ဖုံးကွယ်ထားသော စည်းမျဉ်းများ
Vol. 47 Ch. 651
ထန်း ထန်း
ဗာဂျရာနယ်ပယ် စစ်သည်တော် တစ်ဒါဇင်ခန့်က သူတို့၏ တိုက်ပွဲဝင် ဆေဘာများကို ဆွဲထုတ်လိုက်ရာ ရောင်ခြည်များ ဖြာထွက်နေသောကြောင့် သူတော်စင် လက်နက်များဆိုတာ သိသာနေ၏။ အပြစ်သားကျွန်းက အမှန်တကယ် ကြွယ်ဝပြီး ထောင်လွှားကာ သူတို့၏သာမာန် စစ်သည်များကတောင် သူတော်စင်လက်နက်များ အသုံးပြုနေ၏။ ထိုအကြောင်းကို တွေးမိသောအခါ ဝင်ကြေးအတွက် ကောင်းကင်ဘုံကျောက်တုံး နှစ်ထောင်က ယုတ္တိရှိလှပြီး သူတို့က သူတော်စင်လက်နက် အသုံးအဆောင်များအတွက် ကောင်းကင်ဘုံကျောက်တုံး ငါးရာဖြင့် လဲလှယ်ပေးနေတာက ယုတ္တိတန်ပေ၏။ အပြစ်သားကျွန်းထဲရှိ မျိုးနွယ်စုများ မည်မျှကြွယ်ဝကြောင်း မှန်းဆနိုင်ပေသည်။
စစ်သည်များအားလုံးက ကျန်းရီနှင့် အဖွဲ့ဝင်နှစ်ဦးဆီသို့ သတ်ဖြတ်ခြင်း အရှိန်အဝါများ မှတ်သားလိုက်သည်။ ဖုန်းလန်နှင့် ရွှေရောင်မျောလွင့်နဂါးက ကောင်းကင်ဧကရာဇ် နယ်ပယ်များ ဖြစ်သော်ငြား သူတို့က စိတ်အနှောက်အယှက်တောင် မဖြစ်ပေ။ ကျန်းရီက ထိုလူများအားလုံးကို သတ်ဖြတ်နိုင်ရန် ယုံကြည်ချက်ရှိသည့်တိုင် နောက်ထပ်မည်သို့ ဆက်လုပ်ရမည်နည်း။ သူကကောင်းကင်ရှောင်တိမ်းခြင်းကို အသုံးပြုပြီး ထွက်ပြေးရမည်လော။ ဤအပြစ်သားကျွန်း၌ ခိုနားရာကို ဆုံးရှုံးသွားခဲ့မည်ဆိုလျှင် မည်သည့်နေရာကို သူသွားနိုင်တော့မည်နည်း။
ရွေးချယ်စရာမရှိဘဲ နာနာခံခံဖြင့် ဧကရီနန်းတော်ကို ထုတ်လျက် အားလုံးကို ကျင့်ကြံတာရပ်တန့်ရန် စာပို့လိုက်သည်။ ပြီးနောက် လူတိုင်းကို တစ်ယောက်ပြီးတစ်ယောက် အပြင်ထုတ်လိုက်၏။
“သခင်လေး”
ကျန်းရှောင်နူက အပြင်ထွက်လာသည်နှင့် သူမ၏ တင့်တယ်သော မျက်ဝန်းများက ကျန်းရီကို ချက်ချင်းကြည့်လိုက်ပြီး ကျန်းရီကသူမလက်ကို ချက်ချင်းဆွဲကိုင်ထားလိုက်ကာ တိတ်တိတ်နေရန် အချက်ပြလိုက်၏။ ချင်ယွီ၊ ဖုန်းလန်နှင့် ရွှေရောင်မျောလွင့်နဂါးတို့က ယွင်ဖေးနှင့် ကျန်သည့်သူများကို ပင်လယ်ထဲသို့ ကျမသွားအောင် ကာပေးထားသည်။ လူတိုင်းက ရှေ့ကိုစိတ်ပူပန်စွာ ကြည့်နေကြပြီး ဘာဖြစ်နေမှန်း နားမလည်ကြပေ။
