အခန်း (၄၁၂)
Vol. 42 Ch. 412
ထိုအချိန်တွင် ဖန်းချင်းယီတစ်ယောက် ကြောက်လွန်း၍ ဆီးထွက်ကျမတတ် ဖြစ်နေလေ၏။ သူမတစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပြီး အတွင်းဒဏ်ရာအချို့လည်း ရရှိထားရာ ပြန်လည်ခုခံရန် အားအင်မရှိတော့ချေ။
တုပိုင်၏ မေးခွန်းကို ကြားသောအခါ ဖန်းချင်းယီက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
“နင်အသက်ရှင်နေသရွေ့ လူတိုင်းက နင်တုရှန်က ငါ့ရဲ့ စေ့စပ်သူဟောင်းဆိုတာကို မှတ်မိနေကြမှာပဲ။ ငါ့လို ဖန်းချင်းယီမျိုးက မင်းသမီးနင်းရွှဲ့ထက် ပိုမြင့်မြတ်တယ်။ ပြီးတော့ မိန်းမစိုးတစ်ယောက်နဲ့ စေ့စပ်ဖူးတယ်ဆိုတဲ့ အမည်းစက်ကို တစ်သက်လုံး သယ်သွားရမှာ။ နင်သေသွားမှပဲ လူတိုင်းက ဒီကိစ္စကို မေ့သွားကြလိမ့်မယ်”
“ထွီးး”
တုပိုင်က တံတွေးထွေးကာ ပါးရိုက်လိုက်သည်။
“နင်ကများ မင်းသမီးနင်းရွှဲ့ထက် ပိုမြင့်မြတ်ချင်သေးတာလား” တုပိုင်က အေးစက်စွာ ပြောလိုက်သည်။ “နင့်နောက်ကွယ်က သခင်ကြီးရဲ့လက်ထဲမှာ ပင်လယ်ရပ်ခြား အင်ပါယာတစ်ခုရှိတာ ငါသိတယ်။ တာ့နင်အင်ပါယာမှာ နင်တို့ မိုးကောင်းကင်ကို လက်ဝါးနဲ့အုပ်ထားနိုင်တယ်ဆိုတာလည်း ငါသိတယ်။ ဒါပေမဲ့ မြင့်မြတ်တယ်ဆိုတာ စိတ်နေသဘောထားကွ။ နင်လို မိန်းမယုတ်ကများ ဘာမြင့်မြတ်တာတုန်း။”
“နင်... နင် ငါ့ကို ရိုက်ရဲတယ်လား” ဖန်းချင်းယီက ဒေါသတကြီး ပြန်ပြောလိုက်သည်။
“ဖြောင်းးးး ဖြောင်းးးး”
တုပိုင်က သူမပါးကို ဘယ်ပြန်ညာပြန် ဆယ်ချက်ကျော်လောက် ဆက်တိုက် ရိုက်ချလိုက်လေသည်။ ဖန်းချင်းယီ ဒေါသထွက်လုဆဲဆဲ အချိန်မှာပင် နှစ်တစ်ထောင်မြွေမိစ္ဆာကြီးက မျက်လုံးဖွင့်ကြည့်လိုက်ပြီး အန္တရာယ်ပြုမည့်အကြည့်ဖြင့် စိုက်ကြည့်နေသည်။ ဖန်းချင်းယီသာ တုပိုင်အပေါ် အနည်းငယ်မျှ မလေးမစားလုပ်ပါက သူမကို တစ်စစီ ဆွဲဖြဲပစ်တော့မည့်ဟန်ပင်။
ဖန်းချင်းယီသည် တုပိုင်ကို မကြောက်ပေ။ တုပိုင်ကို အထင်သေးနေဆဲဖြစ်ပြီး သူမစိတ်ထဲတွင် ရှင်းပြမရသော သာလွန်သည့်မာနမျိုး ကိန်းအောင်းနေဆဲ ဖြစ်သည်။
သို့သော် သူမသည် နှစ်တစ်ထောင်မြွေမိစ္ဆာကြီးကိုတော့ တကယ်ကြောက်သည်။ သေလောက်အောင် ကြောက်သည်။
“ဖာသည်မ... မင်း အသက်ရှင်ချင်သေးလား” တုပိုင်က အေးစက်စွာ မေးလိုက်သည်။
ဖန်းချင်းယီက သွားကိုတင်းတင်းစေ့ထားပြီး မည်သည့်စကားမျှ ပြန်မပြောပေ။ သူမက တုပိုင်ကို အသနားခံမည့်အစား သူမကိုယ်သူမ သေမင်းထံသာ အပ်နှံလိုက်ချင်သည်။
“ကြည့်ရတာ မင်းအသက်မရှင်ချင်တော့ဘူးနဲ့ တူတယ်။ ဒါဆိုလည်း ငါ့ကလေးလေး မြွေမိစ္ဆာကို အစာကျွေးလိုက်ရုံပေါ့” တုပိုင်က ပြောလိုက်သည်။ “သုံး... နှစ်... တစ်...”
