← Chapters

ကားအက်စီးဒင့်

Vol. 155 Ch. 2273

ကားအက်စီးဒင့်

Vol. 155 Ch. 2273

“ မလုပ် … မလုပ်ပါနဲ့ ဒါရိုက်တာလင်း … ၅၀ ဘီလီယမ် ဆိုတာကတင် အတော်လေး များလှပြီ …” ရွှီကျောင်းရန်က ကိုးရို့ကားယားနိုင်စွာ ပြောလိုက်ပြီး “ အမှန်အတိုင်း ပြောရရင် ဒီငွေပမာဏ စုနိုင်ဖို့ကို ငါတို့အားလုံးပေါင်းပြီး နည်းလမ်းတစ်ခုခု ကြံဆကြရဦးမှာ …”

“ ပြဿနာ မရှိပါဘူး…” လင်းရီ ပြုံးလျက် ဆိုလိုက်ပြီး “ ဒါဆိုလည်း ဒီလိုလုပ်ကြတာပေါ့ … ခေါင်းဆောင်ဝူက ဦးဆောင်ပြီး ရန်မြို့ရဲ့ ကိုယ်ပိုင် ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီတစ်ခု ထောင်လိုက် … အဲ့ကုမ္ပဏီထဲ ဝင်လာတဲ့ ရန်ပုံငွေတွေ အကုန်လုံးက ပရောဂျက်ကြီးထဲကို စီးဝင်သွားမယ် … ပြီးရင် ဒီရဲ့ ပရောဂျက်ထဲမှာ အတူပါဝင်ကြတာပေါ့ … ဒီနည်းနဲ့ဆို ဘာပြဿနာမှ မရှိတော့ဘူးမလား …”

ယခုလို ပြုလုပ်ခြင်းအားဖြင့် လင်းရီသည် ဝူကျောင်းယိုကို လုံလောက်သည့် မျက်နှာသာ ပေးပြီးဖြစ်သည်။

ဤသည်က သူ၏ အကျိုးဆောင်မှုကို မီးမောင်းထိုးပြပေးရုံမျှမက နှစ်ဖက်ခြမ်းရှိ ပေါင်းသင်းဆက်ဆံရေးကိုလည်း ခိုင်မာစေသည်။

“ အဲ့တာကောင်းတယ် … အဲ့လိုပဲ လုပ်ကြတာပေါ့ …” ရွှီကျောင်းရန်က ပြုံးလျက် ပြောလိုက်သည်။ ထို့နောက် ဝိတ်တာကို လှမ်းခေါ်လိုက်ပြီး လူတိုင်းအတွက် ရှန်ပိန်ဖောက်လိုက်၏။

“ ဒါရိုက်တာလင်း … တို့စ်လုပ်ရအောင် …”

လင်းရီ ပြုံးလျက် ဖန်ခွက်မြှောက်လိုက်ပြီး “ ကျုပ်တို့ရဲ့ အောင်မြင်ဖွယ်ရာ ပူးပေါင်းမှုအတွက် ….”

လူတိုင်း လိုက်လံအော်ဟစ်ပြီး တစ်ကျိုက်မော့လိုက်ကြသည်။ ခေတ္တမျှ စကားပြောပြီးနောက်တွင် လင်းရီက ချွီရွှမ့်ဟော်နှင့်အတူ ထွက်လာသည်။

ထိုအချိန်မှာပဲ ဖန်းယွီက တိတ်တဆိတ်လိုက်ပါလာပြီး ..

“ ဒါရိုက်တာလင်း …”

အနောက်မှ တစ်စုံတစ်ယောက်၏ အသံကို ကြားတော့ လင်းရီ လှည့်ကြည့်လိုက်သည်။ “ မင်းက ဘယ်သူလဲ …”

သူ့ရှေ့ရှိ အနှီမိန်းကလေးကို လင်းရီ မှတ်တော့မှတ်မိသည်။ သူမက သူတို့တွေ စကားပြောနေသည့် တစ်ချိန်လုံး အနီးနားတွင် မတ်တပ်ရပ်နေသဖြင့် တစ်စုံတစ်ဦး၏ သမီး ဖြစ်ဟန်တူသည်။

“ ဒါရိုက်တာလင်း … ကျွန်မနာမည်က ဖန်းယွီပါ … ဖန်းလျန်ချိုင်က ကျွန်မ အဖေလေ …”

