အခန်း (၈၆၇-၈၆၈)
Vol. 53 Ch. 867-868
အပိုင်း (၈၆၇)
အမှန်အတိုင်းပြောရမည်ဆိုလျှင် ယခုတစ်ကြိမ် ပင်လယ်ပြင် ပိတ်ဆို့မှုက ရှမ့်လန်ကို ထိုမျှလောက် ထိခိုက်မှု မရှိချေ။ အကြောင်းရင်းက သူ၏ရေတပ်က ဤကာလအတွင်း မီးတောက်ပြာများကို လုံလောက်အောင် သယ်ဆောင်ထားခဲ့ပြီ ဖြစ်သောကြောင့်ပင်။ ယမ်းစိမ်းများအတွက်မူ သင်္ဘော အနည်းငယ်ဆိုလျှင်ပင် လာမည့် ခြောက်လအတွင်း လုံလောက်၏။
အရေးကြီးသည့် ပစ္စည်းများ ဖြစ်သော အစားအစာ၊ အသား၊ အဝတ်အထည် စသည်တို့ကို ပီကျင်းမြို့ကို ရှမ့်လန် သိမ်းပိုက်ပြီးနောက် လွယ်ကူစွာ ဖြေရှင်းနိုင်ခဲ့၏။ သို့သော်ငြား ယခုတစ်ကြိမ် ပင်လယ်ပြင် ပိတ်ဆို့မှုက ပီကျင်းမြို့နှင့် ဒီဘိုရာတို့၏ အကျိုးစီးပွားကို များစွာ ထိခိုက်စေမည်။
အကြောင်းရင်းက ရော့ဆိုမိသားစု၏ အကျိုးအမြတ် အများစုက ပင်လယ်ကုန်သွယ်ရေးအပေါ်တွင် မူတည်နေပြီး ပီကျင်းမြို့နှင့် ပင်လယ်ကုန်သွယ်ခြင်းဖြင့် အသက်မွေးနေကြသည့် ကုန်သည်ပေါင်းများစွာ ရှိသောကြောင့်ပင်။ ပင်လယ်ပြင်ကို ပိတ်ဆို့လိုက်သည်နှင့် ပီကျင်းမြို့၏ ကုန်သွယ်ရေးက လုံးဝ ပြတ်တောက်သွားမှာ ဖြစ်သည်။
ဒီဘိုရာက ရှမ့်လန်၏ စစ်တပ်ကို အသုံးချပြီး ကုန်းမြေပေါ်ရှိ ပုန်ကန်မှုများကို ရှင်းလင်းနိုင်ခဲ့သော်လည်း ပင်လယ်ပြင်ရှိ ပုန်ကန်မှုများကိုတော့ သူမ ဘာမှ မတတ်နိုင်ချေ။ နောက်ပိုင်းမှာတော့ သူမက ဂုဏ်သိက္ခာနှင့် အကျိုးစီးပွား နှစ်ခုလုံးအတွက် ပြင်းထန်သည့် ရိုက်ခတ်မှုများကို ရင်ဆိုင်ရပေတော့မည်။ သူမ တောင့်ခံနိုင်ပါစေဟု မျှော်လင့်ရပေမည်။
ဟီလာက ရှမ့်လန်ကို ကြည့်၏။ သူမ၏ ဤမောင်လေးက သူထင်မှတ်ထားသည်ထက် ပိုမိုက သန်မာကြောင်း သတိပြုမိ၏။ မောင်လေးက သူမကို ကာကွယ်ပေးနိုင်ရုံသာမက အံ့အားသင့်စရာ ကောင်းသည့် အရာများကိုပင် လုပ်ဆောင်ခဲ့၏။
“မောင်လေး... မင်းတစ်ချိန်တုန်းက အမေဇုန် နိုင်ငံတော်ကို ကယ်တင်ခဲ့တာလား။”
ဘုရင်မအီဒါက ခေါင်းညိတ်ကာ ပြောသည်။ “သူသာ မရှိရင် အမေဇုန် နိုင်ငံတော် တစ်ခုလုံးက အရည်ပျော်ကျပြီး လူတွေအကုန်လုံး သေကုန်မှာပဲ။”
ဟီလာက အတွေးထဲ နစ်မြောနေစဉ်မှာပဲ ဘုရင်မအီဒါက မေးသည်။ “ရှမ့်လန်... ရှင့်အမေက ကျောက်စိမ်းဖြူမြို့ကလား။”
“အဲဒီလို ထင်တာပဲ။” ရှမ့်လန်က ပြန်ပြော၏။
ဘုရင်မ အီဒါက မေးပြန်သည်။ “ကျောက်စိမ်းဖြူမြို့မှာ သူ့ရဲ့ ရာထူးက အရမ်းကို မြင့်တာလား။”
ရှမ့်လန်က ပြောလိုက်၏။ “အရမ်းကို မြင့်တယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ကျောက်စိမ်းဖြူမြို့က သူ့ကို သစ္စာဖောက် တစ်ယောက်လို့ မြင်နေမှာပေါ့။ ဘာလို့လဲဆိုတော့ ကျုပ်အဖေရဲ့ မိန်းမ ဖြစ်လာဖို့ ကျောက်စိမ်းဖြူမြို့ကနေ တိတ်တဆိတ် ထွက်ခွာခဲ့လို့ပဲ။”
ဟီလာက ပြောသည်။ “မောင်လေး... ဒါဆိုရင် မင်းအမေက အဖေကျန်းလီရဲ့ အတိတ်က ချစ်ဇာတ်လမ်းတွေကို အဆုံးသတ် ပေးခဲ့တဲ့သူပေါ့။”
အကယ်၍ သူမခန့်မှန်းသည်သာ မှန်ကန်ပါက ထိုအတိုင်း ဖြစ်ရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အရှေ့လောကတွင် ဧကရာဇ်ကျန်းလီက ချစ်ခြင်းမေတ္တာတရား၌ သစ္စာရှိသူအဖြစ် ကျော်ကြား သောကြောင့်ပင်။ သူနှင့် သူ၏ ဇနီးသည်တို့က ကောင်းကင်ဘုံမှ ဖန်ဆီးပေးလိုက်သည့် စုံတွဲကဲ့သို့ပင် ဖြစ်ပြီး တစ်ဦးက လောက၏ နံပါတ်တစ် အစွမ်းထက်သူ ဖြစ်ကာ တခြားတစ်ဦးက လောက၏ နံပါတ်နှစ် အစွမ်းထက်သူပင်။
သို့မဟုတ်ပါက ဧကရာဇ်ကျန်းလီ၏ အဆင့်အတန်းနှင့်ဆိုလျှင် မရေတွက်နိုင်သည့် မောင်းမမိဿံများကို ပိုင်ဆိုင်ထားမှာ ဖြစ်ပြီး အမွေဆက်ခံသူမရှိဘဲ ဖြစ်နေမည် မဟုတ်ချေ။ သူက တော်ဝင်ချန်နိုင်ငံတော်၏ ဧကရာဇ် ဖြစ်လာပြီးနောက် နှစ်ပေါင်းများစွာ ကြာသည်အထိ အမွေဆက်ခံသူ မထွန်းကားခဲ့ချေ။ သို့သော်ငြား ကွယ်လွန်ပြီးနောက်မှသာလျှင် နောက်ဆုံးကျန်ရှိသည့် သားဖြစ်သူ ရှမ့်လန် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း ငယ်ရွယ်စဉ် အနောက်လောကသို့ လှည့်လည်သွားလာစဉ်အတွင်း တရားမဝင် သမီးတော် တချို့ ရှိခဲ့လိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
ထို့ကြောင့် ဟီလာ ပြောသည်က မှန်ကန်၏။ ရှမ့်လန်၏မိခင်က ကျန်းလီ၏ စိတ်နှလုံးကို အကြွင်းမဲ့ သိမ်းပိုက်နိုင်ခဲ့ပြီး သူက လောကတွင် သစ္စာရှိဆုံး အမျိုးသမီး တစ်ယောက်အဖြစ် ပြောင်းလဲပေးခဲ့ခြင်းပင်။ လူတိုင်းက ရှမ့်လန်၏ မြင့်မြတ်သည့် အဆင့်အတန်းမှာ သူ၏ ဖခင်ကြောင့်သာ သိထားခဲ့၏။ အမှန်စစ်စစ် သူ့မိခင်၏ သွေးသား မျိုးဆက်ကလည်း တကယ့်ကို ထူးခြားလွန်းလှသည်။
“မင်း သူ့ရဲ့ ခံစားချက်တွေကို ကြီးမြတ်တယ်လို့ ထင်လား။” ဟီလာက မေး၏။
“မကြီးမြတ်ပါဘူး။”
ရှမ့်လန်က တည့်တည့်ပင် ပြန်ဖြေသည်။ “ကျုပ်ကတော့ အနောက်လောကက ကျန်းလီကို ပိုသဘောကျတယ်။ ဘာလို့လဲဆိုတော့ သူက ကျုပ်နဲ့ ရင်းနှီးတဲ့ လူယုတ်မာ အနံ့အသက်မျိုး ရှိလို့ပဲ။ အရှေ့လောကကို ပြန်ရောက်တဲ့ အချိန်မှာတော့ သူက သူတော်စင် တစ်ယောက်လို၊ နေမင်းကြီး တစ်ပါးလို ဖြစ်သွားခဲ့တာ။ အရမ်း ကြီးမြတ်လွန်းနေတယ်။ ကျုပ်နဲ့ မကိုက်ဘူး။ အစ်မကြီး နဲ့လည်း ကိုက်မှာ မဟုတ်ဘူး။”
