← Chapters

အပြစ်သားကျွန်း

Vol. 47 Ch. 647

အပြစ်သားကျွန်း

Vol. 47 Ch. 647

သွေးညအကြောက်တရား ပင်လယ်ထဲတွင် ပုန်ကန်ထကြွမှုက ပေါ်လာမည်ဖြစ်ရာ အချိန်တို့ ဖိနှိပ်နေလေ၏။ မရေမတွက်နိုင်သည့် နတ်ဆိုးဧကရာဇ်များနှင့် နတ်ဆိုးဘုရင်များက လှုပ်ရှားလာလိမ့်မည်။ သွေးညအကြောက်တရား ပင်လယ်တစ်ခုလုံး ဖရိုဖရဲ ဖြစ်ကုန်ပြီ။ ပင်လယ်ထဲတွင် နေရဲသည့် လူသားတိုင်းက အစိတ်စိတ်အမြွာမြွာ ဖြစ်သွားပေလိမ့်မည်။

ကျန်းရီက နတ်ဆိုးသက်ဦးဆံပိုင် ဘုရင်တစ်ပါးကိုတောင် သတိပေးလိုက်သလို ဖြစ်သွားလိမ့်မည်ဟု အခြေအနေ ဤအနေအထားထိ ဖြစ်လိမ့်မည်ဟု မထင်ထားပေ။

သူ၏စိတ်အတွေးက မြန်ဆန်လွန်းလှပေသည်။ သူ့ရှေ့၌ ရွေးချယ်စရာသုံးခု ရှိနေလေ၏။ သူကအကြောက်တရား ပင်လယ်ထဲတွင် နေထိုင်ရန် ရွေးချယ်ပြီး ပုန်းကန်ရန်အတွက် လုံခြုံဘေးကင်းသော နေရာတစ်နေရာ ရှာနိုင်သည်။ အဖြစ်အပျက်များစွာ ကြုံတွေ့ပြီးနောက် ရှီးနှင့်ကျန့်မျိုးနွယ်စုသည် သူ့နောက်သို့လူများ ထပ်မပို့ရဲတော့မှာ သေချာ၏။ မဟုတ်လျှင် သူတို့က လူသားနှင့် နတ်ဆိုးမျိုးနွယ်စုကြား စစ်ပွဲတစ်ခုကို ဖော်ဆောင်မိလိမ့်မည်။ နတ်ဆိုးဧကရာဇ် မျိုးနွယ်စုက လူသားမျိုးနွယ်စုကို မကြောက်တာ ဖြစ်နိုင်သော်ငြား လူသားမျိုးနွယ်စုက နတ်ဆိုးမျိုးနွယ်စုကို အမှန်တကယ် ဖိနှိပ်နေ၏။ သို့သော် သူ့အတွက်ကြောင့် ရှီးနှင့်ကျန့်မျိုးနွယ်စုက စစ်ပွဲတစ်ပွဲ စတင်လောက်သည်အထိ သူကအရည်အချင်း မပြည့်မီကြောင်း ကျန်းရီသိနေသည်။

ဒုတိယရွေးချယ်မှုက သွေးညအကြောက်တရား ပင်လယ်၏ အရှေ့ဘက်ခြမ်းရှိ ကုန်းမြေတစ်ခုသို့ သွားရန်ဖြစ်သည်။ ထိုနေရာတွင် သီးခြားနေရာတစ်ခုရှာပြီး ဧကရီနန်းတော်ထဲ၌ပုန်းကာ ကျင့်ကြံရမှာပဲဖြစ်သည်။ ဤနည်းဖြင့် ပင်လယ်နတ်ဆိုးများ ပြဿနာရှာမှာကို ကြောက်စရာမလိုတော့ပေ။

သို့သော် ကျန်းရီသည် ဧကရီနန်းတော်ထဲသို့ ဝင်သွားသည့်အချိန်တွင် သူက မီးဝိညာဉ်ပုလဲထဲ ထည့်ထား၍မရဘဲ အစီအရင်များကို အသက်သွင်းထားရပေမည်။ ထို့အပြင် ဧကရီနန်းတော်၏ အရှိန်အဝါ တည်ရှိမှုကို သိုင်းပညာရှင်များ သတိပြုမိနိုင်သည်။ ထိုအချက်အလက်က အရှေ့ပိုင်း တော်ဝင်နယ်မြေဆီသို့ ရောက်သွားလျှင် မျိုးနွယ်စုနှစ်စုကလူများ တိတ်တဆိတ် ပို့ဆောင်လာမှာဖြစ်ပြီး ကျန်းရီက ဘာမှန်းတောင် မသိလိုက်ဘဲ အသတ်ခံရတာ ဖြစ်နိုင်၏။

