← Chapters

လူသတ်တာ ဥပဒေ မချိုးဖောက်ဘူး

Vol. 155 Ch. 2267

လူသတ်တာ ဥပဒေ မချိုးဖောက်ဘူး

Vol. 155 Ch. 2267

လင်းရီ၏ စကားက ဝူထျန်းဖူနှင့် ကျောက်ကွမ်းလီတို့ နှစ်ဦးလုံးကို ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေခဲ့သည်။

သူတို့တွေ လျိုလေ့ကို သူတို့ ဘက်ခြမ်းသို့ ဆွဲခေါ်ပြီး လေးနက်သည့်အမူအရာဖြင့် “ ကောင်လေး … မင်း စံပြထားချင်တဲ့ လူတစ်ယောက်ကို ရှာနေတာဆိုရင် မင်း အစ်ကိုကြီးကိုပဲ ကြည့် … သူ့ရှေ့မှာဆို ငါတို့ကောင်တွေက ဘာကောင်မှ ဟုတ်တာမဟုတ်ဘူး … ဒီတော့ ငါတို့ဆီကနေ မသင်ယူနဲ့ … ငါတို့က လူတွေရဲ့ မျက်လုံးထဲမှာ ဒေါင်လိုက်ကြီးတွေကွ ….”

လျိုလေ့နှင့် အခြားသူများမှာ ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့ကြသည်။

သူတို့ မျက်လုံးရှေ့ရှိ မြင်ကွင်းက ကမ္ဘာကြီးအပေါ် သူတို့ ရှုမြင်နေသည့် အမြင်ကို လုံးလုံးလျားလျား ပြောင်းပြန်လှန်ပစ်သွားခဲ့လေသည်။

ဧကန္တ … သူတို့ ချစ်ကြောက်ရိုသေရတဲ့ အစ်ကိုကြီးက တကယ်ပဲ အဲ့လောက်ထိ နှိမ့်နှိမ့်ချချ နေတာများလား …

မသိစိတ်အလျောက် လူတိုင်း၏ မျက်လုံးအကြည့်က လင်းရီထံသို့ ကျရောက်သွားခဲ့ကြသည်။

ဇာတ်လမ်း အချိုးအကွေ့က သူတို့ကို အစစ်အမှန် မဟုတ်သည့်နှယ် ခံစားနေရစေသည်။

“ ကျုပ် … ကျုပ် နားလည်ပါပြီ …”

လျိုလေ့က တောင့်တင်းနေသည့် လေသံဖြင့် ဆိုလိုက်၏။ သို့ပေမယ့် သူ့စိတ်ကြီးတစ်ခုလုံးက ဟာလာဟင်းလင်း ဖြစ်လျက် …

“ ကောင်းပြီ … သွားကြစို့ …. မင်းတို့ကောင်တွေ ဒိတ်ဒိတ်ကျဲကြီးကို မြင်ပြီးပြီဆိုတော့ ကျေနပ်ကြရောပေါ့ …” လင်းရီ ပြောလိုက်သည်။

“ သခင်လေးလင်း …. ငါမင်းကို လိုက်ပို့ပေးပါ့မယ် ….”

ထိုသို့ ပြောပြီးနောက် ဝူထျန်းဖူက လက်ဝှေ့ယမ်း၍ ဟိုတယ်ဝင်ပေါက်ဝနားတွင် ရပ်ထားသည့် Rollls-Royce ကားကို လှမ်းခေါ်လိုက်သည်။

“ သခင်လေးလင်း … ကျေးဇူးပြုပြီး ကားထဲဝင်ပါ …”

ကားတံခါး ဖွင့်ပေးလာတော့ လင်းရီလည်း ငြင်းပယ်လို့ မကောင်းတော့ချေ။

ဝူထျန်းဖူက လင်းရီအတွက် တံခါးဆွဲဖွင့်ပေးလာသဖြင့် လင်းရီလည်း နှုတ်ဆိတ်ပြီး ပျင်းပျင်းရိရိဖြင့် တက်လိုက်၏။ ထို့နောက် လျိုလေ့လည်း တိတ်တဆိတ် လိုက်ပါလာသည်။ ယခုလေးတင် ဖြစ်ပျက်သွားသည့် မြင်ကွင်းကို ရှော့ခ်ရသွားခြင်းကြောင့်သာမက ဇိမ်ခံကားကြီးကို ပထမဆုံးအကြိမ် စီးဖူးခြင်း ဖြစ်သည့်အတွက် သူ့တစ်ကိုယ်လုံး တောင့်တင်းနေလျက် ရှိတော့၏။