ဟီလာက ရယ်မောလိုက်၏။ “ငါလည်း မင်းဆီက အဲဒီလို အငွေ့အသက်မျိုးကိုပဲ သဘောကျပါတယ်။”
ပြီးနောက် ဟီလာက တိတ်ဆိတ်သွား၏။ ခက်ခဲသည့် ရွေးချယ်မှု တစ်ခုကို ပြုလုပ်နေသကဲ့သို့ပင်။ သူမက ယမ်းစိမ်းတစ်ခုကို ကောက်ယူပြီး ချေမွ၏။ ပြီးနောက် နောက်တစ်ခုကို ထပ်မံ ချေမွလိုက်၏။
ရှမ့်လန်က ထိုအရာကို ကြည့်ရင်း ကြက်သီးထနေ၏။ ဤမာကျောသည့် ယမ်းစိမ်းတုံးကြီးက သူမ၏ လက်ထဲတွင် ရွံ့နွံကဲ့သို့ ဖြစ်နေ၏။ အချိန်တော်ကြာပြီးနောက် ဟီလာက ပြောသည်။ “ချစ်မောင်လေး... မင်း ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြရေတပ်ကို တကယ်ပဲ ိ လိုအပ်နေတာလား။”
“ဟုတ်တယ်။ ကျုပ် အရှေ့လောကကို ပြန်တိုက်ဖို့ တစ်ရက်မှ မမေ့ခဲ့ဘူး။”
ရှမ့်လန်က ပြော၏။ “ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြတပ်တော်ရဲ့ ရေတပ်က ကျုပ်ရဲ့ လက်စားချေမှုအတွက် မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပဲ။”
“ဒါပေမဲ့ စောစောက အဒေါ့ဖ် ပြောသွားတဲ့ စကားတွေကို မင်း ကြားခဲ့တယ် မဟုတ်လား။”
ဟီလာက ပြောသည်။ “အဒေါ့ဖ်က မင်းကို သတ်ပိုင်ခွင့် မရှိဘူး။ အဲဒါကြောင့် သူက မင်းကို ပျောက်ဆုံးသွားတဲ့ နိုင်ငံဆီ သွားဖို့ တိုက်တွန်းနေတာပဲ။ သူသိတာက မင်း အဲဒီကို ရောက်သွားတာနဲ့ ဘယ်တော့မှ ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး ဆိုတာပဲ။ မင်း အဲဒီမှာ ပိတ်မိနေလိမ့်မယ်။ ဒါမှမဟုတ် ရူးသွပ်နေတဲ့ ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြတပ်တော်ရဲ့ သတ်ဖြတ်ခြင်းကို ခံရလိမ့်မယ်။ သူက မင်းကို မုန်းတီးနေတော့ ဒီနည်းလမ်းနဲ့ မင်းကို သွယ်ဝိုက်သတ်ဖို့ ကြိုးစားခဲ့တာပဲ။”
“ကျုပ် သိပါတယ်။” ရှမ့်လန်က ပြောလိုက်၏။
“ဒါဆိုရင် ပျောက်ဆုံးသွားတဲ့နိုင်ငံအကြောင်း နားလည်လို့လား။” ဟီလာက မေးသည်။
“သိပ်ပြီးတော့လည်း မသိပါဘူး။” ရှမ့်လန်က ခေါင်းခါယမ်းပြလိုက်၏။
“ငါတို့ အရိုးစု တပ်တော်မှာ တော်တဲ့လူတွေ အများကြီး ရှိတယ်။”
ဟီလာက ပြောသည်။ “ငါကတော့ အဲလောက် မတော်ဘူးပေါ့။ ဒါပေမဲ့ ငါ့ရဲ့ အမေကတော့ အရမ်းကို တော်တယ်။ သူက ဆယ်စုနှစ်ကြာအောင် ကြိုးစားခဲ့ပေမဲ့ ပျောက်ဆုံးသွားတဲ့ နိုင်ငံကနေ မလွတ်မြောက် နိုင်ခဲ့ဘူး။ အဲဒီ ကျိန်စာသင့်နေတဲ့ ပင်လယ်ပြင်ကနေ မထွက်နိုင်ခဲ့ဘူး။ မင်း အဲဒီကို သွားရင် ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြတပ်တော်ကို ကယ်တင်နိုင်ဖို့ ဘယ်လောက်ထိ ယုံကြည်ချက် ရှိလဲ။”
ရှမ့်လန်က ခေတ္တမျှ စဉ်းစား၏။ “၇၀ ရာခိုင်နှုန်း လောက်။”
ဟီလာက မင်သက်သွားမိ၏။ သူက အဘယ်ကြောင့် ဤမျှထိ ယုံကြည်ချက် မြင့်မားနေရသနည်း။ သူမက ခက်ခဲသည့် ဆုံးဖြတ်ချက်တစ်ခုကြားတွင် နောက်တစ်ကြိမ် ပိတ်မိသွားပြန်၏။ သူမက ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြတပ်တော်မှ လူအားလုံးကို မုန်းတီးခဲ့၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့က သူမ၏ မိခင်ကို သတ်ခဲ့သူများဟု ခံစားရသောကြောင့်ပင်။
သို့သော်ငြား ဤနေရာက သူမ ကြီးပြင်းခဲ့သည့် နေရာဖြစ်ပြီး ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြ တပ်တော် တစ်ခုလုံးက သူမ၏ တစ်ခုတည်းသော လောက ဖြစ်၏။ သူမ၏ မောင်နှမများစွာလည်း ရှိနေ၏။ ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြ တပ်တော် တစ်ခုလုံး ပျက်စီးသွားရမည်ဟု ပြောခဲ့သည်မှာ ဒေါသထွက်၍ ပြောခဲ့သည့် စကားများသာ ဖြစ်၏။ သူမက ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြ တပ်တော်ကို အဘယ်သို့ မကယ်တင်ချင်ဘဲ နေမည်နည်း။
ယခင်က သူမက ရှမ့်လန်၏ အခက်အခဲများကို နားမလည်ခဲ့သော်လည်း ယခုအချိန်တွင်တော့ ရှမ့်လန်၏ နည်းဗျူဟာများကို သိရှိသွားပြီ ဖြစ်၏။ အမေဇုန်ကို သိမ်းပိုက်ပြီး အစွမ်းထက်သည့် ကုန်းတပ်ကို ရယူမည်။ ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြ တပ်တော်ကို သိမ်းပိုက်ပြီး အစွမ်းထက်သည့် ရေတပ်ကို ရယူမည်။ ပြီးနောက် ရေတပ်တွင် အစွမ်းထက်သည့် အမြှောက်များ တပ်ဆင်ပြီး အရှေ့လောကကို ပြန်လည် တိုက်ခိုက်မည်။
လက်ရှိအချိန်တွင် ရှမ့်လန်၏အစီအစဉ်က ထပ်ဝက်ခန့် အောင်မြင်နေပြီ ဖြစ်၏။ အမေဇုန် တပ်တော်ကို ရရှိထားပြီ ဖြစ်သလို အမြှောက်များကိုလည်း ထုတ်လုပ်နေပြီ ဖြစ်၏။ အထူးသဖြင့် ပီကျင်းမြို့ကို သိမ်းပိုက်ပြီးနောက် ရှမ့်လန်က မရေမတွက်နိုင်သည့် သံရေကျိုလုပ်သားနှင့် ပန်းပဲဆရာများကို ရရှိသောကြောင့် အမြှောက် ထုတ်လုပ်မှုက များစွာ မြင့်တက်လာ၏။ ယခု သူ လိုအပ်နေသည်က လောက၏ အသန်မာဆုံး ပင်လယ်ဓားပြများ ဖြစ်သည့် ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြ တပ်တော်သာ ဖြစ်တော့၏။
“ကောင်းပြီ။ ဒါဆိုရင် အစ်မက မင်းကို ခေါ်သွားပေးမယ်။”
ဟီလာက မတ်တတ်ထရပ်၏။ သူမက သူမ၏ တင်ပါးကို ပုတ်ကာ ဖုန်ခါသည်။ “ငါ သင်္ဘောပေါ်မှာ စောင့်နေတယ်။ မြန်မြန်လုပ်နော်။ အဲ မဟုတ်ဘူး။ ဖြည်းဖြည်း လုပ်ပါ။ ယောက်ျားတစ်ယောက်က အရမ်းမြန်ရင်လည်း အလှောင်ခံရတတ်တယ်။”
.................
