← Chapters

အခန်း (၆၆၉-၆၇၂)

Vol. 51 Ch. 669-672

အခန်း (၆၆၉-၆၇၂)

Vol. 51 Ch. 669-672

အပိုင်း(၆၆၉): ထုတ်ဖော်ခြင်း မရှိခဲ့သော လျို့ဝှက်ကိုယ်ထည်

ဤမြင်ကွင်းသည် လူတိုင်း မျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့သည်။

မယုံကြည်နိုင်သော အမူအရာများဖြင့် ပါးစပ်အဟောင်းဖြစ်နေကြသည်။ မိမိတို့၏ လောကအမြင်သည် ဇောက်ထိုးမိုးမျှော် ဖြစ်သွားသကဲ့သို့ပင် ကြောင်အမ်းစွာဖြင့် ရပ်နေမိကြသည်။

ဒါအရမ်းကို မချဲ့ကားလွန်းဘူးလား!

ကိုယ်ထည် ခြောက်မျိုးကို ပိုင်ဆိုင်ထားသည်ကို ထည့်မပြောခင် ၊ ယင်းအနက်မှ ကိုယ်ထည် နှစ်မျိုးသည် ဖော်ပြရန်ပင် မဖြစ်နိုင်လေသလော။

အချိန်အတော်တန် ကြာပြီးနောက် ၊ တိတ်ဆိတ်ငြိမ်သက်ခြင်းမှ ရုတ်ချည်းဆိုသလိုပင် ဆူညံပွက်လော ရိုက်ခတ်သွားလေသည်။

“ဒါ...ဒါ...ဒါ... ငါ မှားမြင်နေတာတော့ မဟုတ်ဘူးလား!?”

“အမ်......! စူးချန်ကဲမှာ မဟာလမ်းစဉ် ကိုယ်ထည် ခြောက်မျိုးရှိတယ်ဆိုတာ ဟုတ်ပါ့မလား!?”

“ဒါ့အပြင် နှစ်မျိုးက အမည်မသိတဲ့လား!?”

“မဟာလမ်းစဉ်စာရင်းက ဘာမဆို စွမ်းဆောင်နိုင်ပြီး ၊ မဟာလမ်းစဉ်ရဲ့ ကိုယ်ထည်မှန်သမျှ အဲ့မှာ မှတ်တမ်းတင်ထားတယ်လို့ ပြောခဲ့တယ် မဟုတ်လား!?”

“ အခု အမည်မသိ နှစ်မျိုးတောင်ဆိုတော့ ဒါ ဘာသဘောလဲ”

“………”

အမတနယ်မြေသာမက ဒေဝလောက တစ်ခွင်ရှိ ကျင့်ကြံသူတိုင်း ဤမြင်ကွင်းကို မြင်တွေ့ပြီးနောက် ၊ တစ်ယောက်နှင့်တစ်ယောက် အမျိုးမျိုး ဆွေးနွေးငြင်းခုန်ကြလေသည်။

လူတိုင်း ဤကိစ္စနှင့်ပတ်သက်၍ အပြင်းအထန် ဆွေးနွေးငြင်းခုံနေကြသည်မှာ တံတွေးများပင် နေရာအနှံ့ ပျံဝဲနေလေ၏။

တိုက်မြေ သုံးထောင်ရှိ သက်ရှိအပေါင်းနှင့် ကျင့်ကြံသူများမှာလည်း အလားတူပင် လွန်စွာ အံ့အားသင့်လျက် ရှိနေသည်။

“ဟားး.... ငါ မမှားဘူးဆိုရင်၊ ချန်ကဲထျန်းတိ့ရဲ့ ပထမဆုံး ကိုယ်ထည်က မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း မဟုတ်ဘူးလား!?”

တစ်ချိန်က တိုက်မြေ သုံးထောင်တွင် စူးချန်ကဲကို မြင်ခဲ့ဖူးသော လွတ်မြောက်သူတစ်ဦးက ဆိုလိုက်သည်။

“ ဒါပေမဲ့ အခုဖော်ပြထားတာက ဘာလို့ မွေးရာပါ နတ္တိတာအိုကိုယ်ထည် ဖြစ်နေရတာလဲ!?”

“ဒါဘယ်လို ကိုယ်ထည်မျိုးလဲ၊ ငါ တစ်ခါမှ မကြားဖူးတာလဲ !”

“ မွေးရာပါ ဆိုတဲ့ စကားလုံး ပါနေမှတော့ ဒါဟာ မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်းကနေ ဆင့်ကဲပြောင်းလဲခြင်း ဖြစ်နိုင်တယ်! ချန်ကဲထျန်းတိ့က သွေးသားကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ရမယ်!”

“သွေးသားကန့်သတ်ချက်ကို ချိုးဖျက်တယ်? ဒါက ရှေးဟောင်းကျမ်းတွေထဲမှာ မှတ်တမ်းတင်ထားတဲ့ ဒဏ္ဍာရီလာပုံပြင် သက်သက်ပဲ မဟုတ်ဘူးလား...ဒီအဆင့်ကို ရောက်ဖို့ဆိုတာ အရည်အချင်း ဘယ်လောက်များတောင် လိုအပ်လိုက်မလဲ!?”

လွတ်မြောက်နယ်ပယ် အဆင့်ရှိ စွမ်းအားရှင်တစ်ဦးက ဆိုလိုက်သည်။

“ တိုက်မြေ သုံးထောင်မှာ သူ့ရဲ့လုပ်ရပ်တိုင်းက ကြီးကျယ်ခမ်းနားပြီး ဒဏ္ဍာရီလာ ပုံပြင်တွေ ဖြစ်ခဲ့တာ “

“ချန်ကဲထျန်းတိ့မှာ ကိုယ်ထည်လေးမျိုး ရှိပြီးပြီ.. အခု သူ့မှာ နောက်ထပ် အမည်မသိ နှစ်မျိုး ရှိသေးတယ်ဆိုတော့ ချန်ကဲထျန်းတိ့က ဒဏ္ဍာရီလာစံချိန်ကို ချိုးဖျက်နိုင်တယ်ဆိုတာ သက်သေပြနေတယ် မဟုတ်လား “

“ဒီစကားကို ငါလည်း ထောက်ခံတယ်... အရင်တုန်းက၊ ငါ ချန်ကဲထျန်းတိ့ကို မနာလိုဖြစ်ခဲ့ဖူးတယ် ..သူ့ကို ဘာမှမထူးခြားတဲ့လူလို့ ထင်ခဲ့တယ်.. အခု ကြည့်ရတာ ငါ အကြီးအကျယ် မှားခဲ့တာပဲ!”

တစ်ချိန်က တိုက်မြေ သုံးထောင်တွင် စူးချန်ကဲနှင့် အာဏာလုခဲ့သော ပါရမီရှင်တစ်ဦးက ဆိုလိုက်သည်။

“ချန်ကဲထျန်းတိ့ ဆိုတဲ့နာမည်ဟာ၊ ဒေဝလောက တစ်ခွင်လုံး တကယ်ကို ကျော်ကြားသင့်တဲ့နာမည်ပဲ!”

“ချန်ကဲထျန်းတိ့ဟာ ဒီလောကကြီးမှာ အတုမရှိ ပြိုင်ဘက်ကင်းတစ်ယောက်ဆိုတာ သံသယဖြစ်စရာ မရှိဘူး”

“……..”

တိုက်မြေ သုံးထောင်မှ သက်ရှိအပေါင်းတို့နှင့် ကျင့်ကြံသူများစွာတို့သည် စူးချန်ကဲ၏ အမည်နာမည်ကို ချီးမွမ်းလို့နေကြသည်။

ထိုသူသည် သူတို့၏ ထျန်းတိ့တစ်ပါး ၊

သူတို့၏ တိုက်မြေ သုံးထောင်မှ ထွက်ပေါ်လာသော ထျန်းတိ့ တစ်ပါးပင်တည်း။

တိုက်မြေ သုံးထောင်တွင် ပါရမီရှင်များစွာ ထွက်ပေါ်ခဲ့ပြီး အမတနယ်မြေသို့ ရောက်ရှိသွားခဲ့သော်လည်း ၊

သို့သော် စူးချန်ကဲ ကဲ့သို့သော ပုဂ္ဂိုလ်မျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးချေ။

ထိုသူသည် အမတနယ်မြေသို့ တတ်လှမ်းပြီးနောက်တွင်လည်း တိုက်မြေ သုံးထောင်ရှိ သက်ရှိအပေါင်းတို့နှင့် ကျင့်ကြံသူတို့၏ စိတ်နှလုံးသားကို ပြန်လည် နှိုးဆွပေးခဲ့ပြန်သည်။

ဤအခိုက်အတန့်မှစ၍ စူးချန်ကဲနှင့် ပတ်သက်သော ဒဏ္ဍာရီလာပုံပြင်သည် တိုက်မြေ သုံးထောင်တွင် နောက်တစ်ခုအဖြစ် ထပ်မံတိုးပွားလာခဲ့သည်။

ထိုအချိန်တွင်ပင်။

သံသရာစက်ဝန်း အမတမင်းဆက်။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော စူးယွင်ယွဲ့နှင့် ယွင်ရွှမ်းရုံတို့မှာလည်း လန့်ဖျပ်သွားကြပြီး၊ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

ဖြစ်ပျက်သွားခဲ့သော အရာအားလုံးသည် သူမတို့နှစ်ဦး မျှော်မှန်းထားသည်ထက် ကျော်လွန်နေခဲ့သည်။

သို့သော် အသိပြန်ကပ်လာချိန်တွင် ၊သူမတို့၏ မျက်နှာပေါ်က အပြုံးသည် ပို၍ တောက်ပလာခဲ့သည်။

ဤမျှ ဂုဏ်ကျက်သရေကြီးမားသော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်သည် သူမတို့၏ မိသားစုဝင် ဖြစ်နေခဲ့သည်။

“ချန်ကဲ! မင်းက အရမ်းကို မိုက်တာပဲ!”

စူးယွင်ယွဲ့သည် သူမ၏စိတ်ထဲက ပျော်ရွှင်မှုကိုပင် မထိန်းနိုင်တော့ဘဲ စူးချန်ကဲအား သူမ၏ ရင်ဘတ်ထဲသို့ ဆွဲသွင်းကာ ပွေ့ဖက်လေတော့သည်။

“ငါ့မောင်လေးက ဒီလောက်ထိ ထူးခြားတဲ့ ဒဏ္ဍာရီလာ ထျန်းတိ့တစ်ပါး ဖြစ်နေမှန်း မသိခဲ့ဘူး!”

