← Chapters

အခန်း (၆၉၀-၆၉၂)

Vol. 52 Ch. 690-692

အခန်း (၆၉၀-၆၉၂)

Vol. 52 Ch. 690-692

အပိုင်း(၆၉၀): ဒေဝလောကယ၏ ကံအကျိုးဆက်

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။

တုံထျန်း အဝေးဘိုးဘေး၏ စကားများသည် တိတ်ဆိတ်သော နေရာထဲတွင် ဆက်တိုက်ပဲ့တင်ထပ်နေခဲ့သည်။

ထိုစကားများသည် ဘိုးဘေးများစွာ၏ စိတ်နှလုံးထဲသို့ ကျရောက်သွားသည်နှင့် လှိုင်းတံပိုးများ၏ ရိုက်ခတ်မှုကို ခံလိုက်ရပြီး၊ ပတ်ဝန်းကျင်ရှိ လေထုသည် ဖော်ပြ၍ မရနိုင်အောင်ပင် လေးလံလာခဲ့သည်။

အချိန်အနည်းငယ်ကြာပြီးနောက်မှသာ။

ထျန်းဝိန့်ဘိုးဘေးသည် သတိပြန်ကပ်လာပြီး မယုံကြည်နိုင်သော လေသံဖြင့် ပြောဆိုလိုက်သည်။

“လူသားဘိုးဘေး ခန်းမဆောင်က ဒေဝလောကရဲ့ ကံအကျိုးဆက်ကို မခံနိုင်ခဲ့ဘူးလား......”

သူ၏ အမှတ်တရထဲတွင်၊ လူသားဘိုးဘေး ခန်းမဆောင်သည် အလွန် အားကောင်းသော အင်အားစုဖြစ်ပြီး၊ အမတ စိုးစံရာခေတ်တွင် အုပ်စိုးရှင် အင်အားစု ဆယ့်နှစ်ဖွဲ့အနက်မှ တစ်ဖွဲ့အဖြစ် ပါဝင်ခဲ့သည်။

အမတဧကရာဇ် နယ််ပယ် အထက်အဆင့်ရှိ စွမ်းအားရှင်များသည်လည်း အမြောက်အမြား ထွက်ပေါ်လာခဲ့သည်။

အထူးသဖြင့် လူသားဘိုးဘေး ခန်းမဆောင်၏ တည်ထောင်သူသည် ဘိုးဘေးဧကရာဇ်အဖြစ် လေးစားခံရသော လွန်စွာ လွှမ်းမိုးနိုင်စွမ်းရှိသော ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်သည်။

ထိုစဉ်က ကမ္ဘာ့ကပ်ဘေး စစ်ပွဲကာလအတွင်း၊ ဒေဝလောက ကံအကျိုးဆက်၏ တန်ပြန်မှုကို ခံရစဉ် ထိုပုဂ္ဂိုလ်သည် အမတနယ်မြေ အထက်ရှိ ထူးဆန်းသော ဖြစ်တည်မှုများကိုပင် ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့သည်။

လူသားဘိုးဘေး ခန်းမဆောင်၏ အုတ်မြစ်သည် မည်မျှနက်နဲပြီး ၊ ၎င်းတွင် အမတဧကရာဇ်မင်း အမြောက်အမြား ရှိသည်။ ကျန်ရှိသော အမတများမှာဖြင့် မရေမတွက်နိုင်အောင်ပင်။

ဤမျှကြောက်မက်ဖွယ်ကောင်းသော အင်အားစုသည်ပင် ဒေဝလောက၏ ကံအကျိုးဆက်ကို တောင့်မခံနိုင်ခဲ့လေသလော။

နေရာတွင် ရှိနေကြသော ဘိုးဘေးများ၏ အံ့အားသင့်မှုကို လျစ်လျူရှုကာ တုံထျန်း အဝေးဘိုးဘေးသည် ဆက်လက် ပြောဆိုလိုက်သည်။

“လူသားဘိုးဘေး ခန်းမဆောင် တည်ရှိရာ ကမ္ဘာငယ်လေးဟာ ကံကြမ္မာမီးတောက်နဲ့ ဝါးမြိုခြင်းကို ခံထားရပြီးပြီ”

“လူသားဘိုးဘေး ခန်းမဆောင်ရဲ့ ပင်မခန်းမ ပျောက်ကွယ်သွားတာက လွဲရင် အခြားခန်းမတွေအားလုံး ပျက်စီးယိုယွင်း‌နေတယ်၊ ကြည့်ရတာ လူသားဘိုးဘေး ခန်းမဆောင်မှာရှိတဲ့ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေဟာ အမှောင်ထုထဲကို ကျရောက်သွားပြီနဲ့ တူတယ်”

ထိုစကားကိုကြားလိုက်ရသည်နှင့် ဘိုးဘေးများစွာ၏ နှလုံးသားထဲတွင် ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။

ထိုစဉ်က၊ အဆုံးမဲ့ကပ်ဘေးကို ကြုံတွေ့ပြီးနောက် ဒေဝလောက၏ ကံအကျိုးဆက်များ ဖြစ်ပေါ်လာခဲ့သည်။

ဒေဝလောက၏ ကံအကျိုးဆက်ကို အမတနယ်မြေသာမက ဒေဝလောကတစ်ခွင်လုံး၏ အမှောင်ထု ရင်းမြစ်ဟု ဆိုနိုင်ပြီး၊ ယင်းတွင် ယခင်က အဆုံးမဲ့ကပ်ဘေးအတွင်း သေဆုံးခဲ့သော သန်းပေါင်းများစွာသော သက်ရှိအပေါင်းတို့၏ မကျေနပ်ချက်များ ပါဝင်နေသည်။

အမတဧကရာဇ်မင်းများသည်ပင် ကံအကျိုးဆက် စွမ်းအား၏ တိုက်စားခြင်းကို ခံရပြီး အသက်အန္တရာယ် ကြုံတွေ့နိုင်သည်။ သေဆုံးပြီးနောက် ၊ ကျင့်ကြံသူများသည် အမှောင်ထုထဲသို့ ကျရောက်ကာ အမှောင်ထု မူလရင်းမြစ်ကမ္ဘာ၏ သက်ရှိသတ္တဝါများ ဖြစ်လာပေမည်။

လူသားဘိုးဘေး ခန်းမဆောင်သည် ဖျားနာသူများကို ကုသပေးခြင်းနှင့် လောကီသားများ၏ အသက်ကို ကယ်တင်ခြင်းဟူသော သဘောထားကို လက်ကိုင်ထားခဲ့ပြီး ၊ ဒေဝလောက၏ ကံအကျိုးဆက်များစွာကို ခံယူခဲ့သည်။

ဤအတွက် ဂိုဏ်းတစ်ခုလုံး၏ ယုံကြည်မှု စွမ်းအားကို အသုံးပြုကာ ခုခံခဲ့သော်လည်း၊ ဤမျှ နှစ်ပေါင်းများစွာ ကြာပြီးနောက် မခုခံနိုင်ဘဲ ဂိုဏ်းတစ်ခုလုံး ပျက်စီးသွားရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

အာရုံပျံ့လွင့်ရာမှ ပြန်သတိကပ်လာသော ထျန်းဝိန့်ဘိုးဘေးက ဆိုလိုက်သည်။

“ လူသားဘိုးဘေး ခန်းမဆောင်သာ အမှောင်ထုထဲကို ကျရောက်သွားခဲ့ရင် ၊ ကျုပ်တို့ အမတနယ်မြေရဲ့ အထွတ်အထိပ် အင်အားစုတစ်ခု လျော့ပါးသွားပြီလို့ ဆိုလိုလိုက်တာပဲ “

“ ဒီလိုသာဆို အမှောင်ထု မူလရင်းမြစ်ကမ္ဘာက ပိုပြီး အငိအားကြီးမားလာတော့မယ် မဟုတ်လား”

