ဂူဗိမာန်စိတ်ဝိညာဉ်....
Vol. 66 Ch. 935
" ဒါက... " လင်းယွမ်က နောက်ဆုံးပန်းချီကားများကို ကြည့်လိုက်သည်။
ဧကရာဇ်ရွှမ်ဟွမ်က မမျှော်လင့်ဘဲ အန္တရာယ်ရှိသော နေရာတစ်ခုသို့ ဝင်ရောက်သွားပုံ၊ ပြန်ရောက်လာသောအခါ ရွှမ်ဟွမ်စကြာဝဠာကို ချက်ချင်း ဖန်တီးပြီး အလွှာဆယ့်သုံးသို့ တက်လှမ်းရန် တံခါးပိတ်ကျင့်ကြံပုံများကို မှတ်တမ်းတင်ထားသည်။
" ထူးဆန်းတယ်။ " လင်းယွမ်က မျက်မှောင်ကြုတ်သွားသည်။
လမ်းစဉ်တစ်သောင်းမျက်လုံးက ဧကရာဇ်ရွှမ်ဟွမ်မှာ အနှိုင်းမဲ့မဟာသူတော်စင်အဆင့်သို့ အလွန်နီးစပ်နေပြီဟု ပြောခဲ့သည်။ ယခု ထိုနီးစပ်မှုက စွမ်းအားကြောင့် မဟုတ်ဘဲ အချိန်ကြောင့် ဖြစ်ရပေလိမ့်မည်။ ဧကရာဇ်ရွှမ်ဟွမ်သာ ဆက်လက်အသက်ရှင်နေလျှင် သူ၏ ကျော်ကြားမှုက ဆက်လက်ပျံ့နှံ့သွားပြီး မဟာသူတော်စင်အားလုံး၏ အသိအမှတ်ပြုမှုကို ရရှိကာ ထိုခေတ်တွင် အနှိုင်းမဲ့မဟာသူတော်စင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။
သို့သော် ဧကရာဇ်ရွှမ်ဟွမ်က ထိုသို့မလုပ်ခဲ့ပေ။ ထိုအစား သူက အလွှာဆယ့်သုံးသို့ တက်လှမ်းရန် ရွေးချယ်ခဲ့သည်။
" သူနောက်ဆုံးဝင်သွားတဲ့ အန္တရာယ်ရှိတဲ့ နေရာကြောင့်လား။ " လင်းယွမ်က နောက်ဆုံးပန်းချီကားများကို ကြည့်ပြီး စဉ်းစားနေသည်။ ထိုအန္တရာယ်ရှိသော နေရာမှ ထွက်လာပြီးနောက် ဧကရာဇ်ရွှမ်ဟွမ်က ထိုသို့ ပြောင်းလဲသွားခြင်းဖြစ်သည်။
" ဧကရာဇ်ရွှမ်ဟွမ်က ဒိုင်မန်းရှင်းအက်ကြောင်းတစ်ခုထဲကို ဝင်သွားခဲ့တယ်လို့ နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က ပြောခဲ့တယ်။ အန္တရာယ်ရှိတဲ့နေရာဆိုတာ အဲ့ဒါပဲထင်တယ်။ " လင်းယွမ်က စဉ်းစားနေစဉ် အသံတစ်ခုက သူ၏ နားထဲသို့ ဝင်ရောက်လာသည်။
" အရှင်မင်းကြီးက အဲ့ဒီတုန်းက ဘာတွေကြုံတွေ့ခဲ့တာလဲ၊ ဘာလို့ အဲ့ဒီအန္တရာယ်ရှိတဲ့နေရာက ပြန်လာပြီး အလွှာဆယ့်သုံးကို တက်လှမ်းဖို့ ရွေးချယ်ခဲ့တယ်ဆိုတာ မင်းသိချင်နေတာလား။ "
လင်းယွမ်က ထိတ်လန့်သွားပြီး သူ၏ ဘေးသို့ ကြည့်လိုက်သည်။ မည်သည့်အချိန်ကတည်းကမှန်းမသိ အဝါရောင်ဝတ်စုံနှင့် လူတစ်ယောက်က လင်းယွမ်၏ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေပြီး သူနှင့်အတူ ပန်းချီကားများကို ကြည့်နေသည်။
