← Chapters

အခန်း (၄၁၆)

Vol. 42 Ch. 416

အခန်း (၄၁၆)

Vol. 42 Ch. 416

တုပိုင်သည် နင်တောက်ရွှမ်နှင့် ပတ်သက်ပြီး အချက်တစ်ချက်သာ သိထားသည်။ မိစ္ဆာသခင်မ ကျီယင်ယင်သည် လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်က သိုင်းလောက၏ အစွမ်းအထက်ဆုံး အမျိုးသမီးတစ်ဦးဖြစ်ခဲ့ပြီး ၊ အနည်းဆုံး တာ့နင်အင်ပါယာတွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်ခဲ့သည်။

သို့သော် သူမ၏ နင်တောက်ရွှမ်အပေါ် စွဲလမ်းခဲ့သည့်အပြင် ၊ နောက်ဆုံးတွင် သူမ၏ ကောင်းကင်မိစ္ဆာဂိုဏ်းသည် ပေမင်ဓားဂိုဏ်း၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။

နှစ်ပေါင်းရာချီ ပေမင်ဓားဂိုဏ်းသည် တာ့နင်အင်ပါယာ၏ သိုင်းလောကကို အုပ်စိုးခဲ့ပြီး ၊ ကောင်းကင်မိစ္ဆာဂိုဏ်းသည် ပေမင်ဓားဂိုဏ်း၏ အကြီးမားဆုံး စိန်ခေါ်သူ ဖြစ်ခဲ့သည်။

ယခုအခါ ကျီယင်ယင်သည် ခြောက်နှစ် ၊ ခုနစ်နှစ်အရွယ် မိန်းကလေးတစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သော်လည်း၊ လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်က သူမ ပိုင်ဆိုင်ခဲ့သည့် အနှိုင်းမဲ့အလှကို တုပိုင် မှန်းဆကြည့်နိုင်သည်။ ထိုကဲ့သို့သော အမျိုးသမီးမျိုးက နင်တောက်ရွှမ်ကို စွဲလမ်းခဲ့ခြင်း ဖြစ်သည်။

မိုချိုကို ကြည့်လိုက်ပြန်လျှင်လည်း သူမသည် ဦးနှောက်ဖောက်စားခံထားရသည့် ဘုရင်မ မိုဟန်ထက်ပင် ပိုမိုလှပနေသေးသည်။ မဟာအန်ချိုကျွန်းတွင် လှပသော အမျိုးသမီးများ တိမ်တိုက်ပမာ များပြားသော်လည်း မိုချို၏ ရှေ့တွင် မှေးမှိန်သွားရသည်။

သိုင်းပညာအရဆိုလျှင်လည်း မိစ္ဆာမ မိုချိုသည် မဟာအန်ချိုကျွန်း၏ နံပါတ်တစ် သိုင်းပညာရှင်ဖြစ်ပြီး ၊ ကျွန်းသခင်ဟယ်ကျင်းပင်လျှင် သူမ၏ပြိုင်ဘက် မဟုတ်ပေ။

သို့သော် ဤအမျိုးသမီးသည် နင်တောက်ရွှမ်ကို ရူးသွပ်မတတ် စွဲလမ်းခဲ့ဖူးသည်။ မအောင်မြင်ပြီးနောက် သူမသည် ရူးသွပ်လုနီးပါး ဖြစ်သွားပြီး ယခုအခါ စိတ်ဖောက်ပြန်နေသော အရူးမတစ်ယောက် ဖြစ်လာသည်။

နင်တောက်ရွှမ်၏ ဆွဲဆောင်မှုသည် တုပိုင်ထက် အဆပေါင်းများစွာ သာလွန်သည်။ တုပိုင်သည် သူ၏ ယောက်ျားစွမ်းရည် ပြန်လည်ရရှိလျှင်ပင် ပေမင်ဂိုဏ်းချုပ် ၊ သိုင်းလောက ဧကရာဇ်နှင့် ယှဉ်နိုင်မည် မဟုတ်ပေ။

