တွေ့ဆုံပွဲသို့
Vol. 155 Ch. 2268
စွန်းရွှယ်ချန် သွေးတိုးမြင့်တက်လာရခြင်း အကြောင်းအရင်းက မာတဲ့ဟုန်နှင့် တူညီသည့် ဆေးဝါးကို သောက်သုံးခဲ့မိ၍ပင်။
ရုတ်တရက် ကြည့်လိုက်မည်ဆိုပါက ဤသည်က သဲလွန်စတစ်ခုမဟုတ်ဟု ထင်ရကောင်း ထင်ရနိုင်သည်။ မည်သို့ပင်ဆိုစေ သူတို့နှစ်ဦးလုံးက Batalek ကုမ္ပဏီထုတ် ဆေးဝါးကို သောက်သုံးနေကြခြင်းပင်။
သို့သော်လည်းပဲ ကိစ္စက မြင်နေရသလောက် ရိုးရှင်းနေခြင်း မရှိ။ အချုပ်ခန်း စင်တာတွင် မာတဲ့ဟုန်နှင့် စွန်းရွှယ်ချန်တို့ နှစ်ဦးတည်းကသာ သွေးတိုးရောဂါရှိသည့် အချုပ်သားများ ဖြစ်၏။
ထို့ကြောင့် ဝမ်ကျားမေကလည်း သူတို့သောက်သုံးရမည့် ဆေးဝါးကို ကြိုတင် ပြင်ဆင်ထားခဲ့သည်။
သူမက ဒါဇင်နှင့်ချီသည့် ဆေးထုပ်များ ထုပ်ပိုး၍ သူတို့နာမည်အသီးသီးကို တံဆိပ်ကပ်ထားပြီး နောက်ဆုံး၌ ဆေးလာတောင်းသည့် အချုပ်ခန်း အစောင့်ထံ ကြိုတင် ထုပ်ပိုးထားသည့် ဆေးများအား လက်ဆင့်ကမ်းပေးလိုက်သည်။
သို့သော် ပြဿနာက ယင်းအလယ်တွင် ရှိနေသည်။ မာတဲ့ဟုန်က ဦးနှောက်သွေးလွန်မှုကြောင့် ဆုံးပါးသွားခဲ့ပြီး သူ့အတွက် ကြိုတင်ပြင်ဆင်ထားသည့် ဆေးဝါးများကလည်း လက်ထဲ ပိုပိုသာသာ ဖြစ်သွားခဲ့ရသည်။
ဝမ်ကျားမေက မာတဲ့ဟုန်အတွက် ပြင်ဆင်ထားသည့် ဆေးအကျန်များကို စွန်းရွှယ်ချန် အမည်ဖြင့် အစားထိုး တံဆိပ်ကပ်လိုက်ပြီး ကျန်ရှိသည့် သွေးတိုးရောဂါ ဝေဒနာရှင် အချုပ်သားတစ်ဦးအား ဆေးဝါးများ ဆက်လက် ပံ့ပိုးပေး၏။
လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာတွင်တော့ လက်ရှိ သူတို့ ပြုလုပ်သည့် အရာက မည်သည့်အရာမျှ မှားယွင်းမနေချေ။
ပြဿနာက မာတဲ့ဟုန်၏ ဆေးဝါးကို စွန်းရွှယ်ချန် သောက်သုံးပြီးနောက် သူသည်လည်း မာတဲ့ဟုန်နည်းတူ ဦးနှောက်သွေးလွန်မှုဖြစ်ကာ ကိုမာဝင်သွားခဲ့ခြင်းပင်။
သို့ပေမယ့်လည်း အဆိုပါ ဖြစ်ရပ် ဖြစ်ပွားပြီးနောက် စွန်းရွှယ်ချန်က Batalek ၏ အခြားတစ်သုတ် ထုတ်လုပ်သည့် ဆေးဝါးများကို ဆက်လက် သုံးစွဲနေရင်း သွေးဖိအားကလည်း တည်ငြိမ်နေကာ မည်သည့် ပြဿနာတို့မျှ ဖြစ်ပွားခြင်း မရှိတော့ချေ။
ဆွေးနွေးပြီးနောက်တွင် သူတို့အားလုံး မာတဲ့ဟုန် သုံးစွဲနေသည့် ဆေးဝါးတို့က ပြုပြင်ထားခြင်း ခံရမည်ဟု တစ်ညီတစ်ညွှတ်တည်း ကောက်ချက်ချ သုံးသပ်လိုက်ကြ၏။ အပြင်ပိုင်းတွင် Batalek ဟု ထင်ရသော်လည်း တစ်စုံတစ်ယောက်က ဆေးဝါးကို တစ်ခုခု ပြုလုပ်ထားဟန်ရ၏။
ကံကောင်းစွာဖြင့် မာတဲ့ဟုန်၏ ဆေးဝါးတစ်တောင့်က လီရှန်းဟွေ့၏ လက်ထဲ ကျန်ရစ်နေသေး၍ပင်။
နှစ်သစ်ကူး အားလပ်ရက်ပြီးနောက်တွင် ဆေးကို ဓာတ်ခွဲခန်းထဲတွင် စမ်းသပ် အဖြေရှာကြည့်နိုင်သည်။
