← Chapters

လမ်းကြောင်းက မတူဘူးဆိုတော့ အတူယှဉ်တွဲနေထိုင်ဖို့ အခွင့်အရေး ဘယ်တော့မှမရှိ

Vol. 47 Ch. 648

လမ်းကြောင်းက မတူဘူးဆိုတော့ အတူယှဉ်တွဲနေထိုင်ဖို့ အခွင့်အရေး ဘယ်တော့မှမရှိ

Vol. 47 Ch. 648

အရှေ့ပိုင်း တော်ဝင်နယ်မြေက အလွန်စည်ကားနေသည်။ ဆန်းကြယ်နတ်ဘုရား တောင်ပေါ်၌ ဆန်းကြယ်နတ်ဘုရား နန်းတော် ပေါ်ပေါက်လာခြင်းက မရေမတွက်နိုင်သည့် သိုင်းပညာရှင်များကို စွဲလမ်းစေတော့၏။ ဧကရာဇ်ကိုးပါး မျိုးနွယ်စုက သူတို့သည် ဆန်းကြယ်နတ်ဘုရားတောင်ကို မပိတ်ထားကြောင်းနှင့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တိုင်းက ကံသွားစမ်းနိုင်ကြောင်း ကြေညာချက်ထုတ်ထားသည်။ သို့သော် လူတိုင်း၌ အခွင့်အရေး တစ်ခုသာရှိ၏။ သူတို့က တောင်ထွတ်ပေါ်သို့ မရောက်နိုင်ခဲ့လျှင် တောင်ပေါ်သို့တက်ရန် အခွင့်အရေး ထပ်ရတော့မှာ မဟုတ်ချေ။

ဧကရာဇ်ကိုးပါး မျိုးနွယ်စုက သေးသိမ်သောကြောင့် မဟုတ်ပေ။ အကြောင်းမှာ ဧကရာဇ်ကိုးပါး မျိုးနွယ်စု၏ ကျွမ်းကျင်သူများကတောင် တောင်ပေါ်သို့ မတက်နိုင်သောကြောင့်ဖြစ်သည်။ ဧကရာဇ်ကိုးပါး ကြိုးစားခဲ့သော်ငြား မည်သူကမှ တောင်ထွတ်ပေါ်သို့ မရောက်နိုင်ချေ။ ကျန့်မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်က တောင်တစ်ဝက်သာ ရောက်ခဲ့ပြီး ဆန်းကြယ်နတ်ဘုရား နန်းတော်၏ သွင်ပြင်အပြည့်အဝကို မြင်ခဲ့သည်။ ကျန့်သည့်သူများကမူ ဆန်းကြယ်နတ်ဘုရား နန်းတော်၏ ထောင့်ကိုသာ တွေ့ခဲ့ရ၏။

ဗာဂျရာနယ်ပယ်ဟု ကန့်သတ်ထားရသည့် အကြောင်းအရင်းမှာ ဗာဂျရာနယ်ပယ်အောက် သိုင်းပညာရှင်များက တောင်ပေါ်သို့ အတင်းအဓမ္မတက်ခဲ့လျှင် သေနိုင်၏။ ဆန်းကြယ်နတ်ဘုရားနန်းတော် ဖွင့်လှစ်ချိန်တိုင်းတွင် ဗာဂျရာနယ်ပယ်အထက် သိုင်းပညာရှင်များကိုသာ သွားခွင့်ပေးခြင်းမှာ သိုင်းခန်းမထဲသို့ ခြေမချရသေးသော သိုင်းပညာရှင်များက သူ့အမွေအနှစ်ကို ရခွင့်မရှိဟု ဆိုလိုတာပဲဖြစ်သည်။