ထိုသို့ပြောဆိုရင်း စူးယွင်ယွဲ့ ၏ ပွေ့ဖက်မှုသည် ပို၍ တင်းကျပ်လာသဖြင့် စူးချန်ကဲမှာ အသက်ရှုကျပ်မတတ် ဖြစ်ခဲ့ရသည်။

“ ဟဲ့!! ကလေးမ .. ချန်ကဲကို အဲ့လောက်ထိ အတင်းကြီး ညှစ်ပြီးမဖက်နဲ့လေ !”

ဘေးမှ ယွင်ရွှမ်းရုံသည် အလျင်အမြန် ပြောဆိုလိုက်သည်။

စူးချန်ကဲသည် အသက်ရှုကျပ်လုမတတ် မျက်နှာတစ်ခုလုံး နီမြန်းလာသည်ကို မြင်လိုက်ရသဖြင့် ၊

စူးယွင်ယွဲ့သည် သူမ၏ ပွေ့ဖက်မှုကို ဖြေလျော့လိုက်ရင်း အနည်းငယ် အံ့သြသွားဟန်ဖြင့် ။

“ အစ်မ ခဏလောက် ပျော်လွန်းအားကြီးသွားတယ်...”

“ချန်ကဲ မင်း ဘာမှမဖြစ်ပါဘူးနော်!?”

“မ...မဟုတ်တာ....ပြဿနာမရှိပါဘူး.....”

စူးချန်ကဲ ခမျာ မှုန်ကုတ်ကုတ်ဖြင့် ။

မိမိအစ်မကြီး၏ အင်အားသည် တကယ်ကို ကြီးမားလွန်းသည်မှာ ငြင်းမရပေ။

မတ်စောက်လွန်းသော တောင်နှစ်လုံးကြား မြှုပ်နှံခံလိုက်ရသော စူးချန်ကဲခမျာ လောကကြီးကို နှုတ်ဆက်ဖို့နည်းနည်းသာ လိုတော့သည်။

သို့သော်၊ စူးချန်ကဲ၏ စိတ်ထဲတွင် ဤစကားများကို ရေရွတ်နေမိသည်။

“ဒီအမည်မသိ ကိုယ်ထည် နှစ်မျိုးဆိုတာ ဘာကို ဆိုလိုတာလဲ....?”

“အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော်နဲ့ အမတနတ်ဘုရားနတ်ဆိုး စုပေါင်းနှလုံးသားလား....?”

အဆုံးတွင် ကောင်းကင်ထက်ရှိ မဟာလမ်းစဉ်၏ နတ်ဘုရားဆန်သော အရှိန်အဝါတို့သည် တဖြည်းဖြည်း ပျောက်ကွယ်နေသည်။ ဆိုလိုသည်မှာ အဆင့်သတ်မှတ်ချက် ဖော်ပြခြင်းအခမ်းအနားသည် ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ပြသနေသည်။

မဟာလမ်းစဉ်စာရင်းရှိ ဤအမည်မသိ ကိုယ်ထည် နှစ်မျိုးအတွက် တစ်ခုတည်းသော ဖြေရှင်းချက်မှာ အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော်နှင့် အမတနတ်ဘုရားနတ်ဆိုး စုပေါင်းနှလုံးသားပင် ဖြစ်ပေသည်။

သို့သော်၊ မိမိ၏ အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော်နှင့် အမတနတ်ဘုရားနတ်ဆိုး စုပေါင်းနှလုံးသားတို့သည် အမည်မသိအရာများအဖြစ် အဘယ်ကြောင့် ပြောင်းလဲသွားခဲ့ရသနည်း။

ဤအချက်က စူးချန်ကဲအား ပဟေဠိဖြစ်စေခဲ့သည်။

“ဟမ်.... ငါ့မှာ နောက်ထပ် လျို့ဝှက် ကိုယ်ထည်တစ်မျိုး ရှိသေးတယ် မဟုတ်လား?”

“ဒီမဟာလမ်းစဉ်စာရင်းက ဘာဖြစ်လို့ တစ်လုံးတစ်လေမှ မဖော်ပြသွားတာလဲ...”

မူလက သူသည် ဤအခွင့်အရေးကို အသုံးချကာ ထိုလျို့ဝှက်ကိုယ်ထည်နှင့် ပတ်သတ်သော အကြောင်းအရာများကို သိရှိအောင် ကြံရွယ်ထားခဲ့သည်။

ရလဒ်အနေဖြင့် ဤမဟာလမ်းစဉ်စာရင်းသည် သွယ်ဝိုက်ဖော်ပြခြင်းမျိုး မရှိသည့်အပြင် တစ်လုံးတစ်လေမှပင် ဖော်ပြမသွားချေ။

အတွေးများနေစဉ် ၊ စူးချန်ကဲသည် မျက်မှောင်ကြုတ်သွားသည်။

“မဟုတ်မှလွဲရော....?!”

ရုတ်တရက်၊ သူသည် ကြောက်မက်ဖွယ်ရာ ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားခဲ့သည်။

“ မဟုတ်မှလွဲရော ငါ့ရဲ့ဒီကိုယ်ထည်ဟာ... အမတနယ်မြေရဲ့ မဟာလမ်းစဉ်ကတောင် ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်နေလို့လား....”

စူးချန်ကဲသည် သူ၏စိတ်ထဲ၌ ရေရွတ်လိုက်သည်။

“ဒါကြောင့် အမတနယ်မြေရဲ့ မဟာလမ်းစဉ်စာရင်းကတောင် ငါ့ရဲ့ကိုယ်ထည်ကို ဖော်ပြနိုင်စွမ်း မရှိတာလား...”

ဤကဲ့သို့သော ရလဒ်သည်သာလျှင် သင့်လျော်သော အဖြေတစ်ခု ဖြစ်နိုင်ပေတော့မည်။

သို့သော် ဤရလဒ်သည် စူးချန်ကဲကို ပို၍ ထိတ်လန့်သွားစေသည်။

ဤသည်မှာ အတော်လေးကို ကြောက်စရာကောင်းလွန်းပေသည်။

မဟာလမ်းစဉ်စာရင်းပင် စာလုံးတစ်လုံးမှ မထုတ်ဖော်ဝံ့သည့် ဤကိုယ်ထည်၏ ဆက်နွယ်မှုသည် မည်မျှကျယ်ပြန့်လေသနည်း။

သူ တိုက်မြေ သုံးထောင်တွင် ရှိနေခဲ့စဉ်က ၊ စနစ်သည် မိမိတွင် ပုန်းကွယ်နေခဲ့သော ကိုယ်ထည်၏ အမှန်တရားကို မိမိကိုယ်တိုင် စူးစမ်းရှာဖွေရမည်ဟု ပြောခဲ့ဖူးသည်။

ဤမျှ ကြာမြင့်စွာ စူးစမ်းရှာဖွေမှုများ အပြီးတွင်၊ မိမိ၏လျို့ဝှက်ကိုယ်ထည်သည် ဗလာနိတ္ထိ နှင့် သက်ဆိုင်နေသည်ကို အတည်ပြုနိုင်ခဲ့သည်။

ထို့အပြင်၊ ဤကိုယ်ထည်သည် သူ မွေးဖွားစဉ်ကတည်းက ပိုင်ဆိုင်ထားခဲ့ခြင်း ဖြစ်သည်။

“ မဟုတ်မှလွဲရော.... ဒီလျို့ဝှက် ကိုယ်ထည်က အဆုံးစွန်သော အမှန်တရားကို ဖော်ထုတ်နိုင်မယ့် သော့ချက်ဖြစ်နေမလား....?”

အပိုင်း(၆၇၀): ထိတ်လန့်တုန်လှုပ်နေကြသော အင်အားစုများ (Part-1)

တစ်ချိန်တည်းမှာပင်။

ကောင်းကင်ထက်ရှိ မဟာလမ်းစဉ်၏ နတ်အရှိန်အဝါတို့သည် ဘာမှမဖြစ်ခဲ့သည့်အတိုင်း ၊ အရာအားလုံးသည် အိမ်မက်တစ်ခုအလား ငြိမ်သက်သွားသည်။

သို့သော် ဖြစ်ပွားခဲ့သော ထိတ်လန့်တုန်လှုပ်မှုတို့သည် အရှိန်လျော့သွားခြင်း မရှိပေ။

ပြင်းအား(၁၀)ရှိသော ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားသကဲ့သို့ မရေတွက်နိုင်သော အင်အားစုများနှင့် ပါရမီရှင်တို့၏ စိတ်ထဲ၌ တုန်လှုပ်ချောက်ချားနေဆဲပင်။

အမတသခင်တရားစီရင်ရေးရုံးတော် ။

နတ်ရောင်ခြည်များဖြင့် ပြိုးပျက်စွာ တောက်ပလျက် ၊ အဆောက်အအုံများစွာတို့သည် ခမ်းနားထည်ဝါစွာ တည်ရှိနေသည်။

ပင်မဗဟိုနယ်မြေတွင် တိမ်စိုင်များကိုပင် ထိုးဖောက်ကာ မြင့်မားစွာ တည်ရှိနေသော နန်းဆောင်ကြီးတစ်ခု ရှိနေပြီး ၊ အတွင်း၌ အဆုံးမရှိသော အမတအလင်းရောင်ဖြင့် ရောင်ပြန်ဟပ်လို့နေသည်။

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!?”

မယုံကြည်နိုင်သော အသံတစ်ခုသည် ရုတ်တရက်ပင် ပေါ်ထွက်လာခဲ့သည်။

“မဟာလမ်းစဉ်စာရင်းက အရာအားလုံးကို စွမ်းဆောင်နိုင်ပြီး ၊ ဒေဝ‌လောကတစ်ခွင်လုံးမှာ ရှိတဲ့ မဟာလမ်းစဉ်ရဲ့ ကိုယ်ထည်အမျိုးအစားအားလုံးကို မှတ်တမ်းတင်နိုင်စွမ်းရှိတယ်လို့ ပြောကြတယ် မဟုတ်လား “

“ အမည်မသိ ကိုယ်ထည်တဲ့လား.. ဒါ တစ်ခါမှ မကြားဖူးတဲ့ ကိစ္စပဲ!”

“ ဒါက မဟာလမ်းစဉ်ရဲ့ သဘောတရားနှင့် လုံးဝ မကိုက်ညီဘူး!”

ဝုန်း ——!!

