← Chapters

ဧကရာဇ်ရွှမ်ဟွမ်၏ ရန်သူများ...

Vol. 66 Ch. 937

ဧကရာဇ်ရွှမ်ဟွမ်၏ ရန်သူများ...

Vol. 66 Ch. 937

" လမ်းစဉ်တစ်သောင်းမျက်လုံး။ " လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။

သူ၏ ရှေ့မှ လမ်းစဉ်တစ်သောင်းခန်းမသခင်၏ ခန္ဓာကိုယ်က လမ်းစဉ်တစ်သောင်းမျက်လုံး၏ ဝင်ရောက်ခြင်းခံထားရသည်။

" ကျွန်တော်ဆီ ဘာကိစ္စရောက်လာတာလဲ။ " လင်းယွမ်က လေးနက်စွာ မေးလိုက်သည်။

လမ်းစဉ်တစ်သောင်းမျက်လုံးကိုယ်တိုင် ရောက်လခြင်းကြောင့် အရေးကြီးသော ကိစ္စတစ်ခု ရှိပေလိမ့်မည်။

" မင်း အခုထိ ရွှမ်ဟွမ်စကြာဝဠာထဲမှာ ရှိနေတုန်းလား။ "

" ဟုတ်ပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

" အမြန်ထွက်လာခဲ့တော့။ " လမ်းစဉ်တစ်သောင်းမျက်လုံးက လင်းယွမ်ကို ကြည့်လိုက်သည်။ " ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်က အဲ့ဒီကို လာနေကြပြီ။ "

" ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်လား။ " လင်းယွမ်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

ရွှမ်ဟွမ်စကြာဝဠာ ပေါ်ထွက်လာခြင်းကြောင့် ဖရိုဖရဲမဟာသူတော်စင်နှင့် ဖရိုဖရဲအရှင်သခင်များ ရောက်လာခြင်းမှာ သဘာဝကျပေသည်။ သို့သော် ပြိုင်ဘက်ကင်းမဟာသူတော်စင်များ၏ အရေအတွက်မှာ မဟာသူတော်စင်များထက် အလွန်နည်းပါးသည်။

ရွှမ်ဟွမ်စကြာဝဠာအနီတွင် ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက် ထွက်ပေါ်လာနိုင်ခြေမှာ အလွန်နည်းပါးသည်။ ဟေးယောင်နှင့် အမွှာရင်းမြစ်ကဲ့သို့သော မဟာသူတော်စင်များက နည်းလမ်းအမျိုးမျိုးဖြင့် ရောက်ရှိလာနိုင်ကြခြင်းမှာ သူတို့က ရွှမ်ဟွမ်စကြာဝဠာ၏ ပတ်ဝန်းကျင် ဟင်းလင်းပြင်နယ်မြေတစ်သောင်းအတွင်း တိုက်တိုက်ဆိုင်ဆိုင် ရှိနေခဲ့သောကြောင့်ဖြစ်သည်။

ဟင်းလင်းပြင်နယ်မြေတစ်သောင်းတွင် ဖရိုဖရဲမဟာသူတော်စင် ရှစ်ယောက် သို့မဟုတ် ကိုးယောက်ရှိနိုင်သော်လည်း ပြိုင်ဘက်ကင်းမဟာသူတော်စင်ကတော့ ဟင်းလင်းပြင်နယ်မြေ တစ်သန်း သို့မဟုတ် ဆယ်သန်းတွင် တစ်ယောက်မရှိနိုင်ပေ။ ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်အနေဖြင့် ကိုယ်ပိုင်စကြာဝဠာတစ်ခုကို ဖန်တီးနိုင်လေသည်။

ထိုစကြာဝဠာက ပြိုင်ဘက်ကင်းမဟာသူတော်စင်ဖြစ်သော ဧကရာဇ်ရွှမ်ဟွမ်ဆီမှလာခြင်းဖြစ်သည်ကို အတိအကျမသိလျှင် သူတို့ကိုယ်တိုင် လာရောက်ရန်အကြောင်းရင်းမရှိပေ။