လူသားဘိုးဘေး ခန်းမဆောင်သည် အုပ်စိုးရှင် အင်အားစု ဆယ့်နှစ်ဖွဲ့အနက်မှ တစ်ဖွဲ့ဖြစ်ပြီး၊ အမှောင်ထုထဲသို့ ကျရောက်သွားပါက အမတနယ်မြေနှင့် ဒေဝလောကတစ်ခွင်လုံးကို ထည့်မဆိုခင် ၊

အခြား အုပ်စိုးရှင် အင်အားစုများသည်ပင် ထိခိုက်မှု ရှိလာပေမည်။

ဤကမ္မည်းပြား၏ ကွဲအက်ခဲ့သည့် အချိန်ကာလကို ကြည့်ပါက နှစ်အနည်းငယ်ခန့်သာ ရှိပေဦးမည်။

ဤနှစ်အနည်းငယ်အတွင်း မည်သည့်ကိစ္စများ ဖြစ်ပွားခဲ့လေသနည်း။

လူသားဘိုးဘေး ခန်းမဆောင်သည် ဒေဝလောက၏ ကံအကျိုးဆက်ကြောင့် မည်သို့ ပျက်စီးခဲ့ရသနည်း။

“စိတ်မပူနဲ့ ၊ ဒီကိစ္စက အဲ့လောက်ထိ ဆိုးရွားဦးမယ် မထင်ဘူး”

ထိုစဉ် ၊ တုံထျန်း အဝေးဘိုးဘေးက ဆက်လက် ပြောကြားလိုက်သည်။

“လူသားဘိုးဘေး ခန်းမဆောင် တည်ရှိရာ ကမ္ဘာငယ်ဟာ ကံအကျိုးဆက် စွမ်းအားရဲ့ ဝါးမြိုမှုကို ခံထားရပေမယ့် ပင်မခန်းမဆောင် တည်ရှိရာ နေရာမှာ သက်ရောက်မှုမရှိဘဲ ပျောက်ကွယ်သွားပုံရတယ်”

“ ငါ အဲ့မှာ အာကာသပြောင်းရွှေ့မှု စွမ်းအားအချို့ကို ခံစားခဲ့ရတယ်”

“လူသားဘိုးဘေး ခန်းမဆောင်ဟာလည်း ဗဟိုအမတ နယ်မြေလို ကိုယ့်ကိုယ့်ကို ချိတ်ပိတ်ပြီး ပြင်ပအကျိုးအကြောင်း သက်ရောက်မှုကို ခွဲထုတ်ကာ ကံအကျိုးဆက်စွမ်းအားကို ပိတ်ပင်ထားပုံရတယ် “

“ ဒါဆို လူသားဘိုးဘေး ခန်းမဆောင်က အဲ့ပုဂ္ဂိုလ်ကြီးရော?”

ကျန့်ရှင်းဘိုးဘေးက ရုတ်တရက် ဖွင့်ဟမေးမြန်းလိုက်သည်။

ကျန့်ရှင်းဘိုးဘေး၏ မေးခွန်းထဲက ထိုပုဂ္ဂိုလ်ဆိုသည်မှာ အမှန်အားဖြင့် လူသားဘိုးဘေး ခန်းမဆောင်၏ တည်ထောင်သူ ဘိုးဘေးဧကရာဇ်ကို ရည်ညွှန်းခြင်း ဖြစ်သည်။

“ အဲ့အဘိုးကြီးလည်း လှုပ်ရှားမှု မရှိဘူး”

တုံထျန်း အဝေးဘိုးဘေးက ကူကယ်ရာမဲ့စွာ ပြောဆိုလိုက်သည်။

“ ငါ အရင်က အထက်လောက မှာ ရှိတဲ့ မူလခန္ဓာကို အသုံးပြုပြီး သူနဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဘာအကြောင်းပြန်ချက်မှ မရှိဘဲ ပျောက်ကွယ်သွားပုံရတယ်”

ဤဘိုးဘေးဧကရာဇ်သည် တုံထျန်း အဝေးဘိုးဘေးနှင့်လည်း အလွန် ရင်းနှီးသော ဆက်ဆံရေးရှိသည်။

အမတစိုးစံရာခေတ်တွင် အမတနယ်မြေ၏ အထက်လောကသို့ တက်ရောက်ကြခဲ့သူများအနက်မှ တစ်ဦးဖြစ်ပြီး၊ ရည်ရွယ်ချက် တူညီကြသူများ ဖြစ်ပေရာ ဤသို့ဖြင့် ရင်းနှီးသော သူငယ်ချင်းများ ဖြစ်လာခဲ့သည်။

ယခုအခါ လူသားဘိုးဘေး ခန်းမဆောင်သည် ဤမျှကြီးမားသော ဘေးဒုက္ခကို ကြုံတွေ့လိုက်ရသည့်အတွက် တုံထျန်း အဝေးဘိုးဘေးသည်လည်း အနည်းငယ် ဝမ်းနည်းကြေကွဲမိသည်။

ဤကိစ္စသည် သူ့အတွက် သတိပေးချက် တစ်ခု ဖြစ်ခဲ့ပြီး၊ ဤတစ်ကြိမ် ပြန်လာရခြင်းမှာ ကွေးယွမ်အမတဂိုဏ်း၏ ကံကြမ္မာရွှေရေကန်ကို အားဖြည့်ရန်ပင် ဖြစ်သည်။

ကံကြမ္မာရွှေရေကန်ဟု ဆိုရာတွင်၊ ယင်းသည် အထွတ်အထိပ် မြင့်မြတ်သော အင်အားစုတစ်ခု၏ အသက်သွေးကြောကို ထမ်းပိုးထားသည်။

သေမျိုးဖြစ်သော ဂိုဏ်းများနှင့် တိုင်းပြည်များတွင်ပင် ကံကြမ္မာဆိုင်ရာ အယူအဆများ ရှိကြသည်။

သူတို့ကဲ့သို့ များစွာသော ခေတ်ကာလများကို လက်ဆင့်ကမ်းလာခဲ့သော ရှေးဟောင်း အင်အားစုများသာဆိုလျှင်ဖြင့် ကံကြမ္မာအပေါ် အထူးအလေးထားသည်မှာ ပြောစရာပင် မလိုချေ။

အင်အားစုတစ်ခုသည် ဒေဝလောက၏ ကံအကျိုးဆက် စွမ်းအား၏ ဒဏ်ကို ခံယူရချိန်တွင် ပထမဆုံး ထိခိုက်မည်မှာ ကံကြမ္မာစွမ်းအင်ဖြစ်သည်။

ကံကြမ္မာစွမ်းအင်သည် အပြည့်အဝ ပျောက်ကွယ်သွားသည်နှင့် ၊ ကံအကျိုးဆက် စွမ်းအားများဖြင့် ပေါင်းစည်းခံရကာ စိတ်နှလုံးအတွင်းရှိ အတွင်းနတ်ဆိုးနှင့် အမှောင်ထုသည် အပြည့်အဝ နိုးထလာမည်။ ယင်းကို အမှောင်ထုထဲသို့ ကျရောက်သည်ဟု ဆိုနိုင်သည်။

ယခင်က အုပ်စိုးရှင် အင်အားစု ဆယ့်နှစ်ဖွဲ့အနက်မှ တစ်ဖွဲ့အဖြစ်၊ ကွေးယွမ်အမတဂိုဏ်းသည်လည်း ကံအကျိုးဆက် စွမ်းအားများစွာကို ခံယူခဲ့ရသည်။

သူတို့သာ လုံလောက်စွာ အင်အားမကြီးမားခဲ့ပါက ၊ ယခုအချိန်တွင် သူတို့သည်လည်း အမှောင်ထု၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားလောက်ပြီပင်။

“ဒါပေမဲ့..... ကံကောင်းတာက ချန်ကဲဟာ ငါတို့ ကွေးယွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူ ဖြစ်လာပြီးနောက်မှစကာ ငါတို့ အမတဂိုဏ်းရဲ့ ကံကြမ္မာဟာ အတော်လေး တိုးတက်လာခဲ့တယ်......”