" ခင်ဗျားက ဘယ်သူလဲ။ " လင်းယွမ်၏ အမူအရာက လေးနက်သွားသော်လည်း အံ့အားသင့်ခြင်းတော့ မရှိပေ။
ထိုဂူဗိမာန်က ဧကရာဇ်ရွှမ်ဟွမ်ချန်ထားခဲ့သောကြောင့် ပြင်ဆင်မှုများစွာ ရှိမည်မှာ သေချာသည်။ နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်ပင် အလွှာဆယ့်သုံးသို့ တက်လှမ်းပြီး အချိန်စက်ဝန်းထဲတွင် ပိတ်မိနေစဉ် စိတ်အသိတစ်ခုကို နိုးထစေနိုင်ခဲ့သည်။ ထို့ကြောင့် သူနှင့် အဆင့်တူသော ဧကရာဇ်ရွှမ်ဟွမ်ကလည်း ထိုသို့ လုပ်ဆောင်နိုင်သည်မှာ သေချာလေသည်။
" မင်းလည်း ခန့်မှန်းမိမှာပါ။ ငါက ဒီဂူဗိမာန်ရဲ့ စိတ်ဝိညာဉ်ပဲ။ အရှင်မင်းကြီး အလွှာဆယ့်သုံးကို မတက်လှမ်းခင် ငါ့ကို ဖန်တီးခဲ့တာပဲ။ " ထိုလူက ပြုံး၍ ပြောလိုက်သည်။ " ပုံမှန်ဆိုရင် ဒီဂူဗိမာန်က ပေါ်လာမှာမဟုတ်ဘူး။ အပြင်က ရွှမ်ဟွမ်စကြာဝဠာ ပျက်စီးသွားရင်တောင် ဒီဂူဗိမာန်ကို ထိခိုက်စေနိုင်မှာမဟုတ်ဘူး။ "
" မမျှော်လင့်တာ တစ်ခုခုမဖြစ်လာမချင်း ဒီဂူဗိမာန်က ဆက်ရှိနေဦးမှာပဲ။ " ထိုလူက တစ်စုံတစ်ခုကို သတိရသွားပြီး ခဏရပ်တန့်သွားသည်။
" ဒါပေမယ့် အလွှာဆယ့်သုံးကို မတက်လှမ်းခင် အရှင်မင်းကြီးက ရတနာသေတ္တာကိုးလုံးကို ချန်ထားခဲ့တယ်။ " ထိုလူက လင်းယွမ်ကို ကြည့်လိုက်သည်။
" ရတနာသေတ္တာတွေလား။ " လင်းယွမ်က ရတနာသေတ္တာဆိုသည်မှာ ရွှေရောင်သေတ္တာများကို ဆိုလိုကြောင်း သိလိုက်သည်။
" သေတ္တာတွေထဲမှာ ရွှမ်ဟွမ်စကြာဝဠာရဲ့ မြေပုံတွေရှိတယ်။ အဲ့ဒီမြေပုံကို သုံးပြီး ဂူဗိမာန်ကို ရှာနိုင်တယ်။ ပြီးတော့ မြေပုံနဲ့ ရွှမ်ဟွမ်တံဆိပ်ရဲ့ အော်ရာကို ထုတ်လွှတ်လိုက်မှ ဂူဗိမာန်က ထွက်ပေါ်လာလိမ့်မယ်။ "
" ဒါပေမယ့် ရတနာသေတ္တာတွေကို ဖွင့်ဖို့အတွက် လိုအပ်ချက်နှစ်ခုရှိတယ်။ ပထမအချက်က အရှင်မင်းကြီးရဲ့ တပည့်ဖြစ်ရမယ်။ မင်းက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတစ်ခုကို ဆက်ခံထားလို့ အဲ့ဒီလိုအပ်ချက်နဲ့ ကိုက်ညီတယ်။ "
" ဟုတ်ကဲ့။ " လင်းယွမ်က ခေါင်းညိမ့်လိုက်ပြီး အနည်းငယ် နားမလည်နိုင်ဖြစ်သွားသည်။ ဒုတိယလိုအပ်ချက်က ဘာလဲ။