ထင်ထားသည့်အတိုင်းပင် ဤဖန်းချင်းယီက ဟန်ဆောင်နေခြင်းသာဖြစ်ပြီး ချက်ချင်းပင် ထအော်လေတော့သည်။ “ငါ ရှင်ချင်တယ်... ငါ ရှင်ချင်တယ်”
တုပိုင်က သူမရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ပြီး လှောင်ပြောင်လိုက်သည်။ “ရှင်ချင်တယ်ဟုတ်လား။ တောင်းပန်လေ။ ငါ့ကို တောင်းပန်စမ်း”
ဖန်းချင်းယီက သူမအထင်သေးသည့် တုပိုင်ကို ခေါင်းမငုံ့ချင်သော်လည်း တုပိုင်က ထပ်မံရေတွက်လိုက်သည်။
“သုံး... နှစ်... တစ်...”
နှစ်တစ်ထောင်မြွေမိစ္ဆာကြီးက ခေါင်းထောင်လာပြီး ပါးစပ်ကြီးကို ဟလိုက်လေသည်။ ဖန်းချင်းယီမှာ လိပ်ပြာလွင့်မတတ် ဖြစ်သွားရပြီး တောင်းပန်လိုက်သည်။ “တုပိုင်... ကျေးဇူးပြုပြီး... ငါ့ကို ကယ်ပါ... ငါ့ကို ကယ်ပါဦး”
တုပိုင်က နှစ်တစ်ထောင်မြွေမိစ္ဆာကြီးကို ပြန်ငြိမ်သက်သွားစေပြီး မျက်လုံးမှိတ်ကာ ပြန်အိပ်ခိုင်းလိုက်သည်။
ထို့နောက် သူသည် ဖန်းချင်းယီအနားသို့ သွားပြီး သူမကို အဝတ်အစားများ ဆွဲချွတ်ဖယ်ရှား ပစ်လိုက်သည်။
ဖန်းချင်းယီက တုန်ယင်စွာဖြင့် ပြောသည်။ “တုပိုင်... နင် ဘာလုပ်ချင်တာလဲ။ နင်... နင်က မိန်းမစိုးလေ။ နင်လုပ်ရဲလို့လား။ နင်လုပ်ရဲလို့လား”
သူမမှာ ဘာအားအင်မှ မရှိတော့သဖြင့် လုံးဝ မတားဆီးနိုင်ရှာပေ။ ဤမိန်းမယုတ်မှာ အမှန်စင်စစ်အားဖြင့် ခန္ဓာကိုယ်ကောက်ကြောင်း အလှမှာ ပြောစမှတ်ပြုလောက်ပေသည်။ အရှေ့တိုင်းဂန္တဝင်အလှမယ်များ၏ စံအမီဆုံး ခန္ဓာကိုယ်မျိုးဖြစ်ပြီး ကျစ်လျစ် ၊ ပြည့်ဖြိုးကာ အချိုးအစားကျနပြေပြစ်လှပေသည်။
အထူးသဖြင့် သူမ၏ အသားအရေက ကြွေသားကဲ့သို့ ချောမွတ်နေသည်။ တုပိုင်က ဟိုရှာဒီရှာပြုလုပ်လိုက်ရာ ထောင့်တစ်နေရာတွင် ကြိုးအချို့ကို တွေ့လိုက်ရသည်။
သူသည် ဖန်းချင်းယီကို ချက်ချင်းပင် ကြိုးတုပ်လိုက်ပြီး ကျောက်တိုင်တစ်ခုတွင် ချည်ကာ လေပေါ်တွင် တွဲလောင်းဆွဲထားလိုက်သည်။
