ထိပ်တိုက်ရင်ဆိုင်ခြင်း...
Vol. 66 Ch. 939
လမ်းစဉ်တစ်သောင်းမျက်လုံးက တိတ်ဆိတ်သွားသည်။ အမှန်တကယ် ထိုသို့ပင်ဖြစ်သည်။ သူက အလွှာဆယ့်သုံးနှင့် ဆက်နွယ်နေသော အထူးတည်ရှိမှုတစ်ခုဖြစ်ပြီး ဖရိုဖရဲဟင်းလင်းပြင်တွင် မြင့်မြတ်သော အဆင့်အတန်း ရှိသဖြင့် ပြိုင်ဘက်ကင်းမဟာသူတော်စင်များက သူ့ကို ရန်မစဝံ့ကြပေ။
ဧကရာဇ်ရွှမ်ဟွမ် သို့မဟုတ် နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်တို့ပင် သူ့ကို တိုက်ရိုက်ရန်မစဝံ့ကြပေ။ သို့သော် နောက်ဆုံးတွင် လမ်းစဉ်တစ်သောင်းမျက်လုံးက စစ်မှန်သော အချိန်သက်ရှိတစ်ယောက်မဟုတ်သောကြောင့် ပြိုင်ဘက်ကင်းမဟာသူတော်စင်များကို များစွာ ခြိမ်းခြောက်နိုင်စွမ်းမရှိပေ။
ပြိုင်ဘက်ကင်းမဟာသူတော်စင်များက လမ်းစဉ်တစ်သောင်းမျက်လုံးကို ရိုသေရုံသာဖြစ်ပြီး ကြောက်ရွံ့မှုတော့ မရှိကြပေ။
" ထွက်သွားတော့။ " ဟန်ရှောင်က ပြောလိုက်သည်။ သူက လမ်းစဉ်တစ်သောင်းမျက်လုံးကို စိတ်အနှောက်အယှက်မပေးလိုသော်လည်း ရွှမ်ဟွမ်မျိုးနွယ်၏ အကြွင်းအကျန်ဖြစ်သော လင်းယွမ်ကိုတော့ သေချာပေါက် လွှတ်ပေးမည်မဟုတ်ပေ။
လင်းယွမ်၏ လက်ရှိစွမ်းအားဖြင့်ဆိုလျှင် သူက ပြိုင်ဘက်ကင်းမဟာသူတော်စင် ဖြစ်မလာခဲ့လျှင်တောင် သူတို့ အလွှာဆယ့်သုံးသို့ တက်လှမ်းရန် ကြိုးစားချိန်တွင် သူတို့၏ မျိုးနွယ်အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။
ထိုပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်က စကြာဝဠာခေတ်ပေါင်းများစွာ အသက်ရှင်ခဲ့ကြပြီး သူတို့၏ ဆွေမျိုးအပေါင်းအသင်းများ သေဆုံးကုန်ပြီဖြစ်သော်လည်း သူတို့၏ မျိုးနွယ်မှာ ကျန်ရှိနေသေးသည်။
" ယုလင်း၊ ဟန်ရှောင် မင်းတို့နှစ်ယောက်ကို ငါမှတ်ထားမယ်။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ထိုနေရာတွင် ချက်ချင်း ကျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းတွင် ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာတွင် လမ်းစဉ်တစ်သောင်းမျက်လုံးက လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။ " နဂါးငွေ့တန်း ငါဘာမှမတတ်နိုင်တော့ဘူး။ "
လမ်းစဉ်တစ်သောင်းမျက်လုံးက သက်ပြင်းချလိုက်သည်။ သူက ရှေ့သို့ မထွက်မီကတည်းက ထိုပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်က သူ၏ စကားကို နားထောင်မည်မဟုတ်ကြောင်း ခန့်မှန်းထားခဲ့ပြီဖြစ်သည်။ သို့သော် အမှန်တကယ်ဖြစ်ပျက်လာသောအခါ လမ်းစဉ်တစ်သောင်းမျက်လုံးက ကူကယ်ရာမဲ့သကဲ့သို့ ခံစားလိုက်ရသည်။
" ဒါပေမယ့် ငါရှိနေသရွေ့တော့ အဲ့ဒီနှစ်ယောက်က ရွှမ်ဟွမ်စကြာဝဠာထဲက မင်းရဲ့ ခန္ဓာကိုယ်ကိုပဲ ဖျက်ဆီးနိုင်လိမ့်မယ်။ မင်းရဲ့ တခြားခန္ဓာကိုယ်တွေကို သူတို့ ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ " လမ်းစဉ်တစ်သောင်းမျက်လုံးက အေးစက်စွာ ပြောလိုက်သည်။
