← Chapters

အခန်း (၁၃၃၉-၁၃၄၁)

Vol. 90 Ch. 1339-1341

အခန်း (၁၃၃၉-၁၃၄၁)

Vol. 90 Ch. 1339-1341

အခန်း (၁၃၃၉ )

ပထမဆုံး ထိပ်တိုက်ရင်ဆိုင်မှု

ချီရှီ၏ စောစောက နောက်ပြောင်ပြောဆိုချက် တကယ် ဖြစ်လာသလို ဖြစ်သောကြောင့် ယဲ့ဟုန်ယွမ် မယုံကြည်နိုင် ဖြစ်နေသည်။

တကယ်တော့ ပြိုင်ဘက် ဧကရာဇ်အဆင့်၏ တည်နေရာကို ရှာမတွေ့နိုင်ခြင်း၌ အကြောင်းပြချက်များစွာ ရှိနိုင်သည်။ ပြိုင်ဘက်တွင် မိမိ၏ တည်ရှိမှုကို ဖုံးကွယ်ထားနိုင်သော မှော်ရတနာ တစ်ခု ရှိနေခြင်းမျိုးလည်း ဖြစ်နိုင်သည်။

သို့သော် ဧကရာဇ်အဆင့်၏ စစ်ဆေးမှုကို ဖုံးကွယ်နိုင်သည့် မည်သည့်မှော်ရတနာမဆို အနည်းဆုံး သူတော်စင်အဆင့် ရတနာ ဖြစ်ရမည် ဖြစ်သည်။ ထို့ကြောင့် ယဲ့ဟုန်ယွမ်နှင့် ချီဇွန်းတို့က ထိုအချက်သို့ လုံးဝ ထည့်မတွေးကြချေ။ ဧကရာဇ်အဆင့် ဖြစ်လာကာစ လူတစ်ယောက်တွင် ထိုကဲ့သို့သော ရတနာ ရှိနေလိမ့်မည်ဟုလည်း သူတို့ ဧကန်မုချ မယုံကြည်ကြပေ။

လုချန်း၏ တည်ရှိမှုကို ချီဇွန်းတို့ အာရုံမခံမိသော်လည်း လုချန်းကမူ ချီဇွန်းနှင့် ယဲ့ဟုန်ယွမ်တို့၏ စိတ်အာရုံများကို အာရုံခံမိပြီး ဖြစ်သည်။ အားကောင်းသော စိတ်အာရုံ နှစ်ခု ဖေးဟုန် နတ်လှေပေါ်မှ ဖြတ်ကျော်သွားသည်ကို သူ ရှင်းလင်းစွာ ခံစားလိုက်ရသည်။ ဆိုလိုသည်မှာ ထိုစိတ်အာရုံများက ဖေးဟုန် နတ်လှေကိုရော ၎င်းပေါ်ရှိ လူများကိုပါ ရှာမတွေ့ခဲ့ခြင်း ဖြစ်သည်။

ဖေးဟုန် နတ်လှေတွင် ဧကရာဇ်အဆင့်၏ စိတ်အာရုံကို ကာကွယ်နိုင်စွမ်း ရှိနေသည်ကို လုချန်း အနည်းငယ် အံ့အားသင့်သွားရသည်။ ထိုစွမ်းဆောင်ရည်ကို အစောကတည်းက သူ အဘယ်ကြောင့် သတိမထားမိခဲ့သနည်း။

ဖေးဟုန် နတ်လှေသည် ထျန်းဟုန် ဧကရီနှင့် ဆက်နွှယ်နေဆဲ ဖြစ်ကြောင်း လုချန်း မသိသေးပေ။ ထျန်းဟုန် ဧကရီသည် ဖေးဟုန် နတ်လှေ၏ ဝိညာဉ်အဖြစ် ဆက်လက် တည်ရှိနေပြီး သူမ ဧကရာဇ်အဆင့်သို့ တက်လှမ်းသည့်အချိန်တွင် နတ်လှေ၏ အဆင့်လည်း ဧကရာဇ်အဆင့်သို့ တိုးတက်သွားခဲ့သည်။

အဆင့်တိုးတက်လာမှုနှင့်အတူ ဖေးဟုန် နတ်လှေတွင် စွမ်းဆောင်ရည်သစ် အချို့ ရရှိလာခဲ့၏။ အာရုံခံမှုကို ဖုံးကွယ်နိုင်ခြင်းက ထိုအထဲမှ တစ်ခုအပါအဝင် ဖြစ်သည်။ ဖေးဟုန် နတ်လှေ၏ စွမ်းဆောင်ရည်များထဲတွင် ဤအချက်သည် အသေးအဆုံး အချက်တစ်ခုမျှသာ ဖြစ်၏။ ယခု ဖေးဟုန် နတ်လှေသည် ထျန်းဟုန် ဧကရီ၏ စိတ်ဝိညာဉ်လက်နက်ကဲ့သို့ ဖြစ်နေပြီ ဖြစ်သည်။

ထို့နောက် လုချန်းက ပြုံးလိုက်ပြီး သူ၏နောက်ကွယ်မှ လူတိုင်းကို

“ချင်းယွမ်နိုင်ငံရဲ့ ဧကရာဇ် သုံးယောက်ကတော့ ကိုယ် ထွက်ပြေးသွားပြီလို့ ထင်နေကြပုံပဲ။”

ထိုသို့ပြောပြီးနောက် လုချန်းက ချက်ချင်း အမိန့်ထုတ်ပြန်လိုက်သည်။

“စစ်ပွဲမစခင်မှာ အဝေးကလာတဲ့ ဧည့်သည်တွေကို လက်ဆောင်တစ်ခုလောက် ပေးလိုက်ရအောင်။ အာကာသယဉ်နဲ့ နတ်လှေတွေအားလုံး လက်နက်စနစ်တွေကို ဖွင့်ဖို့ အမိန့်ပေးလိုက်။”

လုချန်း၏ စကားအဆုံးတွင် စီတန်းထားသော အာကာသယဉ်များအားလုံး၏ လျှပ်စစ်သံလိုက် လမ်းကြောင်းများကို ဖွင့်လိုက်ကြသည်။ မီးနတ်ဘုရား အမြောက်၏ ပစ်ခတ်မှု အကွာအဝေး ပိုမြင့်မားစေရန်အတွက် အာကာသယဉ်များတွင် လျှပ်စစ်သံလိုက် လမ်းကြောင်းများသာမက နည်းဗျူဟာပုံစံ များကိုပါ တပ်ဆင်ထားသည်။

ထိုအဆင့်မြှင့်တင်မှုများကြောင့် မီးနတ်ဘုရား အမြောက်ဆံများသည် အလွန် တိုတောင်းသော အချိန်အတွင်းမှာပင် ကြယ်နယ်မြေ တစ်ဝက်စာအကွာအဝေးကို ဖြတ်ကျော်နိုင်စွမ်း ရှိလာသည်။

နောက်တစ်စက္ကန့်တွင် အာကာသယဉ်များပေါ်ရှိ မီးနတ်ဘုရား အမြောက် ပစ်လွှတ်စင်များအားလုံးမှ အပြာရောင် အလင်းဖျော့ဖျော့များ ထွက်ပေါ်လာသည်။ လျှပ်စစ်သံလိုက် လမ်းကြောင်းများ ပတ်လည်တွင် လည်း အပြာရောင် နည်းဗျူဟာပုံစံ များ ပေါ်လာသည်။

ထိုအချိန်တွင် ချင်းယွမ်နိုင်ငံ၏ နတ်လှေများ ကတော့ ကျရောက်လာတော့မည့် အန္တရာယ်ကို လုံးဝ သတိမထားမိကြသေးပေ။

ယဲ့ဟုန်ယွမ်က အဝေးရှိ နတ်လှေများကို ကြည့်ရင်း ရယ်မောကာ

“ရှနိုင်ငံရဲ့ ဧကရာဇ်အဆင့်ကို ကျွန်တော် အထင်ကြီးမိသွားပုံပဲ။ တိုက်တောင်မတိုက်ရသေးခင် ထွက်ပြေးသွားလိမ့်မယ်လို့ မထင်ထားမိဘူး။”

