နှစ်တစ်သောင်း သက်တမ်း၊ ကောင်းကင်မြေကြီး၏ ထူးဆန်းအံ့ဖွယ် ကူပိုးကောင် ‘ဆေးဝါးကူ’(၂)။
Vol. 33 Ch. 380
ရက်အနည်းငယ် ထပ်မံ ကုန်ဆုံးသွားခဲ့သည်။
ကျိုးစွေ့သည် တရားထိုင်ခန်းထဲတွင် ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်မြင်စေရန် ကျင့်ကြံနေဆဲ ဖြစ်သည်။
သို့သော် ထိုအချိန်တွင် တုန်လှုပ်ဖွယ်ရာ သတင်းတစ်ပုဒ်က ရုတ်တရက် ရောက်ရှိလာပြီး ဝူကျိမဟာမိတ်အဖွဲ့ တစ်ခုလုံးကို အံ့အားသင့်စေခဲ့သည်။
၎င်းသည် ချန်လန်ပင်လယ် တစ်ခုလုံးကိုပင် တုန်လှုပ်သွားစေခဲ့သည်။
"ယောက်ျား..."
"ဝူကျိမဟာမိတ်အဖွဲ့၊ ကောင်းကင်ဓားဂိုဏ်း၊ ဆည်းဆာဂိုဏ်း၊ ရွှမ်ပေါင်မျှော်စင်နဲ့ တခြား ဝိညာဉ်သန္ဓေသားအဆင့် ဂိုဏ်းတွေ ပေါင်းစည်းပြီး ပင်လယ်မျိုးနွယ်စုကို စုပေါင်း တိုက်ခိုက်လိုက်ကြပြီ..."
"ဒီတိုက်ပွဲက ကြီးမားတဲ့ အောင်ပွဲတစ်ခု ဖြစ်ခဲ့ပြီးတော့… အဆင့်လေး ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူ ခုနစ်ဦး၊ အဆင့်လေး ပင်လယ်မိစ္ဆာ ဒါဇင်ပေါင်းများစွာနဲ့ အောက်ခြေအဆင့် အဆင့်လေး ပင်လယ်မိစ္ဆာ ရာပေါင်းများစွာ သေဆုံးခဲ့ရတယ်… တိုက်ပွဲရလဒ်က ရင်သပ်ရှုမောစရာပဲ..."
"ကျွန်မတို့ လူသားမျိုးနွယ်စုရဲ့ ဝိညာဉ်သန္ဓေသား အင်အားစုတွေ အနည်းငယ် ထိခိုက်နစ်နာခဲ့ပြီး… လူသား ဝိညာဉ်သန္ဓေသား အများအပြား သေဆုံးခဲ့ရပေမယ့်… ယေဘုယျအားဖြင့်တော့ ပင်လယ်မျိုးနွယ်စုထက် အဆပေါင်းများစွာ သာလွန်နေပါသေးတယ်..."
"အခု ပင်လယ်မျိုးနွယ်စု တပ်တစ်ခုလုံး လုံးဝ ဆုတ်ခွာသွားပြီး ပင်လယ်နက် ဘုရားကျောင်းတွေဆီ နောက်တစ်ကြိမ် ပြန်လည် ဆုတ်ခွာသွားကြပြီ… ပြန်ထွက်မလာရဲကြတော့ဘူး… သားရဲဒီရေလှိုင်း ကပ်ဘေး ပြီးဆုံးသွားပြီ..."
လင်းယာကျူသည် သတင်းရရှိသည်နှင့် တပြိုင်နက် ကျိုးစွေ့ကို ပျော်ရွှင်စွာ မျှဝေလိုက်သည်။
မည်သို့ပင်ဖြစ်စေ၊ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတစ်ဦး၊ ဝူကျိမဟာမိတ်အဖွဲ့၏ အကြီးအကဲတစ်ဦးအနေဖြင့် သူမတွင် ဝူကျိမဟာမိတ်အဖွဲ့၏ အကြီးအကဲတံဆိပ်ပြား ရှိထားသည်။
ဤအကြီးအကဲတံဆိပ်ပြားသည် ဝူကျိမဟာမိတ်အဖွဲ့ဆီမှ သတင်းစကားများကို လက်ခံရရှိနိုင်သည်။
ထို့ကြောင့်ပင် သူမသည် ဤသတင်းကြီးအား ပထမဆုံး သိခွင့်ရခြင်းပင်။
"မဖြစ်နိုင်တာ... ပင်လယ်မျိုးနွယ်စုက ဒီလိုပဲ ကျရှုံးသွားတာလား..."