ဟီလာ ထွက်ခွာသွားခဲ့ပြီးနောက် ယမ်းစိမ်းကျွန်းပေါ်တွင် ရှမ့်လန်နှင့် ဘုရင်မ အီဒါတို့သာ ကျန်ရှိတော့၏။ ယခုအချိန်တွင်တော့ အဒေါ့ဖ်က ထွက်ခွာသွားခဲ့ပြီး သူမက စိတ်ဓာတ်ကျသည့် အခြေအနေသို့ ပြန်လည် ရောက်ရှိနေ၏။ သူမက မိမိ၏ ခွန်အားနှင့် ပတ်သက်၍ သံသယ တချို့ ရှိနေဆဲပင်။
“ခင်ဗျားက အရမ်းကို သန်မာပါတယ်။”
ရှမ့်လန်က ပြောလိုက်၏။ “အဒေါ့ဖ်ရဲ့ ခွန်အားက မျက်လှည့်ပြသလိုပဲ။ ခင်ဗျားက အကြောင်းရင်းကို မသိတော့ ဒါကို ခန့်မှန်းလို့ မရသလို ဖြစ်နေတာပေါ့။ ဒါပေမဲ့ အမှန်တရားကို သိသွားတဲ့အချိန်မှာတော့ ဒါက ပုံမှန်ပါပဲ။ ခွန်အားနဲ့အရှိန်မှာ ခင်ဗျားကို သူ မယှဉ်နိုင်ပါဘူး။ အပေါ်ယံ ကြည့်ရင် ခင်ဗျား သူ့ကို မထိနိုင်ဘူးလို့ ထင်ရပေမဲ့ သူက ကျောက်စိမ်းဖြူမြို့ရဲ့ ရှေးဟောင်း ယဉ်ကျေးမှုပစ္စည်းကို အားကိုးနေတာ။”
ရှမ့်လန်က ဆက်ပြောသည်။ “အနောက်လောက တစ်ခုလုံးမှာ ခင်ဗျားကို ယှဉ်နိုင်တဲ့လူ အနည်းငယ်ပဲ ရှိတယ်။ ဘုရင်မ မီဒူဆာ၊ မင်းသမီး ဟယ်လင်နဲ့ ဆော်ရွှန်မင်းသား တို့ပဲ။”
ရှမ့်လန်ပြောသည်က မှန်ကန်၏။ ဘုရင်မအီဒါ၏ ခွန်အားက အစစ်အမှန် ဖြစ်ပြီး အဒေါ့ဖ်မှာမူ တနည်းအားဖြင့် လိမ်ညာ လှည့်စားခဲ့ခြင်းသာ ဖြစ်၏။
“ရှင် ကျွန်မကို ပိုင်ဆိုင်ချင်လား။” ဘုရင်မ အီဒါက မေးသည်။
“ဒီလောက်လှတဲ့ မိန်းမကို မပိုင်ချင်တဲ့ ယောက်ျားမရှိနိုင်ပါဘူး။ ကျုပ်လည်း ချွင်းချက်မှ မဟုတ်တာ။” ရှမ့်လန်က ပြန်ပြော၏။
ဘုရင်မ အီဒါက ပြောသည်။ “ဒါက ကျွန်မရဲ့ ဂုဏ်ပုဒ်ပေါ့။”
ရှမ့်လန်က ပြော၏။ “ဟုတ်တယ်။ ခင်ဗျားရဲ့ အလှတရား၊ ခင်ဗျားရဲ့ ဂုဏ်ပုဒ်၊ ခင်ဗျားရဲ့ ခွန်အား.. ဒါတွေကြောင့်ပဲ အမျိုးသားတွေက ခင်ဗျားကို သိမ်းပိုက်ချင်တဲ့ ဆန္ဒ ဖြစ်နေတာပေါ့။”
ဘုရင်မ အီဒါက ပြောသည်။ “ကျွန်မလည်း ရှင့်အပေါ်မှာ အဲဒီလိုပဲ ခံစားရတယ်။ ရှင့်ရဲ့အသိဉာဏ် ဂုဏ်ပုဒ်က ကျွန်မကို ဆွဲဆောင်နေတာပေါ့။ ပြီးတော့ ရှင်က ဒီနေ့အထိ အဲဒီဂုဏ်ပုဒ်ကို ထိန်းသိမ်းထားနိုင်ခဲ့တယ်။ ရှင်က အကြံဉာဏ်ကို သုံးပြီး အဒေါ့ဖ်ကို နိုင်ယူနိုင်ခဲ့တယ်။ ကြည့်စမ်း။ ရှင်က အခုထိ တောက်ပနေတုန်းပဲ။ ကျွန်မအတွက်တော့ ရှင်က ပိုပြီး ဆွဲဆောင်မှု ရှိလာသလို ပိုပြီးလည်း နှစ်သက်စရာ ကောင်းတယ်။”
ရှမ့်လန်က ပခုံးတွန့်ကာ ပြောလိုက်၏။ “ဘာမှ မတတ်နိုင်ဘူးလေ။ ကျုပ်က တကယ် ထူးချွန် နေတာကိုး။”
ဘုရင်မ အီဒါက ပြောသည်။ “ဒါပေမဲ့ ကျွန်မရဲ့ဂုဏ်ပုဒ်ကတော့ ဒီနေ့ ထိခိုက်သွားပြီ။ ဒီတော့ နည်းနည်း မှေးမှိန် သွားတာပေါ့။”
ရှမ့်လန်က စကားမပြောချေ။ အဘယ်ကြောင့်ဆိုသော် အီဒါ ပြောသည်ကို သူက အပြည့်အဝ နားလည်သောကြောင့်ပင်။
ဘုရင်မအီဒါ ဆက်ပြော၏။ “ကျွန်မရဲ့ဂုဏ်ပုဒ်က ကျွန်မရဲ့ ခွန်အားပဲ။ ကျွန်မက အနှိုင်းမဲ့တဲ့ အစွမ်းသတ္တိ ရှိသင့်တာ။ ဒါပေမဲ့ ဒီနေ့ အဒေါ့ဖ်ကို မထိနိုင်ခဲ့ဘူး။ ဟုတ်တယ်။ ရှင်ပြောသလို သူက လိမ်ခဲ့တာပေါ့။ သူက ကျောက်စိမ်းဖြူမြို့ရဲ့ ပစ္စည်းကို သုံးပြီး နေရာရွေ့ပြောင်းခဲ့တာ။ ဒါပေမဲ့ ကျွန်မတို့ အမေဇုန်တွေအတွက်တော့ ရှုံးတာက ရှုံးတာပဲ။ နိုင်တာက နိုင်တာပဲ။ ကျွန်မ ဒါကို လက်ခံရမယ်။
မျိုးဆက်ပွားအခမ်းအနားက ပြီးသွားခဲ့တာ ကြာပြီ။ ဒါပေမဲ့ ကျွန်မ ရှင့်ကို ဒီမှာ စောင့်နေတုန်းပဲ။ အမှန်တော့ ကျွန်မတို့ နှစ်ယောက် ချစ်ကြရင်တောင် မျိုးဆက်ပွားလို့ မရသေးပါဘူး။ ဘာလို့လဲဆိုတော့ အခုက ကျွန်မရဲ့ အချိန် မဟုတ်သေးလို့ပဲ။ ဒါပေမဲ့ ကျွန်မ ရှင်နဲ့အတူ ပျော်ရွှင်မှုကို ခံစားချင်လို့ ဒီမှာ ကျန်ခဲ့တာ။
