← Chapters

အခန်း (၂၆၈)

Vol. 26 Ch. 268

အခန်း (၂၆၈)

Vol. 26 Ch. 268

စီအန်ဆေးခန်းငယ်အတွင်း၌ သမားတော်ကြီး ဖန်းကျီသည် ကောင်းကင်ယံမှ ခရမ်းရောင်အလင်းတန်းကို ကြည့်ရင်း ရင်ခုန်စိတ်လှုပ်ရှားနေမိသည်။

ယွင်ရှန်းက လွန်ခဲ့သော ရက်အနည်းငယ်က လင်းယောင်အာမှတစ်ဆင့် သူမ ဆေးဖော်စပ်ရန် အခန်းအောင်းနေမည်ဖြစ်ကြောင်း သတင်းပါးခဲ့သော်လည်း မည်သည့်ဆေးအမျိုးအစား ဖြစ်သည်ကိုမူ မပြောခဲ့ပေ။

သို့သော် ယခုကဲ့သို့ ကြီးကျယ်ခမ်းနားလှသော ဆေးရောင်ခြည်ကို မြင်လိုက်ရချိန်တွင်မူ ဖန်းကျီသည် အံ့အားသင့်သွားရပြီး ၎င်းမှာ အနည်းဆုံး နတ်ဘုရားအဆင့်သို့မဟုတ် ထိုထက်ပင် မြင့်မားသော နတ်မင်းအဆင့်ဆေးလုံးဖြစ်နိုင်ကြောင်း သဘောပေါက်သွားတော့သည်။

တစ်ဖက်တွင်လည်း နန်းတွင်းသမားတော်ကြီး ယောင်ရုံသည် ယွီကျင်းမြို့၏ တစ်နေရာမှ ထွက်ပေါ်လာသော သက်တံရောင် ဆေးအလင်းတန်းကို ကြည့်ကာ လုံးဝ မှင်တက်သွားခဲ့သည်။

ယွီကျင်းမြို့ထဲမှာနတ်ဘုရားအဆင့် ဆေးလုံးကို ဖော်စပ်နိုင်တဲ့ သမားတော်တစ်ဦးက ရုတ်တရက် ဘယ်ကနေပေါ်လာတာလဲ။

ဆေးလုံးများ၏ အဆင့်အတန်းအရ ဆေးအလင်းရောင်မှာ ကွဲပြားလေ့ရှိကာ အပြာရောင်မှာ အဆင့်နိမ့်၊ လိမ္မော်ရောင်သည် အလယ်အလတ်တန်းစားဆေးဖြစ်ပြီး အနီရောင်မှာ အဆင့်

မြင့်ဆေးဖြစ်ကာ ခရမ်းရောင်ဆိုလျှင် နတ်ဘုရားအဆင့်ဆေးဟု သတ်မှတ်ထားကြသည်။

ယောင်ရုံသည် အလွန်တုန်လှုပ်သွားရသည်။ သူမကိုယ်တိုင် နတ်ဘုရားအဆင့် ဆေးလုံးများကို ဖော်စပ်နိုင်သော်လည်း ယခုကဲ့သို့ ကောင်းကင်ယံအနှံ့ ခရမ်းရောင်အလင်းများ ဖုံးလွှမ်းသွားစေနိုင်သော ဆေးလုံးမျိုးမှာမူ ထိပ်တန်းအရည်အသွေးရှိမှသာ ဖြစ်နိုင်သည်။

သူမ၏ ဆရာဖြစ်သူ ဆရာကြီးဝမ်ပင်လျှင် ဤမျှစွမ်းအားကြီးသော ဆေးလုံးကို ဖော်စပ်နိုင်ပါ့မလားဟု သံသယဝင်မိသည်။

ခရမ်းရောင် မြူခိုးများ ထွက်ပေါ်လာရာ အရပ်ကို ကြည့်လိုက်သောအခါ ၎င်းမှာ ဝူရွှမ်းဝူကျိခန်းမဘက်မှ ဖြစ်နေသည်။ ယခင်က ကျန့်မိသားစုသည် ဆေးဧကရာဇ်ခန်းမသို့ ထွက်ပြေးခိုလှုံခဲ့စဉ်က ဆေးဧကရာဇ်ခန်းမသည် ဝူရွှမ်းဝူကျိခန်းမမှ လာရောက်ဖမ်းဆီးသူများကို ပြင်းပြင်းထန်ထန် မောင်းထုတ်ခဲ့ဖူးသည်။