ဖန်းယွီက လင်းရီအနားသို့ ချဉ်းကပ်သွားသည်ကို မြင်တော့ ရွှီကျန်းချူနှင့် အခြားသူများမှာ နေရာတွင် ရပ်တန့်ရင်း ရလဒ်က မည်သို့ဖြစ်လာမည်ကို သိချင်နေကြသည်။

“ ရှောင်ယွီ အဆင်ပြေသွားမယ်လို့ နင်တို့ ထင်လား ….” ဆံပင်အတိုနှင့် မိန်းကလေးက မေးလိုက်၏။

“ ငါတော့ ပြဿနာ မရှိဘူးလို့ ထင်တာပဲ … ရှောင်ယွီက တကယ်လည်း အထင်ကြီးဖို့ကောင်းတယ် … ကမ်းဘရစ် တက္ကသိုလ်ကနေ ဒဿနဘာသာရပ်နဲ့ မာစတာဘွဲ့ရထားတယ် … ပြီးတော့ စန္ဒယားနဲ့ ဂန္တဝင်ဂီတကိုလည်း သိတယ် … မိသားစု နောက်ခံအင်အားကလည်း တောင့်တင်းတယ် … ဒါရိုက်တာလင်းနဲ့ လုံးဝ လိုက်ဖက်တယ် …” ရွှီကျန်းချူက ပြောလိုက်သည်။

“ တကယ့်ကိုပဲ … သူက ငါ့ထက် အများကြီး ပိုတော်တယ် …” ဆံပင်အတိုနှင့် မိန်းကလေးက ခစ်ခနဲ ရယ်မော၍ ပြောလိုက်ပြီး “ သူသာ ဒါရိုက်တာလင်းကို အမိဖမ်းနိုင်လို့ကတော့ သူ့ရဲ့ အဆင့်အတန်းကလည်း လုံးဝကို နောက်တစ်ဆင့် တက်သွားတော့မှာပဲ ….”

“ ကျိန်းသေပေါက်ပဲပေါ့ … ငါတောင် မနာလို ဖြစ်လာပြီ ….”

ဖန်းလျန်ချိုက်က ထိုမြင်ကွင်းကို အနောက်မှ ကြည့်နေရင်း မျက်နှာထက်တွင် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။

ဤနှစ်များတစ်လျှောက်တွင် သူ့သမီးကို ကျွေးမွေးပြုစုပေးခဲ့ရသည်များက ယခုအခိုက်အတန့်တွင် အတော်လေး ထိုက်တန်သည်ဟု ခံစားနေရသည်။

သူ့သမီးလေး ဒါရိုက်တာလင်းနှင့် ညားသွားသည်နှင့် ရန်မြို့၌ သူ့အဆင့်အတန်းကလည်း ပြိုင်ဘက်ကင်းသွားနိုင်သည်။

ဝူကျောင်းယိုပင် သူ့အား ဘိုးဘေးသဖွယ် ဆက်ဆံပြီး သူ့စကားအခွန်းတိုင်းကို ရွှေနှင့်စပ်ပြီး တန်ဖိုးထားမှာကို မြင်ယောင်နေမိ၏။

“ ဘာကိစ္စရှိလို့လဲ …” လင်းရီ မေးမြန်းလိုက်သည်။

“ ကျွန်မလည်း အခုရက်ပိုင်း ကိုယ်ပိုင် ကုမ္ပဏီတစ်ခု တည်ထောင်ချင်လို့ အဲ့တာ ရှင့်ကို မေးချင်တာလေးတွေ အများကြီး ရှိနေလို့ပါ …” ဖန်းယွီက ပြုံးလျက် ပြောလိုက်ပြီး လင်းရီထံသို့ မျက်လုံးကစားပြလိုက်၏။ “ ကျွန်မကို အခွင့်အရေး ပေးနိုင်မလားဟင် …”

“ ကျုပ်မှာက လုပ်စရာကိစ္စတွေ တော်တော်လေးများနေလို့ပါ မိန်းကလေးဖန်း … တကယ်လို့ မင်းမှာ မေးစရာတွေ ရှိရင် စီအီးအိုဖန်းကို မေးလို့ရတယ် …”