တုံထျန်း အဝေးဘိုးဘေးက ပြောဆိုလိုက်သည်။

“ချန်ကဲဟာ နောင်မှာ မဟာလမ်းစဉ်ရဲ့ အထွတ်အထိပ်ကို တတ်ရောက်တာနဲ့ ငါတို့ အမတဂိုဏ်းကို နှစ်ပေါင်းများစွာ ဒုက္ခပေးနေတဲ့ ကံအကျိုးဆက် စွမ်းအားတွေဟာလည်း ပျောက်ကွယ်သွားနိုင်တယ်.....”

မဟာလမ်းစဉ်၏ အထွပ်အထိပ်အဆင့်ရှိ ပါရမီများသည် ကောင်းကင်ဘုံ၏ ကံကြမ္မာပေးသနားခြင်းကို ခံရပြီး ၊ ၎င်းတို့ ပိုင်ဆိုင်ထားသော ကံကြမ္မာမှာ မနည်းမနောပင် ဖြစ်သည်။

စူးချန်ကဲ ကဲ့သို့သော လူ့ဘီလူးပါရမီရှင်များထဲက ကြောက်ခမန်းလိလိ ပါရမီရှင်တစ်ဦးသာ ဆိုလျှင်ဖြင့် ၊ ပိုင်ဆိုင်ထားသည့် ကံကြမ္မာမှာ ဖော်ပြစရာမရှိလောက်အောင်ပင်။

ဤမျှနှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့သော်လည်း၊ စူးချန်ကဲ၏ ကံကြမ္မာမှာ သူ မြင်ဖူးသမျှထဲတွင် အကြွယ်ဝဆုံးဖြစ်ပြီး ၊ သူ့အပြင် နှစ်ယောက်မရှိနိုင်ပေ။

ထိုစဉ်က သူတို့ ကွေးယွမ်အမတဂိုဏ်း၏ ဂုဏ်ယူဝင့်ကြွားခဲ့ရသော ချီရှန်းအမတဧကရာဇ်မင်းပင်လျှင် စူးချန်ကဲ ပိုင်ဆိုင်ထားသည့် ကံကြမ္မာကို ယှဉ်ပြိုင်ရန် မဖြစ်နိုင်ပေ။

တုံထျန်း အဝေးဘိုးဘေးသည် တသသဖြင့် တွေးနေစဉ် ၊

ဝီ !

ရုတ်တရက်၊ တောက်ပသော သက်တံ့တံတား တစ်စင်းသည် ဘိုးဘွားပိုင်မြေထဲသို့ ကျရောက်လာခဲ့သည်။

ထို့နောက်၊ သက်တံ့တံတားပေါ်မှ လူနှစ်ဦးသည် ‌ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။

၎င်းတို့မှ ပျံ့နှံ့လာသော ရင်းနှီးသော အငွေ့အသက်ကို ခံစားလိုက်ရသည်နှင့် ဘိုးဘေးများစွာ၏ မျက်နှာပေါ်ရှိ တိမ်မည်းများသည် ချက်ချင်းပင် ပျောက်ကွယ်ကာ ပျော်ရွှင်မှုများ အစားထိုး ဝင်ရောက်လာခဲ့သည်။

“ချန်ကဲ ရောက်လာပြီ!”

နောင်လာမည့်ကိစ္စများကို နောင်မှသာ ပြောမည်။ ယခုအချိန်တွင် စူးချန်ကဲသည် အမတနယ်မြေသို့ ခရီးထွက်ပေတော့မည်။

သူတို့သည် ဤမျှ ကြီးမားလေးလံသော ကိစ္စများကို စူးချန်ကဲအား ပေးမသိခဲ့ပေ။

စူးချန်ကဲအနေဖြင့် စိတ်ချလက်ချ လှည့်လည်သွားလာပြီး အကယ်၍ ကိုင်တွယ်နိုင်စွမ်းမရှိသော ကြောက်မက်ဖွယ်ရာ ဘေးဒုက္ခများ ကြုံလာပါက၊ ဤလူအိုများက သူ့အတွက် ဖြေရှင်းပေးမည်သာ ဖြစ်သည်။

……

ထိုအခိုက်အတန့်တွင်။

စူးချန်ကဲသည် သက်တံ့တံတားပေါ်မှ ဆင်းလာခဲ့သည်။

သူမျက်လုံးထဲသို့ ဝင်ရောက်လာသည့် မြင်ကွင်းမှာ အတော်လေး လျို့ဝှက်ဆန်းကြယ်ပေသည်။ ထောင်ပေါင်များစွာသော မဟာလမ်းစဉ် သင်္ကေတများသည် တစ်ခုနှင့်တစ်ခု ပဲ့တင်ထပ်လျက် ရှိနေပြီး ပရမ်းပတာဖြစ်နေသော သက်တံရောင်စဉ်များ ဖြန့်ကျတ်နေသကဲ့သို့ပင်။

“ချန်ကဲ နောက်ဆုံးတော့ ရောက်လာပြီ”

“ငါတို့ လူအိုကြီးတွေက မင်းကို စောင့်နေကြတာ”

ထိုစဉ် စူးချန်ကဲသည် ပြုံးရယ်သံပါသော အသံတစ်ခုကို ကြားလိုက်ရသည်။

ကြောက်ခမန်းလိလိ ရောင်ဝါများဖြင့် ကောင်းကင်ဘုံကိုပင် တုန်လှုပ်စေနိုင်သော အရိပ်ပေါင်းများစွာသည် မဟာလမ်းစဉ် မြူဆိုင်းများထဲမှ ထွက်ပေါ်လာသည်။

ဦးဆုံးပေါ်ထွက်လာသည်မှာ စူးချန်ကဲ နှင့် ရင်းနှီးသော မျက်နှာများပင် ဖြစ်သည်။

“ပါ့ချန်ဘိုးဘေး၊ ကျန့်ရှင်းဘိုးဘေး၊ ထျန်းဝိန့်ဘိုးဘေး၊ လုရှန်းဘိုးဘေး.... ခင်ဗျားတို့လည်း ကွေးယွမ်အမတဂိုဏ်းကို ရောက်လာတာလား!?”

အပိုင်း(၆၉၁): ဘိုးဘေးများ၏ လက်ဆောင် ၊ စူးချန်ကဲ၏ဘိုးဘိုးများ

သူတို့နောက်တွင် စူးချန်ကဲ အတွက် ရင်းနှီးသော မျက်နှာပေါင်းများစွာ ရှိနေသေး၏။

ထိုဘိုးဘေးများသည် ယခင်က တိုက်မြေသုံးထောင်တွင် သူ့အား သွန်သင်လမ်းညွှန်ပေးခဲ့သူများ ဖြစ်သည်။

ထို့အပြင် လက်ရှိတွင် ၎င်းတို့ထံမှ ဖြာထွက်နေသော ရောင်ဝါတို့သည် တိုက်မြေသုံးထောင်တွင် ရှိစဉ်ကနှင့် လုံးဝမတူဘဲ နက်နဲလှပေသည်။

ဘိုးဘေးအားလုံးသည် အမတဧကရာဇ် နယ်ပယ်အဆင့်ရှိ စွမ်းအားရှင်များ ဖြစ်နေကြသည်။

သူ့မှာ ဆက်လက် စူးစမ်းကြည့်ရှုခွင့် မရမီ၊ ဘိုးဘေးများက သူ့အနားတွင် ဝိုင်းရံလာကြသည်။

“အိုင်း.... ကောင်းတယ် ကောင်းတယ်၊ ချန်ကဲ တတ်လှမ်းလာတဲ့ နယ်ပယ်တိုင်းက ပြီးပြည့်စုံတယ် .. ငယ်စဉ်က ငါ့အတိုင်းပဲ “

ထို့နောက် ဘိုးဘေး မျက်နှာသစ်တစ်ဦး ရောက်ချလာသည်။ သူသည် ကွေးယွမ်အမတဂိုဏ်းတွင် အိပ်စက်နေခဲ့ပုံရသည်။

“ချန်ကဲ ငါ့နာမည်က ထိုက်ရွှမ်း စစ်မှန်သူသခင် လို့ခေါ်တယ် ..မင်း ငါ့ကို ထိုက်ရွှမ်းဘိုးဘိုးလို့ ခေါ်နိုင်တယ်”

“ဟောဒီမှာ! ဒါက ထိုက်ရွှမ်းဘိုးဘိုးက ပေးတဲ့ တွေ့ဆုံလက်ဆောင်ပဲ ...မဖြစ်မနေလက်ခံရမယ်နော်!”