လင်းရီ ထွက်ခွာသွားပြီးနောက် ဝူထျန်းဖူနှင့် ကျောက်ကွမ်းလီတို့က စိတ်သက်သာရစွာ သက်ပြင်းချလိုက်ကြသည်။

လင်းရီရှေ့မှောက်တွင် သူတို့နှစ်ဦးလုံး ဖိအားများနေရ၏။ မင်းခယောက်ျား၊ ကမ်းနားသစ်ပင် ဆိုသကဲ့သို့ လင်းရီကဲ့သို့သော အရှိန်အဝါ ကြီးမားသူနှင့် စကားပြောရသည်မှာ တစ်ခွန်းမှားသွားလျှင် အသက်ပါသွားနိုင်သည်။

ယခု လင်းရီ မရှိတော့သဖြင့် နှစ်ဦးလုံး ခံစားနေရသည့် ဖိအားလည်း အများအပြား‌ လျော့ကျသွားခဲ့တော့သည်။

ပျောက်ကွယ်သွားသည့် ကားပုံရိပ်ကို ငေးကြည့်ရင်း ဝူထျန်းဖူက နောက်သို့ လှည်ကာ လီကျန်းနှင့် အခြားသူများကို တင်းမာစွာ တစ်ချက်ကြည့်လိုက်သည်။ ယခင်ကကဲ့သို့ ပျူငှာခြင်း မရှိတော့ဘဲ လူမိုက်ဂိုဏ်းခေါင်းဆောင် တစ်ဦး၏ အရှိန်အဝါသို့ ပြန်လည် ပျံ့လွှင့်လာသည်။

“ မင်းတို့ကောင်တွေလည်း ပြန်ကြတော့ … “ ကျောက်ကွမ်းလီ ပြောလိုက်ပြီး “ ဒါပေမယ့် တစ်ခု သတိပေးလိုက်မယ် … သခင်လေးလင်းရဲ့ ညီလေးကို မင်းတို့ရဲ့ ပေါက်ကရ လုပ်ရပ်တွေထဲ ဆွဲမထည့်နဲ့ … နောက်တစ်ကြိမ် ထပ်မိလို့ကတော့ ငါ ကျောက်ကွမ်းလီကို မယဉ်ကျေးဘူးဆိုပြီး အပြစ်မဆိုနဲ့ပေါ့ကွာ ….”

“ ဟုတ် ဟုတ် … ကျုပ်တို့ ထပ် မလုပ်ရဲတော့ပါဘူး …” လီကျန်းက ရှိစုမဲ့စု သတ္တိလေးများ စုစည်းပြီး မေးမြန်းလိုက်သည်။ “ ဘော့စ်ကျောက် … ကျုပ် တစ်ခုလောက် မေးချင်လို့ပါ … မေးလို့ရမလားခင်ဗျ …”

“ မင်းက ဘာမေးချင်တာ …”

“ လျိုလေ့ရဲ့ အစ်ကိုက တကယ်ပဲ အဲ့လောက်ထိ အထင်ကြီးဖို့ကောင်းတာလား …”

“ သူ လူသတ်တာက ဥပဒေကို မချိုးဖောက်ဘူး … သူ အထင်ကြီးဖို့ ကောင်းမကောင်း မင်းပြောကြည့် …”

ထိုစကားကို ချန်ထားရစ်ခဲ့ပြီးနောက် ကျောက်ကွမ်းလီနှင့် ဝူထျန်းဖူတို့ ပြန်လည် ထွက်ခွာသွားခဲ့ကြသည်။

“ သူ လူသတ်တာက ဥပဒေကို မချိုးဖောက်ဘူး…..”

လီကျန်းနှင့် အခြားသူများမှာ နေရာတွင် ကြက်သေသေနေရင်း အချိန်အတော်ကြာသည်ထိအောင် သတိပြန်မဝင်နိုင်ဘဲ ရှိနေမိတော့သည်။

သူတို့တွေက စောနလေးတင်ပဲ သူ့ရှေ့မှာ လေလုံးထွားနေခဲ့ကြတာလေ …

….

