← Chapters

အခန်း (၆၁၄-၆၁၈)

Vol. 46 Ch. 614-618

အခန်း (၆၁၄-၆၁၈)

Vol. 46 Ch. 614-618

အပိုင်း(၆၁၄): တားမြစ် စူးမိသားစု၏ သခင်ငယ် ရာထူးဆက်ခံခြင်းကို ဟွမ်ကျီအမတနယ်မြေတစ်ခုလုံးကို ကြေညာမယ်

ရှေးကျ‌သော ကောင်းကင်နန်းတော်ကြီးတစ်ခုသည် မိုးမြေကြားတွင် ကြီးကျယ်ခမ်းနားစွာ တည်ရှိနေပြီး ၊ ပတ်ဝန်းကျင်၌ အဆုံးမရှိသော ရောင်စဉ်တန်းများက ဖွေးဖွေးလှုပ်ကာ တောက်ပနေသည်။ ထိုရောင်စဉ်များကြား စကြဝဠာရှိ အရာအားလုံးသည် မွေးဖွားလာသဟန်ရှိသည်။

“ချန်ကဲ၊ မင်း အရင်ဝင်သွားလိုက် ၊ အစ်မ ဒီမှာပဲ မင်းကို စောင့်နေမယ်”

စူးယွင်ယွဲ့က ဆိုလိုက်သည်။

“ ကောင်းပြီ...”

စူးချန်ကဲသည် ခေါင်းညိတ်လိုက်ပြီး၊ ခန်းမဆောင်အတွင်းသို့ ဝင်ရောက်သွားခဲ့လေသည်။

တံခါးခုံကို ကျော်တတ်လိုက်သည့် အခိုက်အတန့်မှာပင် ၊ စကြဝဠာ၊ မိုးမြေ ၊ နေ နှင့် လတို့၏ လှည့်ပတ်မှုကို ခံစားလိုက်ရသည်။

အမြင်အာရုံကြည်လင်လာချိန်တွင် ၊ စူးချန်ကဲသည် ပလ္လင်များပေါ်တွင် ခမ်းနားထည်ဝါစွာ ထိုင်လျက်ရှိသော ပုဂ္ဂိုလ်များစွာကို မြင်တွေ့လိုက်ရသည်။

နေရာတွင် ထိုင်နေရုံမျှဖြင့် ပတ်ဝန်းကျင်ရှိ အမတစွမ်းအင်များသည် ၎င်းတို့ထံသို့ လာရောက်စုဝေးနေကြပြီး ၊ ပျံ့လွင့်နေသော သက္ကတသံစဉ်များကို ရေးရေးလေးကြားနေရသည်။

စူးချန်ကဲ ဝင်ရောက်လာသည်နှင့် တပြိုင်နက်၊

တားမြစ်စူးမိသားစုမှ အကြီးအကဲအားလုံးသည် နူးညံ့သိမ်မွေ့သော အကြည့်၊ အပြုံးများဖြင့် ကြိုဆိုနေကြသည်။ ၎င်းတို့၏ အပြုံးများသည် လူကို ရင်းနှီးကျွမ်းဝင်လိုစိတ် ဖြစ်စေသည်။

သို့ရာတွင်၊ အခြားသော တားမြစ်စူးမိသားစုဝင်များအနေဖြင့် ဤမြင်ကွင်းကို မြင်တွေ့ပါက ထိတ်လန့်တုန်လှုပ်ကြမည်မှာ သေချာသည်။

အဘယ့်ကြောင့်ဆိုသော် ဤတားမြစ်စူး မိသားစုမှ အကြီးအကဲများသည် ပုံမှန်အားဖြင့် ရက်စက်ကြမ်းတမ်းသည်ဟု လူသိများသည်။ သူတို့၏ မျက်နှာပေါ်က အပြုံးတစ်ချက်ကို မြင်နိုင်ရုံဖြင့် အတော်လေးကံကောင်းသည်ဟုဆိုရမည်။

ယခုတွင်မူ၊ သူတို့အားလုံးသည် စူးချန်ကဲအား သူတို့၏ရင်နှစ်သည်းချာ မြေးလေးကိုတွေ့ရသကဲ့သို့ နွေးထွေးသော အပြုံးများဖြင့် ကြိုဆိုနေကြသည်။

ဤမြင်ကွင်းသည် အံ့ဩစရာကောင်းသော ဖြစ်ရပ်ဟုပင် ဆိုနိုင်သည်။

“ ချန်ကဲ နောက်ဆုံးတော့ မင်းပြန်ရောက်လာပြီပဲ !”

ထိုစဉ် ၊ ခန်းမဆောင်အတွင်းမှ သိမ်မွေ့နူးညံ့သော ယောကျာ်းသံထွက်ပေါ်လာသည်။

အသံလားရာကို ကြည့်လိုက်လျှင်ဖြင့်၊ မျိုးနွယ်စုခေါင်းဆောင်၏နေရာတွင် ထိုင်နေသော ရွှမ်ယွမ် အမတဧကရာဇ်မင်းကို တွေ့ရပေလိမ့်မည်။သူသည် စူးချန်ကဲအား နွေးထွေးသောအပြုံးဖြင့် ပြုံးရယ်ပြရင်း ဆိုလိုက်သည်။

“ငါ့နာမည်က စူးချင်ပဲ ၊ လက်ရှိ တားမြစ်စူးမိသားစုရဲ့ ခေါင်းဆောင်ဖြစ်သလို မင်းဖခင်ရဲ့ ညီအရင်း ၊ ထပ်ပြောရရင် မင်းရဲ့ ဦးလေးပဲ”

“ ချန်ကဲ မျိုးနွယ်စုခေါင်းဆောင်ကို နှုတ်ဆက်ပါတယ် “

“ချန်ကဲ အကြီးအကဲအားလုံးကိုလည်း နှုတ်ဆက်ပါတယ် “

စူးချန်ကဲသည် ရွှမ်ယွမ် အမတဧကရာဇ်မင်းအား ဦိးစွာ ဂါရဝပြုပြီးနောက် ၊ ထို့နောက်တွင် တားမြစ် စူးမိသားစုရှိ အကြီးအကဲများအားလုံးကို ဦိးညွှတ်ကာ ဂါရဝပြုနှုတ်ဆက်ခဲ့သည်။

ဤနေရာရှိ စွမ်းအားရှင်ပုဂ္ဂိုလ်များသည် ၎င်းတို့၏စွမ်းအားများကို ချုပ်တည်းထားသော်လည်း၊ သို့သော် စူးချန်ကဲသည် ၎င်းတို့၏ မြင့်မြတ်သော အထောက်အထားကို မှန်းဆမိသည်။

ထို့အပြင် ဤပုဂ္ဂိုလ်များသည် သူ့ကိုတွေ့ရန် ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြသူများဖြစ်သည်။ သို့ဖြစ်ရာ သူ့အနေဖြင့် အရိုအသေတန်မဲ့ မပြုမှုသင့်ပေ။

“ဟားး... ချန်ကဲ၊ အဲ့လောက်ထိ အရိုအသေပြုဖို့ မလိုဘူး ငါတို့အဖိုးကြီးတွေက အချိန်ရတုန်းလေး မင်းကိုတွေ့ဖို့ လာခဲ့တာ “

“ဒါတွေကို ချန်ကဲ မင်းအတွက် တွေ့ဆုံလက်ဆောင်အဖြစ် ငါ ယူလာခဲ့တာ “

အဖိုးကြီးတစ်ဦးသည် သူ၏ မုတ်ဆိတ်မွှေးများကို သပ်ချရင်း ပြုံးရွင်စွာဖြင့် ‌ဆိုလိုက်သည်။ထို့နောက်တွင် သူ၏လက်ချောင်းများကို အနည်းငယ် လှုပ်ရှားလိုက်ရာ ကျောက်စိမ်းသေတ္တာသည် စူးချန်ကဲ၏လက်ထဲသို့ ကျရောက်လာခဲ့သည်။

“ချန်ကဲ၊ ငါလည်း မင်းအတွက် ပစ္စည်းအချို့ ပြင်ဆင်ထားတယ် ၊ မင်း မငြင်းရဘူးနော်!”

“ဟားဟား! ချန်ကဲ၊ ဒါက ငါ မင်းအတွက် အထူးပြင်ဆင်ထားတဲ့ နတ်မြက်ပင်ပဲ၊ မင်း မငြင်းရဘူးနော် !”

“ဒီနတ်နဂါးဘုရင်ရဲ့သွေးစက်က.... ငါ မင်းကိုပေးတဲ့ တွေ့ဆုံလက်ဆောင်ပဲ ...ချန်ကဲ မင်း ဒါကို ကောင်းကောင်းသိမ်းထားရမယ်နော်”

“……..”

တားမြစ်စူးမိသားစုရှိ အကြီးအကဲများသည် လက်ဆောင်များကို အဆက်မပြတ် ပေးပို့နေကြပြီး ၊တဖိတ်ဖိတ် တောက်ပနေသော ရတနာပစ္စည်းများသည် စူးချန်ကဲ၏လက်ထဲသို့ ဆက်တိုက်ဆိုသလို ကျရောက်လာသည်။

တခဏအကြာတွင် ၊ စူးချန်ကဲသည်ပင် လက်ဆောင်ပစ္စည်းများကို မစုဆောင်းနိုင်တော့ဘဲ သူ၏ခြေအောက်တွင် ပြိုးပျက်စွာ တောက်ပနေသော ရတနာတောင်ပုံလေးအဖြစ် စုပုံနေတော့သည်။

စူးချန်ကဲသည် လက်ဆောင်များကို ငြင်းပယ်ခြင်းမရှိခဲ့ပေ။ ဤအရာများသည် အမတနယ်မြေ၌သာရှိသော ရှားပါးရတနာများဟု ‌ဆိုနိုင်သည်။ အကယ်၍ ငြင်းဆိုခဲ့လျှင်ဖြင့် ၊ ဦးနှောက်မဲ့သူဟု ကင်းပွန်းတပ်ရပေမည်။

ထို့ကြောင့် စူးချန်ကဲသည် လက်ဆောင်များကို လက်ခံရယူရင်း ၊ တဖက်ကလည်း ကျေးဇူးတင်စကား ပြောဆိုခဲ့သည်။

မိနစ်အနည်းငယ် ကြာပြီးနောက် ၊ စူးချန်ကဲသည် တားမြစ်စူးမိသားစုရှိ အကြီးအကဲများထံမှ လက်ဆောင်အားလုံးကို လက်ခံရရှိခဲ့သည်။

တားမြစ်စူးမိသားစုရှိ အကြီးအကဲများ၏ လူဦးရေသည် အတော်လေးများပြားသည်ဟု ဆိုရပေမည်။

ထို့အပြင်၊ ယခုတစ်ကြိမ်တွင် ဘိုးဘေး ခုနစ်ဦး ရောက်ရှိလာပြီး ၎င်းတို့သည် ရှေးပစ္စည်း တစ်ဒါဇင်ကျော်ကို တစ်ပါတည်းယူဆောင်လာခဲ့သည်။ အခြားသော ဘိုးဘေးများသည် တံခါးပိတ်ကျင့်ကြံရန် လိုအပ်သဖြင့် ဤအရာများသည် ၎င်းတို့မှ ပေးပို့လိုက်သော စေတနာလက်ဆောင်ဟု ဆိုသည်။

တားမြစ်စူးမိသားစုရှိ ဘိုးဘေးအရေအတွက်သည် ကွေးယွမ်အမတဂိုဏ်းနှင့် နှိုင်းယှဉ်နိုင်ရုံသာမက၊ ထို့ထက်ပိုများသည်ဟုပင် ဆိုရမည်။

ယခုအချိန်မှစ၍ အမတနယ်မြေတွင်၊ စူးချန်ကဲသည် ဘယ်အိမ်က ကလေးကို ရိုက်နှက်ပါစေဦး ၊ နောက်ကလူကြီးလိုက်လာမည့် ဖြစ်ရပ်မျိုးကို ကြောက်ရမည့်ကိစ္စမျိုး ဘယ်တော့မှ ရှိလာလိမ့်မည်မဟုတ်။

……..

စူးချန်ကဲသည် လက်ဆောင်အားလုံးကို လက်ခံယူပြီးသည်နှင့်၊

ရွှမ်ယွမ် အမတဧကရာဇ်မင်းက ပြုံးကာ ဆက်ပြောသည်။

“ချန်ကဲ၊ မင်းနဲ့ မင်းအဖေက အတော်ဆင်တယ် .. ငယ်ငယ်လေးနဲ့ မင်းအပေါ်မှာ မင်းအဖေရဲ့ အရိပ်အယောင်တွေကို ငါ မြင်နေရတယ် “

အထူးသဖြင့် ၊ လက်ဆောင်များကို ထွေးပိုက်ယူနေသော စူးချန်ကဲ၏ပုံရိပ်သည် စူးရွှမ်၏ငယ်စဉ်ကပုံရိပ်နှင့် တစ်ထေရာတည်းကျပေသည်။

“ နှမြောစရာကောင်းတာက အခု ဒီလောကထဲမှာ မင်းအဖေမရှိတော့ဘူး မဟုတ်ရင် ဒီနေ့ မင်းအဖေနဲ့ တွေ့ဆုံနိုင်မှာ “

တကယ်တန်းတွင် ၊ စူးချန်ကဲ၏ဖခင်သည် အမတဧကရာဇ် နယ်ပယ်အဆင့်ထက် ကျော်လွန်သောအဆင့်ကို တတ်လှမ်းသွားခဲ့သဖြင့် ဟိုးအရင်နှစ်များကတည်းက သူသည် အမတနယ်မြေ၏ အထက်လောကသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

သူသည် သူ၏ကိုယ်ခွဲကို ချန်ထားခဲ့သော်လည်း ၊ သို့သော် ထိုကိုယ်ခွဲသည် စူးချန်ကဲအတွက် လမ်းခင်းပေးလိုသည်ဟုဆိုကာ အလုပ်များနေလေ၏ ။နောင်အနာဂတ်တွင် အခွင့်အလမ်းရခဲ့လျှင်ဖြင့် ဆုံတွေ့ကြမည်ဟု ဆိုခဲ့သည်။

ဤအချက်သည် ရွှမ်ယွမ် အမတဧကရာဇ်မင်းအား ခေါင်းကိုက်စေသော အရာပင်ဖြစ်သည်။ စူးချန်ကဲ၏နောက်‌တွင် တားမြစ် အင်အားစုကြီး သုံးဖွဲ့ရှိသည်။စူးရွှမ်ကိုယ်တိုင် ဝင်စွက်ဖက်ရသည့်အထိ ဘာအတွက်များ လိုအပ်သေးသနည်း။

သို့သော် ရွှမ်ယွမ် အမတဧကရာဇ်မင်းသည် ထိုကိစ္စနှင့်ပတ်သတ်၍ များများစားစား ဝင်မစွက်ဖက်ချေ။ ဤအစ်ကိုတော်၏ အတွင်းစိတ်ကို မှန်းဆရန် ခက်ခဲသည်။

သူသည် မဟာလမ်းစဉ်၏ အထွတ်အထိပ်ကို ရောက်နေပြီဖြစ်သော်လည်း၊ သို့သော် သူ၏ခြေလှမ်းများသည် ဘယ်တော့မှ မရပ်တန့်သွားခြင်း မရှိခဲ့ပေ။

သို့သော် စဉ်းစားကြည့်ပြန်ရင်လည်း သဘာဝကျပေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုနှစ်က ထွက်ပေါ်လာသော ဖြူဖျော့ဖျော့ မျက်နှာကြီးသည် ကြီးမားသောဘေးအန္တရာယ်တစ်ခုကို ဆောင်ကျဉ်းလာမည်ဟု စူးရွှမ်ခံစားမိသည်။

