← Chapters

အရှိန်အဝါ

Vol. 155 Ch. 2269

အရှိန်အဝါ

Vol. 155 Ch. 2269

ခြေတံရှည်ရှည်နှင့် အလှလေးက လင်းရီလမ်းရှေ့တွင် ပိတ်ရပ်ပြီး လက်ဝှေ့ယမ်း၍ လင်းရီအား အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

လင်းရီ သူမအား ကြည့်လိုက်၏။

“ မင်းနဲ့ ငါနဲ့ သိလို့လား …”

“ မသိဘူး… ဒါပေမယ့် စကားပြောပြီးသွားရင် အသိတွေ ဖြစ်လာနိုင်တယ်လေ …” အလှလေးက ပြုံးလျက် ဆိုလိုက်ပြီး “ အောက်မှာ ကော်ဖီဆိုင် ရှိတယ် … ကော်ဖီတစ်ခွက်လောက် တိုက်ချင်လို့ အချိန်ရလား …”

သူမက ပြောဆိုရင်းဖြင့် လင်းရီကို အထာပေးလိုက်သည်။ ဖျားယောင်းသည့် သူမ၏ အကြည့်မျက်ဝန်းတို့မှတစ်ဆင့် လင်းရီနှင့် ဆက်သွယ်ချင်ဟန်ပင်။

“ ငါ့ရှေ့မှာ ဟန်လာထုတ်ပြမနေနဲ့ … မင်းမှာ ခွန်အားရှိတယ်ဆိုရင် သိမ်းထားလိုက် … ကျေးဇူးပြုပြီး သူများ‌ လျှောက်မယ့်လမ်းမှာ ပိတ်မရပ်ပါနဲ့ …”

လင်းရီ လက်ဆန့်တန်း၍ အမျိုးသမီးကို ဘေးသို့ ဆွဲပို့လိုက်ပြီး ချွီရွှမ့်ဟော်နှင့်အတူ သူမအား ဖြတ်ကျော်သွားလိုက်သည်။

ခြေတံရှည်ရှည်နှင့် အမျိုးသမီး၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့၏။ သူမ မျက်နှာပေါ်ရှိ မြှူဆွယ်ဖျားယောင်းသည့် အပြုံးက တစ်မဟုတ်ချင်းပျောက်ကွယ်သွားပြီး တိုးတိုးတိတ်တိတ် ကျိန်ဆဲလိုက်သည်။

“ အပျော်လင်မှန်း သိသာနေတာတောင် သူ့ကိုယ်သူ ဘာကောင်လိုလိုနဲ့ … ဒင်းလို လူစားမျိုးတွေကို ငါ အမုန်းဆုံးပဲ …”

ထိုစကားကို လှမ်းကြားမိတော့ ချွီရွှမ့်ဟော်က ရပ်တန့်သွားခဲ့ပြီး သူမအား အေးစက်တင်းမာသည့် မျက်ဝန်းတို့ဖြင့် လှမ်းကြည့်လိုက်သည်။

“ မင်း ဘယ်သူ့ကို အဲ့စကားမျိုး လာပြောနေတာလဲ …”

“ ကြားတဲ့ အတိုင်းပဲ … နင်တို့နှစ်ယောက်ကို ပြောနေတာလေ ….” အမျိုးသမီးက ပြန်လည် ချေပလိုက်ပြီး “ နင်တို့နှစ်ယောက် ဒီကို ဘာလာလုပ်လဲ ငါမသိဘူးများ မထင်နဲ့ … ကိုယ့်အနေအထားကိုယ်တောင် မသိဘဲနဲ့များ မြင့်မြတ်သူကြီးလိုလို ၊ ဘာလိုလို ဆိုဒ်ဖမ်းနေလိုက်သေးတယ် …”

“ ချီးပဲ ….”

ဒေါသကြီးသည့် ချွီရွှမ့်ဟော်မှာ ထိုအမျိုးသမီးကို သင်ခန်းစာပေးဖို့ စိတ်ထဲ အသင့်ပြင်ပြီး ဖြစ်သွားခဲ့သည်။

သို့သော် ထိုအချိန်မှာပဲ အသံတစ်ခုက အောက်ထပ်မှ နေ၍ ထွက်ပေါ်လာသည်။

၎င်းနောက်တွင် ဝူထျန်းဖူနှင့် သူ့သား ၊ ဝူကျင်းစုန့်တို့က အောက်ထပ်မှနေ၍ တက်လှမ်းလာခဲ့၏။