၎င်း၏ အမျက်ဒေါသသံအဆုံးတွင် ၊

အသံလှိုင်းများသည် သမုဒ္ဒရာရေလှိုင်းကြီးသဖွယ် အရပ်ရှစ်မျက်နှာတစ်ခွင်လုံးကို လွင့်စဉ် ရိုက်ခတ်သွားခဲ့သည်။ ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက် ဟင်းလင်းပြင်သည်ပင် ပုံပျက်သွားပြီး ၊ ထောင်သောင်းချီသော အမတမှော်သင်္ကေတများပင် ဤကြောက်မက်ဖွယ် အင်အား၏ ရိုက်ခတ်မှုကြောင့် ပြန့်ကျဲသွားခဲ့သည်။

‌နန်းဆောင်အတွင်း‌၌ ၊

ခုံနှစ်တန်းကို သပ်ရပ်စွာ စီတန်းထားပြီး ၊ ယင်းတို့ပေါ်တွင် ကြောက်ခမန်းလိလိ ရောင်ဝါများဖြင့် ပုဂ္ဂိုလ်များစွာ ထိုင်နေကြသည်။

သို့သော် သူတို့အားလုံး၏ မျက်နှာအမူအရာတို့သည် တည်ငြိမ်မှုမရှိဘဲ ကြီးမားသော စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။

ထို့ထက် ခေါင်းဆောင်နေရာတွင် ထိုင်နေသော ပုဂ္ဂိုလ်မှာ အမတသခင် တရားစီရင်ရေးရုံးတော်၏ လက်ရှိအကြီးအကဲ ထျန်းယွီ့အမတဧကရာဇ်မင်း ပင် ဖြစ်သည်။

ဤအခိုက်အတန့်တွင်၊ သူ၏ မျက်နှာအမူအရာမှာလည်း လွန်စွာ ခက်ထန်နေသည်။ စောနက ဟစ်ကြွေးသံသည် သူ့ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယုတ္တိကျကျ‌ဆိုရလျှင်ဖြင့် တားမြစ်အင်အားစုကြီး ကိုးဖွဲ့အနက်မှ တစ်ဖွဲ့ဖြစ်သည့် ၊

အမတသခင် တရားစီရင်ရေးရုံးတော်၏ ခေါင်းဆောင်အနေဖြင့် သူသည် ဤကဲ့သို့ တည်ငြိမ်မှု ပျောက်ဆုံးမသွားသင့်ချေ။

သို့သော်လည်း လက်ရှိတွင် သူသည် တစ်စုံတစ်ခုကို တုန်လှုပ်သွားသကဲ့သို့၊ ရူးသွပ်လုနီးပါး ဖြစ်နေသည်။

သို့သော် စဉ်းစားကြည့်လျှင်ဖြင့် မှန်ပေသည်။ သူတို့ အမတသခင် တရားစီရင်ရေးရုံးတော်နှင့် အန္တိမတာအို တရားစီရင်ရေးအဖွဲ့တို့သည် ဤနှစ်များအတွင်း အမတနယ်မြေ၏ အုပ်စိုးရှင်အဖွဲ့အစည်းဟူ၍ ကြွားဝါခဲ့ကြသည်။

သို့သော် တားမြစ် စူး မိသားစုနှင့် ကွေးယွမ်အမတဂိုဏ်းကြီးတို့မှာမူ ၊ သူတို့ကို လုံးဝ မျက်စိထဲထည့်မထားဘဲ နေခဲ့ကြသည်။

မူလက သူတို့သည် ဒေဝလောက ပြန်လည်စတင်ရာခေတ်ကို အခွင့်ကောင်းယူကာ သူတို့၏ နောက်ခံအင်အားစုများမှ လူငယ်ပါရမီရှင်များမှ တဆင့် ၎င်းတို့ထံမှ ဂုဏ်သိက္ခာကို ပြန်လည်ရယူရန် ရည်ရွယ်ထားခဲ့သည်။

သို့သော် ယခုအခါတွင် စူးချန်ကဲ၏ ထွက်ပေါ်လာမှုသည် အခြေအနေကို လုံးဝ ပြောင်းလဲသွားစေသည်။

မဟာလမ်းစဉ် ကိုယ်ထည် ခြောက်မျိုးကို ပိုင်ဆိုင်ထားခြင်းသည်ပင် လူကို လွနိစွာ ယုံကြည်ရခက်စေသည်။ ဒါတင်မက ၊ အမည်မသိ ကိုယ်ထည် နှစ်မျိုးဟုပင် ဖော်ပြသွားခဲ့သည်။

ဤကဲ့သို့ ယုံနိုင်စရာမရှိသော ပါရမီများကို ပိုင်ဆိုင်ထားသဖြင့် ယခင်က ယုံကြည်ချက်အပြည့်ရှိနေခဲ့သော ထျန်းယွီ့ အမတ ဧကရာဇ်မင်းသည် ယခုတွင်မူ ယုံကြည်ချက်တို့ ပျောက်ဆုံးလို့ နေချေပြီ။

အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက်၊ အမတဧကရာဇ် တစ်ပိုင်းအဆင့်ရှိ စွမ်းအားရှင်တစ်ဦးက ပြောကြားလိုက်သည်။

“ အရှင်မင်း ထျန်းယွီ့ ၊ အောက်က လက်အောက်ငယ်သားတွေ စုံစမ်းပြီး တင်ပြလာတာတော့ ..စူးချန်ကဲ ပိုင်ဆိုင်ထားတဲ့ ကိုယ်ထည်တွေက တိုက်မြေ သုံးထောင်ရဲ့ ရှေးဟောင်းစာအုပ်တွေထဲမှာ မှတ်တမ်းတင်ထား‌တဲ့ဟာတွေပါ “

“တိုက်မြေ သုံးထောင် ဆိုတာက အဆင့်နိမ့်လောကတစ်ခုပဲ ကျွန်တော်တို့ အမတနယ်မြေနှင့် နှိုင်းယှဉ်ရင် ဘာမှအဖိုးမတန်ဘူး”

“ ဒီစူးချန်ကဲမှာ ကိုယ်ထည်အမျိုးမျိုး ရှိတယ်ဆိုတောင် ဒါတွေအားလုံးက အောက်လောကရဲ့ သူတော်စင် ခန္ဓာကိုယ်တွေပဲ ၊ ကျွန်တော်တို့ အမတသခင် တရားစီရင်ရေးရုံးတော်ရဲ့ သခင်ငယ်လေးက ငယ်စဉ်ကတည်းက အမတနယ်မြေမှာ ကြီးပြင်းလာခဲ့တာ “

“ပြီးတော့ အမတနယ်မြေရဲ့ အမြင့်မြတ်ဆုံး နတ်ဘုရားကိုယ်ထည်ကို နှိုးဆော်နိုင်ခဲ့တယ်.. ကိုယ်ထည် နှစ်မျိုးသာ ရှိပေမယ့် ..ဒါပေမဲ့ အရည်အချင်းနဲ့ ပါရမီအရယှဉ်ရင် စူးချန်ကဲထက် မလျော့ဘူးဆိုတာ ကျွန်တော် ယုံကြည်တယ်”

ထိုစကားသံအဆုံးတွင် ၊

မူလက ကြာမြင့်စွာ ဆိတ်ငြိမ်နေခဲ့ကြသော အကြီးအကဲတို့သည် တစ်ယောက်ပြီး တစ်ယောက် ထောက်ခံလာကြသည်။

“မှန်တယ်! အကြီးအကဲ ကျောက် ပြောတာမှန်တယ်! စူးချန်ကဲဆိုတာ အဆင့်နိမ့်လောက ကနေ တတ်ရောက်လာတဲ့သူပဲ”

“ရှန်ထျန်း သခင်ငယ်နဲ့ယှဉ်ရင် အဝေးကြီးလိုသေးတယ်!”

“ရှန်ထျန်း သခင်ငယ်ဆိုတာ ရှေးဦးနတ်ဘုရားခန္ဓာကို ပိုင်ဆိုင်ထားတဲ့အပြင်၊ ရှေးဦိးနတ်ဘုရားစွမ်းအားကိုပါ ထိန်းချုပ်နိုင်တယ် ဒါတင်မက မွေးရာပါ နတ်ဘုရားနှလုံးလည်း ရှိတယ်၊ နတ်ဘုရားတရားစီရင်ရေးအဖွဲ့က ကောင်းကင်နတ်ဘုရားမျိုးနွယ်စုရဲ့ လျို့ဝှက်အတတ်တွေကိုပါ အသုံးချနိုင်သေးတယ်!”

“စူးချန်ကဲတောင်မှ သူ့ကို အနိုင်ယူနိုင်မယ် မထင်ဘူး!”

“ ပြီးတော့ စူးချန်ကဲက ဒေဝလောကတစ်ခွင်မှ ပါရမီရှင်စာရင်းထဲ တတ်ရောက်ထားပေမယ့် ထိပ်ဆုံးနေရာ ရမယ်ဆိုတာ မသေချာဘူး!”

“ ပြီးတော့ ကျွန်တော်တို့ကတော့ ယုံကြည်တယ်၊ ကျွန်တော်တို့ အမတသခင် တရားစီရင်ရေးရုံးတော်ရဲ့ သခင်ငယ်က ခေတ်ဟောင်း အမတနယ်မြေ ပါရမီရှင်စာရင်းမှာ ထိပ်ဆုံးနေရာကို တတ်နိုင်လိမ့်မယ် ! စူးချ‌န်ကဲလောက်တော့ ပမွှားပဲ !”

“……..”