" ဒုတိယအချက်ကတော့ အရှင်မင်းကြီး အလွှာဆယ့်သုံးကို တက်လှမ်းဖို့ ကြိုးစားပြီး စကြာဝဠာခေတ်သန်းသုံးဆယ်ကြာပြီးမှ ဖြစ်ရမယ်။ " ထိုလူက လင်းယွမ်ကို ကြည့်လိုက်သည်။ " တပည့်ဖြစ်ဖို့လည်း လိုတယ်။ စကြာဝဠာခေတ်သန်းသုံးဆယ်လည်း ကျော်လွန်ရမယ်။ မှန်ကန်တဲ့ပုဂ္ဂိုလ်နဲ့ မှန်ကန်တဲ့အချိန် အဲ့ဒီနှစ်ခုလုံး လိုအပ်တယ်။ "
" တကယ်လို့ အချိန်မကျသေးရင် အရှင်မင်းကြီးရဲ့ တပည့်ဖြစ်နေရင်တောင် သေတ္တာကို ဖွင့်လို့မရသလို အတွင်းက မြေပုံကိုလည်း ရမှာမဟုတ်ဘူး။ "
" စကြာဝဠာခေတ်သန်းသုံးဆယ်..." လင်းယွမ်က တွေးလိုက်သည်။
ယခင်က သူက ဧကရာဇ်ရွှမ်ဟွမ်နေထိုင်ခဲ့သည့် ခေတ်ကို အတိအကျမသိဘဲ လွန်ခဲ့သော စကြာဝဠာခေတ်သန်းပေါင်းများစွာက အလွန်ရှေးကျသော ခေတ်ဟုသာ သိထားသည်။ ယခု ၎င်းက လွန်ခဲ့သော စကြာဝဠာခေတ် သန်းသုံးဆယ်ကျော်ကမှန်း သေချာသွားသည်။
" စကြာဝဠာခေတ် သန်းသုံးဆယ်တောင်ရှိပြီ။ အရှင်မင်းကြီးက အလွှာဆယ့်သုံးကို မတက်လှမ်းနိုင်သေးတော့ အချိန်စက်ဝန်းထဲက လွတ်မြောက်ဖို့ မဖြစ်နိုင်တော့ဘူး ထင်ပါတယ်။ ဒီအချိန်မှာ အရှင်မင်းကြီးရဲ့ တပည့်တစ်ယောက်က ရွှမ်ဟွမ်စကြာဝဠာထဲကို ဝင်ရောက်နိုင်ခဲ့ရင် ဂူဗိမာန်ထဲက အရှင်မင်းကြီး ချန်ခဲ့တဲ့ အရာအားလုံးကို ဆက်ခံနိုင်လိမ့်မယ်။ "
လင်းယွမ်က တိတ်ဆိတ်စွာ နားထောင်နေပြီး သူက နားလည်လာသကဲ့သို့ ရှိလာသည်။ ဧကရာဇ်ရွှမ်ဟွမ်ကဲ့သို့ အစွမ်းထက်သူတစ်ယောက်ပင် အလွှာဆယ့်သုံးသို့ ရောက်ရှိရန် ယုံကြည်မှုအပြည့်အဝ မရှိခဲ့ပေ။ ထို့ကြောင့် သူက ဂူဗိမာန်ကို ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
" ဒါဆို အရှင်မင်းကြီးက အလွှာဆယ့်သုံးကို ဘာလို့ အလျင်စလို တက်လှမ်းခဲ့တာလဲ။ " လင်းယွမ်က သူနားမလည်သော အရာကို ထုတ်ပြောလိုက်သည်။
ဧကရာဇ်ရွှမ်ဟွမ်၏ စွမ်းအားနှင့်ဆိုလျှင် သူအတွက် အချိန်အနည်းငယ် ထပ်စောင့်ခြင်းက ပြဿနာမရှိပေ။ အနည်းဆုံးသော သူက အလွှာဆယ့်သုံးသို့ မတက်လှမ်းမီ အနှိုင်းမဲ့မဟာသူတော်စင်ဘွဲ့ကို ရရှိပေလိမ့်မည်။
