← Chapters

သတင်းရောင်းခြင်း

Vol. 47 Ch. 652

သတင်းရောင်းခြင်း

Vol. 47 Ch. 652

ကျန်းရီသည် သူမှားယွင်းစွာ တွေးမိခဲ့သည့်အတွက် တန်ကြေးကို ပေးခဲ့ရသည်။

ယေဘုယျအားဖြင့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များအတွက် ကောင်းကင်ဘုံကျောက်တုံး ရာဂဏန်း သို့မဟုတ် တစ်ထောင်ကျော်ကို ရရန်က အလွန်လွယ်ကူလောက်သည်။ သူက ကောင်းကင်ကြယ်တာရာ  နယ်မြေလေးတွင် ရှိခဲ့စဉ်က နတ်ဘုရားကျွန်းကို တူးဖော်ပြီးနောက် ကောင်းကင်ဘုံကျောက်တုံး တစ်ထောင်ကျော် သူရရှိခဲ့သည်။ အပြင်လောကတွင် ကောင်းကင်ဘုံကျောက်တုံးများ ရရန်က ပိုလွယ်ကူမည် မဟုတ်ပါလော။

ကောင်းကင်ဘုံကျောက်တုံး လုံလုံလောက်လောက် ရှိနေလျှင် မည်သူကများ ကျွန်ဖြစ်ချင်ပြီး မိုးကြိုးကျောက်တုံးများ တူးဖော်ချင်မည်နည်း။ မည်သူကများ ကျွန်ဟူသော အရုပ်ဆိုးသည့် စကားလုံးဖြင့် သူတို့မျက်နှာပေါ်တွင် အရိုက်နှိပ်ခံချင်မည်နည်း။ ထို့ကြောင့် လုထုံက သူတို့ကို စကားလုံးများဖြင့် ခြောက်ရန်ကြိုးစားခဲ့ခြင်းဟုသာ သူယူဆခဲ့သည်။ သူတို့ရောက်နေချိန်တွင် ကြုံတွေ့ရမည့် ကျွန်များက စိတ်ဝိညာဉ်မျောလွင့် ခရီးသွားနယ်ပယ် သို့မဟုတ် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များသာ ဖြစ်လောက်ပြီး ကောင်းကင်ဧကရာဇ် မဖြစ်လောက်ပေ။ ကောင်းကင်ဧကရာဇ် အနည်းအကျဉ်း ရှိနေလျှင်တောင် သူဖုန်းလန်နှင့် ရွှေရောင်မျောလွင့်နဂါးတို့က ပူးပေါင်းတိုက်ခိုက်သ၍ ဘာမှကြောက်စရာ ရှိတော့မှာမဟုတ်ပေ။

သို့သော် ကျန်းရီက တောင်ကြားရာချီကို ဖြတ်ကျော်ပြီး မြို့ကြီးတစ်မြို့သို့ ရောက်ပြီးနောက် မြို့ထဲရှိ သိုင်းပညာရှင်များ၏ အရှိန်အဝါ တည်ရှိမှုကို အာရုံခံမိလိုက်ပြီး တုန့်ပြန်မှုကြီးကြီးမားမား ဖြစ်လာတော့သည်။ သူတို့က မြို့နားမကပ်ရသေးခင် ကောင်းကင်စိတ်အာရုံ ရာချီက ဖြန့်ကျက်လာ၏။ ထိုကောင်းကင်စိတ်အာရုံများက ဖုန်းလန်နှင့် ကျန်သည့်မိန်းကလေးများဆီသာ ရောက်နေပြီး တစ်စက္ကန့်လေးမျှတောင် မခွာသွားပေ။ ယင်းက ဖုန်းလန်၊ ချင်ယွီ၊ ကျန်းရှောင်နူနှင့် ယွင်ဖေးတို့ကို ဒေါသအင်မတန် ထွက်စေ၏။ ထိုကဲ့သို့ ထိန်းချုပ်လာသော ကောင်းကင်စိတ်အာရုံများကို သူတို့ပထမဆုံး မြင်တွေ့ရတာဖြစ်သည်။

“သိုင်းပညာရှင်တွေ များလိုက်တာ။ အနည်းဆုံးတော့ ကောင်းကင်ဧကရာဇ် တစ်ရာလောက်ရှိမယ်။ ဆိုးလိုက်တာ ဖုန်းလန်နဲ့ အခြားသူတွေကို အစောတုန်းက ဧကရီနန်းတော်ထဲ ထည့်ခဲ့သင့်တာ။ အခုငါတို့ ပစ်မှတ်ထားခံရတော့မယ်”

