← Chapters

အခန်း (၈၇၇-၈၇၈)

Vol. 53 Ch. 877-878

အခန်း (၈၇၇-၈၇၈)

Vol. 53 Ch. 877-878

အပိုင်း (၈၇၇)

“နှုတ်ဆက်ခဲ့ပါတယ်။ နောက်တစ်ခါ မတွေ့ကြေး။” ဒေါက်ကလပ်စ်က လက်ဝှေ့ယမ်းပြ၏။ ပြီးနောက် ဦးခေါင်းခွံတပ်ဖွဲ့၏ အလံတင် သင်္ဘောကြီးက အနောက်ဘက်သို့ ဦးတည်ကာ ထွက်ခွာပြီး တဖြည်းဖြည်း ဝေးကွာ ပျောက်ကွယ်သွားသည်။

ရှမ့်လန်ကတော့ ထိုသင်္ဘောများ ပျောက်ကွယ်သွားသည်အထိ အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက်ဖြင့် ထိုင်ကာ ကြည့်ရှုလျက် ရှိ၏။

.........

ဦးခေါင်းခွံတပ်ဖွဲ့၏ အဓိက အင်အားစုကြီးက ဒေါက်ကလပ်စ်နှင့်အတူ ထွက်ခွာသွားပြီ။ ကျန်ရှိနေသည့် လူခုနစ်ထောင်က ရှမ့်လန်ကို တိတ်တဆိတ်ဖြင့် ကြည့်နေ၏။ သူတို့က ရူးသွပ်မှုနှင့် အံ့ဖွယ်များကို ယုံကြည်ရန် ရွေးချယ်ခဲ့သော်လည်း မျှော်လင့်ချက်မဲ့သည့် နေရာတွင် ကျန်ရစ်ခဲ့သည်။

သူတို့၏ရွေးချယ်မှုက သေခြင်းတရားနှင့် ရင်ဆိုင်ရခြင်းမျိုးလည်း ဖြစ်နိုင်၏။ အကြောင်းရင်းက ဒေါက်ကလပ်စ် နောက်ဆုံး ရှာတွေ့ခဲ့သည့် ဂိုထောင်ထဲမှ စားနပ်ရိက္ခာနှင့် ဝိုင်အားလုံးနီးပါးကို ပြန်လည် ယူဆောင် သွားခဲ့သောကြောင့်ပင်။ ကျန်ရစ်သည့်အရာများက အနည်းငယ်မျှသာပင်။ ထိုအရာများ ကုန်သွားသည်နှင့် သူတို့က ငတ်ပြတ်ပြီး သေဆုံးရပေလိမ့်မည်။ အကြောင်းအလန့်ကင်းပြီး အရူးသွပ်ဆုံးသော ဤပင်လယ်ဓားပြများသာလျှင် ရှမ့်လန်၏ နောက်သို့ လိုက်ပါခဲ့ကြခြင်းပင်။

ဟီလာက ရှမ့်လန်၏ လက်ကို ဆုပ်ကိုင်ကာဖြင့် ရေကာတာ၏ ထောင့်တစ်နေရာဆီသို့ ခေါ်သွားကာ သီးသန့် စကားပြော၏။ “မင်း သူတို့ကို ဒီတိုင်းပဲ လွှတ်ပေးလိုက်တော့မှာလား။ ဒါတွေက ငါတို့ရဲ့ ဦးခေါင်းခွံတပ်ဖွဲ့၊ ငါတို့ရဲ့သင်္ဘောတွေလေ။ ဒီ ရေတပ်မပါဘဲနဲ့ မင်း အရှေ့တိုင်းကို ဘယ်လိုပြန်မလဲ။ ဘယ်လို ပြန်တိုက်ခိုက်မှာလဲ။”

ရှမ့်လန်က ပြုံးလိုက်သည်။ “ဟီလာ... အစ်မ ကျုပ်ပြောခဲ့တာကို မှတ်မိသေးလား။”

ဟီလာက ပြော၏။ “မင်း ဒေါက်ကလပ်စ်ရဲ့ မျက်နှာကို ဖြတ်ရိုက်ချင်တာလား။ ဦးခေါင်းခွံတပ်ဖွဲ့တစ်ခုလုံးရဲ့ မျက်နှာကို ဖြတ်ရိုက်ချင်တာလား။ ဒါပေမဲ့ မင်း ဒီနေ့ အဲဒါကို လုပ်ပြီးပြီ မဟုတ်လား။”

ရှမ့်လန်က အေးစက်စက်နှင့် ရယ်မောသည်။ “ဒီနေ့ ဖြစ်ခဲ့တာတွေက ဘာမှမဟုတ်ဘူး။ ဒေါက်ကလပ်စ်ရဲ့ အစီအစဉ်ကို ကျုပ် သိတယ်။ သူက ရှေးဟောင်းအပျက်အစီးတစ်ခုရဲ့ စွမ်းအင် ဗဟိုချက်ကို ဖောက်ခွဲပြီး ပင်လယ်အောက်မှာ ငလျင်တစ်ခု ဖြစ်အောင် လုပ်မယ်။ အဲဒီနည်းနဲ့ ကျိန်စာသင့် ပင်လယ်ရဲ့ ထူးဆန်းတဲ့ စွမ်းအင် စက်ကွင်းကို ဖျက်ဆီးပြီး ထွက်ပြေးဖို့ ကြံနေတာ။”

သူက ဆက်လက်ကာ ပြောကြား၏။ “ကျုပ်လည်း အရင်က အဲဒီလို တွေးခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒါက ကျရှုံးမှာ သေချာတယ်။ ပထမတစ်ကြိမ် အောင်မြင်ခဲ့တယ် ဆိုပေမဲ့ ဒုတိယတစ်ကြိမ်မှာတော့ ခုခံမှုတွေ ရှိလိမ့်မယ်။ ဒါကြောင့် ဒေါက်ကလပ်စ်ရဲ့ အစီအစဉ်က ကျရှုံးမှာပဲ။”

သူက ဆက်လက်ကာ ပြောသည်။ “မိုင်ပေါင်းထောင်ချီ ခရီးနှင်ပြီး ကျိန်စာသင့် ပင်လယ်ကနေ လွတ်မြောက်ပြီဆိုပြီး ပျော်နေတဲ့ သူတို့တွေက မူလနေရာကို ပြန်ရောက်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် သူတို့ရဲ့ မျှော်လင့်ချက်တွေ ဘယ်လောက်တောင် ပျက်သုန်းသွားမလဲ။ ဒေါက်ကလပ်စ်က သူတို့ကို လိမ်ညာခဲ့တယ်လို့ မခံစားရဘူးလား။”

သူက အားတက်သရောဖြင့် ပြော၏။ “ဒါပေမဲ့ ကျုပ်မှာ ဦးခေါင်းခွံတပ်ဖွဲ့ကို ကယ်တင်ပြီး လူတိုင်းကို ဒီကျိန်စာသင့် ပင်လယ်ထဲကနေ ခေါ်ထုတ်သွားနိုင်တဲ့ နည်းလမ်းရှိတယ်။ ကျုပ်တစ်ယောက်တည်းပဲ ဒီထူးဆန်းတဲ့ စွမ်းအင်စက်ကွင်းကို တကယ် ဖျက်ဆီးပစ်နိုင်တာ။”

ဟီလာက မေးသည်။ “ဒီနည်းလမ်းက တကယ့်ကို ရှုပ်ထွေးတာလား။”

ရှမ့်လန်က ဖြေကြား၏။ “မရှုပ်ထွေးပါဘူး။ တိုက်ရိုက်ပါပဲ။ စိတ်ကူးယဉ်ကြည့်လိုက်။ သူတို့က လုံးဝ မျှော်လင့်ချက် ပျက်သုန်းနေတဲ့ အချိန်မှာ ကျုပ်က သူတို့ရဲ့ တစ်ဦးတည်းသော ကယ်တင်ရှင် ဖြစ်လာမယ်။ ဒေါက်ကလပ်စ်ကို ရွေးချယ်ခဲ့တဲ့ လူငါးသောင်းကျော်လုံးက ကျုပ်ရဲ့ရှေ့မှာ ဒူးထောက်ပြီး ခွင့်လွှတ်ဖို့ တောင်းပန်ကြလိမ့်မယ်။ ကျုပ်ရဲ့လက်ပါးစေတွေ ဖြစ်ဖို့အတွက် သူတို့က ဒူးထောက်ပြီးတော့ တောင်းပန် ကြရလိမ့်မယ်။”

သူက ထပ်ကာ ပြောသည်။ “အဲဒီအချိန်ကျရင် ဘယ်လောက်ကောင်းမလဲ။ ဘယ်လောက် ပြီးပြည့်စုံလိုက်မလဲ။ ကျုပ်က ဒေါက်ကလပ်စ်ကိုတောင် ကျေးဇူးတင်ရအုံးမယ်။ သူသာ ဒီလို ပူးပေါင်းမပေးခဲ့ရင် ဦးခေါင်းခွံ တပ်ဖွဲ့ကို သိမ်းပိုက်မယ့် ကျုပ်ရဲ့ ခရီးစဉ်က အောင်မြင်ပါ့မလား မသိဘူး။”

သူက နိဂုံးချုပ်၏။ “စောင့်ကြည့်လိုက်စမ်းပါ။ နောက်ထပ် ၂၄ နာရီအတွင်း ဒေါက်ကလပ်စ်လည်း မျှော်လင့်ချက် ပျက်သုန်းသွားလိမ့်မယ်။ ဦးခေါင်းခွံ အဖွဲ့ဝင် ငါးသောင်းလုံးကလည်း မျှော်လင့်ချက် ပျက်သုန်းသွားလိမ့်မယ်။ ဟား ဟား ဟား ဟား...”

