လမ်းစဉ်တစ်သောင်းမျက်လုံး၏ ကြားဝင်မှု...
Vol. 66 Ch. 938
" ဒီရွှမ်ဟွမ်စကြာဝဠာကို ဖျက်ဆီးလိုက်ရင် ဖရိုဖရဲဟင်းလင်းပြင်မှာ ရွှမ်ဟွမ်ရဲ့ အမှတ်အသားတွေ အများကြီး ကျန်တော့မှာမဟုတ်ဘူး။ ငါတို့စိတ်ထဲက စိုးရိမ်မှုတွေလည်း သိသိသာသာ ပျောက်ကွယ်သွားလိမ့်မယ်။ ဒါဆို ငါတို့ အလွှာဆယ့်သုံးကို တက်လှမ်းဖို့ ကြိုးစားလို့ရပြီ။ " နောက်ထပ်တစ်ယောက်ကပြောလိုက်သည်။
ထိုနှစ်ယောက်ထဲတွင် ပထမစကာပြောလိုက်သူက ယုလင်းမဟာသူတော်စင်ဖြစ်ပြီး နောက်တစ်ယောက်မှာ ဟန်ရှောင်မဟာသူတော်စင်ဖြစ်သည်။
" အလွှာဆယ့်သုံးကို တက်လှမ်းဖို့ဆိုရင် ုာတို့က အချိန်စက်ဝန်းကို ဖြတ်ကျော်ရလိမ့်မယ်။ အဲ့ဒါက ငါတို့ တစ်ခါမှ မကြုံတွေ့ဖူးတဲ့ စမ်းသပ်မှုတွေနဲ့ ငါတို့ရဲ့ စိတ်ပိုင်းဆိုင်ရာအားနည်းချက်တွေကို ပစ်မှတ်ထားမှာပဲ။ " ယုလင်းက ပြောလိုက်သည်။
ထိုပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်အတွက် ဧကရာဇ်ရွှမ်ဟွမ်က စိတ်နှလုံးနတ်ဆိုးကဲ့သို့ ဖြစ်နေခဲ့သည်။ ၎င်းမှာ စကြာဝဠာခေတ်သန်းသုံးဆယ်ကျော်ကြာအောင် ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်က ရွှမ်ဟွမ်မျိုးနွယ်ကို ဆက်တိုက် ထိနှိပ်ခဲ့ရသည့် အကြောင်းရင်းလည်း ဖြစ်သည်။
သူတို့က ဧကရာဇ်ရွှမ်ဟွမ်၏ အမှတ်အသားများကို ဖျက်ဆီးပြီး သူတို့၏ စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှုနှင့် အတားအဆီးများကို အားပျော့သွားစေရန်ဖြစ်သည်။ ထိုသို့လုပ်ဆောင်မှသာ အချန်စက်ဝန်းကို ဖြတ်ကျော်နိုင်မည့် အခွင့်အရေးက ပိုများလာမည်ဖြစ်သည်။
" သွားကြစို့။ ရွှမ်ဟွမ် ဘာတွေချန်ခဲ့လဲ ကြည့်ရအောင်။ " ဟန်ရှောင်က ပြောလိုက်ပြီး စကြာဝဠာအတွင်းသို့ ဝင်လိုက်သည်။ ယုလင်းကလည်း နောက်မှ လိုက်ပါသွားသည်။
ဝုန်း....
ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက် ရွှမ်ဟွမ်စကြာဝဠာထဲသို့ ဝင်လိုက်သည်နှင့် သူတို့က ရွှမ်ဟွမ်စကြာဝဠာ၏ နိယာမများဖြင့် ဖိနှိပ်ခြင်းခံလိုက်ရသော်လည်း ခဏအတွင်း ထိုဖိနှိပ်မှုများက အားပျော့သွားခဲ့သည်။
" ရွှမ်ဟွမ် ဒါက မင်းချန်ခဲ့တဲ့ စကြာဝဠာလေးတစ်ခုပဲ။ ဒီထဲက အချိန်လေဟာနယ်က ပျက်စီးနေပြီ။ ငါတို့ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ " ဟန်ရှောင်က တည်ငြိမ်စွာ ရှိနေသည်။
အကယ်၍ ဧကရာဇ်ရွှမ်ဟွမ်သာ အသက်ရှင်နေလျှင် သူတို့မည်မျှသတ္တိကောင်းသည်ဖြစ်စေ ဤစကြာဝဠာထဲသို့ ဝင်ရောက်ရဲမည်မဟုတ်ပေ။ သို့သော် ဧကရာဇ်ရွှမ်ဟွမ်က အချိန်စက်ဝန်ထဲတွင် ပိတ်မိနေချိန် စကြာဝဠာတစ်ခုက သူတို့ကို ဘာမှလုပ်နိုင်မည်မဟုတ်ပေ။
ရွှမ်ဟွမ်စကြာဝဠာ၏ အနက်ရှိုင်းဆုံးတွင် လင်းယွမ်၏ ပုံရိပ်က ပေါ်လာပြီး တစ်ချိန်တည်းတွင် နေရာအနှံ့မှ သူ၏ ကိုယ်ပွားများက လျင်မြန်စွာ ပြန်ရောက်လာကြသည်။
" စီနီယာ " လင်းယွမ်က ဂူဗိမာန်စိတ်ဝိညာဉ်ကို ကြည့်လိုက်သည်။ " ဒီဂူဗိမာန်ကို ကျွန်တော်မရောက်ခင်ကလို အချိန်လေဟာနယ်ရဲ့ အနက်ရှိုင်းဆုံးကို ပြန်ပြီးပေါင်းစည်းနိုင်သေးလား။ "
" အချိန်လေဟာနယ်နဲ့ ပေါင်းစည်းတဲ့နည်းလမ်းက အရှင်မင်းကြီးကိုယ်တိုင် လုပ်ခဲ့တာပဲ။ " ဂူဗိမာန်စိတ်ဝိညာဉ်က ခဏစဉ်းစားပြီး ခေါင်းခါလိုက်သည်။ " မင်းက အမွေအနှစ်အားလုံးကို ဆက်ခံလိုက်ပြီဆိုတော့ ဒီဂူဗိမာန်က မင်းရဲ့ အပိုင်ဖြစ်သွားလို့ အရင်လို ပြန်ပေါင်းစည်းလို့မရတော့ဘူး။ "
" ဘာဖြစ်လို့လဲ။ ပြဿနာတစ်ခုခုရှိလို့လား။ " လင်းယွမ်၏ လေသံက ပုံမှန်မဟုတ်သည်ကို ဂူဗိမာန်စိတ်ဝိညာဉ်က သတိပြုမိသွားသည်။
" အရှင်မင်းကြီးရဲ့ ရန်သူနှစ်ယောက်ဖြစ်တဲ့ ပြိုင်ဘက်ကင်းမဟာသူတော်စင် ဟန်ရှောင်နဲ့ ယုလင်းတို့ ရောက်လာပြီ။ " လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။
" အဲ့ဒီနှစ်ယောက်လား။ " ဂူဗိမာန်စိတ်ဝိညာဉ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
ဧကရာဇ်ရွှမ်ဟွမ်ဖန်တီးခဲ့သော စိတ်ဝိညာဉ်အနေဖြင့် သူက မှတ်ဉာဏ်အချို့ကို ဆက်ခံထားပြီး ထိုမဟာသူတော်စင်နှစ်ယောက်ကိုလည်း သိထားလေသည်။
" အရှင်မင်းကြီးက အလွှာဆယ့်သုံးကို တက်လှမ်းဖို့ မကြိုးစားခင် သူတို့ကို လိုက်ရှာပြီး သူတို့ရဲ့ ရုပ်ခန္ဓာ ၃၉ခုကို သတ်ပစ်ခဲ့တာ။ သူတို့နဲ့ ပက်သက်တဲ့ ကြောင်းကျိုးဆက်နွယ်မှုတွေ ပျောက်ကွယ်သွားပြီလို့ အတည်ပြုနိုင်မှ ရပ်ခဲ့တာပဲ။ သူတို့ ဒီလောက်ထိ တောင့်ခံနိုင်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ " ဂူဗိမာန်စိတ်ဝိညာဉ်က ပြောလိုက်သည်။
" ဒီစကြာဝဠာမှာ တခြားထွက်ပေါက်တွေရှိသေးလား။ " လင်းယွမ်က ချက်ချင်း မေးလိုက်သည်။
" ငါက ဂူဗိမာန်စိတ်ဝိညာဉ်ပဲ။ စကြာဝဠာရဲ့ စိတ်ဝိညာဉ်မဟုတ်ဘူးလေ။ " ဂူဗိမာန်စိတ်ဝိညာဉ်က ကူကယ်ရာမဲ့စွာ ပြန်ဖြေလိုက်သည်။
ဝုန်း...
