← Chapters

လူတိုင်းမှာ သခင်ကိုယ်စီရှိတယ်

Vol. 1 Ch. 7

လူတိုင်းမှာ သခင်ကိုယ်စီရှိတယ်

Vol. 1 Ch. 7

ဓားရောင်တစ်ချက်ဖျတ်ခနဲလက်ပြီး အဆင့်မြင့်ကြွေသားဖြင့်ပြုလုပ်ထားသော ဤကိုင်ဝမ်ခွက်သည် နှစ်ပိုင်းကွဲထွက်သွားသည်။ တစ်ချိန်တည်းမှာပင် မိုးရေထဲမှာ ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာလေသည်။ ဤပေါက်ကွဲမှုသည် ကြာပန်းတစ်ခု ဖြည်းဖြည်းချင်းဖူးပွင့်ပြီး သိပ်မကြာခင် ပျောက်ကွယ်သွားသလိုပင်။

ချီရွှမ်းစုသည် ခပ်သဲ့သဲ့ညည်းတွားပြီး ပေါက်ကွဲမှုကနေ နောက်သို့ ဒယီးဒယိုင်ဆုတ်ခွာသွား၏။ သူ့ခန္ဓာကိုယ်ဘေးပတ်လည်မှာ စွမ်းအင်က တလိပ်လိပ်ထိုးတက်ပြီး ဘေးပတ်လည်မှာရှိသော မိုးရေလိုက်ကာကို တွန့်လိမ်သွားစေသည်။

လီစန်ရှင်းသည် တံစက်မြိတ်အောက်မှာ မတ်တတ်ရပ်နေဆဲဖြစ်ပြီး တစ်လက်မမျှ မလှုပ်ရှားပေ။

စောစောက လီစန်ရှင်းပစ်ထုတ်လိုက်သော ကိုင်ဝမ်ခွက်သည် လျှိုဝှက်လက်နက်တစ်ခုဖြစ်နေသည်။ ချီရွှမ်းစုသည် ကိုင်ဝမ်ခွက်ကို သူ၏ ဆေဘာနှင့် နှစ်ပိုင်းထိုးခွဲလိုက်သည့်ခဏမှာပင် ကိုင်ဝမ်ခွက်ထဲမှာ ဖုံးကွယ်ထားသော စွမ်းအင်က ပေါက်ကွဲထွက်ပေါ်လာ၏။ ထိုသို့ဖြင့် ချီရွှမ်းစုသည် အငိုက်မိပြီး ရိုက်ခတ်မှုကို ကာစီးဖို့အချိန်မရခဲ့ပေ။

လီစန်ရှင်း၏ နှုတ်ခမ်းထောင့်က အနည်းငယ်ကွေးညွှတ်သွား၏။ သူသည် ကိုင်ဝမ်ခွက်ကို တစ်ချိန်လုံးကိုင်ထားသည်မှာ ဂိုက်ထုတ်နေခြင်းမဟုတ်ဘဲ သူသည် ၎င်းထဲမှာ သူ၏ ချီကို တိတ်တဆိတ်သိုလှောင်နေခြင်းဖြစ်သည်။ ဤစွမ်းအင်၏ ပေါက်ကွဲမှုက သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့သည်။

သို့သော်လည်း လီးစန်ရှင်းကို အံ့အားသင့်သွားစေသည်မှာ လူငယ်ဓားသမားသည် နောက်ဆုတ်သွားခြင်းမရှိဘဲ၊ သူ၏ ချီကိုပင် အရင်ဖြေရှင်းခြင်းမရှိဘဲ ရှေ့သို့ထိုးတက်လာ၏။