....................

ထိုအချိန် ပျောက်ဆုံးသွားသည့် နိုင်ငံ၏ အပျက်အစီးများ တည်ရှိနေသည့် အနောက်ဘက် ပိရမစ်ငယ်လေး တစ်ခုမှာတော့ ....

“ဝုန်း... ဝုန်း...”

ပိရမစ်ငယ် တစ်ခုက ရုတ်တရက် ပေါက်ကွဲထွက်ပြီး အက်ကြောင်းပေါ်လာ၏။ ထိုအရာက သူ့ဘာသူ့ ပေါက်ကွဲသွားခြင်းကြောင့် မဟုတ်ဘဲ တစ်စုံတစ်ယောက် ထိုးထွက်လာခဲ့သောကြောင့် ဖြစ်တည် လာခဲ့ခြင်းပင်။

ပြီးနောက် ရေအောက်ရှိ ပိရမစ်အတွင်းမှ လူရိပ်တစ်ခုက ထွက်ပေါ်လာပြီး ပင်လယ်ပြင်ထက်ဆီသို့ ထိုးထွက် လာ၏။ ရွှေရောင်ဆံပင်၊ လှပသည့် မျက်နှာနှင့် ဆွဲဆောင်မှုရှိသည့် ခန္ဓာကိုယ် ပိုင်ရှင် အမျိုးသမီး တစ်ယောက်ပင်။ သူမက ကောင်းကင်တမန်၏ မျက်နှာနှင့် မိစ္ဆာတစ်ကောင်၏ ခန္ဓာကိုယ်မျိုး ရှိ၏။

သူမက တီးတိုး ရေရွတ်မိသည်။ “မိုင်ပေါင်းသောင်းချီ ဖြတ်သန်းပြီး လအနည်းငယ်ကြာတဲ့နောက်မှာ ဒီနေရာကို ဖြတ်ကျော်နိုင်ခဲ့ပြီပဲ။”

သူမက ထပ်မံကာ တီးတိုး ရေရွတ်လိုက်မိပြန်၏။ “ဒါပေမဲ့ ဒါက ဘယ်နေရာလဲ။ သင်္ချိုင်းတစ်ခုကနေ နောက်ထပ် သင်္ချိုင်းတစ်ခုကို ရောက်သွားတာလား။”

ဤအမျိုးသမီးက မည်သူ ဖြစ်သနည်း။ သူမက ရှမ့်လန် နေ့ညမပြတ် တောင့်တနေသည့် ရှိနေသည့် သူ၏ တခြားသော အစ်မတစ်ဦး ဖြစ်သည့် မင်းသမီး ဟယ်လင်ပင် ဖြစ်လေတော့သည်။

ဟယ်လင်၏ ဘဝက တိုက်ခိုက်ပွဲများနှင့်သာ ပြည့်နှက်နေရ၏။ သူမက ရှီလွန်အင်ပါယာ၏ တိုက်ရိုက် မျိုးဆက် ဖြစ်သော်လည်း တစ်ဖက်တွင်တော့ တရားမဝင်သည့် သမီးတော်တစ်ဦးလည်း ဖြစ်နေပြန်၏။ သူမ၏မိခင်က လက်ထပ်ထိမ်းမြားခြင်း မရှိဘဲ သူမကို မွေးဖွားခဲ့ခြင်းဖြစ်ပြီး ဟယ်လင်၏ ခန္ဓာကိုယ် ပေါ်တွင်လည်း အရှေ့တိုင်းသားတို့၏ အမှတ်သင်္ကေတများက ထင်ရှားစွာ ပါသည်။

သူမက ရွှေရောင်ဆံနွယ်များ ရှိသော်လည်း သူမ၏မျက်ဝန်းများက အရှေ့တိုင်းသားတို့၏ ထူးခြားချက်များ ပါဝင်နေ၏။ အမှန်စင်စစ် သူမက ထိုအရာကိုဖုံးကွယ်ရန်လည်း တစ်ခါမှ မကြိုးစားခဲ့ဖူးချေ။ ထို့ကြောင့်ပင်လျှင် မြောက်ဘက်ပိုင်းမှ တော်ဝင်မျိုးနွယ်များ၏ ဖယ်ကြဉ်ခြင်းကို ခံရ၏။

သူမက ရှီလွန်အင်ပါယာဆီသို့ နှစ်ကြိမ်တိုင်တိုင် သွားရောက်ခဲ့ဖူးပြီး အချိန်တိုင်းတွင်လည်း စိတ်မချမ်းမြေ့ စရာများသာ ကြုံတွေ့ခဲ့ရ၏။ လှောင်ပြောင်သရော်မှုများကိုသာ ခံရ၏။ သူမက ခမ်းနားလှပါသည်ဆိုသော တော်ဝင်မျိုးနွယ်များ၏ ကျင့်ထုံးများကို စိတ်ကုန်သည် ဆိုသော်လည်း သူမ၏ ကိုယ်ပိုင် အမူအကျင့်များ ကတော့ စံနမူနာပြလောက်အောင်ပင် စေ့စပ်သေချာသူတစ်ယောက်ပင်။

သူမ၏မိခင် ကွယ်လွန်သွားခဲ့ပြီးနောက် ဘုရင်မမြို့တော်ရှိ နန်းတော်ကြီးက သူမကို ဆွဲထားနိုင်စွမ်း မရှိတော့ချေ။ သူမက ထိုနေရာမှ ထွက်ပြေးလွတ်မြောက်လိုစိတ်များက အာသီသ ပြင်းထန်၏။ မည်သည့် ရည်မှန်းချက်မှ မရှိသော ၊ အမျိုးအဆွေ တစ်ဦးတစ်ယောက်မှ မရှိသော ဤကမ္ဘာကြီးထဲမှ ထွက်ခွာ သွားလိုခြင်း ကသာ ဟယ်လင်၏ စိတ်ဆန္ဒအမှန် ဖြစ်သည်။

ထို့ကြောင့်ပင်လျှင် သူမ၏လေလွင့်ခရီးစဉ်က စတင်ခဲ့ခြင်းပင်။ သူမက တိတ်ဆိတ်အေးချမ်းပြီး နူးညံ့သည့် ဘဝကို နှစ်သက်သည့် အမျိုးသမီးတစ်ယောက် ဖြစ်ပြီး နှလုံးသားကလည်း လှပသည့်အရာများနှင့်သာ ပြည့်နှက်နေသူပင်။ ပြင်ပလောကထဲသို့ လှည့်လည်သွားလာရင်း သူငယ်ချင်းသစ်များ ရရှိရန် တောင့်တ၏။ သူမက သူမ၏ဖခင်ကို ရှာဖွေရန် အရှေ့တိုင်းလောကဆီသို့ သွားရန် မျှော်လင့်ချက်များပင် ရှိခဲ့ဖူးသည်။

သို့သော်လည်း နောက်ဆုံးမှာတော့ သူမက သွားရန် မလိုတော့ကြောင်း သိရှိ၏။ အဘယ်ကြောင့်ဆိုသော် သူမ၏ အဖေ ကျန်းလီ ကွယ်လွန်သွားခဲ့ပြီ ဖြစ်သောကြောင့် ဤလောကကြီးထဲတွင် သူမ၌ မိသားစုဟူ၍ မရှိတော့ချေ။ သူမက ပို၍ အစအနပျောက်ကာဖြင့် လှည့်လည် သွားလာခဲ့ပြီး ရှီလွန်အင်ပါယာ၏ တောင်ဘက်ပိုင်း ဒေသတစ်ခုလုံးကို ခြေဆန့်ကာ ဖြတ်သန်းသွားလာ၏။

ပြည်သူတို့၏ ခံစားချက်ကို နားလည်ရန် သို့မဟုတ် ထိုသူတို့၏ အသံကို နားထောင်ရန် ရည်ရွယ်ချက်မျိုး မရှိသော်လည်း သူမက ဘုရင်မဟယ်လင်၏ တိုက်ရိုက်မျိုးဆက်ဖြစ်သောကြောင့် တချို့သော စိတ်ဆန္ဒများက သူမ၏ သွေးသားထဲတွင် ကိန်းအောင်းနေခဲ့ပြီးသားပင်။

