← Chapters

လေနှင့်မိုး

Vol. 1 Ch. 6

လေနှင့်မိုး

Vol. 1 Ch. 6

ခရိုင်ရုံးတော်ကို ရှေ့ဘက်ခြမ်းနှင့် နောက်ဘက်ခြမ်းဟူ၍ နှစ်ပိုင်းခွဲခြားထားသည်။ ရုံးတော်၏ ရှေ့ဘက်ခြမ်းသည် တရားစီရင်ရေးကိစ္စများကိုဆောင်ရွက်ပြီး နောက်ဘက်ခြမ်းသည် နားနေစရာအဆောင်ဖြစ်သည်။

ဖီးနစ်စိမ်းတပ်သားများသည် လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ဖုန်ထိုက်ခရိုင်ဝန်လီဟုန်ဝမ်ကို ဖမ်းဆီးပြီးနောက် သူတို့သည် သူ၏ မိသားစုကို ရုံးတော်၏ နောက်ဘက်အဆောင်မှာ အကျဉ်းချထားသည်။ သူတို့သည် အုန်းအုန်းကျက်ကျက် အသံများစွာမထွက်စေဘဲ လီမိသားစုကို သူတို့၏ သက်ဆိုင်ရာအခန်းများမှာ ဖမ်းဆီးပြီး ထွက်ခွာခွင့်ပေးမထားပေ။

တစ်ဘက်မှာတော့ လီဟုန်ဝမ်သည် သူ၏ စာကြည့်ခန်းထဲမှာ အကျဉ်းချခံထားရသည်။

ကျိုးဖေးလုံနှင့် ချီရွှမ်းစုက ရှေ့ဘက်ရုံးတော်မှာ တိုက်ခိုက်နေစဉ် လီစန်ရှင်းနှင့် သူ၏အစောင့်တပ်သားများသည် လီဟုန်ဝမ်၏ စာကြည့်ခန်းရှိရာသို့ စင်္ကြံလမ်းတစ်လျှောက် လျှောက်လှမ်းသွားကြ၏။ အခန်းတံခါးရှေ့မှာ တာဝန်ကျနေသော ဖီးနစ်စိမ်းတပ်သားနှစ်ဦးသည် လီစန်ရှင်းကို တွေ့မြင်သောအခါ သူတို့က အလေးပြုပြီး အခန်းတံခါးကို သော့ဖွင့်ပေးလိုက်ကြ၏။

လီစန်ရှင်းသည် အခြားသူများကို အပြင်ဘက်မှာစောင့်ကြပ်နေဖို့ ညွှန်ကြားပြီး သူတစ်ယောက်တည်း စာကြည့်ခန်းထဲသို့ ဝင်ရောက်သွား၏။

စာကြည့်ခန်းသည် စားပွဲခုံတစ်လုံး၊ ထိုင်ခုံတစ်လုံးနှင့် စာအုပ်စင်တစ်စင်သာရှိ၍ ရိုးရှင်းနေပြီး စာအုပ်စင်က စာအုပ်အမျိုးအစားပေါင်းစုံနှင့် ပြည့်နှက်နေသည်။ စာရေးကိရိယာရတနာလေးပါးအပြင် စုတ်တံဆေးခွက်၊ စုတ်တံတင်ဒေါက်၊ စက္ကူဖိတုံးနှင့် အခြားအသေးအဖွဲပစ္စည်းများလည်းရှိနေပြီး စားပွဲခုံပေါ်မှာ အလှဆင်ထားသော မည်သည့်အရာမှမရှိပေ။ ဤနေရာက တိတ်ဆိတ်ခြောက်ကပ်နေပြီး ခရိုင်ဝန်တစ်ဦး၏ အဆောင်အယောင်နှင့် ကိုက်ညီမှုမရှိဟုထင်ရသည်။

(စာရေးကိရိယာရတနာလေးပါး - စုတ်တံ၊ မင်၊ စက္ကူနှင့် မင်သွေးကျောက်။)

ယခုအချိန်မှာ ဖုန်ထိုက်ခရိုင်ဝန်လီဟုန်ဝမ်သည် စားပွဲခုံ၏ နောက်ဘက်မှာ ထိုင်နေ၏။ သူသည် အဆင့်-၇ အရာရှိဝတ်စုံကိုဝတ်ဆင်ပြီး မျက်နှာပါးပါး မုတ်ဆိတ်မွေးရှည်ရှည်နှင့် စာပေသမားပုံစံရှိကာ အသက်ငါးဆယ်ကျော်အရွယ်မှာ ရှိမည့်ပုံပေါ်သည်။ ရုပ်ရည်သွင်ပြင်အရပင် သူသည် ပုံမှန်တွေ့မြင်နေကျ ရိုးသားသော အရာရှိတစ်ဦးနှင့်တူနေသည်။

