← Chapters

အခန်း (၇၀၉-၇၁၂)

Vol. 54 Ch. 709-712

အခန်း (၇၀၉-၇၁၂)

Vol. 54 Ch. 709-712

အပိုင်း (၇၀၉) - ဇာတ်လိုက်ရဲ့ မိန်းမဖြစ်သူထံ တပည့်ခံမယ်

တစ်ချိန်တည်းမှာပင်။

နတ်ဘုရားလက်နက် အမတမျှော်စင်၏ အတွင်းပိုင်း။

စူးချန်ကဲတို့ အုပ်စုနှင့် သံမဏိသားရဲများကြား ဖြစ်ပွားနေသော နိယာမလှိုင်းတံပိုးများကို ကျီချောင်ကဲတို့ အုပ်စုကလည်း ခံစားသိရှိခဲ့သည်။

“ဒါက အမတစွမ်းအင် လှိုင်းတံပိုးလား...”

ကျီချောင်ကဲသည် မျက်ခုံးပင့်လိုက်ပြီး မဲ့ပြုံးပြုံးလိုက်သည်။

“ ကြည့်ရတာ ငါတို့နောက်က လိုက်လာတဲ့ အဲ့ကောင်တွေလည်း သံမဏိသားရဲတွေနဲ့ ကြုံတွေ့သွားပြီထင်တယ်”

“အရှင့်သား၊ တကယ်လို့ သူတို့က သံမဏိသားရဲတွေကို အနိုင်ယူနိုင်မယ်ဆိုရင် ၊ သေချာတယ် တိုက်ပွဲအပြီးမှာ သူတို့ရဲ့ အမတစွမ်းအင်တွေလည်း ချို့တဲ့နေလောက်ပြီ “

ရွှေကျီးကန်းနတ်ဘုရားမင်းဆက်မှ ပါရမီရှင်တစ်ဦးက ကျီချောင်ကဲထံသို့ လျှောက်တင်လိုက်သည်။

“အရှင့်သား၊ ကျွန်တော် လူတွေခေါ်ပြီး အဲ့ဒီအုပ်စုကို ချေမှုန်းဖို့ ဆန္ဒရှိပါတယ် “

ရွှေကျီးကန်းနတ်ဘုရားမင်းဆက်မှ ပါရမီရှင်နှစ်ဦးအား သတ်ဖြတ်နိုင်သည်ကို ကြည့်ခြင်းအားဖြင့် စူးချန်ကဲတို့အဖွဲ့သည် အလွန် ထူးချွန်ကြောင်းကို သိရှိနိုင်သည်။

တိုက်ပွဲအပြီးတွင် စူးချန်ကဲတို့ အုပ်စုသည် အားနည်းနေမည် ဖြစ်ပြီး ၊ သူတို့သည် ဤအခွင့်အရေးကို အသုံးချကာ တဖက်လူကို အပြီးအပိုင် ဖယ်ရှားပစ်နိုင်လိမ့်မည်။

ထိုစကားကို ကြားလိုက်ရသော်လည်း ကျီချောင်ကဲက ခေါင်းယမ်းကာ ပြုံးရယ်လိုက်သည်။

“စိတ်ပူစရာ မရှိဘူး ၊ ဒီအုပ်စုက ငါ့အတွက် သေးငယ်တဲ့ ပုရွက်ဆိတ်သာသာပဲ”

“သူတို့ ငါ့ရှေ့ကို လာရဲရင် ၊ ငါ သူတို့ကို အပြီးသတ် ရှင်းထုတ်ပစ်နိုင်တယ်ဆိုတာ ငါ့ကိုယ်ငါ ယုံကြည်တယ်”

သူသည် ရွှေကျီးကန်းနတ်ဘုရား မင်းဆက်၏ မင်းသားတစ်ပါး ဖြစ်ပြီး၊ အမတ ဧကရာဇ်မင်း၏ သားတစ်ယောက်လည်း ဖြစ်သည်။

သူ၏ ပါရမီနှင့် အရည်အချင်းကို ထည့်မဆိုခင် ၊ သူသည် အတုမရှိသော နတ်ဘုရားခန္ဓာကိုယ် နှစ်ခုကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ဤကဲ့သို့သော ပုဂ္ဂိုလ်တစ်ယောက်သည် သဘာဝအတိုင်း ကိုယ်ပိုင်ယုံကြည်မှုနှင့် မာန်မာနကို ပိုင်ဆိုင်ထားသည်။

သူသည် အခြားသူ၏ အားနည်းချက်ကို အခွင့်ကောင်းယူရန် စိတ်မဝင်စားပေ။ ဂုဏ်သိက္ခာရှိရှိ အနိုင်ယူဖို့ကိုသာ ဆန္ဒရှိသည်။

အမတနယ်မြေတွင် နာမည်ကျော်ကြားသော စူးချန်ကဲနှင့် အခြားအင်အားစုများ၏ ထိပ်တန်းဆက်ခံသူများမှလွဲ၍ သူ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်သူ မရှိချေ။

ယုံကြည်မှုအပြည့် ရှိနေသော ကျီချောင်ကဲ၏ မျက်နှာကို မြင်လိုက်ရသည်နှင့်၊ ထိုနေရာတွင် ရှိနေသော ရွှေကျီးကန်းနတ်ဘုရားမင်းဆက်မှ ပါရမီရှင်များသည် လေးစားအားကျစွာ ကြည့်နေကြသည်။

“အရှင့်သားက သုံးကွက်တောင် မသုံးလိုက်ရဘူး ကောင်းကင်အမတ နယ်ပယ်အဆင့်နဲ့ အင်အားညီမျှတဲ့ သံမဏိသားရဲ တစ်ကောင်ကို သတ်ပစ်နိုင်ခဲ့တယ်!”

“ဟုတ်တယ်! အရှင့်သားရဲ့ ဒီလို ပြောင်မြောက်လှတဲ့ ခွန်အားဟာ အမတနယ်မြေ တစ်ခုလုံးနဲ့ ယှဉ်ရင်တောင် အရှင့်သားကို ယှဉ်ပြိုင်နိုင်သူ ရှာဖို့ခက်တယ် “

“ငါတို့ ရွှေကျီးကန်းနတ်ဘုရားမင်းဆက်က လူကို သတ်ဖြတ်ရဲတဲ့ အပြစ်သား... အရှင့်သားရဲ့ လက်ဝါး တစ်ချက်စာတောင် ခံနိုင်ရည်ရှိမယ် မထင်ဘူး!”

“……..”

ရွှေကျီးကန်းနတ်ဘုရားမင်းဆက်မှ ပါရမီရှင်အချို့သည် အပြန်အလှန် ဆွေးနွေးကြသည်။

ဤတစ်ခေါက် နတ်ဘုရားလက်နက် အမတမျှော်စင်သို့ လာရောက်ကြသည့် ရွှေကျီးကန်းနတ်ဘုရားမင်းဆက်မှ ပါရမီရှင်တပည့်များမှာ မနည်း‌မနောပေ။

သူတို့သည် ကျီချောင်ကဲနှင့်အတူ လှုပ်ရှားခွင့်ရခဲ့သည်မှာ သုံးဘဝတိုင်တိုင် ကံကောင်းခြင်း ဟု ဆိုရပေမည်။

အရင်က သူတို့သည်လည်း သံမဏိသင်္ချိုင်းမြေတွင် သံမဏိသားရဲအချို့နှင့် ကြုံတွေ့ခဲ့ရသည်။

သို့သော် ကျီချောင်ကဲ၏ ကျေးဇူးဖြင့် သူတို့သည် ကြီးမားသော အန္တရာယ်များကို ဖြတ်ကျော်နိုင်ခဲ့သည်။

အထူးသဖြင့် ကျီချောင်ကဲသည် သံမဏိသားရဲတစ်ကောင်ကို သူ၏ လက်သီး လက်ဝါးတစ်ချက်တည်းဖြင့် ချိုးဖျက်လိုက်သည့် မြင်ကွင်းသည် သူတို့ နှလုံးသားထဲတွင် စွဲမြဲစွာ ကျန်ရစ်နေခဲ့သည်။

ဤကဲ့သို့သော အရာကို အမတနယ်မြေတွင် မည်သူကများ လုပ်နိုင်မည်နည်း။

လက်အောက်ငယ်သားများ၏ ဆွေးနွေးမှုကို လျစ်လျူရှုကာ ကျီချောင်ကဲသည် သူ၏ရင်ဘက်ထဲမှ တောက်ပနေသော ကျောက်မျက်ရတနာ အပိုင်းအစတစ်ခုကို ထုတ်ယူလိုက်သည်။

တြိဂံပုံသဏ္ဍာန်ရှိပြီး ၊ ပျက်စီးနေသော မျှော်စင်၏ ထိပ်ပိုင်းတစ်ခုနှင့် တူသည်။

“ဒီဧရိယာတစ်ခုလုံးကို ရှာဖွေပြီးတာတောင်... ဒီဟာတစ်ခုတည်းကိုပဲ တွေ့ခဲ့ရတယ် “

“ဒီကနေ ဖြာထွက်လာတဲ့ ဓာတ်ငါးပါး စွမ်းအားကို ကြည့်ရင် ..ဒါဟာ နတ်ဘုရားလက်နက် အမတမျှော်စင်ရဲ့ အမွေဆက်ခံမှု အမတလက်နက်ဖြစ်တဲ့... ကောင်းကင်ရတနာ ဓာတ်ငါးပါးအမတစေတီပဲ...”

