ထွက်သွား
Vol. 47 Ch. 654
ကျန်းရီသည် ယခုအခေါက်တွင် ကောင်းကင်ဘုံကျောက်တုံး ရာချီ အသုံးပြုခဲ့ပြီး ဟူစန်းကို စုစုပေါင်း ကောင်းကင်ဘုံကျောက်တုံး တစ်ထောင်ကျော် ပေးလိုက်၏။ နောက်ဆုံးတွင် ကောင်းကင်မိုးကြိုးမြို့နှင့် ပတ်သတ်သည့် အခြေခံ အချက်အလက်များ ရပြီဖြစ်ကာ သူတို့၏ ပြဿနာကို နားလည်ပြီဖြစ်သည်။
ဤကြီးမားသည့် ရှန်းစီကျွန်းသည် ဝိညာဉ်ပုလဲနောက်ကို လိုက်နေသည့် နဂါးကိုးကောင်ပမာ ကျဉ်းမြောင်းသည့် ကျွန်းလေးများဖြင့် ဝန်းရံခြင်း ခံနေရသည်။ သူတို့က ကျဉ်းမြောင်းသည့် ကျွန်းလေးထဲမှ တစ်ကျွန်းဖြစ်သည့် နဂါးဖြူကျွန်းပေါ်တွင် ရှိနေတာဖြစ်သည်။ ယင်းက မဟာမျိုးနွယ်စု (၁၃)စုထဲမှ တစ်စုဖြစ်သော လုမျိုးနွယ်စု၏ နယ်မြေဖြစ်သည်။
ကောင်းကင်မိုးကြိုးမြို့သည် အသစ်ရောက်လာသူများအတွက် သူတို့၏အလုပ်ကို ပြီးမြောက်အောင်လုပ်ရန် နေရာတစ်ခု ဖြစ်ရုံသာမက လုမျိုးနွယ်စု၏ စည်းမျဉ်းများကို ချိုးဖြတ်သည့် လူများအတွက်လည်းဖြစ်သည်။ ဥပမာအနေဖြင့် မြို့ထဲတွင် စတင်တိုက်ခိုက်ပြီး လုမျိုးနွယ်စုဝင်များ၏ ထိန်းသိမ်းခြင်းကို ခံခဲ့ရလျှင် ရွေးချယ်စရာ နှစ်ခုရှိ၏။ ပထမတစ်ချက်က သေဒဏ်ဖြစ်ပြီး ဒုတိယတစ်ချက်က ကောင်းကင်မိုးကြိုးကျွန်းပေါ်၌ ဆယ်နှစ် လုပ်အားပေးရမှာပဲဖြစ်သည်။
ထို့ကြောင့် ကောင်းကင်မိုးကြိုးမြို့၏ လူဦးရေက အတော်မြင့်နေတာပဲဖြစ်သည်။ နေထိုင်သူ လူဦးရေ အနည်းဆုံးနှစ်သောင်းရှိသည်။ လူများစွာ ရှိသည့်နေရာတွင် ဂိုဏ်းများ အမှောင်အင်အားစုများ ရှိတတ်သည်။ သန်မာသော ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်များက ဤနေရာတွင် ထာဝရနေထိုင်ရန် ဆုံးဖြတ်ချက် ချခဲ့ကြ၏။ သူတို့က အုပ်စုဖွဲ့ပြီး အနိုင်ကျင့်သူများ ဖြစ်လာကြသည်။
