← Chapters

ရှေးဟောင်းနယ်ပယ်၏ တံခါးတော်မြတ် လာနေပြီ

Vol. 91 Ch. 1268

ရှေးဟောင်းနယ်ပယ်၏ တံခါးတော်မြတ် လာနေပြီ

Vol. 91 Ch. 1268

အဋ္ဌမသွေးဆက်ခေါင်းဆောင်ကြီး အရှုံးပေးလိုက်သော အခိုက်အတန့်မှာပင် မန်ဟိုနှင့် ဆုံခဲ့ဖူးသော နဝမသွေးဆက်ခေါင်းဆောင်ကြီးက ရုတ်တရက် မာန်သွင်းဟိန်းဟောက်ရင်း သူ၏လက်နှစ်ဖက်လုံးအား လေပေါ်မြှောက်၍ လက်ခုပ်တီးလိုက်သည်။

“မှန်ကြေးမုံလူသတ်ပွဲ” သူက အော်ဟစ်သည်။ ချက်ချင်းဆိုသလို မန်ဟို့ခြေထောက်အောက်ရှိ ကြယ်တာရာကောင်းကင်တွင် ရေလှိုင်းများထလာသကဲ့သို့ အတွန့်များ ပြေးသွား၏။ အံ့ဩဖွယ်ကောင်းစွာနှင့် သူ့အောက်ရှိ ဧရိယာသည် မန်ဟိုအပါအဝင် တိုက်ခိုက်နေသူတိုင်းကို ရောင်ပြန်ထင်ဟပ်နေသော ဧရာမမှန်ချပ်ကြီးဖြစ်လာသည်။

“ဟင်” မန်ဟိုက ရေရွတ်လိုက်သည်။ သူသည် တာအိုနယ်ပယ်ပညာရှင်များနှင့် ကြိမ်ဖန်မနည်း တိုက်ခိုက်ခဲ့ဖူးသော်လည်း ယခုလို ကြေးမုံအသွင်အနှစ်သာရမျိုးအား ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။ သူက ကြေးမုံထက်ရှိ သူ၏ပုံရိပ်ကို ငုံကြည့်လိုက်ရာ ထိုပုံရိပ်လည်း သူ့လို ငုံ့ကြည့်နေလေသည်။ အကြည့်ချင်းဆုံသွားသောအခါ မန်ဟိုသည် သူ့ကိုယ်ထဲ၌ သရဲအပူးခံလိုက်သလိုမျိုး စွမ်းအားတစ်ရပ်ကို ရုတ်တရက် ခံစားလိုက်ရလေသည်။

တစ်ချိန်တည်းမှာပင် သတ်ဖြတ်ခြင်းအနှစ်သာရ ရှိနေသည့် သွေးရောင်အလင်းက သူ့အနား ချဉ်းကပ်လာနေသည်။ အလင်းသည် မန်ဟို့အား ပိုင်းချလိုက်သော သွေးဓားတစ်လက် ဖြစ်လာ၏။ မန်ဟို့ညာလက်က မုဒြာလက်ကွက်တစ်ကွက် ဖော်ကာ တောင်တန်းများ ကျဆင်းလာစေပြီး သွေးဓားအား ခုခံလိုက်သည်။ သို့သော် သွေးဓားသည် တောင်များကို ပိုင်းဖြတ်၍ တခဏကြာသော် မန်ဟို့အား ပိုင်းချလိုက်လေပြီ။

မန်ဟိုက သူ့လက်ပေါ်ရှိ ဒဏ်ရာနှင့် စီးကျလာသော သွေးများကို ငုံ့ကြည့်လိုက်သည်။ ကြည့်ရခြင်းအားဖြင့် သူ၏ထာဝရအလွှာပင် ဒဏ်ရာကို မကုစားပေးနိုင်ပုံပင်။

“သတ်ဖြတ်ခြင်းအနှစ်သာရ....” သူက  မထူးခြားသလို တွေးလိုက်သည်။ ထို့နောက် တစ်ချက်လေးပင် တွန့်ဆုတ်မနေဘဲ ချာခနဲ လှည့်ကာ သူ၏အောက်သို့ လက်ညှိုးထိုးလိုက်သည်။

