← Chapters

အခန်း (၇၁၃-၇၁၆)

Vol. 54 Ch. 713-716

အခန်း (၇၁၃-၇၁၆)

Vol. 54 Ch. 713-716

အပိုင်း( ၇၁၃ ) - ရှင်မယ့်လမ်းကို မရွေးဘဲ သေမယ့်လမ်းကို အတင်း ရွေးချယ်နေတယ်

ကောင်းကင်တွင် ရုတ်တရက် ဝင်းလက်သွားသော ဓားတစ်ချက်ကို ရင်ဆိုင်လိုက်ရသဖြင့် ထိုအမျိုးသားသည် ပထမဆုံးအကြိမ်အဖြစ် သူ၏အသက်ကယ်ကတ်ကို အသုံးပြုခဲ့ရသည်။

ဝီ!!

ချက်ချင်းပင်၊ ဟင်းလင်းပြင်ထဲတွင် အမတအလင်းလှိုင်းများ ရစ်ပတ်ထွက်ပေါ်လာပြီး ၊ ထိုအလင်းလှိုင်းများကြား ရွှေရောင်အလင်းများ ဖြာထွက်နေသည့် ရွှေရောင်ဒိုင်းငယ်လေးတစ်ခု ဖွဲ့စည်းထွက်ပေါ်လာခဲ့သည်။

၎င်းမှ ထွက်ပေါ်လာသော မဟာလမ်းစဉ်၏ အရှိန်အဝါအရ ၊ ထိုအရာသည် ပါးရွှမ်စစ်မှန်အမတလက်နက် ဖြစ်ကြောင်း သိရှိနိုင်သည်။

၎င်းအတွင်း၌ ထွင်းထုထားသော အမတလမ်းစဉ် လျှို့ဝှက်သင်္ကေတများနှင့် ပေါင်းစပ်လိုက်လျှင်ဖြင့် ၊ ၎င်း၏ ခုခံကာကွယ်နိုင်စွမ်းသည် အလွန်မြင့်မားပြီး စစ်မှန်အမတ နယ်ပယ် အဆင့်(၉)ရှိသူ၏ အပြည့်အဝ တိုက်ခိုက်မှုပင် တားဆီးနိုင်သည်။

သို့သော်၊ စူးချန်ကဲ၏ ပြင်းထန်သော ဓားစွမ်းအင်ရှေ့တွင် မည်သည့်အရာမှ အသုံးမဝင်ချေ။

ကွဲအက်သံ!!

တစ်ချိန်တည်းမှာပင်၊ ကွဲအက်သော အသံတစ်ခုကို ကြားလိုက်ရသည်။

ကြမ်းတမ်းစွာ ရိုက်ခတ်နေသော ဓားစွမ်းအင်များသည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ၊ အဖျက်စွမ်းအား လှိုင်းတံပိုးများသည် ရွှေရောင်ဒိုင်းငယ်ကို ဖျက်ဆီးပစ်လိုက်ရုံသာမက ထိုအမျိုးသားရှိရာ ဧရိယာတစ်ခုလုံးကိုပင် ကြေမွသွားစေသည်။

“မဟုတ်ဘူး——!!!”

အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ထိုအမျိုးသား၏ ကြောက်လန့်တကြား အော်ဟစ်သံအပြီးတွင် ၊

လူတစ်ကိုယ်လုံးသည် ဓားစွမ်းအင်၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး မီးခိုးမှုန်များအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားလေတော့သည်။

ထိုအမျိုးသား၏ဘေးတွင် ရပ်နေသော အခြားကျင့်ကြံသူများသည်လည်း ကပ်ဘေးသင့်ခဲ့သည်။

ဓားစွမ်းအင်လှိုင်း၏ ရိုက်ခတ်မှုကြောင့် အဝေးသို့ လွင့်စင်သွားပြီး မြေကြီးပေါ်သို့ ကြိမ်ပေါင်းများစွာ လူးလိမ့်ကျသွားသည်။

ဤကြီးမားသော အပြောင်းအလဲသည် ထိုမြင်ကွင်းကို ဘေးမှကြည့်ရှုနေသော လူများကိုလည်း ထိတ်လန့်သွားစေခဲ့ပြီး ၊ သူတို့၏ မျက်နှာအမူအရာများသည် သိသိသာသာ ပြောင်းလဲသွားကြသည်။

“ ဘုရားရေ...?!”

“ ထျန်းချန်လမ်းစဉ်ဂိုဏ်းရဲ့ ကျိုးကျင့်လီက ဓားတစ်ချက်တည်းနဲ့ သေဆုံးသွားခဲ့ပြီလား “

“ပြီးတော့.... ငါ အမြင်မမှားဘူးဆိုရင် ကျိုးကျင့်လီက သူ့ရဲ့ ရွမ်ထျန်းဒိုင်းအကာကို အသုံးပြုခဲ့သလိုပဲ...ဒါကို ဘာလို့ မတားဆီးနိုင်ခဲ့တာလဲ”

လူတစ်ယောက်သည် တစ်စုံတစ်ရာကို သတိရသွားသကဲ့သို့၊ အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး အော်ဟစ်လိုက်သည်။

“ အမ်... ဒီရွမ်ထျန်းဒိုင်းအကာက အခိုင်မာဆုံး စိန်နဲ့ ပြုလုပ်ထားတာ မဟုတ်လား...ဒါကို ဘယ်လိုလုပ်ပြီး တစ်ချက်တည်းနဲ့ ကွဲသွားတာလဲ “

“……..”

ဘေးမှကြည့်ရှုနေကြသော ကျင့်ကြံသူများမှ အံ့အားသင့်နေစဉ် ၊

တစ်ချိန်တည်းမှာပင် ၊ ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ တပည့်များသည် အာရုံပျံ့လွင့်ရာမှ သတိပြန်ကပ်လာကြသည်။ ၎င်းတို့၏ မျက်နှာများသည် ဖြူဖပ်ဖြူရော် ဖြစ်ကာ တုန်ယင်နေသော လေသံဖြင့် ပြောဆိုလိုက်ကြသည်။

“ကျိုး.. အစ်ကိုကြီး ကျိုး သေသွားပြီ!?”

သူတို့၏အစ်ကိုကြီးသည် စစ်မှန်အမတနယ်ပယ် အဆင့် (၈) ရှိပြီး၊ အလွန်သန်မာသော ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားသည်။

သို့သော် ဓားတစ်ချက်စာကိုပင် ခံနိုင်ရည်မရှိဘဲ အဘယ့်ကြောင့် သေဆုံးသွားရသနည်း။

ဝိုင်းရံခံထားရသော ယောင်ကွမ်အမတဂိုဏ်းမှ အမျိုးသမီးနှစ်ဦးသည်လည်း စိတ်ရှုပ်ထွေးမှုမှ ပြန်လည် သတိကပ်လာကြသည်။

စိတ်ထဲတွင်လည်း စူးစမ်းလိုစိတ်များ ဖြစ်ပေါ်နေသည်။ မည်သူကများ သူမတို့ကို ကူညီရန် လာရောက်ခဲ့သနည်း။

“မမ ယွင်ယောင်၊ မြန်မြန်ကြည့်လိုက်!”

ရုတ်တရက်၊ သူမ၏ဘေးတွင် ရပ်နေသော အခြားအမျိုးသမီးတစ်ဦးက တစ်နေရာရာကို ညွှန်ပြကာ အော်ပြောလိုက်သည်။

ယွင်ယောင်သည် အသံလားရာသို့ လှည့်ကြည့်လိုက်ရာ၊ မှောင်မိုက်သော မိုးကုပ်စက်ဝိုင်းတွင် အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသော ချောမောသော အမျိုးသားတစ်ဦး ရှိနေခဲ့သည်။

ထိုအနှီလူသည် လက်ကို နောက်ပစ်လျက် ၊ သူမတို့ရှိရာဘက်သို့ အေးအေးလူလူ လျှောက်လှမ်းလာသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသော အခြားကျင့်ကြံသူများသည်လည်း ချက်ချင်းပင် စိတ်လှုပ်ရှားလာကြသည်။

“ဒီလူက ကျိုးကျင့်လီကို သတ်ခဲ့တဲ့သူလား... ဖြာထွက်လာတဲ့ ရောင်ဝါကို ကြည့်ရင် ၊ ဒီလူက.. စစ်မှန်အမတနယ်ပယ် အဆင့် (၆) ပဲ ရှိသေးတာလား !?”

“ အမ်... ဒါ မဖြစ်နိုင်ဘူး ၊ စစ်မှန်အမတနယ်ပယ် အဆင့် (၆) က စစ်မှန်အမတနယ်ပယ် အဆင့် (၈) ထိ ရောက်ရှိထားတဲ့ ကျိုးကျင့်လီကို တစ်ချက်တည်းနဲ့ သတ်လိုက်တာလား”

“ဒါ ဘယ်အင်အားစုကြီးရဲ့ အတုမရှိတဲ့ ပါရမီရှင်လဲ...ဘာလို့ ဘယ်တုန်းကမှ မတွေ့ဖူးတာလဲ”

“ဒီလူက အနည်းဆုံးတော့ မဟာလမ်းစဉ် စာရင်းဝင်တစ်ယောက် ဖြစ်ရမယ် ! ဒီလို ခွန်အားမျိုးနဲ့ အမတနယ်မြေရဲ့ ထူးချွန်သူ ခေတ်ဟောင်းပါရမီရှင်များ ဖြစ်နေမလား “

“……..”