ကျန်းရီက တိတ်တဆိတ် ညည်းတွားလိုက်လေ၏။ ကျန်းရှောင်နူနှင့် ကျန်သည့်သူများက ဧကရီနန်းတော်ထဲ၌ ခဏတစ်ဖြုတ် နေခဲ့ကြသည်။ အစောပိုင်းက သူတို့အားလုံးသည် မြို့သစ်ကို ကိုယ်တိုင်မျက်မြင် တွေ့ချင်ကြပြီး ကျန်းရှောင်နူကလည်း ကျန်းရီအတွက် စိုးရိမ်ပူပန်နေခဲ့၏။ သူကလည်း စိတ်ပျော့သွားပြီး သူတို့ကို ဧကရီနန်းတော်ထဲ ပြန်မထည့်ခဲ့ပေ။ မြို့ထဲ၌ သိုင်းပညာရှင်များ ဤမျှများနေလိမ့်မည်ဟု သူမထင်ထားပေ။ အခြေအနေကို ကြည့်ပုံအရ အများစုက ကျွန်များဖြစ်နေပြီး ကျန်းရီက မြို့ဂိတ်ရှိ စစ်သည်များကပါ ဖုန်းလန်နှင့် ကျန်သည့်သူများကို မြင်တွေ့သည့်အချိန်၌ မျက်လုံးလက်သွားလေ၏။ သို့သော် သူတို့၌ လောဘကြီးပြီး မနိုင်သိမ်းမရ အကြည့်မျိုးတော့ ရှိမနေကြချေ။

မြို့က ကြီးမား၏။ မြို့ဂိတ်က အနည်းဆုံး မီတာသုံးရာခန့် မြင့်မားသည်။ ကြီးမားသည့် ထုံးကျောက်များက အချိန်ကာလ ကုန်လွန်မှုကြောင့် အရာများစွာ ပြည့်နေလေ၏။ တစ်ချက်ကြည့်ရုံဖြင့် မြို့ကရှေးကျပြီး ယိုယွင်းနေကြောင်း ပြောနိုင်ပေ၏။ မြို့စတင် တည်ဆောက်ချိန်မှစပြီး နှစ်ပေါင်းမည်မျှ ကုန်လွန်သွားမှန်း မသိရပေ။

မြို့ရိုးပေါ်တွင် စစ်သည်များ သိပ်မများပေ။ သူတို့က တစ်ယောက်နှင့်တစ်ယောက် အနည်းဆုံး မီတာသုံးထောင် ခြားပေသည်။ ထို့အပြင် အားလုံးက ဗာဂျရာနယ်ပယ်များသာ ဖြစ်ပြီး မြို့၏ တစ်ဦးတည်းသော အဖွဲ့ခေါင်းဆောင်က ကောင်းကင်ဧကရာဇ်ဖြစ်၏။

ဝှစ်

ထူလုံက မြို့ဂိတ်များနား ချဉ်းကပ်လာစဉ် သူကလှည့်ကြည့်ပြီး အားလုံးကို ထူးမခြားနား လေသံဖြင့် ရှင်းပြလိုက်၏။

“မြို့ထဲမှာ ရန်ဖြစ်ခွင့်မရှိဘူး။ ပျံသန်းခွင့် မရှိဘူး။ အငြင်းပွားစရာရှိရင် မြို့ပြင်မှာ သွားဖြေရှင်းလို့ရတယ်။ မြို့ထဲမှာ အဆင်အခြင်မဲ့ ပြုမူရဲရင် ညှိနှိုင်းမှုမရှိ ရှင်းထုတ်ခံရမယ်။ ဒါ့အပြင် ဘယ်သူမှ တခြားပိုင်နက်ကို ကျူးလွန်ခွင့်မရှိဘူး။ ဘာကိစ္စမှမရှိဘဲ မြို့အရှင်တွေအိမ်နဲ့ ဒုတိယအလွှာကို မဝင်ရဘူး။ မြို့အရှင်တွေအိမ်နဲ့ ပထမအလွှာက လုမျိုးနွယ်စုရဲ့ ကုန်သည်အဖွဲ့အစည်း ရှိတဲ့နေရာပဲ။ သူတို့က နေ့စဉ်လိုအပ်တဲ့ အသုံးပစ္စည်းတွေကို ပိုင်ဆိုင်ပြီး ကောင်းကင်ဘုံကျောက်တုံးတွေနဲ့ ဝယ်လို့ရတယ်”