စူးချန်ကဲသည် သူ၏ တစ်ဦးတည်းသောသားဖြစ်သည်။ တစ်ခုခုဖြစ်သွားမည်ကို သူ လက်ပိုက်ကြည့်မနေနိုင်ပေ။

ထိုကြောင့် သူသည် အမတဧကရာဇ် နယ်ပယ်အဆင့်ထက် ကျော်လွန်သောအဆင့်ကို တတ်လှမ်းနိုင်ခဲ့သည်နှင့် တပြိုင်နက်၊ အမတနယ်မြေ၏ အထက်လောကကို စူးစမ်းရှာဖွေရန် အလျင်အမြန် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။သူသည် စူးချန်ကဲ၏မူလအစ ‌၊ ကံအကျိုးဆက်ကို ရှာဖွေလိုခဲ့သည်။

ထို့နောက်၊ ရွှမ်ယွမ် အမတဧကရာဇ်မင်းက ဆက်လက် ပြောကြားလိုက်သည်။

“ချန်ကဲ၊ တကယ်တော့ ဒီတစ်ခေါက် မင်းနဲ့ တွေ့တယ်ဆိုတာက လွန်ခဲ့တဲ့နှစ်တွေက အကြောင်းအရင်းတချို့ကို မင်းကို ရှင်းပြချင်လို့ပဲ “

………

ရှင်းပြပြီးနောက် ၊

စူးချန်ကဲသည် ကိစ္စတော်တော်များများကို နားလည်သွားခဲ့သည်။

အကြောင်းမှာ သူသည် မဟာလမ်းစဉ်၏ တားမြစ်ကိုယ်ထည် ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်ကို နိုးထစေခဲ့ကြောင်း ဖြစ်နိုင်သည်။

ထိုခန္ဓာကိုယ်၏နောက်ကွယ်တွင် ကြီးမားသော အကြောင်းရင်းများ ဆက်နွယ်နေသည်။ ထို့ကြောင့် ၊ သူ့အား ထိုအကြောင်းအကျိုးများမှ လွတ်မြောက်စေရန် လူသားလမ်းစဉ်ကနေ ပြန်လည်စတင်၍ အမတ လမ်းစဉ်ထဲသို့ ဝင်ရောက်စေခဲ့ခြင်း ဖြစ်သည်။

စူးယွင်ယွဲ့ ပြောခဲ့သည့်အတိုင်း သိပ်မကွာခြားပေ။ သို့သော် ရွှမ်ယွမ် အမတဧကရာဇ်မင်းသည် ထိုဧရာမ ဖြူဖျော့ဖျော့မျက်နှာအကြောင်းကိုတော့ ထည့်မပြောခဲ့ပေ။

၎င်းတွင်ပါဝင်သော လျှို့ဝှက်ချက်များသည် နယ်ပယ်ကျယ်ပြန့်လွန်းသည်။ စူးချန်ကဲသည် ယခုလေးတင်မှ အမတနယ်မြေသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ၊ ဤကိစ္စနှင့်ပတ်သက်၍ သူ့အပေါ်တွင် ဖိအားမများစေလိုပေ။

စူးချန်ကဲသည် အသက်ပြင်းပြင်း ရှုရှိုက်လိုက်ပြီးနောက် ပြန်လည် ဦိးညွှတ်ကာ ဆိုလိုက်သည်။

“ မိသားစုမှာ သူ့အခက်အခဲသူရှိမှန်း ချန်ကဲ သိပါတယ် ၊ မိသားစုအနေနဲ့ ချန်ကဲကို ဘယ်တော့မှ ထိခိုက်ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာ သိပါတယ် ..ချန်ကဲအနေနဲ့ ဘာမကျေနပ်ချက်မှ မရှိပါဘူး “

ဤစကားများကိုကြားပြီးနောက်၊ တားမြစ်စူးမိသားစုရှိ အကြီးအကဲများသည် ပြုံးရွှင်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။

ဤနှစ်များအတွင်း တားမြစ်စူးမိသားစုသည် စူးချန်ကဲအပေါ်တွင် အကြွေးများစွာတင်ထားမှန်း သူတို့လည်း သိပေသည်။ မိမိတို့ မိသားစု၏ ဆက်ခံသူကို တိုက်မြေ သုံးထောင်တွင် ပစ်ကာ ကိုယ်တိုင်ရုန်းကန်ခိုင်းခဲ့သည်။

အကယ်၍ စူးချန်ကဲ၏ ကံကြမ္မာသည် ကောင်းမွန်ခြင်းမရှိဘဲ လုံလောက်စွာထူးချွန်ခြင်းမရှိခဲ့ပါက ၊ ကွေးယွမ်အမတဂိုဏ်း၏ ဆက်ခံသူတစ်ယောက် ဖြစ်လာလိမ့်မည် မဟုတ်ပေ။ သူ၏ကံကြမ္မာသည် ပြောရန်ခက်ခဲသည်။

“ကဲ ဒီကိစ္စကပြီးဆုံးသွားပြီဆိုတော့... မနှောင့်နှေးသင့်တော့ဘူး”

ရွှမ်ယွမ် အမတဧကရာဇ်မင်းသည် ရုတ်တရက်ကျယ်လောင်စွာ ဆိုလိုက်သည်။

“မိသားစုရဲ့ စည်းမျဉ်း ၊ အဝေးဘိုးဘေးရဲ့ အမိန့်အရ...”

“ဒီနေ့ ငါတို့ တားမြစ်စူးမိသားစုရဲ့ အမည်နဲ့ ဟွမ်ကျီအမတနယ်မြေတစ်ခုလုံးကို ကြေညာမယ်”

“ ငါတို့ တားမြစ်စူးမိသားစုရဲ့ သခင်ငယ် ရာထူးဆက်ခံတော့မယ်!”

အပိုင်း(၆၁၅): ကြီးမြတ်သော အဝေးဘိုးဘေးသုံးပါးအနက်မှ တစ်ပါး

ရွှမ်ယွမ် အမတဧကရာဇ်မင်း၏ ပြောဆိုမှုအပြီးတွင် ၊

တားမြစ်စူးမိသားစုမှ အကြီးအကဲများကလည်း သဘောတူထောက်ခံကြသည်။

“မှန်တယ်၊ ချန်ကဲက ငါတို့ တားမြစ်စူးမိသားစုရဲ့ သခင်ငယ်ပဲ ၊ အခု မိသားစုထဲကို ပြန်ရောက်လာပြီဆိုတော့ အမတနယ်မြေတစ်ခွင်လုံးကို ငါတို့မိသားစုရဲ့ သခင်ငယ် ပြန်ရောက်လာပြီဆိုတာကို သိသွားစေရမယ်”

“ငါ့အမြင်တော့ ဟွမ်ကျီအမတနယ်မြေက အင်အားစုတွေတင် မကဘူး ၊ အခုလက်ရှိ အမတနယ်မြေ လေးခုစလုံးက လူတိုင်း သိထားသင့်တယ် “

“ဟားဟား... ဒီအကြံအစည်ကို ငါထောက်ခံတယ် ၊ ဒါမှပဲ ငါတို့စူးမိသားစုရဲ့ သခင်ငယ် ပျောက်သွားတယ်ဆိုပြီး အာကျယ်နေတဲ့ အဘိုးကြီးတွေရဲ့ အတင်းအဖျင်းတွေ ပိတ်သွားမှာ !”

“……”

အမတနယ်မြေသည် ကျယ်ပြန့်သော နယ်မြေတစ်ခုဖြစ်သည်နှင့်အလျောက် ၊ လောကတွင် ပုန်းကွယ်နေသော အုပ်စိုးရှင် အင်အားစုများ၊ အတုမရှိ အမတဂိုဏ်းများနှင့် ကောင်းကင်ဂူများ ရှိသေးသည်။

သို့ဖြစ်ရာ ၊ လူတချို့၏ အကြံအစည်များကို ရှောင်လွဲ၍ မရနိုင်ပေ။

ထို့ကြောင့် စူးချန်ကဲအတွက် ကြောက်စရာကောင်းသော အထောက်အထားတစ်ခု ချမှတ်ရန် လိုပေသည်။

နောင်တွင် အမတနယ်မြေတွင် သွားလာပြီး အတွေ့အကြုံယူသောအခါတွင် ၊ ၎င်းသည် အသက်အာမခံတစ်ခု ဖြစ်လာပေမည်။

အဘယ့်ကြောင့်ဆိုသော် အမတနယ်မြေသည် တိုက်မြေ သုံးထောင်ထက် လူတစ်ဦး၏အဆင့်အတန်း အထောက်အထားကို ပို၍ဂရုစိုက်သော နယ်မြေတစ်ခုဖြစ်သောကြောင့် ဖြစ်သည်။

…….

“ သခင်ငယ် ရာထူး...?”

ရုတ်တရက်ကြားလိုက်ရသည့် စကားများကြောင့် စူးချန်ကဲပင်လျှင် အနည်းငယ် ရှုပ်ထွေးသွားသည်။

သို့သော် သူသည် စဉ်းစားဖို့ပင်အချိန်မရလိုက်ချေ။

ရွှမ်ယွမ် အမတဧကရာဇ်မင်းသည် သူ့လက်ကို ဝှေ့ယမ်းကာ အေးစက်သောလေသံဖြင့် အမိန့်ထုတ်လိုက်သည်။

“ ငါကိုယ်တော် အမိန့်ပေးတယ် ၊ ဟွမ်ကျီအမတနယ်မြေတစ်ခုလုံးကို ကြေညာစေ “

ဝုန်း——!!

ရုတ်တရက်ပင် ၊ ဟွမ်ကျီအမတမြို့တော်ကြီး တစ်ခုလုံးပြင်းထန်စွာ တုန်ခါသွားပြီး ၊ လျို့ဝှက်ဆန်းကြယ်သော ရောင်ဝါတစ်ခု နှိုးထလာပုံရသည်။

ဝီ——!!

ရောင်စဉ်အလင်းတန်းများသည် အစွမ်းကုန် ပွင့်လန်းလာပြီး ၊ အလင်းတန်းများသည် မိုးကောင်းကင်ထိ လွှင့်ထူကာ ဖောက်ထွင်းဝင်ရောက်သွားကြသည်။

အဆုံးမရှိသော မှော်သင်္ကေတများသည် ဝေဟင်ထက်တွင် တစ်ခုနှင့်တစ်ခု ယှက်နွယ်ပုံဖော်လျက် ၊ အဆုံးတွင် တဟုန်းဟုန်း တောက်လောက်နေသော သက်တံရောင်ခြည်များအဖြစ်သို့ ပြောင်းလဲသွားသည်။

အဆိုပါအင်အား၏ ထွက်ပေါ်လာမှုနှင့်အတူ၊ ကောင်းကင်ပြင်ကြီးသည် ထူးဆန်းအံ့ဩဖွယ်ရာ မြင်ကွင်းများနှင့် ပြည့်နှက်သွားသည်။ အာကာသဟင်းလင်းပြင်တစ်ခုလုံးသည် မငြိမ်မသက်ဖြစ်ကာ မရေမတွက်နိုင်သော အလင်းမိုးများသည် နေရာအနှံ့ဖြန့်ကျက်ကာ ရွာသွန်းလေတော့သည်။

ဤအခြေအနေသည် ဟွမ်ကျီအမတနယ်မြေရှိ မရေမတွက်နိုင်သော အင်အားစုများနှင့် စွမ်းအားရှင်များ၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။

“ဒီရောင်ဝါက... တားမြစ်စူးမိသားစုရှိတဲ့ နယ်မြေထဲကနေ လာနေသလိုပဲ...!”

“ ဒီကောင်တွေ ထပ်ပြီး ဘာလုပ်နေပြန်တာတုန်း.... အမတစစ်ပွဲကြီး ထပ်မံစတင်ဖို့ လုပ်နေတာတော့ မဟုတ်ဘူးမလား “

လူတိုင်း အကြိတ်အနယ် ဆွေးနွေးနေကြပြီး၊ မိမိတို့၏အာရုံကြောများသည်ပင် အလွန်အကဲဆက်လာသည်ဟု ထင်ရသည်။

ယခင်က တားမြစ်စူးမိသားစုသည် အခြားအင်အားစုကြီးများနှင့်ပူးပေါင်း၍ တားမြစ်ကုန်းပြင်မြင့်ကို ချေမှုန်းခဲ့စဉ်က ၊ ၎င်းတို့ ပြသခဲ့သည့် အင်အားသည် အလွန်တရာမျှ ကြီးမားခဲ့သည်ဟု ဆိုရမည်။

ထို့ကြောင့် ယခုအခါ တားမြစ်စူးမိသားစုတွင် အနည်းငယ်မျှ လှုပ်ရှားမှုရှိရုံဖြင့် ၊ မျက်ကန်းတစ်ယောက်ကများ ဤကြောက်စရာကောင်းသော မိသားစုကို ထပ်မံစိန်ခေါ်ခဲ့လေသလားဟု သံသယရှိလာကြသည်။

“မဟုတ်သေးဘူး.... ဒါက တားမြစ်စူးမိသားစုရဲ့ မူလအမိန့်စာနဲ့ တူတယ် “

ရုတ်တရက် ၊ အမတစွမ်းအားရှင်တစ်ဦးက တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။

တားမြစ်စူးမိသားစုတည်ရှိရာ အာကာသကောင်းကင်သည် ကြောက်စရာကောင်းသော အင်အားတစ်ခု၏ ဖိညှစ်မှုကိုခံထားရသကဲ့သို့ ဖြစ်နေသည်။

မရေမတွက်နိုင်သော မဟာလမ်းစဉ်၏ အမှတ်အသားများ ပေါ်လွင်ထင်ရှားလာပြီး၊ အလင်းတန်းများ ထိုးဖောက်ဝင်ရောက်လာသည်။ ကြီးမားသော ဖိအားများသည် ကောင်းကင်ပြင်ကိုဖြတ်၍ စကြဝဠာအနှံ့ ပျံ့နှံ့ကာ ၊ ကာလအပိုင်းအခြားများကိုပင် ချိုးဖျက်နေသဟန်ရှိသည်။

ဟွမ်ကျီအမတနယ်မြေရှိ များစွာသော စွမ်းအားရှင်များနှင့် အင်အားစုများသည် ထိုမြင်ကွင်းကို စောင့်ကြည့်နေကြသည်။ ကြယ်ရောင်စုံသော အာကာသကောင်းကင်ကြီးသည် ဖြည်းညှင်းစွာ ကွဲအက်သွားပြီး ၊ ထိုအက်ကွဲကြောင်းမှတဆင့် တောက်ပသော အလင်းတန်းတစ်စင်း ထွက်ပေါ်လာကာ ယင်း၌အမိန့်စာတန်းကို ရေးထိုးထားသည်။

၎င်း၏မျက်နှာပြင်ပေါ်တွင် မဟာလမ်းစဉ်၏အမှတ်အသားများဖြင့် ပြည့်နှက်နေပြီး ၊ နတ်ဘုရားတစ်ဆူကဲ့သို့ ထင်ယောင်ထင်မှားဖြစ်စေသော ကြီးကျယ်ခမ်းနားသောရုပ်သဏ္ဍာန်တစ်ခုကို ပုံဖော်ထားသည်။

တဖိတ်ဖိတ်တောက်ပလျက် ၊ စကြဝဠာတစ်ခွင်လုံးကို တုန်လှုပ်စေသည့် နတ်ဘုရားစွမ်းအားများသည် ထိုအရာမှ ပျံ့နှံ့လာသဖြင့် ဟွမ်ကျီအမတနယ်မြေတစ်ခွင်လုံး အနည်းငယ် တုန်ခါသွားခဲ့ရသည်။

…….