ထူးဆန်းပြီး အံ့သြဖွယ်ကောင်းသော အရာများစွာ ရှိနေသဖြင့် ရှနိုင်ငံတွင် ထူးခြားသော အမွေအနှစ်များ ရှိနေလိမ့်မည်ဟု ယဲ့ဟုန်ယွမ် အစက ထင်မှတ်ထားခဲ့သည်။ ထို့ပြင် အခြားတစ်ဖက်က အရင်ဆုံး တိုက်ခိုက်ရန် ကြိုးစားနေသဖြင့် ဧကရာဇ်အဆင့်ကို ရင်ဆိုင်နိုင်သော နည်းလမ်းများ ရှိနေနိုင်သည်ဟု သူ ထင်ခဲ့သော်လည်း ပြိုင်ဘက်သည် စိတ်အာရုံဖြင့် အခြေအနေကို စစ်ဆေးပြီးနောက် ချက်ချင်း ထွက်ပြေးသွားခြင်း ဖြစ်သည်။

သူအထင်ကြီးခဲ့သမျှ အလကားပင်။

ယဲ့ဟုန်ယွမ်က ဆက်လကိ၍

“ချီအကြီးအကဲချုပ်ရဲ့ ခန့်မှန်းချက်က မှန်ပုံရတယ်။ ရှနိုင်ငံမှာ ဧကရာဇ်အဆင့် တစ်ယောက်ပဲ ရှိတာ သေချာသွားပြီ။ ”

လမ်းတစ်လျှောက်တွင် ချီဇွန်းက သူ၏ ခန့်မှန်းချက်ကို ယဲ့ဟုန်ယွမ်အား ပြောပြခဲ့သည်။ ချီဇွန်း၏ အမြင်တွင် ရှနိုင်ငံ၌ ဧကရာဇ်အဆင့် တစ်ယောက်သာ ရှိနိုင်ပြီး ရှနိုင်ငံကို တည်ထောင်သူက လူအများကို ဇဝေဇဝါဖြစ်စေပြီး ဧကရာဇ်အဆင့် နှစ်ယောက် ရှိသည်ဟု ယုံကြည်လာစေရန် သတင်းမှားများကို တမင်တကာ ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။

အစပိုင်းတွင် ချီဇွန်း၏ ခန့်မှန်းချက်ကို ယဲ့ဟုန်ယွမ် သိပ်မယုံကြည်ခဲ့ပေ။ ရှနိုင်ငံအနေနှင့် ဧကရာဇ်အဆင့် နှစ်ယောက် ရှိသည်ဟု ပြောလိုလျှင် ဟန်ဆောင်နေမည့်အစား တိုက်ရိုက် ပြောဆိုလိုက်ရုံသာ ဖြစ်သဖြင့် ထိုသို့ လုပ်ခြင်းက အပိုဟုသာ သူ ယူဆခဲ့သည်။

သို့သော် ယခုကြည့်ရတာတော့ ရှနိုင်ငံတွင် ဧကရာဇ်အဆင့် တစ်ယောက်သာ ရှိနေခြင်း ဖြစ်နိုင်သည်။ မဟုတ်လျှင် ပြိုင်ဘက်က စိတ်အာရုံဖြင့် စစ်ဆေးပြီးနောက် အဘယ်ကြောင့် ထွက်ပြေးသွားရမည်နည်း။

ဧကရာဇ်အဆင့် နှစ်ယောက်သည် သုံးယောက်ကို မယှဉ်နိုင်သော်လည်း မတိုက်ခိုက်ရသေးခင် ရလဒ်ကို အတည်မပြုနိုင်ပေ။ အင်အားကွာခြားချက် အလွန် ကြီးမားနေသဖြင့် မည်သို့မှ မတတ်နိုင်တော့ပဲ ထွက်ပြေးရသည့် အခြေအနေမျိုးမှလွဲ၍ ပြိုင်ဘက်ကို တိုက်ခိုက်ရန် ဤမျှ ကြောက်ရွံ့နေစရာ အကြောင်း မရှိပေ။

ချီဇွန်းက

“ရှနိုင်ငံကို တည်ထောင်တဲ့သူက ထွက်ပြေးသွားပြီဆိုတော့ သူ ချန်ထားခဲ့တဲ့ လက်ဆောင်တွေကို သွားပြီး သိမ်းယူရုံပဲပေါ့။”

ချီဇွန်းက အာကာသယဉ်များကို “လက်ဆောင်များ” ဟု ခေါ်ဆိုလိုက်ခြင်း ဖြစ်သည်။ ယဲ့မိသားစု ယူဆောင်လာသော အာကာသယဉ်များကို သူ မြင်ဖူးထား၏။ ၎င်းတို့ကို သက်ဝင်ရွှေများဖြင့် ပြုလုပ်ထားခြင်း မဟုတ်သည့်အပြင် စိတ်ဝိညာဉ် စွမ်းအား အသုံးပြုရန် မလိုအပ်ခြင်းကို သူ စိတ်ဝင်စားနေသည်။

ထိုသို့ပြောရင်း ချီဇွန်းက ရှနိုင်ငံတော်၏ စစ်တပ်ကို အညံ့ခံဖို့ ဖိအားပေးရန်အတွက် သူ၏ စိတ်ဝိညာဉ် အပိုင်းအစတစ်ခုကို စေလွှတ်ရန် ပြင်ဆင်လိုက်သည်။ သို့သော် သူ၏ စိတ်ဝိညာဉ် အပိုင်းအစ ရှနိုင်ငံတော် စစ်တပ်ထံသို့ မရောက်ရှိသေးမီ အဝေးမှနေ၍ ရေတွက်၍မရသော အလင်းတန်းများ ပျံသန်းလာသည်ကို တွေ့လိုက်ရသဖြင့် အားလုံးအံ့အားသင့်သွားကြသည်။

ချီဇွန်းနှင့် ကျန်လူများ မျက်မှောင်ကြုတ်လိုက်ကြပြီး

“အဲဒါတွေက ဘာတွေလဲ”

ဟုရေရွတ်လိုက်ကြသည်။

ချီဇွန်း ထိုအလင်းတန်းများကို မတားဆီးနိုင်ခင်မှာပင် သူတို့၏ ‌နတ်လှေများ ရှေ့သို့ ရောက်ရှိလာသည်။ ထို့နောက် ချက်ချင်း ပေါက်ကွဲသွားကာ ချင်းယွမ်နိုင်ငံ၏ နတ်လှေများကို အပိုင်းပိုင်း အစစ ဖြစ်သွားစေသည်။

ခဏခန့် အတွင်းမှာပင် ဟင်းလင်းပြင်ထဲ၌ လှပသော မီးရှူးမီးပန်းများ ပစ်လွှတ်သည့် မြင်ကွင်းတစ်ခုလို ဖြစ်ပေါ်လာသည်။

နတ်လှေပေါ်တွင် ကာကွယ်ရေး နည်းဗျူဟာပုံစံများ ရှိသော်လည်း မီးနတ်ဘုရား အမြောက်ဆံများ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုကြောင့် နည်းဗျူဟာပုံစံများကို ထိန်းသိမ်းထားသည့် စိတ်ဝိညာဉ် စွမ်းအားများလည်း ခဏခန့်အတွင်းမှာပင် ကုန်ခမ်းသွားတော့သည်။

အခြေအနေ မကောင်းမှန်း သိသွားသဖြင့် ချီဇွန်းနှင့် သူ၏ အဖော်များ ချက်ချင်း လှုပ်ရှားလိုက်ကြသည်။ ချီဇွန်းက ကျရောက်လာသော မီးနတ်ဘုရား အမြောက်ကျည်များကို တားဆီးရန် အာရုံစိုက်နေချိန်တွင် ယဲ့ဟုန်ယွမ်နှင့် ချီရှီတို့က နတ်လှေများကို ကာကွယ်ရန် သူတို့၏ စိတ်ဝိညာဉ် စွမ်းအားများကို အသုံးပြုလိုက်ကြသည်။

