← Chapters

ဂူဗိမာန်ထဲသို့ ဝင်ရောက်ခြင်း...

Vol. 66 Ch. 934

ဂူဗိမာန်ထဲသို့ ဝင်ရောက်ခြင်း...

Vol. 66 Ch. 934

လင်းယွမ်က ရွှမ်ဟွမ်စကြာဝဠာထဲသို့ ပထမဆုံး ဝင်ရောက်ချိန်တွင် နေရာအနှံ့ကို လိုက်လံရှာဖွေရန် သူ၏ ကိုယ်ပွားများကို စေလွှတ်ခြင်းမပြုခဲ့ပေ။ သူက သားရေချပ်မြေပုံပေါ်မှ ရတနာရှိသည့်နေရာများကို ဖော်ပြမိမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ရွှမ်ဟွမ်စကြာဝဠာအတွင်းမှ ရတနာရှိသည့် နေရာများက အလွန်လျို့ဝှက်လွန်းလှသည်။ လင်းယွမ်ကိုယ်တိုင်ပင် သားရေချပ်မြေပုံမရှိဘဲ ထိုအရာများကို အချိန်တိုအတွင်း ရှာဖွေတွေ့ရှိရန် ခက်ခဲပေသည်။

ထို့အပြင် ရတနာများကို ရှာဖွေရန် ကိုယ်ပွားများကို စေလွှတ်လိုက်ခြင်းက အခြားမဟာသူတော်စင်များကိုလည်း လမ်းညွှန်ပေးလိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။ သို့သော် ယခု ရွှမ်ဟွမ်စကြာဝဠာတစ်ခုလုံးတွင် လင်းယွမ်မှလွဲ၍ ဖရိုဖရဲအရှင်သခင်အချို့သာ ရှိတော့သည်။

လင်းယွမ်၏ လက်ရှိခွန်အားနှင့် ကိုယ်ပွားရာချီ စေလွှတ်လိုက်လျှင်တောင် ကိုယ်ပွားတစ်ခုစီက ဖရိုဖရဲအရှင်သခင်အဆင့်နှင့် နီးစပ်သော စွမ်းအားကို ထုတ်ဖော်နိုင်လေသည်။ ထိုဖရိုဖရဲအရှင်သခင်များကို ကိုင်တွယ်ရန်မှာ သူ့အတွက် ပြဿနာမဟုတ်ပေ။ ထို့အပြင် သူတို့ကလည်း လင်းယွမ်ကို ရင်ဆိုင်ရဲမည်မဟုတ်ပေ။

လင်းယွမ်က ရွှမ်ဟွမ်ဂူဗိမာန်သို့ ဦးတည်နေစဉ် စိတ်အသိအချို့ကို အတွင်းစကြာဝဠာထဲသို့ ပို့လွှတ်လိုက်သည်။

" ဒီအမှောင်ကောင်းကင်နှလုံးသားက ငါ့အပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာ သိချင်မိတယ်။ " လင်းယွမ်က သူ၏ ရှေ့ရှိ အနက်ရောင်သလင်းကျောက်ကို ကြည့်လိုက်သည်။

အခြားမဟာသူတော်စင်များက အမှောင်ကောင်းကင်နယ်ပယ်နှင့် ယှဉ်နိုင်သော နည်းစနစ်မျိုး မရှိကြပေ။ ထို့ကြောင့် သူတို့က အမှောင်ကောင်းကင်နှလုံးသားကို ရရှိလျှင် သူတို့အတွက် အသုံးဝင် မဝင်ကို စဉ်းစားနေမည်မဟုတ်ပေ။ ရန်သူကို ဖိနှိပ်ချုပ်နှောင်နိုင်သော စွမ်းရည်ကို ပိုင်ဆိုင်ရန် မဟာသူတော်စင်များစွာ၏ အိပ်မက်ပင် ဖြစ်သည်။