ဤစကားကို ကြားသောအခါ ကျိုးစွေ့ မှင်တက်သွားပြီး မယုံကြည်နိုင် ဖြစ်နေသည်။
ရိုးရိုးသားသားဆိုရလျှင် ဝူကျိမဟာမိတ်အဖွဲ့က အခြား လူသား ဝိညာဉ်သန္ဓေသားအဆင့် ဂိုဏ်းများနှင့် ပူးပေါင်းလိုက်သည်ဟု ကြားရတုန်းကပင် ပင်လယ်မျိုးနွယ်စုသည် ဤမျှ လွယ်လွယ်ကူကူ ကျရှုံးသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
ပင်လယ်မျိုးနွယ်စု၏ မကြုံစဖူး တိုက်ခိုက်မှုသည် အောင်ပွဲရမည်ဟု သေချာနေခဲ့ရပေမည်။
၎င်းတို့သည် အရူးများ မဟုတ်ကြချေ။ အောင်နိုင်မည်ဟု မသေချာဘဲနှင့် အဘယ်ကြောင့် စစ်ပွဲ စတင်ခဲ့ပါမည်နည်း။
သို့တိုင် ပင်လယ်မျိုးနွယ်စုသည် ရှုံးနိမ့်ခဲ့ပြီး ပင်လယ်မိစ္ဆာ အများအပြား သေဆုံးခဲ့ရသည်။
ယုံကြည်နိုင်စရာ မရှိပေ။
ဤကိစ္စနှင့် ပတ်သက်ပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူ၏ ပင်ကိုအသိစိတ်က ပြောပြနေသည်။
သို့သော်ငြား ဘယ်အရာက ထူးဆန်းနေသည်ကိုမူ သူ အတိအကျ မသိချေ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် သတင်းအချက်အလက် နည်းပါးလွန်းလှသည်။
"ဟုတ်တယ်... သူတို့ ဒီအတိုင်း ရှုံးသွားတာ..."
"စစ်ပွဲ စတင်တုန်းက ပင်လယ်မျိုးနွယ်စုရဲ့ ကြီးကျယ်ခမ်းနားမှုနဲ့ဆိုရင် သူတို့မှာ ဝှက်ဖဲတွေ ရှိလိမ့်မယ်လို့ ကျွန်မ ထင်ခဲ့တာ..."
"နောက်ဆုံးကျတော့ ပင်လယ်မျိုးနွယ်စုက ဘာဝှက်ဖဲမှ ထုတ်မသုံးဘဲ ကျွန်မတို့ရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရမယ်လို့ မထင်ထားခဲ့ဘူး..."
"ကြည့်ရတာ ကျွန်မတို့က ပင်လယ်မျိုးနွယ်စုကို အထင်ကြီးလွန်းခဲ့ပုံရတယ်.. သူတို့ကို ချန်လန်ပင်လယ်ကို ဖျက်ဆီးခွင့် ပြုထားခဲ့တာ ကြာပြီ..."
လင်းယာကျူ ညည်းတွားလိုက်သည်။
ယခုတစ်ကြိမ်တွင် ပင်လယ်မျိုးနွယ်စုသည် ရှုံးနိမ့်ဟန်ဆောင်နေခြင်း ဖြစ်သည်ဟုလည်း သူမ မထင်ပေ။
ရှုံးနိမ့်ဟန်ဆောင်ခြင်း ဖြစ်လျှင်ပင် ဤတစ်ကြိမ် ပေးဆပ်ရသော တန်ဖိုးက ကြီးမားလွန်းလှသည်။
ကျဆုံးသွားသော ပင်လယ်မျိုးနွယ်စု ဝိညာဉ်သန္ဓေသား အများအပြား၊ တပ်အင်အား၏ သုံးပုံနှစ်ပုံခန့် ထိခိုက်သေဆုံးခဲ့ရသည်။
ဤဆုံးရှုံးမှုများကို ပြန်လည်အစားထိုးနိုင်ရန် နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ပေလိမ့်မည်။ အမိုက်မဲဆုံး မျိုးနွယ်စုပင်လျှင် ဤကဲ့သို့ လုပ်ဆောင်မည် မဟုတ်ချေ။
"ကြည့်ရတာ ပင်လယ်မျိုးနွယ်စုက တကယ်ပဲ စက္ကူကျား ဖြစ်နေပုံပဲ..."
