← Chapters

အခန်း (၈၆၃-၈၆၄)

Vol. 53 Ch. 863-864

အခန်း (၈၆၃-၈၆၄)

Vol. 53 Ch. 863-864

အပိုင်း (၈၆၃)

ဟီလာက ဆက်ပြော၏။ “ဒါတင်သာ မကသေးဘူး။ အဲဒီ ပျောက်ဆုံးသွားတဲ့နိုင်ငံ က တကယ်ကို ကျိန်စာသင့်နေတဲ့ အပျက်အစီးပဲ။ အဲဒီနေရာက အမြဲတမ်း မျှော်လင့်ချက်မဲ့မှုတွေက အမှောင့်ထုအဖြစ် လွှမ်းခြုံထားတယ်။ ဘယ်သူမဆို အဲဒီမြေပေါ် ခြေချလိုက်တာနဲ့ နေရောင်ခြည် တောက်ပနေတယ် ဆိုရင်တောင် သူတို့ရဲ့ စိတ်ဝိညာဉ်တစ်ခုလုံးက မှောင်မိုက်သွားလိမ့်မယ်။ စိတ်နှလုံးတွေက နှိုင်းယှဉ်လို့ မရအောင် နာကျင်လာလိမ့်မယ်။ ဒီနှစ်ပိုင်းအတွင်း ဦးခေါင်းခွံဂိုဏ်း က စစ်သည် ဘယ်နှစ်ယောက်လောက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပြီလဲ ဆိုတာ ဘယ်သူမှ မသိဘူး။ လူတိုင်းက သတ်သေနေကြတာ။ အရေအတွက်က တိုးလာတယ်။”

ရှမ့်လန်က ဦးရေပြားများ ထုံကျင်နေသလို ခံစားရ၏။ ထိုနေရာက တကယ်ပင် ကျိန်စာသင့်နေပြီး ခြေချမိသူတိုင်း၏ စိတ်ဓာတ်ကို ကျဆင်းသွားစေနိုင်၏။ ဦးခေါင်းခွံဂိုဏ်းက အလွန်သန်မာသည် ဆိုသော်လည်း ဤနေရာတွင်တော့ ၁၀ နှစ်တစ်ခုကျော် ပိတ်မိနေသောကြောင့် သေဆုံးသွားသင့်သည်။ သို့သော်လည်း လုံးဝ မသေဆုံးသေးသည်က အံ့အားသင့်စရာပင်။

“ဒီလိုနဲ့ ငါ ရွက်လှေကို ပင်လယ်ပြင်မှာ တစ်လကျော်လောက် ဆက်ပြီး မျှောခဲ့တယ်။ စမှတ်ကို အကြိမ်ကြိမ် ပြန်ရောက်တယ်။ ဒါပေမဲ့ ပျောက်ဆုံးသွားတဲ့နိုင်ငံရဲ့ မြေပေါ်ကို ဘယ်တော့မှ ခြေမချတော့ဘူး။ ကျိန်စာသင့် ပင်လယ်ပြင်မှာပဲ သေဖို့ ဆုံးဖြတ်လိုက်တယ်။”

ရှမ့်လန်က မေးလိုက်၏။ “ဒါဆိုရင် အစ်မ ဘယ်လို လွတ်မြောက်လာခဲ့တာလဲ။”

ဟီလာက ပြောသည်။ “ရုတ်တရက် တစ်နေ့မှာတော့ ပင်လယ်ကြမ်းပြင် ငလျင်လှုပ်သလို ဖြစ်သွားတယ်။ မလှမ်းမကမ်းက ပင်လယ်ရေမျက်နှာပြင်မှာ မီးလုံးကြီးတစ်ခုက ရုတ်တရက် ပေါ်လာတယ်။ ကောင်းကင်ပေါ်ကို မီတာ ရာနဲ့ချီ ထိုးတက်သွားတာကို ငါ့မျက်စိနဲ့ တပ်အပ်မြင်လိုက်ရတယ်။

ပင်လယ်တစ်ခုလုံးက ပွက်ပွက်ဆူနေပြီး ပတ်ဝန်းကျင်ရဲ့ လေထုတွေကလည်း ကျွမ်းလောင်နေတယ်။ ငါ အသက်ရှူ ကျပ်လာတယ်။ သေတော့မယ်လို့ ထင်လိုက်တယ်။ အဲဒါက မဆိုးဝါးတဲ့ သေဆုံးနည်းပဲလေ။ ဒါကြောင့် ငါ သေမင်း ရောက်လာတာကို အေးအေးဆေးဆေး ကြိုဆိုနေခဲ့တာ။

ဒါပေမဲ့ ပြန်သတိရလာတဲ့အချိန်မှာတော့ ကျိန်စာသင့် ပင်လယ်ထဲကနေ ထွက်ခွာလာခဲ့ပြီ။ ငါ မထင်မှတ်ခဲ့ဘူး။ ငါ့ရဲ့ ရွက်လှေက ရှီလွန်မင်းဆက်ရဲ့ ပင်လယ်ပြင်ထဲကို ပြန်လည် မျှောပါလာခဲ့တယ်။ ငါ အရှင်လတ်လတ်နဲ့ ပြန်ရောက်လာခဲ့တယ်။”

ရှမ့်လန်က မေးလိုက်၏။ “ပင်လယ်ကြမ်းပြင်ငလျှင် ဟုတ်လား။ အတိအကျဆို ဘယ်နေ့ကလောက် ဖြစ်မလဲ။”

ဟီလာက ပြောသည်။ “ဘယ်လောက်ကြာကြာ သတိလစ်နေလဲ ငါမသိဘူး။ ဒါပေမဲ့ နှစ်လအောက်တော့ လျော့မယ်ထင်တယ်။”

အမှန်ပင် ထိုနေ့က ဖြစ်၏။ မြောက်ဘက်ရှိ အိပ်မက်ဆိုးကျွန်းမှ ရှေးဟောင်းစွမ်းအင် ဘောလုံးကြီးက အာနိသင် ကုန်ဆုံးသွားခဲ့ပြီး မီးတောင်ကြီးကို မထိန်းချုပ်နိုင်တော့ချေ။ တုန်လှုပ်ဖွယ်ရာ မီးတောင် ပေါက်ကွဲမှုကြောင့် ပင်လယ်ကြမ်းပြင် ငလျှင်ကြီးက လှုပ်ခတ်သွားခဲ့ပြီး အမေဇုန်နိုင်ငံတော် ပျက်စီးလုနီးပါး ဖြစ်ခဲ့သည်။

မထင်မှတ်ဘဲ ပျောက်ဆုံးသွားသည့်နိုင်ငံ၏ ကျိန်စာသင့်ပင်လယ်တွင် ကွင်းစက် တုံ့ပြန်မှုများ ဖြစ်ပေါ်ခဲ့ခြင်းပင်။ ဟီလာ လွတ်မြောက်လာခြင်း၏ အကြောင်းရင်းက အိပ်မက်ဆိုး မီးတောင်ပေါက်ကွဲမှုနှင့် ဆက်စပ်နေသည်မှာ သေချာ၏။ သို့သော်ငြား ကျိန်စာသင့် ပင်လယ်က တကယ်ကို ထူးဆန်းဆဲပင်။ ရေယာဉ်စု တစ်ခုလုံးက ပိတ်မိနေသေးပြီး ထွက်ခွာ၍ မရအောင် ပြုလုပ်ထား၏။ အရှေ့အနောက် တောင်မြောက် အရပ်မျက်နှာများကို ပြောင်းပြန်လှန်ပစ်နိုင်၏။ မည်သူမှ ဖောက်ထွက်၍ မရနိုင်လောက် အောင်ပင်။

ရှမ့်လန်က မေးလိုက်၏။ “ဟီလာ... ဦးခေါင်းခွံ ပင်လယ်ဓားပြ ရေယာဉ်စုမှာ လူ ဘယ်နှစ်ယောက်လောက် ကျန်နေသေးလဲ။”

ဟီလာက ပြောသည်။ “တစ်ဝက်ကျော်လောက် ကျန်သေးတယ်။ ဒါပေမဲ့ နေ့တိုင်း လူတွေက ကိုယ့်ကိုကိုယ် သတ်သေနေကြတယ်။ အထူးသဖြင့် အမေ ပင်လယ်ထဲမှာ မြှုပ်နှံခံရပြီး နောက်ပိုင်းပေါ့။ သူတို့က ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားနေရတယ်။ အခုဆို ပိုတောင် စိတ်ပျက် အားငယ်နေကြလောက်ပြီ။ ဦးခေါင်းခွံ ပင်လယ်ဓားပြ ရေယာဉ်စုက လုံးဝပျက်စီးသွားဖို့ သိပ်မကြာတော့ဘူးနဲ့ ထင်တယ်။”

ရှမ့်လန်က ပြောလိုက်၏။ “ဒါပေမဲ့ သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းက တကယ်ကို သန်မာနေတုန်းပဲ။”

ဟီလာက ပြောသည်။ “ဒါပေါ့။ သူတို့က လွန်ခဲ့တဲ့ ၁၀ နှစ်က ဦးခေါင်းခွံရေယာဉ်စုထက်တောင် ပိုပြီးတော့ သန်မာနေသေးတယ်။ ဘာလို့လဲဆိုတော့ မရေတွက်နိုင်တဲ့ ပင်လယ်သားရဲတွေကို တိုက်ခိုက်ခဲ့ရတာကိုး။”

….

