← Chapters

မင်းအစ်ကိုရဲ့ ရှေ့မှာ ငါက လမ်းဘေးလူမိုက် အသေးစားလေးထက် မပိုပါဘူး

Vol. 155 Ch. 2266

မင်းအစ်ကိုရဲ့ ရှေ့မှာ ငါက လမ်းဘေးလူမိုက် အသေးစားလေးထက် မပိုပါဘူး

Vol. 155 Ch. 2266

“ ဒီမှာ ထိုင်နေကြ … ငါ ဟိုဘက် ခဏ လျှောက်သွားလိုက်ဦးမယ် …”

“ အစ်ကို ခင်များက ဘယ်သွားမလို့လဲ …. ဒီနေရာက ဝင်ပေါက်နဲ့ အနီးဆုံး … မြင်ကွင်းအကောင်းဆုံး နေရာလေဗျာ …”

လျိုလေ့ ပြောလိုက်၏။

“ အဲ့လောက်ကြီး ရှင်းရှင်းလင်းလင်း မြင်ဖို့ မလိုပါဘူး … ဒီတိုင်း တစ်ချက် ကြည့်လိုက်ရရင်ကို လုံလောက်ပြီ …”

လင်းရီ လက်ဝှေ့ယမ်းပြီး ထွက်သွားခဲ့၏။ သူ့ သိက္ခာလေးကိုတော့ ဤကလေးများနှင့် ရောပြီး မကျချင်ပေ။

လင်းရီ ထွက်သွားခဲ့တာကို မြင်တော့ လီကျန်းက မှတ်ချက်ပေးလိုက်သည်။

“ လျိုလေ့ … မင်း အစ်ကိုက မာနကြီးနေတာပဲ …. ဒီလာပြီး ဘော့စ်နဲ့ တွေ့ဖို့ သဘောတူပြီးခါမှ အခုကျတော့ ကွဲထွက်ချင်နေတယ် ….”

“ သူက အသက်ကြီးပြီလေ … ငါတို့လိုမှ မဟုတ်တာ ….” လျိုလေ့ ခွန်းတုံ့ပြန်လိုက်သည်။

“ အရင်နေ့ရက်ဟောင်းတွေတုန်းက သူလည်း ဆရာကြီးဆိုတော့ နည်းနည်းပါးပါး မျက်နှာ ထိန်းချင်တာ နေမှာပေါ့ ….”

“ ဒါပေမယ့် သူ့ခေတ်က ကုန်သွားပြီလေ … ပြီးတော့ ငါတို့နဲ့တောင် ယှဉ်မရတာကို ဟိတ်ဟန်ထုတ်နေလို့လည်း အလကားကိုပဲ …”

“ ငါ့အစ်ကိုကြီးကို မေ့ထားလိုက် … အခု အရေးကြီးတာက ဟိုတယ်ဝင်ပေါက်ဝကို အာရုံစိုက်ထားဖို့ပဲ … လွဲချော်သွားခဲ့ရင် ငါတို့ ဒီနေ့ ရောက်လာခဲ့တာ အချည်းနှီး ဖြစ်သွားမယ် ….”

လီကျန်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် လူတိုင်းက ဟိုတယ်ဝင်ပေါက်ဝသို့ ပြနလည် အာရုံစူးစိုက်လိုက်ကြပြီး ကျောက်ကွမ်းလီ ထွက်လာမည့် အချိန်ကို မျှော်လင့်နေကြသည်။

လင်းရီမှာ ပျင်းပျင်းရိရိနှင့် လမ်းလျှောက်ရင်း ကော်ဖီတစ်ခွက် ဝယ်သောက်လိုက်၏။ လမ်းဘေးတွင် မတ်တပ်ရပ်လျက် ကော်ဖီသောက်ရင်း စတိုင်မိမိနှင့် စောင့်ဆိုင်းနေသည်။

မကြာမီ လူတစ်အုပ်စုက ဟိုတယ်ဝင်ပေါက်ဝမှ ထွက်ခွာလာခဲ့ပြီး လင်းရီ သူတို့ကို တစ်ချက်ကြည့်လိုက်သည်။