အောက်လူများ၏ ချီးမွမ်းမှုများနှင့် ချော့မော့မှုများကို ခံရပြီးနောက်။

ထျန်းယွီ့ အမတ ဧကရာဇ်မင်း၏ တင်းမာနေသော မျက်နှာအမူအရာသည် တဖြည်းဖြည်း ပြေလျော့လာခဲ့သည်။

“မှန်တယ်၊ စူးချန်ကဲက အဆင့်နိမ့်လောက ကနေ ‌တတ်ရောက်လာတဲ့သူပဲ”

ထျန်းယွီ့ အမတ ဧကရာဇ်မင်းက ဆိုလိုက်သည်။

“ဒီလောက်များပြားတဲ့ မဟာလမ်းစဉ် ကိုယ်ထည်တွေကို ပိုင်ဆိုင်ထားရင်တောင်မှ၊ အမတနယ်မြေမှာ တည်ရှိတဲ့ နတ်ဘုရားကိုယ်ထည်တွေနဲ့ ယှဉိရင် အကွာကြီးပဲ”

အမတနယ်မြေတည်ရှိခဲ့သည့် ခေတ်ကာလသည် ဒေဝလောကရှိ စကြဝဠာလောကများ၏ တည်ရှိမှုခေတ်ကာလထက် ပို၍ ရှည်လျားခဲ့သည်။

ကမ္ဘာဦးဖန်ဆင်းပြီးနောက် အမတနယ်မြေကြီး ကိုးခု ပေါ်ထွန်းလာခဲ့ပြီး၊ ၎င်းတို့ကို ဗဟိုပြု၍ မရေမတွက်နိုင်သော နယ်မြေများစွာ ထွက်ပေါ်လာခဲ့သည်။

အမတနယ်မြေကြီး ကိုးခုသည် ဒေဝလောကကြီး တစ်ခုလုံး၏ ဗဟိုချက်ဖြစ်ပြီး ၊ ထူးခြားအံ့သြဖွယ်ရာများနှင့် ကံကြမ္မာတည်ရှိရာ နေရာတစ်ခု ဖြစ်ပေသည်။

တိုက်မြေ သုံးထောင် ဆိုသည်မှာ ဖွံ့ဖြိုးမှုနောက်ကျသော အဆင့်နိမ့်လောကငယ် တစ်ခုသာ ဖြစ်သည်။

ယခင်က အမတသခင် တရားစီရင်ရေးရုံးတော်သည် ဗဟိုအမတနယ်မြေမှာ တိုက်မြေ သုံးထောင်အတွင်း ချိတ်ပိတ်ခံထားရသည်ဟု သံသယရှိခဲ့သည်။

သို့သော် ဤရက်ပိုင်းအတွင်း စူးစမ်းလေ့လာမှုများ ပြုလုပ်ပြီးနောက်တွင် ၊ အတိအကျ မပြောနိုင်သည့်အတွက် ထိုအချက်ကိုပယ်ချခဲ့ပြီး တစ်ထောင်သော လောကနှင့် အကန့်အသတ်မဲ့ စိတ်ကူးယဉ်နယ်မြေတွင် စူးစမ်းရှာဖွေရန် လမ်းကြောင်းပြောင်းခဲ့သည်။

အကယ်၍ ဗဟိုအမတနယ်မြေသည် တိုက်မြေ သုံးထောင်အတွင်း ချိတ်ပိတ်ခံထားရပါက ၊ တိုက်မြေ သုံးထောင်ရှိ သက်ရှိအပေါင်းတို့သည် ဗဟိုအမတနယ်မြေ၏ ကံကြမ္မာအချို့ကို ရရှိနိုင်မည် ဖြစ်သည်။ ထို့ကြောင့် သူသည် စူးချန်ကဲအပေါ်တွင် အလွန်အမင်း စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။

ယခုအခါ အောက်ကလူများ၏ မြှောက်ပင့်စကားကို ကြားလိုက်ရပြီးနောက်တွင်၊ ထျန်းယွီ့ အမတ ဧကရာဇ်မင်းသည် တိုက်မြေ သုံးထောင် ဆိုသည်မှာ အရေးမပါသော အဆင့်နိမ့်လောကငယ် တစ်ခုသာ ဖြစ်သည်ဟု ထင်မြင်ယူဆလာခဲ့သည်။

“ကောင်းပြီ၊ မကြာမီ အမတနယ်မြေတစ်ခွင် အတွေ့အကြုံယူတော့မှာဆိုတော့ ငါ့သား ရှန်ထျန်းကို မဟာလမ်းစဉ်စာရင်းမှာ မှတ်တမ်းတင်နိုင်ဖို့ အသင့်ပြင်ခိုင်းလိုက် !”

“ ဟုတ်!”

လက်အောက်ငယ်သားတစ်ဦးက အမိန့်ကို လက်ခံရရှိသည်နှင့် ၊ အလင်းတန်းတစ်ခုအဖြစ်သို့ လျင်မြန်စွာပြောင်းလဲသွားပြီး မိုးကုတ်စက်ဝိုင်းတွင် ပျောက်ကွယ်သွားခဲ့လေသည်။

စူးချန်ကဲသည်ပင် မဟာလမ်းစဉ်စာရင်းပေါ် တတ်ရောက်နိုင်ပါက ၊ သူတို့ အမတသခင် တရားစီရင်ရေးရုံးတော်ကလည်း သေချာပေါက် လုပ်ပြနိုင်ပေလိမ့်မည်။

အပိုင်း(၆၇၀): ထိတ်လန့်တုန်လှုပ်နေကြသော အင်အားစုများ (Part-2)

တစ်ဖက်တွင်မူ။

ကောင်းကင်မိစ္ဆာအမတ နယ်မြေ။

ရွှေကျီးကန်းနတ်ဘုရားမင်းဆက်။

သင်၏မြင်ကွင်းကို အဆုံးထိ ဆက်သွားကြည့်မည်ဆိုပါက ၊ ကောင်းကင်ဘုံမြို့တော်ပမာ ထင်မှတ်ရသည့် အဆောက်အဦးများစွာကို မြင်တွေ့ရပေလိမ့်မည်။

ကောင်းကင်ပြင်သည် မိစ္ဆာစွမ်းအင်များဖြင့် ပြည့်နှက်နေပြီး ၊ ကျယ်ပြောလှသော မိစ္ဆာစွမ်းအင်သမုဒ္ဒရာကြီးအတွင်းသို့ ရောက်ရှိနေသလား အောက်မေ့ရသည်။

အလွန်တရာမျှ ခမ်းနားကြီးကျယ်သော ဧကရာဇ်မြို့တော်အတွင်း၌။

နတ်သတ္တုဖြင့် သွန်းလုပ်ထားသည့် တောက်ပသော နန်းတော်တံခါးကြီးများသည် ပိတ်ထားလျက် ရှိပြီး ရာနှင့်ချီ မြင့်မားပေသည်။ ၎င်းတို့ကို ရွှေဖြင့် သွန်းလောင်းထားပြီး ၊ စူးရှတောက်ပသော နေမင်းများဖြင့် ထွင်းထုထားသည်။

ခြေသုံးချောင်းပါ ရွှေရောင်ကျီးကန်း တစ်ကောင်သည် ၎င်း၏အတောင်ပံများကို ဖြန့်ကျတ်လျက် ဝင့်ကြွားစွာ‌ဖြင့် ရှိနေသော ပုံသဏ္ဍာန်ကို သက်ဝင်ပြောင်မြောက်စွာ ထွင်းထုထားသည်။

ကျွီ-----

ထိုအချိန်တွင်မူ၊ ဧရာမ တံခါးကြီးထံမှ ကျယ်လောင်သော အသံများ ထွက်ပေါ်လာခဲ့သည်။

၎င်းသည် အတွင်းဘက်မှ တံခါးပွင့်လာခြင်း ဖြစ်ပေသည်။

ဝုန်း !!

မျက်စိတမှိတ်အတွင်းမှာပင် ၊ မီးလျှံများက ဒီရေလှိုင်းပမာ တဟုန်ထိုး ထွက်ပေါ်လာပြီး နေအလင်းသဖွယ် တောက်ပလျက် ၊ ကောင်းကင်ကြီးကိုပင် လောင်မြိုက်စေနိုင်မည့် စွမ်းအားများကို သယ်ဆောင်ထားသည်။

အကယ်၍ စွမ်းအားရှင်တစ်ဦးသည် ဤနေရာတွင် ရှိနေမည်ဆိုပါက၊ မျက်နှာတစ်ခုလုံး ဖြူဖပ်ကာ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့သွားပေလိမ့်မည်။

ရွှေကျီးကန်းနတ်မီးလျှံ!

မိုးမြေတစ်ခွင်ရှိ အရာခပ်သိမ်းကို အရည်ပျော်စေနိုင်ပြီး၊ မီးစတစ်မျှင်တည်းဖြင့် စကြဝဠာတစ်ခုလုံးကို အရည်ပျော်သွားစေနိုင်သည်ဟု ဂုဏ်တင်ခံရသော အဖျက်မီးတောက် ဖြစ်သည်။

တဟုန်းဟုန်း တောက်လောင်နေသော မီးလျှံအလယ်တွင်၊ စူးရှတောက်ပသော မျက်ဝန်းတစ်စုံသည် အသာယာ ပွင့်လာသည်။

ယင်းမျက်ဝန်းတစ်စုံ၌ မိုးမြေကို ဖျက်ဆီးနိုင်သော နတ်မီးလျှံစွမ်းအားများ ပုန်းလျှိုးကွယ်လျှိုး ရှိနေသကဲ့သို့ ထင်ရသည်။

ထိုမျက်ဝန်းများကို ဖွင့်လိုက်သည့် အခိုက်အတန့်မှာပင်၊ ကုန်ခန်းခြင်းမရှိသော ရွှေကျီးကန်းနတ်မီးလျှံများသည် မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ကွယ်ပျောက်သွားသည်။

“ ထင်မထားဘူး.... ငါ ကျင့်ကြံအားထုတ်နေတဲ့ အခိုက်အတန့်မှာ ..”

“မဟာလမ်းစဉ်စာရင်းကို တက်ရောက်သွားတဲ့သူ ရှိနေခဲ့လိမ့်မယ်လို့ ထင်မထားဘူး”

“ ဒေဝလောကတစ်ခွင်မှ ပါရမီရှင်စာရင်း.. စူးချန်ကဲတဲ့လား”

ရေရွတ်သံနှင့်အတူ ၊

တိ့ကျွင်းအမတဧကရာဇ်မင်း၏ သား ဖြစ်သူ၊ တစ်ချိန်က တံဆိပ်ခတ်ခံထားရသော ခေတ်ဟောင်း ပါရမီရှင် ကျီချောင်ကဲသည် ချောမောတင့်တယ်သော မျက်နှာထား ၊ ဖြောင့်မတ်သွယ်လျသော ခန္ဓာကိုယ်ဖြင့် ရွှေ-နီရောင် ခြယ်သထားသော ဧကရာဇ်ဝတ်လုံကို ဝတ်ဆင်လျက် ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

စူးချန်ကဲ အကြောင်းကို သူသည် အတိုင်းအတာတစ်ခုအထိ သိရှိထားသည်။

ဖခင်ဖြစ်သူသည် သူ့အား ရှင်းပြခဲ့ဖူးသလို၊ ထို့အပြင် တဖက်လူသည် တားမြစ်အင်အားစုကြီးသုံးဖွဲ့၏ တူညီသောဆက်ခံသူလည်း ဖြစ်သည်။ မလိုအပ်ပါက ၊ ထိုလူကို ရန်မစရန် မှာကြားခဲ့သည်။

ကျီချောင်ကဲတွင်လည်း သူ့ ကိုယ်ပိုင်အမြင် ရှိ‌ပေသည်။ သူသည် ထူးချွန်သော ပါရမီရှင်တစ်ဦး ဖြစ်သည်နှင့်အလျောက် မာန်မာနရှိပေသည်။

စူးချန်ကဲသည် သူ့ကို လာမနှောင့်ယှက်သရွေ့ သူ့ဘက်ကလည်း မလိုအပ်သော ပြသနာများကို ဖန်တီးလိမ့်မည်မဟုတ်။

သို့သော် အကြောင်းတစ်စုံတစ်ရာကြောင့် တစ်ယောက်နှင့်တစ်ယောက် ‌ထိပ်တိုက်တွေ့ဆုံရမည်‌ဆိုတောင် သူသည် ကြောက်ရွံ့နေမည်မဟုတ်။

ထို့အပြင် သူသည် စူးချန်ကဲ နှင့် တစ်ပွဲတစ်လမ်း ဆင်နွှဲချင်သေးသည်။

“ဟား... ကိုယ်ထည် ခြောက်မျိုးကိုမှ အမည်မသိကိုယ်ထည် နှစ်မျိုးတဲ့လား”

“ ဒီသတင်းက အမတနယ်မြေကို လှုပ်ခတ်သွားစေနိုင်တယ် မဟုတ်လား..”