လီစန်ရှင်းသည် နံရံမှာမှီထားသော ခုံတစ်လုံးကို ဆွဲယူပြီး လီဟုန်ဝမ်၏ ရှေ့တည့်တည့် စားပွဲခုံရှေ့မှာ ချလိုက်၏။ ထို့နောက် သူက လက်အောက်ငယ်သားတစ်ဦးလို ထိုင်ခုံမှာ ဝင်ထိုက်လိုက်သည်။

ခရိုင်ဝန်က မျက်လွှာချထားပြီး လီစန်ရှင်း၏ ဝင်ရောက်လာမှုမှာ တုံ့ပြန်မှုမရှိပေ။ သူသည် ထိုသူကို နှုတ်ဆက်ဖို့လည်း စိတ်ကူးမရှိပေ။

လီစန်ရှင်းက သူ့လက်ထဲမှာကိုင်ထားသော ကိုင်ဝမ်ခွက်ကို စားပွဲခုံပေါ်ချပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။

“မဟာရွှမ်မင်းဆက်နိုင်ငံရဲ့ ဥပဒေအရဆို ခင်ဗျားကို တာဝန်ကနေ ဆိုင်းငံ့ထားတယ်ဆိုရင်တောင် စီရင်ချက်မချရသေးသရွေ့ ခင်ဗျားက နန်းတော်ရဲ့အမှုထမ်းအရာရှိတစ်ဦးဖြစ်နေတုန်းပဲ… ကျုပ်က ဒီအမှုကို ကိုင်တွယ်ဖို့ ဧကရာဇ်ရဲ့ သံတမန်အဖြစ် ဒီကိုရောက်လာပေမဲ့ ခင်ဗျားကို လေးစားမှုထားတဲ့အနေနဲ့ ကျုပ်က ခင်ဗျားကို အရှင်လီလို့ပဲ ခေါ်ဦးမယ်။”

ခရိုင်ဝန်က စကားပြောဆိုခြင်း မရှိသေးပေ။

လီစန်ရှင်းက သူ၏ ပြုမူပုံပေါ်မှာ စိတ်ကွက်ခြင်းမရှိဘဲ ဆက်ပြောလိုက်၏။

“အရှင်လီ… ခင်ဗျားနဲ့ကျုပ် နှစ်ယောက်စလုံးက အင်ပါယာနန်းတော်ရဲ့အရာရှိတွေပဲ… ကျုပ်တို့က တူညီတဲ့ဧကရာဇ်ထံမှာ တာဝန်ထမ်းဆောင်ကြတယ်… အဲဒါကြောင့် ကျုပ်တို့လိုလူတွေအတွက် သစ္စာစောင့်သိမှုက အရေးအကြီးဆုံးပဲ… ခင်ဗျားက ကိုယ့်ကိုကိုယ် သစ္စာရှိအမှုထမ်းတစ်ဦးလို့ ခံယူထားတယ်… ဒါပေမဲ့ ခင်ဗျားရဲ့ကြံရာပါတွေက အခု ခင်ဗျားကို ကယ်တင်ဖို့အတွက် ရုံးတော်ကို တိုက်ခိုက်နေကြပြီ… အရှင်လီ ခင်ဗျားဒီကိစ္စကို ဘယ်လိုရှင်းပြမလဲ”

ဤစကားသည် လီဟုန်ဝမ်၏ နားထဲသို့ မိုးခြိမ်းသံကဲ့သို့ ဝင်ရောက်လာ၏။ သူက ရုတ်တရက် လီစန်ရှင်းကို မော့ကြည့်ပြီး ထေ့ငေါ့လိုက်၏။

“ဟမ့်… တူညီတဲ့ ဧကရာဇ်ထံမှာ တာဝန်ထမ်းဆောင်တယ်တဲ့လား… သစ္စာစောင့်သိမှုတဲ့လား… ငါ့ရဲ့ အပေါင်းအပါတွေက ရုံးတော်ကို တိုက်ခိုက်နေတယ်လို့ စွပ်စွဲရုံနဲ့ မင်းငါ့ကို လှည့်စားနိုင်မယ်မထင်နဲ့၊ ငါကအမြဲတမ်းတစ်ယောက်တည်းပဲ… တကယ်ဆို ငါမေးချင်တယ်.. မင်းနဲ့ မင်းရဲ့လက်ထောက်စစ်ကဲက အတိအကျ ဘယ်သူ့ကို သစ္စာစောင့်သိနေတာလဲ။”