“စုစုပေါင်းကိုးယောက် မှန်တယ်”
လုဖေးက တစ်ချက်ကြည့်ပြီးနောက် စိတ်ကျေနပ်စွာ ခေါင်းညိတ်ကာ ကောင်းကင်မိုးကြိုးကျွန်းရှိ ကောင်းကင်ဧကရာဇ်ကို ပြောလိုက်သည်။
“လုတိ သူတို့အားလုံးကို မင်းဆီအပ်လိုက်မယ်။ အားလုံးနားထောင်ကြ။ အဖွဲ့ခေါင်းဆောင် လုတိရဲ့စကားကို နားထောင် တစ်နှစ်တာဝန် ထမ်းဆောင်ပေးပြီးရင် ရှန်းစီ မျိုးနွယ်စုထဲမှာ လွတ်လွတ်လပ်လပ် လျှောက်ပိုင်ခွင့်ရှိပြီ။ မျိုးနွယ်စု တံဆိပ်ပြားမရှိဘဲ မျိုးနွယ်စုနားတစ်ဝိုက် လျှောက်နေတဲ့ လူတွေအားလုံး သတ်ဖြတ်ခံရမှာ”
လုဖေးက အလင်းတန်းအဖြစ်ပြောင်းပြီး ပြန်သွားတော့၏။ အဖွဲ့ခေါင်းဆောင် လုတိက ကျန်းရီတို့အဖွဲ့ကို တစ်ချက်ကြည့်ပြီး မလိုသောလေသံဖြင့် ပြောလိုက်သည်။
“အားလုံးဆင်းလာခဲ့”
အဖွဲ့ခေါင်းဆောင် လုတိက ရဲတိုက်ရှေ့ရှိ ရင်ပြင်လေးပေါ်သို့ သက်ဆင်းလိုက်သည်။ ကျန်းရီက လူတိုင်းကို တိတ်တိတ်ဆိတ်ဆိတ် လိုက်ပါရန် မျက်နှာရိပ်မျက်နှာကဲ ပြလိုက်၏။ လူတိုင်းက ဘေးပတ်ဝန်းကျင်ကို ကြည့်မနေဘဲ ကြည့်နေတာ ရပ်လိုက်ပြီး ကောင်းကင်စိတ်အာရုံကို မဖြန့်ကျက်ရဲချေ။
ဖုန်း ဖုန်း ဖုန်း
မိုးကြိုးများက ကျွန်းကို တစ်ချိန်လုံး ထိမှန်နေလေသည်။ သို့သော် ဤနေရာနှင့် အတန်ငယ်ဝေးပြီး မိုင်းထောင်ချီဝေး၏။ ဤနေရာတွင် ရဲတိုက်လေးမှအပ မည်သည့် အဆောက်အဦးမှ မရှိပေ။ တောအုပ်ထဲတွင် ပန်းပွင့်များ အပင်များမရှိ။ အဆုံးမဲ့ မြင်နိုင်ပေ၏။ အဆုံးမဲ့ ဆန့်တန်းနေသော တောင်တန်းဒေသသာ ရှိပေ၏။
“အားလုံးပဲ ဒီမှာရပ်”
ရဲတိုက်ရှေ့ရှိ ရင်ပြင်လေးဆီ ပျံသန်းပြီးနောက် အဖွဲ့ခေါင်းဆောင် လုတိက တစ်ချက်ကြည့်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။ သူ၏လက်ထဲတွင် လှံစွပ်က ရုတ်တရက်ပေါ်လာပြီး သူ၏လက်က အတွင်းအားများဖြင့် ဖြာထွက်လာလေ၏။ ပြီးနောက်သူက စိတ်အနှောက်အယှက် ဖြစ်နေသောလေသံဖြင့် ရှင်းပြလိုက်သည်။