သုံးဦးစလုံး၏ မျက်နှာမှာများလည်း တင်းမာနေကြသည်။ လွန်ခဲ့သော ခဏခန့်ကပင် ရှနိုင်ငံတော်၏ ဧကရာဇ်အဆင့် ထွက်ပြေးသွားပြီဟု သူတို့ ထင်ခဲ့ကြပြီး ရှနိုင်ငံတော်၏ စစ်တပ်ကို အလွယ်တကူ သိမ်းပိုက်နိုင်လိမ့်မည်ဟု ယူဆခဲ့ကြသည်။ ယခုတော့ ပြိုင်ဘက်က ရုတ်တရက် တိုက်ခိုက်လာသည်။

ချီရှီက အေးစက်စွာဖြင့်

“သူတို့နိုင်ငံရဲ့ ဧကရာဇ်အဆင့်ကိုယ်တိုင် ထွက်ပြေးသွားတာတောင် ကျုပ်တို့ကို တိုက်ခိုက်ရဲသေးတယ်ပေါ့။ တကယ်ကို မိုက်မဲတာပဲ။”

ချီဇွန်းက မှတ်ချက်ပေးလိုက်သည်။

“ရှနိုင်ငံရဲ့ ဧကရာဇ်အဆင့်က သူ့တပ်တွေကိုတောင် သတိမပေးနိုင်ပဲ အမြန်ထွက်ပြေးသွားတာ ဖြစ်နိုင်တယ်။ သူ့စစ်တပ်က သူ့အတွက် အချိန်ဆွဲပေးလိမ့်မယ်လို့ သူ မျှော်လင့်နေတာ ဖြစ်မှာပေါ့။”

တွေဝေမနေပဲ ချီရှီသည် သူ၏ စိတ်ဝိညာဉ် အပိုင်းအစတစ်ခုကို ခွဲထုတ်လိုက်ပြီး ကီလိုမီတာ တစ်ရာကျော် မြင့်မားသော ရွှေရောင် နိယာမကိုယ်ထည် တစ်ခုကို ဖန်တီးကာ ရှနိုင်ငံတော် စစ်တပ်၏ ရှေ့တွင် ပေါ်လာလိုက်စေသည်။

ထို့နောက် ချီရှီက သူ၏ ဧရာမ လက်ဝါးကို မြှောက်လိုက်ပြီး အာကာသယဉ် များဆီသို့ ရိုက်ချလိုက်သည်။ ရှနိုင်ငံတော်က ချင်းယွမ်နိုင်ငံ၏ နတ်လှေ အမြောက်အမြား ကို ဖျက်ဆီးပြီး စစ်သားများစွာကို သတ်ဖြတ်ခဲ့သဖြင့် ပြန်ပေးဆပ်ရမည် ဖြစ်သည်။

သူ၏ ဧရာမ လက်ဖဝါး အာကာသယဉ် တစ်စင်းကို ထိမှန်တော့မည့် အချိန်မှာပင် ကီလိုမီတာ တစ်ရာကျော် မြင့်မားသော အခြား ရွှေရောင် နိယာမ ကိုယ်ထည် တစ်ခု ၏ အာကာသယဉ်ရှေ့တွင် ရုတ်တရက် ပေါ်ပေါက်လာသည်။

ထိုပုံရိပ် ပေါ်လာသည့် အခိုက်အတန့်တွင် ချီဇွန်းနှင့် ကျန်လူများ မှင်တက်သွားကြသည်။ အငွေ့အသက်အရ ထိုအရာက ဧကရာဇ်အဆင့် တစ်ဦး၏ နိယာမ ပုံရိပ် ဖြစ်သည်။ ရှနိုင်ငံတော်၏ ဧကရာဇ်အဆင့်ထွက်ပြေးသွားပြီ မဟုတ်လား။

ဘာတွေ ဖြစ်နေတာလဲ။

ချီဇွန်းလည်း သတိပြန်ဝင်လာပြီး သူ၏ စိတ်ဝိညာဉ်ကို ထုတ်လွှတ်ကာ သူ၏ ကိုယ်ပိုင် ရွှေရောင် နိယာမ ပုံရိပ်ကို ဖန်တီးလိုက်သည်။ မကြာမီတွင် အခြားသော ဧရာမ ကိုယ်ထည်တစ်ခု ရှစစ်တပ်၏ ရှေ့တွင် ပေါ်လာပြန်သည်။

ပြိုင်ဘက်၏ နိယာမ ပုံရိပ်ကို ရင်ဆိုင်ရင်း ချီဇွန်းက

“ရှနိုင်ငံရဲ့ နယ်မြေတွေကို လက်လွှတ်လိုက်မယ်ဆိုရင် ခင်ဗျား အသက်ရှင်ခွင့်ရမယ်”

ဟု အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။

ချီဇွန်း၏ အသံသည် ကောင်းကင်မှ မိုးကြိုး မြည်းဟီးသံကဲ့သို့ အလွန် အားကောင်းလှသဖြင့် အာကာသအလွှာကိုပင် တုန်ခါသွားစေသည်။

ချီဇွန်း၏ ခြိမ်းခြောက်မှုကို ကြားလျှင် လုချန်းက တည်ငြိမ်စွာ ပြုံးလိုက်ပြီး

“ရှနိုင်ငံရဲ့ နယ်မြေတွေကို လိုချင်ရင် လာပြီး ကြိုးစားကြည့်လိုက်ပါ။”

ထိုစကားကြောင့် ချီရှီ ဆက်၍ သည်းမခံနိုင်တော့ပေ။

ဤနိုင်ငံသစ်၏ ခေါင်းဆောင်က ဤမျှအထိ မောက်မာရဲ နေပါလား။

ထို့နောက် တုံ့ဆိုင်းခြင်း မရှိပဲ သူ၏ လက်ဝါးဖြင့် လုချန်း၏ ရွှေရောင် နိယာမ ပုံရိပ်ကို လွှဲရိုက်လိုက်တော့သည်။

…………..

အခန်း (၁၃၄၀ )

ထူးဆန်းသော နတ်စွမ်းအားများ

ထျန်းဟုန် ဧကရီကို ချက်ချင်း လှုပ်ရှားခွင့်ပေးရန် လုချန်းက စိတ်မကူးသေးပေ။ ယခုအချိန်တွင် သူသည် ဧကရာဇ်အဆင့် တစ်ဦး ဖြစ်နေပြီ ဖြစ်သော်လည်း သိသာထင်ရှားသော တိုက်ပွဲ အတွေ့အကြုံ အရှိသေးပေ။

ဒါက သူ လေ့ကျင့်ရန်အတွက် အခွင့်အကောင်း တစ်ခု ဖြစ်သည်။ ထို့ပြင် ယခုအချိန်တွင် သူသည် ကိုယ်ပွားအဖြစ်နှင့်သာ ရှိနေခြင်း ဖြစ်သည်။ ထျန်းဟုန် ဧကရီကလည်း ဘေးမှ စောင့်ကြည့်နေသဖြင့် အန္တရာယ် တစ်စုံတစ်ရာ ရှိလာလျှင် သူမ မလွဲမသွေ လှုပ်ရှားလာမည်ဖြစ်၏။

မိမိထံသို့ ရောက်ရှိလာသော ဧရာမ လက်ဖဝါးကို မြင်လျှင် လုချန်းက လက်နှစ်ဖက်ကို မြှောက်ကာ ရိုက်လိုက်သည်။ ထို့နောက် သူ၏ လက်ဝါးများထဲမှ ရေခဲစွမ်းအားများကို ထုတ်လွှတ်လိုက်၏။ သူ၏ နှင်းပွင့် နည်းဗျူဟာ ပုံစံကို တည်ဆောက်လိုက်ခြင်း ဖြစ်သည်။

ခဏခန့်အတွင်းမှာပင် နိယာမပုံရိပ် သုံးခု၏ အောက်တွင် ကြီးမားသော အဖြူရောင် နည်းဗျူဟာ ပုံစံတစ်ခု ပေါ်ထွက်လာပြီး ဟင်းလင်းပြင်ထဲတွင် နှင်းများ သည်းထန်စွာ ကျဆင်းလာတော့သည်။ ထိုနှင်းများသည် ထိတွေ့မိသည်နှင့် ချီဇွန်းနှင့် ချီရှီတို့၏ နိယာမပုံရိပ် ကိုယ်ထည်များအတွင်းသို့ တိုက်ရိုက် ပေါင်းစပ်သွားကြသည်။

တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို ချီဇွန်းနှင့် ချီရှီတို့ ချက်ချင်း ခံစားလိုက်ရသည်။ ဤနည်းဗျူဟာ ပုံစံက သူတို့၏ ကျင့်စဉ်အဆင့်နှင့် အင်အားကို ဖိနှိပ်နေသည်။ သူတို့၏ ကျင့်စဉ်အဆင့်သည် ဧကရာဇ်လောင်း အဆင့်သို့ ချက်ချင်း ကျဆင်းသွားပြီး အချိန်ကြာလာသည်နှင့်အမျှ အဆင့်ဆက်လက် လျော့နည်းလာသည်။

တစ်ချိန်တည်းမှာပဲ လုချန်းက လက်ဟန်များ ပြုလုပ်လိုက်ရာ သူ၏ ရွှေရောင် နိယာမပုံရိပ်မှ ခရမ်းရောင် အလင်းများ ထွက်ပေါ်လာသည်။ နှင်းပွင့် နည်းဗျူဟာ ပုံစံ၏ အထက်တွင်လည်း ထူထပ်သော တိမ်မည်းကြီးတစ်စိုင် ဖြစ်ပေါ်လာ၏။ ထိုအရာက လုချန်း၏ ကောင်းကင်မိုးကြိုးကျင့်စဉ် ဖြစ်သည်။

လုချန်း၏ ကျင့်စဉ် လည်ပတ်လာသည်နှင့်အမျှ တိမ်မည်းကြီးထဲမှ ကြမ်းတမ်းသော မိုးကြိုးတစ်စင်း ပစ်ချလိုက်ရာ ချီရှီ၏ ဧရာမ လက်ဝါးလည်း ချက်ချင်းပင် အပိုင်းပိုင်း ကြေမွသွားတော့သည်။

ထိုမြင်ကွင်းကို မြင်လျှင် ချီရှီ၏ မျက်နှာ ပို၍ တင်းမာသွားသည်။ သူ၏ ပထမဆုံး တိုက်ခိုက်မှုက စမ်းသပ်တိုက်ခိုက်မှု တစ်ခုသာ ဖြစ်သော်လည်း သူ၏ အင်အား ငါးဆယ်ရာခိုင်နှုန်းခန့်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ပြိုင်ဘက်က သူ၏ တိုက်ခိုက်မှုကို အားစိုက်စရာ မလိုပဲ ပျက်ပြယ်စေခဲ့သည်။ ရှနိုင်ငံတော်၏ ဤဧကရာဇ်အဆင့်သည် သူတို့ ထင်ထားသည်ထက် များစွာ ပို၍ အင်အားကြီးပုံရပေသည်။

ချီရှီ၏ တိုက်ခိုက်မှု ပျက်ပြယ်သွားသည်ကို မြင်လျှင် ချီဇွန်းလည်း ငြိမ်မနေတော့ပေ။ စွမ်းအားများကို စုစည်း၍ လက်သီးဖြင့် ထိုးနှက်လိုက်၏။

တောင်ဖြိုလက်သီး.....

ဟာလာဟင်းလင်းပြင်ထဲတွင် ဧရာမ တောင်ကြီးတစ်လုံး ပေါ်လာပြီး ၎င်း၏ ကြောက်မက်ဖွယ် ဖိအားကြောင့် ဖေးဟုန် နတ်လှေပေါ်ရှိ လူတိုင်း အသက်ရှူကျပ်လာသည်။ သူတို့၏ ခန္ဓာကိုယ်များလည်း မလှုပ်ရှားနိုင်တော့ပဲ အေးခဲသွားသလို ခံစားကြရသည်။

သို့သော်လည်း ခဏခန့်အတွင်းမှာပင် တောင်ဖြိုလက်သီး၏ ဖိအားမှ လုချန်း ရုန်းထွက်လိုက်သည်။ သူ၏ နိယာမပုံရိပ်က လက်ဝါးကို ဖြည်းညှင်းစွာ မြှောက်ကာ အော်ဟစ်လိုက်သည်။

“ခရမ်းရောင်နေမင်း အအေးဓာတ်”

ထိုအသံ၏ အဆုံးတွင် လုချန်း၏ နိယာမပုံရိပ် နောက်ကွယ်၌ ခရမ်းရောင် နေတစ်စင်း ပေါ်လာပြီး ပတ်ဝန်းကျင် ဟင်းလင်းပြင် တစ်ခုလုံးကို အေးစက်သော လေထုဖြင့် လွှမ်းခြုံလိုက်သည်။ နှင်းပွင့် နည်းဗျူဟာ ပုံစံကြောင့် အာကာသ ဟင်းလင်းပြင်၏ အပူချိန် ကျဆင်းနေပြီး ဖြစ်သော်လည်း လုချန်း၏ ခရမ်းရောင်နေမင်း အအေးဓာတ် ကျင့်စဉ် လည်ပတ်လာချိန်တွင် အပူချိန်က လုံးဝ ထိုးကျသွားတော့သည်။

ခရမ်းရောင် အလင်းတန်းများ လွှမ်းခြုံထားသော တောင်ဖြိုလက်သီး၏ ပုံရိပ်လည်း ချက်ချင်း အေးခဲသွားတော့သည်။

ထိုအရာကို မြင်လျှင် ချီဇွန်းနှင့် ကျန်လူများ မှင်တက်သွားကြသည်။ လုချန်း ဤမျှ အင်အားကြီးလိမ့်မည်ဟု သူတို့ လုံးဝ မမျှော်လင့်ထားပေ။

သူတို့အတွက် လုချန်းသည် ဧကရာဇ်အဆင့်သို့ အသစ်စက်စက် တက်လှမ်းလာသူသာ ဖြစ်သည်။ ချီဇွန်း၏ ကျင့်စဉ်အဆင့်သည် ဧကရာဇ်အဆင့်နှစ်တွင် ရှိပြီး စောစောက တိုက်ကွက်တွင် သူ၏ အင်အား ရှစ်ဆယ်ရာခိုင်နှုန်းကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ တောင်ဖြိုလက်သီးတိုက်ကွက်သည် သူ၏ လျှို့ဝှက်တိုက်ကွက်များထဲမှ တစ်ခု ဖြစ်သော်လည်း ရှနိုင်ငံတော် ဧကရာဇ်က အလွယ်တကူပင် တားဆီးနိုင်ခဲ့သည်။

ချီရှီက ယဲ့ဟုန်ယွမ်ဘက်သို့ လှည့်ကာ

“ယဲ့အကြီးအကဲချုပ်။ ကျုပ်တို့တော့ ခက်ခဲတဲ့ ပြိုင်ဘက်နဲ့ တွေ့ပြီထင်တယ်။”

ယဲ့ဟုန်ယွမ်ကလည်း

“ဒါဆိုရင်လည်း အတူတူ တိုက်ခိုက်ကြတာပေါ့။”

ဧကရာဇ်အဆင့် နှစ်ယောက်ပင် ရှနိုင်ငံတော် အရှင်သခင်ကို ရင်ဆိုင်ရန် ခက်ခဲနေသဖြင့် အတူတူ တိုက်ခိုက်ရန် သူ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ဧကရာဇ်အဆင့် သုံးယောက်၏ ပူးပေါင်း တိုက်ခိုက်မှုကို ပြိုင်ဘက်က တောင့်ခံနိုင်လိမ့်မည်ဟု သူတို့ မယုံကြည်ပေ။

ယဲ့ဟုန်ယွမ်၏ စကားအဆုံးတွင် လုချန်း၏ ရှေ့၌ ဧကရာဇ်အဆင့် နိယာမပုံရိပ် အသစ်တစ်ခု ပေါ်လာပြန်သည်။ သို့သော်လည်း ဤနိယာမပုံရိပ်သည် နှင်းပွင့် နည်းဗျူဟာ ပုံစံ၏ ပြင်ပတွင် ရှိနေသဖြင့် ဖိနှိပ်မှုကို မခံရပေ။