ဒီလူငယ်က ယုံကြည်မှုရှိနေတာလား ဒါမှမဟုတ် မောက်မာလွန်းနေတာလား။

ဤအချိန်မှာ သူတို့နှစ်ယောက်ကြား အကွာအဝေးက ခြေလှမ်းကိုးဆယ်သာရှိတော့သည်။

လီစန်ရှင်းသည် သူ့ခါးမှာရှိသော ကျားခေါင်းခါးပတ်ခေါင်းကို အုပ်ကိုင်လိုက်၏။

ဟောက်ထျန်သက်ရှိများနှင့် ရှန်းထျန်သက်ရှိများကြား အထင်ရှားဆုံးကွာခြားချက်သည် သူတို့က ချီကို သူတို့၏ ခန္ဓာကိုယ်အပြင်ဘက်သို့ ထုတ်ဖော်နိုင်လား မထုတ်ဖော်နိုင်လား ဆိုတာပင်။ ပေါင်တန်ကျင့်ကြံမှုအဆင့်မှာရှိသော ဟောက်ထျန်သက်ရှိများသည် ချီကိုကျင့်ကြံနိုင်သော်လည်း ကြီးမားစွာအကန့်အသတ်ရှိနေပြီး ချီကို သူတို့၏ ခန္ဓာကိုယ်ထဲကနေ မထုတ်ဖော်နိုင်ပေ။

သို့သော်လည်း ရှန်းထျန်သက်ရှိများသည် သူတို့၏ ချီကို အလွယ်တကူထိန်းချုပ်၍ သူတို့၏ ခန္ဓာကိုယ်ကနေ ထုတ်လွှတ်နိုင်ကာ တစ်ဘက်သူကို ခုခံကာကွယ်ဖို့ခက်ခဲစေသည်။ ကိုင်ဝမ်ခွက်ထဲမှာ သူ၏ ချီကို လီစန်ရှင်းကွယ်ဝှက်ထားခဲ့သလို ထုတ်ဖော်လိုက်သောချီကိုလည်း ပြင်ပပစ္စည်းများထဲမှာ ဖုံးကွယ်ထားနိုင်သည်။

ဤအခိုက်အတန့်တွင် ခြံဝန်းထဲမှာ ကျဆင်းနေသော မိုးရေစက်များသည် အဖြူရောင်မြူခိုးတစ်ခုအဖြစ် အစိတ်စိတ်အမြွှာမြွှာ ချက်ချင်းပင် ကွဲထွက်သွား၏။ ဤရေစက်ရေမှုန်များသည် မြေပြင်ပေါသို့ ကျဆင်း၍ စင်္ကြံလမ်း၏ တစ်ဘက်တစ်ချက်စီရှိ တိုင်များကို ထိခတ်သောအခါ အပ်ပေါက်ရာများကဲ့သို့ သေးနုပ်သောအပေါက်များစွာ ကျန်ရစ်ခဲ့စေ၏။

ချီရွှမ်းစုသည် ရှေ့သို့ဆက်တက်ပြီး သူ၏ ဓားချက်တစ်ချက်နှင့်အတူ တိုးဝင်လာသော ဤစွမ်းအင်ကို ခတ်ထုတ်ပစ်လိုက်၏။

ချီရွှမ်းစု၏ ဆေဘာသွားပေါ်ရှိ ဓားချီက ကျိန်းစပ်နေသော အဖြူရောင်မြူခိုးကို ချိုးဖျက်လာ၏။ တစ်ချိန်တည်းမှာပင် ဆေဘာထဲမှာပါဝင်သော စွမ်းအင်က အရှိန်အဟုန်ဖြင့် ရုတ်တရက်တိုးထွက်လာသည်။

ချီက လေထဲမှာ ပဲ့တင်ထပ်တုန်ခါပြီး သူတို့ကြားမှာရှိသော မိုးရေစက်များကို အားပါပြင်းထန်သောစွမ်းအင်ဖြင့် ကစဉ့်ကလျားရွေ့လျားသွားစေ၏။ စုပေါင်းမိုးရေစက်များသည် ရေမျဉ်းကြောင်းများကို ဖြစ်ပေါ်စေပြီး မြေပြင်ပေါ်ကို ဆင်းသက်သောအခါ သေးငယ်သောမြောင်းငယ်များ ပေါ်ထွက်လာ၏။

ချီရွှမ်းစုသည် ဤအခွင့်အလမ်းကို အသုံးချကာ သူတို့နှစ်ယောက်ကြားအကွာအဝေးကို ခြေလှမ်းခြောက်ဆယ်လောက်ထိ နီးကပ်လာစေသည်။