" ကြောင်းကျိုးဆက်နွယ်မှုနဲ့ အချိန်လေဟာနယ်ကို ဖြတ်တောက်ထားနိုင်တဲ့ လျို့ဝှက်နေရာအချို့ ငါသိထာတယ်။ ငါကလွဲရင် အခြားဘယ်သူမှ အဲ့ဒီထဲကို ဝင်လို့မရဘူး။ အခု မင်းရဲ့ မျိုးနွယ်စုနဲ့ မိတ်ဆွေတွေကို ခေါ်ဖို့ ပြင်ဆင်ထားလိုက်။ ငါမင်းကို အဲ့ဒီနေရာကို ပို့ပေးမယ်။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ဖရိုဖရဲဟင်းလင်းပြင်တွင် တိုက်ရိုက်ဝင်ရောက်စွက်ဖက်ခြင်းမပြုနိုင်သော်လည်း သွယ်ဝိုက်သောနည်းဖြင့် ပြုလုပ်နိုင်သည်။
ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်က လင်းယွမ်၏ ရုပ်ခန္ဓာများကို လိုက်လံသုတ်သင်ချိန်တွင် လမ်းစဉ်တစ်သောင်းမျက်လုံးက လင်းယွမ်ကို သူတို့မဝင်နိုင်သောနေရာသို့ ပို့ထားနိုင်လေသည်။
"ကျေးဇူးတင်ပါတယ်။ " လင်းယွမ်က ပြောလိုက်သည်။
အမှန်တကယ်တော့ လမ်းစဉ်တစ်သောင်းမျက်လုံး၏ အကူအညီမပါလျှင်တောင် လင်းယွမ်က သူ၏ ကိုယ်ပွားများကို ကာကွယ်ရန် နည်းလမ်းရှိပြီးသားဖြစ်သည်။ အလုံခြုံဆုံးနည်းလမ်းမှာ လူသားမျိုးနွယ်ကို ကမ္ဘာငယ်တစ်ခုအတွင်းသို့ ထည့်သွင်းပြီး အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှတစ်ဆင့် အခြားဒိုင်မန်းရှင်းမှ ကမ္ဘာများသို့ ဆင်းသက်သွားခြင်းဖြစ်သည်။
ထိုကမ္ဘာငယ်အတွင်းရှိ လူသားများက အပြင်သို့ မထွက်သရွေ့ ကမ္ဘာကြီးပြောင်းလဲသွားသည်ကို သိရှိကြမည်မဟုတ်ပေ။ လင်းယွမ်သာ ထိုပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်ကို ချေမှုန်းနိုင်သည်အထိ အစွမ်းထက်လာလျှင် လူသားမျိုးနွယ်ကို ပြန်လည်ခေါ်ဆောင်လာနိုင်လေသည်။
သို့သော် ထိုနည်းလမ်းမှာ ဒိုင်မန်းရှင်းများစွာနှက့် ပက်သက်နေပြီး အနန္တကမ္ဘာများ၏ ဂိတ်တံခါးအကြောင်း ပေါက်ကြားသွားနိုင်သည့် အန္တရာယ်ရှိလေသည်။ ယခုအချိန်ထိ လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို ဒုတိယလူတစ်ယောက်မှ မသိခဲ့ပေ။
" မင်းငါ့ကို ကျေးဇူးတင်ဖို့မလိုဘူး။ ဒါကို ငါ့အတွက်ငါ လုပ်နေတာပဲ။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ပြောလိုက်သည်။ " တကယ်လို့ မင်းသာ ဟန်ရှောင်တို့လက်ထဲမှာ သေသွားခဲ့ရင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြန့်ပွားအောင် ငါလုပ်ခဲ့တာတွေက အလကားဖြစ်သွားမှာပေါ့။ " လမ်းစဉ်တစ်သောင်းမျက်လုံးက သူ၏ အစီအစဉ်များက လင်းယွမ်အတွက် ကူညီနေခြင်းဖြစ်သည်။
တစ်ခုမှာ လင်းယွမ်က ဆက်လက်ကြီးထွားနေလျှင် အနည်းဆုံးတော့ ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက် ဖြစ်လာလိမ့်မည်ဟု သူက မျှော်လင့်ထားခဲ့သည်။ နောက်တစ်ချက်မှာ လမ်းစဉ်တစ်သောင်းမျက်လုံးက လင်းယွမ်အပေါ် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားခဲ့ပြီးဖြစ်သောကြောင့် ထိုမဟာသူတော်စင်နှစ်ယောက်က လင်းယွမ်အား တိုက်ခိုက်နေသည်ကို ထိုင်ကြည့်မနေနိုင်ခြင်းဖြစ်သည်။
ရွှမ်ဟွမ်စကြာဝဠာ။
ဟန်ရှောင်နှင့် ယုလင်းတို့က လင်းယွမ်ကို အထက်စီးမှ ငုံ့ကြည့်လိုက်ကြသည်။
" မင်း ဒီရွှမ်ဟွမ်စကြာဝဠာထဲက ဘာတွေရခဲ့လဲဆိုတာ ငါသိချင်မိတယ်။ ရွှမ်ဟွမ်က ငါတို့နဲ့ ပက်သက်တာ တစ်ခုခုများ ချန်ထားခဲ့သေးလား။ " ယုလင်းက ပြောလိုက်သည်။
