းပင် ဖြစ်သည်။

အမတစိုးစံရာခေတ်တွင် ချီ့ရှန်းအမတဧကရာဇ်မင်း တစ်ဦးတည်းကသာလျှင် ထျန်းမင် အမတဧကရာဇ်မင်း နှင့် ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်သူ ဖြစ်သည်။

မူလက သူသည်လည်း ‘ထျန်းမင်(ကံကြမ္မာ)’ ဘွဲ့အမည်ကို ရရှိရန် အရည်အချင်းပြည့်မီသော်လည်း ၊ သို့သော် ချီ့ရှန်း အမတ ဧကရာဇ်မင်းသည် မာနကြီးသူတစ်ဦး ဖြစ်သောကြောင့် အခြားသူများရရှိထားသော ဘွဲ့အမည်ကို လက်ခံရန် ငြင်းဆိုခဲ့သည်။

အမတစိုးစံရာခေတ်တွင် ၊ အမတများ၏အထက်တွင် နတ်ဘုရားများရှိသည်ဆိုသော ကောလဟာလသတင်းများ ရှိခဲ့ဖူးသည်။

ထိုစကားသည် ငယ်ရွယ်သူဖြစ်သော ချီ့ရှန်း အမတဧကရာဇ်မင်းကို ဒေါသထွက်စေခဲ့သည်။

ထိုစကားကို ဆန့်ကျင်ရန်အတွက် သူသည် ထိုစဉ်က နတ်ဘုရားတရားစီရင်ရေးအဖွဲ့ကို “အကြောင်းမဲ့ဘေးဒုက္ခ” ကြုံစေခဲ့သည်။

ချီ့ရှန်းအမတဧကရာဇ်မင်းသည် ငယ်စဉ်ကတည်းက ပါရမီစွမ်းရည် အလွန်မြင့်မားပြီး ၊ လက်ရှိခေတ် စူးချန်ကဲနှင့်ယှဉ်ရင်တောင် သိပ်မကွာပေ။

အမတများသည် နတ်ဘုရားများထက် မညံ့ကြောင်း သက်သေပြရန်အတွက် သူသည် နတ်ဘုရားတရားစီရင်ရေးအဖွဲ့အား စိန်ခေါ်ခဲ့ပြီး ၊ သူနှင့်ရွယ်တူ နတ်ဘုရားမျိုးနွယ် ပါရမီရှင်များအားလုံးကို ရိုက်နှက်ပစ်ခဲ့သည်။

ဘာကြောင့်လဲလို့မေးရင်...

ထိုစဉ်က ချီ့ရှန်း အမတဧကရာဇ်မင်း၏ အကြောင်းပြချက်မှာ နတ်ဘုရားတရားစီရင်ရေးအဖွဲ့တွင် ‘ နတ်ဘုရား’ ဟူသော စကားလုံး ပါဝင်နေခြင်းကြောင့် ဖြစ်သည်။ တစ်နည်းအားဖြင့် အမတနယ်မြေအထက်က “နတ်ဘုရား” ဆိုသော အရာများနှင့် အတူတူပင် မဟုတ်လော။

နတ်ဘုရားတရားစီရင်ရေးအဖွဲ့က ပါရမီရှင်များကို ရိုက်နှက်ခဲ့ခြင်းသည် အမတနယ်မြေ၏ အထက်က နတ်ဘုရားများကို ရိုက်နှက်လိုက်ခြင်းနှင့် တူညီသည်။

ယင်းက နတ်ဘုရားတရားစီရင်ရေးအဖွဲ့၏ ပါရမီရှင်ဟောင်းများကိုပင် ဒေါသထွက်စေခဲ့သည်။

အဆုံးတွင် ချီ့ရှန်းအမတဧကရာဇ်မင်းသည် အမတနယ်မြေတွင် ဉာဏ်အလင်းရရှိခဲ့ပြီး သူ့ကိုယ်သူ ချီ့ရှန်း ဟူသော ဘွဲ့အမည်ကို ပေးအပ်ခဲ့သည်။

T/N - ချီ့ရှန်း ---“နတ်ဘုရားကို စွန့်လွှတ်ခြင်း”

သူသည် သတင်းစကားတစ်ခုကို ချန်ထားခဲ့ပြီး ၊ ၎င်းသည် အမတနယ်မြေတွင် ယခုထိတိုင် နာမည်ကြီးနေဆဲပင် ဖြစ်သည်။

“အမတတွေရဲ့ အထက်မှာ နတ်ဘုရားရှိခဲ့ရင် ၊ ငါ စွန့်လွှတ်တယ် !”