ကျွန်မတို့ အမေဇုန်မျိုးနွယ်စုက အမျိုးသမီးတွေမှာလည်း ခံစားချက်ရှိတယ်ဆိုတာ ရှင့်ကို သက်သေပြ ချင်လို့ပဲ။ ကျွန်မတို့ ဒီကျွန်းကို လာငှားတာက မျိုးဆက်ပွားဖို့တင် သက်သက်မဟုတ်ဘူး။ တိုတောင်းပေမဲ့ နက်နဲတဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ြသချင်တာလည်းပါတယ်။
ဒါပေမဲ့ အခုတော့ ကျွန်မရဲ့ ဂုဏ်ပုဒ်က တစ်စုံတစ်ရာ ထိခိုက်သွားခဲ့ပြီ။ ရှင့်ရဲ့ စိတ်ထဲမှာ ကျွန်မက အရင်လို ပြည့်ပြည့်စုံစုံ အစွမ်းထက်တဲ့ ဘုရင်မအီဒါ မဟုတ်တော့ဘူး။ ဒီလိုဆိုရင် ရှင် ကျွန်မနဲ့အတူ ရှိနေရင်တောင် ရှင့်ရဲ့ စိတ်ထဲမှာ သိမ်းပိုက်အောင်နိုင်မှု ခံစားချက် လိုအပ်နေလိမ့်မယ်။ ကျွန်မ ဒါကို လက်မခံနိုင်ဘူး။
ကျွန်မက ရှင့်ရဲ့ စိတ်ထဲမှာ အသန်မာဆုံးနဲ့ အဆွဲဆောင်နိုင်ဆုံး အနေအထားမှာ ရှိရမယ်။ အဲဒီအချိန်ကျမှ ရှင်နဲ့အတူ မျိုးဆက်ပွားမယ်။ ဒါကြောင့် ကျွန်မ ပြန်ပြီးတော့ လေ့ကျင့်အုံးမယ်။ ကျွန်မ ဘယ်လို ရှေးဟောင်းနည်းစနစ်၊ လျှို့ဝှက်ပညာနဲ့ ဘယ်လို ရှေးဟောင်းပစ္စည်းကိုမှ အားမကိုးဘူး။ ကျွန်မရဲ့ ခွန်အားနဲ့ အရှိန်ကိုပဲ သုံးပြီး အဒေါ့ဖ်ကို အနိုင်ယူပြမယ်။ ပြီးရင် သူ့ရဲ့ အင်္ဂါကို ဖြတ်တောက်ပစ်မယ်။ အဲဒီအချိန်ကျမှ ကျွန်မရဲ့ ဂုဏ်သိက္ခာနဲ့ ဂုဏ်ပုဒ်ကို ပြန်ရမှာ။
အဲဒီအချိန်ကျရင် ကျွန်မတို့ မျိုးဆက်ပွားခြင်း အခမ်းအနားကို ကျင်းပပြီး ကလေးယူကြမယ်။ ဟုတ်ပြီလား။ ဒီနေ့ ကျွန်မ ရှုံးခဲ့တယ်။ ဒါကြောင့် ကျွန်မက မပြည့်စုံတော့ဘူး။ မပြည့်စုံဘဲနဲ့ ကျွန်မကိုကျွန်မ ရှင်နဲ့အတူ ရှိခွင့် မပေးနိုင်ဘူး။”
ရှမ့်လန်က ဘုရင်မအီဒါကို စိတ်ထဲမှာ ချီးကျူးမိသွား၏။ ဟုတ်ပေ၏။ သူမက ဘုရင်မအီဒါ အစစ်ပင် ဖြစ်၏။ သန်မာ၏။ မာနကြီး၏။ အထီးကျန်ဆန်သော်လည်း မြင့်မြတ်၏။
အဒေါ့ဖ်က ကျန်းလီ၏ တပည့်တစ်ယောက် ဖြစ်ခဲ့ဖူးသူ၊ ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်သလို ကျောက်စိမ်းဖြူမြို့၏ တပည့်လည်း ဖြစ်၏။ သူ၏ ကိုယ်ခံပညာက အံ့မခန်းနိုင်လှသလို သူက ရှေးဟောင်းပစ္စည်းများကို အသုံးပြု၍ လိမ်လည်ခဲ့ခြင်းလည်း ဖြစ်သည်။
သို့သော်ငြား ဤကြောင်းပြချက်များက ဘုရင်မအီဒါ၏ မျက်လုံးထဲတွင် မရှိချေ။ သူမက ရှုံးလျှင် ရှုံးသည်ဟုသာ သတ်မှတ်ပြီး မည်သည့် ဆင်ခြေကိုမှ မရှာဖွေတတ်ပေ။
“ဒါကြောင့် ကျွန်မ ပြန်သွားတော့မယ်။ ရှင်လည်း ရှင့်အလုပ်တွေ သွားလုပ်တော့။ ကျွန်မ ကျင့်စဉ်တွေ ကျင့်ပြီးလို့ အဒေါ့ဖ်ကို အနိုင်ယူပြီးရင် ရှင့်ကို ပြန်လာရှာပြီး ကလေးယူကြမယ်။ ကျွန်မ မသေသေးဘူး။ ရှင် မသေသေးဘူးဆိုရင်တော့ ရှင်က ကျွန်မရဲ့ အနာဂတ်ကလေးတွေရဲ့ အဖေအဖြစ် အမြဲတမ်း ရှိနေမှာပဲ။”
ရှမ့်လန်က ဘာပြောနိုင်ဦးမည်နည်း။ “ကောင်းပြီ။ နှုတ်ဆက်ပါတယ်။”
“နှုတ်ဆက်ပါတယ်။”
ရှမ့်လန်က မေးလိုက်သည်။ “နှုတ်မဆက်ခင်မှာ ကျုပ် ခင်ဗျားကို ဖက်ပြီး နမ်းလို့ရလား။”
“ရပါတယ်။ ဒါပေမဲ့ အရမ်းကြီးတော့ မလွန်စေနဲ့။” ဘုရင်မအီဒါက ပြော၏။
ရှမ့်လန်က မေး၏။ “ကျုပ် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်မှာ ကြောက်လို့လား။”
“မဟုတ်ဘူး။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်မှာ ကြောက်လို့။ ကျွန်မရဲ့ အသက်အရွယ်ကို မမေ့နဲ့အုံး။ အတွေးတစ်ခု ဝင်လာပြီဆိုရင် အဲဒါက မိုးထိအောင် တောက်လောင်တဲ့ မီးတောက်လိုပဲ။ ဘယ်လိုမှ ငြှိမ်းသတ်လို့ မရဘူး။”
ဘုရင်မအီဒါက ပြောသည်။ “ကျွန်မ ဒီမီးတောက်ကို ပိုပြီး တောက်လောင်အောင် ထိန်းထားပြီး အဲဒီလူယုတ်မာကို လိင်အင်္ဂါ ဖြတ်တောက်ချင်တယ်။”
ပြီးနောက် ဘုရင်မအီဒါက ရှမ့်လန်၏ မျက်နှာကို လက်ဖြင့် အသာဆုပ်ကိုင်၏။ သူမ၏ လှပသည့် နှုတ်ခမ်းနီလေးများဖြင့် ဖိကပ်လိုက်၏။ သူတို့နှစ်ဦးက နက်နက်ရှိုင်းရှိုင်း နမ်းရှိုက်လိုက်ကြ၏။ ပြီးနောက် နှုတ်ဆက်လိုက်ကြ၏။
............