“မင်းတို့အားလုံးက ရှန်းစီ မျိုးနွယ်စုမှာ တစ်နှစ်တာဝန် ထမ်းဆောင်ချင်နေကြတာ။ ဒါကြောင့်မင်းတို့က မျိုးနွယ်စုရဲ့ ကျွန်တွေပဲ။ မျိုးနွယ်စု စည်းမျဉ်းအရ မင်းတို့နဖူးကို ကျွန်အမှတ်အသားနဲ့ အမှတ်အသားပြုရမယ်။ မင်းတို့ရဲ့ တာဝန်ပြီးတာနဲ့ အမှတ်အသားကို ဖယ်လို့ရပြီ။ ပြီးရင်မျိုးနွယ်စုရဲ့ တံဆိပ်ပြားရပြီ။ လူမျိုးစုအတွင်းမှာ မင်းတို့ကြိုက်သလို သွားလို့ရပြီ။ အားလုံးနေလို့လည်းရတယ်။ မဟုတ်ရင် မင်းတို့ခေါင်းတွေကို ဒီခေါင်းဆောင် ဖြတ်လိုက်တာအတွက် ကရုမစိုက်ဘဲ ဖြတ်မိရင် အပြစ်မတင်နဲ့”
အဖွဲ့ခေါင်းဆောင် လုတိက ရှင်းပြပြီးနောက် လှံစွပ်က လင်းထိန်လာပြီး အစိမ်းရောင် အတွင်းအားက ပေါ်ထွက်လာကာ ကျန်းရီ၏နဖူးကို ချိန်ရွယ်နေလေ၏။
“သခင်လေး”
“သခင်လေး”
ဖုန်းလန်နှင့် ကျန်သည့်သူများက ထိတ်လန့်သွားကြသည်။ ကျန်းရှောင်နူသည် အသွင်ပြောင်းလုနီးပါးဖြစ်ပြီး တိုက်ခိုက်ရန် ပြင်လိုက်လေ၏။ ကျန်းရီက တည်ကြည်သော မျက်နှာထားဖြင့် အေးတိအေးစက် အော်လိုက်သည်။
“အားလုံး မလှုပ်နဲ့”
ချီ ချီ
အတွင်းအားက ဖျတ်ခနဲ လှုပ်ရှားသွားပြီး ကျန်းရီ၏နဖူးကို ထိမှန်သွားသည်နှင့် သူကပူသွားသလို ခံစားလိုက်ရပြီး နောက်သို့နှစ်လှမ်း ဆုတ်လိုက်သော်ငြား သွေးမထွက်ပေ။ သူ၏နဖူးပေါ်၌ ကျွန်ဟူသော စကားလုံးက ပေါ်လာ၏။ စကားလုံးက အလွန်ရှင်းလင်းနေပြီး တမူထူးခြားသော အရှိန်အဝါ တည်ရှိမှု ဖြာထွက်နေလျက် ထိုစကားလုံးက ကွဲပြားခြားနားကြောင်း လူတိုင်းကို ခံစားမိစေ၏။
“ကျွန်”
ကျန်းရီက ခါးသက်စွာ ရယ်မောလိုက်မိ၏။ သူ့နဖူးပေါ်တွင် စကားလုံးတစ်လုံး ပိုတိုးလာသည်မှအပ ထူးထူးခြားခြား မရှိကြောင်း သိလိုက်ရသည်။ ဖုန်းလန်နှင့် ကျန်သည့်သူများကို ခေါင်းညိတ်ပြလိုက်၏။ သူတို့က အသံမထွက်ရဲ မလှုပ်ရှားရဲကြချေ။
ဝှစ် ဝှစ် ဝှစ်
လုတိက မြန်မြန်ဆန်ဆန်ပင် အစိမ်းရောင် အတွင်းအားများကို ထုတ်ဖော်လျက် လူတိုင်း၏နဖူးကို ကျွန်ဟူသော စကားလုံးဖြင့် အမှတ်အသားပြုလိုက်သည်။ လူတိုင်းက အင်မတန် အနေခက်နေပြီး အရှက်ကွဲမှုကို ခံစားနေရ၏။ ယာ့ဇီသားရဲနှင့် ရွှေရောင်မျောလွင့်နဂါးတို့က စိတ်ထဲမထားပေ။ သူတို့က ဝိညာဉ်သားရဲနှင့် ကျွန်များဖြစ်နေပြီးသားပင် ဖြစ်သည်။ ယခုအချိန်တွင် ကျွန်ဟူသောစကားလုံး ထပ်တိုးလာခြင်းက ဘာမှကွာဟချက်မရှိပေ။