သူမက ခရီးသွားလေလေ... ပိုမိုကာ တွေးတောမိလေလေ၊ သူမက ပိုမိုကာ တွေးတောမိလေလေ... မည်သည့်အဖြေကို ရှာရမှန်း မသိသလို ဖြစ်လေလေပင်။ သူမက သူမ တည်ရှိရခြင်း၏ အဓိပ္ပာယ်နှင့် ဘဝ၏ အဓိပ္ပာယ်ကို ရှာဖွေရန် ဘုရင်မမြို့တော်နှင့် နန်းတော်မှ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။

သို့သော်ငြား ကျေးရွာနှင့် မြို့ငယ်များကို ဖြတ်သန်းသွားလာရင်း မရေတွက်နိုင်သည့် ကျွန်များနှင့် ဆင်းရဲမွဲတေမှုများ ကြားတွင် ရှင်သန်နေကြသည့် ဗီတာလူမျိုးစုများကို မြင်၏။ သူမ၏ နှလုံးသားထဲတွင် ရှိနေသည့် စံပြ စိတ်ဓာတ်များက နိုးထလာခဲ့သလိုပင်။

သူမက ထင်ရှားသည့် ကပြားမျိုးနွယ်ဝင် တစ်ယောက်နှင့် တူ၏။ သူမက မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် လှပသည့်မျက်နှာကို ဖုံးကွယ်ထားချိန်မှာတော့ ခွဲခြားဆက်ဆံမှုပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့ရ၏။ ရှီလွန်မျိုးနွယ်များ က သူမကို အောက်တန်းစား မျိုးနွယ်ဝင် တစ်ယောက်အဖြစ်ကဲ့သို့ ကြည့်၏။

လူသားတို့က မွေးရာပါ တန်းတူညီမျှစွာ မွေးဖွားလာကြသည်လား။ သို့မဟုတ် မညီမျှမှုနှင့် မွေးဖွားလာကြသည်လား ဆိုသည့် မေးခွန်းကို သူမ စတင် တွေးတောမိသည်။ ဤမေးခွန်းတစ်ခုက သူမကို အဖြေရှာ၍ မရနိုင်အောင် လမ်းပျောက်စေခဲ့သည်။

သူမက ဘုရင်မဟယ်လင်၏ စာအုပ်များ၊ မှတ်တမ်းများနှင့် အုပ်ချုပ်ရေး မဟာဗျူဟာများကို များစွာ ဖတ်ရှု၏။ ထိုအခါမှသာလျှင် ထိုစဉ်က ဘုရင်မဟယ်လင်၏ ပင်ပန်းကြီးစွာ ကြိုးစားအားထုတ်ခဲ့မှု များကို အပြည့်အဝ နားလည်ခဲ့မိ၏။

ရှီလွန်အင်ပါယာတစ်ခုလုံးတွင် ရှီလွန်လူဖြူများက နှစ်ပေါင်းရာနှင့်ချီ၍ မျိုးဆက်ပွားခဲ့သော်လည်း စုစုပေါင်း လူဦးရေ၏ ၂၀ ရာခိုင်နှုန်းပင် မပြည့်သေးချေ။ သို့သော်လည်း သူတို့က အမှန်တကယ်ပင် အကျိုးမဲ့ အုပ်ချုပ်သူ လူတန်းစားများ ဖြစ်ခဲ့၏။ ဗီတာမျိုးနွယ်များနှင့် တခြားမျိုးနွယ်စုများက လူဦးရေ ၈၀ ရာခိုင်နှုန်းခန့် ရှိသော်လည်း ထိုသူတို့၏ အဆင့်အတန်းက နိမ့်ကျပြီး မည်သည့် ဩဇာအာဏာမှ မရှိသလောက်ပင်။

လူဦးရေ ၈၀ ရာခိုင်နှုန်းက ချမ်းသာကြွယ်ဝမှု၏ ၅ ရာခိုင်နှုန်းအောက်ကိုသာ ပိုင်ဆိုင်ပြီး လူဦးရေ ၂၀ ရာခိုင်နှုန်းက အာဏာ ၁၀၀ ရာခိုင်နှုန်းနှင့် မြေယာ ချမ်းသာကြွယ်ဝမှုတို့၏ ၉၅ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထား၏။ မည်မျှ မမျှတလိုက်သည်နည်း။

လူနည်းစုက လူများစုကို အုပ်ချုပ်ခြင်းမှာ မဖြစ်နိုင်သည့် အရာ မဟုတ်ချေ။ သို့သော်ငြား ဤသည်က အသိပညာ၊ ချမ်းသာကြွယ်ဝမှု၊ မြေယာ၊ အလုံးစုံ လက်ဝါးကြီးအုပ်မှုတို့ ပါဝင်လျက်ရှိ၏။ လူဦးရေ ၈၀ ရာခိုင်နှုန်းက သူတို့၏ ထုတ်လုပ်နိုင်စွမ်းကို ထုတ်ဖော်နိုင်ခြင်း မရှိကြချေ။ ဤသည်ကြောင့် အင်ပါယာကြီး တိုးတက်နိုင်မည် မဟုတ်တော့ဘဲ လူဦးရေ အများစုက ထာဝရ အသိဉာဏ်ကင်းမဲ့စွာဖြင့် ခိုင်းနွားများကဲ့သို့ အသက်မွေးဝမ်းကျောင်း ပြုနေကြမည်သာ။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် ရှီလွန်အင်ပါယာက အန္တရာယ်နှင့် ရင်ဆိုင်ရပေလိမ့်မည်။ အကယ်၍ ပြင်ပအင်အားစု တစ်ခုခုကသာ လုံလောက်အောင် အင်အားတောင့်တင်းလာပါက အင်ပါယာကြီး တစ်ခုလုံး ပြိုကွဲပျက်စီးမှာ သေချာ၏။

ထို့ကြောင့်ပင်လျှင် ဘုရင်မဟယ်လင်က ပြုပြင်ပြောင်းလဲရေးများကို စတင်၏။ လူမျိုးစုပေါင်းစည်းရေးနှင့် သည်းခံနိုင်မှု စနစ်ကို ကျင့်သုံး၏။ ကျွန်များကို လွတ်လပ်ခွင့်ပေးရန်က မဖြစ်မနေ လိုအပ်သော်လည်း သူမက ဗီတာမျိုးနွယ်များကို အာဏာများစွာ တပြိုင်နက်တည်း မပေးခဲ့ချေ။

ထိုအစား တစ်စ တစ်စချင်းစီသာ ထုတ်ပေးခဲ့ပြီး အဓိကအချက်အားဖြင့် ရှီလွန်မျိုးနွယ်များနှင့် ဗီတာမျိုးနွယ်စုများကြား လက်ထပ်ထိမ်းမြားခြင်းကို အားပေးရန်နှင့် လူမျိုးကွဲခြင်း လက်ထပ်ခြင်းကို ဖော်ဆောင်ရန်ပင်။

ဤနည်းဖြင့် နှစ်ပေါင်းများစွာကြာပြီးနောက် ရှီလွန်လူမျိုး သို့မဟုတ် ဗီတာလူမျိုးဟူ၍ မရှိတော့ဘဲ အားလုံးက လူမျိုးတစ်ခုတည်းပင် ဖြစ်လာပေလိမ့်မည်။ ထို့အပြင် ရှီလွန်မျိုးနွယ်များက အင်အား တောင့်တင်းနေဆဲ ဖြစ်ပြီး အကျိုးမဲ့ လွှမ်းမိုးထားနိုင်သည့် အနေအထားတွင် လူများစုကို လက်ခံနိုင်ပြီး ပေါင်းစည်း နိုင်၏။

သို့မဟုတ်ပါက ဗီတာမျိုးနွယ်စုများက နိုးထလာခဲ့ကြပြီး အင်အားတောင့်တင်းလာသည့် အချိန်တွင် အချိန်နှောင်း သွားပေလိမ့်မည်။ အင်ပါယာတစ်ခုလုံးက လူမျိုးစု နှစ်ခုကြား ပဋိပက္ခကြောင့် ပျက်စီးပေမည်။ အမှန်စင်စစ် ရှီလွန်လူမျိုးများက ပြင်ပမှ ကျူးကျော်ဝင်ရောက်လာခဲ့သူများ ဖြစ်သည်။

အင်ပါယာ၏ တောင်ဘက်ပိုင်းဆီသို့ ဝင်ရောက်ခဲ့ပြီးနောက် ဤနေရာမှ တော်ဝင် မျိုးနွယ် အများအပြားက ဗီတာလူမျိုးစုများ၏ သွေးများ ပါဝင်နေကြောင်း မင်းသမီးဟယ်လင်က ရှာဖွေတွေ့ရှိ၏။ ထိုသူတို့ထဲတွင် ရှီလွန်လူမျိုးတို့၏ ရုပ်ရည်နှင့် နာမည်များ ပိုင်ဆိုင်ကြသော်လည်း လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ က သူတို့က ဘုရင်မဟယ်လင်၏ တိုက်တွန်းမှုများအတိုင်း ဗီတာမျိုးနွယ်များနှင့် လက်ထပ်အိမ်ထောင်ပြုခဲ့သူများ ပါဝင်၏။