ဤလူစုသည် နတ်ဘုရားလက်နက် အမတမျှော်စင်သို့ အစောဆုံးဝင်ရောက်ခဲ့သော ပါရမီရှင်များ ဖြစ်ကြသည်။

စူးချန်ကဲ နှင့် ပတ်သတ်သော သတင်းအချက်အလက်များကို မသိထားသောကြောင့် စူးချန်ကဲသည် မည်သို့ပုံစံရှိသည်ကိုပင် မသိကြပေ။

အကြောင်းမှာ တားမြစ်အင်အားစုသည် စူးချန်ကဲ၏ အချက်အလက်များကို ကောင်းစွာ ဖုံးကွယ်ထားကြသည်။

မဟာလမ်းစဉ် စာရင်းပေါ်ရှိ အချက်အလက်များမှလွဲ၍ ကျန်တာ ဘာမှမသိထားချေ။

“ကောင်လေး စည်းမျဉ်းကို မလိုက်နာဘဲ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တယ်!”

ဦးစွာတုံ့ပြန်လာသည့် ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ ပါရမီရှင်တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

“အားလုံးအတူတူ တတ်ကြမယ် ! ဒီကောင်လေးကို အတူတကွ ဖိနှိပ်လိုက်ကြတာပေါ့ “

ကျန်ရှိနေသေးသော ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ ပါရမီရှင် ဆယ်ဦးသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ စူးချန်ကဲ၏ ကျင့်ကြံမှုသည် စစ်မှန်အမတနယ်ပယ် အဆင့် (၆) ထိသာ ရောက်ရှိထားသော်လည်း ၊

သူ စောနက ပြသခဲ့သော စွမ်းဆောင်ရည်အရ၊ သူသည် ယှဉ်နိုင်စရာမရှိသော ထူးချွန်သော ပါရမီရှင်တစ်ဦးဖြစ်မည်မှာ သံသယဖြစ်စရာ မရှိချေ။

တစ်ယောက်ချင်းစီ ရှေ့တတ်ပြီးစိန်ခေါ်ရလောက်အောင် သူတို့သည် ဦးနှောက်မဲ့သူများ မဟုတ်ပေ။

ရုတ်တရက်၊ ဦးဆောင်သူ တပည့်တစ်ဦးက သူ့လက်ကို မြှောက်တင်လိုက်သည်။

ဝီ!!

ချက်ချင်းပင်၊ အလင်းလှိုင်းများ ရိုက်ခတ်လှုပ်ရှားလာပြီး၊ အမတမြူဆိုင်းများ ရစ်ပတ်ကာ ပြိုးပျက်စွာ တောက်ပနေသော ရွှေရောင်ခေါင်းလောင်းတစ်ခု ထွက်ပေါ်လာသည်။

ထိုအနှီလူ၏ လက်လှုပ်ရှားဟန်နှင့်အတူ ခေါင်းလောင်းမှ မြည်ဟည်းသံထွက်ပေါ်လာပြီး ၊ လူကို စိတ်ကူးယဉ်ကမ္ဘာထဲသို့ ကျရောက်သွားစေမည့် ထူးဆန်းသော အသံလှိုင်းများ ထွက်ပေါ်လာခဲ့သည်။

စိတ်ကိုယစ်မူးစေခြင်း ခေါင်းလောင်း!

ဤသည်မှာ ကျင့်ကြံသူများ၏ စိတ်ကို ထိခိုက်စေနိုင်သော အမတလက်နက်ဖြစ်ပြီး၊ အသံလှိုင်းများနှင့် ထိတွေ့သူ မည်သူမဆို စိတ်ကူးယဉ်ကမ္ဘာထဲသို့ ကျရောက်သွားစေနိုင်သည်။ အကယ်၍ လုံလောက်သော သန်မာမှုမျိုးမရှိပါက ၊ စိတ်ကူးယဉ်ကမ္ဘာထဲတွင် ပျောက်ဆုံးသွားနိုင်သည်။

စွမ်းအားရှင်များအတွက် ကြီးမားသောအကျိုးသက်ရောက်မှု မရှိသော်လည်း၊ သို့သော် ၎င်းသည် အာရုံပျံ့လွင့်စေသော ယာယီအကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်သည်။

တစ်ချိန်တည်းမှာပင် ၊ အခြားတပည့်များကလည်း လှုပ်ရှားလာကြပြီး၊ သူတို့၏ စစ်မှန်အမတလက်နက်များကို ထုတ်ယူလာကြသည်။

အေးစက်သော အလင်းများကို ထုတ်လွှတ်ပြနေသည့် နှင်းခဲဓား ၊

ကောင်းကင်ကပ်ဘေး မိုးကြိုးသဖွယ် အမျက်ဒေါသမိုးကြိုးများဖြင့် ရစ်ပတ်နေသော မှော်အဆောင်စာရွက် ၊

တောင်ကို ရွှေ့ကာ ပင်လယ်ကိုပင် ပိုင်းဖြတ်နိုင်စွမ်းရှိသည့် ရှေးဟောင်းစွမ်းအားများ ပါရှိသော ကျောက်ပုဆိန် အစရှိသော လက်နက်များကို ကိုင်ဆောင်ထားကြသည်။

………

စစ်မှန်အမတ နယ်ပယ်အဆင့်ရှိသော ပါရမီရှင်ဆယ်ယောက်တို့၏ ပူးပေါင်းတိုက်ခိုက်မှုသည် လွန်စွာ ထူးကဲသော စွမ်းအားများကို ဖြစ်ပေါ်လာစေသည်။

ခဏလေးအတွင်းမှာပင် ၊ အာကာသဟင်းလင်းပြင်သည် ဆူညံစွာ ဟိန်းဟောက်လျက် ၊ အလင်းစီးကြောင်းများ ရိုက်ခတ်လှုပ်ရှားလာသဖြင့် အာကာသ ဟင်းလင်းပြင်ပင် အနည်းငယ် ရွဲ့စောင်းသွားပြီး ၊ ဤမျှကြီးမားသော ဖိအားသည် လူကို ကြောက်ရွံ့တုန်လှုပ်သွားစေသည်။

ဤမြင်ကွင်းကို ကြည့်ရှုနေသော ကျင့်ကြံသူများသည်လည်း ထိတ်လန့်တုန်လှုပ်သွားကြသည်။

“ဒီပါရမီရှင်တော့ ဒုက္ခရောက်တော့မယ်ထင်တယ်!”

“သူက မဟာလမ်းစဉ် စာရင်းဝင် အထွတ်အထိပ်စွမ်းအားရှင် ဖြစ်နိုင်တယ်ဆိုပေမယ့်... သူ့ရဲ့အင်အားက အားနည်းနေသေးတယ်!”

“လူဆယ်ယောက်ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရမယ်ဆိုရင် ၊ ဒီလူ ဘယ်လောက်ပဲအားကောင်းနေပါစေ... ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး!”

ထိုအချိန်တွင်၊ ပါရမီရှင် ဆယ်ယောက်သည် အချိန်ကောင်းကို ရောက်လာပြီမှန်း သတိပြုမိလိုက်ကြသည်။

သူတို့သည် မတူညီသော ဦးတည်ရာဘက်များမှ တိုက်ခိုက်မှုကို ရုတ်တရက် စတင်လိုက်သည်။

ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများသည် တစ်ချိန်တည်းတွင် ပေါက်ကွဲထွက်လာပြီး၊ ဟင်းလင်းပြင်တစ်ခုလုံး တသိမ့်သိမ့် ရိုက်ခတ်နေကာ လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေသည်။

တောက်ပသော သက်တံ့ရောင်ခြည် အလင်းများသည် မတူညီသော ဦးတည်ရာဘက်များမှ စူးချန်ကဲထံသို့ ဖြတ်သန်းဝင်ရောက်လာသည်။

မျက်စိတမှိတ်အတွင်းမှာပင် ၊ မှောင်မိုက်သော မိုးမြေတစ်ခွင်လုံးကို ထိန်လင်းတောက်ပသွားစေသည်။

“ရှင်မယ့်လမ်းကို မရွေးဘဲ သေမယ့်လမ်းကို အတင်း ရွေးချယ်နေတယ်!”

အပိုင်း( ၇၁၄ )- ထျန်းယွမ်နတ်ဘုရားမင်းဆက်ရဲ့ မင်းသား

စူးချန်ကဲ၏ မျက်နှာအမူအရာသည် ရေပြင်ညီကဲ့သို့ ငြိမ်သက်ဆဲပင် ဖြစ်သည်။

ဤလူများ၏ ကျင့်ကြံမှုသည် မြင့်မားသော်လည်း ၊ သို့သော် အပေါ်ယံ တောက်ပြောင်မှုသာ ဖြစ်သည်။

မည်သည့် ထူးခြားသော နတ်ဘုရားခန္ဓာမျှမရှိသလို ၊ ထူးခြားဆန်းကြယ်သော မှော်စွမ်းအားလည်း မရှိချေ။

မူလက သူသည် ဤအားနည်း‌သူများအပေါ်တွင် လက်ပါရန် မရည်ရွယ်ထားသော်လည်း ၊ သို့သော် ထိုသူများက လော့ရန်ယွီကို ဆွဲထည့်လာခဲ့သည်။

ထို့ကြောင့် သူကိုယ်တိုင် ပါဝင်လှုပ်ရှားကာ ဤလူများကို ဖြစ်သလို မြှုပ်နှံရန် ဆုံးဖြတ်လိုက်သည်။

စူးချန်ကဲသည် သူ၏ညာဘက်လက်ကို မြှောက်တင်လိုက်သည်နှင့် ၊

ချက်ချင်းပင်၊ သူ၏ခန္ဓာကိုယ်အတွင်းရှိ မွေးရာပါ နိတ္ထိတာအိုခန္ဓာသည် ပြင်းပြင်းထန်ထန် သက်ဝင်လှုပ်ရှားလာခဲ့သည်။

စူးချန်ကဲ၏ ထိန်းချုပ်မှုအောက်တွင်၊ အဆုံးမရှိသော ဗလာနိတ္ထိစွမ်းအားများသည် သူ၏ဦးခေါင်းထက်တွင် စုဝေးလာပြီး ခဏအတွင်းမှာပင် ကြီးမားသော ဗလာနိတ္ထိမျှော်စင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

၎င်းသည် ရှေးဟောင်းတောင်တန်း တစ်ခုကဲ့သို့ မြင့်မားပြီး၊ ရောင်ခြည်အလင်းများ ရစ်ပတ်ဝန်းရံနေကာ မိုးမြေတစ်ခွင်လုံးကို တုန်လှုပ်စေသော ကြောက်ခမန်းလိလိ စွမ်းအားများကို ထုတ်လွှတ်ပြသနေသည်။

“သွား “

စူးချန်ကဲသည် သူ့လက်ကို အောက်သို့ ရိုက်ချလိုက်သည်နှင့်တပြိုင်နက်။

ဝုန်း --!!