သူ့ထံ ပြေးဝင်လာနေခဲ့သော အစိမ်းရောင်မိုးကြိုးတန်းတစ်ထောင်ကျော်ကား တုံ့ခနဲ ရပ်သွားရလေသည်။

သို့သော် ရှေးဆန်သောအသံတစ်သံ ပဲ့တင်ထပ်လာသည်။

“ပေါက်ကွဲစမ်း”

ဘုန်းးးးးးးးးးးးးးးးးးး

တစ်ချိန်တည်းမှာပင် ကြေးမုံထဲရှိ အစိမ်းရောင်မိုးကြိုးတန်းတစ်ထောင်ကျော်လည်း ပေါက်ကွဲသွားသည်။ ကြေးမုံကား ဒဏ်ရာများကို နှစ်ဆပိုပြင်းထန်သွားစေသည့် မှော်ဓာတ်တစ်မျိုး ဖြစ်သယောင်ပင်။ မန်ဟိုမှာ ပေါက်ကွဲမှုများဖြင့် ဝန်းရံခံလိုက်ရသည်။

တိုက်ခိုက်နေဆဲဖြစ်သော ခေါင်းဆောင်ကြီးသုံးဦးသည် မန်ဟို၏စွမ်းအားအခင်းအကျင်းကြောင့် လုံးလုံးလျားလျား တုန်လှုပ်နေလျက် မန်ဟို့အား လေးနက်စွာ ကြည့်နေကြ၏။

အဘိုးကြီးသုံးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး တစ်ယောက်က ပြောသည်။ “အဲဒါက သူ့ကို မသတ်နိုင်ရင်တောင်မှ အနည်းဆုံး သူ့ကို ဒဏ်ရာအပြင်းအထန် ရစေလိမ့်မယ်..”

သို့သော် မန်ဟို၏အေးစက်စက်အသံက အစိမ်းရောင်မိုးကြိုးအတွင်းမှ ဟိန်းထွက်လာသဖြင့် သူတို့အားလုံး မျက်စိမျက်နှာပျက်သွားတော့သည်။ “ကဲ စိတ်ဝင်စားစရာမကောင်းဘူးလား”

လူရိပ်တစ်ခုသည် နဝမသွေးဆက်ခေါင်းဆောင်ကြီးထံသို့ ဖျတ်ခနဲ ရွေ့လျားသွား၏။ အဘိုးကြီး၏ မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူက လျှာထိပ်ကို ကိုက်ကာ သွေးတချို့ ထွေးလိုက်သည်။

“ဒုတိယကြေးမုံ” သူက အော်သည်။ နောက်ထပ်ကြေးမုံကြီးတစ်ချပ်သည် မန်ဟို့လမ်းကြောင်းတည့်တည့်ရှိ အာကာသထဲတွင် ပေါ်လာ၏။ နဝမသွေးဆက်ခေါင်းဆောင်ကြီး ထိုဒုတိယကြေးမုံထဲ ဝင်လိုက်သောအခါ ပထမကြေးမုံ၏တည်နေရာမှ ပြန်ထွက်လာလေသည်။

သူ ထိုသို့ လုပ်လိုက်စဉ် ကျန်ခေါင်းဆောင်ကြီးနှစ်ယောက်က တိုက်ကွက်များကို ပြိုင်တူပစ်လွှတ်လိုက်ကြသည်။ သွေးဓားသည် သွေးပင်လယ်အသွင် ပြောင်းသွားပြီး အစိမ်းရောင်မိုးကြိုးက မန်ဟို့ထံ ပြေးဝင်သွားသည့် လျှပ်စီးသံကြိုးများ ဖြစ်လာသည်။

“တတိယကြေးမုံ”

“စတုတ္ထကြေးမုံ” နဝမသွေးဆက်ခေါင်းဆောင်ကြီး ဟိန်းဟောက်နေစဉ် သူ၏မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စီးကျလာသည်။ ကြေးမုံးလေးချပ်မှာ သူ တတ်နိုင်သည့် နောက်ဆုံးအတိုင်းအတာဖြစ်ပြီး သူ ၎င်းတို့ကို ထုတ်ဖော်လိုက်သည်နှင့် ပို၍များပြားသောတိုက်ကွက်များက ၎င်းတို့ထံမှ တဟုန်ထိုး ထွက်သွားကြသည်။