“ငါ့ရဲ့လမ်းစဉ်က နတ်ဘုရားတွေထက် သာလွန်တယ်! “

………

အပိုင်း(၆၃၂): မိုးမခနတ်ဘုရားမ (Part-1)

အမှတ်တရများကို ပြန်လည်တွေးတောမိပြီးနောက် ၊

ဘိုးဘေးများသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမိသည်။ ယခုအခါတွင် ချီ့ရှန်းအမတဧကရာဇ်မင်းထက်ပင် ပို၍ထူးချွန်သော စူးချန်ကဲသည် ကွေးယွမ်အမတဂိုဏ်း၌ ပေါ်ထွန်းလာခဲ့ပြီ ဖြစ်သည်။

မိုးမခပင်မှ ကံကောင်းခြင်းများကို ထပ်မံရရှိပါက ၊ စူးချန်ကဲ၏ အနာဂတ်အောင်မြင်မှုသည် ချီ့ရှန်းအမတဧကရာဇ်မင်းထက်ပင် ပို၍ ကြောက်စရာကောင်းပေလိမ့်မည်။

ဤအမတနယ်မြေတစ်ခွင်လုံးကို စူးချန်ကဲတစ်ဦးတည်းဖြင့် အောင်နိုင်မည်ဟု ယုံကြည်ထားသည်။

နောင်တွင် အုပ်စိုးရှင်အင်အားစုများ ထွက်ပေါ်လာပြီး ၊ နတ်ဘုရားတရားစီရင်ရေးအဖွဲ့ကဲ့သို့သော ၎င်းတို့၏ လူငယ်မျိုးဆက်သစ်များသည် စူးချန်ကဲကို အနိုင်ယူနိုင်မလားဆိုသည်ကို အတော်လေး စိတ်ဝင်စားမိသည်။

“အချိန်တန်ပြီ”

ထိုစဉ် အဖိုးတန်ရတနာအားလုံးကို အသင့်ပြင်ဆင်ထားပြီး ဖြစ်သဖြင့် ၊ မျဲ့ရှန်း ရှေးဘိုးဘေး၏အသံသည် ကောင်းကင်ယံတွင် ထပ်မံပဲ့တင်ထပ်သွားသည်။

“ပူဇော်ပသမှုကို စတင်မယ် ၊ မိုးမခနတ်ဘုရားကို ပူဇော်ပြီး နတ်ဘုရားကို ဖိတ်ခေါ်မယ်!”

ထိုစကားသံအဆုံးတွင် ၊

ကောင်းကင်ပြင်တွင် အသင့်ရပ်နေကြသော ကွေးယွမ်အမတဂိုဏ်းဝင်များသည် ၎င်းတို့၏ မှော်စွမ်းအားများကို အပြင်းအထန် ထုတ်လွှတ်လိုက်ကြသည်။

တသိမ့်သိမ့် ရိုက်ခတ်နေသော အမတရောင်ခြည်များသည် သူတို့၏လက်ထဲတွင် ရှိနေသော အဖိုးတန်ရတနာများကို လွှမ်းခြုံသွားပြီး ၊ မီးဖိုကြီးသဖွယ် သူတို့၏လက်ထဲက အရာများကို အရည်ဖျော်ပစ်ခဲ့သည်။

ဝီ!

အဆုံးတွင် စိတ်လှုပ်ရှားဖွယ်ရာ ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အရည်ပျော်ကျသွားသော ရတနာများသည် ရွှေရောင်အရည်များအဖြစ်သို့ ပြောင်းလဲသွားပြီး တစ်စုံတစ်ရာသော အင်အားတစ်ခု၏ ဆွဲငင်မှုကို ခံလိုက်ရပုံပေါ်သည်။

၎င်းတို့သည် မျက်စိဖြင့် မြင်နိုင်သည့် ရွှေရောင်မျှင်များအဖြစ်သို့ ပြောင်းလဲသွားပြီး မိုးကောင်းကင်ထိ ထိုးဖောက်ဝင်ရောက်လျက်ရှိသော မိုးမခပင်ကြီးဆီသို့ ပြေးဝင်သွားကြသည်။

ရွှေရောင်မျှင်များသည် ကောင်းကင်ပြင်တစ်ခွင်လုံးကို ဖုံးလွှမ်းထားပြီး ၊ ဟင်းလင်းပြင်၏ ထောင့်တိုင်းမှ မိုးမခပင်ကြီးဆီသို့ စီးဆင်း ဝင်ရောက်နေကြသည်။

မူလက ငြိမ်သက်စွာရှိနေသော မိုးမခပင်ကြီးသည် ထိုစွမ်းအားများကို စုပ်ယူပြီးနောက် ၊ ဤအခိုက်အတန့်တွင်၊ နိုးထလာပုံရသည်။

ဘုန်း...!!