ကြီးမားသော ဗလာနိတ္ထိမျှော်စင်သည် ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ပင် တုနှိုင်းမယှဉ်နိုင်သော စွမ်းအားများဖြင့် အောက်သို့ ကျဆင်းလာခဲ့သည်။

ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ တပည့်များအနေဖြင့် ကံဆိုးမိုးမှောင်ကျခဲ့ရသည်ဟု ဆိုရပေမည်။

၎င်းတို့၏ လက်ထဲက စွမ်းအားများကို ထုတ်လွှတ်မပစ်ခတ်ရသေးခင် ၊ ဗလာနိတ္ထိမျှော်စင်မှ ဖြာထွက်လာသော လျို့ဝှက်ဆန်းကြယ်သော စွမ်းအားသည် အရာအားလုံးကို ဖြိုခွဲပစ်ခဲ့သည်။

ဗလာနိတ္ထိ မျှော်စင်သည် ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ တပည့်များကို သွေးမှုန်များအဖြစ်သို့ ပြောင်းလဲပေးခဲ့သည်။

ဝုန်း !!

ကျယ်လောင်သံသည် အရပ်ရှစ်မျက်နှာ တစ်ခွင် ပျံ့နှံ့သွားသည်။

ထျန်းချမ်းလမ်းစဉ်ဂိုဏ်းမှ ပါရမီရှင် ခြောက်ဦးသည် ခုခံနိုင်စွမ်းမရှိဘဲ အသွေးနှင့် အသားများ အစိတ်စိတ်အမြွှာမြွှာ ဖြစ်ကာ ၊ သွေးမိုးများကြား အရိုးဖြူအမှုန့်များ ပြန့်ကျဲကာ ကျဆင်းလာလေ၏။

“ဒါက......”

ကံကောင်းစွာဖြင့် အသက်ရှင်ကျန်ရစ်ခဲ့သော ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ ပါရမီရှင် လေးယောက်တို့၏ မျက်နှာအမူအရာများသည် သိသိသာသာ ပြောင်းလဲသွားကြသည်။

အလျင်အမြန်ပင် အသက်ချမ်းသာပေးရန် တောင်းဆိုလေတော့သည်။

“အစ်ကိုကြီး အသက်ချမ်းသာပေးပါ! ကျွန်တော်တို့....”

သူတို့၏ စကားမဆုံးခင် ၊

သူတို့ကို တုံ့ပြန်လာခဲ့သည်မှာ ပေ ၁၀၀ ခန့် ရှည်လျားသော ဓားစွမ်းအင်မြစ်ကြီးတစ်ခုသာ ဖြစ်ပေသည်။

ကျန်ရှိသော လေးယောက်မှာ အော်ဟစ်ငိုကြွေးရန်ပင် အခွင့်အရေး မရလိုက်ချေ။

မျက်စိတမှိတ်အတွင်းမှာပင် ကြောက်ခမန်းလိလိ ဓားစွမ်းအင်များ၏ ဖုံးလွှမ်းမှုအောက်တွင် ၊ အပျက်အစီးများနှင့်အတူ ဖုန်မှုန့်တစ်စက်မျှ မကျန်အောင်ပင် ဖယ်ရှားခံလိုက်ရသည်။

ဤမြင်ကွင်းသည် လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

လူတိုင်း ကြောင်အမ်းစွာဖြင့် ရှိနေကြပြီး ၊ ဤထိတ်လန့်မှုကို မည်သို့ဖော်ပြရမည်ကိုပင် မသိတော့ချေ။

ဤမြင်ကွင်းကို ကြည့်ရှုနေခဲ့ကြသော ကျင့်ကြံသူများသည် မူလက စူးချန်ကဲ၏အလောင်းကို သိမ်းယူရန် ပြင်ဆင်ထားခဲ့ကြသည်။

သို့သော် ထင်မှတ်မထားသော အပြောင်းအလဲဖြင့် ကြုံတွေ့ခဲ့ရပြီး ၊ စစ်မှန်အမတနယ်ပယ်အဆင့်ရှိ ပါရမီရှင် ဆယ်ယောက်စလုံးသည် ပေါက်ကွဲမှုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

“ တစ်ချက်တည်းနဲ့ ကိုင်တွယ်လိုက်တာများ ...အရမ်းကြောက်စရာ ကောင်းတာပဲ !”

ဤသည်မှာ အတော်လေးကို ဆန့်ကျင်ဘက်ဖြစ်နေသည်။ စစ်မှန်အမတနယ်ပယ် အဆင့် (၆) ရှိသူသည် သူ့အဆင့်ထက် ကျော်လွန်သော ကျင့်ကြံသူတစ်ဦးအား စိန်ခေါ်တိုက်ခိုက်ခြင်းကို လက်ခံနိုင်သေးသည်။

သို့သော် ထိုသူသည် နှစ်ကွက်တည်းဖြင့် ထျန်းချန်းလမ်းစဉ်ဂိုဏ်းမှ တပည့် ဆယ်ယောက်စလုံးကို သတ်ဖြတ်ပစ်ခဲ့သည်။

ဒါ လုံးဝမှ လူမဟုတ်ဘူး!

“ ဒီအကျပ်အတည်းက ဒီလိုပဲ ဖြေရှင်းပြီးသွားတာလား...”

ဤမြင်ကွင်းကို မြင်လိုက်ရသော ယွင်ယောင်၏စိတ်ထဲတွင်လည်း တုန်လှုပ်နေခဲ့သည်။

ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ တပည့် ဆယ့်တစ်ယောက်စလုံးကို ရှင်းလင်းပစ်နိုင်သည့် ဤခွန်အားသည် သူမတို့၏ နားလည်နိုင်စွမ်းကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

သို့သော်၊ ယွင်ယောင်နှင့် အခြားအမျိုးသမီးသည် အရိုအသေတန်မဲ့ မပြုမှုဝံ့ဘဲ စူးချန်ကဲအား ချက်ချင်း ဦးညွှတ်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

“ယောင်ကွမ်အမတဂိုဏ်းရဲ့ ပြင်ပတပည့် ယွင်ယောင် ......ခုလိုကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် !”

အခြားအမျိုးသမီးတစ်ဦးကလည်း အလားတူ ကျေးဇူးတင်စကားဆိုလိုက်သည်။

“ယောင်ကွမ်အမတဂိုဏ်းရဲ့ ပြင်ပတပည့် ချုးဟန် ...ခုလိုကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် !”

တစ်ချိန်တည်းမှာပင်၊ သူမတို့သည် စူးချန်ကဲ၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် ၊

စိတ်ထဲတွင် တုန်လှုပ်သွားကြပြီး ၊ ရင်ထဲ၌ ဤသို့ ပြိုင်တူအော်ဟစ်မိကြသည်။

ချောလိုက်တဲ့ အမျိုးသားလေး!

ဤအတွက် သူမတို့ကို အပြစ်တင်လို့မရနိုင်ချေ။ နတ်ဘုရားလက်နက် အမတမျှော်စင်သို့ ဝင်ရောက်လာပြီးနောက်တွင် ၊ သူမတို့သည် ချောမောထက်မြက်သော အမျိုးသားကျင့်ကြံသူများစွာကို တွေ့ဆုံခဲ့ရသည်။

အများဆုံးမှာ ကြည့်ကောင်းရုံသာဖြစ်ပြီး ၊ ယခု စူးချန်ကဲကို မြင်လိုက်ရချိန်၌ အကြည့်များမလွှဲနိုင်အောင်ပင် ဖြစ်ခဲ့ရသည်။

သို့သော်၊ စူးချန်ကဲသည် ထိုအမျိုးသမီးနှစ်ယောက်၏ စွဲလန်းသော အကြည့်များကို လျစ်လျူရှုကာ ခေါင်းအနည်းငယ် ညိတ်လျက် ကြားနေလေသံဖြင့် ပြန်ပြောလိုက်သည်။

“မင်းတို့က ဘာလို့ သူတို့ရဲ့ လိုက်လံသတ်ဖြတ်တာကို ခံနေရတာလဲ”