ဤကြေးမုံများပေါ်ပေါက်လာခြင်းက မန်ဟို့ကို ပစ်မှတ်ထားနေသော တာအိုမှော်သိုင်းကွက်များ၏ ပြင်းအားကို ကြောက်ခမန်းလိလိ မြင့်တက်သွားစေသည်။ အဆုံးမဲ့သွေးပင်လယ်တစ်စင်းနှင့် အဆုံးမဲ့အစိမ်းရောင်သံကြိုးများသည် ကြယ်တာရာကောင်းကင်ကို ဖြတ်ရင်း မန်ဟို့ထံ လာနေကြလေပြီ။

အောက်ရှိ မန်မျိုးနွယ်ဘိုးဘေးစံအိမ်ထဲတွင် မျိုးနွယ်ဝင်အားလုံးသည် စိတ်လှုပ်ရှားစွာ ကြည့်နေကြ၏။ ဘွားဘွားမန်၏မျက်ဝန်းများမှာတော့ စိုးရိမ်ပူပန်နေမှုတို့ အထင်းသား ပေါ်လွင်နေသည်။

ကျန်မန်မျိုးနွယ်ဝင်အားလုံး အလွန်စိတ်လှုပ်ရှားလာကြသည့်အချိန်မှာပင် မန်ဟို၏ကိုယ်အတွင်းမှ ဂျိန်းခနဲမြည်သံကြီး ပဲ့တင်ထပ်လာသည်။

“မိုက်ချက်ပဲ။ ခင်ဗျားတို့သုံးယောက်ရဲ့ တာအိုမှော်သိုင်းကွက်တွေက ဘယ်လောက်အသုံးဝင်လိုက်သလဲ ကြည့်စမ်း” သူကား အလွန်တက်ကြွနေသံပေါက်သည်။ ရုတ်တရက် သူသည် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို စတင်ထုတ်လွှတ်လိုက်၏။

အံ့အားသင့်ဖွယ်ကောင်းသည်ကား ... တိုက်ပွဲတွင် သူ၏ကျင့်ကြံခြင်းအခြေခံအား မသုံးရသေးခြင်းဖြစ်သည်။ သူသည် သူ၏အပြင်အားကိုယ်ခွန်အားတစ်ခုတည်းကိုသာ အားကိုးခဲ့၏။ သို့သော် ယခုတော့ လောကပါလတာအိုအင်မော်တယ်တန်ခိုးကို ဆင့်ခေါ်နေလေပြီ။ သူ၏စွမ်းအားသည် သွေးပင်လယ်ကို အငွေ့ပျံ၍ သံကြိုးများကို ကြေမွသွားစေရင်း တဟုန်ထိုး မြင့်တက်နေသည်။

တစ်ချိန်တည်းမှာပင် လောကပါလတာအိုအင်မော်တယ်တန်ခိုးကို ဆင့်ခေါ်လိုက်မှုက မန်ဟို့အား ရှေးဟောင်းနယ်ပယ်တံခါးတော်မြတ် လာနေသည်ကို ခံစားလိုက်ရစေသည်။ မည်သူမှ ၎င်းကို မခံစားရသော်လည်း သူကတော့ ဘာဖြစ်နေလဲ ကောင်းမွန်စွာ နားလည်လေသည်။

ရှေးဟောင်းနယ်ပယ်တံခါးကား ရောက်လာပေတော့မည်။ သူ့အနေဖြင့် ၎င်းကို ခေါ်စရာပင် မလို။ ၎င်းသည် အချိန်မရွေး ၎င်းသဘောဆန္ဒအလျောက် သက်ဆင်းလာနိုင်၏။