အပိုင်း (၈၆၈)
ဟီလာက ရွက်လှေကို မောင်းနှင်ပြီး ရှမ့်လန်အား မူလန်မြို့ဆီသို့ ပြန်လည် ခေါ်ယူလာခဲ့၏။ လမ်းတလျှောက်မှာတော့ မူလန်ကျွန်းကို ပိတ်ဆို့ထားသည့် မရေမတွက်နိုင်သော ပင်လယ်ဓားပြများကို မြင်ရ၏။ ရှမ့်လန်က နှစ်မြုပ်နေသည့် သင်္ဘော အပျက်အစီး ၃စင်း ကို တွေ့၏။ ၂စင်းက ရှမ့်လန်၏ သင်္ဘောများဖြစ်ပြီး ၁ စင်းက ဒီဘိုရာ၏ သင်္ဘောပင်။
အဒေါ့ဖ်၊ ဘာရွန်နှင့် ဒေါ့ဖ်ရော့ဆိုတို့၏ ပုန်ကန်သည့်ရေတပ်များက ရှမ့်လန်နှင့် ပီကျင်းမြို့ပိုင် သင်္ဘော မှန်သမျှကို တရစပ် တိုက်ခိုက်နေ၏။ ရှမ့်လန်၏ သင်္ဘော ၆ စင်းက နစ်မြှုပ်သွားခဲ့ပြီဖြစ်သလို မရေတွက်နိုင်သည့် အရင်းအမြစ်များနှင့် လူပေါင်းများစွာကို ဆုံးရှုံးလိုက်ရ၏။
ဤအရာအားလုံးက ဤဒေသ၏ ပင်လယ်ဓားပြဘုရင် ဖြစ်သော ဘာရွန်လက်ချက်ကြောင့်ပင်။ သူက တစ်ချိန်က ရှမ့်လန်နှင့် ပျော်ရွှင်စွာ စကားပြောဖူးခဲ့ပြီး စီးပွားရေး လုပ်ကိုင်ခဲ့သူပင်။ မျက်စိတစ်မှိတ်အတွင်း ဘက်ပြောင်းခဲ့ပြီး ရှမ့်လန်၏ ရေတပ်ကို သတ်ဖြတ်ခဲ့သည်။
ဤလူက ဘက်ပြောင်းရာ၌ တကယ့်ကို မြန်ဆန်၏။ မကြာသေးခင်က ဒီဘိုရာအပေါ် သစ္စာရှိခဲ့သော်လည်း ယခု အဒေါ့ဖ်၊ တစ်နည်းအားဖြင့် ဆော်ရွှန်မင်းသားအပေါ် သစ္စာရှိသွားခဲ့၏။
ဟီလာ၏ ရွက်လှေတွင် ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြစစ်တပ် တပ်တော်၏ အလံကို လွှင့်ထူထားသောကြောင့် လမ်းခရီးက ချောမွေ့နေ၏။ အမှန်စစ်စစ် ဤသည်က ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြစစ်တပ် တပ်တော်၏ အလံကြောင့်မဟုတ်ဘဲ ရှမ့်လန် သင်္ဘောပေါ်တွင် ရှိနေခြင်းကြောင့်ပင်။ ကျောက်စိမ်းဖြူမြို့က ရှမ့်လန်အပေါ် မည်သည့် သဘောထားကိုမှ ထုတ်မပြသောကြောင့် အဒေါ့ဖ်က ရှမ့်လန်ကို သတ်ခွင့်မရှိချေ။
ကြီးမားသည့် သင်္ဘောတစ်စင်းပေါ်တွင် ရှမ့်လန်က အဒေါ့ဖ်နှင့် ဘာရွန်တို့ကို ထပ်မံ မြင်တွေ့ရ၏။ အဒေါ့ဖ်က ကုန်းပတ်ပေါ်တွင် ထိုင်နေဆဲဖြစ်ပြီး သူတော်စင်တစ်ယောက်ကဲ့သို့သော အရှိန်အဝါမျိုး ရှိနေဆဲပင်။ ဘာရွန်က ဦးထုပ်ကို ချွတ်ပြီး ရှမ့်လန်အား ခေတ်မီသော မှူးမတ်တို့၏ အလေးပြုခြင်းဖြင့် အလေးပြု၏။ သူက လှပသည့် အပြုံးနှင့်အတူ သွားဖြူဖြူများကို ထုတ်ဖော်ပြသည်။
ဤလူက ရှမ့်လန်နှင့် သွေးကြွေးရှိနေပြီ ဖြစ်သလို သူတို့ကြားတွင် ကြီးမားသည့် ရန်ငြိုးကြီးတစ်ခုကိုလည်း ဘာမှန်းမသိဘဲ တည်ဆောက်မိသား ဖြစ်ခဲ့၏။ ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြစစ်တပ် တပ်တော်ရှိစဉ်က ဤလူများက ခေါင်းငုံ့ကာ ဒူးထောက်ခဲ့ကြပြီး ခွေးလေးများကဲ့သို့ပင် အမြီးလှုပ်ခဲ့ရ၏။ သို့သော်ငြား ယခုအချိန်မှာတော့ မာနထောင်လွှားကာဖြင့် အတင့်ရဲနေ၏။ ဤအရာက အမှန်တကယ်ပင် ခြင်္သေ့ကို ခွေးက လှောင်ပြောင်နေသည်ကို မြင်ရခြင်းဖြစ်၏။
“မောင်လေး.. မင်းသာ ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြတပ်တော်ရဲ့ ရေတပ်ကို ပျောက်ဆုံးသွားတဲ့နိုင်ငံကနေ ကယ်တင်နိုင်မယ်ဆိုရင် ငါတို့ ဒီပင်လယ်ပြင်က လူတွေအားလုံးကို လွယ်လွယ်လေး သတ်ပစ်နိုင်မှာပဲ။” ဟီလာက အံကြိတ်ကာ ပြောသည်။
“ကျုပ် ဘာရွန်ရဲ့ ပင်လယ်ဓားပြတွေကိုတင် သတ်မှာ မဟုတ်ဘူး။ ဒီပင်လယ်ပြင် မိုင်ပေါင်း ၅၀၀၀ အတွင်းမှာ ရှိနေတဲ့ ပင်လယ်ဓားပြ အားလုံးကို သတ်မှာ။”
ရှမ့်လန်က ပြော၏။ “သွေးသောက် ဘာရွန် မိသားစုတွေ အားလုံးကို ဆွဲထုတ်ပြီး သတ်အုံးမှာ။ အဲဒီတုန်းက ဘုရင်မ ဟယ်လင်က ဘာရွန် မိသားစုကို လုံးဝ အမြစ်ပြတ်အောင် မသတ်ခဲ့တာ တကယ့်ကို ပေါ့ပျက်လွန်းခဲ့တယ်။”
............................
မူလန်ကျွန်းသို့ ရောက်ချိန်မှာတော့ .....