“တုပိုင်... နင်ဘာလုပ်ချင်တာလဲ” ဖန်းချင်းယီမှာ ကြောက်လန့်တကြား တုန်ယင်နေသည်။
တုပိုင်က ကြာပွတ်ကို လိုက်ရှာသော်လည်း မတွေ့ပေ။ ထိုအစား ကြမ်းခင်းရန် အသုံးပြုသည့် ဝါးခြမ်းပြားများစွာကို တွေ့လိုက်ရသည်။ တုပိုင်က ဝါးခြမ်းပြားကို ကောက်ယူလိုက်ပြီး လေထဲတွင် တွဲလောင်းကျနေသော ဖန်းချင်းယီကို ရိုက်နှက်လိုက်တော့သည်။
“အားးးး” ဖန်းချင်းယီက စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
တုပိုင်က အေးစက်စွာ ပြောလိုက်သည်။ “ငါ မင်းကို ကယ်ပေးနိုင်တယ်။ ဒါပေမဲ့ အရင်က အငြိုးအတေးတွေကိုတော့ လက်စားမချေဘဲ မနေနိုင်ဘူး။ တုပိုင်ဆိုတဲ့ကောင်ကို ဘယ်တော့မှ လာမစသင့်ဘူးဆိုတာ မင်းမှတ်မိသွားစေရမယ်”
ထို့နောက် တုပိုင်လက်ထဲမှ ဝါးခြမ်းပြားက ဖန်းချင်းယီ၏ နုနယ်သော ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားတော့သည်။
တကယ်ကို ညှာတာမှုမရှိပေ။ ခဏအတွင်းမှာပင် ဖန်းချင်းယီတစ်ကိုယ်လုံး ဒဏ်ရာဗရပွ ဖြစ်သွားလေသည်။ ရွှေရွက်ငွေခက် သခင်မလေးအဖြစ် ကြီးပြင်းလာသော ဖန်းချင်းယီသည် ဤကဲ့သို့ နှိပ်စက်ခံရခြင်းမျိုး တစ်ခါမှ မကြုံဖူးပေ။
ရုတ်တရက် နာကျင်မှုကြောင့် အသက်ရှင်ရသည်ကိုပင် နောင်တရကာ အော်ဟစ်ငိုယိုမိတော့သည်။ သူမ ဆဲဆိုချင်သည့်အချိန်တိုင်း နှစ်တစ်ထောင်မြွေမိစ္ဆာကြီးက ပါးစပ်ကြီးဟပြီး အစွယ်များကို ထုတ်ပြလိုက်သည်။
ထို့ကြောင့် သူမ မဆဲရဲ ၊ မကျိန်ဆဲရဲပေ။ တုပိုင်က ပို၍ပြင်းပြင်းထန်ထန် ရိုက်နှက်လေရာ နာကျင်လွန်းသဖြင့် သူမ သတိလစ်မတတ် ဖြစ်သွားသည်။ နာကျင်မှုကို မခံနိုင်တော့သော ဖန်းချင်းယီသည် အစပိုင်းတွင် အော်ဟစ်ခဲ့သော်လည်း နောက်ပိုင်းတွင် အကြီးအကျယ် ငိုကြွေးလာရပြီး နောက်ဆုံးတွင် အသနားခံလာရတော့သည်။
“အဟင့် ၊ အဟင့် ၊ ကျေးဇူးပြုပြီး မရိုက်ပါနဲ့တော့... မရိုက်ပါနဲ့တော့... ငါမှားသွားပါတယ်... ငါမှားသွားပါတယ်...”