“ဟုတ်ပြီ”
လုတိက လှံစွပ်ကို သိမ်းလိုက်ပြီးနောက် ရဲတိုက်ထဲသို့ ဝင်သွား၏။ ပြီးနောက်သူက လက်ယမ်းပြကာ ပြောလိုက်သည်။
“လုထုံ ကောင်းကင်မိုးကြိုးမြို့ဆီကို သူတို့ကို ခေါ်သွားပြီး စည်းမျဉ်းတွေအကြောင်း ပြောပြလိုက်”
လူငယ်တစ်ယောက်က လျှောက်လာ၏။ သူသည် ဗာဂျရာနယ်ပယ် တတိယအဆင့်တွင် ရှိသေးတာ ဖြစ်နိုင်၏။ သို့သော်သူက လူတိုင်းကို မောက်မာထောင်လွှားစွာ ကြည့်နေသည်။ ဖုန်းလန်နှင့် ကျန်းရှောင်နူတို့ကို ခဏတစ်ဖြုတ် ကြည့်ပြီးနောက် လက်ယမ်းပြကာ ပြောလိုက်သည်။
“ငါ့နောက်ကလိုက်ခဲ့”
သူက ကောင်းကင်ထဲသို့ တက်သွားပြီးနောက် ရှေ့ကနေ ဦးဆောင်သွားသည်။ ကျန်းရီ၏လက်ထဲ၌ ဧကရီနန်းတော် ပေါ်လာပြီး သူကကျန်းရှောင်နူနှင့် ကျန်သည့်သူများကို အထဲသို့ထည့်ရန် ပြင်ဆင်လိုက်သည်။ သို့သော် ကျန်းရှောင်နူက ခေါင်းခါပြလိုက်ပြီး ကျန်းရီကို စိုးရိမ်ပူပန်လွန်းနေသောကြောင့် သူမအထဲကို မဝင်ချင်ကြောင်း ညွှန်ပြနေလေ၏။
ပြီးနောက်ကျန်းရီက ယွင်ဖေးနှင့် ကျန်သည့်သူများကို ကြည့်လိုက်ရာ သူတို့အားလုံးက တုန့်ပြန်သည့်အနေဖြင့် ခေါင်းခါလိုက်သည်။ ရွေးချယ်စရာမရှိဘဲ ယာ့ဇီသားရဲနှင့် ရွှေရောင်မျောလွင့် နဂါးတို့ကိုသာ အထဲထည့်ထားလိုက်ရသည်။ ပြီးနောက် ချမ်ဝမ်ကွမ်းနှင့် ကျန့်ဝူရှန်းကို သူကသယ်လျက် ဖုန်းလန်နှင့် ချင်ယွီတို့က လူတစ်ယောက်ဆီကိုသယ်ကာ လုထုံနောက်မှ လိုက်သွားသည်။
“ဟမ့် ဟိတ်ကောင် မင်းကိုအကြံတစ်ခု ပေးလိုက်မယ်”
လုထုံက ခဏတစ်ဖြုတ် ပျံသန်းပြီးနောက် နောက်လှည့်ကာ နှာခေါင်းရှုံ့လိုက်၏။
“ငါသာမင်းဆိုရင် မလိုအပ်ဘဲ ငါ့ရဲ့ရတနာတွေကို ထုတ်ပြမှာ မဟုတ်ဘူး။ ရှန်းစီ လူမျိုးစုထဲမှာ မင်းရဲ့ရတနာတွေကို ထုတ်ပြခြင်းက သေဖို့တောင်းဆိုနေတာနဲ့ မခြားဘူး”
ကျန်းရီက ထိတ်လန့်သွားပြီးနောက် အမြန်ခေါင်းညိတ်ကာ ကျေးဇူးတင်သည့် အနေဖြင့် ခေါင်းညိတ်ပြီး ပြောလိုက်တော့သည်။