“ရှင်းနေတာပဲ… အင်ပါယာနန်းတော်ပေါ့”

လီစန်ရှင်းက သူ၏ အသံကို အနည်းငယ်မြှင့်လိုက်၏။ တစ်ချိန်တည်းမှာပင် မြို့တော်ရှိရာဘက်သို့ သူ၏ လက်သီးနှင့်လက်ဝါးကိုထိကာ လေးစားမှုပြပြီး ပြောလိုက်၏။

“ကျုပ်အပါအဝင် ဖီးနစ်စိမ်းတပ်သားတွေက အမြဲတမ်း အင်ပါယာနန်းတော်ကို သစ္စာစောင့်သိကြတယ်”

လီဟုန်ဝမ်က လှောင်ရယ်လိုက်၏။

“အင်ပါယာနန်းတော်တဲ့လား… ဟဟ.. မင်းဘာလုပ်နေလဲ မင်းသိတယ်မလား”

လီစန်ရှင်းက သုန်မှုန်နေသောအမူအရာဖြင့် ထိုင်ခုံကနေ ထရပ်လိုက်၏။

“အရှင်လီ… ခင်ဗျားစကားက ဘာအဓိပ္ပါယ်လဲ”

လီဟုန်ဝမ်က အကြောက်အလန့်လုံးဝမရှိဘဲ ပြောလိုက်၏။

“ဒီတစ်ခေါက် ဖီးနစ်စိမ်းတပ်သားတွေက ဘယ်သူ့အမိန့်နဲ့ ငါ့ကိုဖမ်းဆီးတာလဲ… အရှင်မင်းမြတ်က ဒီအမိန့်တော်ကို ထုတ်ပြန်တယ်လို့တော့ ငါမထင်ဘူး… ဒီကိစ္စကို အမတ်ချုပ်ကြီး စေခိုင်းထားတာပဲ ဖြစ်ရမယ်… ဟုတ်တယ်မလား ငါက ပုဂ္ဂိုလ်ရေးအကျိုးအမြတ်အတွက် ဂိုဏ်းဖွဲ့ထားတယ်လို့ မင်းငါ့ကိုစွပ်စွဲတယ်… ဒါဆို ပြောစမ်းပါဦး… ငါက ဘယ်သူတွေနဲ့ ပူးပေါင်းထားတာလဲ… ငါက အတိအကျ ဘယ်လိုအကျိုးအမြတ်ကို ရယူနေတာလဲ.. မင်းတို့က ငါ့ကို အမှုဆင်ဖို့အတွက် သက်သက်အကြောင်းပြချက်ရှာနေကြတာပဲ။”

လီစန်ရှင်းက ရုတ်တရက်ရယ်မောပြီး သူ့ခုံမှာ ပြန်ထိုင်လိုက်၏။

“အရှင်လီ… ကောင်းတယ်ဗျာ.. နောက်ဆုံးတော့ ခင်ဗျားအဲဒါကို ဝန်ခံလိုက်ပြီပဲ”

ခရိုင်ဝန်၏ အမူအရာက ပြောင်းလဲသွား၏။

“မင်းစကားက ဘာအဓိပ္ပါယ်လဲ”

လီစန်ရှင်းက အေးစက်နေပြီဖြစ်သော လက်ဖက်ရည်ကို မော့သောက်ပြီး မေးလိုက်၏။

“အရှင်လီ… မဟာရွှမ်မင်းဆက်နိုင်ငံရဲ့ ဥပဒေအောက်မှာ နန်းတွင်းအရာရှိမှူးမတ်တွေကို စွပ်စွဲပုတ်ခတ်ပြောဆိုရင် ဘယ်လိုအပြစ်ဒဏ်ခံရလဲ ခင်ဗျားသိတယ်မလား”

“ငါ သေမှာကို မကြောက်ပါဘူး”