ကျီချောင်ကဲ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ပွင့် လှစ်ဟသွားသည်။

“ငါတော့ မင်းနဲ့ တကယ်ကို တစ်ပွဲတစ်လမ်း ဆင်နွှဲမိချင်သေးတယ်”

……..

အခြားတစ်ဖက်တွင်။

သုံဟွမ်မိစ္ဆာမဟာမိတ်။

ရေခဲဖန်များဖြင့် တလက်လက်တောက်ပနေသော ဧကရာဇ်မြို့တော်ကြီးတွင် ၊

စကြဝဠာတစ်ခွင်ရှိ တိတ်ဆိတ်ငြိမ်သက်သော နှင်းခဲများဖြင့် ပုံသွင်းထုလုပ်ထားသည့်အလား၊ ကောင်းကင်ယံသည် မှိန်ဖျော့နေသော်လည်း တောက်ပသော ရေခဲများက ရောင်ပြောင်ဟပ်လျက် ရှိသည်။

ရေခဲ ဆီးနှင်းများဖြင့် ဖုံးလွှမ်းနေသော ဧကရာဇ်မြို့တော်ကြီးကို ဗဟိုပြု၍ ဤလောကကြီးတစ်ခုလုံးသည် ဆီးနှင်းမြူများဖြင့် ပြည့်နှက်နေသည်။

လျှို့ဝှက်ဆန်းကြယ်ပြီး တလက်လက် တောက်ပနေသော ရေခဲဂူတစ်ခုအတွင်း၌ ၊

နှင်းကြာပန်းများနှင့် ရေခဲပုံဆောင်ခဲသဏ္ဍာန် နှင်းမြက်ပင်များသည် တစ်ပင်ပြီးတစ်ပင် ပွင့်ဖူးလျက် တစ်ခုနှင့်တစ်ခု ရောင်ပြန်ဟပ်နေပြီး အေးစက်သော အလင်းတန်းများကို ထုတ်လွှတ်နေကြသည်။

ပွင့်ဖူးလှပနေသော နှင်းပန်းများအလယ်တွင် ၊ ပါးလွှားသော ဖဲပုဝါဖြင့် မျက်နှာကို ဖုံးအုပ်ထားပြီး ဖြူဖွေးသော ဆံနွယ်များဖြင့် ဦးခေါင်းထက်တွင် နဂါးဦးချိုငယ်တစ်စုံရှိသည့် ဖြူဖွေးလှပသော အမျိုးသမီးလေးတစ်ဦးသည် တင်ပြင်ခွေထိုင်လျက် ရှိသည်။

ဝီ!!

ထိုစဉ် အပြင်ဘက်မှ သက်တံ့ရောင်စဉ်တန်းတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာပြီး သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

သူမသည် မတတ်သာဘဲ မျက်စိဖွင့်လိုက်သည်။

“ ဒါအမေက ပို့လိုက်တဲ့ သတင်းစကားပဲ....”

သူမသည် သုံဟွမ် အမတဧကရီ၏ သမီးတော် ၊ ခေတ်ဟောင်း ပါရမီရှင် လိန်ချင်းယွဲ့ ပင်တည်း။

( T/N - အရင်က သုံဟွမ် အမတဧကရာဇ်မင်းကို ကျား/မ မရှင်းပြထားတော့ ယောကျာ်းအနေနဲ့ သုံးမိလိုက်တယ် အခုမှ အမေလို့ ထုတ်ပြောလိုက်တာဆိုတော့ ခုကစပြီး ဧကရီ လို့ သုံးသွားတော့မယ်နော် )

ထိုသတင်းအချက်အလက်ကို ရရှိပြီးနောက်၊ လိန်ချင်းယွဲ့သည် တီးတိုးရေရွတ်လိုက်သည်။

“ ဒေဝလောကတစ်ခွင်မှ ပါရမီရှင်စာရင်း.... စူးချန်ကဲ....”

“စူးချန်ကဲ အကြောင်းကို ငါ့ကို ပြောပြီးသား မဟုတ်လား...အမေက ဘာလို့ သူ့အကြောင်း ထပ်ပြီး ငါ့ဆီ သတင်းပို့နေပြန်တာတုန်း “

လိန်ချင်းယွဲ့သည် အနည်းငယ် မကျေမနပ်ဖြစ်နေပုံရသည်။

သူမ နိုးထလာသည့် ကာလအတွင်း၊ မိခင်ဖြစ်သူသည် စူးချန်ကဲနှင့် ပတ်သတ်သော ကိစ္စများကို သူမအား ရှင်းပြခဲ့ပြီး ဖြစ်သည်။

စိတ်ထဲတွင် အထင်ရှားဆုံး မှတ်မိနေသည့် အချက်မှာ တားမြစ်အင်အားစုကြီး သုံးဖွဲ့၏ တစ်ဦးတည်းသော ဆက်ခံသူဖြစ်နေခြင်းပင်။

သို့သော် သူမသည် ပေးပို့လာသော သတင်းအချက်အလက်များကို ဖတ်ရှုပြီးသည်နှင့် ၊ သူမ၏ လှပသောမျက်ဝန်းများမှ ရှိနေခဲ့သော မထီမဲ့မြင်မှုများသည် အလျင်အမြန်ပင် ပျောက်ကွယ်သွားခဲ့သည်။

အစားထိုးဝင်ရောက်သည်မှာ အဆုံးမရှိသောာ ထိတ်လန့်မှုများပင် ဖြစ်သည်။

“ ဘယ်လို...!?”

“ ကိုယ်ထည်ခြောက်မျိုး ..အမည်မသိက နှစ်မျိုးတောင်...?”

လိန်ချင်းယွဲ့ သည် စိတ်လှုပ်ရှားစွာဖြင့် ထိုင်ရာမှ ရုတ်တရက် ထရပ်လိုက်သည်။

“ မဟာလမ်းစဉ် စာရင်းတောင် စစ်ဆေးလို့ မရဘူး ဟုတ်လား....?!”

သူမ၏အသံသည် လွန်ကဲစွာ ကျယ်လောင်သွားသဖြင့် ၊ ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းတစ်ခု ဖြစ်ပေါ်ခဲ့ရာ ရေခဲဂူအတွင်းရှိ ရေခဲအစအနများ ၊ ပွင့်ဖက်များသည် ပြင်းပြင်းထန်ထန် ပြန့်ကျဲသွားသည်။

နိုးထလာပြီးနောက်ပိုင်းတွင် ၊ သူမသည် ခေတ်ဟောင်း ပါရမီရှင်တစ်ယောက်အနေဖြင့် မိမိ၏ အရည်အသွေးများကို အဆက်မပြတ် တိုးတတ်လာစေရန် ကြိုးစားနေခဲ့သည်။

သူမ၏ရည်ရွယ်ချက်မှာ နောင်တွင် အမတနယ်မြေ၌ ပိုမိုကောင်းမွန်စွာ လှုပ်ရှားသွားလာနိုင်ရန်အတွက်ပင် ဖြစ်သည်။

ယခုအခါတွင် ၊ ပေးပို့လာသော သတင်းစကားကို ကြားပြီးနောက် လိန်ချင်းယွဲ့၏ စိတ်နှလုံးသားထဲတွင် အတိုင်းအတာတစ်ခုအထိ ရိုက်ခတ်သွားသည်။

“ အောက်ကမ္ဘာကနေ.... ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာခဲ့တယ်ပေါ့...”

သံသယများဖြင့် မေးခွန်းထုတ်ရင်း ၊ အချိန်အတန်ကြာ ကုန်လွန်သွားပြီးနောက်တွင်

လိန်ချင်းယွဲ့၏ လန့်ဖျပ်သွားသော မျက်လုံးများသည် ပုံမှန်တည်ငြိမ်သော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ဤကဲ့သို့သော ပါရမီသည် အတော်လေးကို ကြောက်မက်ဖွယ် ကောင်းပေသည်။ နောင်တွင် သူမ၏ အကြီးမားဆုံး ပြိုင်ဘက်တစ်ယောက် ဖြစ်လာနိုင်သော်လည်း၊ သို့သော်ငြား သူမကို ကြောက်ရွံ့စေသည့်အထိ မဖြစ်နိုင်သည်ဟု ယူဆထားသည်။

ပိုင်ဆိုင်ထားသော ကိုယ်ထည်များလေလေ ၊ တိုက်ခိုက်သည့်အခါ သုံးစွဲရသည့် အမတ စွမ်းအင်များသည်လည်း ပိုမိုများပြားလာလေလေ ဖြစ်သည်။

ထို့ကြောင့် မဟာလမ်းစဉ်၏ ကိုယ်ထည်များစွာကို ပိုင်ဆိုင်ထားခြင်းသည် ကောင်းသောအရာဖြစ်သည်ဟု ဆို၍မရချေ။

အပိုင်း(၆၇၁): မမြင်နိုင်သော မုန်တိုင်း

အမျိုးအစား သုံးထောင်ရှိသည့် တာအိုခန္ဓာတိုင်းတွင် မတူညီသော ရောင်ဝါများနှင့် စွမ်းအားများ ရှိကြသည်။ ၎င်းတို့သည် တစ်ကိုယ်တည်းတွင် အတူယှဉ်တွဲတည်ရှိနေပါက ၊ မဟာလမ်းစ‌ဉ်၏ တန်ပြန်သက်ရောက်မှုကို ခံရနိုင်သည်။

“ တကယ်လို့ ဒီစူးချန်ကဲက ဒဏ္ဍာရီထဲက အဲ့ဒီကိုယ်ထည်ကို ပိုင်ဆိုင်ထားရင်တော့ ဒီပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်”

သူမပြောသည့် ထိုအရာမှာ ဒဏ္ဍာရီလာ မဟာလမ်းစ‌ဉ်၏ တားမြစ်ကိုယ်ထည်ဖြစ်သည့် ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်ပင် ဖြစ်သည်။

တစ်ခါက လိန်ချင်းယွဲ့သည် ဤကိုယ်ထည်အကြောင်း မှတ်တမ်းတင်ထားသော စာလိပ်အပိုင်းအစတစ်ခုကို မတော်တဆ ရရှိခဲ့သည်။

သို့သော် ယင်းမှာ အတော်ကြာပြီးကတည်းက ကိစ္စဖြစ်ပြီး၊ ယခု စူးချန်ကဲ အကြောင်းကို ကြားလိုက်ရချိန်တွင် ထိုကိစ္စကို ပြန်အမှတ်ရမိခဲ့ခြင်း ဖြစ်ပေသည်။

လိန်ချင်းယွဲ့သည် ခေါင်းတယမ်းယမ်းဖြင့် ပြုံးရယ်လိုက်သည်။

“ဒါပေမဲ့ စိတ်မကောင်းစရာက လောကမှာ ‘ တကယ်လို့’ ဆိုတာ မရှိဘူး ...အဲ့တုန်းက ငါတောင် မြင်လိုက်ရတာက ဒီတိုင်း စာရွက်စာတမ်း အပိုင်းအစလေးတစ်ခုလေးပဲ...”