ဧကရာဇ်ကိုးပါး မျိုးနွယ်စု၏ မျိုးဆက်များ အားလုံးနီးပါး  ကြိုးပမ်းခဲ့ပြီး ယင်းကိုမည်သူမျှ မရခဲ့ကြပေ။ ဆန်းကြယ်နတ်ဘုရား နန်းတော်က ဆန်းကြယ်နတ်ဘုရား တောင်ထွတ်ပေါ်၌ ထာဝရရှင်သန်သူတစ်ဦး၏ နန်းတော်သဖွယ် မားမားမတ်မတ် ရှိနေတော့သည်။ ယင်းက လူသားများ ဘယ်တော့မှ ခြေချနိုင်မှာမဟုတ်သည့် ထာဝရရှင်သန်ခြင်း နယ်ပယ်တစ်ခုဖြစ်၏။

ဧကရာဇ်ကိုးပါး ကခွန်အားကိုသာ သုံးခြင်းဖြင့် ဆန်းကြယ်နတ်ဘုရား နန်းတော်ကို ရရန်မဖြစ်နိုင်မှန်း နားလည်သည်။ ဆန်းကြယ်ဧကရာဇ်၏ အသိအမှတ်ပြုမှုကို ရရမည်။ မဟုတ်လျှင် သူတို့က တောင်ထွတ်ပေါ် ဘယ်တော့မှ ခြေချနိုင်မှာမဟုတ်ပေ။ သို့သော် ဆန်းကြယ်ဧကရာဇ်၏ ခွင့်ပြုချက်ကို ရရန်နည်းလမ်း ရှိပါသည်လော။ လူတစ်ယောက်၏ ကံနှင့်ကံကြမ္မာပေါ်သာ မူတည်နေမည်ဆိုတာ မည်သူကသိမည်နည်း။

အရှေ့ပိုင်း တော်ဝင်နယ်မြေတွင် နောက်ထပ် အုတ်အော်သောင်းတင်း ဖြစ်ရပ်တစ်ခု ရှိသေး၏။

ရှီးဖေးနှင့် ကျန့်ဝူယင် ပြန်လာသော်ငြား သူတို့ခေါ်လာခဲ့သည့် သိုင်းပညာရှင်များထဲတွင် အနည်းစုသာ အသက်ရှင်လျက် ပြန်လာခဲ့ပြီး ရှန်းဝမ်တာ့ရှီးများနှင့် ကျန်းရှင်းကျားများ ပျောက်ကွယ်သွား၏။ သူတို့နှစ်ယောက်က ကျရှုံးမှု၏ အမှန်တရားကို ဖုံးကွယ်မထားခဲ့ပေ။ ပြန်လည်ပြောဆိုချက်လည်း မရှိ။ ဧကရာဇ်ကိုးပါး မျိုးနွယ်စု၏ မျိုးဆက်များက ဂုဏ်ယူဝင့်ကြွားသည့်သူများဖြစ်ပြီး ကျရှုံးခြင်းကို လက်ခံနိုင်သူများ ဖြစ်သည်။ သူတို့က ဘယ်တော့မှ လိမ်ညာမပြော။ အချက်အလက်များကို ပြောင်းပြန်လှန်ပြောခြင်း မရှိပေ။

ကျရှုံးမှုက ကျရှုံးမှုသာဖြစ်ပြီး ဘာမှကွယ်ဝှက်ထားစရာ မရှိပေ။ ဤအရှက်ကွဲမှုကို ဆေးကြောရန်အတွက် သူတို့အခွင့်အရေးတစ်ခု ရှာပေမည်။ ယင်းက ဧကရာဇ်ကိုးပါး မျိုးနွယ်စု၏ မျိုးဆက်သား ဂုဏ်သိက္ခာနှင့် ပုံစံဖြစ်သည်။ ထိုအကြောင်းကြောင့် မျိုးနွယ်စုကိုးခုက အစွမ်းထက်နေရတာလည်း ဖြစ်သည်။

သူတို့၏ကိုယ်ပိုင် ကျရှုံးမှုမှ မထွက်ပြေးခဲ့ဘဲ စိန်ခေါ်မှုများကို လက်ခံရမှာ ကြောက်ရွံ့မနေခဲ့ပေ။