လင်းယွမ်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ ရွှမ်ဟွမ်စကြာဝဠာနှင့် မတူညီသော အော်ရာနှစ်ခုက ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်ကို လျင်မြန်စွာ လွှမ်းမိုးလာပြီး ခဏအတွင်း တစ်ဝက်ကျော်အား ဖုံးလွှမ်းလာသည်ကို သူ ခံစားလိုက်ရသည်။
လင်းယွမ် သို့မဟုတ် အခြားမဟာသူတော်စင်များက ရွှမ်ဟွမ်စကြာဝဠာထဲသို့ ဝင်ရောက်သောအခါ ပုံမှန်အားဖြင့် သူတို့၏ အော်ရာကို စကြာဝဠာနှင့် ဟန်ချက်ညီအောင် ထိန်းထားကြသည်။ ထိုအော်ရာနှစ်ခုက စကြာဝဠာကို လွှမ်းမိုးပြီး ရွှမ်ဟွမ်စကြာဝဠာ၏ နိယာမများကို အစားထိုးရန် ကြိုးစားနေကြသည်။
လင်းယွမ်က ဂူဗိမာန်စိတ်ဝိညာဉ်ကို သိမ်းဆည်းလိုက်ပြီး တစ်ချိန်တည်းတွင် လမ်းစဉ်တစ်သောင်းမျက်လုံးနှင့် စတင်ဆက်သွယ်လိုက်သည်။ မကြာမီ ဟန်ရှောင်နှင့် ယုလင်းတို့က စကြာဝဠာ၏ အနက်ရှိုင်းဆုံးသို့ ဆင်းသက်လာကြသည်။
" ရွှမ်ဟွမ်ရဲ့ အကြွင်းအကျန်တွေ ကျန်နေသေးလိမ့်မယ်လို့ မထင်ထားဘူး။ " ယုလင်းက လင်းယွမ်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် လင်းယွမ်က ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံထားကြောင်း ချက်ချင်း သိလိုက်သည်။
သူတို့က ရွှမ်ဟွမ်စကြာဝဠာထဲသို့ ဝင်လာသည်မှာ အသက်ရှူချိန် ဆယ်ကြိမ်ရှိပြီဖြစ်သော်လည်း စကြာဝဠာ၏ အချိန်လေဟာနယ်ဖိနှိပ်မှုများက သူတို့ကို ထိလိုက်အောင် မလုပ်နိုင်ကြပေ။
" ပြိုင်ဘက်ကင်းမဟာသူတော်စင် " လင်းယွမ်က အတွင်းစကြာဝဠာ၏ စွမ်းအားကို အသုံးပြုပြီး ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်၏ ဖိအားကို ခုခံထားသည်။
" စိတ်ဝင်စားစရာပဲ။ " ဟန်ရှောင်က လင်းယွမ်ကို ငုံ့ကြည့်ပြီး ပြုံးလိုက်သည်။ " စကြာဝဠာခေတ်ပေါင်းများစွာကြာအောင် ငါတို့က ရွှမ်ဟွမ်ရဲ့ အကြွင်းအကျန်တွေကို ရှင်းထုတ်ခဲ့ပြီးပြီ။ မင်းက အဲ့ဒီထဲမှာ အသန်မာဆုံးပဲ။ "
ဝုန်း...