အဆိုပါစွမ်းအင်သည် အာကာသတစ်ခွင်သို့ ဖြည်းညှင်းစွာ ပျံ့နှံ့သွားသည်နှင့်...

တားမြစ် အင်အားစုကြီး ကိုးဖွဲ့ ၊ တသီးတခြား အင်အားစုကြီး ၁၈ ဖွဲ့၏ ခေါင်းဆောင်များ နှင့် ရှေးအင်အားစုများမှ ပုဂ္ဂိုလ်တို့၏ မျက်လုံးများသည် ဖြည်းညှင်းစွာ ပွင့်လာသည်။

သူတို့အားလုံးသည် ဟွမ်ကျီအမတနယ်မြေရှိ တားမြစ်စူးမိသားစု၏ တည်နေရာကို ကြည့်လိုက်ကြသည်။

“ဒါက တားမြစ်စူးမိသားစုရဲ့ မူလအမိန့်စာမလား...”

“ မဟုတ်မှလွဲရော တားမြစ်စူးမိသားစုက နောက်ထပ် အရေးကြီးတဲ့ ကိစ္စတစ်ခုကို ကြေညာတော့မှာလား....”

မူလအမိန့်စာဟူသည်မှာ ထိပ်တန်းအင်အားစုတစ်ခု သို့မဟုတ် မျိုးနွယ်စုတစ်ခုသည် ၎င်းတို့၏ အနာဂတ်ဖြစ်စဉ်ကို သက်ရောက်မှုရှိစေမည့် အရေးကြီးကိစ္စတစ်ခုကို ဆောင်ရွက်တော့မည်ဖြစ်ကြောင်း ကြေညာလိုက်ခြင်းပင် ဖြစ်သည်။

ဤသည်ကို မူလအမိန့်စာဟု ခေါ်သည်။ ဘိုးဘေးများထံမှ အမိန့်တော်ကိုတောင်းခံကာ လောကကြီးတစ်ခုလုံးကို ကြေညာလိုက်ခြင်းပင် ဖြစ်သည်။

အမတနယ်မြေရှိ မရေမတွက်နိုင်သော အင်အားစုများ၏ အာရုံစူးစိုက်မှုအောက်တွင် ၊

ဝီ——!!

ရုတ်တရက်ပင် ၊ ရွှေအမိန့်စာချွန်တော်သည် ပို၍တောက်ပလာသည်။

ရွှေအမိန့်စာချွန်တော်ပေါ်ရှိ နတ်ဘုရားသခင်၏ ပုံရိပ်သည် အသက်ဝင်လာပုံရကာ ၊ သူ၏ဝတ်ရုံထည်သည် တဖျပ်ဖျပ် ခက်လျက် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

ဤအခိုက်အတန့်တွင်၊ တားမြစ်စူးမိသားစုကို ဗဟိုပြုလျက် ဟွမ်ကျီအမတနယ်မြေတစ်ခွင်တွင် လွင့်မျောနေသော နိယာမတရားများသည် ၎င်းနှင့်အတူ ပဲ့တင်ထပ်နေပုံရသည်။

ဤနတ်ဘုရားသခင်၏ ပုံရိပ်ကို မြင်လိုက်ရသည်နှင့် တပြိုင်နက် ၊ တားမြစ်စူးမိသားစုမှ အကြီးအကဲများနှင့် တပည့်များစွာသည် ထိုအနှီပုဂ္ဂိုလ်အား ရိုသေစွာဖြင့် ဦိးညွတ်ကန်တော့ခဲ့ကြသည်။ ၎င်းတို့မျက်နှာပေါ်ရှိ အမူအရာသည် လေးစားကြည်ညိုမှုများဖြင့် ပြည့်နှက်နေသည်။

ထို့နောက် သူတို့အားလုံးသည် ညီညာစွာ ဦိးညွှတ်လျက် ကြွေးကြော်လိုက်ကြသည်။

“ အဝေးဘိုးဘေးကို နှုတ်ခွန်းဆက်သပါတယ်”

ဤပုံရိပ်သည် တားမြစ်စူးမိသားစု၏ ပင်မသွေးကြော အဝေးဘိုးဘေး သုံးပါးထဲမှ တစ်ပါးဖြစ်သည့် ဝူလီ့အဝေးဘိုးဘေးပင်ဖြစ်သည်။

တားမြစ်စူးမိသားစု၏ ဖွဲ့စည်းပုံဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် ပြောင်းလဲမှုအားလုံးကို ပင်မသွေးကြောဖြစ်သည့် အဝေးဘိုးဘေးသုံးပါးစလုံးက ဦးစွာသိရှိကြသည်။

ဝူလီ့အဝေးဘိုးဘေး၏ စိတ်ဝိညာဉ် တစ်စိတ်တစ်ပိုင်းသည် ဤနေရာသို့ ဆင်းသက်လာသည့်နှင့်အလျောက် ၊ ဤအမတနယ်မြေတစ်ခုလုံးသည် ဝူလီ့အဝေးဘိုးဘေးမှ ဖြန့်ကျတ်လိုက်သော တန်ခိုးစွမ်းအားများကို ခံနိုင်ရည်မရှိပုံရကာ ပြင်းထန်စွာတုန်ခါသွားသည်။

တားမြစ်စူးမိသားစုရှိ အဝေးဘိုးဘေးသုံးပါးထဲမှ တစ်ပါးဖြစ်သည့် ဝူလီ့အဝေးဘိုးဘေးသည် အမတစိုးစံရာခေတ်ကာလကတည်းက အမတနယ်မြေ၏ အထက်လောကသို့ တတ်ရောက်သွားခဲ့ပြီး ၊ ယခုအခါတွင် သူ၏တန်ခိုးစွမ်းအားည် တိုင်းတာ၍မရနိုင်လောက်အောက်ပင် နက်ရှိုင်းသည်။

ဝူလီ့အဝေးဘိုးဘေးသည် စူးချန်ကဲ၏ တိုက်ရိုက်သွေးဆက် မဟုတ်သော်လည်း၊ စူးချန်ကဲနှင့်ပတ်သက်သော အကြောင်းအရာများကို သူအပြည့်အဝ သိရှိထားသည်။

“ကြည့်ရတာ... ဒီကလေးလေးက ယွမ်ဟုန် အဲ့အဘိုးကြီးရဲ့ မြေးလေးပဲ “

ယွမ်ဟုန်အဝေးဘိုးဘေးသည် စူးချန်ကဲ၏ အဖိုးဖြစ်ပြီး၊ အဝေးဘိုးဘေးသုံးပါးထဲတွင် စုပေါင်းစွမ်းရည် မြင့်မားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

ပဲ့တင်ထွက်ပေါ်လာသော ကြီးကျယ်ခမ်းနားသော နတ်ဘုရားအသံနှင့်အတူ ၊

အရာအားလုံးကို ထိုးထွင်းသိမြင်နိုင်သော အကြည့်တစ်ခုသည် သူ့အပေါ်သို့ ကျရောက်လာသည်ကို စူးချန်ကဲ ခံစားမိလိုက်သည်။

ဤအချက်က စူးချန်ကဲ၏ စိတ်နှလုံးသားကို လှုပ်ခတ်သွားစေခဲ့သည်။

စစ်မှန်အမတအဆင့်သို့ ရောက်ရှိပြီးနောက်တွင် ၊ သူ၏စိတ်ဝိညာဉ်စွမ်းအားသည် ယခင်ကမရှိခဲ့ဖူးသော တိုးတက်မှုကို ရရှိခဲ့သည်ဟု ဆိုနိုင်သည်။

အမတ ဧကရာဇ်မင်းကဲ့သို့သော စွမ်းအားရှင်တစ်ယောက်ပင်လျှင် သူ့ကို ထိုးထွင်းသိမြင်ရန် ခက်ခဲမည်ဟု သူ ယုံကြည်သည်။

သို့သော်ယခုအခါတွင် ၊ ဝူလီ့အဝေးဘိုးဘေး၏ အကြည့်တစ်ချက်သည် သူဝှက်ထားသော အရာအားလုံးကို ဖော်ထုတ်နိုင်မည်ဟု ခံစားရသည်။

သိပ်မကြာမီ ဝူလီ့အဝေးဘိုးဘေးသည် သူ၏အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်သည်။ ထို့နောက် အားရကျေနပ်သောလေသံဖြင့် ။

“မဆိုးဘူး အိမ်ပြန်ရောက်ရင်ကို အဆင်ပြေပြီ “

ဆင်းသက်မှုအချိန်ကာလကန့်သတ်ချက်ကြောင့်၊ ဝူလီ့အဝေးဘိုးဘေး၏ စိတ်ဝိညာဉ်သည် ကြာရှည်စွာမတည်ရှိနိုင်ပေ။

သူသည် အချိန်မဆွဲတော့ဘဲ သူ့လက်ကို ဆန့်ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ၊ ဤနေရာရှိ အဆုံးမရှိသော အမတလမ်းစဉ်ဆိုင်ရာ မှော်သင်္ကေတတို့သည် သူ၏လက်ညှိုးထိပ်သို့ စုဝေးရောက်ရှိလာကြသည်။

အမတစွမ်းအားကို မင်အဖြစ် ၊ အာကာသ ဟင်းလင်းပြင်းကို စက္ကူအဖြစ် အသုံးပြုကာ ရေးသားခဲ့သည်။

နက်နဲပြီးရှေးကျသော အက္ခရာစာလုံးများသည် တစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာပြီး ကောင်းကင်ပြင်တွင် မျောလွင့်လျက်ရှိသည်။

“သွား !”

ဝူလီ့အဝေးဘိုးဘေးသည် သူ၏လက်ညိုးဖြင့် ညွှန်ကြားလိုက်သည်နှင့် ၊ မူလက ကောင်းကင်ပြင်တွင် မျောလွင့်နေသော အက္ခရာစာလုံးများသည် အသက်သွင်းခံလိုက်ရပုံပေါ်ကာ စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

မကောင်းသောရည်ရွယ်ချက်ကို မခံစားရသဖြင့် စူးချန်ကဲသည် ပြန်လည်ခုခံခြင်း မရှိဘဲ ၎င်းအား သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ခွင့်ပြုလိုက်သည်။

ဤမဟာလမ်းစဉ် စွမ်းအင်သည် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့် ၊ နွေးထွေးသော စွမ်းအင်စီးကြောင်းသည် သူ၏ သွေးကြောတစ်လျှောက် ဖြည်းညှင်းစွာ စီးဆင်းလည်ပတ်နေသည်ကို ခံစားလိုက်ရသည်။

ထိုနည်းတူစွာ၊ စူးချန်ကဲသည် သူ၏ခန္ဓာကိုယ်ထဲ၌ ကြာမြင့်စွာအိပ်စက်နေခဲ့သော သွေးကြောသည် ဤအခိုက်အတန့်တွင် နိုးထလာသည်ဟု ခံစားလိုက်ရသည်။

အမှန်အားဖြင့် ၊ ဤအရာသည် စူးချန်ကဲ၏ ခန္ဓာကိုယ်အတွင်း၌ အိပ်စက်နေခဲ့သော တားမြစ်စူးမိသားစု၏သွေးကြောပင် ဖြစ်သည်။

စူးချန်ကဲအား လူသားလမ်းစဉ်သို့ ပြန်လည်ဝင်ရောက်သည့်အခါ တားမြစ် စူး မိသားစု၏ အကြောင်းအကျိုး ဆက်နွယ်မှုများမှ ပါဝင်ပတ်သက်ခြင်း မရှိစေရန်အတွက် အဝေးဘိုးဘေးသုံးပါးသည် ထိုအရာကို ချိတ်ပိတ်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင် စူးချန်ကဲ ပြန်ရောက်လာပြီဖြစ်သဖြင့် သူ၏အိပ်စက်နေသော သွေး‌ကြောကို နိုးထစေခဲ့ခြင်း ဖြစ်သည်။

ဤအရာအားလုံးကို ပြုလုပ်ပြီးနောက်တွင်၊ သူ၏အချိန်ကန့်သတ်ချက်ကြောင့် ဝူလီ့အဝေးဘိုးဘေး၏ အသွင်ပုံရိပ်သည် တဖြည်းဖြည်း ဝေဝါးလာခဲ့သည်။

သို့သော် သူ ပျောက်ကွယ်မသွားခင် ၊ ဝူလီ့အဝေးဘိုးဘေးသည် မဟာလမ်းစဉ်၏ ခေါင်းလောင်းသံအလား ထင်မှတ်ရသည့် အသံဖြင့် အမတနယ်မြေရှိ အရပ်ရှစ်မျက်နှာတစ်ခွင် လုံးကို ထုတ်ပြန်ကြေညာခဲ့သည်။

“ဒီနေ့၊ တားမြစ်စူးမိသားစုက အမတနယ်မြေတစ်ခုလုံးကို ကြေညာတယ်!”

“ ဒီအချိန်ကစပြီး စူးချန်ကဲက ငါတို့ တားမြစ်စူးမိသားစုရဲ့ ဆက်ခံသူ သခင်ငယ်ပဲ !”

“ ဆက်ခံသူ သခင်ငယ်ရဲ့ဆန္ဒက ငါတို့ တားမြစ်စူးမိသားစုရဲ့ ဆန္ဒပဲ !”

“ ငါ့တားမြစ် စူးမိသားစုရဲ့ သခင်ငယ် နောင်အခါ အမတနယ်မြေတစ်ခွင် လှည့်လည်သွားလာတဲ့အခါ အနိုင်ကျင့်ရဲသူ ဒါမှမဟုတ် ယုတ်ညံ့တဲ့အကြံအစည်ကို ပြုလုပ်ရဲသူ မည်သူကိုမဆို ...”

“ငါ့ တားမြစ်စူးမိသားစုက အဲ့လူရဲ့ ဆွေစဉ်မျိုးဆက် ကိုးဆက်စလုံးကို အပြီးတိုင် သုတ်သင်ပစ်မယ်!”