ကျိုးစွေ့ ခေါင်းညိတ်လိုက်သည်။
သူ့စိတ်ထဲတွင် သံသယ အချို့ ရှိနေသော်လည်း သက်သေအထောက်အထား မရှိဘဲ၊ ၎င်းတို့သည် သံသယများ သက်သက်သာ ဖြစ်နေသည်။
ပို၍ အရေးကြီးသည်မှာ သူ့အတွက် ကျင့်ကြံခြင်းသည် အဓိက အရေးအကြီးဆုံး ဖြစ်သည်။
အကယ်၍ ပင်လယ်မျိုးနွယ်စုတွင် အကြံအစည် တစ်ခုခု ရှိနေလျှင်တောင်မှ ရွှေအမြုတေအဆင့် ဆရာသခင်တစ်ဦးသာ ဖြစ်သော သူက ဘာလုပ်နိုင်မည်နည်း။
သူ ဝိညာဉ်သန္ဓေသားအဆင့်သို့ တက်လှမ်းပြီး စစ်တုရင်ခုံပေါ်တွင် ဩဇာလွှမ်းမိုးမှု ရရှိမှသာ ထိုကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် စဉ်းစားမည် ဖြစ်သည်။
"ဒါ့အပြင် ဒီစစ်ပွဲမှာ သခင်မမက်မွန်ပွင့်က ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့တယ်..."
"ကောလာဟလတွေအရတော့ သူက ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့်နယ်ပယ်ကို တက်လှမ်းသွားပြီးတော့… ဝူကျိမဟာမိတ်အဖွဲ့ရဲ့ ပဉ္စမမြောက် ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်လာတယ်တဲ့..."
"ဒီတိုက်ပွဲမှာ သူက အများကြီး ပါဝင်ကူညီခဲ့ပြီး… ဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့် ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူ တစ်ဒါဇင်ကျော်ကို သုတ်သင်ရှင်းလင်းခဲ့တယ်..."
"ဒီအောင်မြင်မှုတွေ အားလုံးနဲ့အတူ သခင်မမက်မွန်ပွင့်ဟာ အခုဆိုရင် ဝူကျိမဟာမိတ်အဖွဲ့ရဲ့ နောက်တက်မယ့် မဟာမိတ်အဓိပတိအဖြစ် ယေဘုယျအားဖြင့် အသိအမှတ်ပြုခံထားရပြီ..."
"ယောက်ျား... ဒီလို အဆင့်မြင့် ဝိညာဉ်သန္ဓေသား အမျိုးသမီးကျင့်ကြံသူတစ်ဦးရဲ့ မျက်နှာသာပေးမှုကို ရရှိနိုင်တာ ရှင်က တကယ့်ကို ထူးခြားတာပဲ..."
လင်းယာကျူက အပြုံးမမည်သော အပြုံးဖြင့် ကျိုးစွေ့ကို ကြည့်လိုက်သည်။
"အဟွတ်... အဟွတ်... အဲဒါတွေက ကောလာဟလတွေပါ..."
" သခင်မမက်မွန်ပွင့်နဲ့ ငါက လုံးဝ ရိုးရိုးသားသားပါ.. ပျံ့နှံ့နေတဲ့ ကောလာဟလတွေလို မဟုတ်ပါဘူး..."