လီရှန်းဟွေ့နှင့် စကားပြောဆိုပြီးနောက် ညအချိန်က ကျရောက်လို့ လာပြီး လင်းရီသည်လည်း ဂေဟာ၏ ကားကို မောင်းနှင်၍ ကျီချင်းရန်နှင့် ကလေးများကို မီးရှူးမီးပန်း ဖောက်ရန်အလို့ငှာ မြို့ပြင်သို့ ခေါ်ဆောင်သွားပေးသည်။
မူလတုန်းက မီးပန်းများကို ဂေဟာရှိ ကလေးများ ပျော်ပါးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဝယ်ယူလာခဲ့ခြင်း ဖြစ်သော်လည်းပဲ နေရာသို့ ရောက်သည်နှင့် ကျီချင်းရန်က ကလေးများထက်ပင် ပို၍ ပျော်မြူးနေသည်ကို လင်းရီ မြင်တွေ့လိုက်ရသည်။ သူမ၏ မျက်နှာထက်တွင် အပြုံးပန်းတို့က ထာဝစဉ် မပျောက်ပျက်တော့မည့်နှယ် ရှိနေသည်။
မီးရှူးမီးပန်း ဖောက်ပြီးနောက် အုပ်စုက ကားထဲသို့ ပြန်ရောက်လာပြီး အပြန်လမ်းတစ်လျှောက်တွင် သီချင်းများ သီဆိုနေကြသည်။
နှစ်သစ်ကူး နေ့ရက်ကလည်း ရွှင်မြူးတက်ကြွသည့် လေထုအငွေ့သက်တို့ဖြင့် ပြီးဆုံးသွားခဲ့၏။
မနက်ခင်း အစောပိုင်းတွင်း၊ လူတိုင်းက သူတို့ကိုယ်စီ ကိစ္စဝိစ္စများနှင့် တစ်ယောက်ပြီးတစ်ယောက် အလုပ်များနေကြ၏။
တစ်ချို့ ကျောင်းနေအရွယ် ကလေးများကတော့ ဝမ်ချွေ့ပင်း၏ မောင်းနှင်မှုဖြင့် စာပြန်နွှေးနေကြရသည်။
ဝူဖေးယွဲ့တွင်လည်း ကောင်မလေး ရှိနေပြီး ၊ နင်ယွဲ့ကလည်း လက်ထပ်ပြီး ဖြစ်သဖြင့် ယနေ့က သူတို့၏ ကိုယ်စီ အိမ်များသို့ ပြန်ရမည့် အချိန်အခါပင်။
လင်းရီကတော့ ညနေပိုင်းတွင် ဝူကျောင်းယို၏ ဖိတ်ကြားမှုဖြင့် စီးပွားရေးလုပ်ငန်းရှင်များ ညီလာခံကို တက်ရောက်ဖို့ ရှိသဖြင့် အပို တစ်ရက် ထပ်နေဖို့ရာ ဆုံးဖြတ်လိုက်ပြီး နောက်တစ်နေ့မှ ကျီချင်းရန်နှင့်အတူ ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။
လူတိုင်း ထွက်ခွာသွားပြီး ဖြစ်ပါသော်လည်း လင်းရီမှာ ငြိမ်ငြိမ်ထိုင်မနေရချေ။ ဝမ်ချွေ့ပင်းက သူ့ကို ကျောက်ချွမ်းဖူနှင့်အတူ အလုပ်လုပ်ခိုင်း၏။
ဝမ်ချွ့ပင်းတစ်ဦးသာလျှင် မိသားစုကို ဘီလီယမ်နှင့်ချီပြီး ရှာပေးနိုင်နေသည့် လင်းရီလို လူစားမျိုးကို အလုပ်ကြမ်းများ ခိုင်းဝံမည်မှာ သေချာသည်။
ညနေ လေးနာရီ ဝန်းကျင်လောက်ရောက်တော့ လင်းရီထံသို့ ဝူကျောင်းယိုက ဖုန်းဆက်လာခဲ့ပြီး ညီလာခံက ညနေ ခြောက်နာရီတွင် စတင်မည်ဖြစ်ကြောင်းနှင့် နောက်မကျဖို့ ပြောလာသည်။
ညနေ ငါးနာရီထိုးတော့ နင်ယွဲ့နှင့် ချွီရွှမ့်ဟော်တို့က ဂေဟာသို့ ပြန်လာခဲ့ကြ၏။ အကြောင်းမူကား ညနေပိုင်းတွင် လင်းရီနှင့်အတူ ညီလာခံ တက်ရောက်ဖို့ ရှိသောကြောင့်ပင်။
“ နှစ်ယောက်လုံး အားတယ်မလား … ငါတို့နဲ့ လိုက်ခဲ့လိုက်လေ ….”