မန်ဟိုသည် အေးအေးလူလူပင် ရှေ့သို့ လျှောက်သွားရင် သူ့လက်ချောင်းကို လှုပ်ရှားကာ သူ၏လောကပါလအင်မော်တယ်တန်ခိုးအား ပေါ်ထွက်လာစေပြီး စတုတ္ထနိဗ္ဗာနသစ်သီးအား သူ့ကိုယ်ထဲတွင် လည်ပတ်လာစေသည်။ လက်ချောင်းလေးတစ်ချောင်း၏ အဝှေ့ကား တောင်ပင်လယ်လောကကို ခြေမွပစ်နိုင်သယောင်ပင်။ ၎င်း ကြေးမုံအပေါ် ကျရောက်သွားသည့်အခါ အက်ကွဲသံများ ဆူညံသွားပြီး အက်ရာများ ၎င်း၏မျက်နှာပြင်တစ်လျှောက် မွစာကြဲသွား၏။ ထို့နောက် ၎င်းကား ကြေမွသွားတော့သည်။

ပထမကြေးမုံကွဲသွားလျှင် နဝမသွေးဆက်ခေါင်းဆောင်ကြီးက သွေးတစ်ပွက်အန်လိုက်ရသည်။ ထို့နောက် မန်ဟိုသည် သူ၏လက်ချောင်းကို ထပ်မံလှုပ်ရှားကာ ဒုတိယကြေးမုံအား ကွဲသွားစေပြန်၏။

ထို့နောက် သူ့လက်ချောင်းကို လှုပ်ရှားပြန်သည်။ တတိယအကြိမ်၊ စတုတ္ထအကြိမ်။

တတိယနှင့် စတုတ္ထကြေးမုံများသည် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွား၏။ နဝမသွေးဆက်ခေါင်းဆောင်ကြီးမှာ သွေးတပွက်ပွက်အန်၍ ပိန်ချုံးသွားလေသည်။ သူတို့နှစ်ယောက် ပထမဆုံးဆုံခဲ့တုန်းက ဤလူသည် မောက်မာတင်စီးစွာ ပြုမူခဲ့သော်လည်း ယခုတော့ တဆတ်ဆတ်တုန်နေပြီး ခေါင်းနပန်းကြီးစွာဖြင့် ကမန်းကတန်း အော်လိုက်၏။ “အရှုံးပေးတယ်”

ထိုစကားလေးလုံး သူ၏ပါးစပ်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် သူ့အရှေ့ မီတာသုံးလေးမီတာကွာတော့သည့် အာကာသမှာ တုန်ခါသွားလေသည်။ ထိုဧရိယာသည် ဖျက်စီးခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်နေပြီး သူသာ အရှံးပေးနောက်ကျခဲ့လျှင် ထိုဖျက်စီးခြင်းလှိုင်းက သူ့ထံ ရောက်လာခဲ့မည်ဖြစ်ကြောင်း နဝမသွေးဆက်ခေါင်းဆောင်ကြီး သိလိုက်၏။

တွေးကြည့်လိုက်ရုံလေးနှင့် သူ့မှာ ဘုရားတမိသွားသည်။

“သူ့အကြည့်။ သူ့အကြည့်လေးကြောင့် ဖြစ်သွားခဲ့တာ... သူ့ကျင့်ကြံအဆင့်က သေချာပေါက် တာအိုဥသျှောင်အဆင့်နဲ့ ညှီမျှလိမ့်မယ်။ ဒါပေမဲ့ ဘာကြောင့် သူ့ကိုယ်ပေါ်မှ အနှစ်သာရများများစားစား ငါ အာရုံမရခဲ့တာပါလိမ့်...”

နဝမသွေးဆက်ခေါင်းဆောင်ကြီး အရှုံးပေးလိုက်သည့်အချိန်တွင် မန်ဟိုက လှည့်၍ သူ့လက်အား သွေးနှင့်သတ်ဖြတ်ခြင်းအနှစ်သာရအရာ၌ ကျွမ်းဝင်သည့် ခေါင်းဆောင်ကြီးထံ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် အကွဲကြောင်းတစ်ကြောင်းပွင့်လာပြီး သွေးမိစ္ဆာကြီး ထွက်လာသဖြင့် ကြယ်တာရာကောင်းကင်မှာ ကွဲထွက်သွား၏။ သွေးမိစ္ဆာကြီးက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်ရာ လူတိုင်းလူတိုင်းမှာ သူတို့ကိုယ်ထဲရှိ သွေးများ အပြင်သို့ တဟုန်ထိုးထွက်သွားတော့မလို ခံစားလိုက်ရသည်။ ထို့နောက် သွေးမိစ္ဆာကြီးက ရက်စက်ခက်ထန်မှု၊ သွေးဆာနေမှုတို့ကို ထုတ်လွှတ်ရင်း တာအိုနယ်ပယ်ခေါင်းဆောင်ကြီးထံ ပြေးတက်သွားလေပြီ။