သူတို့၏ အင်အားကို အားထားပြီး ငွေကြေးများကို လုယူကြ၏။ ဟူစန်းက အင်အားစု၏ တစ်စိတ်တစ်ပိုင်း ဖြစ်ရန်အလို့ငှာ ဆယ်ရက်လျှင် မိုးကြိုးကျောက်တုံးတစ်တုံး ပေးရမည်ဟုဆိုခဲ့သည်။ အကြီးမားဆုံး အင်အားစုများ၏ အဆင့်မြင့် အဖွဲ့ဝင်များက အပြင်ထွက်ပြီး မိုးကြိုးကျောက်တုံးများကို မတူးထုတ်ကြပေ။ သူတို့က အပြင်ထွက်ပြီး အေးအေးလူလူ နေနေကြ၏။ လစဉ်လတိုင်း ဆက်သသည့် မိုးကြိုးကျောက်တုံးများက အင်အားစု တစ်စုလျှင် အနည်းဆုံး လက်အောက်ငယ်သား တစ်ထောင်ရှိကြသည်။
မိုးကြိုးကျောက်တုံးကို မြို့အရှင်၏ အိမ်တော်၌ ကုသိုလ်မှတ်များဖြင့် လဲလှယ်နိုင်သည်။ ကုသိုလ်မှတ်များကို အပြစ်သားကျွန်းပေါ်၌ အသုံးပြုနေကြဖြစ်ပြီး ယင်းကအလွန် အသုံးဝင်၏။ သို့သော် ဟူစန်းက ကုသိုလ်မှတ်များ၏ အသုံးပြုမှု အတိအကျကို မရှင်းပြခဲ့ပေ။
ကျန်းရီ၌ ယခုအချိန်၌ ရွေးချယ်စရာ နှစ်ခုရှိသည်။ သူက အစွမ်းထက်သော အင်အားစုတစ်စုကို ဝင်လျှင်ဝင် မဟုတ်လျှင် ကိုယ်ပိုင်အင်အားစုကို စတင်ခြင်းဖြစ်သည်။ သို့သော် ဒုတိယတစ်မျိုးကို ရွေးချယ်သည့် သူများကမူ အဆုံးသတ် မကောင်းတတ်ကြပေ။ သူတို့က မဟာအင်အားစုကြီး ဆယ်စု၏ လူများပစ်မှတ်ထားတာ ခံရပြီး အရှေ့ဘက် မြို့ဂိတ်ဝမှ ထွက်သွားသည်နှင့် အညှာအတာမဲ့စွာ သတ်ခံရလေ့ရှိသည်။
ကျန်းရီ၊ ဖုန်းလန်နှင့် ရွှေရောင်မျောလွင့်နဂါးက သေသွားသည်နှင့် ကျန့်ဝူရှန်းနှင့် ကျန်သည့်သူများက သူတို့ကိုယ်တိုင် ကောင်းကင်ဘုံကျောက်တုံးများ ထွက်ရှာရပေမည်။ သူတို့၏ သေးသိမ်သော ခွန်အားလေးဖြင့် ပိုတောင် ရက်စက်သည့်နည်းဖြင့် သေလောက်သည်။ နောက်ဆုံးတွင် အားလုံးသေရမှာပဲဖြစ်သည်။
သို့သော် ကျန်းရီသည် အင်အားစုများ၏ ထိန်းချုပ်မှုကို ရှာဖွေမည့်လူလော။ ဆယ်ရက်လျှင် ကောင်းကင်ဘုံကျောက်တုံး တစ်တုံးသာ ပေးရမည်က တစ်ခုတည်းသော ရွေးချယ်မှုဆိုလျှင် လက်လွှတ်ခံမည်။ သို့သော် ဟူစန်း ထွက်သွားချိန်၌ သူ့ကို အသံပို့လာပြီး အဖွဲ့မှူးလီ၏ မျက်နှာသာပေးမှုကို အနိုင်ရရန် အလွန်ရိုးရှင်း၏။ ကျန်းရီက လဒ်ထိုးရန်သာ လိုအပ်ပြီး ယင်းက တန်ဖိုးရှိသော ရတနာ သို့မဟုတ် လူတစ်ယောက် ပေးရမည်ဖြစ်သည်။
