← Chapters

အခန်း (၂၆၂)

Vol. 26 Ch. 262

အခန်း (၂၆၂)

Vol. 26 Ch. 262

လော့ရှမြို့စား စံအိမ်တော်အတွင်းရှိ အဆောင်တစ်ခုတွင်...

ချန်လျန်လျန်သည် ခေါင်းပေါ်၌ ပိတ်ချောအိတ်တစ်လုံး စွပ်လျက် နိုးလာခဲ့သည်။ သူမ၏ ခေါင်းမှာ မူးနောက်ဝေဒနာ ခံစားနေရသော်လည်း ခဏအကြာတွင် သတိပြန်ဝင်လာသည်။

ယီပိုင်မင်းနှင့် ယွင်ရှန်းတို့ တရင်းတနှီး ရှိနေကြသည်ကို မြင်လိုက်ရသဖြင့် ဒေါသတကြီးနှင့် လော့ရှစိုစွတ်မြေမှ တစ်ယောက်တည်း ထွက်ခွာလာခဲ့သည်ကို သူမ မှတ်မိနေသည်။

ထိုစဉ်က နောက်ကျောဘက်မှ ရုတ်တရက် အတိုက်ခံလိုက်ရပြီး အရာအားလုံး မှောင်အတိ ကျသွားခဲ့ခြင်းဖြစ်သည်။

သူမ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ကြောက်ရွံ့စိတ်များ စိမ့်ဝင်လာသည်။ အဆောင်အတွင်းရှိ အသုံးအဆောင်များနှင့် အလှဆင်ထားပုံများမှာ အလွန်ပင် လက်ရာမြောက်လှရာ ၎င်းမှာ ချမ်းသာကြွယ်ဝသော မိသားစုတစ်ခု၏ စံအိမ်ဖြစ်ကြောင်း သိသာလှသည်။

ချန်လျန်လျန်မှာ အသက် ၁၂ နှစ်၊ ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးသာ ဖြစ်သည့်အပြင် ယခုအခါ သူမ၏ မှော်တုတ်တံလည်း မရှိ အဖော်လည်း မပါဘဲ တစ်ဦးတည်း ဖြစ်နေသဖြင့် ရင်ထဲတွင် ဗုံတီးနေသကဲ့သို့ တုန်လှုပ်ချောက်ချားနေတော့သည်။

"ဖမ်းလာတဲ့သူ နိုးပြီလား"

အပြင်ဘက်မှ နက်ရှိုင်းသော အမျိုးသားအသံတစ်ခု ထွက်ပေါ်လာသည်။

ရုတ်တရက် တံခါးမှာ ပွင့်သွားပြီး အမှောင်အိမ်ရှေ့မင်းသား တူကူးရှုသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် အခန်းထဲသို့ လျှောက်လှမ်းဝင်လာသည်။ သူသည် ခုတင်ပေါ်တွင် ကွေးကွေးလေး ထိုင်နေသော ချန်လျန်လျန်ကို တစ်ချက်ကြည့်ကာ နှာခေါင်းရှုံ့ရင်း အထင်အမြင်သေးစွာ ပြောလိုက်သည်။

"ခိုးကြောင်ခိုးဝှက် နတ်ဆိုးမလေး... ငါ ဘယ်သူလဲဆိုတာ မင်းသိလား"

ထိုအမျိုးသား၏ အေးစက်လှသော အသံကို ကြားလိုက်ရသည့်အခါ ချန်လျန်လျန်မှာ မထိန်းနိုင်ဘဲ တုန်ရင်သွားရသည်။ ထိုအသံထဲတွင် ရက်စက်ကြမ်းကြုတ်မှုများ ပါဝင်နေပြီး ဟောက်

ချင်နိုင်ငံ၏ မည်သည့်အစွမ်းထက် ပုဂ္ဂိုလ်ကို သူမ သွားရောက်ရန်စမိခဲ့တာလဲဆိုသည်ကို သူမ လုံးဝ တွေးမရနိုင်အောင် ဖြစ်နေသည်။