ယခုအခါ ရွှမ်ဟွမ်စကြာဝဠာတစ်ခုလုံးက ထိုပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်၏ ထိန်းချုပ်မှုအောက်သို့ ရောက်နေပြီဖြစ်ပြီး သူတို့အတွက် အလျင်လိုစရာမလိုပေ။
" မထားခဲ့ပါဘူး။ " လင်းယွမ်က ထိုပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်ကို အကဲခတ်နေသည်။
ရွှမ်ဟွမ်ဂူဗိမာန်အတွင်း ဧကရာဇ်ရွှမ်ဟွမ်က သာမန်ဘဝမှ ဖရိုဖရဲဟင်းလင်းပြင်ကို လွှမ်းမိုးနိုင်သည်အထိ ဖြစ်ရပ်များကို သရုပ်ဖော်ထားသည့် ပန်းချီများသာ ရှိသည်။ သို့သော် ထိုအရာများထဲတွင် ဟန်ရှောင် သို့မဟုတ် ယုလင်းတို့နှင့် ပက်သက်သော မှတ်တမ်းတစ်ခုမှ ရှာမတွေ့ခဲ့ပေ။
အကယ်၍ ဧကရာဇ်ရွှမ်ဟွမ်က အလွှာဆယ့်သုံးသို့ မတက်လှမ်းမီ ထိုပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်၏ ရုပ်ခန္ဓာ ၃၉ခုကို သုတ်သင်ခဲ့ကြောင်း ဂူဗိမာန်စိတ်ဝိညာဉ်ဆီမှ မသိခဲ့ရလျှင် လင်းယွမ်က သူတို့နှစ်ယောက်အကြောင်း သိမည်မဟုတ်ပေ။
" မထားခဲ့ဘူးလား။ ရွှမ်ဟွမ်က ငါတို့နဲ့ ပက်သက်တဲ့ သတင်းအချက်အလက်တစ်ခုမှ မချန်ထားခဲ့ဘူးပေါ့။ "
ဟန်ရှောင်နှင့် ယုလင်းတို့၏ အမူအရာများက ပျက်ယွင်းသွားကြသည်။ ၎င်းမှာ ဧကရာဇ်ရွှမ်ဟွမ်က သူတို့ကို အလေးအနက်မထားခဲ့ကြောင်း ဖော်ပြနေသည်။ ၎င်းကို နားလည်သွားသောအခါ ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်၏ အော်ရာများက သိသိသာသာ လှုပ်ခတ်သွားကြသည်။
" အခုပဲ။ " လင်းယွမ်က ရှေ့သို့ လှမ်းလိုက်သည်။
ပတ်ဝန်းကျင်၏ အချိန်လေဟာနယ်က စတင်ပျက်ယွင်းလာပြီး ရွှမ်ဟွမ်မျိုးနွယ်၏ အချိန်လေဟာနယ်ခြေလှမ်းကို ထုတ်ဖော်လိုက်သည်။ ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်ကို ရင်ဆိုင်ရာတွင် လင်းယွမ်က လွတ်မြောက်ရန်သာ အာရုံစိုက်ထားသည်။
" အချိန်လေဟာနယ်ခြေလှမ်းလား။ " ယုလင်းက ခေါင်းခါလိုက်သည်။ " ငါတို့ ရွှမ်ဟွမ်ရဲ့ မျိုးနွယ်ဝင်တွေ အများကြီး သတ်ခဲ့ပြီးပြီ။ ဒီလိုထွက်ပြေးတဲ့ လျို့ဝှက်နည်းစနစ်တွေကို ဖိနှိပ်ဖို့ နည်းလမ်းတွေကိုလည်း ငါတို့ အရင်ကတည်းက ဖန်တီးခဲ့ပြီးသားပဲ။ "
ထိုစကားဆုံးသည်နှင့် လင်းယွမ်၏ ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်က စတင်ပြောင်းလဲလာသည်ကို သတိပြုမိလိုက်ပြီး အချိန်လေဟာနယ်အပေါ် သူ၏ ထိန်းချုပ်မှုကလည်း လျင်မြန်စွာ လျော့နည်းလာသည်။
" ပထမခြေလှမ်းမှာတင် ကျရှုံးသွားတာလား။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်ပြီး ထိုနှစ်ယောက်ကို ကြည့်လိုက်သည်။ " ဒီလိုမှတော့ သူသေကိုယ်သေတိုက်ကြတာပေါ့။ "
လင်းယွမ်၏ မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်က တောက်လောင်လာပြီး သူ၏ ပတ်ဝန်းကျင်စကြာဝဠာက ရူးသွပ်စွာ စတင်လည်ပတ်လာသည်။
" ဟမ် " ယုလင်းက အနည်းငယ် အံ့အားသင့်သွားသည်။ " ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်မဟုတ်ဘဲ သူ့ရဲ့နယ်ပယ်စွမ်းအားနဲ့ နိယာမတွေကို နောက်ဆုတ်သွားအောင် လုပ်နိုင်တာပဲ။ အထင်ကြီးစရာပဲ။ "
" မင်းကို ပိုပြီး သတ်ချင်လာပြီ။ " ဟန်ရှောင်၏ လေသံက အေးစက်လယသည်။
လင်းယွမ်က ပိုင သန်မာလေ သူတို့၏ သတ်ဖြတ်လိုစိတ်က ပို၍ ပြင်းထန်လာလေဖြစ်သည်။
ဝုန်း....