“ပြီးတော့ ငါ စုံစမ်းချက်အရ အမတနယ်မြေမှာ ဒီလိုကိုယ်ထည်မျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး..ဒီလို နိယာမကို ဆန့်ကျင်နိုင်တဲ့ ကိုယ်ထည်ဆိုတာ ဒီတိုင်း စိတ်ကူးယဉ်ဆန်စွာ ရေးဖွဲ့ထားတဲ့ ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ပဲ ဖြစ်နိုင်လိမ့်မယ်...”

“ တာအိုကိုယ်ထည် အမျိုးအစား သုံးထောင်ကို ပိုင်ဆိုင်ထားနိုင်တဲ့ ကိုယ်ထည်၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“ အဲ့လိုကိုယ်ထည်မျိုးကို ပိုင်ဆိုင်ထားရင်.. နောက်တစ်နည်းအနေနဲ့ ပြောရရင် ဒေဝလောကတစ်ခွင်လုံးရဲ့ အရှင်သခင်တစ်ပါးလို့တောင် ပြောလို့ရနေပြီမဟုတ်လား”

အမတနယ်မြေတွင်ပင် ထွက်ပေါ်လာခြင်း မရှိခဲ့ပါက ၊ အဆင့်နိမ့်လောက၏ ဒေသများတွင်လည်း ထွက်ပေါ်လာနိုင်စရာ အကြောင်းမရှိချေ။

သူမ၏အတွေးများ တည်ငြိမ်သွားသည်နှင့် နောက်ထပ်စဉ်းစားရန် ပျင်းရိလာပြီး တံခါးပိတ်ကျင့်ကြံရာမှ ထွက်ရန် ပြင်ဆင်လိုက်သည်။

စူးချန်ကဲသည် မဟာလမ်းစဉ် စာရင်းတွင် အမည်တင်ပြီးဖြစ်သဖြင့် ၊

သုံဟွမ်မိစ္ဆာမဟာမိတ်၏ ဆက်ခံသူအနေဖြင့်၊ သူမသည်လည်း သုံဟွမ်မိစ္ဆာမဟာမိတ်အား မျက်နှာသာရရန် ကြိုးပမ်းရပေဦးမည်။

…..

ဤကဲ့သို့မြင်ကွင်းများသည် အမတနယ်မြေ နှင့် ဒေဝလောကတစ်ခွင်ရှိ မရေမတွက်နိုင်သော အင်အားစုများတွင် ဖြစ်ပွားနေသည်။

ဤမြင်ကွင်းကို မြင်တွေ့ခဲ့ရသော လက်ရှိခေတ် ပါရမီရှင်များသာမက။

ခေတ်ဟောင်း ပါရမီရှင်များသည်လည်း စူးချန်ကဲနှင့်ပတ်သတ်သည့် သတင်းစကားကို ကြားသိထားပြီး ဖြစ်သည်။

လူအများစုသည် စူးချန်ကဲကို စိန်ခေါ်တိုက်ခိုက်လိုကြပြီး၊ သူ့ကို ရှုံးနိမ့်စေခြင်းဖြင့် မိမိတို့၏ ဂုဏ်သတင်းကျော်ကြားရေးအတွက် ခြေနင်းကျောက်အဖြစ် အသုံးပြုလိုကြသည်။

သို့သော် တစ်ချိန်တည်းမှာပင် လူတစ်ချို့၏ စိတ်ထဲတွင် အဆုံးမရှိသော လေးစားကြည်ညိုမှုများဖြင့် ပြည့်နှက်နေသည်။

ဥပမာအားဖြင့် တားမြစ်အင်အားစုကြီးသုံးဖွဲ့၏ ပါရမီရှင်များသည် ထိုအကြောင်းအရာနှင့် ပတ်သတ်၍ အဆုံးမရှိသော မျှော်လင့်ချက်များ ရှိပေသည်။

ယခုအချိန်တွင် တားမြစ် စူးမိသားစုသည် အထူးပင် တက်ကြွနေပြီး၊ ပါရမီရှင်များစွာတို့သည် ဆွေးနွေးငြင်းခုံနေကြသည်။

“ချန်ကဲသခင်ငယ်က တကယ်ကို သန်မာလွန်းတယ်! ကိုယ်ထည် ခြောက်မျိုးတောင်! နောက်ပြီး နှစ်မျိုးက မဟာလမ်းစဉ် စာရင်းကတောင် စစ်ဆေးမရဘူး!”

“ဟားဟား! အမတနယ်မြေမှာ မဟာလမ်းစဉ် စာရင်း ဆိုတာ အရာရာကို လုပ်နိုင်တယ်လို့ အမြဲ ပြောကြတယ်၊ ဒီနေ့တော့ ချန်ကဲသခင်ငယ်က ဒီအယူအဆကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်ပြီ!”

“ကိုယ်ထည်တွေက ဘာမှမဟုတ်ပါဘူး! ဒီထက်အရေးကြီးတာက ချန်ကဲသခင်ငယ်ရဲ့ ထင်ရှားကျော်ကြားတဲ့ အောင်မြင်မှုတွေပဲ!”

“မေးခွန်းထုတ်စရာက ချန်ကဲသခင်ငယ်က သုံးနှစ်အတွင်းမှာတင် တိုက်မြေ သုံးထောင်ရဲ့ ဧကရာဇ်တစ်ပါး အဖြစ် အောင်မြင်ခဲ့တာ ၊ ဒါမျိုး ဘယ်သူကများ လုပ်နိုင်မှာလဲ”

“ပြီးတော့ သူတော်စင်အရှင် နယ်ပယ်အဆင့်မှာကတည်းက သူတစ်ယောက်တည်းနဲ့ နယ်ပယ်တူ ပါရမီရှင်တွေကို ထောင်နဲ့ချီ ရင်ဆိုင်နိုင်ခဲ့တယ်၊ ဒီလိုခွန်အားမျိုးဟာ လောကရဲ့ ‘အတုမရှိ ‘ဆိုတဲ့ စကားလုံးနဲ့ လိုက်ဖက်ပါပေတယ်”

“နောက်ဆုံးမှာ စစ်သည်တို့ကို ဦးဆောင်ပြီး ပြင်ပနယ်မြေကို ပေါင်းစည်းနိုင်ခဲ့တဲ့အပြင် ဇီဝတားမြစ်နယ်မြေကို ချေမှုန်းပစ်ခဲ့တာ ဒါ တကယ်ကို မယုံနိုင်စရာပဲ! ချန်ကဲသခင်ငယ် ဒီအရွယ်လောက်မှာ ငါကတော့ မိသားစုထဲ အလကားစားသောက်ရင်း နေခဲ့တာပဲ”

“ချန်ကဲသခင်ငယ်ကို ကြည့်လိုက်စမ်း၊ လူသားလမ်းစဉ်အဆင့်နဲ့ ဧကရာဇ်လမ်းစဉ် လွတ်မြောက်သူခြောက်ဦးကို ချေမှုန်းခဲ့တာ ...ဘယ်လောက်တောင် ကြီးကျယ်လိုက်တုန်း!”

“………”

မဟာလမ်းစဉ် စာရင်း၏ ထုတ်ဖော်ပြသမှုသည် စူးချန်ကဲ၏ ဂုဏ်သတင်းကို နောက်ထပ် မြှင့်တင်ပေးခဲ့သည်မှာ ထင်ရှားသည်။

တားမြစ် စူးမိသားစုတစ်ခုတည်းသာမက ၊ သံသရာစက်ဝန်း အမတ မင်းဆက်၏ တပည့်သားများသည်လည်း အဆက်မပြတ် ဆွေးနွေးနေကြသည်။

“ကြားတာက ချန်ကဲမင်းသားက အခု သံသရာစက်ဝန်း ယန်ထျန်းကွင်းပြင်မှာ ရှိနေတယ်တဲ့!”

“ညီအစ်ကိုတို့ ! ငါတို့ လူအရေအတွက် ဒီလောက်များတာ သံသရာစက်ဝန်း ယန်ထျန်းကွင်းပြင်ကို သွားကြည့်လို့ စည်းမျဉ်းချိုးဖောက်ရင်တောင်၊ ပြစ်ဒဏ်က သိပ်မပြင်းလောက်ဘူး “

“ ဘာပဲဖြစ်ဖြစ် ဒါက ချန်ကဲမင်းသားရဲ့ မျက်နှာကို မြင်တွေ့နိုင်မယ့် အခွင့်ကောင်းတစ်ခုပဲ”

“…….”