လီဟုန်ဝမ်က ရဲဝံ့စွာပြောလိုက်၏။

“ခင်ဗျားသေချင်တယ်ဆိုရင် ခင်ဗျားကိုယ်ခင်ဗျား သတ်သေလို့ရတဲ့နည်းလမ်းတွေအများကြီးပဲ… ခင်ဗျား ကြိုးဆွဲချသေမလား.. ချွန်ထက်တဲ့အရာတစ်ခုခုနဲ့ ထိုးမလား.. အဆိပ်သောက်သေမလား ရွေးချယ်လို့ရတာပဲလေ… အဲလိုလုပ်ဖို့ပစ္စည်းတွေ ခင်ဗျားမှာမရှိဘူးဆိုရင် ကျုပ်တို့ပေးနိုင်တယ်၊ ခင်ဗျားကြိုက်တာရွေးလိုက်”

လီစန်ရှင်းက အသံနှိမ့်ပြီး ထပ်ပြောလိုက်၏။

“အရှင်လီ… ခင်ဗျားဘာလို့ အခြေအနေကို ရှောင်လွှဲဖို့ ကြိုးစားနေတာလဲ… တကယ်ဆို ကျုပ်တို့တွေ အဲဒီအကြောင်းဆွေးနွေးလို့ရတယ်နော်”

လီဟုန်ဝမ်က ခံ့ညားစွာဖြင့် ပြန်မေးလိုက်၏။

“ဒီအခြေအနေထိ ရောက်လာပြီးတဲ့နောက် ငါတို့ဆွေးနွေးနိုင်ဦးမယ်လို့ ယုံရအောင် ငါက မနေ့တနေ့ကမှ လူလောကထဲရောက်လာတယ်လို့ မင်းထင်လို့လား”

“အရှင်လီ… စဉ်းစားဦးနော်… ဒါက ခင်ဗျားမိသားစုတစ်ခုလုံးရဲ့ သေခြင်းရှင်ခြင်းနဲ့ ပတ်သက်နေတယ်”

လီစန်ရှင်းက သတိပေးခြိမ်းခြောက်လိုက်၏။

ခရိုင်ရုံးတော်က တိတ်ဆိတ်ငြိမ်သက်သွားသည်။ လီစန်ရှင်းက ဆက်ပြောလိုက်၏။

“ကျုပ် ဖုန်ထိုက်ခရိုင်ကို မလာခင်က.. ခင်ဗျားက အဲဒီပစ္စည်းကို ထုတ်ပေးသရွေ့ ဘယ်အရာကိုမဆို ညှိနှိုင်းဆွေးနွေးလို့ရတယ်လို့ လက်ထောက်စစ်ကဲက ကျုပ်ကိုမှာထားတယ်… လက်ထောက်စစ်ကဲက ခင်ဗျားကို အသက်ရှင်လျက် ထားချင်မှထားလိမ့်မယ်… ဒါပေမဲ့ သူက ခင်ဗျားရဲ့ မိသားစုဝင်တွေကိုတော့ ကယ်တင်ပေးနိုင်တယ်… သူ့အတွက်တော့ အမှုတွဲထဲက အချက်အလက်တချို့ကို အတိုးအလျှော့လုပ်ပေးလိုက်ရုံပဲ… ပြည်နှင်ဒဏ်ပေးခံရတာက ခင်ဗျားရဲ့မိသားစုတစ်ခုလုံး ရှင်းလင်းသုတ်သင်ခံရတာထက် ပိုကောင်းတယ်လို့ မထင်ဘူးလား”

လီဟုန်ဝမ်က မေးလိုက်၏။

“ငါအဲဒါကို ထုတ်မပေးဘူးဆိုရင်ရော…”

လီစန်ရှင်းက ကူကယ်ရာမဲ့စွာ သက်ပြင်းချပြီး သူ့ထိုင်ခုံကနေ ပြန်ထရပ်လိုက်၏။

“ခင်ဗျားမဆွေးနွေးလိုဘူးဆိုရင်လည်း.. လက်ထောက်စစ်ကဲက အခြေအနေကို ရှင်းပြနိုင်ဦးမှာပါ”

လီဟုန်ဝမ်က လီစန်ရှင်းကို ကြည့်ရုံသာကြည့်နေ၏။

ထိုသူက သာမန်ကာလျှံကာ ပြောလိုက်သည်။

“ဟုတ်ပြီလေ… ဒါဆိုလည်း ခင်ဗျားနဲ့ခင်ဗျားမိသားစုက ဖုန်ထိုက်မြို့တော်မှာပဲ အမြဲတမ်းနေရလိမ့်မယ်… ခင်ဗျား အဲဒါကို သေသေချာချာ ပြန်စဉ်းစားဖို့ ကျုပ်အကြံပေးချင်တယ်”

“ဘာမှ စဉ်းစားစရာမရှိဘူး”