ထိုသို့ပြောကာ ထိုက်ရွှမ်းဘိုးဘေးသည် သူ၏ရင်ဘက်ထဲမှ မသေမျိုး ဖီးနစ်နတ်ဘုရားမြက် ၁၂ ပင်ကို ထုတ်ယူကာ စူးချန်ကဲ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

“‌ဒီမသေမျိုး ဖီးနစ်နတ်ဘုရားမြက်ထဲမှာ နတ်ဘုရားစွမ်းအားတွေ သိပ်သည်းစွာ ပါဝင်တယ်”

“ မင်း ရွှေအမတ နယ်ပယ်အဆင့်ကို ချိုးဖျက်တဲ့အခါမှသာ စုပ်ယူသင့်တယ်၊ ဒါမှသာ အလဟဿမဖြစ်မှာ ပြီးတော့ နောက်ထပ်...”

ထိုက်ရွှမ်းဘိုးဘေးစကား မပြီးဆုံးမီ၊ အခြားဘိုးဘေးများစွာက ဝိုင်းရံလာကာ ဆိုလေ၏။

“ အရှက်မရှိတဲ့ကောင်! ချန်ကဲကို အဘိုးလို့ခေါ်ခိုင်းတယ် ဟုတ်လား”

“ အလှူလက်ဖက်နဲ့ မျက်နှာမလုပ်နဲ့!”

“ဒီမှာ၊ ဒါက ထျန်းယန်ဘိုးဘိုးရဲ့ တွေ့ဆုံလက်ဆောင်ပဲ!”

ဤဘိုးဘေးမှာလည်း စူးချန်ကဲ မမြင်ဖူးသော မျက်နှာသစ် ဖြစ်ပေသည်။

သူသည်လည်း သူ၏ရင်ဘက်ထဲမှ အမတအလင်းများဖြင့် တောက်ပနေသော ကျောက်အချို့ကို ထုတ်ယူကာ စူးချန်ကဲ၏ လက်ထဲသို့ တိုက်ရိုက် ထည့်ပေးလိုက်သည်။

“ဒါက....”

သို့သော် မည်သည့်စကားမှ ပြောခွင့်မရလိုက်ဘဲ အခြားဘိုးဘေးများက တိုးဝှေ့ကာ ရှေ့တတ်လာကြသည်။

“အားလုံးက ချန်ကဲကို အခွင့်အရေးယူနေကြတာလား? ဒါဆို ငါလည်းယူမယ်!”

“ချန်ကဲ၊ ဒါက ထျန်းဝိန့်ဘိုးဘိုးရဲ့ မသေမျိုး ဖီးနစ်နတ်ဘုရားမြက်ပဲ ၊ သေချာလေး သိမ်းထားနော်!”

“ဒါက ပါ့ချန်ဘိုးဘိုးရဲ့....”

…..

ဘိုးဘေးများသည် မဟာလမ်းစဉ်၏ အဖိုးတန် ရတနာများစွာကို ထုတ်ယူလာကြပြီး၊ စူးချန်ကဲ၏ ရင်ခွင်ထဲသို့ ဆက်တိုက် ထည့်ပေးနေကြသည်။

မကြာမီ၊ မဟာလမ်းစဉ် နတ်ဆေးပင်များသည် တောင်လိုစုပုံလာကာ စူးချန်ကဲကို မြှုပ်နှံလိုက်သလို ဖြစ်သွားပြီး၊ စူးချန်ကဲခမျာ ဆွံ့အနေလေ၏။

သူ့ကို ပို၍ အံ့အားသင့်စေသည်မှာ ဘိုးဘေးများသည် လက်ဆောင်ပေးရာတွင် အလျင်စလို ဖြစ်နေပုံရသည်။

လက်ဆောင်အများဆုံး ပေးနိုင်သူကို စိန်ခေါ်ယှဉ်ပြိုင်နေကြသလိုပင်။

“ လူယုတ်မာတွေ အကြံဆိုး‌ကြီးတွေနဲ့ “

“ကောင်းပြီလေ ! ဒီနေ့ ငါ့ရဲ့ အသက်စုဆောင်းငွေကို သုံးပြီး မင်းကို အသက်စွန့်တိုက်ခိုက်မယ်!”

“ဟမ်! အဲ့တော့ ဘာဖြစ်လဲ... ငါ့မှာလည်း ရှိတယ်!”

“……..”

ကိစ္စက ပို၍ပြင်းထန်လာပြီး၊ ဘိုးဘေးအချို့သည် လက်ဆောင်ပေးရာမှ အကြီးအကျယ် အချင်းများကာ လက်နက်ကိုင် တိုက်ခိုက်ကြလေသည်။

“ ကဲ တော်ကြတော့၊ အားလုံးလည်း အရွယ်ရောက်ပြီးသားတွေ မဟုတ်လား၊ ချန်ကဲက ကြည့်နေတယ်...မင်းတို့ကောင်တွေ မရှက်ကြဘူးလား”

တုံထျန်းအဝေးဘိုးဘေး၏ အသံကို ကြားလိုက်ရသည်နှင့် ဟန်ပန်အမျိုးမျိုးဖြင့် ရပ်နေကြသော ဘိုးဘေးများသည် သူတို့၏ လှုပ်ရှားမှုများကို ချက်ချင်း ရပ်တန့်လိုက်ကြသည်။

ထိုအသံသည် စူးချန်ကဲ၏ အာရုံကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။

“ဒီအသံက....”

သူသည် ဤအသံကို အကြိမ်အနည်းငယ်သာ ကြားဖူးပြီး၊ နောက်ပိုင်းတွင် ထပ်မံ မကြားခဲ့ရသည်မှာ အချိန်ကြာမြင့်သွားပြီ ဖြစ်သော်လည်း သို့သော် သူ့အပေါ် တွင် နက်ရှိုင်းသော ခံစားချက်တစ်ခုကို ချန်ထားနိုင်ခဲ့သည်။

“တုံထျန်းအဝေးဘိုးဘေး......!?”

ထိုအချိန်ကြမှသာ စူးချန်ကဲသည် ဘိုးဘေးများစွာထဲမှ ရှိနေသော တုံထျန်းအဝေးဘိုးဘေး၏ ပုံရိပ်ကို သတိထားမိခဲ့သည်။

၎င်းသည် ကိုယ်ပွားတစ်ခုမျှသာ ဖြစ်ပြီး၊ ရိုက်ခတ်လှုပ်ရှားနေသော မဟာလမ်းစဉ် မြူဆိုင်းများကြား ပုန်းကွယ်နေပြီး သူ၏ရောင်ဝါကို ဖုံးကွယ်ထားသဖြင့် တစ်စုံတစ်ဦးသည် သူ၏တည်ရှိမှုကို သတိထားရန် ခဲယဉ်းပေမည်။

ထို့ကြောင့် အမတလမ်းစဉ်သို့ ရောက်ရှိကာစ လူသစ်လေး စူးချန်ကဲအဖို့ ချက်ချင်းသတိထားမိရန် မလွယ်ကူခဲ့ပေ။