နောက်ဆုံး ရွေးချယ်မှုက ရေရှည်အကွာအဝေးရှိ ကောင်းကင်ရွေ့ပြောင်းခြင်းပင် ဖြစ်သည်။

အရှေ့ပိုင်း တော်ဝင်နယ်မြေကနေ ထွက်သွားပြီး သွေးညအကြောက်တရား ပင်လယ်၏ တောင်အရပ်ဆီ ဦးတည်သွားခြင်း သို့မဟုတ် အကြောက်တရားပင်လယ်၏ အရှေ့အရပ်ဖြစ်သော အဆုံးမဲ့ နက်ရှိုင်းခြင်း ပင်လယ်ဆီသို့သွားခြင်း သို့မဟုတ် အရှေ့ပိုင်း တော်ဝင်နယ်မြေနှင့် ဝေးရာဆီသို့ ထွက်သွားကာ လူသူကင်းဝေးသည့် နေရာ၌ ဧကရီနန်းတော်ကို ဝှက်ထားလျက် ငြိမ်းချမ်းစွာ ကျင့်ကြံရန်ဖြစ်သည်။

“ဟူး အဲ့ဒီကျန်းရှင်းကျားက ခေါင်းကိုက်စရာပဲ”

ကျန်းရီက သူ၏ခေါင်း ပူထူနေသည်ဟု ခံစားလိုက်ရသည်။ လူတစ်ယောက်၏ ရုပ်ရည်သွင်ပြင်ကို သွင်ပြင်တစ်ရာ မျက်နှာဖုံးကို အသုံးပြုခြင်းဖြင့် အလွယ်တကူ ပြောင်းလဲနိုင်သည် သို့မဟုတ် ပြောင်းလဲခြင်း ဆေးလုံးကို သုံးနိုင်၏။ ပြဿနာက စိတ်ဝိညာဉ် အရှိန်အဝါ တည်ရှိမှုဖြစ်ပြီး ယင်းက ပြောင်းလဲရန် မဖြစ်နိုင်ပေ။ သူ၏စိတ်ဝိညာဉ် တည်ရှိမှုကို လူပေါင်းများစွာက မှတ်ထားပြီး သူ့ကိုခြေရာခံရန်အတွက် ကျန်းရှင်းကျားများအား အလွယ်တကူ လွှဲပြောင်းပေးနိုင်၏။

သူ့တွင် နတ်ဆိုးဧကရီ ထားပေးခဲ့သော သာလွန်သူတော်စင် အသုံးအဆောင် ဧကရီနန်းတော် ရှိနေသည်ကပင် ကံကောင်းနေပြီဖြစ်သည်။ ဧကရီနန်းတော် မရှိဘဲ သူကထွက်ပြေးဖို့ စဉ်းစားနေရန်မလိုဘဲ သေဖို့သာ စောင့်ဆိုင်းနေသင့်သည်။ နှမြောစရာက ဧကရီနန်းတော်ထဲ မဝင်နိုင်။ ၎င်းကို ကျုံ့ပစ်၍မရပေ။ သူက ဧကရီနန်းတော်ထဲသို့ ဝင်သွားပြီးလျှင် ယင်းက အရွယ်ကြီးမားသည့် အရာတစ်ခုအဖြစ် ရှိနေမည်ဖြစ်ကာ လူအများ အလွယ်တကူ ရှာတွေ့နိုင်၏။

ကုန်းမြေပေါ်၌ သိုင်းခန်းမ၌ ခန်းမခွဲများစွာရှိပြီး ဧကရာဇ်ကိုးပါး၏ မျိုးနွယ်စုများစွာက ကုန်းမြေများစွာကိုလည်း တိတ်တဆိတ် ထိန်းချုပ်ထားကြောင်း ကျန်းရီယုံကြည်ပေ၏။ ကျန့်မျိုးနွယ်စု လက်အောက်ရှိ နတ်မြင်းပျံ နယ်မြေ သို့မဟုတ် ကျန့်မျိုးနွယ်စုအောက်ရှိ ပန်းရဉ်ကဲ့သို့ဖြစ်သည်။ ဖီးနစ်အော်သံ နယ်မြေနှင့် ကောင်းကင်ကြယ်တာရာ နယ်မြေကဲ့သို့ ကုန်းမြေလေးများက သိုင်းခန်းမဆောင်၏ ခန်းမခွဲများ ရှိနေလေသည်။