ထို့ကြောင့် ဝူရွှမ်းဝူကျိခန်းမနှင့် ဆေးဧကရာဇ်ခန်းမတို့မှာ ရန်ဘက်များ ဖြစ်နေကြပြီး ဝူရွှမ်းဝူကျိခန်းမမှ သမားတော်သစ်တစ်ဦး ငှားရမ်းထားကြောင်းလည်း သတင်းကြားထားသည်။

အကယ်၍ ဤဆေးလုံးကို ထိုသမားတော်က ဖော်စပ်ခဲ့ခြင်းဆိုလျှင် ဆေးဧကရာဇ်ခန်းမ၏ ဂုဏ်သိက္ခာနှင့် ရပ်တည်မှုမှာ တိုက်ကြီးပေါ်တွင် အကြီးအကျယ် လှုပ်ခတ်သွားပေလိမ့်မည်။ စိုးရိမ်စိတ်များဖြင့် ယောင်ရုံသည် အခြားသမားတော်များနှင့်အတူ ဆရာကြီးဝမ်ရှိရာသို့ အပြေးအလွှား သွားရောက်ခဲ့သည်။

"ယောင်ရုံ... ဝူရွှမ်းဝူကျိခန်းမက ဒီသမားတော်အကြောင်းကို မင်း တကယ်ပဲ ဘာမှ မသိထားတာလား"

ဆရာကြီးဝမ်က မေးလိုက်သည်။ ဤသူသည် မကြာသေးမီက ပေါ်ထွက်ခဲ့သော လနတ်သမီး၏ ချီးမွမ်းသံမှော်ဆေးရည်နှင့် ပတ်သက်နိုင်သည်ဟု သူ သံသယဝင်နေသည်။

"ဒါက..."

ယောင်ရုံ ခဏတာ တုံ့ဆိုင်းသွားသည်။ အမှန်စင်စစ် လမ်းတစ်ဝက်တွင် သူမ၏ စိတ်ထဲ၌ နာမည်တစ်ခု ရုတ်တရက် ဖျတ်ခနဲ ပေါ်လာခဲ့သည်။

ယွင်ရှန်း…..

ယောင်ရုံ၏ ထူးဆန်းသော အမူအရာကို မြင်သောအခါ ဆရာကြီးဝမ်က "ဘယ်သူလဲဆိုတာ မင်းသိနေတာလား" ဟု ထပ်မံဖိအားပေး မေးမြန်းလိုက်သည်။

"ဆရာကြီးကို ဖုံးကွယ်ထားတာ မဟုတ်ပါဘူး။ ဒါက ကျွန်မရဲ့ ခန့်မှန်းချက်ပဲ ရှိပါသေးတယ်။ ဝူရွှမ်းဝူကျိခန်းမကို စုံစမ်းပြီးမှ သေချာသိရမှာပါ။ ကျွန်မ သံသယရှိတာကတော့... ဒီနတ်ဘုရားအဆင့် ဆေးလုံးကို ဖော်စပ်ခဲ့သူက ဖန်းကျီက ဆေးဧကရာဇ်ခန်းမရဲ့ စာမေးပွဲကို ခေါ်လာခဲ့ဖူးတဲ့ ဆေးမြက်ခူးတဲ့ ကောင်မလေးဖြစ်နိုင်ပါတယ်"

ယောင်ရုံက သက်ပြင်းချရင်း ပြောလိုက်သည်။ အကယ်၍ သူမ၏ ခန့်မှန်းချက်သာ မှန်ကန်ပါက ဆေးဧကရာဇ်ခန်းမသည် တကယ့်ပါရမီရှင်တစ်ဦးကို လက်လွတ်ဆုံးရှုံးခဲ့ရခြင်းပင်။

"ဘာ ဆေးမြက်ခူးတဲ့ ကောင်လေးလား။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

ဆရာကြီးဝမ် အပါအဝင် အားလုံးမှာ ထိုသူမှာ ဆေးမြက်ခူးသူမျှသာ ဖြစ်သည်ဟု ကြားလိုက်ရသဖြင့် မှင်တက်သွားကြသည်။