ပေမင်ဓားဂိုဏ်း ဂိုဏ်းသားများ၏ မျက်လုံးထဲတွင် နင်တောက်ရွှမ်သည် နတ်ဘုရားတစ်ပါးသဖွယ် ဖြစ်သည်။

ယခု တုပိုင်သည် သိုင်းလောက၏ ဧကရာဇ်နှင့် တွေ့ဆုံရတော့မည်ဖြစ်၍ သူ့စိတ်ထဲတွင် ထင်ကြေးပေးမှုအချို့ ရှိနေသည်။ တုပိုင် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ရင်ခွင်ထဲမှ မြေကမ္ဘာအနှစ်သာရ ကျောက်တုံးကို ထုတ်ယူလိုက်ကာ ပြောလိုက်သည်။ “ဒါက မြေကမ္ဘာအနှစ်သာရ ကျောက်တုံးလား။ နှစ်တစ်ထောင်မြွေမိစ္ဆာကြီးက လာပြီး ကျွန်တော့်ကို ပေးသွားတာ”

အမှန်တကယ်တော့ နှစ်တစ်ထောင်မြွေမိစ္ဆာကြီးက ရှာဖွေတွေ့ရှိခဲ့ခြင်း မဟုတ်ဘဲ ဖန်းချင်းယီက တွေ့ရှိခဲ့ပြီး နှစ်တစ်ထောင်မြွေမိစ္ဆာကြီးက လုယူသွားခဲ့ခြင်း ဖြစ်သည်။

ဤကျောက်တုံးသည် မည်သည့်ရတနာနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ပိုမိုကြည်လင်တောက်ပသော ရတနာတစ်ပါး ဖြစ်သည်။

ပို၍ ထူးခြားသည်မှာ ကျောက်တုံးသည် မည်သည့် ပတ်ဝန်းကျင်တွင်မဆို တောက်ပနေပြီး လူသားတို့၏ မျက်စိဖြင့် ကြည့်ရှုရန် ခက်ခဲသည်အထိ အမှန်တကယ် မျက်စိကျိန်းမတတ် လှပသည်။

ကမ္ဘာပေါ်တွင် အဖိုးတန်ဆုံး ရတနာများထဲမှ တစ်ခုဖြစ်သည်မှာ အံ့သြစရာ မရှိပေ။ မဟာအန်ချိုကျွန်းသခင်က ပြောလိုက်သည်။ “ဂျူနီယာညီလေးတုက ဒါကို ကိုယ်တိုင် ဆက်သလို့ ရပါတယ်”

တုပိုင်က ပြောလိုက်သည်။ “မဖြစ်ပါဘူး။ မဟာကျွန်းသခင်ကပဲ ဂိုဏ်းချုပ်ကြီးကို မွေးနေ့လက်ဆောင်အဖြစ် ဆက်သတာ ပိုကောင်းပါတယ်”

မဟာအန်ချိုကျွန်းသခင်သည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် တုပိုင်၏ မြေကမ္ဘာအနှစ်သာရ ကျောက်တုံးကို လက်ခံလိုက်သည်။ ထို့နောက် ခန်းမထဲသို့ ဝင်သွားပြီး ကြည်လင်သော ကြွေပုလင်းတစ်လုံးကို ထုတ်ယူကာ ပြောလိုက်သည်။ “ဒါက ချန်ကွန်းဟွန်ယွမ်ဆေးလုံးပါ။ ဆယ်နှစ်မှ တစ်လုံးသာ မဟာအန်ချိုကျွန်းကို ခွဲဝေပေးတာ။ အရိုးနဲ့ သွေးကြောတွေကို ထာဝရ ကောင်းမွန်စေနိုင်တယ်။ ဂျူနီယာညီလေးတုက မြေကမ္ဘာအနှစ်သာရ ကျောက်တုံးကို ရခဲ့တဲ့အတွက် ဒီချန်ကွန်းဟွန်ယွမ်ဆေးလုံးကို မင်းကို ချီးမြှင့်ပါတယ်”