ထင်ရှားသည်မှာ၊ သူသည် ဤအခွင့်အရေးကို အသုံးချကာ စူးချန်ကဲအတွက် အခွင့်အာဏာတစ်ခုကို ထူထောင်ပေးခဲ့ခြင်း ဖြစ်နိုင်သည်။

နောင်တစ်ချိန်တွင် ၊ စူးချန်ကဲ မှ အမတနယ်မြေတစ်ခွင်လုံးကို လှည့်လည်သွားလာသည့်အချိန်၌ အဆင်ပြေချောမွေ့စေရန်အတွက် သူသည် လမ်းခင်းပေးခဲ့ခြင်း ဖြစ်ပေသည်။

အပိုင်း(၆၁၆): ကြောက်စရာကောင်းသော ခြိမ်းခြောက်မှု ၊ ကမ္ဘာဦိးအစ ( Part-1)

နတ်ဘုရား၏အမိန့်သံအတိုင်း ခမ်းနားထည်ဝါသော ကြေညာသံသည် အမတနယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။

ထိုအသံကို ကြားလိုက်ရသူတိုင်း ၊ တုန်လှုပ်ချောက်ချားသွားကြပြီး အံ့အားသင့်နေသော အကြည့်များဖြင့် မောကြည့်နေကြသည်။

တားမြစ်စူးမိသားစုဝင် ဖြစ်သော မဟာလမ်းစဉ် အထွတ်အထိပ်အဆင့်ရှိ အကြီးအကဲကိုယ်တိုင် အမတနယ်မြေတစ်ခုလုံးကို ထုတ်ပြန်ကြေညာခဲ့သည်။

ဒါတင်မက ၊ သူသည် အမတနယ်မြေတစ်ခုလုံးကိုပင် ခြိမ်းခြောက်ခဲ့သည်။ ၎င်း၏အပြုအမူသည် အာဏာရှင်ဆန်လွန်းသည်။

ထိုစကားများထွက်လာသည်နှင့် ၊

ဟွမ်ကျီအမတနယ်မြေ၌ တည်ရှိနေသော မရေမတွက်နိုင်သော အင်အားစုများ၏ ဘိုးဘွားပိုင်နယ်မြေများမှ ကြီးကျယ်ခမ်းနားသော နတ်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး အဆုံးတွင် အသွင်ပုံရိပ်များအဖြစ် ပြောင်းလဲသွားကြသည်။

“ ထိုက်ရှင်း အမတကုန်းမြေ ၊ ထျန်းယွမ်ရှေးမြို့တော် မှ ဆက်ခံသူသခင်ငယ် ထွက်ပေါ်လာခြင်းကို ဂုဏ်ပြုလိုက်ပါတယ် ၊ တားမြစ် စူးမိသားစု ထာဝရအဓွန့်ရှည် တည်တံ့ပါစေ ! “

“ ကူကွေ အမတကုန်းမြေ ၊ နေလနတ်ဘုရားဂိုဏ်းမှ ဆက်ခံသူသခင်ငယ် ထွက်ပေါ်လာခြင်းကို ဂုဏ်ပြုလိုက်ပါတယ် ၊ တားမြစ် စူးမိသားစု ထာဝရကြီးစိုးနိုင်ပါစေ !”

“ ထိုက်ရွှမ် အမတကုန်းမြေ ....”

ဤအခိုက်အတန့်တွင်၊ ဟွမ်ကျီအမတနယ်မြေအတွင်းရှိ ကုန်းမြေအသီးသီးမှ မရေမတွက်နိုင်သော အင်အားစုများသည် တားမြစ် စူးမိသားစုအား ဂုဏ်ပြုခဲ့ကြသည်။

၎င်းတို့အားလုံးသည် အမတကုန်းမြေအသီးသီးမှ ထိပ်တန်းအင်အားစုများဖြစ်ကြပြီး ၊ အထူးသဖြင့် တားမြစ် စူးမိသားစုနှင့် ဆက်စပ် အင်အားစုများ ဖြစ်ကြသည်။

“မြန်မြန် ! တားမြစ် စူးမိသားစုရဲ့ သခင်ငယ် ထွက်ပေါ်လာပြီတဲ့... ငါတို့ တိုင်းပြည်ရဲ့ ဘဏ္ဍာတိုက်ထဲက အကောင်းဆုံး ပစ္စည်းကို ရွေးယူလာခဲ့ ..ငါတို့တိုင်းပြည်ရဲ့ အကြီးအကဲတွေကိုယ်တိုင် အဖိုးတန်လက်ဆောင်တွေနဲ့အတူ သွားရောက်လည်ပတ်မယ်!”

“ အဖေ ! ခင်‌ဗျားလည်း အသက်ရှည်မှာမဟုတ်ဘူး ... ဒီထာဝရဂျင်ဆင်းကို တားမြစ် စူးမိသားစုရဲ့ သခင်ငယ်အတွက် နှုတ်ဆက်လက်ဆောင်အဖြစ် ယူသွားလိုက်မယ် “

“ ကျွန်တော်တို့ ရှန်ဟိုင်းမင်းဆက်သာ တားမြစ် စူးမိသားစုရဲ့ မျက်နှာသာပေးခြင်းခံရပြီး သူတို့ရဲ့ မိတ်ဖက်အင်အားစု ဖြစ်လာရင် ကျွန်တော်တို့ရဲ့ အနာဂတ်က အကန့်အသတ်မရှိ ဖြစ်လာလိမ့်မယ် “

“……”

ယခုအချိန်တွင် ၊ တားမြစ် စူးမိသားစုနှင့် ဆက်စပ်အင်အားစုများမှ ခေါင်းဆောင်များသည် သွားရောက်နှုတ်ဆက်ရန် တန်ဖိုးကြီးလက်ဆောင်များကို ပြင်ဆင်နေကြသည်။

တားမြစ် စူးမိသားစု၏ နှစ်သက်မှုကို မြှင့်တင်နိုင်မည့် ဤအခွင့်အရေးကို လက်လွှတ်အဆုံးရှုံးခံခြင်းသည် မိုက်မဲရာရောက်ပေသည်။

ထိုအမိန့်‌ကြေညာချက်အပြီးတွင် ၊ အမတနယ်မြေတစ်ခုလုံး ကမောက်ကမ ဖြစ်ခဲ့ရသည်။

ဤသည်မှာ တားမြစ် စူးမိသားစုသာလျှင် ချုပ်ကိုင်နိုင်သော အာဏာဖြစ်သည်။

တစ်ချိန်တည်းမှာပင်၊ မရေမတွက်နိုင်သော စွမ်းအားရှင်များသည် အကြိတ်အနယ် ဆွေးနွေးနေကြသည်။

“ဟမ်.. အဲ့ပုဂ္ဂိုလ်ကိုယ်တိုင် ကြေညာတာဆိုတော့ အမတနယ်မြေမှာ အပြောင်းအလဲဖြစ်လာတော့မယ်နဲ့ တူတယ် “

“ဒါနဲ့... စူးချန်ကဲက ဘယ်သူလဲ၊ တားမြစ် စူးမိသားစုမှာ ဒီလိုလူတစ်ယောက်ရှိတယ်လို့ ငါ ဘာလို့ မသိခဲ့တာလဲ”

“ မဟုတ်မှလွဲရော အောက်ကမ္ဘာကနေ တတ်လှမ်းလာတဲ့ အဲ့ပုဂ္ဂိုလ်လား “

“မဖြစ်နိုင်ဘူး “

စွမ်းအားရှင်တစ်ဦးက ကန့်ကွက်လိုက်သည်။

“တားမြစ် စူးမိသားစုလို မျိုးနွယ်စုကြီးက ရေရှည်စီမံကိန်းမရှိဘဲ လုပ်မှာမဟုတ်ဘူး ၊ အဲ့ဒီပုဂ္ဂိုလ်ကိုယ်တိုင် ဆင်းလာပြီး အမတနယ်မြေကို ခြိမ်းခြောက်ရတဲ့အထိပဲ “

“ငါ့အမြင်အရ၊ အဲ့ကောင်လေးက သိုဝှက်ထားတဲ့ နတ်ဆိုးတစ်ကောင်ပဲ ဖြစ်ရမယ်!”

“ဒါပေမဲ့...စူးချန်ကဲ အကြောင်းပြောရရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက တားမြစ် စူးမိသားစုရဲ့ အတုမရှိ ပါရမီရှင် စူးချန်ချင်ကို အမှတ်ရမိတယ် “

ထိုအနှီလူသည် သက်ပြင်းချလိုက်သည်။

ခေတ်ဟောင်းစွမ်းအားရှင်များသည် ယခင်က အမှတ်တရများကို ပြန်အမှတ်ရသကဲ့သို့ အပြန်အလှန် ပြောဆိုနေကြသည်။

စူးချန်ချင် မွေးဖွားလာချိန်၌ ၊ မိုးမြေကြား ပေါ်ပေါက်လာသော ရူပါရုံမြင်ကွင်းများသည် သမိုင်းတွင် တစ်ခါမျှမကြုံဖူးသော ဖြစ်စဉ်များပင် ဖြစ်သည်။

ယခုထိတိုင်၊ ထိုနှစ်ကဖြစ်စဉ်ကို မည်သူမျှ အမှီမလိုက်နိုင်သေးချေ။

“စူးချန်ချင်....? မင်းပြောတာက တားမြစ်စူးမိသားစုက ကျန့်ထျန်း အမတဧကရာဇ်မင်းရဲ့ သေဆုံးသွားတဲ့သားလား “

“ဟုတ်တယ်လေ! အသက် ၁၀ နှစ်နဲ့တင် ရွှေအမတအဆင့်ကို ဝင်ရောက်နိုင်တော့မယ့် ထူးချွန်တဲ့ပါရမီရှင်လေ”

“ အဲ့နှစ်က လူတိုင်း သူ့ပါရမီနဲ့ပတ်သတ်ပြီး ထင်ကြေးပေးကြတယ် ... မျိုးဆက်နှစ်ဆက် ကံကြမ္မာထက်တောင် သာလွန်နိုင်တယ်လို့ ဆိုကြတယ်....”

“ကံဆိုးတာက ရှေးကတည်းက ထူးချွန်တဲ့ပါရမီရှင်တွေဟာ ကောင်းကင်ဘုံရဲ့မနာလိုဝန်တိုမှုကို ခံကြရတယ်.... ပြောသံကြားတာတော့ နောက်ပိုင်းမှာ သူက ကြောက်စရာကောင်းတဲ့ ထိတ်လန့်မှုကြီးတစ်ခုကို ကြုံတွေ့ခဲ့ပြီး မဟာလမ်းစဉ်ရဲ့ တန်ပြန်သက်ရောက်မှုကို ခံခဲ့ရတယ် ၊ အဆုံးမှာတော့ ကြွေလွှင့်သွားခဲ့တယ်ဆိုပဲ “

“စူးချန်ချင်သာ မသေခဲ့ရင်၊ တားမြစ်စူးမိသားစုရဲ့ သခင်ငယ်ရာထူးကို ဆက်ခံမယ့်သူက သူပဲဖြစ်လိမ့်မယ်”

“……..”

လူတိုင်းက စိတ်ခံစားမှုအပြည့်ဖြင့် ပြောဆိုကြသည်။

သမိုင်းမှတ်တမ်းများအရ၊ တားမြစ်စူးမိသားစု၏ သခင်ငယ်ရာထူးကို ကျန့်ထျန်း အမတဧကရာဇ်မင်း ဖြစ်သော စူးရွှမ်၏သားအတွက် ချန်ထားခဲ့သည်။

သို့သော် စူးရွှမ်း၏သားသည် ထိတ်လန့်မှုကြီးတစ်ခုကို ကြုံတွေ့ခဲ့ရပြီး ထိုအချိန်မှစ၍ ပျောက်ကွယ်သွားခဲ့သည်။ ထိုကလေးသည် သေဆုံးသွားပြီဟူသော ကောလဟာလသတင်းများလည်း ထွက်ပေါ်လာခဲ့သည်။

ယခုအခါ စူးချန်ကဲဆိုသည့် အမည်သုံးလုံးကို ကြားလိုက်ရချိန်တွင် ၊ လူတိုင်းက စူးချန်ချင်၏အကြောင်းကို အလိုအလျောက် ပြန်တွေးနေမိသည်။

သို့သော်၊ သူတို့အားလုံးသည် တားမြစ်စူးမိသားစုမှ လူအိုကြီးများ၏ လှည့်စားခြင်းကိုခံခဲ့ရသည်။

အမှန်တွင် ၊ စူးချန်ချင်ဆိုသည်မှာ လူသားလမ်းစဉ်သို့ ပြန်လည်မဝင်ရောက်ခင်က ရှိခဲ့သော စူးချန်ကဲ၏အမည်ပင် ဖြစ်သည်။

……..

ထိတ်လန့်ဖွယ်ကောင်းသော မဟာလမ်းစဉ်၏ အကြောင်းအကျိုးများကို ရှောင်ရှားနိုင်ရန်အတွက်၊ အဝေးဘိုးဘေးသုံးပါးသည် လျို့ဝှက်အတတ်ဖြစ်သော ပြောင်းလဲအစားထိုးနည်းလမ်းဖြင့် အမတနယ်မြေ၏ သမိုင်းမှတ်တမ်းကို ပြောင်းပစ်လဲခဲ့ခြင်း ဖြစ်သည်။

သက်ရှိသတ္တဝါအားလုံးကိုသာမက၊ ဒေဝလောကကြီး တစ်ခွင်လုံး လှည့်စားခံလိုက်ရသည်။

သို့သော်၊ သံသယဟူသည် အမြဲရှိစမြဲသာ။

အခြားသော အမတနယ်မြေမှ အင်အားစုများစွာလည်း ကြီးကျယ်ခမ်းနားသော လက်ဆောင်များယူဆောင်လျက် တားမြစ်စူးမိသားစုအား လာရောက်ဂုဏ်ပြုရန် အသင့်ပြင်နေကြသည်။

လက်ရှိတွင် တားမြစ်စူးမိသားစု၏ ဂုဏ်သတင်းသည် အလွန်မြင့်မားပြီး၊ ဒါတင်မက ဆက်ခံမည့် သခင်ငယ်တစ်ပါး ထွက်ပေါ်လာပြီ ဖြစ်သောကြောင့် သူတို့သည် တားမြစ်စူးမိသားစုနှင့် မိတ်ဖွဲ့ရန် ဤအခွင့်အရေးကို သေချာဆုပ်ကိုင်လိုကြသည်။

……..

တစ်ချိန်တည်းမှာပင် ၊

ပရမ်းပတာ ကြယ်ပင်လယ်၌ ၊

အမတသခင်တရားစီရင်ရေးရုံးတော်၏ ခေါင်းဆောင်နှင့် အန္တိမတာအိုတရားစီရင်ရေးအဖွဲ့၏ ခေါင်းဆောင်တို့သည်လည်း ဝူလီ့အဝေးဘိုးဘေး၏ ကြေညာချက်ကို ကြားသိခဲ့သည်။

“စူးချန်ကဲ....? ဘာလို့ ဒီနာမည်ကို ဘယ်တုန်းကမှ မကြားဖူးရတာလဲ “

ထျန်းယွီ့ အမတဧကရာဇ်မင်းသည် အတွေးများစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

“တားမြစ်စူးမိသားစုရဲ့ သခင်ငယ်ရာထူးက သာမန်မဟုတ်ဘူး၊ ဒါဟာ နောက်မျိုးဆက်ကျရင် မိသားစုခေါင်းဆောင်ဖြစ်လာမယ့်သူပဲ ..ပြောရရင် တားမြစ်စူးမိသားစုတစ်ခုလုံးမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်တယ်”

“ ဒါပေမယ့် ဒီလိုအရေးကြီးတဲ့နေရာကို ဘာကြောင့်များ ဘယ်ကမှန်းမသိတဲ့ကလေးတစ်ယောက်ကို ပေးရတာလဲ”

ထျန်းယွီ့ အမတဧကရာဇ်မင်းမှာ ပဟေဠိဖြစ်နေသည်။

ယုတ္တိကျကျဆိုရလျှင်ဖြင့် ၊ တားမြစ်စူးမိသားစု၏ ဘက်စုံထူးချွန်သူ စူးယွင်ယွဲ့သည် အမတနယ်မြေတွင် အလွန်ကျော်ကြားသည်။

အမတနယ်မြေ၏ အဆင့်တစ်ထူးချွန်သူဖြစ်ပြီး၊ တတိယမျိုးဆက် ကံကြမ္မာဘွဲ့အတွက် ကိုယ်စားလှယ်လောင်းအဖြစ် ထင်ကြေးပေးခံထားရသည်။

သူမသည် အမျိုးသမီးဖြစ်သော်လည်း၊ သူမ၏ပါရမီသည် တားမြစ်စူးမိသားစု၏ စည်းမျဉ်းများကိုပင် ပြောင်းလဲပစ်စေနိုင်သည့်အထိ သန်မာလွန်းသည်။