"ရှေ့ကို ထပ်မတိုးနဲ့နော် ငါက ဘယ်သူလဲဆိုတာရော မင်းသိလို့လား"

ချန်လျန်လျန်သည် ကြောက်လန့်တကြားဖြင့် ထောင့်တစ်ခုထဲသို့ ပိုမိုတိုးဝင်ကာ ကပ်နေမိသည်။

သူ့ပြိုင်ဘက်မှာ ယခင်က မောက်မာရဲတင်းသည့် အမူအရာမှ ယခုကဲ့သို့ သနားစဖွယ် လေသံမျိုးသို့ ပြောင်းလဲသွားသည်ကို မြင်ရသောအခါ တူကူးရှု၏ စိတ်ထဲတွင် ဒေါသနှင့် စိတ်ပျက်မှုများ ပိုမိုတိုးပွားလာတော့သည်။

ယခင်ကလည်း ဤမိန်းကလေး၏ သနားစဖွယ် ပုံစံကြောင့်ပင် သူလှည့်စားခံခဲ့ရပြီး သားရဲလှိုင်းလုံးကြီးများကြားမှ သူမကို ကယ်တင်ပေးခဲ့မိသည်။ နောက်ဆုံးတွင်မူ သူမက သူ့ကို ပြန်လည်လှည့်ဖျားသွားခဲ့သည် မဟုတ်ပါလား။

အလွန်မာနကြီးပြီး မိမိကိုယ်ကိုယ် အထင်ကြီးတတ်သော အမှောင်အိမ်ရှေ့မင်းသားသည် ယွင်ရှန်း၏ အရှက်ခွဲမှုကို သူ၏ဘဝတွင် ဖျောက်ဖျက်မရနိုင်သော အမည်းစက်တစ်ခုအဖြစ် မှတ်ယူထားသည်။

ထို့ကြောင့်ပင် သူက ယန်ယွင်ကို ဖမ်းဆီးရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

"မင်းရဲ့သခင်က အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ဆင့်ခေါ်ဧကရာဇ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ အခု ငါ့လက်ထဲမှာ မင်းက ဘာမှလုပ်လို့မရတော့ဘူး။ မှော်တုတ်တံလည်း မရှိဘဲနဲ့ မင်း အကူအညီတောင်းနိုင်ဦးမယ် ထင်လို့လား"

တူကူးရှုက ယုတ်မာသော မျက်နှာပေးဖြင့် ခုတင်အနားသို့ လျှောက်လာပြီး အိတ်အတွင်းမှနေ၍ ချန်လျန်လျန်၏ မေးစေ့ကို အမိအရ ဆုပ်ကိုင်လိုက်သည်။

ချန်လျန်လျန်မှာ သူမ၏မေးစေ့ ကျိုးကြေတော့မတတ် ပြင်းထန်သော အားဖြင့် အညှစ်ခံလိုက်ရသဖြင့် နာကျင်လွန်းလှသည်။

"နာတယ်... ရှင်က ဘယ်သူလဲ ဘာလို့ ငါ့ကို ဒီလိုလုပ်တာလဲ ငါက..."

ချန်လျန်လျန်သည် ရှိုက်ကြီးတငင် ငိုကြွေးရင်း မျက်ရည်များ ပါးပြင်ပေါ်သို့ စီးကျလာတော့သည်။

"ငါက ဘယ်သူလဲ ဟုတ်လား။ တစ်နှစ်တောင် မပြည့်သေးဘူး မင်းက ငါ့ကို... အိမ်ရှေ့မင်းသားကို မေ့သွားပြီပေါ့လေ"

တူကူးရှုမှာ အကြီးအကျယ် ဒေါသထွက်သွားသည်။ ဤယုတ်မာသော မိန်းကလေးမှာ သူ့ကို အရှက်ခွဲခဲ့ပြီး ယခုအခါ လုံးဝမေ့သွားဟန် ဆောင်နေသည်ဟု သူယူဆလိုက်သည်။