“လူကြီးမင်းရဲ့ အကြံဉာဏ်အတွက် ကျေးဇူးတင်ပါတယ်”
လုထုံက အသက်သုံးဆယ် ပြည့်သေးပုံမပေါ်ပေ။ သူကခေါင်းညိတ်ပြီး ကျန်းရီဆီသို့ ရုတ်တရက် အသံပို့လိုက်၏။
“ဟေ့ကောင် မင်းက အတော် ပါးနပ်တဲ့ပုံမှန်း ငါသိတယ်။ မင်းကိုနောက်ထပ် အကြံပေးလိုက်မယ်။ ကောင်းကင်မိုးကြိုးမြို့ထဲမှာ နောက်ခံမရှိရင် မင်းမြန်မြန်ဆန်ဆန် သေမှာပဲ။ မင်းမှာ ကောင်းကင်ဧကရာဇ်နှစ်ယောက် ရှိကောင်းရှိတယ်ဆိုပေမဲ့ ဒီကျွန်းပေါ်မှာ အစွမ်းထက်တဲ့ ကျွန်တွေရဲ့ ပစ်မှတ်ထားတာ ခံရနိုင်တယ်။ မင်းတို့အားလုံး ပစ်မှတ်ထားတာ ခံရရင် တစ်လမပြည့်မီမှာ ပျောက်ကွယ်သွားလိမ့်မယ်ဆိုတာ ငါအာမခံရဲတယ်။ အမ်း ငါတို့ရဲ့ အဖွဲ့ခေါင်းဆောင် လုတိက ကောင်းကင်မိုးကြိုးကျွန်းပေါ်က ထိပ်တန်းအဖွဲ့ခေါင်းဆောင် ဆယ်ယောက်ထဲက တစ်ယောက်ပဲ။ သူကကျွန်းပေါ်က အစွမ်းထက်တဲ့ ကျွန်တွေကို ခေါ်လိုက်မယ်ဆိုရင် မင်းတို့ရဲ့ အသက်ရှင်နိုင်တဲ့နှုန်းက ပိုတောင်နည်းသွားမယ်”
သူဘာကိုဆိုလိုတာလဲ။
ကျန်းရီက မျက်ခုံးပင့်လိုက်၏။ ဒါက ဖုံးကွယ်ထားတဲ့ စည်းမျဉ်းတွေများလား။ သူက ကျန်းရီကို လဒ်ထိုးဖို့အတွက် အရိပ်အမြွက် ပေးနေတာလား။
သူက ခဏတစ်ဖြုတ် ရပ်တန့်ပြီးနောက် အမြန်အသံပို့လိုက်၏။
“ဒါပေါ့ ဒီမှာ ကောင်းကင်ဘုံကျောက်တုံး တစ်ထောင်ပါ။ အဖွဲ့ခေါင်းဆောင်ဆီကိုပေးဖို့ လူကြီးမင်းကိုပဲ ဒုက္ခပေးရတော့မှာ။ ကျွန်တော်ဆီက ကျေးဇူးသိတတ်မှု နည်းနည်းလေးပါ”
“ခွီ ခွီ”
လုထုံက လှောင်ပြောင်ကာ ပြောလိုက်၏။
“မင်းကငါတို့ လုမျိုးနွယ်စုကို အထင်သေးနေတာပဲ။ ငါတို့လုမျိုးနွယ်စုက ရှန်းစီ မျိုးနွယ်စုရဲ့ မျိုးနွယ်စု (၁၃)စုထဲကတစ်စုပဲ။ ကောင်းကင်ဘုံကျောက်တုံးတွေ ချို့တဲ့မယ်လို့ ထင်နေလား။ ဟေ့ကောင် အဖွဲ့ခေါင်းဆောင်က ကောင်းကင်ဘုံကျောက်တုံးတွေ ရတနာတွေ မကြိုက်ဘူး။ သူက အလှလေးတွေကို ကြိုက်တာ။ မိန်းမလှလေး လေးယောက်က မင်းရဲ့အစေခံတွေလား”
“ဟမ်”