ထိုအကြောင်းအရင်းက ဧကရာဇ်ကိုးပါး မျိုးနွယ်စုသည် နှစ်ပေါင်း(၇)သိန်းကျော် ရပ်တည်လာနိုင်ပြီး မယုတ်လျော့သွားရသည့် အကြောင်းအရင်းပင်ဖြစ်သည်။ မျိုးနွယ်စု တစ်စုအဖို့ ကောင်းကင်ကို ဖီဆန်နိုင်သော သိုင်းပညာရှင်တစ်ဦး ပေါ်ထွက်လာဖို့က လွယ်ကူသည့် တာဝန်ဖြစ်သည်။ သို့သော် မျိုးနွယ်စုတစ်စုအတွက် မျိုးဆက်ပေါင်းများစွာ ဖြည့်ဆည်းပေးဖို့က မျိုးနွယ်စုသည် ထူးခြားသည့်ဝိညာဉ် အမွေဆက်ခံမှုတစ်မျိုး လိုအပ်သည်။ ယင်းက နောင်မျိုးဆက်သစ်များကို တင်းကျပ်စွာ ပျိုးထောင်မည့် မျိုးနွယ်စု စည်းမျဉ်းများပင်ဖြစ်သည်။ ယင်းကသာလျှင် သိုင်းပညာရှင်များနှင့် ပါရမီရှင်များကို မွေးထုတ်နိုင်ပြီး မျိုးနွယ်စု၏ ထာဝရစွမ်းအင် ထိန်းထားနိုင်မည့် အရာဖြစ်သည်။

တစ်ချိန်ထဲတွင် ကျန်းရီ၏အမည်က အရှေ့ပိုင်း တော်ဝင်နယ်မြေ တစ်ခုလုံး၌ လူသိများသွားပြီဖြစ်သည်။

သူသည် ဆန်းကြယ်နတ်ဘုရား နန်းတော်၌ ဧကရာဇ်ကိုးပါး မျိုးနွယ်စု၏ မျိုးဆက်များကို ဖိနှိပ်နိုင်ခဲ့ပြီး ရှီးဖေးနှင့် ကျန့်ဝူယင်တို့ကို အရှုံးဖြင့် ပြန်လာစေခဲ့သည်။ သူ၏ကံကောင်းမှု သို့မဟုတ် အကြံအစည်ပဲ ဖြစ်စေကာမူ အရေးမကြီးပေ။ သူကအောင်မြင်စွာ လုပ်နိုင်ခဲ့သေးတာပဲဖြစ်သည်။ အဆင့်များကို မြင်တွေ့ရတာ နှစ်သက်ခြင်းမရှိဘဲ ရလဒ်ကိုသာ မြင်ကြသည့် ကိစ္စရပ်များစွာရှိသည်။ အနိုင်ရသူက ဘုရင်ဖြစ်ပြီး ရှုံးနိမ့်သူက ဦးညွှတ်ရပေမည်။ နောက်ဆုံး ရယ်မောနိုင်သည့်သူက အမြဲတမ်း သူရဲကောင်းဖြစ်၏။

ကျန်းရီကို မည်သူကမှ မြင့်မြင့်မားမား မတွေးထားပေ။ အမှန်တကယ်တွင် အချို့က သူမည်မျှ အသက်ရှင်နိုင်မည်ဟူ၍တောင် ဆွေးနွေးပြီး လောင်းကြေးထပ်နေကြတာရှိသည်။

ရေရှည်ပြေးသည့် သမိုင်းကြောင်းထဲတွင် ထူးချွန်ထက်မြက်သည့် ပါရမီရှင် များစွာရှိပြီး ဧကရာဇ်ကိုးပါး မျိုးနွယ်စု၏ မျိုးဆက်များကို ဖိနှိပ်နိုင်ခဲ့သည့်သူများ ရှိပေ၏။ ဧကရာဇ်ကိုးပါး မျိုးနွယ်စုဝင်များကို သတ်ဖြတ်ခဲ့သည့် သိုင်းပညာရှင်များတောင် ရှိသည်။ အဆုံးတွင်မူ ထိုလူများအားလုံး ကွယ်ပျောက်ခဲ့ရပြီး ဧကရာဇ်ကိုးပါး မျိုးနွယ်စုက အရှေ့ပိုင်း တော်ဝင်နယ်မြေ၌ မားမားမတ်မတ် ရပ်နေနိုင်သေးပြီး အထက်ကနေ ငုံ့ကြည့်နေဆဲဖြစ်သည်။