ကျိုးစွေ့ အနည်းငယ် အပြစ်ရှိသလို ခံစားရပြီး ပြောလိုက်သည်။
သို့သော် ဤသည်မှာ ဖြစ်သင့်သော ကိစ္စတစ်ခု ဖြစ်သည်ဟုလည်း သူ ထင်မြင်မိသည်။
ယခင်က သခင်မမက်မွန်ပွင့်သည် ဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့်သို့ ရောက်ရှိထားပြီးဖြစ်ကာ ဖန်ဆင်းခြင်းဆေးလုံးကို ရရှိပြီးနောက်၊ သူမ၏ ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် ပါရမီကြောင့် ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့်သို့ တက်လှမ်းနိုင်မည်မှာ သေချာသလောက်ပင် ဖြစ်သည်။
ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့်သို့ တိုးမြှင့်ခံရပြီးသည်နှင့် တပြိုင်နက် ချန်လန်ပင်လယ်ဒေသတွင် အဓိက ကျင့်ကြံသူတစ်ဦးအဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။
ဝိညာဉ်သန္ဓေသားအဆင့် လူသားကျင့်ကြံသူအချို့ ရှိနေသော်လည်း ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့်သို့ အမှန်တကယ် တက်လှမ်းနိုင်သူ အရေအတွက်သည် အလွန် နည်းပါးလှသည်။
ယခင်က ကျယ်ပြန့်သော ဝူကျိမဟာမိတ်အဖွဲ့တွင် စွမ်းအားကြီးမားသော ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် ကျင့်ကြံသူ လေးဦးသာ ရှိခဲ့သည်။
ဝူကျိမဟာမိတ်အဖွဲ့ထက် ပိုမို အားကောင်းသော အခြား ဝိညာဉ်သန္ဓေသား အင်အားစုများတွင်ပင် ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် ကျင့်ကြံသူ များများစားစား မရှိကြပေ။
"တကယ်လို့ အခြေအနေတွေက တကယ် ရိုးရိုးသားသားဆိုရင်… သခင်မမက်မွန်ပွင့်က သူ့ရဲ့ ကိုယ်ပိုင် အစေခံမလေးကို ရှင့်ဆီ ပေးမှာ မဟုတ်ဘူး..."
လင်းယာကျူက ကျိုးစွေ့ကို အထင်သေးစွာ ကြည့်လိုက်သည်။
သူမသည် ကျိုးစွေ့နှင့် သခင်မမက်မွန်ပွင့်ကြား ဆက်ဆံရေးကို အမြဲတမ်း သံသယရှိခဲ့သည်။
သို့သော် ကျိုးစွေ့သည် အင်မော်တယ်ရှားတောင်ထွတ်တွင် မနားမနေ ကျင့်ကြံနေလေ့ရှိပြီး ကြယ်သုံးပွင့်ကျွန်းစုမှ ထွက်ခွာခဲသဖြင့်၊ သူနှင့် သခင်မမက်မွန်ပွင့် မည်သို့ တွေ့ဆုံခဲ့သနည်း ဆိုသည်ကို သူမ နားမလည်နိုင် ဖြစ်နေသည်။
သူသည် သူ၏ကိုယ်ပွားများဖြင့် နေရာအနှံ လျှောက်သွားပြီး၊ နေရာတိုင်းတွင် အချစ်စာလွှာများ ထားခဲ့ခြင်း ဖြစ်နိုင်မည်လော။
ရိုးရိုးသားသား ဆိုရလျှင် လင်းယာကျူသည် သူမ၏ ခင်ပွန်း ကိုယ်ပွားနည်းပညာကျင့်ကြံခြင်း၏ ရည်ရွယ်ချက်ကို အလွန် သံသယဖြစ်မိသည်။
သူ၏ ကိုယ်ပွားများကို အသုံးပြုပြီး နေရာတကာတွင် ပရောပရည်လုပ်ရန် သက်သက်ပင်လော။
"ထားပါတော့... ဒါက အသေးအမွှားပါ..."
"တကယ့် ပြဿနာက နောက်မှ လာမှာ..."
"ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူတွေကို ကိုင်တွယ်ပြီးသွားရင် ဝိညာဉ်သန္ဓေသား ဂိုဏ်းကြီးငါးခုက… သူတို့ရဲ့ အာရုံကို နတ်ဘုရားအသွင်ပြောင်းအဆင့် အပျက်အစီးတွေဆီ ဦးလှည့်လာကြလိမ့်မယ်..."
"အဲ့ဒီအခါကျရင် ငါတို့ရဲ့ ကြယ်သုံးပွင့်ကျွန်းစု ပင်လယ်ပြင်ဧရိယာက ပြဿနာတက်မယ့် နေရာ ဖြစ်လာလိမ့်မယ်..."