သမိုင်းမှတ်တမ်းများအရ၊ ကောင်းကင်ရတနာ ဓာတ်ငါးပါးအမတစေတီသည် မုန်ညင်းစေ့ထဲတွင် ထည့်သွင်းထားသော မေရုတောင်ကဲ့သို့ပင် ကိုယ်ပိုင်လောကတစ်ခုကို ဖန်တီးနိုင်ပြီး၊ ရှေးဟောင်း ပစ္စည်းများကိုလည်း သန့်စင်နိုင်သော အလွန်ရှားပါးသော အမတရတနာတစ်ခု ဖြစ်သည်။

ဤရတနာစေတီနှင့် နတ်ဘုရားလက်နက် အမတမျှော်စင်၏ အမွေအနှစ်ဖြစ်သော ကောင်းကင်ရတနာ ဖန်ဆင်းခြင်း အတတ်ကို ပူးတွဲအသုံးပြုနိုင်မည်ဆိုပါက ၊

နတ်ဘုရားလက်နက် အမတမျှော်စင်၏ အမွေအနှစ် နှင့် အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်နိုင်ပြီ ဟု ဆိုရမည်ဖြစ်ပြီး ၊ အမတလက်နက်များနှင့် သံမဏိစက်ရုပ်များကိုပင် ထုတ်လုပ်နိုင်ပေလိမ့်မည်။

“ နှမြောစရာကောင်းတာက ဒဏ္ဍာရီထဲက ကောင်းကင်ရတနာ ဖန်ဆင်းခြင်း အတတ်က အရင်ကတည်းက ပျောက်ကွယ်သွားပြီ၊ ဒါဟာ စာရွက်ပေါ်က ဒဏ္ဍာရီတစ်ခုထက် မပိုဘူး “

“ဒါပေမယ့် ကံကောင်းတာက၊ ဒီခရီးစဉ်မှာ ကောင်းကင်ရတနာ ဓာတ်ငါးပါးအမတစေတီရဲ့ အပိုင်းအစကို တွေ့ခဲ့ရတယ်၊ ဒီလောက်ဆိုရင်ကို ငါ ဒီကို လာခဲ့ရတာ အချည်းနှီး မဖြစ်တော့ဘူး”

“ဒီဧရိယာကတော့ ရှာဖွေပြီးသွားပြီ၊ နောက်ထပ် အခြားဧရိယာတွေကို ဆက်သွားရမယ်”

“ဒီတစ်ခေါက် ဒီနေရာကို လာကြတဲ့ အင်အားစုတွေထဲမှာ သာလွန်အင်အားစု ၁၈ ဖွဲ့ထဲက အင်အားစုအချို့ ၊ ပြီးတော့ တားမြစ်အင်အားစုကိုးဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ ယောင်ကွမ်အမတဂိုဏ်းရော ပါတယ်...”

“ကွေးယွမ်အမတဂိုဏ်းက အဲ့ကောင်တွေရော လာပြီလား မသိဘူး...”

……….

တစ်ချိန်တည်းမှာပင် ။

နတ်ဘုရားလက်နက် အမတမျှော်စင်ရှိ အခြားဧရိယာတစ်ခုတွင် ၊

ဓားသမားအချို့သည် ရှေးဟောင်းလမ်းတစ်လျှောက် လျင်မြန်စွာ ပြေးလွှားနေကြသည်။

“အနောက်တောင်ဘက် ဧရိယာ ၆ မှာ အရင်က နတ်ဘုရားလက်နက် အမတမျှော်စင်ရဲ့ ဆေးဥယျာဉ် အကြွင်းအကျန်ကို ရှာတွေ့ထားတယ်လို့ ကြားတယ်!”

ခေါင်းဆောင် ဓားသမားတစ်ဦးက ပြေးရင်း ပြောလိုက်သည်။

“အဲဒီမှာ နှစ်ပေါင်းထောင်ချီသက်တမ်းရှိတဲ့ အမတဆေးတွေ ပါဝင်တယ်လို့ ကြားတယ်! “

“ တကယ်လို့ ငါတို့တွေသာ ရယူနိုင်ခဲ့ရင် ! ငါတို့ရဲ့ ကျင့်ကြံမှုကို အများကြီး တိုးတက်စေနိုင်တယ်!”

“အစ်ကိုကြီး .... ဒီအမတဆေးဥယျာဉ် က အတော်လေး ရှုပ်ထွေးတယ်”

“ အခြားအင်အားစုက ပါရမီရှင်တွေလည်း အဲ့မှာ ရှိနေလောက်တယ်...ကျွန်တော်တို့က ရှစ်ယောက်ပဲ ရှိတယ်၊ တကယ်တန်း တိုက်ခိုက်ကြရင် အနိုင်ရဖို့ မသေချာဘူး!”

“အောက်ထျန်း ညီလေး၊ မင်း ဘာလို့ ဒီတစ်လမ်းလုံး ကြောက်ရွံ့နေရတာလဲ ....အနည်းဆုံးတော့ ငါတို့က ထျန်းဟိုင်ဓားဂိုဏ်းက တပည့်တွေလေ... ဒီလို ကြောက်ရွံ့နေတာ မဖြစ်သင့်ဘူး”

စီနီယာအစ်ကိုကြီး၏ ကြိမ်းမောင်းသံကို နားထောင်ရင်း ၊ ဝူကျီအောက်ထျန်း တစ်ယောက် ခါးသီးသော မျက်နှာထားဖြင့် ရှိနေသည်။

မူလက သူသည် ထျန်းဟိုင်ဓားဂိုဏ်းတွင် တံခါးပိတ် ကျင့်ကြံနေရန် ကြံရွယ်ခဲ့ပြီး၊ သူ၏ ကုံလမ်းစဉ်ကို ပို၍ တိုးတတ်ကောင်းမွန်လာအောင် ပြုလုပ်ရန် အစီအစဉ်ဆွဲထားခဲ့သည်။

သို့သော် ဂိုဏ်းအတွင်းရှိ အကြီးအကဲများက သူ့အား သူ၏ အကြီးတန်းမောင်နှမများနှင့် အတူ နတ်ဘုရားလက်နက် အမတမျှော်စင်သို့ သွားရောက် အတွေ့အကြုံယူရန် ခိုင်းစေခဲ့သည်။

“အိုင်း.... ဒေဝလောက ပြန်လည်စတင်ရာခေတ်ကြီးထဲမှာ ပါရမီရှင်တွေ မျိုးစုံ ထွက်ပေါ်နေတာ .. နတ်ဘုရားလက်နက် အမတမျှော်စင်ကို လာကြတဲ့ ပါရမီရှင်တွေလည်း နည်းမှာမဟုတ်ဘူး....”

“ တကယ့်လူတွေနဲ့ တွေ့ပြီး မနိုင်လို့ ထွက်ပြေးရင် ပြီးမှ ငါ့ကို လာအပြစ်မတင်နဲ့!”

ဝူကျီအောက်ထျန်း၏ စိတ်ထဲတွင် ညည်းတွားနေလေ၏။

“ မသေမျိုးဘဝ ရထားပြီးပြီပဲကို... အားတိုင်းယားတိုင်း သတ်မယ်ဖြတ်မယ်ချည်းပဲ!”

“ အဲ့ဒီပါရမီရှင်တွေ သူတို့ဟာသူတို့ တိုက်ခိုက်ကြရင်း သေသွားတာကို စောင့်ပြီးမှ ကိုယ်တွေက အတုမရှိ ဆိုတဲ့ ဂုဏ်ပုဒ်ကို ဝင်ယူလိုက်ရုံပဲ ၊ မကောင်းဘူးလား”

တစ်ချိန်တည်းမှာပင်၊ ဝူကျီအောက်ထျန်း၏ စိတ်ထဲတွင် ပထမဆုံးအကြိမ်အဖြစ် စူးချန်ကဲကို သတိရနေမိသည်။

အကယ်၍ စူးချန်ကဲသာ ဤနေရာမှာ ရှိနေခဲ့လျှင်ဖြင့် မည်မျှ ကောင်းလိုက်မည်နည်း။

ယခင်က ဆက်ဆံရေးကို ထောက်ဆကာ ၊ သူသည် စူးချန်ကဲနှင့်အတူ ဤနတ်ဘုရားလက်နက် အမတမျှော်စင်ကို စူးစမ်းလေ့လာနိုင်မည့် အခွင့်အရေး ရ‌ကောင်းရနိုင်လောက်သည်။

စူးချန်ကဲသည် အတော်လေး ပုံမှန်မဟုတ်သော်လည်း ၊ သို့သော် သူ၏ ပုံမှန်မဟုတ်သော ခွန်အားကပင် လူကို လုံခြုံမှုပေးစွမ်းနိုင်သည်ဟု ခံစားရသည်။

“အိုင်း.... ငါ ဝင်လာကတည်းက ခုထိ စူးချန်ကဲရဲ့ အရိပ်အယောင်ကို မမြင်ရသေးဘူး....”

“ဒါပေမယ့်.... လော့ရန်ယွီလည်း အမတနယ်မြေမှာ နေရာကောင်းရထားတယ်လို့ ကြားတယ်”

ဝူကျီအောက်ထျန်း၏ မျက်လုံးများသည် တစ်ဖန် တောက်ပလာခဲ့သည်။

“ ပြီးတော့ ဒီကို ရောက်လာပြီး ငါနဲ့ သိပ်မဝေးတဲ့ ဧရိယာ ၈ ထဲကို ဝင်သွားတာပဲ.....”

တစ်ချိန်က သူသည် လော့ရန်ယွီနှင့် ဆက်ဆံရေးရှိခဲ့ဖူးသည်။

အနည်းဆုံးတော့ စူးချန်ကဲရဲ့ ညစာစားပွဲမှာ အတူတူ ယှဉ်ပြီးသောက်ခဲ့ဖူးတယ်လေ !

“ တကယ်လို့များ ဒီတစ်ခေါက် ခရီးစဉ်က အန္တရာယ်များရင်... ငါ လော့ရန်ယွီဆီ သွားပြီး ခိုလှုံရမယ်!”

ကုံလမ်းစဉ် ကျင့်ခွင့်မပေးဘူးလား ?

ရတယ်လေ ၊ စူးချန်ကဲရဲ့ မိန်းမထံ သွားပြီး တပည့်ခံရုံပေါ့....‌တော်တယ်မလား?

အပိုင်း (၇၁၀) - မုန်တိုင်းတစ်ခု စတင်တော့မယ်

တစ်ချိန်တည်းမှာပင်၊

နတ်ဘုရားလက်နက်အမတမျှော်စင်၏ အခြားနယ်မြေတွင် ၊

ဤနယ်မြေသည် အခြားပျက်စီးယိုယွင်းနေသော ဧရိယာများနှင့် မတူဘဲ ကွဲပြားနေသည်။

တောက်ပသော အမတလမ်းစဉ် မှော်သင်္ကေတများသည် မိုးမြေကြားတွင် ပျံ့လွင့်နေပြီး၊ ၎င်းတို့၏ သိပ်သည်းဆသည် အခြားနေရာများထက် များစွာသာလွန်သည်။

မြေပြင်ပေါ်တွင် ရှေးကျပြီး လျှို့ဝှက်ဆန်းကြယ်သော အဖိုးတန်ပန်းများနှင့် ဆေးပင်များ ပေါက်ရောက်ကာ ဖူးပွင့်နေကြသည်။

ဤနေရာသည် တစ်ချိန်က နတ်ဘုရားလက်နက် အမတမျှော်စင်၏ ရှားပါးပြီး အဖိုးတန်သော ဆေးဖက်ဝင်အပင်များ ပြုစုပျိုးထောင်ခဲ့သည့် အမတဆေးဥယျာဉ်တစ်ခု ဖြစ်ပုံရသည်။

“ရန်ယွီ နတ်ဘုရားမ ၊ အပြင်ဘက်မှာ ကျန်ခဲ့တဲ့သူတွေက သတင်းပေးပို့လာတယ်”

နတ်မိမယ်တစ်ပါးကဲ့သို့ လှပသောအမျိုးသမီးတစ်ဦးသည် သူမ၏ရှေ့တွင် ရှိနေသည့် တုနှိုင်းမယှဉ်နိုင်အောင် လှပသော အမျိူသမီးတစ်ဦး၏ ကျောပြင်ကို ဦးညွှတ်ကာ လျှောက်တင်လိုက်သည်။

“ကွေးယွမ်အမတဂိုဏ်းက လူတွေလည်း ဝင်ရောက်လာကြပြီ... သူတို့စုဆောင်းရရှိထားတဲ့ သတင်းအချက်အလက်တွေအရ...”