တုံထျန်းအဝေးဘိုးဘေးသည် စူးချန်ကဲထံသို့ လျှောက်လှမ်းလာသည်။ သူ၏ အသွင်အပြင်ကို ရှင်းလင်းစွာ မမြင်ရသော်လည်း၊ သို့သော် သူ၏ ခန္ဓာကိုယ်ပေါ်တွင် နက်နဲဆန်းကြယ်သော ဖြစ်ရပ်များဖြင့် တန်ဆာဆင်ထားသည်။

“တုံထျန်းအဝေးဘိုးဘေးကို ဂါရဝပြုပါတယ်”

စူးချန်ကဲသည် အရိုအသေတန်မဲ့ မပြုမှုဝံ့ဘဲ တုံထျန်းအဝေးဘိုးဘေးအား အလျင်အမြန် ဦးညွှတ်လိုက်သည်။

ယခင်က သူ၏ နတ်အသိစိတ်ပင်လယ်ထဲတွင် တုံထျန်းအဝေးဘိုးဘေး၏ မှုန်ဝါးဝါးပုံရိပ်ကို မြင်ဖူးခဲ့သော်လည်း၊

ယခုတွင် တုံထျန်းအဝေးဘိုးဘေး၏ ဓမ္မကိုယ်ထည်သည် သူ့ရှေ့တွင် ထွက်ပေါ်လာခဲ့ခြင်းကြောင့် သူ၏စိတ်နှလုံးသားထဲတွင် အနည်းငယ် လှုပ်ခတ်သွားသည် ။

စူးချန်ကဲ၏ မျက်နှာပေါ်က စိတ်မသက်မသာဖြစ်နေမှုကို သတိထားမိပုံရသော တုံထျန်းအဝေးဘိုးဘေးက ပြုံးရင်း ပြောလိုက်သည်။

“ချန်ကဲ... ငါ့ကိုလည်း မင်းအဘိုးလို့ပဲ မှတ်ယူလိုက်ပါ”

“အရင်တစ်ချိန်က ငါဟာ အမတနယ်မြေအထက်မှာ မင်းရဲ့ အဘိုးနဲ့ ဘိုးအဘေးတို့ကို တွေ့ဆုံခဲ့ဖူးတယ်”

တုံထျန်းအဝေးဘိုးဘေးက သူ့မုတ်ဆိတ်ကို သပ်ချရင်း ပြုံးရွှင်စွာဖြင့် ဆိုလိုက်သည်။

“သူတို့ကလည်း မင်းကို ငါ့ရဲ့ မြေးလုပ်ဖို့ သဘောတူကြတယ်.....”

ထိုစကားများကို ပြောရင်း သူကိုယ်တိုင်ပင် မယုံကြည်နိုင်ဖြစ်နေသည် ။

တားမြစ် စူးမိသားစုမှ ထိုလူအိုကြီးများသည် သီးသန့် နေတတ်သူများအဖြစ် နာမည်ကြီးပြီး အခြားသူများနှင့် စကားပြောလေ့မရှိကြပေ။

အဘယ့်ကြောင့်ဆိုသော်၊ တားမြစ် စူးမိသားစုသည် အုပ်စိုးရှင် အင်အားစု ၁၂ ဖွဲ့အနက် အင်အားအကောင်းဆုံး ဖြစ်တည်မှုများ ဖြစ်ကြရာ ၊ မာန်မာနကြီးပိုင်ခွင့် ရှိပေသည်။

သူတို့ ကွေးယွမ်အမတဂိုဏ်းသည် ရံဖန်ရံခါ အခြားသော အုပ်စိုးရှင် အင်အားစုများနှင့် ဆက်ဆံလေ့ရှိသော်လည်း၊ တားမြစ် စူးမိသားစုကမူ တစ်ကိုယ်တော် ဝံပုလွေတစ်ကောင်ဟု ဆိုရမည်။

သို့သော်၊ ယခုအချိန်တွင် စူးချန်ကဲ၏ကျေးဇူးဖြင့် သူတို့သည် တားမြစ် စူးမိသားစုနှင့် ရင်းနှီးသော ဆက်သွယ်မှုများ ရရှိလာခဲ့သည်။

တုံထျန်းအဝေးဘိုးဘေး၏ စကားကို ကြားပြီးနောက် စူးချန်ကဲသည် အံ့အားသင့်သွားကာ ရေရွတ်လိုက်မိသည်။

“ အဘိုးနဲ့ ဘိုးအဘေး?”

သူသည် သူတို့ကို မတွေ့ဖူးသော်လည်း၊ တားမြစ် စူးမိသားစုတွင် နေထိုင်စဉ်က ဦးလေးဖြစ်သူသည် သူ့အား သူတို့အကြောင်းနှင့် ပတ်သတ်၍ ပြောပြခဲ့ဖူးသည်။

သူ၏ အဘိုး၊ တားမြစ် စူးမိသားစု၏ အစွမ်းထက်ဆုံး ရှေးဘိုးဘေး ဖြစ်သည့် ဝူကျီရှေးဘိုးဘေးသည် အမတစိုးစံရာခေတ်တွင် အမတနယ်မြေ၏ အထက်လောကသို့ တတ်လှမ်းသွားခဲ့သည်။

သူ၏ ဘိုးအဘေး ၊ တားမြစ် စူးမိသားစု၏ အစွမ်းထက်ဆုံး အဝေးဘိုးဘေးများ ဖြစ်သည့် ယွမ်ဟုန်အဝေးဘိုးဘေး ၊ ဝူလျန်အဝေးဘိုးဘေး၊ ထျန်းရှောင် အဝေးဘိုးဘေးတို့သည် တားမြစ် စူးမိသားစု၏ အဝေးဘိုးဘေးကြီး သုံးပါးအဖြစ် ထင်ရှားသည်။

စူးချန်ကဲ၏ စိတ်ထဲက အတွေးများကို သိမြင်နေပုံရသော တုံထျန်းအဝေးဘိုးဘေးက ပြုံးရင်း ဆက်ပြောသည်။

“ချန်ကဲ၊ မင်းအဘိုးနဲ့ ဘိုးအဘေးတို့ကို စိတ်မဆိုးနဲ့ဦး သူတို့နှစ်ဦးက မင်းကိစ္စအတွက် အထက်လောကမှာ ပြေးလွှားလှုပ်ရှားနေကြတာ”

“နောက်ပိုင်း အချိန်ရလာတဲ့အခါ သူတို့ကိုယ်တိုင် မင်းကို လာတွေ့မှာပါ “

ဤစကားများက စူးချန်ကဲကို ပို၍ပင် ရှုပ်ထွေးသွားစေခဲ့သည်။

ယခင်က အဖြစ်အပျက်များနှင့် ပတ်သက်၍၊ တားမြစ် စူးမိသားစုကလည်း ထိုလျှို့ဝှက်စာစောင်ကို သူ့အား ဖတ်ရှုစေခဲ့ဖူးသည်။

ဒေဝလောကတစ်ခွင်လုံး မေ့လျော့သွားသော နေ့ နှင့် ထိုဖြူဖပ်ဖြူရော် လူ့မျက်နှာ။

အနာဂတ်တွင် ထိုကဲ့သို့သော ကြောက်မက်ဖွယ်ရာများ ကြိုဆိုစောင့်စားနေသည်ကို တွေးမိတိုင်း ၊ စူးချန်ကဲသည် ပို၍ စွမ်းအားကြီးမားလာစေရန် စိတ်အားထက်သန်နေခဲ့သည်။

ထိုစဉ် တုံထျန်းအဝေးဘိုးဘေးက ဆက်ပြောလာသည်။

“ချန်ကဲ ဒီတစ်ခေါက် မင်း ပြန်လာတာက နတ်ဘုရားလက်နက် အမတမျှော်စင်ကို သွားရောက်ဖို့ဆိုတာ ငါ ကြားသိပြီးပြီ “