သို့နှင့် လင်းရီနှင့် ချွီရွှမ့်ဟော်တို့ ထွက်ခွာသွားခဲ့ကြသည်။ ဖန်းယွီကို နည်းနည်းလေးပင် ဂရုစိုက်ခြင်း မရှိကြပေ။

လင်းရီက စိတ်ဝင်စားမှု မရှိဘဲ ထွက်ခွာသွားသည်ကို မြင်တော့ ဖန်းယွီမှာ နေရာ၌ ငေးငိုင်စွာ မတ်တပ်ရပ်နေမိရင်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေသည်။

ဤသည်က သူမ စိတ်ကူးထားသည့် မြင်ကွင်းမျိုး မဟုတ်ပေ။

အဟွတ် အဟွတ် အဟွတ် …

ဝူကျောင်းယိုက ပေါ့ပါးစွာ ချောင်းဟန့်လိုက်ပြီး အခြေအနေကို ဝင်ထိန်းရန် ရှေ့သို့ တက်လာလိုက်သည်။ “ ဒါရိုက်တာလင်းက ပွဲပြီးရင် သူ့ကောင်မလေးကို ကြိုစရာရှိတယ်လို့ ပြောသံကြားမိတယ် … အဲ့တာကြောင့် အလျင်လိုနေတာ နေမှာပါ … နောင်ကျ အခွင့်အရေးရမှ စကား ထပ်ပြောပေါ့ …”

“ ဒါရိုက်တာလင်းမှာ ကောင်မလေး ရှိတာလား …”

ဝူကျောင်းယို ခေါင်းညိတ်လိုက်သည်။ “ အင်း … ငါနဲ့ ရာထူးချင်း တူတယ် …”

ဤစကား ကြားတော့ လူတိုင်း ရှော့ခ်ရစွာဖြင့် နောက်လန်မိသွားခဲ့ကြသည်။

သူတို့အားလုံး ဝူကျောင်းယို၏ အဆင့်အတန်းကို သိကြ၏။

လင်းရီ၏ ကောင်မလေးက သူနှင့် ရာထူးအဆင့်အတန်းခြင်း တူညီသည်ဟု ပြောဆိုနေလေရာ သူမကလည်း မခေလောက်ပေ။

အရေးကြီးဆုံကတော့ လင်းရီ၏ ကောင်မလေးဖြစ်သဖြင့် လင်းရီလိုပဲ အသက်ငယ်ရွယ်လိမ့်မည်။

သို့ပေမယ့် အသက် ၃၀ ဝန်းကျင်တွင် ဝူကျောင်းယိုကဲ့သို့ ရာထူးအဆင့်အတန်းမျိုး ရှိနေသည်က သာမန်လူတစ်ဦးတစ်ယောက်တည်း၏ စွမ်းပကားဖြင့် တတ်နိုင်သည့်အရာ မဟုတ်ပေ။

တစ်နည်းဆိုရသော် တစ်ဖက်လူတွင်လည်း အင်မတန် အားကောင်းသည့် ကျောထောက်နောက်ခံ အင်အား ရှိကို ရှိနေရမည်။

ဤနေရာရှိ လူများအားလုံး မယှဉ်သာသည့် နောက်ထပ် အသိုင်းအဝိုင်း ဖြစ်၏။

အဆိုပါ အချင်းအရာကို သတိပြုမိတော့ ဖိနှိပ်မွန်းကြပ်သည့် လေထုက အားလုံးထံသို့ ပျံ့နှံ့သွားခဲ့သည်။ သူတို့ကြား တားဆီးနေသည့် ဆိုရှယ်အလွှာတို့က သူတို့ စိတ်ကူးထားသည်ထက်ပင် ပိုပြီး ထူထဲတောင့်တင်းနေလျက် ရှိတော့၏။

သူတို့မှာ ပေးလာသည့် အခွင့်အရေးကိုပင် ဖမ်းဆုပ်နိုင်စွမ်း မရှိလေရာ ဆိုလိုသည်က … သူတို့ကို ဆိုရှယ်အထက်ပိုင်းသို့ တက်လှမ်းခွင့် ပြုလျှင်ပင် သူတို့တွင် တက်လှမ်းနိုင်သည့် စွမ်းပကား မရှိဟူ၍ပင်။

