← Chapters

အခန်း (၁၃၃၆-၁၃၃၈)

Vol. 90 Ch. 1336-1338

အခန်း (၁၃၃၆-၁၃၃၈)

Vol. 90 Ch. 1336-1338

အခန်း (၁၃၃၆)

ချင်းယွမ်နိုင်ငံ စစ်ချီလာခြင်း

အိပ်မက်မက်နေသည်ဟု ချူးယွမ်ကျိ ခံစားလိုက်ရ၏။ ထိုအိပ်မက်ထဲတွင်မူ သူမသည် အဆုံးမရှိသော သမုဒ္ဒရာကြီးတစ်ခုပေါ်သို့ ရောက်ရှိနေသည်။ ပင်လယ်ပြင်ကြီးသည် ငြိမ်သက်တိတ်ဆိတ်နေပြီး ကောင်းကင်ယံမှာလည်း ကြည်လင်နေကာ ပင်လယ်နှင့် ကောင်းကင်တို့ တစ်သားတည်း ဖြစ်နေသကဲ့သို့ ရှိလေသည်။

သို့သော် ထိုခဏ၌ပင် ကောင်းကင်ယံကြီးတစ်ခုလုံး ရုတ်တရက် အမှောင်အတိ ကျသွားသည်။ ကောင်းကင်တွင် ကြီးမားလှသော ဝဲကတော့ကြီးတစ်ခု ပေါ်လာပြီး အောက်သို့ ဖိနှိပ်နေသည့် အမှောင်တိမ်တိုက်များက ဝန်းရံထားသည်။ လှိုင်းလုံးကြီးများလည်း ရုတ်တရက် ပို၍ ပို၍ ကြီးမားလာ၏။ ထိုလှိုင်းလုံးကြီးများက ချူးယွမ်ကျိ၏ လှေငယ်လေးကို ပြင်းထန်စွာ ရိုက်ခတ်ပြီး သူမ ခေါင်းမူးသွားသည်အထိ လှုပ်ခါစေလေသည်။

အချိန်မည်မျှ ကုန်လွန်သွားမှန်း သူမ မသိတော့ပေ။ နောက်ဆုံးတွင် လှိုင်းဒဏ်ကြောင့် သူမ၏ လှေငယ်လေး ပျက်စီးသွားပြီး သူမလည်း သမုဒ္ဒရာထဲသို့ ကျသွားတောသည်။ သမုဒ္ဒရာထဲသို့ ကျသွားသည့် အခိုက်အတန့်မှာပင် ချူးယွမ်ကျိ ရုတ်တရက် နိုးလာပြီး သူမ၏ ကုတင်ပေါ်တွင် အလန့်တကြား ထထိုင်လိုက်မိသည်။ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အိပ်ဆောင်အတွင်းမှ ငြိမ်သက်အေးချမ်းသော မြင်ကွင်းကို ကြည့်လိုက်မှ သူမ စိတ်သက်သာရာ ရသွားတော့သည်။

စိတ်ပြန်လည် တည်ငြိမ်သွားသည့်အခါမှ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများက သူမ၏ စိတ်ထဲသို့ စီးဝင်လာတော့သည်။ လုချန်း၏ လက်စားချေမှုကို တွေးမိသောအခါ ကြောက်ရွံ့မှုရော ထူးဆန်းသော သာယာမှုကိုပါ ရောပြွမ်း၍ ခံစားလိုက်ရ၏။

ထိုစဉ် ချူးယုချင်နှင့် လုချန်းတို့ ဘာလုပ်နေသည်ကို သိလိုသဖြင့် သူမ၏ စိတ်အာရုံကို အသုံးပြုလိုက်သည်။ ထိုခဏ၌ လုချန်းနှင့် ချူးယုချင်တို့ ပူးကပ်နေကြပြီး ရှနိုင်ငံတော်နှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးနေကြကြောင်း သိလိုက်ရသည်။

ထိုစဉ် ချူးယွမ်ကျိ နိုးနေပြီဖြစ်ကြောင်း ချူးယုချင်က သတိပြုမိသွားသည်။ ထို့ကြောင့် သူမက လုချန်းကို ချက်ချင်း အသိပေးလိုက်၏။

“သူ နိုးနေပြီ။ မေးစရာရှိရင် သူ့ကို တိုက်ရိုက်ပဲ မေးလိုက်ပါ။”

ထိုစကားကို ကြားလျှင် လုချန်း၏ စိတ်ဝင်စားမှုက တစ်ဖန် မြင့်တက်လာပြန်သည်။ ချူးယုချင်၏ ခန္ဓာကိုယ်မှတစ်ဆင့် လုချန်း၏ ရုတ်တရက် စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသဖြင့် ချူးယွမ်ကျိ၏ ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွားသည်။

ထို့နောက် လုချန်းက

“ယုတ်မာတဲ့ မိန်းမ။ အခုချက်ချင်း ဒီကို လာခဲ့စမ်း”

ဟု အမိန့်ပေးလိုက်သည်။

လုချန်း၏ အသံကို ကြားလျှင် ချူးယွမ်ကျိလည်း ထိတ်လန့်တုန်လှုပ်စွာနှင့် ချူးယုချင်၏ ခန္ဓာကိုယ်ကို တစ်ဖန် ပြန်လည် ထိန်းချုပ်လိုက်သည်။ သို့သော် ချူးယွမ်ကျိ အံ့သြသွားသည်က ယခုတစ်ကြိမ်တွင် လုချန်းသည် သူမကို အရင်ကလို အကြမ်းမဖက်တော့ခြင်း ဖြစ်သည်။ သူက သူမကို သူ့ရင်ခွင်ထဲတွင် ငြိမ်သက်စွာ လဲလျောင်းခိုင်းထား၏။

ချူးယွမ်ကျိက အားနည်းသောအသံနှင့်

“ကျွန်မ... ကျွန်မ တောင်းပန်ပါတယ်”

သူမ၏ တောင်းပန်စကားကို ကြားလျှင် လုချန်းက နှာခေါင်းရှုံ့လိုက်ပြီး

“ရိုးရိုးတောင်းပန်စကား တစ်ခွန်းက မင်းလုပ်ခဲ့တာ အားလုံးကို ဖျောက်ပစ်နိုင်မယ်လို့ ထင်နေတာလား။”

ချူးယွမ်ကျိက ဆက်လက်၍

“ကျွန်မ... ကျွန်မ လုပ်ခဲ့တာတွေအတွက် ရှင် ခွင့်လွှတ်ဖို့ မမျှော်လင့်ပါဘူး။ ကျွန်မ ရှင့်ကို ပြန်ပေးဆပ်ဖို့ နည်းလမ်းရှာပါ့မယ်။”

လုချန်းက ခပ်အေးအေးပင်

“ကိုယ့်ကို ပြန်ပေးဆပ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ မင်း ကိုယ့်ရဲ့ အမျိုးသမီး အစေခံ ဖြစ်လာဖို့ပဲ။”

ထိုသို့ ပြောပြီးနောက် ချူးယွမ်ကျိအား လက်စားချေမှုကို လုချန်း ဆက်လက် ဆောင်ရွက်လေတော့သည်။

သို့သော် ယခုတစ်ကြိမ်တွင် အရင်ကလောက် မရက်စက်တော့ပေ။ သူက ဆက်လုပ်နေရင်း

“ကိုယ့်အဖေ အခု ဘာလုပ်နေလဲ”

လုချန်း၏ လေသံ ပို၍ နူးညံ့လာပြီး သူ့ကိုယ်သူ “ကိုယ်” ဟုသာ သုံးနှုန်းလာ၏။

လုချန်း၏ မေးခွန်းကို ကြားလျှင် ချူးယွမ်ကျိလည်း ဝေဒနာကို အောင့်ခံရင်း

“မင်းကြီးက... အခု တံခါးပိတ် ကျင့်စဉ်စခန်းဝင်နေပါတယ်။”