“ဒီတစ်ခေါက် ဦးဆောင်သူက ချန်ကဲ ဆက်ခံသူဖြစ်မယ်လို့ ထင်ရပါတယ်”

“ဟုတ်လား “

“ချန်ကဲလည်း လာတာလား”

လော့ရန်ယွီ၏ ခန္ဓာကိုယ်သည် မသိမသာ တုန်သွားပြီး ချက်ချင်း လှည့်ကြည့်လိုက်ရာ ၊ တောက်ပနေသော အမတရောင်ခြည်များသည် သူမ၏ မျက်နှာတစ်ဝက်ကို ပေါ်လွင်သွားစေသည်။

သူမသည် မျက်လုံးစည်းကို ယခုထိတိုင် ဝတ်ဆင်ထားသောကြောင့် မျက်ဝန်းထဲမှ သူမ၏ ပျော်ရွှင်မှုကို မြင်တွေ့ရခြင်း မရှိသော်လည်း၊

သို့သော် သူမ၏ စကားသံမှတဆင့် တောင့်တမှုနှင့် နူးညံ့သိမ်မွေ့မှုကို ရှင်းရှင်းလင်းလင်း ခံစားမိနိုင်သည်။

မိမိသည် ဤအမတနယ်မြေသို့ ရောက်လာခဲ့သည်မှာ အချိန်ကြာမြင့်သွားခဲ့ချေပြီ။

တိုက်မြေ သုံးထောင်တွင် လမ်းခွဲပြီးကတည်းက သူမသည် စူးချန်ကဲကို အချိန်အတော်ကြာသည်အထိ မတွေ့ခဲ့ရချေ။

ယနေ့ ထိုအမည်ကို ကြားလိုက်ရချိန်တွင် ၊

လော့ရန်ယွီ၏ နှုတ်ခမ်းသားထက်တွင် သူမကိုယ်တိုင်ပင် မထိန်းချုပ်နိုင်သော အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး၊ ထိုလှပသော အပြုံးသည် လောကရှိ အရာအားလုံးကို အရောင်မှိန်ဖျော့သွားစေနိုင်သည် ။

သို့သော်၊ သူမအနေဖြင့် စူးချန်ကဲကို သွားရှာရန် အချိန်မရှိသေးပေ။သူမတွင် အရေးကြီးသည့် လုပ်ငန်းကိစ္စများ ရှိနေသေး၏။

အကယ်၍ သူမသည် ပိုမို အားကောင်းလာခြင်း မရှိဘဲ အရာအားလုံးအတွက် စူးချန်ကဲအပေါ်တွင် မှီခိုနေရပါက ၊ သူမသည် စူးချန်ကဲအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်သည်။

စူးချန်ကဲ၏ ဘေးနားတွင် အလှပန်းအိုးတစ်လုံး မဖြစ်လိုပေ။ စူးချန်ကဲသည် နောင်တစ်ချိန်တွင် ဤအမတနယ်မြေ၏ အတုမရှိသော ပြိုင်ဘက်ကင်းသူတစ်ယောက် ဖြစ်လာရန် ရည်ရွယ်ထားသည်ကို သူမ သိသည်။ သို့ဖြစ်၍ နောက်ကောက်မကျစေရန် သူမ ကြိုးစားရမည်။

ထိုသို့ တွေးတောနေစဉ် လော့ရန်ယွီသည် သူမ၏ ရင်ဘတ်ထဲမှ တလက်လက် တောက်ပနေသော ကျောက်စိမ်း‌ဆွဲပြားတစ်ခုကို ထုတ်ယူလိုက်သည်။

၎င်းပေါ်တွင် ပန်းပုလက်ရာများ ပြောင်မြောက်စွာ ထွင်းထုထားပြီး၊ မဟာလမ်းစဉ်၏ လက်ရာဖြင့် ဖန်တီးထားဟန်ရှိသည်။ ၎င်း၏ ကျောဘက်တွင်၊ စာလုံးလေးလုံးကို ရှင်းလင်းစွာ ထွင်းထုထားသည်။

နတ်ဘုရားလက်နက် အမတမျှော်စင် !

ဤကျောက်စိမ်းပြားသည် နတ်ဘုရားလက်နက် အမတမျှော်စင်ရှိ အကြီးအကဲတစ်ဦး၏ သက်သေခံကတ်ပြားတစ်ခု ဖြစ်သည်။

ယခင်က ယောင်ကွမ်အမတဂိုဏ်း၏ စွမ်းအားရှင်တစ်ဦးက ပြင်ပလေ့လာရေးခရီးတွင် ‌မမျှော်လင့်ဘဲ ရရှိခဲ့ခြင်း ဖြစ်သည်။

နတ်ဘုရားလက်နက် အမတမျှော်စင်သို့ မသွားရောက်မီ ၊ ယောင်ကွမ်အမတဂိုဏ်းသည် လော့ရန်ယွီအား ဤကျောက်စိမ်းပြားကို ပေးအပ်ခဲ့သည်။

လော့ရန်ယွီသည် ဤကျောက်စိမ်းပြားဖြင့် နတ်ဘုရားလက်နက်အမတမျှော်စင်၏ ဝှက်ထားသော ဘဏ္ဍာတိုက်ကို ရှာဖွေနိုင်မည်ဟု မျှော်လင့်ထားကြသည်။

“ဂိုဏ်းရဲ့ အကြီးအကဲပုဂ္ဂိုလ်တွေ ဒီပေါ်က မဟာလမ်းစဉ် စာသားတွေကို ဖော်ထုတ်ပြီးအရတော့...”

“ ဒီမှာ မှတ်တမ်းတင်ထားတာက.. နတ်ဘုရားလက်နက် အမတမျှော်စင်ရဲ့ အဓိကကမ္ဘာကို ဖွင့်လှစ်နိုင်မယ့် သော့ချက်အကြောင်းပဲ..”

လော့ရန်ယွီက ရေရွတ်ပြောဆိုလိုက်သည်။

“လက်ရှိမြင်နေရတဲ့ နံရံဆေးရေးပန်းချီတွေနဲ့ ဆက်စပ်မှု ရှိမလားတော့ မသိဘူး....”

ထိုသို့ပြောရင်း၊ လော့ရန်ယွီသည် ရှေ့သို့ ပြန်လှည့်ကြည့်လိုက်သည်။

သူမ၏ မြင်ကွင်းထဲတွင် ပြိုကျပျက်စီးနေသော အပျက်အစီးတစ်ခု ရှိနေသည်။

၎င်းပေါ်တွင် မရေမတွက်နိုင်သော သဘာဝတရား၏ ကြိုးမျှင်များဖြင့် ရက်လုပ်ထားဟန်ရှိသည့် ခမ်းနားထည်ဝါသော ပုံစံများကို ထွင်းထုထားသည်။

အချိန်ကာလ၏ တိုက်စားမှုကြောင့် ပျက်စီးယိုယွင်းနေသော်လည်း၊ ယခင်က မှတ်တမ်းတင်ခဲ့သော အတိတ်ကာလ၏ နံရံဆေးရေးပန်းချီများဖြစ်ကြောင်း မှုန်ဝါးဝါးမြင်နိုင်ဆဲပင်။

ရုပ်ပုံထဲတွင် ကောင်းကင်ပြင်ကို ဖုံးလွှမ်းထားသော သင်္ဘောများ၊ ကမ္ဘာမြေကြီးကို တုန်လှုပ်သွားစေနိုင်သည့် သံမဏိသားရဲများ ၊ လေပေါ်တွင် ပျံဝဲနေသည့် အမတလက်နက်များ ၊ တိမ်တိုက်များကဲ့သို့ များပြားလှသော အဆောက်အအုံများ စသည့် ပုံရိပ်အားလုံးသည် ရှေးကျသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။

သို့သော်၊ နောက်ဆုံးပန်းချီကား အနည်းငယ်ကို ကြည့်ရှုပြီးသောအခါတွင် လော့ရန်ယွီသည် မျက်မှောင်ကြုတ်သွားသည်။

နံရံဆေးရေးပန်းချီများသည် အလွန် မှုန်ဝါးနေပြီး၊ ၎င်းတို့၏ အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း သို့သော် နံရံဆေးရေး ပန်းချီကားချပ်တစ်ခုလုံးသည် အမည်းရောင် ဖြစ်နေသည်။

ယခင်က ရောင်စုံတောက်ပသော ပုံရိပ်များနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေပြီး၊ အဆုံးမရှိ မှောင်မိုက်သော ချောက်ကမ်းပါးတစ်ခုကဲ့သို့ပင်။

“ဒီအရောင်ကို ကြည့်ရတာ စိတ်မသက်သာသလို ခံစားရတယ်.... ဒီအရောင်ကို ကြည့်ရတာ...”

“ တစ်ချိန်က ကမ္ဘာ့ကပ်ဘေးစစ်ပွဲရဲ့ နောက်ကွယ်က တရားခံကို သွားသတိရမိတယ်.... အမှောင်ထု မူလရင်းမြစ်ကမ္ဘာ..”

အမတနယ်မြေသို့ ရောက်ရှိလာပြီးနောက်၊ အမတနယ်မြေ၏ သမိုင်းကို မှတ်တမ်းတင်ထားသည့် ရှေးဟောင်းသမိုင်းများကို သေချာလေ့လာကြည့်လျှင်ဖြင့် ၊ ကမ္ဘာပေါ်တွင် အမှောင်ထု မူလရင်းမြစ်ကမ္ဘာဟူ၍ ရှိကြောင်း လူတိုင်း သိကြသည်။

၎င်းသည် အမတနယ်မြေ၏ ထာဝရ ရန်သူဖြစ်ပြီး၊ အရာအားလုံး ပျက်စီးရခြင်း၏ အဓိကတရားခံလည်း ဖြစ်သည်။

“ချန်ကဲသာ အမတနယ်မြေရဲ့ အထွတ်အထိပ်နေရာကို ရယူချင်တယ်ဆိုရင်၊ နောက်ပိုင်းမှာ ဒီလူတွေနဲ့ မလွဲဧကန် ထိပ်တိုက်တွေ့ရလိမ့်မယ်....”

“ကြည့်ရတာ.... ငါလည်း နောက်ပိုင်းမှာ ချန်ကဲကို ကူညီနိုင်ဖို့ ပြင်ဆင်မှုအချို့ လုပ်ထားရမယ်..”