လီစန်ရှင်းက မျက်မှောင်အနည်းငယ်ကြုတ်ပြီး သူ၏ လက်သီးကို သူ၏ ဝမ်းဗိုက်အောက်မှာ ဆုပ်လိုက်သည်။ ရေနဂါးတစ်ကောင်သည် ရေအိုင်ထဲကနေ ထွက်ပြီး ခြံဝန်းထဲမှာ ပျံသန်းလာသည့်အလား သူ၏ ချီက မြေပြင်ပေါ်မှာအိုင်ထွန်းနေသောရေများကို ဆွဲယူစုဆောင်းလိုက်လေသည်။ ရေနဂါးသည် ရှေ့သို့ဆက်တက်လာနေသော ချီရွှမ်းစုကို ခုန်အုပ်လိုက်၏။

ချီရွှမ်းစုသည် နောက်ဆုတ်ဖို့စိတ်ကူးမရှိဘဲ ရှေ့သို့ဆက်တက်လာ၏။ သူ့ကျားဆေဘာပေါ်မှာရှိသောဓားချီက ရုတ်တရက်အထွတ်အထိပ်ကို ရောက်ရှိလာသည်။ ထို့နောက် သူသည် ယခင်ကအတိုင်း တူညီသောနည်းစနစ်ကို သုံးပြီး ရေနဂါးကို ခုတ်ပိုင်းချလိုက်၏။

ရေများက အဘက်ဘက်ကို ဖိတ်စင်ပြန့်ကျဲသွား၏။ ရေနဂါးက တိုတောင်းသွားသော်လည်း ချီရွှမ်းစုသည် ထိုထိတွေ့ရိုက်ခတ်မှုကနေ နောက်သို့လျှောတိုက်သွားပြီး သူ၏ ခြေရင်းကို ရေများစွာက ရိုက်ခတ်လာ၏။ ဤအခိုက်အတန့်မှာ သူတို့နှစ်ယောက်ကြားအကွာအဝေးက ခြေလှမ်းခုနှစ်ဆယ်ခန့် ဖြစ်သွားသည်။

ချီရွှမ်းစု၏ မျက်နှာက အမူအရာကင်းမဲ့နေပြီး သူ၏ ဆေဘာပေါ်မှာ ဓားချီကို ဆက်လက်၍ စုဖွဲ့နေဆဲဖြစ်သည်။

ရွာသွန်းနေသော မိုးရေများကြားမှာပင် သူ၏ ဆေဘာဘေးပတ်လည်မှာ ရစ်သိုင်းနေသော အဖြူရောင်အလင်းက ထင်ထင်ရှားရှားတောက်ပနေဆဲဖြစ်၏။ ၎င်းသည် ပုံရိပ်ယောင်မဟုတ်တော့ဘဲ အစိုင်အခဲဖြစ်လုနီးပါး စုဖွဲ့လာသည်။

ရှန်းထျန်သက်ရှိများသည် လက်နက်အဖြစ် ပန်းများ၊ သစ်ရွက်များကို အသုံးပြုရုံမျှနှင့် သတ်ဖြတ်နိုင်ကြသည်။

ချီရွှမ်းစုသည် ရှေ့သို့နောက်တစ်ဖန်ခုန်တက်ပြီး ရေနဂါးကို ဖြတ်ကျော်လာစဉ် သူ၏ နားထဲမှာ ပုံမှန်မဟုတ်သော တချွင်ချွင်အသံများ ဆက်တိုက်ထွက်ပေါ်လာ၏။

နောက်ခဏ၌ ရေနဂါးက လုံးလုံးလျားလျားလဲပြိုကျပြီး ရေကန်တစ်ကန်ထဲမှာ ကြာပန်းများဖူးပွင့်လာသလို ရေများစွာက သူ၏ ခြေရင်းပတ်လည်ကို ရိုက်ခတ်လာ၏။

ဤအခိုက်အတန့်မှာ သူတို့နှစ်ယောက်ကြားတွင် ခြေလှမ်းသုံးဆယ်ခန့်သာ ရှိတော့သည်။

ချီရွှမ်းစုသည် လီစန်ရှင်း၏ ဦးခေါင်းကို သူ၏ ကျားဆေဘာဖြင့် ချိန်ပြီး ပစ်ပေါက်လိုက်၏။ ဆေဘာသည် သည်းထန်သော မိုးရေလိုက်ကာကို ဖြတ်ကျော်လာ၏။