သံသရာစက်ဝန်း အမတ မင်းဆက်၏ မရေမတွက်နိုင်သော ပါရမီရှင်များသည် ပြစ်ဒဏ်ကို ရဲရဲဝံ့ဝံ့ ခံယူကာ ၊ စူးချန်ကဲ ရှိရာ နေရာဆီသို့ ပြေးသွားပြီး သူတို့ မင်းသား၏ အသွင်အပြင်ကို မြင်တွေ့လိုကြသည်။

ယခုအချိန်တွင် သူနှင့် မတွေ့ဆုံလိုက်ပါက၊ နောင်တွင် သူတို့သည် အမတနယ်မြေတစ်ခွင်သို့ လှည့်လည်အတွေ့အကြုံယူသည့်အခါ မိမိတို့အိမ်က မင်းသား၏မျက်နှာကို ထပ်မံမြင်ရဖို့ ခက်ပေတော့မည်။

ထို့ထက်ပို၍ မျှော်လင့်မထားမိသည့် အချက်မှာ ၊

အမျိုးသမီးများသာ ပါဝင်သော ယောင်ကွမ်အမတဂိုဏ်းကလည်း ဤကိစ္စကို ‌အတော်လေး စိတ်ဝင်စားလျက် ရှိသည်။

မကြာသေးမီက ယွင်ရွှမ်းရုံ နှင့် စူးယွင်ယွဲ့တို့သည် ယောင်ကွမ်အမတဂိုဏ်းသို့ လာရောက်လည်ပတ်ခဲ့သည်။

ထို့အပြင် သူမတို့ယောင်ကွမ်အမတဂိုဏ်း၏ နတ်ဘုရားမ (ဆက်ခံသူ) လော့ရန်ယွီနှင့်ပင် လျှို့ဝှက်စကားများ တိုးတိုးတိတ်တိတ် ပြောဆိုခဲ့ကြသည်။

ဤအချက်ကြောင့် ယောင်ကွမ်အမတဂိုဏ်းရှိ အမျိုးသမီးကျင့်ကြံသူများသည် သူသူကိုယ်ကိုယ် စိတ်အားထက်သန်စွာဖြင့် ဆွေးနွေးနေကြသည်။

“ဒီစူးချန်ကဲဆိုတာက ငါ မမှားဘူးဆိုရင်.... နတ်ဘုရားမရဲ့ စိတ်ထဲကလူ ဟုတ်တယ်မလား!?”

“တားမြစ်အင်အားစုကြီးသုံးဖွဲ့ရဲ့ ဆက်ခံသူ..... အစကတည်းက သူ့ရဲ့ အထောက်အထားက ပြိုင်ဘက်ကင်းနေပြီ ..အခု ကိုယ်ထည်ခြောက်မျိုးတောင် ပိုင်ဆိုင်ထားတယ်ဆိုပဲ!”

“ဒီစူးချန်ကဲဟာ ပြသနာကြီးကြီးမားမားနဲ့ မကြုံရဘူးဆိုရင် နောင်မှာ ကြီးကျယ်တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမှာ သေချာပေါက်ပဲ”

“ မဟာလမ်းစဉ် ကိုယ်ထည်ကို ပိုင်ဆိုင်သူတွေဟာ သွေးသားအမွေအနှစ်ကနေ အထူးသန့်စင်မှုကို ရရှိတယ်..သူတို့ရဲ့အသွင်အပြင်နဲ့ ပါရမီက ကျင့်ကြံသူတွေကြားမှာတောင် ထိပ်တန်းလို့ ဆိုလို့ရတယ်..”

ယောင်ကွမ်အမတဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူတစ်ဦးက ဆိုလိုက်သည်။

“ ဒီစူးချန်ကဲက ကိုယ်ထည်ခြောက်မျိုးတောင် ပိုင်ဆိုင်ထားမှတော့ ထိပ်တန်းတွေထဲက ထိပ်တန်းပဲ မဟုတ်လား!?”

ထိုစကားများ ထွက်လာသည်နှင့်၊ ယောင်ကွမ်အမတဂိုဏ်းမှ မရေမတွက်နိုင်သော အမျိုးသမီး ကျင့်ကြံသူများသည် စိတ်ကူးယဉ်အတွေးထဲသို့ နစ်မြုပ်သွားလေတော့သည်။

အမျိုးသမီးဂိုဏ်းတစ်ခုအနေဖြင့်၊ အပြင်လောကီရေးရာများကို အထူး စိတ်ဝင်စားကြသည်မှာ သဘာဝကျပေသည်။

ထို့အပြင် စူးချန်ကဲသည် သူမတို့နတ်ဘုရားမ၏ ရင်ထဲကလူ ဖြစ်ပြန်သည်။

ဤအချက်က သူမတို့ကို ပို၍ သိချင်စိတ်ဖြစ်စေသည်။ ဒဏ္ဍာရီလာ စူးချန်ကဲသည် မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်သနည်း။

….

တစ်ချိန်တည်းမှာပင် ၊ ယောင်ကွမ်အမတဂိုဏ်း ရှိ မြူများဖြင့် အုံ့ဆိုင်းနေသော ပန်းခြံအတွင်း၌။

ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်လျက်၊ ရာနှင့်ချီသော ပန်းများ ပွင့်ဖူးကာ ၊ စမ်းရေတို့သည် တသွင်သွင် စီးဆင်းလျက်ရှိသည်။

ပေါ့ပါးသော ဝတ်စုံဖြူကို ဝတ်ဆင်ထားသော လော့ရန်ယွီသည် ခြံဝန်းအတွင်း၌ လျင်မြန်ဖျတ်လတ်စွာ ဓားရေးလေ့ကျင့်နေသည်။သူမ၏ ရောင်ဝါသည် တစ်ဖန် မြင့်တတ်လာခဲ့ပြီး ၊ လက်ရှိတွင် သူမသည် စစ်မှန်အမတ နယ်ပယ် ပဉ္စမအဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

အပိုင်း(၆၇၂): အမတနယ်မြေရဲ့ လေထုကို လှုပ်ခတ်ဖို့ အချိန်တန်ပြီ

အောက်ကမ္ဘာမှ အမတနယ်မြေသို့ တတ်ရောက်လာသူ အဖြစ် ၊ ဤမျှ တိုတောင်းသော အချိန်ကာလအတွင်း ဤအဆင့်သို့ ရောက်ရှိနိုင်ခဲ့ခြင်းသည် အတော်လေး သန်မာသည်ဟု ဆိုရပေမည်။

အပြင်လူများ၏ ပြောစကားများနှင့် ပတ်သက်၍ လော့ရန်ယွီအနေဖြင့် ဘာဖြေရှင်းချက်မှ ထုတ်မည်မဟုတ်။

ထို့အပြင် အမှန်တရားသည်လည်း ဤအတိုင်းပင် ဖြစ်သည်။

နောက်ထပ် ဘာကို ရှင်းပြရဦးမှာလဲ!?

“ချန်ကဲက အခု မဟာလမ်းစဉ် စာရင်းထဲမှာ အမည်တင်နိုင်ခဲ့ပြီပဲ..”

လော့ရန်ယွီ၏ တီးတိုးရေရွတ်သံကို ကြားနေရသည် ။

“ငါလည်း နောက်ကောက်မကျအောင် သူ့ကို အမှီလိုက်နိုင်ဖို့ လိုပြီထင်တယ်....”

တစ်ချိန်တည်းမှာပင် ၊ လော့ရန်ယွီသည် မျှော်လင့်နေမိသည်။

အမတနယ်မြေတစ်ခွင်ကို လှည့်လည်အတွေ့အကြုံယူကြမည့် မျိုးဆက်သစ်ပါရမီရှင်တို့၏ ခေတ်သည် ယခု စတင်ခဲ့ချေပြီ။

သူမတို့နှစ်ယောက်သည် မည်သည့်နေရာတွင် နောက်တစ်ဖန် တွေ့ဆုံကြမည်နည်း။

…..

သို့သော် တားမြစ်အင်အားစုကြီး သုံးဖွဲ့အနက် ၊ ကွေးယွမ်အမတဂိုဏ်းသည် ပို၍ ရူးသွပ်ပေသည်။

ကွေးယွမ်အမတဂိုဏ်းမှ မရေမတွက်နိုင်သော တပည့်သားချင်းများသည် သူတို့၏ ကိုယ်ပိုင်ဆန္ဒအလျောက် ဘိုးဘွားပိုင်နယ်မြေသို့ ပြေးကာ တညီတညွှတ်တည်း လျှောက်ထားကြသည် ။

“ဘိုးဘေးတို့ ချန်ကဲ ဆက်ခံသူကို ဂိုဏ်းကို ပြန်လည်ခေါ်ယူပေးဖို့ တောင်းဆိုပါတယ်!”

“ဘိုးဘေးတို့ ချန်ကဲ ဆက်ခံသူကို ဂိုဏ်းကို ပြန်လည်ခေါ်ယူပေးဖို့ တောင်းဆိုပါတယ်!”

“…….”

နေရာတစ်ခုလုံး လူများစွာဖြင့် ပြည့်နှက်နေသည်။

၎င်းတို့အားလုံးသည် စူးချန်ကဲအား ကွေးယွမ်အမတဂိုဏ်းသို့ ပြန်လည်ခေါ်ဆောင်ရန် ဘိုးဘေးများထံ ဦးညွှတ်လျက် လေးလေးစားစား တောင်းဆိုနေကြသည်။

တားမြစ်အင်အားစုကြီးသုံးဖွဲ့အနက် ၊ သူတို့မှလွဲ၍ အခြားသူများသည် စူးချန်ကဲကို မြင်တွေ့ပြီးဖြစ်သည်။

သူတို့သည်လည်း မိမိတို့၏ ဆက်ခံသူသခင်ကို မြင်ချင်ကြသည်။

စူးချန်ကဲ၏ အတိတ်က ကြီးကျယ်ခမ်းနားသော အောင်မြင်မှုများသည် သူတို့ မျှော်လင့်တောင့်တခဲ့သော အရာတစ်ခုပင် ဖြစ်သည်။

သူ၏ အောင်မြင်မှုတစ်ခုချင်းစီတိုင်းက ဒဏ္ဍာရီတစ်ခုဟု သတ်မှတ်နိုင်သည်။

စူးချန်ကဲတွင် ဤကဲ့သို့သော ဒဏ္ဍာရီလာ အောင်မြင်မှု ဆယ်ကျော်မက ရှိပေသည်။

ဤသည်မှာ ဒဏ္ဍာရီတွေထဲက ဒဏ္ဍာရီတစ်ခုဟု ဆိုရမည်။

သန်မာသူတစ်ဦးသည် မည်သည့်နေရာ၌ပင်ရှိစေကာမူ ၊ လေးစားခြင်းခံရမည် ဖြစ်သည်။

စူးချန်ကဲသည် သူတို့၏ မျက်စိထဲတွင် အားကြီးသူများထဲမှ အားအကြီးဆုံးဖြစ်ပြီး ၊ ထို့ကြောင့်ပင် သူတို့သည် လွန်စွာ စိတ်အားထက်သန်နေကြသည်။

တိုက်မြေ သုံးထောင်မှ တတ်ရောက်လာကြသော တိ့ကျန့် မဟာဧကရာဇ်မင်း ၊ ရွှမ်ယွီဧကရီစသည့်ပုဂ္ဂိုလ်များသည်လည်း၊ ကွေးယွမ်အမတဂိုဏ်းရှိ မရေမတွက်နိုင်သော လူများ၏ ရိုသေလေးစားခြင်းကို ရယူနိုင်ခဲ့သည်။