လင်းရီ ပြောလိုက်သည်။
“ ငါတော့ မလိုက်တော့ဘူး … အိမ်မှာပဲနေပြီး မေမေဝမ်နဲ့ စကားပြောလိုက်ဦးမယ် … နင်တို့ပဲ သွားကြ …” ကျီချင်းရန် ခွန်းတုံ့ပြန်လိုက်၏။
သူမသည်လည်း လင်းရီနည်းတူ ထိုသို့သော ညီလာခံများအပေါ် စိတ်ဝင်စားမှုနည်း၏။ ထိုကဲ့သို့သော ကိန်းကြီးခမ်းကြီးနိုင်သည့် ပွဲများက တကယ့်အလုပ်ကိစ္စများအကြောင်း ဆွေးနွေးလိမ့်မှာ မဟုတ်သည်ကို ယုံကြည်သည်။
“ ညီမလည်း မသွားတော့ဘူး … ယောင်းမလေးနဲ့အတူ အိမ်မှာပဲ နေတော့မယ် …”
“ မင်းတို့သဘော … မင်းတို့သဘော …”
လင်းရီနှင့် ချွီရွှမ့်ဟော်တို့က ဂေဟာထဲမှ အတူထွက်လာခဲ့ကြပြီး ကားထဲသို့ ဝင်ကာ ရန်မြို့၏ ကန်ထလေ ဟိုတယ်သို့ ဦးတည်မောင်းနှင်လာခဲ့ကြသည်။
ဟိုတယ်က အင်မတန် ခမ်းခမ်းနားနား ပြင်ဆင်ထားပြီး ကား အကောင်းစား များစွာက ရှေ့ဘက်ခြမ်းတွင် ပါကင်ထိုးကား၏။ သို့ပါသော်လည်း ထိုမျှလောက်ပင်။ သာမန်မဟုတ်သည့် မည်သည့်အရာကိုမျှ မြင်တွေ့မနေရချေ။
ဟိုတယ်သို့ ရောက်သည်နှင့် ‘ ရန်ချိန် စွန့်ဦးစီးပွားရေး လုပ်ငန်းရှင်များ နှစ်ကုန်တွေ့ဆုံပွဲကို ၃ လွှာ ၊ အခန်း 303 တွင် ကျင်းပါမည်၊ ကြွရောက်လာကြတဲ့ ကျွန်ုပ်တို့ရဲ့ ဧည့်သည်တော်တိုင်းကို ကြိုဆိုပါတယ်။ ‘ ဟူသော ဆိုင်းဘုတ် အသေးစားလေးကို မြင်တွေ့လိုက်ရ၏။
ဟိုတယ်ထဲသို့ ရောက်လာသည်နှင့် တတိယထပ်သို့ တက်လာခဲ့လိုက်၏။ တတိယထပ်ဆိုသော်ငြားလည်းပဲ ပထမနှစ်လွှာကို ကျယ်ဝန်းပြီး လင်းထိန်တောက်ပသည့် ဟောခန်းမကြီး တစ်ခုအဖြစ် ပေါင်းစပ်ထားသဖြင့် ဒုတိယထပ်ဟူ၍လည်း ပြော၍ရသည်။
တတိယလွှာသို့ ရောက်တော့ အပြင်အဆင်များက လင်းရီ စိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေသည်ကို မြင်တွေ့လိုက်ရသည်။
အလွှာတစ်ခုလုံးကို အမျိုးမျိုးသော ဧည့်ခံပွဲများ ကျင်းပရန်အတွက် ရည်ရွယ်ထားပြီး နှစ်သစ်ကူး ဖြစ်သည့်အတွက် လေထု အငွေ့အသက်တို့ကလည်း မြိုင်မြိုင်ဆိုင်ဆိုင် ရှိနေသည်။
သူတို့တွေ အခန်း 303 သို့ ရောက်လာခဲ့ကြပြီး တံခါးပေါက်ဝတွင် ဒေါင်ကောင်းကောင်းနှင့် မော်ဒယ်လ် အလှလေး သုံးဦးခန့်က လှပသည့် ဝတ်စုံများဖြင့် ဧည့်ကြိုအဖြစ် ရှိနေသည်ကို တွေ့မြင်လိုက်ရသည်။