တစ်ချိန်တည်းမှာပင်။

ဤနေရာနှင့် အတော်အတန် ဝေးကွာသော အခြားနယ်မြေတစ်ခုတွင် ၊

ဤနေရာရှိ ပတ်ဝန်းကျင်သည် အလွန်မှောင်မိုက်ပြီး၊ အလင်းရောင် အနည်းငယ်မျှပင် မရှိဘဲ မိုးမြေတစ်ခွင်လုံး မှင်ရေကဲ့သို့ မည်းနက်နေသည်။

စိုစွတ်ပြီး အေးစက်သောလေဖြင့် ပေါင်းစပ်လိုက်သည့်အခါ ဤနေရာတစ်ခုလုံးသည် အလွန်အမင်း ဖိနှိပ်ခံထားရပုံပေါ်သည်။

ထိုအမှောင်ထု၏ အနက်ရှိုင်းဆုံးနေရာတွင်၊ မကောင်းသော အရာတစ်ခု ပေါက်ဖွားနေပုံရသည်။

“ ဒေဝလောက ပြန်လည်စတင်ရာခေတ်ကြီးကို ရောက်လာတာနဲ့ အမတနယ်မြေဟာ စည်ပင်ဝပြောလာတယ်လို့သာ ဆိုတယ် “

“ဒါပေမယ့် ဒီခေတ်ရဲ့ ပါရမီရှင်တွေက ငါပေါ်ထွန်းခဲ့တဲ့ ခေတ်ထက် အရမ်း အားနည်းလွန်းတယ် “

“၁၅၊ ၁၆ ယောက်လောက် စုပ်ယူပြီးသွားတာတောင် ဘယ်သူမှ ငါ့ရဲ့ အင်အားကို တိုးတက်အောင် မကူညီပေးနိုင်ဘူး “

တိတ်ဆိတ်ငြိမ်သက်မှုကြားတွင် အေးစက်သော အသံတစ်ခုက ပဲ့တင်ထပ်သွားသည်။

အမည်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဖြူဖွေးသော အသားအရေနှင့် အေးစက်စက် မျက်နှာထားရှိသော အမျိုးသားတစ်ဦးသည် အမှောင်ထုထဲမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

တောက် !

သူသည် လက်ဖျောက်တစ်ချက် တီးလိုက်သည်။

မှင်ရေကဲ့သို့ သိပ်သည်းသော အမှောင်ရိပ်များသည် လှိုင်းတံပိုးများကဲ့သို့ လှုပ်ရှားလာသည်။

ကြောက်မက်ဖွယ်ကောင်းသော အမှောင်ထုများ ဝန်းရံနေသည့် ပုံရိပ်များစွာသည် ဖြည်းဖြည်းချင်း ပေါင်းစပ်သွားကြသည်။

နောက်ဆုံးတွင် ၎င်းတို့အားလုံးသည် ရှစ်ထျန်းတိ့ထံသို့ တပြိုင်နက်တည်း ဦးညွှတ်ကာ နှုတ်ခွန်းဆက်သလိုက်ကြသည်။

“ရှစ်ထျန်းတိ့လူကြီးမင်းကို ဂါရဝပြုပါတယ်!”

“သွား ၊ ဒီနယ်မြေမှာရှိတဲ့ ကောင်တွေအားလုံးကို သတ်ပစ် !”

“ တကယ်လို့ ထူးချွန်တဲ့သူရှိရင် ၊ အမှောင်ထုထဲကို ဆွဲသွင်းလိုက် “

“မှတ်ထားကြ၊ အလုပ်ကို သတိထားလုပ်ကြ ..အထောက်အထားကို မထုတ်ဖော်မိစေနဲ့!”

“ဟုတ်ကဲ့!”

အပိုင်း (၇၁၁) - ပြန်လည် ဆုံတွေ့ကြမယ် (Part-1)

ကြောက်မက်ဖွယ်ကောင်းသော အမှောင်ရိပ်များသည် တစ်ချိန်တည်း တုံ့ပြန်လိုက်ကြပြီး ၊ လျှပ်တစ်ပြက်အတွင်း အမှောင်ထုထဲသို့ ပျောက်ကွယ်သွားကြသည်။

ဤအမှောင်ရိပ်များသည် ရှစ်ထျန်းတိ့မှ အမှောင်ထု စွမ်းအားဖြင့် ခေါ်ယူဖန်တီးထားသော အရိပ်ရုပ်သေး ဖြစ်သည်။

လက်ရှိအသုံးပြုနေသော ဤခန္ဓာကိုယ်သည်လည်း ရုပ်သေးတစ်ခုသာ ဖြစ်ပြီး၊ စစ်မှန်အမတနယ်ပယ် အဆင့်(၉) ခွန်အားသာ ရှိသည်။

ရှစ်ထျန်းတိ့၏ မည်းနက်သော မျက်လုံးများထဲတွင် မထီမဲ့မြင်အရိပ်အမြွက်တစ်ခု ဖြတ်သန်းသွားခဲ့သည်။

“ဒီလောက် အားနည်းတဲ့ ခန္ဓာကိုယ်က ဂိုဏ်းရဲ့ နံပါတ်တစ် ပါရမီရှင်တဲ့လား”

“ အားနည်းလွန်းတယ်”

ရှစ်ထျန်းတိ့၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ စူးချန်ကဲရဲ့ ခန္ဓာကိုယ်ကို ငါ့အကြိုက်ဆုံးပဲ “

“ဒီတစ်ခေါက် မလာဘူးဆိုတော့လည်း သူ ကံကောင်းသွားတာပေါ့”

“ဒါပေမယ့် ယောင်ကွမ်အမတဂိုဏ်းရဲ့ နတ်ဘုရားမနဲ့ ရွှေကျီးကန်းနတ်ဘုရားမင်းဆက် ရဲ့ မင်းသားက ဒီမှာရှိတယ်ဆိုပဲ ၊ သူတို့ကို အမှောင်ထုထဲကို ဆွဲသွင်းလိုက်ရင် ...”

“တားမြစ်အင်အားစု နှစ်ဖွဲ့ရဲ့ ဆက်ခံသူတွေဆိုတော့ ....တကယ်ကို စားကောင်းမယ့် အသားတုံးကြီးတွေပဲ “

ရှစ်ထျန်းတိ့သည် လက်ကို နောက်ပစ်ထားရင်း ၊ ဂူ၏ မှောင်မိုက်သော အနက်ရှိုင်းဆုံးနေရာဆီသို့ ဦးတည်သွားသည်။

“စူးချန်ကဲ မင်းဘာလို့ မလာရတာလဲ”

“တကယ်ကို နှမျောဖို့ကောင်းတယ်!”

ထိုသို့ ရယ်မောပြောဆိုရင်း ၊ ရှစ်ထျန်းတိ့၏ ပုံရိပ်သည် အမှောင်ထုနှင့် တစ်သားတည်း ဖြစ်သွားသကဲ့သို့ လုံးဝ ပျောက်ကွယ်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော ဘေးဒုက္ခကြီး ကျရောက်လာတော့မည်ကို ကြေညာနေသကဲ့သို့ပင်။

ဤတစ်ကြိမ်တွင် သူသည် အမှောင်ထု မူလရင်းမြစ်ကမ္ဘာ၏ အင်အားစုများမှ လူများကို စေလွှတ်၍ အမတနယ်မြေတစ်ခွင်တွင် လှည့်လည်သွားလာနေကြသော ပါရမီရှင်များအား ထိုးနှက်ရန် ကြံရွယ်ထားသည်။

အဘယ်ကြောင့်ဆိုသော် အမှောင်ထု ပြန်လည်နိုးထရန် နှစ်ရာပေါင်းများစွာ ကျန်ရှိနေသေးသည်။ ဒေဝလောက ပြန်လည်စတင်ရာခေတ်ကို အခွင့်ကောင်းယူကာ ပါရမီရှင်များနှင့် စွမ်းအားရှင်များကို အလဲထိုးခြင်းသည် နောင်တစ်ချိန်တွင် သူတို့အတွက် ကောင်းမွန်သော အရာတစ်ခု ဖြစ်လာနိုင်သည်။

ရှစ်ထျန်းတိ့၏ ပုံရိပ် ပျောက်ကွယ်သွားပြီးနောက် သိပ်မကြာမီ ၊

ဖြောင့်မတ်သော ပုံရိပ်တစ်ခုသည် ဤမှောင်မိုက်သော ဂူရှေ့တွင် ပေါ်ထွက်လာခဲ့သည်။

ဖြူဖွေးသော ဆံပင်များနှင့် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ယောက်ျားတစ်ဦး ဖြစ်ပြီး၊ သူ့ကျောပေါ်တွင် ဓားတစ်လက်ကို သယ်ဆောင်ထားသည်။

ဓားလက်ကိုင်ပေါ်တွင် စာလုံးနှစ်လုံးကို ရှင်းလင်းစွာ ထွင်းထုထားသည်- ကျန့်ထျန်း!

“နတ်ဘုရားလက်နက် အမတမျှော်စင်ကို ပစ္စည်းတစ်ခုရှာဖို့ လာခဲ့တာ “

ထိုအမျိုးသား၏ နှုတ်ခမ်းများသည် အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။

“ မျှော်လင့်မထားတဲ့ အခွင့်အရေးတစ်ခု ရသွားမယ်လို့ ထင်မထားဘူး “

ရှစ်ထျန်းတိ့နှင့်ပတ်သတ်၍ ၊ စူးရွှမ်သည် ကောင်းကောင်းကြီး သိပေသည်။

ထိုသကောင့်သားသည် သူ၏ ရန်သူပင် ဖြစ်သည်။

ထိုနှစ်က ကမ္ဘာ့ကပ်ဘေးစစ်ပွဲတွင် သူသည် ရှစ်ထျန်းတိ့နှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးသည်။

အမှောင်ထု မူလရင်းမြစ်ကမ္ဘာတစ်ခုလုံးတွင် သူ့ထက် ကိုင်တွယ်ရခက်သူ မရှိ။

ရှစ်ထျန်းတိ့၏ အမှောင်ထုစွမ်းအားသည် အခြားသူများ၏ နတ်ရင်းမြစ်ကို ညစ်ညမ်းစေနိုင်သည်။

ရန်သူကို အမှောင်ထုထဲသို့ ကျဆင်းစေရုံသာမက၊သူ၏ ကိုယ်ပိုင်ရုပ်သေးများအဖြစ် ပြောင်းလဲ အသုံးပြုနိုင်သည်။

ထို့အပြင် သူ၏ စိတ်ဝိညာဉ်ကို ထိန်းချုပ်ကာ အမှောင်ရုပ်သေးများကြား လှည့်လည်အသုံးပြုနိုင်သည်။

သူ့ကို သတ်ဖြတ်လိုပါက၊ သူ၏ ရုပ်သေးအားလုံးကို အပြီးအပိုင် ဖျက်ဆီးရန် လိုအပ်သည်။

ယခင်က၊ ရှစ်ထျန်းတိ့၏ လက်ချက်ဖြင့် အမတနယ်မြေ၏ အမတဧကရာဇ်မင်းများစွာ ဆုံးရှူံးခဲ့ရသည်။

“ဟားး... အရင်က မင်းရဲ့ အမတဧကရာဇ်ရုပ်သေးတွေ ငါ့ရဲ့ဓားချက်နဲ့ အခုတ်ခံလိုက်ရ‌တာတောင် မင်းက မမှတ်သေးဘူးပဲ”

မဟာလမ်းစဉ် အမတမြူဆိုင်းများက စူးရွှမ်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားသဖြင့် သူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ။

သို့သော် သူ၏နှုတ်ခမ်းထောင့်က ပြက်ရယ်ပြုသော အပြုံးတစ်ခုကိုတော့ ရှင်းရှင်းလင်းလင်း တွေ့မြင်ရသည်။

“ချန်ကဲကို ထပ်ပြီး ပစ်မှတ်ထားနေသေးတယ် ၊ အတော်လေး သတ္တိရှိနေတယ်ပေါ့လေ !”