လီဟုန်ဝမ်က ဆုံးဖြတ်ချက်ပြတ်သားနေပြီး တွေဝေတုံ့ဆိုင်ခြင်းမရှိဘဲ ငြင်းဆိုလိုက်၏။

“ငါမင်းကို အဲဒါပေးမှာမဟုတ်ဘူး”

လီစန်ရှင်း၏ မျက်လုံးများက ရက်စက်ကြမ်းတမ်းလာသည်။ သူက ထပ်မံ၍ စကားမဆိုတော့ဘဲ စာကြည့်ခန်းထဲကနေ လှည့်ထွက်သွား၏။

သူလက်တစ်ချက်ပြလိုက်ချိန်မှာ စာကြည့်ခန်း၏ အပြင်ဘက်မှာရှိသော ဖီးနစ်စိမ်းတပ်သားများသည် သူ့ကိုချက်ချင်းပင်လာနှုတ်ဆက်ပြီး သူ၏ ညွှန်ကြားမှုကို စောင့်ဆိုင်းနေကြ၏။

လီစန်ရှင်းက ခဏမျှနှုတ်ဆိတ်ပြီးနောက် မှတ်ချက်ပြုလိုက်၏။

“ကောင်းကင်ဘုံက သက်ရှိတွေအားလုံးကို ဂရုစိုက်ပေးတယ်… လက်ထောက်စစ်ကဲမှာ ကြင်နာတတ်တဲ့နှလုံးသားရှိတယ်”

ဖီးနစ်စိမ်းတပ်သားများအားလုံးသည် စကားပြောဆိုခြင်းမရှိဘဲ ထပ်မံ၍ ပေးလာမည့်အမိန့်ကို စောင့်ဆိုင်းနေကြသည်။

လီစန်ရှင်းက ခဏမျှရပ်တန့်၍ သူ၏ အမူအရာက သုန်မှုန်လာပြီးနောက် ဆက်ပြောလိုက်၏။

“ဒါပေမဲ့ လက်ထောက်စစ်ကဲရဲ့ ကြင်နာမှုကို အသိအမှတ်မပြုတတ်တဲ့ ခေါင်းမာတဲ့လူတချို့က အမြဲတမ်းရှိနေတတ်တယ်”

ဤအစောင့်တပ်သားများသည် ယနေ့မှ လာရောက်တာဝန်ထမ်းဆောင်ကြခြင်းမဟုတ်ဘဲ လက်ထောက်တပ်မှူးက တစ်ယောက်ယောက်ကို သေစေချင်နေပြီဆိုတာကို သူတို့သိရှိလိုက်ကြသည်။

ဖီးနစ်စိမ်းတပ်ဖွဲ့၏ သွေးသောက်ခေါင်းဆောင်တစ်ဦးက တုံ့ပြန်ပြောဆိုလိုက်၏။

“ဆရာ… ကျေးဇူးပြုပြီး ကျုပ်တို့ကို အမိန့်ပေးပါ”

လီစန်ရှင်းက သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်၍ ခံစားချက်မပါသောလေသံဖြင့် ပြောလိုက်၏။

“လီဟုန်ဝမ်သိတာ အရမ်းများနေပြီ… ငါတို့ သူ့ကို အကျဉ်းထောင်ဆီပို့လိုက်မယ်ဆိုရင် မလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပေါ်လာလိမ့်မယ်… ဒီလိုဆိုမှတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ၊ ငါတို့ သူ့ကို ဖုန်ထိုက်ခရိုင်မှာ အမြဲတမ်းနေခိုင်းရတော့မှာပေါ့”

‘အမြဲတမ်းနေခိုင်းရတော့မှာပေါ့’ဟူသောစကားက လီဟုန်ဝမ်သည် ဤနေရာမှာ ခေါင်းချရတော့မည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း သွေးသောက်ခေါင်းဆောင်က သဘောပေါက်လိုက်သည်။

လီစန်ရှင်းက ဆက်ပြောလိုက်၏။

“လီဟုန်ဝမ်မှာ ရွယ်တူတန်းတူ မိတ်ဆွေဟောင်းတွေ အများကြီးရှိတယ်… ဒီကိစ္စကို ကောင်းကောင်းမကိုင်တွယ်ရင် အဲဒါက နန်းတော်ထဲမှာ ကောလာဟလတွေနဲ့ စွပ်စွဲပြောဆိုမှုတွေကို ပေါ်ထွက်လာစေလိမ့်မယ်.. အဲဒါက ငါတို့အတွက် မကောင်းဘူး… ဆိုတော့ စည်းမျဉ်းစည်းကမ်းကို မင်းတို့တွေသိတယ်မလား… သူ့ကို လုံးဝပြန်ပေါ်မလာစေနဲ့”