ထိုအချိန် လေထဲတွင် စွမ်းအားများစုစည်းလာပြီး ကြီးမားသော မျက်လုံးကြီးတစ်ခု ပေါ်လာသည်။
" ဟန်ရှောင်၊ ယုလင်း။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်ကို ကြည့်လိုက်သည်။ သူက ရွှမ်ဟွမ်စကြာဝဠာထဲသို့ ဝင်ရန် တွန့်ဆုတ်နေခဲ့သော်လည်း မဝင်နိုင်ခြင်းတော့မဟုတ်ပေ။
" လမ်းစဉ်တစ်သောင်းမျက်လုံးလား။ "
" မင်းက ဘာလာလုပ်တာလဲ။ " ဟန်ရှောင်က အံ့အားသင့်သွားပုံရသည်။
အခြားသူများက သူတို့နှင့် ဧကရာဇ်ရွှမ်ဟွမ်ကြားမှ ရန်ငြိုးကို မသိသော်လည်း လမ်းစဉ်တစ်သောင်းမျက်လုံးက သေချာပေါက်သိနေသည်။
" နဂါးငွေ့တန်းက ငါတို့ လမ်းစဉ်တစ်သောင်းခန်းမနဲ့ ပက်သက်မှုရှိနေတယ်။ သူ့ကို ထွက်သွားခွင့်ပေးလို့ရမလား။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ပြောလိုက်သည်။ " စိတ်ချပါ။ အနာဂတ်မှာ ရွှမ်ဟွမ်မျိုးနွယ်နဲ့ ပက်သက်တဲ့ ကိစ္စမှာ သူဝင်မပါတော့ဘူးလို့ ငါ ကျိန်ဆိုခိုင်းလိုက်မယ်။ "
" သူ့ကို ထွက်သွားခွင့်ပေးရမှာလား။ " ဟန်ရှောင်က လမ်းစဉ်တစ်သောင်းမျက်လုံးကို အေးစက်စွာ ကြည့်ပြီး ပြောလိုက်သည်။ " လမ်းစဉ်တစ်သောင်းမျက်လုံး မင်းက နေရာတကာ ဝင်ပါချင်နေတာပဲ။ "
" တခြားကိစ္စတွေကို ဆွေးနွေးလို့ရပေမယ့် ဒီကိစ္စကတော့ မရဘူး။ " ယုလင်းက တိုက်ရိုက်ငြင်းဆိုလိုက်သည်။
လင်းယွမ်က ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက် မဟုတ်သေးသော်လည်း သူ၏ စွမ်းအားက ဖရိုဖရဲမဟာသူတော်စင်များထဲတွင် ထိပ်ဆုံး၌ ရှိနေသည်။ လင်းယွမ်ကို လွှတ်ပေးလိုက်ခြင်းက အန္တရာယ်တစ်ခုကို ချန်ထားသကဲ့သို့ ဖြစ်ပေလိမ့်မည်။
" ငါတို့က သူ့ကို မလွှတ်ပေးမယ့်အပြင် သူ့ရဲ့ မူလခန္ဓာကိုယ်နဲ့ ကိုယ်ပွားတွေအားလုံးကိုပါ လိုက်လံသုတ်သင်ပစ်မှာပဲ။ " ဟန်ရှောင်က ပြောလိုက်သည်။
လွန်ခဲ့သော အချိန်က ဧကရာဇ်ရွှမ်ဟွမ်မှာ သူတို့ကို အမြစ်ပြတ်မသုတ်သင်ခဲ့သောကြောင့် နောက်ပိုင်းတွင် ထိုပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်က ရွှမ်ဟွမ်မျိုးနွယ်ကို လက်စားချေခဲ့ခြင်းဖြစ်သည်။ သူတို့က ထိုကဲ့သို့ အမှားမျိုး လုပ်မည်မဟုတ်ပေ။