စူးရွှမ်၏ လေသံသည် အေးစက်ကာ ခံစားချက်ကင်းမဲ့နေသည်။

စူးရွှမ်၏ စကားသံအဆုံးတွင် ၊

ဘုန်း!!

ဓားစွမ်းအင်များသည် သူ့ကို ဗဟိုပြုကာ အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စဉ်ရိုက်ခတ်သွားသည်။

ဤကြောက်ခမန်းလိလိ အင်အား၏ လွှမ်းမိုးမှုကြောင့်၊ ဤနေရာရှိ အပူချိန်သည် ရုတ်တရက်ကျဆင်းသွားသည်။

လေထဲတွင် မြည်ဟည်းနေသော ဓားဟောက်သံများကို တိုးညှင်းစွာ ကြားနေရသည်။

ဓားစွမ်းအင်များ ဖြတ်သန်းသွားလေရာ နေရာတိုင်း ၊ ထောင်ပေါင်းများစွာသော မှော်သင်္ကေတများသည် တုန်လှုပ်ကာ လက်နက်ချကြရသည်။

အမှန်အားဖြင့် နတ်ဘုရားလက်နက် အမတမျှော်စင်သို့ မလာခင်က ၊

စူးချန်ကဲသည် နတ်ဘုရားလက်နက် အမတမျှော်စင်တွင် ရှိကြောင်း မိသားစုက စာပို့လာခဲ့သည်။

သို့သော် စူးရွှမ်သည် စူးချန်ကဲနှင့် တမင်တကာတွေ့ဆုံရန် မရည်ရွယ်ထားချေ။

သူ့တွင် ပို၍ အရေးကြီးသော အရာများ ရှိနေသေး၏။

“ နတ်ဘုရားလက်နက် အမတမျှော်စင် လုံးဝပျက်စီးမသွားခင် သေခြင်း-ရှင်ခြင်း သံသရာစက်ဝန်းစွမ်းအားရှိတဲ့ အမတလက်နက်တစ်ခုကို ဖန်တီးနိုင်ခဲ့တယ်လို့ ပြောတယ်....”

“ကျောက်ဟွ အမတ ဧကရာဇ်မင်းက နတ်ဘုရားလက်နက် အမတမျှော်စင်ရဲ့ တစ်နေရာရာမှာ ဝှက်ထားခဲ့တယ်ဆိုပဲ ...”

“သေခြင်း-ရှင်ခြင်း သံသရာစက်ဝန်းစွမ်းအား... ဒါက ဝူထျန်းသင်္ချိုင်းတွင်းထဲကို ဝင်ရောက်နိုင်မယ့် တစ်ခုတည်းသော သော့ချက်ပဲ...”

ဝူထျန်းသင်္ချိုင်းတွင်းဆိုသည်မှာ အလွန်ရှေးကျသော ပျောက်ဆုံးနေသည့် ကမ္ဘာတစ်ခုဖြစ်သည်။

ထိုကမ္ဘာသည် ကမ္ဘာဦိးအစက တည်ရှိခဲ့သော တောင်ပေါ်ရွာငယ်လေးတစ်ခု ဖြစ်ခဲ့သည်။

တားမြစ်စူးမိသားစုမှ စုဆောင်းရရှိထားသော အချက်အလက်များအရ၊ ဤတောင်ပေါ် ရွာငယ်လေးတွင် ကမ္ဘာကြီးကို ဖန်ဆင်းခြင်းဆိုင်ရာ မှတ်တမ်းများ ရှိနေန်ိုင်သည်။

ဝူထျန်းသင်္ချိုင်းတွင်း ဟူ၍ အဘယ်ကြောင့် ဖြစ်လာရသနည်း။

အမှန်အားဖြင့် ၊ ထိုတောင်ပေါ် ရွာငယ်လေးသည် အဆုံးမဲ့ကပ်ဘေးအပြီးတွင် ဒေဝလောက၏ ကံအကျိုးဆက်များကို ခံယူခဲ့ရသည်။

၎င်းအတွင်း၌ အငြိုးအတေးထားသော ဝိညာဉ်များစွာ ခိုအောင်းနေကြသည်။

ဝူထျန်းသင်္ချိုင်းတွင်းသို့ ဝင်ရောက်ရန် တစ်ခုတည်းသောနည်းလမ်းမှာ သေခြင်း-ရှင်ခြင်း သံသရာစက်ဝန်းစွမ်းအားဖြင့် ထိုမကောင်းဆိုးဝါး ဝိညာဉ်များကို သန့်စင်ပြီး လမ်းကြောင်းတစ်ခု ဖွင့်လှစ်ကာ ဝင်ရောက်ရမည် ဖြစ်သည်။

“ဝူထျန်းသင်္ချိုင်းတွင်းထဲမှာ ကမ္ဘာကို ဖန်ဆင်းတုန်းက လျို့ဝှက်ချက်တွေကို သိမ်းဆည်းထားတယ်...အဲ့ဒီထူးဆန်းတဲ့ ဖြူဖပ်ဖြူရော်မျက်နှာရဲ့ မူလအစကိုလည်း မှတ်တမ်းတင်ထားနိုင်လောက်တယ်...”

“ချန်ကဲအတွက် ဘယ်လိုအန္တရာယ်ပဲရှိရှိ ငါ အဲ့ထဲကို သေချာပေါက် ဝင်ရမယ် “

ဤနှစ်များအတွင်း၊ စူးရွှမ်သည် စူးချန်ကဲအတွက် မနားမနေ အမြဲလှုပ်ရှားနေခဲ့သည်။

ထိုဖြူဖပ်ဖြူရော်မျက်နှာနှင့် ပတ်သတ်၍ မည်သည့်သမိုင်းမှတ်တမ်းတွင်မှ မှတ်တမ်းတင်ထားခြင်း မရှိချေ။

ထို့ကြောင့် သူသည် အမတနယ်မြေ၏ လျှို့ဝှက်ချက်များမှ တစ်ဆင့် သဲလွန်စများကို အဆက်မပြတ် ရှာဖွေနေခဲ့သည်။

စူးချန်ကဲ၏ ကိုယ်ထည်သည် အမှန်ပင် သန်မာသော်လည်း ၊ သို့သော် ထိုမျက်နှာ၏ ဖြစ်တည်မှုက ပို၍ ကြောက်စရာကောင်းသည်။

၎င်း၏မူလအစသည် အကြောင်းအကျိုးမှ ဖြစ်တည်လာခြင်း မဟုတ်ဘဲ ကံကြမ္မာ၏ ရောင်ပြန်ဟပ်မှုကဲ့သို့ ၊ စူးချန်ကဲ၏ ပျက်စီးခြင်းကံကြမ္မာကို ရောင်ပြန်ဟပ်နေသကဲ့သို့ပင်။

သို့သော်၊ တားမြစ်စူးမိသားစုသည် ဤကံကြမ္မာကို ယုံကြည်လက်ခံမည် မဟုတ်။

ကံကြမ္မာကို ပြောင်းလဲနိုင်သလို ၊ မိုးမြေကိုလည်း ပြောင်းလဲနိုင်သည်။

လောကအမြင် နှင့် စည်းမျဉ်းများကို ချိုးဖောက်မှသာလျှင် ထာဝရတားမြစ်ချက်ဟု ခေါ်ဆိုနိုင်သည်။

ဤသည်မှာ တားမြစ်စူးမိသားစု၏ လုပ်ဆောင်ပုံပင် ဖြစ်သည်။

စိတ်ထဲရှိ အတွေးများ ငြိမ်သက်သွားပြီးနောက် ၊ စုရွှမ်သည် မှောင်မိုက်သော ဂူအတွင်းသို့ ခြေချရင်း ပျောက်ကွယ်သွားသည်။

သို့သော်၊ စူးရွှမ် ပျောက်ကွယ်သွားသည်နှင့် တပြိုင်နက် ၊

အဝေးသို့ ရောက်ရှိသွားပြီဖြစ်သော ရှစ်ထျန်းတိ့၏ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဝင်ရောက်လာခဲ့သည်။

“ဟမ်...?”

ရှစ်ထျန်းတိ့တစ်ယောက် မျက်မှောင်ကြုတ်သွားပြီး သူ့အလိုလို နောက်သို့ လှည့်ကြည့်မိလိုက်သည်။

“ဘာလို့ ရင်းနှီးပြီး ထူးဆန်းတဲ့ ခံစားချက်မျိုးကို ရနေပါလိမ့် “

ရှစ်ထျန်းတိ့သည် တီးတိုးရေရွတ်လိုက်သည်။

“တစ်ယောက်ယောက်က ငါရှိနေတာကို သတိထားမိသွားပြီနဲ့ တူတယ်... ပြီးတော့ ငါနဲ့ အရင်က သိကျွမ်းခဲ့တဲ့သူပဲ....”

အပိုင်း(၇၁၁) - ပြန်လည် ဆုံတွေ့ကြမယ် (Part-2)

ဤခံစားချက်ကို ဖြစ်စေသူမှာ တစ်ဦးတည်းသာ ရှိသည်။

ရန်သူဟောင်းကြီး - စူးရွှမ်!