လူအုပ်ထဲတွင် ဝူထျန်းဖူနှင့် ကျောက်ကွမ်းလီတို့ နှစ်ဦးလုံး ရှိနေကြသည်။ နောက်လိုက်နောက်ပါ အခြွေအရံတို့ဖြင့် သူတို့၏ ပေါ်ထွက်လာမှုက တကယ်လည်း အထင်ကြီးစရာ ကောင်းလှ၏။

အခြွေအရံများနှင့် လူနှစ်ယောက်ကို မြင်တော့ လီကျန်း ၊ လျိုလေ့နှင့် အခြားသော ကျောင်းသားလေးများမှာ စိတ်လှုပ်ရှားကြီးစွာဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့ကြပြီး မည်သည့် အသေးစိတ်ကိုမျှ လွတ်မသွားစေရေးအတွက် မျက်တောင် မခတ်ဘဲ စူးစိုက်ကြည့်နေကြတော့သည်။

နှစ်ယောက်မှာ လမ်းလျှောက်လာနေရင်း ကျောက်ကွမ်းလီက ရုတ်ချည်း ရပ်တန့်သွားခဲ့၏။

“ ဘာဖြစ်တာ …” ဝူထျန်းဖူက အသံနိမ့်ပြီး မေးလိုက်သည်။

“ မွေးစားအဖေ … အဲ့ဒီ ပန်းခင်းအုတ်ခုံဘေးနားက လူကို တွေ့လား … သူ့ကြည့်ရတာ သခင်လေးလင်းနဲ့ မတူဘူးလား …”

ကျောက်ကွမ်းလီ၏ စကားကို ကြားတော့ ဝူထျန်းဖူ၏ အမူအရာမှာ လေးနက်သွားခဲ့ပြီး သူ ညွှန်းဆိုသည့် ဦးတည်ရာဘက်သို့ လှမ်းကြည့်လိုက်သောအခါ လူငယ်တစ်ယာက်က တစ်စုံတစ်ရာကို သောက်လျက် မတ်တပ်ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။

သေချာလေး တစ်ချက် စူးစမ်းကြည့်လိုက်တော့ ဝူထျန်းဖူ၏ အမူအရာ ပြောင်းလဲသွားခဲ့၏။

“ သခင်လေးလင်း ဟုတ်တယ် … နှစ်သစ်ကူးနေ့ဆိုတော့ သူ့မိသားစုဆီ ပြန်လာလည်တာနေမှာ … သွားပြီး နှုတ်ဆက်ကြစို့ …”

လူနှစ်ယောက်မှာ သူတို့၏ အခြွေအရံများနှင့် လင်းရီ ရှိရာဘက်သို့ ဦးတည်လျှောက်လှမ်းလာကြသည်။

“ သေစမ်း … အဲ့တာ ကျောက်ကွမ်းလီပဲဟ ….” လျိုလေ့ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကျိန်ဆဲလိုက်၏။

“ သူ့ ဟန်ပန်ကို ကြည့်စမ်းပါဦးကွာ … အရှိန်အဝါ အပြည့်နဲ့ … တကယ့်ဒိတ်ဒိတ်ကျဲကြီးမှန်း တစ်ချက် ကြည့်ရုံနဲ့ သိသာချက် … စောက်ရမ်း မိုက်တယ် …”

“ ကျောက်ကွမ်းလီကိုပဲ အာရုံစိုက်မနေနဲ့ဦး … အဲ့မှာ နောက်တစ်ယောက်လည်း ပါသေးတယ် … ဝူထျန်းဖူနဲ့တော့ တူတယ် … လမ်းပေါ်က လူတွေ သူ့ကို မာစတာဝူလို့ ခေါ်ကြတာ ကြားမိတယ် … သူ့ စကားတစ်ခွန်းက ရန်မြို့ကြီးကို ဗြောင်းဆန်သွားစေနိုင်တယ်နော်….”

“ ဒီနေ့ကတော့ လပ်ကီးဒေးပဲ … တစ်ချီတည်းနဲ့ ဒိတ်ဒိတ်ကျဲကြီး နှစ်ယောက်ကို မြင်လိုက်ရတယ် … ကွာ … ဓာတ်ပုံရိုက်စရာ ဖုန်းလေးများ ရှိရင်တော့ဖြင့် ….”