ကျန်းရီ၏ အမူအရာက သုန်မှုန်သွားသည်။ ဒီစစ်သည်က ဖုန်းလန်နဲ့ တစ်ခြားသူတွေကို အဖွဲ့ခေါင်းဆောင်လုတိဆီပေးဖို့ အရိပ်အမြွက် ပေးနေတာလား။ ဒါကသိမ်မွေ့တဲ့ အရိပ်အမြွက် ဆိုပေမဲ့ သူ့ကိုဒေါသထွက်စေလုနီးပါးပဲ။
သူ့ရင်ထဲ၌ သတ်ဖြတ်လိုစိတ်များ ပေါ်လာပြီး ဤဗာဂျရာနယ်ပယ် သိုင်းပညာရှင်ကို သတ်ဖြတ်ရန် သတ်ဖြတ်ခြင်းဆန္ဒ ထုတ်ဖော်လုနီးပါး ဖြစ်သွားသည်။
ဖုန်းလန်နှင့် ချင်ယွီက သူ၏အမျိုးသမီးများ ဖြစ်သည်။ ကျန်းရှောင်နူက အစေခံမလေး ဖြစ်နိုင်သော်ငြား သူတို့က မောင်နှမများကဲ့သို့ပင် ဖြစ်သည်။ ယွင်ဖေးက ကျန့်ဝူရှန်း၏ ဇနီးဖြစ်ပြီး သူ၏ခယ်မဖြစ်သည်။
သူတို့ကိုပေးရန် မဆိုထားနှင့် ပေးရမည့်အကြောင်း ပြောသည်ကပင် သူ့ကိုဒေါသထွက်စေသည်။
ရင်ထဲရှိဒေါသကို ဖိနှိပ်လျက် အသံပြန်ပို့လိုက်သည်။
“ကျွန်တော် စိတ်မကောင်းပါဘူး လူကြီးမင်း ဒီမိန်းကလေးတွေက ကျွန်တော် အစေခံလေးတွေ မဟုတ်ဘူး။ သူတို့ကို မပေးနိုင်ဘူး”
“ဟား ဟား ငါဘာမှ မပြောခဲ့ဘူးဘဲ သွားကြမယ်”
စစ်သည်၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး မျက်နှာက မှုန်ကုပ်သွားကာ ရှေ့သို့ဆက်လက် ပျံသန်းသွားသည်။ သူကကျန်းရီနှင့် ကျန်သည့်သူများကို ထပ်မကြည့်တော့ချေ။
“ဟူး”
ကျန်းရီ၏ အမူအရာက အနည်းငယ် ပိုကောင်းသွားသည်။ လုမျိုးနွယ်စု၏ စည်းမျဉ်းများက အလွန်တင်းကျပ်ပုံရ၏။ ဤရဲမက်က အဆင်အခြင်မဲ့စွာ မပြုမူရဲချေ။ မဟုတ်လျှင်သူက ပါးပါးနပ်နပ် အရိပ်အမြွက် ပေးနေမှာမဟုတ်။ မျိုးနွယ်စု(၁၃)စုက အပြစ်သားကျွန်း၏ အုပ်စိုးသူများဖြစ်သည်။ သူတို့မျိုးနွယ်စု၌ တင်းကျပ်သော စည်းမျဉ်းများ မရှိလျှင် လုတိက အမျိုးသမီးများကို အဓမ္မ ယူပြီးလောက်ပြီဖြစ်သည်။
အရာရှိများက အဆင်အခြင်မဲ့စွာ မပြုမူရဲလျှင် ကျန်းရီက ယုံကြည်ချက်အနည်းငယ် ခံစားမိ၏။ အစေခံများအတွက်ကရော မည်သို့နည်း။ ယင်းက ခက်ခဲသည့် စမ်းသပ်ပွဲထဲ ရှင်သန်နိုင်ရန် ပြောရခက်ခဲသည်။ တစ်ချိန်ထဲတွင် ကောင်းကင်ဘုံကျောက်တုံး နှစ်ထောင်တောင် မတက်နိုင်သည့် အစေခံများက အလွန်အစွမ်းထက်လိမ့်မည်ဟု သူမယုံကြည်ပေ။
***