← Chapters

ပေါက်ကွဲသောနေ့ သို့မဟုတ် နျူကလိယနေ့

Vol. 17 Ch. 234

ပေါက်ကွဲသောနေ့ သို့မဟုတ် နျူကလိယနေ့

Vol. 17 Ch. 234

အဖြူရောင်လိပ်ပြာသည် သဲဖြူနယ်မြေအတွင်းရှိနေရာတစ်ခုထံ ဦးတည်ကာ ပျံသန်းသွားပြီး ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ၁၀ ဦး နှင့် စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူ ၁၀၀ ကျော်တို့သည် ထိုလိပ်ပြာနောက်မှ နီးကပ်စွာ လိုက်ပါသွားကြသည်။ ပုရွက်ဆိတ်ဘုရင်မကဲ့သို့သော အစွမ်းထက်ရန်သူနှင့် ရင်ဆိုင်တိုက်ခိုက်ရန်အတွက် ဤမျှလောက် များပြားသည့် ကျင့်ကြံသူများပါဝင်သော အဖွဲ့တစ်ဖွဲ့ဖြင့် ချီတက်တိုက်ခိုက်ရန် ထိုက်တန်ပေသည်။

သူတို့သုတ်သင်ရှင်းလင်းမည့် ပုရွက်ဆိတ်ဘုရင်မ ဆိုသည်မှာ ပုရွက်ဆိတ်စစ်တပ်အား နောက်ကွယ်မှ ထိန်းချုပ်နေသည့်သူ ဖြစ်ပြီး ပုရွက်ဆိတ်မျိုးနွယ်စု၏ မိခင်လည်း ဖြစ်သည်။ ထို ပုရွက်ဆိတ်ဘုရင်မသည် ကြောက်မက်ဖွယ်ရာစွမ်းအားကို ပိုင်ဆိုင်ထားပြီး အလွန်သန်မာသည့် အစောင့်အရှောက်များလည်း ရှိနေသည်ဟု ဆိုကြသည်။

ဤကပ်ဘေးအား အဓိက စတင်သူမှာ ပုရွက်ဆိတ်ဘုရင်မ မဟုတ်ချေ။ သို့သော်လည်း လွန်စွာရှုပ်ထွေးပြီး စွမ်းအားကြီးသည့် အမှောင်အင်အားစုများ ရှိနေသည့်အတွက် ကိုးပြည်ထောင်နိုင်ငံတော်၏ ကောင်းကင်ဧကရာဇ်များနှင့် အထက်ပုဂ္ဂိုလ်များ စိုးရိမ်ပူပန်နေကြခြင်း ဖြစ်သည်။ ဓားအင်မော်တယ်လင်းရှောင်မှာ ပုရွက်ဆိတ်တပ်မအား ညွှန်ကြားနေသူကို သုတ်သင်ရှင်းလင်းရန်သာ လိုအပ်ပြီး လမ်းကြောင်းဖွင့်ပေးရန် ဖြစ်သည်။

သို့သော်လည်း ထိုတာဝန်ကပင်လျှင် လွန်စွာအန္တရာယ်များလှချေသည်။

အဝေးတစ်နေရာတွင် ရုတ်တရက်ဆိုသလို ဖုန်မှုန့်များ အုံထလာသည်။

လှိုင်းထသည်နှင့်တူသည့် အသံများအား ကြားနေရသည်ကြောင့် ပုရွက်ဆိတ် ဒုတိယအသုတ် ရောက်ရှိလာပြီ ဖြစ်သည်။

“အားလုံးပဲ စိတ်ကို ငြိမ်ငြိမ်ထားမယ်။ မြေပြင်ပေါ်မှာရှိတဲ့ ပုရွက်ဆိတ်တွေကို မြူခိုးနက်တံတားကို စောင့်ကြပ်နေတဲ့သူတွေက တာဝန်ယူလိမ့်မယ်။ ငါတို့ရဲ့ အဓိကတာဝန်က ပုရွက်ဆိတ်ဘုရင်မရဲ့ အာရုံကို မဆွဲဆောင်မိစေဖို့ပဲ။” ဓားအင်မော်တယ် လင်းရှောင်သည် သူ၏ခန္ဓာကိုယ်နှင့် အော်ရာအား ဖုံးကွယ်ရန် အင်မော်တယ်မန္တန်တစ်ခု အသုံးပြုလိုက်သည်။