လီစန်ရှင်း၏ ခြေဖဝါးက လှုပ်ရှားခြင်းမရှိပေ။ ထိုအစား သူသည် ၉၀ ဒီဂရီထောင့်ချိုးပုံစံဖြင့် နောက်သို့လှန်ချလိုက်ပြီး သူ၏ ကျောရိုးက မြေပြင်နှင့် မျဉ်းပြိုင်ဖြစ်သွားသည်။ ဆေဘာက သူ့အပေါ်ကနေ ဖြတ်ကျော်သွားပြီးမှသာ သူက ကိုယ်ကိုပြန်မတ်လိုက်သည်။ ထိုအချိန်မှာ တစ်ခုခုကို ပြန်ဆွဲယူနေသလို ချီရွှမ်းစု၏ ညာဘက်လက်က လှုပ်ရှားသွားသည်ကို သူတွေ့မြင်လိုက်ရ၏။

ချီရွှမ်းစု၏ ချီဖြင့် ထိန်းချုပ်မှုအောက်မှာ ကျားဆေဘာသည် ပျံလွှားငှက်တစ်ကောင် ပျံဝဲနေသလို လီစန်ရှင်း၏ နောက်ဘက်ကနေ ပြန်လှည့်ဝင်လာ၏။ ဝင်ရောက်လာသော ဆေဘာပျံက လီစန်ရှင်း၏ ကျောရိုးကို ချိန်ရွယ်ထားသည်။

လီစန်ရှင်းသည် သူ၏ ခါးမှာရှိသော ဆေဘာလက်ကိုင်ရိုးကို ဖိချလိုက်၏။ သူသည် တစ်ဘက်ကိုလှည့်ဖို့ သို့မဟုတ် သူ၏ လက်နက်ကို ဆွဲထုတ်ဖို့ အချိန်မရပေ။ ထိုသို့ဖြင့် နောက်ဘက်ကနေလာသော တိုက်ခိုက်မှုကို ပိတ်ဆို့တားဆီးရန် ကျားဆေဘာထည့်ထားသော ဓားအိမ်ကို သူ၏ နောက်ကျောဘက်သို့ မြှောက်တင်လိုက်ရ၏။

ချီရွှမ်းစု၏ ကျားဆေဘာက လီစန်ရှင်း၏ ဓားအိမ်ကို ထိမှန်ပြီး သတ္တုနှင့်ကျောက်တုံး ထိခတ်သလို ခပ်ကြမ်းကြမ်းအသံတစ်သံ ထွက်ပေါ်လာ၏။ ဓားအိမ်က ချက်ချင်းပင် ကွဲထွက်သွားသည်။

လီစန်ရှင်းသည် ထိုအလျင်အဟုန်ကို အသုံးချကာ ရှေ့သို့ပြေးတက်ပြီး စင်္ကြံလမ်းကနေ ထွက်ခွာ၍ ခြံဝန်းထဲသို့ ဝင်ရောက်လာ၏။ သူသည် ချီရွှမ်းစုနှင့် ခြေဆယ်လှမ်းသာ ကွာဝေးတော့သည့်အချိန်မှာ တစ်ဘက်သို့ ဆတ်ခနဲလှည့်ပြီး သူ၏ နောက်ကျောမှာ ကပ်ပါလာသည့်ဆေဘာကို ဆုပ်ကိုင်လိုက်၏။

ချီရွှမ်းစု၏ ကျားဆေဘာကလည်း သူ၏ လက်ထဲသို့ အလျင်အမြန်ပြန်လည်ရောက်ရှိလာလေသည်။ သူတို့နှစ်ယောက်သည် စောစောက တိုက်ခိုက်မှုမှာ ညီတူမျှတူ ယှဉ်ပြိုင်ခဲ့ကြ၏။ တစ်ခဏအတွင်း မည်သူကမှ တိုက်ခိုက်မှုကို မစတင်သေးဘဲ သူတို့သည် မျှခြေတစ်ခုမှာ ကျရောက်သွားကြ၏။

ခဏကြာပြီးနောက် ချီရွှမ်းစုက မေးလိုက်၏။

“ဖုန်ထိုက်ခရိုင်ဝန် လီဟုန်ဝမ် ဘယ်မှာလဲ”

လီစန်ရှင်း၏ နှုတ်ခမ်းထောင့်က ကွေးညွှတ်သွား၏။

“သူက အခုချိန်မှာ သက်မဲ့အလောင်းဖြစ်နေပြီ… မင်းသူ့ကိုကယ်ဖို့လာတာဆိုရင် ခြေတစ်လှမ်းနောက်ကျသွားပြီ… သက်သက် အပင်ပန်းခံမနေနဲ့တော့”