“ငါ သင်္ဘောသား အယောက် ၂၀ လိုတယ်။”
ဟီလာက တိုက်ရိုက်ပင် ပြောသည်။ “အတော်ဆုံး သင်္ဘောသားတွေ ဖြစ်ရမယ်။”
မျက်စိတစ်မှိတ်အတွင်း သူမက ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြ တပ်တော်၏ အနွယ်ဝင်များ ဖြစ်ခဲ့ဖူးသည့် သင်္ဘောသား ၂၀ ကို စုစည်း၏။ ပုလဲနက်ကလည်း လိုက်ချင်သော်လည်း သူမက မူလန်မြို့၏ လက်ရှိရေတပ်ခေါင်းဆောင် ဖြစ်သောကြောင့် ကျန်ရစ်ခဲ့ရ၏။
“ကျုပ် ခရီးရှည်ကြီး သွားရအုံးမယ်။ တစ်လလောက် ကြာလိမ့်မယ်။” ရှမ့်လန်က ပြောသည်။
ကျန်းချွင်းဟွာက မေး၏။ “ရှင် ပြန်လာတဲ့အခါကျရင် အဲဒီ မောက်မာနေတဲ့ ပင်လယ်ဓားပြတွေကို တစ်ယောက်မကျန် သတ်နိုင်မှာလား။ သွေးသောက်ဘာရွန်ကိုရော အရေခွံခွာပြီး သတ်နိုင်မှာလား။”
“သေချာပေါက် သတ်နိုင်တာပေါ့။” ရှမ့်လန်က ပြန်ပြောသည်။
ကျန်းချွင်းဟွာက ပြုံးလိုက်၏။ “မင်းသမီး ယောင်ယောင်ကို ကတိပေးထားတာ မမေ့နဲ့အုံး။ ၆ လပဲ ကျန်တော့တယ်။”
“အရာအားလုံး အဆင်ပြေမယ်ဆိုရင် ငါတို့ အရှေ့လောကကို မကြာခင် ပြန်တိုက်နိုင်မှာ။” ရှမ့်လန်က ပြောလိုက်သည်။
“မင်းသမီး ဟယ်လင်ကို တွေ့ပြီလား။” ကျန်းချွင်းဟွာက မေး၏။
ရှမ့်လန်က ပြောသည်။ “မတွေ့သေးဘူး။ ဒါပေမဲ့ ကျုပ်ရဲ့ စိတ်ထဲမှာ လမ်းကြောင်းတစ်ခုတော့ ရှိနေပြီ။ ကျုပ်ရဲ့ စိတ်ကူးထဲမှာ ပုံကြမ်းတစ်ခု ပေါ်နေပြီ။ ဟုတ်သားပဲ။ ကျုပ်တို့ရဲ့ အမြှောက်တွေက ဘယ်လိုလဲ။”
“အရမ်းကို အဆင်ပြေတယ်။”
ကျန်းချွင်းဟွာက ပြော၏။ “ပီကျင်းမြို့က ပန်းပဲဆရာ တစ်ထောင်ကျော်ကို ခေါ်ထားပြီးသားဆိုတော့ အမြှောက်ထုတ်လုပ်မှုက တဖြည်းဖြည်းနဲ့ မြင့်တက်လာခဲ့ပြီ။ ဒါပေမဲ့ တစ်ခုလောက် မေးပါရစေအုံး။ ရှင် အမြှောက် ဘယ်လောက်တောင် လုပ်မှာလဲ။”
“အနည်းဆုံး အမြှောက် ၁၀၀၀ လောက် လိုလိမ့်မယ်။” ရှမ့်လန်က ပြောသည်။
ကျန်းချွင်းဟွာက မှင်သက်သွား၏။ ဤမျှထိ အများကြီး လုပ်မည်လား။ ထို့နောက် သူမက အမြှောက် ၁၀၀၀ ကို တပြိုင်နက်တည်း ပစ်ခတ်သည့် မြင်ကွင်းကို စိတ်ကူးကြည့်လိုက်၏။ တစ်ကိုယ်လုံး ပူရှိန်းသွားသလိုပင် ခံစားမိ၏။
“အရှင်.... တစ်ခုခုကို မေ့နေတာ မဟုတ်လား။” ကျန်းချွင်းဟွာက အံကြိတ်ကာ ပြောသည်။
“ဘာများလဲ။” ရှမ့်လန်က မှင်သက်သွားမိ၏။
ကျန်းချွင်းဟွာက ပြောသည်။ “ပီကျင်းမြို့ရဲ့ ခမ်းနားတဲ့ ရုံးအဆောက်အအုံထဲမှာ အကောင်းဆုံး အခန်းတစ်ခန်း ရှာပေးပြီး ကျွန်မကို ပေးစမ်းပါ။ အရှင်ရှမ့်လန်... ရှင့်ရဲ့ စိတ်ထဲမှာ ကျွန်မက တကယ်ပဲ တန်ဖိုးမရှိတာလား။ ကျွန်မကို ဘယ်လောက်တောင် ပစ်ထားအုံးမှာလဲ။ ကျွန်မ ကျန်းချွင်းဟွာက ဘိုးဘေးတွေရဲ့ ဂုဏ်တက်စေချင်လို့သာ ရှင့်ဆီ တိုးဝင်နေတာ။ ရှင့်ကိုရှင် ဘာထင်နေလို့လဲ။”
ရှမ့်လန်က သူ၏ ခေါင်းကို ရိုက်လိုက်မိ၏။ သူ တကယ့်ကို အလုပ်များလွန်းသောကြောင့် မေ့သွားခြင်းပင်။ သို့သော်ငြား ကျန်းချွင်းဟွာက သူမ၏ စိတ်ထဲတွင် တန်ဖိုးမရှိသောကြောင့် မဟုတ်ဘဲ သူမနှင့်အတူ ရှိနေသည့် အချိန်မျိုးတွင် သူက တကယ့်ကို သက်တောင့်သက်သာ ခံစားရသောကြောင့်ပင်။
သူတို့နှစ်ဦးက ရင်ဖွင့်ဖော်၊ ရင်ဖွင့်ဖက်များ သကဲ့သို့ပင်။ ယုတ်မာနိုင်မှုခြင်း တူညီသည့် သူငယ်ချင်းများကဲ့သို့ပင် ဖြစ်၏။ သူမနှင့် အချိန်တော်တော်ကြာ အတူရှိပြီးနောက် ရှမ့်လန်က ကျန်းချွင်းဟွာကို သူ၏ချစ်သူကဲ့သို့ တစ်နည်းတစ်ဖုံ ခံစားမိပြီး ရင်းရင်းနှီးနှီး ဆက်ဆံ၏။ ထိုဆက်ဆံရေးကိုလည်း မဖျက်ဆီးချင်ခဲ့ချေ။
“ကျုပ်က ခင်ဗျားကို သူငယ်ချင်းလို ဆက်ဆံနေတာ။ ခင်ဗျားက ကျုပ်နဲ့ အိပ်ချင်နေတာလား။ ဒါက သိပ်မကောင်းဘူး။ အခုရော ဘယ်လိုလဲ။”
ရှမ့်လန်က ပြောလိုက်၏။ “အချိန်နည်းနည်း ကျန်သေးတာဆိုတော့ အခုပဲ ဒီကိစ္စကို အပြတ်ရှင်းကြမလား။”
“ဟွန်း... စိတ်တောင်မကူးနဲ့။”
ကျန်းချွင်းဟွာက ပြောလိုက်သည်။ “ရှင် အခု ကျွန်မနဲ့ အိပ်လိုက်ရင် အဲဒါက ဘယ်တော့မှ ပြန်မလာတော့မယ့် သူရဲကောင်းတစ်ယောက်နဲ့ တူသွားမှာပေါ့။ ကျွန်မကလည်း ကလေး တစ်ယောက်နဲ့ ကျန်ရစ်ခဲ့ရမှာ။ ဒါ နိမိတ်မကောင်းဘူး။ ရှင် ပြန်လာတဲ့အထိပဲ စောင့်တော့မယ်။”
ချက်ချင်းပဲ ရှမ့်လန်က ထိုမြေခွေးမလေး၏ နှုတ်ခမ်းကို ဆွဲဖဲ့ချင်စိတ် ပေါက်သွား၏။
“အိမ်ကို သေချာ ဂရုစိုက်။ ဒီဘိုရာကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ခင်ဗျားသိတယ် မဟုတ်လား။” ရှမ့်လန်က ပြောသည်။
ကျန်းချွင်းဟွာ ပြန်ပြော၏။ “သူနဲ့ ရော့ဆို မိသားစုရဲ့ လက်အောက်ခံတွေကြားက ပဋိပက္ခကို ပိုပြီး ပြင်းထန်လာအောင် လုပ်ရမှာပေါ့။ သူက ကျွန်မတို့နဲ့ ပူးပေါင်းသွားမှာပဲ။”
“မိန်းမတစ်ယောက်ရဲ့ နှလုံးသားက အဆိပ်အတောက် အပြင်းဆုံးပဲ။” ရှမ့်လန်က ကျန်းချွင်းဟွာ၏ နှုတ်ခမ်းကို လက်ညှိုးထိုးပြကာ ပြောသည်။
ကျန်းချွင်းဟွာက သူမ၏ ဆွဲဆောင်မှုရှိသည့် ပါးစပ်လေးကို ဖွင့်ကာ ရှမ့်လန်၏ လက်ညှိုးကို ကိုက်လိုက်၏။ “ဒါက မိန်းမက ယောက်ျားနောက်လိုက်တယ်လို့ ခေါ်တယ်လေ။”
ကြည့်စမ်း။ ဤစကားလုံးများက အငွေ့အသက်များကို ဖျက်ဆီးလိုက်ပြန်၏။ ရင်ဖွင့်ဖော် ဆိုပါက စည်းမကျော်သင့်ပေ။ ထိုကဲ့သို့သော မပြတ်မသား ခံစားမှုမျိုးက အလှဆုံးဖြစ်၏။
“ကျုပ် ပြောထားတာ မှတ်မိလား။ လျှပ်စစ်သံလိုက်ဗုံးကို ဘယ်လို ဖောက်ခွဲရမယ်ဆိုတာ မှတ်မိလား။ ကောင်းပြီ။ နှုတ်ဆက်ပါတယ်။”
.......
