မှတ်စုများ
Vol. 1 Ch. 10.1
ဤဇာတ်လမ်းမှာ အဖွဲ့အစည်းများ များလွန်းသောကြောင့် စာဖတ်သူများ အလွယ်တကူ စစ်ဆေးကြည့်ရှုနိုင်ရန် ကျင့်ကြံမှုအဆင့်များနှင့် အဖွဲ့အစည်းများ၏ သဘောသဘာဝကို ခြုံငုံ၍ အနှစ်ချုပ်တစ်ခု ထုတ်ပေးလိုက်ပါသည်။
ကျင့်ကြံမှုအဆင့်များနှင့် စွမ်းရည်များ နှိုင်းယှဉ်ချက်
ဟောက်ထျန် (သာမန်နှင့် ပေါင်တန်) အဆင့် - အဓိကစွမ်းရည်မှာ ခန္ဓာကိုယ် သံမဏိပမာ ကျစ်လစ်ခြင်း၊ သာမန်လက်နက် မတိုးခြင်းနှင့် ချီကို ထုတ်လွှတ်နိုင်ခြင်း မရှိခြင်းတို့ ဖြစ်သည်။ ဥပမာ - ကျိုးဖေးလုံ
ရှန်းထျန် (ခွန်လွင်) အဆင့် - အဓိကစွမ်းရည်များမှာ အိပ်မက်နယ်ပယ် ဝင်ရောက်ခြင်း၊ မြေဖတ်ခြင်းနှင့် ဓားပျံ ထိန်းချုပ်ခြင်းတို့ ဖြစ်သည်။ ဥပမာ - ဇာတ်လိုက် ချီရွှမ်းစု၊ လီစန်ရှင်း
ရှန်းထျန် (ကွေ့ကျန်း) အဆင့် - အဓိကစွမ်းရည်များမှာ အမှန်တရားသို့ ပြန်လည်ရောက်ရှိခြင်းနှင့် အဆင့်မြင့် ချီထိန်းချုပ်မှုတို့ ဖြစ်သည်။ ဥပမာ - ကျန်းပျဲယွင်
ရှန်းထျန် (ယွီရှု) အဆင့် - အလွန်မြင့်မားသော စွမ်းအားရှိပြီး ရှန်းထျန်နယ်ပယ်၏ အထွတ်အထိပ် ဖြစ်သည်။
ကောင်းကင်ဘုံ (အင်မော်တယ်) အဆင့် - အဓိကစွမ်းရည်များမှာ ပျံသန်းခြင်း၊ နဂါးစီးခြင်းနှင့် ထာဝရရှင်သန်ခြင်းတို့ ဖြစ်သည်။ ဤသူများက ရှေးဟောင်းဒဏ္ဍာရီလာ ပုဂ္ဂိုလ်များ ဖြစ်သည်။
တာအိုဂိုဏ်းတော်ကြီး၏ ဖွဲ့စည်းပုံနှင့် အာဏာစက်
မဟာရွှမ်မင်းဆက်နိုင်ငံတွင် တာအိုဂိုဏ်းတော်သည် ဘာသာရေး အဖွဲ့အစည်းသက်သက် မဟုတ်ဘဲ နိုင်ငံတော်၏ ကျောရိုးမဏ္ဍိုင်ကြီး တစ်ခုဖြစ်သည်။ ဂိုဏ်းတော်သည် အင်ပါယာနန်းတော်နှင့် အာဏာကို ခွဲဝေကျင့်သုံးပြီး နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးတို့တွင် နက်ရှိုင်းစွာ ပါဝင်ပတ်သက်နေသည်။
အုပ်ချုပ်မှု ဖွဲ့စည်းပုံ
တာအိုဂိုဏ်းတော်၏ ဖွဲ့စည်းပုံသည် အလွန်စနစ်ကျပြီး အဆင့်ဆင့် ကွပ်ကဲမှုစနစ်ရှိသည်။
မဟာအကြီးအကဲ