ဆယ်မိနစ်ခန့် ကြာသောအခါ ဖန်းချင်းယီမှာ သေလုမျောပါးဖြစ်နေပြီး အသက်ရှင်ရန်သာ ဆန္ဒရှိတော့သည်။ သူမမှာ ငိုကြွေးလွန်းသဖြင့် အသံများပင် ဝင်သွားပြီး နောက်ဆုံးတွင် ချက်ချင်း သတိလစ်သွားလေတော့သည်။
နောက်ဆုံးတွင် တုပိုင်က သူမကို ဖြုတ်ချလိုက်ပြီး ရေအေးကန်တစ်ခုကို ရှာတွေ့ကာ ထိုအထဲသို့ ပစ်ချလိုက်သည်။
“အားးး” ဖန်းချင်းယီက အော်ဟစ်ပြီး သတိပြန်ဝင်လာသည်။
ရေအေးဖြင့် ထိတွေ့လိုက်ရသောအခါ ဒဏ်ရာများက စပ်ဖျင်းဖျင်းဖြစ်ကာ နာကျင်လွန်းသဖြင့် ချက်ချင်းသေသွားချင်စိတ် ပေါက်သွားရသည်။ တုပိုင်က သူမကို ရေထဲမှ ဆွဲထုတ်လိုက်ပြီး မေးစေ့ကို ကိုင်ကာ ပြောလိုက်သည်။ “ဒီနေ့ ဒီအချိန်ကို မှတ်ထား... ကြားလား”
ဖန်းချင်းယီက မျက်ရည်များ ဖြိုင်ဖြိုင်ကျလာလျက် ခေါင်းကို အတင်းငြိမ့်ပြသည်။ တုပိုင်က သူမ၏ နှုတ်ခမ်းကို တန်းခနဲ နမ်းလိုက်သည်။ ဖန်းချင်းယီမှာ လန့်သွားပြီးနောက် နာကျင်မှုကို ခံစားလိုက်ရသည်။
“အားးး”
အဘယ်ကြောင့်ဆိုသော် တုပိုင်က သူမ၏ ပန်းပွင့်လွှာကဲ့သို့ နုနယ်သော နှုတ်ခမ်းကို သွေးစိမ်းရှင်ရှင်ထွက်အောင် ကိုက်လိုက်သောကြောင့်ပင်။ နှုတ်ခမ်းကို လွှတ်လိုက်ပြီးနောက် တုပိုင်က သူမနှုတ်ခမ်းပေါ်မှ သွေးများကို လျှာဖြင့် သပ်လိုက်ပြီး ပြောသည်။ “နောက်တစ်ခါ ငါနဲ့တွေ့ရင် ဘာလုပ်ရမလဲ သိတယ်မလား”
ဖန်းချင်းယီ၏ မျက်နှာတွင် မျက်ရည်များ ပြည့်နေပြီး ငိုယိုကာ ပြောသည်။ “ဝေးဝေးက ရှောင်ပါ့မယ်... အဝေးဆုံးကို ပြေးပြီး ပုန်းနေပါ့မယ်”
တုပိုင်က ပြောလိုက်သည်။ “မှန်တယ်။”
ထို့နောက် သူမ၏ အင်္ကျီများကို ပစ်ပေးလိုက်ပြီး ပြောလိုက်သည်။ “အင်္ကျီဝတ်ပြီး ထွက်သွားတော့”
ဖန်းချင်းယီမှာမူ တစ်ကိုယ်လုံး တုန်ယင်နေပြီး အဝတ်အစား ဝတ်ရန်ပင် အားမရှိတော့ပေ။
တုပိုင်က ရှေ့တိုးလာပြီး သူမကို အမြန်အဆန် အဝတ်အစား ဝတ်ပေးလိုက်ကာ ပြောလိုက်သည်။
“ကဲ... ငါ့မျက်စိရှေ့ကနေ ထွက်သွားတော့”
ဖန်းချင်းယီသည် ချက်ချင်းပင် အသက်လုကာ အပြင်ဘက်သို့ ထွက်ပြေးလေတော့သည်။ တုပိုင်နှင့်ရော၊ ဤနှစ်တစ်ထောင်မြွေမိစ္ဆာကြီးနှင့်ပါ ဝေးလေကောင်းလေဟု တွေးကာ ထွက်ပြေးခြင်းဖြစ်သည်။
တုပိုင်က မေးလိုက်သည်။ “အိပ်မက်စနစ်ရေ... ဒီလိုလုပ်တာ အဆင်ပြေရဲ့လား”
ထူးဆန်းသော အလင်းရိပ်က ပြောသည်။ “အဆင်ပြေပါတယ်။ ဒီနေ့အဖြစ်အပျက်က သူ့ရဲ့ရင်ထဲမှာ တဖြည်းဖြည်း ပိုနက်ရှိုင်းလာလိမ့်မယ်။ အချိန်ကြာလာတာနဲ့အမျှ မင်းရဲ့ပုံရိပ်က သူ့စိတ်ထဲမှာ ပိုစွဲထင်လာလိမ့်မယ်။ သူ့ဘဝက ပျင်းစရာကောင်းလာလေလေ... ဒီနေ့အမှတ်တရက သူ့အတွက် မေ့ဖျောက်လို့မရလေ ဖြစ်လာမှာပါ”
တုပိုင် လန့်သွားပြီး ပြောလိုက်သည်။ “မင်းက လူ့သဘောသဘာဝကို နားမလည်ဘူးဆို”
ထူးဆန်းသော အလင်းရိပ်က ခပ်တည်တည်ဖြငွ ပြန်ဖြေသည်။ “ငါက စာအုပ်ထဲက အကြောင်းအရာတွေကို ပြန်ပြောပြနေရုံပါ”
ထိုအချိန်တွင် အပြင်ဘက်မှ ဖန်းချင်းယီ၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။ “တုပိုင်...”