"ကျွန်မ စကားမဆုံးသေးပါဘူး။ အဲ့ဒါက လွန်ခဲ့တဲ့ နှစ်နှစ်ကပါ။ ချီဖန့်ဖေးလည်း အဲ့ဒီကလေးကို မြင်ဖူးပါတယ်။ အဲ့ဒီတုန်းက သူက ၆ နှစ်၊ ၇ နှစ်လောက်ပဲ ရှိပါသေးတယ်"

ယောင်ရုံက ပြောလိုက်သည်။ ထိုကလေးမလေးမှာ ဆေးခန်းတွင် မနေဘဲ တော်ဝင်မှော်

အကယ်ဒမီတွင် မှော်ပညာ သွားရောက်သင်ကြားနေကြောင်း သူမ သတင်းကြားထားခဲ့သည်။

ထိုကလေးမလေးနှင့် ပတ်သက်၍ နောက်ထပ် သတင်းအချက်အလက်များကို သူမ ထပ်မံမသိရှိခဲ့ရတော့ပေ။

"ဆရာကြီး... ကျွန်မလည်း အဲ့ဒီကလေးကို မှတ်မိနေပါသေးတယ်။ သူက ဆေးဖော်စပ်သူ စာမေးပွဲကို လာဖြေတာပါ။ အသက်ငယ်ပေမဲ့ ဆေးဖက်ဝင်အပင်တွေအပေါ် သူ့ရဲ့ ဗဟုသုတက ကျွန်မကိုတောင် အရှက်ရစေခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီကလေးက အရမ်းလည်း သတ္တိရှိတယ်"

ချီဖန့်ဖေးကလည်း သူမ မှတ်မိသမျှကို ပြန်လည်ပြောပြသည်။ ယွင်ရှန်းက စာမေးပွဲတွင် ဆေးပင်များကို ကိုယ်တိုင်မြည်းစမ်းကာ စမ်းသပ်ခဲ့သည့် ရဲတင်းသော လုပ်ရပ်များကိုလည်း သူမ ပြန်ပြောပြခဲ့သည်။

"သူက ဆေးဖော်စပ်သူအဆင့်ပဲ ရှိတာလား။ ဆေးဖော်စပ်သူတစ်ယောက်က အဆင့်နိမ့်ဆေး ဖော်စပ်နိုင်ရင်တောင် တော်တော်လေး အောင်မြင်နေပြီလို့ ပြောလို့ရတယ်"

ဆရာကြီးဝမ်က ပြောလိုက်သည်။ ဆေးဧကရာဇ်ခန်းမ၏ လေ့ကျင့်မှုစနစ်အရ ဆေးဖော်စပ်သူ အဆင့်ရှိသူများသည် ဆေးလုံးဖော်စပ်ခြင်းကိစ္စများတွင် ပါဝင်ခွင့်မရှိသေးသောကြောင့်ပင်။

"ကျွန်မ စကားမဆုံးသေးပါဘူး ဆရာကြီး။ အဲ့ဒီတုန်းက သူက ဆေးဖော်စပ်သူ စာမေးပွဲတင်

မကဘူး။ သမားတော်စာမေးပွဲကိုပါ အောင်မြင်ခဲ့တာပါ။ သမားတော်ခါးပတ်ပြားကို ကျွန်မကိုယ်တိုင် ပေးခဲ့တာပါ။ သူက ဖန်းကျီနဲ့ ပူးပေါင်းပြီး ဦးနှောက်အတွင်း သွေးခဲနေတဲ့ ကလေးတစ်ယောက်ကို ဦးခေါင်းခွဲစိပ်ကုသမှုတောင် အောင်အောင်မြင်မြင် လုပ်ခဲ့ပါသေးတယ်"

ယောင်ရုံက ပြောလိုက်သည်။

ဦးခေါင်းခွဲစိပ်မှုလား။

ဆရာကြီးဝမ်မှာ နောက်တစ်ကြိမ် အကြီးအကျယ် တုန်လှုပ်သွားရပြီး စကားပင် မဆိုနိုင်တော့ပေ။ အသက် ၆ နှစ်၊ ၇ နှစ်အရွယ် ကလေးတစ်ယောက်က ဤမျှ ခက်ခဲလှသော ခွဲစိပ်ကုသမှုကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည်မှာ မယုံနိုင်စရာပင်။ ပုံမှန်အားဖြင့် ထိုအရွယ်ကလေးများသည် သွေးမြင်လျှင်ပင် ကြောက်လန့်နေကြမည် မဟုတ်ပါလား။