ထိုသူများသည် သူတို့ ကွေးယွမ်အမတဂိုဏ်း၏ ဆက်ခံသူသခင်၏ ဆရာတူအစ်ကိုကြီးအစ်မကြီးများပင် ဖြစ်သည်။

တိုက်မြေ သုံးထောင်မှ တတ်ရောက်လာသော်လည်း ၊ ယခုအခါတွင် စူးချန်ကဲသည် မဟာလမ်းစဉ် စာရင်း၏ ဖော်ပြမှုကြောင့် ဂုဏ်သတင်းကျော်ကြားလာသည်နှင့်အမျှ။

မရေမတွက်နိုင်သော လူများသည် သူတို့နှင့် မိတ်ဖွဲ့ရန် ဦးဆောင်လာကြသည်။

ဤအချက်ကြောင့် တိ့ကျန့် မဟာဧကရာဇ်မင်း အပါအဝင် ကျန်သူများမှာ အံ့အားသင့်လျက်၊ ဂူရှေ့က ဧည့်သည်လူအုပ်ကြီးကို ကြည့်ရင်း သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးမိကြသည်။

တစ်ချိန်က တိုက်မြေ သုံးထောင်၏ ထျန်းမင် မဟာဧကရာဇ်မင်း ဖြစ်ခဲ့သော်လည်း ၊

စူးချန်ကဲ၏ အောင်မြင်မှုကို ယခုလို မြင်တွေ့ရချိန်၌ သူတို့၏ မျက်လုံးများတွင် မနာလိုမှုအနည်းငယ်မျှမရှိဘဲ၊ ကျေနပ်ဝမ်းမြောက်မှုသာ ရှိပေသည်။

သူတို့သည် အခြားသူများအား ဂုဏ်ယူစွာဖြင့် ဤသို့ ပြောပေလိမ့်မည်။

“စူးချန်ကဲ ဆိုတာ ငါတို့ရဲ့ဆရာတူညီလေးလေ!”

ဤစကားများသည် နောက်ပြောင်ပြောဆိုရုံမျှသာ ဖြစ်သော်လည်း။

နောင်အနာဂတ်၌ ဤစကားလုံးများသည် မည်မျှကြီးမားသော အလေးချိန်ရှိလာမည်ကိုတော့ သူတို့ သိကြလိမ့်မည် မဟုတ်။

တစ်ချိန်တည်းမှာပင် ၊ ကွေးယွမ်အမတဂိုဏ်း၏ ဘိုးဘွားပိုင်နက် အတွင်း၌။

အဆုံးမရှိသော ပရမ်းပတာအလင်းများ ကျရောက်လျက်၊ မဟာလမ်းစဉ် မြူဆိုင်းများက တသိမ့်သိမ့် ရိုက်ခတ်လှုပ်ရှားနေသည်။

ပုံရိပ်နှစ်ခုသည် ၎င်းတို့၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ကြသည်။

မျဲ့ရှန်း ရှေးဘိုးဘေး နှင့် မျဲ့ရှိန် ရှေးဘိုးဘေးတို့သည်ပင် မတတ်သာသော အပြုံးများဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။

အမှန်အတိုင်းဆိုရလျှင်ဖြင့် ၊ သူတို့သည် ကွေးယွမ်အမတဂိုဏ်းရှိ တပည့်သားများ၏ စိတ်အားထက်သန်မှုကို လျှော့တွက်မိခဲ့သည်။

ဒီမဟာလမ်းစဉ် စာရင်းကြိီးရဲ့ ပေါ်ထွက်လာမှုက သူတို့ကွေးယွမ်အမတဂိုဏ်းက တပည့်သားတွေရဲ့ စိတ်အားထက်သန်မှုကို နှိုးဆော်နိုင်လိမ့်မယ်လို့ ဘယ်သူက ထင်မှာတုန်း?

ဒါက တကယ်ကို မျှော်လင့်မထားတဲ့ အရာပဲ!

မျဲ့ရှန်း ရှေးဘိုးဘေး က ပြုံးရယ်လျက် ဆိုလိုက်သည်။

“ဟားး.... ကြည့်ရတာ ချန်ကဲက ကွေးယွမ်အမတဂိုဏ်းမှာလည်း အောင်မြင်မှုအသစ်တွေ ထပ်မံ ဖန်တီးတော့မယ်နဲ့တူတယ်”

“ဒါပေမဲ့ ဒါလည်း ကောင်းတဲ့အရာတစ်ခုပဲ မဟုတ်လား?”

မျဲ့ရှိန် ရှေးဘိုးဘေး က ပြန်ပြောလိုက်သည်။

“ချန်ကဲသာ ကွေးယွမ်အမတဂိုဏ်းရဲ့ ခေတ်ပြိုင်ပါရမီရှင်တွေ အတွက် ရှေ့ဆောင်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရင် ငါတို့ဂိုဏ်းရဲ့ လက်ရှိပါရမီရှင်မျိုးဆက်ဟာ ပိုပြီး စည်းလုံးညီညွတ်လာလိမ့်မယ်”

“နောင်လာမယ့် အန္တရာယ်တွေကို အေးဆေးတည်ငြိမ်စွာနဲ့ ကျော်ဖြတ်နိုင်လောက်တယ်”

ထိုစကားကို ကြားသည်နှင့် မျဲ့ရှန်း ရှေးဘိုးဘေးက အနည်းငယ် ခေါင်းညိတ်ကာ ဆိုလိုက်သည်။

“ လက်ရှိ ကွေးယွမ်အမတနယ်မြေမှာ အရင်က အမတဂိုဏ်းကြီး ၃၆ ဂိုဏ်းနဲ့ ဆက်စပ်တဲ့ နတ်ဘုရားလက်နက် အမတမျှော်စင် အကြွင်းအကျန်ကို တွေ့ရှိထားတယ်”

“ အဲ့အချိန်ကျရင် ချန်ကဲကို အရင်ဆုံး ငါတို့ ကွေးယွမ်အမတဂိုဏ်းကို ပြန်ခေါ်လိုက်ပြီး၊ ပြီးကြမှ အဲ့ကိုသွားပြီး အတွေ့အကြုံ ရှာခိုင်းလိုက်ရုံပဲ”

“ငါလည်း အဲ့လိုတွေးတယ်”

မျဲ့ရှိန် ရှေးဘိုးဘေး က ပြန်ပြောသည်။

နတ်ဘုရားလက်နက် အမတမျှော်စင် ၊ ထိုနေရာ၌ မရေမတွက်နိုင်သော အခွင့်အလမ်းများစွာ ရှိပေသည်။

၎င်းသည် ထိပ်တန်း အမတဂိုဏ်းကြီး တစ်ခု၏ အကြွင်းအကျန်တစ်ခု ဖြစ်သောကြောင့် အမတနယ်မြေမှ ပါရမီရှင် အများအပြားကို ဆွဲဆောင်နိုင်လိမ့်မည် ဖြစ်သည်။ ယင်းက စူးချန်ကဲအတွက် ကောင်းမွန်သော အခွင့်အရေးတစ်ခု ဖြစ်ပေသည်။

မျဲ့ရှန်း ရှေးဘိုးဘေး၏ မျက်ဝန်းများသည် ဝင်းလက်တောက်ပသွားသည်။

“ ဒီလောက်ကြာကြာ ငြိမ်သက်လာခဲ့တာ ၊ ချန်ကဲအနေနဲ့ အမတနယ်မြေရဲ့ လေထုကို လှုပ်ခတ်ဖို့ အချိန်တန်ပြီ...”

…..

တစ်ချိန်တည်းမှာပင်။

သံသရာစက်ဝန်း အမတမင်းဆက်။

ပြင်ပကမ္ဘာတွင် ဖြစ်ပွားနေသည့် ဂယက်ထမှုများနှင့် လူတိုင်းက သူ့အား ပြိုင်ဘက်အဖြစ် မြင်နေကြသည်ကို စူးချန်ကဲ တစ်ယောက် သတိမထားမိသေးပေ။

မဟာလမ်းစဉ် စာရင်းပေါ် ရိုးရိုးတန်းတန်း နာမည်တင်လိုက်ရုံနဲ့ ဒီလောက်လူအများကြီးက မှတ်မိနေကြမယ်လို့ ဘယ်သူက သိမှာလဲ ?

“ချန်ကဲ၊ မင်း ဒီတစ်ခေါက် မဟာလမ်းစဉ် စာရင်းပေါ် နာမည်တင်နိုင်ခဲ့တဲ့ အကျိုးဆက်က အတော်လေး ကြီးမားပုံရတယ် ..မင်းအနေနဲ့ အမတနယ်မြေတစ်ခွင် အတွေ့အကြုံယူတဲ့အခါ လူတွေအများကြီးနဲ့ တိုက်ခိုက်ရဦးမယ်နဲ့ တူတယ် “

ယွင်ရွှမ်းရုံ က ပြုံးလျက် ဆိုလိုက်သည်။

“ ဒါပေမဲ့ ချန်ကဲ မင်းစိတ်ပူဖို့မလိုဘူး”

စူးယွင်ယွဲ့ က သူမ၏ ရင်ဘတ်ကို ပုတ်ကာ ဆိုလိုက်သည်။

“ တကယ်လို့ လူအိုကြီးတွေက ဝင်စွက်ဖက်လာရင် ၊ မင်းရဲ့မမကြီးက မင်းအတွက် သူ့တို့ကို မြေမြှုပ်ပေးမယ် စိတ်ချလိုက် “

ထိုစကားကို ကြားလိုက်ရချိန်တွင် ၊ စူးချန်ကဲ သည် အနည်းငယ် ပြုံးလိုက်သည်။

အမှန်အားဖြင့် သူသည် ဤကိစ္စနှင့် ပတ်သက်၍ လုံးဝ ဂရုမစိုက်ပေ။ အသက်စွန့်၍ စိန်ခေါ်လိုသူများသည် သူ လိုလားသော အရာပင် ဖြစ်သည်။

ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော ကျင့်ကြံလောက၏ တစ်ခုတည်းသော ပျော်ရွှင်မှုအဖြစ် သတ်မှတ်လိုက်ပေမည်။

“ချန်ကဲ၊ အခု အမတနယ်မြေက တရားဝင် ပြန်လည်စတင်နေပြီ ဆိုတော့ အမေလည်း ဆက်ပြီး ကျင့်ကြံအားထုတ်ဖို့ ပြန်သွားရတော့မယ်... အမတနယ်မြေရဲ့ အထက်လောက ကို အမြန်ဆုံး တက်ရောက်နိုင်ဖို့ ကြိုးစားရဦးမယ်”

All Chapters