လုချန်းက

“သူ ရှန်ယွဲ့နိုင်ငံတော်ကနေ ထွက်မသွားဘူးလား”

ချူးယွမ်ကျိက

“မထွက်သွားပါဘူး”

ရှန်ဝူ ဧကရာဇ် မဟုတ်သဖြင့် စိုးရိမ်စရာ မလိုကြောင်း လုချန်းက တွေးလိုက်သည်။ ရှနိုင်ငံကို ချဉ်းကပ်လာသည့် ဧကရာဇ်အဆင့် ဆိုသူက ချင်းယွမ်နိုင်ငံမှ ဖြစ်ပုံရသည်။ ချင်းယွမ်နိုင်ငံတွင် တရားဝင်အားဖြင့် ဧကရာဇ်အဆင့် သုံးဦးသာ ရှိပြီး ထိုသုံးဦးစလုံး လာလျှင်ပင် သူတို့အတွက် ပြိုင်ဘက် မဟုတ်ချေ။

သို့သော် ပြင်ဆင်မှုများကတော့ လိုအပ်နေသေးသည်။ ဧကရာဇ်အဆင့်များအကြား တိုက်ပွဲများသည် အလွန် ကြီးမားကျယ်ပြန့်သော သက်ရောက်မှု ရှိနိုင်သဖြင့် စစ်‌မြေပြင်က ရှနိုင်ငံ ပိုင်နက်အတွင်း၌ ဧကန်မုချ မဖြစ်စေရပေ။

စစ်‌မြေပြင် ရှနိုင်ငံအတွင်း ဖြစ်ပါက ရေတွက်၍ မရနိုင်သော သတ္တဝါများ ပျက်စီးသွားနိုင်သည်။ ထို့ကြောင့် နယ်စပ်အပြင်ဘက်တွင် ရန်သူကို ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်ထားသင့်သည်။ ထိုသို့ တွေးမိပြီးနောက် အခြား ကြယ်နယ်မြေများ၌ ရန်သူများကို ကြားဖြတ် တိုက်ခိုက်ရန် သူ၏ စစ်တပ်ကို ဦးဆောင်ခြင်း မပြုမီ ချူးယွမ်ကျိအပေါ် နောက်ထပ် အနည်းငယ် လက်စားချေရန် သူ၏ လုပ်ဆောင်ချက်များကို လုချန်း မြှင့်တင်လိုက်တော့သည်။

လုချန်းက မြန်မြန်ဆန်ဆန် လုပ်ဆောင်လိုက်စဉ် သူ၏ စိတ်ထဲ၌ စနစ်၏ အကြောင်းကြားချက် တစ်ခုကို ကြားလိုက်ရသည်

“စစ်ဆေးနေသည်...... ချို့ယွင်းချက်ကို ဖြေရှင်းပြီးပါပြီ...”

“စနစ်ကို အဆင့်မြှင့်တင်နေသည်...”

[အဆင့်မြှင့်တင်မှု ပြီးဆုံးပါပြီ။ သားများဆုလာဘ်များ စနစ် ပြန်လည် အသက်သွင်းလိုက်ပါပြီ။]

[ချူးယုချင်ကို ကိုယ်ဝန်ရအောင် လုပ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။

ဆုလာဘ်: ဧကရီဓား]

စနစ်၏ အကြောင်းကြားချက်ကို ကြားသောအခါ လုချန်း မှင်တက်သွား၏။ ယခင် စနစ်က ပြန်ရောက်လာတာ ဖြစ်သည်။ လုချန်းက ဇဝေဇဝါဖြစ်စွာနှင့်

“စနစ်။ မင်း ဘာလို့ ပြန်လာတာလဲ”

စနစ်က

“သခင်သည် ဧကရာဇ် ရှန်ဝူ၏ သွေးမျိုးဆက် စွမ်းအား လွှမ်းမိုးမှုမှ လွတ်မြောက်ပြီး အောင်မြင်စွာ လမ်းစဉ်ဖွင့် နိုင်ခဲ့ပါသည်။ အနာဂတ် ရင်သွေးများက သခင်၏ ကံစွမ်းအားနှင့် သွေးမျိုးဆက် စွမ်းအားများကို ဆုံးရှုံးစေတော့မည် မဟုတ်ပါ။”

လုချန်း ချက်ချင်း နားလည်သွားသည်။

ဒီလိုကိုး။

သူ၏ စနစ်က ဤမျှအထိ လိုက်လျောညီထွေ ရှိမည်ဟု သူ မထင်ထားခဲ့ပေ။ ထိုသို့ဆိုလျှင် စိုးရိမ်စရာမရှိပဲ သူ၏ ကြိုးပမ်းမှုများကို ပြန်လည် စတင်နိုင်ပြီ ဖြစ်ပေသည်။ သို့သော် ဧကရာဇ်အဆင့် တစ်ဦးအနေနှင့် ရင်သွေး ရရှိရန် ခက်ခဲသင့်ပေသည်။

ချူးယုချင်က ဘာကြောင့် ဒီလောက် အလွယ်တကူ ကိုယ်ဝန်ရသွားတာလဲ။

လုချန်းက ထိုအရာကို အလေးအနက် မတွေးတော့ပေ။ ကိုယ်ဝန်ရတာက ရတာပဲ ဖြစ်သည်။ ချူးယုချင် ကိုယ်ဝန်ရှိလာခြင်းက သူ့အတွက် အကျိုးရှိသည်။

…….

နီရဲနေသည့် နေဝင်ဆည်းဆာရောင်က မြေပြင်ပေါ်သို့ ဖြာကျနေ၏။ ဝါဂွမ်းရောင် နဂါးဝတ်ရုံ ဝတ်ဆင်ထားသည့် အမျိုးသား တစ်ဦးသည် ကောင်းကင်မြို့တော်၏ အစွန်းတွင် ရပ်ကာ ကြယ်များပြည့်နှက်နေသည့် ကောင်းကင်၏ အနက်ရှိုင်းဆုံးသို့ ငေးကြည့်နေသည်။

ခဏခန့်အကြာတွင် ရှန်ဝူဧကရာဇ်က

“ဒါဆို သူ ကျဆုံးသွားပြီပေါ့။ တကယ့်ကို အသုံးမကျတာပဲ”

ဟု တစ်ဦးတည်း ရေရွတ်လိုက်လေသည်။

“ဒါပေမဲ့ ဒါကလည်း ကောင်းတာပဲ။ ငါ့ရဲ့ ဧကရီလည်း အခုဆို လုံးဝ လက်လျှော့သွားနိုင်ပြီ။”

လုချန်း ကျဆုံးသွားကြောင်း ခံစားမိသောအခါ သူစိတ်ထင်လို့များလားဟု ထင်သဖြင့် သေချာစစ်ဆေးကြည့်ရာ လုချန်း တကယ် ကျဆုံးသွားကြောင်း ဧကရာဇ် ရှန်ဝူက တွေ့ရှိလိုက်ရသည်။ ထို့ပြင် သူတို့ကြားရှိ ကံကြမ္မာ အနှောင်အဖွဲ့လည်း ပြတ်တောက်သွားခဲ့သည်။

ဤသို့ ဖြစ်ရခြင်းက အခြေအနေ နှစ်မျိုးသာ ရှိနိုင်၏။ လုချန်း ကျဆုံးသွားခြင်း သို့မဟုတ် ဧကရာဇ်အဆင့်သို့ ရောက်ရှိသွားခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

သို့သော် လုချန်းသည် ဤမျှ တိုတောင်းသော အချိန်အတွင်း၌ ဉာဏ်အလင်းရပြီး ဧကရာဇ်အဆင့်သို့ ရောက်ရှိနိုင်မည်ဟု ရှန်ဝူ ဧကရာဇ် မယုံကြည်ပေ။ ထိုဖြစ်နိုင်ခြေကို သူ လုံးဝ ထည့်မတွက်ထားပေ။