မျက်စိတမှိတ်အတွင်းမှာပင် ၊ လူအုပ်ကြီး၏ အလယ်ဗဟိုတွင် ရှိနေသော မိုးမခပင်ကြီးသည် စူးရှတောက်ပသော အလင်းရောင်များဖြင့် ပေါက်ကွဲထွက်လာသည်။ ၎င်းတို့သည် ရောင်ခြည်စက်ကွင်းများသဖွယ် အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားသည်။

ဝီ...!!

ရောင်ခြည်စက်ကွင်းများသည် ထိုနေရာတွင် ရှိနေသော လူတိုင်းကို ဖုံးလွှမ်းသွားသည်။ မျက်စိရှေ့က မှော်ဆန်သောမြင်ကွင်းသည် ကွေးယွမ်အမတဂိုဏ်းဝင် လူများစွာ၏ ဦးနှောက်ကို ဗလာဖြစ်သွားစေသည်။

လောကကြီးတစ်ခုလုံးသည် နေ့ခင်းဘက်ကမ္ဘာလောကထဲသို့ ဝင်ရောက်သွားသကဲ့သို့ ထိန်လင်းတောက်ပနေသည်။

ဤဗလာနယ်မြေထဲတွင် မိုးမခပင်ကြီး တစ်ပင် တည်ရှိနေသည်။ မိုးမခပင်ကြီးရှေ့မှောက်တွင် အမတဘုရင်အဆင့်ရှိ စွမ်းအားရှင်များသည် သူတို့ကိုယ်သူတို့ ပုရွက်ဆိတ်များသဖွယ် သေးငယ်သည်ဟု ခံစားမိသည်။

ဖော်ပြ၍မရသော ဖိအားတစ်ခုက ၎င်းတို့၏ စိတ်ကို စိုးမိုးထားပြီး ၊ စိတ်မသက်မသာ ဖြစ်စေကာ တုန်လှုပ်မိသည်။

ဝီ——

မည်သည့်နေရာမှ လာမှန်းမသိနိုင်သည့် တိုက်ခတ်လာသော လေညင်းများသည် စိမ်းလန်းစိုပြေသော အကိုင်းအခက်များနှင့် အရွက်များကို ယိမ်းနွဲ့သွားစေသည်။

မိုးမခပင်ကြီးသည် အဆက်မပြတ် ယိမ်းနွဲ့နေပြီး ၊ ကြွေကျလာသော မိုးမခရွက်များသည် လေထဲတွင် ကခုန်နေကြသည်။

မိုးမခပင်ကြီး၏ အထက်ပိုင်းမှ ရောင်ခြည်များ ကျရောက်လာပြီး နောက်ဆုံးတွင် မှုန်ဝါးဝါးအသွင်ပုံရိပ်ဖြင့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် စုစည်းသွားသည်။

ထိုရုပ်သဏ္ဍာန်သည် အနည်းငယ်မှုန်ဝါးနေပြီး မျက်နှာသွင်ပြင်ကို ကောင်းကောင်း မမြင်ရသော်လည်း ၊ သို့သော် သူမ၏ ကြော့ရှင်းလှပသော ခန္ဓာကိုယ်အချိုးအစားကို ကြည့်ရုံဖြင့်၊ သူမသည် ကောင်းကင်ဘုံ၏ နတ်ဘုရားမတစ်ပါးအလား ဩဇာတိက္ကမဖြင့် ပြည့်စုံသော အမျိုးသမီးတစ်ယောက် ဖြစ်မှန်း သိနိုင်သည်။

ထိုအနှီပုဂ္ဂိုလ်၏ ထွက်ပေါ်လာခြင်းနှင့်အတူ ၊ ကွေးယွမ်အမတဂိုဏ်း၏ အနက်ရှိုင်းဆုံး အပိုင်းမှ ရောင်ခြည်အလင်းများ ထိန်လင်းတောက်ပကာ ပေါ်ထွက်လာသည်။

မျဲ့ရှန်း ရှေးဘိုးဘေး၏ အသွင်ပုံရိပ်သည် ချက်ချင်းလက်ငင်း ဤနေရာသို့ ဆင်းသက် ရောက်ရှိလာခဲ့သည်။