လမ်းစဉ်တစ်သောင်းမျက်လုံး၏ စကားအရ ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်က ရွှမ်ဟွမ်စကြာဝဠာသို့ လာနေခြင်းဖြစ်သည်။

" သံသယဝင်စရာမလိုဘူး။ အဲ့ဒီပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်က ရွှမ်ဟွမ်ဆိုတဲ့ ကောင်လေးနဲ့ ရန်ငြိုးရှိခဲ့ကြတယ်။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ပြောလိုက်သည်။

" ရွှမ်ဟွမ် အလွှာဆယ့်သုံးကို တက်လှမ်းဖို့ကြိုးစားခဲ့တုန်းက စကြာဝဠာခေတ်တစ်သောင်းလောက် ကြာပြီးတဲ့နောက်မှာ ရွှမ်ဟွမ်က အလွှာဆယ့်သုံးကို ရောက်ဖို့ မျှော်လင့်ချက်နည်းသွားပြီဆိုတာ သေချာသွားခဲ့တယ်။ အဲ့ဒီအချိန်မှာ ရွှမ်ဟွမ်မျိုးနွယ် ဆုတ်ယုတ်ပျက်စီးသွားအောင် နောက်ကွယ်ကနေ တွန်းအားပေးခဲ့တာ အဲ့ဒီပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်ပဲ။ "

" အဲ့ဒါကြောင့်ကိုး။ " လင်းယွမ်က ချက်ချင်း နားလည်သွားသည်။

သူက ဖရိုဖရဲဟင်းလင်းပြင်အတွင်း ဧကရာဇ်ရွှမ်ဟွမ်၏ လုပ်ရပ်များကို အသေးစိတ်မသိခဲ့ရသော်လည်း ဧကရာဇ်ရွှမ်ဟွမ်က အလွန်အာဏာရှင်ဆန်ခဲ့မည်မှာသေချာသည်။ သူ့ကိုသူ ဧကရာဇ်ဟု ခေါ်ဆိုရန်မှာ အာဏာရှင်မဆန်ဘဲ မနေပေ။

အာဏာရှင်ဆန်ခြင်းက သဘာဝအတိုင်း ရန်သူများပြားစေသည်။ သူတို့က ဧကရာဇ်ရွှမ်ဟွမ်ရှိနေချိန်တွင် မထွက်ပေါ်လာရဲကြသော်လည်း ဧကရာဇ်ရွှမ်ဟွမ်က အချိန်စက်ဝန်းထဲမှ လွတ်မြောက်ရန် မျှော်လင့်ချက်မရှိသောအခါ သူ့ကို လက်စားချေရန် လျို့ဝှက်စွာ လုပ်ဆောင်ကြပေလိမ့်မည်။

နတ်ဆိုးကျောက်စိမ်းမျှော်စင်ကလည်း မျှော်စင်သခင် အလွှာဆယ်သုံးသို့ တက်လှမ်းပြီးနောက် လျင်မြန်စွာ ဆုတ်ယုတ်သွားခြင်းမှာလည်း ထိုအကြောင်းရင်းကြောင့်ပင် ဖြစ်နိုင်သည်။

မဟာသူတော်စင်များက အလွှာဆယ့်သုံးသို့ မကြိုးစားမီ သူတို့၏ နောက်လိုက်များအတွက် အရာအားလုံးကို စီစဉ်ပေးခဲ့ကြသည်။ ရွှမ်ဟွမ်မျိုးနွယ်နှင့် နတ်ဆိုးကျောက်စိမ်းမျှော်စင်တို့က အခြားသူ ဖျက်ဆီးခံရခြင်းထက် အချိန်နှင့်အတူ ပျောက်ကွယ်သွားရန် သူတို့ကိုယ်တိုင်ရွေးချယ်ခဲ့သည်ဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။