ကားဖြင့် မိနစ် နှစ်ဆယ်ခန့်ကြာတော့ ဂေဟာဝင်ပေါက်ဝသို့ ရောက်လာခဲ့ပြီး နှစ်ဦးလုံး ကားပေါ်က ဆင်းလိုက်ကြသည်။

“ မင်းက ဘာတွေ ရပ်လုပ်နေတာ … အထဲ ဝင်ကြစို့ …”

လျိုလေ့က ကျောက်ရုပ်ကြီးသဖွယ် ရပ်တန့်နေတာကို မြင်တော့ လင်းရီ ပြောလိုက်၏။

“ အစ်ကိုကြီး … ကျုပ် ကတိပေးတယ် … ကျုပ် နောက် ဘယ်တော့မှ အသုံးမဝင်တာတွေ လျှောက်မလုပ်တော့ဘူး …”

လင်းရီ ပြုံးလိုက်၏။ ယနေ့ သူလိုချင်တာ ရရှိသွားပြီဟူသော အောင်မြင်မှုမျိုးကို ခံစားလိုက်ရသည်။

“ မင်း တကယ့်ကမ္ဘာကို မြင်သွားပြီမလား …”

လျိုလေ့ ခေါင်းညိတ်လိုက်သည်။ “ ကျုပ် စစချင်းတုန်းကတော့ ဝူထျန်းဖူနဲ့ ကျောက်ကွမ်းလီတို့လို လူတွေက သူများတွေရဲ့ အထက်မှာ ရပ်တည်နေတဲ့လူတွေလို့ ထင်ထားခဲ့တာ … ဒါပေမယ့် အစ်ကိုရီနဲ့ ယှဉ်လိုက်ရင် သူတို့က ဘာကောင်မှ မဟုတ်တော့ဘူး … အရမ်း နိမ့်ကျလွန်းတယ် …”

“ ဒီတော့ မင်းပြောချင်နေတာက ….”

“ ကျုပ် စာကြိုးစားမယ် … အစ်ကိုရီလိုမျိုး တက္ကသိုလ်တက်ပြီး စီးပွားရေးလုပ်မယ် ….” လျိုလေ့က အားတက်သရော ပြောလိုက်၏။

“ မင်းအဲ့လို စဉ်းစားဖို့ပဲ လိုတယ် …” လင်းရီက သူ့ဦးခေါင်းကို အသာပုတ်ပြီး ပြောလိုက်၏။ “ သွားစို့ … အဖေနဲ့ အမေက အထဲမှာ စောင့်နေတယ် … ဒီမှာဆက်ပြီး အချိန်ဖြုန်းမနေတော့ …”

နှစ်ဦးလုံး ခြေလှမ်းခပ်သွက်သွက်လျှောက်ပြီး ဂေဟာထဲသို့ ဝင်လာခဲ့ကြ၏။

အခြားသော ကလေးများက အခန်းထဲ တက်တက်ကြွကြွ ဆော့ကစားနေကြစဉ် လူကြီးများကတော့ စုဝေးပြီး နှစ်သစ်ကူး ညစာအတွက် ပါဝင်ပစ္စည်းများကို ပြင်ဆင်ရင်း စကားပြောဆိုနေကြလေသည်။

မည်သို့ပင်ဆိုစေ ဂေဟာရှိ ကလေးဦးရေက အင်မတန်များ၏။ ကူညီပေးကြသည့် စေတနာရှင် အန်တီကြီးများတွင်လည်း သူတို့ ကိုယ်ပိုင် မိသားစုတို့ ရှိကြသည်။ ထို့ကြောင့် သူတို့အိမ်သို့ ပြန်ပြီး ပွဲတော်ဆင်နွှဲဖို့ အတွက် ပြင်ဆင်နေကြသဖြင့် ဂေဟာတွင် ရှိမနေနိုင်ချေ။ ထို့ကြောင့် အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်၏။

“ အမေ … သားတို့ ပြန်လာပြီ ….”

လင်းရီ နှုတ်ဆက်လိုက်ပြီး ထို့နောက် လျိုလေ့ကို ရှေ့သို့ တွန်းပို့လိုက်၏။

လျိုလေ့မှာ ခေါင်းငိုက်စိုက်ချလျက် ဝမ်ချွေ့ပင်းထံသို့ လျှောက်လှမ်းလာသည်။

“ အမေ … သားမှားမှန်း သိပါပြီ … ဒီခုကစပြီး စာကြိုးစားတော့မယ် … အပြင်ထွက်ပြီး အလေမလိုက်တော့ပါဘူး ….”