ဧကရီနန်းတော် သို့မဟုတ် မီးတိမ်သံချပ်ကာကိုပေးခြင်း သို့မဟုတ် ဖုန်းလန်နှင့်အဖွဲ့ မည်သည်ကမှ ညှိနှိုင်း၍မရပေ။ ကျန်းရီက သူ၏စိတ်ကို ထိန်းထားလေ၏။ ဤနေရာ၌ အကြမ်းဖက်ခြင်းကို ခွင့်မပြုထားပေ။ မဟုတ်လျှင် ဟူစန်းသည် အစောထဲက သေလူဖြစ်ပြီးသားပင်ဖြစ်သည်။
“ဟူး”
ဟူစန်းထွက်သွားပြီးနောက် ကျန်းရီက သက်ပြင်းရှည် ချလိုက်ပြီး လူအုပ်ကြီးက မှုန်မှိုင်းနေပြီး စိတ်ဓာတ်တက်ကြွမှု မရှိတော့တာကို သူရှာတွေ့လိုက်၏။ ရှာတွေ့သောအခါ ပြုံးပြီးပြောလိုက်တော့သည်။
“မင်းတို့တွေ စိတ်မပူနဲ့။ အဆိုးဆုံးမှာ ဒီမြို့ထဲကနေ မင်းတို့ကို ခေါ်သွားပြီး ခိုလှုံဖို့ တခြားနေရာရှာတာပေါ့။ ငါတို့သွားချင်တဲ့နေရာ သွားလို့ရသေးတယ်”
ဖုန်းလန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“အမှန်ပဲ အားလုံး စိတ်မပူကြနဲ့။ သခင်လေးက ရှီးမျိုးနွယ်စုနဲ့ ကျန့်မျိုးနွယ်စုရဲ့ လိုက်တာကနေတောင် အသက်ရှင်ခဲ့သေးတာ။ ဒီလိုသေးငယ်တဲ့ အပြစ်သားကျွန်းလေးက အင်အားကြီး မျိုးနွယ်စုနှစ်စုထက် ပိုကြောက်ဖို့ကောင်းမှာတဲ့လား”
ကျန့်ဝူရှန်း ယွင်ဖေးနှင့် ကျန်သည့်သူများက အတိတ်တုန်းက အကြောင်းအရာများကို မသိခဲ့ပေ။ သို့သော် သူတို့က များများစားစား မမေးဘဲ တည်ငြိမ်နေကြ၏။ ကျန်းရီက သူတို့ကို ယခုအချိန်ထိ အသက်ရှင်လျက်ရှိအောင် ထိန်းထားနိုင်သောကြောင့် သူဆက်လက် ထိန်းထားနိုင်မှာ သေချာ၏။ ခွန်အားကို တိုးတက်အောင် လုပ်ရန်သာ လိုအပ်သည်။ သို့မှသာ နောင်တွင် သူ၏ဝန်ထုတ်ဝန်ပိုး ဖြစ်မည့်အစား ကျန်းရီအတွက် အသုံးဝင်လာကြမှာပဲဖြစ်သည်။
“ဝမ်ကွမ်း မင်းလုပ်တာ ကောင်းတယ်။ ဗာဂျရာနယ်ပယ်ကို ရောက်လာတဲ့အတွက် ဂုဏ်ယူတယ်ကွာ”
ကျန်းရီက ချမ်ဝမ်ကွမ်းဘက်လှည့်ပြီးနောက် အသိအမှတ် ပြုလိုက်သည်။ ပျင်းရိသည့် ချမ်ဝမ်ကွမ်းကမူ အချိန်ကြာမြင့်စွာ တံခါးပိတ် ကျင့်ကြံခဲ့ပြီး ဗာဂျရာနယ်ပယ်သို့ အဆင့်တက်လှမ်းနိုင်ခဲ့သည်။ ယင်းက အမှန်တကယ် ရှားပါးပေ၏။
“ဟီး ဟီး”
ချမ်ဝမ်ကွမ်းက အနေခက်ပြီး သူ့ကိုယ်သူ ကုပ်လိုက်ကာ ပြောလိုက်၏။