ဂိုဏ်းတော်တစ်ခုလုံး၏ အမြင့်ဆုံး အဓိပတိ ဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် ဆဋ္ဌမမျိုးဆက် မဟာအကြီးအကဲ ကောင်းကင်ဘုံသို့ တက်လှမ်းသွားပြီးနောက် ဤနေရာသည် လစ်လပ်နေသည်။ ဤလစ်လပ်မှုသည် ဂိုဏ်းအသီးသီးကြား အာဏာလုပွဲများကို ဖြစ်ပေါ်စေသည်။
လက်ထောက် မဟာအကြီးအကဲများ
မဟာအကြီးအကဲ နေရာလစ်လပ်နေချိန်တွင် ဂိုဏ်းကြီး (၃) ခုမှ ခေါင်းဆောင်များက လက်ထောက် မဟာအကြီးအကဲများအဖြစ် တာဝန်ယူကာ အာဏာကို ခွဲဝေအုပ်ချုပ်လျက်ရှိသည်။
ဂိုဏ်းကြီး (၃) ခုတာအိုဂိုဏ်းတော်ကို အဓိက မဏ္ဍိုင်ကြီး သုံးခုဖြင့် ဖွဲ့စည်းထားသည်။ ၎င်းတို့သည် ယုံကြည်မှုနှင့် ကျင့်စဉ်များ ကွဲပြားကြသည်။
၁. ကျန်းယီဂိုဏ်း
ဝိသေသ: စည်းကမ်း အသင့်အတင့် လျော့ရဲသည်။ ဂိုဏ်းသားများသည် အသားငါး စားခွင့်ရှိသလို၊ အိမ်ထောင်ပြုခွင့်လည်း ရှိသည်။ သူတို့သည် မိမိတို့၏ မူလနာမည်ရင်းကို ဆက်လက် အသုံးပြုကြသည်။
အထွတ်အမြတ်နယ်မြေ: တာ့ကျန်းစံအိမ်
ကျွမ်းကျင်မှု: ဂမ္ဘီရဝိဇ္ဇာပညာ၊ မန္တန်များနှင့် မနောဆက်သွယ်ခြင်းများကို အဓိကထားလေ့ရှိသည်။ ဖုန်ထိုက်ခရိုင်သို့ ရောက်လာသော "အိပ်မက်နယ်ပယ်" မှ လူအိုကြီးသည် ဤဂိုဏ်းမှ ဖြစ်သည် ။
၂. ချွမ်ကျန်းဂိုဏ်း
ဝိသေသ: ရှေးရိုးစွဲ အကြီးဆုံးနှင့် စည်းကမ်းအကြီးဆုံး ဂိုဏ်းဖြစ်သည်။ သက်သတ်လွတ် စားသုံးရပြီး အိမ်ထောင်ပြုခွင့် မရှိပေ (ခြွင်းချက်အနည်းငယ် ရှိနိုင်သည်)။ ဂိုဏ်းသားအများစုသည် လောကီနာမည်ကို စွန့်ပယ်ပြီး တာအိုဘွဲ့နာမည် ခံယူကြသည်။
အထွတ်အမြတ်နယ်မြေ: ထာဝရချုံးယန်နန်းတော်။
ကျွမ်းကျင်မှု: အတွင်းစိတ် ငြိမ်းချမ်းမှု၊ တရားထိုင်ခြင်းနှင့် ကိုယ်ကျင့်တရား စင်ကြယ်မှုကို ဦးစားပေးသည်။
၃. ထိုက်ဖျင်ဂိုဏ်း (Taiping Sect - Great Peace)
ဝိသေသ: လောကီရေးရာနှင့် အနီးစပ်ဆုံး ဂိုဏ်းဖြစ်သည်။ ကန့်သတ်ချက် နည်းပါးသည်။ စီးပွားရေးနှင့် နိုင်ငံရေးတွင် ဝင်ရောက်ပတ်သက်မှု များပြားသည်။ ဇာတ်လမ်းတွင်းမှ အဓိက ဇာတ်ကောင်များစွာသည် ဤဂိုဏ်းနှင့် ဆက်နွယ်နေသည်။