သတ်ဖြတ်ခြင်းအနှစ်သာရခေါင်းဆောင်ကြီး မျက်နှာပျက်သွားသည်။ သို့သော် သူက နောက်ဆုတ်မည့်အစား သွေးမိစ္ဆာကို တိုက်ခိုက်ရန် ပြေးဝင်လာသည်။ မန်ဟိုက အေးစက်စက် နှာမှုတ်ရင်း သွေးမိစ္ဆာကြီး၏အရှေ့တွင် ဘွားခနဲ ပေါ်လာကာ လက်သီးတစ်လုံး ပစ်သွင်းလိုက်၏။

၎င်းက အသက်နုတ်လက်သီးမှတစ်ပါး အခြားမဟုတ်ပေ။

လက်သီးထွက်လာသည့်အခါ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးမှာ မျက်နှာပျက်သွားပြန်သည်။ သူသည် ဆုတ်ခွာချင်သော်လည်း အချိန်မရှိတော့ပေ။ ကြယ်တာရာကောင်းကင်မှာ တသိမ့်သိမ့်လှုပ်ခါသွားပြီး ခေါင်းဆောင်ကြီး၏ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ ထိုအခါမှ သူ့မှာ ထိတ်လန့်နေသော မျက်နှာထားဖြင့် နောက်ဆုတ်နိုင်လိုက်သည်။ သို့သော် သူက လက်မလျှော့သေးဘဲ နောက်ဆုတ်နေရင်းတန်းလန်း လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်ကာ သူ၏သိုလှောင်အိတ်ထဲမှ အေးစိမ့်စိမ့်အခိုးများ ထုတ်လွှတ်နေသော အခေါင်းကိုးခေါင်းအား ထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သွေးရောင်ပန်းပွင့်အပြည့်ဖြင့် အသုဘပန်းကုံးတစ်ကုံးသည် သူ့လက်ထဲတွင် ပေါ်လာ၏။

“မှော်ပစ္စည်းတွေနဲ့ ရုပ်သေးရုပ်ကို သုံးနေတာပေါ့လေ ဟမ်” မန်ဟိုက ထိုလူ့ကို လှမ်းကြည့်ရင်း မေးသည်။

“မှော်ပစ္စည်းမသုံးရဘူးလို့ သတ်မှတ်ထားတဲ့း စည်းကမ်းမရှိခဲ့ဘူး” ခေါင်းဆောင်ကြီးက မျက်လုံးများ သွေးအေးစွာ တောက်ပနေလျက် ပြန်ဖြေသည်။

ဤအခိုက်အတန့်တွင် ခေါင်းဆောင်ကြီးငါးယောက်အနက် အစွမ်းထက်ဆုံး၊ အနှစ်သာရလေးခုနှင့်တစ်ယောက် ပါးစပ်ဟ၍ အစိမ်းရောင်ခက်ရင်းခွတစ်ခုအား ထွေးထုတ်လိုက်သည်။ ချက်ချင်းပင် ကြယ်တာရာကောင်းကင်သည် တုန်ခါလာပြီး မရေမတွက်နိုင်သော အစိမ်းရောင်မိုးကြိုးများသည် သူ့အပေါ်တွင် စုဝေးစပြုလာ၏။ မကြာမီ သူကား အစိမ်းရောင်တောက်လာသည့်အပြင် အစိမ်းရောင်မိုးကြိုးက သူ့အား တကယ့်အစိမ်းရောင်မိုးကြိုးကြီးနှင့် တူနေစေသည်။ သူက ခက်ရင်းခွကို မြှောက်၍ မန်ဟို့ထံ ပြေးတက်လာတော့မည့်အချိန် မန်ဟို့လက်ထဲ၌ လှံရှည်တစ်လက် ဖျတ်ခနဲ ပေါ်လာလေသည်။ လှံသည် နဂါးတစ်ကောင်နှင့်တူပြီး အာကာသအား တုန်ခါလာစေသည်သာမက ကြေမွပင် ကြေမွလာစေသော ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေ၏။ ဤသည်ကား အဖိုးထိုက်ရတနာဖြစ်ကြောင်း ထင်ရှားပေသည်။