ယခု သွေးမသန့်သည့် ဤတော်ဝင်မျိုးနွယ်များက အင်ပါယာရှိ မှူးမတ်များ၏ ဖိနှိပ်ခြင်းနှင့် ဖယ်ကျဉ်ခြင်းကို ခံစားရ၏။ ဒုတိယမြောက် ရှီလွန်အင်ပါယာကြီး ပြိုလဲသွားခဲ့ပြီးဖြစ်ရာ နန်းပလ္လင်က ဆယ်စုနှစ်တစ်ခုကြာ လစ်ဟင်းနေခဲ့သည်။

သို့သော်ငြား ဤသည်က တောင်ဘက်ပိုင်းတစ်ခုလုံးအတွက်တော့ သတင်းကောင်းပင်။ အကြောင်းရင်းက သူတို့က မြောက်ဘက်ပိုင်းဆီမှ လာရောက်ဖိနှိပ်မှုကို မခံစားရသောကြောင့်ပင်။ သူတို့က လွတ်လပ်စွာဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို ကြိုးစားနိုင်စွမ်း ရှိ၏။

ထို့အပြင် ဒုတိယ ရှီလွန်အင်ပါယာကြီး ပြိုလဲသွားခဲ့ပြီးနောက် တောင်ဘက်ပိုင်းရှိ ဖွံ့ဖြိုးတိုးတက်မှုက ပိုမို စည်ပင်ဝပြောလာခဲ့၏။ ဒုတိယ ရှီလွန်အင်ပါယာ လက်ထက်က တောင်ဘက်ပိုင်းရှိ အခွန်နှုန်းထား များက မြောက်ဘက်ပိုင်းထက် ၂ ဆကျော် များပြားခဲ့သည်။

အင်ပါယာ အစိုးရအဖွဲ့တွင် တောင်ဘက်ပိုင်း တော်ဝင်မှူးမတ်ဟူ၍ လုံးဝမရှိသလောက်ပင် မှူးမတ်အချို့က တောင်ဘက်ပိုင်းတွင် နေကြသော်လည်း လူမျိုးစုပေါင်းစည်းရေး မူဝါဒကို ဆန့်ကျင်ကြသောကြောင့် သူတို့က မြောက်ဘက်ပိုင်း တော်ဝင်မျိုးနွယ်များ အဖြစ်သာ မိမိကိုယ်ကိုယ် ခံယူကြ၏။ ဥပမာအားဖြင့် ကျောက်စိမ်းလှိုင်း ပြည်နယ်မှ ရော့ဆို မိသားစုကဲ့သို့ပင်။

မင်းသမီးဟယ်လင်က တောင်ဘက်ပိုင်းတစ်ခုလုံးကို လှည့်လည်ကြည့်ရှုသည့် အချိန်မျိုးတွင် မရေတွက် နိုင်သည့် လူများက ဘုရင်မဟယ်လင်ကို တမ်းတလျက် ရှိနေကြပြီး သူမ၏ လူမျိုးရေး ပေါင်းစည်းရေး မူဝါဒကို ကျေးဇူးတင်နေကြကြောင်း သိ၏။ ဤနည်းဖြင့် ဗီတာလူမျိုးနွယ်စု အများအပြားတို့က အလယ်အလတ်အဆင့် အရာရှိများ ဖြစ်လာနိုင်ကြသလို မြေယာပိုင်ဆိုင်မှုလည်း တိုးပွားလာပြီး စီးပွားရေး ၌လည်း ချောင်လည်လာကြပေလိမ့်မည်။

ဘုရင်မဟယ်လင် ကွယ်လွန်သွားခဲ့သည်က နှစ်ပေါင်း ၁၀၀ ကျော်ရှိပြီ ဖြစ်သောကြောင့် တမ်းတခြင်း ဆိုသည်က မျှော်လင့်ခြင်းနှင့် ပို၍တူ၏။ တောင်ဘက်ပိုင်းရှိ မှူးမတ်အားလုံးနှင့် ဗီတာမျိုးနွယ်စု အထက်တန်းလွှာ အများအပြားက လူမျိုးစု ပေါင်းစည်းရေး မူဝါဒကို ဆက်လက်လုပ်ဆောင်မည့် သစ္စာရှိသော ဘုရင်မဟယ်လင် တစ်ပါး ပေါ်ထွန်းလာစေရန် တောင့်တလျက် ရှိသည်။

ဤနည်းအားဖြင့် သူတို့၏ အဆင့်အတန်းနှင့် ချမ်းသာကြွယ်ဝမှုကို ထိန်းသိမ်းထားနိုင်ပေမည်။ အဘယ်ကြောင့်ဆိုသော် ဘုရင်မ ဟယ်လင် ကွယ်လွန်သွားခဲ့ပြီးနောက် ရှီလွန်အင်ပါယာ၏ မူဝါဒက ပြောင်းပြန် ဖြစ်သွားခဲ့သောကြောင့်ပင်။

ရှီလွန်နှင့် ဗီတာလူမျိုးနွယ်စုများကြား လက်ထပ်ထိမ်းမြားခြင်းကို ရပ်တန့်ခဲ့ပြီး လူမျိုးရေး အာဃာတများ တဖြည်းဖြည်း စတင်၏။ ထို့အပြင် ပိတ်ပင်ထားခဲ့သည့် ကျွန်ကုန်ကူးမှုများကိုလည်း ပြန်လည် အသက်သွင်း၏။

မင်းသမီးဟယ်လင်က အလွန်ပင် စိတ်လှုပ်ရှားဖွယ်ရာကောင်းသည့် ခံစားချက်ထဲသို့ ရောက်ရှိနေ၏။ ပထမဦးဆုံး သူမက နိုင်ငံရေးကို စက်ဆုပ်ရွံရှာ၏။ ထိုအရာများက ဟန်ဆောင်မှုများနှင့် ပြည့်နှက်နေပြီး စက်ဆုပ်ဖွယ်ရာကောင်းသည့် အရာတစ်ခုအဖြစ် ခံစားရသည်။

သို့သော်လည်း သူမက တာဝန်သိစိတ်ဟူ၍ ရှိနေပြန်သည်။ အင်ပါယာ၏ တောင်ဘက်ပိုင်း ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များကို မဖျက်ဆီးသင့်ပေ။ ရှီလွန်အင်ပါယာနှင့် ယခင်ကကဲ့သို့ လူမျိုးရေး အာဃာတများကြားသို့ ပြန်မသွားသင့်ဟု ခံစားရ၏။ အထူးသဖြင့် ကျွန်ကုန်ကူးမှုကဲ့သို့သော ရွံရှာဖွယ်ရာအရာများကို လုံးဝ ပိတ်ပင်ရပေမည်။

ဤကဲ့သို့သော နာကျင်စရာ အတွေးများနှင့် သူမက သူမ၏ဘဝက ဦးတည်ချက်မဲ့ ဖြစ်လာ၏။ ထို့ကြောင့် သူမက အန္တရာယ်အရှိဆုံးသော နေရာမှန်သမျှကို သွားရောက်၏။ မိမိကိုယ်ကို နှိပ်စက်သည့် စွန့်စားခန်းများ ကိုလည်း ပြုလုပ်၏။ ထိုအရာက စွန့်စားခန်းထက် မိမိကိုယ်ကို သက်သေရန် ကြိုးပမ်းခဲ့မှုများနှင့်ပင် ပို၍ တူ၏။

သို့သော်ငြား သူမ၏ သွေးသားက မြင့်မြတ်လွန်း၏။ အစွမ်းထက်လွန်းသော ရွှေရောင် သွေးမျိုးဆက်ပင်။ စွန့်စားခန်းထွက်သည် ဆိုခြင်းက တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းကို ကိုယ်စားပြုခြင်းပင်။

သူမဘဝ၏ ဆယ်နှစ်တာကာလအတွင်း သူမက အမြဲတစေ တိုက်ခိုက်ခဲ့ရပြီး လူသားများကိုသာမက ရှေးဟောင်း အပျက်အစီးများထဲရှိ ထူးဆန်းသည့် သတ္တဝါများကိုလည်း တိုက်ခိုက်၏။ သူမက ကြီးမားလွန်း လှသည့် အန္တရာယ်ပေါင်းများစွာကို တွေ့ခဲ့ရပြီး လျှို့ဝှက်ချက်ပေါင်း များစွာကိုလည်း သိရှိခဲ့ရ၏။