တုပိုင် အံ့သြသွားပြီး ပြောလိုက်သည်။ “ဒါက မသင့်တော်ပါဘူး။ ကျွန်တော်က မဟာအန်ချိုကျွန်းရဲ့ ဂိုဏ်းသားမှ မဟုတ်တာ”

မဟာကျွန်းသခင် ဟယ်ကျင်းက ပြောလိုက်သည်။ “ဖြစ်နေပါပြီ။ တျန်ဂျီကျွန်းကလည်း အခုအချိန်မှာ မဟာအန်ချိုကျွန်းရဲ့ လက်အောက်ခံပဲလေ”

“ကျေးဇူးတင်ပါတယ် မဟာကျွန်းသခင်” တုပိုင် ပြောလိုက်ပြီး ဤချန်ကွန်းဟွန်ယွမ်ဆေးလုံးကို လက်ခံလိုက်သည်။

မဟာကျွန်းသခင် ဟယ်ကျင်းက ပြောလိုက်သည်။ “ဂျူနီယာညီလေးတု... ငါ့နောက် လိုက်ခဲ့ပါ”

ထို့နောက် မဟာကျွန်းသခင် ဟယ်ကျင်းသည် တုပိုင်ကို ဦးဆောင်ပြီး မဟာအန်ချိုကျွန်း ခန်းမဆောင်ကြီးထဲသို့ ခေါ်ဆောင်သွားကာ ခန်းမအလယ်သို့ ရောက်သောအခါ လျှို့ဝှက်တံခါးတစ်ချပ်ကို ဖွင့်ပြီး လှေကားထစ်များအတိုင်း အောက်သို့ ဆင်းသွားလေသည်။

တုပိုင် အံ့သြသွားသည်။ အောက်ဘက်တွင် တွင်းနက်ကြီးနှင့် မီးတောင်ချော်ရည်များ ရှိနေသည် မဟုတ်ပါလော။

လှေကားထစ်များအတိုင်း မီတာတစ်ထောင်ခန့် ဆင်းသွားပြီးနောက် လုံးဝ မြေအောက်သို့ ရောက်ရှိသွားသည်။ ပတ်ဝန်းကျင် အပူချိန်သည် အံ့သြဖွယ် ကောင်းလောက်အောင် မြင့်တက်လာသည်။ အဘယ်ကြောင့်ဆိုသော် အောက်ဘက်တွင် ကြောက်မက်ဖွယ် ကောင်းသော မီးတောင်ချော်ရည်များ ရှိနေသောကြောင့် ဖြစ်သည်။

သံသယများနေသော တုပိုင်သည် မဟာကျွန်းသခင် ဟယ်ကျင်းက သူ့ကို မီးတောင်ချော်ရည်ထဲ ပစ်ချကာ သက်ရှိထင်ရှား မီးရှို့သတ်ဖြတ်ရန် ခေါ်လာခြင်းလောဟုပင် သံသယဝင်မိသည်။

လှေကားထစ်များ အဆုံးတွင် ကျောက်တံခါးတစ်ချပ် ပေါ်လာသည်။ မဟာကျွန်းသခင် ဟယ်ကျင်း ရှေ့တိုးသွားပြီး ယန္တရားကို ဖွင့်လိုက်သည်။

ဂျိန်းခနဲ မြည်ဟည်းသံနှင့်အတူ ကျောက်တံခါး ပွင့်သွားပြီး မြေအောက် လျှို့ဝှက်ခန်းတစ်ခု ပေါ်လာသည်။

တိတိကျကျ ပြောရလျှင် မြေအောက် လျှို့ဝှက်ခန်း မဟုတ်ဘဲ အခြားကမ္ဘာမှ စွမ်းအင်များ ဝင်ရောက်နေသော ဥမင်လိုဏ်ခေါင်းတစ်ခု ဖြစ်သည်။ သို့သော် ယင်းကို လျှို့ဝှက်ခန်းအဖြစ် ပြောင်းလဲထားခြင်း ဖြစ်သည်။