" ငါ့ရဲ့ မူလခန္ဓာကိုယ်နဲ့ ကိုယ်ပွားတွေအားလုံးကို လိုက်သတ်မှာလား။ " လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
အစက သူရွေးချယ်းရာမရှိလျှင် သူရရှိထားသော ရတနာများကို ပေးအပ်ရန် ရည်ရွယ်ထားခဲ့သည်။ သူ၏ တိုးတက်နှုန်းအရ ဟန်ရှောင်နှင့် ယုလင်းတို့ကို ခဏထိန်းထားနိုင်ပေလိမ့်မည်။ လင်းယွမ်က ဖရိုဖရဲအဆင့်သို့ တက်လှမ်းနိုင်ခဲ့လျှင် ပြိုင်ဘက်ကင်းမဟာသူတော်စင်များနှင့် ယှဉ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်လာသည်နှင့် ထိုအရာများကို အလွယ်တကူ ပြန်ယူနိုင်မည်ဖြစ်သည်။
" မင်းတို့ တကယ်ပဲ ဒီလောက်ထိလုပ်ဖို့ လိုလို့လား။ " လမ်းစဉ်တစ်သောင်းမျက်လုံးက သူတို့ကို ထိုမျှထိ ရက်စက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
" လမ်းစဉ်တစ်သောင်းမျက်လုံး မင်းကို ဖန်တီးခဲ့သူက အချိန်သက်ရှိတစ်ယောက်ပဲ။ " ယုလင်းက လမ်းစဉ်တစ်သောင်းမျက်လုံးကို ကြည့်ပြီး ပြောလိုက်သည်။ " အဲ့ဒီအကြောင်းပြချက်ကြောင့် မင်းက ဖရိုဖရဲဟင်းလင်းပြင်ရဲ့ ကိစ္စတွေထဲမှာ ဝင်ပါလို့မရသလို ငါတို့ကိုလည်း တိုက်ရိုက် တားဆီးလို့မရဘူး။ "
" မင်းနဲ့ ရင်းနှီးတဲ့ အခြားပြိုင်ဘက်ကင်းမဟာသူတော်စင်တွေကို ခေါ်ပြီး ငါတို့ကို တားခိုင်းလို့ ရနိုင်ပေမယ့် အဲ့ဒါက ဘယ်လောက်ကြာကြာခံနိုင်မှာလဲ။ " ယုလင်းက ပြုံး၍ ပြောလိုက်သည်။
နှစ်ပေါင်းများစွာအတွင်း လမ်းစဉ်တစ်သောင်းခန်းမက အလားအလာရှိသော ကျင့်ကြံသူများစွာကို ကူညီခဲ့ပြီး ထိုထဲမှအချို့က ပြိုင်ဘက်ကင်းမဟာသူတော်စင်များ ဖြစ်လာကြသည်။ သို့သော် ထိုပြိုင်ဘက်ကင်းမဟာသူတော်စင်များက အတိတ်မှ အကူအညီလေးတစ်ခုအတွက် သူတို့ကို ဆန့်ကျင်လိမ့်မည်ဟု မယုံကြည်ပေ။
ထို့အပြင် လမ်းစဉ်တစ်သောင်းမျက်လုံးက အလွန်ဆုံး လင်းယွမ်၏ အခြားရုပ်ခန္ဓာများကိုသာ ကာကွယ်ပေးနိုင်ပေလိမ့်မည်။ သို့သော် ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်သာ သူတို့ကို တားနိုင်မည်ဖြစ်ပြီး အခြားပြိုင်ဘက်ကင်းမဟာသူတော်စင်များက ထိုသို့လုပ်မည်မဟုတ်ပေ။