လင်းယွမ်က အမွှာရင်းမြစ်၊ ဟေးယောင်နှင့် အခြားမဟာသူတော်စင်များကို ဖိနှိပ်နိုင်ခြင်းမှာ ပြင်ပကမ္ဘာ၏ စွမ်းအားကို အခြေခံထားခြင်းဖြစ်သည်။ ပြင်ပကမ္ဘာသာမရှိလျှင် လင်းယွမ်၏ တိုက်ခိုက်ရေးစွမ်းအားက မဟာသူတော်စင်ကိုးယောက်လုံးထက် သာလွန်နေလျှင်တောင် သူတို့အားလုံးကို တစ်ပြိုင်နက် ဖိနှိပ်ထားရန် ခက်ခဲပေလိမ့်မည်။

ထို့ကြောင့် လင်းယွမ်က အချိန်လေဟာနယ်နယ်ပယ်တွင် ကမ္ဘာစွမ်းရည်ရှိနေသောကြောင့် ထိုနှလုံးသားက သူ၏ စွမ်းရည်နှင့် ထပ်တူကျနေမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

" ဒါကို သန့်စင်ပြီး စမ်းကြည့်ရမှာပေါ့။ " လင်းယွမ်က ခဏစဉ်းစားပြီးနောက် ထိုနှလုံးသားကို ချက်ချင်း စတင်သန့်စင်လိုက်သည်။

အမှောင်ကောင်းကင်နှလုံးသားကဲ့သို့ ပြိုင်ဘက်ကင်းမဟာသူတော်စင်အဆင့် ရတနာတစ်ခုကို သူကိုယ်တိုင်အတွက် အသုံးပြုခြင်းက အကောင်းဆုံးဖြစ်သည်။ ၎င်းက သူ့အပေါ် သက်ရောက်မှုလုံးဝမရှိမှသာ လင်းယွမ်က ၎င်းကို လဲလှယ်ရန် ရွေးချယ်ပေလိမ့်မည်။

ဝုန်း...

ကြီးမားသော စကြာဝဠာ၏ စွမ်းအားက အနက်ရောင်သလင်းကျောက်ကို စတင်သန့်စင်လိုက်ပြီး အမှောင်ကောင်းကင်စွမ်းအားများ ထွက်ပေါ်လာသည်။ ထိုစွမ်းအားက အလွန်ထူးခြားပြီး အတွင်းစကြာဝဠာ၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။

" အသုံးဝင်တာပဲ။ " လင်းယွမ်က ပြုံးလိုက်သည်။ သူက နှလုံးသားကို သန့်စင်နေချိန်အတွင်း အတွင်းစကြာဝဠာ၏ အခြေခံအုတ်မြစ်က အရှိန်တစ်ခုဖြင့် မြင့်တက်လာနေသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။

ခဏကြာသောအခါ လင်းယွမ်က မျက်လုံးများဖွင့်လိုက်သည်။ ယခုအချိန်တွင် အနက်ရောင်သလင်းကျောက်က လုံးဝ ပျောက်ကွယ်သွားပြီး တစ်ချိန်တည်းတွင် လင်းယွမ်၏ အတွင်းစကြာဝဠာစွမ်းအားမှာ အနည်းဆုံး နှစ်ဆယ်ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

" စွမ်းအားနှစ်ဆယ်ရာခိုင်နှုန်း တိုးလာတာပဲ။ မဆိုးပါဘူး။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

သာမန်မဟာသူတော်စင်များသာ ထိုအမှောင်ကောင်းကင်နှလုံးသားကို သန့်စင်လိုက်လျှင် အဆပေါင်းများစွာ တိုးတက်လာပြီး ပြိုင်ဘက်ကင်းမဟာသူတော်စင်အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။