ဝူထျန်းဖူက သူတော်ကောင်းတစ်ဦး မဟုတ်သော်ငြားလည်း ဇရာအို၍ ဆံပင်တို့ ဆွတ်ဆွတ်ဖြူလာချိန်တွင် မကောင်းသည့် လုပ်ငန်းများအကုန်လုံးကို ကျောက်ကွမ်းလီတစ်ဦးတည်းသာ ကိုင်တွယ်ထားခိုင်းလိုက်တော့သည်။

ထို့ကြောင့် ယခုလို တွေ့ဆုံပွဲမျိုးသို့ ကျောက်ကွမ်းလီအစား သူ့သားဖြစ်သူကို ခေါ်ဆောင်လာသည်က အင်မတန် သင့်လျော်သည့် ဆုံးဖြတ်ချက်ပင်။

“ မာစတာဝူ … ရောက်လာပြီလားရှင့် ….”

ဝူထျန်းဖူနှင့် ဝူကျင်းစုန့်တို့ကို မြင်တော့ ဖရီးဂုန်းဆင်းလိုသူများအပြင် ဖက်ရှင်မော်ဒယ်လ်နှင့် ဆယ်လီအသေးစားလေးတို့က သူတို့နှစ်ဦးထံသို့ အလျင်အမြန်ပြေးပြီး နှုတ်ခွန်းဆက်ကြသည်။

ရန်မြို့တွင် စီးပွားရေး လောကရှိလူဆိုင်း ဝူထျန်းဖူ မည်သူမည်ဝါ ဖြစ်သည်ကို မသိသူ မရှိပေ။

အနှီ မော်ဒယ်လ်တို့ကြား ၊ ဝူထျန်းဖူနှင့် အကြိမ်ရေ အနည်းငယ်ခန့် အရက်အတူ သောက်ဖူးသူတို့က သူ့အား မြင်သည်နှင့် အလျဉ်ဦးစွာ လက်ဦးမှု ရယူ၍ ကြိုဆို နှုတ်ဆက်လာကြလေသည်။

ဝူထျန်းဖူက ၎င်းတို့ တစ်သိုက်ကို လျစ်လျူရှုသည့် အမူအရာဖြင့် ခေါင်းညိတ်ရုံမျှသာ ညိတ်ပြပြီး များများစားစား တုံ့ပြန်မှု မပြပေ။

သူ့မျက်လုံးထဲတွင် အဆိုပါ လူတစ်သိုက်က သူ၏ စိတ်ခံစားချက်တို့ ပေါက်ကွဲထွက်ရန် အသုံးချခံ ကိရိယာများသာ ဖြစ်ပြီး ၎င်းတို့နှင့် ဆက်သွယ်ပြောဆိုနေသည်က သူ့ အချိန်ပုပ်စေရုံမျှသာ ရှိလိမ့်မည်။

သို့သော် သားအဖနှစ်ဦး အချင်းချင်း တီးတိုးပြောနေစဉ်မှာပဲ မျက်လုံးထောင့်စွန်းမှတစ်ဆင့် လင်းရီကို မြင်တွေ့သွားခဲ့ပြီး နှစ်ဦးလုံး၏ အမူအရာမှာ ချက်ချင်း လေးနက်တည်ကြည်သွားခဲ့တော့သည်။

“ သခင်လေးလင်း … မင်းလည်း လာပြီပဲ ….” ဝူထျန်းဖူက ရှေ့သို့တက်လာပြီး သူ့အား နှုတ်ခွန်းဆက်လာသည်။ “ မင်း ရန်ချိန်ကို ပြန်ရောက်နေကတည်းက ဒီရဲ့ နှစ်ကုန်တွေ့ဆုံပွဲကို လက်လွှတ်ခံမှာ မဟုတ်ဘူးဆိုတာ ငါ သိနေတယ်လေ …”

ဝူထျန်းဖူက လင်းရီကို ‘သခင်လေးလင်း’ ဟု ဆိုသမုတ်သံကို ကြားတော့ ရှိနေကြသည့် မော်ဒယ်လ်များအားလုံး ကြက်သေသေကုန်ကြ၏။

လူသိများ ကျော်ကြားလှသည့် မာစတာဝူက သူတို့ရှေ့ရှိ လူငယ်လေးကို ဤမျှ ယဉ်ကျေးစွာ ပြောဆိုဆက်ဆံလိမ့်မည်ဟူ၍ ထင်မှတ်မထားခဲ့ကြချေ။

သူက တစ်ဖက်လူကို ဦးညွှတ်နှိမ့်ချနေရုံမျှမက သခင်လေးဟုပင် လေးလေးစားစား ခေါ်ဝေါ်နေသည်။

“ ဒီတိုင်း ကြုံတုန်းကြံခိုက်မို့ ရောက်လာရုံပါပဲ ….”