အထွတ်အမြတ်နယ်မြေ: ကျန်းကျင်ပရဝဏ်၊ ဖန်းလိုင်ကျွန်း။
ဩဇာကြီးမားသော မိသားစုကြီး (၃) ခု: ထိုက်ဖျင်ဂိုဏ်းကို မိသားစုကြီး သုံးခုက လွှမ်းမိုးထားသည်။
လီ မျိုးနွယ်စု : အင်အားအကြီးဆုံး ဖြစ်ပြီး လက်ရှိ ထိုက်ဖျင်ဂိုဏ်းခေါင်းဆောင်မှာ လီမိသားစုဝင် ဖြစ်သည်။ (ဥပမာ - လီစန်ရှင်း၊ လီဟုန်ဝမ် တို့သည် ဤမျိုးနွယ်စုနှင့် ဆက်နွယ်နိုင်သည်)။
ရှန် မျိုးနွယ်စု : ဒုတိယ အင်အားအကြီးဆုံး။
လု မျိုးနွယ်စု : တတိယ အင်အားအကြီးဆုံး။ ချီရွှမ်းစု ရရှိလိုက်သော "မြွေစိမ်း" ဓားပျံသည် လုမျိုးနွယ်စု၏ လက်ရာဖြစ်သည်။
တာအိုဆရာ ရာထူးအဆင့်ဆင့်
•အဆင့် ၁ ရာထူးရှိသူများကို ဂိုဏ်းချုပ်အကြီးအကဲများဟု ခေါ်ဆိုပြီး ဂိုဏ်းတော်၏ အထွတ်အထိပ် ခေါင်းဆောင်ပိုင်းများ ဖြစ်ကြသည်။
•အဆင့် ၂ ရာထူးရှိသူများကို ထိုက်ယီ တာအိုအကြီးအကဲ (သို့မဟုတ်) သူတော်စင်ဟု ခေါ်ဆိုပြီး အလွန်မြင့်မြတ်သော အဆင့်ဖြစ်သည်။ ဥပမာ - သူတော်စင်တန်ဟွား
•အဆင့် ၃ ရာထူးရှိသူများကို အကြီးအကဲဟု ခေါ်ဆိုပြီး ဒေသကြီးများကို ကွပ်ကဲသော ခေါင်းဆောင်များ ဖြစ်ကြသည်။
•အဆင့် ၄ ရာထူးရှိသူများကို တာအိုအကြီးအကဲဟု ခေါ်ဆိုပြီး တပည့်လက်ခံသင်ကြားခွင့်ရှိသော ဆရာသခင်အဆင့် ဖြစ်သည်။ ဥပမာ - ကျန်းပျဲယွင်
•အဆင့် ၅ နှင့် ၆ ရာထူးရှိသူများကို အလယ်အလတ် အရာရှိများဟု ခေါ်ဆိုပြီး မြို့နယ်အဆင့် တာဝန်ခံများ ဖြစ်ကြသည်။
•အဆင့် ၇ ရာထူးရှိသူများကို တာအိုဆရာဟု ခေါ်ဆိုပြီး လက်တွေ့ကွင်းဆင်း လှုပ်ရှားသူများ ဖြစ်ကြသည်။ ဇာတ်လိုက် ချီရွှမ်းစု သည် ဤအဆင့်တွင် ရှိသည်။
•အဆင့် ၈ နှင့် ၉ ရာထူးရှိသူများမှာ တပည့်များဖြစ်ပြီး အခြေခံအဆင့် လေ့လာသင်ယူဆဲသူများ ဖြစ်ကြသည်။
ဖီးနစ်စိမ်းတပ်ဖွဲ့