ရှမ့်လန်က သင်္ဘောသား ၂၀ နှင့်အတူ လုံလောက်သည့် ရေ၊ အစားအစာများကို တင်ဆောင်ပြီး ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြစစ်တပ် တပ်တော်ကို ကယ်တင်ရန်အတွက် တောင်ဘက်ရှိ ပျောက်ဆုံးနေသည့် နိုင်ငံဆီသို့ ထပ်မံ ထွက်ခွာခဲ့၏။ အဒေါ့ဖ်၏ အမိန့်အရ သွေးသောက် ဘာရွန်နှင့် ဒေါ့ဖ်ရော့ဆိုတို့၏ ပုန်ကန်သည့် ရေတပ်များက ရှမ့်လန်အား တားဆီးခြင်း သို့မဟုတ် တိုက်ခိုက်ခြင်း မပြုကြချေ။ သူတို့က ရှမ့်လန်၏ သင်္ဘော တောင်ဘက်သို့ ထွက်ခွာသွားသည်ကို ငရဲခန်းသို့ ဝင်သွားသည့် အလားပင် ကြည့်နေကြသည်။
သွေးသောက် ဘာရွန်က ပြော၏။ “ဒီလောကကြီးမှာ လူတော်တွေကပဲ ကိုယ့်ကိုယ်ကို သေတွင်းထဲ ပို့ကြတာ။ ရှမ့်လန် မရှိတော့ရင် သူ့ရဲ့ နိုင်ငံငယ်လေးကလည်း ပျက်စီးသွားမှာပဲ။ ဒီဘိုရာလည်း အဆုံးသတ်သွားမှာ သေချာတယ်။ ဘုရင်မအီဒါကတော့ အခုထိ စင်ကြယ်နေတုန်းပဲဆိုတော့ ဆရာကြီး အဒေါ့ဖ်အတွက်ပေါ့ဗျာ။ မင်းသမီးဒိုဟာကလည်း ဆရာကြီးပိုင်တာပဲ။”
အဒေါ့ဖ်က မျက်လုံးအစုံကို မှိတ်၏။ ပြီးနောက် မာနတကြီး ပြောလိုက်သည်။ “အရာအားလုံးက အရှင် ဧကရာဇ် အတွက်ပါပဲ။”
........................
ရှမ့်လန် လိုက်ပါသွားသည့် သင်္ဘော၏ အရှိန်က တကယ့်ကို မြန်ဆန်၏။ လေသင့်ရာ တောင်ဘက်သို့ ခရီးနှင်ပြီး တစ်နာရီလျှင် ၁၃ မိုင်ခန့် သွား၏။ ထိုအရာက မိုင်ပေါင်း ၄၀ နှင့်ညီမျှ၏။ တောင်ဘက်သို့သွားသည့် လမ်းတစ်လျှောက်က တကယ့်ကို လှပလွန်းသည်ဟု ပြောနိုင်၏။
ပင်လယ်ရေက အပြာရောင်မဟုတ်ဘဲ အစိမ်းရောင်ပင်။ ရေအောက်ခြေကို မြင်ရလောက်အောင်ပင် ကြည်လင်နေပြီး ပင်လယ်ပြင် တစ်ခုလုံးက ကျောက်စိမ်းပြားကြီး ခင်းထားသကဲ့သို့ပင်။ ထို့အပြင် မိုင်ပေါင်း ရာဂဏန်းတိုင်းတွင် ကျွန်းငယ်လေးတစ်ကျွန်း ရှိနေပြီး ကျွန်းတိုင်းကလည်း စိမ်းလန်းစိုပြည်ကာ သက်ရှိများနှင့် ပြည့်နှက်နေသည်။
ရှမ့်လန်က ပင်လယ်ခရီး မိုင်ပေါင်း သောင်းချီကို သွားလာခဲ့ဖူးသော်လည်း ဤကဲ့သို့ လှပသည့် မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။ ထိုအရာက ပင်လယ်ပြင်အတွင်းရှိ နိဗ္ဗာန်ဘုံတစ်ခုနှင့် တူလှ၏။ ထို့အပြင် လမ်းခရီးမှာတော့ မည်သည့် သင်္ဘောကိုမှ မတွေ့ရှိခဲ့ပေ။ အကြောင်းရင်းက တိုက်သစ်ကြီး၏ တောင်ဘက်ပိုင်းတွင် မည်သည့်နိုင်ငံမှ မရှိသလို ကုန်သွယ်မှု လမ်းကြောင်းများလည်း မရှိသောကြောင့်ပင်။ အလွန်တရာ ရူးသွပ်သည့် ပင်လယ်ဓားပြများသာလျှင် မသိနားမလည်သည့် နယ်မြေများကို ရှာဖွေရန် တောင်ဘက်သို့ သွားလေ့ရှိ၏။
“မောင်လေး... ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြတပ်တော်ရဲ့ ရေတပ်ကို ပျောက်ဆုံးသွားတဲ့ နိုင်ငံကနေ ဘယ်လို ကယ်တင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး မင်းမှာ အစီအစဉ်တွေ ရှိလား။” ဟီလာက မေးလိုက်သည်။
“ရှိတာပေါ့။” ရှမ့်လန်က ပြန်ပြော၏။
ဟီလာက မေး၏။ “ရှုပ်ထွေးသေးလား။”
“မရှုပ်ထွေးပါဘူး။” ရှမ့်လန်က ပြန်ပြောလိုက်လေသည်။
ဟီလာက ပြန်မေးပြန်၏။ “အချိန်အများကြီး ပေးရမလား။”
“အဲဒီပစ္စည်းကိုသာ တွေ့ပြီဆိုရင် အများဆုံး နှစ်နာရီပဲ ကြာလိမ့်မယ်။” ဟီလာက ရှမ့်လန်ကို မယုံကြည်နိုင်သော အကြည့်ဖြင့် ကြည့်၏။ သူမ၏မိခင်က တကယ့်ကို တော်သော်လည်း ၁၀ စုနှစ်ကြာသည့်တိုင် ရေတပ်ကို ကယ်ထုတ်နိုင်ခြင်း မရှိခဲ့ချေ။
ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြတပ်တော်၏ ရေတပ်တွင် ထူးချွန်သူများစွာ ရှိနေသော်လည်း၊ ထိုကျိန်စာသင့် နေသည့် ပင်လယ်ပြင်မှ လွတ်မြောက်ရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြချေ။ ၁၀ စုနှစ်အတွင်း သူတို့က အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့၏။ ရှမ့်လန်က နှစ်နာရီသာ ကြာလိမ့်မည်ဟု ပြောနေ၏။ ဟီလာက ဘုရင်မအီဒါ ပြောခဲ့သည်ကို ရုတ်တရက် သတိရ၏။ ရှမ့်လန်က ကြွားလုံးထုတ်ရသည်ကို ဝါသနာပါသော်လည်း သူ၏ ကြွားလုံးများက အမြဲတမ်း အမှန်ဖြစ်လာလေ့ ရှိသည်ဟူသောအချက်ပင်။
.................