“ မပူနဲ့ .. ငါ့မှာပါတယ် … ငါ ရိုက်ပြီး မင်းဆီ ပို့ပေးလိုက်မယ် …”

“ ပါရင် မြန်မြန်ရိုက်လေကွာ …”

လီကျန်းက သူ့ဖုန်းကို ထုတ်ပြီး ဝူထျန်းဖူနှင့် ကျောက်ကွမ်းလီတို့၏ ဓာတ်ပုံများကို ရိုက်ယူလိုက်သည်။

ကင်မရာခလုတ်နှိပ်ရင်း နောင်တွင် ဤပုံများပြပြီး ကြွားဝါနိုင်ပြီဟူ၍ စဉ်းစားနေမိ၏။

သို့သော် ထိုအချိန်မှာပဲ လျိုလေ့က ဝူထျန်းဖူနှင့် အခြားသူများက သူတို့ရှိရာဘက်သို့ လျှောက်လှမ်းလာနေသည်ကို သတိထားမိသွားခဲ့သည်။

“ ဟာ … ဟျောင့်တွေ … သူတို့က ငါတို့ဆီ လာနေတာကွ ….”

ဤစကားကြားတော့ ကျန်သူများမှာ ရုတ်ချည်း တောင့်တင်းသွားကုန်ကြ၏။

ဘာကြောင့်ဆိုတော့ ကျောက်ကွမ်းလီကဲ့သို့ အထင်ကရ ပုဂ္ဂိုလ်ကြီးများကို သူတို့တွေ အဝေးကမျှ လှမ်းမျှော်ကြည့်ဝံ့ကြသောကြောင့်ပင်။

ယခု ကြည့်ရသည်မှာ သူတို့ရှိရာဘက်သို့ လျှောက်လှမ်းလာနေဟန် ရသဖြင့် လူတိုင်းကို မသက်မသာ ဖြစ်အောင် ပြုလုပ်နေပြီး တစ်ခုခု လှုပ်ရှားဖို့ကိုပင် ကြောက်လန့်နေမိကြသည်။

“ ငါတို့ကောင်တွေ ပုံခိုးရိုက်တာများ သိသွားလို့လား … အဲ့တာ အခု ပြဿနာ လာရှာမလို့လား မသိဘူးနော်….”

“ အားလုံးပဲ … ခပ်မိုက်မိုက်နေကြမယ် … မကြောက်ကြနဲ့ ….” လီကျန်းက အသံကတုန်ကယင်နဲ့ ပြောလိုက်၏။

“ ငါ ပုံရိုက်တုန်းကတော့ မသိမသာ ရိုက်လိုက်တာပဲ … သူတို့တွေ သတိထားမိမယ်လို့‌တော့ မထင်ဘူး …”

“ ဒါပေမယ့် သူတို့က ငါတို့ဆီ လာနေတာလေ … အခု ဘာလုပ်ကြမှာ ….”

“ ဒီမှာပဲ ရပ်နေကြစို့ … ငါတို့ ဘာမှလည်း မလုပ်ထားဘူး … သူတို့ရဲ့ အဆင့်အတန်းနဲ့ဆိုရင် ငါတို့ကို ပြဿနာရှာမယ်လို့တော့ မထင်ဘူး … ဒီတိုင်းပဲ ဆက်ကြည့်နေ … ဘာမှ မပူကြနဲ့ ….”

“ မင်းပြောတာ မှန်တယ် … ဖြတ်သွားဖြတ်လာ လုပ်သလို ဟန်ဆောင်ကြစို့ … ပြီးရင် သူ့ကို အနီးကပ် သေချာကြည့်လို့ ရပြီ … ဒီလောက်ဆို ကျောင်းရောက်ရင် တဝကြီး ကြွားလို့ရပြီ ….”