လျိုလေ့ ဤစကားမျိုး ပြောလာတာကို ကြားတော့ အခန်းထဲရှိ လူတိုင်း အံ့အားသင့်ကုန်ကြ၏။

သူ့ကို အခုလို ကြီးကြီးမားမား ပြောင်းလဲသွားအောင် လင်းရီ ဘာတွေ လုပ်လိုက်လဲဆိုတာကို သူတို့အားလုံး နားမလည်နိုင် ဖြစ်နေမိသည်။

“ မင်း အန်တီဝမ်ကိုလည်း ကတိပေးလိုက်ဦးလေ …”

“ အန်တီဝမ် … သားမှားမှန်း သိပါပြီ … အခုက စပြီး စကားနားထောင်ပါ့မယ် … ပြန်ခံပြီးလည်း မပြောတော့ပါဘူး …”

“ လိမ္မာတဲ့ကလေး …” ဝမ်လန်ဇီက လျိုလေ့၏ ဦးခေါင်းကို ပုတ်လိုက်ပြီး “ သူတို့နဲ့ သွားကစားချည် … နောင်ကျ စာကြိုးစားရမယ်နော်…. “

“ ဟုတ်ကဲ့ ….”

လျိုလေ့၏ ပြဿနာကို ဘေးကင်းကင်းနှင့် ဖြေရှင်းပြီး ဖြစ်သဖြင့်‌ ငြိမ်းချမ်းမှုက ဂေဟာလေးဆီသို့ တစ်ဖန် ပြန်ရောက်လာခဲ့သည်။

အမျိုးသမီး အများစုက မီးဖိုချောင်ထဲတွင် မနက်ဖြန်အတွက် ပါဝင်ပစ္စည်းများကို ပြင်ဆင်နေခဲ့ကြ၏။

ညဆယ်နာရီကျော်သည့် အချိန်ကျတော့မှ နောက်တစ်နေ့အတွက် လိုအပ်သည်များကို ပြင်ဆင်ပြီးသွားခဲ့သည်။

လင်းရီသည်လည်း နှစ်သစ်ကူးအတွက် သူ၏ ကျေးဇူတင်မှုကို ဖော်ပြရန် ရက်ရောမှု အပြည့်ဖြင့် အန်တီ တစ်ယောက်ချင်းစီတိုင်းကို ယွမ်တစ်သောင်းတန် ဟုန်ပေါင်းများ ဝေပေးလိုက်သည်။

ပြီးသည့်နောက် လင်းရီ ၊ ဝူဖေးယွဲ့နှင့် ချွီရွှမ့်ဟော်တို့က ဘီယာ နှစ်ဖာနှင့် သွားရည်စာမုန့်များ ယူလာခဲ့ပြီး မနက် မိုးလင်းသည်အထိ သောက်စားရင်း စကားပြောနေခဲ့ကြလေသည်။

နောက်တစ်နေ့၌ လူတိုင်း စောစီးစွာ ထကြ၏။

နှစ်သစ်ကူးနေ့က တရုတ်နှစ်သစ်ကူးနေ့ကဲ့သို့ ပွဲတော် အငွေ့အသက် မများပြားသော်လည်းပဲ ဂေဟာ၌ ပွဲတော် အားလပ်ရက် အစဉ်အလာတစ်ခုအဖြစ် ထားရှိနေဆဲပင်။

( ခရစ်စမတ် ပြီးတာ မကြာသေးတော့ ဟက်ပီး နယူးရီးယား ဖြစ်မယ်ထင်တာပဲ။ တရုတ်ဘက်ကို သွားကြည့်တော့လည်း နှစ်သစ်လို့ပဲ ရေးထားတာ။ အမှားပါသွားရင် စိတ်မရှိပါနဲ့ဗျာ။)

လင်းရီ သူ့နည်းသူ့ဟန်ဖြင့် မီးရှူးမီးပန်းများကို ကားအပြည့် တစ်စီး ဝယ်ယူလိုက်၏။

လူကြီးများအတွက် နှစ်သစ်အပေါ် ရှုမြင်ပုံတို့က ပြင်းထန်လှသည်တော့ မဟုတ်ပေ။

ဘလိုင်းဘောက်စ် ဖောက်ရတာလောက်ပင် စိတ်ဝင်စားဖို့ မကောင်းလှချေ။ သို့ပါသော်လည်း ယနေ့ခေတ်တွင် အားလပ်ရက်တစ်ရက်က မိသားစုဝင်များကို အတူဆုံဆည်းစေသည်။ ဤသည်က‌တော့ မွန်မြတ်လှသည့် အကြောင်းအရင်း တစ်ခုပင်။ ယင်းကမှ အားလပ်ရက်၏ စစ်မှန်သည့် အနှစ်သာရ ဖြစ်၏။