“ဟားးး... ငါ့အမြင်အရတော့ တားမြစ်စူးမိသားစုက တမင်သက်သက် ဇာတ်လမ်းရိုက်နေတာပဲ “

ထိုအချိန်တွင် တောက်ခွင်း အမတဧကရာဇ်မင်းက မဲ့ပြုံးပြုံးကာ ဆိုလိုက်သည်။

“စူးယွင်ယွဲ့က အမတဧကရာဇ်မင်းအဆင့်ကို ချိုးဖျက်ဖို့နီးနေပြီဆိုတာ လူတိုင်းသိကြတယ်၊ တားမြစ်စူးမိသားစုကလူတွေ တစ်စုံတစ်ယောက်က မသမာမှုလုပ်မှာကို စိုးရိမ်နေတာ ဖြစ်မယ်”

“ဒါကြောင့် နာမည်မရှိတဲ့လူတစ်ယောက်ကို အသုံးချပြီး လှည့်စားနေတာဖြစ်နိုင်တယ်”

တောက်ခွင်း အမတဧကရာဇ်မင်း၏ အမြင်တွင်၊ တားမြစ်စူးမိသားစု၏ ဤလုပ်ရပ်သည် စူးယွင်ယွဲ့အတွက်သာ ဖြစ်သည်ဟု ယူဆထားသည်။

တားမြစ်စူးမိသားစုတွင် ထူးချွန်ထက်မြက်သော ပါရမီရှင်များစွာ ရှိသော်လည်း ၊ ၎င်းတို့အနက် အထူးချွန်ဆုံးနှင့် အသန်မာဆုံးမှာ စူးယွင်ယွဲ့ပင်ဖြစ်သည်။

ယခင်က၊ ထိုခေတ်ကာလ၏ ထူးချွန်သော ပါရမီရှင်အားလုံးကို ခေါင်းမမော့နိုင်အောင် နှိပ်ကွပ်ထားနိုင်ခဲ့ရုံသာမက ၊

တားမြစ်စူးမိသားစု၏ အထူးချွန်ဆုံး ပါရမီရှင်များပင်လျှင် သူမ၏ရှေ့မှောက်တွင် အရောင်မှိန်သွားရသည့်အထိ ဖြစ်ခဲ့ရသည်။ ယခုတွင်မူ၊ သူမသည် အင်အားစုများစွာ၏ ပစ်မှတ်တစ်ခုအဖြစ် တိတ်တဆိတ် စောင့်ကြည့်ခံထားရသည်။

ထိုကဲ့သို့သော ထူးချွန်ထက်မြက်သော ပုဂ္ဂိုလ်ကို အသုံးမပြုဘဲ ၊ ဘယ်ကမှန်းမသိသည့် စူးချန်ကဲဆိုသူကို မျိုးနွယ်စု၏ ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့သည်။

သူတို့သာမက၊ အခြားသော အင်အားစုအဖွဲ့ဝင်များသည်လည်း ဤအရာအတွက် ထူးဆန်းနေကြသည်။

အဲ့လောက်ထိ သိချင်နေကြရင်လည်း သွားပြီး စုံစမ်းလိုက်ပါ့လား ...

ဤမေးခွန်းသည် တားမြစ်စူးမိသားစုအကြောင်း နားမလည်သူများသာ မေးလေ့ရှိမည့် မိုက်မဲသော မေးခွန်းတစ်ခုသာပင်။

လက်ရှိခေတ်၏ အမတနယ်မြေရှိ တားမြစ် အင်အားစုကိုးဖွဲ့အနက်မှ တစ်ဖွဲ့ဖြစ်သည့် စူးမိသားစုအကြောင်းကို မည်သူကများ မကြောက်မဝံ့ သွားရောက်စုံစမ်းရဲမည်နည်း။

အကယ်၍ မတော်တဆ စူးမိသားစု၏ အမျက်ဒေါသကို နှိုးဆွမိခဲ့လျှင်ဖြင့် ....

ဥပမာအားဖြင့်၊ ၎င်းတို့သည် ယခင်က စုံစမ်းစစ်ဆေးရန် တိုက်မြေ သုံးထောင်သို့ စေလွှတ်ခဲ့သော စစ်မှန်အမတများသည် စူးယွင်ယွဲ့ နှင့် ပဋိပက္ခဖြစ်ခဲ့သည်။ ရလဒ်အနေဖြင့် ၊ စူးယွင်ယွဲ့ သည် သူတို့ကို သတ်ဖြတ်ပစ်ခဲ့သည်။

လက်ရှိအချိန်ထိ ၊ သူတို့သည် ဤအကြောင်းနှင့်ပတ်သတ်၍ စကားမဟဝံ့ပေ။

ဒါဆို မေးစရာရှိတာက ၊ အကြောင်းရင်းကို စုံစမ်းဖို့ မကြိုးစားခဲ့ဖူးလား ?

ကြိုးစားခဲ့တယ်လေ ...အဲ့ဒီအမတဘုရင်က သူတို့စေလွှတ်လိုက်တဲ့ လူပဲလေ....ဒါပေမဲ့ ဘာထူးတုန်း ၊ ဘာသတင်းမှ မရတဲ့အပြင် ဖင်ပိတ်ပြေးလာရတယ်လေ !

အပိုင်း(၆၁၆): ကြောက်စရာကောင်းသော ခြိမ်းခြောက်မှု ၊ ကမ္ဘာဦိးအစ ( Part-2)

မည်သို့ပင်ဖြစ်စေ ၊ စစ်မှန်အမတအနည်းငယ်ကို ဆုံးရှုံးလိုက်ရခြင်းသည် သူတို့အတွက် ကြီးမားသော ကိစ္စတစ်ခုမဟုတ်သော်လည်း၊ ထိုကိစ္စကြောင့် တားမြစ်စူးမိသားစုနှင့် ထိပ်တိုက်တွေ့ဆုံပါက ၊

ထိုမှသာလျှင် မိုက်မဲသော ရွေးချယ်မှုတစ်ခု ဖြစ်ပေလိမ့်မည်။

“ဒါပေမဲ့ တားမြစ်စူးမိသားစုက စူးချန်ကဲ ဆိုတဲ့လူငယ်ကို သခင်ငယ်အဖြစ် ခန့်အပ်လိုက်ရုံတင်မကဘူး ၊ နောင်မှာလည်း အမတနယ်မြေတစ်ခွင် လှည့်လည်သွားလာဦးမယ်ဆိုပဲ “

ထျန်းယွီ့ အမတဧကရာဇ်မင်းက ရယ်မောလိုက်သည်။

“နောင်ကြရင် ငါတို့ အင်အားစုက မျိုးဆက်သစ် လူငယ်တွေနဲ့ ထိပ်တိုက်တွေ့ဆုံရမယ့် ကိစ္စတွေ ဖြစ်လာဦးမှာ သေချာသလောက်ပဲ ၊ သူ့ရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်ကြည့်ဖို့ အခွင့်ကောင်းတစ်ခုလည်း ဖြစ်လာလိမ့်မယ် “

“တားမြစ် စူးမိသားစုရဲ့ သခင်ငယ်လေးက ဘတ်စုံထူးချွန်သူတစ်ယောက်ဖြစ်ဖို့ မျှော်လင့်ရမှာပဲ”

တောက်ခွင်း အမတဧကရာဇ်မင်းက ထောက်ခံပြောကြားလိုက်သည်။

“ ဟားး.... တကယ်လို့ သူ့ရဲ့ဘွဲ့အမည်နဲ့ မထိုက်တန်ရင် ၊ ဒါဆို လူအများရဲ့ ပြက်ရယ်ပြုခြင်းကိုခံရလိမ့်မယ် “

ယခုအခါတွင် နယ်မြေနှစ်ခုလုံး အပြီးတိုင် ဆက်သွယ်သွားပြီဖြစ်သဖြင့် ၊ အမတနယ်မြေ၏ နိယာမတရားများသည်လည်း အကြီးအကျယ် ပြန်လည်နိုးထလာပေတော့မည်။

ယခင်က အတုမရှိသော အမတဂိုဏ်း(၃၆)ဂိုဏ်း ၊ ပြိုင်ဘက်ကင်းသော ကောင်းကင်ဂူ (၇၂) ဖွဲ့၏ အကြွင်းအကျန်များသည်လည်း လူကြားထဲသို့ ထွက်ပေါ်လာပေ‌တော့မည်။

လက်ရှိအမတနယ်မြေအရ ၊ ဤအင်အားစုများထဲမှ မည်သည့်အဖွဲ့အစည်းကိုမဆို တားမြစ်အင်အားစုအဖြစ် သတ်မှတ်နိုင်သည်။

ထို့အပြင် သူတို့ ခန့်မှန်းထားသည်မှာ တစ်ချိန်က တည်ရှိခဲ့ဖူးသော ကမ္ဘာဦိးအစ၏ ထိုက်ချူးလျို့ဝှက်နယ်မြေများသည်လည်း ဤခေတ်ကာလတွင် ပေါ်ထွန်းလာနိုင်သည်ဟု ယူဆထားသည်။

ထိုနယ်မြေများအတွင်းရှိ အခွင့်ထူးများသည် ကမ္ဘာဦိးအစ၏လျှို့ဝှက်ချက်များ ပါဝင်နေသည်။

ရှေးမှတ်တမ်းစာအုပ်တွင် ၊ အမတနယ်မြေ၏ သမိုင်းကို ဤကဲ့သို့အတိုချုံး မှတ်တမ်းတင်ထားသည်။

【 ကမ္ဘာဦိးအစ : ရင်းမြစ်ချိုးဖျက်တိုက်ပွဲကြီး ၊ ခေတ်ကာလ လွန်စွာရှေးကျသဖြင့် အချက်အလက်အတိအကျ မသိနိုင်ပေ 】

【 ရင်းမြစ်ချိုးဖျက်တိုက်ပွဲကြီး : ဤစစ်ပွဲအပြီးတွင် အမတနယ်မြေ ကိုးခု စတင်ပေါ်ပေါက်လာခဲ့သည်။ ဤခေတ်ကာလသည်လည်း လွန်စွာရှေးကျသဖြင့် အချက်အလက်အတိအကျ မသိနိုင်ပေ 】

【 အမတစိုးစံရာခေတ် : အမတနယ်မြေ၏ အစည်ကားဆုံးခေတ်ဖြစ်သည်။ အလုံးစုံသော လမ်းစဉ်များ ထွန်းကားရာ ၊ အမတဧကရာဇ်နယ်ပယ်အဆင့်ထက် သာလွန်သော စွမ်းအားရှင်များ ပေါ်ထွန်းခဲ့သော ခေတ်ကာလဖြစ်သည်】

【 အဆုံးမဲ့ကပ်ဘေး : အစည်ကား‌ဆုံးခေတ်ကာလနှင့် ဆန့်ကျင်ဘက်ကာလဖြစ်ပြီး ၊ အုပ်စိုးရှင် အင်အားစု ၁၂ဖွဲ့ ၊ အတုမရှိသော အမတဂိုဏ်းကြီး ၃၆ ဂိုဏ်း ၊ ပြိုင်ဘက်ကင်း ကောင်းကင်ဂူ(၇၂)ခုတို့ကြား အကြီးအကျယ် စစ်မက်ဖြစ်ပွားခဲ့ကြသည်။ ဒေဝလောကတစ်ခွင်လုံး အပျက်အစီးများဖြင့် ပြည့်နှက်နေပြီး ကံအကျိုးဆက်များ ဖြစ်ပေါ်လာခဲ့သည် 】

【 ကမ္ဘာ့ကပ်ဘေး စစ်ပွဲကြီး: ကံအကျိုးဆက်၏ တန်ပြန်မှုကိုခံစားကြရသော ခေတ်ကာလဖြစ်ခဲ့ပြီး ၊ အမှောင်ထုကြီး နိုးထလာခဲ့သည်။ အမှောင်ထု မူလရင်းမြစ်ကမ္ဘာ ပေါ်ပေါက်လာခဲ့ပြီး အမှောင်ထု တားမြစ်အင်အားစုကြီး (၁၀) ဖွဲ့ ဆင်းသက်လာခဲ့သည်။ ထို့နောက်တွင် ကံအကျိုးဆက်ကြောင့် ဒေဝလောကကြီးတစ်ခုလုံး အင်အားနည်းနေချိန်ကို အခွင့်ကောင်းယူ၍ အမှောင်တပ်များ ချီတက်တိုက်ခိုက်ခဲ့သည် 】

【 အမတကျဆုံးခေတ် ( တရားဓမ္မအဆုံးသတ်ခေတ် ) : ဒေဝလောကတစ်ခွင်လုံး ယိုယွင်းပျက်စီးလျက် သက်ရှိအပေါင်းတို့ ငိုကြွေးရသည် ။ အမှောင်ထု၏ တိုက်စားမှုကိုခံခဲ့ရကာ သို့မဟုတ် ကြောက်မက်ဖွယ်ရာ စစ်ပွဲကြီးအတွင်း နစ်မြုပ်ကာ ပျောက်ကွယ်သွားခဲ့ကြသည် 】

【 ဒေဝလောက ပြန်လည်စတင်ရာခေတ် (လက်ရှိခေတ်) : အချိုးအကွေ့အသစ်တစ်ခုသို့ ရောက်ရှိလာမည့် ခေတ်ကာလဖြစ်သည်။ အခွင့်အလမ်းများနှင့် ဘေးအန္တရာယ်များသည် အတူတကွ ပေါ်ပေါက်လာမည်ဖြစ်ပြီး ၊ မဟာလမ်းစဉ်၏ အထွတ်အထိပ် ပုဂ္ဂိုလ်များ နှင့် ထိပ်တန်းပါရမီရှင်များ ပေါ်ထွန်းကာ ကမ္ဘာကြီးကို ကယ်တင်ရန် ကြိုးစားပေလိမ့်မည် 】

ဤသည်မှာ ၎င်းတို့နားလည်ထားသော အမတနယ်မြေ၏ သမိုင်းဖြစ်စဉ် ဖြစ်သည်။

ရင်းမြစ်ချိုးဖျက်တိုက်ပွဲကြီး အပြီးတွင် ၊ အမတနယ်မြေ ကိုးခု ဟူ၍ စတင်ပေါ်ပေါက်လာခဲ့သည်။

ထိုအချိန်မတိုင်မီက ခေတ်ကိုမူ ၊ ကမ္ဘာဦးအစခေတ် (သို့) ကမ္ဘာကြီး ဖွင့်လှစ်ရာခေတ် ဟုခေါ်ဆိုသည်။

ထိုခေတ်က ကံကြမ္မာအခွင့်အလမ်းများကို သူတို့သည်ပင် မနာလိုအားကျရသည့်အထိ ဖြစ်ရသည်။

ထို့အပြင် အမတဧကရာဇ် နယ်ပယ်အဆင့်ထက် သာလွန်သောအဆင့်ကို တတ်လှမ်းရန် နည်းလမ်းနှစ်ခုသာ ရှိသည်။

ပထမနည်းလမ်းမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် အားထုတ်ခြင်းဖြင့် မဟာလမ်းစဉ်၏ မူလဇာစ်မြစ် နှင့် သင်၏ စစ်မှန်သောအတ္တကို နားလည်သဘောပေါက်ကာ ၊ အဆုံးတွင် မိမိကိုယ်ကို ချုပ်လှောင်မှုများကို ချိုးဖျက်ပစ်ရမည်။

ဒုတိယနည်းလမ်းမှာ ဤနည်းသည် ကံတရားပေါ်မူတည်သည် ။ ကံကို အားကိုး၍ ကမ္ဘာဦးအစ၏ ထိုက်ချူးလျို့ဝှက်နယ်မြေကို ရှာ‌ဖွေခြင်းဖြင့် အန္တိမနတ်ဘုရားအတတ်ကို ဆက်ခံရယူကာ အမတဧကရာဇ် နယ်ပယ်အဆင့်ထက် သာလွန်သော အဆင့်ကို တစ်ရှိန်ထိုး တတ်လှမ်းနိုင်သည်။