သို့သော် လင်းယွမ်၏ စွမ်းအားက နှစ်ဆယ်ရာခိုင်နှုန်းသာ တိုးတင်လာသည်။ ၎င်းမှာ အကျိုးသက်ရောက်မှုနည်းသည်ဟု ထင်ရသော်လည်း လင်းယွမ်ကိုယ်တိုင်က သာမန်မဟာသူတော်စင်များထက် များစွာ သာလွန်နေသောကြောင့် ဖြစ်သည်။

" အခုအချိန်သာဆို အမွှာရင်းမြစ်က ငါ့ရဲ့ ပြင်ပကမ္ဘာထဲက ထွက်ပြေးနိုင်မှာမဟုတ်တော့ဘူး။ " လင်းယွမ်က စဉ်းစားနေသည်။

အမွှာရင်းမြစ်မဟာသူတော်စင်က သူ၏ စွမ်းအားနှစ်မျိုးကို အတင်းအကျပ် လောင်ကျွမ်းစေပြီး အပြင်သို့ အချိန်လေဟာနယ်အက်ကြောင်းတစ်ခု ဆုတ်ဖြဲပြီး လွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။ လင်းယွမ်က ၎င်းကို အတော်လေး နှမြောမိလေသည်။

လင်းယွမ်၏ မူလခန္ဓာကိုယ်က ရွှမ်ဟွမ်စကြာဝဠာအတွင်း မည်သူကိုမှဂရုစိုက်စရာမလိုဘဲ လွတ်လပ်စွာ သွားလာနေသည်။ သားရေချပ်မြေပုံ၏ လမ်းညွှန်မှုကြောင့် လင်းယွမ်က အန္တရာယ်အချို့ကို ရှောင်ရှားနိုင်ခဲ့သဖြင့် အချိန်များစွာ သက်သာစေခဲ့သည်။

မကြာမီ လင်းယွမ်က ရွှမ်ဟွမ်စကြာဝဠာ၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိသွားသည်။ ထိုနေရာမှ ပတ်ဝန်းကျင်က ရွှမ်ဟွမ်စွမ်းအားများနှင့် ဖုံးလွှမ်းနေသည်။ ရွှမ်ဟွမ်စကြာဝဠာအတွင်း ရွှမ်ဟွမ်စွမ်းအားများက နေရာအနှံလရှိနေသဖြင့် လင်းယွမ်ကို အလွန်သက်သောင့်သက်သာ ဖြစ်စေသည်။

ထိုနေရာတွင် ရှိနေသော ရွှမ်ဟွမ်စွမ်းအားများကြားတွင် သူ၏ ရွှမ်ဟွမ်မူလခန္ဓာကိုယ်က မူလနယ်မြေသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားနေရသည်။

" ဂူဗိမာန်က ဘယ်မှာလဲ။ " လင်းယွမ်က ပတ်ဝန်းကျင်ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။ သားရေချပ်မြေပုံတွင် ထိုနေရာက ဂူဗိမာန်ရှိရမည့်နေရာဖြစ်သော်လည်း ထိုနေရာတွင် ဘာမှရှိမနေပေ။

" အဲ့ဒါက အချိန်လေဟာနယ်ရဲ့ အနက်ရှိုင်းဆုံးမှာ ရှိနေတာလား။ " လင်းယွမ်က အချိန်လေဟာနယ်အလွှာပေါင်းများစွာကို စစ်ဆေးကြည့်သော်လည်း ဘာမှရှာမတွေ့ပေ။

" ဒီသားရေချပ်မြေပုံက မှားနေတာတော့ မဟုတ်လောက်ပါဘူး။ " လင်းယွမ်က စဉ်းစားလိုက်သည်။

ထိုသားရေချပ်မြေပုံ၏ မှန်ကန်မှုကို အကြိမ်ကြိမ် အတည်ပြုခဲ့ပြီဖြစ်သည်။ အသက်မူလကြယ်ပေါ်မှ အသက်ကျောက်တုံးဖြစ်စေ၊ အခြားရတနာများနှင့် အမှောင်ကောင်းကင်နှလုံးသားဖြစ်စေ အားလုံးက သားရေချပ်မြေပုံမှ ညွှန်ကြားချက်များနှင့် ကိုက်ညီနေသည်။