"ဒီလောက် ပါရမီထူးတဲ့ကလေးကို ဘာလို့ ဆေးဧကရာဇ်ခန်းမထဲကို ခေါ်မထားခဲ့တာလဲ" ဆရာကြီးဝမ်မှာ ဆက်ပြီး မထိုင်နိုင်တော့ပေ။ သူ တရားကျင့်ကြံနေစဉ်အတွင်း ဤမျှကြီးမားသော ကိစ္စရပ်များ ဖြစ်ပျက်ခဲ့သည်ကို သူ မသိခဲ့ရပေ။

"ဆရာကြီး... ကျွန်မ မခေါ်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့..."

ယောင်ရုံက ခါးသီးစွာ ပြုံးလိုက်သည်။

"အဲ့ဒီကလေးက သာမန်မဟုတ်ဘူး။ ကျွန်မက သူ့ကို ဆေးဧကရာဇ်ခန်းမမှာ သမားတော်အဖြစ် တာဝန်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမဲ့ သူက ပြတ်ပြတ်သားသား ငြင်းခဲ့ပါတယ်။ သူက ဖန်းကျီနောက်ကိုလိုက်ပြီး မှော်ပညာနဲ့ ရှေးဟောင်းဆေးပညာနှစ်မျိုးလုံးကို ကျင့်ကြံမယ့်လမ်းကိုပဲ ရွေးချယ်ခဲ့တာပါ"

မှော်ပညာနှင့် ရှေးဟောင်းဆေးပညာသည် သဘောသဘာဝအရ ဆန့်ကျင်ဘက်ဖြစ်နေသော ထိုနှစ်မျိုးကို ပေါင်းစပ်ရန် ကြိုးစားမှုကြောင့်ပင် ဖန်းကျီသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဆေးဧကရာဇ်ခန်းမမှ နှင်ထုတ်ခံခဲ့ရခြင်း ဖြစ်သည်။

ယွင်ရှန်း ထိုစကားကို စပြောစဉ်က ယောင်ရုံသည် သူမကို နားမလည်သေးသည့် အရွယ်မရောက်သေးသော မိန်းကလေးတစ်ဦးဟုသာ ထင်ခဲ့သည်။

သို့သော် ယနေ့မြင်ကွင်းအရ ထိုကလေးမလေးသည် သူမဘာသာ ဆေးပညာတွင် လမ်းသစ်တစ်ခုကို အမှန်တကယ် ထွင်းဖောက်နိုင်ခဲ့ပြီဖြစ်သည်။

"ဟားဟား... မှော်ပညာနဲ့ ရှေးဟောင်းဆေးပညာ နှစ်မျိုးကျင့်ကြံတာလား။ တကယ်လို့ ဒီလိုကလေးမျိုး ရှိနေတာဆိုရင် ငါကိုယ်တိုင်တောင် သွားတွေ့ချင်စိတ် ပေါက်လာပြီ"

ထိုသို့ပြောကာ ဆရာကြီးကျီယွီနှင့် ရှာဝမ်ရွှီတို့သည် ဆရာကြီးဝမ်၏ စံအိမ်အတွင်းမှ ထွက်လာကြသည်။

သူတို့ဆရာတပည့်နှစ်ဦး ယွီကျင်းမြို့သို့ ရောက်နေသည်မှာ အတန်ကြာပြီဖြစ်သည်။ အိမ်ရှေ့မင်းသား၏ မှော်ဝိညာဉ်ကို ပြုပြင်ပေးပြီးပြီဖြစ်သော်လည်း ခန္ဓာကိုယ်မှာမူ ဆက်လက် အနားယူရန် လိုအပ်နေသေးသည်။ ကျီယွီသည် ယွီကျင်းမြို့တွင် စီအန်ဆေးခန်းငယ် ရှိကြောင်းကိုလည်း ကြားသိထားပြီးဖြစ်ရာ ရှာဝမ်ရွှီကို ထိုနေရာသို့ ခေါ်သွားရန် စီစဉ်နေစဉ်မှာပင် ဤခရမ်းရောင်ဆေးအလင်းတန်းနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

"အချိန်ဆွဲမနေနဲ့တော့... အခုချက်ချင်း ဝူရွှမ်းဝူကျိခန်းမကို သွားကြမယ်။ ဒီဆေးလုံးကို အဲ့ဒီကလေးကပဲ ဖော်စပ်တာဖြစ်ဖြစ် မဟုတ်တာပဲဖြစ်ဖြစ် နတ်ဘုရားအဆင့်ဆေးလုံးဆိုတဲ့ ဂုဏ်