ချီရွှမ်းစုက လီဟုန်ဝမ်၏ သေခြင်းရှင်ခြင်းကို ဂရုမစိုက်ပေ။ သူက ရိုးရှင်းစွာပြောလိုက်၏။

“မင်းက ခွင့်ပြုချက်မရှိဘဲ ခရိုင်ဝန်တစ်ဦးကို သတ်ဖြတ်လိုက်တယ်ဆိုတော့ တော်တော်ရဲတာပဲ”

လီစန်ရှင်းက လှောင်ရယ်လိုက်၏။

“ငါ သူ့ကိုသတ်တယ်လို့ ဘယ်သူပြောလဲ… ဒါတွေအားလုံးကို မင်းလုပ်ခဲ့တာပဲ… ဖီးနစ်စိမ်းတပ်ဖွဲ့က တပ်သားတွေအများကြီးကို ဆုံးရှုံးခဲ့ရတယ်… လက်ထောက်တပ်မှူးတစ်ဦးတောင်မှ ကျဆုံးခဲ့ရတယ်… ဒီအမှုပြီးသွားတာနဲ့ ငါက ညီကိုကျိုးရဲ့မိသားစုဆီ ထောက်ပံ့ငွေကို ကိုယ်တိုင်သွားပေးမယ်”

ထိုသို့ပြောရင်း လီစန်ရှင်းက ကျိုးဖေးလုံ၏ ပုံပျက်ပန်းပျက်ဖြစ်နေသော ဦးခေါင်းကို တစ်ချက်ကြည့်ကာ ထပ်ပြောလိုက်၏။

“သူ့ရဲ့ဇနီးနဲ့ ကလေးတွေကို ကူညီစောင်မပေးမယ်… အဲဒါအတွက် ပူနေစရာမလိုဘူး”

ကျိုးဖေးလုံသည် စွန့်ပယ်ခံလိုက်ရသော နယ်ရုပ်တစ်ရုပ်မျှသာဖြစ်သည်။ သူသေဆုံးရဖို့ကို စစ်တုရင်သခင်က ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ လီဟုန်ဝမ်က ထိုပစ္စည်းကို ထုတ်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ လက်ထောက်စစ်ကဲ၏ အမိန့်အရ လီစန်ရှင်းသည် ဖုန်ထိုက်ခရိုင်မှာ ဤလူကို ခေါင်းချခိုင်းရမည်ဖြစ်သည်။

လီဟုန်ဝမ်သည် အကျိုးဆောင်မှုကနေတစ်ဆင့် သူ၏ ဘွဲ့ကို ရရှိလာသော ဂုဏ်သရေရှိခရိုင်ဝန်တစ်ဦးဖြစ်နေသည့်အတွက် ဖီးနစ်စိမ်းတပ်ဖွဲ့သည် သူ့ကို သတ်ချင်တိုင်းမသတ်နိုင်ဘဲ ကျိုးဖေးလုံကဲ့သို့ စတေးခံ နယ်ရုပ်တစ်ရုပ်ကို လိုအပ်သည်။

လီစန်ရှင်းသည် ဖီးနစ်စိမ်းတပ်ဖွဲ့အပေါ် ကျရောက်လာမည့် သံသယများကို ရှင်းလင်းဖို့အတွက် ကျိုးဖေးလုံ၏ အသက်ကို အသုံးချဖို့ ပြင်ဆင်ထားပြီးသားဖြစ်သည်။ ထို့ကြောင့်ပင် သူသည် ချီရွှမ်းစုနှင့်တိုက်ခိုက်ဖို့ ကျိုးဖေးလုံကို တစ်ယောက်တည်း ချန်ထားခဲ့ခြင်းဖြစ်သည်။

သေလူတစ်ယောက်ကသာ နှုတ်လုံနိုင်မည်ဖြစ်လေသည်။

ချီရွှမ်းစုက သူ၏ ဆေဘာကို နောက်တစ်ဖန်ကိုင်မြှောက်လိုက်၏။ ဤတစ်ခေါက်မှာ သူတို့သည် ခြေဆယ်လှမ်းသာကွာဝေးတော့သည်။ ထိုသို့ဖြင့် ချီရွှမ်းစုသည် ထိုအကွာအဝေးကို ချက်ချင်းပင် ဖြတ်ကျော်ပြီး သူ၏ ဆေဘာဖြင့် ရှေ့ကို ရုတ်တရက်ပစ်ထိုးလိုက်၏။