မရေတွက်နိုင်သည့် လူများ ရောက်ရှိနိုင်ခြင်း မရှိနိုင်သည့် အရာမှန်သမျှကို သူမ ရောက်ရှိဖူး၏။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ အတွင်း ပျက်စီးသွားခဲ့သည့် မြို့ပြနိုင်ငံများနှင့် ပြိုလဲသွားခဲ့သည့် အင်ပါယာတို့၏ အပျက်အစီး နေရာ အားလုံးကို သူမက သွားရောက် စူးစမ်းလေ့လာခဲ့သည်။

အပိုင်း (၈၇၈)

ရွှေရောင်သွေးမျိုးဆက်၏ အစွမ်းဖြင့် သူမက နေ့စဉ်နှင့်အမျှ တိုက်ခိုက်ရင်း ပိုပို၍ အစွမ်းထက်လာ၏။ သူမကိုယ်တိုင်ပင် မည်မျှအစွမ်းထက်နေပြီ ဖြစ်ကြောင်း မသိရလောက်အောင်ပင် အင်အားကြီးမားလာ၏။ ထို့ကြောင့် သူမက လောကရှိ တားမြစ်နယ်မြေများဆီသို့ သွားရောက်ရန် အရှိန်အဟုန် ပြင်းပြင်းနှင့် စတင်တော့၏။

လက်ရှိ လောကပေါ်တွင် လူသိများသည့် တားမြစ်နေရာဟူ၍ သုံးခုရှိ၏။ ထိုအရာက မြောက်ဘက်ပိုင်းအစွန်း၊ မိစ္ဆာတြိဂံဒေသနှင့် သေမင်းတမန် မိုင်တစ်သောင်း သဲကန္တာရကြီးတို့ပင်။ ပျောက်ဆုံးသွားသည့် နိုင်ငံကိုလည်း တစ်ခုအဖြစ် ထည့်သွင်းနိုင်သော်လည်း ထိုအရာကို တားမြစ်နယ်မြေတစ်ခုအဖြစ် မသတ်မှတ်ဘဲ လျှို့ဝှက်ရတနာများ ရှိသည့် နေရာအဖြစ်သာ သတ်မှတ်၏။

ထို့ကြောင့် မင်းသမီးဟယ်လင်က ပထမဦးဆုံး ထိုနေရာဆီသို့ သွားရောက်ရန် ပယ်ချလိုက်မိ၏။ သူမက ရတနာကို အနည်းငယ်မျှ စိတ်မဝင်စားချေ။ မင်းသားဆော်ရွှန်က မြောက်ဘက် အစွန်ပိုင်းဆီသို့ သွားနှင့်ပြီဟု ကြားသိရသောကြောင့် သူမက ထိုနေရာဆီသို့ မသွားတော့ချေ။ မြောက်ဘက်ပိုင်းမှ ရှီလွန်တော်ဝင် မိသားစုနှင့် ပတ်သက်ရမည့် မည်သည့်အရာကိုမဆို သူမက ရွံရှာသည်။

သို့သော်ငြား သေမင်းတမန် မိုင်တစ်သောင်း သဲကန္တာရ က အရမ်းကို ဝေးကွာသောကြောင့် သူမက မိစ္ဆာတြိဂံ နယ်မြေကိုသာ ရွေးချယ်ခဲ့၏။ သို့နှင့် သူမက သွား၏။ မည်သည့်သင်္ဘောကမှ သူမကို တင်ဆောင်လိုခြင်း မရှိသောကြောင့် သူမက ရွက်လှေတစ်စင်းနှင့် တစ်ယောက်တည်း မောင်းနှင်သွား၏။

သို့သော်ငြား ဤရွက်လှေက မိစ္ဆာတြိဂံဒေသ၏ အနက်ရောင်မြူထုထဲသို့ ဝင်ရောက်သွားပြီးသည်နှင့် လျှပ်စီးများ၏ ရိုက်ခတ်ခြင်းကို ခံရကာ ပျက်စီး၏။ သူမက ပင်လယ်ထဲသို့ ခုန်ချခဲ့ပြီး မရေတွက်နိုင်သည့် လျှပ်စီးများနှင့် မုန်တိုင်းများကြားထဲတွင် ပင်လယ်ပြင်ကို မိုင်ပေါင်းရာချီ တစ်ဦးတည်း ကူးခတ်ခဲ့ရ၏။ ထူထပ်သည့် မြူထုကို ဖြတ်သန်းပြီးနောက် မိစ္ဆာတြိဂံဒေသအတွင်းရှိ လောကသစ်ဆီသို့ ဝင်ရောက်နိုင်ခဲ့သည်။

ပြီးနောက် သူမက ထိုနေရာတွင် နှစ်ပေါင်းများစွာ နေထိုင်ပြီး အမြဲတစေ စူးစမ်းလေ့လာ တိုက်ခိုက်ခဲ့၏။ နောက်ဆုံး သူမက တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်းဖြင့်သာ ပြုမူနေထိုင်သည်။ ခရုသင်းတစ်ခုကို ရှာဖွေ မတွေ့ရှိသည့်အချိန်ထိ သူမက မရေတွက်နိုင်သည့် ပင်လယ်မွန်းစတားများ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရပြီး ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ပြန်လည် တွန်းလှန် တိုက်ခိုက်၏။

သူမက သတ်ဖြတ်လေ ထိုအကြောင်းအရာကို ပိုမို၍ စွဲလမ်းလေပင်။ အပျက်အစီးများအတွင်း နက်ရှိုင်းစွာ ဝင်ရောက်လာလေ ပိုမိုအစွမ်းထက်သည့် ပင်လယ်မွန်းစတားများနှင့် တွေ့ဆုံရလေပင်။ နေ့စဉ် မျက်လုံး ဖွင့်လိုက်သည်နှင့် သူမက တိုက်ခိုက်ရ၏။ သူမက အချိန်ကာလ ဆိုသည်ကိုပင် မေ့လျော့ခဲ့၏။ တစ်နေ့လျှင် ၄ နာရီသာ အိပ်စက်ပြီး ကျန်ရှိသော နာရီ ၂၀ လုံးကို တိုက်ခိုက်ရန်အတွက်သာ အသုံးပြုသည်။

အကယ်၍ သူမက ကျင်းမူလန်နှင့် မတွေ့ခဲ့လျှင်၊ ရှမ့်လန်၏ မိသားစုနှင့် မတွေ့ခဲ့လျှင် မင်းသမီးဟယ်လင်က မိစ္ဆာတြိဂံနယ်မြေထဲတွင်ပင် ပျော်မွေ့နေပေလိမ့်မည်။ အကြောင်းရင်းက သူမက အဆုံးထိ သတ်ဖြတ် မသွားရသေးဟု ခံစားရသောကြောင့်ပင်။ သူမ စူးစမ်းလေ့လာမှုများ မပြုလုပ်ရသေးသည့် နက်ရှိုင်းသည့် အပျက်အစီး များစွာ ကျန်ရှိနေသေးသလို သူမ မတွေ့ရသေးသည့် အစွမ်းထက် ပင်လယ်မွန်းစတား များစွာလည်း ရှိနေသေး၏။

သို့သော်ငြား သူမ၏မိသားစုဝင်များနှင့် တွေ့ဆုံပြီးနောက် အရာအားလုံးက ပြောင်းလဲသွားခဲ့၏။ မူလက မင်းသမီးဟယ်လင်က နေ့စဉ် မည်သည့်စိုးရိမ်မှုမှ မရှိဘဲ တိုက်ခိုက်နိုင်၏။ သို့သော်ငြား ရှမ့်လန်၏ မိသားစုဝင်များနှင့် တွေ့ဆုံခဲ့ပြီးနောက် သူမက တကယ့်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်မိ၏။ လောကကြီး ထဲတွင် သူမ၌ အမျိုးအဆွေများ ရှိနေသေးသည်။ မောင်လေး တစ်ယောက်ပင် ရှိနေသေးသည်။

ထို့အပြင် သူမမောင်လေး၏ မိသားစုဝင်များက ချစ်စရာကောင်းသော ကလေးငယ်များပင် ရှိ၏။ မိစ္ဆာတြိဂံ နယ်မြေထဲသို့ အားလုံး ဝင်ရောက်လာခဲ့၏။ ထို့ကြောင့် ကောင်းကင်ကို အန်တုနိုင်သည့် စစ်သည်တော် တစ်ဖြစ်လည်း ဟယ်လင်က “ကလေးထိန်းဟယ်လင်” ဖြစ်ခဲ့၏။

သူမက မူလန်၏မိသားစုဝင်များကို မိစ္ဆာတြိဂံနယ်မြေတွင် အခြေချနိုင်ရန် ကူညီပေးပြီး ခုခံရေး စည်းမျဉ်းများကိုလည်း တည်ဆောက်ပေး၏။ နိဗ္ဗာနစစ်သည်များကို လေ့ကျင့်ပေးခြင်း၊ လယ်မြေများကို ဖော်ဆောင်ပေးခြင်း၊ လူများကို ပင်လယ်ထဲ ငါးဖမ်းရန် ခေါ်ဆောင်သွားခြင်းများ ပြုလုပ်သည်။