လုထုံက အနည်းငယ် ရှင်းပြပြီးနောက် မြို့ဂိတ်ရှိ အဖွဲ့ခေါင်းဆောင်ကို လက်သီးနှစ်ဖက်ဆုပ်လျက် ရှင်းပြလိုက်သည်။ သူက အားလုံးကို မြို့ထဲသို့ ဦးဆောင်ပြီး ဆက်လက်ရှင်းပြလိုက်၏။

“ကောင်းကင်မိုးကြိုးကျွန်းထဲက အလုပ်က အရမ်းရိုးရှင်းတယ်။ မင်းတို့က အရှေ့ဘက် မြို့ဂိတ်ကိုသွားပြီး မိုးကြိုးကျောက်တုံးတွေ ရှာရမယ်။ လူတစ်ယောက်ကို နေ့တိုင်း မိုးကြိုးကျောက်တုံး တစ်တုံးပေးရမယ်။ စုစုပေါင်း လူ(၇)ယောက်နဲ့ ဝိညာဉ်သားရဲ (၂)ကောင်ရှိတော့ ဒီတော့နေ့တိုင်း မြို့အရှင်ဆီ မိုးကြိုးကျောက်တုံး ကိုးတုံးပေးဖို့ပဲလိုတယ်”

“အလုပ်က သုံးရက်အတွင်း တရားဝင် စတင်လိမ့်မယ်။ လိုနေတဲ့ မိုးကြိုးကျောက်တုံးတစ်တုံးအတွက် မင်းတို့ထဲက တစ်ယောက်က အသတ်ခံရမယ်။ မိုးကြိုးကျောက်တုံး တစ်တုံးမှ မပေးနိုင်ဘူးဆိုရင် မင်းတို့အားလုံး အသတ်ခံရမယ်။ မိုးကြိုးကျောက်တုံးတွေ လုံလုံလောက်လောက် တူးဖော်နိုင်သ၍ မင်းတို့တွေက မြို့ထဲမှာ ပိုတဲ့အချိန်ကို ကျင့်ကြံရင်ကျင့်ကြံ ဒါမှမဟုတ် မြို့ထဲလျှောက်နေလို့ရတယ်။ ဘာပြဿနာမှ မရှာသ၍ မင်းတို့ကိုဘယ်သူမှ ပြဿနာ လာမရှာဘူး”

“မင်းတို့မိုးကြိုးကျောက်တုံးတွေ အများကြီး ရလာခဲ့မယ်ဆိုရင် အဲ့ဒါတွေကို နောင်အတွက် သိမ်းရင်သိမ်းထား ဒါမှမဟုတ် အမှတ်တွေနဲ့ လဲလို့ရတယ်။ ရှန်းစီ လူမျိုးစုထဲမှာ ကုသိုလ်မှတ်က အရေးကြီးဆုံးပဲ။ ကျန်တာတော့ မင်းတို့နောက်ကျရင် သိလာလိမ့်မယ်။ ဒါဆိုဟုတ်ပြီ အားလုံးပဲ မင်းတို့နေထိုင်ဖို့ နေရာဖြစ်တဲ့ နံပါတ်၁၇၇၇ ခြံဝန်းထဲကို သွားသင့်ပြီ”

လုထုံက ရှင်းပြပြီးနောက် မြေပြင်ပေါ် တံဆိပ်ပြားတစ်ခု ပစ်ချပေးပြီး အနောက်ဘက် မြို့ဂိတ်ဘက် လျှောက်သွားကာ လျှင်မြန်စွာ ပျောက်ကွယ်သွားလေ၏။