နောက်ထပ် ဧကရာဇ်တစ်ပါး ပေါ်လာသည်ကို မြင်လျှင် ထျန်းဟုန် ဧကရီ၏ ဧကရီဓား စတင် လှုပ်ခတ်လာတော့၏။ ထျန်းဟုန် ဧကရီ ကိုယ်တိုင်လည်း စိတ်လှုပ်ရှားလာပြီဖြစ်သည်။

ထျန်းဟုန် ဧကရီထံမှ သတ်ဖြတ်ခြင်း စွမ်းအားများ ရူးသွပ်စွာ ထွက်ပေါ်လာသည်ကို မြင်လျှင် ဘေးရှိ ပေထျန်းလုလည်း ကျောရိုးထဲအထိ စိမ့်တက်သွားကာ တုန်လှုပ်သွားမိသည်။ ထျန်းဟုန် ဧကရီ စိတ်မထိန်းနိုင်တော့ကြောင်း သူ သိလိုက်၍ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ပေထျန်းလု စိတ်ထဲ ချီဇွန်းနှင့် ကျန်လူများအတွက် ကြိုတင် ဝမ်းနည်းပေးနေမိသည်။ ရန်မစသင့်သူကို လာရောက် ရန်စမိသဖြင့် သူတို့၏ စိတ်ဝိညာဉ်များ ပျက်စီးသွားရမည့် ရလဒ်နှင့် ရင်ဆိုင်ရတော့မည်ဖြစ်သည်။

ယဲ့ဟုန်ယွမ်၏ နိယာမပုံရိပ် ပေါ်လာသည်နှင့် သူ၏ လက်ထဲ၌ ဧရာမ ဂဏန်းတွက် ပေသီးတစ်ခုကို လျင်မြန်စွာ ဖန်တီးလိုက်သည်။ ထိုဂဏန်းတွက် ပေသီးကို မြင်လျှင် လုချန်း၏ စိတ်ထဲ အန္တရာယ်ရှိသော ခံစားချက် တစ်ခု ဖြစ်ပေါ်လာသည်။

ထို့နောက် ယဲ့ဟုန်ယွမ်၏ နိယာမ ပုံရိပ်က ဂဏန်းတွက် ပေသီးကို လျင်မြန်စွာ ရိုက်ခတ်လိုက်ရာ ဟင်းလင်းပြင်ထဲတွင်

‘”ဒေါက်...ဒေါက်...ဒေါက် “

ဟူသော အသံများ ထွက်ပေါ်လာသည်။

ဂဏန်းတွက် ပေသီး၏ အသံကို ကြားလျှင်ကြားချင်း လုချန်း မူးဝေသွားတော့၏။ ထိုစဉ် ယဲ့ဟုန်ယွမ်ထံမှ ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာကာ လုချန်း၏ ရွှေရောင် နိယာမ ပုံရိပ်ကိုယ်ထည်အတွင်းသို့ တိုက်ရိုက် ထိုးဖောက် ဝင်ရောက်လာတော့သည်။

သို့သော် နောက်တစ်စက္ကန့်တွင် နက်ရှိုင်းသော အသံတစ်ခုကို လုချန်း ကြားလိုက်ရသည်။

“သက်စောင့်အား လဲလှယ်ခြင်း”

လုချန်း ခဏခန့် မှင်တက်သွားပြီး သူ၏ သက်စောင့်အားများ လျင်မြန်စွာ ကုန်ဆုံးသွားတာကို သတိပြုမိလိုက်သည်။

ဒါက နတ်စွမ်းအား တစ်ခုလား။

ထိုသို့သော တိုက်ခိုက်မှုမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သဖြင့် လုချန်း အံ့အားသင့်သွားသည်။

ကျယ်ပြောလှသော စကြဝဠာကြီး၌ အံ့သြဖွယ်ရာများဖြင့် ပြည့်နှက်နေသည်။ သူ၏ နိုင်ငံတံခါးဝတွင်ပင် ဤမျှ ထူးဆန်းသော တိုက်ခိုက်မှုမျိုးနှင့် သူ စတင်တွေ့ကြုံလိုက်ရသည်။ နောင်တွင် ရှနိုင်ငံတော်ကို နယ်မြေချဲ့ထွင်သည့်အခါ ပို၍ ထူးခြားသော ကျင့်စဉ်များနှင့် တွေ့ကြုံရနိုင်စရာ ရှိသည်။

ကံကောင်းသည်က ယဲ့ဟုန်ယွမ်၏ နတ်စွမ်းအားက သူ့အပေါ်တွင် သိသိသာသာ သက်ရောက်မှု မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူသည် သက်စောင့်လမ်းစဉ် ပါဝင်သော ဖန်တီးခြင်း လမ်းစဉ်ဖြင့် ဧကရာဇ် ဖြစ်လာခဲ့သောကြောင့် ဖြစ်သည်။ သူ၏ ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်ကို အသာအယာ လည်ပတ်လိုက်သည်နှင့် သူ၏ ဆုံးရှုံးသွားသော သက်စောင့်အားများ လျင်မြန်စွာ ပြန်လည် ပြည့်ဝလာ တော့သည်။

သို့သော်လည်း ယဲ့ဟုန်ယွမ်၏ တိုက်ကွက် အထင်ကြီးစရာ ကောင်းကြောင်းကိုတော့ သူ ဝန်ခံရမည် ဖြစ်သည်။ ဤတိုက်ခိုက်မှုသည် သူ၏ ရုပ်ခန္ဓာကိုသာမက စိတ်ဝိညာဉ်ကိုပါ ထိခိုက်စေကြောင်းကို လုချန်း သိလိုက်ရသည်။

စိတ်ဝိညာဉ်ကို ပြုပြင်ပေးနိုင်သော ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်သာ မရှိလျှင် သူ ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်ပေသည်။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော နတ်စွမ်းအား ရှိသူက စကြဝဠာ၏ အစွန်းပိုင်း ကြယ်နယ်မြေတွင် ဘာကြောင့် နေထိုင်လိုသလဲဟု လုချန်း တွေးတောမိလိုက်သည်။

ယဲ့ဟုန်ယွမ်၏ နတ်စွမ်းအားကြောင့် လုချန်း၏ နိယာမ ပုံရိပ် မှိန်ဖျော့သွားပြီး ပြိုလဲတော့မည့် အသွင် ပေါ်လာသည်။ ထိုအခါ ယဲ့ဟုန်ယွမ်က ချီဇွန်းနှင့် ချီရှီတို့ကို

“တိုက်ခိုက်ကြ”

ဟု ချက်ချင်း အော်ဟစ်လိုက် သတိ‌ပေးလိုက်သည်။

ယဲ့ဟုန်ယွမ်၏ အသံကို ကြားလျှင် ထိုနှစ်ဦးလည်း တွေဝေမနေကြတော့ပေ။

“တောင်ဖြိုလက်သီး”

“ကောင်းကင်လောင်ကျွမ်း နေမင်းလက်ဝါး”

ဟင်းလင်းပြင်ထဲရှိ ပုံရိပ်နှစ်ခုက လုချန်း၏ ရွှေရောင် နိယာမ ပုံရိပ်ကို ချေမှုန်းတော့မည့် အချိန်တွင် ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်ကို လုချန်း လျင်မြန်စွာ လည်ပတ်လိုက်သည်။ ထိုအခါ ကုန်ခမ်းသွားသော သက်စောင့်အားများ ချက်ချင်း ပြန်လည် ပြည့်ဝလာပြီး ရွှေရောင် နိယာမ ပုံရိပ်ကိုယ်ထည်လည်း ပြန်လည် တောက်ပလာသည်။

လုချန်း၏ နိယာမ ပုံရိပ် ချက်ချင်း ပြန်လည် ကောင်းမွန်လာသည်ကို မြင်လျှင် ယဲ့ဟုန်ယွမ်က

“ဒါ မဖြစ်နိုင်ဘူး”

ဟုရေရွတ်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

လုချန်း ပြန်လည် ကောင်းမွန်လာသည်နှင့်အမျှ ချီရှီနှင့် ချီဇွန်းတို့လည်း အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရပြီး သူတို့၏ အင်အားကုန် ထုတ်သုံးကာ ကျင့်စဉ်များအတွင်းသို့ စွမ်းအားများ အပြည့်အဝ ထည့်သွင်းလိုက်ကြသည်။

လုချန်းက

“ခရမ်းရောင်နေမင်း အအေးဓာတ်”

ယခုတစ်ကြိမ်တွင် လုချန်း၏ နိယာမ ပုံရိပ် နောက်ကွယ်ရှိ ခရမ်းရောင် နေမင်းသည် သိသိသာသာ ပို၍ ကြီးမားလာပြီး အအေးဓာတ်မှာလည်း ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။ ထိုအအေးဓာတ် ချီဇွန်းနှင့် ချီရှီတို့၏ နိယာမ ပုံရိပ်များနှင့် ထိတွေ့မိသည်နှင့် တောင်ဖြိုလက်သီးနှင့် ကောင်းကင်လောင်ကျွမ်း နေမင်းလက်ဝါး ပုံရိပ်များလ ည်း ချက်ချင်း အေးခဲသွားတော့သည်။

ဒါက...