“ပြီးတော့၊ မင်းတို့ပြောတဲ့ လော့ရန်ယွီလိုချင်တဲ့ ပစ္စည်းဆိုတာကရော ဘာလဲ “

ယွင်ယောင်သည် ထိုစကားကို ကြားလိုက်ရချိန်တွင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ စူးချန်ကဲသည် သူမတို့၏ ဆက်ခံသူနတ်ဘုရားမ အမည်ကို သိရှိနေသည်မှာ ထင်မှတ်မထားသော အရာသာ ဖြစ်သည်။

သူတို့ ယောင်ကွမ်အမတဂိုဏ်းသည်လည်း လော့ရန်ယွီနှင့် ပတ်သတ်သော အချက်အလက်များအား ဖုံးကွယ်ထားသည်ကို သင် သိထားရမည်။

သူတို့ ယောင်ကွမ်အမတဂိုဏ်းမှလွဲ၍၊ အခြားသူများသည် နတ်ဘုရားမ ဟူသော အမည်မှလွဲ၍ အမည်ရင်းကို လုံးဝ မသိထားကြပေ။

ငယ်ရွယ်ပြီး မြင့်မြတ်ပုံရသော ဤအမျိုးသားသည် အဘယ့်ကြောင့် ဤကိစ္စကို စိတ်ဝင်စားနေရသနည်း။

ဖြစ်နိုင်သည်မှာ ဤသူသည် မိမိတို့၏ နတ်ဘုရားမနှင့် သိကျွမ်းသော ဆက်ဆံရေး ရှိနိုင်သည်။

သို့သော်၊ သူမတို့သည် စူးချန်ကဲအပေါ်တွင် အသက်ကျေးဇူးကြွေး တင်ထားပြီး ၊ အကယ်၍ သူသည် မိမိတို့အပေါ်တွင် မကောင်းသော အကြံအစည်ရှိခဲ့လျှင်တောင် သူမတို့အနေဖြင့် ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

စိတ်ထဲတွင် တွေးတောပြီးနောက် ၊ ယွင်ယောင်သည် ပြန်ဖြေလိုက်သည်။

“ဒီလူတွေက ထျန်းချန်လမ်းစဉ်ဂိုဏ်းက တပည့်တွေပါ ..အမတနယ်မြေရဲ့ သာလွန်အင်အားစု ၁၈ ခုထဲက တစ်ခုပဲ “

“ကျွန်မတို့ကို ခုလို လိုက်လံသတ်ဖြတ်နေတာက.. ထျန်းယွမ်နတ်ဘုရားမင်းဆက်က ထုတ်ပြန်ထားတဲ့ ဆုကြေးကြောင့်ပါ “

“ထျန်းယွမ်နတ်ဘုရားမင်းဆက်?”

စူးချန်ကဲသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

အမတနယ်မြေသို့ လှည့်လည်မထွက်ခွာမီ၊ သူသည် အမတနယ်မြေ၏ လက်ရှိအခြေအနေများကို အနည်းငယ် လေ့လာထားခဲ့သည်။

အမတနယ်မြေ၏ တားမြစ်အင်အားစု ကိုးခုမှ တစ်ခုဖြစ်သည့် တားမြစ်ကုန်းပြင်မြင့်သည် သူ့ကြောင့် ပျက်စီးသွားပြီးနောက်။

တားမြစ်အင်အားစု ကိုးခုတွင် လစ်လပ်နေရာတစ်ခု ရှိလာခဲ့သည်။

အမတနယ်မြေ၏ အုပ်စိုးရှင်ဟု ကြွေးကြော်ထားသော အမတသခင် တရားစီရင်ရေးရုံးတော်နှင့် အန္တိမတာအို တရားစီရင်ရေးအဖွဲ့တို့သည် ထျန်းယွမ်နတ်ဘုရားမင်းဆက်ကို လက်ရှိတားမြစ်အင်အားစု ကိုးခုထဲမှ တစ်ခုအဖြစ် တည်ထောင်ရန် တာဝန်ယူခဲ့သည်။

သို့သော်၊ စူးချန်ကဲ ကြားသိခဲ့ရသည်မှာ ထျန်းယွမ်နတ်ဘုရားမင်းဆက်သည် ခေတ်ကာလများစွာ တိတ်တဆိတ် တိုးတက်အောင် ကြိုးစားခဲ့ပြီး၊ ယခုအခါတွင် အဆုံးမရှိသော ချမ်းသာကြွယ်ဝမှုကို စုဆောင်းထားနိုင်ခဲ့ပြီ ဖြစ်သည်။

အမတသခင် တရားစီရင်ရေးရုံးတော်နှင့် အန္တိမတာအို တရားစီရင်ရေးအဖွဲ့ထံ ဘဏ္ဍာရတနာများစွာ ဆက်သခြင်းဖြင့် ထိုအင်အားစုနှစ်ခု၏ အကူအညီကို ရရှိခဲ့ပြီး ၊ လက်ရှိ ခေတ်ပြိုင်

တားမြစ်အင်အားစု ကိုးခုထဲမှ တစ်ခုအဖြစ် အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။

ထိုအရာနှင့်ပတ်သတ်၍ ၊ စူးချန်ကဲသည် မည်သည့်ထင်မြင်ချက်မှ မရှိပေ။

ချဲ့ကားပြောဆိုခြင်း မဟုတ်သော်လည်း ၊ မည်သို့ပင်ဆိုစေကာမူ သူ့နောက်ကွယ်က နောက်ခံအင်အားသည် အမှန်ပင် စွမ်းဆောင်နိုင်စွမ်း ရှိပေသည်။

ထို့ကြောင့် အခြားတားမြစ်အင်အားစုများအတွက် စူးချန်ကဲသည် မည်သည့်ခံစားချက်မှ မရှိပေ။

သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ တားမြစ်အင်အားစုများ၏ ပါရမီရှင်များသည် လုံလောက်စွာ အားကောင်းရန်သာ ဖြစ်ပြီး၊ သို့မဟုတ်ပါက ဤမဟာလမ်းစဉ်သည် ပျင်းစရာကောင်းပေတော့မည်။

ထိုအချိန်တွင်၊ ယွင်ယောင်က ဆက်လက် ပြောကြားလိုက်သည်။

“ ဟုတ်ပါတယ်၊ ထျန်းယွမ်နတ်ဘုရားမင်းဆက်ရဲ့ လက်ရှိမင်းသား ယွမ်ချန်းဟုန်လည်း ဒီကို ရောက်လာခဲ့တယ် “

“နတ်ဘုရားလက်နက် အမတမျှော်စင်ထဲကို မဝင်ရောက်ခင် ယွမ်ချန်းဟုန် အဲ့သကောင့်သားက နတ်ဘုရားမရဲ့ အလှမှာ နစ်မြောသွားပြီး နတ်ဘုရားလက်နက် အမတမျှော်စင်ကို သူနဲ့ အတူတူ စူးစမ်းလေ့လာဖို့ ပြောခဲ့ပါတယ်”

“ ဒါပေမဲ့ နတ်ဘုရားမရဲ့ ငြင်းပယ်မှုကို ခံလိုက်ရပြီးနောက် အဲ့ကောင်က ကျွန်မတို့ ယောင်ကွမ်အမတဂိုဏ်းကို အသုံးချပြီး ... ကျွန်မတို့ဂိုဏ်းက နတ်ဘုရားလက်နက် အမတမျှော်စင်ရဲ့ သော့အစိတ်အပိုင်းတွေကို စုဆောင်းနေပြီး၊ ဗဟိုနေရာကို ဖွင့်လှစ်ဖို့ ကြိုးစားနေတယ်ဆိုပြီး စွပ်စွဲခဲ့တယ်...”

“အခြားအင်အားစုတွေက ဒါကို ယုံကြည်သွားတယ်... ပြီးတော့ အင်အားစုအချင်းချင်း ပူးပေါင်းပြီး ကျွန်မတို့ ယောင်ကွမ်အမတဂိုဏ်းက ပါရမီရှင်တပည့်တွေကို ဝိုင်းရံသတ်ဖြတ်တော့တာပဲ “

ထိုစကားသံအပြီးတွင် ၊

ယွင်ယောင်၏ မျက်နှာသည် အနည်းငယ် ခါးသီးနေပုံရသည်။

အဘယ်ကြောင့်ဆိုသော် သူမတို့၏ ယောင်ကွမ်အမတဂိုဏ်းသည် လက်ရှိအမတနယ်မြေ၏ တားမြစ်အင်အားစု ကိုးခုထဲမှ တစ်ခုဖြစ်သော်လည်း ၊

အမတနယ်မြေသို့ လှည့်လည်အတွေ့အကြုံယူရန် ထွက်ခွာလာချိန်တွင် ၊ ကိုယ့်အစွမ်းအစကိုသာ အားကိုးရသည်။

ဂိုဏ်းနောက်ခံသည် အမှန်အားဖြင့် အမတနယ်မြေ၏ လူအိုကြီးများကိုသာ ခြိမ်းခြောက်နိုင်ပေမည်။

လူငယ်ပါရမီရှင်များအတွက် အနည်းငယ်သာ ကြောက်ရွံ့စေနိုင်ပြီး၊ ကြီးမားသောအကျိုးသက်ရောက်မှု မရှိချေ။

အားလုံးသည် လူငယ်ပါရမီရှင်များဖြစ်ကြပြီး၊ မိမိ၏ အသုံးမကျမှုအတွက် မည်သူ့ကိုများ အပြစ်တင်လို့ရနိုင်မည်နည်း။

အပိုင်း(၇၁၅) - သေသင့်ပြီး လောကကြီးထဲ၌ မတည်ရှိသင့်သော ဖြစ်တည်မှု

သို့သော်။

ယွင်ယောင်၏ စကားကို ကြားပြီးနောက်၊ စူးချန်ကဲ၏ မျက်နှာသည် အနည်းငယ် မည်းမှောင်သွားသည်။

“ထျန်းယွမ်နတ်ဘုရားမင်းဆက် တတိယမင်းသား ယွမ်ချန်းဟုန်.....?”