လီစန်ရှင်းသည် ဤတိုက်ခိုက်မှုကို တုံ့ပြန်ဖို့အတွက် သူ၏ ဆေဘာကို ဝင့်လိုက်ရသည်။

သူတို့၏ ဆေဘာများက ထိခတ်ပြီး သူတို့နှစ်ယောက်က ထိတွေ့ရိုက်ခတ်မှုကနေ နောက်ပြန်ဆုတ်သွားကြ၏။ ကျောက်စရစ်ခဲများစွာက အဘက်ဘက်ကိုပြန့်ကျဲပြီး သူတို့၏ ဘေးပတ်လည်မှာရှိသောရေများက ဘောင်ဘင်ခတ်သွား၏။ နောက်ခဏ၌ ချီရွှမ်းစုသည် သူ၏ ဆေဘာကို တစ်ဖန်ဝင့်ပြီး လက်နက်နှင့်အတူ သူ၏ ကိုယ်ကို အလိုက်သင့်လှုပ်ရှားကာ သူ၏ တိုက်ခိုက်မှုမှာ အလျင်အဟုန်ကို ထပ်ပေါင်းထည့်လိုက်၏။ လီစန်ရှင်းကလည်း ဒီတိုင်းမနေပေ။ သူက ပေါ့ပါးသောခြေလှမ်းများနှင့်အတူ ထက်ရှသော ဓားသွားကို ရှောင်တိမ်းပြီး ချီရွှမ်းစု၏ ဘေးကနေ ဖြတ်သွားသည်။

သူတို့က တစ်ယောက်ကိုတစ်ယောက် ဖြတ်ကျော်သွားသည့်အခဏမှာပင် ချီရွှမ်းစု၏ ဓားသွားသည် လီစန်ရှင်း၏ လက်မောင်းပေါ်မှာ နက်ရှိုင်းသောဒဏ်ရာတစ်ခုကို ကျန်ရစ်ခဲ့စေ၏။ တစ်ချိန်တည်းမှာပင် လီစန်ရှင်း၏ ဓားသွားသည် ချီရွှမ်းစု၏ ဆေဘာကိုင်လက်ကောက်ဝတ်ကို ဟက်တက်ကွဲပြတ်ရှသွားစေ၏။ ၎င်းသည် အပေါ်ယံဒဏ်ရာတစ်ခုမျှသာဖြစ်သော်လည်း ချီရွှမ်းစု၏ သိုင်းကွက်ပေါ် သက်ရောက်မှုရှိစေဖို့ လုံလောက်သည်။

သူတို့နှစ်ယောက်သည် အပြာရောင်ကျောက်သားကြမ်းပြင်ကနေ နောက်ပြန်လျှောတိုက်သွားကြ၏။ သူတို့နောက်တစ်ဖန် ပြန်လည်ရပ်လိုက်သည့်အချိန်မှာ လီစန်ရှင်းသည် သုန်မှုန်နေသောအမူအရာဖြင့် သူ့လက်မောင်းပေါ်မှဒဏ်ရာကို ကြည့်လိုက်၏။ တစ်ချိန်တည်းမှာပင် ချီရွှမ်းစုသည် အမူအရာကင်းမဲ့စွာဖြင့် သူ၏ ကျားဆေဘာကို ညာဘက်လက်ကနေ ဘယ်ဘက်လက်သို့ ပြောင်းကိုင်လိုက်သည်။

သူသည် အားမသန်သောလက်ဖြင့်လည်း လက်နက်ကို ကိုင်ဆွဲနိုင်သည်။

ချီရွှမ်းစုသည် ဆေဘာကို ဘယ်ဘက်လက်ဖြင့်ကိုင်ပြီး ရှေ့သို့နောက်တစ်ဖန်ပြေးတက်လာ၏။ လီစန်ရှင်းသည် နောက်သို့ကပျာကယာဆုတ်ပြီး ချီရွှမ်းစု၏ ဓားသွားကို ပွတ်ကာသီကာ ရှောင်တိမ်းလိုက်နိုင်၏။