ကျန်းရီက တံဆိပ်ပြားကို ကောက်ယူရန် ခေါင်းကိုင်းလိုက်သည်။ လုထုံက သူ့ကိုအရှက်ခွဲရန် တမင်တကာ လုပ်သွားမှန်း ရှင်းရှင်းလင်းလင်း သိနေလေ၏။ သို့သော် ထိုအရှက်ခွဲမှုကို သည်းခံရပေမည်။ တံဆိပ်ပြားက အနက်ရောင်ဖြစ်ပြီး ထိလိုက်ချိန်တွင် အေးစက်နေ၏။ အတွင်းအားများက အနားတစ်ဝိုက်တွင် လှည့်ပတ်နေလေရာ အလင်းဖျော့ဖျော့ ဖြာထွက်နေသည်။ ယင်းက လုမျိုးနွယ်စုက အထူးပြုလုပ်ထားသော တံဆိပ်ပြားဖြစ်လောက်ပြီး ၁၇၇၇ဟူသော စကားလုံးလေးလုံး ထွင်းထုထား၏။

“ဟား ဟား”

အနားပတ်ဝန်းကျင်တွင် ကျန်းရီ၏ အာရုံစိုက်မှုကို ရထားသည့် ရယ်သံများရှိ၏။ သူလှည့်ကြည့်လိုက်ရာ ခြံဝန်းထဲကနေ များစွာသော သိုင်းပညာရှင်များ ထွက်လာတာကို တွေ့လိုက်ရပြီး သူတို့ကို လှောင်ပြောင်သည့် အမူအရာဖြင့် ကြည့်နေတာပဲဖြစ်သည်။ ဖုန်းလန်နှင့် မိန်းကလေးများကို ယမက်ပြင်းသည့် အကြည့်များဖြင့် ကြည့်နေသော ကောင်းကင်ဧကရာဇ် အချို့ကိုလည်း ရှင်းရှင်းလင်းလင်း မြင်ရ၏။

“အမ်”

ဖုန်းလန်နှင့် ကျန်သည့်သူများက အေးတိအေးစက် မျက်နှာထား အမြန်ထားလိုက်သည်။ သူတို့နေရာတွင်သာဆိုလျှင် သူတို့သည်လည်း မသက်မသာ ဖြစ်မှာပဲဖြစ်သည်။ ကျန်းရှောင်နူ၏ မျက်ဝန်းများက သတ်ဖြတ်လိုစိတ်များ ဖျတ်ခနဲ ပေါ်လာလျက် သူမ၏ခန္ဓာကိုယ်က အစိမ်းရောင်အလင်း တောက်ပလာသည်။ ကျန်းရီက သူမကိုအမြန်ထိန်းပြီး အသံပို့လိုက်၏။

“ရှောင်နူ ငါ့ရဲ့အမိန့်မရှိဘဲ ဒီနေရာမှာ ဘာမှမလှုပ်ရှားနဲ့။ မဟုတ်ရင် မင်းကအားလုံး သေသွားစေမဲ့ အကြောင်းအရင်း ဖြစ်လာလိမ့်မယ်။ ဒီလူတွေအတွက်တော့ လျစ်လျူရှုထားလိုက်”

“နားလည်ပါပြီ သခင်လေး”

ကျန်းရှောင်နူက ကျန်းရီပြောတာကို နားအထောင်ဆုံးဖြစ်သည်။ ကျန်းရီက သူမကို သေခိုင်းလျှင်တောင် သူမတွေဝေနေမှာ မဟုတ်ပေ။ ကျန်းရီ၏ စကားများက သူမဆီ အမိန့်တစ်ခုနှယ်ဖြစ်ပြီး သူမက သူ့အမိန့်များကို လိုက်နာရန် တွေဝေမနေချေ။

ပတ်ဝန်းကျင်ရှိ အကြည့်များကို အာရုံခံမိပြီး ကျန်းရီက ဧကရီနန်းတော်ကိုထုတ်ကာ လူတိုင်းကို ထည့်လိုက်၏။ သို့သော် သူတို့ထုတ်ဖော်ခံရပြီး ဖြစ်သောကြောင့် သူတို့ကို ယခုအချိန်တွင် ပြန်ထည့်လျှင်လည်း အသုံးမဝင်တော့ချေ။ ဧကရီနန်းတော်ကို ထုတ်လိုက်ခြင်းက ပိုတောင်ရက်စက်သည့် အာရုံစိုက်မှုကို အမှန်တကယ် ရသွားနိုင်သည်။ ရွေးချယ်စရာမရှိဘဲ လူတိုင်းကို အသံပို့လိုက်၏။