သွေးသောက်ခေါင်းဆောင်က ချက်ချင်းပင် ပြန်ဖြေလိုက်၏။

“ကောင်းပါပြီ ဆရာ… ခင်ဗျား သူ့ခန္ဓာကို ဘယ်တော့မှ ပြန်မမြင်စေရပါဘူး”

လီစန်ရှင်းက သူ၏ မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး သွေးသောက်ခေါင်းဆောင်ကို ကြည့်လိုက်၏။ ထို့နောက် သူသည် အသံကိုအနည်းငယ်နှိမ့်ကာ ပြောလိုက်သည်။

“သူ့ရဲ့ မိသားစုဝင်တွေလည်းရှိသေးတယ်.. တစ်ယောက်မှ ချမ်းသာမပေးနဲ့၊ ငါ သူတို့အားလုံးကို သေစေချင်တယ်။”

သွေးသောက်ခေါင်းဆောင်က နာခံလိုက်၏။

“ကောင်းပါပြီဆရာ”

လီစန်ရှင်းသည် စာပေသမားပုံစံ ဖီးနစ်စိမ်းအကြပ်ခေါင်းဆောင်ကို ကြည့်ပြီး အမိန့်ပေးလိုက်၏။

“အမှုတွဲတစ်ခုပြင်လိုက်… ခရိုင်ဝန်ရဲ့သေဆုံးမှုက အပြင်ဘက်က ပုန်ကန်သူကြောင့်ပဲ… သူက ဖီးနစ်စိမ်းတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့တယ်.. မျက်မြင်သက်သေကို သတ်ဖြတ်ပြီး တရားစီရင်မှုကို ဟန့်တားနှောက်ယှက်ခဲ့တယ်လို့ရေးလိုက်… ရှေ့မှာ အခုပဲ ငါတို့ရဲ့ ရဲဘော်ရဲဘက်တွေအများကြီး သေထားရတယ်… သူတို့အားလုံးရဲ့ သေဆုံးမှုကိုလည်း အဲဒီပုန်ကန်သူအပေါ်ပုံချလိုက် ဒီတစ်ခေါက် ငါတို့တွေ ဟာကွက်မရှိတဲ့ ခိုင်မာတဲ့ အမှုတစ်ခုကို ဖန်တီးရလိမ့်မယ်”

ဖီးနစ်စိမ်းအကြပ်ခေါင်းဆောင်က အလျင်အမြန်တုံ့ပြန်လိုက်၏။

“လူကြီးမင်း.. စိတ်ချပါ”

လီစန်ရှင်းက သာမန်ကာလျှံကာ လက်ပြလိုက်ချိန်မှာ ဖီးနစ်စိမ်းတပ်သားများအားလုံးက ချက်ချင်းပင်လူစုခွဲသွားကြသည်။

လီစန်ရှင်းသည် သိပ်မကြာခင် ခြေသံများ၊ တံခါးဖွင့်သံများနှင့် ဓားထုတ်သံများကို ကြားလိုက်ရ၏။ လီဟုန်ဝမ်၏ မိသားစုဝင်များ သေခြင်းတရားနှင့် ကြုံတွေ့ရချိန်မှာ သူတို့၏ နောက်ဆုံးအော်ဟစ်သံများက အနောက်ဘက်အဆောင်ထဲကနေ ထွက်ပေါ်လာကြသည်။

လီစန်ရှင်းသည် ဤအသံများကို မကြားချင်ယောင်ဆောင်ပြီး တံစက်မြိတ်အောက်မှာ မတ်တတ်ရပ်ကာ အပြင်ဘက်မှာရှိသော မိုးရေလိုက်ကာကို ကြည့်နေ၏။ သူသည် ကိုင်ဝမ်ခွက်ကို ကိုင်ထားဆဲဖြစ်ပြီး လက်ဖက်ရည်ကို ဖြည်းဖြည်းချင်းစုပ်သောက်နေ၏။

မိုးသည်းသော နေ့ရက်များသည် သတ်ဖြတ်ဖို့အတွက် တကယ်ကို အကောင်းဆုံးအချိန်ဖြစ်သည်။

လီစန်ရှင်းက သူ၏ နောက်ဆုံးလက်ကျန်လက်ဖက်ရည်ကို မော့သောက်လိုက်ချိန်မှာ လူတစ်ယောက်သည် ရုံးတော်၏ ရှေ့ဘက်ကနေ ဝင်ရောက်လာနေပြီဖြစ်သည်။