တစ်နည်းဆိုရလျှင် ကောင်းကင်ကြယ်တာရာ နယ်နိမိတ်အတွင်းရှိ နယ်မြေများအားလုံးကို မဟာမျိုးနွယ်စုကြီးများက ထိန်းချုပ်ထား၏။ သူက နယ်မြေတစ်ခုပေါ်၌ ပုန်းနေလျှင် သူအလွယ်တကူ ရှာဖွေတွေ့ရှိခံရပြီး သူအကြံအစည်များ ဖော်ထုတ်ခံရမည်ဖြစ်ကာ လုပ်ကြံသတ်ဖြတ်ခံရလိမ့်မည်။

ဖုန်းလန်က မျက်မှောင်ကြုတ်လိုက်လေ၏။ ကျန်းရီ စိတ်ရှုပ်ထွေးနေကြောင်း သူမရှင်းရှင်းလင်းလင်း သိသည်။ သို့သော် ယခုအချိန်တွင် ဤပြဿနာကို ဖြေရှင်းနိုင်ရန်နည်းလမ်း သူမ၌ မရှိပေ။

“ကျုပ်ရဲ့အရှင် ဘယ်သွားပြီး ပုန်းဖို့တွေးနေတာလဲ”

ရွှေရောင်မျောလွင့်နဂါးက ရုတ်တရက် ပြောလိုက်ရာ ကျန်းရီနှင့် ဖုန်းလန်တို့ အတွေးနက်နေရာမှ သတိပြန်ဝင်လာပြီး ကျန်းရီက မျက်လုံးလက်သွားပြီးနောက် မေးလိုက်တော့သည်။

“ရွှေရောင်မျောလွင့်နဂါး အကြောက်တရား ပင်လယ်ထဲမှာ ငါတို့ပင်လယ်နတ်ဆိုးတွေရဲ့ ရှာဖွေမှုကနေ ပုန်းနေနိုင်တဲ့ နေရာကောင်းများ မသိဘူးလား။ ငါတို့ယာယီ ပုန်းလို့ရမဲ့ နေရာပေါ့”

“အဲလိုနေရာ မရှိဘူး”

ရွှေရောင်မျောလွင့်နဂါး၏ မျက်နှာထားက ပြောင်းလဲသွားပြီး ခါးသက်စွာပြုံးပြီး ပြောလိုက်တော့၏။

“ကျုပ်ရဲ့အရှင် ဒီပင်လယ်ဒေသမှာ ပင်လယ်နတ်ဆိုးတွေ ဘယ်လောက်များလဲဆိုတာ မသိဘူး။ သွေးပင်လယ် တစ်ခုလုံးက နတ်ဆိုးမျိုးနွယ်စုရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာ။ ဘယ်နေရာကများ လုံခြုံနိုင်မှာလဲ။ ဒါပေမဲ့ အရှင်က အပြစ်သားကျွန်းကို သွားမယ်ဆိုရင် ရှီးမျိုးနွယ်စုနဲ့ ကျန့်မျိုးနွယ်စုက မလိုက်တော့မှာ သေချာတယ်”

“အပြစ်သားကျွန်းတဲ့လား”

ကျန်းရီနှင့် ဖုန်းလန်က တစ်ယောက်ကိုတစ်ယောက် ဇဝေဇဝါဖြစ်နေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။ ကျန်းရီက လေးနက်တည်ကြည်သော အသံဖြင့် မေးလိုက်၏။

“ငါ့ကိုအသေးစိတ် ပြောပြ။ အပြစ်သားကျွန်းက ဘယ်မှာလဲ။ ငါတို့နောက်ကို မျိုးနွယ်စုနှစ်စု မလိုက်နိုင်အောင် ဘာကြောင့်တားပေးနိုင်တာလဲ”

“အပြစ်သားကျွန်းက အဆုံးမဲ့ နက်ရှိုင်းခြင်း ပင်လယ်ထဲမှာရှိတယ်”

ကျန်းရီ၏ လုံခြုံရေးက ရွှေရောင်မျောလွင့်နဂါး၏ အသက် သေရေးရှင်ရေးနှင့် သက်ဆိုင်နေသည်။ ထို့ကြောင့် ရွှေရောင်မျောလွင့်နဂါးက ဘာကိုမှ မကွယ်ဝှက်ထားရဲဘဲ အရာအားလုံးကို ရှင်းပြနေ၏။ သူပြောနေစဉ်၌ ဖုန်းလန်နှင့် ကျန်းရီတို့၏ မျက်လုံးများက ပိုမိုတောက်ပလာပြီး ရွှေရောင်မျောလွင့်နဂါး ပြောပြီးသည်နှင့် နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ရာ ပျော်ရွှင်သည့် အရိပ်အယောင် ရှိနေသည်။