ဝုန်း ဒုန်း

အန်လင်းအနေဖြင့် မြင်းရိုင်းများ ကဆုန်ပေါက်ပြေးလွှားနေသကဲ့သို့ သွားလာလျက်ရှိသည့် ပုရွက်ဆိတ်အုပ်ကြီးအား ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။ ထိုအသံအား အာရုံစိုက် နားထောင်မိသည့်အခါတွင် မွန်းကြပ်မှုအား ခံစားလာမိသည်။

မြေပြင်တွင် မရေမတွက်နိုင်အောင် များပြားလှသည့် ပုရွက်ဆိတ်အုပ်ကြီး ရှိနေသလို ကောင်းကင်ထက်တွင် ပျံသန်းနေသည့် ပုရွက်ပျံအများအပြားလည်း ရှိနေသည်။ ထိုပုရွက်ဆိတ်များ ထုတ်လွှတ်နေသည့် အော်ရာများသည် အသင်္ချေတောင်တန်းနယ်မြေရှိ သန္ဓေပြောင်းသားရဲများ ထုတ်လွှတ်ခဲ့သည့် အော်ရာများလောက် စွမ်းအားမကြီးသော်လည်း သူတို့၏ အရေအတွက်မှာမူ နှိုင်းယှဉ်ကြည့်၍ပင် မရနိုင်ချေ။

ထိုပုရွက်ဆိတ်အုပ်ကြီးအား ကြည့်ရင်းဖြင့် အန်လင်းမှာ အာမေဂါဒွန်နှင့် နီးကပ်လာပြီဟု ခံစားမိလာသည်။ ထိုပုရွက်ဆိတ်များအား မြင်တွေ့ပြီးသည့်နောက်တွင် အန်လင်းသည် မြူခိုးနက်တံတားအား စောင့်ကြပ်နေသည့် ကျောင်းသားများအတွက် စိုးရိမ်လာမိသည်။

“မြေပြင်မှာသွားနေတဲ့ ပုရွက်ဆိတ်တွေက အသိဉာဏ်မမြင့်မားကြဘူး။ သူတို့ရဲ့ အသိစိတ်တွေကို ပုရွက်ဆိတ်ဘုရင်မက ထိန်းချုပ်ထားတာ။ ပုရွက်ဆိတ်ဘုရင်မကိုသာ သတ်လိုက်မယ်ဆိုရင် သူတို့ရဲ့ ဖွဲ့စည်းပုံ ပျက်သွားမယ်ဆိုတာ အသေအချာပဲ။ ဒါဆိုရင် သတ်ရလွယ်သွားပြီ။” ရွှမ်ယွမ်ချန်သည် ထိုသို့ပြောကာဖြင့် အန်လင်းအား နှစ်သိမ့်လာသည်။

အန်လင်းသည် ခေါင်းညိတ်လိုက်ပြီးနောက် လက်ရှိတာဝန်ကိုသာ အာရုံစိုက်လိုက်သည်။

သူတို့၏ အဖွဲ့လေးသည် ပုရွက်ဆိတ်တပ်မအား ဖြတ်သန်းကာဖြင့် သဲဖြူနယ်မြေ၏ အတွင်းထဲသို့ ဆက်လက်ဝင်ရောက်လာခဲ့ကြသည်။

ပုံမှန်အားဖြင့် ပုရွက်ဆိတ်အသိုက်များအား မြေကြီးထဲ၌သာ ပြုလုပ်တတ်ကြပြီး ဝင်ပေါက်များမှာလည်း ရိုးရှင်းသည့် အနက်ရောင်ကျင်းများသာလျှင် ဖြစ်ကြသည်။ အပြင်မှကြည့်မည်ဆိုလျှင် ထိုပုရွက်ဆိတ်တွင်းမှာ မည်မျှ ကြီးမားကျယ်ပြန့်သည်ကို မပြောနိုင်ပေ။

အောက်ခြေရှိ မြေပြင်သည် အလွန်ပျက်စီးနေပြီး သဲဖြူများသာ ဖြစ်နေပြီး ကျောက်တုံးအနည်းငယ်မျှ ရှိသည်။ ထိုမျှလောက်ကြီးမားသည့် ပုရွက်ဆိတ် အဖွဲ့အစည်းသည် မည်သည့်နေရာမှ အစာရေစာ ရရှိမည် ဆိုသည်ကို အန်လင်းစိုးရိမ်လာမိသည်။