“ခေါင်းဆောင် ခေါင်းဆောင်က ကြင်နာလွန်းပါတယ်။ ဒီလောက် ခက်ခက်ခဲခဲ မကြိုးစားရင်း လူတစ်ယောက်ဖြစ်ဖို့ ထိုက်တန်ပါအုံးမလား”
ကျန်းရီက ခေါင်းညိတ်ပြီးနောက် ကျန်းရှောင်နူကို ကြည့်လိုက်သည်။ ပြီးနောက်သူက သိမ်မွေ့စွာ မေးလိုက်၏။
“ရှောင်နူ မင်းရဲ့ကျင့်ကြံဆင့်ကရော။ ဒုတိယအဆင့်ကို ကျော်ဖြတ်တက်သွားပြီလား”
“အွန်း”
ကျန်းရှောင်နူက ခပ်ဖျော့ဖျော့ပြုံးပြီး တီးတိုးပြောလိုက်လေ၏။
“ဒုတိယအဆင့်ရဲ့ ကျင့်စဉ်တွေကို ဆင်ခြင်နေရုံပဲ။ ဒါပေမဲ့ ဖြစ်စဉ်တွေကို အောင်မြင်အောင် လုပ်နိုင်ဖို့က ရှိသေးတယ်”
“အသွင်ပြောင်းပြီးတဲ့နောက် မင်းရဲ့ခွန်အားကရော သာမာန် ကောင်းကင်ဧကရာဇ် တစ်ယောက်ကို အပြီးသတ်နိုင်လောက်လား”
ကျန်းရီ၏ မျက်လုံးက လက်လာပြီး စိတ်လှုပ်ရှားလာ၏။ အားလုံးက ထိတ်လန့်သွားသည်။ ယွင်ဖေးနှင့် ချမ်ဝမ်ကွမ်းက စိတ်လှုပ်ရှားနေကြ၏။ ဖုန်းလန်နှင့် ချင်ယွီက သူမကို တအံ့တသြ ကြည့်နေသည်။ သူမတံခါးပိတ် ကျင့်ကြံတာ သိပ်မကြာသေးဘဲ အဆင့်တက်သွားပြီတဲ့လား။
“မသေချာဘူး”
ကျန်းရှောင်နူက ခေါင်းခါပြီးနောက် ပြောလိုက်သည်။
“ညီမရဲ့ခွန်အား အတိအကျကိုသိဖို့ အသွင်ပြောင်းရမယ်။ ဒါပေမဲ့ လက်ရှိခွန်အားက အရင်ထက် ဆယ်ဆပိုကြီးလာပြီလို့ထင်တယ်”
ရွှီး ရွှီး
လူတိုင်းက အထိတ်တလန့်ဖြင့် ပင့်သက်ရှိုက်မိသွားကြသည်။ ကျန်းရှောင်နူသည် အတိတ်တုန်းက အမြင့်ဆုံးအဆင့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တစ်ဦးနှင့် ယှဉ်နိုင်ခဲ့၏။ ယခုမူ သူမ၏ခွန်အားက ဆယ်ဆတိုးလာပြီဖြစ်သည်။ ကောင်းကင်ဧကရာဇ်နယ်ပယ် ဒုတိယ သို့မဟုတ် တတိယအဆင့်သို့ ရောက်နေမှာ သေချာ၏။ ဤထူးခြားသော မျိုးနွယ်စုက စွမ်းဆောင်ရည် ကြီးမားလွန်းလှသည်။
ကျန်းရီကလည်း ထိတ်လန့်သွား၏။ မင်ရည်ငှက်မွှေး နတ်ဘုရားသိုင်းက ဒုတိယအဆင့်သာ ရှိသေးသည်။ သူမက အဆင့်နှစ်၏ အမြင့်ဆုံးအဆင့်သို့ ရောက်အောင် ကျင့်ကြံနိုင်ခဲ့လျှင် သူမက ကောင်းကင်ဧကရာဇ် နယ်ပယ် အမြင့်ဆုံးအဆင့်ကို ရောက်မည်မဟုတ်ပါလော။ ဒုတိယအဆင့် ပြီးနောက် တတိယအဆင့်သာ ရောက်နိုင်ခဲ့လျှင်