ထို့ပြင် လုချန်း သေဆုံးခြင်းကြောင့် ရှန်ဝူ ဧကရာဇ်အတွက် တစ်စုံတစ်ရာ ထိခိုက်မှု မရှိပေ။ သူ့အတွက် လုချန်း သေဆုံးခြင်းက ကောင်းသော အရာတစ်ခု ဖြစ်သည်။ လုချန်း သေဆုံးသွားသဖြင့် လုချန်းနှင့် ချူးယွမ်ကျိတို့အကြား ဆက်နွယ်မှုများ လုံးဝ ပြတ်တောက်သွားခဲ့သည်။ နောင်တွင် ချူးယွမ်ကျိ၏ ဖရိုဖရဲဝိညာဉ်ခန္ဓာကို သူ သိမ်းပိုက်သည့်အခါ သူမ၏ စိတ်နှလုံး တံခါးကို အပြည့်အဝ ဖွင့်ပေးပြီး သူမကိုယ်သူမ မည်သည့် ကန့်သတ်ချက်မှမရှိပဲ ပေးအပ်လိမ့်မည် ဖြစ်သည်။

ထိုခဏ၌ သူ၏ နောက်ကွယ်မှ ခန်းမဆောင်ကြီးကို ရှန်ဝူ ဧကရာဇ် လှည့်ကြည့်လိုက်သည်။ ခန်းမအတွင်းရှိ မီးဖိုမှ အက်ကြောင်းများက ပို၍ များလာနေသည်။

“ငါ မြန်မြန်လုပ်ရမယ်”

ဟု သူ့ဘာသူ ဆက်လက် ရေရွတ်လိုက်သည်။

ထို့နောက် သူက ကျင့်စဉ်တစ်ခုကို ထုတ်ယူကာ စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြု၍ ပွားလိုက်ပြီး

“မင်းသားတွေကို ကောင်းကင်ခိုးယူခြင်း ကျင့်စဉ်ကို အမြန် ကျင့်ကြံဖို့ တိုက်တွန်းလိုက်ပါ”

ဟု မှောင်ရိပ်အတွင်းရှိ အရိပ်ကိုယ်ရံတော်ကို ပြောလိုက်သည်။

ထိုအခါ အရိပ်ထဲမှ ကိုယ်ရံတော် တစ်ဦး ထွက်လာပြီး ကျင့်စဉ်များကို ယူကာ

“ဟုတ်ကဲ့ပါ မင်းကြီး”

……..

ကျယ်ပြောလှသော အာကာသ ကောင်းကင်တွင် နတ်လှေ အုပ်စုများသည် နည်းဗျူဟာ ပုံစံများ ဖွဲ့စည်းကာ ရှနိုင်ငံဆီသို့ လျင်မြန်စွာ ဦးတည်လာနေလေသည်။ နတ်လှေ အုပ်စုများ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် အာကာသ လှိုင်းဂယက်များ ဖြစ်ပေါ်စေပြီး အာကာသကို လှိုင်းလုံးများ ရိုက်ခတ်လျက်ရှိသည်။

စစ်နတ်လှေ အုပ်စု၏ ရှေ့ဆုံးတွင် ကြီးမားသော ရွှေရောင် နတ်လှေကြီး တစ်စင်းက လင်းလက်တောက်ပနေ၏။ ဤကြီးမားသော နတ်လှေကြီးသည် ကမ္ဘာငယ်လေးတစ်ခု၏ အရွယ်အစားလောက်ရှိသည်။ ၎င်း၏ မျက်နှာပြင်ပေါ်တွင် အပြာနုရောင် အလင်းတန်းများ ထုတ်လွှတ်နေသည့် ရေတွက်မရနိုင်သော နည်းဗျူဟာ ပုံစံများကို ထွင်းထုထားသဖြင့် ကြီးကျယ်ခမ်းနားလှသော မြင်ကွင်းတစ်ခုလို ဖြစ်နေသည်။

ချင်းယွမ်နိုင်ငံမှ ဧကရာဇ်အဆင့် နှစ်ဦးသည် နတ်လှေကြီး၏ ကုန်းပတ်ပေါ်တွင် ရပ်ကာ ရှနိုင်ငံဘက်သို့ ကြည့်နေကြသည်။ ချင်းယွမ်နိုင်ငံသည် ဧကရာဇ်အဆင့် သုံးဦးစလုံးကို စေလွှတ်ခြင်း မပြုပေ။

ရှနိုင်ငံတွင် ဧကရာဇ်အဆင့် တစ်ဦးသာ အများဆုံး ရှိနိုင်ပြီး ထိုသူ၏ အင်အားကလည်း သိပ်မပြောပလောက်ဟု သူတို့ ယူဆထားကြ၏။ ဧကရာဇ်အဆင့် နှစ်ဦးဆိုလျှင် လုံလောက်သည်။

သို့သော် ၎င်းတို့က ဧကရာဇ်အဆင့် နှစ်ဦးသာ စေလွှတ်ခဲ့သော်လည်း သူတို့၏ ဘေးတွင် နောက်ထပ် ဧကရာဇ်အဆင့် တစ်ဦးလည်း ရှိနေသည်။ ထိုဧကရာဇ်အဆင့်မှာ ယဲ့မိသားစုမှ အကြီးအကဲချုပ် ဖြစ်သည်။ ယဲ့မိသားစုကလည်း ဧကရာဇ်အဆင့် နှစ်ဦးဆိုလျှင် လုံလောက်သည်ဟု ယူဆသည်။

ချင်းယွမ်နိုင်ငံက ရှနိုင်ငံကို အောင်နိုင်ပြီး အရင်းအမြစ်များကို ခွဲဝေသည့်အခါ ယဲ့မိသားစုဘက်မှ ဧကရာဇ်အဆင့် တစ်ဦးမှ မရှိပါက သူတို့ အတွက် ဝေစုနည်းသွားနိုင်စရာ ရှိသည်။

………….

အခန်း (၁၃၃၇ )

ဘယ်ကနေ ရောက်လာတာလဲ

မယားများအား အချိန်ပေးကာ ချစ်ကြည်နူးပြီးနောက် တောင်ဝင်တောင်တန်း ကြယ်နယ်မြေ၏ ပထမဆုံးသော စစ်ရေးပြပွဲကြီး ကျင်းပရန် စစ်တပ်ကို လုချန်း ဆင့်ခေါ်လိုက်သည်။

ဧကရာဇ်အဆင့်များ ပါဝင်သည့် စစ်ပွဲများတွင် စစ်တပ်၏ အခန်းကဏ္ဍသည် တကယ်တမ်း၌ အရေးမပါလှပေ။ သို့သော်လည်း ဒါက အစောပိုင်း အဆင့်၌သာ ဖြစ်သည်။ ဧကရာဇ်အဆင့်များအကြား စစ်ပွဲများ ပြီးဆုံးသွားလျှင် ကျန်ရှိနေသော လုပ်ငန်းတာဝန်များကို စစ်တပ်ကသာ ဆက်လက်၍ လုပ်ဆောင်ရမည် ဖြစ်သည်။

နိုင်ငံတစ်ခု ပျက်သုဉ်းခြင်း ရှိမရှိ ဆိုသည်က ထိုနိုင်ငံ၌ ဧကရာဇ်အဆင့် ရှိနေခြင်းအပေါ်၌သာ မူတည်သည်တော့ မဟုတ်ပေ။ ဥပမာအားဖြင့် ချင်းယွမ်နိုင်ငံသည် ချီယွဲ့နိုင်ငံ၏ ကံစွမ်းအားကို သိမ်းပိုက်လိုလျှင် ပေထျန်းလုကို သတ်ဖြတ်ခြင်း သို့မဟုတ် မောင်းထုတ်ခြင်းဖြင့် မလုံလောက်ပေ။