အနက်ရောင်တွင်းပေါက်များထဲ၌ အလွန်ကျယ်ပြောသည့် လိုဏ်ဂူများ ရှိနေသည်။

ထိုနေရာတွင် အလွန်များပြားသည့် ပုရွက်ဆိတ်ကြီးများ ပြေးလွှားလျက်ရှိသည်။ သူတို့အားလုံးတို့သည် ကြီးမားသည့် အနက်ရောင်အရာတစ်ခုစီကို သယ်ဆောင်ထားကြပြီး အခြားနေရာတစ်ခုသို့ ရွှေ့ပြောင်းနေကြခြင်း ဖြစ်သည်။

ပုရွက်ဆိတ်အသိုက်၏ အလယ်ဗဟိုတည့်တည့်တွင် ထောင်ပေါင်းများစွာ ရှည်လျားပြီး တောင်လုံးမျှရှိသည့် ပုရွက်ဆိတ်တစ်ကောင် ရှိနေသည်။ ထိုပုရွက်ဆိတ်သည် မြေပြင်ပေါ်တွင် လဲလျောင်းကာဖြင့် ရှိနေပြီး ယင်း၏ခန္ဓာကိုယ်မှာ ဖြည်းညင်းစွာ လူးလွန့်နေလေသည်။

ယင်းမှာ ပုရွက်ဆိတ်မျိုးနွယ်စု၏ မိခင်ဖြစ်ပြီး ပုရွက်ဆိတ်ဘုရင်မဟု ခေါ်လေသည်။

“အားးးး” ချည့်နဲ့သည့် အော်သံတစ်ခု ထွက်ပေါ်လာပြီးနောက်တွင် သူမ၏ ဝမ်းဗိုက်မှာ ပြင်းထန်စွာ လူးလိမ့်လာကာ စီးကပ်သည့် အရည်များနှင့်အတူ သူမ၏ ဝမ်းဗိုက်အောက်ခြေမှ ရာနှင့်ချီသည့် ဥကြီးများ ထွက်လာသည်။

“ချောမောစွာ ဖွားမြင်နိုင်ခဲ့လို့ ဂုဏ်ယူပါတယ် အမေ”

အပြာရောင်ပုရွက်ဆိတ်ကြီးတစ်ကောင်သည် နောက်ခြေများဖြင့် မတ်တတ်ရပ်နေပြီး အားကောင်းသည့် အော်ရာများ ထုတ်လွှတ်ကာ ဦးညွှတ်ကာဖြင့် ဂုဏ်ယူဝမ်းမြောက်ကြောင်း ဖော်ပြလိုက်သည်။

အခြားသော ပုရွက်ဆိတ်ကြီးများသည်လည်း ပုံစံအမျိုးမျိုးဖြင့် ဦးညွှတ်လိုက်ကြသည်။ သူတို့အားလုံးတို့သည် စွမ်းအားကြီးကြသူများဖြစ်ကာ သူတို့၏ မျက်လုံးများမှာ သွေးဆာလောင်နေကြသည်။

“ငါပျိုးကြဲထားတဲ့ အဆီအနှစ်တွေနဲ့ ဆက်သွယ်မှု ပြတ်တောက်သွားပြီ။” ပုရွက်ဆိတ်ဘုရင်မ ဖြည်းညင်းစွာဖြင့် အသက်ရှူနေလေသည်။

အပြာရောင်ပုရွက်ဆိတ်ကြီးသည် သူမ၏ စကားများကြောင့် အနည်းငယ် အံ့အားသင့်သွားပြီး ခေါင်းငုံကာဖြင့် “သာမန်ကျင့်ကြံသူတွေကတော့ အဲဒီ အဆီအနှစ်တွေကို ရှာတွေ့နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကောင်းကင်ဘုံပိုင်နက်ကလူ‌တွေကတော့ တော်လေး လုပ်ဆောင်နိုင်စွမ်း မြင့်မားတယ်။”