သူတို့က ရက်သတ္တပတ် နှစ်ပတ်ခန့် ခရီးနှင်၏။ ရုတ်တရက် မြင်ကွင်းများက ပြောင်းလဲသွား၏။ နေရောင်ခြည်ရှိနေဆဲ ဖြစ်သော်လည်း ကျွန်းငယ်အားလုံးက ပျောက်ကွယ်သွားကာ အဆုံးမရှိသည့် ပင်လယ်ရေပြင်သာ ကျန်ရှိတော့၏။ ရက်နည်းငယ် ခရီးနှင်ပြီးနောက်မှာတော့ မြင်ကွင်းက ယခင်အတိုင်းပင်။ ဤမြင်ကွင်းက လူကို အနည်းငယ် စိတ်ဓာတ်ကျစေသည်။
ရုတ်တရက် တစ်နေ့မှာတော့ ရှမ့်လန်က မယုံကြည်နိုင်စရာကောင်းသော ထူးဆန်းသည့် မြင်ကွင်းတစ်ခုကို မြင်ရ၏။ ပင်လယ်ပြင်ပေါ်တွင် ကြီးမားခမ်းနားလွန်းသည့် မြို့တော်ကြီး တစ်ခု ပေါ်ထွက်လာနေခြင်းပင်။ ထိုအရာက မိုင်ပေါင်း ထောင်ချီ ကျယ်ပြန့်ပြီး အဆုံးမရှိကဲ့သို့ပင်။ ထိုအရာက အစစ်အမှန် တည်ရှိနေခြင်း မဟုတ်ဘဲ တံလျှပ်ထင်ခြင်းပင်။ သို့သော်ငြား ရှမ့်လန်က တစ်ခါမှ မမြင်ဖူးလောက်အောင် ကြီးမားခမ်းနားသည့် တံလျှပ်မြင်ကွင်းကြီးကို ကြည့်နေ၏။
“အစ်မတို့ ဒါကို မြင်တုန်းက အခုလိုပဲ အံ့အားသင့်ခဲ့ကြတာလား။”
သို့သော်ငြား ဟီလာက သူမ မြင်တွေ့နေသည့်အရာကို မယုံကြည်နိုင်သည့်အလား အံ့အားသင့်စွာ ကြည့်နေသည်။
“ဒါ... ဒါကို တစ်ခါမှ မမြင်ဖူးဘူးလား။” ရှမ့်လန်က မေးလိုက်၏။
ဟီလာက ခေါင်းညိတ်လိုက်သည်။ “တစ်ခါမှ မမြင်ဖူးဘူး။”
ရှမ့်လန်က မေး၏။ “ပျောက်ဆုံးသွားတဲ့ နိုင်ငံက ဒီမိုင်ပေါင်းထောင်ချီတဲ့ အလင်းဖန်သားပြင် နောက်ကွယ်မှာ ရှိနေတာလား။ ဒါက ကျိန်စာသင့်နေတဲ့ ပင်လယ်ရဲ့ အတိုင်းအတာလား။”
ဟီလာက ပြောသည်။ “ဟုတ်တယ်။ ဒါပေမဲ့ အခုတော့ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ။ အရင်ကနဲ့ လုံးဝ မတူတော့ဘူး။ ငါ တကယ့်ကို ကြောက်စရာကောင်းတဲ့ ခံစားချက်မျိုး ရနေတယ်။”
ပြီးနောက် ဟီလာက ရှမ့်လန်ကို ကြည့်၏။ “မောင်လေး... ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြတပ်တော်ကို ကယ်ဖို့က အရေးကြီးပေမဲ့ မင်းရဲ့ အသက်က ပိုအရေးကြီးတယ်။ ငါတို့ ပြန်ကြရအောင်။ ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြတပ်တော်ကို ငါတို့ မလိုချင်တော့ဘူး။ ငါတို့ ဖြည်းဖြည်းချင်းပဲ တည်ထောင်ကြမယ်။
ပျောက်ဆုံးသွားတဲ့နိုင်ငံက အခု ပြောင်းလဲသွားခဲ့ပြီ။ အရာအားလုံးက မသိနားမလည်တဲ့ အခြေအနေမျိုးတွေ ရှိနေပြီ။ အကယ်၍ ဝင်သွားမယ်ဆိုရင် ပိတ်မိနေရုံသာမကဘူး သေတွင်းထဲပါ ရောက်သွားနိုင်တယ်။ မောင်လေး... ပြန်ကြရအောင်။” ဟီလာက တောင်းပန်သည်။
ရှမ့်လန်က ထိုမြင်ကွင်းကို ကြည့်၏။ ထိုအရာက တကယ်ပင် ထူးဆန်းပြီး တစ်ခါမှ မမြင်ဖူးသည့် မြင်ကွင်းမျိုးပင်။ မိုင်ပေါင်းထောင်ချီ ကျယ်ပြန့်နေသည့် တံလျှပ်မြင်ကွင်းကြီးပင်။ သူ တစ်ခါမှ မမြင်ဖူးသော အလင်း ဖန်သားပြင်ကြီးက ပျောက်ဆုံးသွားသည့်နိုင်ငံကြီး တစ်ခုလုံးကို ဖုံးလွှမ်းနေခြင်းလား။ ဤအလင်း ဖန်သားကြီး နောက်ကွယ်တွင် ဘာတွေ ရှိနေမည်နည်း။ ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြတပ်တော်၏ ရေတပ်ကြီး တည်ရှိနေဆဲလား။ အားလုံး သေကုန်ကြပြီလား။
“ကျုပ်တို့ ဒီထိ ရောက်လာခဲ့ပြီပဲ။ ပြန်လှည့်စရာ အကြောင်းတော့ မရှိတော့ပါဘူး။”
ရှမ့်လန်က ပြောလိုက်၏။ “နောက်ပြန်လှည့်ဖို့ မရှိဘူး။ ရှေ့ကိုပဲ ဆက်သွားကြရအောင်။”
ဟီလာက ရှမ့်လန်ကို ကြည့်၏။ ပြီးနောက် ပခုံးတွန့်လိုက်သည်။ “ကောင်းပြီလေ။ အကယ်၍ သေရမယ် ဆိုရင်လည်း ငါတို့ မောင်နှမ အတူတူ သေကြတာပေါ့။”
ပြီးနောက် သူမက ရှမ့်လန်၏ လည်ပင်းကို ဖက်၏။ သူမ၏ နှဖူးနှင့် ရှမ့်လန်၏ နှဖူးကို ထိကပ်ကာ ပြောလိုက်၏။ “ရှေ့ကိုဆက်ပြီး သွားကြမယ်။ အလွန်ဆုံးရှိလှ ငါတို့ သေရုံပေါ့။ မြေမြှုပ်စရာ မရှိဘဲ သေကြရုံပဲ ရှိမှာပါ။”
ပြီးနောက် ရွက်များကို တင်းအောင်ဆွဲ၏။ သင်္ဘောကြီးက ရှေ့ဆီသို့ ပြေးဝင်သွားခဲ့၏။ ဤအလင်း ဖန်သားပြင်ကြီးက ပင်လယ်နှင့် ကောင်းကင်ကို ဆက်သွယ်ထားသကဲ့သို့ပင်။ ထိုအရာကြီးက တကယ့်ကို ကြီးမားသောကြောင့် တုန်လှုပ်ဖွယ်ရာ ကောင်း၏။ ဤသည်က မည်ကဲ့သို့သော တံလျှပ်မျိုး ဖြစ်နေသနည်း။ သူတို့က အလင်းဖန်သားပြင်ကြီးနှင့် ပို၍ နီးကပ်လာခဲ့သည်။
ဝှစ်...
ရှမ့်လန်၏ သင်္ဘောက ရုတ်တရက် တိုးဝင်ပြီး ထိုအလင်းဖန်သားကြီးကို ဖြတ်ကျော်သွား၏။ နောက်ဆုံး ရှမ့်လန်က ထိုထူးဆန်းသည့် ပျောက်ဆုံးသွားသည့် နိုင်ငံ၊ ကျိန်စာသင့်နေသည့် ငရဲပင်လယ်ထဲသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်၏။
သို့နှင့် ရှမ့်လန်က သူ မသိကျွမ်းသည့် လောကသစ်ကြီး တစ်ခုကို မယုံကြည်နိုင်စွာ ကြည့်နေမိ၏။ သူက အလုံးစုံ မင်သက်လို့ နေမိသည်။