ရှမ့်လန်က မျက်လုံးကို မှိတ်လိုက်၏။ အကယ်၍ သူသာ ဦးခေါင်းခွံရေယာဉ်စုကို လွတ်မြောက်အောင် ကူညီပေးနိုင်သည် ဆိုပါက ဤထိပ်တန်းရေယာဉ်စု၏ သစ္စာခံမှုကို ရရှိမည်လား။ မည်သို့ပင်ဆိုစေကာမူ သူက ကျန်းလီ၏သားဖြစ်ပြီး ကျန်းလီက ဦးခေါင်းခွံရေယာဉ်စု၏ ပထမဦးဆုံး ခေါင်းဆောင် ဖြစ်၏။ ထို့အပြင် ဟီလာက သူ၏ အစ်မ ဖြစ်၏။ ရေယာဉ်စု၏ ခေါင်းဆောင်က ရေယာဉ်စုကို ကယ်တင်ရန် သူ့ကိုယ်သူ သတ်သေခဲ့၏။ သူမ သေဆုံးသွားခဲ့ပြီးနောက် ဦးခေါင်းခွံဂိုဏ်းတစ်ခုလုံးက အပြစ်ရှိသလို ခံစားချက်များနှင့် ပူဆွေးနေ၏။

ရှမ့်လန်က ပြောလိုက်သည်။ “ဟီလာ... ဦးခေါင်းခွံရေယာဉ်စုကို ကယ်တင်ဖို့ ပျောက်ဆုံးသွားတဲ့နိုင်ငံရဲ့ အပျက်အစီးတွေဆီကို ပြန်သွားဖို့ စဉ်းစားဖူးလား။”

ဟီလာက ချက်ချင်းပြော၏။ “မစဉ်းစားဘူး။ ငါ ရှီလွန်မင်းဆက်ကို ပြန်ရောက်ပြီးတဲ့နောက်မှာ မူလက အသက်ရှင်ဖို့ ဘာရည်ရွယ်ချက်မှ မရှိဘူး။ ဒါပေမဲ့ ငါ့မောင်လေး... မင်းကို တွေ့ရမယ်လို့ မထင်ထားခဲ့ဘူး။ အခုဆိုရင် ငါ ဒီလောကကြီးထဲမှာ တစ်ယောက်တည်း မဟုတ်တော့ဘူး။ နောင် ငါ မင်းဘေးနားမှာပဲ နေပြီး မင်းကို ထာဝရ ကာကွယ်ပေးမယ်။ ဟယ်လင်ကိုပါ ရှာတွေ့ရင် ပိုကောင်းတာပေါ့။ ငါတို့ သုံးယောက်က အချင်းချင်း မှီခိုပြုပြီး နေသွားလို့ရပြီ။”

ဟီလာက လက်သီးကို ဆုပ်ပြီး ရှမ့်လန်၏ လည်ပင်းကို ဖက်၏။ ပြီးနောက် သူမက ပါးကို နမ်းကာ ပြောသည်။ “ချစ်လှစွာသော မောင်လေး... မင်းရှိနေကြောင်း သိလိုက်ရတဲ့အချိန် ငါဘယ်လောက် စိတ်လှုပ်ရှားပြီး ပျော်ရွှင်တယ်ဆိုတာ မင်းသိလား။ ငါ့ရဲ့ နှလုံးသားက အရင်တုန်းက အမှောင်ထုတွေ ဖုံးလွှမ်းနေခဲ့တာ။

ရုတ်တရက် အက်ကွဲကြောင်းကြီးတစ်ခုက ဖြစ်တည်လာခဲ့ပြီး နေရောင်ခြည်တွေ ဝင်ရောက်လာသလိုပဲ။ ပျောက်ဆုံးသွားတဲ့နိုင်ငံမှာ ခံစားခဲ့ရတဲ့ စိတ်ဓာတ်ကျမှု၊ အထီးကျန်မှု၊ နာကျင်မှုတွေကို မင်းဘယ်လိုမှ နားလည်မှာ မဟုတ်ဘူး။ အထူးသဖြင့် အမေ ပင်လယ်ထဲကို မြှုပ်နှံခံရပြီးနောက်မှာ ဒီလောကကြီးထဲမှာ အသက်ရှင် နေထိုင်ရမယ့် အကြောင်းပြချက်ကို ငါ တကယ်ပဲ ရှာမတွေ့ခဲ့တော့ဘူး။”

ရှမ့်လန်က နားလည်၏။ လူတစ်ယောက်တွင် ဘာမှ မရှိတော့သည့် အချိန်၌ ဤလောကကြီးက ဆွေမျိုးသားချင်းတစ်ယောက် ကျန်ရှိနေသေးကြောင်း သိရခြင်းက လောကကြီးတစ်ခုလုံးကို ပိုင်ဆိုင်လိုက်ရ သကဲ့သို့ပင် ခံစားရစေ၏။

ဟီလာက ရှမ့်လန်ကို တစ်ခါမှ မမြင်ဖူးသလို သူရှိနေကြောင်းလည်း မသိခဲ့သော်လည်း သူတို့က ဆွေမျိုးများ ဖြစ်နေသောကြောင့် သူက သူမ၏ နောက်ဆုံးမျှော်လင့်ချက် ဖြစ်လာပေသည်။

ဟီလာက သူမ၏ သွားဖြူဖြူလေးများ ပေါ်သည်အထိ ပြုံး၏။ “အစ်မကြီးက အရမ်းကို သန်မာတယ်။ မင်းကို ထိခိုက်အောင်လုပ်တဲ့ ဘယ်သူ့ကိုမဆို ငါ အမှုန့်ကြိတ်နိုင်တယ်။”

ရှမ့်လန်က မေးသည်။ “အစ်မကြီး... ကျုပ်အကြောင်း ဘာတွေ သိလဲ။”

ဟီလာက ပြော၏။ “မသိဘူး။ မင်းတို့ မြို့ငယ်လေးကို ရောက်လာပြီးတည်းက ငါ ဘယ်သူနဲ့မှ စကား မပြောခဲ့ဘူး။ နေ့တိုင်း အိပ်ရင်အိပ်၊ မအိပ်ရင် လေ့ကျင့်နေတာပဲ။ ငါ မင်းကလွဲပြီး တခြားဘယ်သူနဲ့မှ စကားမပြောချင်ဘူး။”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်လက်အောက်မှာ ရေယာဉ်စုငယ်လေး ရှိတယ်။ ပုလဲနက် ပင်လယ်ဓားပြအဖွဲ့ပဲ။ သူက ဦးခေါင်းခွံဂိုဏ်းရဲ့ ကလေးတစ်ယောက်ပဲ။”

ဟီလာက အချိန်အကြာကြီး စဉ်းစားကာ ပြောလိုက်၏။ “ပုလဲနက်... အဲလိုလူတစ်ယောက် ရှိတယ်လို့တော့ ထင်တာပဲ။ ဒါပေမဲ့ ငါ ဦးခေါင်းခွံဂိုဏ်းနဲ့ ပတ်သက်တာတွေ ဘာမှ မစဉ်းစားချင်တော့ဘူး။”

ရှမ့်လန်က နားလည်ပေးနိုင်၏။ သူမ၏အမေ သေဆုံးမှုကြောင့် ဦးခေါင်းခွံဂိုဏ်းမှ လူတိုင်းကို ခွင့်လွှတ်ရန် သူမအတွက် ခက်ခဲပေလိမ့်မည်။

ရှမ့်လန်က ပြောလိုက်သည်။ “အစ်မကြီး... အရှေ့တိုင်းမှာ ကျုပ်ရဲ့ အထောက်အထား ပေါ်သွားပြီးတဲ့နောက် တော်ဝင်ရန်အင်ပါယာရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရတယ်။ ကျုပ်ရဲ့မိန်းမနဲ့ ကလေးတွေက မိစ္ဆာတြိဂံ နယ်မြေထဲကို ထွက်ပြေးသွားကြတယ်။ အရှေ့တိုင်းရဲ့ လူပေါင်းများစွာက ကျုပ်အတွက် သေဆုံးခဲ့ရတယ်။ လူပေါင်းများစွာက ကျုပ်ကို စောင့်မျှော်နေကြတယ်။ ကျုပ် အရှေ့တိုင်းကို ပြန်ပြီး တိုက်ခိုက်ဖို့ လိုတယ်။”