ဤသည်က သူတို့ကိုယ်ပိုင် ပြဿနာ ဖြစ်၏။ အခြား မည်သူ့ကြောင့်မှ မဟုတ်ပေ။

“ ငါတို့လည်း သွားကြစို့ … ဒီမှာ ဆက်နေစရာ အကြောင်းမှ မရှိတော့တာ …” ဝူကျောင်းယိုက အပြုံးဖြင့် ပြောလိုက်သည်။ ထို့နောက် လူတိုင်းနှင့် အတူ အောက်ထပ်သို့ဆင်းလာသည်။ ဒင်နာပွဲကတော့ ဆက်ပြီး ကျင်းပနေလျက်ပင်။

ရွှီကျန်းချူနှင့် ဖန်းယွီတို့က နောက်မှ လိုက်လာပြီး သူတို့ အမူအရာမှာတော့ သိပ်ပြီးမှ ကောင်းမွန်မနေချေ။

ဟွာရှတွင် လူတစ်ချို့၏ အဆင့်အတန်းက သူမတို့တွေ ထင်မှတ်ထားသည်ထက် မြင့်မားကြောင်းကို သူတို့မသိမဟုတ်၊ သိသည်။ သို့ပေမယ့်လည်း သူတို့မိသားစု၏ အစွမ်းအစဖြင့် ထို နယ်ပယ်ထဲသို့ ဝင်ရောက်သည်က ခက်ခဲလှမည်မဟုတ်ဟု အမြဲတစေ ယုံကြည်ထားခဲ့ကြ၏။

သို့သော် ယနေ့ .. ထိုသူများနှင့် နှိုင်းယှဉ်လိုက်သည်တွင် သူတို့တွေ မည်မျှအထိ နောက်ကောက်ကျန်ရစ်နေလဲဆိုတာကို ရှင်းရှင်းလင်းလင်း သဘောပေါက်နိုင်သွားခဲ့တော့သည်။

ဖန်းယွီက ပြီးပြည့်စုံသည့် ဥပမာကောင်းဖြစ်၏။ သူမကိုယ်သူမ လိုလိုလားလားနှင့် ပေးအပ်ချင်ပါသော်လည်း တစ်ဖက်သူ၏ လျစ်လျူရှုခြင်းကိုသာ ခံလိုက်ရသည်။

……

လင်းရီနှင့် ချွီရွှမ့်ဟော်တို့က အပေါ်ထပ်မှ ဆင်းလာခဲ့ကြသည်။

“ အောက်ထပ်မှာ ခဏထိုင်ချင်သေးလား … ဒီလူတွေက မင်းမိသားစု စီးပွားရေး လုပ်ငန်းတွေနဲ့တော့ အဆင်ပြေပါတယ် …”

“ သွားတာကပဲ ကောင်းပါတယ် … တကယ်လို့ မင်းရဲ့ အထောက်အထား ဖော်ထုတ်ခံလိုက်ရရင် ဒီလူတွေ အုံလာပြီး အဲ့ခါကျ ထွက်ရပြုရ ခက်နေလိမ့်မယ် … “

“ ဒါဆိုလည်း ကောင်းပြီလေ … နောင်ကျ ငါမင်းနဲ့ သင့်လျော်မယ့် ပရောဂျက်တွေ မျှပေးမယ် … အပြင်လူတွေနဲ့ ပူးပေါင်းတာထက်စာရင်တော့ ပိုကောင်းတာပေါ့ …”

“ ကျေးဇူးပါ ယောက်ဖရာ …”

“ မိသားစုတွေကိုပဲ … ၊ ကျေးဇူးတင်စကား ပြောဖို့ မလိုပါဘူး ….”

အောက်သို့ ဆင်းလာပြီးနောက် နှစ်ယောက်သား ဂေဟာသို့ ဦးတည်လိုက်ကြသည်။

အိမ်တွင်တော့ မည်သည့် ကိစ္စတို့မျှ များများစားစား မရှိချေ။ ကျီချင်းရန်နှင့် နင်ယွဲ့တို့ကလည်း ကလေးများနှင့် အတူရှိနေသည်။

ကိုယ်ဝန်ကြောင့်ပဲလားတော့ မသိ။ နင်ယွဲ့က မိခင်စိတ်ရှိသည့် လက္ခဏာတို့ ပြသလာခဲ့ကာ ကလေးများနှင့် ပတ်သက်လာလျှင် အများအပြား ညင်သာလာပြီး ယခင်ကကဲ့သို့ ကျယ်လောင်စွာတေးလန် မနေတော့ချေ။