သို့သော် မျဲ့ရှန်း ရှေးဘိုးဘေးကဲ့သို့သော စွမ်းအားရှင်ကြီးပင်လျှင် ထိုအမျိုးသမီးကို မြင်တွေ့သည်နှင့် ၊

သူမထံသို့ ရိုကျိုးစွာ ဦိးညွှတ်လျက် ကြိုဆိုလိုက်သည်။

“မိုးမခနတ်ဘုရား လူကြီးမင်းကို ဂါရဝပြုပါတယ် “

ကွေးယွမ်အမတဂိုဏ်းဝင် များစွာသည် ဤ မိုးမခပင်ကြီး၏ မူလအစသည် သာမန်မဟုတ်ကြောင်း အစကတည်းက သိရှိထားသော်လည်း၊

စွမ်းအားရှင်ကြီးဖြစ်သည့် မျဲ့ရှန်း ရှေးဘိုးဘေးသည်ပင် သူမအပေါ်တွင် ရိုသေလေးစားစွာဖြင့် ဦးညွှတ်နေသည်ကို မြင်လိုက်ရချိန်တွင် ၊

စိတ်ကို အသင့်ပြင်ဆင်ထားသော ကွေးယွမ်အမတဂိုဏ်းဝင် တပည့်များမှာ ၎င်းတို့၏ ထိတ်လန့်မှုကို မဖုံးကွယ်နိုင်ဘဲ အံ့သြမှင်သက်သွားကြသည်။

“ မင်းတို့ရဲ့ ပူဇော်သက္ကာကို ငါ လက်ခံပြီးပြီ၊ ပြောကြည့်စမ်း၊ မင်းတို့ ဘယ်သူ့ကို ကောင်းချီးပေးစေချင်တာလဲ”

ထိုအမျိုးသမီးသည် များများစားစား မပြောဘဲ လိုရင်းကိုသာ တန်းပြီးမေးမြန်းလိုက်သည်။

“မိုးမခနတ်ဘုရား လူကြီးမင်း ၊ ကျွန်တော်တို့ ကွေးယွမ်အမတဂိုဏ်းမှာ ဆက်ခံသူတစ်ဦး ခန့်အပ်ဖို့ ရှိပါတယ်”

“ ဒီနေ့ အမတနယ်မြေကြီးတစ်ခွင်လုံးကို ကြေညာဖို့ စီစဉ်ထားပါတယ် ၊ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ ဆက်ခံသူဟာ လူကြီးမင်းရဲ့ကောင်းချီးကို ရရှိပြီး ရှေ့ဆက်ရမယ့်လမ်းတွေမှာ ပိုမိုချောမွေ့စေဖို့ တောင်းခံပါတယ် “

ထိုစကားကို ကြားပြီးနောက် ၊ အမျိုးသမီးသည် ခေါင်းညိတ်လိုက်သည်။

“ငါသိပြီ”

ထိုအမျိုးသမီး၏ အပေါ်ပန်းအသွင်အပြင်သည် အေးဆေးတည်ငြိမ်ပုံပေါက်သော်လည်း ၊ သူမ၏ အတွင်းစိတ်ထဲတွင် ဂယက်ထနေခဲ့သည်။

ကွေးယွမ်အမတဂိုဏ်းသည် မည်မျှတောင် စွမ်းအားကြီးမားပြီး ရှေးအမွေအနှစ်များ မည်မျှကြွယ်ဝသည်ကို သူမ ကောင်းကောင်းကြီး သိသည်။

အမှန်အတိုင်းဆိုရလျှင်ဖြင့် ၊ မျဲ့ရှန်း ရှေးဘိုးဘေး၏ တကယ့်အစစ်အမှန် ခွန်အားသည် သူမနှင့် သိပ်မကွာလှပေ။

သူသည် သူမကို လူကြီးမင်းဟုခေါ်ဆိုပြီး ၊ လာဘ်လာဘများကို ဆက်သ၍ အကူအညီတောင်းခံခြင်းသည် ရိုသေလေးစားမှုကြောင့်သာ ဖြစ်သည်။

ကွေးယွမ်အမတဂိုဏ်းသားများ ပြောကြသလိုပင် ၊ သူမသည် တုံထျန်းအဝေးဘိုးဘေးနှင့် ရင်ပေါင်တန်းနိုင်သည့် အကြောင်းရင်းမှာ သူမတွင် မသေနိုင်သော ပင်ကိုယ်စွမ်းရည်ရှိခြင်းကြောင့် ဖြစ်သည်။