အပြစ်သားကျွန်း

ယင်းသည် ကောင်းကင်ကြယ်တာရာ နယ်နိမိတ်ထဲ၌ ကျော်ကြားသည့် နေရာတစ်ခုဖြစ်သည်။ အရှေ့ပိုင်း တော်ဝင်နယ်မြေမှ တိုင်းသူပြည်သား တစ်ဦးဆိုလျှင် ထိုနေရာကို သိကြပေလိမ့်မည်။

လွန်ခဲ့သည့် အနှစ်(၇)သိန်းကျော်က ဆန်းကြယ်ဧကရာဇ်သည် နယ်နိမိတ်ကို အုပ်စိုးခဲ့ပြီး လူသားမျိုးနွယ်စုကို စုစည်းကာ နတ်ဆိုးမျိုးနွယ်စုကို ရင်ဆိုင်ခဲ့၏။ ဆန်းကြယ်ဧကရာဇ် ထီးနန်းပုလင် ဆက်ခံသည့်အချိန်၌ သူက အလွန်ငယ်ရွယ်သေးပြီး အညံ့မခံသည့် မျိုးနွယ်စုများစွာရှိကာ အမှောင်ထဲတွင် ပြဿနာရှာရန် ကြိုးစားခဲ့ကြသည်။

ဆန်းကြယ်ဧကရာဇ်သည် အစက သူတို့ကို စိတ်ထဲမထားပေ။ သို့သော် ဖြစ်ရပ်ကြီးတစ်ခု ဖြစ်ပွားလာခဲ့သည်။ အဓိကမျိုးနွယ်စု (၁၃)စုနှင့် နတ်ဆိုးမျိုးနွယ်စု တိုက်ခိုက်ကာ နတ်ဆိုးသက်ဦးဆံပိုင်များသည် ဆန်းကြယ်ဧကရာဇ်ကို ခြုံခိုတိုက်ခိုက်တော့၏။ ဆန်းကြယ်ဧကရာဇ်သည် ခြုံခိုတိုက်ခိုက်တာ မသေဆုံးသွားချေ။ သို့သော် သန်းချီသော လူသားစစ်သည်ရဲမက်များ ပျောက်ကွယ်သွား၏။

ဆန်းကြယ်ဧကရာဇ်က ဒေါသထွက်လွန်းရာ မျိုးနွယ်စု ခေါင်းဆောင်အားလုံးကို ရှင်းထုတ်ပစ်ပြီး အဓိက မျိုးနွယ်စု (၁၃)စုမှ သိုင်းပညာရှင်များကို ဖယ်ရှားကာ သူတို့မျိုးနွယ်စုသားများကို အရှေ့ဘက် တော်ဝင်နယ်မြေရှိ အရှေ့အရပ်တွင်ရှိသော အဆုံးမဲ့ နက်ရှိုင်းခြင်း ပင်လယ်၏ လူသူကင်းမဲ့သော ကျွန်းပေါ်နှင်ခဲ့သည်။ နောက်မျိုးဆက်များကိုလည်း ကျွန်းပေါ်တွင်သာ နေထိုင်ရန် အမိန့်ပေးခဲ့ပြီး အရှေ့ပိုင်း တော်ဝင်နယ်မြေကို ဘယ်တော့မှ ပြန်မလာခိုင်းခဲ့ပေ။

အဆုံးမဲ့ နက်ရှိုင်းခြင်း ပင်လယ်က ကြီးမားလွန်းပြီး သွေးညအကြောက်တရား ပင်လယ်ထက် အနည်းဆုံး ဆယ်ဆပိုကြီးမားသည်။ ပင်လယ်ဒေသက အကန့်အသတ်မဲ့သည်ဟု ထင်ရသောကြောင့် အဆုံးမဲ့ နက်ရှိုင်းခြင်း ပင်လယ်ဟု အမည်ပေးထားတာပဲဖြစ်သည်။