ကျိုးကျင့်လီ၏စကားထဲတွင် သူ၏ အစ်ကိုကြီးသည် လော့ရန်ယွီကို သိမ်းပိုက်မည် ဟူသော အကြောင်းအရာကို စောနက သူလည်း ကြားလိုက်ရသည်။

သူပြောသည့် အစ်ကိုကြီးဆိုသည်မှာ ယွမ်ချန်းဟုန် ဖြစ်နိုင်သည်။

“ကြည့်ရတာတော့၊ ဒီတစ်ခေါက် နတ်ဘုရားလက်နက် အမတမျှော်စင် ခရီးစဉ်မှာ မဖြစ်မနေ လုပ်ရမယ့် အရာတစ်ခုရှိလာခဲ့ပြီပဲ”

အမှန်အတိုင်းဆိုရလျှင်ဖြင့် ၊ ထျန်းယွမ်နတ်ဘုရားမင်းဆက်၏ တတိယမင်းသား ယွမ်ချန်းဟုန်သည် လော့ရန်ယွီအပေါ် မျက်စိကျသွားကတည်းက ၊ သူသည် သေလမ်းကို ရွေးချယ်ပြီးခဲ့ပြီဟု ဆိုရပေလိမ့်မည်။

လေပြင်းမုန်တိုင်းမျိုးစုံကို ကြုံတွေ့ဖူးသူ တစ်ယောက်အနေဖြင့် ၊ စူးချန်ကဲသည် သူ၏ စိတ်ခံစားချက်ကို ထုတ်မပြခဲ့ချေ။

သူသည် အေးစက်စွာဖြင့် ‌ဆက်မေးလိုက်သည်။

“ဒါဆို မင်းတို့နတ်ဘုရားမ လိုချင်နေတဲ့အရာက ဘာလဲ”

“ မဟုတ်မှလွဲရော မင်းအရင်က ပြောခဲ့တဲ့ နတ်ဘုရားလက်နက် အမတမျှော်စင်ရဲ့ ဗဟိုနေရာကို ဖြတ်သန်းနိုင်မယ့် သော့ဆိုတာလား”

ထို့အပြင်၊ စနစ်သည် သူ့ကို ကျောက်ဟွ အမတ ဧကရာဇ်မင်း၏ ဆန္ဒကို ပြီးမြောက်အောင် လုပ်ဆောင်ရန် တာဝန်ပေးထားခဲ့သည်။

ကျောက်ဟွ အမတ ဧကရာဇ်မင်းသည် နတ်ဘုရားလက်နက် အမတဂိုဏ်း၏ ဂိုဏ်းသခင် ဖြစ်သည်။

ထို့ကြောင့် သူသည် နတ်ဘုရားလက်နက် အမတမျှော်စင်၏ ဗဟိုနေရာတွင် ပုန်းအောင်းနိုင်ခြေ ရှိသည်။

စနစ်တာဝန်ကို ပြီးမြောက်ရန် ဤဗဟိုနေရာသည် ကောင်းမွန်သော အစပြုရာနေရာ ဖြစ်လာနိုင်သည်။

ထိုစကားကို ကြားပြီးနောက် ၊ ယွင်ယောင်၏ အမူအရာသည် အနည်းငယ် အခက်တွေ့နေပုံရသည်။ ဤသည်မှာ ယောင်ကွမ်အမတဂိုဏ်း၏ လျှို့ဝှက်ချက် ဖြစ်သည်။

စူးချန်ကဲသည် သူမတို့ကို ကယ်တင်ပေးခဲ့သော်လည်း ၊ သို့သော် ကျေးဇူးတင်စိတ်ကြောင့် ကိုယ့်ဂိုဏ်းကို ရောင်းစားခြင်းသည် ယွင်ယောင်အနေဖြင့် လက်ခံရန် အခက်တွေ့နေသည်။

သူမတို့၏ စိတ်ထဲက အတွေးများကို သိမြင်နေသကဲ့သို့ စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးရယ်လိုက်ကာ ပြန်ပြောလိုက်သည်။

“ မင်းတို့ စိတ်ချပါ...ငါနဲ့ မင်းတို့နတ်ဘုရားမက အသိအကျွမ်းတွေပါ “

“ငါကလည်း သူမလိုပဲ၊ တိုက်မြေသုံးထောင်ကနေ အမတနယ်မြေကို တတ်ရောက်လာတာပဲ”

ထိုစကားကို ကြားလိုက်ရသည်နှင့်၊

သူမတို့၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်လှုပ်သွားပြီး၊ အံ့အားသင့်သွားသော အမူအရာများဖြင့် ရှိနေကြသည်။

အသိအကျွမ်းတွေလား?

တိုက်မြေသုံးထောင်ကနေ တတ်ရောက်လာတာတဲ့လား ?

သူမတို့သည် ရုတ်တရက်ပင် လူတစ်ယောက် အကြောင်းကို စဉ်းစားမိသွားသည်။ ထိုသူမှာ မိမိတို့ နတ်ဘုရားမ၏ အသည်းနှလုံးထဲက ချစ်ရသူ စူးချန်ကဲ ...

ထို့အပြင် နတ်ဘုရားလက်နက် အမတမျှော်စင်၏ အပြင်ဘက်တွင် ကျန်ရစ်ခဲ့သော တပည့်များ၏ ပြောသံအရ ၊ စူးချန်ကဲသည်လည်း ဤနတ်ဘုရားလက်နက် အမတမျှော်စင်သို့ ရောက်ရှိလာခဲ့သည်။

“ မဟုတ်မှလွဲရော သင်က...”

သို့သော် သူမတို့စကား မပြီးဆုံးခင်မှာပင်။

ဝုန်း --!!

အနီးနားရှိ ဟွရှင်းမြို့တော်ကြီးသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားသည်။

ထိုအင်အား၏ သက်ရောက်မှုကြောင့်၊ ဟွရှင်း ရှေးဟောင်းမြို့ကြီးကို ဗဟိုပြုထားသည့် မိုင်ထောင်ပေါင်းများစွာအတွင်းမှ မြေပြင်သည်လည်း တစ်ချိန်တည်းမှာပင် တုန်ခါလျက် ဟောက်သံပြုနေကြသည်။

ကွဲအက်သံ..........

မြေပြင်သည် တဖြည်းဖြည်း အက်ကွဲလာပြီး ချောက်ကမ်းပါးများကဲ့သို့ မရေမတွက်နိုင်သော အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်လာခဲ့သည်။

ပြိုကျပျက်စီးနေသော ဧရာမ ကျောက်တုံးအပျက်အစီးများသည် စည်းချက်ညီညီ ယိမ်းနွဲ့ကာ လှုပ်ရှားလာကြသည်။

ဤလျှို့ဝှက်ဆန်းကြယ်သော အင်အားတစ်ရပ်၏ လွှမ်းမိုးမှုအောက်တွင် ၊ ကမ္ဘာ‌မြေအတွင်းထဲ၌ ရှိနေခဲ့သော ဧရာမ သားရဲကြီး တစ်ကောင်သည် ဤအခိုက်အတန့်တွင် နိုးထလာခဲ့ပုံရသည်။

အာရုံခံစားမှု ထက်မြက်သော စူးချန်ကဲသည် ဤမူမမှန်သော အခြေအနေကို ချက်ချင်းပင် သတိပြုမိခဲ့သည်။

ဤတုန်ခါမှုသည် သူနှင့် အတော်အတန် ဝေးကွာသော နေရာမှ ဖြစ်သော်လည်း ၊ သူရှိနေသော ဤနေရာဆီသို့ ရှင်းလင်းစွာ ပျံ့နှံ့လာနေသည်။

“မကောင်းဘူး၊ မြန်မြန်၊ ဒီကနေ ထွက်သွားကြ!”

စူးချန်ကဲသည် အနိမ့်သံဖြင့် အော်ဟစ်လိုက်ပြီး၊ တုံ့ဆိုင်းခြင်းမရှိ ချက်ချင်းပင် အလင်းတန်းတစ်ခုအဖြစ် တခြားလမ်းကြောင်းတစ်ခုဆီသို့ အလျင်အမြန် ပြေးထွက်သွားခဲ့သည်။

စူးချန်ကဲ၏ လှုပ်ရှားမှုကို ကြည့်ပြီး ယွင်ယောင်တို့၏ မျက်နှာအမူအရာများမှာ ပြောင်းသွားလဲသွားကြသည်။ စူးချန်ကဲ၏ခွန်အားကို လူတိုင်းသိမြင်ပြီးသား ဖြစ်သည်။ သို့သော် သူသည် ဤမျှ စိတ်လှုပ်ရှားစွာဖြင့် ရှောင်ဖယ်နေခြင်းသည် အပြောင်းအလဲတစ်ခု ဖြစ်နေမှန်း သေချာသည်။

သူတို့ ထွက်ခွာပြီးမကြာခင်မှာပင်။

ဘုန်း--!!