ချီယွဲ့နိုင်ငံ၏ တော်ဝင်မိသားစုကို ထိန်းချုပ်ပြီးနောက် ချီယွဲ့နိုင်ငံအတွင်းရှိ အင်အားစု အသီးသီးကိုလည်း သူတို့ထံသို့ အညံ့ခံလာစေရန် ကြိုးပမ်းရမည် ဖြစ်သည်။ နိုင်ငံတစ်ခုအတွင်းရှိ အဓိက အင်အားစုအားလုံးသည် နိုင်ငံသစ် သို့မဟုတ် အင်အားစုသစ်ထံ၌ သစ္စာခံပြီးမှသာ ထိုနိုင်ငံ ပျက်သုဉ်းသွားပြီဟု ယူဆနိုင်သည်။

ထို့ကြောင့်ပင် ခေါင်းမာသော အင်အားစုများ၏ ဒေါသကို မဆွပေးရန်အတွက် ချင်းယွမ်နိုင်ငံသည် ချီယွဲ့နိုင်ငံ၏ တော်ဝင်မိသားစုဝင်များကို ချက်ချင်း အကုန်အစင် သတ်ဖြတ်ခြင်း မပြုခဲ့ပေ။ ဤစကြဝဠာကြီးသည် အင်အားကို ရှေ့တန်းတင်သော်လည်း သစ္စာရှိသူ အမြောက်အမြား ရှိနေတာကတော့ ထင်ရှားပေသည်။ ထိုသစ္စာရှိသူများကို နှိမ်နင်းရန်အတွက် စစ်တပ်ကို အသုံးပြုကာ အင်အားသုံး၍ ဖိနှိပ်ရမည် ဖြစ်သည်။

ချင်းယွမ်နိုင်ငံက တကယ် ကျူးကျော်လာလျှင် ခုခံရုံသာမက ကြားခံနယ်မြေများကို ရရယူရန်လည်း လုချန်းစဉ်းစားထာသည်။ ချင်းယွမ်နိုင်ငံနှင့် ချီယွဲ့နိုင်ငံတို့ အုပ်ချုပ်သည့် ကြယ်နယ်မြေများကို ရှနိုင်ငံတော်၏ လက်အောက်သို့ ရောက်ရှိလာစေခြင်းက အကောင်းဆုံး အခြေအနေ ဖြစ်သည်။ ချင်းယွမ်နိုင်ငံက ရှနိုင်ငံတော်၏ ကံစွမ်းအားကို မက်မောနေသကဲ့သို့ လုချန်းကလည်း ချင်းယွမ်နိုင်ငံ၏ မင်းဆက်ကံစွမ်းအားကို စိတ်ဝင်စားနေသည်။

ဧကရာဇ်အဆင့်သို့ တက်လှမ်းပြီးကတည်းက မင်းဆက်ကံစွမ်းအားကြောင့် ရရှိလာသော အကျိုးသက်ရောက်မှုများကို လုချန်း ရှင်းလင်းစွာ သိလာခဲ့သည်။ ထိုစွမ်းအားက သူ၏ အင်အားကို များစွာ မြှင့်တင်ပေးရုံသာမက ကျင့်စဉ်အဆင့် တိုးတက်မှုကိုလည်း မြန်ဆန်စေလိမ့်မည်။

သူ၏ ကျင့်စဉ်အဆင့် ဆက်လက် တိုးတက် တွေရန် စုံတွဲကျင့်စဉ် တစ်ခုတည်းကို အားကိုး၍ မရတော့ပေ။ စုံတွဲကျင့်စဉ်က အကျိုးမရှိသည်တော့ မဟုတ်ပေ။ သို့သော်လည်း ဧကရာဇ်အဆင့်သို့ ရောက်ပြီးနောက်ပိုင်း ၎င်းပေးစွမ်းနိုင်သော တိုးတက်မှုမှာ အရင်ကလောက် မသိသာတော့ပေ။ ထို့ပြင် ဤအချက်သည် လုချန်းအတွက်သာ ဖြစ်ပြီး ထျန်းဟုန် ဧကရီကတော့ ခြွင်းချက် ဖြစ်သည်။

ဖေးဟုန် နတ်လှေ၏ ကုန်းပတ်ပေါ်တွင် ရပ်ရင်း အဝေးရှိ နတ်လှေအုပ်စုကြီးကို လုချန်းတိတ်ဆိတ်စွာ ကြည့်နေ၏။ ကြီးမားသော နတ်‌လှေကြီးများ တစ်စင်းပြီးတစ်စင်း လုချန်း၏ ရှေ့မှ ပျံသန်းသွားကြရာ ခမ်းနားထည်ဝါလှသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုမြင်ကွင်းကို မြင်လျှင် ရှနိုင်ငံတော် ပတ်ဝန်းကျင်ရှိ မငြိမ်မသက် ဖြစ်နေသော အင်အားစုများအားလုံး ထိတ်လန့်သွားကြသည်။

ရှနိုင်ငံတော် ပတ်ဝန်းကျင်ရှိ ကြယ်နယ်မြေများမှ အင်အားစုအချို့သည် ရှနိုင်ငံတော်အတွင်းရှိ အင်အားစုများနှင့် ဆက်သွယ်မှုများ ရှိကြသည်။ ရှဧကရာဇ် ဧကရာဇ်အဆင့် မဟုတ်ကြောင်း သိသွားချိန်တွင် ၎င်းတို့အနက် အမြောက်အမြားတွင် အကြံအစည်အချို့ ရှိလာခဲ့ကြသည်။ အထူးသဖြင့် လုချန်း တံခါးပိတ်ကျင့်စဉ် စခန်းဝင်နေသည့် နှစ်များအတွင်း အင်အားစု အမြောက်အမြားသည် ရှနိုင်ငံတော်ကို စုံစမ်းရန် သူလျှိုများ စေလွှတ်ခဲ့ကြသည်။

ယခုအခါ လုချန်း၏ စစ်ရေးပြပွဲက အကွက်ချ ကြံစည်နေသူအချို့၏ အိပ်မက်များကို တိုက်ရိုက် ဖျက်ဆီးလိုက်ပြီ ဖြစ်သည်။ ဤမျှ များပြားလှသော စစ်နတ်လှေများနှင့် ဆိုလျှင် ဧကရာဇ်အဆင့် စွမ်းအားရှင်များ မရှိသော သူတော်စင်အဆင့် အင်အားစုများကို အလွယ်တကူ ချေမှုန်းနိုင်သည်။

စစ်ရေးပြပွဲ ပြီးဆုံးပြီးနောက် လုချန်းသည် ထိုနတ်လှေများကို ဘရာမာ ပင်လယ် ကြယ်နယ်‌မြေသို့ တိုက်ရိုက် ဦးဆောင်ခေါ်ယူသွားလိုက်သည်။ ဘရာမာ ပင်လယ် ကြယ်နယ်မြေသည် သက်ရှိကမ္ဘာ နည်းပါးသော ကြယ်နယ်မြေတစ်ခု ဖြစ်သည်။

ထိုနေရာ၌ မည်သည့်နိုင်ငံကမှ အုပ်ချုပ်ခြင်း မရှိပေ။ အဆင့်နိမ့် ဂိုဏ်းအချို့သာ ရှိ၏။

ဘရာမာပင်လာယ် ကြယ်နယ်မြေသည် ချင်းယွမ်နိုင်ငံမှ ရှနိုင်ငံတော်သို့ လာနိုင်သည့် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်သည်။ ၎င်းသည် တောင်ဝင်တောင်တန်း ကြယ်နယ်မြေနှင့် အလှမ်းဝေးကွာသဖြင့် စစ်မြေပြင်အဖြစ် သတ်မှတ်ရန် သင့်တော်သော နေရာလည်း ဖြစ်သည်။

ရှနိုင်ငံတော်က စစ်ရေးပြပွဲ ကျင်းပပြီး ဘရာမာ ပင်လယ် ကြယ်နယ်မြေသို့ စစ်တပ် စေလွှတ်လိုက်သည့် သတင်းကို ယဲ့မိသားစုမှ သူလျှိုများမှတစ်ဆင့် ချီဇွန်း၏ နားသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။