ဆေဘာကို ဘယ်ဘက်လက်ဖြင့် ကိုင်ထားသည့်အခါ ချီရွှမ်းစု၏ တိုက်ခိုက်မှုက ယခင်တိုက်ခိုက်မှုထက် ပေါ့ပါးဖျတ်လတ်မှု လျော့ကျသွားလေသည်။ သို့သော်လည်း ၎င်းသည် ပိုမိုအားပါပြင်းထန်လာ၏။ တိုက်ခိုက်မှုတစ်ရပ်မျှနှင့် ဆယ်ပေပတ်လည်ကျယ်ပြီးနက်သည့် ကြီးမားသော တွင်းချိုင့်တစ်ခု ပေါက်ကွဲထွက်သွားပြီး ကျောက်စရစ်ခဲများစွာက ပစ်လွင့်ထွက်ပေါ်လာ၏။

လီစန်ရှင်းက နောက်သို့ဆုတ်ရင်း သူ့လက်ထဲမှာရှိသော ကျားဆေဘာကို ဝိုက်ဆွဲလိုက်၏။ သူ၏ ဆေဘာမှာလည်း ဓားချီအငွေ့အသက်တချို့ ပေါ်ထွက်လာပြီး ချီရွှမ်းစု၏ ဦးခေါင်းရှိရာသို့ ချိန်ရွယ်ကာခုတ်ပိုင်းချလိုက်လေသည်။

ချီရွှမ်းစုသည် သူ့ဓားသွား၏ ဘေးဘက်အပြားနှင့် တိုက်ခိုက်မှုကို ပိတ်ဆို့တားဆီးလိုက်၏။

သူတို့နှစ်ယောက်သည် တူညီသောကျားဆေဘာနှင့် တူညီသောဓားချီကို အသုံးပြုနေကြ၏။ သို့သော်လည်း ဆေဘာတစ်လက်က အလျားလိုက်ဖြစ်ပြီး အခြားတစ်လက်က ဒေါင်လိုက်ဖြစ်ကာ ကြက်ခြေခတ်ပုံစံဖြစ်ပေါ်နေသည်။

ချီရွှမ်းစု၏ လက်ထဲရှိ ကျားဆေဘာက လီစန်ရှင်း၏ ဆေဘာနှင့် ထိခတ်သွား၏။ ချက်ချင်းပင် ဆေဘာနှစ်လက်သည် သာမန်မျက်စိဖြင့် မထောက်လှမ်းနိုင်သော ကြိမ်နှုန်းတစ်ခုဖြင့် တုန်ခါသွားကြသည်။ ချီရွှမ်းစု၏ ဓာချီက လီစန်ရှင်း၏ ဓားချီကို ချေဖျက်လိုက်ပြီးနောက် တန်ပြန်တိုက်ခိုက်ဖို့ လုံလောက်သည့်ချီပင် ကျန်ရှိနေ၏။

နောက်ဘက်ခြမ်းအဆောင်မှ ဖီးနစ်စိမ်းတပ်သားများသည် နောက်ဆုံးမှာ ခြံဝန်းထဲသို့ ရောက်ရှိလာပြီး ကျူးကျော်ဝင်ရောက်လာသူက သူတို့၏ လက်ထောက်တပ်မှူးကို နောက်သို့ထပ်တလဲလဲဆုတ်ရအောင် ဖိအားပေးနေသည်ကို တွေ့မြင်လိုက်ရ၏။ လီစန်ရှင်း၏ လက်ထဲရှိ ကျားဆေဘာကလည်း ကြောက်စရာကောင်းသော စက်ဝန်းတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။

ကျားဆေဘာသည် ရှားရှားပါးပါးလက်နက်တစ်ခုဖြစ်သော်လည်း ၎င်းသည် စိတ်ဝိညာဉ်ပစ္စည်းတစ်ခု မဟုတ်ပေ။ ထိုသို့ဖြင့် ၎င်းသည် သာလွန်အင်အားဒဏ်ကို ခံနိုင်ရည်မရှိဘဲ နောက်ဆုံးမှာ ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ အပိုင်းပိုင်းကြေမွပျက်စီးသွား၏။ လီစန်ရှင်းသည် သူ့လက်ထဲမှာ ဘာမှမကျန်တော့သည့် ဆေဘာလက်ကိုင်ရိုးကို ဆုပ်ကိုင်ပြီး နောက်သို့ခုန်ဆုတ်သွား၏။