ဖီးနစ်စိမ်းတပ်ဖွဲ့သည် နှစ်ပေါင်း (၄၀၀) ကျော် သက်တမ်းရှိပြီး မင်းဆက်နှစ်ဆက်တိုင် တည်တံ့ခဲ့သော အဖွဲ့ဖြစ်သည်။ သူတို့သည် ဧကရာဇ်၏ မျက်စိနှင့် နားများဖြစ်ပြီး၊ ရုံးတော်မှ အငြိမ်းစားမပေးမချင်း တာဝန်ထမ်းဆောင်ရသော တစ်သက်တာ အဖွဲ့အစည်းဖြစ်သည်။ သူတို့၏ နာမည်ကြားရုံဖြင့် အရာရှိများနှင့် လူချမ်းသာများ တုန်လှုပ်ကြသည် ။
ရာထူးအဆင့်ဆင့်
•စစ်သေနာပတိ : တပ်ဖွဲ့တစ်ခုလုံး၏ အကြီးကဲ
•ကြားမှာ တခြားအဆင့်များ ရှိသေးသည်။
•လက်ထောက်စစ်ကဲ : ပကတိ အဆင့်-၅။ တစ်နိုင်ငံလုံးတွင် အယောက် ၂၀ ခန့်သာ ရှိသော အဆင့်မြင့် အရာရှိကြီးများ ဖြစ်သည် ။
•တပ်မှူး : ပကတိ အဆင့်-၆။
•လက်ထောက်တပ်မှူး : ကနဦး အဆင့်-၆။ မြို့နယ်တစ်ခုတွင် ဩဇာအကြီးဆုံး ပုဂ္ဂိုလ်များ ဖြစ်သည်။ (ဥပမာ - ကျိုးဖေးလုံ နှင့် လီစန်ရှင်း) ။
•သွေးသောက်ခေါင်းဆောင် : ပကတိ အဆင့်-၇။
•အကြပ်ခေါင်းဆောင် : ကနဦး အဆင့်-၇။ (ချီရွှမ်းစုနှင့် တည်းခိုခန်းတွင် တိုက်ခိုက်ခဲ့သူ)
•သာမန် တပ်သားများ: အောက်ခြေအဆင့်။
ဖီးနစ်စိမ်းတပ်ဖွဲ့၏ လက်နက်နှင့် ချပ်ဝတ်တန်ဆာ
ကျားဆေဘာ - သွေးသောက်ခေါင်းဆောင်နှင့် အထက် အဆင့်ရှိသူများ အသုံးပြုပြီး (၃) ပေ ရှည်ကာ (၁၁) ပေါင် လေးသည်။ အလွန်ထက်ရှပြီး အဆင့်တန်းကို ပြသသည်။
သိုးဆေဘာ - သာမန်တပ်သားနှင့် အကြပ်များ အသုံးပြုပြီး ကျားဆေဘာလောက် အရည်အသွေးမမီသော်လည်း စံချိန်မီ လက်နက်ဖြစ်သည်။
နွားရိုင်းနဂါးချပ်ဝတ် - လက်ထောက်တပ်မှူးနှင့် အထက် အဆင့်ရှိသူများ ဝတ်ဆင်ပြီး အကြေးခွံ ၃၆၀ ဖြင့် ပြုလုပ်ထားသည်။ "ချီ" စွမ်းအင်၏ ရိုက်ခတ်မှုကို ခုခံကာကွယ်နိုင်သည်။
ရှဉ့်ပျံချပ်ဝတ် - သာမန်တပ်သားများ ဝတ်ဆင်ပြီး ပေါ့ပါးသွက်လက်စေသော်လည်း ပညာရှင်များ၏ ဓားချက်ကို မခံနိုင်ပေ။
ကျီးညိုဒူးလေး - အားလုံး အသုံးပြုနိုင်ပြီး အင်ပါယာနန်းတော်မှ ထုတ်လုပ်သော သေစေနိုင်စွမ်းအားမြင့်မားသည့် လက်နက်ဖြစ်သည်။ မြားခေါင်းတွင် မျှော့ကြောင်းနှင့် ဆူးထစ်ပါ၏။