ချင်းယွမ်နိုင်ငံ၏ နတ်လှေပေါ်ရှိ ကုန်းပတ်တွင် ရပ်ရင်း ယဲ့မိသားစုက တင်ပြသည့် ထောက်လှမ်းရေး အစီရင်ခံစာကို ချီဇွန်း တိတ်ဆိတ်စွာ နားထောင်နေ၏။

ယဲ့မိသားစု၏ တင်ပြချက်ကို ကြားလျှင် ချီဇွန်းက

“ရှနိုင်ငံတော်က ကျုပ်တို့ ချဉ်းကပ်လာတာကို သတိထားမိသွားတဲ့ပုံပဲ။”

ယဲ့မိသားစု၏ အကြီးအကဲချုပ် ဖြစ်သူ ယဲ့ဟုန်ယွမ်က

“ရှနိုင်ငံတော်ရဲ့ စကြဝဠာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစုက ချီယွဲ့နိုင်ငံတစ်ဝှမ်းမှာ ပျံ့နှံ့နေတာပဲ။ သူတို့ သတင်းအချက်အလက်တွေ စုဆောင်းနိုင်တာက ပုံမှန်ပါပဲ။”

ချီဇွန်းက သူ၏ ဖြူဆွတ်နေသော မုတ်ဆိတ်ကို သပ်ရင်း

“သူတို့ သူလျှိုတွေက ချင်းယွမ်နိုင်ငံရဲ့ အင်အားကို အတိအကျ သိရဲ့လားဆိုတာပဲ ကျုပ် သိချင်မိတယ်။”

ယဲ့ဟုန်ယွမ်က

“ဒီတစ်ခေါက်မှာ ကျုပ်တို့ဘက်က ဧကရာဇ်အဆင့် သုံးယောက် လာနေတယ်ဆိုတာကို သူတို့ မသိမှာ စိုးရိမ်မိတယ်။ မဟုတ်ရင် သူတို့ဘက်က အရင် တိုက်ခိုက်ဖို့ ကြိုးစားမှာ မဟုတ်ဘူး။”

မင်းဆက်ကံစွမ်းအား၏ ပံ့ပိုးမှုကြောင့် ဧကရာဇ်အဆင့် တစ်ဦးသည် သူ တည်ထောင်ထားသော နိုင်ငံအတွင်း တိုက်ခိုက်ခြင်းက အကောင်းဆုံး အခြေအနေ ဖြစ်သည်။ ဧကရာဇ်အဆင့် တစ်ဦးသည် သူ၏နိုင်ငံမှ ထွက်ခွာသွားလျှင် ကံစွမ်းအား၏ ပံ့ပိုးမှု ကင်းမဲ့သွားသဖြင့် အင်အား သိသိသာသာ လျော့နည်းသွားတတ်သည်။

သို့သော်လည်း ရှဧကရာဇ်သည် ရှနိုင်ငံတော်မှ ထွက်ခွာလာပြီး ဘရာမာ ပင်လယ် ကြယ်နယ်မြေ၌ တိုက်ခိုက်ရန် ကြံစည်နေခြင်းက ရှနိုင်ငံတော်အတွက် ဉာဏ်နည်းသော ဆုံးဖြတ်ချက် ဖြစ်သည်ဟု ယဲ့ဟုန်ယွမ်တို့ ယူဆနေကြသည်။

ချီဇွန်းက

“ဒီလိုဖြစ်တာလည်း ကောင်းတာပဲ။ ဘရာမာ ပင်လယ် ကြယ်နယ်မြေမှာ အဆုံးအဖြတ် စစ်ပွဲဆင်နွှဲရတာက ရှနိုင်ငံတော်ရဲ့ ကံစွမ်းအား ပံ့ပိုးမှု မရှိတဲ့အတွက် သူတို့ ချက်ချင်း ရှုံးသွားလိမ့်မယ်။”

ထိုအခိုက်အတန့်၌ ချီဇွန်းနှင့် ကျန်နှစ်ယောက်၏ အမြင်တွင် ရှနိုင်ငံတော်သည် သတ်ဖြတ်ခြင်း ခံရတော့မည့် သိုးငယ် တစ်ကောင်ကဲ့သို့ ဖြစ်နေပြီး သူတို့၏ မျက်နှာများပေါ်တွင်လည်း အပြုံးများ ရှိနေကြသည်။

ရက်အနည်းငယ် ကြာပြီးနောက် လုချန်း ဦးဆောင်သော နဂါးတပ်မတော်သည် ဘရာမာ ပင်လယ် ကြယ်နယ်မြေသို့ ကြိုတင် ရောက်ရှိလာခဲ့သည်။ ထိုအောက်ကမ္ဘာများရှိ လူများကို မထိခိုက်စေရန်အတွက် ဘရာမာပင်လယ် ကြယ်နယ်မြေရှိ ဒေသခံများကို ရွှေ့ပြောင်းပေးရန် လုချန်းက စစ်သားများကို ကြိုတင် စေလွှတ်ခဲ့သည်။

……..

ဖေးဟုန် နတ်လှေ။

အိပ်ဆောင်အတွင်း။

လုချန်းက တရားထိုင် ကျင့်ကြံနေစဉ် ပိုင်ချင်းချင်း အိပ်ဆောင်အတွင်းသို့ ရုတ်တရက် ရောက်လာပြီး

“မင်းကြီး... ဘရာမာ ပင်လယ် ကြယ်နယ်မြေက အောက်ကမ္ဘာက လူတွေကို ရွှေ့ပြောင်းပေးပြီးပါပြီ။”

ရှနိုင်ငံတော်၏ အင်အားကို ဘရာမာ ပင်လယ် ကြယ်နယ်မြေရှိ ဒေသခံများ နည်းနည်းမှ ခုခံနိုင်စွမ်း မရှိကြပေ။

တကယ်တော့ ဤစကြဝဠာကြီးသည် အလွန် ရက်စက်လှ၏။

ရှစစ်တပ် အရင် ရောက်ရှိလာခြင်းက ထိုအောက်ကမ္ဘာများအတွင် ကံကောင်းခြင်း ဖြစ်သည်။ ချင်းယွမ်နိုင်ငံသာ အရင် ရောက်ရှိနေပါပ ရှစစ်တပ်များ ပေါ်လာသည်နှင့် စစ်ပွဲ ချက်ချင်း ဖြစ်ပွားကာ အောက်ကမ္ဘာအားလုံး ထိခိုက်သွားနိုင်သည်။

ထိုအခါ၌ ဒေသခံများလည်း သူတို့ ကမ္ဘာများတွင် သေမည့်ရက်ကို စောင့်ဆိုင်းနေရုံသာ ရှိတော့မည်။ ရှနိုင်ငံတော် ရောက်ရှိလာမှုက ထိုအောက်ကမ္ဘာမှ လူများအတွက်မူ ကံဆိုးခြင်းထဲမှ ကံကောင်းခြင်းဟု ဆိုရမည် ဖြစ်သည်။

လုချန်းက မျက်လုံးဖွင့်လိုက်ပြီး

“ရွှေ့ပြောင်းပြီးပြီဆိုရင် ကောင်းတာပေါ့။ အခုလာမယ့် စစ်ပွဲမှာ ဘာမှ ငဲ့ညှာနေစရာမလိုပဲ တိုက်လို့ရပြီ။”

ထိုသို့ ပြောရင်း လုချန်း တစ်စုံတစ်ခုကို သတိရသွားပြီး စနစ်အတွင်းမှ ဓားရှည်တစ်စင်းကို ချက်ချင်း ထုတ်ယူလိုက်သည်။

[ဧကရီဓား : ဧကရာဇ်အဆင့်လက်နက်၊ ထျန်းဟုန်ဧကရီ၏ အတိတ်ဘဝမှ ဓား]

လုချန်းက ဓားသွားကို အသာအယာ ပွတ်သပ်ရင်း

“ဓားက ကောင်းပေမဲ့ ငါ သုံးဖို့ မဟုတ်တာ နှမြောစရာပဲ”