“သူတို့နည်း သူတို့ဟန်နဲ့ အဆီအနှစ်တွေကို ရှာဖွေပြီး စုစည်းလိုက်တာပဲဖြစ်မယ်။” ပုရွက်ဆိတ်ဘုရင်မည် သူမ၏ လိုဏ်ခေါင်းနှင့်တူသည့် ပါးစပ်ကြီးအား ဖွင့်လိုက်ပြီးနောက် ပုရွက်ဆိတ်လုပ်သားများသည် သူမ၏ ပါးစပ်အတွင်းသို့ အနက်ရောင်အရာများအား သယ်ဆောင်သွားကြလေသည်။

အပြာရောင်ပုရွက်ဆိတ်ကြီးသည် အေးစက်စွာဖြင့် ရယ်မောလိုက်ပြီးနောက် “ကောင်းကင်ဧရာဇ် ကျန်းချန်တောင် ကျွန်တော်တို့ရဲ့ မျိုးနွယ်စုခေါင်းဆောင်ကြောင့် နောက်ဆုတ်သွားခဲ့ရတယ်။ တခြားလာရဲတဲ့သူ ရှိမယ်ဆိုရင်လည်း ကျွန်တော်တို့ရဲ့ အင်အား တစ်သိန်းကျော်တဲ့ တပ်မနဲ့ ရင်ဆိုင်ခိုင်းလိုက်မှာပေါ့။”

ထိုအချိန်မှာပင် အဖြူရောင်လိပ်ပြာတစ်ကောင် စင်္ကြန်အတွင်းသို့ ပျံသန်းလာလေသည်။

ထိုလိပ်ပြာသည် ထွန်းလင်းတောက်ပကာ ကျက်သရေရှိ တင့်တယ်ပြီး ပုရွက်ဆိတ်ဘုရင်မထံသို့ ဖြည်းညင်းစွာဖြင့် ပျံသန်းလာလေသည်။

ပုရွက်ဆိတ်ဘုရင်မနှင့် အပြာရောင်ပုရွက်ဆိတ်ကြီးတို့သည် ထိုလိပ်ပြာအား မြင်တွေ့လိုက်ရသည်အခါ ပြင်းထန်စွာ တုံ့ပြန်ခဲ့ကြသည်။ သူတို့နှစ်ဦးစလုံး လှုပ်ရှားရန် ပြင်စဉ်မှာပင် ရုတ်တရက်ဆိုလို ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီးနောက် ဓားတစ်လက်သည် အဖြူရောင်အလင်းတန်းနှင့်အတူ ပုရွက်ဆိတ်ဘုရင်မနှင့် အပြာရောင်ပုရွက်ဆိတ်တို့၏ အရှေ့တွင်ရှိသည့် မြေပြင်ပေါ်သို့ ရောက်ရှိလာသည်။

ထိုဓားသည် တလက်လက်တောက်ပလျက်ရှိနေပြီး ကြီးမားသည့် သတ္တုတစ်ခုလည်း ချိတ်တွယ်ထားလေသည်။

ထိုသတ္တုအရာမှာ နျူကလိယဒုံးကျည်တစ်ခု ဖြစ်လေသည်။

သဲဖြူနယ်မြေအတွင်းရှိ ရာနှင့်ချီသည့် ကျင့်ကြံသူများစွာသည် တစ်ညီတစ်ညာတည်း နောက်ဆုတ်လိုက်ကြသည်။

အန်လင်းသည် ရွှမ်ယွမ်ချန်အား နှုတ်ခမ်းမဲ့ကာဖြင့် ကြည့်လိုက်ပြီးနောက် “အဲဒီ နျူကလိယ ဒုံးကျည်ကို အစ်ကိုကြီးချန်က ဘယ်ကနေ ရလာခဲ့တာလဲ။ အရမ်းမိုက်တာပဲ။”

ရွှမ်ယွမ်ချန်သည် ခပ်ပါးပါး ပြုံးလိုက်ပြီးနောက် “ပြီးခဲ့တဲ့တစ်ခေါက် သေမျိုးကမ္ဘာကို သွားတုန်းက အဲဒီပစ္စည်းတွေကို အတော်လေး စိတ်ဝင်စားခဲ့တာ။ အဲဒါကြောင့် စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ ဒုံးကျည်နည်းနည်းပါးပါး လဲလာခဲ့တယ်။ အခုလိုမျိုး အသုံးဝင်လာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။”

မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်သည် သူမ၏ စာအုပ်ကြီးပေါ်တွင် ထိုင်ကာဖြင့် ရွှမ်ယွမ်ချန်၏ ဘေးတွင် ပျံသန်းနေရင်း အနီရောင်ကိုင်းတပ်မျက်မှန်အား ပင့်တင်လိုက်သည်။ ထို့နောက်တွင် ပညာရှိလေသံဖြင့် ပြောလေသည်။ “နျူကလိယဒုံးကျည်က တန်ချိန်သန်းပေါင်းများစွာနဲ့ ညီမျှတဲ့ စွမ်းအင်ပေါက်ကွဲနိုင်စွမ်းရှိပြီး အဲဒီပေါက်ကွဲမှုကနေ ထွက်ပေါ်လာတဲ့ ပေါက်ကွဲလှိုင်းတွေက ၁၅ ကီလိုမီတာပတ်လည်ကိုပါ ပေါက်ကွဲစေနိုင်တယ်။”

“ဝင်္ကပါကို ထည့်ပေါင်းမယ်ဆိုရင် ကျောင်းသား ရွှမ်ယွမ်ချန်ရဲ့ နျူကလိယဒုံးကျည်က အဆ ၂၀ လောက် ပိုသွားလိမ့်မယ်။ အဖျက်အဆီးစွမ်းအားကလည်း ကီလိုမီတာ ၂၀ လောက်အထိ တိုးသွားလိမ့်မယ်ဆိုတော့ မြေပြင်ပေါ်မှာရှိတဲ့ မြို့တစ်မြို့ကို ဖျက်ဆီးနိုင်ဖို့ လုံလောက်တယ်။”

“ပုရွက်ဆိတ်အသိုက်က ဘယ်လောက်ကြီးလဲတော့ ငါတို့မသိရဘူး။ ဒါပေမဲ့လည်း နျူကလိယဒုံးကျည်ကတော့ သူတို့အား ကောင်းကင်ကို လွင့်ထွက်သွားစေမှာ အသေအချပဲ။” ရွှမ်ယွမ်ချန်မှာ ရှားရှားပါးပါး မြောက်ကြွကြွ ဖြစ်နေလေသည်။

“သနားဖို့ကောင်းတဲ့ ပုရွက်ဆိတ်ဘုရင်မလေးပါလား။” အန်လင်းသည် နျူးကလိယဒုံးကျည် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာမည့် ပုရွက်ဆိတ်ဘုရင်မ၏ မျက်နှာအား မြင်ယောင်နေမိသည်။

ဝုန်း

တစ်ချိန်တည်းမှာပင် ကောင်းကင်နှင့်မြေပြင် တုန်ခါသွားသည်။

ပုရွက်ဆိတ်အသိုက်အတွင်းမှ များပြားလှသည့် စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး အာမေဂါဒွန်ကဲ့သို့သော အဖျက်အဆီးစွမ်းအားများ ထွက်ပေါ်လာသည်။

အလွန်အမင်းကြောက်မက်ဖွယ်ရာ မှိုပွင့်သဏ္ဌာန်တိမ်တိုက်ကြီး တွက်ပေါ်လာပြီးနောက် လျင်မြန်စွာပင် ကျယ်ပြန့်လာကာ အထက်သို့ မြင့်တက်သွားလေသည်။

ထိုပေါက်ကွဲမှုကြောင့် မြေပြင် ပွင့်ထွက်သွားပြီး ကြောက်မက်ဖွယ်ရာ အဖျက်အဆီးစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသည်။

အန်လင်းသည် ပေါက်ကွဲမှု၏ ဗဟိုတွင်ရှိနေသည့် ရွှေရောင်မီးဘောလုံးအား ငုံ့ကြည့်လိုက်သည်။ ယင်းမှာ ကောင်းကင်တွင်ရှိနေသည့် နေမင်းထက်ပင် ခမ်းနားကြီးကျယ်ပြီး အကန့်အသက်မဲ့သည့် အလင်းနှင့် အပူရှိန်များအား ထုတ်လွှတ်နေလေသည်။

ကျင့်ကြံသူအားလုံးသည် အကာအကွယ်မန္တန်အသီးသီး အသုံးပြုလိုက်ကြပြီးနောက် အတော်လေးဝေးသည့်နေရာသို့ ဆုတ်ခွာသွားကြသည်။ သို့သော်လည်း ပေါက်ကွဲမှုလှိုင်းများ ရိုက်ခတ်မှုအား ခံစားရဆဲ ဖြစ်သည်။ မြေပြင်မှာ အက်ကွဲလျက်ရှိပြီး ကောင်းကင်ထက်တွင်း ပြင်းထန်သည့် သဲမုန်တိုင်းများ ဖြစ်ပေါ်လာလေသည်။