လျှို့ဝှက်ခန်း၏ အလယ်ဗဟိုတွင် သုံးမီတာခန့် မြင့်မားပြီး အညစ်အကြေး ကင်းစင်ကာ ကြည်လင်နေသော ဧရာမ သလင်းကျောက်တုံးကြီးတစ်ခု ရှိနေသည်။

တုပိုင် အံ့သြသွားသည်။ နင်တောက်ရွှမ်က အဘယ်​ကြောင့် သူ့အား ဤနေရာတွင် တွေ့စုံရန်ကြိုးစားရသနည်း။ မဟာကျွန်းသခင် ဟယ်ကျင်းက ပြောလိုက်သည်။ “ဂျူနီယာညီလေးတု... ငါ မင်းကို အပြင်က စောင့်နေမယ်”

ထို့နောက် သူသည် ခါးကိုင်းဦးညွှတ်ကာ ပြန်ထွက်သွားပြီး လျှို့ဝှက်ခန်းတံခါးကို ပိတ်လိုက်သည်။

**--**--**--**--**--**--**--**

ရုတ်တရက် လျှို့ဝှက်ခန်းတစ်ခုလုံး မှောင်မိုက်သွားပြီး တုပိုင်၏ ရှေ့မှ ကြည်လင်သော သလင်းကျောက်တုံးကြီးသာ ကျန်ရှိတော့သည်။ အလင်းရောင် အရင်းအမြစ် မရှိသဖြင့် မမြင်ရသော အမှောင်ထုသာ ရှိနေသည်။

တုပိုင် ပို၍ပင် အံ့သြသွားသည်။ ထိုအချိန်တွင် ရှေ့မှ သလင်းကျောက်တုံးကြီး ရုတ်တရက် လင်းလက်လာသည်။ ထို့နောက် လူရိပ်တစ်ခု တဖြည်းဖြည်း ပုံဖော်လာသည်။

အလွန် ချောမောခန့်ညားသော အမျိုးသားတစ်ဦး။ အရာခပ်သိမ်းကို လွှမ်းမိုးထားနိုင်သည့် အရှိန်အဝါရှိသူ။ အလွန်တရာ တည်ငြိမ်ရင့်ကျက်သူ။ အလွန် ခမ်းနားထည်ဝါသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ ပုံရိပ်သည် တုပိုင်၏ ရှေ့တွင် ပေါ်လာသည်။

ထိုအမျိုးသားကို မြင်လိုက်ရသောအခါ တုပိုင် မှင်သက်သွားသည်။ သူ၏ ပထမဆုံး ဗီဇအလျောက် တုံ့ပြန်မှုမှာ ဤအမျိုးသားသည် ဧကရာဇ် ထျန်ယွင်ထက်ပင် ဧကရာဇ်တစ်ပါးနှင့် ပိုတူနေသည် ဟူ၍တွေးမိခြင်းပင်ဖြစ်၏။

တိုင်းပြည်ကို အုပ်ချုပ်သော ဧကရာဇ်သည် ဤအမျိုးသားနှင့် ယှဉ်လိုက်လျှင် သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်သွားရသည်။ ဤအမျိုးသားကမှ စစ်မှန်သော ဧကရာဇ်တစ်ပါးကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

ဤအမျိုးသား၏ ဆွဲဆောင်မှုသည် အတိုင်းအဆမဲ့ လွှမ်းမိုးထားသည်။ သူ့ရှေ့တွင် မည်သည့် အမျိုးသားမဆို အသုံးမကျသူများ ဖြစ်သွားနိုင်သည်။

ကျီချင်းကျူသည် မူလက ယောက်ျားပီသသော ဆွဲဆောင်မှုနှင့် စိတ်ဓာတ်ခွန်အားများ ပြည့်ဝသူ ဖြစ်သော်လည်း သူ၏ ရှေ့တွင် ရုတ်တရက် သေးသိမ်သွားသည်။