“ မင်းက နှိမ့်ချလွန်းနေပါပြီ …” ဝူထျန်းဖူက အပြုံးဖြင့် ပြောလိုက်ပြီး “ သခင်လေးလင်း ရောက်လာတော့ ရန်မြို့ရဲ့ နှစ်ကုန် တွေ့ဆုံပွဲကလည်း ပိုပြီး ဂုဏ်သိက္ခာရှိသွားတော့မှာပဲ ….”

“ မြှောက်ပင့်နေတာတွေ တော်လိုက်တော့ … ရောက်လာပြီဆိုမှတော့ အတူဝင်သွားကြတာ‌ပေါ့ …”

“ ဒါပေါ့ ဒါပေါ့ … ကျေးဇူးပြုပြီး ….” ဝူထျန်းဖူက ဖိတ်မန္တက ပြုသည့် လက်ဟန်ကို ပြုလုပ်လိုက်သည်။

“ ယောက်ဖ … ငါတို့ ဒီလူတွေကို ဘယ်လိုလုပ်သင့်လဲ ….” ချွီရွှမ့်ဟော်က ခြေတံရှည်ရှည်နှင့် မော်ဒယ်လ် အမျိုးသမီးကို ကြည့်ပြီး ပြောလိုက်သည်။

ထိုစကားကြားတော့ အမျိုးသမီးမှာ ကြောက်လန့်တုန်ယင်သွားခဲ့ပြီး မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့ကာ နေရာတွင် ရပ်နေရင်း စကားတစ်ခွန်း မပြောနိုင် ဖြစ်သွားခဲ့၏။

ဝူထျန်းဖူ၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး “ ဘာဖြစ်တာလဲ …”

“ အခုလေးတင်ပဲ ဒီ မိန်းမက ကျုပ် ယောက်ဖကို မလေးမစား လုပ်နေတာ … အဲ့တာ ကျုပ် သူ့ကို သင်ခန်းစာ ပေးတော့မလို့ …”

ဘုတ် ….

အမျိုးသမီးမှာ ကြမ်းပြင်သို့ ပုံလျက် လဲကျသွားခဲ့ပြီး ကြောက်လန့်အားကြီးစွာဖြင့် ဘာပြန်ပြောလို့ ပြောရမှန်း မသိ ဖြစ်နေတော့သည်။

“ မာစတာဝူ … ကျ … ကျွန်မ …”

ဤလူက ဝူထျန်းဖူ ဖြစ်၏။ လူတိုင်းသိသည့် လူမိုက် ဂိုဏ်းခေါင်းဆောင်ကြီးပင်။

သူ့အား အမျက်ထွက်စေသူတိုင်းကို သတ်ဖို့ တုံ့ဆိုင်းနေမည့်လူ မဟုတ်ပေ။

“ ဒီလို ပြဿနာ သေးသေးလေးလောက်ကတော့ သခင်လေးလင်းတို့ လက်ပါစရာ မလိုပါဘူး … ငါပဲ ကိုင်တွယ်လိုက်မယ် …” ဝူကျင်းစုန့် ပြောလိုက်သည်။

“ ထားလိုက်တော့ … သူတို့က ဒီတိုင်း အသေးအမွှားလေးတွေကိုပဲ … အာရုံနှောက်ခံစရာ မလိုပါဘူး …”

“ ကျုပ် ဒီတစ်လျှောက်လုံး ဒီလိုလူတွေနဲ့ ကြုံခဲ့ပေါင်း မနည်းတော့ဘူး … ဒီလို အသေးအမွှားလေးတိုင်းကို အာရုံစိုက်နေရင် ဘာအလုပ်မှတောင် ပြီးမှာ မဟုတ်ဘူး …”

ယခုလို ပြောဆိုပြီးနောက် လင်းရီ တစ်ဖက်သို့ လှည့်ပြီး အခန်း ၃၀၃ သို့ ထွက်လာခဲ့လိုက်သည်။

ဝူကျင်းစုန့်က အမျိုးသမီးကို အမှုမထားသည့် အမူအရာဖြင့် ကြည့်၍ “ သခင်လေးက ဒီနေ့ စိတ်ကောင်းဝင်နေလို့ မင်းကို လွှတ်ပေးလိုက်တယ် … ဒါပေမယ့် ဒီလိုမျိုး ထပ်ဖြစ်လာမယ်ဆိုရင်တော့ ငါကိုယ်တိုင် မင်းခြေနှစ်ချောင်းကို ရိုက်ချိုးပစ်မယ် …”