ဤလူသည် နဖူးကနေ ခြေဖျားထိ စိုရွှဲနေသော်လည်း သူ့ထံမှ မည်သည့်သွေးရောင်ကိုမှ မတွေ့မြင်ရပေ။ ထိုအစား သူ၏ လက်များသည် ညာဘက်လက်ထဲမှာ ကျားဆေဘာနှင့် ဘယ်ဘက်လက်ထဲမှာ လည်ပင်းကနေ ပိုင်းဖြတ်ထားသည့် ခေါင်းပြတ်တစ်လုံးကို ဆံပင်ကနေ ကိုင်ဆွဲထားသည်။

ဝါးခမောက်ဆောင်းထားသော လူငယ်အမျိုးသားသည် လီစန်ရှင်းထံသို့ ခေါင်းပြတ်ကို ပစ်ထုတ်ပေးပြီး ခြိမ်းခြောက်လိုက်၏။

“ဒီလက်ထောက်တပ်မှူးက စကားမပြောချင်တာနဲ့ပဲ ငါသူ့ကိုသတ်လိုက်ရတယ်… အဲလိုလုပ်ရင် မင်းငါနဲ့ စကားပြောချင်စိတ်များ ဖြစ်လာမလားလို့”

လီစန်ရှင်းသည် သူ့ခြေရင်းသို့ လိမ့်ဆင်းလာသည့် ခေါင်းပြတ်ကို ငုံ့ကြည့်လိုက်၏။ ကျိုးဖေးလုံ၏ အသက်မဲ့နေသော မျက်လုံးများက ပြူးကျယ်နေဆဲဖြစ်ပြီး သူ့ကို ငေးကြည့်နေ၏။

သို့သော်လည်း သူသည် ဖီးနစ်စိမ်းတပ်ဖွဲ့သို့ ဝင်ရောက်လာပြီးကတည်းက လီစန်ရှင်းသည် တစ္ဆေများ သို့မဟုတ် နတ်များကို မကြောက်ရွံ့တော့ပေ။ ကျိုးဖေးလုံသည် သေဆုံးသွားချိန်မှာမပြောနှင့် သူအသက်ရှင်ခဲ့စဉ်ကပင် လီစန်ရှင်းကို ဘာမှမလုပ်နိုင်ခဲ့ပေ။

လီစန်ရှင်းသည် သူ၏ ခြေဖဝါးကိုမြှောက်ပြီး မကြာသေးခင်ကမှ သူနှင့်ရယ်မောပြောဆိုနေခဲ့သည့် လုပ်ဖော်ကိုင်ဖက်၏ ဦးခေါင်းကို နင်းခြေလိုက်၏။ သူ၏ ဖိနပ်အောက်ခံပြားမှာ ပေကျံလာသည့် ဦးနှောက်ရည်များကိုပင် ကြမ်းပြင်နှင့်ပွတ်ချလိုက်၏။

ထိုသို့ပြုလုပ်ပြီးနောက် လီစန်ရှင်းသည် လျှောက်လှမ်းလာသောလူကို မော့ကြည့်ကာ မျက်လုံးကို မှေးကျဉ်းပြီး ချီးကျူးလိုက်သည်။

“မင်းက တကယ်တော်တဲ့ တိုက်ခိုက်ရေးသမားပဲ”

ဝင်ရောက်လာသောသူက ဝမ်းသာပျော်ရွှင်မှု သို့မဟုတ် အမျက်ဒေါသ တစ်စွန်းတစ်စကိုမှ ထုတ်ဖော်ပြသခြင်းမရှိဘဲ အေးဆေးတည်ငြိမ်နေ၏။

လီစန်ရှင်း၏ မျက်လုံးထဲတွင် မသိသာသောစိုးရိမ်ပူပန်မှု တစ်စွန်းတစ်စ ဖျတ်ခနဲပေါ်ထွက်လာသည်။

ဤလူသည် သာမန်သာဆိုလျှင် ကြောက်နေစရာဘာမှမရှိပေ။ ဤလူသည် ရှန်းထျန်သက်ရှိတစ်ဦးဖြစ်မည်ဆိုလျှင် လီစန်ရှင်းက သူ့ကိုလျှော့တွက်လို့မရပေ။