မည်မျှ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရပါစေ ၊ စွမ်းအားအနည်းငယ် ကျန်ရှိရုံဖြင့် သူမသည် ပြန်လည်ရှင်သန်နိုင်သည်။

သူမကို သတ်ဖြတ်ရန်မဖြစ်နိုင်သော‌ကြောင့် ရင်ပေါင်တန်းနိုင်သည်ဟု ဆိုကြခြင်း ဖြစ်သည်။

ဤမှ စွမ်းအားကြီးမားသော အင်အားစုကြီးသည် တစ်ခါမှမကြားဖူးသော ဆက်ခံသူတစ်ဦး ကို ခန့်အပ်တော့မည့်ကိစ္စသည် သူမကို အတော်လေး အံ့အားသင့်စေမိသည်။

သို့သော်် သူမသည် တစ်ချိန်လုံး အိပ်ပျော်နေခဲ့သောကြောင့် အမတနယ်မြေတွင် ယခင်က ဖြစ်ပျက်ခဲ့သော အကြောင်းအရာများနှင့် ပတ်သတ်၍ ကောင်းကောင်း သိရှိထားခြင်း မရှိပေ။

စူးချန်ကဲသည် တားမြစ် စူးမိသားစု၏ သခင်ငယ်ဖြစ်ပြီး ၊ သံသရာစက်ဝန်း အမတမင်းဆက်၏ မင်းသားလည်းဖြစ်ကြောင်း သိရှိခဲ့လျှင်ဖြင့် ၊

ဤကမ္ဘာကို မြင်သော သူမ၏အမြင်သည် အကြွင်းမဲ့ လှုပ်ခါသွားနိုင်သည်။

“ ကွေးယွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူအမည်နဲ့ သူနဲ့ပတ်သက်တဲ့ အချက်အလက်အားလုံးကို ငါ့ကို ပြောပြ”

“ငါ သူ့အတွက် ကောင်းချီးမင်္ဂလာ ချီးမြှင့်ပေးမယ်”

အပိုင်း(၆၃၂): မိုးမခနတ်ဘုရားမ ( Part-2)

ထိုစကားကို ကြားသည်နှင့် ၊ မျဲ့ရှန်း ရှေးဘိုးဘေးသည် သူ၏ရင်ဘက်ထဲမှ ကံကြမ္မာကတ်ပြားတစ်ချပ်ကို ထုတ်ယူလိုက်သည်။

“ကျေးဇူးပြုပြီး ဒီကံကြမ္မာကတ်ပြားမှတစ်ဆင့် ကျွန်တော်တို့ရဲ့ ဆက်ခံသူအတွက် ကောင်းချီးများ ချီးမြှင့်ပေးပါ”

ဤကံကြမ္မာကတ်ပြားထဲတွင် စူးချန်ကဲ၏ အငွေ့အသက်များအနည်းငယ် ပါဝင်ပြီး၊ ယင်းမှတစ်ဆင့် စူးချန်ကဲ၏ လက်ရှိအခြေအနေကို ခန့်မှန်းနိုင်သည်။

ယခင်က ပြင်ပနယ်မြေတွင် စူးချန်ကဲ၏အငွေ့အသက်များ ပျောက်ဆုံးသွားသည်ကို ခံစားမိခဲ့သည်မှာ မျဲ့ရှန်း ရှေးဘိုးဘေးသည် ဤကံကြမ္မာကတ်ပြားမှတစ်ဆင့် ဖြစ်သည်။

သို့သော် ဤကံကြမ္မာကတ်ပြားကို မြင်တွေ့လိုက်ရချိန်တွင် အမျိုးသမီးသည် စိတ်ရှုပ်သွားပုံရသည်။

ဤကံကြမ္မာကတ်ပြားမှတစ်ဆင့် ကောင်းချီးမင်္ဂလာများကို ချီးမြှင့်ရန်အတွက် လုပ်ငန်းစဉ်သည် ရှုပ်ထွေးရုံသာမက၊ လိုအပ်သော စွမ်းအားသည်လည်း နှစ်ဆပိုမိုကုန်ကျနိုင်သည်။

ထိုအမျိုးသမီး၏ စိတ်ထဲက အတွေးကို မြင်တွေ့နေပုံရသော မျဲ့ရှန်း ရှေးဘိုးဘေးက ဆက်လက် ပြောကြားလိုက်သည်။

“အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့ဂိုဏ်းရဲ့ ဆက်ခံသူက ဒဏ္ဍာရီထဲက မဟာလမ်းစဉ်ရဲ့ တားမြစ်ကိုယ်ထည်ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်”

“ဒီနည်းလမ်းအတိုင်း မပြုလုပ်ရင် မဟာလမ်းစဉ်ရဲ့ တန်ပြန်တိုက်ခိုက်မှုကို ခံရနိုင်လို့ပါ”

ဤစကားများကို ကြားလိုက်ရသည်နှင့်။

မိုးမခနတ်ဘုရားသည် ထပ်မံ အံ့အားသင့်သွားသည်။

မဟာလမ်းစဉ်ရဲ့ တန်ပြန်တိုက်ခိုက်မှုကို ဖြစ်စေနိုင်သတဲ့လား ?

သူမသည် ကမ္ဘာဦးကာလကတည်းက တည်ရှိခဲ့ပြီး ၊ ဒေဝလောကတစ်ခွင်လုံးရှိ ပထမဆုံးသော မိုးမခပင် ဖြစ်သည်။

ဒေဝလောကတစ်ခွင်ရှိ လမ်းစဉ်အားလုံးကို မိမိအတွက် အသုံးချနိုင်သည်။

ဒဏ္ဍာရီလာ ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်မှလွဲ၍ ၊

မည်သည့် ခန္ဓာကိုယ်မျိုးမဆို သူမအား တန်ပြန်တိုက်ခိုက်နိုင်မည် မဟုတ်။

“ ခဏ.... တားမြစ် ကိုယ်ထည်....”

သူမသည် သဘောပေါက်သွားပုံရသည်။

ဒဏ္ဍာရီလာ ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်မှလွဲ၍ ၊

မည်သည့် ခန္ဓာကိုယ်ကို ဤသို့ခေါ်ဆိုနိုင်မည်နည်း။

“မဟုတ်မှလွဲရော....”

ထိုစဉ် ၊ မျဲ့ရှန်း ရှေးဘိုးဘေးက ကြားဖြတ် ပြောဆိုလိုက်သည်။

“ လူကြီးမင်း ထင်ထားသလိုပါပဲ”

မှန်းဆစရာပင် မလိုချေ။ မျဲ့ရှန်း ရှေးဘိုးဘေးသည် သူမ၏ ကြီးမားသော စိတ်ခံစားမှု အပြောင်းအလဲကို သတိထားမိသည်။

ဤကဲ့သို့သောပုဂ္ဂိုလ်တစ်ဦးကို စိတ်လှုပ်ရှားသွားစေနိုင်သည်မှာ ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်မှလွဲ၍ အခြားမည်သည့်အရာမှ မဖြစ်နိုင်ပေ။

…….

အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက်တွင် ၊

သူမ၏စိတ်ထဲက ထိတ်လန့်တုန်လှုပ်မှုသည် လုံးဝငြိမ်သက်သွားခဲ့သည်။

သူမသည် မျဲ့ရှန်း ရှေးဘိုးဘေးကို တချက်ကြည့်လိုက်ပြီး ၊ ထို့နောက် စူးချန်ကဲ၏ ကံကြမ္မာကတ်ပြားကို လက်ခံယူလိုက်သည်။

အပေါ်တွင် ရေးထားသော စကားလုံးများကို မြင်လိုက်ရချိန်တွင် ၊ သူမသည် တသသရေရွတ်လိုက်သည်။

“စူးချန်ကဲ....?”

“ဒီနာမည်က ဟိုးတုန်းက စူးချန်ချင်ဆိုတဲ့ နာမည်နဲ့ ဘာလို့တူနေရတာလဲ “

“ နောက်ကစကားလုံးတစ်လုံးပဲ ကွာသွားတယ်”

ဤအချက်က သူမကို အနည်းငယ် စိတ်ရှုပ်သွားစေသည်။

စူးမျိုးနွယ်တွေ အကုန်လုံးက လူ့ဘီလူးတွေလား ?