ဟီလာက ရှမ့်လန်ကို အချိန်အကြာကြီး ကြည့်၏။ ပြီးနောက် ပြောလိုက်၏။ “မင်းကလည်း အဲဒီ ဧကရာဇ် အမွေအနှစ် ဆိုတာကြီးတွေအတွက် လုပ်နေတာလား။ အမေနဲ့ ဦးခေါင်းခွံရေယာဉ်စုကို စွန့်ခွာခဲ့တဲ့ အဖေ့လိုမျိုးလေ။”

ရှမ့်လန်က ပြောလိုက်သည်။ “မဟုတ်ဘူး။ ကျုပ် အဲဒီ ဧကရာဇ်တွေ ၊အာဏာ ဆိုတဲ့ဟာကို စိတ်မဝင်စားဘူး။ ကျုပ်က ပြန်တိုက်ခိုက်ချင်တာ။ ရန်သူအားလုံးကို သတ်ပစ်ချင်တာ။ ဒါမှ ဒီလောကကြီးထဲမှာ ရန်ငြိုး မရှိတော့မှာပဲ။”

ဟီလာက မျက်လုံးများ တောက်ပသွားခဲ့၏။ ပြီးနောက် ရှမ့်လန်ကို အားရပါးရ နမ်း၏။ “ငါ မင်းကို ချစ်သွားပြီ။ ငါ့ရဲ့မောင်လေး... ဒီအပိုင်းမှာတော့ မင်းက ငါ့အဖေထက် အများကြီး ပိုတော်တယ်။ မင်းရဲ့ ခန္ဓာကိုယ်က အားနည်းပေမယ့် မင်းမှာ အရမ်းအားကောင်းတဲ့ စိတ်အခံရှိတယ်။ ဘာဧကရာဇ် အမွေအနှစ်လဲ။ ငါတို့ စိတ်ရှိသလို နေကြမယ်၊ စိတ်ရှိသလို သတ်ကြမယ်၊ စိတ်ရှိသလို ရှင်သန်ကြမယ်။”

“ဟမ့်.. ဒါကြောင့် အစ်မကြီး ... အမေဇုန်လူမျိုးတွေရဲ့ မျိုးဆက်ပွားအခမ်းအနားကို သွားခဲ့သေးတာလား။ အစ်မကြီး မွေးလာတာ မှားနေပြီ။ အစ်မကြီးက ယောက်ျား ဖြစ်သင့်တာ၊ မိန်းမ မဟုတ်ဘူး။”

ဟီလာက စကားလမ်းကြောင်း ပြောင်း၏။ “ဒါပေမဲ့ ပျောက်ဆုံးသွားတဲ့ နိုင်ငံထဲမှာ မင်းရဲ့အသက်ကို စွန့်စားတာမျိုးကိုတော့ ငါ လုံးဝ ခွင့်မပြုဘူး။ အဲဒါက ကျိန်စာသင့် နေရာတစ်ခုပဲ။ မင်း အဲဒီကို သွားရင် ဘယ်တော့မှ ပြန်ထွက်နိုင်မှာ မဟုတ်ဘူး။ နတ်ဘုရားတွေတောင် ဦးခေါင်းခွံဂိုဏ်းကို မကယ်တင်နိုင်ဘူး။ မင်းလည်း သူတို့ကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။ သူတို့ကို ပျက်စီးခွင့် ပေးလိုက်ပါ။ ငရဲကို သွားခိုင်းလိုက်စမ်းပါ။

ချစ်လှစွာသော မောင်လေး... ငါ ပျောက်ဆုံးသွားတဲ့နိုင်ငံကို ပြန်မသွားဘူး။ မင်းကိုလည်း သွားခွင့်မပြုနိုင်ဘူး။ မင်း ရေယာဉ်စုတစ်ခု လိုအပ်တယ်မလား။ ငါက အသန်မာဆုံးသော ပင်လယ်ဓားပြပဲ။ မင်းအတွက် ရေယာဉ်စုတစ်ခုကို လေ့ကျင့်ပေးမယ်။ ပင်လယ်ထဲကိုသွားပြီး မင်းအတွက် လူတွေ ဖမ်းပေးမယ်။ မင်းလိုချင်သလောက် ပင်လယ်ဓားပြတွေ ရစေရမယ်။ ငါက မင်းရဲ့ အကောင်းဆုံး ရေတပ်မှူး ဖြစ်လာရမယ်။”

ရှမ့်လန်က စိတ်ထဲတွင် ခါးသက်စွာ ရယ်မောလိုက်မိ၏။ ဟီလာ၌ ထိုကဲ့သို့ စွမ်းရည်မျိုး ရှိကြောင်း သူ ယုံကြည်ထား၏။ သို့သော်ငြား သူ့တွင် အချိန်မရှိချေ။ ထို့အပြင် လေ့ကျင့်ပေးထားသည့် ပင်လယ်ဓားပြ ရေယာဉ်စုက ဦးခေါင်းခွံဂိုဏ်းနဲ့ ဘယ်တော့မှ ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုအရာက ထိပ်တန်းရေယာဉ်စု ဖြစ်သည်။

“ငါ မင်းကို လေးလေးနက်နက် သတိပေးလိုက်မယ်။ မင်းသွားဖို့ ငါ ခွင့်မပြုနိုင်ဘူး။”

ဟီလာက ရှမ့်လန်၏ မျက်နှာကို အုပ်ကိုင်ကာ ပြော၏။ “မင်းသွားရင် ငါ မင်းကို အရင် လည်ပင်းညှစ်သတ်ပြီးမှ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်မယ်။ အဲဒီ ကျိန်စာသင့်ငရဲဆီကို မင်းသွားဖို့ ငါလုံးဝ ခွင့်မပြုနိုင်ဘူး။”

ရှမ့်လန်က ဟီလာ၏ မျက်လုံးများကို ကြည့်လိုက်ရာ အပေါ်ပိုင်းတွင် ရိုင်းစိုင်းပုံ ပေါက်သော်လည်း အတွင်း၌ မျှော်လင့်ချက်မဲ့မှု၊ အထီးကျန်မှုနှင့် ကြောက်ရွံ့မှုတို့ ပြည့်နှက်နေသည်ကို မြင်ရ၏။ ပျောက်ဆုံးနေသည့် နိုင်ငံများ၏ အပျက်အစီးထဲတွင် ဆယ်စုနှစ်တစ်ခုကျော် ပိတ်မိနေခြင်းက သူမ၏ စိတ်နှင့် ဝိညာဉ်ကို များစွာ ထိခိုက်ခဲ့၏။ အထူးသဖြင့် သူမ၏ မိခင် သေဆုံးမှုကြောင့် ဖြစ်သည်။

ရှမ့်လန်က ပြောလိုက်၏။ “ကောင်းပြီ။ ကျုပ် ကတိပေးပါတယ်။”

“ကောင်းတယ်။”

ဟီလာက ရှမ့်လန်ကို နမ်းလိုက်ပြန်သည်။ “မင်းက ငါစိတ်ကူးထားတဲ့ မောင်လေး ပုံစံနဲ့ တစ်ထပ်တည်းပဲ။ ပိုတောင် ပြီးပြည့်စုံသေးတယ်။ သွားကြစို့။ အစ်မကြီး မင်းကို နေရာတစ်ခုဆီ ခေါ်သွားမယ်။”

ပြီးနောက် ဟီလာက ရှမ့်လန်၏ လက်ကို ဆွဲကာ ထွက်ခွာ၏။

ရှမ့်လန်က မေးလိုက်သည်။ “ဘယ်ကို သွားမလို့လဲ။”

ဟီလာက ပြော၏။ “မျိုးစေ့ကျွန်းကို သွားရမယ်လေ။ အဲဒီမှာ မင်းကို စောင့်နေတဲ့သူ ရှိတယ်။ ငါပြောပြီးပြီ မဟုတ်လား။ ငါတို့ စိတ်ရှိတိုင်း နေချင်တယ်၊ စိတ်ရှိတိုင်း သတ်သင့်တယ်၊ စိတ်ရှိတိုင်း ရှင်သန်သင့်တယ်လို့။ ငါ မင်းကို 'အီဒါဘုရင်မ' ဆီ ခေါ်လာပေးမယ်လို့ ကတိပေးထားတယ်။”

ရှမ့်လန်က အမေဇုန်ဘုရင်မနှင့် ချိန်းဆိုထားခဲ့သော်လည်း မကြာသေးမီက ကိစ္စများစွာ ဖြစ်ပျက်ခဲ့သောကြောင့် ချိန်းဆိုမှုကို လွဲချော်လုနီးပါး ဖြစ်ခဲ့သည်။

ရှမ့်လန်က ပြော၏။ “မျိုးဆက်ပွား အခမ်းအနားက ပြီးလုနီးပါး ဖြစ်နေပြီ။”