သို့ရာတွင် ၊

ထိုက်ချူးအကြွင်းအကျန်များသည် အလွန်ပင်အန္တရာယ်များပြီး ၊ အမတဧကရာဇ်မင်းအဆင့်အောက်က မည်သူမဆို ဝင်ရောက်သွားပါက ၊ အသက်‌ဆုံးရှုံးရမည်မှာ မုချဧကန်ပင်။

ထို့ကြောင့် ၎င်းတို့ခေါင်းဆောင်နှစ်ဦးသည် ဤအကြောင်းနှင့်ပတ်သတ်၍ အလွန်အမင်း မစဉ်းစားချေ။

ယခုအခါတွင် ဒေဝလောကကြီးတစ်ခုလုံး ပြန်လည်စတင်နေပြီ ဖြစ်ပြီး ၊ လက်ရှိခေတ်သည် မျိုးဆက်သစ်တို့၏ ခေတ်လည်း ဖြစ်သည်။

မကြာမီကာလအတွင်း ၊ အမတနယ်မြေ၏ ခေတ်ပြိုင် လူငယ်မျိုးဆက်သစ်များသည် လောကကြီးထဲတွင် ပြန်လည် ပေါ်ထွက်လာပေတော့မည်။

အကြောင်းမှာ နောက်ထပ်ကပ်ဘေးကြီး မဆိုက်ရောက်မီ ၊ သူတို့ကို ပို၍ သန်မာလာစေမည့် အခွင့်အရေးများကို ရရှိလာနိုင်သောကြောင့် ဖြစ်သည်။

နောင်တစ်ချိန်တွင် အမှောင်ထုသည် ပြန်လည်နိုးကြားထမြောက်လာမည်ဖြစ်ပြီး ၊ အဆုံးမဲ့ကပ်ဘေးကြီး ကဲ့သို့သော ထိတ်လန့်ဖွယ်ရာ ကပ်ဘေးဆိုးကြီးများ ပေါ်ပေါက်လာဦးမည် ဖြစ်သည်။

“ ဒါပေမဲ့ ဒီလိုကာလမှာတောင် တားမြစ် စူးမိသားစုကလူတွေ ဟန်ဆောင်နိုင်သေးတယ်”

တောက်ခွင်း အမတဧကရာဇ်မင်းသည် အေးစက်စွာဖြင့် ဆိုလိုက်သည်။

“ သခင်ငယ်အဆင့်လောက်နဲ့ ၊ အမတနယ်မြေတစ်ခွင်လုံးကို ကြေညာပြနေတာ ၊ အမတနယ်မြေတစ်ခုလုံးက သူတို့ စူးမိသားစုအပိုင်လို့ ထင်နေကြသလား !”

၎င်း၏ မကျေနပ်သံကို ကြားလိုက်ရသော ထျန်းယွီ့ အမတဧကရာဇ်မင်းသည် ကူကယ်ရာမဲ့စွာ ပြုံးရယ်လိုက်သည်။ ဤ’ အာကျယ်ဘုရင်’ အကြောင်းနှင့်ပတ်သတ်၍ သူ အသိဆုံးဖြစ်သည်။

သူတို့အားလုံးသည် တားမြစ် စူးမိသားစုအပေါ် မကျေနပ်ချက်များ ရှိသော်လည်း ၊ ယခုအချိန်တွင် ၎င်းတို့နှင့် ထိပ်တိုက်တွေ့ဆုံမည်‌ဆိုပါက ၊ မည်သည့်အကျိုးကျေးဇူးမှ ရနိုင်မည်မဟုတ်။

သို့ဖြစ်၍ ၊ အခြားသော နည်းလမ်းများမှတဆင့် ဖြေရှင်းရပေလိမ့်မည်။ ဥပမာအားဖြင့် လူငယ်မျိုးဆက်သစ်များကြားက အားပြိုင်မှုကဲ့သို့ပင်။

သို့မဟုတ် အခြားသော အုပ်စိုးရှင် အင်အားစုများ ဆင်းသက်ရောက်ရှိလာပြီး၊ နတ်ဘုရားတရားစီရင်ရေးအဖွဲ့နှင့် ပူးပေါင်းကာ တားမြစ် စူးမိသားစုအား ဖိအားပေးလာမည့် အချိန်ကို စောင့်ဆိုင်ရလိမ့်မည်။

“စိတ်မပူနဲ့ ၊ လျို့ဝှက်အင်အားစုတွေ ပေါ်ပေါက်လာတာနဲ့ အုပ်စိုးရှင် အင်အားစုတွေ ပြန်လည်ဆင်းသက်လာလိမ့်မယ် ၊ သူတို့ခေတ် မကြာတော့ပါဘူး “

ထျန်းယွီ့ အမတ ဧကရာဇ်မင်းက ပြုံးရယ်ကာ ဆိုလိုက်သည်။

“ အဲ့တာထက် ငါတို့ လက်ရှိမှာ လူငယ်မျိုးဆက်သစ်တွေရဲ့ ကိစ္စကို ဦးစားပေးလုပ်ရလိမ့်မယ်”

“ ဒေဝလောက ပြန်လည်စတင်ရာခေတ်ကြီးထဲမှာ တားမြစ် စူးမိသားစု နဲ့ ကွေးယွမ်အမတဂိုဏ်းက လူအိုကြီးတွေလက်ထဲ ထည့်လိုက်လို့မဖြစ်ဘူး”

သို့သော် ၊ ထျန်းယွီ့ အမတ ဧကရာဇ်မင်းတွင် စိတ်မတင်မကျမေးခွန်းတစ်ခု ရှိနေခဲ့သည်။

အင်အားစုကြီးသုံးဖွဲ့သည် တိုက်မြေသုံးထောင်သို့ ကြိုဆိုရေးသင်္ဘောများစေလွှတ်ခဲ့ကြပြီး ၊ အမတနယ်မြေသို့ ပြိုင်တူရောက်ရှိလာကြသည်။

ဤအချက်က ထျန်းယွီ့ အမတ ဧကရာဇ်မင်းကို ပဟေဠိဖြစ်စေခဲ့သည်။ ဤအင်အားစုကြီး သုံးဖွဲ့သည် လူတစ်ဦးတည်းကိုပင် ခေါ်ဆောင်ရန် သွားခဲ့လေသလော။

“မဖြစ်နိုင်ဘူး...”

ထျန်းယွီ့ အမတ ဧကရာဇ်မင်းသည် ဤလက်တွေ့မကျသော အတွေးကို ဖျောက်ဖျက်လိုက်သည်။

“တားမြစ် အင်အားစုသုံးဖွဲ့ရဲ့ ဆက်ခံသူ... ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?!”

စူးချန်ကဲသာ စူးချန်ချင်ဆိုရင်တော့ ၊ ဒါ ပိုလိုတောင် အဓိပ္ပာယ်မရှိတော့ဘူး!

……

အပိုင်း(၆၁၇): စူးမိသားစု၏မျိုးဆက်သစ် လူငယ်ပြိုင်ပွဲ ၊ စူးဝူရှန်း?

တစ်ချိန်တည်းမှာပင်။

တားမြစ် စူးမိသားစု၏ ကြေညာချက်အပြီးတွင်၊

အမတနယ်မြေ၌ လှုပ်လှုပ်ရှားရှားဖြစ်လို့နေ၏။

လူတိုင်း စူးချန်ကဲနှင့်ပတ်သတ်၍ သိချင်နေကြသည်။

သို့သော်လည်း ၊ မည်သူမှ မစုံစမ်းဝံ့ပေ။

တဖက်လူသည် တားမြစ် စူးမိသားစု၏ ဆက်ခံသူ သခင်ငယ်လေးဖြစ်သည်။ အကယ်၍ သတိမမူဘဲ စုံစမ်းမိပါက ၊ ၎င်း၏နှစ်သက်မှုကို ဆုံးရှုံးရနိုင်သည်။

နောင်တစ်ချိန်တွင် စူးချန်ကဲ၏အမည်ဂုဏ်သတင်း ကျော်ကြားလာသည်နှင့်အမျှ ၊ သူတို့သည်လည်း စူးချန်ကဲနှင့်ပတ်သတ်သော သတင်းများကို သိလာရပေလိမ့်မည်။

ထို့အပြင် အရေးအကြီးဆုံးအနေဖြင့် ၊ အင်အားစုအသီးသီးမှ မျိုးဆက်သစ်လူငယ်များသည် အမတနယ်မြေတွင် လှည့်လည်သွားလာရန် ကြိုတင်ပြင်ဆင်နေကြပြီ ဖြစ်သည်။

……..

အကြောင်းမှာ စူးချန်ကဲအား တားမြစ် စူးမိသားစု၏ သခင်ငယ်အဖြစ် ထုတ်ပြန်ခဲ့သော ဝူလီ့အဝေးဘိုးဘေး၏ ကြေညာချက်ကြောင့်၊

ယခုအခါတွင် တားမြစ် စူးမိသားစုအိမ်တော်၌ အလွန်စည်ကားလျက်ရှိသည်။

တားမြစ် စူးမိသားစု၏ လက်အောက်ခံ အင်အားစုများမှ အကြီးအကဲများစွာသည် လက်ဆောင်ပစ္စည်းများနှင့်အတူ လာရောက်ဂါရဝပြုကြသည်။

“သုံယွမ်အမတကုန်းမြေ၊ ဝူးမျိုးနွယ်စုမှ အဆင့်ကိုးဆင့် ကျောက်ဟွဆေးလုံး အလုံးတစ်ရာကို တားမြစ် စူးမိသားစုရဲ့ သခင်ငယ်အတွက် ဂုဏ်ပြုလက်ဆောင် အဖြစ် ဆက်သပါတယ် !”

“ကျုံရှောင်အမတကုန်းမြေ၊ ရှောင်းမျိုးနွယ်စုမှ အမတလက်နက် ကောင်းကင်ဘုံသလင်းပြသာဒ်ကို တားမြစ် စူးမိသားစုရဲ့ သခင်ငယ်အတွက် ဂုဏ်ပြုလက်ဆောင်အဖြစ် ဆက်သပါတယ် !”

“ ထျန်းပေါင် အမတကုန်းမြေ၊ ယဲ့မျိုးနွယ်စုမှ.....”

………

တားမြစ် စူးမိသားစုမှ ဧည့်သည်များကို တရားဝင် ဖိတ်ကြားခြင်းမရှိသော်လည်း ၊ မရေမတွက်နိုင်သော အင်အားစုများမှ အကြီးအကဲများသည် လက်ဆောင်ပစ္စည်းများနှင့်အတူ လာရောက်ဂုဏ်ပြုကြခြင်း ဖြစ်သည်။

သို့ရာတွင် တားမြစ် စူးမိသားစုအနေဖြင့် ၎င်းတို့အတွက် ဧည့်ခံကြိုဆိုရန် အချိန်မပေးနိုင်ပေ။

ထို့ကြောင့် လက်ဆောင်များကိုသာ ချန်ထားစေသည်။

အဘယ့်ကြောင့်ဆိုသော် ဤနှစ်ပေါင်းများစွာ ကာလအတွင်း ၊ သူတို့သည် အမတနယ်မြေ၏ မြှောင်ပင့်ပြောဆိုမှုများကို နားမခံနိုင်လောက်အောင်ပင် ကြားခဲ့ရပြီးပြီ ဖြစ်သည်။

ဟွမ်ကျီအမတမြို့တော်အတွင်း၌။

ကောင်းကင်ယံထက်တွင် မရေမတွက်နိုင်သော အလင်းတန်းများ ဖြတ်သန်းသွားလာလျက် ရှိသည်။

ယင်း၌ ၊ တားမြစ် စူးမိသားစုဝင်များနှင့် အခြားပင်မသွေးကြော နှစ်ခုမှ အကြီးအကဲများလည်း ပါဝင်သည်။

ထိုသူများ စုဝေးလာခြင်းနှင့်အတူ ၊ ဤနေရာတွင် ကြီးမားသော စွမ်းအားဖိနှိပ်မှုများ ဖြစ်လာကာ တုန်လှုပ်မြည်ဟည်းသံများ ဖြစ်ပေါ်လျက်ရှိသည်။

၎င်းတို့အနက် ၊ အနိမ့်ဆုံးအဆင့်ရှိသူမှာ စစ်မှန်အမတများ ဖြစ်ပြီး ကောင်းကင်အမတနှင့် ရွှေအမတများလည်း မရေမတွက်နိုင်အောင် ရှိသည်။

ဤမျှကြီးမားသော မျိုးနွယ်စုကြီး ဖြစ်ပေရာ ၊ ၎င်းတို့မှ ခြေတစ်ချက်လှုပ်ခါရုံဖြင့် အမတနယ်မြေတစ်ခုလုံး လှုပ်ခါသွားမည်ကို စိုးရသည်။

တားမြစ် စူးမိသားစုသည် ဧည့်သည်များကို တရားဝင် မဖိတ်ကြားထားသော်လည်း ၊ ယခုလို လာရောက်နေကြခြင်းမှာ မဆန်းတော့ပေ။

အဘယ့်ကြောင့်ဆိုသော် ဤမျှအင်အားကြီးမားသော မျိုးနွယ်စုကြီး၏ မျက်နှာသာပေးမှုကို ရရှိခဲ့ပါက ၊ သူတို့၏ နောက်ကွယ်က ဂိုဏ်းအဖွဲ့အစည်းများနှင့် မိသားစုများသည် ထာဝရရပ်တည်နိုင်ပေတော့မည်။

တားမြစ် စူးမိသားစုတစ်ခုလုံးတွင် ၊ သာမန်မိသားစုဝင်များသည်ပင် တိုက်မြေ သုံးထောင်၌ ဧကရာဇ်နယ်ပယ်အဆင့်ရှိသော စွမ်းအားရှင်များ ဖြစ်ကြသည်။

သေချာပေါက် ကံကြမ္မာကို လက်ခံခြင်းဖြင့် အောင်မြင်လာသော ဧကရာဇ်မင်းများကိုတော့ ယှဉ်ပြိုင်နိုင်မည် မဟုတ် ၊ သာမန်လူသားဧကရာဇ်များနှင့်သာ ယှဉ်နိုင်သည်။

ထို့အပြင် ၎င်းတို့သည် ဟွမ်ကျီးအမတမြို့တော်သို့ သွားရောက်ခွင့် မရှိပေ။ အကြောင်းမှာ နေရာအကန့်အသတ်ရှိသောကြောင့်၊ ဤသာမန်မိသားစုဝင်များသည် အဝေးကနေသာ ကြည့်ရှုနိုင်သည်။

“ဒါက ငါတို့ တားမြစ်စူးမိသားစုရဲ့ သခင်ငယ်တဲ့လား.... အရမ်းချောတာပဲ!”

“ သခင်လေးက အတုမရှိတဲ့ ပြိုင်ဘက်ကင်း ရုပ်ရည်ကို ပိုင်ဆိုင်ထားတာပဲ !”

“ သခင်ငယ်လေးက ခုမှပြန်ရောက်တာဆိုတော့ သူ့ရဲ့ နေ့စဉ်ဘဝမှာ ကူညီစောင့်ရှောက်ပေးမယ့် အစေခံမိန်းကလေးများ လိုအပ်နေမလားနော်”

“ ညီအစ်မတို့ ! ငါဆိုရင်ရော ဘယ်လိုလဲ ...ငါ့ခန္ဓာကိုယ်နဲ့ဆို ယုံကြည်ချက်အပြည့်ပဲ ! မျိုးနွယ်စုထဲမှာ ငါက ရှားရှားပါးပါး 36E လေ!”