သူတို့၏ ပခုံးများနှင့် ပေါင်တံများကို လှစ်ဟာထားပြီး ဒေါက်မြင့်ဖိနပ်နှင့် မတူကွဲပြားသည့် စတော်ကင် အရောင်မျိုးစုံတို့က တကယ်ပဲ မျက်စိဖမ်းစားနိုင်လွန်းလှ၏။
၎င်းတို့အပြင် အမျိုးသား သုံးဦးလည်း ရှိနေပြီး အကုန်လုံးက သန့်သန့်ပြန့်ပြန့် ခန့်ခန့်ညားညား ရှိနေကြ၏။
ဤလူများအားလုံးက မော်ဒယ်လ်များ၊ ဆယ်လီ အသေးစားလေးများ ဖြစ်ကြလေသည်။
ယနေ့ ရောက်လာခဲ့ကြသည့်က ဟိုတယ်တွင် ရန်မြို့၏ အကောင်ကြီးကြီး စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲ တက်ရောက်မည့် သတင်းကို ကြားမိသဖြင့် ကံလာစမ်းကြခြင်း ဖြစ်၏။ အကယ်၍ သူတို့ကသာ ဘော့စ်တစ်ဦး၊ နှစ်ဦးနှင့် ချိတ်မိပြီး ၊ ဒါမှမဟုတ် သူတို့ကိုယ်တိုင် အထဲသို့ ဝင်ရောက်ခွင့် ရမည်ဆိုပါက အဆင့်တစ်ခု ပိုမြင့်သည့် လူမှုရေး အသိုင်းအဝိုင်းထဲသို့ ဝင်ရောက်နိုင်မည်ဖြစ်ကာ ချိတ်(အဆက်အသွယ်)များ ဖန်တီးနိုင်ပြီး သူတို့၏ လူနေမှုအဆင့်အတန်းသည်လည်း နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်သည်။
သို့ဆိုသော်ငြားလည်းပဲ ယနေ့ တွေ့ဆုံပွဲ ညီလာခံကို တက်ရောက်လာကြမည့် စီးပွားရေး လုပ်ငန်းရှင် သူဌေးကြီးတိုင်းက ဒိတ်ဒိတ်ကျဲကြီးများ ဖြစ်ကြ၏။
အမျိုးသားဖြစ်စေ၊ အမျိုးသမီး ဖြစ်စေ၊ အကုန်လုံးက စီးပွားရေး တိုက်ပွဲ အသီးသီးတွင် အောင်နိုင်သူများ ဖြစ်ပြီး စာအုပ်ထဲက လှည့်ကွက်တိုင်းကို ဖောက်ထွင်းမြင်နိုင်ပြီးသူများ ဖြစ်ကြသည်။ သူတို့၏ မဖြစ်စလောက် ပါမွှားအတွေးလေးများ မသိစရာ အကြောင်း မရှိချေ။
သို့ပေမယ့်လည်း … အနှီ သူဌေးကြီးများက ကာမဂုဏ်ကို စွန့်လွှတ်နိုင်သူများ မဟုတ်လေရာ သူတို့၏ သွေးသားဆန္ဒများကို ဤသို့သော လမ်းကြောင်းများမှတစ်ဆင့် ဖြည့်ဆည်းဖို့ရာလည်း ဝန်လေးနေကြမှာ မဟုတ်ပေ။
ထို့ကြောင့် အနှီ မျှော်လင့်ချက်တို့က စိတ်လှုပ်ရှားမှု အသွင်သို့ ကူးပြောင်းလာခဲ့ပြီး အနည်းငယ်ပင် စိတ်မရှည် ဖြစ်လာခဲ့ကြတော့၏။
လင်းရီနှင့် ချွီရွှမ့်ဟော်တို့ ထွက်ပေါ်လာမှုက ဒေါင်ကောင်းကောင်းနှင့် အလှလေးများ၏ အမြင်ကို ဖမ်းစားသွားခဲ့ပြီး သူတို့အချင်းချင်း တီးတိုး စကားပြောကြတော့၏။