ဟီလာက ပြော၏။ “ဒါပေမဲ့ ဘုရင်မကြီးက မင်းကို စောင့်နေလိမ့်မယ်။ မိန်းမတစ်ယောက်ရဲ့ ကတိကို မင်း နားမလည်ပါဘူး။ ငါတို့ရဲ့ အသုံးမကျတဲ့ သူရဲကောင်းအဖေလိုမျိုး၊ အမေ့ကို တစ်သက်လုံး စောင့်နေအောင် ထားပစ်ခဲ့တာမျိုးကို မကြိုက်ဘူး။

ဒါကြောင့် ငါ အချစ်ကို ဘယ်တော့မှ မယုံကြည်တာပဲ။ ယောက်ျားတွေကိုလည်း မကြိုက်ဘူး။ ငါ မိန်းမတွေကိုပဲ ချစ်တယ်။ ဒါပေမဲ့ မင်းကတော့ ခြွင်းချက်ပေါ့။ မင်းက ကောင်စုတ်တစ်ကောင် ဖြစ်တယ်ဆိုပေမဲ့ ငါ့မောင်လေး ဖြစ်တာကြောင့် ငါ မင်းကို အရမ်းချစ်နေတုန်းပဲ။”

ဟီလာက ဆက်ပြောသည်။ “ဘုရင်မအီဒါက အနောက်တိုင်းလောကတစ်ခုလုံးမှာ အလှဆုံးနဲ့ အစွမ်းထက်ဆုံး မိန်းမပဲ။ သူ့ရဲ့အလှ၊ ခန္ဓာကိုယ်က ငါ့ရဲ့ စိတ်ဝိညာဉ်ကိုတောင် လှုပ်ရှားသွားစေတယ်။ ငါ တင်မကဘူး အနောက်တိုင်းက ယောက်ျားအကုန်လုံး အိမ်မက်မက်ကြတဲ့ မိန်းမပဲ။ မင်းသာ ငါ့ရဲ့ ချစ်လှစွာသော မောင်လေး မဟုတ်ဘူးဆိုရင် သူ့ရဲ့အချစ်ကိုရဖို့ မင်းနဲ့ ငါ သေချာပေါက် တိုက်ခိုက်မိမှာပဲ။”

ထို့သို့ဖြင့် ဟီလာက ရှမ့်လန်၏ လက်ကို ဆွဲကာ ဆိပ်ကမ်းဘက်သို့ ခေါ်ဆောင်လာ၏။ ကျန်းချွင်းဟွာ၊ ပုလဲနက်၊ လန်ဖုန်း၊ မင်းသမီးဒိုဟာနှင့် တခြားသူအားလုံးက အမှီလိုက်လာ၏။

“အရှင်၊ အရှင်မင်းသမီး..” လန်ဖုန်းက ဟီလာနဲ့ ကျန်းလီ တူညီသည်ကို မြင်တွေ့လိုက်ရပုံ ရသည်။

ပုလဲနက်က ကြောက်ရွံ့စွာ ပြော၏။ “အရှင်မင်းသမီး ဟီလာ… ကျွန်မ၊ ကျွန်မ လိုက်ခဲ့လို့ ရမလား။” ပုလဲနက်သည်လည်း ဟီလာကို သိ၏။ သူမက ငယ်လွန်းသောကြောင့် ကျန်းလီကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။ ကျန်းလီက ဦးခေါင်းခွံဂိုဏ်း၏ ပထမဦးဆုံး ခေါင်းဆောင်ဖြစ်သည်ကိုပင် သူ မသိခဲ့ချေ။ ပထမဦးဆုံး ခေါင်းဆောင်က လိုကီဖြစ်သည်ဟုသာ သူမ သိရှိထားပြီး သူက အရှေ့တိုင်းသား ဖြစ်ကြောင်းကိုပင် မသိချေ။

ကျန်းလီက ဦးခေါင်းခွံဂိုဏ်း၏ ပထမဦးဆုံး ခေါင်းဆောင် ဖြစ်သော်လည်း ထိုအရာကို အမှန်တကယ် သန်မာအောင် ပြုလုပ်ခဲ့သူမှာ ပင်လယ်ဓားပြ ဘုရင်မ အိန်ဂျလာသာလျှင် ဖြစ်၏။ သူမက ဦးခေါင်းခွံဂိုဏ်း၏ စစ်မှန်သည့် ခေါင်းဆောင်ဖြစ်ပြီး ကျန်းလီက ဤရေယာဉ်စုကို စွန့်ခွာသွားသည်မှာ စောလွန်းခဲ့၏။ ပုလဲနက်၏ မျက်လုံးထဲတွင်တော့ ဟီလာက တောက်ပသည့် စံပြပုဂ္ဂိုလ်တစ်ဦးပင်။

“မလိုက်ရဘူး။ ငါက ဦးခေါင်းခွံဂိုဏ်းနဲ့ ဘာမှ မပတ်သက်ချင်တော့ဘူး။” ဟီလာက အေးစက်သည့် အသံဖြင့် ငြင်းဆိုလိုက်၏။ ပြီးနောက် သူမက ရွက်လှေတစ်စင်းပေါ် တက်၏။ ပြီးနောက် ဘုရင်မအီဒါနှင့် မျိုးဆက်ပွား အခမ်းအနား ပြီးမြောက်စေရန် ရှမ့်လန်ကို မျိုးစေ့ကျွန်းဆီသို့ ခေါ်ဆောင်သွား၏။

................

မျိုးစေ့ကျွန်းပေါ်တွင်တော့ မျိုးဆက်ပွားအခမ်းအနား ပြီးဆုံးသွားပြီ ဖြစ်သောကြောင့် အမေဇုန်မျိုးသမီးများ အားလုံးက ထွက်ခွာသွားခဲ့ပြီ ဖြစ်၏။ သို့ပေမည့် ဘုရင်မအီဒါက ရှိနေဆဲဖြစ်ပြီး ဤယမ်းစိမ်းကျွန်းပေါ်တွင် သူမ၏တဲကို သီးသန့်ထိုးထား၏။ သူမက ရှမ့်လန်ကို စောင့်ဆိုင်းနေသည်မှာ လဝက်ကျော်ခဲ့ပြီ။ ယောက်ျားအားလုံးက လိမ်ညာသူများလား။ လာမည်ဟု ကတိပေးထားပြီး နောက်ဆုံး ရောက်မလာခဲ့ချေ။

သတ်မှတ်ရက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း အီဒါဘုရင်မက သူမ၏မျိုးဆက်ပွားကာလကို လွဲချော်စေရသော်ငြားလည်း ဆက်လက် စောင့်ဆိုင်းနေရဦးပေမည်။ အချို့သော အရာများက မျိုးဆက်ပွားရန် သက်သက် မဟုတ်ချေ။

သူမက နတ်ဆိုးဆန်သည့် ၊ စွဲဆောင်မှုအလွန် ပြင်းထန်နေသည့် ခန္ဓာကိုယ်မျိုးဖြင့် ကျွန်းပေါ်တွင် ရပ်နေ၏။ သူမက အနောက်တိုင်းတွင် အစွမ်းထက်ဆုံးသော အမျိုးသမီး ဖြစ်သလို လူတိုင်း၏ လိုချင်မှုကို ခံရသည့် အမျိုးသမီးလည်း ဖြစ်၏။ သူမက ရှမ့်လန်၏ သင်္ဘောပေါ်လာမည့် အရှေ့ဘက်သို့ မျှော်ကြည့်နေ၏။

သို့သော်ငြား ထိုအချိန်၌ သူမ၏အရှေ့တွင် ရိပ်ခနဲ လူတစ်ယောက် ပေါ်လာ၏။ မုတ်ဆိတ်ဖြူ၊ ဆံပင်ဖြူနှင့် လူတစ်ယောက် ဖြစ်ပြီး သင်္ဘောဦး၌ ရပ်နေ၏။ ထိုသူက အမေဇုန်နိုင်ငံတော် ဘေးဒုက္ခ ကြုံချိန်တွင် ပေါ်လာသည့် ထူးဆန်းသော စွမ်းအင်များနှင့် ပြည့်နှက်နေသည့် လူ၊ ကျောက်စိမ်းဖြူမြို့၏ နှင်းလေနှင့်အတူ ပေါ်လာခဲ့သော လျှို့ဝှက်ဆန်းကြယ်သူ အဒေါ့ဖ် ပင် ဖြစ်သည်။

အဒေါ့ဖ်က ဖြည်းညှင်းစွာ ပြော၏။ “ဘုရင်မအီဒါ... ဒူးထောက်ပြီး ကျုပ်ကို သစ္စာရှိကြောင်း ကျိန်ဆိုလိုက်။ အရှေ့တိုင်းသား ရှမ့်လန်ကို စောင့်နေတာလား။ မတန်ဘူး။ သူက မင်းရဲ့ ယောက်ျားဖြစ်ဖို့အတွက် မထိုက်တန်ဘူး။ ကျုပ် မင်းကို ရွေးချယ်စရာ နှစ်ခု ပေးမယ်။ ကျုပ် ကို ဒူးထောက်သစ္စာဆိုပြီး ကျုပ်မိန်းမ လုပ်မလား။ ဒါမှမဟုတ် အသေခံမလား။”