ဟု တစ်ဦးတည်း ရေရွတ်လိုက်သည်။

ဓား၏ အမည်ကို မြင်ကတည်းက ဤဓား သူနှင့် မသင့်တော်ကြောင်း လုချန်း သိသည်။ သို့သော်လည်း ဧကရီဓား၏ မိတ်ဆက်ကို မြင်ပြီးနောက် ဤဓားကို စနစ်က ဘာကြောင့် ဆုလာဘ်အဖြစ် ပေးသလဲဆိုတာကို သူ ချက်ချင်း နားလည်ခဲ့သည်။

ထိုအခိုက်အတန့်၌ ဖေးဟုန် နတ်လှေပေါ်ရှိ အခန်းတစ်ခန်း အတွင်းရှိ ထျန်းဟုန် ဧကရီသည် သူမ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်၏။

ထိုစဉ် သူမ၏ သတ်ဖြတ်လိုသော အငွေ့အသက်များ မြင့်တက်လာသဖြင့် နတ်လှေတစ်စင်းလုံး တုန်ခါသွားခဲ့သည်။ ထျန်းဟုန် ဧကရီလည်း မယုံကြည်နိုင်စွာဖြင့် နတ်လှေကို သူမ၏ စိတ်အာရုံဖြင့် စစ်ဆေးကြည့်ရာ ခဏခန့်အတွင်း သူမ မျက်နှာတွင် အံ့အားသင့်မှုများ ပြည့်နှက်သွား တော့သည်။ သူမ၏ အတိတ်ဘဝမှ ဓားကို သူမ တကယ် အာရုံခံမိလိုက်ခြင်း ဖြစ်သည်။

သူမ၏ ဓားက ပြင်ပနယ်မြေ စစ်မြေပြင်၌ ပျောက်ဆုံးသွားခဲ့သင့်သည် မဟုတ်ပါလား။ ဤနေရာသို့ မည်သို့ ရောက်လာနိုင်မည်နည်း။

ထို့ပြင် ထိုဓားက လုချန်း လက်ထဲသ ရောက်နေတာလား။

နောက်တစ်စက္ကန့်တွင် ထျန်းဟုန် ဧကရီ လုချန်း၏ ရှေ့မှောက်သို့ ရောက်ရှိလာပြီး လုချန်း၏ လက်ထဲရှိ ဧကရီဓားကို သူမ၏ အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

“ဒီဓားက ဘယ်ကနေ ရောက်လာတာလဲ”

လုချန်း တကယ်တမ်း ဘယ်သူလဲ ဆိုတာကို ထျန်းဟုန် ဧကရီ ပို၍စိတ်ဝင်စားလာသည်။ လုချန်းသည် သူမကို အသက်ပြန်သွင်းပေးနိုင်ရုံသာမက စိတ်ဝိညာဉ်ကိုလည်း ပြုပြင်ပေးနိုင်ခဲ့သည်။ ယခုမူ သူမ၏ ဓားပင်လျှင် လုချန်း၏ လက်ထဲသို့ ရောက်ရှိနေသည်။

လုချန်းက ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်ကာ ထျန်းဟုန် ဧကရီထံ ပစ်ပေးရင်း

“ဒီလိုပဲ တွေ့ခဲ့တာ”

လုချန်း၏ အဖြေကို သဘာဝကျကျပင် ထျန်းဟုန် ဧကရီ မယုံကြည်ပေ။ ပြင်ပနယ်မြေ စစ်မြေပြင်သည် အလွန် ကျယ်ပြောလှ၏။ သူမ၏ ဓားကို လုချန်း တွေ့သွားတယ်ဆိုတာက တိုက်ဆိုင်လွန်းလှသည်။

ခဏနေပါဦး...

ဓားက တစ်မျိုး ဖြစ်နေသလိုပဲ...

……………

အခန်း( ၁၃၃၈ )

ရှနိုင်ငံတော်မှ ဧကရာဇ် ထွက်ပြေးပြီ

ထျန်းဟုန် ဧကရီ မှတ်မိသလောက် သူမ၏ ဓားသည် ဧကရာဇ်အဆင့် လက်နက် မဟုတ်ပေ။ သို့သော် ယခု သူမ၏ လက်ထဲမှ ဓားမှ ထွက်ပေါ်နေသော အငွေ့အသက်မှာ အတိတ်ဘဝတွင် အသုံးပြုခဲ့သော အငွေ့အသက်နှင့် ထပ်တူကျနေသည်ကို တွေ့ရသည်။ ထို့ပြင် ထိုဓား သူမ၏ လက်ထဲသို့ ပြန်လည် ရောက်ရှိလာသည့်အတွက်လည်း သူမ အတိုင်းထက်အလွန် ဝမ်းမြောက်နေမိသည်။

သူမ၏ ဓားသည် အလွန်ဆုံး ရှိလှလျှင် သူတော်စင်အဆင့် လက်နက်သာ ဖြစ်နိုင်ကြောင်း သူမ မှတ်မိနေသည်။ ဤဓားက ဘယ်လိုလုပ် ဧကရာဇ်အဆင့်လက်နက် ဖြစ်သွားရသနည်း။ ထျန်းဟုန် ဧကရီ လုချန်းကို ထပ် ကြည့်လိုက်သည်။ ဤဧကရီဓားကို လုချန်းက ထုတ်ယူလာခဲ့ခြင်း ဖြစ်သဖြင့် ဓား၏ အဆင့်တက်လာမှုက လုချန်းနှင့် ဧကန်မုချ ပတ်သက်နေပေလိမ့်မည်။

ဧကရီဓားက ဧကရာဇ်အဆင့်လက်နက်အဖြစ် မည်သို့ ပြောင်းလဲသွားသနည်းဟု သူမ လုချန်းကို မေးမြန်းလိုသော်လည်း နောက်ဆုံးတွင်တော့ မမေးပဲ နေလိုက် တော့သည်။

ခေတ္တခန့် အကြာတွင် ထျန်းဟုန် ဧကရီက

“ဒီဓားကို ကျွန်မဆီ လွှဲပေးဖို့ ရှင် ရည်ရွယ်ထားတာလား။”

ဓားသည် သူမ ပိုင်ဆိုင်ခဲ့သော ပစ္စည်း ဖြစ်သော်လည်း ယခုအခါ ဧကရာဇ်အဆင့်လက်နက် ဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့် လုချန်းက သူမကို ဆက်လက် အသုံးပြုခွင့် ပေး မပေးကို ထျန်းဟုန် ဧကရီက မသေချာပေ။ ဤစကြဝဠာထဲတွင် သူတော်စင်အဆင့် လက်နက်များပင် ရှားပါးလှရာ ဧကရာဇ်အဆင့်လက်နက် ကတော့ ဆိုဖွယ်ရာ မရှိတော့ပေ။

လုချန်းက

“လက်နက်ဆိုတာ ထိုက်တန်တဲ့ လူရဲ့ လက်ထဲမှာ ရှိမှ သူ့ရဲ့အစွမ်းကုန်ကို ပြသနိုင်တာပါ။ ဒီဓားက အဆင့်မြင့်ပေမဲ့ ကိုယ့်နဲ့‌တော့ မအပ်စပ်ဘူး။ သုံးလည်း မသုံးတတ်ဘူး။”

ထျန်းဟုန် ဧကရီ၏ စိတ်ထဲ အနည်းငယ် လှုပ်ခတ်သွားသည်။ ဧကရီဓားကို သူမအား အသုံးပြုခွင့်ပေးရန် လုချန်းက တကယ် ရည်ရွယ်နေတာလား။

ဧကရီဓားသည် သူမနှင့်အတူ နှစ်ပေါင်းများစွာ ရှိနေခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ ဓားသွားတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသဖြင့် သူမ၏ သတ်ဖြတ်ခြင်း စွမ်းအားကို ပို၍လှုံ့ဆော်ပေးနိုင်ကာ အင်အားကိုလည်း များစွာ မြှင့်တင်ပေးနိုင်သည်။