“ ဟုတ် … ဟုတ် … ကျွန်မ နားလည်ပါပြီ … ကျွန်မ နောက်မလုပ်ရဲတော့ပါဘူးရှင့် …”

လေးယောက်အုပ်စုက တံခါးပေါက်ဝသို့ ရောက်လာခဲ့သည်။

သို့ပေမယ့် သူတို့တွေ ဝေးဝေးလံလံ မလျှောက်နိုင်ခင်မှာပဲ ချီဖောင် ဝတ်စုံနျင့် ဝိတ်တာ အလှလေး တစ်ဦးက သူတို့ကို ရပ်တန့်လာသည်။

“ လူကြီးမင်းရှင့် … ရှင်တို့က စီးပွားရေးလုပ်ငန်းရှင်ကြီးများ နှစ်ကုန် တွေ့ဆုံပွဲကို တက်ရောက်လာတာလား မသိဘူး …”

“ အင်း …” လင်းရီ ခွန်းတုံ့ပြန်လိုက်သည်။

“ စည်းမျဉ်းစည်းကမ်းတွေ အတိုင်းဆိုရင် ပွဲထဲကို ဝင်ရောက်ဖို့အတွက် ဖိတ်စာပြပေးဖို့ လိုအပ်ပါတယ်ရှင့် …”

“ ဖိတ်စာ ဟုတ်လား … ဝူကျောင်းယို ငါ့ကို လာပြောတုန်းကတော့ ဒီအကြောင်း ထည့်ပြောမသွားဘူးပဲ ….”

ဝိတ်တာမလေးမှာ ဝူကျောင်းယို၏ နာမည်ကို ကြားတော့ သူမ၏ ကိုယ်မှာ ဆတ်ခနဲ တုန်ယင်သွားခဲ့ပြီး “ ဆရာရှင့် … ရှင်က လင်းယွင်အုပ်စုရဲ့ ဥက္ကကြီး လင်းရီများလား ….”

“ အင်း … ငါပဲ …”

“ ခေါင်းဆောင်ဝူက လူကြီးမင်း လာမယ့် အကြောင်းကို ကြိုပြောထားပါတယ် … ဖိတ်စာပြပေးဖို့ မလိုပါဘူး … ဒီဘက်ကို ကြွပေးပါရှင့် …”

ထွက်ခွာသွားသည့် ပုံရိပ်များကို ကြည့်ရင်း အပြင်တွင် မတ်တပ်ရပ်နေကြသည့် မော်ဒယ်လ်များမှာ မင်သက် အံ့အားသင့်လွန်း၍ အချိန်အတော်ကြာသည်ထိတိုင်အောင် စကားမပြောဆိုနိုင်ဘဲ ဖြစ်နေမိတော့သည်။

သူတို့လေးဦး အတွင်းကို ရောက်တော့ ခန်းမထဲတွင် လူတို့ ပြည့်ကြပ်မနေသည်ကို မြင်တွေ့လိုက်ရသည်။ လင်းရီ ဝူထျန်းဖူကို ကြည့်၍ “ ခင်များတို့ ကိုယ်လုပ်စရာရှိတာ လုပ်လေ … ကျုပ်ကို စိတ်ထဲ ထားမနေနဲ့ … ကျုပ်က ဒီတိုင်း တစ်ချက် ကြည့်ဖို့ ရောက်လာခဲ့တာ … ခင်များတို့ရဲ့ အရေးကြီး ကိစ္စတွေကို မနှောင့်နှေးစေနဲ့ …”

လင်းရီ၏ စကားကို ကြားတော့ ဝူထျန်းဖူလည်း ကြာကြာ ဆက်မနေဝံ့တော့ချေ။

“ ကောင်းပြီလေ … ဒါဆိုလည်း ငါတို့ သခင်လေးလင်းကို မနှောင့်ယှက်တော့ပါဘူး …”

သားအဖနှစ်ဦးက အပြုံးကိုယ်စီဖြင့် နှုတ်ဆက်စကားဆို၍ ထွက်ခွာသွားပြီးနောက် လင်းရီနှင့် ချွီရွှမ့်ဟော်တို့လည်း ကိုယ်ကြိုက်နှစ်သက်ရာ ယူစားနိုင်သည့် ခန်းမ တစ်ဘက်ခြမ်းတွင် ဝင်ထိုင်လိုက်ကြသည်။ ဤသည်က ဤကဲ့သို့သော ပွဲများတွင် လင်းရီ လုပ်လေ့လုပ်ထရှိသည့် ထုံးစံပင်။