ထိုနေရာ၌ ပင်လယ်နတ်ဆိုး များစွာရှိပြီး ကြောက်မက်ဖွယ်ကောင်းသည့် သဘာဝ ကပ်ဘေးမျိုးစုံလည်းရှိရာ လူသားများ နေထိုင်ရန် မသင့်တော်ပေ။ အရှေ့ပိုင်း တော်ဝင်နယ်မြေ၏ တိုင်းသူပြည်သားများ အမြင်တွင် အဓိကမျိုးနွယ်စု (၁၃)စုသည် ထိုနေရာ၌ ပျောက်ကွယ်သွားပြီး ကျွန်းကို ကျွန်းသေတစ်ခုအဖြစ် ပြောင်းလဲသွားစေမည်ဟု ထင်ခဲ့သည်။

မျိုးနွယ်စု (၁၃)စုက အမှန်တကယ် ရုန်းကန်ပြီး ရှင်နိုင်ခဲ့မည်ကို မည်သူကသိမည်နည်း။ ပင်လယ်နတ်ဆိုးများနှင့် မျိုးဆက်ပေါင်းများစွာ အငြင်းပွားပြီးနောက် သူတို့သည် အဆုံးမဲ့ နက်ရှိုင်းခြင်း ပင်လယ်ထဲတွင် နတ်ဆိုးသက်ဦးဆံပိုင် ဘုရင်များနှင့် ကတိကဝတ် ပြုလုပ်ခဲ့ပြီး တစ်ယောက်ကိစ္စ တစ်ယောက် ဝင်မစွက်ဖက်ရန် သဘောတူညီမှု ပြုလုပ်ခဲ့သည်။

ဆန်းကြယ်ဧကရာဇ် အထက်တက်သွားပြီးနောက် မျိုးနွယ်စု (၁၃)စု၏ မျိုးနွယ်စု ခေါင်းဆောင်များသည် သူတို့က အတိတ်တုန်းက ကတိပေးထားခဲ့သည့် သူတို့ကတိကို တည်မည်ဖြစ်ကြောင်းနှင့် အရှေ့ပိုင်း တော်ဝင်နယ်မြေ၏ မြေပေါ်သို့ ဘယ်တော့မှ ခြေချမှာမဟုတ်ဟု ကြေညာခဲ့သည်။ သို့သော် ဆန်းကြယ်ဧကရာဇ်နှင့် ဧကရာဇ်ကိုးပါး မျိုးနွယ်စုမှ မျိုးဆက်များသည် ဤကျွန်းကို ဝင်ရောက်ခွင့်လည်း တားမြစ်ထား၏။ ညှိနှိုင်းမှုမရှိ အသက်ခံရပေမည်။

ထိုကြေညာချက် ပေါ်လာသည်နှင့် အရှေ့ပိုင်း တော်ဝင်နယ်မြေက အုပ်အော်သောင်းနင်း ဖြစ်ကုန်၏။

ဧကရာဇ်ကိုးပါး မျိုးနွယ်စုသည် သူတို့ မဟာမိတ်တပ်ဖွဲ့ကို စေလွှတ်ခဲ့ပြီး အဘိုးကြီးများလည်း လှုပ်ရှားလာပြီး ထိုကျွန်းကို သွေးဖြင့်ဆေးကြောရန် ပြင်ဆင်ခဲ့၏။ ရလဒ်အနေဖြင့် ဧကရာဇ်ကိုးပါး မျိုးနွယ်စုသည် အမြီးကုပ်ကာ ပြေးရပြီး တစ်ခွန်းမျှ မပြောကြတော့ပေ။ ပြီးနောက် ဧကရာဇ်ကိုးပါး မျိုးနွယ်စု၏ မျိုးဆက်များက ထိုကျွန်းပေါ် ခြေထပ်မချရဲတော့ချေ။

ထိုကျွန်းကို အရှေ့ပိုင်း တော်ဝင်နယ်မြေ၏ လူများက အပြစ်သားကျွန်းဟူ၍ အမည်ပေးထားကြသည်။ မျိုးနွယ်စု (၁၃)စု၏လူများက အပြစ်သားများဖြစ်ပြီး အပြစ်ကျူးလွန်ရာ နယ်မြေတစ်ခုဖြစ်သည်။

လက်တွေ့တွင်မူ အပြစ်သားကျွန်းက နှစ်ပေါင်းသိန်းချီ ဆက်လက်ဖွံ့ဖြိုး တိုးတက်ပြီးနောက် အမှန်တကယ်ပင် အပြစ်ကျူးလွန်ခြင်း၏ စစ်မှန်သောမြေ ဖြစ်လာခဲ့သည်။