ထို့အပြင် လင်းယွမ်၏ ကိုယ်ပွားများကလည်း ယခုအချိန်တွင် မြေပုံ၏ လမ်းညွှန်မှုအတိုင်း နေရာအမျိုးမျိုးတွင် ရတနာများကို စုဆောင်းနေကြပြီဖြစ်သည်။ ထိုအချက်မျာက သားရေချပ်မြေပုံ၏ မှန်ကန်မှုကို အတည်ပြုပေးနေခြင်းဖြစ်သည်။

" ရွှမ်ဟွမ်ဂူဗိမာန်ထဲကို ဝင်ဖို့ တခြားလိုအပ်ချက်တွေရှိနေတာလား။ " လင်းယွမ်က စိတ်ထဲမှ စဉ်းစားမိသွားသည်။

၎င်းကို ဂူဗိမာန်ဟုခေါ်သောကြောင့် ဧကရာဇ်ရွှမ်ဟွမ် တန်ဖိုးထားသော နေရာဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အခြားမဟာသူတော်စင်များကို ပေးမဝင်ခြင်းလည်း ဖြစ်နိုင်သည်။ လင်းယွမ်က ထိုသားရေချပ်မြေပုံကို ရွှေရောင်သေတ္တာအတွင်းမှ ရရှိခဲ့ခြင်းဖြစ်သည်။ ထိုရွှေရောင်သေတ္တာက သူ၏ ခန္ဓာကိုယ်အတွင်းရှိ ရွှမ်ဟွမ်တံဆိပ်နှင့်မှ ဖွင့်နိုင်ခဲ့ခြင်းဖြစ်သည်။

" ရွှမ်ဟွမ်တံဆိပ်လား။ " လင်းယွမ်က တွေးလိုက်ပြီး ရွှမ်ဟွမ်တံဆိပ်၏ အော်ရာကို စတင်ထုတ်လွှတ်လိုက်သည်။

ဝုန်း ဝုန်း...

ရွှမ်ဟွမ်တံဆိပ်၏ အော်ရာများ ပျံ့နှံ့လာသည်နှင့်အမျှ အချိန်လေဟာနယ်လှိုင်းများ ထွက်ပေါ်လာပြီး လင်းယွမ်၏ ရှေ့တွင် ခမ်းနားထည်ဝါသော နန်းတော်ကြီးတစ်ခု ပေါ်ထွက်လာသည်။ ထိုနန်းတော်က စတင်ထွက်ပေါ်လာချိန်တွင် အစစ်အမှန်မဟုတ်သကဲ့သို့ ထင်ရသော်လည်း အချိန်ခဏကြာပြီးနောက် ပုံရိပ်ယောင်က အံ့ဩဖွယ်ကောင်းလောက်အောင် အစစ်အမှန်ဖြစ်လာခဲ့သည်။

" အချိန်လေဟာနယ် ထိန်းချုပ်မှုက ဒီလောက်တောင် ကျွမ်းကျင်တာလား။ " လင်းယွမ်က အံ့အားသင့်သွားရသည်။

ယခင် ဧကရာဇ်ရွှမ်ဟွမ်က အတွေးတစ်ချက်နှင့် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ သုံးသောင်းကျော်အားဖန်တီးခဲ့သည်ကို သူ မြင်ဖူးခဲ့သည်။ ၎င်းက အချိန်လေဟာနယ် နဝမအဆင့် အထွတ်အထိပ် ကျွမ်းကျင်မှုဖြစ်သည်။ သို့သော် ယခု ထိုနန်းတော်ပေါ်လာပုံမှာ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေများ ဖန်တီးခဲ့သောစွမ်းအားထက်ပင် ပို၍ သာလွန်နေသည်ဟုထင်ရသည်။