ချီဇွန်းနှင့် ချီရှီတို့လည်း လက်မခံနိုင်ပဲ သူတို့၏ စွမ်းအားများကို ပိုမို ထည့်သွင်းလိုက်ကြသည်။

ထိုစဉ် ချီရှီက

“ကွဲအက်စမ်း”

ဟု ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

ချီရှီ၏ အသံ ထွက်ပေါ်လာသည်နှင့် အေးခဲနေသော ကောင်းကင်လောင်ကျွမ်းစေနေမင်းလက်ဝါးသည် ခရမ်းရောင်နေမင်း အအေးဓာတ်၏ ရေခဲများကို မထင်မှတ်ပဲ ချေဖျက်လိုက်တော့သည်။ သို့သော် လုချန်း၏ ရွှေရောင် နိယာမ ပုံရိပ်ကိုယ်ထည်ဆီသို့ ဧရာမ လက်ဖဝါးကြီး ချဉ်းကပ်လာချိန်တွင်တော့ ထိုသုံးဦး၏ စိတ်ထဲတွင် ရုတ်တရက် တင်းကျပ်သွားပြီး မသိစိတ်မှ ကြောက်ရွံ့မှုများ ပေါ်ပေါက်လာတော့သည်။

…………

အခန်း (၁၃၄၁ )

ထျန်းဟုန် ဧကရီ လက်ဦးမှုယူခြင်း

ဘာတွေ ဖြစ်နေကုန်တာလဲ။

သူတို့ သူသုံးဦးသည် လုချန်း၏ နောက်ကွယ်တွင် ရှိနေသော နတ်လှေဆီသို့ တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြ၏။ အကြောင်းရင်းတစ်ခုကြောင့် သူတို့၏ အသက်များ တစ်ပါးသူ၏ လက်ထဲတွင် ရောက်ရှိနေသကဲ့သို့သော ထူးဆန်းသော ခံစားချက်ကို သူတို့အားလုံး ခံစားလိုက်ရသည်။

ထိုနတ်လှေပေါ်၌ အလွန်ထိတ်လန့်ဖွယ်ကောင်းသော အရာတစ်ခု ရှိနေသကဲ့သို့ ကြောက်ရွံ့မှုများက သူတို့၏ နှလုံးသားထဲသို့ ချက်ချင်းဆိုသလို စီးဝင်လာတော့သည်။

တစ်ခုခုတော့ မှားနေပြီ .....

တစ်ခုခု အကြီးအကျယ် လွဲမှားနေပြီ ဖြစ်သည်။

ထိုအခိုက်အတန့်၌ ချီရှီ၏ ကောင်းကင်လောင်ကျွမ်း နေမင်းလက်ဝါးသည် လုချန်း၏ နိယာမ ပုံရိပ် ဆီသို့ ရောက်ရှိရန် နီးကပ်နေပြီ ဖြစ်၏။ သို့သော်လည်း ဤအရေးကြီးသော အချိန်၌ ကောင်းကင်လောင်ကျွမ်း နေမင်းလက်ဝါး၏ အောက်တွင် ရုတ်တရက် လူရိပ်တစ်ခု ပေါ်လာသည်။

နောက်တစ်ခဏတွင် အေးစက်သော အလင်းတန်းတစ်ခုက ဖြတ်သန်းသွားပြီး ချီရှီ၏ ကောင်းကင်လောင်ကျွမ်း နေမင်းလက်ဝါးကို ချက်ချင်းပင် နှစ်ပိုင်းဖြတ်တောက်ပစ်လိုက်သဖြင့် ထိုလက်ဝါးလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့၏။ ဤရုတ်တရက် ဖြစ်ရပ်ကြောင့် ချီဇွန်းနှင့် ကျန်နှစ်ဦး နောက်တစ်ကြိမ် မှင်တက်သွားကြပြန်သည်။

သူတို့သုံးဦး သတိပြန်ဝင်လာချိန်တွင် သူတို့၏ အကြည့်များသည် ထျန်းဟုန် ဧကရီထံသို့ တစ်ပြိုင်နက်တည်း ကျရောက်သွားကြတော့သည်။ တိုက်ပွဲထဲ ဝင်ရောက်လာသူက အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သိလိုက်ရလျှင် သူတို့၏ မျက်နှာအမူအရာများ ချက်ချင်း ပျက်ယွင်းသွားကြသည်။

သူတို့ရှေ့တွင် ပထမဆုံး ပေါ်လာသော အမျိုးသား နိယာမပုံရိပ်နှင့် ယခု အမျိုးသမီး ဧကရီတို့ကို ကြည့်ခြင်းအားဖြင့် ရှနိုင်ငံတော်တွင် ဧကရာဇ်အဆင့် နှစ်ဦး တကယ် ရှိနေသည်ကို ဆိုလိုခြင်း ဖြစ်သည်။

ရှနိုင်ငံတော်တွင် ဧကရာဇ်အဆင့် တစ်ဦးပဲ ရှိသည်ဟု သူတို့ ထင်မှတ်ထားခဲ့ကြ၏။ သူတို့၏ တွက်ချက်မှုများ မှားယွင်းသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ ထို့ပြင် ဤဧကရာဇ်အဆင့် နှစ်ဦး၏ အင်အားကို ကြည့်ခြင်းအားဖြင့် သူတို့ သုံးဦးကို ကောင်းစွာ ခုခံနိုင်စွမ်း ရှိကြောင်း ထင်ရှားလှသည်။

အထူးသဖြင့် ယခုမှ ထွက်ပေါ်လာသော ဤဧကရီထံမှ မိစ္ဆာ အငွေ့အသက်က အလွန်တရာ ပြင်းထန်လှ၏။ မရေမတွက်နိုင်သော အလောင်းပုံများကြားမှ ရရှိလာသော အငွေ့အသက်မျိုး ဖြစ်ပုံရသည်။

သူတို့သူသုံးဦးလည်း ထိုနေရာတွင်ပင် ရပ်တန့်သွားကြပြီး ထျန်းဟုန် ဧကရီကို စိုက်ကြည့်လိုက်ကြ၏။ သူတို့ အစောကတည်းက ခံစားခဲ့ရသော ထိတ်လန့်ဖွယ် အငွေ့အသက်သည် သူတို့ရှေ့ရှိ ဤဧကရီထံမှ မြစ်ဖျားခံလာခြင်း ဖြစ်ကြောင်းလည်း သိသွားကြပြီ ဖြစ်သည်။

ထျန်းဟုန် ဧကရီသည် သူမ၏ ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၏။ သူမ၏ ဖီးနစ်မျက်လုံးများဖြင့် ထိုသူသုံးဦး၏ နိယာမပုံရိပ်များကို ဝေ့ဝဲကြည့်လိုက်သည့်အခိုက်အတန့်တွင် မိစ္ဆာ အငွေ့အသက်များ အလိုအလျောက် ထွက်ပေါ်လာသည်။ သူတို့ ရောက်ရှိနေသော ဟင်းလင်းပြင်မှာလည်း ထိုအငွေ့အသက်များဖြင့် ဖုံးလွှမ်းသွား‌တော့၏။