ပို၍ပင် တုန်လှုပ်ဖွယ်ကောင်းသည်ကား လှံရှည်ပေါ်လာလျှင်ချင်း သတ်ဖြတ်ခြင်းအနှစ်သာရခေါင်းဆောင်ကြီး၏ လက်ရှိ အသုဘပန်းကုံးက တုန်ရီလာခြင်းပင်။ ထို့နောက် သွေးရောင်ပန်းပွင့်ချပ်များသည် ညိုးနွမ်းခြောက်ကပ်စပြုလာ၏။

အခေါင်းကိုးခေါင်းမှာမူ ဘာသာစကားတစ်ခုခုဖြစ်ဟန်တူသော တဝီဝီအသံများကို ထုတ်လွှတ်နေသည်။ ခေါင်းဆောင်ကြီးမှာ ထိုအသံများကို ကြားသည်နှင့် မျက်နှာပျက်သွား၏။

သို့သော် ဤတင်မပြီးသေး။ အနှစ်သာရလေးခုနီးပါးခေါင်းဆောင်ကြီး ကိုင်ထားသော ခက်ရင်းခွသည် အလွန်တရာအစွမ်းထက်သော ရန်သူတစ်ယောက် ပေါ်လာခဲ့သဖြင့် ကြောက်လန့်နေပုံပေါ်သည်။ ခေါင်းဆောင်ကြီး၏မျက်နှာ ရိပ်ခနဲဖြစ်သွားပြီး ရင်တဒိန်းဒိန်း ခုန်လာတော့သည်။

တခြားရတနာများကို ငြိမ်ကုပ်သွားစေနိုင်သော ဤလှံကား လောဘ ချိတ်ဖွင့်ပေးခဲ့သော လက်နက်မှတစ်ပါး အခြားမဟုတ်ပေ။ လောဘအမြင်အရ အံ့ဖွယ်ရတနာတစ်ပါးဖြစ်လျှင် ၎င်းသည် နယ်နယ်ရရမဖြစ်နိုင်ပေ။

“ခင်ဗျားတို့က မှော်ပစ္စည်းတွေကို သုံးနေမှတော့ ကျုပ်လည်း ကျုပ်ပစ္စည်းထဲက တစ်ခုကို သုံးရမှာပဲလေ မဟုတ်လား” မန်ဟိုက အေးစက်စွာ ပြောသည်။ “ဟော့ဒီလှံကိုလေ ကျုပ် ကံကောင်းပြီး ဆုံတွေ့ခဲ့တဲ့ သဘောထားကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ကျုပ်အတွက် ချိတ်ဖွင့်ပေးခဲ့တာပဲ။ အဲဒီကတည်းက တစ်ခါမှ မသုံးရသေးဘူးဆိုတော့ အပြည့်အဝထိန်းချုပ်နိုင်ပါ့မလား အာမ,မခံနိုင်ဘူး။ ခင်ဗျားတို့နှစ်ယောက် ဆက်တိုက်ချင်တာ သေချာရဲ့လား”

ယခုတွင် အနှစ်သာရလေးခု တာအိုဥသျှောင်ကို တိုက်ခိုက်ဖို့ သူ၏အတိုက်အခိုက်စွမ်းရည်နှင့်တင် လုံလောက်ကြောင်း သူ သေချာသွားလေပြီ။ အနှစ်သာရငါးခုကို တိုက်ခိုက်မလားဆိုသည်ကတော့ သူ မပြောနိုင်သေး။