" ဧကရာဇ်ရွှမ်ဟွမ်က နောက်ဆုံးအချိန်မှာ အချိန်လေဟာနယ်အပေါ် နားလည်မှုက တိုးတက်ခဲ့တာလား။ " လင်းယွမ်က ခန့်မှန်းကြည့်လိုက်သည်။

ဧကရာဇ်ရွှမ်ဟွမ်က ထိုဂူဗိမာန်ကို ချန်ခဲ့သည်မှာ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေများကို ဖန်တီးပြီးနောက်ပိုင်းဖြစ်ရပေလိမ့်မည်။ ထိုကာလအတွင်း ဧကရာဇ်ရွှမ်ဟွမ်က အချန်လေဟာနယ်အပေါ် နားလည်မှုတွင် ပို၍ တိုးတက်လာသည်မှာ သဘာဝကျပေသည်။

" ဝင်ကြည့်တာပေါ့။ " လင်းယွမ်က နန်းတော်ကို ခဏရပ်ကြည့်လိုက်ပြီး အတွင်းသို့ လှမ်းဝင်သွားသည်။

နန်းတော်၏ အတွင်းပိုင်းက ဘာမှမရှိဘဲ နံရံများပေါ်တွင် ပန်းချီများစွာကို ရေးဆွဲထားသည်။ ဧကရာဇ်ငယ်တစ်ပါးက သူ၏ မွေးရပ်မြေမှ ထွက်ခွာလာပုံ၊ ဖရိုဖရဲဟင်းလင်းပြင်တွင် နိုင်ငံတစ်ခု တည်ထောင်ပုံနှင့် အထွတ်အထိပ်ကာလတွင် မရေတွက်နိုင်သော အင်အားကြီးသူများ လာရောက်ဂါရဝပြုကြပုံကို ဖော်ပြထားသည်။

" ဧကရာဇ်ရွှမ်ဟွမ်က ဖရိုဖရဲဟင်းလင်းပြင်ရဲ့ သဘာဝစကြာဝဠာတစ်ခုမှာ မွေးဖွားလာတာလား။ " လင်းယွမ်က စဉ်းစားနေသည်။

ယခုအချိန်ထိ သူတွေ့ဖူးသော ဖရိုဖရဲအရှင်သခင်အများစုမှာ ဖရိုဖရဲဟင်းလင်းပြင်တွင် တိုက်ရိုက်မွေးဖွားလာကြသူများဖြစ်သည်။ သဘာဝစကြာဝဠာမှ ထွက်ခွာလာပြီး ဖရိုဖရဲအဆင့်သို့ ရောက်ရှိလာသူများက အလွန်နည်းပါးပြီး ဧကရာဇ်ရွှမ်ဟွမ်ကဲ့သို့ ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက် ဖြစ်လာရန် ပို၍ ပင် ခက်ခဲလွန်းလှသည်။

လင်းယွမ်က ပန်းချီများကို ဆက်လက်ကြည့်ရှုနေသည်။ ပန်းချီများထဲတွင် ဧကရာဇ်ရွှမ်ဟွမ်က အလွန်သန်မာလာပြီး ဟင်းလင်းပြငနယ်မြေများကို လွှမ်းမိုးကာ မဟာသူတော်စင်များက သူ့ကို လက်နက်ချအရှုံးပေးနေကြသည့်ပုံများကို ဖော်ပြထားသည်။

" ဧကရာဇ်ရွှမ်ဟွမ်က အနှိုင်းမဲ့မဟာသူတော်စင်ရဲ့ ခွန်အားမျိုးရှိနေတာ သေချာတယ်။ " လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။

နံရံများပေါ်မှ ပန်းချီများက ရိုးရှင်းသော်လည်း အခြားပြိုင်ဘက်ကင်းမဟာသူတော်းင်များက ဧကရာဇ်ရွှမ်ဟွမ်ကို မယှဉ်နိုင်ကြောင်း ဖော်ပြနေသည်။

All Chapters