ဤကြောက်မက်ဖွယ် ဆိုးယုတ်သော အငွေ့အသက်ကို ခံစားမိလျှင် ထိုသူသုံးဦး အံ့အားသင့်သွားကြသည်။ ထျန်းဟုန် ဧကရီသည် လူအမြောက်အမြားကို သတ်ဖြတ်ခဲ့သော မိစ္ဆာမ တစ်ယောက် ဖြစ်နိုင်ကြောင်း အစောပိုင်းက တွေးထင်ထားပြီးသော်လည်း သူတို့ ခံစားရသော အငွေ့အသက်သည် အစွန်းထွက်လေးသာ ရှိသေးသည်ဟုတော့ မမျှော်လင့်ထားခဲ့ကြပေ။

ထိုစဉ် ချီဇွန်းကတော့ ထွက်ပြေးရန်ပင် စတင် စဉ်းစားနေပြီ ဖြစ်၏။ ဧကရာဇ်အဆင့် သုံးဦးထဲတွင် သူသည် အင်အားအကြီးဆုံး ဖြစ်သောကြောင့် ထျန်းဟုန် ဧကရီ၏ ကြောက်မက်ဖွယ်ကောင်းမှုကို သူ ပိုခံစားမိသည်။

ထျန်းဟုန် ဧကရီ၏ အငွေ့အသက်အရ ဧကရာဇ်အဆင့်နှစ်တွင်သာ ရှိသော်လည်း သူမနှင့် အဆင့်တူ ချီဇွန်းကိုယ်တိုင်၏ အငွေ့အသက်သည်ပင် ထျန်းဟုန် ဧကရီကို ဝန်းရံထားသော ပြင်းထန်လှသည့် အငွေ့အသက်နှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ ဤအမျိုးသမီး၏ အင်အားက သူ့ထက် များစွာ သာလွန်နေကြောင်း ထင်ရှားလှသည်။

နှစ်ဖက်စလုံး အခြေအနေကို စောင့်ကြည့်နေစဉ် ထျန်းဟုန် ဧကရီက သူမ၏ ခေါင်းကို အနည်းငယ်လှည့်၍ နောက်ဘက်ရှိ လုချန်း၏ နိယာမပုံရိပ်ကို မျက်စောင်းဖြင့် ကြည့်လိုက်ကာ

“ဒါကို ကျွန်မပဲ ကိုင်တွယ်လိုက်ပါ့မယ်”

ဟု အေးစက်စွာ ပြောလိုက်၏။

ပြင်းထန်နေသော မိစ္ဆာအငွေ့အသက်များမှတစ်ဆင့် ထျန်းဟုန် ဧကရီ၏ တိုက်ခိုက်လိုစိတ်များ အပြည့်အဝ နိုးထနေပြီ ဖြစ်ကြောင်း လုချန်း သိလိုက်ရသည်။ လုချန်း အနည်းငယ် သက်ပြင်းချလိုက်မိ၏။ သူသည် မိမိ၏ အင်အားကို စမ်းသပ်ရန် ရည်ရွယ်ခဲ့သော်လည်း ယခု ထိုသို့ ဖြစ်လာ‌ တော့မည် မဟုတ်တာက ထင်ရှားသည်။

ထျန်းဟုန် ဧကရီ စိတ်မထိန်းနိုင်တော့သည့်အတွက် သူမကိုသာ ကိုင်တွယ်ခွင့် ပေးလိုက်ရန် သူ ဆုံးဖြတ်လိုက်တော့၏။ ထို့နောက် လုချန်းက

“ကောင်းပြီ။ဂရုစိုက်ပါ”

လုချန်း၏ ခွင့်ပြုချက်ကို ရရှိလျှင် ထျန်းဟုန် ဧကရီ သူမ၏ ဓားကို ဝေ့ယမ်းလိုက်ရာ ပြင်းထန်လှသော သတ်ဖြတ်ခြင်းစွမ်းအားများက ချီရှီ၏ နိယာမပုံရိပ်ဆီသို့ ချက်ချင်းဆိုသလို လွှမ်းမိုးသွားသည်။ ချီရှီ တုံ့ပြန်ရန် အချိန်မရမီမှာပင် စိတ်ဝိညာဉ်ဖြင့် ဖွဲ့စည်းထားသော သူ၏ ရွှေရောင်နိယာမ ကိုယ်ထည်လည်း ချက်ချင်း အပိုင်းပိုင်း ဖြတ်တောက်ခြင်း ခံလိုက်ရတော့သည်။

ဒါက...

ဤတုန်လှုပ်ဖွယ် မြင်ကွင်းကို မြင်လိုက်ရလျှင် ထိုသူသုံးဦးလည်း မှင်တက်နေရာမှ သတိဝင်လာကြတော့၏။ ချီဇွန်းက

“ဒါက သတ်ဖြတ်ခြင်းစွမ်းအားပဲ။ သူက သတ်ဖြတ်ခြင်းကတစ်ဆင့် လမ်းစဉ်ကို သက်သေပြခဲ့တဲ့ ဧကရာဇ်အဆင့်တစ်ဦးပဲ။”

ဟု အော်ဟစ်လိုက်သည်။

ဤစကြဝဠာအတွင်း သတ်ဖြတ်ခြင်းလမ်းစဉ်ကို တတ်မြောက်သူ အနည်းငယ်သာ ရှိပြီး အကျော်ကြားဆုံးမှာ ရှန်ဝူဧကရာဇ် ဖြစ်သည်။ အစောကတည်းက ရှန်ဝူဧကရာဇ်သည် သူ၏ လမ်းစဉ်ကို ထိန်းသိမ်းရန်အတွက် မရေမတွက်နိုင်သော နိုင်ငံများနှင့် ဂိုဏ်းကြီးများကို တိုက်ခိုက်ခဲ့ပြီး ဧကရာဇ်အဆင့် အမြောက်အမြားကို သတ်ဖြတ်ခဲ့ဖူးသည်။

သတ်ဖြတ်ခြင်းလမ်းစဉ်ကို တတ်မြောက်ထားသော ဧကရာဇ်အဆင့်များသည် များသောအားဖြင့် သတ်ဖြတ်ခြင်းအပေါ်၌သာ အာရုံစိုက်လေ့ ရှိကြ၏။ သူတို့၏ အင်အားသည် သာမန် ဧကရာဇ်အဆင့်များထက် များစွာ သာလွန်သောကြောင့် အဆင့်တူ ဧကရာဇ်များကြား ပြိုင်ဘက်ကင်းများ ဖြစ်ကြသည်။ အဆင့်တူ ဧကရာဇ် များကြား ပြိုင်ဘက်ကင်းရုံတင်မကပဲ သူတို့ထက် အဆင့်အတော်များများ ကျော်လွန်နေသာ ပြိုင်ဘက်များကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိကြသည်။

ရှန်ဝူဧကရာဇ်၏ လက်ချက်ဖြင့် ကျဆုံးခဲ့သော ဧကရာဇ်အဆင့်များသည် များသောအားဖြင့် ရှန်ဝူဧကရာဇ်ထက် မြင့်မားသော အဆင့်တွင် ရှိကြ၏။ သူသည် မိမိနှင့် အဆင့်တူ ကျင့်ကြံသူများကိုပင် ပြိုင်ဘက်ဟု သတ်မှတ်လေ့ မရှိပေ။

ချီဇွန်း အကြီးအကျယ် နောင်တရလိုက်မိသည်။ သူတို့သည် ယဲ့မိသားစု၏ စည်းရုံးမှုကို နားယောင်ကာ ရှနိုင်ငံသို့ လာရောက်ခဲ့မိသဖြင့် ဤသတ်ဖြတ်ခြင်း နတ်ဘုရားမကို နှိုးဆွမိသွားခြင်း ဖြစ်သည်။

ထို့ပြင် သတ်ဖြတ်ခြင်းလမ်းစဉ် တတ်မြောက်ထားသော ဧကရာဇ်အဆင့်တစ်ဦးက အဘယ်ကြောင့် ဤကဲ့သို့ အရိုင်း ကြယ်နယ်မြေတွင် ပုန်းအောင်းနေရသနည်းဟုလည်း တွေးမိလိုက်ကြ၏။