" ဘာလို့လဲဆိုတော့ အဲ့ဒီအန္တရာယ်ရှိတဲ့နေရာမှာ အရှင်မင်းကြီးက ထူးခြားတဲ့ ရတနာတစ်ခုကို ရရှိခဲ့လို့ပဲ။ အဲ့ဒီရတနာကို ထိန်းချုပ်ဖို့အတွက် အချိန်စက်ဝန်းရဲ့ စွမ်းအားကို လိုအပ်တယ်။ ဒါကြောင့် အရှင်မင်းကြီးက အလွှာဆယ့်သုံးကို အချိန်မတိုင်ခင် ကြိုးစားခဲ့တာပဲ။ "
" ဒါပေမယ့် အရှင်မင်းကြီး ဖရိုဖရဲအဆင့်ရဲ့ ကန့်သတ်ချက်ကို ရောက်နေပြီးသားပဲ။ နောက်ထပ် စကြာဝဠာခေတ်တစ်ရာ တစ်ထောင်စောင့်နေရင်တောင် အပိုပဲ။ အနှိုင်းမဲ့မဟာသူတော်စင်ဘွဲ့ကလည်း သူ့အတွက် အရေးမပါတဲ့အရာတစ်ခုပါပဲ။ "
ထိုစကားကို ကြားသောအခါ လင်းယွမ်က အံ့အားသင့်သွားသည်။ အချိန်စက်ဝန်းရဲ့ စွမ်းအညးနဲ့မှ ထိန်းချုပ်လို့ရတဲ့ ရတနာတစ်ခုလား။
" ကောင်းပြီ။ မင်းရဲ့ အရည်အချင်းတွေက ပြည့်မီနေတော့ အရှင်မင်းကြီးချန်ခဲ့တဲ့ အရာအားလုံးကို မင်းဆက်ခံနိုင်တယ်။ " ထိုလူက သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။ ချက်ချင်း ပတ်ဝန်းကျင်မှာ အချိန်လေဟာနယ်က တုန်ခါသွားပြီး သူတို့က ခန်းမကြီးတစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။
" ဒါက ဘယ်နေရာလဲ။ " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်ပြီး သူငယ်အိမ်များ ကျဉ်းမြောင်းသွား၏။
" ရတနာတွေ အများကြီးပဲ။ " လင်းယွမ်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။
ခန်းမထဲတွင် မရေတွက်နိုင်သော ရတနာများက လေထဲတွင် လွင့်မျောနေကြသည်။ ထိုရတနာများက ထူးခြားသည့် ရတနာများနှင့် လက်နက်အမျိုးမျိုးရှိကြသည်။ ရတနာတစ်ခုချင်းစီကို အချိန်လေဟာနယ်စွမ်းအားများ ဝန်းရံနေပြီး ထိုရတနာများ၏ ထူးခြားသော အော်ရာများကို ဖိနှိပ်ထားသည်။
" ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်တောင် ဒီလောက်များတဲ့ ရတနာတွေကို ပိုင်ဆိုင်ဖို့ မလွယ်ဘူး။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။
ခန်းမထဲရှိ ရတနာတစ်ခုချင်းစီမှာ အမှောင်ကောင်းကင်နှလုံးသားအဆင့်တွင် ရှိနေပြီး အားလုံးက ပြိုင်ဘက်ကင်းမဟာသူတော်စင်အဆင့်များ ဖြစ်ကြသည်။