ထျန်းဟုန် ဧကရီ၏ လိုချင်တပ်မက်နေသော အမူအရာကို မြင်လျှင် လုချန်းက

“ကိုယ်က အသုံးမပြုတတ်ဘူး ဆိုပေမဲ့ ဒါက ဧကရာဇ်အဆင့်လက်နက် တစ်ခုပဲ”

ဟု ခပ်အေးအေး ပြောလိုက်သည်။

ထျန်းဟုန် ဧကရီက မျက်ခုံးတွန့်ကာ

“ရှင် ဘာတွေ တောင်းဆိုချင်လဲ”

ဧကရာဇ်အဆင့်လက်နက် ဖြစ်သည့် ဧကရီဓားကို လုချန်းက သူမထံ အလွယ်တကူ ပြန်ပေးလိမ့်မည် မဟုတ်ကြောင်း သူမ သိထားသည်။

လုချန်းက

“လောလောဆယ်တော့ ဧကရီဓားနဲ့ လဲလှယ်ဖို့ တန်ဖိုးရှိတဲ့ အရာ မင်းဆီမှာ ဘာရှိလဲ ဆိုတာ ကိုယ် စဉ်းစားလို့ မရသေးဘူး။”

ခဏခန့် ရပ်ပြီးနောက် သူက

“အခုတော့ မင်း သုံးထားလို့ ရပါတယ်။ တောင်းဆိုမယ့် အခြေအနေတွေကို ကိုယ် ဆုံးဖြတ်ပြီးရင် မင်းကို ပြောပြမယ်။”

လုချန်းက သူမကို စိတ်လှုပ်ရှားအောင် တမင်တကာ အချိန်ဆွဲနေခြင်း ဖြစ်ကြောင်း သိသဖြင့် ထျန်းဟုန် ဧကရီက လုချန်းကို အေးစက်စွာ ကြည့်လိုက်သည်။ လုချန်းက သူ၏ တောင်းဆိုမည့် အခြေအနေများကို မပြောသရွေ့ သူမ လုချန်းအပေါ် ကျေးဇူးကြွေး တင်ရှိနေမည် ဖြစ်သည်။ သို့သော် ဧကရီဓားကို ရရှိရန်အတွက် လုချန်း၏ ကျေးဇူးကြွေးကို ခံယူရန် သူမ ဆန္ဒရှိသည်။

ထို့နောက် ထျန်းဟုန် ဧကရီက

“ကောင်းပြီလေ”

ထိုစကားများနှင့်အတူ လုချန်း စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် သူမ၏ ဧကရီဓားကို လျင်မြန်စွာ သိမ်းဆည်းလိုက်တော့သည်။

လုချန်း တစ်စုံတစ်ခု ပြောရန် ပြင်ဆင်နေစဉ်မှာပင် အဝေးရှိ ဟင်းလင်းပြင်ထဲမှ နက်ရှိုင်းသော မြည်ဟီးသံကြီး တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော ဖိအားသုံးခုသည် ဘရာမာပင်လယ် ကြယ်နယ်မြေသို့ ကျရောက်လာ၏။ လုချန်း၏ မျက်နှာလည်း ချက်ချင်းပင် တည်ကြည်သွားတော့သည်။

ချင်းယွမ်နိုင်ငံမှ ဧကရာဇ်များ ရောက်ရှိလာပြီ ဖြစ်သည်။

လုချန်းက အမိန့်တစ်ခုကို ချက်ချင်း ထုတ်ပြန်လိုက်သည်။ နတ်လှေ အားလုံး ပုံစံတကျ နေရာယူပြီး နောက်ဆုတ်ရန် ဖြစ်သည်။ ယခု ဖြစ်ပွားမည့် တိုက်ပွဲမှာ ဧကရာဇ်အဆင့်များကြား တိုက်ပွဲ ဖြစ်သဖြင့် နတ်လှေများ ကတော့ နောက်ပိုင်းမှသာ ပါဝင်ရမည် ဖြစ်သည်။

ထို့နောက် အဝေးရှိ ဟင်းလင်းပြင်ထဲကို စစ်ဆေးရန် သူ၏ စိတ်အာရုံကို ထုတ်လွှတ်လိုက်သည်။ ထိုအခါ ကမ္ဘာငယ်တစ်ခုနှင့် တူသော ဧရာမ နတ်လှေကြီး တစ်စင်း အရှိန်လျှော့နေသည်ကို သူ မြင်လိုက်ရသည်။ ထိုနတ်လှေကြီး၏ နောက်တွင် အခြားသော နတ်လှေ အစင်းပေါင်းများစွာ လိုက်ပါလာကြသည်။

ထိုဧရာမ နတ်လှေကြီးကို မြင်လျှင် လုချန်း အနည်းငယ် အံ့အားသင့်သွားသည်။ စကြဝဠာ၏ အစွန်းပိုင်းတွင် ဤမျှ ကြီးမားသော နတ်လှေကြီး မည်သို့ ရှိနေနိုင်သနည်း။ သူ၏ ဖေးဟုန် နတ်လှေ ကြီးမားလှပြီဟု ထင်မှတ်ခဲ့သော်လည်း ယနေ့တွင် ပို၍ ကြီးမားသော နတ်လှေကို တွေ့လိုက်ရခြင်း ဖြစ်သည်။ ဖေးဟုန် နတ်လှေ ဆယ်စင်း ပေါင်းလျှင်ပင် ချင်းယွမ်နိုင်ငံ၏ ဤနတ်လှေလောက် ကြီးမည် မဟုတ်ပေ။

သို့သော် ချင်းယွမ်နိုင်ငံ နတ်လှေပေါ်ရှိ တိုက်ခိုက်ရေး နည်းဗျူဟာ ပုံစံများက ဖေးဟုန် နတ်လှေလောက် များချင်မှ များမည် ဖြစ်သည်။ အရွယ်အစား ကြီးမားခြင်းသက်သက်လည်း ဖြစ်နိုင်သည်။

ချင်းယွမ်နိုင်ငံ၏ နတ်လှေကို သူ၏ စိတ်အာရုံဖြင့် စမ်းသပ်နေစဉ် အားကောင်းသော စိတ်အာရုံ သုံးခုက သူ၏ စိတ်အာရုံနှင့် ရုတ်တရက် လာရောက် ထိတွေ့လာသည်။ လုချန်းလည်း တွေဝေမနေပဲ သူ၏ စိတ်အာရုံကို ချက်ချင်း ပြန်လည် ရုပ်သိမ်းလိုက်သည်။

ထိုအချိန်တွင် ချင်းယွမ်နိုင်ငံ၏ ဧရာမ နတ်လှေကြီးပေါ်ရှိ ဧကရာဇ်အဆင့် သုံးဦးစလုံးသည် ဟင်းလင်းပြင်ထဲကို အာရုံစိုက်နေကြသည်။

ခဏခန့် အကြာတွင် ချီဇွန်းက

“စောစောက စိတ်အာရုံက ရှနိုင်ငံတော်ရဲ့ ဧကရာဇ်အဆင့်ဆီက ဖြစ်ရမယ်။”

ချီရှီက ရယ်မောရင်း

“ကျွန်တော်တို့ဘက်မှာ ဧကရာဇ်အဆင့် သုံးယောက် ပါလာတာကို သတိထားမိသွားလို့ သူ ကြောက်ပြီး ထွက်ပြေးဖို့ ကြံနေတာ ထင်တယ်။”

ယဲ့ဟုန်ယွမ်က

“အဲ့ဒီလိုတော့ မဟုတ်လောက်ဘူး။ ရှနိုင်ငံတော်မှာ ထူးဆန်းတဲ့ ရှေးဟောင်းပစ္စည်းတွေ အမြောက်အမြား ရှိတယ်။ သူတို့ အမွေအနှစ်တစ်ခုခု ရထားသလားဆိုတာ ပြောရခက်တယ်။ ဧကရာဇ်အဆင့်ကို ခြိမ်းခြောက်နိုင်တဲ့ ရတနာတွေ သူတို့ဆီမှာ ရှိနေနိုင်တယ်။”