“အခုအာရုံစိုက်ကြပါ။ မလှုပ်ရှားကြနဲ့ မင်းတို့ရဲ့ အရှိန်အဝါ တည်ရှိမှုတွေကို ပြန်ရုတ်သိမ်းပြီး အားလုံးကို လျစ်လျူရှုထားလိုက်။ ငါတို့နေအိမ်ဆီ အရင်သွားကြမယ်”

ကျန်းရီက နှိုင်းချင့်စွာ ပြုမူလိုက်ပြီး ဤနေရာနှင့်သူက မရင်းနှီးလေရာ ဤနေရာရှိ အခြေအနေအကြောင်း မသိပေ။ သူကအားလုံးရှေ့မှာ ဦးဆောင်ပြီး ချမ်ဝမ်ကွမ်းနှင့် ကျန့်ဝူရှန်းက ဘေးမှလိုက်လာကာ မိန်းကလေးလေးယောက်ကို အလယ်တွင် ထားလိုက်၏။

မြို့က ကြီးသော်ငြား မဖွံ့ဖြိုးပေ။ အဆောက်အဦးများက အလွန်ရိုးရှင်းပြီး အကြမ်းထည်များသာဖြစ်သည်။ နေအိမ်တိုင်းက တစ်ပုံစံထဲ တူညီသည့် ခြံဝန်းဖြစ်သည်။ ခြံဝန်းက မကြီးမားဘဲ အခန်းတွင် ခန်းမတစ်ခုသာရှိ၏။ လမ်းမများ၌ စားသောက်ဆိုင်များ တည်းခိုဆောင်များ ဈေးဆိုင်များမရှိဘဲ နံပါတ်များဖြင့် ထွင်းထုထားသော တံခါးများရှိသည့် အစိမ်းရောင် ခြံဝန်းများသာ ပြည့်နေလေ၏။

လမ်းဘေးတွင်မူ လူများစွာက ခြံဝန်းထဲကနေ ထွက်လာ၏။ အဓိကအားဖြင့် အမျိုးသားများဖြစ်သည်။ အားလုံးက ဖုန်းလန်နှင့် မိန်းကလေးများကို စိုက်ကြည့်နေလျက် သူတို့ကို ပိုင်ဆိုင်လိုစိတ်များ ပြင်းပြနေကာ အနည်းငယ်လေးတောင် မထိန်းထားချေ။ ဖုန်းလန်ကို လေချွန်ပြနေသည့် အဆင့်နိမ့် ကောင်းကင်ဧကရာဇ် တစ်ဦးတောင်ရှိနေ၏။

လူတိုင်းက ကျန်းရီညွှန်ကြားတာကို ရရှိပြီး အကြည့်အားလုံးနှင့် ရန်စမှုများကို လျစ်လျူရှုထားလျက် မြန်မြန်ဆန်ဆန် လှုပ်ရှားကြပြီး ခြံဝန်းနံပါတ် ၁၇၇၇ကို ရှာဖွေလိုက်၏။

ဆယ်မိုင်ခန့် လျှောက်ပြီးနောက် ရှေ့၌ဖြတ်လမ်းတစ်ခုကို တွေ့လိုက်သည်။ ကျန်းရီက ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ပြီး ခြံဝန်းပေါ်ရှိ နံပါတ်များကို စစ်ဆေးလျက် လှံ၏ဘယ်ဘက်ခြမ်းဆီ လျှောက်လိုက်သည်။

“၁၇၆၉ ၁၇၇၅ ၁၇၇၇ ဟုတ်ပြီဒါပဲ”

၁၅မိနစ်ခန့် လျှောက်ပြီးနောက် ကျန်းရီသည် နောက်ဆုံး၌ ခြံဝန်းတစ်ခုကို ရှာတွေ့သွားသည်။ ကောင်းကင်စိတ်အာရုံဖြင့် အထဲကို စစ်ဆေးပြီးနောက် အားလုံးကိုခေါ်ကာ တံခါးကို တွန်းဖွင့်လိုက်၏။ ခြံဝန်းအပြင်ဘက်က ဟောင်းနွမ်းနေပုံပေါ်ကာ အတွင်းဘက်က ပိုတောင်ဆိုးသေး၏။ သူတောင်းစားများအတွက် နေရာတစ်နေရာနှင့် မခြားပေ။