မြို့တော်မှ အင်အားကြီးမားသော မိသားစုများသည် ရှန်းထျန်ပညာရှင်များကို အားထုတ်မှုများစွာဖြင့် ခေါ်ယူစုဆောင်းနေကြသည်မှာ အကြောင်းမဲ့သက်သက်မဟုတ်ပေ။ သူတို့အတွက် တရားမဝင်အလုပ်များကို စေခိုင်းနိုင်ခြင်းအပြင် သူတို့၏ မိသားစုဝင်များကို ကာကွယ်ပေးဖို့အတွက်လည်း ဤပညာရှင်များကို လိုအပ်ကြသည်။

လီဟုန်ဝမ်မှာ ဤအမျိုးသားလောက် အစွမ်းအစရှိသော ပညာရှင်တစ်ဦးရှိနေမည်ဆိုလျှင် ဖီးနစ်စိမ်းတပ်ဖွဲ့သည် ခရိုင်ရုံးကိုဝင်စီးစဉ်က လွယ်လင့်တကူ ရှိနေခဲ့လိမ့်မည်မဟုတ်ပေ။

လီစန်ရှင်းသည် စိုးရိမ်နေရုံသာဖြစ်ပြီး ကြောက်ရွံ့မနေပေ။ သူသည် ကျိုးဖေးလုံကဲ့သို့ အရှုံးသမားတစ်ဦးမဟုတ်ပေ။ လီစန်ရှင်းသည် အသက်ငယ်ငယ်နှင့် ကနဦးအဆင့်-၆ လက်ထောက်တပ်မှူးတစ်ဦးဖြစ်လာခဲ့ပြီး သိပ်မကြာခင်မှာ ပကတိအဆင့်-၆ တပ်မှူးတစ်ဦးအဖြစ် ရာထူးတိုးမြှင့်ခြင်းခံရပေလိမ့်မည်။ ထိုသို့ အလေးပေးဆက်ဆံခံရဖို့အတွက် သူ့မှာ အစွမ်းအစတချို့ရှိထားသည်။

လီစန်ရှင်းက စကားပြောလိုက်သည့်အချိန်မှာ သူ၏ အသံက ရုတ်တရက်နက်ရှိုင်းလာ၏။

“မင်းဘာလို့ ဒီကိုတစ်ယောက်တည်းလာပြီး ငါ့ရဲ့ ရဲဘော်ရဲဘက်တွေကို သတ်ဖြတ်ရတာလဲ”

ချီရွှမ်းစုက ပြန်ဖြေလိုက်၏။

“ငါက အမိန့်အတိုင်းလိုက်နာနေရုံပါပဲ… မင်းနားလည်မှာပါ”

“ဒါပေါ့… ငါနားလည်တယ်”

လီစန်ရှင်းက ခေါင်းညိတ်ပြလိုက်၏။

“ငါတို့လိုလူတွေက ဆရာကြီးတွေ မဟုတ်ကြဘူး… ငါတို့မှာ ရွေးချယ်စရာမရှိဘူး… အသေအကြေတိုက်ခိုက်ပေးကြရုံပဲ… ကဲ ဆိုတော့ လှုပ်ရှားမှုလေး စလိုက်ပါဦး”

ချီရွှမ်းစုက ပြန်မဖြေဘဲ အပြာရောင်ကျောက်သားကြမ်းပြင်ကို ဆောင့်နင်းလိုက်၏။ ၎င်းပေါ်မှာ ပင့်ကူအိမ်လိုအက်ကွဲကြောင်းများ ပေါ်ထွက်လာပြီးနောက် သူက ရှေ့သို့ခုန်တက်သွားသည်။

လီစန်ရှင်းက ခပ်ယဲ့ယဲ့ပြုံးပြီး သူ့လက်ထဲမှာကိုင်ထားသည့် ကိုင်ဝမ်ခွက်ကို ပစ်ထုတ်လိုက်၏။ ၎င်းက ဖျတ်ခနဲပျောက်ကွယ်သွားသည်။

နောက်ခဏ၌ ကိုင်ဝမ်ခွက်သည် ချီရွှမ်းစု၏ ရှေ့တည့်တည့်မှာ ပေါ်ထွက်လာ၏။

ဤကိုင်ဝမ်ခွက်ပျံသည် မရပ်မနားလည်ပြီး အသိစိတ်ရှိသည့်အလား ချီရွှမ်းစုကို လှည့်ပတ်နေ၏။ ထိုသို့ဖြင့် ချီရွှမ်းစုက သူရောက်နေသောနေရာမှာ ရပ်တန့်လိုက်ရလေသည်။

All Chapters