သူတို့က နှစ်ပေါင်း(၇)သိန်းကျော် တည်ရှိလာသည့် ရှေးဟောင်းမျိုးနွယ်စုများဖြစ်ပြီး ထိုသို့တိုင် မယုတ်လျော့သွားပေ။ သူတို့၏ မဟာမျိုးနွယ်စုကိုးစု အုတ်မြစ်ကို မည်ကဲ့သို့ တည်ထောင်ခဲ့သနည်း။ သူတို့မျိုးနွယ်စုက သိုင်းပညာရှင်မည်မျှ ပိုင်ဆိုင်သနည်း။ သူတို့၌ ကွယ်ဝှက်ထားသည့်အင်အား မည်မျှရှိသနည်း။ မည်သူမှမသိပေ။ သူတို့၏ခွန်အား အစစ်အမှန် ထုတ်ဖော်လာအောင် မည်သူကမှ ဖိအားမပေးနိုင်ပေ။

ကျန်းရီကဲ့သို့ ပုပ်သိုးနေသော ငါးတစ်ကောင်ကို မဆိုထားနှင့် အဓိကမျိုးနွယ်စုတစ်စုက ဧကရာဇ်ကိုးပါး မျိုးနွယ်စုကို ဆန့်ကျင်ရဲခဲ့လျှင်တောင် သူတို့လက်အဝှေ့ တစ်ချက်ဖြင့် ရေခဲစိုင်၏ထောင့်က သူတို့ရန်သူများကို အမှုန့်ဖြစ်သွားအောင် ချေမှုန်းနိုင်ရန် လုံလောက်နေပြီဖြစ်သည်။ သူတို့ဘယ်တော့မှ ထပ်မံထွန်းတောက်နိုင်မှာ မဟုတ်ပေ။

ရှီးဖေးနှင့် ကျန့်ဝူယင်က မျိုးနွယ်စုနှစ်စု တတိယမျိုးဆက်တွင် အထူးချွန်ဆုံးဖြစ်သည်။ သို့သော် သူတို့သုံးနိုင်သည့် အင်အားစုက နည်းပါးလွန်းသည်။ မဟာမျိုးနွယ်စု ကိုးစု၌ တင်းကျပ်သည့် မျိုးနွယ်စု စည်းမျဉ်းများရှိပြီး ရှီးဖေး၏အဖေ ရှီးမျိုးနွယ်စု၏ လက်ရှိခေါင်းဆောင်ကတောင် ရေခဲစိုင် ထိပ်ဖျားမျှသာရှိသော မျိုးနွယ်စု၏ အင်အားကိုသာ သုံးနိုင်တာဖြစ်သည်။ ထို့အပြင် ရှီးမျိုးနွယ်စု၏ခေါင်းဆောင် လက်ရှိ မိစ္ဆာဧကရာဇ်ကတောင် ရှီးမျိုးနွယ်စု၏ တပ်ဖွဲ့အားလုံးကို မရွှေ့ပြောင်းနိုင်ပေ။ ရှီးမျိုးနွယ်စု တစ်စုလုံးကို လှုပ်ရှားခိုင်းချင်လျှင် သူတို့က မဟာအကြီးအကဲ ကြီးမြတ်သော အကြီးအကဲ (၁၂)ဦးထံမှ ခွင့်ပြုချက်တစ်ဝက်ကို လိုအပ်သည်။