“ ယောက်ဖ … စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ အကုန်လုံးက ဒုတိယထပ်မှာ ရှိနေသလိုပဲနော်…. ငါတို့ တစ်ချက် သွားကြည့်ကြဦးမလား …”

“ ငါတော့ တော်ပြီ … မင်း စိတ်ဝင်စားတယ်ဆိုရင်တော့ သွားပေါ့ … စီးပွားရေး အဆက်အသွယ် တစ်ခု ရလိုက်တော့ရော နည်းလား …”

ချွီရွှမ့်ဟော် ရယ်သွမ်းလျက် “ တကယ်တော့ ငါ လိုက်လာခဲ့တာက ပွဲကို စိတ်ဝင်စားလို့ပဲ … ဒီရဲ့ နှစ်ကုန် တွေ့ဆုံပွဲမှာ ရှိတဲ့လူတိုင်းက တကယ့် လူတွေချည်းပဲလေ … ငါတို့ရဲ့ စီးပွားရေး လုပ်ငန်း အသေးစားလေးက သူတို့နဲ့ တန်းတူ ရပ်တည်ဖို့ ဝေးပါသေးတယ်ကွ … ငါနဲ့ စကားပြောဖို့တောင် စိတ်ဝင်စားမှာ မဟုတ်ဘူး … ဒါပေမယ့် ယောက်ဖ … မင်းဆိုရင်တော့ မတူဘူး ….”

“ တကယ်တော့ သူတို့လည်း အတူတူပါပဲ … ငါနဲ့ တန်းတူ ရပ်တည်နိုင်တဲ့ လူတွေမှ မဟုတ်တာ … ငါ့စီးပွားရေး လုပ်ငန်းတွေမှာလည်း သူတို့ ဝင်ပတ်သက်လို့ မရဘူးလေ …” လင်းရီ ပြောလိုက်ပြီး “ ငါ ဒီရောက်လာခဲ့တာက ဝူကျောင်းယိုရဲ့ မျက်နှာကြောင့်ပဲ … ခဏနေကျရင် ငါမင်းကို အတူခေါ်ပြီး သူနဲ့ အတူ တို့စ်လုပ်ပေးမယ် … မင်းက ရန်မြို့မှာ စီးပွားရေး လုပ်နေတဲ့ကောင်ဆိုတော့ သူနဲ့ ကင်းနိုင်မှာ မဟုတ်ဘူး … သူ့ဆီက သာမန် မှတ်ချက် စကားလေးကတောင် မင်းတို့မိသားစု လုပ်ငန်းကို နိုက်ထရို တက်ပေးသလို မြင့်တင်ပေးနိုင်တယ် …”

“ ကျေးဇူးပါပဲ ယောက်ဖရာ …”

တဖြည်းဖြည်းချင်း လူတို့ တစထက်တစ ရောက်ရှိလာခဲ့ကာ ပွဲခန်းမကြီး တစ်ခုလုံး ပြည့်ကြပ်လုနီးပါး ဖြစ်သွားခဲ့သည်။

သို့သော် အများစုက လူငယ်များ ဖြစ်ကြ၏။ ဖိတ်ကြားခံရသည့် သူဌေးကြီးများက သီးသန့်ခန်း တစ်နေရာတွင် အသီးသီး စကားပြောနေကြပြီး တွေ့ဆုံပွဲ တရားဝင် စတင်သည့် အချိန်မှသာ ရောက်လာကြမည် ဖြစ်သည်။

“ အယ် … ကြည့်ဦး … ဟိုမှာ အချောလေး တစ်ယောက် ရှိနေတယ် …”

ပြောလိုက်သူက ဘောင်းဘီအပွနှင့် အပြာဖျော့ရောင် ရှပ်အပွကို ဝတ်ဆင်ထားသည့် ဆံပင် အတိုနှင့် ကောင်မလေးပင်။

သူမ၏ စကားသံကို ကြားတော့ ဘေးရှိ ကောင်မလေးကလည်း နေရာသို့ လှမ်းကြည့်လိုက်ရာ

“ ဟယ် … ချောလိုက်တာ … ငါတို့ ဝီချက်သွားအပ်ကြမလား …”

“ မတောင်းတာ ကောင်းမယ်ထင်တယ်နော် ရှောင်ယွီ … ငါတို့အားလုံးက နယ်ပယ် တစ်ခုတည်းသားချင်းတွေကိုပဲ … နင်အဲ့လို သွားတောင်းလိုက်ရင် ကိုယ့်တန်ဖိုးကိုယ် နိမ့်ချသလို ဖြစ်သွားလိမ့်မယ် …”

All Chapters