ဘုရင်မအီဒါ ဆိုသူက မည်သို့သော လူမျိုး ဖြစ်သနည်း။ သူမက အနည်းငယ်မျှ သဘောမတွေ့ရုံဖြင့် အသက်ကို ရန်ရှာတတ်သည့် လူပင်။ စကားဖြင့် ဖြေရှင်းနိုင်သည့်တိုင်အောင် သူမက စကားမပြောဘဲ လက်ရုံးရည်ကို သာ အားကိုးတတ်သူ ဖြစ်၏။ ထို့အပြင် သူမက လက်တွေ့လုပ်ဆောင်တတ်သူလည်း ဖြစ်သည်။

ထို့ကြောင့် ဆံပင်များ ဖြူဖွေးပြီး လျှို့ဝှက်ဆန်းကြယ်သည့် အဒေါ့ဖ်ကို မြင်ချိန်မှာတော့ သူမက စကားတစ်လုံးမှ မဆိုချေ။ ဓားကိုသာ ချက်ချင်း ဆွဲထုတ်၏။ တစ်ကိုယ်လုံးက အမြှောက်ဆံတစ်ခုကဲ့သို့ပင် အရှိန်ဖြင့် ရှေ့ဆီသို့ ပြေးဝင်သွား၏။

အပိုင်း (၈၆၄)

“ဒုန်း...”

ကျယ်လောင်လွန်းသည့် အသံကြီးက ထွက်ပေါ်လာ၏။ အမှန်စင်စစ် သူမ၏အရှိန်က အသံထက်မြန်သော အရှိန်မျိုးကို ဖြစ်ပေါ်စေနိုင်စွမ်းမရှိသော်လည်း အရှိန်က အလွန်ပြင်းထန်သောကြောင့် ခြေဖဝါးအောက်ရှိ ကျောက်တုံးကြီးပင်လျှင် ပဲ့ကြွေထွက်သွားရ၏။

“ဘုန်း ဘုန်း...” မျက်စိတစ်မှိတ်အတွင်း အဒေါ့ဖ်၏ ရှေ့ဆီသို့ရောက်ရှိပြီး လက်ထဲရှိ ဓားရှည်ဖြင့် အားကုန်လွှဲကာ ခုတ်ချ၏။ ခဏအတွင်း လှေငယ်လေးက အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့သည်။

ဤတစ်ကြိမ်မှာတော့ ဘုရင်မအီဒါက တစ်ချက်တည်း ခုတ်ပိုင်းခြင်း မဟုတ်ချေ။ အချက်ပေါင်း ၁၀၀ မက ခုတ်ပိုင်းလိုက်ခြင်း ဖြစ်၏။ သူမ၏ထက်မြက်သည့် ဓားချက်များက လေထုထဲတွင် အရှိန်နှင့် ခုတ်ပိုင်းလျက်ရှိနေပြီး လေတိုးသံများကလည်း တဝီဝီ မြည်ဟိန်းနေ၏။ ပင်လယ်ရေပြင်ကြီးကပင်လျှင် ကြီးမားသည့် အက်ကွဲကြောင်းကြီး တစ်ခု ဖြစ်သွားရ၏။ လှေလေးက အမှုန်အဖြစ်သို့ ပြောင်းလဲသွားပြီး အစိတ်အပိုင်း တစ်ခုကိုမှ ရှာမတွေ့နိုင်တော့ချေ။ သူမက အမှန်စစ်စစ် ကြမ်းတမ်းသည့် ဘုရင်မပင် ဖြစ်တော့၏။

သို့သော်ငြား အခြေအနေက ယခင်အတိုင်းပင်။ အဒေါ့ဖ်၏ ဖြူဖွေးသည့် ခန္ဓာကိုယ်ပုံရိပ်က ပျောက်ကွယ် သွားခဲ့ပြန်၏။ ခဏအကြာမှာတော့ သူက ယမ်းစိမ်းကျွန်းပေါ်၌ ပြန်လည် ပေါ်ပေါက်လာ၏။ သူ၏ အကြည့်များထဲတွင် ချီးကျူးဂုဏ်ပြုမှုများနှင့် ပြည့်နှက်နေပြီး ဘုရင်မအီဒါ၏ကျောပေါ်ကို ရောက်သည်။ သူမက တစ်လောကလုံးရှိ အမျိုးသားထု တသသ တမ်းတရသည့် အမျိုးသမီး ဖြစ်သည်မှာ မှန်ကန်၏။ သူမက လှပလွန်းရုံသာမက အစွမ်းလည်း ထက်လွန်းသည်။

အဒေါ့ဖ်က ယမ်းစိမ်းတုံးတစ်ခုကို ကောက်ယူကာ ပြုံး၏။ “ဒါက ရတနာတစ်ခုပဲ။ လိုအပ်တဲ့သူတစ်ယောက် မတွေ့မချင်း ဖုံးကွယ်ထားသင့်တယ်။ အမေဇုန်တွေက ဒါကို သားဖောက်ကျွန်း အဖြစ် သုံးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒီကျွန်းပေါ်က ကျောက်တွေက ဖြူနေလို့လား။ ဒါဆိုရင် ကျုပ်လည်း ဖြူတာပဲလေ။”

သူ၏ ဆိုလိုရင်းကို ဘုရင်မအီဒါက နားလည်လာ၏။ သူမကို စော်ကားမော်ကား ပြောနေခြင်းသာ ဖြစ်၏။ သို့သော်ငြား သူမက ထိုသူပြောသည့် စကား၏ နက်နဲသည့် အဓိပ္ပါယ်ကို ပုံဖော်ကာ အာရုံစိုက်မိ၏။ သူမက ဤယမ်းစိမ်းများ၏ အသုံးဝင်ပုံကို နားမလည်သော်လည်း ရှမ့်လန်၏စကားများကို ကြားပြီးနောက် ထိုအရာများက ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကို ပြုလုပ်ရာတွင် မဖြစ်မနေ လိုအပ်သည့် ပစ္စည်းမျိုး ဖြစ်ကြောင်း သိခဲ့ရ၏။ ထို့အပြင် သူမက ဤကျွန်းကို ရှမ့်လန်အား ပေးရန် ကတိပြုထားခဲ့ပြီးသားပင်။ ယခု ထိုသူ၏ စကားအရ သူကလည်း ဤပစ္စည်းများကို မည်သို့ အသုံးပြုရမည်ကို ကျွမ်းကျင်နေပုံ ပေါ်သည်။

ဘုရင်မအီဒါက အေးစက်စက်နှင့် မေး၏။ “ရှင် ဘယ်သူလဲ။”

အဒေါ့ဖ် က ပြန်ပြောသည်။ “ကျုပ်ကို ကျုပ် မိတ်ဆက်ပြီးပြီပဲလေ။ ကျုပ်နာမည်က အဒေါ့ဖ် ပဲ။”

ပြီးနောက် သူက သက်ပြင်းချ၏။ “တစ်စုံတစ်ယောက်က ကျုပ်ကို ကြားဖြတ်တားစီးပြီး အမေဇုန်နိုင်ငံတော် ကို ကယ်တင်သွားလိမ့်မယ်လို့ တကယ် မထင်ခဲ့ဘူး။ ဘယ်လောက်တောင် ကြီးလေးတဲ့ ပြစ်မှုလဲ။ အရှင်မ... ဘာလို့ ရှမ့်လန်လို လူမျိုးနောက်ကို လိုက်နေရတာလဲ။ ဒီလောကမှာ သူ့ထက် အပေါ်ယံဆန်တဲ့ လူကိုတောင် ရှာတွေ့မှာ မဟုတ်ဘူး။”

ဘုရင်မအီဒါ၏ အကြည့်များက အေးစက်သွား၏။ သူမက မိမိကိုယ်တိုင် အစွမ်းထက်သူ ဖြစ်သောကြောင့် အသိဉာဏ်ကြီးမားသည့် အမျိုးသားများကို နှစ်သက်သည်ဟု မည်သည့်အခါမှ ထုတ်ဖော်ပြောဆိုလိမ့်မည် မဟုတ်ချေ။ အမျိုးသားနှင့် အမျိုးသမီး ဆိုသည်က တစ်ဦးနှင့်တစ်ဦး ဖြည့်ဆည်းပေးရသူများပင်။ နူးညံ့သည့် အမျိုးသမီးက သန်မာသည့် အမျိုးသားကို နှစ်သက်သကဲ့သို့ အပြန်အလှန်အားဖြင့် ထိုအတိုင်းပင်။

ချက်ချင်းပဲ သူမက လှည့်၏။ သူမ၏ ခန္ဓာကိုယ်က ယမ်းစိမ်းကျွန်းဆီသို့ မြားတစ်ခုကဲ့သို့ပင် ပြေးဝင်ပြန်၏။ လက်ထဲရှိ ဓားကြီးဖြင့် အဒေါ့ဖ်အား ရူးသွပ်စွာ ထပ်မံခုတ်ပိုင်းပြန်၏။ ဘုရင်မအီဒါက ဓားချက်ပေါင်း များစွာ ခုတ်ပိုင်း၏။