ရှီးမျိုးနွယ်စု၏ ကြီးမြတ်သော အကြီးအကဲများက မည်သူနည်း။

အပြင်လူများက ထိုသူများကို မည်သူမှန်းမသိ။ ရှီးဖေးတောင် မသိပေ။ ရှီးဖေးက ရှီးမျိုးနွယ်စု၏ လွှမ်းမိုးနိုင်သော အင်အားအတိအကျကိုသိရန် အရည်အချင်းတောင် မမှီပေ။ ကျန်သည့် မျိုးနွယ်စုများအတွက်လည်း တူညီပေ၏။ မျိုးနွယ်စု စည်းမျဉ်းများက တင်းကျပ်လွန်းပြီး ထိုစည်းမျဉ်းများအလိုက် လိုက်နာရသောကြောင့်ဖြစ်သည်။ ရှီးမျိုးဆက်၏ မျိုးနွယ်စုခေါင်းဆောင်က အမှားကျူးလွန်ခဲ့လျှင်တောင် မျိုးနွယ်စုက ကြီးကြီးမားမား ထိခိုက်မှု ခံစားရမှာမဟုတ်ဘဲ ထာဝရ ရေရှည်တည်တံ့နေအုံးမှာပဲဖြစ်သည်။

ဧကရာဇ်ကိုးပါး မျိုးနွယ်စုသည် လူတိုင်းကြောက်ရွံ့ရသည့် အရာဖြစ်သည်။ ကျန်းရီကဲ့သို့ ပုပ်သိုးနေသော ငါးတစ်ကောင်သည် ဧရာမမျိုးနွယ်စုကြီး နှစ်စုမှ အညှာအတာမဲ့ ဖိနှိပ်မှုထံမှ လွတ်မြောက်နိုင်မည်ဟု မည်သူက တွေးမိမည်နည်း။ ထင်သည့်အတိုင်းပင် ရှီးဖေးနှင့် ကျန့်ဝူယင်တို့ သူတို့မျိုးနွယ်စုဆီ ပြန်ရောက်ပြီးနောက် မျိုးနွယ်စုနှစ်စုက ချက်ချင်း လှုပ်ရှားကြတော့သည်။ အမျိုးမျိုးသော မျိုးနွယ်စုများမှ ကင်းထောက်များသည် မိစ္ဆာဧကရာဇ်မြို့နှင့် ဓားဧကရာဇ်မြို့ အထက်ကောင်းကင်၌ ရောင်ခြည်တန်းများ လင်းထိန်နေတာကို တွေ့လိုက်ရသည်။ မြို့တိုင်းက လေဟာနယ် ရှေးလမ်းကြောင်းငါးခုကို ဖွင့်လှစ်ခဲ့ပြီး မိစ္ဆာဧကရာဇ် တပ်ဖွဲ့ငါးဖွဲ့နှင့် ဓားဧကရာဇ် တပ်ဖွဲ့ငါးဖွဲ့က လေဟာနယ် ရှေးလမ်းကြောင်း အသီးသီးသို့ ဝင်ရောက်သွားခဲ့၏။ တပ်ဖွဲ့တိုင်း၌ ကျန်းရှင်းကျားနှင့် ရှန်းဝမ်တာ့ရှီး တစ်ယောက်စီရှိပြီး တပ်ဖွဲ့တိုင်းတွင် ကောင်းကင်ဧကရာဇ် အယောက်သုံးဆယ်ရှိကာ အဆင့်မြင့် ကောင်းကင်ဧကရာဇ် သုံးဦးက ဦးဆောင်၏။ မျိုးနွယ်စုနှစ်စုကနေ စေလွှတ်သည့် ကောင်းကင်ဧကရာဇ် စုစုပေါင်း သုံးရာကျော်ရှိသည်။ အားလုံးက ကျန်းရီသူတို့ကို ပေးခဲ့သည့် အရှက်ကွဲမှုကို ရှင်းလင်းရန်သာဖြစ်သည်။