ဤသကောင့်သားသည် လိမ္မာပါးနပ်သူအဖြစ် ကျော်ကြားသည်။

ကမ္ဘာ့ကပ်ဘေးစစ်ပွဲအတွင်းတွင် သူ၏ အမတဧကရာဇ်အဆင့်ရှိ ရုပ်သေး တော်တော်များများကို သတ်ဖြတ်ပစ်ခဲ့သည်။

ထိုအရာကို တွေးတိုင်း ၊ ရှစ်ထျန်းတိ့၏ စိတ်ထဲတွင် မကျေမချမ်းဖြစ်နေဆဲပင်။

“ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “

“စူးရွှမ် ဒီကောင်က အရင်ကတည်းက အမတနယ်မြေရဲ့ အထက်လောကကို တက်သွားပြီ မဟုတ်လား “

“ပြီးတော့ သူ့ရဲ့ကိုယ်ခွဲနဲ့ ဒီကိုဆင်းလာတယ်ဆိုတောင် ...အမတနယ်မြေက ဒီလောက်တောင် ကြီးတာ ဘာကိစ္စနဲ့ ဒီနေရာကို ရောက်နေမှာလဲ”

ရှစ်ထျန်းတိ့သည် ထိုအတွေးကို ငြင်းပယ်လိုက်သည်။ “

“ ဒီလောက်ထိ တိုက်ဆိုင်လွန်းတာ လုံးဝမှ မဖြစ်နိုင်ဘူး !”

……….

တစ်ချိန်တည်းမှာပင် ။

သံမဏိသင်္ချိုင်းမြေ။

ဘုန်း !!

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ထို့နောက်တွင် ၊ ကြီးမားပြီး အကန့်အသတ်မရှိသော စွမ်းအားတစ်ခုသည် သမုဒ္ဒရာလှိုင်းများသဖွယ် အရပ်ရှစ်မျက်နှာတစ်ခွင်သို့ လွင့်စဉ်ရိုက်ခတ်သွားသည်။

နောက်ဆုံးလက်ကျန် သံမဏိသားရဲကြီးသည် သူ၏ စွမ်းအင်များကို လုံးဝ ဆုံးရှုံးသွားပုံရသည်။

ဘုန်း !!

တောင်ကြီးတစ်ခု ပြိုကျလာသကဲ့သို့ သူ၏ ကိုယ်ထည်သည် မြေကြီးပေါ်သို့ ပြင်းထန်စွာ ပစ်လဲကျသွားပြီး ဖုန်မှုန့်များထောင်းထောင်း ထသွားသည်။

“ဟူး...”

ရွှမ်ယွီဧကရီက ခပ်ပြင်းပြင်း အသက်ရှူထုတ်လိုက်သည်။

“ သံမဏိသားရဲတွေအားလုံးကို အဆုံးသတ်လိုက်နိုင်ပြီ...”

ရွှမ်ယွီဧကရီသည် သူမ၏ ရင်ကိုကော့ကာ စူးချန်ကဲအား မာနထောင်လွှားသော လေသံဖြင့် ဆိုလိုက်သည်။

“ဘယ်လိုလဲ... မင်းရဲ့ ရွှမ်ယွီမမ က တော်တယ်မလား!?”

ဤအရာကို မြင်သည်နှင့် ၊ စူးချန်ကဲသည် ချက်ချင်းပင် သူ၏အာရုံကို ပြောင်းလဲလိုက်သည်။

ရွှမ်ယွီဧကရီသည် အားကောင်းလာသည်မှာ အမှန်ပင် ဖြစ်သော်လည်း၊ သို့သော် ထိုနေရာက ပို၍ ကြီးမားလာသည်ဟု ခံစားနေရသနည်း။

ထိုအချိန်တွင်၊ တိ့ကျန့် မဟာဧကရာဇ်မင်းက ရုတ်တရက် ဆိုလိုက်သည်။

“ချန်ကဲ၊ ငါတို့ရဲ့ တိုက်ပွဲကို ရွှေကျီးကန်းနတ်ဘုရားမင်းဆက်ထဲက လူတွေလည်း သတိပြုမိကြမယ်လို့ ငါ ထင်တယ် “

“ တကယ်လို့ ငါတို့အားလုံး အတူတကွ စူးစမ်းလေ့လာမယ်ဆိုရင်၊ ချန်ကဲ မင်းအတွက် အနှောင့်အယှက် ရှိလာနိုင်တယ် “

“ မင်း ငါတို့ကို စိတ်မချဘူးဆိုတာ ငါတို့လည်း နားလည်ပါတယ်...ဒါပေမဲ့ ခုလို ဆက်လက် လုပ်ဆောင်သွားမယ်ဆိုရင်... နောက်ပိုင်း လေ့ကျင့်မှုအတွက် အထောက်အကူ မဖြစ်နိုင်ဘူး”

“ ကျင့်ကြံသူတိုင်းဟာ ကိုယ့်ခွန်အားနဲ့ ကိုယ့်လမ်းကြောင်းကိုယ် လျှောက်သင့်တယ် ...ပြီးတော့ ငါတို့က မင်းရဲ့ အကြီးတန်း အစ်ကိုကြီးအစ်မကြီးတွေလေ မဟုတ်ဘူးလား “

တိ့ကျန့် မဟာဧကရာဇ်မင်း၏ ဆိုလိုရင်း စူးချန်ကဲလည်း နားလည်သည်။

သူဘာမှမပြောရသေးခင် ၊ အခြားသော မဟာဧကရာဇ်မင်းများကလည်း သူကို လှည့်ကြည့်လာကြသည်။

သူတို့၏ မျက်လုံးများထဲတွင် တိ့ကျန့် မဟာဧကရာဇ်မင်းနှင့် တူညီသော တောင့်တမှုကို ဖော်ပြနေကြသည်။

စောနကတိုက်ပွဲသည် သူတို့၏ ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းနေသော တိုက်ပွဲဝင်စိတ်ဓာတ်ကို တဖန် ပြန်လည်ဆူပွက်စေခဲ့သည်။

ဒေဝလောက ပြန်လည်စတင်ရာခေတ်တွင်။

ပါရမီရှင်အဖြစ်၊ စွမ်းအားရှင်အဖြစ်။

သူတို့သည်လည်း စူးချန်ကဲ ကဲ့သို့ပင် ခေတ်ရေစီးကြောင်းကို ဆန့်ကျင်ကာ ရပ်တည်လိုကြသည်။

ထိုအရာကို သတိပြုမိသော စူးချန်ကဲသည် ပြုံးရယ်လိုက်ပြီး ဦးညွှတ်ကာ ဆိုလိုက်သည်။

“ချန်ကဲ အကြီးတန်း အစ်ကိုကြီးအစ်မကြီးတို့ကို ယုံကြည်ပါတယ် “

“ဒါပေမဲ့ ဒီတစ်ကြိမ် ခွဲခွာပြီးရင် ဘယ်အချိန်မှာ ပြန်လည်ဆုံတွေ့နိုင်မယ်ဆိုတာ မသိနိုင်ဘူး”

“ ဒါပေမဲ့လည်း တစ်နေ့မှာ ကျွန်တော်တို့အားလုံး ပြန်လည်ဆုံစည်းနိုင်မယ်လို့ မျှော်လင့်ပါတယ်”

ရွှမ်ယွီဧကရီနှင့် အခြားသူများသည် အပြုံးချင်းဖလှယ်လိုက်ကြသည်။

စူးချန်ကဲ၏စကားများသည် မှန်ပေ၏။

ဤနတ်ဘုရားလက်နက် အမတမျှော်စင်ခရီးစဉ် ပြီးဆုံးသွားပါက၊ သူတို့သည် အမတနယ်မြေ၏ အခြားနေရာများတွင် အတွေ့အကြုံယူရန် ထွက်ခွာကြမည် ဖြစ်သည်။

ထပ်မံ တွေ့ဆုံနိုင်ရန် အချိန်မည်မျှကြာမြင့်မည်ကို မသိနိုင်ပေ။

သို့သော်၊ မဟာလမ်းစဉ်ကို စတင်လျှောက်လှမ်းသောအခါ ခွဲခွာရမည်ကို ကြောက်ရွံ့နေပါက ၊ ဤမဟာလမ်းစဉ်သို့ မည်သို့ဝင်ရောက်နိုင်မည်နည်း။

တိ့ကျန့် မဟာဧကရာဇ်မင်းနှင့် အခြားသူများက စူးချန်ကဲအား တစ်ပြိုင်နက်တည်း နှုတ်ဆက်လိုက်ကြသည်။

“တစ်နေ့မှာ ငါတို့အားလုံး ပြန်လည်ဆုံစည်းနိုင်မယ်လို့ မျှော်လင့်ပါတယ်”

……

ရိုးရှင်းစွာ နှုတ်ဆက်ပြီးနောက် ၊

စူးချန်ကဲသည် သူနှင့် ရွှေကျီးကန်းနတ်ဘုရားမင်းဆက်ကြားက ပဋိပက္ခထဲသို့ တိ့ကျန့် မဟာဧကရာဇ်မင်းနှင့် အခြားသူများ ဝင်ရောက် မပတ်သတ်မိစေရန် ၊

သူတို့အားလုံးကို အခြားဒေသများသို့ သွားရောက်ရန် ညွှန်ကြားခဲ့သည်။

ဤဒေသသည် အန္တရာယ်များရုံသာမက၊ မည်သည့်အခွင့်အလမ်းမျှ မကျန်တော့ချေ။

အဘယ်ကြောင့်ဆိုသော် ရွှေကျီးကန်းနတ်ဘုရားမင်းဆက်မှ လူများသည် သူတို့ရှေ့တွင် ရောက်နှင့်နေပြီး ၊

များစွာသော အခွင့်အလမ်းများကို ရယူထားပြီး ဖြစ်သည်။

တိ့ကျန့် မဟာဧကရာဇ်မင်းနှင့် အခြားသူများ၏ ပုံရိပ်များ လုံးဝ ပျောက်ကွယ်သွားသည်ကို ကြည့်ရှုပြီးနောက် ၊ စူးချန်ကဲသည် သူ၏ အမြင်အာရုံကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

သူသည် သူ၏ရင်ဘတ်ထဲမှ ကျောက်စိမ်းပုရပိုက်ကို ထပ်မံထုတ်ယူကာ၊ တိုးတိုးတိတ်တိတ် ရေရွတ်လိုက်သည်။

“ငါ့ကွေးယွမ်အမတဂိုဏ်းရဲ့ တပည့်တွေကနေ ရရှိထားတဲ့ သတင်းအချက်အလက်အရ၊ အခြားဒေသတွေမှာလည်း ထူးကဲတဲ့ အခွင့်အလမ်းတွေ ထွက်ပေါ်လာတယ်တဲ့ “

“ ကြည့်ရတာ စုံစမ်းဖို့လိုအပ်နေပြီပဲ ...”

“ပြီးတော့... ကျောက်ဟွ အမတဧကရာဇ်မင်းရဲ့ ဆန္ဒဆိုတာကို ခုထိ တစ်လုံးတစ်လေမှ မတွေ့ရသေးဘူး “

“တခြားနေရာတွေမှာ ကံစမ်းကြည့်ရမယ်ထင်တယ်...”