" အဲ့ဒီပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်က ဘာလုပ်ချင်ကြတာလဲ။ ရွှမ်ဟွမ်စကြာဝဠာကို ဖျက်ဆီးပစ်ဖို့လား။ " လင်းယွမ်က မေးလိုက်သည်။

" အဲ့လိုဖြစ်နိုင်တယ်။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ပြောလိုက်သည်။ " ဟန်ရှောင်နဲ့ ယုလင်းတို့က စကြာဝဠာခေတ်သန်းသုံးဆယ်ကျော်ကြာတာတောင် ရန်ငြိုးမပြေသေးဘူးလို့ ငါမမျှော်လင့်ထားဘူး။ "

ဟန်ရှောင်မဟာသူတော်စင်နှင့် ယုလင်းမဟာသူတော်စင်။ ထိုပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယေက်၏ နာမည်က အချိန်ကာလသမိုင်းအောက်တွင် ပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်သည်။

" ကျွန်တော်ဘာလုပ်ရမလဲ။ " လင်းယွမ်က ချက်ချင်း မေးလိုက်သည်။

သူက မဟာသူတော်စင်များကို ဖိနှိပ်နိုင်ခဲ့သော်လည်း ပြိုင်ဘက်ကင်းမဟာသူတော်စင်များနှင့် ရင်ဆိုင်ရန် ယုံကြည်မှုမရှိသေးပေ။ ထိုအခြေအနေတွင် သူက ထိပ်တိုက်ရင်ဆိုင်ရန် ရွေးချယ်မည်မဟုတ်ပေ။

" မင်းအခု ရွှမ်ဟွမ်စကြာဝဠာရဲ့ ဘယ်နားမှရှိနေလဲ။ တကယ်လို့ မင်းက အသက်ရှူချိန်ဆယ်ကြိမ်အတွင်း အပြင်ကို ထွက်လာနိုင်ရင် ဟန်ရှောင်နဲ့ ယုလင်းတို့မရောက်ခင် ငါမင်းကို လုံခြုံတဲ့ နေရာကို ပို့ပေးနိုင်တယ်။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ပြောလိုက်သည်။

ရွှမ်ဟွမ်စကြာဝဠာတစ်ခုလုံးက ဧကရာဇ်ရွမ်ဟွမ်သတ်မှတ်ထားသော နိယာမများဖြင့် ပြည့်နှက်နေသည်။ လမ်းစဉ်တစ်သောင်းမျက်လုံးကဲ့သို့ အထူးတည်ရှိမှုတစ်ခုပင် ထိုနေရာသို့ အလွယ်တကူ ဝင်ရောက်နိုင်မည်မဟုတ်ပေ။

" အသက်ရှူချိန်ဆယ်ကြိမ်လား။ " လင်းယွမ်က မျက်မှောင်ကြုတ်သွားသည်။ " ကျွန်တော်က စကြာဝဠာရဲ့ အနက်ရှိုင်းဆုံးမှာ ရောက်နေတာ။ အဲ့လောက်အချိန်တိုအတွင်း အပြင်ကို မရောက်နိုင်ဘူး။ "

အသက်ရှူချိန် ဆယ်ကြိမ်မပြောနှင့် တစ်ရာ၊ တစ်ထောင်ပင် လင်းယွမ်အတွက် မလုံလောက်ပေ။ သူက ရွှမ်ဟွမ်စကြာဝဠာ၏ အနက်ရှိုင်းဆုံးသို့ ရောက်ရန် လချီကြာမြင့်ခဲ့သည်။

" မင်းက ရွှမ်ဟွမ်စကြာဝဠာရဲ့ အနက်ရှိုင်းဆုံးမှာ ရှိနေတုန်းလား။ " လမ်းစဉ်တစ်သောင်းမျက်လုံးက အခက်တွေ့သွားဟန်ဖြင့် ပြောလိုက်သည်။ " မင်းရွှမ်ဟွမ်စကြာဝဠာထဲက ဘာတွေရခဲ့လဲ။ "