အရှေ့ပိုင်း တော်ဝင်နယ်မြေထဲတွင် ဧကရာဇ်ကိုးပါး၏ မျိုးနွယ်စုနှင့် ရှေးမျိုးနွယ်စုများကို ရန်စဖူးသည့် သိုင်းပညာရှင်များ များစွာရှိသည်။ သူတို့က အရှေ့ပိုင်း တော်ဝင်နယ်မြေ၌ ရှင်သန်နိုင်ရန် အခွင့်အရေး မရှိသည့်အချိန်တွင် အပြစ်ကျွန်းဆီသို့ ဦးတည်သွားကြသည်။ သူတို့က အပြစ်သားကျွန်းကို ဝင်ရောက်နိုင်သ၍ ဧကရာဇ်ကိုးပါး၏ မျိုးနွယ်စုဝင်များသည် ဤကျွန်းပေါ်သို့ ခြေမချရဲသောကြောင့် ဘေးကင်းလုံခြုံမည်ဖြစ်ကာ သာမာန်မျိုးနွယ်စုများကလည်း ဤနေရာသို့ လာရောက်ပြီး သူတို့အသက်များကို စွန့်လွှတ်ချင်မှာ မဟုတ်ပေ။

အပြစ်သားကျွန်းမှ ထွက်လာကြသည့် လူများက ယင်းသည် ပြစ်မှုများအတွက် သုခဘုံဖြစ်သော ကောလာဟလ ဖြန့်ခဲ့သည်။ အပြစ်သားကျွန်းအတွင်းရှိ မြို့များမှအပ လူတိုင်းသည် တိုက်ခိုက်လုယက်ပြီး နေရာအနှံ့ သတ်ဖြတ်ကြ၏။ တစ်စုံတစ်ယောက်က မြို့ဂိတ်ဝ၏ အပြင်ဘက်တွင် အဓ္ဓမပြုကျင့်ပြီး သတ်ဖြတ်ခဲ့လျှင်တောင် မြို့တွင်းရှိ စစ်သားများက ထိုလူကို စုံစမ်းမေးမြန်းကြမှာ မဟုတ်ပေ။

အပြစ်သားကျွန်းပေါ်၌ ဥပဒေမရှိပေ။ တစ်ခုတည်းသော ဥပဒေက မြို့တွင်း၌ ပြစ်မှုမကျူးလွန်ရဖြစ်သည်။ တစ်ခုတည်းသော စည်းမျဉ်းက သာလွန်သည့် စည်းမျဉ်းဖြစ်ပြီး သန်မာသူသည် ဆန္ဒရှိသမျှ အရာအားလုံး ပြုလုပ်နိုင်သည်။ ထိုနေရာ၌ လူကျင့်ဝတ် မရှိပေ။ တစ်စုံတစ်ယောက် ဖြုံလောက်သည့် သိုင်းပညာရှင်တစ်ယောက် ဖြစ်နေသ၍ လူပေါင်းတစ်ထောင် လူပေါင်းတစ်သောင်းကိုတောင် သုတ်သင်ရှင်းလင်းနိုင်၏။ မည်သူကမှ လာနှောက်ယှက်မှာ မဟုတ်ပေ။

ထို့ကြောင့် အပြစ်သားကျွန်းသည် အန္တရာယ်များသော နေရာဖြစ်ပြီး ထိုနေရာသို့ ဝင်ရောက်သည့် သူများက အင်အားစုများ သို့မဟုတ် သိုင်းပညာရှင်ကြီးများသာ ဖြစ်သည်။ အားနည်သူများက ထိုနေရာတွင် ဆယ်ရက်ထက်ပိုပြီး အသက်မရှင်ပေ။

“သွားမယ် အပြစ်သားကျွန်းကို သွားကြမယ်”

ကျန်းရီက ခဏတစ်ဖြုတ် စဉ်းစားပြီးနောက် ဆုံးဖြတ်ချက် ချလိုက်၏။ သူ့ကိုယ်သူ ကျွမ်းကျင်သူ တစ်ဦးအဖြစ် သတ်မှတ်၍မရပေ။ သို့သော် ရွေးချယ်စရာမရှိပေ။ သူအသက်ရှင်ချင်ပြီး ပိုသန်မာချင်လျှင် စုလော့ရွှယ်ကို ကယ်တင်ရန်နှင့် သိုင်းခန်းမဆောင်ကို ဖျက်ဆီးရန် သူအပြစ်သားကျွန်းကို သွားကိုသွားရမည်။

***

All Chapters