မိုင်ထောင်ပေါင်းများစွာ ကျယ်ပြန့်သော မြေပြင်သည် ရုတ်တရက် အက်ကွဲပြိုကျလာပြီး ၊ ကျယ်လောင်သော ဟောက်သံကို ဖြစ်ပေါ်စေခဲ့သည်။

ကျောက်အပိုင်းအစများ လွင့်ကြဲကာ ၊ ဖုန်မှုန့်များထောင်းထောင်း ထသွားသည်။

မူလကတည်းက အမှောင်ကျနေသော ပတ်ဝန်းကျင်သည် ထူထပ်မှောင်မိုက်သော တိမ်တိုက်များနှင့် ဖုံးအုပ်ထားသည့်အလား ထင်မှတ်ရသည်။

ကိုယ့်လက်ကိုပင် မမြင်နိုင်သည်အထိ ဤနေရာရှိ အလင်းရောင်အားလုံးကို အပြီးအပိုင် မျိုချပစ်ခဲ့သည်။

အဆုံးမရှိသော အမှောင်ထုထဲတွင် ၊ သားရဲကြီး တစ်ကောင်၏ ဟောက်သံနှင့် တူသော ကြောက်ခမန်းလိလိ မြေပြိုသံများကို အတိုင်းသား ကြားနေရ‌သည်။

………..

တစ်ချိန်တည်းမှာပင်။

ထိုနေရာမှ မိုင်ပေါင်းထောင်ချီ ဝေးကွာသော ကျောက်ဂူကြီးထဲတွင် ၊

မြေပြိုကျမှုကို ကြည့်ရင်း ၊ ရှစ်ထျန်းတိ့၏ မျက်လုံးများမှာ အရောင်တောက်ပနေသည်။

“အိုး... ငါအခုလေးတင် ဖျက်လိုက်တဲ့ မှော်သင်္ကေတ အစီအရင်ကြီးက ပုန်းကွယ်နေတဲ့ တားမြစ်စက်ယန္တရားတစ်ခု ဖြစ်နေမယ်လို့ မထင်မိဘူး....”

“နတ်ဘုရားလက်နက် အမတမျှော်စင်က မပျက်စီးခင်.... ဒီလို လျှို့ဝှက်နေရာတစ်ခုကို မြှုပ်နှံထားတာ... စိတ်ဝင်စားစရာပဲ”

ဤအပြောင်းအလဲအားလုံးသည် ရှစ်ထျန်းတိ့နှင့် ခွဲ၍မရအောင်ပင် ဆက်စပ်နေသည်။

နတ်ဘုရားလက်နက် အမတမျှော်စင်ထဲသို့ ဝင်ရောက်လာပြီးနောက် ၊

သူသည် လူငယ်ပါရမီရှင်များကို တိတ်တဆိတ် စုပ်ယူနေခဲ့သည့်အပြင် နတ်ဘုရားလက်နက် အမတမျှော်စင်ကိုလည်း စူးစမ်းရှာ‌ဖွေလိုခဲ့သည်။

မည်သို့ပင်ဖြစ်စေ ၊ နတ်ဘုရားလက်နက် အမတမျှော်စင်သည် အမတစိုးစံရာခေတ်တွင် ထိပ်တန်းဂိုဏ်းကြီး(၃၆) ဂိုဏ်းထဲက တစ်ခု ဖြစ်ခဲ့သည်။

ဤနေရာတွင် ဝှက်ထားသော အခွင့်အလမ်းများသည် သူ့လို အမှောင်ထု အမတဧကရာဇ်မင်းကိုတောင် အနည်းငယ် စိတ်လှုပ်ရှားစေနိုင်သည်။

ဤနေရာကို ရောက်ရှိလာမှတော့ သူ့အနေဖြင့် သေချာပေါက် အမြတ်ရယူသင့်သည် မဟုတ်လော။

“ဟားး... ဘယ်သူမှ ထင်မှာမဟုတ်ဘူး.. ငါလို အမှောင်ထု အမတဧကရာဇ်မင်းတစ်ပါးက စစ်မှန်အမတ နယ်ပယ်အဆင့်ရှိတဲ့ ရုပ်သေးတစ်ရုပ်ကနေ ဝင်ရောက်လာမယ်ဆိုတာကို ...”

“ပြီးတော့ အမတနယ်မြေတစ်ခုလုံးမှာ ငါ့အပြင် အမှောင်ထု ရုပ်သေးကို ထိန်းချုပ်နိုင်သူ မရှိဘူး”

“မင်းတို့ အမတနယ်မြေက လူအိုကြီးတွေက အခြားစွမ်းအားရှင်တွေ မဝင်နိုင်အောင် စည်းကမ်းတစ်ခု သတ်မှတ်ထားပေမယ့်၊ ငါ ဝင်လာမယ်လို့တော့ ထင်ထားမှာမဟုတ်ဘူး “

“မင်းတို့ အမတနယ်မြေက လူငယ်ပါရမီရှင်တွေရဲ့ အခွင့်အလမ်းတွေက ငါ့ဟာဖြစ်လာလိမ့်မယ်၊ လူတွေကလည်း ငါ့ဟာဖြစ်လာမှာပဲ!”

ရှစ်ထျန်းတိ့သည် ကောင်းကင်ကို မော့ကြည့်ကာ ရယ်မောလိုက်ပြီး ၊ သိပ်မကြာခင်မှာပင် အမှောင်ထဲကနေ ပျောက်ကွယ်သွားလေသည်။

သို့သော်၊ ရှစ်ထျန်းတိ့ ပျောက်ကွယ်ပြီးမကြာခင်မှာပင် ၊

စူးရွှမ်၏ ပုံရိပ်သည် အမှောင်ရိပ်ထဲကနေ ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။

သူ၏အေးစက်သော မျက်လုံးများသည် ရှစ်ထျန်းတိ့ ပျောက်ကွယ်သွားသော ဦးတည်ရာဘက်ကို ကြည့်ရင်း၊ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်အပြုံးတစ်ခု လှစ်ဟသွားသည်။

“ရှစ်ထျန်းတိ့၊ ငါပြောမယ်... ဒီလောက်နှစ်ကာလတွေ ကြာမြင့်သွားခဲ့ပြီဆိုပေမယ့် မင်းကတော့ မတိုးတက်ဘဲ ဘာလို့ ပိုပြီးတော့တောင် မိုက်မဲလာရတာလဲ”

သို့သော် စဉ်းစားကြည့်ရင်လည်း မှန်ပေသည်။

ရှစ်ထျန်းတိ့၏ စကားများမှာ မှန်ကန်သည်။

အမှောင်ထုမူလရင်းမြစ်ကမ္ဘာ တစ်ခုလုံး၏ အမတဧကရာဇ်မင်း‌ အားလုံးထဲတွင် ဤသကောင့်သား တစ်ယောက်တည်းကသာလျှင် နတ်ရင်းမြစ်ကို ညစ်ညမ်းစေပြီး အမှောင်ထု ရုပ်သေးအဖြစ် ပြောင်းလဲနိုင်သော စွမ်းအားရှိသည်။

အခြားသော အမှောင်ထု အမတဧကရာဇ်မင်းများသည် အလားတူ အမှောင်ထုစွမ်းအားများ ရှိကြသော်လည်း ၊ အမတနယ်မြေထဲသို့ ခိုးဝင်ရောက်နိုင်စွမ်း မရှိချေ။ နတ်ဘုရားလက်နက် အမတမျှော်စင်ကဲ့သို့ အမွေအနှစ်ထဲသို့ ဝင်ရောက်နိုင်ဖို့ဆိုတာ ဝေးသေးသည်။

ဒါဆို စူးရွှမ်ကရော ဘာလို့ ဝင်လာနိုင်တာလဲ?

အကြောင်းမှာ တစ်ချိန်က သူ၏ခန္ဓာကိုယ်သည် ဖျက်ဆီးခံခဲ့ရပြီး ၊ တားမြစ် စူးမိသားစု၏ အဝေးဘိုးဘေးသည် ကောင်းကင်ဘုံကို အံတုနိုင်သည့် စွမ်းအားများဖြင့် သူ၏နတ်ဝိညာဉ်ကို ထိန်းသိမ်းထားခဲ့သည်။

နောက်ဆုံးတွင် သူ၏ မူလကိုယ်ခန္ဓာသည် အားနည်းလွန်းသဖြင့် မဟာလမ်းစဉ် မူလရင်းမြစ် မှော်သင်္ကေတများဖြင့် ပြုလုပ်ထားသော အထူးနတ်ဘုရားဝိညာဉ် ကိုယ်ထည်တစ်ခုကို ဖန်တီးပေးခဲ့သည်။

လက်ရှိ စူးယွမ်ကို ဤသို့ နားလည်နိုင်သည်။ သူသည် သေသင့်ပြီး၊ လောကကြီးထဲတွင် မရှိသင့်သော ဖြစ်တည်မှု ဖြစ်သည်။

တစ်နည်းအားဖြင့် ၊ အမတနယ်မြေ၏ ချို့ယွင်းချက်ကို အသုံးချခဲ့ခြင်းသာ ဖြစ်သည်။

အကြောင်းမှာ မည်သူမဆို သူ့လို အခြေအနေမျိုးနှင့် ကြုံတွေ့ရပါက ၊ ကိုယ်ခန္ဓာသည် ဖျက်ဆီးခံရပြီး စိတ်ဝိညာဉ်သည် အမှောင်ထု၏ ညစ်ညမ်းမှုကို ခံရသော အခြေအနေအောက်တွင် သေလမ်းတစ်လမ်းသာ ရှိပေသည်။

တားမြစ် စူးမိသားစု၏ အဝေးဘိုးဘေးမှ ပြန်လည်အသက်သွင်းလိမ့်မည်ဟု မည်သူကများ ကြိုသိမည်နည်း။