ဟန်ရှောင်က လှုပ်ရှားလိုက်ပြီး လင်းယွမ်၏ ပြင်ပကမ္ဘာကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ရွှမ်ဟွမ်စကြာဝဠာ၏ အပြင်ဘက်တွင် အချိန်လေဟာနယ်တစ်ခုအတွင်း လမ်းစဉ်တစ်သောင်းမျက်လုံးနှင့် အခြားတည်ရှိမှုများက ထွက်မသွားကြသေးပေ။
" လမ်းစဉ်တစ်သောင်းမျက်လုံး မင်းအထဲကို ဘာသွားလုပ်တာလဲ။ " ဓားကျိုးက လမ်းစဉ်တစ်သောင်းမျက်လုံးကို ကြည့်လိုက်သည်။
" ဘာမှမဟုတ်ဘူး။ လူတစ်ယောက်ကို ခေါ်ထုတ်ချင်လို့ပါ။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ပြောလိုက်သည်။
" လူတစ်ယောက်ကို ခေါ်ထုတ်ဖို့လား။ " ဓားကျိုးက မေးလိုက်သည်။ " ဟန်ရှောင်တို့က ငြင်းလိုက်တာလား။ "
" ဟုတ်တယ်။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ခေါင်းညိမ့်လိုက်သည်။
" ဟမ့် အချိန်စက်ဝန်းထဲမှာ ပိတ်မိနေမယ့် ပုရွက်ဆိတ်တွေပဲ။ သူတို့က အခုအချိန်ပဲ အစွမ်းပြနိုင်မှာပါ။ " ဓားကျိုးက ပြောလိုက်သည်။
" ဟမ် အထဲမှတိုက်ပွဲဖြစ်နေတာလား။ " ထိုအချိန်တွင် ရှေးဟောင်းယဇ်ပလ္လင်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
ယခုအခါ ရွှမ်ဟွမ်စကြာဝဠာအတွင်းမှ ကြီးမားသော အချိန်လေဟာနယ်လှိုင်းများ အပြင်သို့ ပျံ့လွင့်လာသည်။ ၎င်းက သားရဲကြီးနှစ်ကောင် ရေနက်ထဲတွင် တိုက်ခိုက်နေပြီး ရေမျက်နှာပြင်လှိုင်းများ လှုပ်ခတ်နေသကဲ့သို့ပင် ဖြစ်သည်။
ရွှမ်ဟွမ်စကြာဝဠာ၏ အနက်ရှိုင်းဆုံးနေရာတွင် လင်းယွမ်က ဟန်ရှောင်ကို ခုခံရန်အတွက် ပြင်ပကမ္ဘာ၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်ထားသည်။ လီယန်နေမင်းနှင့် ပေါင်းစည်းခြင်း၊ အဆုံးမဲ့ဟင်းလင်းပြင်၏ ဒုတိယအဆင့်နှင့် အမှောင်ကောင်းကင်နှလုံးသားတို့ကို သန့်စင်ခြင်းတို့ကြောင့် လင်းယွမ်၏ အတွင်းစကြာဝဠာက ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်ထက်ပင် ပိုမိုသန်မာနေပြီဖြစ်သည်။
သို့သော် ပြိုင်ဘက်ကင်းမဟာသူတော်စင်များ၏ စွမ်းအားက အတွင်းစကြာဝဠာတစ်ခုတည်း ကန့်သတ်ထားခြင်းမဟုတ်ပေ။ အစွမ်းထက်သော ပြိုင်ဘက်ကင်းမဟာသူတော်စင်ဖြစ်သော ဟန်ရှောင်အတွက်ဆို ပို၍ပင် ဖြစ်သည်။