သူသည် ချန်လျန်လျန်၏ ခေါင်းပေါ်မှ ပိတ်ချောအိတ်ကို အကြမ်းပတမ်း ဆွဲချွတ်လိုက်တော့သည်။

သို့သော် သူ၏ရှေ့မှောက်တွင် ပေါ်လာသည်မှာ အမာရွတ်များရှိနေသော မျက်နှာတစ်ခုနှင့် သူတစ်ခါမျှ မမြင်ဖူးသော လုံးဝစိမ်းသက်နေသည့် မျက်နှာတစ်ခုသာ ဖြစ်သည်။

တူကူးရှုသည် သေသေချာချာ ကြည့်လိုက်ပြီးနောက် ချန်လျန်လျန်၏ ကြောက်လန့်တကြား ဖြစ်နေသော မျက်လုံးများကို စိုက်ကြည့်လိုက်သည်။

သူ၏ မျက်နှာအမူအရာမှာ ပိုမိုမည်းမှောင်သွားသည်။ ဤသူမှာ ယွင်ရှန်းမဟုတ်ပေ။

ဖော်ပြမပြနိုင်သော စိတ်ပျက်မှုနှင့် ဒေါသများက သူ၏နှလုံးသားထဲသို့ ဝင်ရောက်လာသည်။ သူမှတ်မိနေသော ယွင်ရှန်း၏ မျက်လုံးများသည် အမြဲတမ်း တက်ကြွလှုပ်ရှားနေပြီး ပါးနပ်မှုများဖြင့် တဖျတ်ဖျတ် တောက်ပနေတတ်သည်။ ယခု ရှေ့မှောက်မှ မိန်းကလေးမှာ ယွင်ရှန်း မဟုတ်သည်မှာ သေချာလှသည်။

"ဖြန်း"

တူကူးရှုသည် ချန်လျန်လျန်၏ ပါးကို အားကုန်လွှဲရိုက်လိုက်ပြီး ဒေါသတကြီး အော်ဟစ်

လိုက်တော့သည်။

"တောက် လူမှားဖမ်းလာကြတာပဲ။ ငါဖမ်းခိုင်းတာက ယန်ယွင်ကွ"

လူမှားဖမ်းမိမှန်း သိလိုက်ရသောအခါ စစ်သည်အားလုံးမှာ ကြောက်လန့်တကြားဖြင့် မြေပြင်ပေါ်တွင် ဝပ်စင်းကာ ဒူးထောက်လိုက်ကြတော့သည်။

ချန်လျန်လျန်မှာ ပါးရိုက်ခံလိုက်ရသဖြင့် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူမ၏ပါးမှာလည်း ချက်ချင်းပင် ဖူးရောင်တက်လာသည်။

ယန်ယွင် အဲ့ဒါ ယွင်ရှန်းပဲ။ ဘာလို့ နောက်တစ်ခါ ယွင်ရှန်း ဖြစ်နေပြန်တာလဲ။ ဘာလို့ လူတိုင်းက ယွင်ရှန်းကိုပဲ အာရုံစိုက်နေကြတာလဲ

"ကျွန်မ ယန်ယွင် မဟုတ်ဘူး။ ကျွန်မက သူမရဲ့ ရန်သူ။ သူမကို သေအောင်မုန်းတယ် အပိုင်းပိုင်း အပြတ်ပြတ်တောင် ပိုင်းပစ်ချင်တာ"

ချန်လျန်လျန်သည် မော့ကြည့်လိုက်သောအခါ အမှောင်အိမ်ရှေ့မင်းသား၏ ရုပ်သွင်ကို အထင်အရှား မြင်လိုက်ရသည်။

အမှောင်အိမ်ရှေ့မင်းသားမှာ အရပ်ရှည်ပြီး ခန့်ညားထည်ဝါလှသည်။ ဒေါသထွက်နေသော သူ၏ပုံစံမှာ အရှင်သခင်တစ်ဦး၏ အရှိန်အဝါ အပြည့်ရှိနေပြီး စောစောကတွေ့ခဲ့သော အသုံးမကျသည့် မဟာကျိုးအိမ်ရှေ့မင်းသား ယီပိုင်လျန်နှင့် လုံးဝကွာခြားလှသည်။