ဤလှည့်ကွက်က ဒေါသထွက်ဖွယ် ကောင်းလှသည်။

သတ်ဖြတ်ခြင်းလမ်းစဉ် ဧကရာဇ်တစ်ဦးသည် စကြဝဠာ၏ စည်ကားသော နယ်မြေများတွင် ရှိနေရမည် ဖြစ်သည်။ သို့မဟုတ် ပြင်ပနယ်မြေတွင် သောင်းကျန်းနေရမည်။

ယခုလို စကြဝဠာ၏ အစွန်အဖျားတွင် ပုန်းအောင်းနေခြင်းက အနိုင်ကျင့်ခြင်းတစ်မျိုး ဖြစ်သည်။ ချီဇွန်းသာမက ချီရှီနှင့် ယဲ့ဟုန်ယွမ်တို့လည်း ထိတ်လန့်သွားကြ၏။ သတ်ဖြတ်ခြင်းလမ်းစဉ် ဧကရာဇ်တစ်ဦးကို ရင်ဆိုင်ရန်အတွက် ဧကရာဇ်အဆင့် သုံးဦးပင်လျှင် မလုံလောက်နိုင်ပေ။

ယဲ့ဟုန်ယွမ်စိတ်ထဲ ယဲ့ရှင်းတန်ကို တိတ်တဆိတ် ကျိန်ဆဲနေမိသည်။

ယဲ့ရှင်းတန်က သတင်းအချက်အလက်များကို မည်သို့ စုဆောင်းခဲ့သနည်း။

ရှနိုင်ငံတွင် ဤကဲ့သို့ သတ်ဖြတ်ခြင်းနတ်ဘုရားမ တစ်ဦး ပုန်းအောင်းနေတာကို ယဲ့ရှင်းတန် နည်းနည်းမှ မသိခဲ့ပေ။

ဒါက ပြဿနာကြီးတစ်ခုဖြစ်သည်။

သူပြန်ရောက်လျှင် ယဲ့မိသားစုကို ချီယွဲ့နိုင်ငံမှ ပြောင်းရွှေ့ရမည် ဖြစ်သည်။ သို့သော် လတ်တလော စိုးရိမ်ရမည်က သူတို့ ပြန်ထွက်သွားနိုင်မလား ဆိုသော မေးခွန်းဖြစ်သည်။

ထို့နောက် ချီဇွန်း သူ၏ အငွေ့အသက်များကို ပြန်လည်ရုပ်သိမ်းလိုက်ကာ

“ဝါစဉ်ငယ်သူ ကျွန်တော်က ဝါစဉ်ကြီးသူရဲ့ တည်ရှိမှုကို မသိခဲ့မိပါဘူး။ ကျွန်တော့်ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။ ကျွန်တော်တို့ အခုပဲ ထွက်သွားပါ့မယ်”

ဟု ယဉ်ကျေးစွာ ပြောလိုက်သည်။

လွတ်မြောက်နိုင်ခြေ အလွန်နည်းပါးကြောင်း ချီဇွန်း သိသော်လည်း သူ ကြိုးစားကြည့်ရမည် ဖြစ်သည်။ သုသည် သတ်ဖြတ်ခြင်းလမ်းစဉ်ကို တတ်မြောက်ထားသော ဧကရာဇ်အဆင့်ကို သူတို့ ရင်ဆိုင်နိုင်သည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်လောက်အောင်အထိ ရူးမိုက်သူတစ်ယောက် မဟုတ်ပေ။

ချီဇွန်း၏ စကားကို ကြားလျှင် ထျန်းဟုန် ဧကရီက မလိုအပ်သော စကားများ မပြောတော့ပဲ သူမ၏ ဓားကို နောက်တစ်ကြိမ် မြှောက်ကာ ဝေ့ယမ်းလိုက်သည်။ ထိုအခါ ဖျက်ဆီးလိုသော သတ်ဖြတ်ခြင်းစွမ်းအားများ ပါဝင်သည့် ကီလိုမီတာ အနည်းငယ် ရှည်လျားသော ဓားအငွေ့အသက်တစ်ခု ချက်ချင်း ထွက်ပေါ်လာတော့သည်။

ကြောက်မက်ဖွယ် ဓားအငွေ့အသက်ကို ခံစားမိလျှင် ချီဇွန်းနှင့် ယဲ့ဟုန်ယွမ်တို့လည်း သူတို့၏ ရွှေရောင် နိယာမ ကိုယ်ထည်များကို ချက်ချင်း ရုပ်သိမ်းလိုက်ကြ၏။ ထို့နောက် နတ်လှေကို စွန့်ခွာကာ ဘာရာမာ ပင်လယ် ကြယ်နယ်မြေမှ အမြန်ဆုံး ထွက်ပြေးသွားကြတော့သည်။

ကြယ်နယ်မြေမှ ထွက်ခွာစဉ် ချီဇွန်းက ချင်းယွမ်နိုင်ငံ၏ ကျင့်ကြံသူများထံသို့

“ပြိုင်ဘက်က သတ်ဖြတ်ခြင်းလမ်းစဉ် ဧကရာဇ်တစ်ဦး ဖြစ်တယ်။ အားလုံး ချက်ချင်း ဆုတ်ခွာကြ”

ဟု အသံလွှင့်ကာ အမိန့်ပေးလိုက်သည်။

ရှနိုင်ငံတွင် သတ်ဖြတ်ခြင်းလမ်းစဉ် ဧကရာဇ်တစ်ဦး ရှိကြောင်း သိလိုက်ရလျှင် ချင်းယွမ်နိုင်ငံ၏ ကျင့်ကြံသူများ အကြီးအကျယ် ထိတ်လန့်သွားကြပြီး သူတို့၏ နတ်လှေများဖြင့် ဖန်ဟိုင် ကြယ်နယ်မြေသို့ အလျင်အမြန် ဆုတ်ခွာသွားကြတော့သည်။

ထျန်းဟုန် ဧကရီက ချင်းယွမ်နိုင်ငံမှ ဧကရာဇ်အဆင့် သုံးဦးကို ဓားချက် နှစ်ချက်တည်းဖြင့် မောင်းထုတ်လိုက်သည်ကို မြင်ရလျှင် လုချန်း အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ ထျန်းဟုန် ဧကရီနှင့် အဆင့်တူသော်လည်း သူ တိုက်ခိုက်စဉ်က ရန်သူများက သူ့ကို ဂရုမစိုက်ကြပေ။ သို့သော် ထျန်းဟုန် ဧကရီ တိုက်ခိုက်လာသော အခါတွင်တော့ သူတို့ ကြောက်လန့်တကြား ထွက်ပြေးသွားကြကုန်သည်။

သတ်ဖြတ်ခြင်းလမ်းစဉ် ဧကရာဇ်တစ်ဦးက တကယ်ပဲ အဲ့ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား။

အကြောင်းရင်းတစ်ခုကြောင့် ထျန်းဟုန် ဧကရီကို မိမိက လွှမ်းမိုးထားသည်ဟု စိတ်ကူးကြည့်လိုက်ရာ ထူးဆန်းသော အောင်နိုင်မှု ခံစားချက်တစ်ခု လုချန်း ခံစားလိုက်ရသည်။ ထျန်းဟုန် ဧကရီ မည်မျှပင် ကြောက်မက်ဖွယ်ကောင်းစေကာမူ သူမသည် သူ၏ အမျိုးသမီး ဖြစ်လာခဲ့ပြီ ဖြစ်ပြီး သူ၏ ရင်သွေးများကိုလည်း မွေးဖွားပေးပေလိမ့်မည်။ ထိုအတွေးက ယောကျ်ားတစ်ဦးအား အောင်မြင်မှု ခံစားချက်မျိုး မရရှိ‌ စေပဲ နေမည် မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် ထျန်းဟုန် ဧကရီသည် သူမ၏ ဓားကို နောက်တစ်ကြိမ် ဝေ့ယမ်းကာ သူမရှေ့ရှိ အာကာသ ဟင်းလင်းပြင်အလွှာကို ဖွင့်လိုက်၏။ ထို့နောက် ဟင်းလင်းပြင်ထဲသို့ လှမ်းဝင်သွားပြီး ချီဇွန်းနှင့် ကျန်ဧကရာဇ်အဆင့်များ၏ ထွက်ပြေးရာ လမ်းကြောင်းကို ပိတ်ဆို့လိုက်တော့သည်။

………..

All Chapters