ယခင်က အမတနယ်မြေတွင် ဒေဝလောကတစ်ခုလုံးကို တုန်လှုပ်သွားစေသည့် စူးချန်ချင် ဆိုသော ပါရမီရှင်တစ်ဦး ပေါ်ထွန်းခဲ့ဖူးသည်။

ယခုအခါ မဟာလမ်းစဉ်၏ တားမြစ် ကိုယ်ထည်ကို ပိုင်ဆိုင်ထားသော စူးချန်ကဲဆိုသူ ပေါ်ထွန်းလာပြန်သည်။

“ဒါပေမဲ့ တားမြစ် စူးမိသားစုက လူတွေရဲ့ ကံကြမ္မာကလည်း ကုန်ခမ်းသွားပြီနဲ့ တူပါတယ်”

“ အဲ့လောက်ထိ စွမ်းအားကြီးတဲ့သူကို သူတို့မိသားစုထဲမှာ မွေးဖွားခွင့်မရခဲ့တာ”

မိုးမခနတ်ဘုရားသည် စိတ်ထဲတွင် ရေရွတ်လိုက်သည်။

“ ဒါပေမဲ့လည်း ဒါက သဘာဝကျပါတယ် ၊ ဒီမိသားစုက ကမ္ဘာဦးကာလကနေ ခုထိ လက်ဆင့်ကမ်းလှမ်းတာ နှစ်ပေါင်းများစွာ အနိုင်ရထားတော့ သူတို့ရဲ့ကံကြမ္မာကလည်း အဆုံးသတ်ဖို့ အချိန်တန်ပြီပဲပေါ့ “

စိတ်ထဲတွင် ထိုသို့ရေရွတ်ပြီးနောက် ၊ သူမသည် မန္တာန်ကို ရွတ်ဆိုကာ လက်သင်္ကေတတစ်ခုကို ဖော်ဆောင်လိုက်သည်။

သူမ၏နောက်က မိုးမခပင်ကြီးသည် ပို၍ ထိန်လင်းတောက်ပသွားပြီး ၊ အလင်းလှိုင်းများကို ထုတ်လွှတ်ခဲ့လေသည်။

၎င်းတို့သည် ကွေးယွမ်အမတဂိုဏ်းရှိရာ စကြဝဠာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ရွှေရောင်အလင်းတန်းများစွာ စုဝေးလာပြီး ကောင်းကင်ယံတွင် ကြီးမားသော ဝဲဂယက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင်။

သံသရာစက်ဝန်း အမတမင်းဆက်၏ ကြေညာချက်တွင် အာရုံနစ်မြုပ်နေသော စွမ်းအားရှင်များသည် ဤနေရာဆီသို့ ပြန်လှည့်လာကြသည်။

“အမ်... ကွေးယွမ်အမတဂိုဏ်းမှာ ဘာကိစ္စများ ဖြစ်နေပါလိမ့်...ဘာလို့ ဒီလောက်ထိ ကြောက်စရာကောင်းတဲ့စွမ်းအားတွေ ထွက်ပေါ်လာတာလဲ “

“အိုင်း... ဒီသိပ်သည်းလွန်းတဲ့ စွမ်းအားတွေက... ကွေးယွမ်အမတဂိုဏ်းက မိုးမခပင်ကြီး နိုးထလာတာ ဖြစ်မယ်!”

“ မိုးမခပင်? ကွေးယွမ်အမတဂိုဏ်းက နတ်မိုးမခပင်ကို ပူဇော်ပသပြီး နတ်ဘုရားကို ဖိတ်ခေါ်ဖို့ ကြံစည်နေတာလား”

“ငါမှတ်မိသလောက် ကွေးယွမ်အမတဂိုဏ်းက အရင်က ချီ့ရှန်း အမတဧကရာဇ်မင်းအတွက် နတ်မိုးမခပင်ကို ပူဇော်ပသခဲ့ဖူးတယ်”

“ဒီပုံစံအရဆိုရင် ကွေးယွမ်အမတဂိုဏ်းက ဆက်ခံသူခန့်ဖို့မဟုတ်ဘူး၊ သူတို့ရဲ့ ထိပ်တန်းလူငယ်ပါရမီရှင် တောက်ချန်ခုန်းအတွက် ဖြစ်ရမယ်”

“လန့်သွားတာပဲ၊ ကွေးယွမ်အမတဂိုဏ်းကပါ ဒီအုပ်စုကြီးနှစ်ခုလို ဆက်ခံသူခန့်မယ်လို့ ထင်နေတာ!”

“စူးချန်ကဲဆိုတဲ့ကောင် ဘယ်လောက်ပဲ ကောင်းကင်ဘုံကို အံတုနိုင်တဲ့စွမ်းရည် ရှိနေပါစေ၊ ကွေးယွမ်အမတဂိုဏ်းနဲ့တော့ ဘယ်လိုမှ ဆက်စပ်မှုရှိမှာ မဟုတ်ဘူး!”