ချန်လျန်လျန်က ဤလူများသည် ယွင်ရှန်းနှင့် ရန်ငြိုးရှိသည်ဟု ထင်မှတ်ကာ သူတို့၏မျက်နှာသာပေးမှုကို ရရှိရန်အတွက် ယွင်ရှန်းအား အလျင်အမြန်ပင် ကျိန်ဆဲ၍ ပြောလိုက်သည်။

သို့သော် သူမ မသိသည်မှာ ထိုစကားကို ကြားလိုက်ရသည့်အခါ အမှောင်အိမ်ရှေ့မင်းသား၏ ဒေါသမှာ ပိုမိုကြီးထွားသွားခြင်းပင်။

သူသည် ချန်လျန်လျန်၏ ဆံပင်ရှည်များကို အကြမ်းပတမ်း ဆွဲဆောင့်လိုက်ရာ သူမမှာ နာကျင်လွန်းသဖြင့် မျက်ရည်များ ဝဲလာတော့သည်။

တူကူးရှုက လေသံကို ထိန်းကာ အေးစက်စွာ ပြောလိုက်သည်။

"သူမက ငါ့အပိုင်ပဲ။ သတ်မလား အပိုင်းပိုင်း ပိုင်းမလားဆိုတာ ငါ့အလိုပဲ။ ဒါကို လုပ်ပိုင်ခွင့်ရှိတာ ငါတစ်ယောက်တည်းပဲ ရှိတယ်"

အိမ်ရှေ့မင်းသား... ဟောက်ချင်နိုင်ငံရဲ့ အမှောင်အိမ်ရှေ့မင်းသားလား။

ချန်လျန်လျန်သည် သူမ၏ရှေ့မှ ကြမ်းကြုတ်လှသော လူငယ်မှာ မကြာသေးမီနှစ်များအတွင်း တိုက်ကြီးတစ်ခုလုံးတွင် နာမည်ကျော်ကြားလှသည့် ဟောက်ချင်၏ အမှောင်အိမ်ရှေ့မင်းသားဖြစ်ကြောင်း မှတ်မိသွားသည်။

ဟောက်ချင်နိုင်ငံ၏ ဓလေ့ထုံးတမ်းများမှာ ကြမ်းတမ်းပြီး သိုင်းပညာစွမ်းအားဖြင့် အုပ်ချုပ်ကြသည်။ သို့သော် သူတို့၏သိုင်းပညာမှာ မဟာကျိုးနိုင်ငံရှိ ဝူရွှမ်းဝူကျိခန်းမမှ ပြန့်ပွားလာသော သိုင်းပညာရပ်များနှင့် ကွာခြားလှသည်။

တိုက်ကြီးပေါ်ရှိ နိုင်ငံငါးနိုင်ငံ နယ်မြေခွဲဝေစဉ်က ဟောက်ချင်နိုင်ငံ၏ ဘိုးဘေးများမှာ အားအနည်းဆုံး ဖြစ်ခဲ့ကြသည်။ ထို့ကြောင့် ဟောက်ချင်အား ခွဲဝေပေးလိုက်သော မြေမှာ ငါးနိုင်ငံအနက် အခြေအနေအဆိုးဆုံးနှင့် နတ်ဆိုးသားရဲများ အထူထပ်ဆုံးဖြစ်သည့် လူသူမနီးသော အရပ်ဒေသ ဖြစ်ခဲ့သည်။

ဟောက်ချင်၏ ပထမဆုံး ဧကရာဇ်သည် အကျဉ်းသားတစ်ထောင်ကို ခေါ်ဆောင်ကာ ဟောက်ချင်နယ်မြေသို့ ရောက်လာခဲ့သည်။ သူပထမဆုံးလုပ်ခဲ့သည့် အလုပ်မှာ ထိုလူတစ်