ဤအမျိုးသားသည် အမှန်တကယ်ပင် ရဲရင့်ခြင်း တောင်တန်းကြီး ဖြစ်သည်။ မလှုပ်မယှက် ရှိနေသော်လည်း တောင်တန်းကြီးများ၊ သမုဒ္ဒရာကြီးများကဲ့သို့ ကြီးကျယ်ခမ်းနားသည်။ ခန့်မှန်းနေစရာ မလိုဘဲ တုပိုင် သိလိုက်သည်မှာ ဤသူသည် သိုင်းလောက ဧကရာဇ် နင်တောက်ရွှမ် ဖြစ်သည်။

သို့သော် သိသာထင်ရှားစွာပင် နင်တောက်ရွှမ်သည် ယခုအချိန်တွင် အဝေးတစ်နေရာ၌ ရှိနေသည်။ သို့သော် အဘယ်ကြောင့် သူ၏ ပုံရိပ်သည် ဤသလင်းကျောက်တုံးမှတစ်ဆင့် တုပိုင်ထံသို့ ရောက်လာသနည်း။

မိုင်ထောင်ချီ အဝေးမှ ပုံရိပ်ယောင် ထင်ဟပ်စေခြင်းလော။ ဤသည်မှာ တာ့နင်အင်ပါယာ၏ စွမ်းအင်အခြေအနေနှင့် လုံးဝ မကိုက်ညီပေ။ ပေမင်ဓားဂိုဏ်းက ဤမျှပင် အစွမ်းထက်နေသည်လား။ သို့မဟုတ် ဗီဇအလျောက် ဝင်ရောက်လာသော အခြားကမ္ဘာမှ စွမ်းအင်များရှိသည့် ဥမင်လိုဏ်ခေါင်းများသည် လူတစ်ယောက်၏ ပုံရိပ်ကို မိုင်ထောင်ချီ အဝေးသို့ စေလွှတ်နိုင်လောက်အောင် စွမ်းအားကြီးမားနေခြင်းလော။

သို့မဟုတ် နင်တောက်ရွှမ်ကပင် ဤမျှ အစွမ်းထက်နေခြင်းလော။ အတိုချုပ် ပြောရလျှင် နင်တောက်ရွှမ်၏ ပုံရိပ် ပေါ်လာခြင်းသည် ဤကမ္ဘာ၏ စွမ်းအင်အပေါ် တုပိုင်၏ အမြင်ကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေသည်။

“တုပိုင်... မင်းက တျန်ဂျီကျွန်းသခင် ရာထူးကို ဆက်ခံခဲ့ပြီး ပေမင်ဓားဂိုဏ်း အကြီးအကဲများကောင်စီရဲ့ အတည်ပြုချက်ကို ရရှိခဲ့ပြီ။ ငါ အခု မင်းကို ပေမင်ဓားဂိုဏ်းရဲ့ တျန်ဂျီကျွန်းသခင်အဖြစ် တရားဝင် ခန့်အပ်လိုက်တယ်” နင်တောက်ရွှမ်က ပြောလိုက်သည်။ “ဒါပေမဲ့ ယခင် တျန်ဂျီကျွန်းသခင်က ကြီးမားတဲ့ အမှားကြီးတစ်ခု လုပ်ခဲ့တဲ့အတွက် တျန်ဂျီကျွန်းဟာ အခုအချိန်မှာ မဟာအန်ချိုကျွန်းရဲ့ စောင့်ကြည့်မှုနဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိနေဦးမယ်။ ဒါပေမဲ့ လုံလောက်တဲ့ ဂိုဏ်းအတွက်ကောင်းကျိုးကုသိုလ်တွေ လုပ်ဆောင်နိုင်ခဲ့ရင် တျန်ဂျီကျွန်းဟာ တစ်ဖန် ပြန်လည် လွတ်လပ်ခွင့် ရနိုင်ပါတယ်”

သူ တွေးထင်ထားသကဲ့သို့ မဟုတ်ဘဲ နင်တောက်ရွှမ်၏ အသံသည် အလွန် ငြိမ်းချမ်းပြီး ကျီချင်းကျူ၏ အသံထက်ပင် ပိုမို ငြိမ်းချမ်းကာ တမင်သက်သက် လုပ်ယူထားသော ခန့်ညားမှု လုံးဝ မပါရှိပေ။