ထို့အပြင် ဤလက်ရှိ ခန္ဓာကိုယ်သည် သူ၏ ဓမ္မကိုယ်ထည် ကိုယ်ခွဲတစ်ခုသာ ဖြစ်ပြီး ၊ စူးရွှမ်၏ မူလခန္ဓာသည် အရင်ကတည်းက အမတနယ်မြေအထက်သို့ တတ်လှမ်းသွားခဲ့ပြီး ဖြစ်သည်။

ထို့အပြင် စူးရွှမ်သည် သူ၏ကျင့်ကြံဆင့်ကို စိတ်ကြိုက် ပြောင်းလဲနိုင်သည်။ ထို့ကြောင့် စစ်မှန်အမတနယ်ပယ် အဆင့်ရှိ ခွန်အားကို ထိန်းသိမ်းရန်မှာ သူ့အတွက် ခက်ခဲသောအရာ မဟုတ်ချေ။

“ရှစ်ထျန်းတိ့၊ မင်း အရင်က အမှောင်ထဲမှာ လှည့်စားရတာကို ကြိုက်တယ်မဟုတ်လား”

“ဒီတစ်ခါတော့၊ သားကောင်နဲ့ မုဆိုး နေရာချင်းလဲလိုက်ရင် စိတ်ဝင်စားစရာ ကောင်းမှာပဲ”

ထိုသို့ရေရွတ်ပြီးနောက်၊

စူးရွှမ်သည် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ၏ ပုံရိပ်မှာ ချက်ချင်းပင် အမှောင်ထဲကနေ ပျောက်ကွယ်သွားလေတော့သည်။

အပိုင်း( ၇၁၆) - သူက စူးချန်ကဲလား?!

တစ်ချိန်တည်းမှာပင် ။

ကျယ်လောင်သော ဟောက်သံများသည် ဖြည်းဖြည်းချင်း ငြိမ်သက်သွားသည်။ သို့သော် ထူထပ်သော ဖုန်မှုန့်များက ကောင်းကင်နှင့် မြေကြီးကြားတွင် ကျန်ရှိနေဆဲဖြစ်သည်။

ဟွရှင်းရှေးဟောင်းမြို့ကြီးကို ဗဟိုပြု၍ မိုင်ထောင်ပေါင်းများစွာ ကျယ်ပြန့်သော ဧရိယာများသည် လုံးဝပြိုကျသွားပြီး ၊ မြေအောက်ထဲသို့ ပေရာပေါင်းများစွာ နစ်မြုပ်သွားခဲ့သည်။

အနက်ရောင်မြူခိုးများက မြင်ကွင်းတစ်ဆုံး ပိတ်ဆို့ထားပြီး ၊ အောက်ကို ငုံ့ကြည့်လိုက်မည် ‌ဆိုပါက မှောင်မိုက်နေသော တွင်းနက်ကြီးကိုသာ မြင်ရပေလိမ့်မည်။

ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းနေသောကြောင့် အတွင်းရှိ မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်ရချေ။

ဤနေရာသည် နတ်ဘုရားလက်နက် အမတမျှော်စင်၏ အမွေအနှစ်တစ်ခုဖြစ်မှန်း မသိထားခဲ့လျှင်ဖြင့် ၊ သူတို့သည် မှောင်မိုက်သော တွင်းနက်ကြီးထဲသို့ ရောက်နေသည်ဟု ထင်မှတ်သွားနိုင်သည်။

ထိုအချိန်တွင် ၊

စူးချန်ကဲနှင့် ယွင်ယောင်တို့မိန်းကလေးနှစ်ဦးသည် ပြိုကျပျက်စီးနေသော တွင်းနက်ကြီးရှေ့သို့ ရောက်ရှိလာခဲ့သည်။

စူးချန်ကဲ၏ ကိုယ်ထည်အသွေးအသားများကြောင့် ရှေ့ကမြင်ကွင်းသည် အနက်ရောင်မြူခိုးများဖြင့် ဖုံးလွှမ်းနေသော်လည်း ၊ သူ၏ အမြင်အာရုံကို မဖုံးကွယ်ထားနိုင်ပေ။

“ဒါက....”

သူ မြင်လိုက်ရသော မြင်ကွင်းသည် အလွန်ရှင်းလင်းပြီး ကြီးကျယ်ခမ်းနားလွန်းသည်။

ပေရာချီ နက်သော ဤတွင်းနက်ကြီးထဲတွင် ရှေးဟောင်းနန်းဆောင်များ နှင့် မျှော်စင်များသည် မရေမတွက်နိုင်အောင် ရှိနေကြသည်မှာ တစ်ခုနှင့်တစ်ခု သွယ်တန်းယှက်နွယ်နေသာ အနက်ရောင်တောင်တန်းများကဲ့သို့ပင်။

ယင်းအပေါ်၌ လျှို့ဝှက်ဆန်းကြယ်သော မဟာလမ်းစဉ် အက္ခရာများစွာကို ရေးထွင်းထားသည်။

နှစ်ကာလပေါင်းများစွာ ကျော်လွန်သွားပြီဖြစ်သော်လည်း ၊ ထိုအတွင်းရှိ နတ်စွမ်းအားသည် ဘယ်တော့မှ ပျောက်ကွယ်မသွားခဲ့ပုံရသည်။

မှောင်မိုက်နေသော ပတ်ဝန်းကျင်ထဲတွင် မှိတ်တုတ်မှိတ်တုတ် တောက်ပနေသော အလင်းမှုန်လေးများသည် လှည့်ပတ်နေသော ဂလက်ဆီ အမှုန်အမွှားလေးများနှင့် တူနေပြီး၊

ဤရှေးဟောင်းမြို့ကို လျှို့ဝှက်ဆန်းကြယ်သော အလွှာတစ်ခုဖြင့် အုပ်မိုးထားသည်မှာ ပို၍လှပပြီး ပဟေဠိဆန်သောခံစားချက်ကို ရရှိစေသည်။

တစ်ချိန်တည်းမှာပင် စူးချန်ကဲ၏ မျက်ဝန်းတစ်စုံ၌ နတ်အလင်းများ သက်ဝင်လှုပ်ရှားလာခဲ့သည်။ သူ၏အကြည့်သည် အကန့်သတ်မရှိသော အာကာသပြင်ကို ထိုးဖောက်သွားပြီး ယခင်က တည်ရှိခဲ့သော ဟွရှင်းရှေးဟောင်းမြို့ရှိရာ နေရာသို့ ကျရောက်သွားခဲ့သည်။

သို့သော် စူးချန်ကဲ၏ မျက်လုံးအိမ်များကို မှေးကျဉ်းသွားစေခဲ့သည်။

ဤသည်မှာ မြို့တစ်မြို့မဟုတ် ၊ မျှော်စင်ကြီးတစ်ခု ဖြစ်နေခဲ့သည်။

မြေကြီးထဲသို့ နှစ်မြှုပ်ခံလိုက်ရသော အကြောင်းရင်းကြောင့်လည်း ဖြစ်နိုင်သည်။လူတိုင်းမြင်တွေ့ခဲ့ရသည်မှာ အမြင့်ဆုံးမျှော်စင်၏ ထိပ်ပိုင်းသာ ဖြစ်သည်။

စူးချန်ကဲသည် အနည်းငယ် အံ့အားသင့်သွားပြီး ရေရွတ်လိုက်သည်။

“ဒီနေရာက... နတ်ဘုရားလက်နက် အမတမျှော်စင်ရဲ့ ပျောက်ဆုံးနေတဲ့ ရှေးဟောင်းမြို့ကြီးတစ်မြို့ ဖြစ်နေမလား “

ဤရှေးဟောင်းမြို့သည် အရမ်းကြီးလွန်းသဖြင့် စူးချန်ကဲအနေဖြင့် ဤမြို့၏ ယေဘုယျ ပုံသဏ္ဍာန်ကိုသာ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။

သို့သော်...

ယေဘုယျ ပုံသဏ္ဍာန်ကို ကြည့်ရုံဖြင့် ဤမြို့ကြီးသည် အလွန်ကိုပြီးပြည့်စုံပြီး ၊ အမည်မသိ ဘေးအန္တရာယ်ကို မကြုံခဲ့ရသလို မြေကြီးအောက်တွင် တမင်တကာ ပုန်းအောင်းနေသလားဟုပင် ထင်မှတ်ရသည်။

စူးချန်ကဲ စဉ်းစားနေစဉ်မှာပင်။

ဝီ !!

မူလက ရှေးဟောင်းမြို့ အဆောက်အအုံများပေါ်တွင် ရိုက်နှိပ်ထားသော မဟာလမ်းစဉ် မှော်သင်္ကေတများသည် ရုတ်တရက် ထွန်းတောက်လာလေသည်။

အလင်းရောင်၏ သက်ရောက်မှုအောက်တွင် လျှို့ဝှက်ဆန်းကြယ်သော အာကာသစွမ်းအားသည် အထဲကနေ ထွက်ပေါ်လာသည်နှင့် ၊ ထိုရှေးဟောင်းမြို့ရှိ မိုးကောင်းကင်သည် ဖြည်းညှင်းစွာ ပုံပျက်လာခဲ့သည်။

မူလက ရှင်းရှင်းလင်းလင်း မြင်ရသော ပုံသဏ္ဍာန်များသည် အမှောင်ထဲတွင် ရောထွေးသွားပြီး လျှို့ဝှက်ဆန်းကြယ်သော အာကာသစွမ်းအားတစ်ခု၏ ဖုံးလွှမ်းခြင်းကိုခံလိုက်ရပုံ ပေါ်သည်။

“ဟမ်...? ဒါ ဘာဖြစ်နေတာလဲ”

ထိုမြင်ကွင်းကို မြင်လိုက်ရသော စူးချန်ကဲသည် မျက်မှောင်ကြုတ်သွားသည်။

“ဒီရှေးဟောင်းမြို့က သူ့ဟာသူ အာကာသကန့်သတ်ချက်ကို ဖွင့်လိုက်တာလား...”