ယင်းက ကျန်းရီ၏ မှန်းဆမှုကို ကျော်လွန်နေသည်။ ရင်ထဲ၌ အံ့သြမှုများ ပြည့်သွား၏။ မင်ရည်တောင်ပံ မျိုးနွယ်စု၏ သမိုင်းကြောင်းကို သိချင်သွားသည်။ ယင်းက အရှေ့ပိုင်း တော်ဝင်နယ်မြေရှိ ခွန်အားကြီးသော မျိုးနွယ်စု ဖြစ်နိုင်သည်လော။ ဖုန်းလန်နှင့် ကျန်သည့်သူများက ရှင်းရှင်းလင်းလင်း မသိတာ နှမြောစရာ ကောင်းလှသည်။ သူတို့ကိုမေးရန် အခွင့်အရေး မရခဲ့ချေ။
“ဟုတ်ပြီ”
ကျန်းရီက စိတ်အားထက်သန်စွာ ပြောလိုက်၏။
“အားလုံးပဲ နှစ်ရက်နေပြီးရင် မြို့အရှေ့ဘက်ကို သွားကြမယ်။ တိတ်ဆိတ်တဲ့နေရာကို ရှာကြရအောင်။ ဧကရီနန်းတော်ကို ထုတ်လိုက်မယ်။ ဝမ်ကွမ်း၊ ဝူရှန်း၊ ယွင်ဖေးတို့က အထဲဝင်ပြီး ဆက်လက်ကျင့်ကြံကြ။ ကျန်တဲ့လူတွေက အပြင်မှာနေမယ်။ ငါတို့ကို ထိခိုက်အောင် တစ်ယောက်ယောက်က လုပ်ရဲရင် သူ့ကိုအရင် သတ်လိုက်မယ်။ အလွန်ဆုံးမှ ကောင်းကင်ရှောင်တိမ်းခြင်းနဲ့ မင်းတို့ကို ခေါ်သွားရုံပေါ့။ တစ်လောကလုံး လှည့်လည်သွားလာကြရအောင်။ လောကကြီးက ကြီးမားလွန်းတယ်။ ငါတို့အတွက် နေစရာနေရာ ရှိမှာပဲ”
“ဟုတ်ပြီ”
အားလုံးက ထောက်ခံကြောင်း ခေါင်းညိတ်လိုက်၏။ သူတို့က ကျန်းရီ၏ ဆုံးဖြတ်ချက်ကို အမေးထုတ်တာ ရှားပါးလွန်းသည်။
ဘီး
ထိုစဉ် ခြံဝင်းဘေးနားတစ်ဝိုက် အရံအတားက လှုပ်သွားသည်။ ကျန်းရီက စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး အရံအတားကို ဖွင့်ခိုင်းလိုက်၏။ သူက ကောင်းကင်စိတ်အာရုံဖြင့် ဖြန့်ကျက်ကြည့်လိုက်ရာ အပြင်ဘက်တွင် လူငယ် သိုင်းပညာရှင်တစ်ဦး ရပ်နေပြီး တံခါးကို ဖြေးဖြေးချင်း ခေါက်နေတာ တွေ့လိုက်ရသည်။
“မင်းကဘယ်သူလဲ။ ဘာကိစ္စလဲ”
ကျန်းရီက အသံပို့လိုက်သည်။
ဗာဂျရာနယ်ပယ် ပထမအဆင့်သာ ရှိသေးသည့် လူငယ်လေးဖြစ်၏။ သူက အတွင်းကို ကောင်းကင်စိတ်အာရုံဖြင့် ကြည့်ပြီးနောက် အသံပို့လိုက်၏။
“ကျုပ်က အဖွဲ့မှူးလုံရဲ့ လက်အောက်ငယ်သားပါ။ မင်းဆီကို သတင်းစကားတစ်ခု ပို့ခိုင်းလိုက်လို့။ ရောင်စုံ ဖီးနစ်ဝတ်ရုံ ဝတ်ထားတဲ့ မိန်းကလေး သူ့ကိုပေးရင် မင်းကို ကောင်းကင်မိုးကြိုးမြို့ထဲမှာ ဘေးကင်းစေရမယ်လို့ပြောတယ်”