လျိုလေ့က စိတ်လှုပ်ရှားမှု အပြည့်ဖြင့် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ပြီး ပြောဆိုလိုက်သည်။

လူငယ် ခုနစ်ယောက်၊ ရှစ်ယောက်မှာ ပန်းအုတ်ခုံတွင် မတ်တပ်ရပ်ရင်း အသီးသီး တည်ငြိမ်ချင်ယောင် ဆောင်နေကြသည်။

ဝူထျန်းဖူနှင့် ကျောက်ကွမ်းလီကဲ့သို့သော ဒိတ်ဒိတ်ကျဲကြီးများ အော်ရာအပြည့်နှင့် သူတို့ရှိရာဘက်သို့ လျှောက်လှမ်းလာနေသည်ကို မြင်တော့ လီကျန်းတို့မှာ လက် ကတုန်ကယင်ဖြစ်ပြီး သောက်နေသည့် ဆေးလိပ်များကိုပင် လွင့်ပစ်လိုက်ကြကာ ဖြတ်သွားဖြတ်လာ လူများနှယ် ဟန်ဆောင်လိုက်ကြ၏။ သူတို့မျက်လုံးကိုပင် တည့်တည့် မကြည့်ဝံ့ကြပေ။

အုပ်စုက သူတို့ကို ဖြတ်ကျော်သွားသည့် အချိန်ကျမှပဲ စိတ်သက်သာရစွာ သက်ပြင်းချမိကြ၏။

“ နားလည်မှု လွဲသွားတာပဲ … ငါတို့ကို တည့်တည့်မကြည့်တာတောင် သေတော့မယ် … ကြည့်များကြည့်လို့ကတော့ အသက်ပါ ပါနိုင်တယ် ….” လျိုလေ့က အကြောက်မပြယ်သေးသည့်ဟန်ဖြင့် ပြောဆိုလိုက်သည်။

“ ဟူး … ငါနှလုံး ခုန်နေသေးတာပဲ … “ လီကျန်းက သူ့ရင်ဘက်သူ ဖိပြီး သက်ပြင်းချရင်း ဆိုလိုက်၏။

“ နေဦး … တစ်ခုခု မဟုတ်သေးဘူး …” ဆံပင်အရှည်နှင့် ကျောင်းသားက ပြောလိုက်ပြီး “ လေ့ကြီး …. ကြည့်ရတာ သူတို့က မင်းအစ်ကိုဆီ ဦးတည်နေတဲ့ပုံပဲနော်….”

“ မဖြစ်နိုင်တာ … ငါ့အစ်ကိုကဖြင့် သူတို့ကိုတောင် မသိတဲ့ဟာ …”

“ စိတ်လျှော့ထားဦး … ဘာဖြစ်မလဲ ဆက်ကြည့်ကြတာပေါ့ ….”

လီကျန်း စကားပြောဆိုပြီးနောက် သူတို့ မျက်လုံးများက လင်းရီထံသို့ စုပြုံကျရောက်သွားခဲ့တော့သည်။

“ သခင်လေးလင်း … မင်း ရန်မြို့ရောက်လာတာတောင် ငါတို့ကို အသိမပေးဘူးနော်… မဟုတ်ရင် လာတွေ့တာပေါ့ …”

ဤစကားကြားတော့ လီကျန်းနှင့် လျိုလေ့တို့၏ ဦးခေါင်းများ ပူထူကုန်ကြသည်။

“ ဟျောင့်တွေ … ငါ နားကြားမှားသလားလို့ … ကျောက်ကွမ်းလီက မင်းအစ်ကိုကြီးကို တကယ်ပဲ သခင်လေးလင်း ဆိုပြီး ခေါ်လိုက်တယ် …”

လူတိုင်း၏ မျက်လုံးက လျိုလေ့ထံသို့ ကျရောက်သွားခဲ့ပြီး ဘာတွေ ဖြစ်နေလဲဆိုတာကို သိချင်နေကြသည်။

“ ငါ့ကို အဲ့လို လာကြည့်မနေနဲ့ … ဘာတွေ ဖြစ်နေလဲ ငါလည်း မသိဘူး … ငါ့အစ်ကိုက ကျိုးဟိုင်မှာပဲ အနေများတယ် .. ရန်မြို့နဲ့ ရင်းနှီးနေတာမျိုး မဖြစ်နိုင်ဘူး …”

“ မင်းအသံကို တိုးဦးဟ … ဘာ‌တွေ ဖြစ်နေလဲ အရင်ကြည့်ကြတာပေါ့ ….”