“ ‌အတော်ပဲ..ငါ ဒေဝလောကတစ်ခွင်လုံးကို လှည့်လည်ခဲ့စဉ်က အမှတ်တမဲ့ ရှာဖွေမိခဲ့တဲ့ နတ်ဘုရားလက်နက် အမတမျှော်စင်နဲ့ ပတ်သက်တဲ့ သမိုင်းဝင် လျှို့ဝှက်ချက်အချို့ ရှိထားတယ်”

ထိုသို့ဆိုကာ တုံထျန်းအဝေးဘိုးဘေးသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ဟင်းလင်းပြင်တွင် လှိုင်းတံပိုးများ ရိုက်ခတ်သွားပြီး လျို့ဝှက်ဆန်းကြယ်သော တာအိုစည်းချက်များ ဖြာကျနေသော ကျောက်ပုရပိုက်တစ်ခုသည် စူးချန်ကဲ၏လက်ထဲသို့ ကျရောက်လာသည်။

“ဒီအထဲမှာ နတ်ဘုရားလက်နက် အမတမျှော်စင်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကို အသေးစိတ် မှတ်တမ်းတင်ထားတယ်၊ နောက်ပြီး နတ်ဘုရားလက်နက် အမတမျှော်စင် ပျက်စီးရတဲ့ အကြောင်းရင်းအနည်းငယ်ကိုလည်း ဖော်ပြထားတယ်”

“ဒီသတင်း အချက်အလက်တွေကနေ တစ်ဆင့်.. မင်းရဲ့ ဒီခရီးစဉ်အတွက် ကြီးမားတဲ့ အကူအညီ ဖြစ်လာမယ်လို့ ငါ ယုံကြည်တယ်”

စူးချန်ကဲသည် လက်ခံယူလိုက်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

တုံထျန်းအဝေးဘိုးဘေးက ခေါင်းအနည်းငယ် ညိတ်ပြလျက် ဆက်ပြောသည်။

“ အတော်ပဲ...ဒီတစ်ခေါက် မင်းက ငါတို့ ကွေးယွမ်အမတဂိုဏ်းကို ရောက်လာပြီဆိုတော့”

“ဂိုဏ်းကလည်း မင်းအတွက် ဧည့်ခံပွဲတစ်ခု ပြင်ဆင်ထားတယ်”

“ဧည့်ခံပွဲပြီးတာနဲ့ မင်းဟာ အမတနယ်မြေတစ်ခွင်ကို လှည့်လည်သွားလာရတော့မယ်”

“ချန်ကဲ..မင်းရဲ့ အနာဂတ်မှာ အန္တရာယ်တွေ သေးငယ်မှာတော့ မဟုတ်ဘူး”

“ မှတ်ထား ၊ မူလရည်ရွယ်ချက်ကို မမေ့နဲ့၊ ရဲရဲဝံ့ဝံ့ ရှေ့ဆက်သွား..ငါတို့ ကွေးယွမ်အမတဂိုဏ်းက မင်းနောက်မှာ အမြဲရှိတယ် “

“ချန်ကဲ နားလည်ပါပြီ”

စူးချန်ကဲသည် ခေါင်းညိတ်လိုက်သည်။

အမတနယ်မြေ၏ ကျယ်ပြန့်မှုသည် တိုက်မြေသုံးထောင်နှင့် ယှဉ်လျှင် များစွာကွာခြားသည်။ သူသည် လက်ရှိတွင် အမတဧကရာဇ် အဆင့်ကိုပင် မရောက်ရှိသေးသလို ၊ အမတဧကရာဇ်နယ်ပယ်၏ အထက်အဆင့်သို့ ရောက်ရှိရန် ကြာမြင့်ဦးမည် ဖြစ်သည်။

သူသည် ရှည်လျားသော လမ်းခရီးကို လျှောက်လှမ်းရပေဦးမည်။

အပိုင်း(၆၉၂): လောကကြီးထဲသို့ စတင်ဝင်ရောက်ခဲ့ချေပြီ ၊ ကြောက်ဖို့ကောင်းသော လျို့ဝှက်ချက်

ဧည့်ခံပွဲသည် သိပ်မကြာမီ စတင်ကျင်းပခဲ့သည်။

မရေမတွက်နိုင်သော ကွေးယွမ်အမတဂိုဏ်း ဝင်များ ၊ လူငယ်ပါရမီရှင်များ နှင့် သတင်းရရှိသော ကွေးယွမ်အမတဂိုဏ်း၏ လက်အောက်ခံ အင်အားစုများစွာတို့သည် ဤဧည့်ခံပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသည်။

ရိုးရှင်းသော ဧည့်ခံပွဲတစ်ခုသာ ဖြစ်သော်လည်း၊ ကျင်းပမှုမှာ ‌အတော်လေး ခမ်းနားထည်ဝါပေသည်။

ဧည့်ခံပွဲပြီးနောက်၊ အမတဂိုဏ်း၏ ခေတ်ပြိုင် ပါရမီရှင်များသည် အမတနယ်မြေအတွင်း တရားဝင် လှည့်လည်သွားလာကာ လောကထဲသို့ အပြည့်အဝ ဝင်ရောက်ကြပေတော့မည်။

သူတို့သည် အမတနယ်မြေတစ်ခွင် လှည့်လည်သွားလာရာ၌ မသိနိုင်သော အန္တရာယ်များနှင့် ကြုံတွေ့ရပြီး၊ ယင်းကြောင့် ကျဆုံးသွားနိုင်သည်။

သို့သော်လည်း သန်မာလိုသူ ဖြစ်လိုပါက ၊ ဤလမ်းကြောင်းသည် သူတို့လျှောက်လှမ်းရမည့် လမ်းကြောင်းပင်တည်း။

……

ဧည့်ခံပွဲပြီးဆုံးပြီး နှစ်ရက်ကြာပြီးနောက် ၊

ကွေးယွမ်အမတဂိုဏ်း၏ ကြီးမားကျယ်ပြန့်သော ရင်ပြင်ပေါ်တွင်၊

ခမ်းနားထည်ဝါပြီး ရောင်ခြည်များ ဖြာထွက်နေသော အာကာသသင်္ဘောများသည် ရင်ပြင်အထက်တွင် ဆိုင်းငံ့လျက်ရှိသည်။

မရေမတွက်နိုင်သော နတ်ဌက်သားရဲများ ၊ မိုးပြာနဂါး နှင့် ဖီးနစ်ငှက်များသည် ကောင်းကင်ယံတွင် ဝေ့လည်ပျံသန်းလျက်ရှိသည်။

ကွေးယွမ်အမတဂိုဏ်းမှ ထောင်ပေါင်းများစွာသော လူငယ်ပါရမီရှင်များ၊ အကြီးအကဲများနှင့် ဘိုးဘေးများသည် ဤနေရာတွင် စုဝေးရောက်ရှိနေကြသည်။ ၎င်းတို့ထံမှ ဖြာထွက်လာသော ရောင်ဝါတို့သည် တစ်ခုနှင့်တစ်ခု ရောယှက်ပေါင်းစပ် နေသည်မှာ မိုးကောင်းကင်ကို အလွယ်တကူ ထိုးဖောက်ပစ်နိုင်သည်။

ကွေးယွမ်အမတဂိုဏ်းဝင် အားလုံးနီးပါးသည် ရင်ပြင်ပေါ်တွင် စုဝေးနေကြသည်။

ဖော့ကျွင်းဘိုးဘေးသည် စင်မြင့်ပေါ်တွင် ရှိနေပြီး ၊ ပတ်ဝန်းကျင်ကို တချက်ကြည့်ပြီးနောက် ကြည်လင်သော အသံဖြင့် မိန့်ခွန်းပြောလိုက်သည်။

“ ဒီနေ့ဟာ မင်းတို့ လောကကြီးထဲ တရားဝင် ဝင်ရောက်ပြီး အမတနယ်မြေတစ်ခွင် လှည့်လည်သွားလာတော့မယ့် နေ့ထူးနေ့မြတ်ပဲ”