စကားလုံးများ သူ့ပါးစပ်မှ ထွက်လာသည်နှင့် ကျန်ခေါင်းဆောင်ကြီးနှစ်ယောက်၏မျက်နှာမှာ အရုပ်ဆိုးသွားတော့သည်။ သဘောထားကြီးသောလူတစ်ယောက်နှင့် ဆုံခဲ့သည်ဟု မန်ဟိုပြောသည်ကို သူတို့ လားလားမျှမယုံကြည်ပေ။ အထူးသဖြင့် သူတို့၏ရတနာများကို ရန်သူတော်ကြီးနှင့် တွေ့လိုက်ရသလို ခြောက်သွေ့တုန်ရီသွားစေနိုင်လောက်အောင် လုပ်နိုင်သော ပုဂ္ဂိုလ်မျိုးဆိုလျှင် ပို၍ပင်မယုံပေ။ လူတစ်ယောက်က အခြားတစ်ယောက်အတွက် ထိုကဲ့သို့ရတနာတစ်ပါးကို လိုလိုလားလား သန့်စင်မွမ်းမံပေးသည်ကို မည်သူက ယုံလိမ့်မည်နည်း။ သူတို့မှာ ထိုအကြောင်းတွေးလေလေ၊ မန်ဟိုပြောသည့် သဘောထားကြီးသူဆိုသည့် စကားက အဓိပ္ပါယ်မရှိလေလေ ခံစားနေရတော့သည်။

ထို့အပြင် ထိုမျှသဘောထားကြီးသူများ အမှန်တကယ် တည်ရှိလျှင် သူတို့၏တစ်သက်လုံးတွင် တစ်ယောက်လေးကိုတောင် မဆုံတွေ့ခဲ့ရသနည်း .....

သူတို့အမြင်တွင်တော့ မန်ဟိုက တမင်သက်သက် ဆင်ခြေပေးနေသလို ဖြစ်နေသည်။ ထိုဆင်ခြေက တိုက်ပွဲကို ဗန်းပြ၍ သူတို့ကို သတ်ပစ်မည့် .... ဆင်ခြေပင်။

“အရှုံးပေးတယ်” သတ်ဖြတ်ခြင်းအနှစ်သာရပိုင်ရှင် ခေါင်းဆောင်ကြီးက ပြောသည်။ သူသည် အံတင်းတင်းကြိတ်ရင်း လက်ကို ဝှေ့ယမ်းကာ ခေါင်းတလားများနှင့် အသုဘပန်းကုံးအား ပျောက်ကွယ်သွားစေ၏။

အနှစ်သာရလေးခုနီးပါး ခေါင်းဆောင်ကြီးက ခါးသီးစွာ ရယ်လိုက်သည်။ အစိမ်းရောင်အလင်းသည် မှေးမှိန်ပျောက်ကွယ်သွားပြီး သူက သူ၏ခက်ရင်းခွကြီးကို သိမ်းလိုက်၏။ ထို့နောက် လက်ယှက်ကာ အရိုအသေပေးသည်။

“ငါလည်း အရှုံးပေးပါတယ်” သူက အပြုံးတစ်ခုဖြင့် မန်ဟို့အား ကြည့်သည်။ "ငါတို့က တစ်မျိုးနွယ်တည်းတွေမဟုတ်လား။ တစ်ယောက်နဲ့တစ်ယောက် မသေမချင်း တိုက်ခိုက်စရာမလိုပါဘူး။ ဒသမသွေးဆက်ကတော့ ... အင်း သူတို့က မူလသွေးဆက်လို့ ငါ ဝန်ခံပါတယ်။ သူတို့ကို ထောက်ပံ့ပေးမယ်လို့လည်း ကတိပေးတယ်။ ဘယ်လိုလဲ မိတ်ဆွေလေး။ ဒီကိစ္စတွေကို ဒီမှာ ရပ်လိုက်ဖို့ သဘောတူလား”

မန်ဟိုက ပြန်မဖြေ။ မျှော်လင့်နေသောမျက်ဝန်းများဖြင့် ကြယ်တာရာကောင်းကင်ကို မော့ကြည့်လိုက်သည်။

တစ်ဆက်တည်းမှာပင် တာအိုနယ်ပယ်ခေါင်းဆောင်ကြီးငါးဦးလုံးလည်း တအံ့တဩ မော့ကြည့်လိုက်ကြသည်။

ရှေးဟောင်းနယ်ပယ်၏ တံခါးကား လာနေလေပြီ။

All Chapters