ညနေ လေးနာရီ ၊ မနက်စာ စားပြီးနောက် မိသားစုတွေ အတူထိုင်ကြပြီး ကတ်ကစားရင်း စကားပြောကြ၊ အရင်နှစ်က ရယ်စရာ ဇာတ်လမ်းများကို ပြန်လည် ဝေမျှကြသည်။

သို့ပေမယ့်လည်း စကားဝိုင်းက နင်ယွဲ့အပေါ်တွင် များစွာ အာရုံ စူးစိုက်နေပြီး လအနည်းငယ်တွင် ရောက်လာတော့မယ့် ကလေး သေးသေးလေးအပေါ် မျှော်လင့်စောင့်စားမှုတို့ ပြည့်နှက်နေကြ၏။

နင်ယွဲ့အပြင် လင်းရီနှင့် ဝူဖေးယွဲ့တို့သည်လည်း အိမ်ထောင်ရေး စကားဝိုင်း၏ ပစ်မှတ်သားကောင် ဖြစ်ရခြင်း အဖြစ်မှ မရှောင်လွှဲနိုင်ခဲ့ပေ။ သူတို့ကိုလည်း ခြေလှမ်းကြီးကြီး လှမ်းနိုင်ဖို့ မျှော်လင့်နေကြ၏။

ဂေဟာရှိ အန်တီများက အထက်တန်းမြင့် ပညာရေးကို တက်ခဲ့ရသည် မဟုတ်သဖြင့် စကားကို ဘွင်းဘွင်းရှင်းရှင်းသာ ပြောတတ်ကြပြီး ကျီချင်းရန်ကို ကိုယ်ဝန်ရစေနိုင်မည့် နည်းလမ်းမျိုးစုံကို သင်ပြပေးနေကြသည်။

အသုံးပြုဖို့ အကောင်းဆုံး အနေအထားများ၊ ဒါမှမဟုတ် တစ်နေ့ကို အကြိမ်ရေမည်မျှ ကြိုးပမ်းသင့်သည်များ စသဖြင့် အကြံပေးနေကြတော့၏။

ဤသည်က ကျီချင်းရန်ကို ရှက်သွေးဖြန်းသွားစေခဲ့ပြီး မီးဖိုသေးသေးလေးကဲ့သို့ နီးမြန်းသွားစေသည်။

သို့ပေမယ့် လင်းရီမှာတော့ အမျိုးသမီးများ၏ သီးသန့်စကားဝိုင်းကို မသိရှိလိုက်ရ။

အမျိုးသမီးများ စကားပြောနေစဉ် လင်းရီထံသို့ နင်ချဲ့နှင့် လီရှန်းဟွေ့တို့က အသီးသီး ဆက်သွယ်လာသည်။

နှစ်သစ်ကူး ဆုမွန်တောင်းခြင်းအပြင် သူတို့တွေ အလုပ်ကိစ္စများလည်း ဆွေးနွေးခဲ့ကြသည်။

ကျိုးမိသားစုကို စုံစမ်းစစ်ဆေးနေသည့် ခရီးက အတော်လေး ပေါက်နေလေပြီ။

ကျိုးမိသားစုက တကယ်လည်း နိုင်ငံခြားတွင် စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်ရင်း ပိုင်ဆိုင်မှုများ လွှဲပြောင်းနေသည်ကို ရှာတွေ့ခဲ့ကြသည်။ သူတို့ဘက်က ယခုချက်ချင်း လှုပ်ရှားလိုက လှုပ်ရှားနိုင်ပါသော်လည်း သက်သေ အချက်အလက်တို့က နည်းပါးလွန်းသေးသည်။ ထို့ကြောင့် အခြားသော ဖြစ်ရပ်များ ဖြစ်ပွားလာလေဦးမလားဟု မျှော်လင့်ရင်း ဆက်ပြီး စောင့်ကြည့်ကြဖို့ ဆုံးဖြတ်လိုက်တော့၏။

အလုပ်အကြောင်း ပြောဆိုပြီးနောက် လင်းရီသည် နင်နဲ့နှင့် ကားများအကြောင်း ခဏဆွေးနွေးလိုက်သည်။

ထို့ပြင် လီရှန်းဟွေ့ဘက်ကလည်း အမှု စုံစမ်းသည့်ဘက်ခြမ်း၌ အတော်လေး ခရီးရောက်နေပြီ ဖြစ်၏။

ထို့ပြင် ဤသည်ကလည်း လင်းရီ တစ်ချိန်လုံး မျှော်လင့်စောင့်စားနေခဲ့သည့် အရာပင်။

All Chapters