ထိုအချိန်တွင် ကျောက်ကွမ်းလီနှင့် ဝူထျန်းဖူတို့ သူ့အား လာနှုတ်ဆက်နေတာ မြင်တော့ လင်းရီက အနီးနားရှိ လျိုလေ့ကို ညွှန်ပြလိုက်ပြီး “ ကျုပ်ညီလေးက သူတို့တွေ ဒိတ်ဒိတ်ကျဲကြီးနဲ့ တွေ့ဖို့ရှိတယ်ဆိုလို့လေ … ပျော်ရအောင် ကျုပ်လည်း လိုက်လာခဲ့လိုက်တာ ….”

နှစ်ဦးလုံး တစ်ဖက်သို့ လှည့်ကြည့်လိုက်ကြပြီး လျိုလေ့ကို မြင်တွေ့သွားခဲ့ကြသည်။

“ သခင်လေးလင်း … မင်း ငါတို့ကို အဲ့လို မလှောင်နဲ့လေ … မင်းနဲ့ယှဉ်ရင် ငါတို့က လမ်းဘေး လူမိုက် အသေးစားလေးတွေပါကွာ …” ဝူထျန်းဖူက ပြုံးလျက် ဆိုလိုက်သည်။

ဤစကား ကြားတော့ လျိုလေ့နှင့် အခြားသူများမှာ အဆုတ်ထဲသို့ လေအေးကြီးများ ရှိုက်သွင်းမိသွားခဲ့ကြ၏။

နာမည်ဂုဏ်သတင်းကြီးတဲ့ ဝူထျန်းဖူးနဲ့ ကျောက်ကွမ်းလီက သူ့အစ်ကိုရီရဲ့ ရှေ့မှောက်မှာ သူတို့ကိုယ်သူတို့ လူမိုက်အသေးစားလေးတွေပါဆိုပြီး နှိမ့်ချပြောဆိုနေတယ် …. ဘာတွေ ဖြစ်နေတာလဲ …

“ အဲ့လို ပြောလို့တော့ ဘယ်ရမှာ … သူတို့မျက်လုံးထဲမှာ ကျုပ်က ခင်များတို့လို ဂုဏ်သတင်းတွေ ရှိတာမဟုတ်ဘူး …”

“ သခင်လေးလင်းက နှိမ့်ချလွန်းနေပါပြီ …”

ဝူထျန်းဖူက လူလွှတ်ပြီး လျိုလေ့နှင့် အခြားသူများကို သူတို့ထံသို့ ခေါ်လာခိုင်းလိုက်သည်။ ထို့နောက် နွေးထွေးသည့် အပြုံးဖြင့် “ ဒီတော့ မင်းက သခင်လေးလင်းရဲ့ ညီငယ်လေးပေါ့ ….”

“ ဟုတ် … ဟုတ်ပါတယ်ဗျ …”

“ မင်းအစ်ကိုကြီး အကြောင်း မင်း မသိသေးဘူး … ဒါပေမယ့် ငါလည်း မင်းကို ပြောပြလို့ မရဘူး … ဘာပဲဆိုဆို ငါတို့ရဲ့ အဆင့်အတန်းက မင်းအစ်ကိုကြီးနဲ့ ယှဉ်လို့မရဘူး … ဒီတော့ ငါတို့နဲ့ သူ့ကို သွားယှဉ်မနေနဲ့ ….”

လျိုလေ့မှာ ကြက်သေသေပြီး တိတ်ဆိတ်နေမိ၏။

“ သခင်လေးလင်း … မင်း ရန်မြို့ကို ကြာကြာနေမှ တစ်ခါရောက်ဖြစ်တာဆိုတော့ ဧည့်ဝတ်ကျေပွန်ခွင့်ရောက်အောင် တစ်နေရာမှာ ကောင်းကောင်းမွန်မွန် သွားသောက်ကြစို့လား ….”

“ ဒါတွေ မလိုပါဘူး .. ကျုပ် အိမ်မှာ လုပ်စရာ ကိစ္စလေးတွေ ရှိသေးတယ် … အဓိကက သူတို့ကို မြင်တွေ့ခိုင်းပြီး စာကြိုးစားချင်စိတ်တွေ ဖြစ်အောင်လို့ … ဘာလို့ဆို လူမိုက်လောကထဲ ဝင်လို့ ဘာအသုံးမှ မဝင်ဘူးလေ …”

All Chapters