ကျိုးစွေ့တစ်ယောက် ခေါင်းစဉ်ကို အမြန် ပြောင်းလိုက်ရသည်။
ဤစကားကို ကြားသောအခါ လင်းယာကျူ ကျိုးစွေ့ကို စိုက်ကြည့်လိုက်သည်။ သူမ၏ ခင်ပွန်း ခေါင်းစဉ်လွှဲရန် ကြိုးစားနေမှန်း သူမ သိသော်လည်း ဆက်လက် မမေးမြန်းရန် ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ၊ ခင်ပွန်းဖြစ်သူသည် သခင်မမက်မွန်ပွင့်နှင့် အမှန်တကယ် ဇာတ်လမ်းရှိခဲ့မည် ဆိုပါက၊ ယင်းသည် တကယ်တမ်းတွင် ကြီးမားသော အခွင့်အရေး တစ်ခုပင် ဖြစ်သည်။
ဆိုလိုသည်မှာ အနာဂတ်တွင် ဝူကျိမဟာမိတ်အဖွဲ့ကို သူမ၏ ခင်ပွန်းက ထိန်းချုပ်နိုင်ဖွယ် ရှိသည်။
ဤအကြောင်းကို တွေးကြည့်လိုက်ရုံဖြင့် သူမ၏ မျက်နှာအမူအရာအား ထူးဆန်းသွားစေသည်။
မူလက သူတို့သည် ဝေးလံခေါင်သီသော ပင်လယ်ပြင်ဒေသမှ ရွှေအမြုတေအဆင့် ဂိုဏ်းတစ်ခုသာ ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် ဝူကျိမဟာမိတ်အဖွဲ့၏ ကြီးမားသော ဝိညာဉ်သန္ဓေသား အင်အားစုကို ထိန်းချုပ်နိုင်ဖွယ် ရှိနေသည်မှာ မယုံကြည်နိုင်စရာပင်။
"ကောင်းပြီ ယောက်ျား... အဲ့ဒီအတွက် စိတ်ပူစရာ မလိုပါဘူး..."
"ဝူကျိမဟာမိတ်အဖွဲ့က ငါတို့ရဲ့ ကြယ်သုံးပွင့်ကျွန်းစုမှာ တည်နေရာရွှေ့ပြောင်းအစီအရင် တစ်ခု တပ်ဆင်ဖို့ ဆုံးဖြတ်ပြီးသွားပြီ..."
"ဒီနည်းနဲ့ ဝူကျိမဟာမိတ်အဖွဲ့က ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတွေ အချိန်မရွေး တည်နေရာပြောင်းရွှေ့လာနိုင်တယ်..."
"ငါတို့ရဲ့ ပင်လယ်ပြင်ဧရိယာက ဝူကျိမဟာမိတ်အဖွဲ့ရဲ့ အဓိက ကာကွယ်ရေး ဧရိယာ ဖြစ်လာလိမ့်မယ်..."
"ငါတို့ကို ပစ်မှတ်ထားတဲ့ ဘယ်အင်အားစုမဆို ဝူကျိမဟာမိတ်အဖွဲ့ကို ရန်သူအဖြစ် သတ်မှတ်ရာ ရောက်လိမ့်မယ်..."
လင်းယာကျူက သတင်းတချို့ ပြောပြလိုက်သည်။
ဤသည်မှာ ဝူကျိမဟာမိတ်အဖွဲ့၏ ဆုံးဖြတ်ချက်ပင် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ၊ ဝူကျိကျွန်းကနေ ဤပင်လယ်ပြင်ဧရိယာကို လာဖို့ရာ အရမ်း ဝေးလွန်းလှသည်။
အခြေအနေများက ဤသို့ဖြစ်နေရာ၊ အဘယ်ကြောင့် တည်နေရာရွှေ့ပြောင်းအစီအရင် မတပ်ဆင်ရမည်နည်း။ ယင်းသည် ကျင့်ကြံသူများအား ဤပင်လယ်ပြင်ဧရိယာသို့ လာရောက်နိုင်ရန် အဆင်ပြေစေပေမည်။
သံသယဖြစ်ဖွယ်မလို ဤအရာသည် ကျင့်ကြံသူ အများအပြား၏ သွားလာလှုပ်ရှားမှုကိုလည်း လွယ်ကူစေလိမ့်မည် ဖြစ်၏။
"ဒါဆို တည်နေရာရွှေ့ပြောင်းအစီအရင်က ဘယ်နားမှာ ရှိမှာလဲ..."
ကျိုးစွေ့ မေးလိုက်သည်။
"ငါတို့ ချင်မုဂိုဏ်းရဲ့ သစ်သားကြယ်ကျွန်းပေါ်မှာ ထားလိုက်ကြစို့..."
"ဒီကျွန်းက သိပ်မဖွံ့ဖြိုးသေးဘူး… တည်နေရာရွှေ့ပြောင်းအစီအရင် တည်နေရာအတွက် ပြီးပြည့်စုံတယ်..."
လင်းယာကျူ လေးနက်စွာ ပြောလိုက်သည်။
……..