ထိုသို့ပြောရင်း၊ စူးချန်ကဲသည် သူ၏ ဦးတည်ရာကို ပြောင်းလဲလိုက်သည်။

ကျောက်စိမ်းပုရပိုက်ထဲက မြေပုံအတိုင်း၊ သူသည် နတ်ဘုရားလက်နက် အမတမျှော်စင် ကမ္ဘာ၏ အနက်ရှိုင်းဆုံး အတွင်းပိုင်းထဲသို့ ဦးတည်သွားလေသည်။

သို့သော်၊ စူးချန်ကဲ မသိသည်မှာ -

ပျက်စီးနေသော အဓိကအပိုင်းသည် သံထည်အပျက်အစီးများ တည်ရှိရာနေရာတွင် မတော်တဆ ကျရောက်သွားခဲ့သည်။

ပို၍ ထူးဆန်းသည်မှာ၊ ၎င်းသည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုကြောင့် အရည်ပျော်သွားပုံရပြီး ၊ ရွှေရောင်စွမ်းအင် အရည်အဖြစ်သို့ ပြောင်းလဲသွားကာ သံထည်အပျက်အစီးများနှင့် ပေါင်းစပ်သွားခဲ့သည်။

ဒုန်း ဒုန်း--

ရုတ်တရက်၊ သံထည်အပျက်အစီးများသည် အနည်းငယ် တုန်ခါသွားပြီး၊ စက်ပစ္စည်းအစိတ်အပိုင်းများစွာ လိမ့်ကျလာခဲ့သည်။

အပျက်အစီးများကြားရှိ ချိုင့်ဝှမ်းတစ်ခုတွင် ရှင်းပြ၍ မရနိုင်သော အရာတစ်ခုက မထင်မှတ်ဘဲ ဖြစ်ပေါ်လာခဲ့သည်။

တစ်စုံတစ်ရာသည် ပိုးအိမ်ထဲမှ လွတ်မြောက်ရန် ကြိုးစားနေသကဲ့သို့ပင်။

နီးနီးကပ်ကပ် ကြည့်ရှုမည်ဆိုပါက ၊

သံမဏိဖြင့် ပြုလုပ်ထားသော သားရဲလက်သည်းတစ်ခုသည် ၎င်းအတွင်းမှ ထွက်ပေါ်လာခဲ့သည်။

သတ္တုလက်သည်းသည် အဆက်မပြတ် ကုတ်ခြစ်နေသည်နှင့် အမျှ ၊

အပျက်အစီးအောက်တွင် မြှုပ်နှံထားသော အရာဝတ္ထုသည် မြင်ကွင်းရှေ့တွင် ထွက်ပေါ်လာခဲ့သည်။

ဤအရာနှင့် ပတ်သတ်၍ ခံစားချက်မှာ အလွန်ထူးဆန်းပေသည်။ ၎င်းသည် စင်ကြယ်သော သံမဏိဖြင့် ပြုလုပ်ထားသော ထူးဆန်းသည့် သက်ရှိတစ်ကောင်နှင့် တူပြီး ၊ မည်သို့ဖော်ပြရမည်ကိုပင် မသိချေ။

အမတသားရဲမျိုးစုံ၏ လက္ခဏာများကို ထည့်သွင်းကာ ဖန်တီးထားပုံရသော်လည်း ၊ အမည်မသိသော သံမဏိ ရှေးဟောင်းသားရဲတစ်ကောင်နှင့် တူပေသည်။

သို့သော်၊ ဤသံမဏိ ရှေးဟောင်းသားရဲကောင်၏ ရင်ဘတ်နေရာတွင် စာလုံးနှစ်လုံးကို ရှင်းရှင်းလင်းလင်း ရေးထွင်းထားသည် -- အားရှင်း ။

သံမဏိကိုယ်ထည်ဖြင့် ပြုလုပ်ထားသော အေးစက်သည့် အရာဝတ္ထုဖြစ်သော်လည်း၊ ယခုလို အမည်ပေးထားသည်ကို ကြည့်ခြင်းအားဖြင့် ပိုင်ရှင်ဖြစ်သူသည် ၎င်းကို လူသားများကဲ့သို့ပင် စိတ်အားထက်သန်သော နှလုံးသားတစ်စုံ ပိုင်ဆိုင်ဖို့ကို မျှော်လင့်ထားခဲ့ဟန်ရှိသည်။

……

အပိုင်း(၇၁၂) - ကျောက်ဟွ အမတ ဧကရာဇ်မင်းရဲ့ ဆန္ဒ ! အဆင့်နိမ့်လောက ကနေ လာတဲ့ နတ်ဘုရားမလား

ကျွီ .........!!

အားရှင်းသည် သူ၏ စက်ယန္တရားခေါင်းကို ခါချလိုက်ရင်း ၊ ၎င်း၏ခန္ဓာကိုယ်အတွင်းရှိ ဂီယာများမှာ စနစ်တကျ လည်ပတ်လာကြသည်။

ဝီ ! !

ချက်ချင်းပင်၊ အမည်မသိပစ္စည်းဖြင့် ပြုလုပ်ထားသော သားရဲမျက်လုံးထဲမှ အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။

“ ပြက္ခဒိန်....၂၃၅၆၈ ခုနှစ်....”

အားရှင်း၏ ခန္ဓာကိုယ်အတွင်းမှ စက်ပိုင်းဆိုင်ရာအသံတစ်ခု မရှင်းမလင်း ထွက်ပေါ်လာသည်။

“နတ်ဘုရားလက်နက် အမတမျှော်စင်.... အမည်မသိ ရန်သူ......”

အားရှင်းသည် စက်ယန္တရားဖြင့် ပြုလုပ်ထားသော ထွက်ကုန်တစ်ခုသာဖြစ်ပြီး၊ လူသားများကဲ့သို့ စဉ်းစားတွေးခေါ်နိုင်စွမ်းမရှိသော်လည်း၊

သို့သော် သူ၏ခန္ဓာကိုယ်အတွင်း၌ မဟာလမ်းစဉ်၏ ရှေးဟောင်းကမ္ပည်းစာများ ပါရှိသည်။ ဤရှေးဟောင်းကမ္ပည်းစာများ၏ အကူအညီဖြင့်၊ အားရှင်းသည် အဆင့်သတ်မှတ်ချက် အတိုင်းအတာတစ်ခုထိ ရှိထားသော ဉာဏ်ရည်နှင့် တုပနိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။

အားရှင်း၏ ခန္ဓာကိုယ်အတွင်းရှိ ထည့်သွင်းထားသော အစီအရင်များသည် အနည်းငယ် ပျက်စီးနေသဖြင့် သူ၏စိတ်ထဲရှိ သတင်းအချက်အလက်အချို့သည် အနည်းငယ် ရှုပ်ထွေးနေသည်။

သို့သော်၊ သူ၏ခန္ဓာကိုယ်အတွင်းရှိ မှော်သင်္ကေတ နိယာမများမှတစ်ဆင့် မှတ်ဉာဏ်မြင်ကွင်းအချို့ကို မှုန်ဝါးဝါး သတိရနိုင်သေး၏။

စူးချန်ကဲ ကဲ့သို့ ဖြူဖွေးသော အဝတ်အစားကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် သူနှင့်အတူ တောင်ကုန်းတစ်ခုပေါ်တွင် အတူတူ ရပ်နေကြသည်။

“အားရှင်း ငါ ယုံကြည်တယ်၊ တစ်နေ့မှာ မင်းလည်း ငါ့လိုပဲ စိတ်အားထက်သန်တဲ့ နှလုံးသားရှိလာလိမ့်မယ်”

“ဒီကမ္ဘာကြီးကို စိတ်နှလုံးသားနဲ့ ခံစားကြည့်၊ ဒီကမ္ဘာကြီးကို ကောင်းကောင်းချစ်ကြည့်လိုက် “

“လူသားတွေနဲ့ စက်ရုပ် အတူတူ ယှဉ်တွဲနေထိုင်တဲ့ ခေတ်ကာလကို ...အားရှင်း မင်းက စတင်ဖွင့်လှစ်နိုင်မယ်လို့ ငါ မျှော်လင့်တယ် “

……..

ဘုန်း !!

မြင်ကွင်းသည် ပြောင်းလဲသွားသည်။ကြောက်မက်ဖွယ် ကောင်းသော စစ်မြေပြင်တစ်ခု ဖြစ်ပုံရသည်။

ကပ်ဘေးမိုးကြိုးများသည် မဆုံးနိုင်အောင် ရှိနေပြီး ၊ အထက်ကောင်းကင်တွင် ဟိန်းဟောက်ပေါက်ကွဲနေသည်။

လူပေါင်းများစွာသည် စစ်မြေပြင်ထဲတွင် တက်ကြွစွာ တိုက်ခိုက်နေကြပြီး၊ သွေးများက ကောင်းကင်တစ်ခွင်သို့ ပတ်ဖြန်းလျက် ရှိသည်။

ပေါက်ကွဲသံများက အဆက်မပြတ် ထွက်ပေါ်လာလေ၏။

အဖျက်စွမ်းအားတစ်ခုက မိုးမြေကို ဖောက်ထွင်းဝင်ရောက်လာပြီး ၊ မှော်သင်္ကေတများကို ဖျက်ဆီးပစ်လေသည်။

နတ်ဘုရားလက်နက် အမတမျှော်စင် တစ်ခုလုံးသည် ဤကြောက်မက်ဖွယ်အင်အား၏ လွှမ်းမိုးမှုအောက်တွင် တဖြည်းဖြည်း ပြိုလဲလာသည်။

ရုတ်တရက်၊ သွေးများဖြင့် စွန်းထင်းနေသော အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် မြင်ကွင်းထဲသို့ ကျရောက်လာသည်။

“အားရှင်း! မြန်မြန်ပြေး ! ဒီကနေ ထွက်သွားတော့!”

“ဒါက ငါ့ရဲ့ နောက်ဆုံး.....”

ခဏအတွင်းမှာပင်၊ ထိုအမျိုးသားသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှစ်ခု၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။

သူသည် ရိုက်ခတ်လှုပ်ရှားနေသော အမတအလင်း ပေါက်ကွဲမှုထဲတွင် လုံးဝ ပျောက်ကွယ်သွားခဲ့တော့သည်။

……..

ထိုအချိန်တွင်၊ အားရှင်း၏စိတ်ထဲတွင် ပေါ်လာသော မြင်ကွင်းသည် ခဏအတွင်းမှာပင် နှင်းစက်များကဲ့သို့ ပျောက်ကွယ်သွားသည်။

“သခင်..... လီချဲ့.....”

အားရှင်းသည် ထစ်ထစ်အအ ရေရွတ်လိုက်သည်။

“ကျောက်...ကျောက်ဟွသခင်.... လီချဲ့.....”