လူတစ်ယောက်ကို ထားဦး။ လောက၏ ကမ္ဘာဦးဒိုင်နိုဆောကြီးပင်လျှင် ဘုရင်မအီဒါ၏ လက်ချက်ဖြင့် အစပျောက်သွားနိုင်၏။ ဓားချက်များက တကယ့်ကို ပြင်းထန်၏။ သို့သော်ငြား အဒေါ့ဖ်၏ ပုံရိပ်က နောက်တစ်ကြိမ် ပျောက်ကွယ်သွားပြန်၏။ အစမှအဆုံးထိ သူက လက်တစ်ဖက်ကိုပင် မလှုပ်ရှားခဲ့ဘဲ လက်နှစ်ဖက်ကို ကျောနောက်တွင် ပစ်ထားဆဲပင်။

“ဘယ်လောက် ကြီးမားလိုက်တဲ့ အစွမ်းလဲ။ ပြီးတော့ တကယ့်ကို လှပတဲ့ ခန္ဓာကိုယ်ပဲ။ ဒါက တကယ့်ကို အိမ်မက်တစ်ခုပဲ။ မင်းလို မိန်းမတစ်ယောက်ကို အောင်နိုင်ရတာက အနှိုင်းမဲ့တဲ့ အောင်မြင်မှုရဲ့ ခံစားချက်မျိုးပဲ။”

အဒေါ့ဖ်က ဘုရင်မအီဒါ၏ ဆွဲဆောင်မှုရှိသည့် ကျောပြင်ကို ကြည့်ပြီး သက်ပြင်းချလိုက်၏။

ဘုရင်မအီဒါက လက်ထဲရှိဓားကြီးကို မြေပြင်ပေါ်ရှိ ယမ်းစိမ်းများအား ခုတ်ပိုင်းလိုက်မိသည်။

“ရွှမ်း ရွှမ်း ရွှမ်း..” ချက်ချင်းပဲ မရေတွက်နိုင်သော များပြားသည့် ယမ်းစိမ်းတုံးများက မိုးသက်မုန်တိုင်းကဲ့သို့ အဒေါ့ဖ်ဆီသို့ လွင့်စင်သွား၏။

ဤတစ်ကြိမ်မှာတော့ အဒေါ့ဖ်က ရှောင်တိမ်းခြင်း မပြုတော့ချေ။ သို့သော်ငြား ယမ်းစိမ်းတုံး အားလုံးတို့က သူ၏ တစ်လက်မအကွာသို့ ရောက်ချိန်မှာတော့ အစိတ်စိတ်အမွှာမွှာ ပဲ့ကြွေသွား၏။ သူက လက်နှစ်ဖက်ကို ကျောဘက်တွင် ထားရှိသည့်အတိုင်းပင် တစ်လက်မပင် မလှုပ်ရှားဘဲ သူတော်စင်တစ်ပါးကဲ့သို့ ရပ်နေသည်။

ဘုရင်မအီဒါ၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ သူမရှေ့မှ အဒေါ့ဖ်က သူမ စိတ်ကူးထားသည်ထက် များစွာ ကျော်လွန်နေ၏။ ဤသည်က သူ၏သိုင်းပညာကြောင့် မဟုတ်ဘဲ ဤအခြေအနေကို သူမ နားမလည်နိုင်သလို ဖြစ်မိနေ၏။ စွမ်းအားသက်သက်ကြောင့် ဆိုလျှင် သူမက မည်သူ့ကိုမှ ကြောက်ရွံ့ခြင်း မရှိချေ။ အရှိန်သက်သက်နှင့် ဆိုလျှင်လည်း တစ်လောကလုံးတွင် သူမကို ယှဉ်နိုင်သူ မရှိဟု ခံစားမိ၏။

အသက်ကို ပြင်းပြင်းရှူပြီးနောက် ဘုရင်မအီဒါက ရှေ့ဆီသို့ ထပ်မံ ပြေးဝင်သွား၏။ သူမ၏ ဓားကြီးကို လျှပ်စီးလက်သလို ခုတ်ပိုင်းသည်။

“ဒုန်း ဒုန်း ဒုန်း..”

သူမတွင် တိုက်ပွဲဝင်စွမ်းအင်မျိုး မရှိသော်လည်း သူမ၏ ခွန်အားက တကယ့်ကို ကြီးမား၏။

ဓားတစ်ချက် ခုတ်လိုက်တိုင်း လေပြင်းမုန်တိုင်း တိုက်ခတ်သကဲ့သို့ပင်။ မြေပြင်ပေါ်ရှိ ယမ်းစိမ်းများက လွင့်ပျံနေသည်။ သဲနှင့် ကျောက်ခဲများကလည်း ဟိုဒီလွင့်စင်နေ၏။ ဤမြင်ကွင်းက တကယ့်ကို တုန်လှုပ်စရာ ကောင်းသည်။

အဒေါ့ဖ်က လက်ကို ကျောနောက်တွင် ထားမြဲတိုင်းပင်။ သူ၏ခန္ဓာကိုယ်က အရိပ်တစ်ခုကဲ့သို့ အဆက်မပြတ် ရှောင်တိမ်း ဆုတ်ခွာ၏။ အကြိမ်တိုင်းလည်း ဘုရင်မအီဒါ၏ဓားဖျားက သူနှင့် အပ်တစ်ဖျားမှပင် မကွာဝေးတော့ချေ။

ဘုရင်မအီဒါ၏ အရှိန်က ပိုပို၍ မြန်ဆန်လာခဲ့ပြီး ရူးသွပ်စွာ လိုက်လံ တိုက်ခိုက်နေ၏။ ပို၍ ရင်သပ်ရှုမောဖွယ် ကောင်း၏။ ပုံရိပ်နှစ်ခုက တကယ့်ကို မြန်ဆန်လွန်းသောကြောင့် လုံးဝ မမြင်တွေ့ရတော့ချေ။ ထို့အပြင် အီဒါ၏ ခွန်အားက အံ့မခမ်းပင်။ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် လေပြင်းမုန်တိုင်း တိုက်ခတ်သကဲ့သို့ မြေပြင်ပေါ်တွင်လည်း နက်ရှိုင်းသည့် အက်ကွဲကြောင်းကြီးများကို ထင်ပေါ်စေ၏။

သူတို့နှစ်ဦးက တကယ့်ကို မြန်ဆန်ပြီး ခွန်အားကြီးမားလွန်းသောကြောင့် ပင်လယ်ထက်မှ လှိုင်းလုံးကြီးများ ပင် ထကြွလာသည်။

မျက်စိတစ်မှိတ်အတွင်း ဘုရင်မအီဒါက အချက်ပေါင်းထောင်ချီ ခုတ်ပိုင်းပြီး ဖြစ်၏။ သူမ၏ ခွန်အားက ကုန်ဆုံးနိုင်ဖွယ် မရှိသလိုပင်။ သို့သော်ငြား သူမ၏ဓားက အဒေါ့ဖ်၏ ခန္ဓာကိုယ်ဆီသို့ လုံးဝ မရောက်ရှိခဲ့ချေ။ အမြဲတမ်း အနည်းငယ်မျှ လွဲချော်နေဆဲ ဖြစ်၏။

ဖြူဖွေးသန့်စင်သည့် ထိုအနောက်တိုင်းသား၏အကြည့်က ပို၍ ချီးကျူးလိုဟန်များ ပေါ်လွင်လာ၏။ အကြောင်းက ဘုရင်မအီဒါ၏ ခွန်အားနှင့် အရှိန်က အမှန်တကယ် အံ့အားသင့်စရာ ကောင်းသောကြောင့်ပင်။

“ခွန်အားတွေ ဖြုန်းမနေပါနဲ့တော့ ဘုရင်မအီဒါ.... မင်း ဘယ်လိုမှ ငါ့ရဲ့ ဆံပင်တစ်ပင်ကိုတောင် ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။”

အဒေါ့ဖ်က ပြုံးကာ ပြော၏။ “အေးအေးဆေးဆေး လှဲလျောင်းပြီးတော့ သာယာမှုကိုပဲ ခံစားစမ်းပါ။ ငါ့ဆံပင်တစ်ပင်ကိုသာ မင်းခုတ်နိုင်မယ်ဆိုရင် ဒီတိုက်ပွဲမှာ ငါရှုံးပြီလို့ သတ်မှတ်လိုက်မယ်။”

ဤစကားက ဘုရင်မအီဒါကို အဆုံးစွန် ထိခိုက်နာကျင်စေ၏။ သူမ၏ခွန်အားနှင့် အရှိန်က နောက်ထပ် အဆင့် တစ်ခုဆီသို့ မြင့်တက်သွားပြန်၏။ သူမက တိုက်ပွဲဝင်စွမ်းအင် မရှိသော်လည်း သူမ၏ ခန္ဓာကိုယ်က အလင်းတန်း တစ်ခုကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာသည်။