မှိုပွင့်သဏ္ဌာန်တိမ်တိုက်ကြီးသည် မိုးကုတ်စက်ဝိုင်းတွင် အချိန်ကြာမြင့်စွာ ရှိနေဆဲဖြစ်ပြီး ပျောက်ကွယ်သွားခြင်း မရှိချေ။ ကောင်းကင်နှင့် မြေပြင်အကြားတွင် ကြောက်မက်ဖွယ်ရာ ကြမ်းကြုတ်ရက်စက်သည့်သားရဲကြီး မတ်တတ်ရပ်နေသည်နှင့်ပင် တူလေသည်။

အန်လင်းတို့အားလုံး ရပ်တံ့ကာဖြင့် ထိုမြင်ကွင်းအား လှည့်ကြည့်လိုက်ကြသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာနှင့် လွတ်ကင်းရာသို့ ရောက်ရှိလာပြီ ဖြစ်သည်ကြောင့် လုံခြုံသွားပြီဟု ဆိုရမည်ပင်။

“ဟီးဟီးဟီး ဒီလိုဆိုရင်တော့ ပုရွက်ဆိတ်ဘုရင်မရဲ့ ခြေထောက်တစ်ချောင်းတောင် မကျန်လောက်တော့ဘူးထင်တယ်။” အန်လင်း အံ့အားသင့်စွာဖြင့် ပြောလေသည်။

အဖွဲ့ခေါင်းဆောင်ဖြစ်သည့် ဓားအင်မော်တယ်လင်းရှောင်၏ မျက်နှာတွင်လည်း ကျေနပ်သည့်အပြုံးတစ်ခု ရှိနေလေသည်။ “ပုရွက်ဆိတ်အသိုက်ကို လိုသလို ထိန်းချုပ်နိုင်တဲ့သူ မရှိမချင်း သူတို့အသက်ရှင်ဖို့ မဖြစ်နိုင်ဘူး။ ကျောင်းသား ရွှမ်ယွမ်ရဲ့ နျူကလိယဗုံးကို ကျေးဇူးတင်ရမှာပဲ။ မဟုတ်ရင် အခုလို လွယ်လွယ်ကူကူ အနိုင်ရဖို့ မဖြစ်နိုင်ဘူး။”

ရွှမ်ယွမ်ချန်သည် ရှက်ရွံ့စွာဖြင့် ပြုံးလိုက်မိသည်။ သာမန်တိုက်ခိုက်ရာတွင် ဤသို့သော လက်နက်မျိုးအား အသုံးမပြုဝံ့ချေ။ သူသည်လည်း ပေါက်ကွဲမှုနှင့်အတူ ပြာမှုန်ဘဝသို့ ရောက်ရှိသွားမည်ကို ကြောက်ရွံ့ခြင်းကြောင့် ဖြစ်သည်။ သို့သော်လည်း ရန်သူ၏ တည်နေရာအား လေ့လာပြီးသည့်နောက်တွင် နျူကလိယဒုံးကျည်အား အသုံးပြုရန် သင့်တော်သည်ကို သိရှိလိုက်ရသည်။

ပေါက်ကွဲမှုပြီးသွားသော်လည်း ထိုအဖွဲ့သည် ချက်ချင်းထွက်ခွာခြင်း မပြုချေ။

ဓားအင်မော်တယ်လင်းရှောင်သည် ပုရွက်ဆိတ်ဘုရင်မ အမှန်တကယ် သေဆုံးသွားခြင်း ရှိမရှိကို သိရှိနိုင်ရန်အတွက် အော်ရာရှာဖွေခြင်းဝင်္ကပါ ထပ်မံပြုလုပ်ရန် စီစဉ်လိုက်သည်။

သို့သော်လည်း ဝင်္ကပါ ခင်းကျင်းချိန်ပင် မရလိုက်ဘဲ မှိုပွင့်သဏ္ဌာန်တိမ်တိုက်ထံမှ အပြာရောင်အလင်းလုံးတစ်ခု ပျံသန်းထွက်ပေါ်လာကာ သူတို့အဖွဲ့ထံ ဦးတည်နေလေသည်။

***

All Chapters