အဆိုပါ အာကာသစွမ်းအား၏ သက်ရောက်မှုအောက်တွင် ဤနေရာတစ်ခုလုံးသည် တဖြည်းဖြည်း ခွဲထွက်ကာ အခြားကမ္ဘာတစ်ခုအဖြစ် ဖွဲ့စည်းသွားသကဲ့သို့ သူ ခံစားမိလိုက်သည်။

“ မဟုတ်မှလွဲရော... ဒဏ္ဍာရီထဲကဟာက အမှန်ပဲလား!?”

ဘေးက ယွင်ယောင်သည် သူ့အလိုလို အော်ဟစ်မိကာ ရှေ့က မြင်ကွင်းကို ကြည့်ရင်း သူမ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“ဒဏ္ဍာရီ?”

စူးချန်ကဲသည် နားမလည်သော အမူအရာဖြင့် ရှိနေသည်။

နတ်ဘုရားလက်နက် အမတမျှော်စင်နှင့် ပတ်သတ်၍ သူသိထားသည်မှာ ထိုလျို့ဝှက်ချက်မှလွဲ၍ အခြားအကြောင်းအရာမှာ အပေါ်ယံများသာ ဖြစ်သည်။

ဤလျှို့ဝှက်နေရာသည် သမိုင်းတွင် ဖုံးကွယ်ထားသော အရာဖြစ်ပြီး ၊ ယောင်ကွမ်အမတဂိုဏ်းသည် မည်သို့သိရှိခဲ့သနည်း။

ထိုသို့ထုတ်ပြောမိပြီးနောက် ၊

ယွင်ယောင်သည် ချက်ချင်း နောင်တရသွားခဲ့သည်။

ယောင်ကွမ်အမတဂိုဏ်းသည် နတ်ဘုရားလက်နက် အမတမျှော်စင်၏ ကျောက်စိမ်းဆွဲပြားမှတဆင့် ဤလျို့ဝှက်ချက်ကို သိရှိခဲ့ခြင်း ဖြစ်သည်။

နတ်ဘုရားလက်နက် အမတမျှော်စင်ထဲသို့ မဝင်ရောက်မီ ၊ ဤသတင်းကို ယောင်ကွမ်အမတဂိုဏ်းဝင် တပည့်တိုင်းကို ပြောပြထားသည်။

ထို့အပြင် ဂိုဏ်းအကြီးအကဲများသည် အခြားသူများကို မပြောမိစေရန် အထူး သတိပေးခဲ့သည်။

သို့သော် စူးချန်ကဲသည် သူမတို့၏ အသက်ကို ကယ်တင်ပေးခဲ့သည်။

ယွင်ယောင်သည် စိတ်ထဲတွင် အတွေးများနေစဉ် ၊ သူမသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရမိသွားပြီး အံကြိတ်ကာ စူးချန်ကဲအား မေးမြန်းလိုက်သည်။

“ကျွန်မ ရှင့်ကို ပြောပြနိုင်ပါတယ်၊ ဒါပေမဲ့ ရှင်က ဘယ်သူလဲဆိုတာ ကျွန်မတို့ကို ပြောပြနိုင်မလား”

“ပြီးတော့၊ ရှင်က ဘာလို့ ကျွန်မတို့ ယောင်ကွမ်အမတဂိုဏ်းရဲ့ နတ်ဘုရားမ အမည်ကို သိနေရတာလဲ”

“ ရှင်က ကျွန်မတို့ နတ်ဘုရားမနဲ့ ဘယ်လိုပတ်သတ်လဲ”

ထိုမေးခွန်းများကို မေးပြီးနောက်၊ သူမတို့နှစ်ယောက်သည် တမင်တကာ စူးချန်ကဲနှင့် အကွာအဝေးတစ်ခု ခွာလိုက်ကြသည်။

စူးချန်ကဲတွင် ပြဿနာရှိသည်ဟု ထင်သည်နှင့် သူမတို့သည် တဖက်လူကို အခွင့်အရေးမပေဘဲ ကိုယ့်ကိုယ်ကို သတ်သေကြပေမည်။

စူးချန်ကဲသည် အနည်းငယ် တုန်လှုပ်သွားသည်။ ဤမေးခွန်းများအတွက် သူကိုယ်တိုင်လည်း ထင်မှတ်မထားခဲ့ချေ။

သို့သော် သေချာစဉ်းစားပြီးနောက် ၊ သူ့အနေဖြင့် ဖုံးကွယ်စရာမလိုမှန်း ခံယူမိသည်။

မည်သို့ပင်ဖြစ်စေ ၊ သူ၏ အထောက်အထား အပြင် လော့ရန်ယွီနှင့်ဆက်ဆံရေးသည် ဤနတ်ဘုရားလက်နက် အမတမျှော်စင် ခရီးစဉ်တွင် ပေါ်လွင်လာလိမ့်မည် ဖြစ်သည်။

စူးချန်ကဲသည် ပြုံးရယ်ကာ ပြန်ပြောလိုက်သည်။

“ငါ့နာမည်က စူးချန်ကဲ”

“ရန်ယွီကို သိတယ်ဆိုတာက ဘာလို့လဲဆိုတော့ တိုက်မြေသုံးထောင်မှာ သူမနဲ့ သိကျွမ်းခဲ့လို့ပဲ ပြီးတော့ သူမက ငါ့စိတ်ထဲမှာ အရေးကြီးဆုံး လူတစ်ယောက်ပဲ”

ထိုစကားများထွက်လာသည်နှင့် ။

အာကာသတစ်ခုလုံး ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားသည်။

စူးချန်ကဲ၏စကားများသည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ သူမတို့၏ခေါင်းထဲတွင် အဆက်မပြတ် ပေါက်ကွဲနေပြီး မျက်လုံးများ ပြူးကျယ်စွာဖြင့် ရှိနေကြသည်။

စူးချန်ကဲ!?

အမတနယ်မြေတွင် ဤအမည်ကို မည်သူကများ မသိရှိမည်နည်း။

တားမြစ် စူးမိသားစု၏ သခင်ငယ်၊ ကွေးယွမ်အမတဂိုဏ်း၏ ဆက်ခံသူ၊ သံသရာစက်ဝန်း အမတမင်းဆက်၏ မင်းသား..

မဟာလမ်းစဉ် စာရင်းထဲကို ပထမဆုံး ဝင်ရောက်ခဲ့သော ပါရမီရှင် ၊ ထို့အပြင် သမိုင်းတွင် မရှိခဲ့ဖူးသော ကိုယ်ထည်ခြောက်မျိုးကို ပိုင်ဆိုင်ထားသူ...

ထို့အပြင် အတိတ်က သူ၏ ခမ်းနားထည်ဝါသော အောင်မြင်မှုများသည် သူတို့ထဲက ဘယ်သူမဆို ထာဝရ အမှတ်ရနေမိနိုင်သည်။

ဤကဲ့သို့ များပြားသော ဒဏ္ဍာရီများသည် တစ်ယောက်တည်းတွင် ဖြစ်ပျက်ခဲ့သည်။

သူမတို့နှစ်ယောက်စလုံး မှန်းဆထားမိသော်လည်း ၊သို့သော် အမှန်တရားသည် ယခုလို ပြီးပြည့်စုံစွာ ထွက်ပေါ်လာချိန်မှာတော့ သူမတို့အနေဖြင့် အတော်လေး အံ့အားသင့်ခဲ့ရသည်။

သူမတို့၏ မျက်စိရှေ့က ဤမျှချောမောလှပပြီး ထက်မြက်သော အမျိုးသားသည် ဒဏ္ဍာထဲက စူးချန်ကဲဆိုသူ ဖြစ်နေခဲ့လေသလော။

“ခဏလေး....”

ယွင်ယောင်သည် တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။

အပြင်တွင် ဤသို့ ကောလဟာလသတင်းများ ထွက်ပေါ်နေခဲ့သည်။ စူးချန်ကဲသည် ကိုယ်ထည် ခြောက်မျိုးကို ပိုင်ဆိုင်ထားသည့်အတွက် မဟာလမ်းစဉ်၏ တန်ပြန်သက်ရောက်မှုကို ခံရကာ ထို့ကြောင့် သူ၏ ကျင့်ကြံမှုသည် အခြားသော ပါရမီရှင်များထက် နိမ့်ကျသည်ဟု ဆိုကြသည်။

စူးချန်ကဲ၏ ခွန်အားသည် နတ်ဘုရားခန္ဓာနှစ်မျိုးကို ပိုင်ဆိုင်ထားသော ပါရမီရှင်များထက်ပင် အားနည်းနေနိုင်သည်ဟု ထင်မြင်ယူဆထားကြသည်။

သို့သော် စောနကဖြစ်ရပ်အရ ၊ သူသည် ပါရမီရှင် ဆယ့်တစ်ယောက်ကို အသာလေး ရှင်းထုတ်ပစ်ခဲ့သည်။

ဤအရာကို အားနည်းသည်ဟု ဆိုပါက...

‌ဒါဆို သူတို့ကဘာတွေလဲ ?

အညံ့ဖျင်း‌ဆုံးတွေထဲက အညံ့တကာ့အညံ့ဆုံးတွေလား!?

All Chapters