လမ်းစဉ်တစ်သောင်းမျက်လုံးက လင်းယွမ်ကို ဧကရာဇ်ရွှမ်ဟွမ်၏ အမွေဆက်ခံသူအဖြစ် သိထားသောကြောင့် သူက အကျိုးအမြတ်များစွာ ရရှိလိမ့်မည်ဟု ခန့်မှန်းမိသည်။

" မဆိုးပါဘူး။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ မဆိုးရုံသာမက သူက ရွှမ်ဟွမ်စကြာဝဠာအတွင်းရှိ လက်နက်နှင့် ရတနာအားလုံးနီးပါးကို ရရှိခဲ့သည့်အပြင် ဧကရာဇ်ရွှမ်ဟွမ်၏ ကိုယ်ပိုင်လက်နက်များကိုပင် ရရှိခဲ့သည်။

" တကယ်မဆိုးဘူးဆိုရင်တော့ မင်းရထားသမျှ အရာအားလုံးကို ထုတ်ပေးလိုက်ဖို့ ငါအကြံပေးချင်တယ်။ အဲ့ဒါဆို ငါကြားဝင်ဖြန့်ဖြေပေးလို့ရတယ်။ ဟန်ရှောင်နဲ့ ယုလင်းတို့က အလျှော့ပေးပြီး မင်းကို တစ်ကြိမ်တော့ လွှတ်ပေးလောက်ပါတယ်။ "

လင်းယွမ်က ဧကရာဇ်ရွှမ်ဟွမ်၏ အမွေကို ဆက်ခံထားသော်လည်း ရွှမ်ဟွမ်မျိုးနွယ်ဝင်တစ်ယောက်မဟုတ်ပေ။ ဟန်ရှောင်နှင့် ယုလင်းတို့က ရွှမ်ဟွမ်မျိုးနွယ်အပေါ် ရန်ငြိုးရှိကြသော်လည်း လင်းယွမ်က ရတနာအားလုံးကို ပေးအပ်လိုက်လျှင် သူတို့က အလျှော့ပေးနိုင်လေသည်။

လမ်းစဉ်တစ်သောင်းမျက်လုံးက ဖရိုဖရဲဟင်းလင်းပြင်မှ ကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းမရှိသော်လည်း အလွှာဆယ့်သုံး အချိန်သက်ရှိနှင့် ပက်သက်မှုကြောင့် ပြိုင်ဘက်ကင်းမဟာသူတော်စင်များပင် စိုးရိမ်စိတ်ရှိကြလေသည်။

" ရသမျှအရာအားလုံးကို ပေးလိုက်ရမှာလား။ " လင်းယွမ်က မျက်မှောင်ကြုတ်နေသည်။

ယခုတစ်ကြိမ် ရွှမ်ဟွမ်စကြာဝဠာမှ ရရှိသော အကျိုးအမြတ်က အလွန်ကြီးမားလှသည်။ လင်းယွမ်က ထိုအရာအားလုံကို ပေးရန် ဆန္ဒမရှိပေ။

" မင်းတကယ် အဲ့ဒီရတနာတွေကို မပေးချင်ဘူးဆိုရင်တော့။ " လမ်းစဉ်တစ်သောင်းမျက်လုံးက လင်းယွမ်၏ အတွေးကို ရိပ်မိသွားသည်။ " ဒါဆို ငါတိုက်ရိုက်ကြားဝင်ပေးမယ်။ ဒါပေမယ့် မင်းဘက်က တစ်စုံတစ်ခု မပြဘူးဆိုရင်တော့ ဟန်ရှောင်နဲ့ ယုလင်းတို့က ငါ့စကားကို နားထောင်လိမ့်မယ်လို့ အာမမခံနိုင်ဘူး။ "

ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်အတွက် လမ်းစဉ်တစ်သောင်းမျက်လုံးကဲ့သို့ တည်ရှိမှုကို အလွန်ဆုံး သတိထားရုံသာဖြစ်ပြီး ကြောက်ရွံ့လောက်သည်အထိတော့ မဟုတ်ပေ။

" ဒါဆို ကူညီပေးပါဦး။ " လင်းယွမ်က လမ်းစဉ်တစ်သောင်းမျက်လုံးကို ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။

" အင်း ငါကြိုးစားကြည့်ရုံပဲ တတ်နိုင်လိမ့်မယ်။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ပြောလိုက်သည်။

သူက နှစ်ပေါင်းများစွာအတွင်း ပြိုင်ဘက်ကင်းမဟာသူတော်စင်များနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ခဲ့သော်လည်း လွန်ခဲ့သော စကြာဝဠာခေတ်သန်းသုံးဆယ်ကျော်မှ ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်ကို ဖြောင့်ဖျရန် ခက်ခဲပေသည်။

သူတို့နှစ်ယောက်က ဧကရာဇ်ရွှမ်ဟွမ်ကို ပြဿနာမရှာရဲခဲ့သော်လည်း အားနည်းသည်ဟုတော့မဆိုလိုပေ။ ထို့အပြင် ဟန်ရှောင်နှင့် ယုလင်းတို့က ပြိုင်ဘက်ကင်းမဟာသူတော်စင်များထဲတွင် အစွမ်းထက်သူများအဖြစ် သတ်မှတ်ခြင်းခံရလေသည်။

အနှိုင်းမဲ့မဟာသူတော်စင်နှင့် နီးစပ်သော ဧကရာဇ်ရွှမ်ဟွမ်၏ ဖိနှိပ်မှုကို နှစ်ပေါင်းများစွာ တောင်ခံနိုင်ခြင်းမှာ သာမန်ပြိုင်ဘက်ကင်းမဟာသူတော်စင်များ လုပ်နိုင်သောအရာမဟုတ်ပေ။

ရွှမ်ဟွမ်စကြာဝဠာ၏ အပြင်ဘက်တွင် ပုံရိပ်နှစ်ခုက တိတ်ဆိတ်စွာ ပေါ်လာသည်။ ထိုပုံရိပ်နှစ်ခုက တည်ငြိမ်စွာ ရပ်နေကြသော်လည်း နိယာမများစွာက နောက်ဆုတ်သွားရပြီး သူတို့ထံမှ ထွက်ပေါ်လာသော နိယာမအသစ်များက လွှမ်းမိုးသွားရတော့သည်။

ဖရိုဖရဲအရှင်သခင်များက ကြောက်ရွံ့တုန်လှုပ်နေကြပြီး ထိုအော်ရာများအောက်တွင် ဦးညွှတ်နေကြရသည်။

" ရွှမ်ဟွမ်စကြာဝဠာလား။ "

" ဒါက ရွှမ်ဟွမ်ဖန်တီးခဲ့တဲ့စကြာဝဠာပဲ။ ဒီလိုအော်ရာမျိုး မခံစားရတာ အတော်ကြာသွားပြီ။ " ဘယ်ဘက်မှ ကျောက်စိမ်းချပ်ဝတ်ကို ဝတ်ဆင်ထားသော ပုံရိပ်က အဝေးမှ စကြာဝဠာကို ကြည့်ပြီး သူ၏ အသံက အချိန်လေဟာနယ်ကို ဖြတ်ကျော်သွားသည်။ ထိုအသံကို ကြားရသူတိုင်း၏ စိတ်စွမ်းအားများက ဖိနှိပ်ခံလိုက်ရပြီး ဦးညွှတ်လိုစိတ်ပင် ဖြစ်သွားကြသည်။

All Chapters