တုပိုင်က ပြန်မေးလိုက်သည်။ “ဘာလဲ”
ထို့နောက် ဖန်းချင်းယီ ငိုနေသည့်အသံကို ကြားလိုက်ရသည်။
တုပိုင်က ခြေလှမ်းအနည်းငယ် လှမ်းကြည့်လိုက်ရာ ဖန်းချင်းယီက မြေကြီးပေါ်တွင် ထိုင်ပြီး ငိုနေသည်ကို တွေ့လိုက်ရသည်။
“မသွားသေးဘူးလား။ ငါကစားလို့ မဝသေးဘူးလို့ ထင်နေတာလား” တုပိုင်က အေးစက်စွာ ပြောလိုက်သည်။
ဖန်းချင်းယီက မော့ကြည့်လိုက်ပြီး တုပိုင်ကို ပြောသည်။ “ငါ ဒီနေ့ကို ဘယ်တော့မှ မမေ့ဘူး။ နင် မှတ်ထားလိုက်...”
ထို့နောက် သူမက ထော့နဲ့ထော့နဲ့ဖြင့် ဆက်လက်ထွက်ခွာသွားသည်။ လမ်းလျှောက်ရင်း ငိုလိုက် ၊ မြေကြီးပေါ်ထိုင်ချပြီး ငိုလိုက် ၊ ပြန်ထပြီး လျှောက်လိုက်နှင့် ထိုကဲ့သို့ပင် မိနစ်အနည်းငယ်အကြာတွင် ဖန်းချင်းယီသည် တုပိုင်၏ မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားတော့သည်။
တုပိုင်သည် ပြန်လှည့်လာပြီး နှစ်တစ်ထောင်မြွေမိစ္ဆာကြီးကို ပင်လယ်အောက်ခြေရှိ သူ၏ အသိုက်သို့ မည်သို့ပြန်ခေါ်သွားရမည်ကို စဉ်းစားနေသည်။
သို့သော် ထိုအချိန်တွင် တုပိုင်သည် ရုတ်တရက် သေလောက်သည့် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။ သူ လှည့်ပင် မလှည့်ကြည့်နိုင်တော့ပေ။ နဂါးအသိုက်၏ အောက်ခြေသို့ အမြန်ဆုံးပြေးဆင်းပြီး နှစ်တစ်ထောင်မြွေမိစ္ဆာကြီးထံ အရောက်သွားရန် ကြိုးစားလိုက်သည်။
သို့သော် စွမ်းအားကြီးမားသော စွမ်းအင်တစ်ခုက သူ့ကျောဘက်သို့ ဝင်ဆောင့်လေသည်။ မဟုတ်သေးချေ။ စွမ်းအားကြီးမားသည့် စွမ်းအင် ၂ ခုဖြစ်၏။
တစ်ခုက အန်ချိုကျွန်းမှ ယွီမဟာဆရာသခင်အဆင့် အကြီးအကဲ ကျန်းဝူရှင်းဖြစ်ပြီး နောက်တစ်ခုက မဟာဆရာသခင်အဆင့် ကျန်းရှဲ့တို့ဖြစ်၏။ ထိုနှစ်ယောက်သည် အခြားလမ်းကြောင်းတစ်ခုမှ ကွေ့ပတ်လာခဲ့ပြီး တုပိုင်ကို တွေ့လိုက်ရသဖြင့် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားကြသည်။ တကယ့်ကို ကောင်းကင်ဘုံက လမ်းဖွင့်ပေးထားရက်နဲ့ မလျှောက်ဘဲ ငရဲလမ်းမရှိတာကို တိုးဝင်လာသည်ဟု ဆိုရမည်။