သတင်းကတင် ငါကိုယ်တိုင် သွားစုံစမ်းဖို့ ထိုက်တန်နေပြီ"

ဆရာကြီးဝမ်က ပြောလိုက်သည်။ သူသည် ဆယ်စုနှစ်တစ်ခုကြာအောင် သူ၏စံအိမ်မှ မထွက်ခဲ့သူဖြစ်သည်။

ပင်ကိုအားဖြင့် ဂုဏ်သတင်းကြီးမားသော ဆရာကြီးဝမ်သည် လူငယ်တစ်ဦးကို ကိုယ်တိုင်သွားတွေ့ရန် ဝန်လေးသော်လည်း ဆေးပညာလောကကို တုန်လှုပ်စေသည့် ဤဖြစ်ရပ်ကြောင့် သူကိုယ်တိုင်ပင် မနေနိုင်တော့ပေ။

"ယောင်ရုံ... လူတွေခေါ်ပြီး သွားကြည့်ပါ။ တကယ်လို့ အဲ့ဒီဆေးလုံးကို မင်းပြောတဲ့ကလေးက ဖော်စပ်တာဆိုရင် သူ့ကို ငါ့ဆီ ချက်ချင်း ခေါ်လာခဲ့ပါ"

သူက အမိန့်ပေးလိုက်သည်။

သို့သော် ကျီယွီကမူ မည်သည့်ဂုဏ်ပကာသနကိုမျှ ဂရုမစိုက်ပေ။ သူသည် ရှာဝမ်ရွှီနှင့်အတူ ဆေးဧကရာဇ်ခန်းမမှ အဖွဲ့နှင့်ပူးပေါင်းကာ ဝူရွှမ်းဝူကျိခန်းမသို့ ဦးတည်ထွက်ခွာလာတော့သည်။

ဝူရွှမ်းဝူကျိခန်းမအတွင်းရှိ သိုင်းပညာရှင်များသည်လည်း ဤခရမ်းရောင်အလင်းတန်းကြောင့် အံ့အားသင့်နေကြသည်။

ဆေးရနံ့မှာ အလွန်ပြင်းထန်လှသဖြင့် ကျင့်ကြံမှုအဆင့်နိမ့်သော သိုင်းပညာရှင်အချို့မှာ ထိုရနံ့ကြောင့်ပင် မူးဝေကာ အိပ်ပျော်ကုန်ကြသည်။

ဒုတိယခန်းမဆောင်မှူး ကျန့်လီသည် ဝမ်းသာအားရဖြင့် "ညီလေး... မင်းရဲ့လက်အတွက် မျှော်လင့်ချက် ရှိပြီထင်တယ်" ဟု ရေရွတ်ရင်း အမိန့်အမျိုးမျိုး ထုတ်ပြန်လိုက်သည်။

သူသည် ဆေးခန်းမ၏ ပတ်ပတ်လည်အတွင်း မည်သူ့ကိုမျှ မချဉ်းကပ်ရန် တားမြစ်လိုက်ပြီး ဆေးရနံ့ကြောင့် မေ့လဲသွားသူများကိုလည်း သူတို့၏ အဆောင်များသို့ ပြန်လည်ပို့ဆောင်စေခဲ့သည်။

"အားလုံး နားထောင်ကြ။ အခုအချိန်ကစပြီး ခန်းမတစ်ခုလုံးကို အရေးပေါ်အခြေအနေကြေညာတယ်။ သိုင်းပညာရှင်အားလုံး ခန်းမအပြင်ဘက်မှာ စုရုံးပြီး စောင့်ကြပ်ကြပါ။ ကျူးကျော်သူ ဘယ်သူ့ကိုမဆို တွေ့တာနဲ့ သတ်ပစ်ဖို့ အမိန့်ပေးတယ်"

ကျန့်လီက တင်းမာစွာ အမိန့်ပေးလိုက်သည်။ ယွင်ရှန်း၏ ဆေးဖော်စပ်မှု မပြီးမချင်း မည်သည့်နှောင့်ယှက်မှုကိုမျှ သူ ခွင့်ပြုမည်မဟုတ်ပေ။

All Chapters