“ဒေဝလောက ပြန်လည်စတင်ရာခေတ်၊ အမတလမ်းစဉ် ပြန်လည်ရှင်သန်ရာခေတ်၊ ဒါဟာ အကောင်းဆုံးခေတ် ဖြစ်သလို အဆိုးရွားဆုံးခေတ်လည်း ဖြစ်တယ်”

“ မင်းတို့တွေ သမိုင်းမှာ အမည်ကျန်ရစ်ပြီး ကြီးကျယ်ခမ်းနားစွာ ရပ်တည်နိုင်သလို “

“ လေမိုးဒဏ်ခံရပြီး လမ်းမှားလည်း ရောက်သွားနိုင်တယ်”

“ ဒါပေမဲ့ စစ်မှန်တဲ့ခွန်အားဆိုတာ စွမ်းအားကို ပြသခြင်းမဟုတ်ဘဲ ..လူတစ်ဦးတစ်ယောက်ရဲ့ တည်ရှိမှုပုံစံနဲ့သာ သက်ဆိုင်တယ်”

“ မင်းတို့တွေဟာ မိုးတိမ်တွေကို ထိုးဖောက်ပြီး ကြီးမြတ်တဲ့စိတ်ထားနဲ့ သက်တံ့ရောင်ခြည်တွေလို ဖြန့်ကျက်နိုင်မယ်လို့ ငါတို့ယုံကြည်တယ်”

ကွေးယွမ်အမတဂိုဏ်းမှ မရေမတွက်နိုင်သော တပည့်ဟောင်းများနှင့် အကြီးအကဲများသည် လောကအတွင်းသို့ ဝင်ရောက်တော့မည့် ခေတ်ပြိုင် ပါရမီရှင်များထံသို့ ဦးညွှတ်ကာ ကောင်းကင်ဘုံကိုပင် တုန်လှုပ်သွားစေမည့် အထိ ကြွေးကြော်လိုက်ကြသည်။

“ မိုးတိမ်တွေကို ထိုးဖောက်ပြီး ကြီးမြတ်တဲ့စိတ်ထားနဲ့ သက်တံ့ရောင်ခြည်တွေလို ဖြန့်ကျက်နိုင်ကြပါစေ !”

“………”

ထိုစကားသံအဆုံးတွင် ၊

ဘိုးဘေးများစွာသည် ကိုယ်တိုင်ထွက်လာကြပြီး အာကာသဟင်းလင်းပြင်ကို တိုက်ရိုက်ဆုတ်ဖြဲကာ အာကာသလမ်းကြောင်းများစွာကို ဖွင့်လှစ်ပေးလိုက်သည်။

ဝုန်း !!

ဟင်းလင်းပြင်သည် တသိမ့်သိမ့် ရိုက်ခတ်လျက် ကွဲအက်လာကာ မဟာလမ်းစဉ်၏ ကြောက်မက်ဖွယ်ကောင်းသော နတ်စွမ်းအားသည် အာကာသစီးဆင်းမှုကို ဆန့်ကျင်၍ အပေါ်သို့ တစ်ဟုန်ထိုးတက်သွားသည်။

အာကာသသည် တစ်စတစ်စ ကွဲအက်လာသည့် တစ်ချိန်တည်းမှာပင် အာကာသအချိန်ဥမင်လိုဏ်ခေါင်း တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။

“အချိန်တန်ပြီ၊ စထွက်ကြတော့!”

ခဏအတွင်းမှာပင်၊ မရေမတွက်နိုင်သော အာကာသစစ်သင်္ဘောများ၊ ရတနာကျွန်းများ ၊ နတ်ငှက်သားရဲအားလုံးတို့သည် တပြိုင်နက် ဟိန်းဟောက်သံများ ထွက်ပေါ်လာကြသည်။

ကွေးယွမ်အမတဂိုဏ်းရှိ ခေတ်ပြိုင် ပါရမီရှင်များသည် မနည်း‌မနော ရှိပေရာ ၊ အားလုံးတစ်နေရာတည်းသို့ သွားရန်မဖြစ်နိုင်ပေ။

သူတို့၏ အဓိကရည်ရွယ်ချက်မှာ အမတနယ်မြေအတွင်း လှည့်လည်သွားလာ၍ အတွေ့အကြုံယူရန် ဖြစ်သည်။

ဤခရီးစဉ်သည် သီးခြားစီသွားသော ခရီးစဉ်တစ်ခု ဖြစ်ပြီး ၊ နတ်ဘုရားလက်နက် အမတမျှော်စင်သို့ သွားရောက်သူမှာ အလွန်နည်းပါးသည်။

အမတနယ်မြေရှိ အခြားသော အင်အားစုများစွာသည်လည်း ဤအတိုင်းပင် ဖြစ်သည်။

မိမိတို့၏ အင်အားစုမှ ပါရမီရှင်အားလုံးကို အမတနယ်မြေရှိ နေရာအသီးသီးကို လှည့်လည်သွားလာစေခြင်းသည် ရရှိနိုင်သော အခွင့်အလမ်းများ ပိုမိုများပြားရုံသာမက ထိရောက်မှုလည်း ပိုမိုမြင့်မားပေသည်။

ဘိုးဘေးများစွာသည် စူးချန်ကဲစီးနင်းသော တဖိတ်ဖိတ်တောက်ပနေသည့် ရတနာသင်္ဘောကြီး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို စိုက်ကြည့်နေကြသည်။

ကြာမြင့်စွာ အချိန်ကုန်လွန်ပြီးနောက်၊ သူတို့သည် တီးတိုးရေရွတ်လိုက်ကြသည်။

“ နဂါးမင်း လောကအတွင်းသို့ ဝင်ရောက်ကာ ထာဝရတည်တံ့မည့် လေပြင်းမုန်တိုင်းကို နှိုးဆွပေတော့မည်”

…….

တစ်ချိန်တည်းမှာပင်။

ဤတစ်ကြိမ် အမတနယ်မြေသို့ လှည့်လည်ရာတွင်၊ စူးချန်ကဲသည် နောက်လိုက်များကို ရွေးချယ်ထားခြင်း မရှိပေ။

နတ်ဘုရားလက်နက် အမတမျှော်စင်သို့ သွားရောက်မည့် အဖွဲ့ကို ဦးဆောင်ခြင်းမှာ နတ်ဘုရားလက်နက် အမတမျှော်စင်သို့ မဝင်ရောက်မီ၊ ယာယီခေါင်းဆောင်တစ်ဦးအဖြစ် ဆောင်ရွက်ရန်သာ ဖြစ်သည်။

ဝင်ရောက်ပြီးနောက်၊ လေ့လာရှာဖွေရန် အသီးသီး လမ်းခွဲသွားကြမည် ဖြစ်သည်။

သူတို့သည် နတ်ဘုရားလက်နက် အမတမျှော်စင်တွင် စုဝေးခြင်းသာဖြစ်ပြီး၊ ဤခရီးစဉ်ပြီးဆုံးသွားပါက သူတို့အားလုံးသည် အမတနယ်မြေ၏ နေရာအသီးသီးသို့ သွားရောက်ကြမည် ဖြစ်သည်။

ယခုအချိန်တွင် စူးချန်ကဲသည် တုံထျန်းအဝေးဘိုးဘေး ပေးခဲ့သော ကျောက်ပုရပိုက်ကို စတင်ကြည့်ရှုလိုက်သည်။

“နတ်ဘုရားလက်နက် အမတမျှော်စင်......”

“အမတဂိုဏ်း ၃၆ ဂိုဏ်းထဲက တစ်ခု တစ်ခုအပါအဝင် ဖြစ်တယ် ၊ သူ့ရဲ့ အမွေဆက်ခံမှု နည်းအတတ်ကို ကောင်းကင်ရတနာ ဖန်တီးခြင်းအတတ် လို့ခေါ်တယ်”

သူ၏ ရေရွတ်သံကို ကြားနေရ၏။

“ မိုးမြေကို တူအဖြစ် ၊ မဟာလမ်းစဉ်ကို သံမဏိအဖြစ် ၊ အမတအရင်းအမြစ်ကို မီးအဖြစ် အသုံးပြုကာ... မဟာလမ်းစဉ် အမတလက်နက်ကို ဖန်တီးနိုင်သလို၊ လောကီလက်နက်များကိုလည်း အမတလက်နက်အဖြစ် ပြောင်းလဲနိုင်တယ်....”