ထောင်ကို အန္တရာယ်အပြည့်ရှိသော တောနက်ထဲသို့ မောင်းသွင်းခြင်းပင်။

မည်သည့်လက်နက် သို့မဟုတ် အစားအစာမျှ မပေးဘဲ သိုင်းပညာ တစ်ခါမျှ မသင်ဖူးသော ထိုလူတစ်ထောင်ကို တောထဲတွင် သုံးလကြာအောင် ရှင်သန်ခိုင်းခဲ့သည်။ သုံးလအကြာတွင် ထိုလူတစ်ထောင်အနက် ငါးဆယ်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး ထိုသူငါးဆယ်ဦးမှာ ဟောက်ချင်နိုင်ငံ၏ ပထမဆုံးသော အခြေချနေထိုင်သူများ ဖြစ်လာခဲ့ကြသည်။

ထိုအချိန်မှစ၍ ဟောက်ချင်နိုင်ငံသည် တဖြည်းဖြည်း အင်အားတောင့်တင်းလာခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရက်စက်ကြမ်းကြုတ်သော သိုင်းပညာသင်ကြားရေးစနစ်ကို ကျင့်သုံးခဲ့ကြသည်။

ကလေးတစ်ဦးသည် အသက်သုံးနှစ်ပြည့်သည်နှင့် လေ့ကျင့်ရန်အတွက် တောရိုင်းထဲသို့ ချက်ချင်းအပို့ခံရပြီး အသက်ရှင်ကျန်ရစ်သူများသာ နိုင်ငံတော်သိုင်းပညာခန်းမသို့ ဝင်ရောက်ခွင့်ရရှိကြသည်။

ဟောက်ချင်၏ မှူးမတ်မျိုးနွယ်များပင်လျှင် ဤစည်းမျဉ်းကို လိုက်နာကြရသည်။ လက်ရှိ ဟောက်ချင်ဧကရာဇ်တွင် ကိုယ်လုပ်တော်ပေါင်း ငါးရာကျော်ရှိပြီး သန်စွမ်းကျန်းမာသော မင်းသား မင်းသမီး ပေါင်းတစ်ရာနီးပါး ရှိသည်။

ဧကရာဇ်သည် သူ၏ အသက် ၃၀ ပြည့် မွေးနေ့တွင် "အိမ်ရှေ့မင်းသားကို အကြီးဆုံးသားဖြစ်

ခြင်း သို့မဟုတ် ကျား မ ခွဲခြားခြင်းအပေါ် အခြေမခံဘဲ အစွမ်းအထက်ဆုံးသူကိုသာ ရွေးချယ်

မည်" ဟု ကြေညာခဲ့သည်။

ထို့ကြောင့်ပင် ဟောက်ချင်နန်းတွင်း၌ လုပ်ကြံသတ်ဖြတ်မှုနှင့် လက်နက်ကိုင်ပဋိပက္ခများမှာ အခြားနိုင်ငံများထက် ပိုမိုများပြားခဲ့သည်။

အမှောင်အိမ်ရှေ့မင်းသားသည် ထိုကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် မွေးဖွားလာသူဖြစ်သည်။ သူ၏မိခင်မှာ နိမ့်ကျသော အဝတ်လျှော်အစေခံမလေးတစ်ဦးသာ ဖြစ်သော်လည်း ဆောင်းရာသီတစ်ရက်တွင် အရက်မူးနေသော ဧကရာဇ်၏ အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရရာမှ သူကိုယ်ဝန်ရလာခဲ့ခြင်းဖြစ်သည်။

သူသည် မိခင်၏ဝမ်းဗိုက်ထဲမှာ ရှိနေစဉ်ကပင် အခြားကိုယ်လုပ်တော်များ၏ ရက်စက်သော လုပ်ကြံမှုများကို ကြုံတွေ့ခဲ့ရသော်လည်း မွေးဖွားလာချိန်တွင် သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ သာမန်မင်းသားများထက် များစွာသာလွန်နေခဲ့သည်။