မိစ္ဆာတြိဂံနယ်မြေအတွင်း၌ မရေတွက်နိုင်သည့် ပင်လယ်မွန်းစတားများ ရှိ၏။ ဟယ်လင်ကမူ ဆက်လက် တိုက်ခိုက်နိုင်နေဆဲပင်။ သူမက နေရာအနှံ့ရှိ မွန်းစတားများကို ရှင်းလင်းပစ်ပြီး အိမ်မက်ဆိုးကျောက်တုံးကို အသုံးပြုပြီး ဘေးကင်းလုံခြုံသော နယ်မြေတစ်ခုကို တည်ဆောက်၏။

ပြီးနောက် ရှမ့်လန်၏ မိသားစုဝင်များ နေထိုင်ရာ ပတ်ဝန်းကျင် မိုင်အနည်းငယ်အတွင်း မည်သည့် ပင်လယ် မွန်းစတားမှ မရှိစေရန် ဘေးကင်းဇုန်များကို အခြေချ တည်ဆောက်ပေးခဲ့၏။ သူမ၏ မောင်ဖြစ်သူ ရှမ့်လန်က မိစ္ဆာတြိဂံနယ်မြေ၏ အပြင်ဘက်၌ ရှိနေကြောင်း သူမက သိရှိသည်။

ထိုသို့ဆိုလျှင် ဝင်လာသင့်လောက်ပြီ။ သို့သော်ငြား ၃ လကြာအောင် စောင့်ဆိုင်းခဲ့သော်လည်း သူမ၏မောင်ဖြစ်သူ ရှမ့်လန်ကို မတွေ့ခဲ့ရချေ။ ထိုအချိန်မှာတော့ သူမက ရှမ့်လန်၏ မိသားစုဝင်များကို အခြေချပေးထားပြီဖြစ်ပြီး ရှေးခရုသင်းတစ်ခုကို ရွှယ်ရင်ထံ ပေးအပ်ခဲ့၏။

သူမက ရှမ့်လန်ကို ရှာဖွေရန် မိစ္ဆာတြိဂံနယ်မြေမှ တစ်ဦးတည်း ထွက်ခွာခဲ့၏။ နောက်ဆုံး မိစ္ဆာတြိဂံနယ်မြေ အတွင်းသို့ ဝင်ရောက်နိုင်သော်လည်း လုံးဝ ပြန်၍ ထွက်၍မရကြောင်း ရှာဖွေတွေ့ရှိ၏။ သူမက အကြိမ်ပေါင်း များစွာ ကြိုးစားခဲ့သော်လည်း ထွက်မရချေ။ မရေတွက်နိုင်သည့် လျှပ်စီးများ၊ ဟာရီကိန်း မုန်တိုင်းများကို ကြံ့ကြံ့ခံနိုင်သော်လည်း အနက်ရောင်မြူထုအတွင်း မည်မျှ ကြာရှည်စွာ လမ်းလျှောက်နေခဲ့ပါစေ နောက်ဆုံး မူလနေရာကိုသာ ပြန်ရောက်၏။ သူမ လုံးဝ ထွက်ခွာသွား၍ မရနိုင်ပေ။

သူမက လေစင်နှာမောင်းများ၏ ဖမ်းဆုပ်ခြင်းကို ဆယ်ကြိမ်ထက်မက ခံခဲ့ရပြီး မိစ္ဆာတြိဂံဒေသဆီသို့ ပြန်လည် ပစ်ချခြင်းကို ခံရ၏။ သို့သော်ငြား ဘေးကင်းလုံခြုံနေဆဲပင်။ သူမက ဆက်လက်စူးစမ်း ရှာဖွေ၏။ ပိရမစ်တစ်ခု၏ အောက်ခြေတွင် ရေအောက်လမ်းကြောင်း တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

ထိုအရာက တကယ့်ကို နက်ရှိုင်းလွန်းပြီး အောက်ကိုလည်း မမြင်နိုင်ပေ။ လေထုက ပါးလွှာလွန်းသော်လည်း အသက်ရှူ၍ မရသည့်အထိတော့ မဟုတ်ပေ။ ရေအောက်လမ်းကြောင်းက တကယ့်ကို ရှည်လျားပြီး မည်သည့်နေရာ သို့ ဦးတည်နေသည်ကို မသိရချေ။

မင်းသမီးဟယ်လင်က သူမ၏ အာရုံခံစားမှုကို ယုံကြည်သက်ဝင်သူ တစ်ယောက်ပင်။ ထို့ကြောင့် မည်သည့် စကားကိုမှ မဆိုဘဲ ရေအောက်လမ်းကြောင်းထဲသို့ တိုက်ရိုက် ဝင်ရောက်၏။ လအနည်းငယ်ကျော်ကြာအောင် လမ်းလျှောက်ပြီးနောက် မိုင်ပေါင်းတစ်သောင်း သို့မဟုတ် နှစ်သောင်းခန့် ခရီးရောက်ခဲ့၏။

သာမန်အားဖြင့် သူမ၏ အရှိန်နှင့်ဆိုလျှင် မိုင်နှစ်သောင်းကို လအနည်းငယ်ကြာအောင် လမ်းလျှောက်နေရန် မလိုအပ်ချေ။ သို့သော်ငြား ပင်လယ်ရေအောက် လမ်းကြောင်းက ပင်လယ်မွန်းစတားများနှင့် ပြည့်နှက်နေပြီး အားလုံးက အစွမ်းထက်သည့် မွန်းစတားများပင်။

ထို့အပြင် ရေအောက်လမ်းကြောင်းက တည်နေရာ တော်တော်များများ ပျက်စီးနေပြီး အသက်ရှုကျပ်သည့် နေရာများသာမက အဆိပ်ငွေ့ရှိသည့် နေရာများ၊ မြေအောက်ချော်ရည်ပူ တည်နေရာများ၊ မြေအောက်စွမ်းအင် ပေါက်ကွဲမှု နှစ်ကြိမ်ကိုပင် ကြုံတွေ့ခဲ့ရသေးသည်။

အကယ်၍ တခြားသောသူတစ်ဦးသာဆိုပါက အကြိမ်ပေါင်းများစွာ သေဆုံးသွားနိုင်သော်လည်း သူမကတော့ ဖြတ်ကျော်နိုင်ခဲ့၏။ ထို့ကြောင့် သူမက ကောင်းကင်ကိုအံတုနိုင်သည့် စစ်သည်တော်ဟယ်လင်ဟူသည့် အမည်နာမနှင့် တကယ့်ကို ထိုက်တန်လှပေ၏။

..................

ဟယ်လင်က ပင်လယ်ပြင်ထက်ဆီသို့ ထိုးထွက်သွားခဲ့ပြီး ရှေးဟောင်းကျောက်မျက်အိုး တစ်ခုကို ထုတ်ယူကာ ပင်လယ်ရေများကို လောင်းထည့်၏။ မကြာခင်မှာပဲ အတွင်းရှိရေများက သောက်သုံးရေအဖြစ်သို့ ပြောင်းလဲသွား၏။ သူမက ဤရတနာကို ရှေးဟောင်းအပျက်အစီး တစ်ခုအတွင်း ရရှိခဲ့ခြင်းပင်။

လမ်းတလျှောက် ရတနာပေါင်းများစွာ ရရှိခဲ့သော်လည်း အားလုံးကို လွင့်ပစ်ခဲ့၏။ ဤအရာတစ်ခုကိုသာ သူမက ဂရုတစိုက် သိမ်းဆည်းထားခဲ့ခြင်းဖြစ်၏။ ဤကျောက်မျက်အိုးက ပင်လယ်ရေကို သောက်သုံးရေ အဖြစ် ပြောင်းလဲနိုင်သည်။

ဤအရာက ပင်လယ်စွန့်စားခန်းများတွင် သူမ ရရှိခဲ့သည့် အဖိုးအထိုက်တန်ဆုံးသော အရာဖြစ်၏။ ထိုအရာက သူမကို အသက်ရှင်စေခဲ့၏။ လူတစ်ယောက်က မည်မျှ အစွမ်းထက်သည်ဖြစ်စေ သောက်သုံးရန် ရေမရှိပါက သေချာပေါက် သေဆုံးမည်သာပင်။

သူမက ရေတစ်ငုံကို ဦးစွာသောက်၏။ ပြီးနောက် ငါးနှစ်ကောင်ကို ဖမ်းကာ ပါးပါးလှီးကာဖြင့် စား၏။ ပြီးနောက် သူမက ရှေးဟောင်းကျောက်မျက်အိုး၏ အောက်ခြေကို ဖွင့်၏။ အတွင်း၌ ဆီးနှင်းကဲ့သို့ ဖြူဖွေးသည့် ဆားများရှိနေပြီး ထိုအရာကို သွားတိုက်ရန်လည်း အသုံးပြု၏။