ဤမှတ်တမ်းကို ဖတ်ရှုနေသော စူးချန်ကဲ၏ စိတ်နှလုံးသည်ပင် တုန်လှုပ်သွားသည်။ အကယ်၍ သူသည် ကောင်းကင်ရတနာ ဖန်တီးခြင်းအတတ်ကို ရရှိခဲ့ပါက ၊

သူကိုယ်တိုင် မဟာလမ်းစဉ် အမတလက်နက်များကို ဖန်တီးနိုင်မည် မဟုတ်လော။

ဤလျှို့ဝှက်နည်းဖြင့် မိမိ၏ ကောင်းကင်လမ်းစဉ် အာဏာစက်ဓား၊ ကောင်းကင်နှင့်မြေကြီးစစ်တုရင်ဘုတ်၊ ဓားသေတ္တာကိုးလက်တို့ကိုပါ ထပ်မံ ပြောင်းလဲမွမ်းမံနိုင်မည် မဟုတ်ပေလော။

ဆိုရိုးစကားအတိုင်း လက်နက်ကောင်းလျှင် ကိုယ်ခံပညာ ပိုမြင့်သည်။

အထွတ်အထိပ်အဆင့်ရှိ အမတလက်နက်များကို ပိုင်ဆိုင်ထားပါက၊ စွမ်းအားနိမ့်ကျနေစေကာမူ၊ အချို့သော အထွတ်အထိပ် မဟာလမ်းစဉ် စွမ်းအားရှင်များနှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်လော။

ပုံမှန်အားဖြင့်၊ အမတလက်နက်၏ အရည်အချင်းနှင့် အဆင့်အတန်းကို မြှင့်တင်လိုပါက၊ မဟာလမ်းစဉ် နတ်ပစ္စည်းများစွာကို ပေါင်းစပ်ရန် လိုအပ်သည်။

တစ်ဖန် မိမိ၏ မူလရင်းမြစ် စွမ်းအင်ဖြင့် ပြုစုပျိုးထောင်ရန်လည်း လိုအပ်သည်။

သို့သော် နတ်ဘုရားလက်နက် အမတမျှော်စင်သည် ဤစည်းကမ်းများကို ဖောက်ဖျက်ပြီး မိမိဘာသာ ဖန်တီးမွမ်းမံနိုင်ပုံရသည်။

ဤနတ်ဘုရားလက်နက် အမတမျှော်စင်သည် အမဂိုဏ်းကြီး ၃၆ ဂိုဏ်းအနက် တစ်ခုအပါအဝင် ဖြစ်သည်ကို ထည့်မဆိုခင် ၊ ၎င်း၏ နည်းလမ်းများသည် အတော်လေး နက်နဲဆန်းကြယ်မည်ဟု ယုံကြည်ရသည်။

“ ဒါပေမဲ့ ဒီလို အင်အားစုတစ်ခုက ဘာကြောင့်များ ပျောက်ကွယ်သွားးရတာလဲ”

စူးချန်ကဲ၏စိတ်ထဲတွင် သံသယတစ်ခု ဖြစ်ပေါ်လာကာ ဆက်လက်ဖတ်ရှုလိုက်သည်။ ဤအချက်အလက်များမှ တဆင့် ထိုနှစ်က အမှန်တရားကို ရှာဖွေလိုခဲ့သည်။

……

မိနစ်အနည်းငယ် ကြည့်ရှုပြီးနောက်၊ စူးချန်ကဲသည် အသုံးဝင်သော သတင်းအချက်အလက်အချို့ကို နောက်ဆုံးတွင် တွေ့ရှိခဲ့သည်။

ပုရပိုက်အပေါ်တွင် လင်းလက်နေသော စာသားအချို့ကို သူတွေ့လိုက်ရသည်။

ရေးသားထားသည်မှာ—

အဆုံးမဲ့ကပ်ဘေးပြီးနောက်၊ မဟာလမ်းစဉ်၏ သံသရာစက်ဝန်း ပျက်စီးသွားသောကြောင့်၊ စစ်ပွဲတွင် ကျဆုံးသွားသော မရေမတွက်နိုင်သည့် သက်ရှိများသည် ဒေဝလောကတွင် ပြန်လည်မွေးဖွားရန် မဖြစ်နိုင်တော့ချေ။

ဤသေဆုံးသွားသော ဝိညာဉ်အားလုံးသည် အမတနယ်မြေ၏ နေရာအသီးသီးတွင် ပိတ်မိနေကာ အဆုံးမဲ့ဒုက္ခဆင်းရဲကို ခံစားခဲ့ရသည်။

ဤအချက်ကို မြင်တွေ့ပြီး ၊ စူးချန်ကဲ၏ မျက်မှောင်ကြုတ်သွားကာ ရေရွတ်လိုက်သည်။

“ ဒါက ဒေဝလောကရဲ့ ကံအကျိုးဆက် မဖြစ်ခင်ကမလား “

ရှေးစာပေမှတ်တမ်းများအရ၊ ဒေဝလောက၏ ကံအကျိုးဆက် ဖြစ်ပေါ်လာရခြင်းမှ မဟာလမ်းစဉ်၏ သံသရာစက်ဝန်း အပါအဝင် အခြားသော မဟာလမ်းစဉ်လမ်းကြောင်းများစွာသည် အဆုံးမဲ့ကပ်ဘေးအတွင်း ပျက်စီးသွားသောကြောင့် ဖြစ်သည်။

ထို့ကြောင့် အဆုံးမဲ့ကပ်ဘေးအတွင်း စစ်ပွဲကျဆုံးခဲ့သော မရေမတွက်နိုင်သော သက်ရှိအပေါင်းတို့သည် ပြန်လည်မွေးဖွားရန် မတတ်နိုင်ခဲ့ချေ။

ရာစုနှစ်များစွာ ကုန်လွန်ပြီးနောက်၊ သူတို့၏ မကျေနပ်မှုများ ပေါက်ကွဲထွက်လာပြီး နောက်ဆုံးတွင် ဒေဝလောက၏ ကံအကျိုးဆက်ကို ဖြစ်ပေါ်စေခဲ့သည်။

စူးချန်ကဲသည် စာကို ဆက်လက် ဖတ်ရှုသွားသည်။

နောက်ပိုင်းဖြစ်ရပ်များက သူ့ကို ပို၍ပင် မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရသည်။

မူလက အမတနယ်မြေ တစ်ခုလုံးတွင် မဟာလမ်းစဉ် စွမ်းအားများကို ပေါင်းစည်းကာ မူလအမတလက်နက်များ ဖန်တီးနိုင်သော တစ်ခုတည်းသော ဂိုဏ်းအဖြစ်၊

ထိုခေတ်၏ အမတမျှော်စင်သခင် ၊ ကျောက်ဟွ (ဖန်တီးမှု ) အမတဧကရာဇ်မင်းအဖြစ် အသိအမှတ်ပြုခံထားရသော ထိုပုဂ္ဂိုလ်သည် ပြန်လည်မွေးဖွားရန် မတတ်နိုင်သော ဝိညာဉ်များကို စာနာသနားမိသဖြင့် ၊

အမတဂိုဏ်းတစ်ခုလုံး၏ စွမ်းအားကို စုစည်းကာ၊ သူတတ်မြောက်ထားသော လက်နက်ဖန်တီးရေး မဟာလမ်းစဉ်ကို အသုံးပြု၍ သံသရာစက်ဝန်း စွမ်းအားရှိသည့် မူလအမတလက်နက်တစ်ခုကို ဖန်တီးရန် ရည်ရွယ်ခဲ့သည်။

All Chapters