“……..”

သို့သော် လူတိုင်း၏ ဆွေးနွေးမှုမပြီးဆုံးခင်၊

မရေမတွက်နိုင်သော ‌ မှော်သင်္ကေတများသည် ပြောင်းပြန်စီးဆင်းကာ နောက်ဆုံးတွင် မျဲ့ရှန်း ရှေးဘိုးဘေး၏ရုပ်သွင်အဖြစ် ပြောင်းလဲသွားသည်။

“ဒီနေ့ ၊ ကွေးယွမ်အမတဂိုဏ်းက အမတနယ်မြေတစ်ခုလုံးကို တရားဝင်ကြေညာတယ်”

“စူးချန်ကဲကို ငါတို့ ကွေးယွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူအဖြစ် ခန့်အပ်လိုက်ပြီ!”

“ ဆက်ခံသူရဲ့ အလိုဆန္ဒက ငါတို့ ကွေးယွမ်အမတဂိုဏ်းရဲ့ အလိုဆန္ဒပဲ ၊ နောင်တစ်ချိန် ငါတို့ရဲ့ ဆက်ခံသူဟာ အမတနယ်မြေတစ်ခွင် လှည့်လည်ပြီး အတွေ့အကြုံယူတဲ့အခါ လူအိုကြီးတွေက ကိုယ့်နေရာကို မနေဘဲ ဝင်ရောက်စွက်ဖက်ရင် ငါတို့ဂိုဏ်းက အဲ့လူရဲ့ မျိုးရိုးစဉ်‌ဆက် ကိုးဆက်တိုင်တိုင် အပြီးအပိုင်ဖျက်ဆီးပစ်မယ်!”

ထိုကြေညာသံသည် မည်မျှဝေးကွာသည်ကို မသိနိုင်သော အကွာအဝေးတစ်နေရာထိ ပျံ့နှံ့သွားသည်။

ဤကြေညာချက်ကို ကြားလိုက်ရသူတိုင်း ကျောက်ရုပ်များသဖွယ် ဆွံ့အသွားကြသည်။

အခြားတားမြစ် အင်အားစုများ၏ ခေါင်းဆောင်များပင်လျှင် အံ့အားသင့်သွားကြသည်။

ထပ်ပြီး စူးချန်ကဲလား!

ကွေးယွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူတဲ့လား!?

“ ဒီသကောင့်သားတွေ ရည်ရွယ်ချက်ရှိရှိ လုပ်နေကြတာ!”

“တားမြစ် အင်အားစုကြီးသုံးဖွဲ့စလုံး ရည်ရွယ်ချက်ရှိရှိ လုပ်နေကြတာပဲ!”

“ဒီလိုမျိုး တူညီတဲ့ ဆက်ခံသူတစ်ဦးကို ခန့်အပ်လိုက်တာ ၊ အမတနယ်မြေရဲ့ လူငယ်ပါရမီရှင်တွေ ဘယ်လိုလုပ်ပြီးလှုပ်ရှားရဲတော့မှာလဲ “

“ဒီတိုင်းသာဆို စူးချန်ကဲတစ်ယောက်တည်းကိုပဲ အမတနယ်မြေတစ်ခွင်လုံးကို သွားလာခွင့်ပေးလိုက်ပါတော့လား!”

“ဟုတ်တယ် ဟုတ်တယ်! ဒီတိုင်းသာဆို ဘယ်လိုလုပ် ယှဉ်ပြိုင်ရဲတော့မှာလဲ!?”

“ ဒီတားမြစ် အင်အားစုကြီးသုံးဖွဲ့ရဲ့ ဆက်ခံသူကို ထိခိုက်ဒဏ်ရာရအောင် လုပ်ခဲ့မိရင် ၊ ငါတို့ဂိုဏ်းတွေ ဒီတိုင်းဖျက်ဆီးခံလိုက်ရတော့မှာလား!?”

“…….”

ဤအခိုက်အတန့်တွင်၊ လူတိုင်း စူးချန်ကဲ၏ သရုပ်မှန်ကို သိချင်နေကြသည်။

အမတနယ်မြေ၏ တားမြစ် အင်အားစုကြီး သုံးဖွဲ့၏ ကျောထောက်နောက်ခံရှိနေသရွေ့ ၊ သူသည် အမတနယ်မြေ၏ လက်ရှိမျိုးဆက် ပါရမီရှင်များအားလုံးကို အသာလေး မောင်းထုတ်နိုင်ပေလိမ့်မည်။

All Chapters