အယောက်သုံးရာသော ကောင်းကင်ဧကရာဇ်များက ရှေးမဟာမျိုးနွယ်စုကို ကြောက်ရွံ့သွားစေနိုင်သည့် အရေအတွက်ဖြစ်သည်။ တဖန် သူတို့က ကျန်းရီကိုသတ်ရန် သူတို့ကို စေလွှတ်သည်လော။ ယင်းက မျိုးနွယ်စုနှစ်စု မည်မျှဒေါသထွက်နေကြောင်း သက်သေပြတာပဲဖြစ်သည်။ ကောင်းကင်ရှောင်တိမ်းခြင်းနှင့် ကျန်းရီကိုယ်ပေါ်တွင်ရှိသော မီးတိမ်သံချပ်ကာကလည်း မျိုးနွယ်စုနှစ်စု လူများစွာ စေလွှတ်လိုက်ရသည့် အကြောင်းအရင်းကောင်း တစ်ရပ်လည်းဖြစ်သည်။

အမှန်တကယ်တွင် ရှီးမျိုးနွယ်စုနှင့် ကျန့်မျိုးနွယ်စုက လှုပ်ရှားသည့်အချိန်၌ ဝူမျိုးနွယ်စုနှင့် ထူမျိုးနွယ်စုကလည်း အမှောင်ထဲတွင် တိတ်တဆိတ် လှုပ်ရှားကြသည်။ သတင်းအချက်အလက် သိရလျှင် အရှေ့ပိုင်း တော်ဝင်နယ်မြေ တစ်ခုလုံးကို အုံ့အုံ့ကြွကြွ ဖြစ်သွားစေမည်။ မဟာမျိုးနွယ်စု လေးစုက လူတစ်ယောက်ကို လိုက်ရန်အတွက် အတူတကွ ဆောင်ရွက်နေကြ၏။ ကျန်းရီက ကုန်လွန်ခဲ့သည့် နှစ်တစ်သောင်းတွင် ထိုအရာကို လုပ်ဆောင်နိုင်ခဲ့သည့် ပထမဆုံးလူဟူ၍ သတ်မှတ်နိုင်သည်။

သို့သော် တပ်ဖွဲ့များကို ငါးရက်တာ စေလွှတ်ပြီးနောက် သူတို့က တိတ်တဆိတ် ပြန်လာကြသည်။ ကျန်းရီကို သတ်ရန်မကြေညာခဲ့ပေ။ သူတို့အားလုံးက တိတ်ဆိတ်လွန်းလေရာ အဓိကမျိုးနွယ်စုကြီးများနှင့် မျိုးနွယ်စုလေးများက အလွန်ထူးဆန်းသည်ဟု ခံစားမိပြီး စတင်စုံစမ်းကြတော့သည်။

မျိုးနွယ်စုများစွာက သဲလွန်စအချို့ စုစည်းပြီးနောက် မဟာမျိုးနွယ်စုနှစ်စု နောက်ကလိုက်ကာ ကျရှုံးရသည့် အကြောင်းအရင်းကို မြန်မြန်ဆန်ဆန် ကောက်ချက်ချလိုက်၏။ ကျန်းရီက အစွမ်းထက်လွန်းသောကြောင့် မဟုတ်ဘဲ သူက ဧကရာဇ်ကိုးပါး မျိုးနွယ်စု မဝင်ရဲသည့်နေရာထဲ ဝင်သွားသောကြောင့်ဖြစ်သည်။ လွန်ခဲ့သည့်နှစ်ရက်၌ ကျန်းရီသည် အပြစ်သားကျွန်း၏ ပင်လယ်ဒေသနားသို့ ဝင်သွားခဲ့သည်။