အသက်သုံးနှစ်တွင် လေးပစ်အတတ်ကို လေ့ကျင့်နေပြီဖြစ်ကာ ငါးနှစ်တွင် ပေါင် ၂၀၀ လေးသော ကျောက်ကြိတ်ဆုံကို မနိုင်ခဲ့သည်။

အသက်ခုနစ်နှစ်အရွယ်တွင်မူ သူသည် နန်းတွင်းသို့ တစ်ယောက်တည်းဝင်ရောက်ကာ သူ၏မိခင်ကို နှိပ်စက်ခဲ့ဖူးသော ကိုယ်လုပ်တော်များကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် နှိပ်စက်၍ ကလဲ့စားချေခဲ့သည်။

သူ၏ရက်စက်မှုကြောင့် တစ်နိုင်ငံလုံး တုန်လှုပ်သွားခဲ့သော်လည်း ဧကရာဇ်ကမူ ဒေါသထွက်မည့်အစား အတိုက်အခံအားလုံးကို လျစ်လျူရှုပြီး ဤနိမ့်ကျသော သားငယ်ကို အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်ခဲ့သည်။

အသက်ခုနစ်နှစ်တွင် အိမ်ရှေ့မင်းသားဖြစ်လာပြီး ဆယ့်သုံးနှစ်တွင် အိမ်ရှေ့မင်းသား၏ လျှို့ဝှက်ထောက်လှမ်းရေးဌာနကို တည်ထောင်ခဲ့သော ဤအမှောင်အိမ်ရှေ့မင်းသားကို ယွင်ရှန်းက အကြီးအကျယ် အရှက်ခွဲနိုင်ခဲ့ခြင်းမှာ အံ့ဩစရာပင်။

ချန်လျန်လျန်သည် ထိုအမှောင်အိမ်ရှေ့မင်းသား၏ လက်ထဲသို့ ကျရောက်သွားပြီမှန်း သိလိုက်ရသောအခါ မျက်နှာမှာ ဖြူလျော်သွားပြီး တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ တုန်ရင်လာတော့သည်။

"ကျွန်မ မှားသွားပါပြီ အရှင်... ကျွန်မကို မသတ်ပါနဲ့လို့ တောင်းပန်ပါတယ်။ ကျွန်မကို မဟာကျိုးမြို့ကို ပြန်ပို့ပေးမယ်ဆိုရင် အိမ်ရှေ့မင်းသားက သေချာပေါက် ကျေးဇူးတင်မှာပါ။ ကျွန်မက အနာဂတ်ရဲ့ အိမ်ရှေ့မင်းသမီးပါ"

ချန်လျန်လျန်က အဆက်မပြတ် တောင်းပန်တိုးလျှိုးနေတော့သည်။

"မဟာကျိုးရဲ့ အိမ်ရှေ့မင်းသမီး မင်းက အဲ့ဒီအသုံးမကျတဲ့ ယီပိုင်လျန်ရဲ့ မိန်းမလား"

တူကူးရှု၏ အကြည့်မှာ အေးစက်သွားပြီး ချန်လျန်လျန်ကို သေချာစိုက်ကြည့်လိုက်သည်။ အနီးကပ်ကြည့်လိုက်သောအခါ ချန်လျန်လျန်၏ မျက်နှာတွင် အမာရွတ်များရှိနေသော်လည်း သူမ၏ အလှအပမှာ အထိုက်အလျောက် ရှိနေသေးသည်ကို သူ သတိထားမိလိုက်သည်။

"ငါ မင်းရဲ့မျက်နှာကို ကုပေးနိုင်သလို မဟာကျိုးကိုလည်း ပြန်ပို့ပေးနိုင်တယ်။ ဒါပေမဲ့ ဒီနေ့ကစပြီး မင်းဟာ ငါ့ရဲ့ အမိန့်ကိုပဲ မြေဝယ်မကျ နာခံရမယ်"

တူကူးရှုက ပြောလိုက်သည်။ သူ၏ နှလုံးသားထဲတွင် အစီအစဉ်သစ်တစ်ခု စတင် ပုံဖော်နေပြီဖြစ်သည်။

All Chapters