သူကဖုန်းလန်ကို ဆိုလိုတာဖြစ်၏။ ကျန်းရီက ဒေါသထွက်ပြီး အော်လိုက်လေ၏။
“ထွက်သွား”
အပြင်ဘက်ရှိ လူငယ်က အမူအရာ ပြောင်းလဲသွားကာ အသံထပ်ပို့လိုက်ပြန်သည်။
“အဖွဲ့မှူးလုံ ဘယ်သူလဲဆိုတာ သိလား။ ငြင်းရင် ဘာဖြစ်မလဲဆိုတာ မင်းသတိပြုမိရဲ့လား ဟမ် ဟေ့ကောင် မင်းအဲ့လောက် ခေါင်းမာနေရင် ငါးရက်ထက်ပိုပြီး အသက်မရှင်ဘူးဆိုတာ အာမခံတယ်”
“ဒီလိုလား”
ကျန်းရီ၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ်များ ပေါ်လာပြီး အေးတိအေးစက် အော်ပြောလိုက်သည်။
“ဒါဆိုရင် အခုမြို့ပြင်ထွက်လျှောက်ပြီး မင်းငါ့ကို လူတစ်ယောက်ဖြစ်အောင် သင်ပေးရင်ရော ဘယ်လိုလဲ”
“ဟမ့်”
လူငယ်က သူ့ကိုရန်စရန် သတ္တိမရှိပေ။ ဆိုရလျှင် ကျန်းရီဘက်ခြမ်း၌ ကောင်းကင်ဧကရာဇ် သိုင်းပညာရှင် ရှိနေ၏။ သူက နှာခေါင်းရှုံ့ကာ အသံပို့လိုက်၏။
“ကျေးဇူးမသိတတ်တဲ့ ခွေးသား စောင့်ကြည့်နေလိုက်”
ထိုလူငယ် ထွက်သွားချိန်တွင် ကျန်းရီ၏အကြည့်က ပိုတောင်အေးစက်သွားပြီး နောက်ထပ် လူတစ်ယောက်က ထွက်လာ၏။ သူအနားတောင် မကပ်ရသေးခင် သူ၏ကောင်းကင်စိတ်အာရုံက ကျန်းရီပေါ်သို့ ရောက်သွား၏။ သူကပြောသည်။
“ဟေ့ကောင် အစ်ကိုပထောင်ကပြောတယ်။ သူက ဒီကမိန်းမလှ လေးယောက်ထဲက နှစ်ယောက်ပဲလိုတယ်”
ကျန်းရီက အသံမပို့တော့ဘဲ ဒေါသတကြီး အော်လိုက်လေ၏။
“ထွက်သွား”
သူက ကျယ်လောင်စွာ အော်လိုက်လေရာ လမ်းမတစ်ခုလုံးက သူ၏အသံဖြင့် ပဲ့တင်သံ ထပ်သွားတော့သည်။ ပွဲကို ခြံဝင်းထဲကနေ ကြည့်နေသည့် လူများစွာက ပိုတောင်ပြုံးလိုက်ကြ၏။ နောက်ရက်အနည်းငယ်အတွင်း ကောင်းကင်မိုးကြိုးကျွန်းက ပိုစိတ်လှုပ်ရှားစရာ ကောင်းလာတော့မည့်ပုံ ပေါ်သည်။ အသစ်ရောက်လာသူက ကြမ်းတမ်းသည့် စိတ်သဘောထားရှိ၏။
သို့သော် သုံးရက်ကြာပြီးသည့်နောက် သူ၏မာကြောသော ပုံစံကို ဆက်လက် ထိန်းထားနိုင်ပါ့မလားဆိုတာ သူတို့သံသယဖြစ်မိသည်။
***