ဤနေရာတွင် တစ်စုံတစ်ဦးသာ ရှိနေခဲ့ပါက ၊

‌၎င်း၏လောကအမြင်ကို အပြီးအပိုင် ပြောင်းလဲသွားစေမည်မှာ သေချာသည်။

စက်ယန္တရားဖြင့် ပြုလုပ်ထားသော ထွက်ကုန်တစ်ခုသည် စကားပြောနိုင်ရုံသာမက၊ ၎င်း၏ပိုင်ရှင်ဖြစ်သူကိုပင် မှတ်မိနိုင်သေးသလော။

အားရှင်း၏ ခန္ဓာကိုယ်ထဲတွင် ကြီးကျယ်ခမ်းနားသော ညွန်ကြားချက်(ပရိုဂရမ်) တစ်ခု ရှိနေပြီး ၊ ထိုအရာသည် သူ၏ပိုင်ရှင်ကို ရှာဖွေရန် တွန်းအားပေးနေသည်။

သူ၏ ပိုင်ရှင်သည် ပျက်စီးနေပုံရပြီး ၊ မိမိကိုယ်တိုင် သူ့ကို ပြန်ပြင်ရန် လိုအပ်နေပုံပေါ်သည်။

လှုံ့ဆော်မှုအောက်တွင် အားရှင်းသည် သူ၏ ခြေထောက်များကို မြှောက်ကာ ဒယိမ်းဒယိုင် လျှောက်လှမ်းကာ စူးချန်ကဲ ထွက်ခွာသွားသည့် ဦးတည်ရာဘက်ဆီသို့ ဦးတည်ကာ ဝင်ရောက်သွားလေတော့သည်။

…….

တစ်ချိန်တည်းမှာပင် ။

စူးချန်ကဲသည် အခြားဦးတည်ရာဘက်သို့ ဆက်လက် ဝင်ရောက်လာခဲ့သည်။

မူလက ရှိနေခဲ့သော မြေရိုင်းဒေသသည် တဖြည်းဖြည်း ပြောင်းလဲလာပြီး ၊ အဆောက်အအုံများ စတင် တည်ရှိလာကာ ထို့အပြင် မဟာလမ်းစဉ်၏ အနှစ်သာရကို ထုတ်လွှတ်နေသည့် အမတသစ်ပင်အချို့လည်း ရှိနေသေး၏။

ဤလမ်းတစ်လျှောက်တွင်၊ စူးချန်ကဲသည် အခြားအင်အားစုများမှ တပည့်များနှင့် တွေ့ဆုံခဲ့သည်။

ထိုတပည့်များသည် တစ်ယောက်တည်း ဖြစ်နေသော စူးချန်ကဲကို မြင်ပြီး လုယက်ရန် စိတ်ကူးခဲ့ကြသည်။

သို့သော် သူတို့အားလုံး၏ ရလဒ်မှာ တစ်ခုတည်းသာ ရှိသည်။

စူးချန်ကဲသည် မည်သည့် အပိုစကားမှ မဆိုဘဲ တိုက်ရိုက် မြေမြှုပ်ပေးလိုက်သည်။

ဤလမ်းတစ်လျှောက်လုံး ထိုနည်းအတိုင်း ဖြေရှင်းခဲ့သည်ဟု ဆိုရမည်။

နောက်ထပ် လမ်းအနည်းငယ် လျှောက်လှမ်းလာပြီးနောက် ၊

ကျယ်ပြန့်သော မြေပြန့်လွင်ပြင်ပေါ်တွင် တည်ရှိနေသော မြို့ကြီးတစ်မြို့ကို မြင်လိုက်ရသည်။

“ဟွရှင်း မြို့တော်.....?”

“ ဒီမြို့မှာ လူတွေ ဒီလောက်စုရုံးနေတာ ...အံ့သြဖွယ်ရာကောင်းတဲ့ အခွင့်အလမ်းတစ်ခုခု ရှိနေလောက်မလား “

ထိုသို့စဉ်းစားနေစဉ် ၊

ရုတ်တရက် မောက်မာသော အော်ဟစ်သံတစ်ခုသည် မိုးမြေတစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားသည်။

“ အတင့်ရဲလိုက်တာ ! ငါတို့ နှစ်ယောက်က ယောင်ကွမ်အမတဂိုဏ်းဝင်တွေပဲ!”

စူးချန်ကဲသည် မျက်ခုံးပင့်လိုက်ပြီး အသံလားရာဘက်သို့ လှည့်ကြည့်လိုက်သည်။

သူနှင့် အတော်အတန် မဝေးသော နေရာတစ်ခုတွင်။

ဖော်ရွေမှုမရှိ ၊ အေးစက်သော မျက်နှာအမူအယာဖြင့် ကျင့်ကြံသူအချို့သည် လှပသော အမျိုးသမီးနှစ်ဦးကို ဝိုင်းရံထားသည်။

ဤအမျိုးသမီးနှစ်ဦးအနက် တစ်ဦးသည် ကျောတွင် ဓားရှည်တစ်လက်ကို သယ်ပိုးထားပြီး ၊ တောက်ပသော မျက်ဝန်း ၊ ချောမွေ့သော အသားအရေမျိုး ရှိကာ ရေခဲပိုးထည်စဖြင့် ပြုလုပ်ထားသော ဂါဝန်ရှည်ကို ဝတ်ဆင်ထားသည်။

သို့သော် လက်ရှိတွင် ဒဏ်ရာမှ စီးကျလာသော သွေးများကြောင့် သူမ၏ အဝတ်အစားမှာ အနည်းငယ် ပေကျံနေသည်။

သူမ၏ဘေးတွင်၊ အမျိုးသမီးတစ်ဦး ထပ်ရှိသေးသော်လည်း သို့သော် ကြွေရုပ်လေးသဖွယ် အရွယ်အစား သေးငယ်လှသည်။

“ဟမ်! ယောင်ကွမ်အမတဂိုဏ်းဆိုရင်ရော ဘာဖြစ်လဲ”

ခေါင်းဆောင်ဖြစ်သူ အမျိုးသားတစ်ဦးက ပြောဆိုလိုက်သည်။

“မင်းတို့က ယောင်ကွမ်အမတဂိုဏ်းရဲ့ ပြင်ပတပည့်ပဲ!”

“ပြီးတော့၊ ဒေဝလောက ပြန်လည်စတင်ရာခေတ်ဆိုတာ လူငယ်ပါရမီရှင်တွေ အားပြိုင်တဲ့ခေတ်ပဲ... မင်းနောက်ကွယ်က နောက်ခံက ဘာကြီးပဲဖြစ်နေဖြစ်နေ ဂရုစိုက်နေမှာ မဟုတ်ဘူး “

“ မင်းဟာမင်း ညံ့ဖျင်းလို့ ၊ ငါ ဒီနေ့ မင်းကိုသတ်လိုက်ရင်တောင် မင်းရဲ့ယောင်ကွမ်အမတဂိုဏ်းက အကြီးအကဲတွေက အားနည်းသူကို အနိုင်ကျင့်တယ်လို့ ထင်မှာတဲ့လား “

ထိုစကားများကို နားထောင်ရင်း ၊ စူးချန်ကဲသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

“ယောင်ကွမ်အမတဂိုဏ်း...?”

“ ငါ မမှားဘူးဆိုရင်၊ ဒါက ရန်ယွီရှိတဲ့ ဂိုဏ်းဖြစ်မယ်ထင်တယ်...”

“ဒီမိန်းကလေးနှစ်ယောက်က ရန်ယွီရဲ့ ဂိုဏ်းဝင်တွေလား...”

ထိုအချိန်တွင်၊ ခေါင်းဆောင်ဖြစ်သူ အမျိုးသားက လက်ချောင်းသုံးချောင်း ထောင်ပြ၍ ပြောဆိုလိုက်သည်။

“ မင်းတို့ကို သုံးစက္ကန့်အချိန်ပေးမယ်၊ မင်းတို့ ရထားတဲ့အရာကို ထုတ်ပေးရင်.. ငါ မင်းတို့ အသက်ကို ခွင့်လွှတ်ပေးမယ်!”

တစ်ဖက်လူ၏ ရဲတင်းမှုကြောင့် ဝိုင်းရံခံထားရသော အမျိုးသမီးသည် အတော်လေး စိုးရိမ်သွားသည်။

သူမသည် အေးစက်သော မျက်နှာထားဖြင့် ထပ်မံ ပြောဆိုလိုက်သည်။

“ အတင့်ရဲလိုက်တာ ! ဒီပစ္စည်းက ငါတို့ဂိုဏ်းရဲ့ နတ်ဘုရားမက လိုချင်နေတဲ့အရာပဲ “

“ နင်တို့က ငါတို့အမတဂိုဏ်းရဲ့ နတ်ဘုရားမနဲ့ ရန်သူလုပ်ချင်နေတာလား “

ထိုစကားကို ကြားလိုက်ရသည်နှင့်။

သူမတို့ကို ဝိုင်းရံထားသော ကျင့်ကြံသူများက ခဏ ရပ်တန့်သွားပြီး၊ ထို့နောက် ပြက်ရယ်ပြုကာ ရယ်မောကြလေသည်။

“နတ်ဘုရားမ? မင်းပြောတာက မင်းတို့ ယောင်ကွမ်အမတဂိုဏ်းက လော့ရန်ယွီကို ဆိုလိုတာလား”

“ဟမ်! ငါတို့ရထားတဲ့ အချက်အလက်တွေအရ၊ သူမက အဆင့်နိမ့်လောက ကနေ တတ်လှမ်းလာတဲ့သူပဲ “

“ ဒါနဲ့ကိုင်ပေါက်ပြီး ငါတို့ကို ခြောက်လှန့်နိုင်မယ်လို့ ထင်နေတာလား “

“ပြီးတော့၊ ငါ့အစ်ကိုကြီးကလည်း ထျန်းယွမ်နတ်ဘုရားမင်းဆက်ရဲ့ မင်းသားပဲ!”

“သူက ဒီတစ်ခေါက် နတ်ဘုရားလက်နက် အမတမျှော်စင်ကို လာခဲ့တာ ပြီးတော့ မင်းတို့ရဲ့နတ်ဘုရားမကိုလည်း သိမ်းပိုက်ဖို့ ....”

သို့သော် ထိုအမျိုးသား၏ စကားသံမဆုံးမီ။

ဝီ!!

မျက်စိတမှိတ်အတွင်းမှာပင် ၊ အဆုံးမရှိသော ဓားအလင်းရောင်သည် မိုးကုပ်စက်ဝိုင်းမှ တစ်နေရာမှ ထွက်ပေါ်လာပြီး ကောင်းကင်ယံကို ထိုးဖောက်ကာ ဤနေရာသို့ ကျဆင်းလာလေ၏။

All Chapters