အဒေါ့ဖ်၏ အကြည့်များက ပိုမိုကာ အံ့အားသင့်သွား၏။ ဤမိန်းမက တကယ့်ကို သန်မာလွန်း၏။ ရွှေရောင် သွေးမျိုးဆက် ဆိုသည်က တကယ့်ကို အံ့မခန်းပင်။ ဘုရင်မအီဒါက အချက်ပေါင်းထောင်ချီ ထပ်မံခုတ်ပိုင်း၏။ သူမ၏ပြိုင်ဘက်က ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ မရရှိခဲ့ချေ။ အစမှ အဆုံးထိ တစ်ဖက်လူက လက်ပင် မလှုပ်ခဲ့ချေ။ နှစ်ယောက်သား၏ တိုက်ခိုက်မှုက တကယ့်ကို ကြမ်းတမ်းနေပြီ ဖြစ်၏။

အီဒါက ရပ်တန့်၏။ အဒေါ့ဖ်ကို ကြည့်ပြီး ပြောသည်။ “ရှင်က သန်မာတယ်။ တကယ့်ကို သန်မာတယ်။ ဒါပေမဲ့ ရှင်က ခန့်မှန်းလို့မရတဲ့သူတော့ မဟုတ်ဘူး။ အပေါ်ယံကြည့်ရင် ကျွန်မက ရှင့်ရဲ့ အဝတ်အစားနားကိုတောင် မကပ်နိုင်တဲ့အတွက် စိတ်ပျက်အားငယ်သင့်တယ် ထင်ရပေမဲ့ ဒါက ရှေးဟောင်းပညာရပ် တစ်ခုပဲမလား။ ရှင့်ရဲ့ သွေးမျိုးဆက်က ကျွန်မထက် မသာပါဘူး။”

“ဟုတ်တာပေါ့။”

အဒေါ့ဖ်က ပြောလိုက်၏။ “မင်းမှာ ရွှေရောင်သွေးမျိုးဆက် ရှိတယ်။ ဒါက ဒီလောကကြီးထဲမှာ အမြင့်ဆုံးသော သွေးမျိုးဆက်ပဲ။ ကျုပ်က ခင်ဗျားထက် ဘယ်လိုလုပ် သာလွန်နိုင်မှာလဲ။ ဒါပေမဲ့ အမေဇုန်နိုင်ငံတော်က လူတွေက အရှိန်နဲ့ ခွန်အားကိုပဲ လေ့ကျင့်တာ။ တခြားပညာရပ်တွေကို အထင်သေးကြတယ်။

ရှေးဟောင်းသိုင်းပညာရဲ့ နက်နဲမှုကို မင်းတို့ မသိဘူး။ ဒါပေမဲ့ မင်းကိုယ်တိုင်ကလည်း နက်နဲသူ တစ်ယောက်ပါပဲ။ ဒါကို ကျုပ် အပြည့်အဝ ယုံကြည်ပါတယ်။”

ပြောလိုက်သည့် စကားလုံးများက ဘုရင်မအီဒါကို နောက်တစ်ကြိမ် စော်ကားလိုက်ခြင်းပင်။

ဘုရင်မအီဒါက ပြောသည်။ “ဒါဆိုရင် ရှင် ရှမ့်လန်ကိုပဲ မေးလိုက်ပါ။ ဘာလို့လဲဆိုတော့ သူက ကျွန်မအကြောင်း အရမ်းသိလို့ပဲ။”

သူမက ထိုသို့ ပြောလိုက်သည့် အချိန်မှာတော့ အဒေါ့ဖ်၏ မျက်နှာအမူအရာက ပြောင်းလဲသွား၏။

“စိတ်ဝင်စားစရာ ကောင်းလိုက်တာ။”

အဒေါ့ဖ်က ရယ်မောလိုက်သည်။ “ကျုပ်က ဘုရင်မအီဒါကို စိတ်ဆိုးအောင် လုပ်မိသွားလို့လား။ မင်းတို့က ကျုပ်ကို စော်ကားနိုင်လောက်အောင် သန်မာနေကြတာ မဟုတ်ဘူးနော်။”

ဘုရင်မအီဒါက အဒေါ့ဖ်၏ အားနည်းချက်ကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ မလှုပ်မယှက် စိုက်ကြည့်နေ၏။

အဒေါ့ဖ်က ရယ်မောကာ ပြောသည်။ “အရှင်မ... ကျုပ်တို့ လောင်းကြေးထပ်ကြမလား။ အကယ်၍ ခင်ဗျားသာ ကျုပ်ရဲ့ကိုယ်ပေါ်က ဆံပင်တစ်ပင်ကို ထိခိုက်အောင် လုပ်နိုင်ပြီဆိုရင် ကျုပ် ချက်ချင်း ထွက်သွားပြီ ဘယ်တော့မှ မနှောင့်ယှက်တော့ဘူး။

ဒါပေမဲ့ မလုပ်နိုင်ဘူး ဆိုရင်တော့ စိတ်မကောင်းပါဘူး။ ကျုပ် ခင်ဗျားကို အဆုံးမရှိ နှောင့်ယှက်ရတော့မယ်။ ခင်ဗျား ရေချိုးချိန်မှာပဲဖြစ်ဖြစ်၊ အိပ်ပျော်နေချိန်မှာပဲဖြစ်ဖြစ် ကျုပ်ရန်ကနေ ကာကွယ်ဖို့ ခက်လိမ့်မယ်။ ဟားဟားဟား။ ဒီလိုနဲ့ တစ်နေ့မှာ ခင်ဗျား ကျုပ်လက်ထဲကို ရောက်လာမှာပဲ။”

ဘုရင်မအီဒါက စကားမပြောချေ။ တခြားသောသူတစ်ဦးသာ ဆိုပါက လုံးဝ စိတ်ပျက်အားငယ်နေမှာ သေချာ၏။ အကြောင်းရင်းက သူမ၏ ရှေ့တွင်ရှိနေသည့်လူက အနိုင်တိုက်ရန် မဖြစ်နိုင်ဟု ထင်ရသောကြောင့်ပင်။ သို့သော်ငြား ဘုရင်မအီဒါ၏ တိုက်ပွဲဝင်စိတ်ဓာတ်ကတော့ တဟုန်းဟုန်း တောက်လောင်နေဆဲပင်။

“ရှူး..”

အသက်ကို ပြင်းပြင်းရှူပြီးနောက် သူမက မျက်လုံးကိုမှိတ်ပြီး မြေပြင်ပေါ်တွင် မလှုပ်မယှက် တင်ပုလ္လင်ခွေ ထိုင်လိုက်၏။

“ရှူး ....”

အဒေါ့ဖ်က သူမ၏ နောက်တွင် ရုတ်တရပ် ပေါ်လာ၍ သူက အသက်ကို ပြင်းပြင်းရှူသွင်းကာ ပြောလိုက်၏။ “တကယ့်ကို မွှေးပျံ့တာပဲ။ စွဲမက်စရာ ကောင်းလိုက်တာ။”

ခဏအကြာမှာတော့ ဘုရင်မအီဒါက လက်ကို ဆန့်တန်းပြီး သူမ၏ ဓားကြီးကို နှစ်ပိုင်း ချိုးလိုက်၏။ ဓားကြီးက ပေါင် ၁၅၀ လေးပြီး ထူထဲ၏။ အပိုင်းအစများအဖြစ် လွင့်စင်ကုန်၏။ သူမက ထိုအရာကို တစ်စစီ ချိုးဖြတ်ကာဖြင့် သေးငယ်သည့် ဓားငယ်ပေါင်း တစ်ရာကျော်အဖြစ် ပြုလုပ်လိုက်သည်။

“ရွှီး ... ရွှီး ... ရွှီး...”