တစ်သက်တွင် တစ်ခါသာရနိုင်သည့် အခွင့်အရေးကို အသုံးချပြီး တုပိုင်ကို သတ်ကာ ထျန်ကျီကျွန်းမှ ယူလာသော ရတနာများကို လုယူရမည်။ ပြီးလျှင် တုပိုင်ကို နှစ်တစ်ထောင်မြွေမိစ္ဆာကြီး စားသွားကြောင်း ကြေညာလိုက်ရုံသာဖြစ်၏။ မည်သူကမှ တုပိုင်ကို သူတို့သတ်လိုက်ကြောင်း သိမှာမဟုတ်ပေ။
ထို့ကြောင့် တွန့်ဆုတ်ခြင်းမရှိဘဲ ကျန်းဝူရှင်းနှင့် ကျန်းရှဲ့တို့သည် ချက်ချင်းပင် သေကွင်းသေကွက်ကို ပစ်မှတ်ထားပြီး တိုက်ခိုက်လိုက်ကြတော့သည်။ တစ်ချိန်တည်းမှာပင် သူတို့နှစ်ယောက် လက်ဝါးရွယ်လိုက်ချိန်မှာပင် အခြားလူရိပ်တစ်ခုက လျှပ်စီးလက်သကဲ့သို့ ပြေးဝင်လာပြီး တုပိုင်၏ ကိုယ်ပေါ်သို့ အုပ်မိုးလိုက်ကာ တိုက်ခိုက်မှုများအား အစားဝင်ခံလိုက်သည်။ သူမသည် လီတောက်ယွဲ့ပင်ဖြစ်၏။ အခုနက မြင်ကွင်းကို သူမမြင်လိုက်ရချိန်တွင် အော်ဟစ်တားဆီးရန်ပင် အချိန်မရလိုက်ဘဲ ဗီဇစိတ်ဖြင့် အမြန်ဆုံးပြေးဝင်ကာ တုပိုင်အစား ဝင်ခံလိုက်ခြင်းဖြစ်သည်။
“ဘုန်းးးး ဘန်းးးး”
ကျန်းဝူရှင်း၏ ယွီမဟာဆရာသခင်အဆင့် လက်ဝါးစွမ်းအားနှင့် ကျန်းရှဲ့၏ မဟာဆရာသခင်အထွတ်အထိပ်အဆင့် လက်ဝါးစွမ်းအားတို့က လီတောက်ယွဲ့၏ ကျောပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။
ထိုနှစ်ယောက်က အလွန်ရက်စက်ကြပြီး အားကုန်ထုတ်သုံးထားသဖြင့် လီတောက်ယွဲ့အတွက် ဤစွမ်းအားက ခန္ဓာကိုယ်တစ်ခုလုံး ကြေမွသွားစေနိုင်သည့် ပမာဏဖြစ်သည်။ ချက်ချင်းပဲ သနားစဖွယ် ညည်းညူသံတစ်ချက် ထွက်ပေါ်လာသည်။
လီတောက်ယွဲ့က တုပိုင်၏ ကျောပြင်ပေါ်သို့ သွေးများ အန်ချလိုက်တော့သည်။ ထိုအချိန်မှာပင် အတွင်းဘက်ရှိ နှစ်တစ်ထောင်မြွေမိစ္ဆာကြီးသည် ဒေါသအမျက်ခြောင်းခြောင်းထွက်ကာ ဟိန်းဟောက်လိုက်ပြီး လျှပ်စီးလက်သကဲ့သို့ ပြေးထွက်လာတော့သည်။
“ဝေါင်းးးး”
အပိုင်း (၄၁၂) ပြီး၏။