“ဒါပေါ့... ဒီလောက် အသေးအဖွဲကိစ္စကို ငါကိုယ်တိုင် ရှင်းပြနေစရာ လိုမည်မထင်” နင်တောက်ရွှမ်က ပြောလိုက်သည်။ “မင်းမှာ သာမန် ပါရမီပဲ ရှိပေမဲ့ ကံတရားတော့ ကောင်းတယ်။ မင်းက မဟာအန်ချိုကျွန်းပေါ်က သက်ရှိပေါင်း တစ်ထောင်ကျော်ကို ကယ်တင်ခဲ့ပြီး ကြီးမားတဲ့ စွမ်းဆောင်ရည်တစ်ခုကို တည်ဆောက်နိုင်ခဲ့တယ်။ မင်းရဲ့ အတိတ်ကို ငါ သိပြီးပြီ။ စာပေနဲ့ အနုပညာ စွမ်းရည်တွေက အရမ်း မြင့်မားတယ်။ အပြင်ပန်းက ဆိုးသွမ်းတယ်လို့ ထင်ရပေမဲ့ အတွင်းစိတ်က ဖြောင့်မတ်ပြီး သဘောထား သိမ်ဖျင်းကာ အစွန်းရောက်တယ်”

ပေမင်ဂိုဏ်းချုပ် နင်တောက်ရွှမ် ခဏ ရပ်လိုက်ပြီး ဆက်ပြောသည်။ “ဒါကြောင့်... မင်း ပေမင်ဓားဂိုဏ်းရဲ့ အနာဂတ် ဂိုဏ်းချုပ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆန္ဒရှိလား”

ဤစကား ထွက်ပေါ်လာသည်နှင့် တုပိုင် လုံးဝ တုန်လှုပ်သွားသည်။ စကားပင် မပြောနိုင်တော့လောက်အောင် ဖြစ်သွားသည်။ သိုင်းလောက ဧကရာဇ် ၊ ပေမင်ဂိုဏ်းချုပ် နင်တောက်ရွှမ်က သူ့ကို တွေ့ဆုံသည်မှာ ဤကိစ္စအတွက် ဖြစ်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

သူက သူ့ကိုယ်သူ အစွမ်းထက်သည်ဟု ထင်ပြီး ကံကောင်းသည်ဟု ထင်သော်လည်း ပေမင်ဓားဂိုဏ်းချုပ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ တစ်ဖက်လူက ကမ်းလှမ်းလာခြင်းလား။ တုပိုင်တစ်ယောက် ကြောင်အသွားပြီး ဇဝေဇဝါပင်ဖြစ်သွားရ၏။

“အံ့သြမနေနဲ့” နင်တောက်ရွှမ်က ပြောလိုက်သည်။ “မင်း အခု အရမ်း အားနည်းနေပေမဲ့ ကောင်းကင်ပြစ်ဒဏ်ကို ခံနိုင်ရည်ရှိပြီး မသေဘဲ ရှင်ကျန်ခဲ့တယ်။ ဒါက ကောင်းကင်ဘုံရဲ့ ကံတရားကို ကိုယ်စားပြုနေတာပဲ။”

​“အင်ပါယာတစ်ခုရဲ့ ဧကရာဇ်ပဲဖြစ်ဖြစ်... ပေမင်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲဖြစ်ဖြစ်... အရေးအကြီးဆုံး လိုအပ်ချက်က ပြိုင်ဘက်ကင်း သိုင်းပညာ မဟုတ်ဘူး... မြင့်မြတ်တဲ့ အကျင့်စာရိတ္တလည်း မဟုတ်ဘူး...။ အရေးအကြီးဆုံးက တစ်ခုတည်းသော အရာ... အဲဒါက ကောင်းကင်ဘုံက ပေးတဲ့ ကံတရားပဲ”

အပိုင်း (၄၁၆) ပြီး၏။

All Chapters