ဆန်းကြယ်နတ်ဘုရား နန်းတော်၏ ရတနာရှာဖွေမှုတွင် ပါဝင်ခဲ့သော မျိုးဆက်သားတစ်ယောက် ရှိသည်။ သူက နဂါးညိုးရော်မြက်ပင် ကောင်းကင်ရှောင်တိမ်းခြင်းနှင့် မီးတိမ်သံချပ်ကာတို့ကို အလွန်အကြူး စွဲလမ်းနေ၏။ ထို့ကြောင့် ကျန်းရှင်းကျားတစ်ယောက်ကို ငှားပြီး စစ်ဆေးခိုင်းခဲ့ရာ ကျန်းရီသည် အပြစ်သားကျွန်း၏ ပင်လယ်ဒေသနားတွင် ရှိနေကြောင်း လျင်လျင်မြန်မြန် သိလိုက်ရသည်။

“အပြစ်သားကျွန်းတဲ့လား။ နှမြောစရာ ပါရမီရှင်ပဲ”

ဆန်းကြယ်ဧကရီ နန်းတော်၏ တင့်တယ်သော ခြံဝန်းထဲတွင် ခြေဗလာဖြင့် မိန်းမလှလေးတစ်ဦးက သက်ပြင်းချလျက် အပင်များကို ရေလောင်းနေသည်။ သူမ၏ ကြည်လင်သော မျက်ဝန်းများက စိတ်ပျက်မှု ဝမ်းနည်းမှု အရိပ်အယောင်တို့ ပေါ်နေသည်။

“ဟူး”

တစ်ချိန်တည်းတွင် နောက်ထပ်ခမ်းနားသော ခြံဝန်းထဲရှိ ခရမ်းရောင်ဆံနွယ် မိန်းမပျိုလေးကလည်း နတ်ဆိုးမျက်နှာဖုံးကို ဖယ်ထားလျက် မှိန်ဖျော့ဖျော့ မျက်ဝန်းများ ရှိနေလေ၏။ သူမက ခြံဝန်းထဲ ၁၅မိနစ်ကြာ စိုက်ကြည့်နေမိသည်။ အချိန်တတိတိ ကုန်ဆုံးသွားသည်နှင့် သူမ၏ မျက်ဝန်းများက တဖြည်းဖြည်း အေးစက်သွားတော့၏။ ပြီးနောက်သူမသည် ကောင်းကင်ဧကရာဇ်ဆီသို့ စာပို့ကာ အေးတိအေးစက်အသံဖြင့် ပြောလိုက်သည်။

“အမိန့်ပေးလိုက်တော့ ကျန်းရီရဲ့ အချက်အလက်ကို ရှာဖို့မလိုတော့ဘူး”

ယဉ်ရို့ပင်းနှင့် ရီချန်းက ဆန်းကြယ်ဧကရီနန်းတော်သို့ ရောက်လာပြီး သူတို့၏ ဖခင်များကို ရှာဖွေကာ ကျန်းရီကိုခေါ်ရန် နည်းလမ်းများ စဉ်းစားခဲ့သည်။ လအနည်းငယ် ကုန်လွန်သွားသည်မှာ နှမြောစရာ ကောင်းလှသည်။ မျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်လုံးက အလွန်အလုပ်များနေပြီး ဤအဖြစ်အပျက်အကြောင်း နားထောင်ရန် အခွင့်အရေး မရှိခဲ့ပေ။ ယခုအချိန်တွင် ပြောရန်မလိုတော့ပေ။ အပြစ်သားကျွန်းသို့ ဝင်ရောက်သွားခဲ့သည့် သိုင်းပညာရှင် ဆယ်ယောက်တွင် ကိုးယောက်က ဘယ်တော့မှ ပြန်ထွက်မလာပေ။ ပိုအရေးကြီးသည်က အပြစ်သားကျွန်းသို့ ဝင်ရောက်သွားသည့် သူများကို ဧကရာဇ်ကိုးပါး မျိုးနွယ်စုက သူတို့မျိုးနွယ်စုထဲ ဘယ်တော့မှ လက်မခံဟု ကြေညာချက် ထုတ်ထားတာပဲဖြစ်သည်။ လမ်းကြောင်းက မတူညီလျှင် အတူယှဉ်တွဲနေထိုင်ရန် အခွင့်အရေး ဘယ်တော့မှ ရှိတော့မှာမဟုတ်ပေ။

***

All Chapters