ပြီးနောက် သူမက အဝတ်အစားများကို ချွတ်ကာ ပင်လယ်ထဲသို့ဆင်း၍ ရေချိုး၏။ နောက်ဆုံး ခန္ဓာကိုယ်ကို သောက်သုံးရေဖြင့် ဆေးကြောပြီး အဝတ်အစားသစ်များ လဲလှယ်၏။ သန့်ရှင်းလန်းဆန်းသွားခဲ့ပြီးနောက် မင်းသမီးဟယ်လင်က လျှို့ဝှက်ဆန်းကြယ်သည့် နေရာများကို လေ့လာရန် စတင်ခဲ့တော့သည်။

ဤနေရာတွင် ရှိနေသည့် ဗိသုကာလက်ရာများက မိစ္ဆာတြီဂံနယ်မြေနှင့် တူညီပြီး ရေအောက်လမ်းကြောင်း တစ်ခုလည်းရှိ၏။ ဤသည်က ဘာကို သက်သေပြနေသနည်း။ ရှေးဟောင်းလောကကြီး နှစ်ခု၏ တည်နေရာက အင်ပါယာတစ်ခုတည်း၏ လက်အောက်တွင် ရှိနေကြောင်း သက်သေပြနေခြင်းပင်။

လမ်းတလျှောက်၌ ရေအောက်လမ်းကြောင်းက အကြိမ်ပေါင်းများစွာ ပျက်စီးနေပြီး ပြိုလဲနေ၏။ ဟယ်လင်က တောင်ပုံရာပုံ ဖြစ်နေသည့် အပျက်အစီးများကြားမှ ထိုးထွက်ရ၏။ တစ်ခါတစ်ရံ သူမက ပင်လယ် လမ်းကြောင်းပေါ်တွင် လမ်းလျှောက်ရ၏။ ရေအောက်လမ်းကြောင်း၏ အဝင်ဝအသစ်ကို မတွေ့မချင်း အသက်ရှင်ရန် ပင်လယ်ရေ မျက်နှာပြင်ပေါ်သို့ တက်ရ၏။

ဤရေအောက်ဧရိယာကို ဖြတ်သန်းစဉ် ဟယ်လင်က တူညီသည့် ဗိသုကာပုံစံရှိသော ရေအောက်မြို့တော် များစွာကို တွေ့ရှိခဲ့၏။ ထို့ကြောင့် သူမက ဤနေရာက ဒဏ္ဍာရီလာ ပျောက်ဆုံးသွားသည့် နိုင်ငံဖြစ်ကြောင်း ကောက်ချက်ချလိုက်၏။ ပျောက်ဆုံးသွားသည့်နို်ငငံ နှင့် မိစ္ဆာတြိဂံနယ်မြေက ယခင်က အင်ပါယာ တစ်ခုတည်း ဖြစ်ခဲ့သော်လည်း ကြီးမားသည့် ပြောင်းလဲမှုကြီးကြောင့် ဤမြေပြင်က ပင်လယ်ကြမ်းပြင်သို့ ပြိုကျသွားပြီး အင်ပါယာကလည်း ပျက်သုန်းသွားခဲ့ခြင်းပင်။

သို့ပေမည့် ပျောက်ဆုံးသွားသည့်နိုင်ငံက နှစ်ပေါင်းအနည်းငယ်မျှသော သမိုင်းကြောင်းသာရှိပြီး ထိုအရာက ရှေးဟောင်းယဉ်ကျေးမှုထဲတွင် မပါဝင်ချေ။ လွန်ခဲ့သည့်နှစ်ပေါင်း ထောင်ချီက ပျောက်ဆုံးနေသော နိုင်ငံတော်၏ အပျက်အစီးများထဲတွင် ထပ်မံ တည်ဆောက်ထားသည့် နိုင်ငံဖြစ်ရမည်ဟု မင်းသမီးဟယ်လင်က လျင်မြန်စွာ ကောက်ချက်ချမိသည်။

ဟယ်လင်က အထက်ကို မော့ကြည့်၏။ ဧရာမနှင်းတောင်ကြီး၏ ထိပ်ဖျားရှိ ပိရမစ်နှင့် ထိုနေရာမှ တောက်ပသည့် အလင်းရောင်ကို မြင်ရ၏။ စူးစမ်းလေ့လာရမည်။ ဤသည်က ဟယ်လင်၏ မွေးရာပါ သဘာဝပင်။ မည်မျှ လျှို့ဝှက်ဆန်းကြယ်သည့် နေရာကို ရောက်ပါစေ။ မည်မျှ ကြီးမားသည့် အန္တရာယ်ကို ရင်ဆိုင်ရပါစေ သူမ သွားရပေမည်။ သို့သော်ငြား ပြန်လည်စဉ်းစားပြီးနောက် သူမက ထိုအတွေးကို လက်လျော့လိုက်၏။

ဤနေရာဆီမှ ထွက်ခွာရန်နှင့် ရှမ့်လန်၏သတင်းကို ရရှိရန်က ပို၍ အရေးကြီးသည်။

ထိုအချိန်မှာပဲ ဘုန်း... ဘုန်း.. မိုင်ပေါင်း ရာချီ ဝေးကွာသော နေရာမှာ ကျယ်လောင်သော အသံကြီးများ ထွက်ပေါ်၏။ ဧရာမ မီးလုံးကြီးတစ်လုံးက ကောင်းကင်ယံပေါ်သို့ ပျံတက်၏။ မြေပြင်တစ်ခုလုံးက တုန်ခါနေပြီး ပင်လယ် မျက်နှာပြင်ကလည်း ဟိန်းထွက်လာခဲ့၏။

ဤမြင်ကွင်းက တစ်သက်လျှင် တစ်ခါသာ မြင်တွေ့ရသည့် မြင်ကွင်းမျိုး ဖြစ်သော်လည်း မင်းသမီး ဟယ်လင်အတွက်ကတော့ သာမန် မြင်ကွင်းတစ်ခုမျှသာပင်။ အဘယ်ကြောင့်ဆိုသော် ထိုအရာက ရှေးဟောင်းစွမ်းအင် ဗဟိုချက် ပေါက်ကွဲခြင်း ဖြစ်သောကြောင့်ပင်။

သို့သော်ငြား ဤအချိန်တွင် ရှေးဟောင်းဗဟိုချက် ပေါက်ကွဲလျှင် ဘာဖြစ်မည်နည်း။ မင်းသမီးဟယ်လင်က သက်ပြင်းကို တစ်ချက်ချ၏။ ပြီးနောက် အရှေ့ဘက်ဆီသို့ ဦးတည်ကာဖြင့် အမြန်ဆုံး ပြေးသွားလေတော့သည်။

.......................

ဦးခေါင်းခွံ ပင်လယ်ဓားပြအဖွဲ့၏ ပင်မတပ်ကြီး ဒေါက်ကလပ်စ် ရှီလွန်က တကယ်ကို ကျေနပ်နေ၏။ ယခုမှ စ၍ ဦးခေါင်းခွံတပ်၏ ရေတပ်ကြီးက သူ၏ ပိုင်ဆိုင်မှု ဖြစ်လာခဲ့၏။ ဤအရာက အနောက်လောကတွင် နံပါတ်တစ် ရေတပ်ကြီးပင်။

အဒေါ့ဖ်က အမေဇုန်မြို့နယ်ကို သိမ်းပိုက်ရန် ကျရှုံးခဲ့သော်လည်း ဒေါက်ကလပ်စ်ကမူ အောင်မြင်ခဲ့၏။ ဦးခေါင်းခွံ ပင်လယ်ဓားပြ၏ ရေတပ်ကြီးသာ ရှိမည်ဆိုလျှင် အနောက်လောက၏ ပင်လယ်ပြင်တစ်ခုလုံးတွင် သူ့ကို အနိုင်ယူရရှိသူဟူ၍ မရှိ ဖြစ်လာပေလိမ့်မည်။

တတိယမြောက် ရှီလွန်အင်ပါယာ၏ ရေတပ်ဦးစီးချုပ်က သေချာပေါက် သူ ဖြစ်လာမည်။ အင်ပါယာ၏ မင်းသား၊ အစိုးရ တပ်ဖွဲ့ဝင် ဝန်ကြီးနှင့် ရေတပ်ဦးစီးချုပ်ပင်။ တည်ထောင်တော့မည့် တတိယမြောက် ရှီလွန် အင်ပါယာတွင် သူက အမြင့်ဆုံးသော ဝန်ကြီး ဖြစ်လာမှာဖြစ်ပြီး တစ်ဦးတည်းသော အထက်လူကြီးမှလွဲ၍ ကျန်လူ သန်းပေါင်းများစွာတို့၏ အထက်တွင် ရပ်တည်နိုင်ပေတော့မည်။