နင်ယွဲ့၏ လွှမ်းမိုးမှုအောက်တွင် ကျီချင်းရန်သည်လည်း ပိုပြီး နူးညံ့ညင်သာလာဟန်ပင်။

လင်းရီနှင့် ကျီချင်းရန်တို့က ၃ ရက်မြောက်နေ့တွင် ကျိုးဟိုင်သို့ ပြန်ဖို့ရာ စီစဉ်ထားသဖြင့် နင်ယွဲ့နှင့် ချွီရွှမ့်ဟော်တို့က ယနေ့ည အိမ်မပြန်တော့ချေ။ လင်းရီတို့ ပြန်သည်ကို လိုက်ပို့ပေးဖို့ စီစဉ်ထား၏။

နောက်တစ်နေ့ နံနက်ခင်း။

လင်းရီနှင့် ကျီချင်းရန်တို့က ထွက်ခွာဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်၏။

သို့သော် ဝမ်ချွေ့ပင်းက သူတို့နှစ်ဦးကို ပြန်မလွှတ်ရက် ဖြစ်နေကာ နေ့လည်ရောက်မှ ပြန်ဖို့ ခေါင်းမာနေသည်။ ဂေဟာ၏ ထုံးစံအတိုင်း ဖက်ထုပ်များလည်း ပြုလုပ်ထားပေး၏။

ကလင် ကလင် ကလင် …

နေ့လည်စာ စားနေစဉ်တွင် လင်းရီ၏ ဖုန်းသံက မြည်ဟည်းလာသည်။

ကူရိရန် ဖုန်းခေါ်လာခြင်းပင်။

“ ဟဲလို …” လင်းရီ တစ်ဖက်က စားရင်း ဖုန်းဖြေလိုက်သည်။

“ အစ်ကိုရီ … နင် ရန်မြို့မှာ ရှိတုန်းလား … အစ်ကိုလီ ကားအက်စီးဒင့် ဖြစ်လို့ ..” ကူရိရန်က အလျင်လိုသည့် လေသံဖြင့် ပြောလိုက်သည်။

“ ကားနဲ့ အတိုက်ခံရတာ … အခြေအနေကလည်း ပြင်းထန်တယ် … အခု ဟွာရှန်းဆေရုံကို ခေါ်သွားတယ် … အစ်ကိုရီ အခု လာပေးနိုင်လား …”

“ ဟင် ….”

ဤသတင်းကို ကြားတော့ လင်းရီ ရုတ်ချည်း မတ်တပ်ရပ်မိသွားခဲ့ပြီး မျက်နှာကလည်း ဖြူလျော်သွားခဲ့သည်။

“ ဘယ်တုန်းက ဖြစ်တာ … အကောင်းသားကြီးကို ဘယ်နားက ဘယ်လိုဖြစ်ပြီး ကားနဲ့တိုက်ခံရတာလဲ …”

“ အစ်ကိုလီနဲ့ ကပ္ပတိန်လင်းတို့က မာတဲ့ဟုန် အမှုကို စုံစမ်းနေတာမလား … သူတို့တွေ စခန်းအပြန်မှာ တိုက်ပြေးတာနဲ့ ကြုံတာပဲ … အခု အာဏာပိုင်တွေကလည်း ဒီကိစ္စ ကိုင်တွယ်နေတယ် …”

“ လင်းဟန်ရော ဘယ်လိုနေလဲ … သူ အဆင်ပြေလား ….”

“ သူ အဆင်ပြေတယ် … ဒီတိုင်း အပေါ်ယံ ဒဏ်ရာလေးတွေပဲရတာ … သူက ခရီးသည်ထိုင်ခုံမှာ ထိုင်နေတာဆိုတော့ အဲ့လောက်ကြီး မဟုတ်ဘူး … အစ်ကိုလီက မောင်းတဲ့လူဆိုတော့ အခြေအနေက တော်တော်ဆိုးဆိုးပဲ …”

“ အိုကေ .. ငါ အခု ပြန်လာနေပြီ …”

လင်းရီ၏ မျက်နှာ တည်တင်းသွားခဲ့သည်။ စိတ်ထဲတွင်တော့ ဤကိစ္စက လုံးဝ မရိုးရှင်းကြောင်း အာရုံရနေသည်။

All Chapters