ချီရွှမ်းစုက ယိမ်းယိုင်ခြင်းမရှိဘဲ ရှေ့သို့ဆက်တက်လာ၏။ သူသည် လီစန်ရှင်း၏ ရင်ဘတ်ကို ဓားသွားဖြင့် ထိုးညွှန်လိုက်၏။ ဓားချီသည် လျှာတဖျပ်ဖျပ်ထုတ်၍ အခြေအနေကို အကဲခတ်နေသော မြွေတစ်ကောင်ကဲ့သို့ တုံ့ဆိုင်းနေပုံရသည်။ ဓားသွားသည် လီစန်ရှင်း၏ ဝတ်ရုံကို အလယ်ကနေ ထိုးခွဲလိုက်ပြီဖြစ်ပြီး အောက်ဘက်မှာ နွားရိုင်းနဂါးချပ်ဝတ်တန်ဆာက ပေါ်ထွက်လာ၏။

ဤအခိုက်အတန့်မှာ လီစန်ရှင်း၏ အင်္ကျီလက်စထဲကနေ ရစ်ခွေနေသော မြွေစိမ်းငယ်တစ်ကောင်ကဲ့သို့ အစိမ်းရောင်အလင်းတစ်ခုက ဖျတ်ခနဲလက်ပြီး ရန်လိုခက်ထန်စွာဖြင့် ပစ်လွင့်ထွက်ပေါ်လာ၏။

တိုက်ခိုက်မှုတစ်လျှောက်လုံး လုံးဝမဖြုံခဲ့သော ချီရွှမ်းစုသည် နောက်ဆုံးဤအခိုက်အတန့်မှာ ပျာပျာသလဲဖြစ်သွား၏။ သူသည် ဘေးဘက်သို့ ရှောင်တိမ်းလိုက်သော်လည်း ထက်ရှသော အစိမ်းရောင်ပစ္စည်းသည် သူ၏ ရင်ဘတ်မှာ ဟက်တက်ကွဲပြတ်ရှရာတစ်ခုကို ကျန်ရစ်ခဲ့စေ၏။ သူ၏ ဒဏ်ရာကနေ သွေးများက စတင်၍ စီးကျလာ၏။

ထိုအခိုက်အတန့်မှာ သူသည် သေဘေးကနေ ပွတ်ကာသီကာ လွတ်မြောက်ခဲ့သည်ကို ချီရွှမ်းစုက သတိထားမိလိုက်သည်။

အစိမ်းရောင်အလင်းက တဖျတ်ဖျတ်လက်ပြီးနောက် ချီရွှမ်းစုရှိရာသို့ နောက်တစ်ဖန်ပစ်ဝင်လာ၏။

ဤတစ်ခေါက်မှာတော့ ချီရွှမ်းစုက ပြင်ဆင်ထားပြီဖြစ်သည်။ သူသည် တိုက်ခိုက်မှုကို သူ၏ ဆေဘာဖြင့် အသည်းအသန်ပိတ်ဆို့တားဆီးပြီး အစိမ်းရောင်အလင်းကို ခတ်ထုတ်လိုက်၏။

ဤရိုက်ခတ်မှုကနေ အစိမ်းရောင်အလင်းဖြာထွက်နေသည့် ပစ္စည်း၏ အစစ်အမှန်ပုံသဏ္ဍာန်က နောက်ဆုံးမှာပေါ်ထွက်လာသည်။

၎င်းသည် မြစိမ်းရောင်ဓားငယ်တစ်လက်ဖြစ်ပြီး လေထဲမှာ လွင့်မျောနေ၏။

ဓားငယ်သည် သုံးလက်မသာသာရှည်ပြီး ဗြက်က တစ်လက်မထက် ပိုမရှိပေ။ ၎င်း၏ ဓားသွားပတ်လည်မှာ အစိမ်းရောင်ဓားချီတစ်ခု ရစ်သိုင်းနေသည်။

ချီရွှမ်းစု၏ အမူအရာက ရုတ်တရက်တည်တံ့သွားသည်။

၎င်းက ဓားပျံတစ်လက်ဖြစ်လေသည်။

All Chapters