အဒေါ့ဖ်က တကယ့်ကို မာနကြီးပြီး ပေါ့ဆခဲ့သောကြောင့် အမေဇုန်မျိုးနွယ်စုကို သိမ်းပိုက်သည့် နေရာတွင် ရှမ့်လန်ကို ရှုံးနိမ့်ခဲ့၏။ သို့သော်ငြား ဒေါက်ကလပ်စ်ကတော့ မတူချေ။ သူက ပထမဦးဆုံး စတင် လှုပ်ရှားခဲ့ပြီး ရှမ့်လန်၏ နောက်ဆုံး လမ်းကြောင်းအားလုံးကို ဖြတ်တောက်ခဲ့၏။ နောက်ထပ် လုပ်ဆောင်ရန်က ဦးခေါင်းခွံ တပ်ဖွဲ့၏ ရေတပ်ကြီးကို ကျိန်စာသင့် ပင်လယ်ဆီမှ အောင်မြင်စွာ ခေါ်ထုတ်သွားရန်နှင့် ရှီလွန် သမုဒ္ဒရာဆီသို့ ပြန်သွားရန်သာလျှင် ရှိ၏။

စီးပီးက ပြောသည်။ “အရှင်... ကျုပ်တို့ ကျိန်စာသင့် ပင်လယ်ပြင်ရဲ့ အရေးကြီးတဲ့ အစွန်ပိုင်းကို ရောက်နေပါပြီ။”

ဒေါက်ကလပ်စ် ရှီလွန်က ခေါင်းညိတ်၏။ သူ၏ မျက်နှာပေါ်တွင် စွဲမက်ဖွယ်ရာ ကောင်းသည့် အပြုံးတစ်ခု ပေါ်လာ၏။ ကျိန်စာသင့် ပင်လယ်ပြင်၏ အစွန်ပိုင်းကို မည်သို့ ဆုံးဖြတ်ရမည်နည်း။ ထိုအရာက ရှေ့တွင် ရှိသည့် ကျွန်းမကြီး ဖြစ်၏။ အကြောင်းရင်းက ကျိန်စာသင့် ပင်လယ်ပြင် တစ်ခုလုံးတွင် ကျွန်းဟူ၍ တစ်ကျွန်းမျှ မရှိသောကြောင့် အရပ်မျက်နှာများတွင် ပင်လယ်ရေများသာလျှင်ရှိပြီး တစ်နေရာနှင့် တစ်နေရာ တူညီ၏။

ဤကျွန်းက တကယ့်ကို ထူးဆန်း၏။ အပေါ်ယံတွင် သာမန် ကျွန်းတစ်ခုနှင့် တူသော်လည်း ရေထဲမှ အရိပ်ကို ကြည့်မည် ဆိုပါက လူမျက်နှာနှင့် မြွေခန္ဓာကိုယ် ရှိသော အမျိုးသမီး တစ်ဦးနှင့် တူ၏။ ပင်လယ်ရေများ လှုပ်ခတ်သည့် အခါတွင် ထိုအရာက သက်ဝင်နေသကဲ့သို့ ကူးခတ်နေသကဲ့သို့ပင် ရှိ၏။ ဤလူမျက်နှာနှင့် မြွေခန္ဓာကိုယ် ရှိသည့် ကျွန်းကို မြင်ရသည့်အချိန်တွင် သူတို့က ကျိန်စာသင့် ပင်လယ်ပြင်၏ နယ်နိမိတ်ဆီသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို သိရှိနိုင်သည်။

ဒေါက်ကလပ်စ် ရှီလွန်က ဆို၏။ “ငြိမ်ငြိမ်လေး စောင့်နေ... လောကပျက်လုမတတ် ကျယ်လောင်တဲ့ ပေါက်ကွဲမှုကြီးကို စောင့်ကြရအောင်။”

ရေတပ်စု တစ်ခုလုံးက ကျိန်စာသင့် ပင်လယ်ပြင်၏ နယ်နိမိတ် မျဉ်းထဲတွင် သပ်ရပ်စွာ စီတန်းနေကြ၏။ ဤပင်လယ်ပြင်တွင် ထူးဆန်းသည့် စွမ်းအင်စက်ကွင်း ပြိုလဲသွားသည်နှင့် သူတို့က ချက်ချင်း ဤနေရာဆီမှ အမြန်ဆုံး မောင်းထွက်ရပေမည်။

မရေတွက်နိုင်သည့် ဦးခေါင်းခွံ ပင်လယ်ဓားပြများက အသက်ကိုပင် မရှုရဲကြချေ။ တချို့က လက်အုပ် ချီကာဖြင့် ဆုတောင်းနေ၏။ သူတို့က ယခင်က အကြိမ်ပေါင်းများစွာ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံး မူလနေရာဆီသို့သာ ပြန်လည် ရောက်ရှိခဲ့၏။ အစဉ်အမြဲ မျှော်လင့်ချက်မဲ့သည့် အဆုံးသတ်မျိုးသာ ဖြစ်သောကြောင့် သူတို့၏ စိတ်ဓာတ်များက ပျက်စီးလုနီးပါး ဖြစ်ခဲ့သည်။

သို့သော်ငြား ယခု ယခုတစ်ကြိမ်တွင်တော့ မတူတော့ပေ။ ဒေါက်ကလပ်စ်က အံ့ဖွယ်ရာများကို ဖန်တီးခဲ့သူ ဖြစ်ပြီး သူက အားလုံးကို သေချာပေါက် ကယ်တင်နိုင်လိမ့်မည်။ တချို့သော ပင်လယ်ဓားပြများက သူတို့၏ နှလုံးသားထဲမှ ဖိအားဒဏ်ကို မခံနိုင်တော့ဘဲ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာဖြင့် ပင်လယ်နတ်ဘုရားနှင့် ကောင်းကင်နတ်ဘုရားတို့ထံ ဆုတောင်းနေ၏။

ဤအချိန်မှာတော့ လူအများအပြားတို့၌ အတွေးတစ်ခုတည်းသာ ဝင်လာကြ၏။ အကယ်၍ သူတို့က ဒေါက်ကလပ်စ်၏ နောက်သို့ မလိုက်ဘဲ ရှမ့်လန်၏ နောက်သို့ လိုက်ခဲ့လျှင် မည်ကဲ့သို့သော အဆုံးသတ်မျိုးကို ကြုံတွေ့ရမည်နည်း။

စီးပီးက စိုးရိမ်တကြီးဖြင့် ပြော၏။ “အရှင်...”

ဒေါက်ကလပ်စ်က ပြောလိုက်သည်။ “စိတ်မပူနဲ့။ အရာအားလုံးက အစီအစဉ်အတိုင်း ရှိနေတယ်။”

စီးပီးက မေး၏။ “ဟိုရှမ့်လန်က ကျုပ်တို့ရဲ့ အစီအစဉ်ကို နှောင့်ယှက်နိုင်လား။”

ဒေါက်ကလပ်စ်က ပြောလိုက်သည်။ “သူ့မှာ ဒီလို အတွေးမျိုး ရှိခဲ့ရင်တောင် လုပ်နိုင်စွမ်း မရှိဘူး။ ကျုပ်က ဘယ်ရှေးဟောင်းစွမ်းအင် ဗဟိုချက်ကို ဖောက်ခွဲမလဲ ဆိုတာကို သူ လုံးဝ မသိနိုင်ဘူး။ ပြီးတော့ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ဆိုရင် ပင်လယ်ကြမ်းပြင်အထိ သွားနိုင်မှာမှ မဟုတ်တာ။”

စီးပီးက ထောက်ခံ၏။ “ဒါကတော့ ဟုတ်ပါတယ်။ သူ့လောက် အသုံးမကျတဲ့လူမျိုး ကျုပ် တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။”

ဒေါက်ကလပ်စ်က ပြောသည်။ “လာတော့မယ်။ လာတော့မယ်။”

ရှီလွန် တော်ဝင်မျိုးနွယ်စုက တကယ့်ကို ဉာဏ်ကောင်း၏။ သူတို့၏ လက်ထဲတွင် အစီအစဉ်များ အဆင့်ဆင့် ရှိနေ၏။ ပြီးနောက် သူက စိတ်ထဲမှ ကြိတ်ကာဖြင့် တီးတိုး ရေရွတ်လျက် ရှိနေ၏။

“၁၀... ၉... ၈... ၇...”

ပြီးနောက် သူက အလံတင် သင်္ဘောကြီး၏ ရွက်တိုင်ပေါ်ရှိ စင်မြင့်တစ်ခုပေါ်သို့ ခုန်တက်၏။ မီတာ ရာပေါင်းများစွာ အမြင့်မှ ဦးခေါင်းခွံ ရေတပ်ကြီး တစ်ခုလုံးကို ငုံ့ကြည့်သည်။

သောင်းနှင့်ချီသည့် ဦးခေါင်းခွံ ပင်လယ်ဓားပြများက ဒေါက်ကလပ်စ်ကို မော့ကြည့်နေ၏။

All Chapters