ယဲ့မိသားစု သူလျှိုများ စုဆောင်းထားသော သတင်းများကို ယဲ့ဟုန်ယွမ် ပြန်လည် စစ်ဆေးပြီး ဖြစ်၏။ ရှနိုင်ငံတော်ကို သာမန်နိုင်ငံတစ်ခုဟု သူ မယူဆသော်လည်း ချင်းယွမ်နိုင်ငံကို ယှဉ်နိုင်လိမ့်မည်ဟုတော့လည်း သူ မထင်ပေ။

သို့သော် သူသည် ချီဇွန်းနှင့် ချီရှီတို့ထက် ပို သတိကြီးသူ ဖြစ်သည်။ ဧကရာဇ်အဆင့်များအကြား တိုက်ပွဲတွင် ပြိုင်ဘက်၏ ဝှက်ဖဲများကို မည်သူမှ ကြိုတင် မခန့်မှန်းနိုင်ပေ။

ကေသရာဇာ ခြင်္သေ့ပင်လျှင် ယုန်တစ်‌ကောင်ကို ဖမ်းရာ၌ အစွမ်းကုန် ကြိုးစားရမည် ဖြစ်သည်။ ဧကရာဇ်အဆင့် ဖြစ်လာသူတိုင်းသည် နှစ်ပေါင်းထောင်ချီ၍ အသက်ရှင်ခဲ့ကြသူများ ဖြစ်ရာ ကျွမ်းကျင်မှု တစ်စုံတစ်ရာ မရှိပဲ ဧကရာဇ် အဆင့်ဖြင့် ရှင်သန်နိုင်မည် မဟုတ်ပေ။

ချီဇွန်းက

“အဓိက အချက်က သူတို့ နောက်ဆုတ်သွားမှာလား ဆိုတာပဲ။ နောက်ဆုတ်သွားရင်တော့ သူတို့ဆီမှာ ဧကရာဇ်အဆင့်ကို ခြိမ်းခြောက်နိုင်တဲ့ ရတနာတွေ မရှိဘူးလို့ ဆိုရမယ်။”

ထိုသို့ ပြောပြီးနောက် ရှနိုင်ငံတော်၏ စစ်တပ်ကို စစ်ဆေးရန် ချီဇွန်းကလည်း သူ၏ စိတ်အာရုံကို ထုတ်လွှတ်လိုက်သည်။ ရှနိုင်ငံတော်၏ စစ်တပ်ကို ချီဇွန်း၏ စိတ်အာရုံက လွှမ်းခြုံကြည့်ရှုလိုက်ချိန်တွင် သူ၏ မျက်နှာပေါ်ရှိ အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ နတ်ဘဝ ပြောင်းလဲခြင်း ကျင့်စဉ်အဆင့်နှင့် ပြန်လည်ပျက်စီးခြင်း ကျင့်စဉ်အဆင့် စစ်သား အမြောက်အမြားကို သူ တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံတွင် နတ်ဘဝ ပြောင်းလဲခြင်း အဆင့်နှင့် ပြန်လည်ပျက်စီးခြင်း အဆင့် ကျင့်ကြံသူ အမြောက်အမြား ရှိနေခြင်းက မဆန်းသော်လည်း ရှနိုင်ငံတော်သည် အသစ် တည်ထောင်ထားသော နိုင်ငံ ဖြစ်သည်။ ထို့ကြောင့် ဤမျှ များပြားသော ကျင့်ကြံသူများကို သူတို့ မည်သို့ ပိုင်ဆိုင်ထားသနည်း။

ရှနိုင်ငံတော်ရှိ ပြန်လည်ပျက်စီးခြင်း ကျင့်စဉ်အဆင့် ကျင့်ကြံသူ အားလုံးကို စုစည်းထားခြင်းလား။ သူတို့ဘက်မှ ခေါ်ဆောင်လာသော စစ်သားများသည် ရှနိုင်ငံတော်၏ စစ်သားများနှင့် ယှဉ်လျှင် အင်အား အနည်းငယ် လျော့နည်းနေကြောင်း ချီဇွန်း ခံစားလိုက်ရသည်။

သို့သော် စစ်ပွဲ၏ အဆုံးအဖြတ်သည် သူတို့ကဲ့သို့သော ဧကရာဇ်အဆင့်များအပေါ်တွင်သာ မူတည်ပြီး စစ်သားများ ကတော့ နောက်ဆက်တွဲ ရှင်းလင်းရေးအတွက်သာ ဖြစ်သည်ဟု တွေးရင်း ချီဇွန်း စိတ်ပြန်အေးသွားသည်။ အခြားတစ်ဖက်မှ စစ်တပ် မည်မျှပင် အင်အားကြီးစေကာမူ ဧကရာဇ်အဆင့် သုံးဦးအတွက် ခြိမ်းခြောက်မှု မဟုတ်ပေ။

ထိုစဉ် အခြား ပြဿနာတစ်ခုကို ချီဇွန်း ချက်ချင်း သတိပြုမိသွားသည်။ ရှနိုင်ငံတော်၏ စစ်တပ်ကို စိတ်အာရုံဖြင့် ကြည့်ရှုပြီးနောက်တွင် ဧကရာဇ်အဆင့် တစ်ဦးတစ်ယောက်မှ ရှိနေသည့် အရိပ်အယောင်ကို မတွေ့ရခြင်း ကြောင့်ဖြစ်သည်။

ချီဇွန်းက သူ၏ စိတ်အာရုံကို ပြန်ရုပ်သိမ်းလိုက်ပြီး ယဲ့ဟုန်ယွမ်ဘက်သို့ လှည့်ကာ

“ယဲ့အကြီးအကဲ။ ရှနိုင်ငံတော်ရဲ့ နတ်လှေတွေကို စိတ်အာရုံနဲ့ တစ်ချက်လောက် စစ်ဆေးကြည့်ပေးပါဦး။”

ယဲ့ဟုန်ယွမ်က ဘာကြောင့်လဲဟု မမေးပဲ သူ၏ စိတ်အာရုံကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ ရှနိုင်ငံတော်မှ စစ်သားများ၏ အင်အားကို မြင်လျှင် သူ အနည်းငယ် အံ့အားသင့်သွားသော်လည်း အလွန် စိုးရိမ်ခြင်း မရှိပေ။ စစ်ပွဲ၏ အဆုံးအဖြတ်သည် စစ်သားများပေါ်တွင် မဟုတ်ပဲ ဧကရာဇ်အဆင့်များပေါ်တွင်သာ မူတည်သည်ဟု ချီဇွန်းကဲ့သို့ပင် သူ ယူဆထားသည်။

သို့သော်လည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း ယဲ့ဟုန်ယွမ် မကြာမီ သ‌ဘောပေါက်သွားသည်။ ရှနိုင်ငံတော်၏ နတ်လှေများကို သူ စစ်ဆေးကြည့်ရာတွင် ဧကရာဇ်အဆင့် တစ်ဦးကိုမှ ရှာမတွေ့ခဲ့ပေ။

စိတ်အာရုံကို ပြန်ရုပ်သိမ်းလိုက်ပြီးနောက် ယဲ့ဟုန်ယွမ်က

“ရှနိုင်ငံတော်ရဲ့ ဧကရာဇ်အဆင့်က ထွက်ပြေးသွားတာလား”

ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။

စောစောက ဧကရာဇ်အဆင့်၏ စိတ်အာရုံ ကို သူတို့ အားလုံး ခံစားမိခဲ့သော်လည်း နောက်တစ်ကြိမ် စစ်ဆေးချိန်တွင်မူ ထိုဧကရာဇ်အဆင့် ပျောက်ကွယ်သွား၏။ ထိုသူ ထွက်ပြေးသွားသည်ဟုသာ သူတို့ ယူဆလိုက်ကြတော့သည်။

……………

All Chapters