" ဒါကပုံမှန်ပါပဲ။ " ဂူဗိမာန်စိတ်ဝိညာဉ်က ဂုဏ်ယူစွာ ပြောလိုက်သည်။ " အရှင်မင်းကြီးကို အဲ့ဒီပြိုင်ဘက်ကင်းမဟာသူတော်စင်တွေက ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။ အရှင်မင်းကြီးရဲ့ စွမ်းအားနဲ့ဆို ဖရိုဖရဲဟင်းလင်းပြင်တွေထဲက အန္တရာယ်ရှိတဲ့ အပျက်အစီးနေရာတွေကို ရှာဖွေပြီးသားဆိုတော့ အကျိုးအမြတ်တွေ အများကြီး ရထားတာပေါ့။ "
" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ဖရိုဖရဲဟင်းလင်းပြင်တွင် အပျက်အစီးနေရာများစွာ ရှိပြီး ၎င်းတို့အနက် ထိုက်ယွမ်အမွေအနှစ်ကဲ့သို့ နေရာကိုးခုက အကျော်ကြားဆုံး ဖြစ်သည်။ ထိုနေရာကိုးခုလုံးက အလွှာဆယ့်သုံး အချိန်သက်ရှိများနှင့် ဆက်စပ်နေသည်။
ထိုနေရာများက အန္တရာယ်များစွာဖြင့် ပြည့်နှက်နေသော်လည်း မရေတွက်နိုင်သော အခွင့်အရေးများလည်း ရှိနေသည်။ အကယ်၍ စွမ်းအားအလုံအလောက်သာ ရှိလျှင် ထိုနေရာများကို ရှာဖွေခြင်းဖြင့် အကျိုးအမြတ်များစွာ ရရှိပေလိမ့်မည်။
" ဒီရတနာတွေထဲမှာ ပြိုင်ဘက်ကင်းမဟာသူတော်စင်အဆင့် လက်နက် ၃၃ခုနဲ့ အခြားရတနာ ၆၂ခု ပါဝင်တယ်။ " ဂူဗိမာန်စိတ်ဝိညာဉ်က ဆက်ပြောလိုက်သည်။ " တကယ်လို့ အရှင်မင်းကြီးက အလွှာဆယ့်သုံးကို တက်လှမ်းဖို့ မကြိုးစားခင် သူ့ရဲ့ နောက်လိုက်တွေကို ရတနာအများကြီး ဝေငှမပေးခဲ့ဘူးဆိုရင် အခုထက်တောင် ပိုများလိမ့်မယ်။ "
ဧကရာဇ်ရွှမ်ဟွမ်က အလွှာဆယ့်သုံးသို့ တက်လှမ်းရန် အလျင်စလို ဆုံးဖြတ်ခဲ့သော်လည်း ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့သည်။ ရွှမ်ဟွမ်နိုင်ငံကို တည်ထောင်ရန်အတွက် ဧကရာဇ်ရွှမ်ဟွမ်က ပြိုင်ဘက်ကင်းမဟာသူတော်စင်များစွာနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။
ဧကရာဇ်ရွှမ်ဟွမ်ရှိနေစဉ် ထိုပြိုင်ဘက်ကင်းမဟာသူတော်စင်များက မလှုပ်ရှားရဲကြသော်လည်း ဧကရာဇ်ရွှမ်ဟွမ်က အလွှာဆယ့်သုံးသို့ တက်လှမ်းရန် ကြိုးစားပြီး အချိန်စက်ဝန်းအတွင်း ပိတ်မိနေလျှင် သူနှင့် ရန်ငြိုးရှိသော ပြိုင်ဘက်ကင်းမဟာသူတော်စင်များက ရွှမ်ဟွမ်မျိုးနွယ်ကို လက်စားချေရန် သေချာပေါက် လှုပ်ရှားကြပေလိမ့်မည်။
ထို့ကြောင့် အလွှာဆယ့်သုံးကို မကြိုးစားမီ ဧကရာဇ်ရွှမ်ဟွမ်က သူ၏ တပည့်များနှင့် နောက်လိုက်များကို အရပ်ရပ်သို့ လူစုခွဲစေလွှတ်ခဲ့သည်။