“ ဟေ့ ကြည့် … အချောလေး တစ်ယောက် အောက်ထပ်ကနေ တက်လာနေပြီ … “ ဆံပင်အရှည်နှင့် အမျိုးသမီး တစ်ဦးက စိတ်လှုပ်ရှားတကြီးဖြင့် ပြောလိုက်သည်။
ကျန်သူများကလည်း လင်းရီထံသို့ အကြည့်ရောက်သွားခဲ့ကာ အသိအမှတ်ပြုသည့် မျက်နှာကိုယ်စီနှင့် ဖြစ်သွားခဲ့ကြသည်။
“ တကယ် မဆိုးဘူးပဲ … သူက အတော်တော့ ချောတယ် … ဒါပေမယ့် ကျောက်ကောင်းတစ်ပွင့် ဖြစ်မယ့်ပုံတော့ မတူဘူးနော်…”
“ ငါတော့ ဒီနေ့ သူဌေးကြီးတွေနဲ့ ပခုံးချင်း ပွတ်သပ်ဖို့က ခက်ခဲလိမ့်မယ်လို့ ခံစားရတယ် … ဒီတော့ အဲ့ဒီအစား ခပ်ချောချော ကောင်လေးတစ်ယောက်နဲ့ ထိတွေ့နိုင်မယ်ဆိုလည်း မဆိုးပါဘူး …”
“ အွန်း … အမှန်ပဲ … ဒါပေမယ့် သူ ဘယ်လောက်ထိ အစွမ်းအစ ရှိလဲဆိုတာ ဘယ်သူက သိနိုင်မှာမို့လို့ …”
“ သူ့လက်မောင်းကို ကြည့်စမ်းပါဦး … သွေးကြောတွေ ပြိုင်းနေတာပဲ … သက်လုံလည်း မဆိုးလောက်ဘူး … သူတို့လို လူစားမျိုးတွေက အနည်းဆုံး နာရီဝက်လောက်ကတော့ အသာလေးပဲ …. တို့တွေဖို့ လုံလောက်တာထက်တောင် ပိုတယ် ….”
“ အဲ့လိုသာဆို သူတို့လည်း ဒီလာပြီး ငါတို့လို ကံလာစမ်းတဲ့လူများ ဖြစ်နေမလားနော်…”
“ ဖြစ်နိုင်တယ် … ဒီနေ့ တွေ့ဆုံပွဲက ရန်မြို့ရဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ အတွက်လေ … သူတို့ဆီ ဖိတ်စာပေးဖို့က …. အသက် ငယ်လွန်းတယ် ….”
“ ဧကန္တ … အကောင်ကြီးကြီး တစ်ယောက်ရဲ့ အမွေဆက်ခံသူများလား ….”
“ မဖြစ်နိုင်ဘူးနော်… သူတို့ပုံစံကြည့်ရသလောက်တော့ ချဉ်းကပ်ရ လွယ်ကူမယ့်ပုံပါပဲ … ဟိတ်ဟန်ဝင့်ကြွားနေတာမျိုးလည်း မမြင်ရဘူး… သူဌေးသားတွေက သူတို့လို ပုံစံမျိုး မဟုတ်ဘူး ….”
“ ငါလည်း ထောက်ခံတယ် …”
ခြေတံရှည်ရှည်နှင့် အမျိုးသမီးက မျက်လုံးအရောင် ဘလင်းဘလင်း ဖြစ်စွာဖြင့် “ နင်တို့တွေ တစ်ယောက်မှ ငါနဲ့ ပြိုင်လုမယ် မကြံကြနဲ့… ငါသွားပြီး စကားပြောကြည့်လိုက်ဦးမယ် … သူဌေးကြီးကို မရနိုင်ရင် အချောလေးတစ်ယောက် ရလိုက်လည်း အရှုံးမရှိပါဘူး ….”
ပြောပြောဆိုဆိုနှင့် … ခြေတံရှည်အလှလေးက သူမ၏ စကတ်အတိုကို သပ်သပ်ရပ်ရပ် ဖြစ်အေင် ပြုပြင်ပြီး လင်းရီထံသို့ လျှောက်လှမ်းလာသည်။
“ ဟေ့ … အချောလေး …”