နောက်တစ်စက္ကန့်အတွင်း ထိုဓားငယ်များက မိုးသက်မုန်တိုင်းကဲ့သို့ ထွက်ပေါ်၏။ လေထဲတွင် ဝိုင်းဖွဲ့ကာဖြင့် ရူးသွပ်စွာ လည်ပတ်နေ၏။ ဤမြင်ကွင်းက မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ရင်သပ်ရှုမောဖွယ် လှ၏။ သူမက သူမ၏ ခွန်အားနှင့် အရှိန်ကို အသုံးပြုပြီး ထိုသို့ ပြုလုပ်လိုက်ခြင်းပင်။

ထိုအတောအတွင်း အဒေါ့ဖ်က ဓားငယ်ပေါင်း တစ်ရာကျော်တို့ဖြင့် ဖွဲ့စည်းထားသည့် အဝိုင်းနယ်အတွင်း ကခုန်နေ၏။ သူက လျှပ်စီးကဲ့သို့ အရှိန်ဖြင့် ရှောင်ရှားနေဆဲပင်။ ဤမျှ ပြင်းထန်သည့် တိုက်ခိုက်မှုကပင်လျှင် သူ့ကို နည်းနည်းလေးမှ မထိခိုက်နိုင်ခဲ့ချေ။ တကယ့်ကို အားကောင်းလွန်း၏။

ဘုရင်မအီဒါ၏ အရှိန်က ထပ်မံမြင့်တက်လာပြန်၏။ မျက်စိတစ်မှိတ်အတွင်း ဓားငယ် တစ်ရာကျော်တို့က စက်ဝိုင်းပုံစံ မဟုတ်တော့ဘဲ သုံးဖက်မြင် ဓားကွက်တစ်ခုကဲ့သို့ ဖြစ်၏။ ၃၆၀ ဒီဂရီ တည်နေရာအတွင်း မည်သည့် ဟာကွက်မှမရှိဘဲ တိုက်ခိုက်နေ၏။ သူမက ဓားငယ်ပေါင်း တစ်ရာကျော်ကို တစ်ဦးတည်း ထိန်းချုပ်နေခြင်း ဖြစ်၏။ သူမ၏ ခွန်အားနှင့်အရှိန် အပေါ်တွင် အကြွင်းမဲ့ ထိန်းချုပ်နိုင်စွမ်းကို ထုတ်ဖော်တိုက်ခိုက်သည်။

အဒေါ့ဖ်က အံ့အားသင့်လွန်းသောကြောင့် အသက်ရှူပင် ရပ်မတတ် ဖြစ်နေ၏။

“ရွှီ..”

နောက်တစ်စက္ကန့်မှာပဲ သူ၏တစ်ကိုယ်လုံးက မြေပြင်ပေါ်သို့ လဲကျ၏။ ကြားအပေါက်ငယ်တစ်ခုမှ လျှောထွက်ကာ ထွက်ပြေး၏။ မျက်စိတစ်မှိတ်အတွင်း သူက မီတာများစွာ အကွာအဝေးသို့ ရောက်ရှိ၏။ အကယ်၍ သူသာ ထွက်မသွားပါက ဘုရင်မအီဒါ၏ ဓားကွက်အတွင်း အခုတ်ပိုင်း ခံရမည်မှာ သေချာသည်။

“မင်းက တကယ့်ကို သန်မာတာပဲ။ ကျုပ် စိတ်ကူးထားတာထက်ကို ပိုပြီး ကျော်လွန်နေတယ်။ မိန်းမ တစ်ယောက် က အတွင်းအား ဒါမှမဟုတ် တိုက်ပွဲဝင်စွမ်းရည်မပါဘဲနဲ့ ဒီလောက်ထိ သန်မာနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”

အဒေါ့ဖ်က ရယ်မောလိုက်၏။ “ဒါပေမဲ့ မင်း ကျုပ်ရဲ့ ဆံပင်ကိုတောင် ထိအောင် မတိုက်ခိုက်နိုင်သေးဘူး။”

ထိုခဏမှာပဲ ပင်လယ်ပြင်၌ သင်္ဘောတစ်စင်း ပေါ်လာ၏။ ရှမ့်လန်နှင့် ဟီလာတို့ ရောက်ရှိလာခဲ့ခြင်းပင်။

ရှမ့်လန်က ထိုဆံပင်ဖြူနှင့် လူကိုမြင်ချိန်မှာတော့ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ “အစ်မ... ဘုရင်မအီဒါကို သွားကူလိုက်ပါ။”

ထိုသို့ ပြောပြီးသည်နှင့် ဟီလာက သူ၏ မျက်စိရှေ့မှ ချက်ချင်း ပျောက်ကွယ်သွား၏။ သူမက ပင်လယ်ထဲသို့ တိုက်ရိုက် ခုန်ချပြီး မျက်စိတစ်မှိတ်အတွင်း ယမ်းစိမ်းကျွန်းဆီသို့ ရောက်ရှိသွား၏။ သူမက တိုက်ပွဲဝင်စွမ်းရည် ကို အသုံးပြုထားသောကြောင့် အရှိန်က တကယ့်ကို မြန်ဆန်၏။ သူမက အဒေါ့ဖ်၏ နောက်ကျောသို့ ရောက်ရှိသွား၏။

“သူ့ကို သတ်ပစ်လိုက်။” ဟီလာက ပြောသည်။

ပြီးနောက် သူမနှင့် ဘုရင်မအီဒါတို့က အဒေါ့ဖ်အား ရူးသွပ်စွာ ဝိုင်းဝန်း တိုက်ခိုက်ကြ၏။

နောက်ဆုံးမှာတော့ အဒေါ့ဖ်က ယခင်ကကဲ့သို့ သက်တောင့်သက်သာ မရှိတော့ချေ။ သူက လျှင်မြန်စွာ ရှောင်တိမ်းနေဆဲ ဖြစ်သော်လည်း တန်ပြန်တိုက်ခိုက်ခြင်း မပြုသေးပေ။

“နောက်ထပ် အစွမ်းထက်တဲ့ မိန်းမတစ်ယောက် ထပ်ရောက်လာရင်တောင် ကျုပ်ရဲ့ ဆံပင်ကိုတောင် ထိအောင် တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။”

အဒေါ့ဖ်က လှောင်ပြုံး ပြုံးလိုက်၏။ “ဒါကြောင့် အသာလေး လဲလျောင်းပြီး ကျုပ်ဆီက သာယာမှုကိုပဲ စောင့်နေကြစမ်းပါ။”

အမျိုးသမီးနှစ်ယောက်တို့က ပို၍ ရူးသွပ်စွာ တိုက်ခိုက်ကြ၏။ သို့သော်ငြား ဆံပင်တစ်ပင်ကိုမျှ မထိနိုင်ခဲ့ချေ။ ဤအဒေါ့ဖ်က တကယ့်ကို ထူးဆန်း၏။ သူ၏ခန္ဓာကိုယ်က အရိပ်တစ်ခုကဲ့သို့ ဖြစ်နေပြီး အလွန်အမင်း မြန်ဆန်သောကြောင့် အနားသို့ ကပ်ရန် မဖြစ်နိုင်ချေ။

ပင်လယ်ပြင်ရှိ ရွက်လှေက ယမ်းစိမ်းကျွန်းဆီသို့ တဖြည်းဖြည်း မျောပါလာနေ၏။ ဟီလာက ရုတ်တရက် အော်ပြောသည်။ “ရှမ့်လန်... ထွက်သွားတော့။ မောင်လေး ... သွားတော့။”

ဤအဒေါ့ဖ်က တကယ့်ကို သန်မာပြီး ထူးဆန်း၏။ ဟီလာက ဤကဲ့သို့သောသူမျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။ ဘုရင်မအီဒါကို ကူညီရန်က အရေးကြီးသော်လည်း သူမ၏ မောင်လေးကို ကာကွယ်ရန်က ပို၍ အရေးကြီး၏။ သို့သော်ငြား ရှမ့်လန်က အဘယ်သို့ ထွက်သွားမည်နည်း။ ရွက်လှေက အလိုလျောက် မျောပါလာခြင်း ဖြစ်၏။ သူက ပင်လယ်ထဲသို့ ခုန်ချ၍ ထွက်ပြေးနိုင်စွမ်း မရှိချေ။

“ဒါက အရှေ့တိုင်းသား ရှမ့်လန်လား။ ဘုရင်မအီဒါ စောင့်နေတာ ဒါလား။”

အဒေါ့ဖ်က လှောင်ပြောင်လိုက်၏။ “အရှင်မ .... ဒီလိုလူမျိုးနဲ့ အတူရှိနေဖို့က တကယ့်ကို ခက်ခဲတယ်။ စိတ်ကျေနပ်မှုရဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သတိမထားမိရင် သူ့ရဲ့ အားနည်းတဲ့ ခန္ဓာကိုယ်က ကြေမွသွားအုံးမယ်။ မင်းရဲ့ရှေ့မှာ သူ တစ်စက္ကန့်တောင် ခံနိုင်မှာ မဟုတ်ဘူး။ ဒီလိုလူကို စောင့်နေတာ ရှက်စရာပဲ။”

“ပါးစပ်ပိတ်ထားစမ်း။”

ဟီလာက ပြောလိုက်သည်။ “ကျွန်မမောင်က ဒီလောကကြီးထဲမှာ အချောဆုံးအမျိုးသားပဲ။ ရှင် ယှဉ်နိုင်လို့လား။ ဒါက မွေးရာပါပဲ။ ရှင့်ရဲ့ကိုယ်ခံပညာက ဘယ်လောက်ပဲ မြင့်မားနေပါစေ အလကားပဲ။ ကျွန်မမောင်က ကမ္ဘာပေါ်မှာ အမြင့်မြတ်ဆုံး သွေးမျိုးဆက် ရှိတဲ့လူပဲ။ ရှင် ယှဉ်နိုင်လို့လား။ ဒါလည်း မွေးရာပါပဲ။ ရှင့်ရဲ့ သိုင်းပညာက ဘယ်နေရာမှာ အသုံးကျလို့လဲ။”

All Chapters