( T/N - သိချင်မှာဆိုးလို့ တစ်ခါတည်းဖြေပေးတာ 36E (ရင်ဆိုဒ်အကြီးဆုံး) )

“…….”

စူးချန်ကဲကို မြင်လိုက်ရချိန်၌ ၊ တားမြစ် စူးမိသားစုမှ အမျိုးသမီးကျင့်ကြံသူများ၏ မျက်လုံးများသည် တောက်ပလာကြသည်။

ဒါဟာလည်း သူမတို့၏အပြစ်ဟု ဆိုလို့မရချေ။ စူးချန်ကဲ၏ လှုပ်ရှားမှုတိုင်းက ဂုဏ်သိက္ခာရှိကာ လူကိုဆွဲဆောင်နိုင်လွန်းသည်။

အထူးသဖြင့် သူ၏ခန္ဓာကိုယ်မှ ဖြာထွက်နေသော မွှေးရနံ့သည် လူ၏ စိတ်နှလုံးကို ကြည်နူးစေပြီး၊ အကြည့်မလွှဲနိုင်လောက်အောင်ပင် ဆွဲဆောင်မှု ရှိသည်။

ဒါဟာလည်း သဘာဝကျပေသည်။ စူးချန်ကဲသည် ယခင်က သူတော်စင်ခန္ဓာကိုယ် အုပ်စိုးရှင်ဘုရင်ဖွဲ့စည်းပုံလေးမျိုးကို ပိုင်ဆိုင်ထားရုံသာမက၊ မဟာလမ်းစဉ်၏ တားမြစ်ကိုယ်ထည် ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားသည်။

ဒါတင်မက ၊သူသည် အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော်နှင့် အမတနတ်ဘုရားနတ်ဆိုး စုပေါင်းနှလုံးသားကိုလည်း ရရှိခဲ့သည်။

စုံလင်အောင် ပေါင်းစည်းထားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံခုနှစ်မျိုးတို့သည် စူးချန်ကဲ၏ ကိုယ်ခန္ဓာတွင် စုဝေးနေသည့်အတွက်၊ သူသည် မဟာလမ်းစဉ်၏ ရွေ့လျားနတ်မြက်ပင်ကြီးဟု ဆိုလျှင် မမှားပေ။

တားမြစ် စူးမိသားစုမှ အကြီးအကဲများသာ ဤနေရာတွင် ရှိမနေပါက ၊ သူမတို့သည် စူးချန်ကဲအနားသို့ အပြေးအလွှား သွားရောက်ကာ ထိမ်းမနိုင်သိမ်းမရ အခစားဝင်ကြမည်ကို ကြောက်ရသည်။

ထိုအချိန်တွင် ရွှမ်ယွမ် အမတဧကရာဇ်မင်းက ပြုံးရွှင်စွာဖြင့် ဆိုလိုက်သည်။

“ချန်ကဲ၊ အခု မင်းက ငါတို့တားမြစ် စူးမိသားစုရဲ့ သခင်ငယ်တစ်ယောက်ပဲ ၊ ငါတို့ တားမြစ်စူးမိသားစုက မျိုးဆက်သစ်လူငယ်တွေရဲ့ ခေါင်းဆောင်ဆိုလည်း ဟုတ်တယ် “

“ ဒီနေ့ တားမြစ်စူးမိသားစုရဲ့ မျိုးဆက်သစ်လူငယ်တွေအားလုံး ဒီမှာရှိနေကြတယ် ၊ မင်းတို့လူငယ်တွေ အချင်းချင်းဖလှယ်ဆွေးနွေးကြပေါ့”

“အချင်းချင်း နားလည်သဘောပေါက်နိုင်ရုံသာမက၊ ရင်းနှီးကျွမ်းဝင်မှုလည်း ရနိုင်တယ် ဘယ်လိုလဲ”

ရွှမ်ယွမ် အမတဧကရာဇ်မင်း၏ ပြောဆိုမှုအပြီးတွင် ၊ တားမြစ် စူးမိသားစုမှ အခြားအကြီးအကဲများကလည်း သဘောတူထောက်ခံကြသည်။

“အကြံကောင်းပဲ! တကယ့်စစ်မှန်တဲ့ ယောက်ျားတွေကြားက ဆက်ဆံရေးက တိုက်ပွဲအတွင်း တစ်ဦးနဲ့တစ်ဦး နားလည်အောင်လုပ်တာပဲ”

“ဟေ့ လူအိုကြီး၊ ခင်ဗျားပြောတဲ့စကားတွေက ဘာလို့ ဒီလောက်တောင် ကလေးဆန်ရတာလဲ ၊ လူကဖြင့် ဘာအထင်ကြီးစရာမှ မရှိဘူး စစ်မှန်တဲ့ ယောကျာ်းတွေဘာတွေ လုပ်နေသေးတယ်”

“ ထွီ ! ဒါကို မီးတောက်ထဲ ထိပ်တိုက်တွေ့ဆုံရင်း တစ်ယောက်ကိုတစ်ယောက် သိလာပြီး နှစ်ယောက်ကြားခံစားချက်တွေက ပူပူနွေးနွေး ဖြစ်လာတာကို ဆိုလိုတာပဲ!”

“ဟေး လူအိုကြီး ၊ ခင်ဗျားရဲ့ မြေးက လူငယ်ပါရမီရှင် မဟုတ်ဘူးလား ၊ အခု ချန်ကဲသခင်ငယ် ရှိပြီဆိုတော့ တစ်ပွဲလောက် ယှဉ်ပြိုင်ကြည့်ကြမလား?”

ထိုစကားသံအပြီးတွင် ၊

မူလက ဆွေးနွေးပြောဆိုနေကြသော တားမြစ် စူးမိသားစုမှ ပုဂ္ဂိုလ်များစွာတို့၏ အကြည့်များသည် လူအုပ်ထဲက တာအိုဝတ်ရုံဖြူကို ဆင်မြန်းထားသော ပုဂ္ဂိုလ်ထံသို့ စုပြုံကျရောက်သွားသည်။

ထိုပုဂ္ဂိုလ်သည် တားမြစ် စူးမိသားစု၏ အကြီးအကဲဘိုးဘေးတစ်ဦး ဖြစ်ပြီး ၊ သူတို့ပြောနေသော မြေးဆိုသူမှာ တားမြစ် စူးမိသားစု၏ လူငယ်ပါရမီရှင် စူးဝူရှန်း ပင်ဖြစ်သည်။

အမတနယ်မြေရှိ လူငယ်ပါရမီရှင်ဆိုသည်မှာ အမှန်တကယ်အားဖြင့် စစ်မှန်အမတအဆင့်သို့ ရောက်ရှိပြီးသော ပါရမီရှင်ကို ခေါ်ဆိုသည်။

ကောင်းကင်အမတ အဆင့်နှင့်အထက် ရွှေအမတများကိုမူ ၊ ဝါရင့်ပါရမီရှင်များအဖြစ် သတ်မှတ်သည်။

“ အဟွတ် အဟွတ်.....”

“ဝူရှန်း.... လူကြီးတွေလည်းပြောနေကြပြီဆိုတော့ ၊ မင်း ချန်ကဲသခင်ငယ်နဲ့ အချင်းချင်း ပြိုင်ကြည့်ပါ့လား”

ထိုစကားသံအဆုံးတွင် ၊

လူအုပ်ထဲမှ ချောမောသော အသွင်အပြင်ရှိသည့် ဆံဖြူရောင် လူငယ်လေးတစ်ဦး၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

အဘိုးဖြစ်သူ၏ လေကြီးလေကျယ် စကားများအောက်တွင် ၊ သူသည် အချောင်အမှုပတ်ခဲ့ရချေပြီ။

သို့သော် ယခုအချိန်တွင် စူးဝူရှန်းသည် ပတ်ဝန်းကျင်မှ အကြည့်များစွာသည် သူ့အပေါ်သို့ ကျရောက်လာသည်ကို ခံစားမိလိုက်သည်။

ယခုအခြေအနေအရ ၊ မြှားသည် လေးပေါ်သို့ တင်ထားပြီး ဖြစ်သည်။

စူးချန်ကဲ၏ ပင်ကိုယ်စွမ်းရည်သည် အလွန်မြင့်မားသည့်အပြင် ၊ ဒဏ္ဍာရီလာ လျှို့ဝှက်ကျမ်းများတွင် ဖော်ပြထားသော မဟာလမ်းစဉ်၏ တားမြစ်ကိုယ်ထည်ကိုလည်း ပိုင်ဆိုင်ထားသည်ဟု သူ ကြားသိခဲ့ရသည်။

သို့ဆိုတောင် ၊ တားမြစ် စူးမိသားစု၏ လူငယ်ပါရမီရှင်များအနက်မှ ထိပ်တန်းလူငယ်ပါရမီရှင်တစ်ဦး အနေဖြင့် ၊

စူးဝူရှန်းသည်လည်း သူ့ကိုယ်သူယုံကြည်မှုအပြည့်ရှိသည်။ အကြောင်းမှာ သူသည် ဟွိုင့်တွိုင့်ခန္ဓာကိုယ်၏အခွဲဖြစ်သော ရှေးဦးပရမ်းပတာ ကိုယ်ထည်နှင့် ရှေးဦးတာအိုအရိုးကို ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။

ထို့ကြောင့် သူ့တွင် စူးချန်ကဲကို ယှဉ်ပြိုင်နိုင်မည့် စွမ်းရည်အနည်းငယ်တော့ ရှိလိမ့်မည်မဟုတ်လော။

စိတ်ထဲတွင် ဆုံးဖြတ်ချက်ချပြီးနောက်၊ စူးဝူရှန်းသည် လူအုပ်ထဲကနေ ထွက်လာပြီး စူးချန်ကဲအား ဦးညွှတ်ကာ ဆိုလေသည်။

“ ကျွန်တော် စူးဝူရှန်း ၊ ချန်ကဲသခင်ငယ်ကို နှုတ်ခွန်းဆက်သပါတယ်”

“ဝူရှန်း ညီနောင်ကို နှုတ်ခွန်းဆက်သပါတယ် “

အသစ်ရောက်ရှိလာသူ ဖြစ်သည့်အတွက် စူးချန်ကဲသည် လူမှုရေးအရ အမှားအယွင်မရှိစေရန် ပြန်လည်ဦိးညွှတ်လိုက်သည်။

ရိုးရိုးရှင်းရှင်း မိတ်ဆက်ပြီးနောက် ၊ တားမြစ် စူးမိသားစုမှ အကြီးအကဲများသည် ၎င်းတို့၏ မှော်စွမ်းအားများဖြင့် ဧရာမစင်မြင့်ကြီးတစ်ခုကို ဖန်တီးခဲ့သည်။

လက်ရှိတွင်၊ စူးချန်ကဲနှင့် စူးဝူရှန်းတို့သည် စင်မြင့်ပေါ်တွင် မျက်နှာချင်းဆိုင် ရပ်နေကြသည်။

“ချန်ကဲ၊ ဝူရှန်း၊ ဒီပြိုင်ပွဲကို တကယ့်ပြိုင်ပွဲလို့ သဘောထားရမယ် “

ရွှမ်ယွမ် အမတဧကရာဇ်မင်းက ပြုံးရယ်ရင်း ဆိုလိုက်သည်။

“မင်းတို့နှစ်ယောက် အစွမ်းကုန် တိုက်ခိုက်နိုင်တယ် ၊ ငါတို့ရှိနေတဲ့အတွက် စိတ်ချလက်ချနဲ့ အစွမ်းကုန်တိုက်ခိုက်ကြ “

ရွှမ်ယွမ် အမတဧကရာဇ်မင်း၏စကားသည် သူတို့နှစ်ဦးအား စွမ်းအားအပြည့်အဝ ထုတ်သုံးစေလိုသော ရည်ရွယ်ချက်ဖြင့် ဖြစ်သည်။ ထိုမှသာလျှင် ဤပြိုင်ပွဲသည် စစ်မှန်ပေမည်။

ထိုစကားကို ကြားသည်နှင့်၊ စူးဝူရှန်း၏ လှုပ်ရှားမှုကို မစောင့်တော့ဘဲ ၊

စူးချန်ကဲသည် စတင်လှုပ်ရှားလိုက်သည်။ အစွမ်းကုန် တိုက်ခိုက်ရန်‌ဆုံးဖြတ်ပြီးမှတော့ ၊ ဒါဆို သူသည် အပြင်းထန်ဆုံးစွမ်းအားကို အသုံးပြုရပေလိမ့်မည်။

ထို့နောက်တွင် ၊ သူ၏ အေးစက်သော ရွတ်ဆိုသံကို ကြားလိုက်ရသည်။

“အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော်၊ ဖွင့် !”

အပိုင်း(၆၁၈): ဒုတိယမြောက် အချိန်နှင့် အာကာသ မဟာလမ်းစဉ်ကို ထိန်းချုပ်နိုင်သူ

စူးချန်ကဲ၏ရေရွတ်သံအပြီးတွင် ၊

ချက်ချင်းဆိုသလို။

စူးချန်ကဲ၏ရောင်ဝါသည် ရုတ်တရက် မြင့်တက်လာပြီး ရောင်စုံအလင်းတန်းများဖြင့် ပြည့်နှက်နေသော နိယာမစွမ်းအားများသည် လှိုင်းတံပိုးများသဖွယ် အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စဉ်ရိုက်ခတ်သွားသည်။

စူးချန်ကဲသည် သူ၏ မျက်လုံးများကို အဖွင့်အပိတ်လုပ်လိုက်သည်နှင့် ၊ ၎င်း၏မျက်လုံးအတွင်း၌ စကြာဝဠာ၏ သံသရာလည်ပတ်မှု ဖြစ်စဉ်များကို ဖော်ပြနေသကဲ့သို့ မဟာလမ်းစဉ်ဆိုင်ရာ မှော်သင်္ကေတတို့သည် တစ်ခုနှင့်တစ်ခု ရောယှက်နေလေ၏။

အဆိုပါစွမ်းအား ပေါ်ထွက်လာသည်နှင့် တစ်ချိန်တည်းမှာပင် ၊ တားမြစ်စူးမိသားစု တည်ရှိရာ ကောင်းကင်ယံ၌ ထောင်ပေါင်းများစွာသော လျှပ်စီးကြောင်းများ ထွက်ပေါ်လာခဲ့သည်။

ဝီ!!

စူးရှတောက်ပသော အလင်းတန်းတစ်စင်းသည် လျှပ်တပြတ် ဝင်းလက်သွားသည်။

မူလက ကောင်းကင်ယံ၌ မှိတ်ထားသော မျက်ဝန်းတစ်စုံသည် ရုတ်တရက် ပွင့်လာသည်။

တစ်ချိန်တည်းမှာပင်။

ပြင်းထန်သော မဟာလမ်းစဉ် စွမ်းအားတစ်ခုသည် မိမိအား ဝိုင်းရံထားသည်ကို စူးဝူရှန်းသည်လည်း ခံစားမိလိုက်သည်။

အသိစိတ်မှလွဲ၍ ၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ချုပ်နှောင်ခံထားရသကဲ့သို့ နည်းနည်းမျှပင် မလှုပ်ရှားနိုင်တော့ပေ။

သို့ရာတွင်၊ စူးချန်ကဲသည် ဤတစ်ခေါက် အသုံးပြုခဲ့သော အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော်တွင် အဖျက်စွမ်းအားနှင့် ဗလာနိတ္ထိစွမ်းအားများကို ထည့်သွင်းထားခြင်း မရှိခဲ့ပေ။

သို့မဟုတ်ပါက ၊ စောနက ထိုးနှက်တိုက်ခိုက်မှုသည် စူးဝူရှန်းကို ပြင်းထန်စွာထိခိုက်ဒဏ်ရာရစေမည့်အပြင် သေလုမျောပါး ဖြစ်သွားနိုင်သည်။

“ဒါက.... ဒါက အချိန်-အာကာသ ရပ်တန့်ခြင်း...!?”