အားလုံးက အမှိုက်များဖြင့် ပြည့်နေသော ခြံဝန်းထဲကို ခြေချလိုက်ပြီး ပင်မခန်းမထဲသို့တောင် မလျှောက်သွားရသေးခင် အောက်သိုးသိုး အနံ့ကို ရလိုက်လေ၏။ ချင်ယွီက နှာခေါင်းပိတ်ထားပြီး အထဲသို့ မဝင်ရဲချေ။ ကျန်းရီက ကြောက်လန့်မနေဘဲ ဝင်သွားလိုက်ရာ အတွင်းရှိ အစီအရင်တစ်ခုကို တွေ့လိုက်ရ၏။ သူက သက်သောင့်သက်သာပဲ ရိုက်ချလိုက်တော့သည်။ ခြံဝန်းတစ်ခုလုံးက ဖောက်ထွင်းမြင်နေရသည့် ရောင်ခြည်လင်းထိန်သွားပြီး အသုံးပြု၍ရသော အစီအရင် အရံအတားတစ်ခု ဖြစ်သွားတော့၏။

“ဖက်တီး အစ်ကိုဝူရှန်း ဒီနေရာကို ရှင်းကြရအောင်”

ကျန်းရီက ဖုန်းလန်နှင့် မိန်းကလေးများကို အပြင်ဘက်တွင် နေခိုင်းထားပြီး သူကျန့်ဝူရှန်းနှင့် ချမ်ဝမ်ကွမ်းတို့က ဤနေရာကို ရှင်းလိုက်ကြသည်။ ကျန်းရှောင်နူက နေရာကို ရှင်းလင်းရန် မြန်မြန်ဆန်ဆန် လိုက်ပါလာစဉ် ယွင်ဖေး၊ ဖုန်းလန်နှင့် ချင်ယွီတို့ကလည်း အတော်တွေးနေကြ၏။ သူတို့က အောက်သိုးသိုး ညီနံ့အသက်ကို ခံနိုင်ရည်ရှိကြပြီး နေရာကို ရှင်းလင်းကြတော့သည်။

နေရာကို ရှင်းလင်းပြီးနောက် နောက်ဆုံးတွင် လူများနေထိုင်ရန်အတွက် ကိုက်ညီသည့် အခြေအနေတစ်ခု ရှိလာတော့သည်။

ခြံဝန်းက အလွန်သေးပြီး အခန်းနှစ်ခန်းနှင့် ပင်မခန်းမတစ်ခုသာရှိပြီး အခန်းများ၌ အိပ်ယာများတောင် မရှိပေ။ ယင်းက အလွန်သေးနေ၏။ ကျန်းရီက ဧကရီနန်းတော်ထဲသို့ ယာ့ဇီသားရဲကို ထည့်ထားတာ ကံကောင်းသည်။ မဟုတ်လျှင် ယာ့ဇီသားရဲအဖို့ မတ်တပ်ရပ်ရန် နေရာတောင် ရှိမှာမဟုတ်ချေ။

“ကောင်းပြီ အမျိုးသားတွေက တစ်ခန်းနေမယ်။ အမျိုးသမီးတွေက ကျန်တစ်ခန်းမှာနေကြ။ အချိန်အတိုင်းအတာ တစ်ခုအထိ ထိန်းထားကြပေါ့။ အပြင်အခြေအနေကို ထွက်ကြည့်အုံးမယ်”

ကျန်းရီက လူတိုင်းကို နေရာချခိုင်းပြီးနောက် သူက ခြံဝန်း၏ အရံအတားကို ဖွင့်ပြီးနောက် အခြေအနေကို စစ်ဆေးလိုက်သည်။ သို့သော် ခြံဝန်း၏ တံခါးအပြင်ဘက်တွင် ရပ်နေသော တစ်စုံတစ်ယောက်ကို ချက်ချင်း သတိပြုမိလိုက်၏။

ကျန်းရီက ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ ထိုလူက ချက်ချင်းပင် အသံပို့လာလေ၏။

“ဟီး ဟီး သခင်လေး ကျွန်တော်နာမည်က ဟူစန်းပါ။ လိုအပ်တဲ့ သတင်းအချက်အလက်တွေ အားလုံးရှိတယ်။ ခြံဝန်းထဲ ခဏဝင်လို့ရမလား”

“အချက်အလက် ရောင်းတာလား”

ကျန်းရီက မျက်ခုံးပင့်လျက် အခန်းအပြင်ဘက်သို့ထွက်ကာ ပြောလိုက်သည်။

“ဒါဆိုဝင်ခဲ့လေ”

***

All Chapters