ဘေးကနေ ကြည့်ရှုနေကြသော တားမြစ် စူးမိသားစုဝင် အကြီးအကဲများ၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားကြသည်။

အချိန်နှင့် အာကာသကို ရပ်တန့်နိုင်သည့် စွမ်းရည်သည် အမြင့်ဆုံးဖြစ်သည့် အချိန်-အာကာသ မဟာလမ်းစဉ်၏ အထွတ်အထိပ်စွမ်းရည်တစ်ခု ဖြစ်သည်။

ဤမရေမတွက်နိုင်သော နှစ်ကာလပေါင်းများစွာအတွင်း ၊ အမတနယ်မြေတွင် ထျန်းမင်အမတဧကရာဇ်မင်းမှတစ်ပါး အချိန်နှင့် အာကာသ မဟာလမ်းစဉ်ကို ထိန်းချုပ်နိုင်သူမှာ မရှိသလောက်ပင်။

( 🍁T/N - ထျန်းမင်အမတဧကရာဇ်မင်း အကြောင်းကို သိချင်ရင် အပိုင်း(၅၁၅)နဲ့(၅၁၆) မှာ ပါတယ် ၊ {ထျန်းမင် - ကံကြမ္မာ} 🍁)

အချိန်နှင့် အာကာသ မဟာလမ်းစဉ်ကို အောင်မြင်ခဲ့သော ထျန်းမင် အမတဧကရာဇ်မင်းသည် အဆုံးတွင် အမတဧကရာဇ်အဆင့်ထက် သာလွန်သောအဆင့်ကို တတ်လှမ်းသွားခဲ့သည်။ သူသည် ကံကြမ္မာ၏ ပထမမျိုးဆက်ဟူသော ဘွဲ့အမည်ကို ရရှိခဲ့ရုံသာမက ၊

လောကသားများက အချိန်နှင့်အာကာသ လမ်းစဉ်၏ အရှင်သခင်အဖြစ် ခေါ်ဆိုကြသည်။

သို့သော် ၊ မျှော်လင့်မထားသည်မှာ စူးချန်ကဲ ပိုင်ဆိုင်ထားသော ဗလာနိတ္ထိမျက်လုံးတော်သည် အချိန်နှင့်အာကာသ စွမ်းအားကို ထုတ်လွှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ လူတိုင်း မျှော်မှန်းထားသည်ထက် ကျော်လွန်နေခဲ့သည်။

သို့သော် တားမြစ် စူးမိသားစု၏ လူငယ်ပါရမီရှင်အဖြစ် စူးဝူရှန်းတွင်လည်း အရှုံးမပေးလိုသော မာန်မာနရှိပေသည်။

“ရှေးဦးပရမ်းပတာ ကိုယ်ထည်.... ရှေးဦးတာအိုအရိုး.... ဖွင့်!”

ဝုန်း ——!!

ရုတ်တရက်ဆိုသလို ၊ စူးဝူရှန်း၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့သည်။

ဆက်လက်၍ ၊ ဆွဲငင်ခံလိုက်ရပုံပေါ်သော မဟာလမ်းစဉ်ဆိုင်ရာ မှော်သင်္ကေတများသည် သူ၏ခန္ဓာကိုယ်ဆီသို့ ရူးသွပ်စွာ စုဝေးရောက်ရှိလာကြသည်။

ထို့နောက်တွင် သူ၏အနောက်ဘက်မှ ၊ ပြိုးပျက်စွာ တောက်ပနေသော ဓမ္မကာယကိုယ်ထည်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

သက္ကတသံစဉ်များနှင့်အတူ ထွက်ပေါ်လာလေရာ ၊ ရှေးဦးနတ်ဘုရားတစ်ပါးသည် ဤနေရာသို့ ကြွရောက်လာသည့်အလား ထင်မှတ်ရသည်။

“ဒါက ဝူရှန်းညီနောင်ရဲ့ရူပါရုံမြင်ကွင်းပဲ ၊ သူလည်း စွမ်းအားအပြည့် ထုတ်သုံးလာပြီပဲ “

ကြည့်ရှုနေကြသော တားမြစ် စူးမိသားစုမှ တပည့်များသည် အံ့အားသင့်စွာဖြင့် ရေရွတ်လေသည်။

မူလက ချုပ်နှောင်ခံထားရသော ခန္ဓာကိုယ်သည် ဖြည်းဖြည်းချင်း ရွေ့လျားနိုင်လာခဲ့သည်။

ဤမြင်ကွင်းသည် စူးမိသားစုဝင်များစွာကို အံ့အားသင့်သွားစေရုံသာမက ၊ စူးချန်ကဲပင်လျှင် အနည်းငယ် အံ့အားသင့်သွားသည်။

သင်သိရမည်မှာ အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော်ကို အသက်သွင်းလိုက်သည်နှင့် ၊

၎င်း၏ အချိန်နှင့်အာကာသကို ရပ်တန့်စေနိုင်သည့် စွမ်းရည်ကို မည်သည့်အရာကမှ ဖြေရှင်း၍ရနိုင်မည်မဟုတ်။

သူ့လို လူငယ်မျိုးဆက်တစ်ယောက်နှင့် ယှဉ်ရလျှင်ဖြင့် ၊ အဆင့်ကွာဟချက် ကြီးမားပြီး လုံးဝ မယှဉ်နိုင်သော အနေအထားတစ်ရပ်ဟု ဆိုနိုင်သည်။

သို့သော်လည်း စူးဝူရှန်းသည် အချိန်နှင့် အာကာသကို ရပ်တန့်စေနိုင်သော စွမ်းအားကိုပင် အံတု၍ သူ၏ ရူပါရုံမြင်ကွင်းကို ထုတ်လွှတ်ပြသခဲ့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ၊ သူ၏ ပင်ကိုယ်စွမ်းရည် ပါရမီသည် မည်မျှအားကောင်းသည်ကို သိနိုင်သည်။

ဤအချက်သည် စူးချန်ကဲကို သက်ပြင်းချစေသည်။ တားမြစ် စူးမိသားစုဆိုသည့်အတိုင်း ထူးကဲကြပေသည်။

ဤကဲ့သို့သော ပါရမီရှင်မျိုးသည် မည်သည့်အဖွဲ့အစည်းတွင်မဆို လူတိုင်း၏အထက်ကို ရောက်ရှိနိုင်ပေလိမ့်မည်။

သို့သော်လည်း ၊ သူတို့ တားမြစ် စူးမိသားစုတွင် ၎င်းသည် သာမန် ထူးချွန်သူပါရမီရှင်တစ်ဦးအဖြစ်သာ သတ်မှတ်ခံရမည် ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ၎င်းတို့အထက်တွင် အမြင့်ဆုံးအဆင့်များ ရှိသေးသောကြောင့် ဖြစ်သည်။

သူတို့ကို လတ်တလော မမြင်ရခြင်းမှာ တံခါးပိတ်ကျင့်ကြံနေခြင်းကြောင့် ဖြစ်သည်။

“ ဒါပေမယ့် ဗလာနိတ္ထိမျက်လုံးတော်ကို အပြည့်အဝ ချိုးဖောက်ဖို့ဆိုရင် “

“ နည်းနည်း လိုသေးတယ် “

ထိုသို့ပြောပြီးသည်နှင့် ၊ စူးချန်ကဲကို ဝန်းရံထားသော မဟာလမ်းစဉ်ဆိုင်ရာ နိယာမတရားများသည် ပို၍ပြင်းထန်လာသည်။

ကောင်းကင်ယံတွင် သက်ဝင်လှုပ်ရှားနေသော မျက်လုံးကြီးသည် ပို၍တောက်ပလာသည်။ အကန့်အသတ်မရှိသော နတ်အလင်းများ ကျရောက်လာပြီး လှိုင်းတံပိုးများကို ဖန်တီးလို့နေလေ၏။

မူလက အချိန်နှင့်အာကာသ၏ ချုပ်နှောင်မှုကို ချိုးဖျက်တော့မည်ဖြစ်သော်လည်း ၊ နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသော ချုပ်လှောင်မှုတစ်ခုဖြင့် ပြန်လည် အစားထိုးခံလိုက်ရသည်။

စူးဝူရှန်း၏ စွမ်းအားပေါက်ကွဲမှုသည် တစ်ဝက်ခန့်သာ ရှိသေးသည်။ သို့သော် ရုတ်ချည်းဆိုသလိုပင် အေးခဲခံလိုက်ရသည်။

“ ဒါ ဘယ်လို....!?”

“ ဒီအရာက ထပ်ပြီး ပေါက်ကွဲနိုင်သေးတာလား...!?”

စူးဝူရှန်း တစ်ယောက် သူ၏ စိတ်ထဲတွင် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားသည်။

အကြည့်တချက်တည်းဖြင့် ၊ အချိန်နှင့် အာကာသ၏ ရပ်တန့်စွမ်းအားကို တိုးမြှင့်နိုင်သည်။ ဤအရာသည် သူ့အနေဖြင့် လုံးဝ အနိုင်မယူနိုင်သော အရာတစ်ခုသာပင်။

ထို့အပြင် သူ၏နတ်အသိစိတ်အရ ၊ အာကာသ ဟင်းလင်းပြင်တွင် ဗလာနိတ္ထိစွမ်းအား၏ အရိပ်အယောင်များ ကျန်ရှိနေသည်ကို သတိထားမိခဲ့သည်။

စူးချန်ကဲ၏ ခွင့်ပြုချက်မရှိမချင်း ၊ ၎င်းတို့သည် သက်ဝင်လှုပ်ရှားလာပြီး ပေါက်ကွဲထွက်လာမည်မဟုတ်။

ဤအရာသည် စူးချန်ကဲနှင့် ဆက်စပ်နေမည်ဟု သူ အပြည့်အဝ ယုံကြည်သည်။

စူးချန်ကဲသည် သူ့ကို ချုပ်နှောင်ထားရုံသာမက၊ တမင် သက်သာခွင့်ပေးနေပြန်သည်။

ဒါ လူမှဟုတ်ရဲ့လား !

သူ အံ့အားသင့်နေစဉ် ၊

စူးချန်ကဲသည် စူးဝူရှန်း၏ရှေ့သို့ ရောက်ရှိလာခဲ့သည်။

ထိုမြင်ကွင်းကြောင့် စူးဝူရှန်း၏မျက်နှာအရောင်သည် သိသိသာသာ ပြောင်းလဲသွားသည်။

သူ့တွင် ပိုင်‌ဆိုင်ထားသော ကိုယ်ထည်နှစ်ခု၏ စွမ်းအားများကို အပြည့်အဝ ပေါက်ကွဲခဲ့သော်လည်း၊ အနည်းငယ်မျှပင် ထုတ်လွှတ်၍ မရနိုင်ခဲ့ချေ။

သူသည် လုံးဝ အေးခဲသွားပုံရပြီး ၊ နည်းနည်းလေးမှ ခုခံနိုင်စွမ်းမရှိခဲ့ပေ။

“ချန်ကဲ သခင်ငယ်... ဝူရှန်းဟာလည်း ချန်ကဲသခင်ငယ်နဲ့ သွေးသားတူတဲ့ မိသားစုဝင်ပါပဲ... သခင်ငယ် သူ့ကို သက်ညှာပေးပါဦး!”

တားမြစ်စူးမိသားစုဝင် ဖြစ်သော ထိုအကြီးအကဲ လူအိုကြီး၏ မျက်နှာသည် အနည်းငယ် ကြည့်ရဆိုးနေခဲ့သည်။

သူ၏မြေးသည် တားမြစ် စူးမိသားစုအတွင်း ထူးချွန်သူများအနက် ထိပ်တန်း ပါရမီရှင်တစ်ဦးဖြစ်သည်။

စူးချန်ကဲ၏ပြိုင်ဘက်ဖြစ်မည် မဟုတ်ကြောင်း သိသော်လည်း၊ ယခုလို ချက်ချင်းရှုံးနိမ့်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

နည်းနည်းမှပင် မလှုပ်ရှားလိုက်ရဘဲ စူးချန်ကဲ၏ မှော်စွမ်းအားဖြင့် ချုပ်နှောင်ခံလိုက်ရသည်။

စူးချန်ကဲသည် ယခုချက်ချင်း တိုက်ခိုက်လာခဲ့မည်ဆိုပါက၊ စူးဝူရှန်းအနေဖြင့် ခုခံနိုင်စွမ်း နည်းနည်းလေးမျှ ရှိမည်မဟုတ်။

သို့သော်၊ မျှော်လင့်မထားသည်မှာ စူးချန်ကဲသည် စူးဝူရှန်းရှေ့သို့ ရောက်ရှိလာပြီး သူ၏ ပခုံးကို ပုတ်ကာ ပြုံးရွှင်စွာဖြင့် ဆိုလိုက်သည်။

“ဝူရှန်း ညီနောင်၊ အလျှော့ပေးလို့ ကျေးဇူးပါပဲ”

ထို့အပြင် သူတို့အားလုံးသည် မျိုးနွယ်တူများ ဖြစ်သည်။ အကယ်၍ သူသည် စာနာခြင်းမရှိဘဲ တဖက်လူ၏အရိုးများကို ရိုက်ချိုးပစ်ခဲ့လျှင်ဖြင့် ၊

မိသားစုဝင်များအပေါ်တွင် မျက်နှာသာမပေးရာ ကျရောက်သွားပေမည်။ သို့ဖြစ်ရာ ၊ ဤမျှဖြင့် လုံလောက်ပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင်၊ စူးဝူရှန်းကို စိုက်ကြည့်နေသော ကောင်းကင်မျက်လုံးကြီးသည်လည်း တဖြည်းဖြည်း ကွယ်ပျောက်သွားလေသည်။

ထိုကြောက်မက်ဖွယ်ရာ ကန့်သတ်ချုပ်နှောင်မှုစွမ်းအားများသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ခဏအကြာတွင် ၊

စူးဝူရှန်းတစ်ယောက် သတိပြန်ကပ်လာခဲ့သည်။

“ငါ... ရှုံးသွားပြီလား...?”

သူသည် မယုံကြည်နိုင်ဖြစ်လို့နေသည်။ သူ၏လက်ရှိစွမ်းရည်အရ၊ သူသည် ရှေးဦးပရမ်းပတာခန္ဓာကိုယ် သာမက ပရမ်းပတာ တာအိုအရိုးကိုလည်း ပိုင်ဆိုင်ထားသည်။

ဤမျှ သန်မာလှသော ကိုယ်ထည်နှစ်ခု၏ ပံ့ပိုးမှုအောက်တွင် ၊ သူသည် စူးချန်ကဲ၏ တိုက်ခိုက်မှုကို နည်းနည်းမျှပင် မတောင့်ခံနိုင်ခဲ့လေသလော။

ထို့အပြင် သူ၏ကျင့်ကြံဆင့်သည် စူးချန်ကဲထက် အဆင့်ငယ်ငါးဆင့် သာလွန်သည်။

သို့သော် ဤဖြစ်ရပ်သည် အရမ်းကို အတုအယောင်ဆန်လွန်းပေသည်။

All Chapters